ကမ္ဘာ့နံပါတ် ၁ လူသတ်သမားကို ခုခံတိုက်ခိုက်ရမယ့် ဆေးနည်းပါး


နှလုံးရောဂါဟာ ကမ္ဘာမှာ သေဆုံးမှုတွေကို ဦးဆောင်နိုင်မှု အများဆုံးအဖြစ် ရပ်တည်နေပေမယ့် ဒါကို ကုသဖိုက နည်းလမ်း တိုးတတ်မှုကတော့ နှေးကွေးပါတယ်။

၁၉၉၀ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ နှလုံးရောဂါ ကုထုံးဆေးတွေကို ခြေရာခံ လေ့လာမှုတွေ နဲ့ စီမံကိန်းတွေ တိုးတက်လာပါတယ်။

 နှလုံးဆေး ၃၄၇ မျိုးကိုလေ့လာကြည့်တဲ့အခါ ဆေးတော်တော်များများက သွေးဖိအားမြင့်တာ နဲ့ သွေးတွင်း အဆီဓါတ် ၊ ကိုလက်စရော လျော့ကျတာနဲ့ အဆီခဲတာတွေအတွက် ကုသတာကို တွေ့ရပါတယ်။ ဆေးတစ်ခုခြင်းဆီရဲ့ အာနိသင် နဲ့ စိတ်ချရမှုက တော့ မတူညီကြပါဘူး။

အစောဆုံးစစ်ဆေးမှုဖြစ်တဲ့ ၁၉၉၀ ခုနှစ်နဲ့ ၁၉၉၅ ခုနှစ်အတွင်း နှလုံးဆေးတွေထဲက ၁၆ ရာခိုင်နှုန်း အသုံးပြုနိုင်ပြီး ၂၀၀၅ ခုနှစ် နဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာတော့ ၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကင်ဆာဆေးတွေလည်း ထွက်ပေါ်လာတာကို လေ့လာတွေ့ရှိရပါတယ်။

ဒီလိုရှာဖွေတွေ့ရှိမှုက နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ရှာဖွေမှုတွေမှာ အရေးပါတဲ့ အရာတွေဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုထက် လုပ်ဆောင်မှုတွေ တိုးတက်လာပါ လို့ ဒေါက်တာ  Aaro Kesselheim က ပြောပါတယ်။

အရေးကြီးတာကတော့ အသစ်ထွက်ရှိလာတဲ့ နှလုံးဆေးတိုင်းလိုလိုဟာ ခွင့်ပြုချက်မရတာပါပဲ။ နှလုံးရောဂါနဲ့ ပက်သက်တဲ့ဆေးတွေ ရောင်းချနေတဲ့ ဆေးကုမ္ပဏီ တော်တော်များများက ကုမ္ပဏီ အသေးတွေနဲ့ အလယ်အလတ် အဆင့်တွေပဲ ရှိကြတာကိုတွေ့ရပါတယ်။

အသစ်ထုတ်တဲ့ ဆေးတွေရဲ့ အကျိုးအာနိသင်က ရှိပြီးသားဆေး အာနိသင်တွေနဲ့ ကွာခြားခြင်းမရှိတာကလဲ ဆေးထုတ်ဖို့ ခွင့်ပြုချက်မရတဲ့ အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါတယ်။ တခြားရောဂါတွေနဲ့ ယှဉ်ရင် နှလုံးဆေး ထုတ်လုပ်မှုတွေက ပိုများတာကိုလည်းတွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ ရဲ့ သုံးပုံတစ်ပုံဟာ နှလုံးရောဂါကြောင့် သေဆုံးနေကြတာပါ။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : UPI

နှလုံးရဲ့ အပြူအမူတွေကို ခြေရာခံပေးမယ့် ကျန်းမာရေးစတစ်ကာ


တောင်ကိုးရီးယားနိုင်ငံကတော့ တခြားသော ကျန်းမာရေးကိရိယာတွေထက် ပိုပြီး ကောင်းမွန်လွယ်ကူစေတဲ့ ကျန်းမာရေးသုံး ကိရိယာတစ်ခုကို တီထွင်လိုက်ပြန်ပါပြီ။ ခန္ဒာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ နာရီတွေ ၊ ကျန်းမာရေးလက်ကောက်တွေနဲ့ တိုင်းတာခဲ့ရာကနေ အခုဆိုရင်တော့ အသားမှာ ကပ်ထားရုံနဲ့ မိမိနှလုံးနဲ့ အခြား သွေးကြောတွေရဲ့ လုပ်ဆောင်ချက်တွေကို အစဉ်မပြတ်စောင့်ကြည့်ပေးနေမယ့် သေးငယ်တဲ့ မော်နီတာစတစ်ကာတစ်ခုထွက်ပေါ်လာပါပြီ။

ဆိုးလ်မြို့က သုတေသီတွေဟာ နှလုံးကို အမြဲတမ်းစောင့်ကြည့်ပေးနေမယ့် စတစ်ကာကို  သေးငယ်ပြီး ဆွဲဆန့်နိုင်အောင်ပြုလုပ်ထားပြီး အသားရဲ့ အကျုံ့အဆန့်ပေါ်မူတည်ပြီးလည်း လိုက်လျောညီထွေ ကပ်နေနိုင်အောင် ပြုလုပ်ထားပါတယ်။ သုတေသီတွေဟာ အရမ်းကို သေးငယ်လွန်းလှတဲ့ ဆီလီကွန် အမှေးပါးတွေနဲ့ နာနိုရွှေအမှုန်လေးတွေကို ဒီထဲမှာ ထည့်သွင်းထားပြီး ပိုမိုခိုင်မြဲပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို မှတ်ဥာဏ်များများနဲ့ မှတ်တမ်းတင်ပေးထားမှာပါ။

လေ့လာသူတွေကတော့ ဒီပစ္စည်းလေးကနေ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုသိရှိသွားနိုင်မှာဖြစ်ပြီး လူနာရဲ့ ဆစ်ဂနယ်လွှဲကျယ်တွေကို ကြည့်ရှုပြီး နှလုံးရောဂါကို ပိုမိုခြေရာခံနိုင်အောင် စီစဉ်ထားတာပါ။


( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Daily Mail

Melatonin ဟော်မုန်းက ရင်သားကင်ဆာအကျိတ် ဖွံ့ဖြိုးမှုကို ထိန်းချုပ်နိုင်


တိုးတက်လာတဲ့ လူနေမှုအခြေအနေတွေအရ အိပ်ချိန်မမှန်တဲ့အမျိုးသမိးတွေ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာမှုကို melatonin  က ဆဲလ်တွေရဲ့ သက်တမ်းနဲ့ ကြီးထွားမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဆိုတာကို ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Melatonin ဟော်မုန်းကို ညဘက်အချိန်တွေမှာ ဦးဏှောက်က ထုတ်လုပ်ပေးတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အိပ်ခြင်း နိုးထခြင်း စက်ဝန်းကို ထိန်းချုပ်တာမှာ ကူညီပေးပါတယ်။ အိပ်နေတုန်းမှာ အိပ်ရေးမ၀တာတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေက ရောဂါဖြစ်ပွားမှုတွေ ကျန်းမာရေး ချို့ယွင်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။

ရင်သားကင်ဆာအကျိတ်ကို ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ကင်ဆာကြီးထွားစေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေနဲ့ ပေါင်းစပ်ထားတာကိုတောင် melatonin ဟော်မုန်းက ကြီးထွားနှုန်းကို ထိန်းချုပ်နိုင်ပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

မိခင်နို့တိုက်ကျွေးတဲ့ မိခင်နှုန်း ဆက်တိုက်မြင့်တက်


ရှာဖွေလေ့လာသူတွေက မြောက်အမေရိကမှာ မိခင်နို့ တိုက်ကျွေးသူ ၁၀ ဦး မှာ ၈ဦးထက်ပိုပြီး ဒီထက်ပိုမိုများလာစေဖို့ တိုက်တွန်းလှုံဆော်ခဲ့ကြပါတယ်။

မြောက်အမေရိက က ကလေး ၁၀ယောက်မှာ ၈ယောက်နဲ့ အထက်ကတော့ မွေးဖွားပြီးချိန်ကနေ ခြောက်လအထိ မိခင်နို့သောက်သုံးကြရပါတယ်။

၂၀၁၁ ခုနှစ်မှာ မိခင်နို့တိုက်ကျွေးသူ ၇၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်မှာတော့ ၈၁.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အပြင် ခြောက်လအထိ တိုက်ကျွေးသူ ၅၁.၈ ရာခိုင်နှုန်းနဲ့ ၁၂ လအထိ တိုက်ကျွေးသူ ၃၀.၇ ရာခိုင်နှုန်းရှိပါတယ်။

