ဝှီးချဲ အသုံးပြုသူတွေ ဟာ ခြေလျင်လမ်းလျှောက်သူတွေထက် ယာဉ်တိုက်မှုကြောင့်သေဆုံးနှုန်း ပိုများ




ဘီးတပ်ကုလားထိုင်(Wheel-Chairs) တွေနဲ့ သွားလာသူတွေဟာ အခြား ခြေလျင်လမ်းလျှောက်သူတွေထက် ယာဉ်တိုက်မှု ကြောင့်သေဆုံးမှုနှုန်းထားမှာ ၃၆ ရာခိုင်နှုန်း ပိုမိုများပြားနေတယ်လို့ လေ့လာမှု အသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တိုင်းတာချက်အရ ပျမ်းမျှအားဖြင့် တစ်နှစ်မှာ လူပေါင်း ၇၆,၀၀၀ ယောက်တို့ဟာ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရနေကြပြီး အယောက် ၅၀၀၀ ကတော့ သေဆုံးနေရတယ်လို့ အမေရိကန် သယ်ယူပို့ဆောင်ရေး ဌာန ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အမျိုးသားခရီးသွားလမ်းမဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ထိန်းချုပ်ရုံး ရဲ့ သေဆုံးမှု ဆန်းစစ်လေ့လာချက် ထုတ်ပြန်တင်ပြခြင်းစနစ်(FARS) နဲ့ ဆောင်းပါးတွေမှာပါဝင်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို အသုံးပြုပြီး Georgetown တက္ကသိုလ် ရဲ့ ဆေးကျောင်းက သုတေသီတွေဟာ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုတွေမှာ သေဆုံးခဲ့တဲ့ ဘီးတပ်ကုလားထိုင်သုံးစွဲသူပိုင်း ၅၂၈ ယောက်ရှိခဲ့တာကိုတွေ့ရပါတယ်။

ဒေတာ အချက်အလက်တွေအရတော့ ထို ပမာဏဟာ အခြား ခြေလျင်သွားလာသူတွေထက် ၃၆ ရာခိုင်နှုန်းများနေပါတယ်။ ဒါကို ဖြည့်စွက် ဆန်းစစ် ကြည့်တဲ့အခါမှာတော့ အသက် ၅၀ ကနေ အသက် ၆၄ နှစ်ကြားရှိတဲ့ ဘီးတပ် ကုလားထိုင်သုံးစွဲသူတွေဟာ အခြားအသက်အရွယ်ရှိတဲ့ ဘီးတပ် ကုလားထိုင် အသုံးပြုသူတွေထက် ၇၅ ရာခိုင်နှုန်း ယာဉ် တိုက်မှုမှာ သေဆုံးဖို့ အန္တရာယ်များနေတာလည်း တွေ့ရပြန်ပါတယ်။

"အန္တရာယ်တွေကို နားလည်သဘောပေါက်ပြီး ဖွင့်ဆိုပြနိုင်ခြင်းဟာ အဲဒီ အန္တရာယ်တွေကို ဆန့်ကျင်ဘက်နည်းလမ်းနဲ့ လည်ပတ်စေဖို့ ပထမဆုံး ခြေလှမ်းပါ" လို့ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ John Kraemer ကဆိုပါတယ်။

ဒီလေ့လာမှု ကိုတော့ BMJ Open ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ခွေးရှိတဲ့ ကလေးငယ်တွေဟာ ပူပန်သောကဒဏ်ကို ခံစားရမှု နည်းပါး



ခွေးမွေးထားတာ သင့်ကလေးငယ်တွေအတွက် ကောင်းတယ်ဆိုတဲ့ အချက်ကို ပြောပြစရာတစ်ရပ် တွေ့ရှိပါပြီ။ အိမ်မွေးခွေးတစ်ကောင် မွေးထားရင် ကလေးငယ်ဘဝရဲ့ ပူပန်သောက ဒဏ်တွေကို မခံစားရနိုင်ဘူးလို့ ရှာဖွေတွေ့ရှိခဲ့တဲ့ လေ့လာမှုသစ်တစ်ရပ်ကို Preventing Chronic Disease ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

Basset ဆေးရုံ၊ Okalahoma ကျန်းမာရေးသိပ္ပံစင်တာနှင့် Dartmouth ဆေးတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်တွေဟာ  ကလေးငယ်ပေါင်း ၆၄၃ ယောက်ကို ၁၈လကျော် လေ့လာသုံးသပ်ခဲ့တာဖြစ်ပါတယ်။ ကလေးတွေရဲ့ ကိုယ်အလေးချိန်အချိုးအစား၊ ရုပ်ကျန်းမာရေး နဲ့ စိတ်ကျန်းမာရေး၊ အိမ်မွေးတိရစ္ဆာန်ရဲ့ အခြေအနေ စတာတွေကို မိဘတွေက ဇယားကွက်မှာ ဖြည့်ပေးခဲ့ရပါတယ်။

ဆင်းရဲချမ်းသာ အဆင့်တွေကို ထည့်တွက်ခဲ့ပေမဲ့ လေ့လာတွေ့ရှိချက်တွေက မှန်ကန်နေတာကို တွေ့ရှိရပါတယ်။ "အိမ်မွေးခွေးတွေက ကလေးဘဝရဲ့ ပူပန်သောကကို သက်သာစေတယ်။ လူမှုရေးပိုင်း၊ လျစ်လျူရှုခံရခြင်းအပိုင်း ပူပန်သောကတွေပေါ့။" လို့ သုတေသီတွေက ရေးသားခဲ့ပါတယ်။

အိမ်မွေးခွေးတွေက ကလေးငယ်တွေရဲ့ ပြောစကားကို တုံ့ပြန်နိုင်ပါတယ်။ ဒါက လူမှုရေး ပူပန်သောကကို သက်သာစေတဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။

အိမ်မွေးခွေးတွေဟာ ပူပန်သောက ဟော်မုန်းဖြစ်တဲ့ cortisol ပမာဏကို လျော့ကျစေပြီး ပျော်ရွှင်မှုဟော်မုန်းဖြစ်တဲ့ oxytocin ပမာဏကို တိုးလာစေကြောင်း ယခင် သုတေသနရပ်တွေလဲ ရှိခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Huffington Post

ပရိုဂျက်စတုန်း ထိုးပေးခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန် ပျက်ကျ ခြင်းအား အကူအညီမဖြစ်




တစ်ကြိမ်မက ကိုယ်ဝန်ပျက်ကျဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပရိုဂျက်စတုန်းထိုးသွင်းပေးခြင်းဟာ နောက်ထပ်ကိုယ်ဝန်ပျက်ကျနိုင်ခြင်းကို အကာအကွယ်မပေးနိုင်တာကို University of Birmingham က လေ့လာချက်အသစ်အရ သိရှိပါတယ်။

ကိုယ်ဝန်ပျက်ကျဖူးသည့် အမျိုးသမီးပေါင်း ၈၂၆ ဦးကို ငါးနှစ်ကြာလေ့လာမှုများ ပြုလုပ်ပီးတဲ့နောက် ပရိုဂျက်စတုန်း ထိုးသွင်းပေးခြင်းဟာ အကူအညီမပေးနိုင်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။The New England Journal of Medicine ဂျာနယ်မှာ ဒီတွေ့ရှိချက်အသစ်ဟာ ကိုယ်ဝန်ဆောင် ဆေးမှတ်တမ်း၊ အသက်အရွယ်တွေပေါ်မှာ မူတည်နေတာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ပရိုဂျက်စတုန်း ကို နှစ်ပေါင်း ၆၀ကျော်တိုင် ကိုယ်ဝန်ပျက်ကျခြင်းတွေကို အကာအကွယ်ပေးနိုင်ဖို့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်အရ ပရိုဂျက်စတုန်း ထိုးသွင်းထားတဲ့ ကိုယ်ဝန်ဆောင်များ ကလေးမွေးနိုင်မှုဟာ ၆၅.၈ ရာခိုင်နှုန်းဖြစ်ပြီး  ပရိုဂျက်စတုန်းအသုံးမပြုတဲ့ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားနှုန်းဟာလည်း ၆၃.၃ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

e-စီးကရက် ပေါက်ကွဲပြီး အမျိုးသားတစ်ဦး လည်ပင်းရိုးကျိုးကာ ကြောက်မက်ဖွယ်ဒဏ်ရာတွေ ရရှိ




အီလက်ထရောနစ်စီးကရက်သောက်နေတုန်း မျက်နှာမှာပေါက်ကွဲမှုဖြစ်ကာ အမျိုးသားတစ်ဦးဟာ လည်ပင်းရိုး ကျိုးခြင်းနဲ့ အခြားဆိုးရွားတဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်၊ Cordero Caples ဆိုသူဟာ အလုပ်နားချိန်မှာ E- စီးကရက်သောက်နေတုန်း စီးကရက်က ထပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ကျောင်းသားဖြစ်သူ Cordero Caples ကို နီးစပ်ရာဆေးရုံဆီ ပို့ ဆောင်ခဲ့ရပြီး အရေးပေါ်နာ့ဗ်ကြောခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

"ဒီ E-စီးကရက်ကြောင့် လက်ပြတ်ရသူတွေလည်းရှိပါတယ်။ လူတွေဒီလောက်ဆိုးဆိုးရွားရွားခံစားနေရတာ ကျွန်မတို့ လက်မခံနိုင်ပါဘူး” လို့  Cordero Caples ရဲ့ အစ်မဖြစ်သူ Colessia Porter က ပြောပါတယ်။

“ ဒေါင်ဒေါင်မြည်ယောင်္ကျားကြီးတစ်ယောက်က E - စီးကရက်ကြောင့် အကြောသေရတော့မယ့် အခြေအနေ မှာ ရှိနေတာကို တွေ့ ရတာ စိတ်ထဲယူကျုံးမရဖြစ်မိတယ်” လို့ သူမက ၀မ်းနည်းစွာပြောကြားပါတယ်။

ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ E- စီးကရက်ကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kangertech က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် E- စီးကရက်ထပေါက်ကွဲတာမဟုတ်ဘဲ လွန်ခဲ့တဲ့လတုန်းကလည်း လူတစ်ယောက် e- စီးကရက်သောက်နေတုန်း မျက်နှာမှာ ထပေါက်ခဲ့မှုကြောင့် လည်ပင်းရိုးကျိုးခဲ့သလို၊ သြဂတ်စ်လတုန်းကလည်း e-cig ကနေ မီးထတောက်လောင်မှုကြောင့် လူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

ချော့ကလက် စားခြင်းက ကိုယ်အလေးချိန်လျှော့ချဖို့ အကောင်းဆုံး နည်းလမ်းဖြစ်




ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ထမင်းမစားပဲ ပေါင်မုန့်ပဲ စားမယ်ဆိုတာဟာ မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုတော့မဟုတ်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အစာအိမ်ထဲက ဘက်တီးရီးယားတွေကို ပြောင်းလဲလိုက်တာဟာ အကောင်းဆုံး နည်းလမ်းဖြစ်မှာပါ။

လန်ဒန် တက္ကသိုလ်မှာရှိတဲ့ King's ကောလိပ်က ပရော်ဖက်ဆာ Tim Spector က ပြောပြခဲ့တာကတော့ အဲဒီလို အစားအသောက် ပြောင်းလဲစားသောက်ခြင်းဟာ လူတစ်ယောက်ကို ကိုယ်အလေးချိန်လျော့ကျသွားအောင် ကူညီပေးနိုင်ခဲ့တယ်ဆိုတဲ့ သက်သေမျိုး မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

သကြားဓါတ် ၊ ပါစတာ ၊ အာလူးနဲ့ ပေါင်မုန့်ဖြူတို့လို အစားအသောက် အစီအစဉ်တွေဟာ ဂလူးကို့စ် အဖြစ်လျင်မြန်စွာ ပြောင်းလဲသွားပြီး သွေးထဲက သကြားဓါတ်ပမာဏကို ရုတ်တရက် မြင့်တက်လာစေနိုင်တယ်ပါတယ် လို့ တိရိစ္ဆာန်တွေကို လေ့လာမှု များပြုလုပ်အပြီးမှာ ပရော်ဖက်ဆာ Tim Spector ကဆိုခဲ့ပါတယ်။

အခုလည်း Cell ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန အသစ်တစ်ခုဟာ မတူညီတဲ့ လူသာတွေဟာ သူတို့ရဲ့ အစာချေဖျက်မှု စစန်အတွင်းက သန်းပေါင်းများစွာသော အနုဇီဝ ပိုးမွှားတွေရဲ့ ရောထွေးမှုအပေါ် အခြေခံကာ ကာဗွန်ဟိုက်ဒြိတ် နဲ့ပတ်သက်ပြီး မတူညီတဲ့ တုံ့ပြန်မှု တွေ ရှိနေတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ဘက်တီးရီးယားတွေရဲ့ သိမ်းပိုက်ထားမှု အပေါ်အခြေခံပြီး လူတွေဟာ ခရမ်းချဉ်သီးစားတဲ့အခါ သွေးထဲက သကြားဓါတ်မှာ ဆူးငြောင့်တွေဖြစ်ပေါ်လာတာကို တွေ့ခဲ့ကြပီး တစ်ချို့ကတော့ ပေါင်မုန်း နဲ့ ပီဇာ တို့ကိုသာ စားသုံးတဲ့အတွက် ဘာသက်ရောက်မှု မှမရှိခဲ့တာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း ပရော်ဖက်ဆာ Tim Spector က ရှင်းပြကတော့ ပိုလီဖနော ကြွယ်ဝစွာပါဝင်တဲ့ ချော့ကလက် လို အစားအစာ မျိုးကသာ အစာအိမ်အတွင်းက အနုဇီဝ ပိုးမွှားတွေကို သန်မာလာစေတဲ့အတွက် ပေါင်မုန့်တွေထက်စာရင် ကိုယ်အလေးချိန် လျှော့ချရာမှာ အသုံးဝင်နိုင်တယ်ဆိုတာပါပဲ။

ဒါကြောင့် ပရော်ဖက်ဆာ Tim Spector က ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ပေါင်မုန့်ကဲ့သို့သော ထမင်းမဟုတ်တဲ့ အခြားအစားအစာ တွေစားခြင်းထက် ချော့ကလက်စားခြင်းက ထိရောက်စွာ ကူညီပေးနိုင်လိမ့်မယ်ဆိုတာကို အကြံပေးခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

တစ်မိနစ် နှလုံးခုန်နှုန်း ၁၀ ချက်ပိုတိုင်း ၉ရာခိုင်နှုန်းစီ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းမြင့်တက်



အေးအေးလူလူရှိနေတဲ့အချိန် နှလုံးခုန်နှုန်းဘယ်လောက်မြန်တယ်ဆိုတာကို ကြည့်ပြီး ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းကို တိုင်းတာနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တစ်မိနစ် နှလုံးခုန်နှုန်းဟာ သာမန်ထက် ၁၀ ချက် ပိုလာတိုင်း ပိုလာတိုင်း မည်သည့် အကြောင်းကြောင့်မဆို ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းဟာ ၉ရာခိုင်နှုန်းစီ မြင့်တက်လာတယ်လို့ တရုတ်နိုင်ငံသား သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ လူအများစုရဲ့ နားနေချိန်အတွင်း နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အချက် ၆၀ ကနေ ၁၀၀ အတွင်း ရှိပါတယ်။ ဒါပေမဲ့ ကျွမ်းကျင် အားကစားသမားတွေရဲ့ နှလုံးခုန်နှုန်းကတော့ တစ်မိနစ် အချက် ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။

တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၆၀ ကနေ ၈၀ အတွင်းရှိသူတွေဟာ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၂၁ရာခိုင်နှုန်း တိုးလာခဲ့တဲ့အချိန်မှာ တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၈၀ ကျော်သူတွေဟာ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၄၅ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။

နှလုံးခုန်နှုန်း မြန်ခြင်းနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးမှုကြား ဆက်သွယ်ချက်ဟာ လူတိုင်းလူတိုင်းမှာ ရှိပါတယ်။ နှလုံး ဆိုင်ရာ ကျန်းမာရေးပြဿနာရှိတဲ့ သူမှမဟုတ်ဘူးလို့ သုတေသီတွေက ထပ်လောင်းပြောခဲ့ပါတယ်။ နားနေချိန် နှလုံးခုန်နှုန်း ပိုနိမ့်တဲ့သူတွေဟာ ပိုပြီး ကျန်းမာကြံ့ခိုင် ဖို့များကြောင်း ဆရာဝန်တွေ သိခဲ့တာကြာပြီဖြစ်ပါတယ်။

