အသက်ငါးဆယ်ကျော်မင်းသားကြီး ဂျော့ကလူနေ နာမည်ကြီး ရှေ့ နေအမျိုးသမီးနှင့် အိမ်ထောင်ပြု

ဗင်းနစ် စက်တင်ဘာ ၂၈

ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီး ဂျော့ကလူနေသည် လူ့အခွင့်အရေး ရှေ့နေမယ် အာလာမွတ်ဒင်နှင့် ဗင်းနစ်မြို့၌ လက်ထပ်လိုက်ပြီဖြစ်သည်။

အသက် ၅၃ နှစ်ရှိ ကမ္ဘာကျော်မင်းသားကြီး ကလူနေနှင့် အသက် ၃၆ နှစ်အရွယ် မစ်အာလာမွတ်ဒင်တို့သည် အီတလီနိုင်ငံ၏ နာမည်ကျော် ဂရင်းကင်နယ်ဟိုတယ်၌ မင်္ဂလာပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ နာမည်ကြီးအဆိုတော်များ၊ မော်လ်ဒယ်များ နှင့် အနုပညာလောကမှ အကျော်အမော်များ တက်ရောက်လာကြရာ မော်လ်ဒယ် စင်ဒီကရော့ဖို့ဒ်၊ ဘီလ်မာရေးနှင့် ယူတူးအဆိုတော် ဘိုနိုတို့လည်း ပါဝင်သည်။ ၄င်းတို့စုံတွဲသည် ဧပြီလအတွင်းက စေ့စပ်ခဲ့သည်ဟု ဆိုသည်။ ကလူနေသည် ယခင်က တယ်လီယာအယ်ဆန်းနှင့် လက်ထပ် ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ၄င်းသည် ကမ္ဘာကျော် ရုပ်ရှင်မင်းသားများအနက် လူသိအများဆုံးထဲမှ တစ်ဦးဖြစ်သည်။ ၎င်းသည် ၂ဝဝ၆ ခုနှစ်က Syriana ဇာတ်ကားကြီးဖြင့် အော်စကာရုပ်ရှင် ထူးချွန်ဆု၊ ဇာတ်ပို့ဆုရခဲ့ပြီး ၂ဝ၁၃ ခုနှစ်က Argo ဇာတ်ကားဖြင့်ာတ်ကားဆုရရှိ ခဲ့သည်။

လက်ဘနွန်နွယ်ဖွား ဗြိတိသျှရှေ့နေမယ် အာလာမွတ်ဒင်သည် ဝီကီလိခ် ထူထောင်သူ ဂျူလီယန်အက်ဆန်နှင့် ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီ ယာတိုင်မိုရှန်ကိုတို့ကဲ့သို့ နာမည်ကြီး ပုဂ္ဂိုလ်များ၏ အမှုတွဲများကို အမှု လိုက်ပါ ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် ကလူနေနှင့် လုပ်ငန်းခွင်တွင် တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အချစ်အတွက်......အသက်ကိုတောင်စွန့်လိုက်တဲ့ ရန်ဂျီဆန်(တောသူမလေးရဲ့ချစ်ပုံပြင်)

မြို့ပြမုဆိုး၊လျှို့ဝှက်အချစ်ဇာတ်လမ်းတွဲများတွင်ဇာတ်ပို့နေရာတွင်သရုပ်ဆောင်
ခဲ့သောရန်ဂျီဆန်သည်F.T Island ဂီတအဖွဲ့ဝင်လီဟုန်ကီး နဲ့တွဲဖက်သရုပ်ဆောင်ခဲ့သော“တောသူမလေးချစ်ပုံပြင်ဇာတ်လမ်းတွဲ”ဖြင့်
လူကြိုက်များသောသရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပါသည်။ဒီတစ် ပတ်တော့“တောသူမလေးရဲ့ချစ်ပုံပြင်”ဇာတ်လမ်းတွဲကိုနှစ်သက်သော
ပရိတ်သတ်တွေအတွက်သူမရဲ့အင်တာဗျူးတစ်ချို့ကိုဖော်ပြလိုက်ပါတယ်။
မေး။ရှင်ဒီဇာတ်လမ်းထဲမှာနှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာနဲ့ပတ်သတ်
လို့ဘယ်လိုခံစားရသလဲ။
ဖြေ။အစမှာတော့နှစ်ကိုယ်ခွဲကိုသရုပ်ဆောင်ရတာအဓိပ္ပာယ်ရှိလိုက်တာ
လို့ခံစားမိတယ်။ကျွန်မရီယောင်းနေရာမှာသရုပ်ဆောင်တော့ ဘယ်သူကမှကျွန်မကိုစကားပြောခွင့်မပြုခဲ့ဘူး။ဇာတ်ကောင်ပေါ်မှာ
သိပ်ဈာန်ဝင်သွားလို့တဲ့။စကားတွေမပြောပေမဲ့လည်းဇာတ်လမ်းထဲက ဇာတ်ကောင်အတိုင်းပြောင်းလဲသွားနိုင်တာပဲလေ။
မေး။နာဒိုရင်ဇာတ်ကောင်ကသိပ်ကိုခံနိုင်ရည်ရှိလွန်နေတယ်နော်။
ဇာတ်ကောင်တစ်ခုရဲ့ပုံရိပ်ကိုထိုးဖောက်နိုင်ဖို့အတွက်ဖိအားတွေ
ကတော့ရှိ နေမှာပဲ။
ဖြေ။ ဇာတ်လမ်းတွဲစပြတဲ့အပိုင်း(၁)(၂)တွေကိုကျွန်မကြည့်တောင် မကြည့်ရဲခဲ့ဘူး။ကျွန်မနာဒိုရင်ကိုသရုပ်ဆောင်တုန်းကလည်းလီဟုန်ကီး ကဘေးကနေရယ်နေတာပါးစပ်တောင်မပိတ်နိုင်ဘူးလေ။မျက်နှာကိုလည်း
မလှမပဖြစ်အောင်ပြင်ရသေးတယ်။ဘောင်းဘီပွပွကိုဝတ်ထားရတယ်။
ကျွန်မဇာတ်ကောင်ကပိုက်ဆံသိပ်ရှာနိုင်တယ်လေ။အက်ရှင်ခန်းက
လည်းပါသေးတယ်။ရိုက်ကွင်းနေရာတွေကလည်းများတယ်။ ဒါပေမဲ့သရုပ်ဆောင်ရတာပျော်စရာကောင်းပါတယ်။မနက်ဖြန်ဆို
တာတွေကိုတကယ့်ကိုပဲမစဉ်းစားခဲ့ဘူး။ရိုက်ကွင်းမှာသရုပ်ဆောင်
တဲ့အချိန်တိုင်း ငါ့တကယ့်ကိုသရုပ်ဆောင်နေတာပါလားလို့ခံစားမိတယ်။
မေး။လီဟုန်ကီးနဲ့ဒီဇာတ်လမ်းမှာသရုပ်မဆောင်ခင်၊သူ့အပေါ်မှာဘယ်
လိုအမြင်တွေရှိခဲ့သလဲ။
ဖြေ။သူကကလေးသရုပ်ဆောင်ဘ၀ကတည်းကတော်တဲ့သူတစ်ဦးလေ။
သူကိုသိတုန်းကအဆိုတော်တစ်ဦးအနေတောင်နဲ့မဟုတ်ဘူး။ သရုပ်ဆောင်အလုပ်ကိုစိတ်ပါဝင်စားလုပ်တတ်တဲ့လူတစ်ဦးပါလား
ဆိုတဲ့အတွေးတွေပါရှိခဲ့တယ်။ကျွန်မအနေနဲ့ဆိုရင်တောင်သရုပ်ဆောင် တာနဲ့ပတ်သတ်ပြီးလိုအပ်ချက်တွေရှိသေးတယ်။တစ်ခါတစ်ခါလီဟုန်ကီး
ကတောင်ကူညီရသေးတယ်။အဲဒီအတွက်သူ့ကိုတောင်ကျေးဇူးတင်ရ
တယ်။နောက်ပြီးရိုက်ကွင်းမှာလီဟုန်ကီးကရယ်စရာတွေအင်မတန်ပြော
တတ်သေးတယ်။
မေး။“တောသူမလေးချစ်ပုံပြင်”ဇာတ်လမ်းတွဲကိုနှစ်သက်တဲ့ပရိတ်သတ် တွေ အတွက်စကားလေးတစ်ခွန်းလောက်ပြောပေးပါအုံး။
ဖြေ။ကျွန်မတို့တွေဒီဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တာ၃လလောက်ကြာခဲ့
ပါတယ်။ရိုက်ကွင်းမှာကျွန်မတို့တွေအားလုံးကြိုးကြိုးစားစားအလုပ် လုပ်ခဲ့ကြပါတယ်။ပရိတ်သတ်တွေအားလုံးအားပေးကြပါလို့ပြောပါရစေ။