ရှာဖွေလေ့လာသူတွေက မိခင်နို့တိုက်ကျွေးမှု ၈၁.၉ ရာခိုင်နှုန်းရရှိရန် ရည်မှန်းထားပြီး ၀ါရှင်တန်ဒီစီ နဲ့ ပြည်နယ် ၂၉ ခု မှာတော့ လျားထားချက် ပြည့်မှီခဲ့ပါတယ်။

ဒီထက်ပိုတဲ့ တိုက်ကျွေးမှုနှုန်းမြင့်မားလာအောင် ပညာပေးအစီအစဉ်တွေ ၊ ဆေးရုံတွေမှာ ပိုမိုကောင်းမွန်တဲ့ စောက်ရှောက်မှုတွေ၊ ရုံးတွေ ကလေးစောက်ရှောက်ရေး စင်တာတွေမှာ အသုံးပြုလို့ရမယ့် အထောက်အကူပစ္စည်းတွေကိုလည်း ပိုမိုထောက်ပံ့ပေးသွားမှာပါတဲ့။


( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : BabyCenter

ကလေးတွေကို တစ်ရက်သကြား စားပွဲတင်ဇွန်း ၆ဇွန်းထက် ပိုမကျွေးသင့်


ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို တစ်ရက်လျှင် သကြားပမာဏ စားပွဲတင်ဇွန်းခြောက်ဇွန်းထက် ပိုမကျွေးသင့်ဘူးလို့ အမေရိကန်နှလုံးကျန်းမာရေးအသင်းက ဆိုပါတယ်။ “ကျွန်တော်တို့ သတ်မှတ်ချက်အနေနဲ့ အသက် ၂နှစ်ကနေ ၁၈နှစ်ကြား ကလေးတွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်” လို့ ဒီသုတေသနခေါင်းဆောင် ဒေါက်တာ Miriam Vos က ဆိုပါတယ်။

သကြားဆိုတဲ့နေရာမှာ စားပွဲတင်သကြား၊ သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေ၊ ပျားရည်နဲ့ အစားအသောက်တွေအတွက် ပြင်ဆင်ရာမှာ အသုံးပြုတဲ့ သကြားတွေအကုန် အကြုံးဝင်တာဖြစ်ပါတယ်။

“ကလေးအများစုအတွက် သကြားကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်း ၆ဇွန်းထက်ပိုမစားသင့်ပါဘူး” လို့ သူမကဆက်ပြောပါတယ်။ ဖော်ပြချက်မှာလည်း အသက် ၂နှစ်ကနေ ၁၈နှစ်ကြား ကလေးတွေဟာ သကြားပါဝင်တဲ့ အစားအသောက်တွေအပါအဝင် သကြားကို ၈အောင်စထက်ပိုမစားသုံးသင့်ကြောင်း ဖော်ပြထားတာပါ။
အစားအသောက်တွေမှာ သကြားပမာဏကို မြင့်မားစွာထည့်သွင်း စားသုံးတာဟာ သွေးဖိအားပမာဏကိုမြင့်မားစေပြီး၊ အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားမှုနှုန်းတွေကို မြင့်မားစေတာပါ။

( Beauty Syh )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref: UPI

နေမကောင်းတဲ့တိရိစ္ဆာန်တွေဟာ ရောဂါကူးစက်မှု မဖြစ်ပွားအောင် သီးခြားနေတတ်ကြ


လေ့လာတွေ့ရှိချက်အရ နေမကောင်းတဲ့ တိရိစ္ဆာန်တွေက သူ့တို့အချင်းချင်း ရောဂါ ကူးစက်မှု မဖြစ်အောင် သီခြားခွဲထွက်ပြီးနေထိုင်ကြပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ မယဉ်ပါးတဲ့ တိရိစ္ဆာန်တွေက သူတို့နေမကောင်းဖြစ်လာရင် သူတို့ရဲ့ အပြုအမူတွေကပါ ပြောင်းလဲလာကြပါတယ်။

ယဉ်ပါးမှုမရှိတဲ့ ကြွက်တွေကို လေ့လာကြည့်တဲ့အခါမှာတော့  နေမကောင်းဖြစ်လာတဲ့အချိန်မှာ လှုပ်ရှားမှု နည်းလာပြီး သီးခြားခွဲထွက်နေတာကိုတွေ့ရပါတယ်။ အရင်ကဖော်ပြချက်တွေ အရ ကြွက်တွေက နေမကောင်းတဲ့ကြွက်ကို သိနိုင်တယ်လို့ဆိုပေမယ့် လောလောလတ်လတ်တွေ့ရှိချက် အရတော့ ပုံမှန်အတိုင်းပဲနေထိုင်ကြပြီး သိရှိနိုင်မှုမရှိပါဘူး။ နေမကောင်းတဲ့ ကြွက်ကိုယ်တိုင်ကသာ ခွဲထွက်လာပြီး သီးခြားနေထိုင်တာပါ။

ကြွက်တွေရဲ့ အချင်းချင်း ရောဂါမကူးဆက်အောင် နေထိုင်တဲ့အပြုအမူတွေကို လူသားတွေ အတုယူ နေထိုင်ကြမယ်ဆိုရင် လူထူထပ်တဲ့ကြားမှာ ရောဂါပြန့်ပွားနှုန်းတွေကို ထိန်းသိမ်းနိုင်မှု ပိုကောင်းလားမှာပါ။


( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

ဝက်ခြံအတွက် အကောင်းဆုံးကုထုံးများ



ဝက်ခြံတွေထွက်လို့ စိတ်ညစ်နေမယ့်အစား ဒီစာလေးကိုဖတ်လိုက်ပါ။

ဝက်ခြံတွေ တအားထွက်နေလို့ ဝက်ခြံအတွက် အကောင်းဆုံးဆိုတဲ့ ဆေးတွေဝယ်သုံးနေတာဟာ သင့်ရဲ့ငွေတွေကို ဖြုန်းတီးရာရောက်ပါလိမ့်မယ်။ အောက်မှာပြောမယ့် အချက်လေးတွေကို နေ့စဉ်မှန်မှန်လေး လုပ်ပေးကြည့်ပါ။ အမှန်တကယ်ကို သက်သာလာပါလိမ့်မယ်။

သင့်ရဲ့မျက်နှာကို သန့်ရှင်းအောင်ထားပါ။ ကိုယ့်ရဲ့မျက်နှာကို သန့်ရှင်းနေစေဖို့အတွက် ခဏခဏမျက်နှာသစ်ခိုင်းနေတာ မဟုတ်ပါဘူး။ တစ်နေ့မှာ နှစ်ကြိမ်ပဲ မျက်နှာသစ်ပါ။ မနက်တစ်ခါ ညတစ်ခါ ဆိုပိုကောင်းပါလိမ့်မယ်။

မျက်နှာသစ်တဲ့အခါမှာလည်း  ရေနွေးနွေးနဲ့ နူးညံ့တဲ့မျက်နှာသစ်ဆပ်ပြာကိုသုံးရင် လုံလောက်ပါတယ်။

မျက်နှာသုတ်တဲ့အချိန်မှာလည်း နူးညံ့တဲ့ တဘက် နဲ့ အသာအယာသုတ်ပေးဖို့လိုပါတယ်။ မျက်နှာသစ်လိုက်တာကြောင့် မလိုအပ်တဲ့ အဆီတွေ နဲ့ သေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေမှာ ပိတ်နေတဲ့ ချေးညှော်တွေကို ဖယ်ရှားပေးလိုက်သလို ဖြစ်စေတယ်လို့ သိရပါတယ်။

မျက်နှာသစ်ပြီးရင်တော့ moisturizer လေးတစ်ခုခုသုံးကြည့်ပါ။ moisturizer ကိုရွေးချယ်ရာမှာလည်း ဝက်ခြံမဖြစ်စေတဲ့  "noncomedogenic" ဆိုတဲ့ စာသားကို label မှာရှာကြည့်ပြီးမှရွေးချယ်ဝယ်ယူသင့်ပါတယ်။

မိတ်ကပ်လိမ်းတာကြိုက်တဲ့သူဆိုရင်တော့ မိတ်ကပ်ကို ပါးပါးလိမ်းထားတာ ပိုသင့်လျော်တယ်လို့သိရပါတယ်။ မိတ်ကပ်ကထူနေမယ်ဆိုရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေပိုဆိုးလာနိုင်ပါတယ်။

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ မျက်နှာပေါ်မှာ ဘာမှရှိမနေတာဟာ အကောင်းဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

မိမိရဲ့ ဆံပင်တွေဟာ မျက်နှာပေါ်မှာကျနေမယ်ဆိုရင် ဝက်ခြံတွေကို ပွန်းစားမှုတွေဖြစ်စေပြီး ရောင်ရမ်းလာမှာဖြစ်ပါတယ်။ သင်ဟာ Gel နဲ့ Hair cream တွေအသုံးပြုသူဖြစ်မယ်ဆိုရင် ထိုအရာတွေဟာ မျက်နှာပေါ်ကျရောက်သွားချိန်မှာ အဆီတွေပြန်ပြီး ချွေးပေါက်တွေကို ပိုပိတ်သွားစေတယ်လို့ သိရပါတယ်။