နှလုံးခုန်နှုန်းကို ဂရုပြုတိုင်းတာ လေ့ရှိဖို့နဲ့ နှလုံးခုန်နှုန်း နည်းအောင်လုပ်ဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

မိခင်ဗိုက်ထဲရှိစဉ် ဆေးခြောက်ထိတွေ့မှုရှိသော ကလေးများက အမြင်အာရုံပိုကောင်း



သားအိမ်ထဲမှာ ရှိစဉ် ဆေးခြောက်နဲ့ အထိအတွေ့ရှိတဲ့ ကလေးတွေဟာ အသက် ၄နှစ်အရွယ်ရောက်လာတဲ့အခါမှာ အမြင်အာရုံပိုကောင်းကြောင်း လေ့လာမှုသစ်တစ်ရပ်အရ ထုတ်ဖော်ခဲ့ပါတယ်။

ဒါပေမဲ့ ဆေးခြောက်ဟာ သန္ဓေသား ဖွံ့ဖြိုးမှုကို အကျိုးမရှိစေဘူးဆိုတဲ့ ရလဒ်တွေကိုတော့ သိပ္ပံပညာရှင်တွေက သတိပေးခဲ့ပါတယ်။ ဆေးခြောက်အထိအတွေ့ ရှိခဲ့တဲ့အတွက် လှုပ်ရှားနေတဲ့အရာဝတ္ထုတွေအပေါ် ကလေးတစ်ယောက်ရဲ့ အမြင်အာရုံက ပိုကောင်းသွားတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေအပေါ် အံ့အားသင့်ခဲ့ရကြောင်း ဝါတာလူး၊ အာ့ခ်လန်းဒ်၊ ဘရောင်း တက္ကသိုလ်များမှ သုတေသီအဖွဲ့က ဝန်ခံခဲ့ပါတယ်။

"ဒီ ကနဦးရှာဖွေတွေ့ရှိချက် တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အံ့အားသင့်ခဲ့ရတယ်။ ဆေးခြောက်နဲ့ အရက်ဟာ ဦးနှောက်ထဲမှာ ဖြစ်ပျက်နေတဲ့ အမြင်အာရုံလုပ်ဆောင်ချက်တွေရဲ့ ဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိတယ်လို့ ပြသတာပါ။ ဆေးခြောက်က ဦးနှောက်ရဲ့ အမြင်အာရုံစနစ်ကို ဖွံ့ဖြိုးစေတဲ့ အကျိုးရလဒ်ကို ဖြစ်စေပေမဲ့ ဆေးခြောက်အသုံးဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို တကယ်ပဲထိခိုက်စေတယ်လို့ တခြားသုတေသနရပ်တွေက ပြသထားပါတယ်။" လို့ ဝါတာလူး တက္ကသိုလ်မှ ပါမောက္ခ Ben Thompson ကပြောခဲ့ပါတယ်။

 သုတေသီတွေက အသက် ၄နှစ်အရွယ် ကလေးအုပ်စုရဲ့ သန္ဓေသားဘဝတွင် ဆေးခြောက်၊ အရက်၊ မီးသိုင်း အဖက်တမင်း၊ နီကိုဒင်းစတာတွေကို မိခင်ဗိုက်ထဲမှာ ထိတွေ့ခဲ့မှု ပုံစံအမျိုးမျိုးကို လေ့လာစမ်းစစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

ငယ်စဉ်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှု ပြုခြင်းဟာ အရွယ်ရောက်ချိန် ကျန်းမာရေး ပိုမိုကောင်းမွန်နိုင်




ငယ်စဉ်ကလေးဘ၀ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခြင်းဟာ အရွယ်ရောက်ချိန်မှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေများရရှိနိုင်ကြောင်း လေ့လာတွေ့ရှိချက် အသစ်အရ သိရှိရပါတယ်။

ဒါ့အပြင် ငယ်စဉ်မှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတာဟာ မိသားစု စီးပွားရေးအခြေအနေအတွက်လည်း အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။ ဘာလို့လည်းဆိုတော့  မိဘတွေအတွက်လည်း ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေအတွက် ပြုစုကုသစရိတ်တွေ လျော့နည်းသွားတဲ့အတွက် ကလေးငယ်ရဲ့ တစ်ခြားလိုအပ်တဲ့နေရာတွေမှာ ငွေကြေးပိုမိုအသုံးပြုနိုင်တဲ့အတွက်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှုတွေအရ ၀င်ငွေနည်းပါးတဲ့ မိသားစုမှ ကလေးငယ်တွေဟာ ရေတိုကျန်းမာရေး စောင့်ရှောက်မှုတွေသာ ရရှိခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ဟာ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ ကလေးငယ်တွေရဲ့ကျန်းမာရေးအခြေအနေမှာ ပိုမိုကောင်းမွန်စေတာကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။

University of Maryland မှ တွဲဖက်ပါမောက္ခ ဒေါက်တာ Michel Boudreaux က “ ငယ်စဉ်ကတည်းက ကလေးငယ်တွေရဲ့ ရောဂါရှာဖွေ ကုသထားဖို့ အရေးကြီးပြီး အနာဂတ်ကာလမှာလည်း ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi



ဖုန်းနဲ့စာရိုက်ခြင်း(Texting) ဟာ ဆယ်ကျော်သက်တွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်




ဆယ်ကျော်သက်တွေ ဖုန်းတစ်လုံးပေါ်မှာ ဆက်တိုက် စာရိုက်ခြင်း(Texting) နဲ့ အချိန်ကုန်ဆုံးနေတာကို သင်အာရုံနောက်မိပါသလား။ အာရုံနောက်တာထက် စိတ်ပူပေးဖို့ ပိုလိုအပ်နေပါတယ်။ သူတို့ရဲ့ ဖုန်းတွေကို ပဲ အချိန်တိုင်းကြည့်နေတတ်တဲ့ လူငယ်လေးတွေဟာ ကျန်းမာရေး ပြဿနာ တွေ ရှိလာနိုင်ပါတယ်။

အဓိက ပြဿနာ ဖြစ်စေတာကတော့ ဆယ်ကျော်သက်တွေရဲ့ မက်ဆေ့ဂ်ျပို့ဖို့ စာရိုက်ခြင်းနဲ့ Chat အသုံးပြုနိုင်တဲ့ လူမှုမီဒီယာ App တွေပဲ ဖြစ်ပါတယ်။ လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်တာက သူတို့ရဲ့ ဖုန်းတွေကိုပဲ အချိန်တိုင်း ကြည့်နေတတ်တဲ့ ဆယ်ကျော်သက်တွေဟာ အိပ်ချိန်တွေ ကျော်လွန်လာတတ်ပြီး ၊ အိမ်စာ တွေလုပ်ဖို့ ရှုံးနိမ့်ကာ အမြဲတမ်း ဖုန်းပေါ်မှာ စာရိုက်နေသူ(Texter) တွေသာ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ဖြစ်နေခြင်းဟာ နိမ့်ကျတဲ့ လူနေမှု ဘ၀တစ်ခုကို သာ ရရှိနိုင်မှာ ဖြစ်ပြီး အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ ပိုဂရုစိုက်သင့်ပါတယ်။

Psychology of Popular Media Culture ဆိုတဲ့ အမေရိကန် အွန်လိုင်းဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုဟာ လူမှုမီဒီယာ အလွန်အကျွံ သုံးစွဲမှု နဲ့ ကျောင်း ပညာရေး နိမ့်ကျနေမှု ကြားက ပတ်သက်ဆက်နွယ်နေမှုကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ဆာဗေး ကောက်ယူမှုတစ်ခု ကနေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ဆယ်ကျော်သက်တွေ Facebook မှာ အချိန်ကုန်တာများလာလေလေ ၊ သချာင်္ဘာသာရပ်မှာ ညံ့လာလေလေပဲ ဖြစ်ပါတယ်။

အိမ်စာလုပ်နေချိန်မှာ ဖုန်းနဲ့ စာရိုက်နေသူတွေဟာလည်း ပညာရေးမှာ နိမ့်ကျနေတတ်ကြပါတယ်။ စာသင်ချိန်မှာ အဲဒီလို စာရိုက်နေသူတွေဟာ သင်ခန်းစာ အသေးစိတ်ကိုလည်း မသိရှိကြသလို သင်ခန်းစာ ကို မှတ်မိခြင်းလည်း မရှိတော့ပါဘူး။ ဒါ့အပြင် အချိန်တိုင်း ဖုန်းနဲ့စာရိုက်ဖို့ ကြိုးစားနေသူတွေဟာ အိပ်ချိန်မှာလည်း ပြဿနာ ရှိပါတယ်။ အမေရိကန် သတင်းတင်ပြချက်တစ်ခုမှာတော့ ဆယ်ကျော်သက် ၃ ပုံ ၁ ပုံဟာ ကိုယ်ပိုင်မိုဘိုင်းလ် ဖုန်း ကိုယ်စီ ပိုင်ဆိုင်ထားကြပြီး ထိုလူငယ်တွေထဲက ၁၀ ယောက်မှာ ၆ ယောက်ဟာ နေ့စဉ် ဖုန်းနဲ့ စာရိုက်နေသူတွေပဲ ဖြစ်ပါတယ်။

ဒါဟာ ဆယ်ကျော်သက်တွေအတွက် ဖုန်းပြောချိန် ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် (သို့) အီးမေးလ် အသုံးပြုချိန်တွေထက်ပိုများနေပါတယ်။ ဆယ်ကျော်သက်တွေ နေ့စဉ်ပျမ်းမျှ ပို့နေတဲ့ မက်ဆေ့ဂ်ျ အစောင်အရေအတွက် ဟာ တစ်နေ့ကို ၆၀ ခန့်ရှိနေပါတယ်။ အသက်နည်းနည်းပိုကြီးတဲ့ မိန်းကလေးတွေကတော့ တစ်နေ့ကို မက်ဆေ့ဂ်ျ အစောင် ၁၀၀ လောက်ပို့နေကြပြီး ယောကျာင်္းလေးတွေကတော့ တစ်နေ့ကို အစောင် ၅၀ လောက်ပို့နေကြပါတယ်။

ဖုန်းနဲ့ စာရိုက်ခြင်းကနေ အဓိက ဖြစ်ပွားစေခဲ့တာကတော့ အာရုံစိုက်နေခြင်းကို လျှော့ချလိုက်တာပါ။ ဒါကြောင့် အာရုံစိုက်ဖို့လိုအပ်တဲ့ စာသင်ခန်းထဲမှာ ဖုန်းနဲ့စာရိုက်ခြင်းက ပညာရေး နိမ့်ပါးမှု ကို ဖြစ်ပေါ်စေခဲ့တာ အံ့သြစရာတော့မရှိပါဘူး။ ဗြီတိန်နိုင်ငံက နောက်ဆုံးပြုလုပ်လိုက်တဲ့ လေ့လာမှုအရတော့ လူမှုမီဒီယာ မှာ အချိန်ဖြုန်းတာများတဲ့ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြားဆယ်ကျော်သက်တွေမှာ အဖြစ်အများဆုံးကတော့ စိတ်ဖိစီးမှု ၊ မောပန်းနွမ်းနယ်မှု နဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

အင်တာနက်မှာ ညစ်ညမ်းပုံ အလွယ်ရခြင်းက ကာမကိစ္စ အာသာပြင်းပြစေ



အသက် ၂၅နှစ် ဝန်းကျင် အရွယ်ရောက်လူငယ်တော်တော်များများဟာ ကာမကိစ္စ အာသားပြင်းပြနေကြတယ်လို့ ယုံကြည်ထားကြပါတယ်။ အင်တာနက်ပေါ်မှာ ညစ်ညမ်းဓာတ်ပုံ၊ ညစ်ညမ်းရုပ်ရှင်တွေကို အဆုံးအစမရှိ ရနေခြင်းက ကာမကိစ္စကို အာသာပြင်းပြစေတာဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

လူတစ်ယောက်ဟာ သူ့ရဲ့ ကာမဆိုင်ရာ အတွေးအမြင်၊ ခံစားမှု ဒါမှမဟုတ် အပြုအမူတွေကို ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့အခါ ကာမကိစ္စ အာသာပြင်းပြတာပဲဖြစ်ပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်ပါပဲ။ ၂၅နှစ်ဝန်းကျင် အရွယ်ရောက်လူငယ် တော်တော်များများမှာ သက်ရောက်မှု ရှိပါတယ်။

ဒီလိုဖြစ်ရတာဟာ အင်တာနက်ပေါ်မှာ ကာမဆိုင်ရာရုပ်ပုံတွေကို အလွယ်တကူ ရယူသုံးစွဲနေနိုင်တဲ့အတွက် ဖြစ်ရတာဖြစ်ကြောင်း Cambridge တက္ကသိုလ်မှ သုတေသီတွေက အခိုင်အမာဆိုထားပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကာမကိစ္စစွဲလန်းသူတွေနဲ့ ကျန်းမာတဲ့အမျိုးသားတွေကို ကာမဆိုင်ရာ ရုပ်ပုံတွေပြပြီး သူတို့ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို စမ်းသပ်ခဲ့ပါတယ်။ ကာမကိစ္စစွဲလန်းသူတွေဟာ ကာမဆိုင်ရာရုပ်ပုံ တစ်ပုံတည်းကို ထပ်ကာပြတဲ့အခါ သူ့ရဲ့ ကာမစွဲလန်းမှုက နည်းလာတယ်လို့ ဦးနှောက်ဓာတ်မှန်တွေက ဖော်ပြပါတယ်။ ထိုနည်းလည်းကောင်းပဲ ကျန်းမာတဲ့သူတွေကို ကာမဆိုင်ရာ ရုပ်ပုံ တစ်ပုံတည်း ထပ်တလဲလဲပြတဲ့အခါမှာလည်း ကာမကို စိတ်ဝင်စားမှုက လျော့သည်ထက်လျော့လာပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

အရက်သောက်သုံးသူ အမျိုးသမီးဦးရေ များလာ၊ အမျိုးသားဦးရေ ကျဆင်း



နှစ်ပေါင်းများစွာအတွင်း အရက်သောက်သုံးသူ အမျိုးသားဦးရေဟာ ကျဆင်းလာပြီး အရက်သောက်သုံးသူ အမျိုးသမီးဦးရေဟာတော့ လပိုင်းအတွင်း များလာတယ်လို့ သတင်းရရှိပါတယ်။

ခုဆိုရင် အရက်သောက်သုံးသူ အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေဟာ ကွာဟမှုနည်းလာပြီး အရက်ကို သောက်သုံးလာတဲ့ အမျိုးသမီးဦးရေဟာ 'Alarming Rise' (စိုးရိမ်ဖွယ်ရာ တိုးတက်မှု) အဖြစ် ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

စစ်တမ်းလေ့လာမှုတွေထဲမှာ အရက်ကို လက်ရှိသောက်သုံးနေသူတွေ၊ တစ်လကို ရက်တော်တော်များများ သောက်သုံးသူတွေ၊ အရက်အလွန်အကျွံ သောက်သုံးသူတွေနဲ့ အရက်သောက်၍ ယာဉ်မောင်းသူတွေ ပါဝင်ပါတယ်။ "အမျိုးသားတွေက အရက်ကို ပိုသောက်နေကြတုန်းပါပဲ၊ ဒါပေမဲ့ အမျိုးသမီးနဲ့ အမျိုးသားကြားက ကွာဟမှုက မှေးမှိန်လာပြီ။" လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ်မှ ဒေါက်တာ Aaron White ကပြောခဲ့ပါတယ်။

'တခြား မကြာသေးမီက ထုတ်ပြန်ချက်တွေကလည်း အမေရိကန်မှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရက်သောက်သုံးမှု ပုံစံတွေဟာ ပြောင်းလဲနေကြောင်း ဒီသုတေသနရပ်က အတည်ပြုပါတယ်။' လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ် (NIAAA) မှ ဒေါက်တာ George Koob ကပြောသွားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

ကိုယ်ဝန်ဆောင်စဉ် သင့်တင့်မျှတတဲ့ ကဖိန်းဓါတ် မှီဝဲမှုဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်




ကော်ဖီကြိုက်တဲ့ မိခင်လောင်းတွေအတွက် စိတ်ပျက်အားလျော့စရာမရှိတော့ပါဘူး။ လေ့လာတွေ့ရှိချက်အသစ်အရ သင့်တင့်မျှတတဲ့ ကဖိန်းဓါတ်စားသုံးမှုဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကလေးငယ်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အပြုအမူဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကို မထိခိုက်နိုင်ဘူးလို့ သိရှိရပါတယ်။

ဒီတစ်ပတ်ထုတ် American Journal of Epidemiology ဂျာနယ်မှာ ဖော်ပြချက်အရ Nationwide Children's Hospital က သုတေသီတွေက ကြေညာခဲ့တာဖြစ်ပါတယ် - တစ်နေ့ကို ကော်ဖီ တစ်ခွက် သို့ နှစ်ခွက်သောက်သုံးခြင်းဟာ ကလေးငယ်တွေ အပြုအမူပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ သို့ အ၀လွန်ခြင်းတွေ ဆက်စပ်နေတဲ့ ထင်ရှားတဲ့အချက်အလက်တွေ မရှိဘူးလို့ဆိုပါတယ်။

“တစ်နေ့မှာ ကော်ဖီ တစ်ခွက်ဒါမှမဟုတ် နှစ်ခွက်သောက်လေ့ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သင့်တင့်မျှတတဲ့ ကဖိန်းဓါတ်စားသုံးမှုရှိတဲ့အတွက် အန္တရာမဖြစ်နိုင်ဘူးဆိုတာ သေချာတဲ့ရလဒ်တွေကို တွေ့ရှိခဲ့ပါတယ် “ လို့ Center for Biobehavioral Health at the Research Institute at Nationwide Children's Hospital မှ သုတေသနမှူး Dr. Sarah Kleim က ထုတ်ဖော်ရှင်းလင်းထားတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi



သီချင်းနားဆင်ခြင်းဟာ လူတွေကိုနည်းပေါင်းစုံနဲ့ အကျိုးပြုနေတာကို သိကြရဲ့လား ???