သက်(ref:psr project)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းမည့် ခြင်လိမ္မာများ ဘရာဇီးဖြန့်ဖြူး

ရီယိုဒီဂျနေရိုမြို့ရှိ ဘရာဇီးသုတေသီများသည် သွေးလွန်တုပ်ကွေး ရောဂါပိုးကို နှိမ် နင်းနိုင်သည့် ဘက်တီးရီးယားပိုး တစ်မျိုးပါဝင်သော ခြင်များကို ဖြန့်ဖြူးလျက် ရှိကြောင်း သိရသည်။

အဆိုပါခြင်များက သားပေါက်၍ ခြင်အရေအတွက် တိုးပွား လာရာမှ သွေးလွန်တုပ်ကွေး သယ်ဆောင်သည့်ခြင်များ လျော့ပါးကာ သွေးလွန်တုပ်ကွေး ရောဂါလည်း ပျောက်ကွယ်သွားမည်ဟု သုတေသီများက မျှော်လင့်ထားသည်။

အဆိုပါ စီမံကိန်းကို သြစတြေးလျ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း စမ်းသပ်လုပ်ကိုင်လျက်ရှိသည်။ ယင်းခြင်များတွင် ပါဝင်သည့် Wolbachia အမည်ရှိ ဘက်တီးရီးယားပိုးသည် အခြားသော ဘက်တီးရီးယားပိုးများကိုသာ ကူးစက်နိုင်ပြီး လူသားများသို့ ကူးစက်နိုင်ခြင်းမရှိဟု သိရသည်။ Wolbachia ကို ၂၀၀၈ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံ မိုနာရှ်တက္ကသိုလ်တွင်စတင်၍ သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အရောက်တွင် Wolbachia ဘက်တီးရီးယားပါဝင်သည့် ခြင်ဖြန့်ဖြူးရေးစီမံကိန်းကြီး စတင်ခဲ့ခြင်းဖြစ်သည်။

လက်တွေ့ဖြန့်ဖြူးခြင်းမပြုမီ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်ကြား ငါးနှစ်တာလုံးလုံး သုတေသီများသည် မိမိတို့၏ လက်များတွင် အဆိုပါခြင်များကို ကိုက်ခဲစေ၍ လူသားများကို ကူးစက်နိုင်ခြင်း ရှိမရှိ လက်တွေ့စမ်းသပ်ခဲ့ကြသည်ဟု ဆိုသည်။ Wolbachia များကို အင်းဆက်ပိုးမွှား ၆၀ ရာခိုင်နှုန်းတွင် တွေ့ရှိရပြီး ယင်းက သွေးလွန်တုပ်ကွေးဖြစ်စေသည့် အီးဒိစ်ခြင်ကျားများအတွက် ထိုးဆေးသဖွယ်ဖြစ်လာကာ အဆိုပါခြင်များရှိ သွေးလွန်တုပ်ကွေးပိုးများ ပျံ့ပွားမှုကို ရပ်တန့်စေနိုင်မည်ဖြစ်သည်။

ဘရာဇီးတွင် ပထမဆုံးစမ်းသပ်မှုအနေဖြင့် ရီယိုဒီဂျနေရိုမြို့၏မြောက်ဘက် တူဘီယာကန်ဂါမြို့နယ်၌ တစ်လလျှင် Wolbachia ပါဝင်သော ခြင်အကောင်ရေ ၁၀၀၀၀ နှုန်းဖြင့် လေးလဖြန့်ဖြူးသွားမည်ဟု သိရသည်။

