Miss Asia Pacific World အလှမယ်အရွေးခံရသည့် မေမြတ်နိုး

7DAY DAILY

တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။ ပြိုင်ပွဲ၏အစောပိုင်းတွင်လူကြိုက်အများဆုံးဆုကိုလည်းဆွတ်ခူးထားခဲ့သည့် အသက်၁၈နှစ်အရွယ် မေမြတ်နိုးသည်နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယားအလှမယ်ကိုအနိုင်ယူကာဆုတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။

Miss Asia Pacific World 2014 ပြိုင်ပွဲရလဒ်ဇယားတွင် ထိပ်ဆုံးမှ ဖော်ပြခံရသည့် မြန်မာနိုင်ငံတော်အလံ











7DAY DAILY

နတ်မောက်မြို့နယ်၌ နှာမောင်းပါသော ဝက်နှင့်မျောက်မျက်နှာနှင့်ဆင်သည့်ဝက်မွေးဖွား

 မကွေး မေ ၃ဝ

မကွေးတိုင်းဒေသကြီး နတ် မောက်မြို့နယ် တံခွန်တိုင်ကျေး ရွာတွင် ဝက်မကြီးတစ်ကောင်မှ နှာမောင်းပါ ဝက်မလေးတစ် ကောင်၊ မျောက်မျက်နှာနှင့်ဆင် သည့် ဝက်မလေးတစ်ကောင်နှင့် ပုံမှန်ဝက်အထီးနှစ်ကောင် မွေးဖွား ခဲ့ကြောင်း ယနေ့နံနက် ၇ နာရီတွင် သိရသည်။

''ဒီဝက်မကြီးအသက်ကနှစ်နှစ် ရှိပြီ။ အရင်သားပေါက်တုန်းက ပုံမှန်ဝက်ထီး ငါးကောင်နဲ့ဝက် မလေးငါးကောင် စုစုပေါင်း ၁ဝ ကောင်မွေးတယ်။ အရမ်းလဲထွား တယ်။ မနေ့ကတော့ ဒုတိယသား ပေါက်တဲ့အချိန်က ညနေ ၄ နာရီခွဲ မှာ စမွေးတယ်။ ပုံမှန်ဝက်အထီး လေးနှစ်ကောင်မွေးပြီး တစ်နာရီ ကျော်မှ နောက်ထပ်မွေးလာတာ က ဆင်နှာမောင်းနဲ့ဝက်မလေး မွေးတယ်။ ဆက်ပြီး မျောက် မျက်နှာနဲ့ဝက်မလေးထပ်မွေးတယ်။ ဒီသတင်းလဲ လူတွေကြားကြရော လာကြည့်လိုက်တာ မနည်းဘူး။ မြို့ပေါ်ကလူတွေတောင်မနေဘူး။ လာကြည့်သွားကြတယ်''ဟု ဝက်ပိုင်ရှင်ဦးထွန်းထွန်းထိုက်က ပြောသည်။

''ဝက်တွေမွေးတဲ့အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိုးဦးစပြီးရွာ တယ်။ တော်တော်တော့ ထူးဆန်း တယ်''ဟု ဒေသခံတစ်ဦးကပြော သည်။

ထူးဆန်းစွာမွေးသောနှာမောင်း နှင့်ဝက်မလေးသည် မွေးဖွားပြီး တစ်နာရီကျော်ခန့်တွင် သေဆုံး သွားကာ မျောက်မျက်နှာနှင့်ဆင် သည့် ဝက်မလေးတစ်ကောင်နှင့် ပုံမှန်ဝက်အထီးလေးနှစ်ကောင် သည် အသက်ရှင်နေသော်လည်း မွေးဖွားချိန်တွင် လူများဝိုင်းအုံ ကြည့်ခြင်းကြောင့် ဝက်မကြီးသည် ကြောက်စိတ်များဝင်ပြီးဝက်ကလေး များကို နို့တိုက်ကျွေးရန်ပင်အနား အကပ်မခံသဖြင့် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

နတ်မောက်သားမြွေဟောက်
The Union Daily


ညစ်ညမ်းရုပ်ရှင် ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ

ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျ သွားစေကြောင်း ထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။

လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။

ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိုအလုပ်လုပ်ရသည်ဟုလည်း သူတို့က ယုံကြည်ကြသည်ဟု ဆိုသည်။
" လိင်စိတ်နိုးကြားစေဖို့ ဒီလိုကားတွေ ကြည့်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ အမြှောင်းလေးတွေ ရဲ့လှုပ်ရှားမှု ပိုမို လျှင်မြန်လာတာတွေ့ရပါတယ်'' ဟု သုတေသနပြုလုပ်သူများက ပြောသည်။

Ref: The Telegraph
Popular Myanmar Journals

ဖေ့စ်ဘွတ်ခ်အကောင့် ပိတ်ပစ်လိုက်တဲ့ စိုင်းစိုင်း

 စိုင်းစိုင်းခမ်းလှိုင်ကိုယ် တိုင်အသုံးပြုသော သူ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို မေလ၃၀ ရက်နံနက်ပိုင်းက ပိတ်သိမ်း သွားသည်။

မေလ ၂၆ ရက်က နိုင်ငံရေး နှင့်ပတ်သက်၍ မနိုင်ဝန်မထမ်းလို ကြောင်း အဓိပ္ပာယ်ရသည့် စာ သားများတင်ခဲ့သောကြောင့် စိုင်း စိုင်းခမ်းလှိုင်ကို ပရိသတ်များက ဝေဖန်ခဲ့ကြသည့်နောက်ပိုင်းတွင် ယခုကဲ့သို့    ပိတ်သိမ်းခြင်းဖြစ် သည်။

အဆိုပါအကောင့်ကို ပိတ် သိမ်းသော်လည်း ၎င်း၏အမည် နှင့် Fan Page များမှာမူ ဆက် လက်ဖွင့်ထားဆဲပင်ဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင် အသုံးပြုသည့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ၎င်း၏ အနုပညာ လှုပ်ရှားမှုများကို အချိန်နှင့်တစ် ပြေးညီ တင်ကာ ပရိသတ်ကို အ သိပေးလေ့ရှိသလို သူ့ခံစားချက် များကို ရင်ဖွင့်ရာ နေရာတစ်ခုအ ဖြစ် ခံစားချက်စာသားများကို လည်း ရံဖန်ရံခါ ရေးသားလေ့ရှိ သည်။

ဖေ့စ်ဘွတ်ခ်အကောင့် ပိတ် သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် စိုင်းစိုင်းခမ်းလှိုင်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

Author: ဇွဲဉာဏ်
7DAY DAILY

ပွဲဆူနေတဲ့ စိုင်းစိုင်းရဲ့ နိုင်ငံရေးမနိုင်ဝန်

 ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ နိုင်ငံရေးနှင့်ပတ်သက်၍ မနိုင် ၀န်မထမ်းလိုကြောင်း ရေးသားခဲ့ သော စိုင်းစိုင်းခမ်းလှိုင်ကို ပရိ သတ်များက ဝေဖန်လျက်ရှိကြ သည်။

နိုင်ငံရေးနှင့်ပတ်သက်သော သဘောထားစကားစုကို စိုင်းစိုင်း ခမ်းလှိုင်က မေလ ၂၆ ရက်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ‘‘ကျွန်တော် သာမန်ပြည်သူတစ်ယောက်ဖြစ် ပါသည်။ အနုပညာလုပ်ပါသည်။ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုပိုင် ဆိုင်ပါသည်။ ၀န်ထမ်းအနည်း ငယ်ကို အလုပ်ပေးထားနိုင်ပါ သည်။ ၎င်းတို့၏ ကိစ္စအ၀၀ကို တာဝန်ယူနိုင်ရန် ကြိုးပမ်းပါသည်။လောလောဆယ်အထိတော့ ကျွန် တော့်ဦးနှောက်ခပ်သေးသေးက ဒီလောက်ပဲ   တတ်နိုင်ပါသေး သည်။ မနိုင်ဝန်မထမ်းလိုပါ ကျွမ်း ကျင်ရာသာ လိမ္မာပါသည်။ ဒါ သည်ပင်ကျွန်တော်၏ နိုင်ငံရေး ဖြစ်ပါသည်’’ ဟု ရေးသားထား ခြင်းဖြစ်သည်။

ယင်းသို့ရေးသားသည့် အချိန်သည် နာမည်ကြီး အနုပညာ ရှင်အချို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့်  ကိစ္စနှင့် တိုက်ဆိုင်နေသဖြင့်  ထိုကိစ္စနှင့် ချိန်ထိုးကာ အများစုက ဝေဖန် နေကြခြင်းဖြစ်သည်။

ထိုသို့ စိုင်းစိုင်းရေးသားပြီး မကြာမီမှာပင် ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏ မြေးအေးနေ၀င်းနှင့်အ တူ     အဖွဲ့လိုက်ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသောကြောင့် ဝေဖန်မှုများ   ပိုမိုအရှိန်မြင့်လာ ခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်က အ ထက်ပါ  စကားစုကို ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာမှ ဖြုတ်ချခဲ့ သလို ယင်းအကြောင်းအရာ အပေါ် ပရိသတ်များ၏ ထင်မြင် ချက်များနှင့်ပတ်သက်၍ မေလ ၂၈ ရက် ညတွင် ဖေ့စ်ဘွတ်ခ်၌ ‘‘ဘယ်အရာကို မဆိုမလုပ်နိုင်တာ ကို မလုပ်နိုင်တဲ့အကြောင်း လုပ် နိုင်တာကို လုပ်နိုင်တဲ့အကြောင်း ရိုးသားစွာ ပြောခဲ့ပါသည်။ အများ အကျိုးအတွက် ကြိုးစားဆောင် ရွက်နေသူများအားလုံးကိုအား ပေးထောက်ခံပါသည်။ ကျွန် တော့်အား နားလည်မှုလွဲမှားခဲ့ကြ ခြင်းအတွက် အများကြီး စိတ် မကောင်းဖြစ်ရပါသည်’’ ဟု ပြန် လည်ရေးသားထားသည်။

စိုင်းစိုင်းခမ်းလှိုင် မေလ ၂၆ ရက်က တင်ခဲ့သော အကြောင်း အရာနှင့်ဆင်တူသည့် စကားတစ် ခုကို လက်ရှိပုဒ်မ ၄၃၆ ပြင်ဆင် ရေးအတွက် အနုပညာရှင်များ လက်မှတ်ရေးထိုးရာတွင် ဦး ဆောင်လှုပ်ရှားသူ ဒါရိုက်တာ ကြည်ဖြူသျှင်က မေလ ၂၇ ရက် တွင် ၎င်း၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားကာ တုံ့ပြန် ခဲ့သဖြင့် ပရိသတ်များ စိတ်ဝင်စား မှု ပိုသွားခဲ့သည်။

‘‘ကျွန်မသည် သာမန်ပြည် သူတစ်ယောက်ဖြစ်ပါသည်။ အနုပညာသမား ဒါရိုက်တာ တစ် ယောက်ဖြစ်ပါသည်။ ထမင်းရှင် ပရိသတ်၏ အားပေးမှုကြောင့် ၀ါသနာပါသော အနုပညာသမား တစ်ယောက် ဘ၀ဖြင့် ရပ်တည် နိုင်ခြင်း ဖြစ်ပါသည်။ လောလော ဆယ်အထိ ကျွန်မ၏ဦးနှောက်ခပ် သေးသေးဖြင့် မနိုင်ဝန်မှန်း သိ သော်လည်း နိုင်သလောက် ၀င် ထမ်းနေပါသည်။ မကျွမ်းကျင် သော်လည်း ကိုယ့်နိုင်ငံအရေးမှာ ကိုယ့်အရေးဖြစ်၍ ၀င်ပါနေပါ သည်။ ဒါသည်ပင် ကျွန်မ၏ နိုင်ငံ ရေးဖြစ်ပါသည်’’ ဟု ရေးသား ထားသည်။

ဝေဖန်မှုများကြုံတွေ့ရပြီး နောက်   စိုင်းစိုင်းခမ်းလှိုင်သည်မေလ ၂၉ရက်တွင်မူ ပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း   သတင်းရရှိ သည်။

Author: ဇွဲဉာဏ်
7DAY DAILY


ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်

  ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။

”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။

ဒါရိုက်တာဝိုင်း ရိုက်ကူး တင်ဆက်ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နှင့် ဇင်ဝိုင်း တို့ အဓိက ပါဝင်သရုပ် ဆောင် ထားသည့် အဆိုပါ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကား သည် ရုံတင်ရက် ထပ်တိုးရ သည်အထိ အောင်မြင်မှု ရရှိသည်ဟု သိရသည်။

”သက်မွန် ကြားတာတော့ ရုံတင်ရက် ထပ်တိုး မယ်။ ဘာပဲပြောပြော ပင်ပန်း ခဲ့သမျှ ပီတိဖြစ်တာ ပေါ့”ဟု သက်မွန်မြင့် က ပြောသည်။

”ဒီကားမှာ မှတ်မိတာ က ပရိသတ် ကြိုက်တဲ့ကား တော်တော် များများက ပင်ပန်းတဲ့ကား ဖြစ်တယ်။ ဒီ စေတန် ဆိုရင် တစ်ယောက် တည်းပြေး လိုက် နှစ် ယောက်ပေါင်း ပြေးလိုက် တော်တော်ကို ပြေးခဲ့ရ တယ်။ ချွေးတွေ ဆိုလည်း ကားထဲက မြင်တဲ့ အတိုင်း ပဲ။ ပြေးရင်းနဲ့ ပေါင်ကြော ညပ်တာတော့ အမှတ် တရပဲ” ဟု ၄င်းက ပြောသည်။

သက်မွန်မြင့်က အဆိုပါ စေတန်ရဲ့ ကချေသည် ဇာတ်ကား ရိုက်ပြီးသည့်နှစ်က အကယ်ဒမီ ရသည့် နှစ်နဲ့ တစ်နှစ် တည်း ကျပြီး ရိုက်ကွင်းမှာ ပေါင်ကြော ညပ်သည့် ဒဏ် က အကယ်ဒမီ ဆုတက်ယူသည် အထိ ခြေထောက် က ထော့ နဲ့ထော့နဲ့ဖြင့် ဆုတက် ယူခဲ့ရသည်ဟု သိရသည်။

”ပရိသတ်တွေ ဆီက ပြန်ကြား ရတာကတော့ ခြံပေါက်ဝ ကနေ ချောင်းကြည့် ပြီး နေတိုး ကိုမြင်တော့ လန့်သွားတဲ့ပုံ၊ လက်ဆောင် ပြေးဝယ် ရတဲ့ပုံ၊ ဇာတ်သိမ်းပိုင်း က ပန်းသီး ကိုက်တဲ့ပုံ ဒီဇာတ်ဝင်ခန်း တွေကို ကြိုက်ကြတယ်” ဟု သက်မွန်မြင့် က ဆို သည်။

ထူးထူး

Popular Journal

မာရီယို MTV ဇွန်လကုန်ပိုင်းတွင် ဖြန့်ချိမည်ဟု နီနီခင်ဇော်ဆို

ရန်ကုန်၊ မေ ၂၉

ဂီတလောကမှာ အဆိုပညာ ပြည့်ဝတဲ့ တေးသံရှင် တစ်ဦးအဖြစ် ပရိသတ်များရဲ့ အသိအမှတ်ပြု လက်ခံအားပေးမှုကို ရရှိထားတဲ့ တေးသံရှင် နီနီခင်ဇော်က သူ့ရဲ့ မာရီယို MTV ကို ဇွန်လကုန်ပိုင်းမှာ ဖြန့်ချိပေးတော့မှာပါလို့ The Voice ကို ပြောပါတယ်။

“မာရီယို MTV ကို အကောင်းဆုံး ဖြစ်စေချင်တဲ့အတွက် နီနီ သေချာအချိန်ယူပြီး ရိုက်ကူးထားပါတယ်။ သီချင်း တစ်ပုဒ်ချင်းစီကို စိတ်တိုင်းမကျမချင်း ပြန်ရိုက်တယ်။ တချို့ သီချင်းတွေဆို ရိုက်ပြီး တစ်ဝက်လောက်ရောက်မှ မကြိုက်လို့ အစကနေ ပြန်ရိုက်ရတာတွေလည်း ရှိတယ်။ ဒီ MTV ထဲမှာ လေယာဉ်ပျံနဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းနှစ်ပုဒ်ကို နီနီ တော်တော်လေး အားရတယ်။ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းကို အစက ပုဂံမှာ ရိုက်ထားတာ။ ဒါပေမဲ့ ရိုက်ပြီးတော့မှ မကြိုက်လို့ ရှေးဟောင်း ဆက်တင်တွေ ဆောက်ပြီး မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီသီချင်းကို ဒါရိုက်တာ မောင်မောင်သာမြင့်က ရိုက်ကူးပေးထားပြီး နီနီကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်” လို့ မာရီယို MTV နဲ့ ပတ်သက်ပြီး နီနီခင်ဇော်က ပြောပါတယ်။

