ကလေးငယ်တွေရဲ့ ကျန်းမာ၊ကြံ့ခိုင်မှုဆိုင်ရာ အဆင့်မှာ အမေရိကန်အောက်ဆုံးရောက်နေ



အမေရိကန်ကလေးငယ်တစ်ဦးက တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုမှာ ဆိုရင် ရှုံးသွားနိုင်ပါတယ်။
ကလေးငယ်တွေရဲ့ ကျန်းမာ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာကို တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံ ၅၀ကို လေ့လာခဲ့တဲ့ သုံးသပ်ချက်တစ်ခုအရဆိုရင် အမေရိကန်ကလေးငယ်တွေအနေနဲ့ အောက်ခြေနားလောက်မှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကလေးငယ်တွေရဲ့ ကြံ့ခိုင်မှုပိုင်းအဆင့်မှာ နိုင်ငံ ၅၀မှာ အဆင့် ၄၇မှာ ရပ်တည်နေတာဖြစ်ပါတယ်။

သုတေသီတွေအနေနဲ့ ဒီနိုင်ငံ၅၀မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပိုင်းမှာ ဆင်းရဲတာနဲ့ ချမ်းသာတာပေါ်မူတည်ပြီး ကွာဟမှုရှိတယ်လို့လဲဆိုပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

အော်တစ်ဇင်ကလေးအမေတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေပိုများနိုင်



အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးအမေတွေဟာ ဖိအားတွေပိုမိုများပြားနိုင်ပြီး တစ်စုံတစ်ခုကို စိုးရိမ်သလိုအမြဲတမ်း ခံစားစေရနိုင်တယ်လို့ သိရပါတယ်။ အော်တစ်ဇင်ကလေးတွေရဲ့ အမေတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ ဖိအားတွေပိုများပြီး ဆိုးရွားတဲ့ ကိုလက်စရောအဆင့်တွေကို ပိုမိုဖြစ်ပေါ်စေမှာပါ။ ဒါကြောင့် သွေးလည်ပတ်မှုစနစ်ကို ကာကွယ်ပေးတဲ့ ဆဲလ်တွေကို ထိခိုက်စေပြီး နှလုံးရောဂါကို ဖြစ်ပေါ်စေနိုင်တာပါ။

ဒီသုတေသနကို ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနရဲ့ ရလဒ်အဖြစ် တွေ့ရှိခဲ့တာပါ။ “အော်တစ်ဇင်ကလေးတွေမှာ အများနဲ့မတူညီတဲ့ အပြုအမူတွေရှိပါတယ်။ ဒါတွေက အမေတွေကို ဖိအားတစ်ရပ်ဖြစ်ပေါ်စေပါတယ်” လို့ ဒေါက်တာ Kirstin Aschbacher က ဆိုပါတယ်။

လေ့လာချက်ကို သုတေသီတွေဟာ ကျန်းမာတဲ့ မိခင် ၆၈ဦးနဲ့ အော်တစ်ဇင်ကလေးရှိတဲ့ မိခင် ၃၁ဦးတို့ကို အခြေခံပြီး ဖော်ထုတ်ခဲ့တာပါ။ သူတို့အနေနဲ့ မိခင်တွေကို ဖိအားဘယ်လောက်များပြားတယ်ဆိုတာ မေးခွန်းထုတ်ခဲ့ကြပြီး သူတို့ရဲ့ သွေးနမူနာနဲ့ Hematopoietic Progenitor ဆဲလ်တွေရဲ့ လည်ပတ်မှုတွေကို ရှာဖွေခဲ့ကြတာပါ။

ဒီအမျိုးသမီးတွေကြားမှာ အော်တစ်ဇင်ကလေးရှိတဲ့ ကလေးအမေတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ LDL အဆင့်အနေနဲ့ သာမန်ထက်ပိုနေပြီး နှလုံးရောဂါတွေကို ဖြစ်ပွားစေနိုင်တာပါ။ ဒါဟာဆိုရင် သာမန်ကလေးအမေတွေမှာ ရှိတဲ့ ၈ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အဲ့ဒီအပြင် အော်တစ်ဇင်ကလေးတွေရဲ့ အမေတွေမှာ Circulating Progenitor ဆဲလ်တွေလည်းနည်းပါးသွားတာကြောင်း ဒါဟာဆိုရင် LDL ပမာဏအဆင့်များပြားလာတာနဲ့ ဆက်စပ်မှုရှိပြီး နှလုံးရောဂါတွေကို ဖြစ်ပေါ်စေနိုင်တာပါ။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

မိဘဖြစ်သူတွေက ကျောင်းတွေမှာ ကျန်းမာရေး အသိပညာတိုးပွာအောင် သင်ကြားမှုတွေကို ပိုမို လုပ်ဆောင်စေချင်ကြ


မိဘတော်တော်များများက ဆရာ၊ဆရာမတွေကို သူတို့ရဲ့ ကျန်းမာရေးသင်ကြားချိန်တွေမှာ လိင်ပညာပေး အကြောင်းတွေကို ပိုမို သင်ကြားပေးစေချင်ကြပါတယ်။

အလယ်တန်း နဲ့ အထက်တန်းကျောင်းတွေက ကလေးတွေကို ဖိအားတွေ၊ စိတ်ကျတာတွေ၊ ရန်လိုတတ်တာတွေ နဲ့ သေကြောင်းကြံစည်မှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းတာမျိုးကို သင်သင့်တယ်လို့ မိဘ သုံးယောက်မှာ နှစ်ယောက်က ပြောပါတယ်။

ခုခေတ် မိဘတွေအနေနဲ့က စိတ်ကျန်မာရေး ဆိုးရွားလာကြတာတွေကြောင့် ဒါနဲ့ ပက်သက်ပြီး ကလေးတွေအတွက် အကူအညီဖြစ်စေမယ့် နည်းလမ်းတွေကို ပိုမို အသုံးချချင်ကြပါတယ်။

မိဘတော်တော်များများက ယနေ့မိရိုးဖလာ ကျန်းမာရေးသင်ကြားမှုတွေမှာ ကိုယ်ဝန်မရှိအောင်၊ မူးယစ်ဆေးတွေ မသုံးအောင် နဲ့ တခြား မကောင်းတဲ့ ပြုမူလုပ်ဆောင်ခြင်းတွေ အတွက် ပညာပေးသင်ကြားဖို့ မျှော်လင့်ကြပါတယ်။

ဒါပေမယ့် ကိုယ့်သားသမီးက ပညာပေးသင်တန်းတွေက လာတွေရခဲ့တယ် ၊ သူတို့ဘာလိုအပ်တယ် ဆိုတဲ့ ကြားက ကွာခြားမှုကိုတွေ မိဘတွေက ရှင်းရှင်းလင်းလင်း သိဖို့လိုအပ်ပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