Wolbachia ပါဝင်သော ခြင်ထီးများနှင့် ပုံမှန်ခြင်မများ မျိုးစပ်ပါက ခြင်မ၏ဥများက သားလောင်းများဖြစ်လာနိုင်တော့မည်မဟုတ်ပေ။ အကယ်၍ ခြင်ထီးနှင့်ခြင်မ နှစ်ကောင်လုံးတွင် Wolbachia ပါရှိနေမည် သို့မဟုတ် ခြင်မတွင် Wolbachia ပါရှိနေမည်ဆိုပါက နောက်ပိုင်းပေါက်ဖွား လာသည့် ခြင်များအနေဖြင့် Wolbachia ဘက်တီးရီးယားကိုသာ သယ်ဆောင် ကြမည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ဘရာဇီးတွင် နှစ်ပေါင်း ၂၀ ကြာ ပျောက်ကွယ် နေရာမှ ၁၉၈၁ ခုနှစ်တွင် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းမှ နှစ်ပေါင်း ၃၀ အကြာ မျက်မှောက်ခေတ်တွင် ဘရာဇီး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ခုနစ်သန်းရှိကြောင်း အစီရင်ခံစာများအရ သိရသည်။

ဘရာဇီးသည် ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ ၈၀၀ ရှိကြောင်း သိရသည်။

Ref:BBC

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လက်နက်ဖြင့် ခုခံထွက်ပြေးသူ နှစ်ဦး၏ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြားထုတ်လုပ်သုံးစွဲသည့် ဓာတုပစ္စည်းများ ဖမ်းမိ

တာချီလိတ် စက်တင်ဘာ ၂၄

စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့ ဟွေ့ရဲ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် တာချီလိတ်ဘက်မှ မိုင်းဆတ် ဘက်သို့ မောင်းနှင်လာသည့် တိုက်ဂါး အမျိုးအစားနှစ်ခန်းတွဲ အဖြူရောင် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမပြုဘဲ ပူးပေါင်းစစ်ဆေးရေးစခန်းရှိ မောင်း တံကိုတိုက်၍ မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က လိုက်လံ ဖမ်းဆီးရာ ဟွေ့ရဲစခန်းနှင့် တစ်မိုင်ခန့်အကွာ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမပေါ်အရောက်တွင် ယာဉ်ပေါ်မှ ပစ္စည်းများချ၍ ရှောင်တိမ်းရန် ပြုလုပ်စဉ် ပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံသဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ရန်ချိန်ရွယ်၍ မိမိအဖွဲ့မှ ပစ်ခတ်ခဲ့ရာ မော်တော်ယာဉ်ဘေး ကို သုံးချက်နှင့် ရှေ့ဝဲဘီးတစ်ချက် ထိမှန်သဖြင့် ယာဉ်ကိုရပ်တန့်၍ ယာဉ်ပေါ်ပါ လူနှစ်ဦးမှာ ယာဉ်ပေါ်မှ လျှိုအတွင်းသို့ ခုန်ချထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရ သည်။

အဆိုပါ မော်တော်ယာဉ်ကို ပူးပေါင်းအဖွဲ့က သက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ စက္ကူဖာအတွင်း ပလတ်စတစ် အိတ်ဖြင့်ထည့်လျက် ကဖင်း ၂၅ ကီလိုပါ တစ်အိတ်နှင့် ခုနစ်ကီလို ပါ တစ်အိတ် စုစုပေါင်း အလေးအချိန် ၃၂ ကီလို ကာလတန်ဖိုး ငွေကျပ် ၂၄ သိန်းကို လည်းကောင်း၊ ယာဉ်နောက် ခန်းအတွင်း ကြွေပြားများ၊ ကြွေပြား ကပ်သည့် ဘိလပ်မြေအိတ်များဖြင့် ရောနှောထားပြီး စက္ကူဖာများဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ် ရာတွင်အသုံးပြုသော မျောက်တံဆိပ် အနံ့ဆေးရည်သုံးဖာ စုစုပေါင်း အလုံး ၆၀ အလေးချိန် လီတာ ၆၀ ကာလတန်ဖိုး ငွေကျပ် ၁၈၀၀၀၀ ကို လည်းကောင်း တွေ့ရှိ သဖြင့် ရဲအုပ်ကျော်စွာထွန်း သက်သေများရှေ့ ရှာဖွေပုံစံဖြင့်
သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အမှုမှ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ သယ်ဆောင်လာပြီး လက်နက်ဖြင့် ခုခံထွက်ပြေး တိမ်းရှောင်သူ နှစ်ဦးအား ဖမ်းဆီးရမိရေး အတွက် တာချီလိတ်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ကောလဟလများကို ငြင်းပယ်လိုက်သည့် Ariana Grande

ကင်မရာရှေ့ တွင် ချစ်စဖွယ်မျက်နှာပေးများ ပေးကာ သီချင်းဆိုရာတွင် အသံမြင့်များဖြင့် သူမ၏အနုပညာကို ထုတ်ဖော်ပြတတ်သော အဆိုတော်မလေး Ariana Grande (၂၂ နှစ်) ၏နာမည်ကျော်ကြားသည်မှာ မကြာ သေးသော်လည်း နာမည်ဖျက်လိုသူများက သူမနှင့်ပတ်သက်သည့်ကောလဟလများကို ထုတ်ဖော်ခဲ့ ရာယင်းအကြောင်းများမှာ မမှန်ကန်ကြောင်း စက်တင်ဘာ ၁၆ရက်တွင် Ariana Grande ကိုယ်တိုင်က ရှင်းလင်းခဲ့သည်။