မာရီယို MTV မှာ ပါဝင်တဲ့ သီချင်းတွေကို ဒါရိုက်တာ ဇော်ကိုကို၊ ဝင်းလွင်ထက်၊ အောင်မြတ်၊ အာကာ၊ ဝေဖြိုး၊ မောင်မောင်သာမြင့်တို့က ရိုက်ကူးပေးထားပြီး သရုပ်ဆောင် ထွန်းကိုကို၊ မြတ်သူကျော်၊ ထက်ဘုန်းနိုင်၊ ရှိုင်း၊ ခါရာ၊ မင်းသိမ်းခန့်၊ နေဝင်း၊ ဝင့်ယမုံလှိုင်နဲ့ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားကြောင်း၊ မာရီယို MTV ကို အကောင်းဆုံး ဖြစ်အောင် စေတနာထားပြီး ရိုက်ကူးထားတာကြောင့် ပရိသတ်များ ကျေနပ် အားရလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဇွန်လ ၁၄ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ တေးသံရှင် R ဇာနည်၊ မေဆွိ၊ မေခလာ၊ ချမ်းချမ်းတို့နဲ့ အတူ ပါဝင်သီဆို ဖျော်ဖြေဖို့ ရှိကြောင်း နီနီခင်ဇော်က ထပ်လောင်း ပြောကြားပါတယ်။

The Voice Weekly

"၁၃ နှစ်အောက် ကလေးများ နားမထောင်ရ ဆိုတဲ့ ကျားပေါက်ရဲ့ သီချင်းသစ်နှစ်ပုဒ်"

Big Bag အဖွဲ့က သူတို့ရဲ့ စီးရီးသစ် We are Big Bag စီးရီး မထွက်ခင် မှာ စီးရီးထဲက သီချင်းသစ် နှစ်ပုဒ်ကို အွန်လိုင်း Single အနေနဲ့ ထွက်ရှိလာပါ တယ်။ စီးရီးသစ် မှာ ပါဝင်မယ့် သီချင်းများထဲက “မျက်နှာရူး” နဲ့ “သည်းခံ” ဆို တဲ့ သီချင်းသစ် နှစ်ပုဒ်ကို မေလ ၂ဝ ရက်နေ့က အွန်လိုင်း ဈေးကွက်မှာ စတင် ရောင်းချခဲ့ပါတယ်။

အွန်လိုင်း Single ရောင်းချရာမှာ အသုံးပြုတဲ့ စီးရီး ကာဗာဒီဇိုင်း ကိုတော့ မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအမ် ရဲ့ပုံနဲ့ ပွဲထွက် လာခဲ့တာကြောင့် ပရိသတ်များရဲ့ အထူး စိတ်ဝင်စား မှုကို ခံခဲ့ရပြီး ၁၃ နှစ်အောက် ကလေးများ နား မထောင်ရ ဆိုတဲ့ စာသားကိုလည်း ကာဗာမှာ ရေးထားတဲ့ အတွက် ဒီသီချင်းနှစ်ပုဒ် အပေါ် စိတ်ဝင်စားမှု ဒီရေ မြင့် တက်ခဲ့ ကြပါတယ်။ ၁၃ နှစ်အောက် ကလေးများ နား မထောင်ရ ဆိုတဲ့ စာသား ထည့်သွင်း ထားခြင်းနဲ့ ပတ် သက်ပြီး ကျားပေါက်က..

”အခုက ကလေးတွေ မှာလည်း ဖုန်းရှိတယ်။ Download လုပ်တယ် ဆိုတာက လူတိုင်း လုပ်လို့ရ တယ်။ ဒါပေမဲ့ ဒါကို ဘယ်လို Control လုပ် ရမလဲ ဆိုတာတော့ ကျွန်တော် တို့လည်း Goverment မဟုတ်တော့ သိပ်မသိ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်က လုပ်လို့ ရသလောက် ကတော့ အခုလို အသက် Level တစ်ခုတော့ ထည့် ပေးတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ပြော သလို Download က လူတိုင်း လုပ်လို့ ရတဲ့ အတွက် ကျွန်တော် တို့ဘက်က လုပ်ပေး ရမယ့် တာဝန်ယူ မှုအရ လုပ် တာပါ။ ဒီမိုကရေစီ ခေတ်ရောက် သွားပြီလေ။ ကိုယ့် တာဝန် ကိုယ် ယူရတော့မယ်။ ကိုယ့် သီချင်း ကို ရောသော ပေါသောနဲ့ ၁၁ နှစ်၊ ၁၂ နှစ် ကလေးတွေ ဆိုရင် လည်း ငါ့အခွေပေါက်တာ ပဲ ဆိုပြီး မလုပ်ချင်ဘူး။ ဒီခေတ်ကြီးထဲမှာ Responsibility ယူရမယ်လို့ ထင်တယ်” လို့ပြောတဲ့ ကျားပေါက်ကို
ဒီအခွေ ကျမှ ဒီလိုထည့် ထားရတာ ကကော ဘာကြောင့်လဲ ဆိုတော့ “အရင် အခွေတွေကတော့ ကိုယ့်ဟာ ကိုယ်တောင် ဆင်ဆာ မနည်း လွတ်အောင်ကွေ့ ရှောင် လုပ်နေ ရတာ။ ဒီအခွေ မှာ အဓိက ကတော့ ဒီထဲမှာ Adult Language တွေ ပါတာ ပေါ့။ ကိုယ့်ကိုယ် ကိုယ် မညာချင်ဘူး။ ရှေ့မှာ ထားပါတော့ Slow သီချင်းတွေ ဆိုပြီး ဝေဖန် ခဲ့ကြတဲ့ သူတွေလည်း တစ်ခေါက် ပြောဖူးပါတယ်။ ကျွန်တော် မကြိုက်ရင် ကျွန်တော် မဆိုဘူးလို့။ ကိုယ်တိုင် တကယ် ကြိုက်တော့မှပဲ လုပ်ချင်တယ်။ အခု အချိန်မှာ ဆင်ဆာလည်း မရှိတော့ ဘူး။ ဆင်ဆာ ရှိတုန်းကတော့ ညာရတယ်။ အခုကျတော့ ရေးလို့လည်း ရနေပြီဆိုတဲ့ အချိန်မှာ ဆက်ပြီး အကျဉ်းကျမခံ ချင်ဘူး။ ကိုယ် တကယ် သီချင်းကို ဒီလောက်ပေါက်ကွဲမှ၊ ဒီလောက် စာသား သုံးနှုန်းမှ ကျေနပ်တဲ့ Level တစ်ခု ရောက်မယ်ဆို ထည့်လိုက်တယ်။ ၁၈ နှစ်ကျော် ကျွန်တော် တို့ လိုအရွယ်တွေ ကျတော့ Adult Language ဆိုတာ ဘာမှ မထူးတော့ဘူးလေ။ အပြင်မှာလည်း နေထိုင် သုံးနှုန်းပြောဆိုနေတာ ဆို တော့ ဒါက ကြားရတာ ဘာမှမဖြစ်ဘူး။ ကလေးတွေ ကျတော့ ဒါကနေ စသွားတယ် ဆိုတာ မဖြစ်စေချင်ဘူး။ အခု ကျွန်တော့် သီချင်းတချို့ကို ကျွန်တော့် သမီးကိုတောင် ပေးနားမထောင်ဘူး” လို့ ကျားပေါက်က ဆင်ဆာ လွတ်လပ် ချိန်မှာ သူ့စိတ်သူ ဆက်ပြီး အကျဉ်းကျ မခံချင်တော့တဲ့ အကြောင်းကို ပြောပြ လာပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် ရုပ်ပုံကို အသုံး ပြုထားခြင်းနဲ့ ပတ်သက်ပြီး ကျားပေါက်ပြောတာ ကတော့ သူ့အနေနဲ့ ကင်ဂျုံ အမ်ကို သဘောကျတဲ့ အတွက် သူငယ်ချင်းတွေ နဲ့တိုင်ပင်ပြီး အခုလို ပြုလုပ် လိုက် တာပါလို့ ပြောပြီး တခြား အကြောင်း အရာ ထွေထွေ ထူးထူးတော့ မရှိပါဘူး လို့ ပြောခဲ့ပါတယ်။

ရဲရဲ

Popular Journal

" မိခင်တိုင်းကြည့်သင့်သည့် ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ကျောင်းပညာပေး ဇာတ်ကားနှင့် သရုပ်ဆောင် စိုးနန္ဒာကျော် "

MRTV ရုပ်သံက ထုတ်လွှင့်ပြသနေတဲ့ ဒါရိုက်တာ ကိုမိုးဇော်ကို ရိုက်ကူးထားတဲ့ ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ပညာပေးဇာတ်ကားမှာ စိုးနန္ဒာကျော်က ကလေး သရုပ်ဆောင် မွန်းသီရိခန်ရဲ့ မိခင်အဖြစ်သရုပ်ဆောင် ရိုက်ကူး ထားပါတယ်။

ဒီဇာတ်ကားလေးက ပညာပေးဇာတ်ကားဖြစ်တဲ့အတွက်လည်း ကလေးမိ ဘတွေကြည့်ပြီး အသိတရားတစ်ခုခု တော့ရကြမှာဖြစ်ကြောင်း ကိုစိုးနန္ဒာကျော်က..

” အဲဒီဇာတ်ကားလေးက ကျောင်းလည်းဖွင့်ခါနီးပြီဆိုတော့ ကလေးတွေကို တအားတင်းကျပ်လွန်းတဲ့အခါကျရင် ကလေးတွေအတွက်အဆင်မပြေတဲ့ အကြောင်းလေးကို ဇာတ်လမ်းတိုလေးရိုက်ဖြစ်တာပါ။ ကိုယ်က ဒီဇာတ် ကားလေးထဲမှာ မိခင်လုပ်တဲ့ ဇာတ်ရုပ်လည်းဖြစ်တယ်။ တစ်ခါမှလည်း မိခင်ဇာတ် ရုပ်မလုပ်ဖူးဘူးဆိုတော့ လုပ်ကြည့် ချင်တာလည်းပါတယ်။
ပညာရေး ဇာတ်လေးလည်းဖြစ်နေတာကြောင့် လက်ခံပြီးရိုက်ဖြစ်သွားတာပါ။

ဒီဇာတ်ကားလေးကိုကြည့်ပြီးရမယ့် အကျိုးကျေးဇူးက ကလေးငယ်တွေ ကိုပညာဆိုပြီး တအားကြီးတင်းကျပ်လွန်းတဲ့အခါ ကလေး ငယ်တွေရဲ့ ဦးနှောက်ကို မတရားကြီးလုပ်မယ်ဆိုရင် သူတို့ရဲ့ကျန်းမာရေးကို အများကြီး ထိခိုက်နိုင်သွားနိုင်တယ်။ အာရုံကြောပဲဖြစ်ဖြစ်၊ စိတ်ထဲမှာဖြစ်ဖြစ်ဒဏ် ရာရသွားမယ်ဆိုရင် မကောင်းဘူး။ အဲဒါကြောင့် အစစအရာရာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ကလေးနဲ့မိဘမျှမျှတ တလုပ်သွား ရင်အဆင်ပြေတယ်ဆိုတဲ့ အကြောင်းအရာလေးကိုသိသွားအောင် အတတ်နိုင်ဆုံးကြိုးစားပြီးရိုက် ကူးထားပါတယ်” လို့ ပြောပါတယ်။

မိခင်ဇာတ်ရုပ်ဖြစ်တဲ့အတွက်လည်း သရုပ်ဆောင်ချင်ခဲ့တာဖြစ်ပြီး ပညာပေးဇာတ်ဖြစ်တာကြောင့် နောက်ပိုင်းမှာလည်း အခုလို ဇာတ်ကားတွေနဲ့ပတ်သက်ပြီး အခွင့် အေ ရး ပေါ်ရင်ပေါ် သလိုမျိုး ရိုက်ကူးသွားမှာပါလို့ပြောလာတဲ့ စိုးနန္ဒာကျော်က ” ဒီဇာတ်ရုပ်က
မိခင်လုပ်ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် ညီမအနေနဲ့ တအားခက်ခဲပါ တယ်။ ကိုယ့် ရဲ့မိခင်ကိုလည်း ကြည့်ပြီး စိတ်သွင်းဖြစ်တယ်။ တည်တည်ငြိမ်ငြိမ် ဇာတ်ရုပ်ဖြစ်အောင်ကြိုးစားတယ်။အဝတ်အစား အပြင်အဆင်ကအစ အသေးစိတ်ဂရုစိုက်ပြီး လုပ်ဖြစ် တယ်” လို့ ပြောပါတယ်။ မိခင်ဇာတ်ရုပ်အနေနဲ့ ဒီဇာတ်ကားက စိုးနန္ဒာကျော်ရဲ့ ပထမဆုံးဇာတ်ကားပဲဖြစ်ပါတယ်။

လွင်လွင်ထွန်း

Popular Journal


အပျိုကြီးတော့ ဘယ်သူမှ မဖြစ်ချင်ဘူးလို့ ဆိုလိုက်တဲ့ ခင်လေးနွယ်


 လီဆူးတိုင်းရင်းသားသူလေး ခင်လေးနွယ်ကတော့ ခုနောက်ပိုင်း ဇာတ်ကားမရိုက်ဖြစ်တော့တာနဲ့ ပတ်သက်ပြီး သူမရဲ့အသက်အရွယ်အရကြောင့်ရော နောက်တစ်ခြားစီးပွားရေးလည်း လုပ်ချင်တဲ့အတွက် မရိုက်ဖြစ်တော့တာလို့ ဆိုပါတယ်။ သူမဟာ ခုလတ်တလော နယ်ရှိုးတွေမှာ သီချင်းတွေ ဆိုဖြစ်နေတယ်လို့ သိရတဲ့အပြင် တစ်ကိုယ်တော်အခွေအတွက်လည်း သီချင်းတွေသွင်းနေပါပြီတဲ့။

အပျိုကြီးစာရင်းဝင်နေပြီဖြစ်တဲ့ ခင်လေးနွယ်ရဲ့အချစ်ရေးကိုလည်း သူမနဲ့တွေ့တုန်း မေးမြန်းကြည့်တဲ့အခါ “ကိုယ်နဲ့အတူတူ အနုပညာလောကကို လျှောက်လှမ်းလာကြတဲ့သူတွေ မင်္ဂလာဆောင်ကုန်ကြပြီ။ အခု နောက်ပိုင်း သူတို့က မင်္ဂလာတွေပဲ ဆောင်နေကြတော့ နင်တို့တွေ သိပ်မဆောင်ကြနဲ့။ ငါအရမ်းမေးခံရတယ်ဆိုပြီး ပြောရတယ်။ ဖူးစာရှိတဲ့သူနဲ့ တစ်ချိန်ချိန်တော့ သူ့အလိုလို ဆုံလာမှာပေါ့။ လုပ်ယူလို့ရတဲ့အရာမှ မဟုတ်တာ။ အချိန်တန်ရင် တော့ သူ့အလိုလိုဖြစ်လာမှာပါ။ အပျိုချည်းတော့ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ကံစီမံရာပေါ့။ တကယ်လို့ ဖူးစာရှင်နဲ့တွေ့မယ်ဆိုရင်တော့ အိမ်ထောင်ပြုဖြစ်မယ်။ မတွေ့ခဲ့ဘူးဆိုရင်တော့ အပျိုကြီးဖြစ်ချင်ဖြစ်မှာပေါ့။ သိပ်ပြီး ကန့်သတ်ထားတာမရှိဘူး။ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့ အရည်အချင်းမျိုးရှိရမယ်။ နားလည်မှုရှိတဲ့သူတစ်ယောက်ဖြစ်ရမယ်”လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