ရုံးကအပြန် ၊ ကျောင်းကအပြန်မှာ သီချင်းခပ်လန်းလန်းလေးတစ်ပုဒ်ကို နားဆင်လိုက်တာနဲ့ ကိုယ့်ရဲ့ ခန္ဒာကိုယ်တစ်ခုလုံး လန်းဆန်းသွားသလို ခံစားမှုမျိုး လူတိုင်းဖြစ်ဖူးကြပါလိမ့်မယ်။ သီချင်းနားဆင်ခြင်ဟာ တကယ်ကိုလည်း လူတွေကို နည်းပေါင်းစုံနဲ့ အကျိုးပြုနေတယ်ဆိုတာ သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။

 ဂီတဟာ ပြင်ပလောက,ကနေလူတွေရဲ့ စိတ်နဲ့ ဆက်သွယ်မှုကို အကောင်းဆုံးပြုလုပ်ပေးနေတဲ့ အရာဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဂီတနဲ့ လူ့ခန္ဒာကိုယ်ဟာဆိုရင် ဝိုင်ယာကြိုးနဲ့ သွယ်တန်းထားသလိုမျိုးကို ခိုင်မြဲနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီလို ချိတ်ဆက်နိုင်မှုတွေကြောင့် သီချင်းနားဆင်ခြင်းဟာ လူတွေရဲ့ စိတ်ဒဏ်ရာကို အကောင်းဆုံးကုစားပေးနေနိုင်တာလည်း ဖြစ်ပါတယ်။ အဆိုကျော် Kendrick Lamar ကတော့ စိတ်ဒဏ်ရာတွေရလာရင်သီချင်းနားထောင်လိုက်တာက ဝေဒနာတစ်ဝက်လောက်ကို လျှော့ချပစ်လိုက်နိုင်တယ် ထင်ပါတယ်လို့ ပြောပါတယ်။

 သီချင်းတွေဟာ နာကျင်မှုတွေ ၊ ဒေါသတွေကို လည်း လျှော့ချပေးနိုင်တယ်လို့ MNT ကဆိုပါတယ်။ ခွဲစိတ်ခါနီး လူနာပေါင်း ၇၀၀၀ ကျော်ကို လက်တွေ့စမ်းသပ်ခဲ့တဲ့ သုတေသနမှာဆိုရင် သီချင်းနားဆင်လိုက်တာဟာ ခွဲစိတ်ခံနေတဲ့အချိန်မှာ နာကျင်မှုတွေ ၊ ကြောက်စိတ်တွေကို အတော်လေးကို လျှော့ချပေးနိုင်လိုက်တယ်လို့ အဖြေထွက်လာခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်တွေဟာ သီချင်းနားထောင်ပေးတာနဲ့  fibromyalgia လို့ ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်တဲ့ အဆစ်အမြစ်ကိုက်ခဲမှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဒိန်းမတ်နိုင်ငံက ဆရာဝန်တွေက ဆိုပါတယ်။ သီချင်းနားထောင်ခြင်းဟာဆိုရင် ဦးနှောက်အတွင်းမှာရှိတဲ့ opioid လို့ ခေါ်တဲ့ နာကျင်မှုတွေကို လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်ပေးမှုကို အစပျိုးပေးနိုင်တာကြောင့် နာကျင်မှုတွေကို လျှော့ချပေးနိုင်တာပါ။

အကယ်လို့သာ သင်ဟာ စိတ်ဖိစီးမှုတွေများလာမယ်ဆိုရင်တော့ အကြိုက်ဆုံးသီချင်းတွေကို ရွေးပြီး ထပ်တလဲလဲ နားထောင်ပေးတာကလည်း ခန္ဒာကိုယ်ဖြစ်စဉ်ကို စည်းချက်ပြန်မှန်စေပြီး စိတ်ကိုလည်း ပြန်ကြည်လင်စေနိုင်တယ်လို့ ကနေဒါနိုင်ငံက ဂီတပရော်ဖက်ဆာ  Isabelle Peretz က စစ်တမ်းပြုစုနိုင်ခဲ့ပါတယ်။


ဂီတဟာ နှလုံးရောဂါအတွက် အကောင်းဆုံးကုထုံးအဖြစ် သုတေသီတွေက လက်ခံထားကြပါတယ်။  ဂီတ ကုထုံးဟာ လူနာတွေကို စိတ်တည်ငြိမ်စေတဲ့အတွက် နှလုံးနဲ့ သွေးကြောတွေရဲ့ တုံ့ပြန်မှုတွေကို တည်ငြိမ်သွားစေတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။၁၀ စက္ကန့်စာ စည်းချက်သံတွေ ကို ထပ်ခါထပ်ခါနားထောင်နေခြင်းဟာ သွေးဖိအား ပြောင်းလဲမှုတွေဖြစ်ပေါ်စေသလို နှလုံးခုန်နှုန်း မြန်နေတာကိုလည်း လျော့ကျစေနိုင်ပါတယ်။ သီချင်းနားထောင်တာဟာဆိုရင် သွေးဖိအား ၊ နှလုံးခုန်နှုန်းနဲ့ ခန္ဒာကိုယ် အပူချိန်တွေကို တိုက်ရိုက်အကျိုးသက်ရောက်ပြီး ကိုယ်နားထောင်တဲ့ သီချင်းပေါ်မူတည်ပြီး ပြောင်းလဲတယ်လို့ သိရပါတယ်။


မကြာသေးခင်ကမှ ထွက်ပေါ်လာတဲ့ စစ်တမ်းအရတော့ ဂီတနားထောင်ခြင်းဟာ မျက်လုံးသူငယ်အိမ်ကို ပိုကျယ်လာစေတယ်လို့လည်း သိရပါတယ်။ သီချင်းရဲ့အကြောင်းအရာတွေနဲ့ နားထောင်သူရဲ့ သီချင်းအပေါ် စိတ်ခံစားမှုတို့ပေါ်မူတည်ပြီး မျက်လုံးသူငယ်အိမ်က ပိုကျယ်လာတာပါ။ ဒါ့ကြောင့် ဆရာ / ဆရာမတွေအနေနဲ့  အိပ်ငိုက်နေတဲ့ ကျောင်းသားတွေကို သူတို့ အကြိုက်ဆုံး သီချင်းတွေကို နားထောင်ခိုင်းတဲ့နည်းနဲ့ အိပ်မငိုက်အောင် ပြုလုပ်နိုင်ပါတယ်။


(Paing A K)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT


ရုံးပိတ်ရက်မှာ နောက်ကျမှ အိပ်ယာထခြင်း ဟာ ကျန်းမာရေး ထိခိုက်စေနိုင်




နေ့ခင်းဘက် အလုပ်လုပ်ရတဲ့ လူအများစုဟာ အလုပ်လုပ်ရတဲ့နေ့မှာ အစောကြီးထပြီး အလုပ်သွားကြတဲ့အတွက် အလုပ်ပိတ်ရက်တွေမှာ နောက်ကျမှ အိပ်ယာဝင်ပြီး နောက်ကျမှ အိပ်ယာထ တတ်ကြပါတယ်။ အဲဒီလို ပုံမှန် အိပ်ချိန်တွေကို စပ်ကြားစပ်ကြား ပြောင်းလဲလိုက်ခြင်းဟာ နှလုံးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။

နေ့ဆိုင်း ၊ ညဆိုင်းအလုပ် လိုမျိုး ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်နဲ့ အလုပ်လုပ်နေရသူတွေ ၊ နေ့စဉ် အလုပ်ချိန်ထက်ပိုပြီး အလုပ်လုပ်နေရသူတွေဟာ ကျန်းမာရေးမှာ အန္တရာယ်ရှိတဲ့ သက်ရောက်မှု တွေ ရရှိခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ လေ့လာမှု တွေက ဖော်ပြထားပါတယ်။ အခုတစ်ကြိမ်မှာလည်း Pittsburgh တက္ကသိုလ်က သုတေသန အသစ်တစ်ခုက အိမ်ယာထ နောက်ကျခြင်းဆိုတဲ့ လူမှုရေးအချိန်ကာလ ကွဲပြားခြင်း ဟာ အခြေခံအားဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို လေ့လာဖော်ထုတ် ခဲ့ကြပါတယ်။

လူမှုရေးအချိန်ကာလ ကွဲပြားခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ လူမှုရေးဆိုင်ရာ အိပ်ချိန်တွေနဲ့ နေ့စဉ် သဘာဝ အချိန်လည်ပတ်မှုတွေနဲ့ လွဲချော်သွားတာကို ဆိုလိုတာပါ။ သုတေသီတွေကတော့ လူမှုရေးအချိန်ကာလ ကွဲပြားခြင်း ဟာ အ၀လွန်ခြင်း နဲ့ အခြား နှလုံးသွေးကြောဆိုင်ရာ အခြေအနေတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။

သုတေသီတွေဟာ အသက် ၃၀ ကနေ ၄၀ ကြားရှိပြီး ၅၃ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ကာ ၊ ၈၄ ရာခိုင်နှုန်းက လူဖြူတွေဖြစ်တဲ့ လုပ်အားပေး ဗော်လန်တီယာ ၄၄၇ ယောက်ကို လေ့လာကြည့်ခဲ့ကြပါတယ်။ ၄၄၇ ယောက်လုံးဟာ ကျန်းမာရေးကောင်းပြီး တစ်ပတ်ကို ၂၅ နာရီ အလုပ်ချိန်ရှိ တဲ့ အလုပ်ကိုယ်စီ လုပ်ကိုင်နေကြပါတယ်။

ထို လုပ်အားပေးတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ၂၄ နာရီအတွင်း အိပ်ချိန်အရေအတွက်တို့ကို ခြေရာခံပေးမယ့် လက်ပတ် တွေ ၀တ်ဆင်ပေးထားပြီး သူတို့နေ့စဉ်စားသုံးတဲ့ အစားအစာ တွေနဲ့ လေ့ကျင့်ခန်း အလေ့အထ တွေကို မေးမြန်းခံခဲ့၇ပါတယ်။ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ၈၅ ရာခိုင်နှုန်းသော လုပ်အားပေး တွေ ဟာ နောက်ကျမှ အိပ်လေ့ရှိကြပြီး ထိုသို့ နောက်ကျမှုဟာလည်း အလုပ်လုပ်တဲ့ ရက်တွေမှာထက် အလုပ်အားတဲ့ ရက်တွေမှာ ပိုများတာကိုတွေ့ရပြန်ပါတယ်။

အဲဒီလို အားလပ်ရက်မှာ အိပ်ချိန်ပြောင်းလဲသွားသူတွေဟာ တစ်ပတ်လုံး အိပ်ချိန်မှန်ကန်သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ကိုလက်စထရော နဲ့ ပတ်သက်လို့ ဆိုးရွားတာကိုတွေ့ရပြီး မြန်ဆန်တဲ့ အင်ဆူလင်ပမာဏတွေများပြားနေကာ BMI လည်း မြင့်မားနေတာကိုတွေ့ရပြန်ပါတယ်။

"အိပ်ချိန် စားချိန် မမှန်ကန်မှု အပေါ်အာရုံစိုက်တဲ့ ဆေးရုံ ဆေးခန်းဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက်တော့ ကောင်းကျိုးတွေဖြစ်လာနိုင်ပါတယ်။ ၀န်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အိပ်ချိန်စားချိန် မှန်ကန်စွာတည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး လုပ်ငန်းခွင် ပညာပေးမှု တွေ ဖြစ်လာနိုင်ပါတယ်။" လို့ ဒီသုတေသန ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Wong ကဆိုပါတယ်။

ဒီလေ့လာမှုကို Journal of Clinical Endocrinology and Metabolism ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

သစ်ကြားသီးက ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးရောဂါကို တားဆီးပေးနိုင်




တစ်နေ့ကို သစ်ကြားသီး လက်နှစ်ဆုပ်စာ စားခြင်းက နှလုံးရောဂါကို သက်သာစေပြီး ကိုလက်စထရောကို လျှော့ချပေးတယ်လို့ လေ့လာမှုသစ်တစ်ရပ်က ထုတ်ဖော်ခဲ့ပါတယ်။

ဒီအခွံမာသီးဟာ ကိုယ်ထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏအားလုံးကို လျှော့ချပေးတဲ့အတွက် သစ်ကြားသီးစားတဲ့ လူတစ်ယောက်ဟာ နှလုံးတိုက်ခိုက်မှုကို ခံစားရဖို့ အခွင့်အလမ်း နည်းသွားပါတယ်။

အစာပြေစားလို့ရတဲ့ သစ်ကြားသီးမှာ အစာကြေလွယ်တဲ့ အဆီဓာတ်၊ ပရိုတိန်း၊ ဗီတာမင်နှင့် သတ္တုဓာတ် စတဲ့ အရေးကြီး အာဟာရတွေ ပါရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ "သစ်ကြားသီးလိုမျိုး အခွံမာသီးတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို လျှော့ချပေးနိုင်တယ်ဆိုတဲ့ သုတေသနရပ်ကို နောက်ထပ် အထောက်အကူဖြစ်စေတဲ့ ရလဒ်တွေ ကျွန်တော်တို့ လေ့လာမှုမှာရှိပါတယ်။" လို့ Live Sciences Research Organisation မှ စာရေးဆရာတစ်ဦးဖြစ်သူ ဒေါက်တာ Michael Falk က ပြောခဲ့ပါတယ်။

အခွံမာသီးတွေဟာ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ညွှန်းကိန်းတွေကို လျှော့ချပေးနိုင်ကြောင်း သက်သေပြနိုင်ဖို့ကို ဆယ်စုနှစ် နှစ်စုကြာ လေ့လာမှုနဲ့အတူ ဆောင်းပါးပေါင်း ၁၃၀၁ခုကို ပြန်လည်လေ့လာခဲ့တယ်လို့ သိရပါတယ်။

( Skyler )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Daily Mail

ဗီတာမင်- ဒီ ပုံမှန်မှီဝဲပေးခြင်းက ပန်းသေပန်းညှိုးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်




တစ်နေ့ ကို ဗီတာမင်ဒီ ဆေးပြားတစ်ပြားမှီဝဲပေးတာက ပန်းသေပန်းညှိုးရောဂါခံစားနေမှုကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း ဆေးပါရဂူတွေက ပြောကြားလိုက်ပါတယ်။