လတ်တလောထွက်ရှိခဲ့သည့် Ariana Grande ၏ မကောင်းသတင်းတစ်ရပ်တွင် Ariana က Manhattan ရေဒီယိုဋ္ဌာနသို့ လည်ပတ်သွားရောက်ခဲ့စဉ်က ပရိသတ်များကိုလက်မှတ်ရေးထိုးပြီးချိန် ဓါတ်လှေကားအတွင်း ၌ရောက်သော် ပြုံးထားသောအပြုံးကိုဖျက်လျက် “အဲဒီပရိသတ်တွေအားလုံး ဆုံးသွားရင်ကောင်းမှာပဲ” ဟုပြောကြားခဲ့ကြောင်း အတွင်းလူတစ်ဦး ကပြောသည်ဟု New York သတင်းစာ၌ ဖော်ပြထားသည်။ သို့သော် Ariana ၏ ကိုယ်စားလှယ်တစ်ဦးက New York သတင်းစာကဖော်ပြသည်မှာ လုံးဝမှန်ကန်ခြင်းမရှိ ကြောင်း၊ Ariana က သူမ၏ပရိသတ်များကို ချစ်မြတ်နိုးကြောင်း Huffington Post ဆက်သွယ်၍ပြောပြခဲ့သည်။ အဆိုတော် Ariana က လည်းစက်တင်ဘာ ၁၆ရက်တွင် သူမ၏တွစ်တာစာမျက်နှာ၌ “ကျွန်မအ ကြောင်းလတ်တလောထွက်နေတဲ့ ကောလဟလတွေ ကိုဖတ်ပြီး ရယ်တောင်ရယ်မိပါတယ်။ ကျွန်မဒါတွေကို အရေးမစိုက်ပါဘူး” ဟုရေးသားခဲ့သည်။

The Way အဆိုတော် Ariana Grande သည် Problem သီချင်းတွင် ရပ်ပါ Big Sean နှင့်အတူအလုပ်လုပ်ခဲ့ ချိန်မှစ၍ သူမနှင့် Big Sean တို့စုံတွဲဖြစ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း Ariana က ယင်းအ ကြောင်းကိုအတည် ပြုပြောဆိုခြင်းမရှိသေးပေ။ သြဂုတ်လတွင်ကျင်းပခဲ့သည့် VMA ဆုပေးပွဲစင်နောက် ဘက်တွင်လည်း Big Sean နှင့် Ariana တို့လက်ချင်းကိုင်လျက်စကားပြော နေကြသည်ကိုတွေ့ရှိခဲ့ရပြီး Big Sean က ၄င်းနှင့် Ariana တို့၏ စိတ်ခံစားချက်ဆက်နွယ်မှုခိုင်မာကြောင်း ပြောပြခဲ့သည်။

ရဲရင့်တည်
Lashio News Diary
https://www.facebook.com/lashio.news.city

အရေခွံလဲသည့် မြွေလူသားလေး

အင်ဒိုနီးရှားနိုင်ငံမှ အာရီ ၀ီဘိုဝိုအမည်ရှိ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ၄၁ ရက်ပြည့်သည့်နေ့တိုင်းတွင် မြွေတစ်ကောင်ကဲ့သို့ အရေခွံလဲလေ့ရှိပြီး အရေခွံများမာတောင့်သွားခြင်းမရှိစေရန်အတွက် မိမိ၏ခန္ဓာကိုယ်ကို စွတ်စိုနေစေရန် မကြာခဏ ပြုလုပ်ပေးနေရသည်ဟု ဆိုသည်။

အာရီသည် လူနီရောဂါဟုလည်း လူသိများသည့် Erythroderma ခေါ် ရှားပါးသည့် အရေပြားယောင်ယမ်းသော ရောဂါတစ်မျိုး ခံစားနေရခြင်း ဖြစ်ပြီး အင်ဒိုနီးရှားရှိ ဆရာဝန်များကလည်း ကုသမပေးနိုင်ခြင်း သို့မဟုတ် ကုသပေးရန် ဆန္ဒမရှိခြင်းတို့ကြောင့် ပုံတွင်တွေ့မြင်ရသည့်အတိုင်း သာမန်ထက်ထူးခြားသော အသွင်အပြင် ဖြစ်နေရ သည်ဟု Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းရောဂါကြောင့်ပင် အာရီဝီဘိုဝို၏ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို အကြေးခွံများကဲ့သို့ အဖတ်ကလေးများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အာရီအနေဖြင့် နေ့ရောညပါ ခန္ဓာကိုယ်ကို ရေစိမ်နေရပြီး ခန္ဓာကိုယ် ခြောက်မသွားစေရန်အတွက် သုံးနာရီတိုင်း လိုးရှင်းအမြဲ လိမ်းနေရသည်ဟု ဆိုသည်။

ဓာတ်ပုံဆရာ နျူချိုလစ်အန်ဟာရီလူဘစ် (၃၅ နှစ်)က အဆိုပါ ဆယ်ကျော်သက် ချာတိတ်လေး၏ အခြေအနေကို အက်ဆေး ပရောဂျက်ပုံစံတစ်ခုလုပ်၍ မြွေတစ်ကောင်အရေပြားလဲသကဲ့သို့ဖြစ်နေသည့် အာရီ၏ခန္ဓာကိုယ်အခြေအနေကို တင်ဆက်ခဲ့သည်။
“တကယ်လို့သာ သူ့ရဲ့ ခန္ဓာကိုယ်ကို ရေမစိမ်ဘူး၊ ဒါမှမဟုတ် စွတ်စိုနေအောင်မလုပ်ဘူးဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ ရုပ်ထုတစ်ခုလိုပဲ မာတောင့်သွားပြီး လှုပ်လို့ ရတော့မှာမဟုတ်ဘူး။ သူ့အနေနဲ့ အချိန်အကြာကြီး ဂရုမစိုက်ဘဲနေလိုက်မယ်ဆိုရင်၊ သူစကားပြောလို့ရတော့မှာမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ပါးစပ်ထဲက ပါးစောင်အရေပြားတွေက မာလာပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေအားလုံး ခြောက်ခမ်းသွားလိမ့်မှာမို့လို့ ပါပဲ။” ဟု ဓာတ်ပုံဆရာ မစ္စတာလူဘစ်က ဆိုသည်။