ဘီယာသောက်ခြင်းက သင့်ကို ပိုမိုပျော်ရွှင်စေပြီး ပေါင်းသင်းဆက်ဆံရေး ပိုကောင်းစေ


ဘီယာသောက်တာက သင့်ကို ဆက်ဆံရေးပိုမိုကောင်းမွန်အောင်၊ ပိုပျော်ရွှင်အောင်၊ ရဲတင်းအောင် ပြုလုပ်နိုင်တဲ့အပြင် ဆွဲဆောင်မှုပိုရှိအောင်လုပ်နိုင်ပါတယ်တဲ့။

ဒါတင်မကသေးပါဘူး။

ဘီယာတစ်ခွက်သောက်လိုက်တာက ပျောရွှင်နေတဲ့မျက်နှာတွေကို မြန်မြန်တွေ့ရှိနိုင်ပြီး စိတ်ခံစားချက်တွေကလည်း အကောင်းမြင်တတ်လာပါတယ်။ တစ်နည်းအားဖြင့် ဘီယာသောက်တာက သင့်ကို ပိုမိုလူဝင်ဆံ့စေပြီး ကိုယ်ချင်းစာတရား ထားတတ်စေပါတယ်။

စမ်းသပ်မှုများစွာ ပြုလုပ်ပြီးတဲ့နောက်မှာ အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ နဂို အရှက်အကြောက်နဲပြီး ရဲတင်းသူတွေက ဘီယာ၁ခွက်၊ ၂ခွက် သောက်ပြီးတဲ့နောက်မှာ ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိတဲ့ ရုပ်သွင်ကို အလွယ်တကူပိုင်ဆိုင်စေပါတယ်။

ဒါဟာ သွေးအတွင်း အရက်ပါဝင်မှုပမာဏ ၀.၄ ရာခိုင်နှုန်းလောက် ပါရှိတာကို ဆိုလိုပါတယ်။ ဒါကြောင့် ဘယ်လောက်သောက်ရင် သင့်ရဲ့သွေးအတွင်း အရက်ပါဝင်မှု အတက်၊ အကျ ဘယ်လိုရှိတယ်ဆိုတာကိုတော့ သိဖို့လိုပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

Syphilis ကာလသားရောဂါအကြောင်း သိကောင်းစရာ


Syphilis ကာလသားရောဂါဆိုတာ ရောဂါရှိသူတစ်ဦးနဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်လေ့ရှိတဲ့ ဘက်တီးရီးယား ကူးစက်ရောဂါပါ။

Syphilis ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားကို Treponema pallidum လို့ခေါ်ပါတယ်။ ရောဂါရှိသူရဲ့ ဒဏ်ရာနဲ့ နီးနီးကပ်ကပ် ထိတွေ့မိတာမျိုး၊ ယောနိ၊ စအို ဒါမှမဟုတ် ပါးစပ်နဲ့ လိင်ဆက်ဆံစဉ်အတွင်း ဒါမှမဟုတ် ရောဂါရှိသူနဲ့ လိင်ပစ္စည်းအတု ကို ဝေငှသုံးစွဲတဲ့ အခါမျိုးမှာ ကူးစက်လေ့ရှိပါတယ်။

ရောဂါရှိသူနဲ့ အပ်တစ်ချောင်းတည်းကို မျှပြီး သုံးတာကတဆင့်လည်း Syphilis ကာလသားရောဂါ ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကတဆင့် မွေးဖွားလာမယ့်ကလေးကို ကူးဆက်နိုင်ပါသေးတယ်။

မကုသဘဲထားမယ်ဆိုရင်၊ မိခင်ရော၊ ကလေးအတွက်ပါ ဆိုးဆိုးရွားရွား ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျတာ၊ အသေမွေးတာမျိုး ထိဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့်လဲ ကိုယ်ဝန်စစ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Syphilis ကာလသားရောဂါ ရှိမရှိကို ကိုယ်ဝန်ဆောင်မိခင်တိုင်း သွေးစစ်ဆေးရတာပါ။

ဗြိတိန်မှာဆိုရင် Syphilis ကာလသားရောဂါရှိမရှိ သွေးလဲလှယ်မှု အားလုံးကို စစ်ဆေးတဲ့အတွက်၊ သွေးလဲလှယ်မှုကနေတဆင့် ကူးစက်တယ်ဆိုတာ တော်တော်လေးကို ရှားပါတယ်။

Syphilisကာလသားရောဂါဟာ အိမ်သာတစ်ခုတည်း၊ အဝတ်တစ်ထည်တည်း၊ ရေချိုးခန်းတစ်ခုတည်းကို ရောဂါရှိသူနဲ့ မျှသုံးတာမျိုးမှာ ကူးမစက်နိုင်ပါဘူး။ ဒီ ဘက်တီးရီးယားက လူ့ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန်ကြာကြာ မနေနိုင်တာကြောင့်ပါ။

ခပ်စောစော ကုသမယ်ဆိုရင် ဆိုးဆိုးရွားရွား နောက်ဆက်တွဲရောဂါ ဖြစ်နိုင်ဖို့ အခွင့်အရေး နည်းသွားပါတယ်။ Syphilis ကာလသားရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသလေ့ရှိပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Daily Mail

ကိုးရီးယားရုပ်ရှင်ကြည့်ရှုခြင်းက လူတွေရဲ့သေဆုံးနိုင်ခြေကို မြင့်တက်စေ


သာမန် ၂နာရီ ဇာတ်လမ်းတွဲကြည့်ရင်တောင် တီဗွီကြည့်ချိန်က များတတ်ပါတယ်။ ကိုရီးယားကားလိုမျိုး ဇာတ်မျောကြီးတွေ ကြည့်ရင်တော့ မိုးလင်းပေါက် ကြည့်ဖြစ်ပါလိမ့်မယ်။ တစ်ခါတလေဆို နှစ်ရက် သုံးရက် ဆက်ကြည့်တာမျိုးတွေကိုတောင် ကိုရီးယားကား ပရိသတ်တွေ ကြုံဖူးကြမှာပါ။

တီဗွီသိပ်မကြည့် ကြပါနဲ့လို့ အကြံပေးရင် ဘာလို့လဲဆိုတာကိုတော့ သိချင်ကြမှာပါပဲ။ တီဗွီကြည့်ရင် သေဆုံးနိုင်တဲ့ အကြောင်းရင်း ၈ ချက်ကတော့ ကင်ဆာ၊ နှလုံးရောဂါ၊ အသက်ရှူကြပ် အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်းရောဂါနဲ့ သေကြောင်းကြံစည်မှု တို့ပဲ ဖြစ်ပါတယ်။