ခန္ဓာကိုယ်မှာ ဗီတာမင်ဒီဓာတ်ချို့ တဲ့ခြင်းဟာ သွေးတိုးဆီးချိုကနေ နှလုံးရောဂါ၊ သွေးပေါင်ချိန်တက်တာတွေ အထိဖြစ်နိုင်တယ်လို့  သိရပါတယ်။ ယခုအခါ  နာမည်ကျော် Johns Hopkins တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ ဒီ ဗီတာမင်ဒီဓာတ် နည်းပါးခြင်းက ပန်းသေပန်းညှိုးကိုလည်း ဖြစ်စေနိုင်တယ်လို့  ဆိုပါတယ်။

Dr Michos နဲ့ သူမရဲသုတေသနအဖွဲ့ ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း အမျိုးသားကျန်းမာရေးနဲ့ အာဟာရဓာတ်စစ်ဆေးလေ့လာမှုစာရင်းမှာ ပါဝင်ခဲ့တဲ့ အသက် ၂၀ အထက် အမျိုးသားပေါင်း ၃၄၀၀ ရဲ့ အချက်အလက်တွေကို ပိုင်းခြားလေ့လာခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားတွေမှာ ဘယ်သူမှနှလုံးရောဂါမရှိကြဘဲ၊ ၃၀ ရာခိုင်နှုန်းကတော့ ဗီတာမင်ဒီဓာတ်ချို့ တဲ့ကာ ၁၆ ရာခိုင်နှုန်းမှာ ပန်းသေပန်းညှိုးလက္ခဏာတွေ ခံစားနေကြတာဖြစ်ပါတယ်။

သွေးတစ်မီလီလီတာအတွင်း ဗီတာမင်ဒီပါဝင်မှု ၂၀ နာနိုဂရမ်ထက်နည်းရင် ဗီတာမင်ဒီဓာတ်ချို့ တဲ့တယ်လို့  သတ်မှတ်ထားပြီး ပန်းသေပန်းညှိုးခံစားနေရတဲ့အမျိုးသား ၃၅ ရာခိုင်နှုန်းမှာ ၂၀ နာနိုဂရမ်ထက် နည်းနေတာကို တွေ့ ရှိခဲ့ရပါတယ်။

ဒါဟာ ဗီတာမင်ဒီချို့ တဲ့နေရင် ဗီတာမင်ဒီလုံလုံလောက်လောက်ရတဲ့ အမျိုးသားတစ်ယောက်ထက် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်းပိုများနေတာဖြစ်ပြီး ဒီ တွေ့ ရှိမှုဟာ ပန်းသေမှုကို ဖြစ်နိုင်တဲ့ တခြား အကြောင်းအရာတွေဖြစ်တဲ့ တချို့ သောဆေးဝါးတွေမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ရောင်ရမ်းမှုရောဂါနဲ့ သွေးပေါင်ချိန်များခြင်း စတဲ့ အချက်တွေကို ထည့်တွက်ပြီးတာတောင် ဗီတာမင်ဒီ ချို့ တဲ့ခြင်းက အဓိကပြဿနာတစ်ခုဖြစ်နေတာကို တွေ့ ရှိရတာဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

ပန်းသေပန်းညှိုးရောဂါကို အသက် ၄၀ အထက် အမျိုးသား ၄၀ ရာခိုင်နှုန်းကြုံတွေ့ နေရပြီး အသက် ၇၀ အထက် မှာဆို ၇၀ ရာခိုင်နှုန်းရှိနေတယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

တရားထိုင်ခြင်းက မော်ဖိန်းထက် ပိုပြီး နာကျင်မှုတွေ လျှော့ချရာမှာ ထိရောက်မှု ရှိ




တရားထိုင်ခြင်းဟာ နာကျင်မှုတွေ လျှော့ချအောင်ပြုလုပ်တဲ့နေရာမှာ မော်ဖိန်းထက် ပိုပြီး ထိရောက်မှုနေတယ်ဆိုတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

လေ့လာမှု တစ်ခုက အခိုင်အမာဆိုခဲ့တာကတော့ တစ်နေ့ကို မိနစ် ၂၀ ခန့် တရားထိုင် လေ့ကျင့်ခြင်းဟာ မော်ဖိန်းလို အပြင်းစား ဆေးဝါးတွေထက် နာကျင်မှုတွေလျှော့ချရာမှာ ပိုမို ထိရောက်မှု ရှိတယ် ဆိုတာပါပဲ။ သုတေသီတွေဟာ ကျန်းမာပြီး နာကျင်မှု မရှိတဲ့ လူ ၇၅ ယောက်ကို စည်းရုံးပြီး သူတို့ကို အဖွဲ့တွေခွဲစေကာ သူတို့ရဲ့ နာကျင်မှုအပေါ် တုံ့ပြန်မှုတွေကို စစ်ဆေးခဲ့ကြပါတယ်။

လုပ်အားပေး အစမ်းသပ်ခံ ၇၅ ယောက်ဟာ အဖွဲ့ ၄ ဖွဲ့ ခွဲခဲ့ရပါတယ်။ တစ်ဖွဲ့ကတော့ စိတ်တည်ငြိမ်စွာ တရားထိုင်တဲ့အဖွဲ့ဖြစ်ပြီး ၊ placebo ဆေးဝါး အကူအညီနဲ့ တရားထိုင်တဲ့အဖွဲ့ ၊ Placebo ဂျယ်လီခရင်မ် သုတ်လိမ်းတဲ့အဖွဲ့နဲ့ ဘာမှ မပါပဲ အလွတ်တန်း ထိန်းချုပ်ရတဲ့အဖွဲ့တွေပဲ ဖြစ်ပါတယ်။သူတို့ အားလုံးရဲ့ အရေပြားတွေကို အပူချိန် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် အထိ ပေးကာ ဦးနှောက်ရဲ့ တုံ့ပြန်မှုတွေကို စစ်ဆေးကြည့်ခဲ့ပါတယ်။

စစ်ဆေးမှု အရတော့ အသက်ရှုခြင်းနဲ့ အနားယူခြင်းနည်းလမ်းဖြစ်တဲ့ "အာနာပါန" တရားထိုင်ခြင်းပြုလုပ်ခဲ့တဲ့ အဖွဲ့သာလျှင် နာကျင်မှုတွေကို တုံ့ပြန်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာ တည်ငြိမ်မှု ရှိနေတာကို တွေ့၇ပါတယ်။ စိတ်တည်ငြိမ်စွာ တရားထိုင်တဲ့အဖွဲ့ဟာ နာကျင်မှုကို ၂၇ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး စိတ်ခံစားချက် ဆိုင်ရာ နာကျင်နေမှုမှာတော့ ၄၄ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။

Placebo ဆေးဝါး အသုံးပြုခဲ့တဲ့ အဖွဲ့ကတော့ နာကျင်မှု ကို ခံစားရတာဟာ ၁၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး စိတ်ခံစားချက်ဆိုင်ရာတော့ ၁၃ ရာခိုင်နှုန်းသာ လျှော့ချနိုင်ခဲ့တယ်လို့ Neuroscience ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သုတေသီ ဒေါက်တာ Fadel Zeiden ကတော့ ဒါဟာ စိတ်တည်ငြိမ်စွာတရားထိုင်ခြင်းဟာ Placebo ခရမ်သုံးခြင်းနဲ့ ခြားနားတဲ့ ဦးနှောက်လှုပ်ရှားမှု ပုံစံတွေကို ထုတ်လုပ်ပေးနိုင်တယ်ဆိုတာ ပြသလိုက်နိုင်တဲ့ ပထမဆုံး လေ့လာမှု ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို အခြေခံပြီး နေ့စဉ် မိနစ် ၂၀ ခန့် စိတ်တည်ငြိမ်စွာ တရားထိုင်ခြင်းဟာ ဆေးရုံဆေးခန်းတွေမှာ နာကျင်မှုတွေကို ကုသတဲ့နည်းလမ်း ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ထားပါတယ်" လို့ ဒေါက်တာ Fadel Zeiden က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

လူသန်းပေါင်းများစွာကို မျှော်လင့်ချက်ရောင်ခြည်သန်းစေတဲ့ မြင်ကွင်းကျယ်မျက်လုံး အစားထိုးခွဲစိတ်မှု



အမြင်အာရုံ မှုန်ဝါးနေတဲ့ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာရဲ့ ဘဝတွေကို ပြောင်းလဲပေးဖို့အတွက် ပထမဆုံးအကြိမ် 'မြင်ကွင်းကျယ် အမြင်' မှန်ဘီလူးတွေနဲ့ အစားထိုးခွဲစိတ်မှုပြုလုပ်ခဲ့ကြပါတယ်။

အသက်အရွယ်အရ မျက်ဆံ အမြင်အာရုံကျဆင်းခြင်း (AMD) ဟာ အသက် ၅၅နှစ်ကျော် သက်ကြီးပိုင်းတွေမှာ အမြင်အာရုံ ပျောက်ကွယ်မှုကို ဖြစ်သွားစေပါတယ်။ မျက်ဆံတွင်း ဖြည်းဖြည်းချင်း ချို့ယွင်းလာခြင်းကြောင်လည်း ဖြစ်ပါတယ်။ အမြင်အာရုံအသေးစိတ်ကို သိရှိတဲ့ မျက်လုံးအိမ်နောက်ဘက်ခြမ်းမှာ ရှိတဲ့ အလင်းအာရုံခံ ဆဲလ်တွေပါ။

ဒီ ရောဂါဟာ လူတွေရဲ့ ဗဟိုအမြင်အာရုံကို တဖြည်းဖြည်းချင်း ဖျက်စီးပါတယ်။ ဗြိတိန်နိုင်ငံသားပေါင်း ၄သန်းခန့်ဟာ ဒီရောဂါကို ခံစားနေရပါတယ်။ ကုသလို့မရဘူးဆိုပေမဲ့ ဆေးဝါးနဲ့ ကုသမှုတွေက ရောဂါတိုးမှုကို နှေးကွေးစေနိုင်ပါတယ်။

၁၀မိနစ်သာ ကြာမယ့် ဒီမြင်ကွင်းကျယ် မှန်ဘီလူးအစားထိုးခွဲစိတ်မှုဟာ AMD အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့် ဖြစ်နေသူတွေအတွက် သင့်တော်ပါတယ်။ မျက်လုံးမှန်ဘီလူးတွေမှာ အလင်းရောင်မရတော့တဲ့ လူနာတွေအတွက်လည်း မှန်ဘီလူးအစားထိုးခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။ အရင်ကဆို မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail


ဂေါက်သီးလောက်ပဲရှိတဲ့ ခေါင်းနဲ့ လမစေ့ဘဲမွေးလာတဲ့ ကလေး



ဂေါက်သီးလုံးလောက်ပဲရှိတဲ့ ခေါင်းနဲ့ လမစေ့ဘဲမွေးလာတဲ့ ကလေးလေးဟာ အသက်ရှင်သန်ဖို့အတွက် ရုန်းကန်နေခဲ့ပြီး အသက် ၁နှစ်ပြည့်မွေးနေ့ကို ကျင်းပနိုင်ခဲ့ပြီလို့ သတင်းရရှိပါတယ်။

Carlo Cucchi အမည်ရှိတဲ့ ဒီကလေးလေးဟာ ကိုယ်ဝန် ၂၄ပတ် (၆လ) အချိန်မှာ မွေးဖွားလာခဲ့တာဖြစ်ပြီး ၁ပေါင် ၆အောင်စ သာ ကိုယ်အလေးချိန်ရှိခဲ့ပါတယ်။ ဒီကလေး အသက်ရှင်သန်ဖို့ရာ ၂၀ရာခိုင်နှုန်းပဲ အခွင့်အရေးရှိတယ်လို့ ဆရာဝန်တွေက ကြေကွဲနေခဲ့တဲ့ မိဘနှစ်ပါးဖြစ်တဲ့ Sarah နဲ့ Carlo ကိုပြောခဲ့ပါတယ်။

Cucchi လေး အသက်ရှင်ဖို့အတွက်ကို Arrowe Park ဆေးရုံက အထူးကုတွေဟာ ၄လဆက်တိုက် အထူးကြပ်မတ်ကုသပေးခဲ့ကြပါတယ်။ ဆေးရုံတက်နေစဉ်မှာ Cucchi ရဲ့ ဘယ်ခြေထောက် သွေးကြောပိတ်သွားတဲ့အတွက် လက်တွေ၊ ခြေထောက်တွေ သေသွားခဲ့ရပါတယ်။ ခြေထောက်ဖြတ်ပြီး ခွဲစိတ်မှုပြုလုပ်ဖို့ရာ အန္တရာယ်များလွန်တဲ့အတွက် ကုသနိုင်တဲ့အခြေအနေထိ ရောက်အောင် ဆရာဝန်တွေက စောင့်ဆိုင်းခဲ့ရပါတယ်။

ဒါပေမဲ့ Cucchi လေးဟာ ဒီ ကံကြမ္မာဆိုးတွေအားလုံးကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့မွေးနေ့ကို မိဘတွေနဲ့အတူ ကျန်းကျန်းမာမာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

အရက်မူးလာရင် သွေးဆိုး တတ်တာဟာ မျိုးရိုးဗီဇ ကြောင့် ဖြစ်





တစ်ချို့လူတွေဟာ အရက်သောက်တာ များသွားတဲ့အခါမှာ စိတ်ထဲမှာ ကသိကအောက်ဖြစ်လာကာ မထင်မှတ်ထားတာတွေကို လုပ်ဆောင်တတ်ကြပါတယ်။

ဖင်လန် နိုင်ငံက သုတေသီတွေ ဟာ လူတွေ အရက်မူးလာရင် အကျိုးသင့် အကြောင်းသင့်မဟုတ်တဲ့ စိတ်လိုက်မာန်ပါ လုပ်ဆောင်ချက်တွေ ဖြစ်လွယ်တာဟာ မျိုးရိုးဗီဇ နဲ့ သက်ဆိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို ရှာဖွေတွေ့ရှိမှု ဟာ ဆေးဝါးအသစ် ဖြစ်ပေါ်လာဖို့ကိုလည်း ဦးတည်ပေးခဲ့ပါတယ်။

သုတေသီတွေဟာ လူတွေရဲ့ မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီး တစ်ရက်တာ လေ့လာကြည့်ခဲ့ကြပါတယ်။ အဲဒီအခါမှာ လူတွေရဲ့ အားနည်းချက်တွေနဲ့ အရက်ကို ရှောင်ကြဉ်ဖို့ ကြိုးစားရင်း စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူခဲ့ရတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ နှစ်ပေါင်းများစွာကြာအဖြေရှာ မတွေ့သေးပဲ ဖြစ်နေခဲ့တာက တစ်ချို့လူတွေဟာ အရက်သောက်ရင် မထိန်းနိုင်ကြပါဘူး။ သူတို့ဟာ ဘာကြောင့် အရက် ပမာဏ အနည်းငယ် သောက်သုံးမိလိုက်တာနဲ့ မူးယစ်ထွေပြား သွားရသလဲ ဆိုတာလည်း မသိနိုင်ခဲ့ကြပါဘူး။

Helsinki တက္ကသိုလ် မှာရှိတဲ့ ဒေါက်တာ Tikkanen နဲ့ သူ့ရဲ့ နောက်လိုက် အဖွဲ့သားတွေဟာ လူတွေ အရက်မူးနေတဲ့အခါမျိုးမှာ ဆီရိုတိုနင် 2B receptor ဆိုတဲ့ ပရိုတိန်းတစ်မျိုးနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ တွေထဲမှာ လူတစ်ယောက်ရဲ့ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားကို ကမူးရှုးထိုး စိတ်နေစိတ်ထားတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့ သန္ဓေပြောင်းလဲမှု(Mutation) ကို ရှာဖွေတွေ့ရှိသွားပါတယ်။

အဲဒီလို ပြောင်းလဲသွားတဲ့ လုပ်ဆောင်ချက်တွေဟာ ဆီရိုတိုနင် 2B receptor ကြောင့် အနည်းအကျဉ်းဖြစ်နိုင်ပေမယ့် အဲဒီကတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ များနဲ့ အတူ စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းဆီကို ဦးတည်သွားတာပဲ ဖြစ်ပါတယ်။ သုတေသီအဖွဲ့ဟာ အရက်နဲ့ ဆက်စပ်အရာတွေကြောင့် စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းကို ကြုံတွေ့နေရသူတွေကို စစ်တမ်းကောက်ယူ လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