လက်ရှိအချိန်အထိ အာရီအနေဖြင့် သူ၏ကျေးရွာတွင် သာမန်ဘ၀ဖြင့် နေထိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ အခြား လူများ ကဲ့သို့ပင် သာမန်အစားအသောက်များကို ပုံမှန်စားသောက်ပြီး သူ၏ အကြိုက်ဆုံး မုန့်ပဲသွားရေစာမှာ အသင့်စား ခေါက်ဆွဲနှင့် ခရက်ကာများဖြစ်ကြောင်း မစ္စတာလူဘစ်က ဆိုသည်။
အာရီသည် ငယ်ရွယ်စဉ်က သူငယ်ချင်းမိတ်ဆွေဖွဲ့ရာတွင် အခက်တွေ့ခဲ့သည်။ အခြားသော ကလေးများနှင့် သွားရောက် ကစားလေ့ရှိသော်လည်း ၎င်း၏တစ်မူထူးခြားနေသော အသွင်ကြောင့် အများအားဖြင့် ဖယ်ကြဉ်ခံရလေ့ရှိသည်။ အာရီအနေဖြင့် စာပေ လေ့လာသင်ယူလျက်ရှိသော်လည်း လူ့အသိုင်းအ၀ိုင်းတွင် သူ၏အခြေအနေနှင့်ပတ်သက်၍ လျစ်လျူရှုခံရမှုကြောင့် မဖြစ် မနေ တစ်ဦးတည်း စာသင်ယူနေရသည်။

“ဘယ်စာသင်ကျောင်းကမှ သူ့ကို လက်မခံချင်ကြဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရေပြားအခြေအနေက ဆရာတွေနဲ့ တစ်ခြား ကျောင်းသားတွေကို ကူးစက်မှာ စိုးရိမ်ကြလို့ပါပဲ။” ဟု မစ္စတာလူဘစ်က ဆိုသည်။
အာရီအနေဖြင့် သူ၏ကျေးရွာရှိ အယူသီးသည့် အစွဲအလမ်းများ၏ ဒဏ်ကိုလည်း ခံစားနေရသည်ဟု ဆိုသည်။ လူအချို့ကလည်း အာရီ၏ မိခင်ဖြစ်သူသည် အာရီကို ကိုယ်ဝန်ဆောင်ထားစဉ်က အိမ်မြောင်တစ်ကောင်အား ညှင်းဆဲခဲ့သည့်အတွက် ယင်းသို့ မကောင်းသည့်လုပ်ရပ်က ကလေးကို ထိခိုက်စေခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ထားကြသည်။
ဂျာကတာအခြေစိုက် ဓာတ်ပုံဆရာ မစ္စတာလူဘစ်က ချာတိတ်လေး၏ မိသားစုနှင့် လေးရက်နေထိုင်ခဲ့ခြင်းဖြစ်သည်။

“ဓာတ်ပုံရိုက်မလို့ အာရီအနားကို ကျွန်တော်ကပ်သွားတော့၊ အာရီက ရှိုးတိုးရှန့်တန့်ဖြစ်နေပုံပါပဲ၊ ဒါပေမယ့် သူက ရှောရှောရှူရှူပဲ သူ့ရဲ့ဇာတ်လမ်းကို မျှဝေဖို့ ပျော်ရွှင်နေတာပဲဗျ” ဟု လူဘစ်က ဆိုသည်။
အာရီသည် လက်ရှိအခြေအနေအရ စကားပြောရာတွင်လည်း အခက်အခဲဖြစ်နေသည်။ သူ၏ညာဖက်မျက်လုံးမှာ အမြင်အာရုံ မကောင်းပေ။ ဘယ်ဘက်မျက်လုံးကိုလည်း စိုစွတ်နေစေရန် မကြာခဏ မျက်စဉ်းခတ်ပေးနေရသည်ဟု သိရသည်။

Ref:Daily Mail

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အရှိန်လွန် ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါသူ(၉)ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၄

၂၃.၉.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် သုံးခွမြို့နယ်၊ ဗန္ဓုလလမ်းအတိုင်း မြောက်မှတောင်သို့ သုံးခွမြို့နယ်နေ ယာဉ်မောင်း ကိုကျော်ကျော် (၃၀)နှစ် မောင်းနှင်လာသော လယ်ယာသုံး ဂွန်ဒေါင်းယာဉ်သည် (၉)ရပ်ကွက်လမ်းဆုံ အနီးအရောက် အရှိန်လွန်ကာ လမ်၏ယာဘက်သို့ ထိုးကျ တိမ်းမှောက်သွားခဲ့ ပါသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးပြီး ယာဉ်ပေါ်ပါ အမျိုးသမီး (၉)ဦးတို့တွင် ဖူးရောင်၊ ပွန်းပဲ့၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိသဖြင့် သုံးခွ ပြည်သူ့ဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့တွင် အတွင်း/ပြင်ပလူနာ(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုကျော်ကျော်အား သုံးခွမြို့မရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မသင်္ကာသူအား စစ်မေးရာက လုယက်မှုပေါ်

နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် မပေါ်ပေါက်သေးသည့်အမှုများအား ကူညီစုံစမ်း ဖော်ထုတ်နိုင်ရန် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းနေစဉ် ၈၆ လမ်း၊ ၁၀x၁၁ လမ်းကြား၌ I-phone တစ်လုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူတစ်ဦးအား စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်နေ မင်းမော်ဦး(၂၀)နှစ်ဖြစ်ပြီး လွန်ခဲ့သော(၅)ရက်ခန့် ည ၇ နာရီအချိန်ခန့်က သူငယ်ချင်းဖြစ်သူ ရာမင်း မောင်းနှင်သည့် ဆိုင်ကယ် နောက်မှ ထိုင်၍လိုက်ပါကာ ၃၄ လမ်း၊ ၇၇x၇၈ လမ်းကြားတွင် လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးထံမှ ပိုက်ဆံအိတ်အား လုယူခဲ့ကြောင်း၊ ထို့နောက် ပိုက်ဆံအိတ် အတွင်းပါရှိသည့် I-phone တစ်လုံး၊ ကျောက်ဆွဲပြားပါဆွဲကြိုး ၁ ကုံးတို့အား မင်းမော်ဦးမှယူခဲ့ပြီး Key Pad ဖုန်း ၂ လုံးအား ရာမင်းမှယူကာ ငွေကျပ်(၄)သိန်းကျော်အား ၂ ဦးခွဲဝေသုံးစွဲခဲ့ကြောင်း သိရှိရ သဖြင့် ၎င်းတို့ ၂ ဦးအား ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၅၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia?fref=nf