သင့်ရဲ့လက်တွေကိုလည်း မျက်နှာနဲ့ အဝေးမှာ ထားတာက ပိုသင့်တော်မှာပါ။

လက်ဟာ ဘက်တီးရီးယား အများဆုံးတည်ရှိတဲ့နေရာဖြစ်တာကြောင့် မျက်နှာကို ကုတ်ခြစ်မိတဲ့ အချိန်မှာ ဘက်တီးရိးယားတွေ ပျံ့နှံ့ပြီး ဝက်ခြံတွေကို ပိုဆိုးရွားလာစေနိုင်လို့ပါ။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကလည်း ဝက်ခြံတွေကို ပိုမိုဆိုးရွားလာပါစေသတဲ့။ SPF 30 အထက်ရှိတဲ့နေရောင်ထဲမှာ မိနစ်နှစ်ဆယ်ထက်ပိုပြီးမနေတာက သင့်မျက်နှာပေါ်က ဝက်ခြံတွေအတွက် အကောင်းဆုံးဖြစ်မှာပါ။

နေ့စဉ်ပုံမှန် exercise လုပ်ခြင်းကလည်း ဝက်ခြံတွေကို သက်သာလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကလည်း ဝက်ခြံကိုပိုထွက်လာစေလို့ စိတ်ကိုတည်ငြိမ်အောင် လုပ်တာကလည်း အကောင်းမွန်ဆုံးဖြစ်စေနိုင်ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : WebMd

ချက်ပြုတ်ရင်း အပူလောင်ခြင်းဟာ ကလေးငယ်များအတွက် အန္တရာယ်တစ်ခုဖြစ်


လေးနှစ်သားကလေးတွေ လုပ်နေကြအတိုင်း Giံuliana Maggio ဆိုတဲ့ လေးနှစ်သမီးလေးက အိမ်ထဲမှာ ပြေးလိုက်၊ မိသားစုတွေနဲ့ တူတူပုန်းကြေးဆော့လိုက်နဲ့ အလုပ်များနေခဲ့ပါတယ်။

မီးဖိုချောင်ထဲက စားပွဲတင်ချက်ပြုတ်အိုးကို သွယ်ဆက်တဲ့ လျှပ်စစ်မီးကြိုးကိုတော့Giuliana မမြင်ခဲ့ဘူးပါဘူး။
Giuliana က မီးကြိုးဆီပြေးသွားပြီး ဆွဲလိုက်တဲ့အခါမှာ ချက်ပြုတ်တဲ့အိုးထဲက ပူနေတဲ့ အရာတွေ သူ့ ခန္ဓာကိုယ်လေးပေါ်ကို လောင်းချလိုက်သလိုဖြစ်သွားတယ်။

ကံကောင်းချင်တော့ သူ့အမေက သူနာပြုသင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး ဘာကိုအရင် အလျှင်အမြန် လုပ်ရမလဲဆိုတာကို သိပါတယ်။

 ‘အရေးပေါ် ၉၁၁ ခေါ်ပြီး Giuliana ရဲ့မီးလောင်ခံ ထားရတဲ့နေရာတွေကို ရေအေးနဲ့ လောင်းချခဲ့တယ်။အ၀တ်တွေကိုချွတ်ကြည့်လိုက်တော့အရေပြားတွေက အလွှာလိုက်တွေဖြစ်နေတော့ တော်တော်ဆိုးတယ်ဆိုတာကိုသိလိုက်တယ်’ လို့ မိခင်ဖြစ်သူ Maggio က ပြောပါတယ်။

Giuliana ရဲ့၂၀ ရာခိုင်နှုန်းသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဆိုးဆိုးရွားရွား လောင်ကျွမ်းခဲ့တာပါ။ မိခင်ဖြစ်သူMaggioသာ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် မလုပ်ခဲ့ဘူးဆိုရင် ဒီထက်ပိုပြီးဆိုးရွားသွား မှာပါ လို့ ခွဲစိတ်အထူးကုပြုဖြစ်တဲ့ ဒေါက်တာ Anthony Baldea က ပြောပါတယ်။

ချက်ပြုတ်မှုကြောင့် အပူလောင်တာဟာ အမေရိကန် ကလေးငယ်များအတွက်တော့ ဖြစ်နေကျ ကိစ္စတစ်ခုလိုပါပဲ။ ဒါဟာ သတိထားပြီးကာကွယ်လို့ရတဲ့ ကိစ္စပါ။

၂၀၁၁ ခုနှစ်အတွင်း ပျှမ်းမျှ ကလေးငယ်ပေါင်း ၁သိန်း ၃သောင်း ၆ထောင် ခန့် ဟာ အမေရိကန် အပူလောင်မှု အရေးပေါ်ခန်းမှာ ရှိနေပါတယ်။ တစ်ထောင့်တစ်ရာထက်ပိုတဲ့ ကလေးငယ် အရေအတွက်ကတော့ သေဆုံးမှုနဲ့ ရင်ဆိုင်နေရပြီး ကုသမှုစရိတ် ပျှမ်းမျှ ဒေါ်လာ ၄၄ မီလီယံ ရှိပါတယ်။

မီးဖိုချောင်မှာရှိတဲ့ မီးဖိုတွေ ၊ မုန့်ဖုတ်စက်တွေနဲ့ အခြားအပူအိုးတွေ ကို ကလေးတွေမကိုင်မိအောင် သတိထားရပါမယ်။ ထမင်းပေါင်းအိုးတွေ ကော်ဖီဖျော်စက်တွေ စတာတွေနဲ့ သွယ်ဆက်ထားတဲ့ မီးကြိုးတွေကို တွဲလောင်းချထားတာမျိုးတွေ မလုပ်ပဲ စနစ်တကျ ထားရပါမယ်။

 အိုးတွေရဲ့ လက်ကိုင် တွေကိုလဲ မီးဖိုပေါ်တင်တဲ့အခါဖြစ်စေ ရှေ့အတည့်မှာမထားပဲ ကလေးတွေ ဆွဲလို့မရအောင် ထားရပါမယ်။ အပူလောင်မှုဖြစ်စေနိုင်တဲ့ အရာတွေကို ကလေးတွေ မမှီနိုင်တဲ့ နေရာမျိုးမှာ ထားပေးရပါမယ်။

အကယ်၍ ကလေး အပူလောင်ခဲ့လျှင် အပူလောင်တဲ့ နေရာကို ရေခဲရေမဟုတ်တဲ့ အေးမြတဲ့ရေနဲ့ တောက်လျှောက်လောင်းပေးထားပြီး အပူလောင်တဲ့ နေရာတစ်ဝိုက်က အ၀တ်အစားတွေကို ချွတ်ပြီး သန့်ရှင်းခြောက်သွေ့တဲ့ အ၀တ်နဲ့ အုပ်ထားပြီး ဆေးကုသမှုအမြန်ဆုံး ခံယူရပါမယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI



သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် နေ့စဉ်ပြုလုပ်ပေးသင့်တဲ့ အချက်အချို့


(၁) တရားထိုင်ခြင်း

တစ်နေ့ ကို ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက် တရားထိုင်ပေး ခြင်းဟာ သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အမူ အကျင့် တစ်ခု ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှု တွေ ကို လျှော့ကျစေခြင်း၊ အိပ်ရေးဝခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးသွေးလည်ပတ်မှုကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူး တွေ ကို ရရှိစေနိုင်တဲ့အတွက် တရားထိုင်ခြင်းကို ပြုလုပ်သင့်ပါတယ်။

(၂) အိပ်စက်ခြင်း

တစ်နေ့ ကို အနည်းဆုံး ၆နာရီခန့် အိပ်ပေးခြင်းဟာလည်း သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အိပ်ရေးမ၀ခြင်းဟာ သင့်စိတ်ကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အနည်းဆုံးတစ်နေ့ကို ၆ နာရီခန့်  အိပ်စက်ပေးပါ။

(၃) ရေနွေးကြမ်းသောက်သုံးခြင်း

ရေနွေးကြမ်းဟာ သင့်ခန္ဓာကိုယ် အတွက် တကယ့်ကိုကောင်းမွန်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Green Tea ရေနွေးကြမ်းဟာ သင့် ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက်များစွာ အထောက်အကူပြုပါတယ်။

(၄) အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ပါ

အားကစား မလုပ် ခင်မှာ သွေးပူလေကျင့်ခန်း ပြုလုပ်ခြင်းဟာ ကြွက်တက်ခြင်း  နဲ့  အခြားဖြစ်ပေါ်လာနိုင်တဲ့ ဒဏ်ရာတွေ ကနေ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၅) နေကာမျက်မှန်တပ်ဆင်ပါ