တီဗွီကြည့်ခြင်းနဲ့ သေဆုံးနိုင်မှု အန္တရာယ်တွေကြားမှာ ဆက်စပ်မှုရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက သတိပေး ပြောကြားလျက်ရှိပါတယ်။ နာတာရှည်ရောဂါမရှိသူ အသက် ၅၀က ၇၁နှစ်အကြား လူပေါင်း ၂၂၁၀၀၀ ကို နိုင်ငံတော်ကင်ဆာတက္ကသိုလ်မှ သုတေသီတွေက လေ့လာမှုတွေ ပြုခဲ့ပါတယ်။ ၁၆နှစ် ကြာတဲ့အခါမှာ တီဗွီတစ်နေ့ ၇နာရီနဲ့အထက် ကြည့်သူတွေဟာ အထက်ပါအကြောင်းရင်း တစ်မျိုးမျိုးနဲ့ သေဆုံးနှုန်းဟာ တစ်နေ့ ၂နာရီအောက် ကြည့်သူတွေနဲ့ယှဉ်ရင် ၄၇ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရှိခဲ့ကြရပါတယ်။

တီဗွီတစ်နေ့ကို ၄နာရီခန့် ကြည့်သူတွေဟာ ကင်ဆာရောဂါနဲ့ သေဆုံးနိုင်နှုန်း ၁၅ရာခိုင်နှုန်း ပိုများပါတယ်။ အဲ့ဒီ့လူတွေက ဆေးလိပ်သောက်လား၊ အရက်သောက်လား၊ ကယ်လိုရီအရမ်းစားသုံးလား ဆိုတဲ့အချက်တွေကို သိပ္ပံပညာရှင်တွေက ထည့်စဉ်းစားခဲ့ပေမဲ့လည်း တီဗွီနဲ့ကျန်းမာရေး ဆက်စပ်မှုကို တွေ့ရှိချက်က မှန်နေတုန်းပါပဲ။

“အထိုင်အရမ်းများလွန်းတာဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်။” လို့ ဦးဆောင်သုတေသီက သတိပေးပြောကြားခဲ့ပါတယ်။

တီဗွီနဲ့ ကျန်းမာရေးအကြား ဆက်စပ်မှုကို လေ့လာတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် နောက်ထပ်အသေးစိတ် လေ့လာမှုတွေ အများကြီးဖို့ လိုအပ်သေးကြောင်း သိရပါတယ်။


( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

ကျောက်ကပ်ရောဂါရဲ့ ဆေးကုသစရိတ်တစ်ဝက်အထိ လျှော့ချပေးနိုင်မယ့် သစ်သီးနဲ့ဟင်းသီးဟင်းရွက်စားသုံးခြင်း


သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားသုံးတာက ကျောက်ကပ် ရောဂါ ခံစားနေရတဲ့ လူတွေရဲ့ သောက်နေကျဆေးတွေရဲ့ တစ်ဝက်ခန့် လျော့သောက်လို့ ရတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

စားသောက်မှုပုံစံပြောင်းလဲလိုက်တာက သွေးဖိအား ထိန်းညှိမှုမှာ ပိုကောင်းလာပြီး ရောဂါပျံ့နှံ့မှုကိုလည်း လျော့ကျစေပါတယ်။

ကျောက်ကပ်ရောဂါဟာ အက်ဆစ်ဖယ်ရှားနိုင်မှုစွမ်းရည်ကို လျော့ကျစေပြီး သွေးတွင်း အက်ဆစ်နှုန်းကို မြင့်မားစေပါတယ်။

ကျောက်ကပ်ရောဂါကုသဖို့ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ကိုပေးထားတဲ့ ဝေဒနာရှင် ၁၀၈ ယောက် ထဲက တစ်ချို့ကို သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားသုံးစေပြီး ၊ တစ်ချို့ကို အက်ဆစ်နှုန်းလွန်ကဲမှုအတွက် ဘာကုသမှုမှ မပေးပဲ လေ့လာခဲ့ကြပါတယ်။

၅နှစ်ကြာပြီးတဲ့နောက်မှာတော့ သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက် ပိုစားတဲ့ ဝေဒနာရှင် တွေက ဆိုဒီယမ် ကာဗွန်နိတ် သုံးပြီး ကုသတဲ့သူတွေရော မကုသတဲ့ လူတွေထက်ပါ သွေးဖိအား ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။

ဝေဒနာရှင်တွေ အနေနဲ့ သူတို့ရဲ့ စားသောက်မှုပုံစံတွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် သွေးဖိအားထိန်းသိမ်းဖို့ သောက်ရတဲ့ ဆေးတွေရဲ့ ကုန်ကျရိတ် တစ်ဝက်နီးပါး လျော့ချနိုင်ပါတယ်။ ဆေးတစ်ချို့ကိုလည်းသောက်ပြီး နေ့စဉ်စားသောက်မှုပုံစံကို လုံးဝပြောင်းပစ်ဖို့မလိုပဲ သွေးဖိအားကို ထိန်းချုပ်နိုင်ဖို့ အတွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ကို ပိုမိုစားသုံးပေးတာဟာ အကျိုးရှိတဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။


( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI



နေ့လည်ပိုင်း တရေးမှေးစက်ခြင်းက ဆီးချိုရောဂါနှစ်မျိုးကို ဖြစ်ပေါ်စေနိုင်


တစ်နာရီလောက် နေ့လည်ပိုင်းမှာ တစ်ရေးတစ်မောမှေးစက်တာဟာ ဆီးချိုရောဂါနှစ်မျိုးကို ဖြစ်ပွားစေဖို့အတွက် သတိပေးချက်တစ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံက သုတေသီတွေက ဆိုပါတယ်။ သူတို့ဟာ လူပေါင်း ၃၀၀,၀၀၀ ကျော်ကို လေ့လာပြီးတဲ့နောက်မှာ အခုလို ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ရတာပါ။

ဒီလေ့လာမှုကို တိုကျိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဥရောပ ဆီးချိုရောဂါလေ့လာရေးအသင်းနဲ့ ပူးပေါင်းပြီး ဖော်ထုတ်ခဲ့တာပါ။ သုတေသီတွေအနေနဲ့ နေ့လည်ပိုင်းမှာ မိနစ်ခြောက်ဆယ်ကြာ မှေးစက်တာဟာ ဆီးချိုရောဂါနှစ်မျိုးဖြစ်ပွားစေမှုကို ၄၅ရာခိုင်နှုန်းအထိ တိုးမြှင့်စေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မိနစ်၄၀အောက် အိပ်စက်ရင်တော့ ဒီလိုချိတ်ဆက်မှုမျိုး မတွေ့ရှိရဘူးလို့ သိရပါတယ်။