ကြိုးကိုင်တတ်သော စူပါမားကက်များကို ကြိုးပြန်ကိုင်ခြင်း

စက် ၂၂၊ သမန်းကျား

သင် စူပါမားကက်မှာ ဈေးဝယ်ပါသလား။ စူပါမားကက်တစ်ခုထဲကို ၀င်ပြီးလှည့်ပတ်ကြည့်ရှုလိုက်မိပြီ ဆိုရင်ကိုပဲ လိုချင်တဲ့ပစ္စည်းတွေ ဟောတစ်ခု၊ဟောတစ်ခုတွေ့ တာမျိုး ကြုံဖူးပါသလား။ စူပါမားကက်တွေဟာ ဈေးဝယ်သူကို သူတို့ ရောင်းချင်တဲ့ပစ္စည်းတွေ မ၀ယ်၊၀ယ်အောင် ဥာဏ်ဆင်ပြီးဆွဲဆောင်ထားတယ်ဆိုတာကို သင်သိပါသလား။

စူပါမားကက်တွေရဲ့ ဒီဝသီကို သတိထားမိတဲ့ နိုင်ငံတကာအစိုးရနဲ့  အစားအစာနှင့်အာဟာရသုတေသီတွေဟာ စူပါ မားကက်တွေအနေနဲ့  စားသုံးသူပြည်သူလူထုကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အစားအစာတွေဝယ်ဖို့  ဆွဲဆောင် တာထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ၀ယ်ချင်လာအောင် ဆွဲဆောင်စေဖို့  ပြင်ဆင်မှုလေးတစ်ခုပဲ လုပ်လိုက်ပါတယ်။ အဲဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာရောင်းချမှုအပေါ်မှာ အခွန်အခ လျော့ပေါ့ သတ်မှတ်ပေးခြင်းပဲ ဖြစ်ပါတယ်။

စူပါမားကက်တစ်ခုထဲကိုဝင်သွားလိုက်တဲ့အခါတိုင်း သင်ဟာကြိုးကိုင်ခံရပါတယ်။ ဥပမာ သင်အမှန်တစ်ကယ်လိုတဲ့ အခြေခံစားသုံးကုန်ပစ္စည်းတွေဟာ တခြားအရောင်အသွေးစုံလင်လှပမွေးကြိုင်နေတဲ့ မုန့် မျိုးစုံရဲ့ နောက်ခပ်လှမ်း လှမ်းနေရာမှာ ရှိနေတတ်ပါတယ်။ သတိထားကြည့်ပါ။ ကြက်ဥ၊နွားနို့ ၊ပေါင်မုန့် အစရှိတာတွေကိုနောက်ကထားပြီး မုန့် တွေ၊အထုပ်လှလှနဲ့ အာလူးကြော်တွေ၊ချိစ်အမျိုးမျိုးတွေကို ရှေ့ ကထားထားပါတယ်။ ဒီတော့ ပေါင်မုန့် ဝယ်ဖို့  လာလိုက်တယ်ဆိုပေမယ့် သိပ်လှတဲ့အာလူးကြော်ထုပ်ကလေးကို အိမ်ကသားလေးအတွက် ၀ယ်မိသွားတာပါပဲ။

လူကြီးကိုဆွဲဆောင်လို့ အားမရသေးဘူး၊ ကလေးတွေကိုလည်း ပစ်မှတ်ထားကြပါတယ်။ ကလေးတွေရဲ့ မျက်လုံး အမြင့်နဲ့ တစ်တန်းတည်းကျတဲ့နေရာမှာ သူတို့ ရဲ့ အသည်းစွဲ ကာတွန်းပုံတွေပါတဲ့ မုန့် အမျိုးမျိုးကို လှလှပပလေး စီထားကြပါတယ်။ သင်ဈေးဝယ်လှည်းနဲ့ အလုပ်ရှုပ်နေချိန်မှာ ၃၆၀ ဒီဂရီလိုက်ကြည့်နေတဲ့ကလေးတွေဟာ အဲဒီ မုန့် တွေကိုတွေ့ ပြီး ပူဆာနေပါပြီ။
ဒါပေမယ့် ဒီလိုကြိုးကိုင်မှုတွေကို ကောင်းကျိုးအတွက်ကော သုံးလို့ မရနိုင်ဘူးလား။ ပျမ်းမျှစားသောက်ကုန်ထုတ် လုပ်သူတစ်ယောက်အနေနဲ့  လူတွေကို အဆီ၊သကြား၊မဆလာအရသာကဲထားတဲ့ စားသောက်ကုန်တွေနဲ့  ဆွဲ ဆောင်ဖို့ ပဲ ကြိုးစားမှာပါ။ စူပါမားကက်တွေသာ ညီညွှတ်ကြမယ်ဆိုရင် ဒီလိုကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစား အစာတွေကို လူတွေဝယ်ချင်အောင် ခင်းကျင်းပြသထားလို့ ရသလို မ၀ယ်ချင်အောင်ထားလိုက်လည်း ရပါတယ်။

တစ်ကယ်လို့ များ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေအပေါ် ရောင်းခွန်၊၀ယ်ခွန်လျော့ချပေးမယ်ဆိုရင် စူပါ မားကက်တွေကလည်း ပူးပေါင်းဆောင်ရွက်လာနိုင်ပါတယ်။ အခင်းအကျင်း အထားအသိုကို ပြောင်းလိုက်တာနဲ့  တပြိုင်နက် အာလူးကြော်နဲ့ ချိစ်ကိတ်ပူဆာတတ်တဲ့ကလေးတွေဟာ အလိုလိုပဲ ပန်းမုန်လာကြော်စားချင်တယ်လို့  ပြောလာကြမှာပါ။

