စိတ်ကုထုံးဆေးတွေကြောင့် သန္ဓေသားအပေါ် သက်ရောက်မှု အနည်းငယ်သာရှိ


စိတ်ပိုင်းစိတ်ရာကုထုံးဆေးတွေကို ကိုယ်ဝန်ဆောင်စဉ် အစောပိုင်းကာလတွေမှာ သောက်သုံးတာက မွေးဖွားရာမှာ ချို့တဲ့တာ အဆင်မပြေတာတွေ ဖြစ်စေတဲ့နှုန်းကို သိသိသာသာ တိုးစေတာမျိုး မတွေ့ရဘူးဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

တကယ်တော့ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ဘာဆေးမှ မသောက်သုံးတာက အကောင်းဆုံးပါပဲ။ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ကစဉ့်ကလျားရောဂါ ဒါမှမဟုတ် စိတ်ကျရောဂါ ခံစားနေရတယ်ဆိုရင်တော့ ကုထုံးအတွက် ဆေးတွေ သောက်ရမှာ အမှန်ပါပဲ။

ဒါဆိုရင် သန္ဓေသားဖွံ့ဖြိုးမှုအတွက် စိတ်ချရပါ့မလား?

ဒါကြောင့် ကိုယ်ဝန်ဆောင် ၁.၃ သန်းကို လေ့လာကြည့်တဲ့အခါမှာ သုံးနေကျ စိတ်ကုထုံးဆေးတွေနဲ့ အသစ်ထုတ်လုပ်တဲ့ ဆေးတွေက သန္ဓေသားအပေါ်သက်ရောက်မှု အနည်းငယ်သာရှိတာကို တွေ့ရှိခဲ့ပါတယ်။
စိတ်ကုထုံးဆေးတွေ သောက်သုံးတဲ့ မိခင်တွေနဲ့ ကျန်းမာတဲ့မိခင်တွေ တွေ့ကြုံရတဲ့ သန္ဓေသားဖွံ့ဖြိုးမှုတွေ ၊ မွေးဖွားစဉ် ကြုံတွေ့ရမယ့် အခက်အခဲတွေက ကွာခြားတာ သိပ်မရှိပေမယ့် ဆေးသောက်ရမယ်ဆိုရင်တော့ ကျွမ်ကျင်တဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref :  UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