  နေကာမျက်မှန်တပ်ဆင်ပါက UV 400 ခန့် ပါဝင်တဲ့  မျက်မှန်ကို တပ်ဆင်သင့်ပါတယ် ။ မျက်မှန်ဆိုဒ်ကြီးလေ သင့်အတွက်ကာကွယ်မှု ပိုရလေ ဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : mensfitness

ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ညစ်ပတ်တဲ့ ပိုက်ဆံအိတ်


ဝယ်ကာစ တုန်းကလောက် သန့်ရှင်းမှု မရှိတော့ တဲ့ ပိုက်ဆံ အိတ် တစ်လုံးဟာ သင့်ရဲ့ ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်လို့ ပြောရင် သင်အံ့သြသွားပါလိမ့်မယ်။

ဒါဟာ ရိုးရှင်းတဲ့ သဘောတရားတစ်ခုပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံ အိတ်ပေါင်း ၉၀ ရာခိုင်နှုန်း ကျော်ဟာ ဘက်တီးရီးယားတွေ ကပ်တွယ်နေပါတယ်။ အမျိုးသမီးတွေကတော့ အဆိုးဆုံး ပဲ ဖြစ်ကြပါတယ်။

သုတေသီတွေရဲ့ အဆိုအရတော့ ပိုက်ဆံအိတ်တွေဟာ ရေချိုးခန်းနဲ့ မီးဖိုချောင်စားပွဲတွေပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေ နဲ့ ပိုးမွှား တွေကို ယူငင် သယ်ဆောင်ထားပါတယ်။ ဒါ့အပြင် ပိုက်ဆံအိတ်တွေဟာ တော်ရုံတန်ရုံ သန့်ရှင်းရေး လုပ်လေ့မရှိကြတဲ့အတွက်လည်း ဘက်တီးရီးယားတွေက ပိုပြီး ကပ်တွယ်နေနိုင်ပါတယ်။

"အမျိုးသားသုံး ၊ အမျိုးသမီးသုံး ပိုက်ဆံအိတ်တွေဟာ ရောဂါပိုးတွေ ကူးစက်စေတဲ့အဓိက သက်မဲ့ ပစ္စည်းတွေဖြစ်ကြပါတယ်။ ဘက်တီးရီးယားကြီးထွားနှုန်းဟာ အမျိုးသားပိုက်ဆံအိတ်တွေမှာထက် အမျိုးသမီး ပိုက်ဆံ အိတ်တွေမှာ တွေ့ရတတ်ပါတယ်" လို့ ထိုသုတေသန မှာ ပါဝင်ခဲ့တဲ့ သုတေသီတွေက Advanced Biomedical Research ဆိုတဲ့ ဂျာနယ်မှာ ထည့်သွင်းရေးသားထားပါတယ်။

Mauritius တက္ကသိုလ်က သုတေသီတွေဟာ အမျိုးသမီး အယောက် ၈၀ နဲ့ အမျိုးသား ၆၅ ယောက်စီက ပိုက်ဆံအိတ် ၁၄၅ လုံးကို တောင်းယူပြီး ဘက်တီးရီးယား ကပ်တွယ်နေမှုကို စစ်ဆေးကြည့်တဲ့အခါမှာ ပိုက်ဆံအိတ် ၉၅.၂ ရာခိုင်နှုန်းခန့်က ဘက်တီးရီးယားတွေ ကပ်တွယ်နေတာကို တွေ့ရပါတယ်။ အမျိုးသမီး ၂.၁ ရာခိုင်နှုန်းကသာ သူတို့ရဲ့ ပိုက်ဆံ အိတ်တွေကို တစ်လ တစ်ခါ သန့်ရှင်းရေးလုပ်လေ့ရှိကြပြီး အမျိုးသမီး ၈၁.၅ ရာခိုင်နှုန်းကတော့ ပိုက်ဆံ အိတ်တွေ သန့်ရှင်းရေးလုပ်လေ့မရှိကြပါဘူး။

ဒါဟာ ပိုက်ဆံ အိတ်အမျိုးအစားနဲ့လည်း ဆိုင်နေပါတယ်။ လယ်သာ နဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်တွေဟာ သာမန် ဖန်စီ ပိုက်ဆံအိတ်တွေထက် ဘက်တီးရီးယား ကပ်တွယ်နိုင်မှု နည်းပါတယ်။ သုတေသီတွေရဲ့ အဆိုအရတော့ လယ်သာ ပိုက်ဆံအိတ်တွေဟာ ချောမွေ့လှတဲ့ လယ်သာ မျက်နှာပြင် ကြောင့် ဘက်တီးရီးယားတွေ ကပ်တွယ်နိုင်ဖို့ ခက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မီးဖွားပြီးစ မိခင်တွေမှာ ဆံပင်ကျွတ်တာက ယာယီသာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေပြော


သင်ဟာ လောလောလတ်လတ် မီးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး ဆံပင်တွေ ကျွတ်နေတယ်ဆိုရင် စိတ်ပျက်မသွားပါနဲ့။

မီးဖွားပြီးစ မိခင်တော်တော်များများ ကြုံတွေ့ရတဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာဟာ ပုံမှန်အားဖြင့် အချိန်အတိုင်းအတာ တစ်ခုကိုပဲ  ရင်ဆိုင်ရတာပါ။

ကိုယ်ဝန်ဆောင်ပြီးတဲ့နောက်မှာ ဆံပင်ကျွတ်တာက ဖြစ်နေကျဖြစ်ပါတယ်။ မီးဖွားပြီး သုံးပါတ်ကနေ လေးပါတ်ကြားမှာ စပြီး ရတ်သတ္တပါတ် နည်းနည်းအထိ ဆံပင်ကျွတ်တတ်ပါတယ်။

သတင်းကောင်းကတော့ ဒီလိုကြုံလာရင် ပျောက်ကင်းအောင်ဘာမှ လုပ်ပေးစရာမလိုပါဘူး။ ကလေးတစ်နှစ်မပြည့်ခင်တောင်မှ ဆံပင်တွေဟာ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာမှာပါ။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI



စိတ်ကုထုံးဆေးတွေကြောင့် သန္ဓေသားအပေါ် သက်ရောက်မှု အနည်းငယ်သာရှိ


စိတ်ပိုင်းစိတ်ရာကုထုံးဆေးတွေကို ကိုယ်ဝန်ဆောင်စဉ် အစောပိုင်းကာလတွေမှာ သောက်သုံးတာက မွေးဖွားရာမှာ ချို့တဲ့တာ အဆင်မပြေတာတွေ ဖြစ်စေတဲ့နှုန်းကို သိသိသာသာ တိုးစေတာမျိုး မတွေ့ရဘူးဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

တကယ်တော့ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ဘာဆေးမှ မသောက်သုံးတာက အကောင်းဆုံးပါပဲ။ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ကစဉ့်ကလျားရောဂါ ဒါမှမဟုတ် စိတ်ကျရောဂါ ခံစားနေရတယ်ဆိုရင်တော့ ကုထုံးအတွက် ဆေးတွေ သောက်ရမှာ အမှန်ပါပဲ။

ဒါဆိုရင် သန္ဓေသားဖွံ့ဖြိုးမှုအတွက် စိတ်ချရပါ့မလား?

ဒါကြောင့် ကိုယ်ဝန်ဆောင် ၁.၃ သန်းကို လေ့လာကြည့်တဲ့အခါမှာ သုံးနေကျ စိတ်ကုထုံးဆေးတွေနဲ့ အသစ်ထုတ်လုပ်တဲ့ ဆေးတွေက သန္ဓေသားအပေါ်သက်ရောက်မှု အနည်းငယ်သာရှိတာကို တွေ့ရှိခဲ့ပါတယ်။
စိတ်ကုထုံးဆေးတွေ သောက်သုံးတဲ့ မိခင်တွေနဲ့ ကျန်းမာတဲ့မိခင်တွေ တွေ့ကြုံရတဲ့ သန္ဓေသားဖွံ့ဖြိုးမှုတွေ ၊ မွေးဖွားစဉ် ကြုံတွေ့ရမယ့် အခက်အခဲတွေက ကွာခြားတာ သိပ်မရှိပေမယ့် ဆေးသောက်ရမယ်ဆိုရင်တော့ ကျွမ်ကျင်တဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref :  UPI


ထောပတ်သီးစားခြင်းရဲ့ အကျိုးကျေးဇူးများ



ထောပတ်သီး ၊ ဟင်းနုနွယ် နဲ့ သံလွင်ဆီတွေကို စားသုံးခြင်းဟာ လေထုညစ်ညမ်းမှုကို ခံနိုင်ရည်ရှိစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။

အဲဒီအစားအစာတွေမှာ ဗီတာမင် အီး ပမာဏ များပြားစွာ ပါဝင်တဲ့အတွက် အဆုတ်ကို သေးငယ်တဲ့ အစက်လေးတွေ ထင်နေခြင်းကနေ ကာကွယ်ပေးတယ်လို့ သိရပါတယ်။