သုတေသီတွေဟာ ကာလရှည်မှေးတာဟာ ညပိုင်းအိပ်စက်မှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးထိခိုက်မှုတွေ၊ အဆုတ်နဲ့ တခြားပြဿနာတွေအပြင် ဆီးချိုရောဂါနှစ်မျိုးကိုလည်း ဖြစ်ပွားစေနိုင်တာကိုတွေ့ရှိခဲ့ကြတာပါ။

( Beauty Syh )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ကျောက်ကပ်ရောဂါအတွက် ဆေးတစ်လက်ဖြစ်နိုင်


ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ လူတွေအနေနဲ့ သစ်သီးနဲ့ ဟင်းသီဟင်းရွက်တွေကို ပိုမိုစားသုံးပေးတာဟာ ဆေးတွေမှီဝဲရတာကို ထက်ဝက်ခန့် လျော့ကျစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ တက်ခ်ဆက်စ်နည်းပညာတက္ကသိုလ်က သုတေသီတွေဟာ ပိုမိုကောင်းမွန်တဲ့ သွေးခုန်နှုန်းရရှိစေတဲ့ ဆေးတွေကို သတ်မှတ်ချက်တစ်ခုသတ်မှတ်ခဲ့တယ်လို့ လေ့လာချက်က ဆိုပါတယ်။
ကျောက်ကပ်ရောဂါအနေနဲ့ Eliminate အက်စစ်ဓာတ်ကို လျှော့ချပေးပြီး Metabolic အက်စစ်ကို ဖြစ်ပေါ်စေတာ ဒါမှမဟုတ် သွေးထဲမှာ အက်စစ်ဓာတ်ပမာဏကို များပြားလာစေတာကို ဖြစ်ပေါ်စေပါတယ်။ ဒီအရာကို Sodium Carbonate နဲ့ ပြန်လည် ကုသနိုင်ပါတယ်။

လေ့လာချက်အရ သုတေသီတွေအနေနဲ့ လူနာ ၁၀၈ယောက်ကို Sodium Carbonate ဓာတ်ပေးပြီး ကုသတာနဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားစေတာ ကိုပြုလုပ်ပြီး ကုသခဲ့ပါတယ်။ ငါးနှစ်ကြာတဲ့အခါမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးသူတွေဟာ Sodium Carbonate ဓာတ်ကိုလျှော့ချပြီး ရောဂါကုသနိုင်ခဲ့တာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။


( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref: UPI

အရက် ပုံမှန်သောက်သုံးခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းစေပြီး ကင်ဆာဖြစ်နိုင်ချေ များစေ


အရက်သမား တွေအတွက် သတင်းကောင်းရော ၊ သတင်းဆိုးပါ ပါလာပါတယ်။

အရွယ်ရောက်ပြီး အရက်သောက်တတ်သူ တွေဟာ အရက်ရှောင်ကြဉ်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေနည်းတယ်လို့ သုတေသန တစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အရက်သောက်တတ်သူတွေဟာ ကင်ဆာ ရောဂါ ဖြစ်ပွားဖို့ အခွင့်အရေးကတော့ အရက်မသောက်တတ်သူတွေထက် ပိုများနေတာကို တွေ့ရပါတယ်။

တစ်ပတ် ကို ၁၄ ယူနစ် ခန့် အရက်ပုံမှန်သောက်သုံးတဲ့ အမျိုးသမီး တွေနဲ့ တစ်ပတ် ကို ၂၁ ယူနစ် ခန့် ပုံမှန်သောက်သုံးတဲ့ အမျိုးသားတွေဟာ စောစော စီးစီး သေဆုံးဖို့ အခွင့်အရေး ပိုများတယ်လို့ Lancet လေ့လာမှု က ဖော်ပြခဲ့ပါတယ်။

ထို လေ့လာမှု မှာတော့ ဆွီဒင် ၊ ကနေဒါ ၊ အာဂျင်တီးနား ၊ ဘရာဇီးလ် ၊ အိန္ဒိယ နဲ့ တူရကီ နိုင်ငံ တို့ အပါအ၀င် နိုင်ငံ ပေါင်း ၁၂ နိုင်ငံက အမျိုးသားနဲ့ အမျိုးသမီး အရေအတွက် ၁၁၄၉၇၀ ယောက်တို့ကို လေ့လာကြည့်ခဲ့ပါတယ်။ သူတို့ဟာ တစ်ပတ် မှာ တစ်ကြိမ် သို့ နှစ်ကြိမ် အရက်သောက်သုံးတတ်သူတွေဖြစ်ပြီး တစ်ညကို ၀ိုင် အနည်းငယ်သောက်သုံးလေ့ရှိသူတွေပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ သူတို့ကို ၃ နှစ်ခန့်အထိ စောင့်ကြည့်လေ့လာခဲ့တဲ့အခါမှာ သူတို့ဟာ အရက်မသောက်တတ်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၄ ရာခိုင်နှုန်း လျော့နည်းနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အရက်မသောက်တတ်သူတွေထက် ရင်သား ၊ သားအိမ် ၊ အသည်း ၊ အစာအိမ် စတဲ့ ကင်ဆာ ရောဂါ တွေဖြစ်ပွားဖို့ ၅၁ ရာခိုင်နှုန်ခန့် အထိ အခွင့်အရေးပိုများနေပါတယ်။

ဒါ့အပြင် အရက် ပုံမှန်သောက်သုံးသူတွေဟာ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေခြင်းတွေ ဖြစ်ပေါ်စေဖို့ အရက်မသောက်တတ်သူတွေထက် ၂၉ ရာခိုင်နှုန်း ပိုများနေပါတယ်။ ဥပမာ ချော်လဲတာမျိုးပါ။

နောက်ဆုံးမှာတော့ သုတေသီတွေ ပျမ်းမျှ သတ်မှတ်ခဲ့ကြတာ အရက်သောက်ခြင်းဟာ ရေရှည်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိဘူးဆိုတာပါပဲ။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အချိုရည်တွေမှာပါဝင်တဲ့ ကျန်းမာရေး သတိပေးမှုများကြောင့် ဆယ်ကော်ျသက်များအချိုရည် သောက်သုံးမှုလျော့ကျ


ကျန်းမာရေးသတိပေးစာညွှန်းတွေက ဆယ်ကျော်သက်တွေ အချိုရည် သောက်သုံးမှု လျော့ကျအောင် လမ်းပြပေးနိုင်ပါတယ်။

အမေရိကန်က ဆယ်ကျော်သက်တွေက တစ်နေ့လုံးမှာ စားသုံးရမယ့် သကြားပါဝင်မှုနှစ်ဆထက်ပိုတဲ့ သကြားအချိုဓါတ်ပါဝင်တဲ့ ဖျော်ရည်ယာမကာ တွေကို  တစ်နေ့ အနည်းဆုံး တစ်ခါ သောက်သုံးတာကိုတွေ့ရပါတယ်။

