လေ့ကျင့်ခန်းအပေါ်ယုံကြည်ခြင်းက ပိုမိုအကျိုးကျေးဇူးများစေနိုင်


လေ့ကျင့်ခန်း လုပ်တဲ့အပေါ်ကို ယုံကြည်ခြင်းဟာ သာမန်လုပ်တာထက်စာရင် ပိုမိုအကျိုးသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေကဆိုပါတယ်။ ဂျာမနီနိုင်ငံက သုတေသီတွေဟာ လေ့ကျင့်ခန်းလုပ်တာကနေ ရရှိတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်တွေကို သုတေသနလုပ်ရာကနေ အခုလို တွေ့ရှိခဲ့ရတာပါ။

Behavioral Medicine ဂျာနယ်မှာ ဖော်ပြချက်အရ သုတေသီတွေဟာ အသက် ၁၈နှစ်ကနေ ၃၂နှစ်ကြား လူ ၇၆ယောက်ကို လေ့လာခဲ့ရာမှာ စက်ဘီးစီးရာကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို လေ့လာခဲ့တာပါ။

မိနစ် ၃၀ကြာစက်ဘီးစီးတဲ့ ရလဒ်ကိုလေ့လာခဲ့ရမှာ သာမန်လုပ်နေတဲ့သူတွေထက်စာရင် လေ့ကျင့်ခန်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်တဲ့သူတွေဟာ ပိုမိုပြီးတော့ အကျိုးကျေးဇူးတွေ များပြားတာကိုတွေ့ခဲ့ရတာပါ။

“လေ့ကျင့်ခန်းရဲ့ အကျိုးကို သိပြီး ပျော်ပျော်ရွှင်ရွှင်လုပ်တဲ့သူတွေဟာ သာမနထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုကြောင့် ပိုမိုအကျိုးသက်ရောက်မှုရှိတာတွေ့ရပါတယ်” လို့ ဖရန့်ဖတ်တက္ကသိုလ် ပါမောက္ခ Dr. Hendrik Mothes ကဆိုခဲ့ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