စန္ဒီ
Trend Myanmar

ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် (၂.၁)ဘီလျံထိရှိလာ

 အဝလွန်ခြင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခြိမ်းခြောက်နေသည့် ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ (၁၉၈၀)ပြည့်နှစ်က ကမ္ဘာတဝှမ်းတွင် အဝလွန်သည်ဟု သတ်မှတ်နိုင်သူ အရေအတွက် (၈၇၅)သန်းမျှ ရှိခဲ့သည်။ ယခုအခါတွင်မူ (၂.၁)ဘီလျံထိ တိုးပွားလာခဲ့ကြောင်း Lancet Show သုတေသန စစ်တမ်းတွင် ဖော်ပြပါရှိခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် အချိုးအစား အများဆုံး နိုင်ငံများအဖြစ် ရပ်တည်နေကြောင်း သိရသည်။

အနောက်ဥရောပ ဒေသတွင် ဗြိတိန်က အဝလွန်သူများ စာရင်း၌ တတိယ ချိတ်ခဲ့သည်။ ယခုစစ်တမ်းကို ကမ္ဘာ့နိုင်ငံ (၁၈၈)ခုတွင် စုရုံးကောက်ယူ လေ့လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်ရှိ ကျန်းမာရေးဆိုင်ရာ အချက်အလက်နှင့် ကိန်းဂဏန်း တွက်ချက်မှုများ ဌာန (IHME)က ဦးဆောင်ကာ ယခုစစ်တမ်းကို ပြုစုခဲ့သည်။ ယင်းအဖွဲ့မှ သုတေသီများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ထံမှ အချက်အလက်များကိုလည်း အားဖြည့် ရယူခဲ့သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဝလွန်မှု ပြဿနာ ကြီးထွားလာနေသော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ပိုမို၍ သိသာဆိုးရွားလျှက် ရှိသည်။

အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီးလ်၊ မက္ကစီကို၊ အီဂျစ်၊ ဂျာမနီ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှား (၁၀)နိုင်ငံတွင်ပင် အဝလွန်သည်ဟု တွက်ချက်နိုင်သူဦးရေ (၆၇၁)သန်းထိ ရှိနေကြောင်း သိရှိရသည်။ ယခုစစ်တမ်းက အဝလွန်ခြင်းကို အရေးပေါ် ကမ္ဘာ့ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် ရှုမြင်စေသည့်ပြီဟု သုတေသီ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ အလီမော့ခ်ဒက်က ဆိုသည်။ “ခက်တာက အဝလွန်မှုကို လျှော့ချနိုင်ပြီဆိုတဲ့ ဇာတ်လမ်းကောင်းလေးတွေ ကြားရဖို့ ကျွန်တော်တို့ တော်တော်ကြီး အချိန်စောင့်ရဦးမယ် ထင်တယ်”ဟုလည်း ၎င်းက ဝန်ခံပြောဆိုသွားသည်။

Planet Myanmar Network.

 ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် (၂.၁)ဘီလျံထိရှိလာ အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် အချိုးအစား အများဆုံး နိုင်ငံများအဖြစ် ရပ်တည်နေကြောင်း သိရသည်။

သူရဲကောင်း ဖြစ်သွားသည့် Mr Bean

သူရဲကောင်း ဖြစ်သွားသည့် Mr Bean အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီးသည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့

Mr Bean ဇာတ်ကားများတွင် ပေါတောတော ကြောင်တောင်တောင်နှင့် ရယ်ရွှင်ဖွယ် လူတစ်ဦးမျှသာ ဖြစ်သော်လည်း ရိုဝမ်အက်ကင်ဆန်သည် လက်တွေ့လောကတွင် လူတစ်ဦး၏ အသက်ကို ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီးသည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့ကြောင်း သိရသည်။

အင်္ဂါနေ့က အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် တန်စ်ကာနီတွင် ၎င်းပိုင် McLaren F1 ပြိုင်ကားကို မောင်းနှင်နေရင်း အရှိန်များလွန်းသဖြင့် လမ်းချော်ထွက်ပြီး လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက်မိခဲ့သည်။ ထိုအချိန်တွင် ရိုဝမ်သည်လည်း အနီးအနား၌ ရှိနေရာ မီးလောင်မှု အန္တရာယ် ဖြစ်နိုင်သည်ကိုပင် ထည့်မတွက်ဘဲ ချက်ချင်း အလျင်အမြန် သွားရောက်ပြီး ယာဉ်မောင်းသူအား ဆွဲထုတ် ကယ်တင်ခဲ့ကြောင်း သိရသည်။

ရိုဝမ်သည် (၂၀၁၁)ခုနှစ်ကလည်း ၎င်းပိုင်ဆိုင်သည့် McLaren F1နှင့် အလားတူ ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုမျိုး ကြုံခဲ့ဖူးသည်။ ထိုစဉ်က ရိုဝမ်၏ မော်တော်ကားသည် နော်သမ်ရှိုင်းယားရှိ လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်မှု ကုန်ကျစရိတ်ချည်းသက်သက် ပေါင်စတာလင် (၉၁၀၀၀၀)မျှ အသုံးပြုခဲ့ရသည်။ ယင်းသည် ဗြိတိန်သမိုင်းတစ်လျှောက် ကားတစ်စင်းကို ပြန်လည်ပြင်ဆင်ရာတွင် အမြင့်ဆုံး အကုန်အကျ ပမာဏလည်း ဖြစ်လာသည်။ ယခုအခင်းဖြစ်ချိန်တွင်လည်း ရိုဝမ်သည် အဆိုပါ McLaren F1ကိုပင် မောင်းနှင်လာခြင်းဖြစ်သည်။

ရိုဝမ်သည် အီတလီနိုင်ငံသို့ ရောက်ရှိနေရာ နိုင်ငံအလယ်ပိုင်း ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံခဲ့ခြင်း ဖြစ်သည်။ ရိုဝမ်နှင့် လူအချို့သည် ကားမောင်းသူကို ကယ်ထုတ်ပြီး ဆေးရုံမှ ရဟတ်ယာဉ် လာရောက်ခေါ်ဆောင်သည်အထိ ကူညီပေးခဲ့ကြသလို မော်တော်ကား အပျက်အစီး အစိတ်အပိုင်းများကို ရှင်းလင်းနေချိန်တွင်လည်း ရိုဝမ်က တာဝန်ရှိသူများအား ကူညီနေခဲ့ကြောင်း တွေ့ရသည်။ ရိုဝမ်သည် ခန့်မှန်းခြေအားဖြင့် စတာလင်ပေါင် (၇၁)သန်းမျှ ပိုင်ဆိုင်ကြွယ်ဝသည့် သန်းကြွယ်သူဌေး တစ်ဦးလည်း ဖြစ်သည်။

Planet Myanmar Network.

ဘ၀မှာ အကောင်းဆုံးကတော့ လွတ်လပ်မှု....ဆိုတဲ့ လက်ဝှေ့မယ်


သြစတြေးလျ၊ မေ ၂၉

သြစတြေးလျလက်ဝှေ့မယ် လော်ရန်အီးဂဲလ် ရဲ့ ညှို့အားပြင်းရိုက်ချက်တွေကတော့ လက်ဖျားခါ လောက်ပါတယ်။ သူက အိမ်ထောက်ဘက်ရှာဖွေတဲ့ ၀က်ဘ်ဆိုက်တစ်ခုအတွက် ဓါတ်ပုံတွေရိုက်ကူးပေးခဲ့ တာဖြစ်ပြီး ကြည့်ရတာ အချစ်ကြိုးဝိုင်းပေါ်မှာအလဲထိုးရမယ့် ပြိုင်ဘက်ကို ရှာဖွေနေပုံပါပဲ။ ပရော်ဖက်ရှင် နယ်လက်ဝှေ့နဲ့ ရေလွှာလျှောစီးကစားသမား လော်ရန်ဟာ ၂၀၁၃ ခုနှစ်မှာ ရပ်ဘီကြယ်ပွင့် တော့ဒ်ကာနေး နဲ့ လမ်းခွဲခဲ့သလို လက်ဝှေ့သမား လပ်ဗ်မိုးအန်ဒူနဲ့လည်း တွဲခုတ်ခဲ့ပါသေးတယ်။

လော်ရန်ဟာ အိမ်ထောက်ဘက်ရှာဖွေတဲ့ ၀က်ဘ်ဆိုက်အတွက် အ၀ါနဲ့အဖြူကြား အတွင်းခံ ၀တ်စုံ နဲ့ ဓါတ်ပုံရိုက်ကူးပေးပို့ခဲ့တာဖြစ်ပြီး “ဘ၀မှာ အကောင်းဆုံးကတော့ လွတ်လပ်မှုပါပဲ” လို့လည်း ရေးသားခဲ့ ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ကသြစတြေးလျထုတ် Maxim မဂ္ဂဇင်းအတွက်ညှို့အားပြင်းဓါတ်ပုံတွေရိုက်ကူးပေး ခဲ့တဲ့ လော်ရန်ဟာ အဲဒီမဂ္ဂဇင်းရဲ့ မေလအတွက် အမေရိကန်ထုတ်မှာလည်း သရုပ်ဖော်ပုံရိုက်ကူးခံခဲ့ပါသေး တယ်။

အသက် ၂၆ နှစ်သာရှိသေးတဲ့သူဟာ လက်ဝှေ့ရေးမှာလဲ ခေသူတစ်ဦးမဟုတ်ပါဘူး။ ၂၀၁၃ မှာ သြစတြေးလျအမျိုးသမီး လိုက်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့ပြီး ထိုးသတ်ထားတဲ့လက်ဝှေ့ပွဲ ၁၂ ပွဲမှာ ရှစ်ပွဲအနိုင်ရကာ အလဲထိုးပွဲက သုံးပွဲပါဝင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ရေလွှာလျှောစီးပြိုင်ပွဲ မှာလည်း တတိယရခဲ့ပေမဲ့ ၂၀၀၈ မှာ ဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အဲဒီအားကစားနည်းကနေ အနားယူခဲ့ပါတယ်။

ရည်ညွှန်း Dailymail

ဝေဘုန်းလူ
Mizzima - News in Burmese

Maleficent ဇာတ်ကားပွဲဦးထွက်ပြသပွဲမှာ တိုက်ခိုက်ခံရတဲ့ ဘရက်ပစ်

တိုက်ခိုက်ခံရသဖြင့် အံ့အားသင့်နေသော ဘရက်ပစ်နှင့် တိုက်ခိုက်သူကို ဖမ်းဆီးနေသော လုံခြုံရေးများ

လော့စ်အန်ဂျလိစ်- ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဘရက်ပစ်သည် မေလ ၂၈ ရက်တွင် ''Maleficent'' ဇာတ်ကားပွဲဦးထွက်ပြသပွဲ၌ အမှတ်တရလက်မှတ်ရေးထိုးပေးနေစဉ် အမျိုးသားတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု လော့စ်အန်ဂျလိစ်ရဲတပ်ဖွဲ့က ပြောသည်။

(ပုံစာ- တိုက်ခိုက်ခဲ့သူကို ၀ိုင်းဝန်းဖမ်းဆီးနေကြစဉ်)

ဘရက်ပစ်သည် ၎င်း၏ ဇနီးလောင်း အန်ဂျလိနာဂျိုလီပါဝင် သရုပ်ဆောင်ထားသော ''Maleficent'' ဇာတ်ကားပွဲဦးထွက်ပြသသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဘရပ်ပစ်သည် ပရိသတ်များကို နှုတ်ဆက်၍ အမှတ်တရလက်မှတ်များရေးထိုးပေးနေစဉ် အသက် (၂၅) နှစ်အရွယ် ဗီတာလီဆီဒေါ့ခ်ဆိုသူက အတားအဆီးများကို ကျော်၍ ၎င်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗီတာလီဆီဒေါ့ခ်ကို ရိုက်နှိက်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဗီတာလီဆီဒေါ့ခ်သည် အနီရောင်ကော်ဇောတက်ပွဲများတွင် ကျော်ကြားသူများကို အနှောင့်အယှက်ပေးခဲ့သူ တစ်ဦးဖြစ် သည်။
၎င်းသည် ၂၀၁၂ ခုနှစ်ကတည်း သရုပ်ဆောင်မင်းသား ၀ီလ်စမစ်ကို အကြင်နာပေးရန် ကြိုးပမ်းသောကြောင့် ၀ီလ်စမစ်၏ ပါးရိုက်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင်၎င်းသည် လီယိုနာဒိုဒီကပ်ပရီယိုနှင့် ဘရက်ဒလေကူးပါး၊ အဒဲလ်တို့ကိုလည်း လူပုံအလယ်တွင် စိတ်အနှောင့်အယှက်ပေးခဲ့ဖူးသူဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကိန်းစ် ရုပ်ရှင်ပွဲတော်တွင်သရုပ်ဆောင်မင်းသမီး အမေရိကားဖာရာရာ၏ ဂါဝန်အောက်သို့ အတင်းတိုးဝင်ရန်ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။

တိုက်ခိုက်ခံရမှုတွင် ဘရက်ပစ် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်းနှင့် အမှတ်တရလက်မှတ်ရေးထိုးခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

— Ref: CNN

လက်မှတ်ထိုးပေးနေစဉ် တိုက်ခိုက်ခံခဲ့ရသဖြင့် အံ့အားသင့်သွားသော ဘရက်ပစ်

ဘရက်ပစ်ကို တိုက်ခိုက်ခဲ့သူအား ဖမ်းဆီးခေါ်ဆောင်လာစဉ်
Trend Myanmar

တောင်ကိုရီးယားတွင် လူနာဆောင်တစ်ခု မီးလောင်ပြီး လူပေါင်း(၂၀)ကျော်သေဆုံး

တောင်ကိုရီးယားတွင် လူနာဆောင်တစ်ခု မီးလောင်ပြီး လူပေါင်း(၂၀)ကျော်သေဆုံး ဖြစ်စဉ်အတွင်း လူနာ(၂၀)နှင့် သူနာပြု (၁)ဦးတို့ သေဆုံးကာ နောက်ထပ်(၆)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဆိုသည်

တောင်ကိုရီးယား နိုင်ငံတွင် နာတာရှည် လူနာဆောင်တစ်ခု မီးလောင်ကျွမ်းရာ အနည်းဆုံး (၂၁)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတောင်ပိုင်းရှိ ဂျန်ဆွန်းဒေသမှ ဟိုဆာရန်း ဆေးရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး အဆိုပါအဆောင်သို့ ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း လူနာ(၂၀)နှင့် သူနာပြု (၁)ဦးတို့ သေဆုံးကာ နောက်ထပ်(၆)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဆိုသည်။ အခင်းဖြစ်ပွားရာ ဒေသသည် ဆိုးလ်မြို့တော်မှ တောင်ဘက် ကီလိုမီတာ (၃၀၀)မျှ အကွာတွင် တည်ရှိသည်။ မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက “သေတဲ့သူ အများစုက အသက်ရှူကျပ်တဲ့ အခြေအနေကြောင့်ပါ။ မီးခိုးတွေထဲမှာ အဆိပ်အတောက် ဓာတ်ငွေ့တွေ အများကြီး ပါနေတယ်လေ”ဟု ဆိုသည်။

မီးသည် နာရီဝက်မျှ အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သော်လည်း အသေအပျောက် များသွားခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် အတန်ငယ် စိတ်ဖောက်ပြန်နေသည့် အသက်(၈၁)နှစ်အရွယ် လူနာတစ်ဦးကို ဖမ်းဆီးထားလိုက်ကြောင်းလည်း သိရသည်။ ဗီဒီယို မှတ်တမ်းထဲတွင် ထိုသူသည် အခန်းတစ်ခုထဲ ဝင်ရောက်သွားခဲ့ပြီး ထို့နောက် မကြာမီပင် ယင်းအခန်းမှ စတင်၍ မီးလောင်လာခဲ့သည်ကို တွေ့ရှိရသည်။ (၃)ထပ်ဆောင် မီးလောင်မှုတွင် အပေါ်ဆုံးထပ်မှ လူနာများသည် အချိန်မီ ဘေးလွတ်ရာ မသွားရောက်နိုင်တော့ဘဲ အသက်ရှူကျပ်ကာ သေဆုံးခဲ့ကြခြင်းဟု ဆိုသည်။ သေဆုံးသည့် သူနာပြုမှာ မီးသတ်ဘူးတစ်ဘူးဖြင့် မီးငြှိမ်းရန် ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ဆေးရုံတာဝန်ခံ ဒါရိုက်တာ လီဟောင်ဆွတ်ခ်က “ဒီဖြစ်ရပ်အတွက် အနူးအညွတ် တောင်းပန်ပါတယ်။ ခုလို လူ့အသက်တွေ စတေးလိုက်ရတဲ့ ဖြစ်ရပ်မျိုးဟာ ဆင်ခြေပေးစရာ အကြောင်းမျိုး လုံးဝမရှိပါဘူး”ဟု ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဂိုယန်းမြို့တွင် ဘတ်စ်ကား ရပ်နားစခန်းတစ်ခု မီးလောင်ရာ မီးခိုးငွေ့များကြောင့် လူ(၇)ဦး သေဆုံးခဲ့သလို လူပေါင်း(၂၀)ကျော်လည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သေးကြောင်း သိရှိရသည်။

 Planet Myanmar Network.