ဦးနှောက် သုတေသီတွေဟာလည်း မျိုးရိုးဗီဇ(Gene) တွေရဲ့ ပရိုတိန်းထုတ်လုပ်မှု ဟာ နည်းလမ်း အမျိုးမျိုးနဲ့ သက်ရောက်မှု ရှိနေတယ်ဆိုတာကို သိရှိခဲ့ပြီးတဲ့နောက် မျိုးရိုးဗီဇ ဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုသတိရှိလာခဲ့ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကတဆင့် ဆီရိုတိုနင် 2B receptor ရဲ့ ကျန်းမာရေးဆိုင်ရာ အရေးပါနေမှု ကို သိရှိခဲ့ကြပြီး ဒီအခြေအနေကို ပြောင်းလဲနိုင်မယ့် ဆေးဝါး အသစ်တွေထုတ်လုပ်ဖို့ တိုက်တွန်းနိုင်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ISIS တိုက်ခိုက်ရေးသမားတွေဟာ အဖက်တမင်း ပါဝင်တဲ့ WY ကဲ့သို့သော စိတ်ကြွ ဆေးပြားတွေ သုံးစွဲနေကြ




ISIS လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေဟာ ရက်ပေါင်းများစွာ နိုးကြားတက်ကြွနေဖို့ အတွက် ဈေးပေါပြီး လုပ်ရလွယ်ကူတဲ့ အဖက်တမင်းဆေးပြားတွေကို သုံးနေကြတယ်လို့ သိရပါတယ်။

Captagon လို့ ခေါ်တဲ့ အလွန်အမင်းစွဲလန်းစေတဲ့ ဒီဆေးပြားတွေကို ဆီးရီးယားနိုင်ငံမှာတင် ထုတ်လုပ်နေပြီး အရှေ့ အလယ်ပိုင်းဒေသတစ်လျှောက်မှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒီ တရားမ၀င်မူးယစ်ဆေး ရောင်းချရမှုက စစ်ကြောင့်ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ ဆီးရီးယားနိုင်ငံကို ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနေပြီး ဒီငွေအများစုကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ၀ယ်ယူရာမှာ ပြန်လည်အသုံးပြုနေတယ်လို့  သိရပါတယ်။

ဒီ့အပြင် နှစ်ဖက်လုံးက တိုက်ပွဲဝင်စစ်သားတွေဟာ မရပ်မနားတိုက်ခိုက်နိုင်ဖို့ အတွက်  ဒီစိတ်ကြွရူးသွပ်ဆေးကို  သုံးစွဲနေကြတယ်လို့ Reuters နဲ့ Time မဂ္ဂဇင်းတို့ ရဲ့ စုံစမ်းလေ့လာမှုတွေအရ သိရပါတယ်။

ဒီမူးယစ်ဆေးကို ၁၉၆၀ ခုနှစ်မှာ အနောက်နိုင်ငံတွေမှာ စတင်ထုတ်လုပ်ခဲ့ပြီး ဂနာမငြိမ်ခြင်း၊ narcolepsy ခေါ် အအိပ်လွန်ရောဂါ နဲ့ စိတ်ကြွရောဂါတွေကို တိုက်ဖျက်တဲ့နေရာမှာ သုံးခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၀ ပြည့်နှစ် တွေမှာတော့၊ ဆေးရဲ့ စွဲလမ်းမှုမြင့်မားခြင်းကြောင်း နိုင်ငံအများအပြားမှာ ပိတ်ပင်လိုက်ပြီး တရားဝင် ဆေးဘက်ဆိုင်ရာသုံးမူးယစ်ဆေးအဖြစ် မသုံးကြတော့ဘူးလို့ သိရပါတယ်။

“ဒီဆေးမှာအဓိကပါဝင်တဲ့ fenethylline ဆိုတဲ့ဓာတုဒြပ်ပေါင်း ခန္ဓာကိုယ်က ဓာတ်ပြုတဲ့အခါ amphetamine နဲ့ theophylline ဆိုတဲ့ စိတ်ကိုတက်ကြွစေတဲ့ဓာတ်နှစ်မျိုးအဖြစ် ခန္ဓာကိုယ်အတွင်းမှာပြောင်းသွားတယ်။ ဒီဆေးဟာ စိတ်ကြွဆေး တွေရဲ့ လက္ခဏာမျိုးတွေရှိပြီး စိတ်ကအလိုလိုရွှင်လန်းနေတာ၊ စကားတွေများလာတာ၊ မအိပ်၊မစားနေတာ၊ အားပြည့်လန်းဆန်းနေတာ စတဲ့ ခံစားမှုတွေပေးတယ်” လို့ လက်ဘနွန်လူမျိုးစိတ်ရောဂါအထူးကုဆရာဝန် Ramzi Haddad က ရှင်းပြပါတယ်။

ဒီဆေးတွေဟာ ထုတ်လုပ်ရလွယ်ကူကာ အခြေခံဓာတုဗေဒအသိရှိတာနဲ့ ရပြီး ဆီးရီးယားမှာ ၅ ဒေါ်လာကနေ ဒေါ်လာ ၂၀ ကြား ရောင်းချလျက်ရှိပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

 Ref: Dailymail

ပါးစပ်ကင်ဆာဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်းတွင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းက ဆေးလိပ်သောက်ခြင်းထက် ပိုများနေ




ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ ဆေးရွက်ကြီးဝါးခြင်းတို့ ဟာ အရင်တုန်းကတော့ ပါးစပ်ကင်ဆာဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပေမယ့်၊ ယခုမှာတော့၊ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာကလည်း များလာကြောင်း တွေ့ ရှိရပါတယ်။

ကမ္ဘာတစ်လွှား ပါးစပ်ကင်ဆာ ၂၅ ရာခိုင်နှုန်း နဲ့ လည်ချောင်းကင်ဆာ ၃၅ ရာခိုင်နှုန်းဖြစ်ပွားရမှုမှာ HPV ခေါ် လိင်ဆက်ဆံရာကနေအရေပြားချင်းထိတွေ့ မိပြီး လိင်အင်္ဂါတွေမှာ ကြွက်နို့ သဏ္ဍာန်အသားမာတွေ ဖြစ်ကာ ကင်ဆာဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးက အဓိကတရားခံဖြစ်တယ်လို့ ဆိုပါတယ်။

“ ဗြိတိန်မှာ ပါးစပ်ကင်ဆာဖြစ်ပွားမှုရဲ့ ၆၅ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပြီး ၈ ကနေ ၁၄ ရာခိုင်နှုန်းက HPV ဗိုင်းရပ်စ်နဲ့ ဆက်စပ်နေပါတယ်” လို့ ဗြိတိန်ကင်ဆာသုတေသနဌာနက ကျန်းမာရေးအရာရှိ Fiona Osgun က ပြောပါတယ်။

HPV ဟာ အကာအကွယ်မရှိတဲ့လိင်ဆက်ဆံခြင်း၊ စအိုလိင်ဆက်ဆံခြင်းနဲ့ ပါးစပ်နဲ့ လိင်အင်္ဂါကိုထိတွေ့ ဆက်ဆံ ခြင်းတို့ ကနေ ကူးစက်နိုင်ကာ လိင်အင်္ဂါ၊စအိုလမ်းကြောင်း၊ ပါးစပ်၊ သားအိမ်နဲ့ လည်ချောင်းတို့ မှာ အသားမာ ဖုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါပေမယ့် HPV ပိုးအမျိုးရာကျော်ရှိနိုင်ပြီး၊ အများစုကတော့ ကင်ဆာမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ သို့ ပေမယ်လည့် ဒီရာကျော်ထဲမှာ ပိုး ၁၅ မျိုးကတော့ ကင်ဆာနဲ့ ဆက်စပ်နေတာမို့ သတိထားဖို့ လိုပါတယ်။

Oral sex ခေါ် ပါးစပ်နဲ့ ထိတွေ့ ဆက်ဆံခြင်းကနေ HPV မကူးစက်နိုင်အောင်လို့ ၊ ဗြိတိန်ကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က အမျိုးသားတွေမှာဆိုရင် ကွန်ဒုံးဝတ်ဆင်သင့်ပြီး၊ အမျိုးသမီး တွေဆိုရင်တော့ ပါးစပ်ကိုဖုံးကာဝတ်ဆင်ရတဲ့ dental dam အဖုံးအကာပစ္စည်းကို တပ်ဆင်သင့်ကြောင်း အကြံပေးထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

အသံဆုံးရှုံးသွားသူတွေအနေနဲ့ အသံပြွန် အစားထိုး ကုသနိုင်တော့မည်




အမေရိကန် ပြည်ထောင်စု ၊ Wisconsin တက္ကသိုလ်မှာရှိတဲ့ သိပ္ပံပညာရှင်တွေဟာ အလောင်း တစ်လောင်းနဲ့ သက်ရှိထင်ရှား လူနာ လေးဦးရဲ့ ဆဲလ်တွေကို အသုံးပြုပြီး အသံပိုင်းဆိုင်ရာ ဆုံးရှုံး (သို့) ထိခိုက်ထားသူတွေအတွက် မျှော်လင့်ချက်ပေးနိုင်မယ့် အသံပြွန် အသစ်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

သုတေသီတွေရဲ့ ပြောကြားချက်အရတော့ အခုလို ထိခိုက်ထားတဲ့ အသံပြွန်ကို အစားထိုးဖို့ ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ပြီး ဖြစ်ပေမယ့် ဒီအခြေအနေကိုတော့ လေ့လာမှု နဲ့ သက်သေပြနိုင်ခဲ့တယ်လို့ Science Translational Medicine ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

"အသံဆိုတာ ထူးခြားဆန်းကြယ်လှတဲ့အရာပါ။ တစ်ခုခုမှားမသွားခင်မထိတော့ ကျွန်ုပ်တို့ အသံအတွက် အရမ်းမတွေးရသေးပါဘူး" လို့ ဆေးပညာနဲ့ ပြည်သူ့ကျန်းမာရေး ကျောင်းက ခွဲစိတ်ကုသခြင်းဆိုင်ရာ တွဲဖက် ပါမောက္ခ Welham က ပြောပြပါတယ်။ "ကျွန်ုပ်တို့ရဲ့ အသံပြွန်ဟာ အထူး တစ်သျှူးတွေနဲ့ ပြလုပ်ထားတာဖြစ်တဲ့အတွက် တုန်ခါနိုင်ဖို့ လုံလောက်စွာ အံဝင်ခွင်ကျဖြစ်နေပါတယ်။ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ရာချီ အလုပ်လုပ်နိုင်ဖို့လောက်ထိ လုံလောက်စွာ သန်မာ မှု မရှိသေးပါဘူး။ အဲဒါဟာ သိမ်မွေ့တဲ့ စနစ်တစ်ခုဖြစ်ပြီး သဘာဝအတိုင်း ကူးယူဖို့ ခက်ခဲတဲ့အရာပါ" လို့ ဆိုပါတယ်။

ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ အသံပြွန် တစ်သျှူး တွေကို အလောင်းတစ်လောင်းနဲ့ သက်ရှိထင်ရှား လူနာ ၄ ယောက်ဆီက ဖယ်ရှား ရယူခဲ့ပါတယ်။ ချွဲသလိပ် ၊ နှာရည်တို့ကို ထုတ်လုပ်တဲ့ အမြှေးပါး ရဲ့ ဆဲလ်တွေကို အသုံးပြုပြီး Collagen Scaffold အတွင်းထည့်သွင်းကာ ၂ ပတ်အကြာမှာတော့ အသံပြွန်ပြန်လည် ဖြစ်ပေါ်စေမယ့် တစ်သျှူး တွေအဖြစ် ပြန်လည် ရှင်သန်လာတာကိုတွေ့ရပါတယ်။ ထို ရှင်သန်မှု အတွင်းမှာ သာမန် အသံပြွန်တစ်ခုရဲ့ ဆဲလ်တွေ ပြုလုပ်နိုင်တဲ့ ပရိုတိန်း ထုတ်လုပ်မှု တွေလည်းပါဝင်ပြီး လေထုနဲ့ထိတွေ့တဲ့အခါ နေရထိုင်ရခက်တဲ့အရာတွေနဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးမယ့် အမြှေးပါးတစ်ခုပါ ရှင်သန်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ခွဲခန်းမှာ ရှင်သန်ကြီးထွားလာတဲ့ ထို အသံပြွန် ကို ပထမဆုံးအနေနဲ့ ခွေးတစ်ကောင်စီက ထုတ်ယူထားတဲ့ လည်မျိုထဲမှာ ထည့်သွင်းစမ်းသပ်ကြည့်ခဲ့ပါတယ်။ လည်မျိုတွေဟာ လူလုပ် လေပြွန် နဲ့ချိတ်ဆက်ထားပြီး နွေးထွေးတဲ့ လေ ကို ဖြတ်သန်းစေခဲ့ပြီးပါပြီ။ အဲဒီနောက်မှာတော့ ဓါတ်ခွဲခန်းလုပ် အသံပြွန်ဟာ ရုပ်ပိုင်းဆိုင်ရာ အရ ကောင်းမွန်စွာ တုံ့ပြန်လာပြီး အသံ ကို ဖန်တီးနိုင်ခဲ့ပါတယ်။

သက်ရှိထင်ရှား တိရိစ္ဆာန် ခန္ဓာကိုယ်တစ်ခုဟာ ဓါတ်ခွဲခန်းမှာ ကြီးထွားလာတဲ့ အသံပြွန် ကို လက်ခံနိုင်လားဆိုတာကို စမ်းသပ်တဲ့အခါမှာတော့ ထို အသံပြွန်တွေကို သက်ရှိထင်ရှား ကြွက်တွေထဲထည့်သွင်းစမ်းသပ်တဲ့အခါမှာလည်း ကောင်းမွန်စွာ အသံ ဖန်တီးနိုင်တာကို တွေ့ရပြန်ပါတယ်။

အခုလို လူသား လူနာ တွေအတွက် အသံပြွန်အစားထိုး ရှင်သန်စေမှုကို သုတေသန ပြုလုပ်စမ်းသပ်နေခဲ့တာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ပြီး Welham ကတော့ "robust benchmark" လို့ လေ့လာမှု ကို အမည်ပေးထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

အမေရိကန်နိုင်ငံမှာ ဆေးလိပ်သောက်သူဦးရေ သိသိသာသာ လျော့ကျလာသည့် အချိန်




အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီး စီးကရက်သောက်သူလူဦးရေ ရာခိုင်နှုန်း သိသိသာသာ လျော့နည်းလာပါသတဲ့။

၂၀၀၅ ခုနှစ်က ၂၀.၉ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၄ခုနှစ်မှာတော့ ၁၆.၈ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူတွေရဲ့ ဆေးရွက်ကြီးသုံးစွဲမှုဟာ မီဒီယာကမ်ပိန်းတွေ၊ ဥပဒေအသစ်တွေထွက်ပေါ်လာတာနဲ့ ဆက်စပ်မှုရှိနိုင်ပြီး ဆေးလိပ်ဖြတ်လိုက်ကြတာဖြစ်နိုင်တယ်လို့ the Centers for Disease Control and Prevention က ပြီးခဲ့တဲ့သောကြာနေ့က အစီရင်ခံစာ ထုတ်ပြန်ရေးသားထားပါတယ်။

စီးကရက်သောက်သုံးမှုဟာ အသက် ၁၈နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေမှာ သိသိသာသာ လျော့နည်းလာတာဖြစ်တယ်လို့ CDC ကဆိုပါတယ်။

အစီရင်ခံစာအရ e-cigarette နဲ့ ဆေးတံရှုမှုတွေကလည်း လူငယ်တွေရဲ့ ဆေးလိပ်သောက်တဲ့ အကျင့်တွေအပေါ် သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