ထို သေးငယ်တဲ့ အစက်တွေကတော့ စက်ရုံတွေ ၊ ကုန်တင်ကားတွေ ၊ မော်တော်ကားတွေနဲ့ သစ်သားတွေ မီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ထို အစက်တွေဟာ အဆုတ် အထိ ကောင်းစွာ ၀င်ရောက်သွားနိုင်သလို နှလုံးရောဂါ ဖြစ်တဲ့အထိပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

လန်ဒန် က King's College နဲ့ Nottingham တက္ကသိုလ်တို့က ပြောကြားခဲ့တာကတော့ ဗီတာမင် အီး ပမာဏ တွေ သွေးထဲမှာ များလာတဲ့ အမျှ ထိုသို့ အစက်များ ၀င်ရောက်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဗီတာမင် အီး ဟာ တစ်ကယ်တော့ အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် အီး ဟာ ဆဲလ်တွေ ရဲ့ အမြှေးတွေကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ အသားအရေ ၊ မျက်လုံးတွေ ကို ပိုမိုကောင်းမွန်စေပြီး  ခုခံအားစနစ်ကို ခွန်အားဖြစ်စေနိုင်တယ်လို့ NHS Choices ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကျန်းမာရေး ၀က်ဘ်ဆိုက် တစ်ခုကဖော်ပြခဲ့တာကတော့ အမျိုးသားတွေဟာ တစ်နေ့ကို ဗီတာမင် အီး ၄ မီလီဂ၇မ် လိုအပ်ပြီး အမျိုးသမီးတွေဟာ ၃ မီလီဂရမ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

၁၀၀ ဂရမ်ရှိတဲ့ ထောပတ်သီးတစ်လုံး ဟာ  နေ့စဉ်လိုအပ်တဲ့ ဗီဆာနင်အီး ပမာဏ ရဲ့ ၁၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပါတယ်။


( Beauty Syh )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : How Iz real

စုံတွဲတွေကြား စိတ်ဖိအားများပြားမှုဟာ နာတာရှည်ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိနေ


လေ့လာချက်တွေအရ တကယ်လို့သင့်မှာ စိတ်ဓါတ်ကျဆင်းမှုတွေ ရှိလာရင် နာတာရှည်ရောဂါ ဖြစ်နိုင်ချေတွေ တိုးလာနိုင်ပါတယ်။

UK မှာရှိတဲ့ လူပေါင်း ၁ သိန်းကျော်ကို လေ့လာကြည့်တဲ့အခါမှာ နာတာရှည်ရောဂါဆိုတာ  အဓိကအားဖြင့် မျိုးရိုးဗီဇကြောင့်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ရဲ့ ရင်းနှီးတဲ့သူတွေကြားက ဆက်ဆံရေးတွေကြောင့် အဖြစ်များပါတယ်။

သုတေသနပြုသူတွေကတော့ နာတာရှည်ရောဂါဟာ နားလည်ရခက်ပြီး ကုသဖို့နည်းလမ်းတွေ ကလည်း ဒီထက်တိုးတက်ဖွံဖြိုးဖို့ လိုပါသေးတယ်တဲ့။

‘ကျွန်တော်တို့ရဲ့ ရှာဖွေမှုကနေ တဆင့် လူတွေကို နာတာရှည်ရောဂါတွေနဲ့ စိတ်ဓါတ်ကျတာတွေ ကြားက ဆက်စပ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကြားက ဆက်စပ်မှုတွေက တကယ်ရှိတယ်ဆိုတာကို ယုံကြည်ကြဖို့ ဖော်ပြသွားမှာပါ’  တဲ့။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI


လေ့ကျင့်ခန်းအပေါ်ယုံကြည်ခြင်းက ပိုမိုအကျိုးကျေးဇူးများစေနိုင်


လေ့ကျင့်ခန်း လုပ်တဲ့အပေါ်ကို ယုံကြည်ခြင်းဟာ သာမန်လုပ်တာထက်စာရင် ပိုမိုအကျိုးသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေကဆိုပါတယ်။ ဂျာမနီနိုင်ငံက သုတေသီတွေဟာ လေ့ကျင့်ခန်းလုပ်တာကနေ ရရှိတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်တွေကို သုတေသနလုပ်ရာကနေ အခုလို တွေ့ရှိခဲ့ရတာပါ။

Behavioral Medicine ဂျာနယ်မှာ ဖော်ပြချက်အရ သုတေသီတွေဟာ အသက် ၁၈နှစ်ကနေ ၃၂နှစ်ကြား လူ ၇၆ယောက်ကို လေ့လာခဲ့ရာမှာ စက်ဘီးစီးရာကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို လေ့လာခဲ့တာပါ။

မိနစ် ၃၀ကြာစက်ဘီးစီးတဲ့ ရလဒ်ကိုလေ့လာခဲ့ရမှာ သာမန်လုပ်နေတဲ့သူတွေထက်စာရင် လေ့ကျင့်ခန်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်တဲ့သူတွေဟာ ပိုမိုပြီးတော့ အကျိုးကျေးဇူးတွေ များပြားတာကိုတွေ့ခဲ့ရတာပါ။

“လေ့ကျင့်ခန်းရဲ့ အကျိုးကို သိပြီး ပျော်ပျော်ရွှင်ရွှင်လုပ်တဲ့သူတွေဟာ သာမနထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုကြောင့် ပိုမိုအကျိုးသက်ရောက်မှုရှိတာတွေ့ရပါတယ်” လို့ ဖရန့်ဖတ်တက္ကသိုလ် ပါမောက္ခ Dr. Hendrik Mothes ကဆိုခဲ့ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref: UPI

သကြားဓါတ်ပါတဲ့အရည်ကို ရေအစားတစ်နေ့တစ်ဘူးသောက်သုံးခြင်းက ကျန်းမာရေးအတွက်ကောင်းမွန်စေ



Soda နဲ့ အားဖြည့်အချိုရည်ထဲမှာပါတဲ့ သကြားဓါတ်ကြောင့် ကယ်လိုရီကိုလျော့ချပေးနိုင်သလို အ၀လွန်တာ ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ ဘေးဥပါဒ်ဖြစ်စေတဲ့ အခြေအနေတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

သကြားဓါတ်ပါတဲ့ အချိုရည်ကို ရေအစား တစ်နေ့တစ်ဘူးသောက်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးအမြတ် အများကြီးကို ရရှိစေတယ်လို့ ဗာဂျင်းနီးယား နည်းပညာတက္ကသိုလ်က အကြံပြုလိုက်ပါတယ်။

Soda တွေ ၊ အားဖြည့်အချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေနဲ့ အချိုလွန်ကဲတဲ့ ကော်ဖီတွေက ကိုယ်အလေးချိန်တိုးတာ၊ အ၀လွန်တာ၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို ဖြစ်စေပါတယ်။

 လေ့လာတွေ့ရှိချက်အရ ၂၀၀၇ခုနှစ် ကနေ ၂၀၁၂ခုနှစ်ကြားမှာ လူပေါင်း ၁၉၇၁၈ ယောက်ကို စစ်ဆေးကြည့်တော့ သောက်ပုံသောက်နည်းပေါ်မူတည်ပြီး ရလဒ်တွေ ကွဲပြားနေပါတယ်။ အချိုရည် ၈အောင်စနဲ့ ရေ ၈အောင်စ အစား သောက်တဲ့အခါမှာ ပိုကောင်းတဲ့ရလဒ်တွေ ရလာပါတယ်။

 ရေချည်းပဲ တစ်နေကုန် သောက်တာထက်စရင် အချိုဓါတ်ပါတဲ့ အရည်ကို တစ်နေ့တစ်ဘူး သောက်ပေးတာက ကယ်လိုရီကို ၁၇ ရာခိုင်နှုန်း ကနေ ၁၁ ရာခိုင်နှုန်းအထိ လျော့ချပေးပါတယ်တဲ့။ ၀ိတ်တက်မှာ ဆိုးရိမ်တဲ့ သူတွေအတွက်တော့ နည်းလမ်းကောင်းလေးတစ်ခုပါပဲနော်။


( Michelle )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

လေလည်တဲ့အနံ့ဟာ ရှူရှိုက်မိသူရဲ့ ကျန်းမာရေးကို များစွာအကျိုးပြု


သင့်အနေနဲ့ အတန်းထဲမှာ လေလည်မိတဲ့အခါ “နံလိုက်တာ”လို့ ဘေးကသူငယ်ချင်းတွေ အော်ဟစ်နေချိန်မှာ စိတ်ညစ်မနေပါနဲ့။ သင်ဟာ သူတို့ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ ကုသိုလ်ပြုလိုက်တယ်လို့ မှတ်ယူနိုင်တော့မှာပါ။