သဘောမတူသူနှင့် လက်ထပ်သည့် ပါကစ္စတန် အမျိုးသမီးကို မိသားစုဝင်များ သတ်ဖြတ်


သဘောမတူသူနှင့် လက်ထပ်သည့် ပါကစ္စတန် အမျိုးသမီးကို မိသားစုဝင်များ သတ်ဖြတ် အသက်(၂၅)နှစ် အရွယ် ဖာဇနာဘီဘီသည် သူမကိုယ်တိုင် ရွေးချယ်ထားသည့် ချစ်သူနှင့် လက်ထပ်ထားပြီး ယင်းအတွက် ခင်ပွန်းသည်ကို သူမ၏ မိသားစုက ပြန်ပေးမှုဖြင့် တရားစွဲဆိုခဲ့သည်။
ပါကစ္စတန် နိုင်ငံတွင် သဘောမတူသူနှင့် ချစ်ကျွမ်းဝင်သည့် အမျိုးသမီး တစ်ဦးကို မိသားစု ဆွေမျိုးများက တရားရုံးတစ်ခု ရှေ့မှောက်၌ပင် ဝိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ အသက်(၂၅)နှစ်အရွယ် ဖာဇနာဘီဘီသည် သူမကိုယ်တိုင် ရွေးချယ်ထားသည့် ချစ်သူနှင့် လက်ထပ်ထားပြီး ယင်းအတွက် ခင်ပွန်းသည်ကို သူမ၏ မိသားစုက ပြန်ပေးမှုဖြင့် တရားစွဲဆိုခဲ့သည်။ ထို့ကြောင့် လာဟိုးမြို့ တရားရုံးသို့ ဖြေရှင်းရန် လာရောက်စဉ် စောင့်ဆိုင်း သတ်ဖြတ်ခံရခြင်းဟု ဆိုသည်။ Daily Mail သတင်းစာက ဖာဇနာ သေဆုံးချိန်တွင် ကိုယ်ဝန်(၃)လ ရှိနေပြီဟုလည်း ဖော်ပြခဲ့သည်။ ဖာဇနာနှင့် ချစ်သူ မိုဟာမက် အစ်ဘဲလ်တို့သည် တရားရုံးသို့ အတူလာရောက်စဉ်တွင် အသင့်စောင့်နေသည့် လူ(၂၀)ခန့်က ခဲများဖြင့် ပစ်ပေါက်ကာ တုတ်များဖြင့်လည်း ရိုက်နှက်ခဲ့ကြသည်။ နေ့ခင်းကြောင်တောင် လူမြင်ကွင်းတွင် ကျူးလွန်သည့် ရာဇဝတ်မှု၌ ဖာဇနာ အသက်ဆုံးရှုံးခဲ့ပြီး မိုဟာမက်လည်း ဒဏ်ရာများ ရရှိခဲ့သည်။

ပါကစ္စတန်တွင် ရှေးရိုးစွဲ မိသားစုများစွာ ရှိနေဆဲဖြစ်ပြီး အမျိုးသမီးတစ်ဦး အနေဖြင့် မိသားစု သဘောမတူသူ တစ်ဦးနှင့် လက်ထပ်ပါက အလွန်ဆိုးရွားသည့် ပြစ်မှုတစ်ခုသဖွယ် သတ်မှတ်ခံရသည်။ ဖာဇနာတွင် မိသားစုက သဘောတူထားသည့် အမျိုးသားရှိပြီး ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်သူများတွင် ထိုသူရော၊ ဖာဇနာ၏ ဖခင်ရင်းနှင့် အစ်ကိုများပါ ပါဝင်ကြောင်း သိရသည်။ ပါကစ္စတန်တွင် အလားတူ သတ်ဖြတ်ခံရသည့် အမျိုးသမီး အရေအတွက် နှစ်စဉ် ရာနှင့်ချီ ရှိနေပြီး ဖာဇနာ၏ ဖြစ်ရပ်မှာမူ အလွန်ထင်သာမြင်သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းသို့သော သတ်ဖြတ်မှုများကို မိသားစု ဂုဏ်သိက္ခာအတွက် စတေးခြင်းဟု အမည်ပေးလေ့ရှိသည်။

BBC သတင်းဌာနက ရဲများသည် ကိုယ်တိုင်အဖမ်းခံခဲ့သည့် ဖခင်ဖြစ်သူကို ထိန်းသိမ်းထားပြီး ဖာဇနာနှင့် မိသားစု သဘောတူ စေ့စပ်ထားဖူးသူနှင့် အစ်ကိုများကို လိုက်လံရှာဖွေနေဆဲဟု ဆိုသည်။ တရားရုံးရှေ့တွင် ဖာဇနာ၏ မိသားစုက သူမကို အတင်းအဓမ္မ ခေါ်ယူရန် ကြိုးပမ်းသော်လည်း အမျိုးသမီးက ငြင်းဆန်သည့်နောက် ယခုကဲ့သို့ ရက်ရက်စက်စက် ပြုမူခဲ့ကြခြင်းဖြစ်ပြီး အဆိုပါမြင်ကွင်းကို ဖြတ်သွားဖြတ်လာ လူပေါင်းများစွာ တွေ့မြင်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network.

ဘယ်သွားသွား ဖုန်းပါရင်ပြည့်စုံနေတဲ့ အဆိုတော် မိစန္ဒီ

ရန်ကုန် မေ ၂၇

အဆိုတော် မိစန္ဒီ အပြင် သွားတိုင်း သူမနှင့်အတူ အမြဲတမ်း ပါသွားတတ်သည့် IT ပစ္စည်း များကိုလည်း အနုပညာရှင် များ၏ IT ပစ္စည်း ကဏ္ဍ၌ ဖော်ပြ ပေးလိုက် ပါသည်။ မိစန္ဒီသည် အပြင်

သွားတိုင်း ကြီးမားသည့် လွယ်အိတ် တစ်လုံးတွင် သူမ ကြိုက်နှစ်သက်သော သီချင်း စာအုပ်များနှင့် IT ပစ္စည်း များစွာကို သယ်ဆောင် သွားတတ်သူ တစ်ယောက် ဖြစ်ပါသည်။

''ညီမ အပြင် သွားတိုင်း ပါဖြစ်တဲ့ IT ပစ္စည်းလေးက ဖုန်းပေါ့။ အခုဆိုရင် နည်းပညာက အရမ်းကို တိုးတက် နေပြီလေ။ မော်ဒယ်လ်တွေ အရမ်းများ လာတဲ့ အတွက်လည်း လူတွေ အတွက် ရွေးချယ်စရာတွေ များလာတယ်။ အဲဒီအတွက်လည်း ကောင်းပါတယ်။ ကိုယ့်ရဲ့ လိုအပ် ချက်နဲ့ ကိုယ်ကြိုက်တာကို ရွေးချယ် ဝယ်ယူလို့ ရနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလေ။ ဖုန်းတစ်လုံး ပါတာနဲ့ ဓာတ်ပုံလည်း ရိုက်လို့ရတယ်။ သီချင်းလည်း နားထောင်လို့ ရတယ်။ ဖုန်း တစ်လုံးပါတော့ အရမ်း အဆင်ပြေတယ်။

ဒါကြောင့် ဘယ်သွားသွား ဖုန်းပါရင်တော့ ပြည့်စုံပါတယ်'' ဟုပြောခဲ့သည်။ ဆက်လက် ပြီး IT ပစ္စည်းများ အသုံးပြုသည့် အခါတွင် ရရှိနိုင်သည့် ဆိုးကျိုးနှင့် ကောင်းကျိုး များကိုလည်း ယခုလို ပြောပြ ခဲ့သည်။

'' IT က သုံးတတ်ရင်တော့ အကျိုးရှိပါတယ်။ မိစန္ဒီ ကင်မရာတစ်လုံး ဝယ်ထားတယ်။ သိပ်မသုံး ဖြစ်ဘူး။ ယူလည်း ယူမသွား ဖြစ်ဘူး။ အဲဒီလိုဆိုတော့ ဝယ်ထားတာ အလကား ဖြစ်တာပေါ့။ ပိုက်ဆံကုန် တာပဲ အဖတ်တင်တယ်။ အဓိကကတော့ ပစ္စည်းကို ဝယ်တဲ့ အခါမှာ ကိုယ်နဲ့ တကယ်ကို အဆင်ပြေလား၊ ကိုယ်ကရော တကယ် အသုံး လိုတာလား ဆိုတာကို စဉ်းစား သင့်ပါတယ်။ အဲဒါမှ ကိုယ်တကယ် အသုံး လိုတာကို ဝယ်တော့ ပိုက်ဆံလည်း အလဟဿ မဖြစ်တော့ ဘူးပေါ့။ နောက်ပြီး ဘယ်နေရာ သွားသွား ပစ္စည်း ဆန်းလေးတွေက ရှိနေတော့ ဝယ်ဖြစ်ခဲ့မယ် ဆိုရင်တောင် ပြန် မနှမြော နိုင်လောက်တဲ့ အရာ ဖြစ်ဖို့လည်း လိုအပ်တယ်လို့ မိစန္ဒီ ထင်မြင် မိပါတယ်'' ဟုပြောပြခဲ့သည်။ ။

အိအိမြတ်

မြ၀တီ

ဘင်္ဂလားဒေ့ ရှ် - မြန်မာ နယ်စပ် မိုင်တိုင် ၅၁၊ ၅၂ ကြားတွင် RSO နှင့် မြန်မာစစ်ကြောင်း တစ်ခု တိုက်ပွဲ ဖြစ်ပွား RSO တစ်ဦးသေပြီး လက်နက်အချို့ သိမ်းဆည်းရမိ

ဘင်္ဂလားဒေ့ ရှ် - မြန်မာ နယ်စပ် မိုင်တိုင် ၅၁၊ ၅၂ ကြားတွင် RSO အကြမ်းဖက် လက်နက်ကိုင် အဖွဲ့  တစ်ဖွဲ့ နှင့် မြန်မာစစ်ကြောင်း တစ်ခုတို့ မေလ ၂၈ ရက် နံနက် ၉ နာရီခန့် တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီ၊ RSO ဘက်မှ တစ်ဦးသေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်း။


အဆိုပိုင်းနှင့် သရုပ်ဖော်နိုင်စွမ်း ပိုင်နိုင်မှုကြောင့် မေမြတ်နိုး Popularity Award ဆုရရှိ

သီချင်း သီဆိုမှုနှင့် သရုပ်ဖော်နိုင်စွမ်း ပိုင်နိုင်ခြင်းကြောင့် မေမြတ်နိုးသည် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် ကျင်းပသည့် Talent Show တွင် Popularity Award ကို ရရှိခဲ့ကြောင်း သိရသည်။


ဝက်သားစိမ်းမှ ကပ်ပါးသန်

လူတွေမှာ ရောဂါဖြစ်စေတဲ့ ရောဂါပိုးတွေ အနက် ၇၅ ရာခိုင်နှုန်းဟာ တိရစ္ဆာန်တွေကနေ တစ်ဆင့် လူတွေကို ကူးစက်ခံရတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ အဲဒီ တိရစ္ဆာန်တွေကနေ တစ်ဆင့် လူကို ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ကပ်ပါး သန်ကောင်ကြောင့် ဖြစ်တဲ့ ရောဂါတွေလည်း ပါဝင်ပါတယ်။

အဲဒီကပ်ပါး သန်ကောင်တွေ အနက် ဝက်သားကနေ တစ်ဆင့် လူကို ကူးစက်နိုင်တဲ့ ကပ်ပါးသန်ကောင် လေးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ထရစ်ခီနဲလားခေါ် ဝက်သားရဲ့အသားဆဲလ်ထဲမှာ နေတဲ့ သန်လုံးကောင်၊ တေးနီးယားဆိုလီယမ်ခေါ် သန်ပြားကောင်ရဲ့ သားလောင်း၊ ဆာကိုစစ်စတစ်နှင့် တောက်ဇိုပလပ်စမား ကပ်ပါး (ဆဲလ်တစ်လုံး တည်းနှင့် ဖွဲ့စည်းထားတဲ့ ကပ်ပါး)တို့ ဖြစ်ပါတယ်။ ဝက်သားကနေ ကူးစက် နိုင်တယ် ဆိုလို့လည်း ကျွန်မတို့ မြန်မာတွေ တအား ကြောက်စရာတော့ မလိုပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မတို့က အသားတွေကို ကျက်အောင် ချက်စားတဲ့ အလေ့အကျင့် ရှိကြတယ်။ အဲဒီကပ်ပါး သန်ကောင်တွေက ဝက်သားကို မကျက်တကျက် ဒါမှမဟုတ် အစိမ်းစားမှ လူကို ကူးနိုင်တာပါ။ ဒါပေမဲ့ ယနေ့ အချိန်အခါမှာ အသားတွေကို မကျက်တကျက် ပြုလုပ်ထားတဲ့ ဟင်းအမယ်တွေ စားသုံးတဲ့ အလေ့အထတွေ ရှိလာပြီဆိုတော့ အခြေခံ ကျန်းမာရေး အသိနဲ့ သတိထားတာ မမှားပါဘူး။

အဲဒီကပ်ပါးသန်ကောင် လေးမျိုးအနက် ထရစ်ခီနဲလား (Trichinella) သန်လုံးကောင်ရဲ့ သားလောင်းဟာ ဝက်သားရဲ့ အသားမှာ ရှိနေပြီး အခု တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တွေ အရ ဖွံ့ဖြိုးဆဲ နိုင်ငံရှိ ဝက်တွေ

ရဲ့ ၅ဝ ရာခိုင်နှုန်းမှာ ထရစ်ခီနဲလား သန်လုံးကောင် စွဲကပ်ခံနေရပြီး လူပေါင်း ၁၁ သန်းမှာ အဲဒီသန်ကောင် စွဲကပ်ခံရဖို့ ဖြစ်နိုင်ခြေတွေ ရှိနေတယ်လို့ သိရပါတယ်။

၂ဝ၁၂ ခုနှစ်တုန်းက နေပြည်တော် ဧရိယာမှာ ဝက်အကောင် ၉ဝ ရဲ့ သန်ကောင်သားလောင်း အရှိနိုင်ဆုံး နေရာ သုံးနေရာမှာ အသားနမူနာ ၂၇ဝ ကို စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရစ်ခီနဲလား သန်ကောင်သားလောင်း တွေ့ရှိနှုန်းကတော့ ၃ ဒသမ ၃ ရာခိုင်နှုန်းပဲ တွေ့ရှိတာကြောင့် သိပ်တော့ မများဘူးလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဆိုရင် ဝက်တွေမှာ ထရစ်ခီနဲလား သန်ကောင်သားလောင်း တွေ့ရှိနှုန်း ၁၇ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး ထိုင်းနိုင်ငံမှာ ဆိုရင် ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ၁၉၇၂ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အထိ နှစ် ၃ဝ အတွင်း လူမှာ ထရစ်ခီနဲလား သန်ကောင်စွဲကပ်လို့ ရောဂါ အကြီးအကျယ် ဖြစ်ပွားမှု အကြိမ် အရေအတွက် ၅ဝဝရှိခဲ့ပြီး လူပေါင်း ၂၅ဝဝဝ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေ ၂၄ဝ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလည်း အဲဒီနှစ် ၃ဝ အတွင်း လေ့လာမှုတွေ အရ ရောဂါ အကြီးအကျယ် ဖြစ်ပွားမှု အကြိမ် အရေအတွက် ၁၂၂ ကြိမ်တွင် လူပေါင်း

၆၇ဝဝ ဖြစ်ပွား၍ ၉၇ ဦး သေဆုံးခဲ့ပြီး နှစ်စဉ် လူပေါင်း ၂ဝဝ မှ ၆ဝဝ သန်ကောင်စွဲကပ် လူနာတွေ တွေ့ရှိ နေရပါတယ်။