အမေရိကန်မှာ သကြားစားသုံးမှုနှုန်းဟာ အ၀လွန်တာတွေ ၊ ဆီးချို ရောဂါနဲ့ တခြား အန္တရာယ်များပြီး အကုန်အကျများတဲ့ ရောဂါတွေမှာ အံ့သြစရာကောင်းလောက်အောင် သိသာထင်ရှားတဲ့ အချက်အလက်ဖြစ်နေပါတယ်။

အွန်လိုင်းစစ်တမ်းကောက်ကြည့်တဲ့အခါ အသက် ၁၂ ကနေ ၁၈ နှစ်အတွင်း ဆယ်ကျော်သက် ၂ထောင်ကျော်ဟာ သတိပေးစာညွှန်းတစ်ခုတစ်လေ ဒါမှမဟုတ် တစ်ခုမှ မပါဝင်တဲ့ အဖျောယာမကာ တွေကို သောက်သုံးတာကိုတွေ့ရပါတယ်။ ကယ်လိုရီ ပါဝင်နှုန်း နဲ့ ကျန်တဲ့အညွှန်း လေးခုလောက်ရေးထားတဲ့ အချိုရည်တွေက အ၀လွန်တာ ၊ ဆီးချိုရောဂါ နဲ့ သွားရောဂါတွေကို ဖြစ်ပွားစေပါတယ်။

စစ်တမ်းအရ ၇၇ ရာခိုင်နှုန်းကတော့ အညွှန်းမပါဝင်တဲ့ အချိုရည်တွေကို ရွေးချယ်ကြတယ်လို့ ဆိုပြီး ၈ ကနေ ၁၆ ရာခိုင်နှုန်းကတော့ စာတွေပါဝင်တဲ့ အချိုရည်မျိုးကို သိပ်မကြိုက်ဘူးလို့ ဆိုကြပါတယ်။

သတိပေအညွှန်းစာပါဝင်တာက ဆယ်ကျော်သက်တွေအတွက် အချိုရည်သောက်သုံးရာမှာ ကျန်းမာရေးထိခိုက်မှုနှုန်း မြင့်တက်မလာအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ စစ်တမ်းအရ ၆၂ ရာခိုင်နှုန်းက အညွှန်းစာပါဝင်တဲ့ အချိုရည်တွေကို သောက်သုံးလိုကြပါတယ်။

ဒီလေ့လာတွေ့ရှိမှုအရ အညွှန်းစာတွေက ဆယ်ကျော်သက်တွေရဲ့ အဖျော်ယာမကာ ရွေးချယ်မှု နဲ့ ဘယ်အညွှန်းအရ ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာမျိုး သတ်မှတ်နိုင်ဖို့ အနာဂါတ်လေ့လာမှုတွေ အတွက် များစွာ အထောက်အကူဖြစ်ပါတယ်လို့ ဦးဆောင်လေ့လာသူ Christina Roberto က ပြောပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref :

ကြိုတင်ပြင်ဆင်မှုများက ဘောလုံးကန်ရာတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိမှုကို လျှော့ချပေးနိုင်



ကြိုတင်ပြင်ဆင်တဲ့ ပရိုဂရမ်တွေဟာ ဘောလုံးကစားရမှာ ရရှိနိုင်တဲ့ ခြေကျင်းဝတ်မှာ ဖြစ်ပေါ်နိုင်တဲ့ ဒဏ်ရာအရေအတွက်ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒီလိုပြင်ဆင်မှုတွေ ပြုလုပ်တာဟာ ကြွက်သားတွေရဲ့ တင်မာမှုကို လျှော့ချပေးနိုင်ပြီး ဒါဟာဆိုရင် ခြေကျင်းဝတ်ကို ထိခိုင်မှုကို ၄၀ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဘောလုံးအားကစားသမားတွေကို လေ့လာရာမှာတွေ့ရှိခဲ့တဲ့ တွေ့ရှိချက်အရ သိရပါတယ်။

ဘောလုံးအားကစားသမားတွေဟာ ဒဏ်ရာတွေမကြာခဏရရှိတတ်တာကြောင့် ၂၀၁၅ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာရရှိသူတွေထဲက ပမာဏ ၃၆၃၀၀ဟာ ခြေကျင်းဝတ်ကို ထိခိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီလေ့လာတွေ့ရှိချက်အသစ်ဟာ ဆေးပညာရှင်တွေအနေနဲ့ သူတို့လူနာတွေကို ပြောပြအကြံပြုနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်” လို့ သုတေသနပြုလုပ်ခဲ့တဲ့ Duke တက္ကသိုလ်က ဒေါက်တာ Nathan Grimm ကဆိုပါတယ်။ “ဒီအချက်ကို နည်းပြတွေအနေနဲ့ ကစားသမားတွေကို လေ့ကျင့်ပေးရမှာလည်း အသုံးပြုနိုင်မှာပါ” လို့ သူကဆက်ပြောပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်းက အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေမဟုတ်ဘဲ အမျိုးသားများအတွက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုများ


စိတ်ကျေနပ်ဖွယ်ရာကောင်းတဲ့ လိင်ဆက်ဆံခြင်းက အမျိုးသမီးတွေအတွက် ကျန်းမာရေး ကောင်ကျိုးတွေ ခံစားရပေမယ့် အမျိုးသားများအတွက် အလွန်အကျွံ့ပြုလုပ်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

ပုံမှန်ဆိုရင်တော့ အသက်အရွယ်ရအမျိုးသားများအတွက် လိင်ဆက်ဆံမှု အကြိမ်ရေ နည်းတာက ပိုမိုကောင်းမွန်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

အမျိုးသမီးတွေက ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကနေ အကျိုးကျေးဇူးတွေ ခံစားရပေမယ့် အလွန်အကျွံ့ ပြုလုပ်တတ်တဲ့ အမျိုးသားတွေအတွက်ကတော့ နှလုံးခုန်မြန်တဲ့ရောဂါ ဒါမှမဟုတ် နှလုံးနဲ့ဆိုင်တဲ့ထိခိုက်မှုတွေကို ပုံမှန်ထက် နှစ်ဆ ပိုမို ဖြစ်ပွားစေနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်ဟာ သက်ကြီးပိုင်းတွေကို အဓိကထားလေ့လာထားတာဖြစ်ပါတယ်။

တစ်ပါတ်မှာ တစ်ခါ ဒါမှမဟုတ် တစ်ခါထက် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ သက်ကြီးပိုင်းအမျိုးသားတွေက တခြား စိတ်ပါလက်ပါမရှိတဲ့ ဆက်ဆံမှု နဲ့ စိတ်ကျေနပ်မှုအပြည့်အ၀ ရရှိတဲ့ ဆက်ဆံမှုမျိုးကို မကြာခဏ ပြုလုပ်တတ်သူတွေထက် နှလုံးဆိုင်ရာရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။