သင်ကတော့ ဒီအချက်ကို ယုံချင်မှယုံပါလိမ့်မယ်။ လေလည်ခြင်းဟာဆိုရင်ဖြင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် အနီးနားပတ်ဝန်းကျင်မှာရှိနေတဲ့ လူရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြုစေပါသတဲ့။ အီးပေါက်တာကို ရှက်စရာလို့ ထင်နေကြတဲ့လူတွေအတွက်တော့ သတင်းဆိုးဖြစ်စရာရှိပါတယ်။

 လေလည်တဲ့ အနံ့ကို ရှူရှိုက်မိသူတွေဟာဆိုရင်တော့ အနံ့ဆိုးကို ရွံကြပေမယ့်လည်း ကျန်းမာရေးအတွက်အရမ်းကို အကျိုးရှိနေတာကိုတော့ မသိရှိကြဘူးလို့ ဖော်ပြထားပါတယ်။

သွားတိုက်ဆေးထဲမှာ ပမာဏအနည်းငယ်သာ ပါဝင်တဲ့ ဖလိုရိုက်ဒ်နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် ဓာတ်တွေဟာ ပမာဏများလာတဲ့ အခါ လူတွေကို အန္တရာယ်စက်ကွင်းထဲကျရောက်အောင် ပြုလုပ်နိုင်ပါတယ်။

 ဒါပေမယ့်လည်း လူတွေ လေလည်လိုက်တဲ့အခါမှာ ဒီဓာတ်တွေဟာ လူတွေလက်ခံနိုင်တဲ့ ပမာဏသာ ထွက်ရှိလာတာပါ။ အဲ့ဒီအခါမှာဆိုရင်တော့ ဒီဓာတ်ငွေ့တွေကို ရှူရှိုက်မိသူတွေဟာ သူတို့ ခန္ဒာကိုယ်ကျန်းမာရေးအတွက် အရမ်းအကျိုးများသွားတာကို ခံစားရမှာဖြစ်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားတာပါ။

ရှူမိသူဟာ ၊ ဒီလို အရနည်းတဲ့ ဓာတ်ကို ရရှိလိုက်တဲ့အချိန်မှာ လန်းဆန်းသွားမှုကို ခံစားရပြီး သွေးလေ လှည့်ပတ်မှုဟာ ပိုမိုအချိုးကျလာတယ်လို့ လေ့လာမှုက ဖော်ပြထားတာပါ။

လူကြားထဲမှာ ပေါ်တင်ကြီး လေလည်လိုက်တာကတော့ ရိုင်းရာရောက်ပေမယ့်လည်း လက်နက်ပုန်း ထုတ်လိုက်မယ်ဆိုရင်တော့ လူမသိဘဲ ကျန်းမာရေးကောင်းအောင် လုပ်ပေးတယ်လို့ သင့်အနေနဲ့ မှတ်ယူနိုင်မှာဖြစ်ပါတယ်။

( Beauty Syh )

 #သစ်ထူးလွင်(ကျန်းမာရေး)
#knowledge.thithtoolwin.com

Ref : Lifehack

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သေဆုံးနိုင်တဲ့ရောဂါတွေအတွက် ဖြေဆေးဖြစ်


လေ့ကျင့်ခန်းကို များများလုပ်ပေးတာဟာ သင့်ကိုအဖြစ်များစေတဲ့ ရောဂါ၅မျိုးကနေ လျှော့ချပေးနိုင်တယ်လို့ သတင်းအသစ်တစ်ရပ်က အကြံပြုခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ၁၉၈၀ခုနှစ်ကနေ ၂၀၁၆ခုနှစ်အကြား ပြုလုပ်ခဲ့တဲ့ သုတေသန ၁၇၄ခုကို အခြေခံပြီး သုတေသီတွေဟာ အပတ်စဉ်ပုံမှန် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွ ပြုလုပ်ပေးခြင်းဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားခြင်းကနေ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

လေ့လာသူတွေအနေနဲ့ MET လို့ခေါ်တဲ့ မိနစ်အလိုက် ဘယ်လောက် ကျန်းမာရေးဆိုင်ရာလေ့ကျင့်ခန်းတွေ ပြုလုပ်သလဲဆိုတဲ့ ဖော်မြူလာကိုအသုံးပြုပြီး တိုင်းတာခဲ့တာပါ။ MET မိနစ်တွေဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေက သင့်ကိုဘယ်လောက်ထိ စွမ်းအင်တွေလောင်ကျွမ်းခဲ့တယ်ဆိုတာ ပြသပေးတာပါ။

လေ့လာမှုမှာ တစ်ပတ်ကို MET မိနစ် ၃၀၀၀ ကနေ ၄၀၀၀ ကြား လေ့ကျင့်ခန်းပြုလုပ်သူတွေက အကျိုးကျေးဇူးအများဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ရတာပါ။ လူတစ်ယောက်ဟာ သူတို့ရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကနေ တစ်နေ့ကို ဆယ်မိနစ်လောက်လှေကားတက်တာ၊ ၁၅မိနစ်လောက်အိပ်အလုပ်လုပ်တာ မိနစ်နှစ်ဆယ်ပြေးတာ စတာတွေဟာ လေ့ကျင့်ခန်းတွေ လုပ်နေတာပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသုတေသနကို ပြီးခဲ့တဲ့ သြဂုတ်လ ၉ရက်နေ့တုန်းက BMJ ဂျာနယ်မှာဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ စကော့တလန်က Strathclyde တက္ကသိုလ်နဲ့ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာရှိနေတဲ့ the International Prevention Research Institute က ပုဂ္ဂိုလ်တွေဟာ ဒီသုတေသနကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

အလာ့ဂျစ်တွေက လူတွေရဲ့ ဦးနှောက်ကိုပြောင်းလဲစေ


ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ အလာ့ဂျစ်တွေဟာ မမျှော်လင့်ပဲ ဦးနှောက်ကို ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ သြစတြီးယားက သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ အလာ့ဂျစ်ဖြစ်နေတဲ့အချိန်မှာ ဦးနှောက်ဟာ Neurons တွေ ပိုမိုထုတ်လုပ်ရပြီး ဒီ တုံ့ပြန်မှုဟာ ဦးနှောက်ကို တစ်စုံတစ်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့သိရပါတယ်။
ဒီလိုဖြစ်ပေါ်မှုဟာ ရာသီအလိုက်ဖြစ်ပေါ်တတ်တဲ့ အလာ့ဂျစ်တွေကို ပိုမိုပြောင်းလဲသွားစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပေမယ့် ဒီတုန့်ပြန်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေရှိမရှိကိုတော့ မဖော်ထုတ်နိုင်သေးကြောင်း ဖော်ပြထားခဲ့ပါတယ်။ ဒီလိုတုန့်ပြန်မှု အလာ့ဂျစ်ဆိုတဲ့အထဲမှာ သာမန်ဖျားနာတာတွေ၊ ပတ်ဝန်းကျင်အလိုက်တုန့်ပြန်မှုတွေ၊ နှာချေတာတွေ ပါဝင်တာဖြစ်ပါတယ်။

“ဒါဟာလုံးဝမမျှော်လင့်ထားတဲ့ Hippocampus ထဲမှာ Microglia ကိုတွေ့ရှိခဲ့ရခြင်းပါ” လို့ သြစတြီးယားနိုင်ငံ Paracelsus ဆေးတက္ကသိုလ်ပါမောက္ခ Barbara Klein ကဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို Cellular Neuroscience ဂျာနယ်မှာဖော်ပြခဲ့တာပါ။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: UPI

အဝလွန်ခြင်းဟာ ဦးနှောက်ကို ထိခိုက်စေနိုင်


အဝလွန်တာ၊ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီတွေစုနေတာဟာ ဦးနှောက်အတွက်မကောင်းဘူးလို့ သိရပါတယ်။ လေ့လာမှုအသစ်တစ်ရပ်ရဲ့ အကြံပြုချက်အရ အဝလွန်သူတွေအနေနဲ့ သက်လတ်ပိုင်းရောက်ရင် ဦးနှောက်ကို ထိခိုက်စေနိုင်တာပါ။

လေ့လာမှုအရ အလေးချိန်မားလွန်းတာဟာ ဦးနှောက်ရဲ့ အဖြူရောင်ကဏ္ဍကို ထိခိုက်စေပြီး ဒီအပိုင်းဟာ ဦးနှောက်ရဲ့ အပိုင်းတွေကြားမှာ ဆက်သွယ်ပေးတာဖြစ်ပါတယ်။ White Matter Tissuse ဟာ အသက်အရွယ်နဲ့ လိုက်ပြီးကွာခြားပါတယ်။ ဒါပေမယ့် အသက် ၅၀အရှယ်နဲ့ အဝလွန်နေသူတွေဟာ အသက် ၆၀အရွယ်ရှိတဲ့ သာမန်လူတစ်ဦးရဲ့ ဦးနှောက်ရဲ့ အဖြူရောင်ကဏ္ဍမှာ နှိုင်းယှဉ်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