ဝက်တွေမှာ ဘာကြောင့် ဒီသန်ကောင် စွဲကပ်ရသလဲ ဆိုရင် ဒီသန်ကောင်ကို ကြားလက်ခံကောင် (သူတို့မှာတော့ ရောဂါ မဖြစ်ဘဲ သန်ကောင် ရှိနေခြင်း)အဖြစ် ဆောင်ရွက်ပေးတဲ့ တိရစ္ဆာန် တွေကတော့ ကြွက်၊ ကြောင်နဲ့ တောဝက်တွေ ဖြစ်တဲ့အတွက် သူတို့နဲ့ ဝက်တွေတွေ့ပြီး ကိုက်မိ၊ စားမိမယ် ဆိုရင် အဲဒီဝက်ကို ရောဂါ ကူးစက် ခံရနိုင်ပါတယ်။ နောက်တစ်ချက်က သန်ကောင်သားလောင်း ပါတဲ့ အသားစတွေကို ဝက်က စားမိမယ်။ ဝက်ကို ကျွေးမိမယ် ဆိုရင် ကူးစက် ခံရနိုင်ပါတယ်။ ကူးစက်ခံရတဲ့ ဝက်မှာတော့ ဘာရောဂါ လက္ခဏာမှ မပြပါဘူး။ ဒါပေမဲ့ ဝက်ရဲ့ ကြီးထွားနှုန်းက ၁ဝ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်လို့ ဝက်မွေးမြူသူများ အနေနဲ့ သတိပြုရမှာ ဖြစ်ပါတယ်။ သန်ကောင်သားလောင်း ရှိနေနိုင်တဲ့ ဝက်သားရဲ့ အဓိက နေရာတွေကတော့ လျှာ၊ အသည်းကာ (diaphragm) နဲ့ မေးရိုးသားတွေ ဖြစ်ပါတယ်။

ထရစ်ခီနဲလား သန်လုံးကောင် လူမှာ စွဲကပ်ခံရရင် ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ ဒါမှမဟုတ် ဝမ်းချုပ်ခြင်း၊ အန်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အဖျားတက်ခြင်း၊ မျက်နှာ ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ် အနှံ့ ကြွက်သားများ နာကျင်ခြင်း၊ မျက်စိ အမြှေးရောင်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်နိုင်ပြီး စွဲကပ်ခံရတဲ့ သန်ကောင် အရေအတွက် များရင် သေသည်အထိ ဖြစ်နိုင်ပါတယ်။ သေသည်အထိ ဖြစ်ရခြင်းကတော့ သန်ကောင်သားလောင်း က နှလုံးကြွက်သား ထဲကို ဝင်ရောက်လို့ နှလုံးရဲ့ လုပ်ငန်းတွေ ပျက်စီးပြီး သေဆုံးရခြင်း ဖြစ်ပါတယ်။

အဲဒီသန်ကောင်တွေဟာ အသားဆဲလ်ထဲမှာ နေနိုင်တဲ့ အကြီးဆုံးသော သန်ကောင်ဖြစ်ပြီး အဲဒီဆဲလ်ထဲမှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ကာကွယ်ပြီး သား ဖြစ်နေအောင် အိတ်ပုံ သဏ္ဌာန်လေး လုပ် သူ့ကိုယ်သူ ကာကွယ်ကာ ခွေခွေလေး နေပါတယ်။ ဒါကြောင့်မို့ သူက ဝက်သား ဆဲလ်ထဲမှာ နေတယ်။ သူပါတဲ့ အသားကို လူတွေက အစိမ်း ဒါမှမဟုတ် မကျက်တကျက် ချက်ပြီး စားမယ်ဆိုရင် လူရဲ့အူထဲက အစာခြေရည်ထဲမှာ ပါတဲ့ အင်ဇိုင်းနဲ့ အက်စစ်တွေက သန်ကောင်ကို ကာကွယ်ထားတဲ့ အိတ်ကလေးကို ချေဖျက်လိုက်တဲ့ အခါမှာ သန်ကောင်သားလောင်းလေး ထွက်လာပြီး သန်ကောင်ကြီး အဖြစ် ဆက်လက် ကြီးထွားပါတယ်။ နှစ်ရက်၊ သုံးရက်အတွင်း အရွယ်ရောက် သန်ကောင်တွေ ဖြစ်လာပြီး မျိုးပွားပါတယ်။ မျိုးပွားပြီး သန်ကောင်ကြီး ကတော့ သေသွားကာ မွေးလာတဲ့ သန်ကောင်သားလေး တွေဟာ သွေးကြောနဲ့ ပြန်ရည်ကြောတွေက တစ်ဆင့် အသားတွေဆီ သွားပြီး အသားဆဲလ်တွေမှာ နေပါတယ်။ အဲလိုနေပြီး သူတို့ အစားခံရကာ ဆက်လက် ကြီးနိုင်မယ့် အချိန်ထိ အသားဆဲလ်ထဲမှာပဲ နေနေပါတယ်။ သူ့ကို ဝက်အချင်းချင်း ဒါမှမဟုတ် အသားစား သတ္တဝါ တစ်ကောင်ကောင်က အစိမ်း စားမိရင်တော့ အူထဲမှာ အစာခြေရည်နဲ့တွေ့ကာ ဆက်ကြီးပြီး မျိုးပွား သန်ကောင်သားလေးက အသားဆဲလ်ထဲ သွားနေ၍ ဒီလိုနဲ့ သန်ကောင်ရဲ့ ဘဝဖြစ်စဉ်ကြီး ဆက်ဖြစ်ပါတယ်။

အဲဒီသန်ကောင် ရှိနေတဲ့ ကြွက်အချင်းချင်း ကိုက်မိပြီးကူး၊ အဲဒီကြွက်ကို အစုံစား သတ္တဝါဖြစ်တဲ့ ဝက်က စားမိပြီး ကူး၊ အဲဒီ သန်ကောင်ပါတဲ့ ဝက်သားကို လူကအစိမ်း သို့မဟုတ် မကျက်တကျက် စားမိရင်တော့ လူ့ရဲ့ အသားဆဲလ်ထဲမှာ နှစ်လအတွင်း သန်ကောင် သားအိတ်လေးတွေ ဖြစ်ပြီး အထက်မှာ ဖော်ပြထားတဲ့ ရောဂါ လက္ခဏာတွေ ခံစား ရနိုင်ပါတယ်။

ကျွန်မတို့နိုင်ငံက ဝက်မွေးမြူရေးမှာ ခြံဝင်းခတ်၍ အစာကို သေချာစပ်ပြီး ကျွေးတာက အနည်းစုပဲ ရှိပါတယ်။ ဝက်မွေးမြူသူ အများစုကတော့ တစ်ပိုင်တစ်နိုင် အိမ်နောက်ဖေးမှာ မွေးကြတယ်။ အိမ်နီးချင်းတွေ ဆီက ထမင်းရည်နဲ့ မီးဖိုချောင်ထွက် ပစ္စည်းတွေစုပြီး ကျွေးကြတာဆိုတော့ ဝက်သား

စားတဲ့ အိမ်တွေကနေ ဝက်သား ခုတ်ထစ်ပြီး အသားစတွေ ပါလာနိုင်ပါတယ်။ ဒါကြောင့်မို့ ဝက်မွေးမြူသူတွေ အနေနဲ့လည်း ဝက်စာကို ကျိုချက်ပြီး ကျွေးသင့်ပါတယ်။ လူကို ဒီသန်ကောင် စွဲကပ်ခြင်း မခံရစေဖို့ ဝက်သားကို အစိမ်း၊ မကျက်တကျက် မစားဘဲ ကျက်အောင် ချက်စားကြမယ်။ ဝက်မွေးမြူသူတွေကလည်း ဝက်စာကို ကျိုချက်ပြီး ကျွေးမယ်။ ဝက်ခြံ ပတ်ဝန်းကျင်မှာ ကြွက်တွေ မရှိအောင် သန့်ရှင်းရေး သေချာပြုလုပ်မယ်။ အခြားတောရိုင်း တိရစ္ဆာန်တွေနဲ့ မိမိတို့ဝက်တွေ မထိတွေ့အောင် သေချာ မွေးမြူကြမယ်ဆိုရင် ဒီထရစ်ခီနဲလား သန်လုံးကောင် စွဲကပ်ခြင်းက ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ပြည်သူအများ ကျန်းမာရေးအသိ တိုးပွား နိုင်ပါစေလို့ ဆန္ဒပြုလျက်။ ။

မြ၀တီ


ငရဲမီးလောင်ခြင်း ဖြစ်ခဲ့ရင်

 ငရဲမီး (ဆာလ်ဖျူရစ်အက်စစ်) လောင်ရင် လောင်တဲ့နေရာကို ရေများများ လောင်းပြီး ဆေးရမယ်။

ပြီးတဲ့နောက် ရေနွေး တစ်ခွက်ထဲသို့ အဝတ်လျှော် ဆိုဒါနဲ့ မုန့်ဖုတ်ဆော်ဒါ နှစ်ဇွန်းခန့်စီ ထည့်ပြီး ဖျော်ထားတဲ့ ရေနဲ့ ဆေးနိုင်တယ်။ အခြား အပူလောင်ခြင်းများကို ပြုစု ကာကွယ်တဲ့ နည်းများအတိုင်းလည်း ပြုစုနိုင်တယ်။ ဒါပေမဲ့ ငရဲမီး စိုနေတဲ့ အဝတ် အစားများကို ဖယ်ရှားရမယ်။

အဲဒီ အဝတ်များကနေ ပြုစုသူကို အပူမလောင်စေဖို့ သတိထားရမယ်။ အယ်ကာလီ (မဖောက်ထုံး) အပူ လောင်ပါက လောင်တဲ့ နေရာက ထုံးများ၊ ဘေ့စ်များ ခါချပါ။ ရေများများနဲ့ ဆေးကြောရမယ်။ အပူလောင်တဲ့ နေရာကို ရှလပတ်ရည် သို့မဟုတ် ရှောက်ရည် စသည်တို့ကို ရေနွေးနှင့် အတူဖျော်ထားတဲ့ အချဉ်ရည်နဲ့ လောင်းချရမယ်။ အခြားသော အပူလောင်ခြင်းများကို ပြုစုနည်းအတိုင်း ပြုစုရမယ်။ ပြုစုပေးသူ အနေနဲ့ လိုအပ်တဲ့ ကာကွယ်မှုများ ယူပြီး စိုနေတဲ့ အဝတ်များကို ဖယ်ရှားရမယ်။ မျက်စိများကို ဓာတုဗေဒ ဆေးရည်ကြောင့် အပူလောင်ပါက မျက်စိကို ရေသန့်ထဲမှာ ဖွင့်ချည်၊ ပိတ်ချည် လုပ်ရမယ်။ ရေများများနဲ့ မျက်စိပေါ် လောင်းချရမယ်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းတောင့် ထည့်နိုင်တယ်။ ဂွမ်းစခံ၍ ပတ်တီး စည်းပြီး ဆေးရုံ၊ ဆေးခန်း သွားပြသင့် ပါတယ်။ ဓာတုဗေဒ အဆိပ်ငွေ့များနဲ့ အရည်များ တိုက်ရိုက် ထိခိုက်မှု ခံရပါက တတ်နိုင်သမျှ ယင်း စက်ကွင်းမှ အပြင်သို့ ရောက်အောင်၊ ဆေးရုံ၊ ဆေးခန်းသို့ ရောက်အောင် ရွှေ့ပြောင်း ပေးရမယ်။ လူကို သေစေတဲ့ ဓာတ်ငွေ့များ ရှိနိုင်သလို၊ လောင်ကျွမ်း စိမ့်ဝင် ဒုက္ခရောက်စေတဲ့ ဆေးရည်များ ရှိနိုင်တယ်။ အကောင်းဆုံး နည်းက ထိခိုက်ခံရတဲ့ နေရာက မျက်နှာဖုံးစွပ် အကူအညီယူပြီး လူနာကို သွားရောက် ပွေ့ချီ ကယ်ဆယ်ရမယ်။ စက်ကွင်းမှ လွတ်ရာ အနီးဆုံး ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရမယ်။ ပေါက်ကွဲစေတဲ့၊ လောင်ကျွမ်းစေတဲ့ ဓာတုပစ္စည်းမှန်း သိရှိပါက လူနာကို တစ်ခါတည်း ပြောပြရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေးပေးရမယ်။ ခန္ဓာကိုယ်တွင်းမှာ အကြွင်းအကျန် မရှိရအောင် ရေသန့်နဲ့ လောင်းချ ဆေးကြောခြင်း လုပ်သင့်တယ်။ ဆေးရုံရောက်လို့ အသက်ရှူ မွန်းကျပ် နေသူဖြစ်ပါက အောက်ဆီဂျင် ပေးဖို့ ပြောရမယ်။ သွေးလန့်မှု ရှိရင် တစ်ခဏချင်း ကုသမှု ခံယူရမယ်။ အရေပြား၊ အင်္ဂါများ ထိခိုက်မှု ရှိ၊ မရှိ သေသေချာချာ စစ်ဆေး၍ လူနာကို ဆရာဝန်ထံမှာ အပ်ပေးရမယ်။ လူနာရဲ့ ဆွေမျိုးများကို အသိပေးရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေး ပေးရသလို များပြားစွာသော လူနာများထဲမှ အရေးပေါ်၊ အရေးကြီး၊ သာမန်၊ အသင့်အတင့်၊ စိုးရိမ်စရာမလို လူနာများ ခွဲခြားကာ တတ်နိုင် သလောက် လူနာ သေဆုံးမှု မရှိစေရေး တတ်ကျွမ်း သလောက် လုပ်ဆောင် ပေးရမယ်။ မိမိနဲ့ ကူညီသူများ ဟာ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ထားရသလို လူနာကိုလည်း လိုအပ်ပါက တပ်ဆင် ပေးသင့်တယ်။ ဓာတု ဆေးဝါးကြောင့် အပူလောင်ခြင်းဟာ သေဆုံးတဲ့အထိ၊ တစ်ဘဝလုံး ချို့ယွင်းတဲ့အထိ ဖြစ်နိုင်လို့ တတ်ကျွမ်းတဲ့ ပညာရှင်များ ထံ အချိန်မီ ရောက်ရှိဖို့ လိုတယ်။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)

မြ၀တီ


ပုရိသတွေ အကြိုက်တွေ့ခဲ့တဲ့ ဟော်လန်က ကမ္ဘာ့ဖလားပြိုင်ပွဲ

ဟော်လန်၊ မေ ၂၈

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကြိုဆိုတဲ့အနေနဲ့ ဟော်လန်နိုင်ငံမှာ ဘောလုံး ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ပရိသတ်တွေလည်း တော်တော်စိတ်ဝင်စားခဲ့ပါတယ်။ အထူးသဖြင့် ပုရိသပရိသတ်တွေက ပိုပြီးစိတ်ဝင် စားခဲ့ကြပါတယ်။

တစ်သင်းမှာ လေးဦးစီပါဝင်ပြီး လှပတဲ့အမျိုးသမီးငယ်တွေက အတွင်းခံသာ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားအကြို ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကံအကောင်းဆုံးဖြစ်ခဲ့သူကတော့ ဟော်လန်ကစားသမားဟောင်းဗန်ဒါမေဒီပါ။ ဗန်ဒါမေဒီက ဒိုင်လူကြီး အဖြစ်ဆောင်ရွက်ပြီး ပြိုင်ပွဲဝင်တွေနဲ့ စကားတွေပြော ဓာတ်ပုံတွေရိုက်နဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေခဲ့လို့ အားကျစရာတောင် ဖြစ်ခဲ့ရပါတယ်။

ဒီပြိုင်ပွဲကို ဘရာဇီး၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနဲ့ရုရှတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသမီးငယ်တွေက သူတို့ရဲ့ နိုင်ငံအလံအရောင်အတွင်းခံတွေကို ၀တ်ဆင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ ဟော်လန်အသင်းက ဘရာဇီးကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
ဗန်ပါစီဦးဆောင်တဲ့ ဟော်လန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်လိုလာမလဲဆိုတာကိုတော့

ရည်ညွှန်း ဒေးလီးမေးလ်
Ref: dailymail

အောင်ငြိမ်းသွေး
Mizzima - News in Burmese




အရုပ်ဟု တံဆိပ်ကပ်ထားပြီး နိုင်ငံဖြတ်သန်း ချောပို့ဖြင့် ပြန်ရောက်လာသော သေတ္တာအတွင်းမှ ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်း