အခုလက်ရှိစတိုးဆိုင်အချို့ မှာ လူတွေကိုကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ၀ယ်ယူဖို့ ဆွဲဆောင်ကြည့်တဲ့ အခါ သိပ်မခက်လှဘူးဆိုတာကို တွေ့ ခဲ့ကြပါတယ်။ စတိုးဆိုင်ရှေ့ အ၀င်ပေါက်ကနေ ‘Healthy’ ‘Low Calorie’ အစ ရှိတဲ့ စကားလုံးတွေကို ထင်ထင်ရှားရှားရိုက်နှိပ်ထားတဲ့ ဟင်းချက်နည်းလမ်းညွှန်စာရွက်တွေ ဝေပေးတဲ့အခါ လူတွေ ဟာ အဲဒီဟင်းချက်နည်းလမ်းညွှန်ထဲပါတာတွေကို ဦးစားပေးဝယ်သွားကြပြီး မုန့် ပဲသွားရေစာဝယ်တာ နဲသွားတာကို တွေ့ ခဲ့ကြတာပါ။

လူတိုင်းကျန်းမာချင်ပါတယ်။ လူတိုင်းခန္ဓာကိုယ်အချိုးအစား မှန်ကန်လှပချင်ကြပါတယ်။ Healthy နဲ့  Low Calorie ဆိုတာတွေ့ လိုက်ရင်ကိုပဲ မသိစိတ်ထဲကနေ အဲဒီစားသောက်ကုန်ကို အလိုလိုရွေးချယ်ကြတာပါ။ ခုနက ဟင်းချက် နည်းလမ်းညွှန်တွေကို Healthy နဲ့  Low Calorie စာလုံးတွေမပါဘဲ ဝေကြည့်တော့ လူတွေရဲ့ ဈေးဝယ်ပုံဟာ အထွေအထူး ပြောင်းလဲမသွားဘဲ ခါတိုင်းလို မုန့် တွေ၊အချိုတွေ၊အငန်တွေကို ဦးစားပေးဝယ်သွားကြတာကို တွေ့ ရ ပါတယ်။

ထမင်းစားစားပွဲအလယ်မှာဖြစ်စေ၊ မြင်သာတဲ့နေရာမှာဖြစ်စေ အသီးအနှံပွဲကို လှလှပပလေး ပြင်ပြီးထားပါ။ အလယ် မှာ စာရွက်ကလေးတစ်ရွက်အပေါ် ‘ဒီအသီးအနှံတွေစားဖို့  နေရာချန်ပါ’ လို့ ရေးပြထားလိုက်မယ်ဆိုရင် လူတွေဟာ ညစာကို ပုံမှန်စားတာထက် ၂၄ ရာခိုင်နှူန်းလောက် လျော့စားကြတာကို တွေ့ ရပါတယ်ဟု စားသုံးသူအမူအကျင့် ဆိုင်ရာ သုတေသီများက ပြောပါတယ်။

တစ်ခါ စူပါမားကက်တွေမှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ပိုင်း၊ အသား၊ငါး၊တွေကိုတစ်ပိုင်း ထားပြီး ဈေးနှူန်းကို မြင်သာအောင် ခွဲခြားဖော်ပြကြည့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက တစ်ကီလိုကို ၁ ဒသမ ၈၂ ဒေါ် လာ ကျသင့်တဲ့အခါ အသား၊ငါးက ၅ ဒသမ ၁၉ ဒေါ်လာကျတယ်ဆိုတာကို ကွဲကွဲပြားပြားဖော်ပြထားပါတယ်။ ဒီ ဈေးနှူန်းနှစ်ဆလောက်ကွာဟနေတာကို မြင်တဲ့ဈေးဝယ်သူအပေါင်းဟာ အသားကိုလျော့ဝယ်ပြီး ဟင်းသီးဟင်း ရွက် သစ်သီးဝလံတွေကိုပဲ ဦးစားပေးဝယ်သွားကြတာကို တွေ့ ရပါတယ်။

Healthy ဆိုတဲ့စာလုံး ကပ်ပေးထားရင်ကိုပဲ အဲဒီအစားအစာကို အ၀ယ်လိုက်ပါတယ်။ ဒီအခွင့်အရေးကို အရအမိ အသုံးချချင်ရင် တစ်ပါတ်ကို တစ်ရက်လောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ပရိုမိုးရှင်းလုပ်တဲ့ အနေ နဲ့  အထူးလျော့ဈေးနဲ့ ရောင်းပေးပါ။ လူတွေသောက်သောက်လဲ ၀ယ်ပါလိမ့်မယ်။ စူပါမားကက်ကလည်း ရောင်းအား တက်သလို စားသုံးသူပြည်သူလူထုလည်း ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှာပါ။

ညံဖျင်းသိမ်နုပ်တဲ့အစားအစာ တွေကို မလျော်တဲ့ကြော်ငြာနည်းတွေနဲ့  ဥာဏ်ဆင်ဆွဲဆောင်ပြီး ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး ရောင်းတာမျိုးက တော့ အခန့် မသင့်ရင် ဥပဒေရဲ့  ဒဏ်ခတ်မှုကိုတောင် ခံရနိုင်ပါတယ်လို့  အစာအာဟာရပညာရှင်တစ်ဦးက ပြောပါ တယ်။

လူတွေဟာ ဗယ်ဘက်ကိုအရင်ကြည့်ပါတယ်။ ဒါကြောင့် သောက်ရေသန့် ကို ဗယ်ဖက်ခြမ်း၊ မျက်လုံးနဲ့ တစ်တန်း တည်းနေရာမှာထားပေးပြီး ဘေးနားမှာဖြစ်စေ၊ သူ့ အောက်ကပ်လျက်မှာဖြစ်စေ ကယ်လိုရီနဲတဲ့ မလိုင်လွတ်နွားနို့ ၊ ပဲနို့  အစရှိတာတွေကိုထားရင် လူတွေပိုဝယ်ကြပါတာကို တွေ့ ရပါတယ်။
အရောင်ကလည်း လူတွေရဲ့ စိတ်ကိုစိုးမိုးပါတယ်။ မီးပွိုင့်ကနေပဲ စလိုက်ရအောင်။ အနီရောင်ကိုကြောက်တဲ့စိတ် လူတိုင်းမှာရှိပါတယ်။ အစိမ်းရောင်ကိုတော့ နှစ်သက်ကြပြီး အ၀ါရောင်ဆိုရင် သတိထားကြပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို အစိမ်းရောင်စင်မြင့်၊အစိမ်းရောင်ကြော်ငြာ၊ အစိမ်းရောင်စက္ကူ အစ ရှိသဖြင့် အစိမ်းများများသုံးပေးရင် လူတွေပိုဝယ်ပါတယ်။ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အစားအစာတွေကို တော့ အနီရောင်များများနဲ့  ခင်းကျင်းရောင်းချပေးခြင်းဖြင့် လွယ်လင့်တကူထိန်းချုပ်နိုင်တာကို တွေ့ ရပါတယ်။ ဂရုပြုစား ရမယ့် အစားအစာတွေကိုတော့ အ၀ါရောင်သုံးပေါ့လို့  နောက်ထပ်သုတေသီတစ်ဦးက ပြောပြပါတယ်။