 “ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ် အမေရိကန်နိုင်ငံသား သန်းတစ်ဝက်ခန့် သေဆုံးနေကြပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ကုန်ကျပါတယ်။ ဒီအစီရင်ခံစာက အမေရိကန်နိုင်ငံသားတွေ ဆေးလိပ်ဖြတ်ဖို့အတွက် တကယ့် အကူအညီဖြစ်တဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ပြီး ပိုပြီးလည်း အကျိုးသက်ရောက်လာပါလိမ့်မယ်” လို့ CDC ဒါရိုက်တာ Tom Frieden က ပြောကြားသွားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တစ်နေ့ ၆နာရီ ထိုင်ပါက သန္ဓေသားကိုထိခိုက်စေ



ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထိုင်များရင် သန္ဓေသားအတွက် အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကိုယ်ဝန် ဒုတိယ သုံးလပတ်အချိန်အတွင်း တစ်နေ့ ၆နာရီထိုင်ခြင်းဟာ ကိုယ်အလေးချိန်များစေပြီး ဆီးချိုရောဂါဖြစ်နိုင်ကာ ကလေးမွေးရခက်ခဲမှုတွေရှိနိုင်ကြောင်း Warwick ဆေးတက္ကသိုလ်မှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိတ်ဓာတ်ကျတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထိုင်များတတ်ကြပြီး အထိုင်များခြင်းက ကိုယ်အလေးချိန်တက်လာကာ ကိုယ်ဝန်ဆောင်သွေးချို အန္တရာယ်များတယ်လို့လည်း ကျွမ်းကျင်ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၂၀၀ ကျော်ကို လေ့လာမှုပြုခဲ့တာပါ။ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Nithya Sukumar ဟာ သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အီဒင်ဘတ်မှာလုပ်ခဲ့တဲ့ အန်ဒိုခရင်းဟော်မုန်းဗေဒ ဆေးပညာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Mirror

အအေးမိဖျားနာခြင်း ဗိုင်းရပ်စ်တို့ကို ကာကွယ်နိုင်စေပြီး ခုခံအား စနစ်ကို ကောင်းမွန်စေမယ့် အစားအစာ များ




အေးစိမ့်တဲ့ ရာသီဥတု ကို ရောက်လာရင် လူတိုင်းလို အအေးမိခြင်း ၊ တုပ်ကွေးမိခြင်း စတဲ့ ဖျားနာမှုတွေ ဖြစ်ပေါ်လာပါတယ်။ ချောင်းဆိုးခြင်း ၊ နှာချေခြင်းတွေ အဖြစ်များလာပါတယ်။ ဒါဟာ ရာသီဥတု မှာပါလာတဲ့ တုပ်ကွေး လို ဗိုင်းရပ်စ်တွေကြောင့်ပါ။ မနှစ်ကတုန်းက ဗြိတိန် လူမျိုး ၈၁ ရာခိုင်နှုန်းဟာ အအေးမိခြင်းကို ခံစားခဲ့ရပါတယ်။

ဒီလို အအေးမိ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်းတို့ကို ရှောင်လွှဲဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီဗိုင်းရပ်စ်တွေက လူတိုင်းကို အလွယ်တကူ ကပ်တွယ်လာနိုင်ပါတယ်။ အကောင်းဆုံး ဖြေရှင်းရမယ့် နည်းလမ်းကတော့ ခုခံအား ကောင်းနေအောင် ပြုမူနေထိုင်ဖို့ပါ။ ဒါမှသာ ဗိုင်းရပ်စ်တွေ အလွယ်တကူ မ၀င်ရောက်နိုင်ပဲ အအေးမိ ၊ ဖျားနာ ၊ တုပ်ကွေး ၊ ချောင်းဆိုးစတဲ့ ရောဂါတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခုခံအား စနစ် ကောင်းမွန်နေဖို့အတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အဲဒါတွေကတော့ -



၁။ ကြက်ဥ

ကြက်ဥမှာ ခုခံအားစနစ်ကို အထောက်အပံ့ ပေးနိုင်တဲ့ Selenium ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကြက်ဥ စားခြင်းဟာ ခုခံအားစနစ်ကို ကောင်းမွန်လာစေပါတယ်။

၂။ တရုတ် ဆီးသီးခြောက်

လိမ္မော်ရောင်ရှိပြီး မက်မွန်သီးနဲ့ ဆင်တူတဲ့ တရုတ်ဆီးသီးခြောက်တွေဟာ ခုခံအားစနစ်အတွက် လိုအပ်တဲ့ သံဓါတ်ကို ပြည့်ဝစွာပေးစွမ်းနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်နေဖို့အတွက် သံဓါတ်ဟာလည်း အရေးကြီးပါတယ်။

၃။ ဟင်းနုနွယ် ၊ ကိုက်လန် နဲ့ အစိမ်းရင့်ရောင် အရွက်များ

ဟင်းနုနွယ် ၊ ကိုက်လန် နဲ့ အစိမ်းရင့်ရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ခုခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ခုခံအား စနစ် ကောင်းမွန်နေဖို့အတွက် အစားအစာ တစ်ခုထဲပဲ စားသုံးနေလို့ မရနိုင်ပါဘူး။ ဗီတာမင် အမျိုးမျိုးကို ပြည့်ဝစွာ ရရှိနေစေဖို့ အစားအစာ အမျိုးမျိုးကို သင့်တင့် မျှတစွာ စားသုံးပေးသင့်ပါတယ်။

၎။ အသား နဲ့ အခွံပါ ငါးများ

အသား နဲ့ ငါးတွေဟာ သတ္တု ဓါတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခုခံအား စနစ်ကို သာမန်အနေအထား မျိုးမှာ ထိန်းသိမ်းထားပေးနိုင်ပါတယ်။ အနီရောင်ရင့်ရင့် အသားတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ထို အနီရောင်ရင့်ရင့် အသားတွေဟာ ခုခံအား စနစ်အတွက် အထောက်အပံ့မပေးနိုင်တဲ့အပြင် ကင်ဆာရောဂါ လည်း ဖြစ်စေနိုင်ပါတယ်။

၅။ အာလူးနဲ့ သခွားမွှေး

အာလူးနဲ့ သခွားမွှေးတို့ဟာ ဗီတာမင် အေ ပါဝင်တဲ့အတွက် ခုခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အာလူးနဲ့ သခွားမွှေးတို့ဟာ နှာခေါင်းနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း သက်သာစေပြီး နှာချေခြင်းအတွက် အထူးကောင်းမွန်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

အမေရိက မှာ ပထမဆုံးအကြိမ် သားအိမ် အစားထိုးခွဲစိတ်ကုသမှု တွေ ပြုလုပ်တော့မည်




ပထမဆုံးအကြိမ်အနေနဲ့ သန္ဓေမအောင်နိုင်တဲ့ အမေရိက အမျိုးသမီးတွေဟာ သားအိမ် အစားထိုး ခွဲစိတ်ကုသမှု တွေကို ဦးဆောင် ခဲ့သူတွေဖြစ်လာတော့မှာပါ.

အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ဆေးရုံတစ်ရုံဟာ ဆွီဒင်နိုင်ငံမှာ အောင်မြင်စွာ အတည်ပြုပြီးဖြစ်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင်ဖို့ ပြင်ဆင်နေပါပြီ။Cleveland ဆေးရုံကပြောပြခဲ့တာကတော့ သူတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ သားအိမ်အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်တဲ့ ပထမဆုံး ဆေးရုံဖြစ်လာမှာ ဖြစ်ပြီး အမျိုးသမီး ၁၀ ယောက်အထိ ပထမဆုံးအကြိမ်မှာ ကုသပေးသွားမယ်လို့လည်း သိရပါတယ်။

ထို ခွဲစိတ်ကုသမှုတွေကို လာမယ့် လအနည်းငယ်အတွင်းစတင်သွားမှာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်တဲ့ အမျိုးသမီးတွေအတွက် ထိုဆေးရုံကို ဖွင့်လှစ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်နိုင်တဲ့ အကြောင်းအရင်း ၃ ခု ရှိနေပါတယ်။ တစ်ခုကတော့ သားအိမ်မပါဝင်ပဲ မွေးဖွားလာတာကြောင့်ဖြစ်ပြီး ကျန် ၂ခုကတော့ သားအိမ်ကို ဆုံးရှုံးလိုက်ရတာနဲ့ သားအိမ်ဟာ လုပ်ဆောင်ချက်ချို့ယွင်းနေတာတွေကြောင့်ပါ။

ထိုခွဲစိတ်ကုသမှုမှာတော့ လှုဒါန်းထားတဲ့ သားအိမ်တွေကို ထည့်သွင်းအသုံးပြုမှာဖြစ်ပြီး ထိုသားအိမ်တွေကို ယာယီပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သားအိမ်အစားထိုး ခွဲစိတ်ကုသမှု ခံယူမယ့် အမျိုးသမီးတွေဟာ တစ်ကြိမ် (သို့) နှစ်ကြိမ် ကိုယ်ဝန်ဆောင်ပြီးတဲ့အခါမှာ ထိုထည့်သွင်းထားတဲ့ သားအိမ်ကို ဖယ်ရှားရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ်ဝန်မဆောင်နိုင်တဲ့မိခင်တွေကို ကိုယ့်မျိုးရိုးဗီဇ နဲ့ ရင်သွေးတစ်ယောက်ရရှိစေကာ ကိုယ်ဝန်ဆောင် အတွေ့အကြုံတွေကိုလည်း ရရှိနိုင်အောင်ဖန်တီးပေးတာဖြစ်တယ်လို့ ထိုဆေးရုံက ဆိုပါတယ်။

အခုပြုလုပ်မယ်ဆိုတဲ့ သားအိမ်အစားထိုး ခွဲစိတ်ကုသမှုဟာ ကမ္ဘာမှာတော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဆွီဒင်နိုင်ငံ က ဂေါ့သမ်ဘာ့ဂ် တက္ကသိုလ်ဟာ အစားထိုးထည့်သွင်းထားတဲ့ သားအိမ်နဲ့ ပထမဆုံးအကြိမ် မီးဖွားခြင်းကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလမှာ အောင်မြင်ပြီးစီး ခဲ့ပါသေးတယ်။ ဆွီဒင် သုတေသီအဖွဲ့ဟာ သားအိမ်အစားထိုးမှု ၉ ခုပြုလုပ်ခဲ့ရာမှာ ၅ ခု ဟာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး ၄ ခု ဟာ မီးဖွားမှု ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

Cleveland ဆေးရုံက သားအိမ်အစားထိုး ကုသမှု ပြုလုပ်ပေးသွားမယ့် အမျိုးသမီးတွေဟာ အသက် ၂၁ နှစ်ကနေ ၃၉ နှစ်အတွင်း ဖြစ်ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ရင်ခွင်ပိုက်ကလေးများကို ဖြည့်စွက်စာကျွေးခြင်းက အစာအိမ် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်စေ




Swenden နိုင်ငံမှ သုတေသနပညာရှင်တွေဟာ ရင်ခွင်ပိုက်ကလေးငယ်လေးတွေကို အသက်၂နှစ်မပြည့်ခင် Gluten ဖြည့်စွက်အစာကျွေးခြင်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်စေတာကို တွေ့ရှိခဲ့ကြပါတယ်။

သုတေသနပြုသူတွေက လေ့လာချက်အရ Gluten ကို စောစီးစွာ ကျွေးခြင်းဟာ ရောဂါဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့်မားစေနိုင်တဲ့ ရလဒ်တွေကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ လူတွေရဲ့ ၁ရာခိုင်နှုန်းမှာ ဖြစ်ပွားတတ်တဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါဟာ အူသိမ်အတွင်း အစာချေဖျက်နိုင်တဲ့ ခုခံအားစနစ်ကို ဒုက္ခပေးတာဖြစ်ပါတယ်။

ပညာရှင်တွေဟာ ဆွီဒင်ကလေးငယ် ၂၅၂၅ဦးကို ၄၆၃ တွဲ တွဲဖက်ကာ ကျား၊မ၊ မွေးဖွားတဲ့ခုနှစ်နဲ့ HLA genotype တို့ကိုအခြေခံပြီး လေ့လာခဲ့ကြတာဖြစ်ပါသတဲ့။အသက် ၉လ၊ ၁၂ လနဲ့ ၂၄လ အရွယ် ကလေးငယ်များရဲ့ Gluten စားသုံးမှုပမာဏကို တွက်ချက်ပြီး စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အသက် ၂နှစ် မပြည့်ခင် Gluten စားသုံးခဲ့ကြတဲ့ ကလေးငယ်လေးတွေမှာ ရောဂါဖြစ်ပွားနိုင်ချေ ၂ဆပိုများကြောင်း သိရှိရပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi


အသက်ရှုခြင်းက တဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တွေကို ကြေးနီက သေဆုံးစေနိုင်




ကိုရိုနာ ဗိုင်းရပ်စ် ဟာ ကြေးနီ နဲ့ ထိတွေ့တဲ့အခါမှာ ချက်ချင်းသေဆုံးသွားနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။ အခြား ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ မှန် ၊ အ၀တ် နဲ့ စတီးလ်တို့ နဲ့ ထိတွေ့တဲ့အခါမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ဟာ ရက်အနည်းငယ် ရှင်သန် ပြန့်ပွားနိုင်တယ်လို့ ဆောက်သမ်ပတန် တက္ကသိုလ်က သုတေသီတွေက လေ့လာမှု အသစ်တစ်ခုမှာ ဖော်ပြလိုက်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ၊ တိရိစ္တာန်တွေက စတင်ပျံ့နှံ့လာတဲ့ SARS ရောဂါ ၊ MERS ရောဂါ တို့အားလုံးရဲ့ ပြန့်ပွားမှု ကို ထိန်းချုပ်ကန့်သတ်ဖို့အတွက် ဟာခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ကူးစက်ပုံကြောင့်ပါ။ ဗိုင်းရပ်စ်တွေအနေနဲ့ မျက်နှာပြင်တွေပေါ်မှာ ရှင်သန်နိုင်ချိန်ကို လျှော့ချခြင်းသာ အကူအညီပေးနိုင်တာပါ။

ဒါ့အပြင် တူညီတဲ့ သုတေသီတွေကပဲ လေ့လာမှု နောက်တစ်ခုနဲ့ ချပြနိုင်ခဲ့တာက ကြေးနီဟာ နိုရို ဗိုင်းရပ်စ် ၊ influenza နဲ့ MRSA တို့လို ကူးစက်လွယ် ဗိုင်းရပ်စ်တိုင်းကို သေစေနိုင်တဲ့အတွက် ဆေးရုံတွေနဲ့ ဆေးပညာဆိုင်ရာ ဓါတ်ခွဲခန်းတွေမှာ ကြေးနီ ပစ္စည်းတွေသုံးတာ ဟာ အကြံဥာဏ်ကောင်းတစ်ခု ဖြစ်မှာပါ။

"ကူစက်ရောဂါးပိုးတွေ ညစ်ညမ်းတဲ့ မျက်နှာပြင်တွေကနေ ကူးပြောင်း ပျံ့နှံ့လာခြင်းဟာ အရင်တုန်းက ထင်ထားခဲ့တာထက်ပိုပြီး အရေးကြီးနေပါတယ်။ ကူးစက်ရောဂါပိုးဆို အသက်ရှု လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေလည်းပါဝင်ပါတယ်။ ကူးစက်ရောဂါ ကာကွယ်ဆေးက နည်းနေပြီး ဗိုင်းရပ်စ်အစိတ်အပိုင်း အချို့နဲ့တင် ကူးစက်ရောဂါ တစ်ခုကို အစပျိုးနိုင်တဲ့အတွက် ပိုပြီး အရေးကြီးပါတယ်" လို့ ဆောက်သမ်ပတန် က သုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာ Sarah Warnes က ဆိုပါတယ်။

Warnes နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပရော်ဖက်ဆာ Bill Keevil တို့ဟာ SARS နဲ့ MERS တို့လို ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် 229E ကို မျက်နှာပြင် အမျိုးမျိုး အပေါ်မှာ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ကြွေထည် ၊ အ၀တ်အထည် ၊ မှန် ၊ ရာဘာ နဲ့ စတိန်းလက်စ် စတီးလ် တို့ပေါ်မှာ စမ်းသပ်တဲ့အခါ 229E ဗိုင်းရပ်စ်ဟာ ၅ ရက်တိတိ ရှင်သန်နိုင်တာကို တွေ့ရပြီး ကြေးနီ မျက်နှာပြင်ပေါ်တင်လိုက်တဲ့အခါမှာသာ ချက်ချင်းသေဆုံးသွားတာပါ။