တိုကျို- ဂျပန်ရဲတပ်ဖွဲ့ စုံထောက်များသည် နိုင်ငံကိုဖြတ်သန်းပြီး ချောပို့စနစ်ဖြင့် ပြန်လည်ရောက်ရှိလာသော ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ရီကာအိုကာဒါ (၂၉) နှစ်၏ ရုပ်အလောင်းကို ‘‘အရုပ်’’ ဟု တံဆိပ်ကပ်ထားသည့် နှစ်မီတာအရှည်ရှိသော သော့ခတ်ထားသည့် သေတ္တာတစ်လုံးဖြင့် စာတိုက်မှပေးပို့လိုက်သည်ကို တိုကျိုအနောက်ဘက်ရှိ ၎င်းနေထိုင်ရာ ဟာချီအိုဂျီစီးတီးတွင် ရဲက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အိုကာဒါသည် ပြီးခဲ့သည့် မတ်လကပင် ပျောက်ဆုံးနေခဲ့ပြီး ၎င်း၏ အလောင်းထည့်ထားသော သေတ္တာအတွက် အမြန်ချောပို့ခငွေပေးချေမှုကို ၎င်း၏ ခရက်ဒစ်ကတ်ဖြင့်ပင် ပေးချေထားကြောင်း တွေ့ရသည်ဟု ဆိုသည်။

အိုကာဒါမပျောက်ဆုံးမီ အချိန်က သူ၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူငယ်ချင်းတစ်ဦးနှင့် သွားတွေ့ရန်ရှိသည်ဟု ရေးသားထားခဲ့သည်ကို သိရသည်။

ရဲတပ်ဖွဲ့စုံစမ်းရေးသမားများသည် နေအိမ်သို့ ပြန်ရောက်လာသော ၎င်း၏ အလောင်းကို စစ်ဆေးရာတွင် ဓားဒဏ်ရာများစွာ တွေ့ရပြီး လက်များတွင်မူ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရာမှဖြစ်သော ဒဏ်ရာဒဏ်ချက်များ မတွေ့ရဟုဆိုသည်။

အိုဆာကာ ရဲတပ်ဖွဲ့ကလည်း အိုကာဒါ၏ ပတ်စ်ပို့ကို အသုံးပြုကာ တရုတ်အမျိုးသမီးတစ်ဦးနှင့်အတူ ရှန်ဟိုင်းသို့ ဦးတည်ထွက်ခွာသွားသော အမျိုးသမီးတစ်ဦးရှိခဲ့ကြောင်း သတင်းများက ဖော်ပြနေမှုကို အတည်ပြုရန် ငြင်းဆန်ထားသည်။

—Ref: BBC

7DAY DAILY


ကမ္ဘာ့ဖလားမှာ ဘရာဇီး အထိသွားပြီး အင်္ဂလန်ကို အားပေးမယ့် နန်းသူဇာ

ADMA Media က စီစဉ်ရိုက် ကူးထုတ် လွှင့်လျက်ရှိတဲ့ Let’s Go ခရီးသွား ပရိုဂရမ် နဲ့အတူ တေးသံရှင် နန်းသူဇာက ဘရာဇီးနိုင်ငံ ကို ဇွန်လ ဒုတိယ အပတ်မှာ ထွက် ခွာ မှာဖြစ်ပါ တယ်။ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer၊ နန်းမြတ် ဖြိုးသင်း တို့နဲ့ အတူ သွားမယ့် ခရီးစဉ် နဲ့ ပတ်သက် ပြီး နန်းသူဇာက

“ဟိုမှာ တော့ အင်္ဂလန်ပွဲ လည်း ကြည့်ဖြစ်မယ် ဆိုတော့ အင်္ဂလန်ကို အားပေး မယ်။ ဘရာဇီးကို သွားချင်တာက တော့ ရုပ်ရှင်တွေ ထဲမှာ ကြည့်ပြီး သွားချင် တာတော်တော် ကြာပြီ။ ဟိုမှာ ဒီက Tour နဲ့သွားမယ်။ ရိုက် ကူးသမျှ မြို့တိုင်းပေါ့။ အဲဒီက Carnival ပွဲတော်ကို လည်း အရမ်း သွားချင်တယ်။ အခုသွားမယ့် အချိန် နဲ့ တိုက်မယ် လို့တော့ ပြော တယ်။ အဲဒီကိုလည်း သွားဖြစ်မှာပါ” လို့ နန်း သူဇာက ပြောပါတယ်။

နန်းသူဇာ တို့အနေဖြင့် Let’s Go ပရိုဂရမ်တွင် ပါဝင်ရိုက်ကူး တင် ဆက်ခဲ့ သည် မှာ ၅လ ကျော်ပြီ ဖြစ်ပြီး မြန်မာပြည်တွင်း ရှိ ငပလီ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပားဘက် များတွင် လည်း ပြည်တွင်း အလှအပ များကို ရိုက်ကူး တင်ဆက်ပြ သ ပေးခဲ့ပြီး ဖြစ်ပြီး အဆိုပါ အစီအစဉ် များကို မြဝတီ ရုပ်သံမှ ထုတ်လွှင့်လျက် ရှိကြောင်း သိရပါတယ်။ နန်းသူဇာ က ဇွန် ၃ ရက်မှာ ပြုလုပ်မယ့် Hip Hop Beach Party မှာလည်း ပါဝင်တက် ဆက်ဖို့ ရှိနေပြီး နန်းမြတ်ဖြိုးသင်း နဲ့ အတူ ထွက်ရှိထားတဲ့ Friend တေး စီးရီးရဲ့ MTV ကိုလည်း ရိုက်ကူးလျက် ရှိတယ်လို့ သိရ ပါတယ်။

“ဟိုကိုသွားမယ့်ရက်က အစက တည်းက ကြိုသိထားတော့ အဲဒီရက် မှာ အလုပ်တွေတော့ ရှောင်ထားတာ ပေါ့။ နန်းသူ ဇာ တို့ MTV ကလည်း အ ခုရိုက် လက်စ ပါ။ ဘရာဇီး က ပြန်လာ ပြီး ၈လပိုင်း လောက် မှာ တော့ MTV ထွက် နိုင်ဖို့အတွက် ကြိုးစားနေပါ တယ်” လို့လည်း နန်း သူဇာက ပြောပြ ခဲ့ပါတယ်။

ရဲရဲ

Popular Journal

အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ

  အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။

(၁) အရေပြားနီမြန်းခြင်း

အရင်က အရေပြားယားယံနီမြန်း တာမျိုး ဖြစ်ဖူးရင် သက်သောင့်သက်သာ မဖြစ်တာကို သိနားလည်ပါလိမ့်မယ်။ ကံ ကောင်းတဲ့အချက်က အရေပြားနီမြန်း ယားယံနေရင် ဟိုက်ဒရိုကော်တီဇုန်းခ ရင်မ် (Hydrocortisone Cream) ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီခရင်မ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး အရေပြား နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ် တာနဲ့ ရောင်ရမ်းတာတွေကို သက်သာ စေနိုင်ပါတယ်။

(၂) အဆိပ်သင့်ခြင်း

အဆိပ်ရှိတဲ့ အရာတိုင်းကို ဦးခေါင်း ခွံအား ကြက်ခြေခတ်ပြီး ဖော်ပြထားလေ့ မရှိပါဘူး။ ဒါကြောင့် မတော်တဆအဆိပ် သင့်မှုဖြစ်ခဲ့ပြီဆိုရင် Ipecac Syrup ကို ဆောင်ထားပါ။ အန်အောင် လှုံ့ဆော်ပေး နိုင်တာကြောင့် အဆိပ်တွေ ထွက်သွား နိုင်ပါတယ်။

(၃) အင်းဆက်ကိုက်ခြင်း

အင်းဆက်တွေက ပူတဲ့ အချိန်တွေ မှာ ပိုပေါတတ်ပါတယ်။ အင်းဆက်အ ကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။ အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲ ဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု လျော့ ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill) ကို သောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်း ဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲ တင်း ကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရ တတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြ သင့်ပါတယ်။

(၄) ဝမ်းပျက်ဝမ်းလျှောခြင်း

လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင် ပါတယ်။ ဝမ်းပိတ်ဆေးတွေ ရှိပေမယ့် အလွန်ပြင်းထန်တဲ့ ဝမ်းလျှောတဲ့အခြေ အနေမှသာ သုံးသင့်ပါတယ်။ ဝမ်းလျှော နေရင် ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ် ဆားတွေ ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဓာတ်ဆားရည်ကို သောက်ပေးပါ။

(၅) သွားကိုက်ခြင်း

သွားကိုက်နေရင် လေးညှင်းဆီကို ကိုက်တဲ့ သွားနေရာပေါ် သုတ်လိမ်းပေး ပါက ကိုက်ခဲနာကျင်မှု သက်သာစေနိုင် ပါတယ်။ ဂွမ်းစကို လေးညှင်းဆီထဲဆွတ် ပြီး နာကျင်တဲ့ သွားနေရာပေါ် တင်ပေး ပါ။ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးတာ ကလည်း ရောင်ရမ်းနာကျင်မှုကို လျော့ ပါးစေနိုင်ပါတယ်။

(၆) အရေပြားစုတ်ပြဲခြင်း

အရေပြားစုတ်ပြဲဒဏ်ရာက နာ ကျင်မှုကို မဖြစ်စေနိုင်ပေမယ့် ကူးစက်ပိုး ဝင်တာနဲ့ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါ တယ်။ အရေပြားထဲ အမှိုက်တွေရှိ၊ မရှိ အရင်စစ်ဆေးကြည့်ရှူပြီး ဖယ်ရှားပါ။ ပြီး ရင် ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပေး ပါ။

(၇) လျှပ်စစ်ရှော့ခ်ရခြင်း

လျှပ်စစ်ရှော့ခ်ရတာကြောင့် အရေ ပြားမီးလောင်ကာ အရေးပေါ် ဆေးကုသ ဖို့ လိုအပ်နေနိုင်ပါတယ်။ ဆေးရုံ၊ ဆေး ခန်းမရောက်ခင်မှာ လုပ်သင့်တဲ့ အရေး ပေါ်ကုထုံးက မီးလောင်ဒဏ်ရာပေါ်မှာ ရေအေးလောင်းချတာ၊ ပဋိဇီဝပိုးသတ် ဆေးလိမ်းဆေးလိမ်းပေးတာတွေကို ပြု လုပ်ပေးပါ။

(၈) နေလောင်ခြင်း

နေလောင်တာကြောင့် အရေပြား နာကျင်နီမြန်းမှု ခံစားရရင် ရေအေးဝတ် ဖိပေးတာ၊ နို့အေးသုတ်လိမ်းပေးတာတွေ ကို ပြုလုပ်ပေးပါ။ တစ်နေ့မှာ သုံးကြိမ်လေး ကြိမ်လောက် မိနစ် ၂၀ ခြားပြီး လုပ် ပေးနိုင်ပါတယ်။ ရောင်ရမ်းနီမြန်းမှု သက် သာစေဖို့ (အရွယ်ရောက်သူဖြစ်ရင်) အက်စ်ပရင်ဆေးကို သောက်ပေးနိုင်ပါ တယ်။

(၉) အဆစ်လွဲခြင်း

လက်ကို ချိုးလိမ်တာ၊ ဆွဲလိုက်တာ၊ မတော်တဆထိခိုက်မိတာနဲ့ အဆစ်လွဲ တာတွေ ဖြစ်ရင် နာကျင်ရတတ်ပါတယ်။ အဲဒီအခါ နာကျင်မှု သက်သာအောင် ရေခဲဝတ်ကပ်ပေးပြီး အကိုက်အခဲပျောက် ဆေးနဲ့ ရောင်ရမ်းမှုတားဆေးတွေကို မှီ ဝဲသင့်ပါတယ်။ အဆစ်နာမှုအများစုအ တွက် PRINCE ဆိုတဲ့ စကားလုံးကို မှတ်ထားသင့်ပါတယ်။ ဖြစ်တဲ့နေရာကို မထိခိုက်အောင် ကာကွယ်ပါ (Protect) အနားယူပါ (Rest)၊ ရေခဲကပ်ပါ (Ice)၊ ကိုက်ခဲရောင်ရမ်းမှုကျဆေး သောက်ပါ (NSAIDs)၊ ဖိထားပါ (Compress)၊ မြှင့်ထားပါ (Elevate)ဆိုတဲ့နည်းတွေ ကိုလိုက်နာရင် အမြန်အနာကျက်စေနိုင် ပါတယ်။

 By Good Health

မုံရွာမြို့ သီဟရာဇာမြတ်စွာဘုရား ရုပ်ပွားတော်မျက် လုံးတော်တစ်ဖက်ပွင့် လာရောက်ဖူးမြော်သူများပြား

မုံရွာ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီ စာသင်တိုက်ဝင်းအတွင်းရှိ သီဟရာဇာမြတ်စွာဘုရားရုပ်ပွားတော်၏ ယာဘက်မျက်စိတစ်ဖက်ပွင့်သဖြင့် အဆိုပါဘုရားသို့ ပြည်သူများမှ လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

'' ဒီစေတီတော်မြတ်ကြီးကို ရပ်ကွက်နေပြည်သူများ စုပေါင်း အလှူခံပြီးတည်ထားခဲ့တာပါ။ ဒေါ်ပိုင်မိသားစုက သီဟရာဇာ မြတ်စွာဘုရားရုပ်ပွားတော်ကို မန္တလေးမြို့ ကျောက်ဆစ်တန်းကနေ မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ်မှာ ပင့်ဆောင်ပူဇော်ခဲ့တာပါ။ စေတီရဲ့ အမည်နာမကိုတော့လယ်တီစာသင်တိုက်ဝင်းအတွင်းမှာ ရှိတာရယ်၊ လယ်တီဆရာတော်ဘုရားနေ့နံကိုယူပြီး သီဟရာဇာဘုရားလို့ပေးခဲ့ တယ်။ မျက်စိတော်ဖွင့်တာကိုလဲ ယခုလ ၁၇ ရက် (ကဆုန်လပြည့် နေ့)မှာစသိတာ၊ တစ်ယောက်စကား၊ တစ်ယောက်နားနဲ့အသိများ လာပြီး လာကြည့်တဲ့သူတွေများလာတာပါ''ဟု အဆိုပါ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရှင်းပြသည်။

အဆိုပါသီဟရာဇာမြတ်စွာဘုရားကိန်းဝပ်သည့်စေတီတော်ကြီးကို ဦးဖိုးတုတ်၊ ဦးတင်၊ ဦးဘမောင်နှင့် ဦးမောင်ခင်တို့ လေးဦးက ကမကထလုပ်ပြီး ၂၃.၅.၁၉၅ဝ ရက်တွင် စတင်တည်ခဲ့ပြီး နောက်ဆုံးပြုပြင်ခြင်းကို ၂၃.၈.၁၉၉၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း၊ ယခုလ ၁၇ ရက် (ကဆုန်လပြည့်နေ့)တွင် သီဟရာဇာဘုရားရုပ်ပွား တော်သို့ဆက်ကပ်ထားသော သင်္ကန်းတော်ပြုတ်ကျရာမှ သတိပြုမိပြီး သိရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မင်းဆက်နိုင်(မုံရွာ)
The Union Daily

အိန္ဒိယတွင် စည်းစိမ်ဥစ္စာ ပြည့်စုံစွာ ထားပေးနိုင်စွမ်း မရှိသော ခင်ပွန်း ဖြစ်သူကို ဇနီးဖြစ်သူက မီးရှို့သတ်

ဘီဟိုင်း မေ ၂၆

အိန္ဒိယနိုင်ငံ Madhavganj ခရိုင်မှ ချာမီလီ အမည်ရှိ အမျိုးသမီး တစ်ဦးသည် သူမကို စည်းစိမ်ဥစ္စာ ပြည့်စုံစွာ မထားနိုင်သော သူမ၏ ခင်ပွန်းဖြစ်သူကို နေအိမ်၌ မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုသည် မေ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ချာမီလီသည် သူမ၏ ခင်ပွန်းဖြစ်သူ ရာသော့ဒ် အိပ်ပျော်နေစဉ် ရာသော့ဒ်၏ ခြေလက်များကို ခုတင်တိုင်၌ ချည်နှောင်ခဲ့ပြီး ရေနံဆီလောင်း၍ မီးရှို့သတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ချာမီလီသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားခဲ့ပြီး ရာသော့ဒ်ကို အိမ်နီးချင်းများက လာရောက် အကူအညီ ပေးကြသော်လည်း ၎င်းမှာမီးလောင် ဒဏ်ရာများနှင့် သေဆုံး သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ချာမီလီကို ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့သော်လည်း ယင်းအမှုတွင် ပါဝင်ခြင်း မရှိကြောင်း သူမက ငြင်းဆိုခဲ့သည်ဟု သိရသည်။

၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးတွင် သားသမီး နှစ်ဦးရှိပြီး ချာမီလီသည် စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် နေလိုသည့် ဆန္ဒရှိခဲ့ကြောင်း၊ သို့သော်လည်း ရာသော့ဒ်သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမား တစ်ဦး ဖြစ်သောကြောင့် ဇနီးဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သည်။

မြ၀တီ

မီးရထား လမ်းကူးအား ဖြတ်ကူးသည့် သုံးဘီးဆိုင်ကယ်ကို ရထားတိုက်၍ ၁ ဦးသေ

နေပြည်တော်၊ မေ ၂၇

၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကန်သာကျေးရွာအနီး နေပြည်တော်-မြို့သစ်-ကျောက်ပန်းတောင်းမီးရထားလမ်း၊ မိုင်တိုင် အမှတ်(၃၀၈/၃-၄)ကြား ကန်သာကျေးရွာအ၀င်လမ်း၊ မီးရထားလမ်းကူးတွင် သုံးဘီးဆိုင်ကယ်(၁)စီးအား မီးရထားဖြင့် တိုက်မိကြောင်းသတင်းအရ မြို့သစ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ တောင်တွင်းကြီး-နတ်မောက်ကားလမ်းဘက်မှ ကန်သာလေးရွာ ဘက်သို့ နေပြည်တော်၊ ဥတ္တရသီရိမြို့၊ ရွှေနံသာရပ်ကွက်နေ ခိုင်ဇော်ဦး(၂၂)နှစ် မောင်းနှင်ပြီး မြို့သစ်မြို့၊ ကန်သာလေးကျေးရွာနေ မျိုးသန့်ထွန်း(၂၂)နှစ် လိုက်ပါလာသည့် ၄ဟ/xxxx သုံးဘီးဆိုင်ကယ်သည် မီးရထားလမ်းကူးအား ဖြတ်ကူးစဉ် ကျောက်ပန်းတောင်းဘက်မှလာသည့် အမှတ် ၁၀၂ အစုံ၊ ချောက်-နေပြည်တော် စာပို့ရထားဖြင့်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် မျိုးသန့်ထွန်းမှာ သုံးဘီးဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ရထားကြိတ်မိသဖြင့် ဦးခေါင်းကြေ၊ ဦးနှောက်ထွက်၊ ယာလက်ပြတ်၊ ယာပေါင်နှင့် ခြေသလုံးကျိုးကြေဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ခိုင်ဇော်ဦးအား မြို့သစ်မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ယခင် စကားများရန်ဖြစ်ဖူးသူက ကတ်ကြေးဖြင့်ထိုး၍သေဆုံး

နေပြည်တော်၊ မေ ၂၇

၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်နေ ဦးကျော်တင်မိုးသည် နတ်မောက်-မကွေးကားလမ်းဘေး၊ တမာပင်ဘုန်းကြီးကျောင်း ၀င်ပေါက်၊ ကျော်လင်း ကွမ်းယာဆိုင်ရှေ့တွင် သားဖြစ်သူ စည်ဟိန်မိုး(၂၁)နှစ်သည် ဒဏ်ရာများရရှိကာ နတ်မောက်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရ၍ လိုက်သွားရာ စည်ဟိန်မိုးတွင် ၀ဲရင်အုံ အထက်/အောက်ထိုးသွင်းဒဏ်ရာ၊ နောက်ကျောဝဲခြမ်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ ထိုသို့တွေ့ရ၍မေးမြန်းရာ နတ်မောက်မှ မကွေးသို့ ဆိုင်ကယ်စီးလာသော စည်ဟိန်မိုးအား ယခင်အရက်အတူသောက်ရာက စကားများရန်ဖြစ်ဖူးသူ တစ်ရပ်ကွက်တည်းနေ ကိုဇော်(ခ)ဇော်မင်းဦး (၃၀)နှစ်မှ ကျော်လင်း ကွမ်းယာဆိုင်ရှေ့တွင် ကတ်ကြေးဖြင့်ထိုးခဲ့ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းရာ ကိုဇော်(ခ)ဇော်မင်းဦးအား နတ်မောက်မြို့မရဲစခန်း (ပ)၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ရေခဲစက်ရှိ အမိုးနီးယားဓါတ်ငွေ့အိုး ယိုစိမ့်ကာ ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ မေ ၂၇

၂၇.၅.၂၀၁၄ရက်နေ့ ၀၀၂၅အချိန်ခန့်တွင် လှိုင်မြို့နယ်၊(၇)ရပ်ကွက်ရှိ “လင်း” ရေခဲစက်တွင် အသုံးပြု သော အမိုးနီးယားဓါတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါရေခဲစက်တွင်အပိုထားရှိသော အမိုးနီးယား ဓါတ်ငွေ့အိုးမှ ဓါတ်ငွေ့များယိုစိမ့်ကာ ပေါက်ပွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် စက်ရုံခေါင်မိုးသွပ်ပွင့်ထွက်သွား ခဲ့ကြောင်း တွေ့ရှိရပါသည်။

အဆိုပါဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် ရေခဲစက်အလုပ်သမားဖြစ်သူ ဦးကြည်ဝင်း(၄၅)နှစ်၊ ဒေါ်အေးပိုင်၊ (၄၀)နှစ်၊ မောင်ပြည့်ဖြိုးမောင်၊ (၆)နှစ်၊ မောင်ဘိုဘိုအောင်၊ (၄)နှစ်နှင့် ရေခဲစက်အလုပ်သမား နိုင်လင်းအောင်၊ (၂၄)နှစ်တို့မှာ ဓါတ်ငွေ့များရှုရှိုက်မိကာ အသက်ရှု မွန်းကြပ်၍ မူးမေ့သွားခဲ့ပြီး နိုင်လင်းအောင်တွင် မျက်နှာနှင့်ခါးတို့၌ ညိုမဲဒဏ်ရာများရရှိခဲ့ပါသည်။ ၎င်းတို့အား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရာ ဦးကြည်ဝင်းမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် လည်းကောင်း၊ ကျန်(၄)ဦးမှာ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် လည်းကောင်း ကုသမှုခံယူလျက်ရှိပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ရေခဲစက်တာဝန်ခံ ဦးအုန်းဌေး၊ (၅၃)နှစ်၊ (ဘ)ဦးသိန်းစံအား လှိုင်မြို့မ ရဲစခန်း(ပ)၂၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

ရွှေဂုံတိုင်ဂုံးကျော် တံတားအနီး၌ ယာဉ်(၅)စီးဆင့်ကဲ တိုက်မှုဖြစ်

ရန်ကုန်၊ မေ ၂၇

၂၇.၅.၂၀၁၄ရက်နေ့ ၀၉၅၀အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း ဦးထောင်ဘိုအ၀ိုင်းဘက်မှ ရွှေဂုံတိုင်ဘက်သို့ ယာဉ်မောင်း ဇေယျာလင်း (၃၄)နှစ်၊ စမ်းချောင်းမြို့နယ်နေသူ မောင်းနှင် လာသော ၈ည/---- စူပါကာစတန်ကိုယ်ပိုင်ယာဉ်သည် ဇိဝိတဒါန သံဃာ့ဆေးရုံရှေ့အရောက် မီးပွိုင့်မိ၍ရပ်ထားသော 9A---စူပါရုဗင် ကိုယ်ပိုင်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်ဘက်မှ ၀င်တိုက်မိခဲ့ ပါသည်။

ထိုသို့တိုက်မိသည့်အရှိန်ကြောင့် 9A---- ယာဉ်မှာ ၎င်း၏ရှေ့တွင်ရပ် နေသာ DD--- Probox Success အငှားယာဉ်အား လည်းကောင်း၊ DD---- ယာဉ်မှ ၄စ/---Probox အငှားယာဉ်အား လည်းကောင်း၊ ၄စ/---- ယာဉ်မှ CC---- ကယ်ဒီနာအငှားယာဉ်အားလည်းကောင်း အဆင့်ဆင့် တိုက်မိခဲ့သဖြင့် ယာဉ်(၅)စီးပျက်စီးခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇေယျာလင်းအား ဗဟန်းမြို့မ ရဲစခန်း ယာဉ်(ပ)၅၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ကျောင်းဖွင့်ချိန်အတွက် ရင်ခုန်နေတဲ့ ယွန်းယွန်း

အနုပညာလောကမှာ ကလေးသရုပ်ဆောင် တစ်ယောက် အနေနဲ့ အကယ်ဒမီ ထူးချွန်ဆုကို ”တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ဇာတ်ကားနဲ့ ရရှိထားတဲ့ ယွန်းယွန်းက အခုကျောင်း ဖွင့်ရာသီချိန်မှာတော့ ၉ တန်းကိုတက်ရောက် မှာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက တက်ရောက်ခဲ့တဲ့ ဗိုလ်တထောင် (၃)မှာပဲတက်မှာဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်ကိုသာ မန်ကျောင်းသူ တစ်ယောက်လိုပဲ ပျော်ရွှင်မိသလို ဒီနှစ်ကိုတော့ ပိုရင်ခုန်မိတယ်လို့
ပြောပြတဲ့ ယွန်းယွန်းက..

” အခု ညီမကျောင်းပြန်တက်ရမှာ သူငယ်ချင်းတွေနဲ့တွေ့ ရမှာဆိုတော့ ပျော်တယ်။ အဲဒီထက်ပိုတာကတော့ အခုတက်ရင် ၉ တန်းတက်ရမှာဆိုတော့ ပထမဆုံးအနေနဲ့ အ ထက်တန်းကျောင်းသူအနေနဲ့ တက်ရမှာ။ အဲဒီအတွက် ပိုပြီးရင်ခုန်ပြီးပျော်ပါတယ်။ ကျောင်းတက်တော့ ဘယ်ကလေးမဆိုအသစ်ရရင် ပျော်တာပဲလေ။ ပစ္စည်းအ သစ်ေ လးတွေရဖို့ရှော့ပင်ထွက်ရရင်ပျော်တာပေါ့။ကျောင်းမတက်ခင်တော့ ဖတ်စာအုပ်တွေဝယ်ပြီးတော့ မီးနင်းလေးတွေ ကျက်ဖြစ်တယ်။ ကျူရှင်ကတော့ ကျောင်းဖွင့်မှ ပဲ တက်ဖြစ်မှာပါ။ သမီးကတော့ ဘာဖြစ်ရမယ်လို့ မှန်းထားတာမရှိပါဘူး။ ၁ဝ တန်းတက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်လာရင် ဂုဏ်ထူးတွေအများကြီးနဲ့ အောင်အောင် ကြိုး စားမှာပါ။ သမီးက သာမန်ပျော်ရွှင်တတ်တဲ့၊ ဝမ်းနည်းတတ်တဲ့၊ စိတ်လှုပ်ရှားခံစားတတ်တဲ့ သာမန်ကျောင်းသူလေးတစ် ယောက်ပါပဲ” လို့ ပြောပြပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေကို သာမန်ရိုက်ကူးနေကျပုံစံမျိုးဆို မရိုက်ဖြစ်တော့ဘဲ လျှော့သွားတော့မယ်လို့လည်း ပြောပါတယ်။ ပညာရေးအတွက် ၉တန်းရောက် လာပြီဖြစ် တာကြောင့် ပိုဂရုစိုက်ဖြစ်တယ်လို့ပြောပြတာကြောင့် ” အခုလောလော ဆယ်တော့ ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်တွေပဲ အဓိက ထားပြီးတော့
လုပ်ဖြစ် တယ်။ ဗီဒီယိုဇာတ် လမ်းနဲ့ ဇာတ်လမ်းတွဲကတော့ အရင်ကလောက် လက်မခံဖြစ်တော့ဘူး။

အနုပညာလှုပ်ရှားမှုတွေ အရင်ကထက်တော့ လျော့သွားမှာပေါ့။
၉ တန်းဆိုတော့ ပိုပြီးတော့ ဂရု စိုက်သင့်တယ်လို့ထင်လို့ပါ။ ကျောင်း
ပျက်ရက် သိပ်မများချင်တော့လို့ ပေါ့နော်။ သမီးကလေး သရုပ်ဆောင်အနေနဲ့ အမှတ်တရ ရိုက်ဖြစ်ချင်လောက်အောင် ဖြစ်စေမယ့် ဇာတ်လမ်းမျိုးဆို ရိုက်မှာပါ။ ပုံမှန်သရုပ်ဆောင်နေကျ ဇာတ်ရုပ်မျိုးဆို ရင်တော့ မရိုက်ဖြစ်တော့ ဘူးပေါ့။ ကြော်ငြာ၊ ဓာတ်ပုံလေးတွေပဲ ဦးစားပေးပြီး ရိုက်ဖြစ်နေပါတယ်။ ၁ဝ တန်းရောက်ရင်တော့ အနုပညာအလုပ်တွေကို နားလိုက်မှာပါ။ သမီးကို ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေကြည့်လို့ဝနေပြီထင်ပါတယ်။

သမီးကလေး သရုပ်ေ ဆာင်ဖြစ်တဲ့အချိန်မှာ မိန်းကလေးပြိုင်ဘက်
ရှားတယ်လေ။ အဲဒီတော့ သမီးချည်းပဲရိုက်နေရတော့ နည်း နည်းတောင် မျက်စိနောက်နေပြီ လားမသိဘူးပေါ့နော်။ သမီး အခု အချိန်မှာ လျှော့ပြီး ရိုက်တယ်။ ရပ်လိုက်တယ်ဆိုရင်လည်း ကျေနပ်မယ် ထင်ပါတယ်။ ၁ဝ တန်းပြီးရင်တော့ ကလေးသရုပ်ဆောင်အနေနဲ့တော့ မရိုက်ဖြစ်တော့ဘူးပေါ့။ အဲဒါတော့ သေချာတယ်။ ဒါပေမဲ့ မင်းသမီး အနေနဲ့ ပြန်ရိုက်ဖြစ်၊ မရိုက်ဖြစ်ဆိုတာတော့ မျှော်လင့်ထားရုံပဲ ရှိပါသေးတယ်။ ဘာမှကြိုတင်ပြီးတော့ အစီအစဉ် တကျကြီး လုပ် ထားတာ မရှိသေးပါဘူး” လို့ ပြော ပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

" နာရေးကူညီမှုအသင်းရဲ့ဂုဏ်ထူးဆောင်အသင်းသား ဖြစ်လာနိုင်တဲ့ သင်ဇာဝင့်ကျော် "


ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် မေလ ၂၂ ရက်နေ့က နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ လုပ်အားဒါန ပေးဆပ်မှုပြုခဲ့ကြောင်း သိရသည်။ ၄င်းသည် အဆိုပါနေ့ က ဒဂုံမြို့သစ် အရှေ့ပိုင်းနေ ကွယ်လွန်သူ ဦးမြမန်း အသက် (၈၇)နှစ် ၏ ဈာပနလမ်းကြောင်းကို ကူညီဖေးမ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု ဈာပန လမ်းကြောင်း များသို့ သင်ဇာဝင့်ကျော်၏ လိုက်ပါပေးဆပ် ဆောင်ရွက် မှုများမှာ သင်္ကြန် မတိုင်မီ မတ်လ ကတည်း ကစတင်ခဲ့ပြီး တစ်လလျှင် နှစ်ရက်မျှ ပုံမှန် လာရောက် လုပ်အားဒါနပြုလေ့ရှိကြောင်း နာရေး ကူညီမှု
အသင်း (ရန်ကုန်)က ဆိုပါသည်။

နာရေး ကူညီမှုအသင်း (ရန်ကုန်)၌ ရုပ်ရှင်၊ဂီတ နယ်မှ အနုပညာရှင်များ လာရောက် လုပ်အားပေး လုပ်ဆောင်လေ့ ရှိပြီး ဂုဏ်ထူး ဆောင် အသင်းသား များအဖြစ် ဂီတ အနုပညာရှင်များ ထဲမှ ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ ကိုသားထွေး တို့အား သတ်မှတ်ထားကြောင်း သိရသည့်အတွက် ရုပ်ရှင်အနုပညာရှင် များထဲမှလည်း ဂုဏ်ထူးဆောင် အသင်းသား အဖြစ် ဂုဏ် ပြု သတ်မှတ်ရန် ရှိ၊ မရှိကို နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ဆက်သွယ်မေး မြန်းရာ ဥက္ကဋ္ဌ ဦးကျော်သူက “သင်ဇာဝင့်ကျော် အနေဖြင့် အခု လို ပုံမှန်လုပ် အားပေး
ပေးဆပ်မှု ရှိမယ် ဆိုရင်တော့ ဂုဏ်ထူးဆောင်အသင်းသား အဖြစ် သတ်မှတ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုဖြေကြားပါသည်။

