တောင်ကိုးရီးယားနိုင်ငံကတော့ တခြားသော ကျန်းမာရေးကိရိယာတွေထက် ပိုပြီး ကောင်းမွန်လွယ်ကူစေတဲ့ ကျန်းမာရေးသုံး ကိရိယာတစ်ခုကို တီထွင်လိုက်ပြန်ပါပြီ။ ခန္ဒာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ နာရီတွေ ၊ ကျန်းမာရေးလက်ကောက်တွေနဲ့ တိုင်းတာခဲ့ရာကနေ အခုဆိုရင်တော့ အသားမှာ ကပ်ထားရုံနဲ့ မိမိနှလုံးနဲ့ အခြား သွေးကြောတွေရဲ့ လုပ်ဆောင်ချက်တွေကို အစဉ်မပြတ်စောင့်ကြည့်ပေးနေမယ့် သေးငယ်တဲ့ မော်နီတာစတစ်ကာတစ်ခုထွက်ပေါ်လာပါပြီ။
ဆိုးလ်မြို့က သုတေသီတွေဟာ နှလုံးကို အမြဲတမ်းစောင့်ကြည့်ပေးနေမယ့် စတစ်ကာကို သေးငယ်ပြီး ဆွဲဆန့်နိုင်အောင်ပြုလုပ်ထားပြီး အသားရဲ့ အကျုံ့အဆန့်ပေါ်မူတည်ပြီးလည်း လိုက်လျောညီထွေ ကပ်နေနိုင်အောင် ပြုလုပ်ထားပါတယ်။ သုတေသီတွေဟာ အရမ်းကို သေးငယ်လွန်းလှတဲ့ ဆီလီကွန် အမှေးပါးတွေနဲ့ နာနိုရွှေအမှုန်လေးတွေကို ဒီထဲမှာ ထည့်သွင်းထားပြီး ပိုမိုခိုင်မြဲပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို မှတ်ဥာဏ်များများနဲ့ မှတ်တမ်းတင်ပေးထားမှာပါ။
လေ့လာသူတွေကတော့ ဒီပစ္စည်းလေးကနေ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုသိရှိသွားနိုင်မှာဖြစ်ပြီး လူနာရဲ့ ဆစ်ဂနယ်လွှဲကျယ်တွေကို ကြည့်ရှုပြီး နှလုံးရောဂါကို ပိုမိုခြေရာခံနိုင်အောင် စီစဉ်ထားတာပါ။
( Beauty Syh )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: Daily Mail