ဒါကြောင့် သုတေသီတွေက ကြေးနီကို ဆေးရုံနဲ့ ဆက်စပ်နေရာတွေမှာ အသုံးပြုဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။ ဒီ သုတေသနကိုတော့ mBio ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

အချိုဓါတ်ပါဝင်တဲ့ အစားအစာ တွေ စားခြင်း ဟာ အစာစားချင်စိတ်ကို ထပ်မံဖြစ်ပေါ်စေနိုင်




အချိုဓါတ်ပါဝင်တဲ့ အစားအစာ တွေစားခြင်းဟာ လူတစ်ယောက် အား အထပ်ထပ်အခါခါ စားချင်စိတ်ဖြစ်ပေါ်နေစေတဲ့ မှတ်ဥာဏ်တစ်ခု ဦးနှောက်အတွင်း ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။

သူတို့ ပြောတာကတော့ မှတ်ဥာဏ်တစ်ခု ဖြစ်ပေါ်လာခြင်းဟာ လူတစ်ယောက်ရဲ့ အစာစားခြင်း အလေ့အကျင့်ကို ထိန်းချုပ်နိုင်တယ်ဆိုတာပါပဲ။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်က ဖော်ပြထားတာကတော့ ဖြစ်စဉ်ပုံစံ မှတ်ဥာဏ်နဲ့ပတ်သက်တဲ့ ဦးနှောက်ရဲ့ dorsal hippocampus ဆိုတဲ့ အစိတ်အပိုင်းအတွင်းက အာရုံကြောတွေဟာ အချိုဓါတ်ပါတဲ့အစားအစာ တွေစားခြင်းနဲ့ ပိုမို လှုပ်ရှားမှု ပြုလာကြပါတယ်။

ဖြစ်စဉ် ပုံစံ မှတ်ဥာဏ် ဆိုတာဟာ တိကျတဲ့အချိန်နဲ့ နေရာကို မှတ်မိတဲ့နေတဲ့ ကိုယ်တိုင်ရေးအထ္ထုပတ္တိဆန်ဆန် မှတ်ဥာဏ်မျိုးကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ထို ရှာဖွေတွေ့ရှိချက်တွေရရှိလာဖို့အတွက် ဂျော်ဂျီယာ ပြည်နယ် တက္ကသိုလ် ၊ ဂျော်ဂျီယာ ဘုရင့်ကိုယ်စားလှယ် တက္ကသိုလ် နဲ့ ချာလီနောဝုဒ်ဗွီအေဆေးပညာ စင်တာတို့မှာ ရှိတဲ့ သုတေသီတွေဟာ ကြွက်တွေကို အချိုဓါတ်ပါဝင်တဲ့ အစားအစာတွေ ကျွေးပြီး စမ်းသပ်လေ့လာခဲ့ကြပါတယ်။

ထို အချိုစာ တွေမှာပါဝင်တဲ့ Sucrose သို့ Saccharin စတဲ့ အရာတွေဟာ dorsal hippocampus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းရဲ့ အာရုံကြောအတွင်းမှာရှိတဲ့ Activity-registered cytoskeleton-associated protein(Arc) လို့ခေါ်တဲ့ Synaptic Plasticity တွေကို များပြားလာစေနိုင်တယ်လို့ သိရပါတယ်။

Synaptic Plasticity ဆိုတာဟာ မှတ်ဥာဏ်တွေ ဖန်တီးဖို့အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဂျော်ဂျီယာ ပြည်နယ်တက္ကသိုလ် က ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ Marise Parent ဆိုသူက " ကျွန်တော်တို့ထင်ထားတာက ဖြစ်စဉ်ပုံစံမှတ်ဥာဏ်တွေဟာ အစားအသောက်ဆိုင်ရာ အမူအကျင့်ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။" လို့ဆိုပါတယ်။

သုတေသီတွေ ဆိုခဲ့တာကတော့ အစားအသောက် စားခြင်းကနေ မှတ်ဥာဏ်တွေ ဖြစ်ပေါ်လာတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ များစားသုံးစေဖို့ အရေးကြီးပါတယ်တဲ့။ ဒါ့အပြင် သုတေသီတွေ ထပ်မံ တွေ့ရှိခဲ့ကြတာက Amnesia ရောဂါ ဖြစ်နေတဲ့ လူတွေဟာ အစာ စားပြီးသည့်တိုင်အောင် နောက်တစ်ကြိမ် ထပ်စားချင်စိတ်ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အစားအသောက်နဲ့ ပတ်သက်တဲ့ မှတ်ဥာဏ် ဖြစ်တည်မှု မရှိကြလို့ပါ။

ဒါကြောင့် စွမ်းအင် ပုံမှန်လည်ပတ်ဖို့နဲ့ အ၀လွန်ခြင်း ဖြစ်ပွားမှု တွေကို နားလည်ဖို့အတွက် ဦးနှောက်က အစားအသောက်ဆိုင်ရာ မှတ်ဥာဏ်တွေကို ဘယ်လို ထိန်းချုပ်တယ်ဆိုတာကို သိဖို့လိုတယ်လို့ ပရော်ဖက်ဆာ Parent က ဆိုပါတယ်။

ထိုလေ့လာမှုကိုတော့ Hippocampuse ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ဝမ်းဗိုက်မှာ အဆီပိုတွေရှိပြီး သာမန်ကိုယ်အလေးချိန်ရှိသူတွေဟာ အ၀လွန်သူတွေထက် သေဆုံးနိုင်ခြေများ




အ၀လွန်တာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါပေမယ့် ပိန်သွယ်ပြီး ဗိုက်နားတစ်ဝိုက်မှာ အဆီပိုတွေစုနေတဲ့သူတွေမှာ ၀တဲ့သူတွေထက် စောစီးစွာသေဆုံးနိုင်ချေမြင့်မားတာကို သုတေသနပညာရှင်တွေက အမေရိကန်ရှိ အရွယ်ရောက်ပြီးသူများကို လေ့လာမှုများပြုလုပ်ပြီးနောက် သိရှိခဲ့ရပါတယ်။

ဝမ်းဗိုက်ပတ်လည် အဆီပိုစုခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ကျန်းမာရေးအတွက် အန္တရာယ်တွေရှိနိုင်တာကို အရင်ကတည်းက လေ့လာသိရှိပြီးဖြစ်သော်လည်း သာမန်ကိုယ်အလေးချိန်ရှိပြီး ဗိုက်သားအဆီပိုရှိသူတွေကိုတော့ လေ့လာမှုများ ပြုလုပ်ထားခဲ့ခြင်းဘူးလို့ ပညာရှင်များက ဆိုပါတယ်။

အ၀လွန်ခြင်းနဲ့ ကျန်းမာရေးပြဿနာတွေကို Body Mass Indes (BMI) အရတိုင်းတာကြည့်တဲ့အခါ သာမန်အလေးချိန်ရှိပြီး ၀မ်းဗိုက်အဆီပိုရှီသူတွေဟာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

Mayo Clinic မှ ဆေးဘက်ဆိုင်ရာပါမောက္ခ Dr. Francisco Lopez-Jimenez က “ BMI အရ သာမန်အလေးချိန်ရှိနေတဲ့ သူတွေဟာ အဆီနဲ့ပတ်သက်ပြီး ကျန်းမာရေးပြဿနာတွေ မဖြစ်နိုင်ဘူးလို့ ယူဆလို့မရပါဘူး။ သာမာန်အလေးချိန်ရှိရုံနဲ့ မလုံလောက်ပါဘူး။ အဆီရှိသင့်တဲ့ နေရာတွေမှာပဲ မျှမျှတတနဲ့ ရှိနေမှသာ ကျန်းမာကြံ့ခိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။”  လို့ ဆိုပါတယ်။

 “ ခါးကနေ တင်ပါးအထိ အတိုင်းအတာဟာ ရိုးရှင်းပြီးတိကျတဲ့ တိုင်းတာမှုဖြစ်ပြီး ဘယ်လောက်အဆီပိုတွေ စုနေတယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ။် BMI တွက်ချက်တိုင်းတာမှုက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ပဲဖြစ်ပြီး အဆီပမာဏကို ခွဲခြားတိုင်းတာလို့ မရပါဘူး” လို့လည်း ရှင်းလင်းပြောကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကျောက်ကပ်မကောင်းသူတွေအတွက် 'လူလုပ် ကျောက်ကပ်' ခါးပတ်



'ကျောက်ကပ်အတွင်းက ရေပိုနဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်' ကို လုပ်ဆောင်ပေးတဲ့ ဒီခါးပတ်ဟာ နာတာရှည် ကျောက်ကပ် မကောင်းသူတွေရဲ့ ကျန်းမာရေးအခြေအနေကို များမကြာမီဆိုသလို ပြောင်းလဲပေးနိုင်မယ်လို့ သတင်းရရှိပါတယ်။

Wak လို့ခေါ်တဲ့ ဒီစက်ဟာ (Wearable Artificial Kidney) ရဲ့ အတိုကောက်ပါ။ ဒီခါးပတ်ကို တပ်ဆင်ထားတဲ့ လူနာတွေဟာ ဆေးခန်းကို တစ်ပတ် အကြိမ်ရေနည်းနည်းတော့ သွားပြဖို့လိုပါတယ်။

လက်ရှိမှာ၊ ကျောက်ကပ်ဝေဒနာရှင်တွေဟာ သူတို့ရဲ့ သွေးကို စစ်ထုတ်သန့်စင်ဖို့အတွက် တစ်ပတ်ကို သုံးကြိမ် အချိန်အကြာကြီး သန့်စင်ပေးရပါတယ်။ ဒီ့အတွက် လူနာတွေမှာ ပင်ပန်းရပါတယ်။ ဒီ သွေးလဲလှယ်မှုစနစ်က ခန္ဓာကိုယ်တွင်း အရည်နဲ့ အာဟာရ တည်ဆောက်မှုစနစ်ကို အန္တရာယ်ရှိစေနိုင်ပြီး ကျန်းမာရေး ပြဿနာ တော်တော်များများကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

'လူနာရဲ့ သက်တမ်းကို နည်းနည်းဆွဲဆန့်ပေးနိုင်ဖို့အတွက် စက်အကြီးကြီးတွေနဲ့ 'ကျောက်ကပ်အတွင်းက ရေပိုနဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်' ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်နေရတုန်းဖြစ်တဲ့အတွက် ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။' လို့ စက်ကိုတီတွင်ခဲ့သူ Victor Gura က CNN ကိုပြောခဲ့ပါတယ်။

Gura ဟာ ကယ်လီဖိုးနီးယား ပြည်နယ် ဆေးရုံဆေးဝါး လက်ထောက်ပါမောက္ခ တစ်ဦးဖြစ်ပြီး ဒီ့ထက်ပိုကောင်းတဲ့ နည်းလမ်းတော့ ရှိရမယ်ဆိုပြီး Wak ကို တီထွင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီ ခါးပတ်စက်ကို သွေးပြန်ကြောကြီးတစ်ခုနဲ့ ချိတ်ဆက်ထားပြီး သွေးထဲက ရေ၊ ဆားနဲ့ ဓာတ်သတ္တုတွေကို ခွဲခြား စစ်ထုတ်ပေးပါတယ်။ စစ်ထုတ်ကိရိယာတွေကို တစ်ပတ်တစ်ကြိမ် လဲလှယ်ပေးရမှာဖြစ်ပြီး စစ်ထုတ်ပြီးသား ရေတွေကိုသန့်ရှင်းရေလုပ်ဖို့ ဓာတုပစ္စည်းတွေကို တစ်နေ့တစ်ကြိမ် ထပ်ထည့်ပေးရမှာပါ။ စက်တစ်ခုလုံးကို 9ဗို့ဒ် ဘက်ထရီနဲ့ အလုပ်လုပ်ဆောင်စေပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

အိမ်မွေးခွေး မွေး ခြင်းဟာ သင့် ကလေးရဲ့ ပန်းနာ ရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်




အိမ်မွေးခွေး တစ်ကောင် ပိုင်ဆိုင်ထားခြင်းဟာ သင့် ကလေးရဲ့ ပန်းနာ ရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

သုတေသီတွေအနေနဲ့ လယ်ယာသုံး တိရိစ္ဆာန် တွေနဲ့ အဆက်အသွယ် ရှိခြင်းဟာလည်း ပန်းနာရောဂါ အခြေအနေ ဖွံ့ဖြိုးလာမှုကို ရပ်တန့်လိုက်နိုင်တယ်ဆိုတာကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုလေ့လာမှု မှာ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူတွေ ပြောပြခဲ့တာကတော့ ထို တိကျတဲ့ ရှာဖွေတွေ့ရှိမှုဟာ တစ်ကိုယ်ရည် သန့်ရှင်းရေး အဆိုကြမ်း က တစ်ဆင့် တွေ့ရှိခဲ့တာပါတဲ့။

ထို တွေ့ရှိမှု ကတစ်ဆင့် ဆွေးနွေးတင်ပြခဲ့တာကတော့ ငယ်ရွယ်စဉ်မှာ အလွန်သန့်ရှင်းနေခြင်းဟာ ပန်းနာ ရောဂါ လို Allergy အခြေအနေမျိုးတွေအတွက် ဖြစ်လာနိုင်ခြေ ပိုများစေပါတယ်။ သိပ္ပံပညာရှင်တွေဟာ ခွေးတွေနဲ့ လယ်ယာသုံး တိရိစ္ဆာန် ပိုင်ဆိုင်မှုကို ဥပဒေ နဲ့ မှတ်ပုံတင်ရတဲ့ ဆွီဒင်နိုင်ငံမှာ တည်ရှိပြီး ၂၀၀၁ ထိခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း မွေးဖွားတဲ့ ကလေးငယ် ၁ သန်း ရဲ့ အချက်အလက်တွေကို တွက်ချက်ခဲ့တာပဲ ဖြစ်ပါတယ်။

ခွေးတွေဟာ ကလေးဘ၀ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်သလို လယ်ယာသုံး တိရိစ္ဆာန်တွေ နဲ့ နီးနီးကပ်ကပ် နေခြင်းဟာ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ၅၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အဆိုကြမ်းအရတော့ ငယ်ဘ၀မှာ သန့်ရှင်းမှု လွန်ကဲနေခြင်းဟာ အနုဇီဝ ပိုးမွှားတွေနဲ့ ကပ်ပါးပိုးတွေ ကင်းစင်စေနိုင်သလို ထိုကဲ့သို့ ကင်းစင်နေခြင်းဟာလည်း ခုခံအား စနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာခြင်း ကို တားမြစ်နေပါတယ်။

ဆွီဒင်နိုင်ငံ ၊ Uppsala တက္ကသိုလ် က ဦးဆောင် သိပ္ပံပညာရှင် ဒေါက်တာ Tove Fall က "အစောပိုင်း လေ့လာမှုတွေဟာ လယ်ကွင်းတစ်ခုမှာ ကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချပေးနိုင်တယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ ကျွန်တော်တို့ သိချင်ခဲ့တာက ထို ပတ်သက်နေမှုဟာ အိမ်မွေးခွေးတွေနားမှာ ကြီးပြင်းတဲ့ ကလေးတွေကိုရော သက်ရောက်မှု ရှိသလားဆိုတာပါ။ ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိမှု ရလဒ်ဟာ လယ်ယာ မြေ သက်ရောက်မှု ကို အတည်ပြုနိုင်ခဲ့ပါတယ်။ အိမ်မွေးခွေးတွေနားမှာ ကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ ခွေးတွေနားမှာ မကြီးပြင်းတဲ့ကလေးတွေထက် ပန်းနာရောဂါ ဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း အခွင့်အလမ်းနည်းပါတယ်။" လို့ ဆိုပါတယ်။

ထို သုတေသန ကိုတော့ JAMA Pediatrics ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ဆွီဒင်နိုင်ငံ ရဲ့ အမျိုးသား ဗဟိုအချက်အလက် များ ဖွဲ့စည်းထားတဲ့ စနစ် ကို သိပ္ပံပညာရှင်တွေ ရယူ သုံးစွဲခဲ့မှု ကြောင့် ထို တွေ့ရှိမှုတွေဟာ ဖြစ်နိုင်ခြေ ရှိခဲ့တယ်လို့လည်း ပူးတွဲ ဖော်ပြထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