ခိုင်ဝေလွင်
Popular Journal

Hunger Games ရုပ်ရှင်ကား လက်ထောက်ဒါရိုက်တာရဲ့သားက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို သတ်ဖြတ်

The Hunger Games ဇာတ်ကားတွေရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ Peter Rodger ရဲ့ သား Elliot Rodger ဟာ သောကြာနေ့ ညက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် Elliot ဟာ ဒီသတ်ဖြတ်မှုကို မစတင်ခင် နာရီပိုင်းအလိုမှာ သူ့ ရဲ့မိဘနဲ့  စိတ်ကျန်းမာရေးဆရာဝန် အပါအ၀င် လူ အမြောက်အများကို စာမျက်နှာ ၁၄၀ ပါတဲ့ ဖိုင်တစ်ခုကို အီးမေးလ်ကနေ တဆင့်ပေးပို့ ခဲ့ပါတယ်။

အမေဖြစ်သူ Lichin Rodger ဟာ ဒီအီးမေးလ်ကို ရရချင်း သူ့ သားရဲ့ Youtube ချန်နယ်ကို သွားကြည့်တဲ့ အခါမှာတော့ “လက်တုံ့ ပြန်ခြင်း” လို့ နာမည်တပ်ထားတဲ့ ဗီဒီယိုဖိုင်အသစ်တစ်ခုကို တွေ့ ရှိခဲ့ပြီး Santa Barbara မှာ ရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က မိန်းကလေးအဆောင်တစ်ခုမှာ မိန်းကလေးတွေကို သတ်ဖြတ်မယ့် သားရဲ့အကြံအစည်ကို သိရှိခဲ့ရပါတယ်။

CNN သတင်းဌာနအဆိုအရ Mrs.Rodger ဟာ ဒီဗီဒီယိုကို ကြည့်ပြီးပြီးချင်း ကွာထားတဲ့ခင်ပွန်းဖြစ်သူ Peter Rodger ကို သတိပေးပြီး ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ လင်မယားနှစ်ယောက်ဟာ Los Angeles ကနေ Santa Barbara ကို ထွက်လာပြီး သားရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပါပြီ။ Santa Barbara သွားနေတဲ့ လမ်းမှာတင် ဒီပစ်ခတ်မှုအကြောင်း ကြားလိုက်ရပါတော့တယ်။

ဧပြီလတုန်းကလည်း လူသတ်တရားခံ Elliot ဟာ အခုလိုမျိုးဗီဒီယိုတွေကို Youtube မှာ တင်ခဲ့တဲ့အတွက် Santa Barbara စိတ်ကျန်းမာရေးဖုန်းလိုင်းကနေ အမျိုးသမီးတစ်ယောက်က ရဲတွေကို ဖုန်းဆက် အကြောင်းကြားပြီး ရဲခြောက်ယောက် သူ့ အိမ်ကို ၀င်ရောက် ရှာဖွေခဲ့ပေမယ့် သံသယဖြစ်စရာတစ်ခုမှ မတွေ့  ရှိခဲ့ဘူးလို့ ဆိုပါတယ်။

Elliot Rodger ဟာ ဒီသတ်ဖြတ်မှုမတိုင်ခင် လွန်ခဲ့တဲ့သုံးနှစ်တုန်းက Hunger Games ရုပ်ရှင်မိတ်ဆက်ပြပွဲမှာ ကော်ဇောနီပေါ် သူ့ ဖခင် လက်ထောက်ဒါရိုက်တာ Peter Rodger နဲ့ အတူ ပါလာခဲ့ပါသေးတယ်။ အခုတော့ Elliot ဟာ အမေရိကရဲ့ သွေးအေးလူသတ်သမားတစ်ဦးဖြစ်လာပါပြီ။ Elliot ဟာ တက္ကသိုလ်ကျောင်းဝင်း အတွင်း ညစာစားနေတဲ့ လူအုပ်ဘက်ကို သူ့ ရဲ့ MBW ကားနက်ပေါ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး လူသုံးဦးသေဆုံးကာ လူ ၁၃ ဦးဒဏ်ရာရရှိစေခဲ့ပါတယ်။ Elliot ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူတွေဟာ  California ပြည်နယ် Santa Barbara  မြို့ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေဖြစ်ပြီး သူ့ ရဲ့ အခန်းဖော်နှစ်ဦးကို အတူနေအခန်းတွင်း သတ်ဖြတ်ခဲ့ကာ နောက်သားကောင်တစ်ဥိးဖြစ်သူ George Chen ၁၉ နှစ်ရဲ့ အလောင်းကိုတော့ သူမနေတော့တဲ့ တိုက်ခန်းတစ်ခုမှာ တွေ့ ခဲ့ပါတယ်။  Elliot ဟာ နောက်ဆုံးမှာတော့ သူ့ ရဲ့ BMW ကားထဲမှာပဲ ခေါင်းကို သေနတ်နဲ့ ပစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

Elliot ဟာ အသက် ၂၂ နှစ်အရွယ်ထိ လူပျိုဘ၀မှာပဲ ရှိသေးပြီး မကြာသေးမီက မိန်းမတစ်ယောက်ရဲ့ ငြင်းဆန်ခြင်းကို ခံခဲ့ရတဲ့အပြင် သူ့ ရဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ညံ့ဖျင်းမှုကြောင့် မိန်းမတွေကို စိတ်အနာကြီးနာနေသူပါ။ သူတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ မိန်းမတွေကို ‘မနှစ်မြို့ စရာ တိရိစ္ဆာန်တွေ’ လို့  သမုတ်ထားပြီး သူ့ လို လူကြီးလူကောင်းဆန်တဲ့လူတစ်ယောက်ကို ငြင်းဆန်တဲ့အတွက် အပြစ်တင်ထား ပါသေးတယ်။

Ref: Dailymail.co.uk ,Telegraph.co.uk
Trend Myanmar

ဖုန်းဆိုင်များမှ ဖုန်းနှင့်ပစ္စည်းများခိုးယူခံရသည့် အမှုများပေါ်ပေါက်

ရန်ကုန်၊ မေ ၂၆

၁၃.၅.၂၀၁၄ရက်နေ့ ၀၉၃၀အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး
ဘုရားလမ်းရှိE Cityဖုန်းအရောင်းဆိုင် မှ ဟန်းဆက်မျိုးစုံ (၂၆)လုံး၊
Hp လက်တော့(၂)လုံး၊ (၁၀၀၀၀)တန်ငွေဖြည့် ကတ်(၁၈)ကတ်၊ (၅၀၀၀)တန်ငွေဖြည့်ကတ်(၃၃)ကတ်၊ ငွေကျပ်(၇၇၂၅၀၀)၊ စုစုပေါင်းတန်ဘိုးငွေကျပ်( ၁၁၅၈၇၅၀၀) မှာ ခိုးယူခံရ၍ စုံစမ်းအရေးယူပေးရန် ဆိုင်မန်နေဂျာ ဒေါ်နန်းရွှေစင်သိန်းမှ
တိုင်တန်းမှုအား ဗဟန်း မြို့မရဲစခန်း(ပ)၁၉၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် အမှုမှပြစ်မှုကျူးလွန်သူများအား
ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၇.၅.၂၀၁၄ ရက်နေ့
တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန့်ဇင်(ခ)ဝေယံ (၂၄)နှစ်၊
(ဘ)ဦးမင်းလွင်၊ စံပြစီမံကိန်း ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူနှင့် ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင် (၃၁)နှစ်၊ (ဘ)ဦးချိုချို၊ (၁)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူတို့ (၂)ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအား အခြားခိုးမှုများကျူလွန်ထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ဆဲလ်ဗင်း(ခ) ချမ်းမြေ့အောင်သည် ကုလားကြီး(ခ)ဇော်ထူး(စုံစမ်းဆဲ)နှင့်အတူ ၁၀.၄.၂၀၁၄ရက်နေ့
၂၃၀၀အချိန် ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ DO CO MO ဖုန်းအရောင်းဆိုင် အတွင်းဝင်ရောက်၍ ဟန်းဆက်မျိုးစုံ၊ ဆင်းကတ်နှင့်ငွေဖြည့်ကတ်များ စုစုပေါင်းတန်ဘိုးငွေကျပ်
(၁၀၃၄၆၅၀၀) အားခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့်မြောက်ဥက္ကလာပ
မြို့မရဲစခန်း (ပ)၂၇၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်စုံစမ်း
လျက်ရှိသော အမှုအားဖော်ထုတ်နိုင်ခဲ့ပါသည်။

ထို့ပြင် ဆဲလ်ဗင်း(ခ) ချမ်းမြေ့အောင်သည် သီဟ (၂၁)နှစ်၊ (ဘ)ဦးကျော်ဆန်းနှင့် ရွှေအ(ခ)သိန်းထိုက်(၁၉)နှစ်၊(ဘ)ဦးကျော်ဆန်း၊ (ဇ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတို့ ညီအစ်ကို
(၂)ဦးနှင့်အတူ ဖုန်းအရောင်းဆိုင်များမှ ခိုးမှုများကျူးလွန်ထားကြောင်း
ပေါ်ပေါက်သဖြင့် သီဟနှင့် ရွှေအ(ခ)သိန်းထိုက် တို့အား ၁၈.၅.၂၀၁၄ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင်၊ သီဟနှင့် ရွှေအ(ခ)သိန်းထိုက်တို့အား
စစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၆.၄.၂၀၁၄ ရက်နေ့ ၀၂၃၀အချိန်ခန့်တွင် လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၅၇၀၄၀၀၀)ခန့်ရှိဟန်းဆက်များအား
ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်လမ်းမတော်မြို့မရဲစခန်း(ပ)၈၀/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသောအမှုအားဖော်ထုတ်နိုင်ခဲ့
ပါသည်။

ထို့ပြင်၂၀၁၄ခုနှစ်၊ ဖေဖော်လရီလတွင် ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင်နှင့် သီဟတို့(၂)ဦးသည် တောင်ဥက္ကလာပမြို့နယ်ရှိ UNITEL ဖုန်းအရောင်း
ဆိုင်အတွင်းမှ ကွန်ပျူတာလက်တော့(၁)လုံးနှင့် ဖုန်းနှင့်ဆက်စပ်ပစ္စည်များ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၆၈၈၀၀၀)အား ခိုးယူခဲ့ကြောင်းပေါ်ပေါက် သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၂၂၇/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း၊ ဧပြီလအတွင်းကကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ စုစုပေါင်းတန်ဘိုး
ငွေကျပ် (၃၉၀၀၀၀)ခန့်ရှိ ဟန်းဆက်များခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မ ရဲစခန်း(ပ)၂၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့်
လည်းကောင်း အမှုများအသီးသီး ရေးဖွင့်ကာထပ်မံ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

WHO မှ အရက်ကြောင့် အသက်ဆုံးရှုံးသူ ၁၀ စက္ကန့်တိုင်း တစ်ယောက်ရှိကြောင်း သတိပေး


ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း WHO မှ အရက်ကြောင့် သေဆုံးသည့်နှုန်းမှာ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်လျှင် ၃.၃ သန်း ခန့်ရှိပြီး ယင်းပမာဏမှာ AIDS ၊ တီဘီနှင့် အကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်ပမာဏ အားလုံးပေါင်းသည်ထက်များနေကြောင်း ပြောကြားခဲ့သည်။ ယင်း ၃.၃သန်းအား ပြန်၍ တွက်ကြည့်ပါက ကမ္ဘာပေါ်၌ အရက်ကြောင့် သေဆုံးသူ ဆယ်စက္ကန့်လျှင် တစ်ယောက်နှုန်းရှိကြောင်း သိရသည်။ အရက်ကြောင့် သေဆုံးသူမှာ ၂၀၁၂ တွင် ၃.၃သန်းရှိခဲ့ပြီး တစ်ကမ္ဘာလုံးသေဆုံးသည့် လူဦးရေ၏ ၅.၉%ရှိ(အမျိုးသား ၇.၆% နှင့် အမျိုးသမီး ၄%)ကြောင်းသိရသည်။ တစ်နှစ်လျှင် HIV ကြောင့် သေဆုံးသည့်ပမာဏမှာ ၂.၈% ရှိပြီး တီဘီ နှင့် သေဆုံးသည့်နှုန်းမှာ ၁.၇%ရှိ၍ အခြားအကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်နှုန်းမှာ ၀.၉% သာရှိ ကြောင်းတွေ့ရသည်။ တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင်
အရက်သောက်မှုပမာဏမှာ နည်းနေသေးသော်လည်း ကြွယ်ဝမှုပမာဏ မြင့်တက်လာသည်နှင့်အမျှ သောက်သုံးသည့်နှုန်းမှာလည်း မြင့်တက် လာကြောင်း တွေ့ရသည်။ အရက်သောက်ခြင်းက အသည်းရောဂါအပါအ၀င် တခြားသော ရောဂါပေါင်း ၂၀၀ ကျော်နှင့်ဆက်စပ်နေပြီး တီဘီ၊ HIV၊ နှင့် အခြားသော ကူးစက်ရောဂါများလည်း ကူးနိုင်ကြောင်း သိရသည်။ ကမ္ဘာတွင် လက်ရှိအရက် သောက်အများဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် အရက်ချည်း သက်သက် (Pure alcohal) ၃၂ လီတာခန့်ပျှမ်းမျှသောက်ပြီး ယင်းနောက်မှာ ဥရောပ၊ ကနေဒါ၊ အမေရိ ကန်၊ သြစတေးလျနှင့်တောင်အာဖရိ ကတို့ အသီးသီးလိုက်ကြလေသည်။ ပျှမ်းမျှအားဖြင့် ကမ္ဘာ့တစ်ဝန်းတွင် လူတိုင်း ပျှမ်းမျှတစ်နှစ်လျှင် အရက်ချည်းသက်သက် ၁၇ လီတာသောက်ကြောင်း သိရသည်။ သို့သော်လည်း အရွယ်ရောက်ပြီးသော်လည်း အရက်အားလုံးဝမထိတွေ့ဖူးသူမှာ ထက်ဝက်ခန့်ရှိကြောင်း အားတက်ဖွယ် သိရသည်။

အပိန်လေး ref:Medinidia
Aye Chan Mon

Texas လေဆိပ်မှာ ဆေးခြောက်တွေ့ ရှိမှုနဲ့ rapper Wiz Khalifa အဖမ်းခံရ


Rapper Wiz Khalifa ဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက Texas ပြည်နယ်လေဆိပ်တစ်ခုမှာ အဖမ်းခံခဲ့ရပါတယ်။ ခရီးဆောင်အိတ်စစ်ဆေးစဉ်အတွင်း အစိမ်းရောင်အရွက်တွေ တွေ့ ရှိမှုနဲ့  အဖမ်းခံခဲ့ရတာပါ။

‘Black and Yellow’ သီချင်းအဆိုတော် ဟာ El Paso မြို့ ကနေ Dallas မြို့ ကို လေယာဉ်နဲ့ အလာမှာ လေဆိပ်စစ်ဆေးရေးအရာရှိတွေက ဒီ အစိမ်းရောင်အရွက်ထုပ်တွေကို ရှာဖွေတွေ့ ရှိခဲ့တယ်လို့  ဥပဒေထိန်းသိမ်းရေး ဘက်က သတင်းရင်းမြစ်တွေအရ သိရပါတယ်။ Wiz ကို အချုပ်ခန်းကို ခေါ်ဆောင်သွားခဲ့ပြီး ဒေသရဲတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေဟာ Wiz သယ်ဆောင်လာတဲ့ အရွက်တွေကို ဆေးခြောက်တွေ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပြီး ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ tmz.com အရ သိရပါတယ်။ Texas ပြည်နယ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပါဘူး။

Wiz ဟာ ၀.၅ ဂရမ်လောက်ရှိတဲ့ ဆေးခြောက်တွေ သယ်ဆောင်လာတယ်လို့ ရဲတွေက ဆိုပါတယ်။

Wiz ကတော့ သိပ်ဂရုစိုက်ပုံမပေါ်ပါဘူး။ သူဟာ အချုပ်ခန်းထဲရောက်နေတဲ့ပုံတောင် twiiter တင်ခဲ့ပါသေးတယ်။


Ref: tmz.com
Trend Myanmar
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