အမျိုးသမီးတွေအတွက်တော့ အသက်ရလာတဲ့နောက်ပိုင်းမှာ စိတ်ကျေနပ်မှု မပြည့်ရရှိတဲ့သူတွေထက် စိတ်ကျေနပ်မှုရရှိတဲ့ သူတွေက သွေးတိုးရောဂါဖြစ်ပွားမှုနှုန်း နည်းတာကို တွေ့ရပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ဆယ်ကျော်သက်တွေက ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးမှုကို အလေးမထား


လေ့လာတွေ့ရှိချက်တွေအရ သွေးကင်ဆာရောဂါရှင် ဆယ်ကျော်သက်တွေက ကင်ဆာဆေးတွေ သောက်ရတဲ့အတွက် ကိုယ်ဝန်ပျက်ကျတဲ့ အချိန်မတိုင်ခင်မှာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးတာမျိုး မလုပ်ကြတာကို တွေ့ရပါတယ်။

ကင်ဆာဆေးတွကြောင့် ကိုယ်ဝန်ပျက်ကျမှုနှုန်းတွေ မြင့်တတ်လာပေမယ့် ဆယ်ကျော်သက် ကင်ဆာဝေဒနာရှင် ကိုယ်ဝန်ဆောင်တွေအတွက် စံလမ်းညွှန်ချက်ကတော့ မရှိပါဘူး။

 ‘သွေးကင်ဆာခံစားရတဲ့အတွက် ကင်ဆာဆေးအားလုံးနီးပါး သောက်သုံးရတာတွေကြောင့် သန္ဓေသားဖွံဖြိုးရာမှာ ထိခိုက်စေနိုင်ပါတယ်။ကင်ဆာကုထုံးတွေ ခံယူနေတဲ့ အရွယ်ရောက်ပြီးတဲ့ ဝေဒနာရှင်တွေအတွက် ကိုယ်ဝန်မထိခိုက်စေဖို့ လေ့ကျင်မှုတွေ သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်’ လို့ ဒေါက်တာ Pooja Rao က ပြောပါတယ်။

အရွယ်ရောက်ပြီးသား မိန်းကလေးတွေက ကင်ဆာကုထုံးတွေအတွက် သန္ဓေသားကို ထိခိုက်စေနိုင်တဲ့ ဆေးတွေမသောက်သုံးခင်မှာ ကိုယ်ဝန်ရှိ၊ မရှိ ဓါတ်မှန်ရိုက်တာမျိုး စစ်ဆေးတာကိုမတွေ့ရပါဘူး။ ဝေဒနာရှင်တွေထဲကမှ ငယ်စဉ်ကတည်းက သွေးကင်ဆာ ခံစားနေရတဲ့သူတွေမှာ စစ်ဆေးတဲ့နှုန်းက အနှိမ့်ဆုံးမှာ ရှိနေပါတယ်။

တွေ့ရှိချက်တွေအရဆိုရင် ငယ်စဉ်ကတည်းက ဝေဒနာခံစားနေရတဲ့ ဆယ်ကျော်သက်တွေကို လိင်ဆက်ဆံမှုနဲ့ ပက်သက်တဲ့ ကျန်းမာရေး အကြောင်းအရာတွေကို ဆွေးနွေးပေးဖို့ကလည်း လိုအပ်တာကိုတွေ့ရပါတယ်။

( Michelle )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

အရက်ကြော်ငြာတွေက ဆယ်ကျော်သက်တွေကို အရက်သောက်လိုစေ


အရက်တံဆိပ်တွေရဲ့ ကြော်ငြာအမျိုးမျိုးဟာ ဆယ်ကျော်သက်တွေကို အရက်နဲ့ ပတ်သက်တဲ့အရာတွေ သောက်သုံးလိုမှုကို လွှမ်းမိုးမှုဖြစ်ပေါ်စေတယ်လို့သိရပါတယ်။

ဒီတွေ့ရှိချက်ဟာ အရက်သောက်သုံးမှုပမာဏနဲ့ အရက်ကြော်ငြာတွေရဲ့ ဆက်စပ်မှုကို ထပ်မံ ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအပြင် အရက်တွေကို TV မှာကြော်ငြာတာတွေဟာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို အရက်သောက်သုံးချင်အောင် လွှမ်းမိုးစေနိုင်တာပါ။

လေ့လာချက်ဟာ အသက်၁၃နှစ်ကနေ ၂၀နှစ်ကြားရှိတဲ့ ကလေး ၁၀၀၀ကို လေ့လာခဲ့တာဖြစ်ပြီး လူငယ်လေးတွေအနေနဲ့ သူတို့ဟာ လပိုင်းလောက်တုန်းက အရက်သောက်သုံးခဲ့ကြောင်း ဆိုခဲ့ကြပါတယ်။ ဒီဆယိကျော်သက်တွေဟာ သူတို့အနေနဲ့ TV Show တွေမှာလာတဲ့ အကျော်ကြားဆုံး အရက်ကြော်ငြာ ၂၀ကိုလည်း ကြည့်ရှုခဲ့ကြောင်းဆိုခဲ့တာပါ။

သူတို့ဟာ အရက်နဲ့ပတ်သက်တဲ့ Brand ပေါင်း ၆၁ခုရဲ့ ကြော်ငြာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း မှန်ကန်အောင်ဖြေဆိုနိုင်ခဲ့ကြတာကိုလည်း တွေ့ရှိခဲ့ရတာပါ။ ဒါကြောင့်လေ့လာချက်က မိဘတွေအနေနဲ့ ကလေးတွေကို TV ကြည့်တဲ့အချိန်ကို အကန့်အသတ်လုပ်ထားသင့်တယ်လို့လည်း ဆိုခဲ့တာပါ။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref: UPI

ဇီကာဗိုင်းရပ်ဟာ မျက်လုံးထဲမှာလဲ ရှိနေနိုင်တယ်လို့ ရှာဖွေတွေ့ရှိ


ဇီကာ ကူးစက်ခံထားရတဲ့ ကြွက်တွေရဲ့ မျက်ရည်ထဲမှာ ဇီကာဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇ လက္ခဏာ တွေ့ရှိရပြီး ဗိုင်းရပ်က မျက်လုံးတွေထဲမှာ ရှိနေနိုင်တာကို လေ့လာတွေ့ရှိရပါတယ်။.