ပုံမှန်အားဖြင့် အိပ်ချိန် နည်းပါးနေခြင်းဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို ဆုံးရှုံးနိုင်ခြေ များ




တစ်နေ့ကို ၅ နာရီ မပြည့်အောင် အိပ်စက်ခြင်းဟာ ကျောက်ကပ် ဆုံးရှုံးနိုင်ခြေကို ပိုများလာစေနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဆွေးနွေး တင်ပြလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ သုတေသီ တွေရဲ့ ရှာဖွေတွေ့ရှိမှုဟာ သင့်ကျောက်ကပ် ကျန်းမာရေးအတွက် အိပ်ချိန် ဘယ်လောက်လိုအပ်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

မန်ဆာချူးဆက်ပြည်နယ် ၊ ဘော်စတွန် မြို့မှာရှိတဲ့ Brigham နဲ့ အမျိုးသမီးဆေးရုံ တို့က ကျွမ်းကျင်သူတွေဟာ လူအယောက် ၄၀၀၀ ခန့်ကို ဆယ်စုနှစ် တစ်ခုကျော် လေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှာ သုတေသီတွေဟာ တစ်ညကို ၅ နာရီသာ အိပ်စက်သူတွေဟာ တစ်ညကို ၇ နာရီ အိပ်စက်သူတွေထက် ကျောက်ကပ် ရဲ့ လုပ်ဆောင်ချက်တွေ ဆုံးရှုံးသွားဖို့ အခွင့်အလမ်း ၆၅ ရာခိုင်နှုန်း ပိုများတယ်ဆိုတဲ့ အတွေ့အကြုံတွေကို တွေ့ရှိခဲ့ကြပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကို သုတေသီတွေက ဆန်ဒီယေးဂိုး မြို့မှာ ပြုလုပ်ခဲ့တဲ့ အရေးကြီးသော ဆေးပညာ ညီလာခံ မှာ တင်ဆက် ပြသခဲ့ကြတာပဲဖြစ်ပါတယ်။

ထို သုတေသန ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Ciaran Joseph McMullan က "ဒါဟာ အိပ်ချိန်နည်းပါးခြင်းဟာ ကျောက်ကပ် လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးမှုနဲ့ ဆက်စပ်နေခြင်းကို ရှာဖွေဖို့ ပထမဆုံး အမျှော်အမြင်ရှိတဲ့ လေ့လာမှု ပါ" လို့ ဆိုပါတယ်။

ပျမ်းမျှအားဖြင့် လူ ၃ ယောက် မှာ ၁ ယောက်ဟာ စိတ်ဖိစီးမှုတွေ ၊ ကွန်ပျူတာတွေ ၊ အချိန်ကြာကြာ အလုပ်လုပ်ရခြင်းတွေ ၊ အပြစ်တင်ခံရခြင်းတွေကြောင့် အိပ်ချိန်နည်းပါးနေကြပါတယ်။ ကျွမ်းကျင်သူတွေ အရင်တစ်ခေါက်တုန်းက ရှာဖွေတွေ့ရှိထားတာက ပုံမှန်အားဖြင့် အိပ်ချိန်နည်းပါးနေခြင်းဟာ သင့်ကို အ၀လွန်ခြင်း ၊ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချို ရောဂါ တွေအပါအ၀င် အရေးကြီးတဲ့ ကျန်းမာရေး အခြေအနေတွေကို ဖြစ်လာနိုင်စေတယ် ဆိုတာပါပဲ။

ပိုပြီးသေချာတာက ပုံမှန်အားဖြင့် အိပ်ချိန် နည်းပါးခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀ သက်တမ်းကို တိုတောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့်လည်း အိပ်ချိန်နည်းပါးခြင်းဟာ နာတာရှည် ကျောက်ကပ် ဝေဒနာ ကို ဖြစ်စေနိုင်ပါသလားဆိုတာတော့ အခုချိန်ထိ တိတိကျကျ မသိရှိခဲ့သေးပါဘူး။ လက်ရှိ နောက်ဆုံး ပြုလုပ်ထားတဲ့ သုတေသန အရတော့ သင့်ရဲ့ အိပ်ချိန်တွေ ဆုံးရှုံးတဲ့အခါ ကျောက်ကပ် ရဲ့ လုပ်ဆောင်ချက်တွေ ပျက်စီးဆုံးရှုံး ရနိုင်တယ် ဆိုတာကိုသာ သိရှိထားတာဖြစ်ပါတယ်။

လူတွေဟာ ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို ၈ နာရီ ခန့် အိပ်စက်ဖို့ လိုပါတယ်။ ဒါမှသာ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် တစ်ချို့ကတော့ အိပ်ချိန် ၈ နာရီ ထက်ပိုလိုအပ်နိုင်ပြီး တစ်ချို့ကတော့ ၈ နာရီတောင် မလိုအပ်ကြပါဘူး။

ကျောက်ကပ်ဟာ သွေးဖိအား ရရှိနိုင်အောင်ကူညီပေးပြီး နှလုံးနဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်ချက် ကောင်းမွန်အောင် လည်းကူညီပေးနေပါတယ်။ အရိုးကျန်းမားရေးကိုလည်း ထိန်းသိမ်းပေးတဲ့အပြင် သွေးနီဥ ဆဲလ် ထုတ်လုပ်ခြင်းကိုလည်း လှုံ့ဆော်ပေးနေတာ ဖြစ်ပါတယ်။

အကယ်၍ တစ်ညကို ၅ နာရီ မပြည့်တဲ့ အိပ်စက်ချိန်တွေ ပုံမှန်ဖြစ်လာတဲ့အခါမှာ ကျောက်ကပ်ရဲ့ အထက်ပါ လုပ်ဆောင်ချက်တွေ ပျက်စီးဆုံးရှုံးသွားလိမ့်မယ်လို့ သုတေသီ တွေက သတိပေးထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

ရင်သား အစားထိုး ခွဲစိတ်ကုသခြင်း အပေါ် ပြန်လည်သုံးသပ်ချက်များ





ရင်သား ကို ဆီလီကွန် ဂျဲလ် တွေ အစားထိုး ထည့်သွင်းခြင်း ရဲ့ လုံခြုံမှု အတွက် ကောင်းမွန်တဲ့ သက်သေ ဟာ ဆီလီကွန် ရင်သား အတု တွေ အမေရိကန် ဈေးကွက် ထဲ ၀င်ရောက်လာပြီး ၁၀ နှစ်ခန့်ကြာသည် အထိ ရှာမတွေ့သေးဘူး လို့ ပြန်လည်သုံးသပ်မှု တစ်ခုက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သုတေသန တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကို မဖော်ပြနိုင်ခဲ့သလိုပဲ ရင်သား အစားထိုးခြင်း နဲ့ အရေးကြီးတဲ့ ကျန်းမာရေး အခြေအနေကြားက မှန်ကန်တဲ့ ဆက်နွယ်နေမှုတွေကိုလည်း ဖော်ပြနိုင်ခြင်းမရှိခဲ့သေးပါဘူး။

အမေရိကန် နိုင်ငံမှာတော့ ရင်သား ကြီးထွားအောင်ပြုလုပ်ခြင်းဟာ ၂၀၁၄ ခုနှစ်အတွင်း အလှအပဆိုင်ရာ ခွဲစိတ်မှုတွေအားလုံးထဲမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ အမျိုးသမီး ၂၈၆၀၀၀ ယောက်ကျော်ကျော် ဟာ ထို ခွဲစိတ်မှုကိုပြုလုပ်ခဲ့ကြတယ်လို့ American Society of Plastic Surgeons ရဲ့ ဖော်ပြချက်အရသိရပါတယ်။

အမေရိကန်နိုင်ငံ ရဲ့ အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာ ခွင့်ပြုဌာန(FDA) ဟာ ရင်သားအစားထိုးတဲ့ ဆီလီကွန် ဂျဲလ် တွေကို ပြည်သူ့ကဏ္ဍ အတွက် ၁၉၉၂ ခုနှစ်မှာ အရောင်းရပ်ခဲ့ပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ ရင်သားခွဲစိတ်မှု တွေ ပြန်လည် အစပျိုးလားပြန်ပါတယ်။ လေ့လာဆန်းစစ်ချက်အသစ်တစ်ခုအရတော့ သုတေသီတွေဟာ ရင်သားအစားထိုးခွဲစိတ်မှုတွေအပြီးမှာ ထွက်ပေါ်လာတဲ့ ကျန်းမာရေး ရလဒ် ၅၀၀၀ ကျော်ကို ပြန်လည် သုံးသပ်ခဲ့ကြပါတယ်။

သုတေသီတွေ စိတ်ဝင်စားခဲ့တာကတော့ ရင်သား အစားထိုး ဆီလီကွန်ဂျဲလ်တွေနဲ့ ကင်ဆာရောဂါ အမျိုးမျိုး ၊ ချိတ်ဆက်တစ်သျှူး ရောဂါ များ ၊ ခုခံအား စနစ် ပျက်စီးယိုယွင်းခြင်း ၊ သွေးလည်ပတ်မှု ပြဿနာ ၊ မျိုးပွားခြင်းဆိုင်ရာ အကြောင်းအရာများ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ရဲ့ ကြားက ဖြစ်နိုင်ချေ ရှိတဲ့ ဆက်နွယ်နေမှုတွေကို ပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိကျတဲ့ ရလဒ်ကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါဘူး။ ရင်သားခွဲစိတ်ကုသခြင်း နဲ့ ပတ်သက်ပြီးဆေးပညာ ကျွမ်းကျင်သူတွေ ဆွေးနွေး အကြံပြုထားတာကတော့ ရင်သားအစားထိုးခြင်းဟာ ရင်သား ကင်ဆာ နဲ့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ချေတွေကို လျော့ကျစေနိုင်ပေမယ့် အဆုတ်ကင်ဆာ ၊ ခုခံအားစနစ် ပျက်စီးယိုယွင်းခြင်း ၊ သွေးလည်ပတ်မှု ပြဿနာ စတာတွေကိုတော့ ပိုမိုဖြစ်လာစေနိုင်တယ် ဆိုတာပါပဲ။

ရင်သား အစားထိုး ကုသခြင်း ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို တိကျသေချာစွာဖော်ပြဖို့ကတော့ အခုထိ ဒွိဟ ဖြစ်နေဆဲပါ။ဒီ ပြန်လည် သုံးသပ်ချက်တွေကိုတော့ Annals of Internal Medicine ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ခွန်အားဖြည့်အချိုရည်တွေက နှလုံးကို ထိခိုက်စေ



ပြီးခဲ့တဲ့နှစ်ပိုင်း အတွင်းမှာ ခွန်အားဖြည့်အချိုရည်တွေက တစ်ခေတ်ဆန်းလာပါတယ်။ ခွန်အားဖြည့်အချိုရည်တွေက နှလုံးကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ် ဆိုတာကို သုတေသီတွေက လေ့လာမှု ပြုခဲ့ကြပါတယ်။

ဘယ် ခွန်အားဖြည့်အချိုရည်ကိုမဆို တစ်ကြိမ်သောက်သုံးတာနဲ့ နှလုံးကျန်းမာရေးကို ယာယီအကျိုးသက်ရောက်မှု ရှိတယ်လို့ လေ့လာမှုက သုံးသပ်ခဲ့ပါတယ်။ ခွန်အားဖြည့်အချိုရည် တစ်ဗူးသောက်ရင်တောင် နှလုံးအန္တရာယ်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရတဲ့အတွက် ဒီလေ့လာမှုက လူတော်တော်များများကို ထိတ်လန့်စေခဲ့ပါတယ်။

Rockstar ခွန်အားဖြည့်အချိုရည်မှာ norepinephrine ဟော်မုန်း ပမာဏ တော်တော်များများပါရှိပြီး ၁၆အောင်စ သောက်သူရဲ့ သွေးပေါင်ချိန်ဟာ တက်လာခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ norepinephrine ဟော်မုန်းဆိုတာ သွေးပေါင်ချိန်ကို တက်စေတဲ့ adrenaline နဲ့ ခပ်ဆင်ဆင်တူပါတယ်။

ဒီလေ့လာမှုရလဒ်တွေကို အမေရိကန် နှလုံး အဖွဲ့အစည်း သိပ္ပံပညာကဏ္ဍာများ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အမေရိကန် ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးပါ။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: NY City Today

ဟင်းသီးဟင်းရွက်ဆီတွေမှာ ကင်ဆာ ၊နှလုံးရောဂါ တွေနဲ့ ဆက်စပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်လျက်ရှိ





နေကြာဆီနဲ့ ပြောင်းဆီ စတဲ့ ဟင်းသီးဟင်းရွက်ဆီတွေမှာ နှလုံးရောဂါနဲ့ dementia ခေါ် ဦးနှောက်ထိခိုက်မှု ကြောင့် စိတ်ဖောက်ပြန်မှုရောဂါတွေကို ဖြစ်စေနိုင်တဲ့ အဆိပ်ရှိဓာတုပစ္စည်းတွေ ပါဝင်လျက်ရှိကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။ 

ဒီ ဆီတွေအစား သံလွင်ဆီကို ရွေးချယ်အသုံးပြုနိုင်ပေမယ့် ကျွမ်းကျင်သူတွေရဲ့အဆိုအရ စားအုန်းဆီ၊ ထောပတ် နဲ့ ဝက်ဆီတို့ ဟာ တခြားဆီတွေထက် သာလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ 

“ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ မငြိစွန်းနေတဲ့ ရောဂါအုပ်စုရယ်လို့ ကို မရှိဘူးဖြစ်နေပါတယ်” လို့ De Montford တက္ကသိုလ်က ပရော်ဖက်ဆာ Martin Grootveld က ပြောပြပါတယ်။ 

“ ပထမဆုံးအနေနဲ့ အတတ်နိုင်ဆုံး ဆီကြော်အစားအစာတွေကို ရှောင်ပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာပဲ ကျွန်တော်တို့ က ဆီကြော်စာကို မှကြိုက်တတ်ကြပြီး ကျွန်တော်ကိုယ်တိုင်လည်း ဆီလေးနဲ့ ကြော်ထားတဲ့ မနက်စာကောင်းကောင်းတစ်နပ်ကို မရှောင်နိုင်ဘူးဖြစ်နေတယ်” 

“ ဒီအတွက်ကြောင့် ဆီသုံးမယ်ဆိုရင်လည်း ဒီ အဆိပ်ရှိဒြပ်ပေါင်းပါဝင်မှုနည်းပါးတဲ့ ဆီမျိုးကို ရွေးသုံးပါ” 

နေကြာဆီ ဒါမှမဟုတ် ပြောင်းဆီကို သုံးပြီးကြော်ထားတဲ့ ငါးကြော်ဟင်းမှာ aldehydes ဆိုတဲ့ အဆိပ်ရှိဒြပ်ပေါင်းဟာ စိတ်ချရတဲ့ပမာဏထက် အဆ ၂၀၀ ကျော် ပိုမိုပါဝင်နေတာကို ပရော်ဖက်ဆာ Grootveld က တွေ့ ရှိခဲ့ရ ပါတယ်။ 

ကိုလက်စထရောဖြစ်ပေါ်မှုအားမပေးတဲ့ polyunsaturated fats ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဆီတွေ ဟာ အန္တရာယ်ရှိတဲ့ဒြပ်ပေါင်း အမြောက်အများကို ထုတ်ပေးနိုင်ပြီး သံလွင်သီးနဲ့ အခွံမာစေ့တွေကနေရတဲ့ monounsaturated fat ပြည့်ဝတဲ့ဆီတွေကတော့ ဒီဒြပ်ပေါင်းတွေကို အနည်းအကျဉ်းသာ ထုတ်ပေးတယ်လို့  ပရော်ဖက်ဆာက ရှင်းပြပါတယ်။ 

ယခုတွေ့ ရှိမှုဟာ ပြည့်ဝဆီတွေကို ရှောင်ရှားပြီး polyunsaturated fats ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဆီ တွေကို ရွေးချယ်အသုံးပြုသင့်တယ်ဆိုတဲ့ နှစ် ၂၀ ကျော်ကြာ သုတေသနပြု လက်ခံထားတဲ့ အချက်အလက်နဲ့  လုံးဝဖီဆန်လျက်ရှိပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Metro
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