ဒီသုတေသနကို အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျတက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၀ကနေ ၈၇နှစ်အတွင်းရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၅၀၀ နီးပါးကို လေ့လာခဲ့ရာမှ အခုလိုတွေ့ရှိခဲ့ရတာပါ။ အသက် ၂၅နှစ်ကနေ ၃၀ အတွင်းအမျိုးသားအမျိုးသမီးတွေအနေနဲ့ BMI 30 ကျော်ရင် အခုလိုပြောင်းလဲမှုကို တွေ့မြင်ခဲ့ရတာပါ။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

အမေရိကန်တွေရဲ့ ပျမ်းမျှကိုယ်အလေးချိန် လွန်ခဲ့တဲ့ နှစ်၂၀ကထက် ၁၅ပေါင်တိုးလာ


အမေရိကန်တွေဟာ တစ်ဖြည်းဖြည်း လေးလေး၊ လေးလေးလာတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ယခုလေ့လာတွေ့ရှိချက်တွေအရ အမေရိကန်တွေဟာ ၁၉၈၀နှောင်းပိုင်းကနေစပြီး ၁၉၉၀ခုနှစ်ထိကထက် စာလို့ရှိရင် ယခုအချိန်မှာ ပျမ်းမျှကိုယ်အလေးချိန် ၁၅ပေါင်ပိုတိုးလာတယ်လို့ သိရပါတယ်။ ဒီလိုတိုးလာတာဟာ အရပ်ပိုမရှည်လာပဲ တိုးလာခဲ့တာပါ။

၁၁နှစ်အရွယ်ကလေးတွေဟာ အနေအထားအရ ပိုတိုးမလာပေမယ့် မိန်းကလေးတွေဟာ အရပ်ပိုမိုရှည်ထွက်မလာပဲ ၇ပေါင်ပိုမိုတိုးလာခဲ့တာပါ။ ယောက်ျားလေးတွေကတော့ အရပ်အမြှင့်မှာ တစ်လက်မလောက်မြင့်တက်လာခဲ့တဲ့အပြင် ကိုယ်အလေးချိန်ဟာလည်း ၁၃.၅ပေါင်ထိ တိုးလာခဲ့တာပါ။

“ကျွန်တော်တို့အနေနဲ့ နေ့စ္စဓူဝ လုပ်ဆောင်ချက်တွေကို ပြန်လည်ထိန်းချုပ်ဖို့လိုအပ်ပါတယ်” လို့ ယေးလ်တက္ကသိုလ်ပါမောက္ခနဲ့ အမေရိကန်ကောလိပ်ရဲ့ လူနေထိုင်မှုဆေးပညာပါမောက္ခ ဒေါက်တာ David Katz ကဆိုပါတယ်။

သတင်းတွေအရ အမေရိကန်မှာရှိတဲ့ အမျိုးသားတွေဟာ ၁၉၈၈-၁၉၉၄ကြားနဲ့ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်ကြားမှာ ခန္ဓာကိုယ်အလေးချိန် ၁၈၁ပေါင်ကနေ ၁၉၆ပေါင်အထိမြှင့်တက်သွားခဲ့ပြီး ပျမ်းမျှအရပ်အမြှင့်ကတော့ ၅ပေ ၉လက်မသာဆက်လက်ရှိနေပါတယ်။

အမျိုးသမီးတွေကတော့ ကိုယ်အလေးချိန် ၅ပေ၄လက်မရှိနေပေမယ့် ခန္ဓာကိုယ်အလေးချိန် ၁၅၂ပေါင်ကနေ ၁၆၉ပေါင်အထိတိုးလာခဲ့တာဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

တစ်မိနစ်အတွင်း လက်ဖဝါးတွေနူးညံ့အောင်ပြုလုပ်နည်း



ကြမ်းတမ်းနေတဲ့သင့်လက်ဖဝါးတွေ ကို အချိန်တစ်မိနစ်အတွင်းမှာ နူးညံ့သွား စေမယ်ဆိုရင် သင်အံ့သြသွားလေမလား။ မယုံမရှိနဲ့ အခုပဲလုပ်ကြည့်လိုက်ပါ။ ကြမ်း ထော်နေတဲ့ လက်ဖဝါးတွေ ညက်ညော သွားစေရုံမက ဝင်းမွတ်လာတော့မှာ ဖြစ်ပါတယ်။

အသုံးပြုရမယ့် ပစ္စည်းတွေကတော့-

သကြား လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်၊ သံလွင်ဆီ(သို့)အုန်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်
သကြားနှစ်ဇွန်းခန့်ကို လက်ဖဝါး ထဲသို့လောင်းထည့်ပါ။ ပြီးရင် သံလွင်ဆီ (သို့)အုန်းဆီနှစ်ဇွန်းခန့်ကိုလောင်းထည့်ပါ။

သကြားနဲ့ဆီတွေရောသမသွား အောင်လက်ဖဝါးနှစ်ဖက်ကိုခပ်ကြမ်းကြမ်း ပွတ်တိုက်ပါ။ (ထိုအရောအနှောတွေ အောက်သို့ကျမသွားအောင်လက်ဖဝါးချင်း သေသေချာချာပွတ်တိုက်ပါ။)

အသားထဲသို့ စိမ့်ဝင်သွားအောင် လက်ဖဝါးနှစ်ဖက်ကို စက်ဝိုင်းပုံဏ္ဌာန် အဖြစ် ပုံစံအမျိုးမျိုးပွတ်ပေးပါ။ လက် ဖဝါးတွေကို အားရအောင်ပွတ်ပြီးတဲ့အခါ လက်ခုံ၊ လက်ဖမိုးတွေကိုပါ ဆက်၍ ပွတ် တိုက်ပေးလိုက်ပါဦး။

အားရပြီဆိုပါက လက်ကို ဆပ်ပြာ ဖြင့်ဆေးကြောပါ။ ပြီးရင် သြိပ လိုးရှင်း တစ်ခုခုလိမ်းပေးလိုက်ပါ။ကဲသင့်လက် တွေအရင်ကနဲ့တူသေးလား။

အလှအပမြတ်နိုးသူတိုင်း လှသထက် ပို၍လှနိုင်ကြပါစေရှင်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : For Recipe

ထမင်းကျွေးရခက်တဲ့ ကလေးငယ်ကို အဆင်ပြေပြေစားသောက်စေရန် နည်းလမ်းကောင်းများ


ကလေးငယ်လေးတွေကို ထမင်းကျွေးချိန်မှာ ပိုမိုလွယ်ကူစွာ ကျွေးစေနိုင်ဖို့ အသုံးဝင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဟိုဟာဒီဟာ ရွေးချယ်ခွင့် မပေးပါနဲ့

ကိုယ်ကျွေးနေတဲ့ ထမင်းဟင်း၊ စားစရာကို ဘေဘီလေးက ငြင်းနေပြီဆိုရင် နောက်ထပ်စားစရာတစ်မျိုး မပေးပါနဲ့။ ဒါဟာ မကောင်းတဲ့ အကျင့်ဖြစ်ပါတယ်။ နောက်ပိုင်း နှစ်အတော်အတန်ကြာထိ စားစရာတွေရော၊ အချိန်ရော ဖြုန်းတီးပစ်နေသလိုဖြစ်မှာပါ။ ထမင်းစားချိန်မှာ ထမင်းပဲစားရမှာဖြစ်ပြီး တစ်ခြားဘာမှ မရနိုင်ကြောင်း သေချာနားလည်အောင်ပြောပါ။ ဗိုက်တကယ်ဆာလာတဲ့အချိန်ဆို သူတို့စားမှာ သေချာပါတယ်။

၂။ အစားစာချိန်နဲ့ စားတဲ့ပုံစံစည်းမျဉ်း သတ်မှတ်ထားပါ

ထမင်းစားချိန်မှာ ကလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် တိကျသေချာတဲ့ ပုံစံစည်းမျဉ်းလေးတွေ လုပ်ထားပေးပါ။ ခုံမှာ ထိုင်ပြီး သေချာစားသောက်စေရန်၊ တီဗီ၊ ဖုန်း၊ iPad စတာတွေ ထမင်းစားပွဲပေါ်မှာ မရှိစေရန်၊ ကိုယ်တိုင် ထမင်းစားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ကလေးနဲ့အတူ ထိုင်နေရန် စတဲ့ မိသားစုထမင်းဝိုင်းရဲ့ အခြေခံအချက်တွေကို ကလေးတွေ သိရှိလာစေနိုင်မှာ ဖြစ်ပါတယ်။

၃။ အရသာရှိတဲ့ အစားအစာများကို ကျွေးပါ

ဘေဘီလေးတွေကလည်း အရသာရှိတဲ့ အစားအစာမျိုးကို သဘောကျတတ်ကြပါတယ်။ ကလေးငယ်လေးတွေအတွက် အစားအစာအများစုဟာ ပျော့ပျော့ပျောင်းပျောင်းနဲ့ အရသာပေါ့ရွှတ်ရွှတ် ဖြစ်နေတတ်ကြပြီး မိဘတွေအနေနဲ့လည်း ဒါမျိုးပဲကျွေးသင့်တယ်လို့ ထင်နေတတ်ကြတယ်။ ဒါကြောင့် သူတို့အတွက် ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာလည်း ချိုချဉ်ငံစပ် အရသာလေးတွေ ထည့်ချက်ပေးဖို့ လိုအပ်ပါတယ်။