ကြွက်တွေရဲ့ သန္ဓေသားလောင်းတွေ ၊ မွေးကာစတွေ နဲ့ အရွယ်ရောက်ကြွက်တွေကို စမ်းသပ်ခဲ့ရမှ ဇီကာဗိုင်းရပ် ကူးစပ်ခံရတဲ့ တစ်ချို့လူတွေဆီမှာ ဘာကြောင့် မျက်စိဝေသနာတွေခံစားရပြီး အမြင်ပျောက်ဆုံးရတာတွေအတွက် ရှင်းလင်းဖို့ အထောက်အကူ ဖြစ်နိုင်ခဲ့ပါတယ်။

လေ့လာသူပညာရှင်တွေက ဇီကာဗိုင်းရပ် မျက်လုံးထဲ ကူးစက်ခံရမှု ရှိမရှိနဲ့ မျက်လုံးထဲမှာ ဘယ်လောက်ကြာအောင် အသက်ရှင်နေနိုင်သလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။.

ဇီကာ ကူးစပ်ခံရတဲ့ ကလေး ၃ ပုံ ၁ ပုံ ဟာ မျက်စိဝေဒနာခံစားရပါတယ်။ ဗိုင်းရပ်ကြောင့် မျက်စိအာရုံကြောတွေကို ထိခိုက်ပျက်စီးတာတွေ ၊ မွေးဖွားပြီးနောက် မျက်စိမမြင်ရတာတွေ ဖြစ်နိုင်ပါတယ်။

အရွယ်ရောက်ပြီးသား လူတွေမှာလည်း ဗိုင်းရပ်ကြောင့် မျက်လုံး ရဲနေတာတွေ ၊ ယားတာတွေ ဖြစ်စေပါတယ်။ ရှားပါးတဲ့ ဖြစ်စဉ်တွေအရဆိုရင် အရွယ်ရောက်ပြီး ဗိုင်းရပ်ကူးစပ်ခံရတဲ့ သူတွေဆီမှာ ဗိုင်းရပ်က ပိုမိုဖွံ့ဖြိုးလာပြီး အမြင်အာရုံဆုံးရှုံးရတာတွေ ရှိပါတယ်။

မျက်လုံးရဲ့ မတော်တစ်စ ထိခိုက်မှုတွေကို ကာကွယ်ဖို့ သိမြင်လွယ်တဲ့ တစ်ရှုးတွေရဲ့ ရောဂါကာကွယ်ရေး စနစ် လုပ်ဆောင်မှု နည်းလာတာကို တွေ့ရပါတယ်။ ဒါက တခါတရံမှာ ဗိုင်းရပ်က ခန္ဓာကိုယ်ထဲမှာ မရှိတော့ပေမယ့် မျက်လုံးထဲမှာ အသက်ရှင်နေထိုင်နေနိုင်တယ်လို့ ဆိုလိုတာပါ။

ဇီကာဗိုင်းရပ်က လူတွေရဲ့ မျက်ရည်ကတဆင့် ကူးစက်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒီထက်ပိုပြီး လေ့လာကြမယ်ဆိုရင်တော့ ဇီကာဗိုင်းရပ် ကူးစက်ခံရတာ ဟုတ်မဟုတ်  ရောဂါအမျိုးအမည်ခွဲခြားရာမှာ အခုသုံးနေတဲ့ သွေးဖောက်စစ်တာထက် မျက်ရည်ကို စစ်ပြီး နာကျင်မှုသက်သာစေမယ့် နည်လမ်းရှာဖွေနိုင်ဖို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI



ဆယ်ကျော်သက်တွေဟာ e-cigarette တွေကို ဆေးခြောက် ရှုရိုက်ဖို့အတွက် အသုံးပြုနေကြ


သုတေသနပြုတွေဟာ အမေရိကန်မှာ ဆယ်ကျော်သက်တွေ အီး-စီးကရက်သုံးစွဲမှု ပိုမိုများပြားလာကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့လာတွေ့ရှိမှုအသစ်အရ ဆယ်ကျော်သက်တွေဟာ ဆေးခြောက်ကိုအငွေ့အဖြစ်ပြောင်းလဲ ရှုရှိုက်ဖို့အတွက် e-cigarette အသုံးပြုတာဖြစ်ပါသတဲ့။

အီး-စီးကရက် သောက်သုံးသူ ဆယ်ကျော်သက် ငါးပုံပုံတစ်ပုံဟာ သျှီသျှားရှုရှိုက်ရာတွင်အသုံးပြုသည့် အိုးတွေကိုလည်း အသုံးပြုနေကြကြောင်း ၀န်ခံထားပါတယ်။

Connecticut ရှိ အထက်တန်းကျောင်းငါးကျောင်းမှ ကျောင်းသားပေါင်း ၃၈၀၀ ကို လေ့လာမေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ “ ကျောင်းသားတွေဟာ အီး-စီးကရက်နဲ့ အခြားသယ်ဆောင်လို့ရတဲ့ ရှုရှိုက်နိုင်တဲ့ ကိရိယာတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာကို ပိုမိုသိရှိနားလည်ဖို့ ကျွန်တော်တို့ ကျောင်းသားတွေကို ဆေးခြောက်သုံးစွဲဖို့ ဘယ်လိုအရာတွေကို သုံးလေ့ရှိလဲဆိုတာကို လေ့လာမေးမြန်းခဲ့ပါတယ်” လို့ တနင်္လာနေ့က ထုတ်ဝေတဲ့ Journal Pediatrics ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အီး-စီးကရက်နဲ့ ဆေးခြောက်၂မျိုးလုံး သုံးစွဲလေ့ရှိတဲ့ ဆယ်ကျော်သက်တွေရဲ့ ၂၉ ရာခိုင်နှုန်းက အရွက်ခြောက်တွေကို အငွေ့အဖြစ် ပြောင်းလဲရှုရှိုက်ကြပြီး ၂၃ရာခိုင်နှုန်းကတော့ ဆေးခြောက်အဆီကို အီး-စီးကရက်အတွင်း ထည့်သွင်းရှုရှိုက်ကြတာ ဖြစ်ပါသတဲ့။

Oberlin College မှ တွဲဖက်ပါမောက္ခ Meghan Rabbitt Morean က USA Today သတင်းဌာနကို “ အီး-စီးကရက်ကို သုံးစွဲပြီး ဖုံးကွယ်ရတာ အတော်လွယ်ကူပါတယ်။ လူတိုင်းက ဆေးခြောက်ရဲ့ အနံ့ကို သိရှိပြီး ဖြစ်ပေမယ့် ဒီအငွေ့ပုံစံက ကွဲပြားနေတယ်လေ။ ဒါဟာ ဆယ်ကျော်သက်တွေအတွက် ဆေးခြောက်သုံးစွဲထားတာကို ထောက်လှမ်းစစ်ဆးမှုတွေကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေတာပေါ့ “  လို့ ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ဘက်တီးရီးယားသန့်စင်ဆပ်ပြာမှာပါတဲ့ ဓာတုပစ္စည်း ၁၉မျိုးကို FDA တားမြစ်မည်


ဘက်တီးရီးယားသန့်စင်ဆပ်ပြာရည်တွေဟာ တဖြည်းဖြည်းကျော်ကြားလာပါတယ်။

ဒါပေမယ့် အမေရိကန် FDA အဖွဲ့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ရက်နေ့တုန်းက ဆပ်ပြာရည်မှာပါတဲ့ ဓာတုပစ္စည်းအမျိုးအစား ၁၉မျိုးကို ထပ်မံမသုံးစွဲဖို့အတွက် တားမြစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုတားမြစ်ရတာဟာ ဘက်တီးရီးယားတွေအပြင် တချို့အရာတွေဟာ ကျန်းမာရေးကိုထိခိုက်စေတာကြောင့်ဖြစ်ပါတယ်။

ဒါဟာဆိုရင် ဓာတုဗေဒပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကာလရှည် စိုးရိမ်လာတဲ့ အရာကို တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။ FDA အနေနဲ့ ဒီအထဲက တစ်ချို့ Chemical တွေဟာ ဟော်မုန်းပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

လက်ဆေးဆပ်ပြာရည်တွေဟာ ရေနဲ့ ဆပ်ပြာတွေကို အဓိကအခြေခံထုတ်လုပ်ထားတာဖြစ်ပေမယ့်လည်း အရက်ပမာဏ ၆၀ရာခိုင်နှုန်းအထိ အနည်းဆုံးပါဝင်တယ်လို့ သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

ဇီကာဗိုင်းရပ်ရဲ့ ကလေးငယ်တွေကို ထိခိုက်စေတဲ့ ပုံစံအသစ်ကို လေ့လာတွေ့ရှိ


ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းလတွေမှာ ဇီကာဗိုင်းရပ် ကူးစက်ခံရတဲ့ ကလေးတွေရဲ့ ၆ ရာခိုင်နှုန်းဟာ အကြားအာရုံ ထိခိုက်နိုင်ချေရှိပါတယ်။ ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ ဦးဏှောက် ဟာ ပုံမမှန်ပဲ သေးငယ်နေပြီး အမြင်အာရုံနဲ့ အရိုးအဆစ်တွေ ပုံမှန်မဟုတ်တဲ့ ပြသာနာတွေ ရှိနေပါတယ်။

ဘရာဇီး နိုင်ငံမှာ ဇီကာဗိုင်းရပ်ကြောင့် မွေးကင်းစကလေးတွေမှာ အကြားအာရုံပျောက်ဆုံးမှုအပေါ် လေ့လာခဲ့ကြပါတယ်။

မွေးဖွားနေစဉ် နဲ့ မွေးဖွားပြီးနောက်ပိုင်း အချိန်တွေမှာ တခြားပုံစံတူ ကူးစက်မှုကြောင့် အကြားအာရုံပျောက်ဆုံးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရှိပြီးသားအချက်အလက်တွေကို ကိုးကားရမယ်ဆိုရင်တော့ အဓိက က ဇီကာဗိုင်းရပ် ကူးစပ်ခံရမှုကြောင့်ပါ။

အကြားအာရုံ ပျောက်ဆုံးတာက ဇီကာဗိုင်းရပ်ရဲ့ စိုးရိမ်ရတဲ့ သက်ရောက်မှုတစ်ခုတည်းတော့ မဟုတ်ပါဘူး။ မွေးကင်းစ ကလေးတွေကို မွေးဖွားပြီး အနည်းဆုံး နှစ်လ အတောအတွင်းမှာပါ ဗိုင်းရပ်က အသက်ရှင်နေနိုင်ပြီး ထိခိုက်စေနိုင်ပါတယ်။

ဇီကာဗိုင်းရပ်က အခြေခံအားဖြင့် ခြင်ကိုက်ခံရတာ နဲ့ ကိုယ်လက်နှီးနှောတာတွေက တဆင့် ကူးစက်တတ်တာပါ။

ဇန်န၀ါရီလမှာ မွေးဖွားခဲ့တဲ့ ဗိုင်းရပ် ကူးစက်ခံထားရတဲ့ မိခင်တစ်ဦးကို လေ့လာကြည့်တဲ့အခါ ကူးစက်ခံရတဲ့ မိခင်က အဖျားသွေးရှိတာ၊ အင်ပြင်ထတာ ၊ ခေါင်းကိုက်တာတွေ ၊ အဆစ်အမြစ် ရောင်တာတွေကို ကိုယ်ဝန်ဆောင်စဉ် ၂၆ ပါတ်အတွင် ခံစားရပါတယ်။ ဇီကာဗိုင်းရပ် ဖြစ်ပွားနေတဲ့ နေရာဘက်ကိုရောက်ရှိပြီး ပြန်လာတဲ့ ကလေးအဖေဖြစ်သူနဲ့ ကိုယ်လက်နှီးနှော ခြင်းကြောင့် ကူးစက်ခံရတာပါ။

ကလေးဟာ ခေါင်းအရွယ်အစားပုံမှန်ရှိပြီး  ကျန်းကျန်းမာမာ နဲ့ မွေးဖွားနိုင်ခဲ့ပေမယ့် ကလေးရဲ့ သားရည် နဲ့ ဆီး ထဲမှာ ဇီကာဗိုင်းရပ် ရှိနေတာကို မွေးဖွားပြီး ၅၄ရက်အကြာမှာ  စစ်ဆေးတွေ့ရှိခဲ့ပြီး ၆၇ ရက်အကြာမှာတော့ သွေးထဲမှာပါ တွေ့ရှိခဲ့ပါတယ်။

သွေးကို တောက်လျှောက်စစ်ဆေးကြည့်လာတဲ့အခါမှာ ကလေး ၈ လ အရွယ်လောက်ရောက်တဲ့အထိ ဇီကာဗိုင်းရပ်ကို မတွေ့ရပါဘူး။

ဒါပေမယ့် အသက် ၆လ အရွယ်ကစပြီး အာရုံကြော ဖွံ့ဖြိုးမှုတွေ နှေးကွေးလာပြီး ကြွက်သားတောင့်မှုမရှိတာတွေ သွပ်ချာပါဒ ရောဂါတွေ ဖြစ်ပေါ်လာပါတယ်။

အံ့အားသင့်စရာ အကောင်းဆုံးကတော့ အသက်နှစ်လကြာအောင် ကလေးဆီမှာ အသက်ရှင်နေတဲ့ ဗိုင်းရပ်ကြောင့် အခြေအနေတွေက ပိုပိုဆိုးလာတာပါပဲ။


( Michelle )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