၎။ သကြားနဲ့ ချိုချဉ်တွေ အများကြီး မကျွေးမိပါစေနဲ့

ကလေးတိုင်းကတော့ အရသာချိုချိုလေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ အချိုပါတာတွေ မကြာခဏကျွေးနေမယ်ဆိုရင် ကလေးငယ်လေးတွေဟာ အချိုကြိုက်တဲ့သူတွေ ဖြစ်လာမှာသေချာပါတယ်။ ဒါကြောင့် ချိုချိုမွှေးမွှေးလေးမှ စားချင်တဲ့ ဘေဘီလေးတွေအတွက်
ဒိန်ချဉ်စစ်စစ်ကို နွားနို့လေးရောပြီး ကျွေးနိုင်ပါတယ်။ သကြားပါဝင်မှုနည်းနဲ့ ဘီစကစ်စိမ့်စိမ့်လေးတွေ ကျွေးလို့ရပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :



အမျိုးသမီးလိင်အင်္ဂါ အထဲကို ဆေးကြောတာဟာ ကင်ဆာရောဂါကို နှစ်ဆပိုမိုဖြစ်ပွားစေနိုင်



အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ အမျိုးသမီးအင်္ဂါထဲကိုဆေးကြောတာဟာ သားအိမ်ခေါင်း ကင်ဆာအပါအဝင် ကင်ဆာရောဂါကို နှစ်ဆပိုမိုဖြစ်ပွားစေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အမျိုးသားသုတေသနနဲ့ ကျန်းမာရေး ပတ်ဝန်းကျင်သိပ္ပံကျောင်းက သုတေသီတွေဟာ အမေရိကန်နဲ့ ပွာတိုရီကိုနိုင်ငံက အမျိုးသမီး ၄၀,၀၀၀ ကို တစ်နှစ်ကျော်ကြာလေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီကာလကို ပြီးသွားတဲ့နောက်မှာ အမျိုးသမီး ၁၅၄ယောက်ထံမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်ခြေရှိတာကို တွေ့ရှိခဲ့ရတာပါ။ ဒါဟာဆိုရင် အမျိုးသမီးတွေအနေနဲ့ ရေချိုးနေတဲ့အချိန်မှာ အမျိုးသမီး အင်္ဂါထဲကို ရေပန်းနဲ့ဆေးတာ အရည်နဲ့ ဆေးတာတွေအတွက် အကျုံးဝင်တာလည်း ဖြစ်ပါတယ်။ ဒီလိုဆေးကျောတာဟာ သားအိမ်လမ်းကြောင်းထဲမှာရှိတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကိုပါ သေစေနိုင်တာကြောင့် ဆရာဝန်တွေကတော့ အကြံပြုခြင်း မပြုလုပ်ကြပါဘူး။

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ အမျိုးသမီးအင်္ဂါဟာ အလိုလိုသန့်စင်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်က လေ့လာခဲ့တဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် Douche လုပ်တာဟာ ကင်ဆာရောဂါအပါအဝင် ရောဂါတွေကို ဖြစ်ပွားစေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: Daily Express, Independence

FDA အဆိုအရ အရွယ်တင်နုပျိုစေပြီး အသားဖြူစေတဲ့ ပစ္စည်းတွေမှာ ပြဒါးဓါတ်တွေ ပါဝင်နေနိုင်


တစ်ချို့သော အသားအရည်ထိန်းသိမ်းရေး ပစ္စည်းတွေမှာ ပြဒါးဓါတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သတိပေးထားပါတယယ်။

အသားအရည် ထိန်းသိမ်းရေး ခရင်မ်၊ ဆပ်ပြားနဲ့ လိုးရှင်းတွေရဲ့ တံဆိပ်ပြားတွေကို သေချာစစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။ "mercurous chloride," "calomel," "mercuric," "mercurio" သို့ "mercury" ပါဝင်တယ်လို့ ရေးသားထားရင်တော့ အသုံးပြုနေတာတွေကို ချက်ချင်းရပ်တန်းပစ်သင့်ပါတယ်။ ပါဝင်ပစ္စည်းတွေ ဖော်ပြထားခြင်းမရှိတဲ့ တံဆိပ်တွေကိုတော့ ၀ယ်ယူအသုံးမပြုသင့်ဘူးလို့ ဆိုထားပါတယ်။

ဈေးကွက်တွင်းရှိ အလှကုန်ပစ္စည်းတွေမှာ အမည်းစက်၊ အရေးအကြောင်းတွေကို ဖယ်ရှားပေးအသားဖြူခရင်မ် သို့ အရွယ်တင်နုပျိုခရင်မ် စသည်ဖြင့်ရောင်းချနေတဲ့ ပစ္စည်းတွေမှာ ပြဒါးပါဝင်နေတာကို တွေ့ရှိရတတ်ပါတယ်။ တစ်ချို့ဆယ်ကျော်သက်တွေကတော့ ၀က်ခြံပျောက်ကင်းသက်သာစေတဲ့ ပစ္စည်းတွေကို အသုံးပြုနေကြကြောင်း FDA အဆိုအရ သိရပါတယ်။

တခြားနိုင်ငံတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ ပြဒါဓါတ်တွေ အများအပြား ပါဝင်နေတာဖြစ်ပြီး အမေရိကန်နိုင်ငံကို တရားမ၀င် တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို အွန်လိုင်းကတစ်ဆင့်ရောင်းချနေတာတွေရှိပြီး တစ်ချို့အသုံးပြုသူတွေကတော့ နိုင်ငံခြားသွားစဉ်က ၀ယ်ယူခဲ့ကြတာဖြစ်ပြီး အသုံးပြုနေတာကြတာဖြစ်ပါတယ်။

ပြဒါးဓါတ်ပါဝင်မှုဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဆိုးဆိုးရွားရွား ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရင်ခွင်ပိုက်ကလေးငယ်တွေနဲ့ ငယ်ရွယ်သူတွေမှာ ပိုပြီးထိခိုက် ခံစားရစေနိုင်ပါတယ်။ ပြဒါးဟာ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ ဖွံ့ဖြိုးမှုကို ပျက်စီးစေနိုင်ပြီး နို့တိုက်မိခင်တွေဆီကတစ်ဆင့် ကလေးငယ်တေါဆီကိုလည်း ပြဒါးဓါတ်တွေက ရောက်ရှိစေနိုင်ပါတယ်။

ပြဒါးပါဝင်တဲ့ ပစ္စည်းတွေကို လွှင့်ပစ်တော့မယ်ဆိုရင်လည်း ပလတ်စတစ်အိတ်နဲ့ သေချာထုတ်ပိုးပြီးမှ စွန့်ပစ်သင့်ကြောင်း FDA က အကြံပေးထားပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI


အော်တစ်ဇင်ရှိတဲ့ ကလေးတွေကို ခွေးတွေက ကူညီပေးနိုင်


နှစ်နှစ်ကြာပြုလုပ်ခဲ့တဲ့ ဗြိတိသျှသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက် တစ်ခုအရ ခွေးတွေအနေနဲ့ အော်တစ်ဇင်ရှိတဲ့ ကလေးတွေကို ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကလေးတွေကို မိသားစုခွေးတွေနဲ့ ထားကြည့်တဲ့အခါမှာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေရှိခဲ့တဲ့ လက္ခဏာတွေကို တွေ့ခဲ့ရပါတယ်” လို့ Lincoln တက္ကသိုလ်ရဲ့ ဆေးသုတေသနအဖွဲ့ခေါင်းဆောင် Denial Mills ကဆိုပါတယ်။

သူတို့အနေနဲ့ သုတေသနမှာ အော်တစ်ဇင်ရှိတဲ့ ကလေးတွေရဲ့ ခွေးတွေဟာ ကလေးတွေကို စိတ်ဖိအားတွေကနေ လျှော့ချပေးတာကိုတွေ့ခဲ့ရပြီး ခွေးမရှိတဲ့ အိမ်တွေကကလေးတွေမှာတော့ ကလေးတွေရဲ့ တိုးတက်မှုကို မတွေ့မြင်ခဲ့ရပါဘူး။
ဒါကြောင့် Mills က အော်တစ်ဇင်ကလေးတွေရဲ့ မိသားစုတွေအနေနဲ့ ကလေးတွေကို ခွေးတစ်ကောင် တိရစ္ဆာန်တစ်ကောင်မွေးပေးထားသင့်ကြောင်းအကြံပြုခဲ့ပါတယ်။


( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