နိုင်ငံတကာမှာတော့ အများပြည်သူကျန်းမာရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းကလည်း ဂရုတစိုက် လုပ်ကြသလို လူတစ်ယောက်ချင်းစီကလည်း ကျင့်ဝတ်တွေနဲ့ ထိန်းကြပါတယ်။

စူပါမားကက်တွေကို အစိုးရက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေအပေါ် အခွန်အခလျော့ချပေးခဲ့တဲ့နောက်ပိုင်း ဒီအစားအစာတွေကို ပိုရောင်းရလာအောင် စူပါမားကက်တွေက ဖော်ပြခဲ့တဲ့အတိုင်း ကျွမ်းကျင်တဲ့သုတေသီတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အခင်းအကျင်းအရောင်အဆင်းတွေကို ပြုပြင်ရောင်းချလာတဲ့အတွက် အခုလည် စူပါမားကက်ထဲကိုဝင်တိုင်း သင် ဟာ ဥာဏ်ဆင်ပြီးဆွဲဆောင်တာကို ခံနေရတုန်းပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အစာတွေကို ၀ယ်ဖို့  ဆွဲဆောင်ခံရတာမို့  မနစ်နာပါဘူးလို့  လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/lashio.news.city


အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်တိုက်မိပြီးတိမ်းမှောက်

နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၈/၀-၁)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ဈေးကွက်သစ်ရပ်ကွက်နေ အောင်တင်ဝင်း(၄၂)နှစ်မောင်းနှင်လာသော 7F/xxx ပရိုဘောက်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်တိုက်မိပြီး ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် အောင်တင်ဝင်းတွင် ယာမျက်ခုံး/နဖူးပွန်းပဲ့၊ ရင်ဘတ်အောင့်၊ ခါးနာကျင် ဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ မြောက်မင်းတဲရပ်ကွက်နေ အောင်ကျော်မိုး(၁၉)နှစ်တွင် ၀ဲခြေထောက်/ယာဒူးခေါင်းနာကျင်၊ ၀ဲပုခုံး/၀ဲလက်ဖ၀ါးနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ အောင်တင်ဝင်းအား ဘောနီအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

နယ်လှည့်၍ ဆိုင်ကယ် ခိုးယူသူများအား ဖမ်းဆီးရမိ

မုံရွာ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ နယ်လှည့်၍ ဆိုင်ကယ်ခိုးယူသူ ခုနစ်ဦးနှင့် ခိုးရာပါ ဆိုင်ကယ် ၃၄ စီးကို စက်တင်ဘာ ၇ ရက်မှစတင်၍ မုံရွာမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရရုံးအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာနရုံးမှ သိရသည်။

သြဂုတ် နောက်ဆုံးပတ်တွင် မုံရွာမြို့ပေါ်၌ ဆိုင်ကယ် ခိုးယူခံရသည့် ဖြစ်စဉ်များ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်။ အချို့သော ဆိုင်ကယ်ပိုင်ရှင်များသည် ဆိုင်ကယ်ခိုးယူ ခံရသော်လည်း ယင်းဆိုင်ကယ်မှာ လိုင်စင် (ယာဉ်မှတ်ပုံတင်) ပြုလုပ်ထားခြင်း မရှိသည့် အတွက် ရဲစခန်းများသို့ တိုင်တန်းအကြောင်း ကြားရန် ပျက်ကွက်ခဲ့သူများ ရှိခဲ့ကြောင်း မုံရွာ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ကျော်ညွန့်က ပြောသည်။

မုံရွာမြို့ပေါ်၌ ပျောက်ဆုံး ဆိုင်ကယ်များနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်မှ စတင်ဖော်ထုတ် ဖမ်းဆီးခဲ့ရာ ဆိုင်ကယ် ခိုးယူသူဟု သံသယရှိသူ ခုနစ်ဦးနှင့် ထိုသူတို့၏ ဖော်ပြချက်များအရ ခိုးရာပါ ဆိုင်ကယ် ၃၄ စီးတို့ကို အချိန်တို အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခိုးရာပါ ဆိုင်ကယ်များကို မုံရွာမြို့မ ရဲစခန်းနှင့် မုံရွာနယ်မြေ ရဲစခန်းများ၌ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန( ယာဉ်မှတ်ပုံတင်ရေးနှင့် စစ်ဆေးရေးဌာန) တို့အဖွဲ့မှ ပူးပေါင်း၍ အင်ဂျင်နံပါတ်၊ ယာဉ်ကိုယ်ထည် နံပါတ်များကို စိစစ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

IPhone 6 Plus ရောင်းအားနှင့် မှောင်ခိုဈေးကွက်



Apple ကုမ္ပဏီသည် သောကြာနေ့က နောက်ဆုံးပေါ် Iphones များကို စတိုးဆိုင် များတွင်တင်၍ ပြန်လည် ရောင်းချခဲ့သည့်အတွက် Iphones သုံးစွဲ လိုသူ ပရိတ်သတ်များအတွက် စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်ခဲ့ရ သကဲ့သို့ နေရာတိုင်းတွင် ဖုန်းရောင်းဝယ်မှု မှောင်ခိုဈေးကွက်သည်လည်း ကြီးထွားလာခဲ့သည်။ Iphones သစ်များသည် ရန်ဖန်ရန်ခါတွင် Apple ပရိတ်သတ် များကို ဆွဲဆောင်မှု ဖြစ်စေပါသည်။

Apple မှ အသစ်ထုတ်လိုက်သည့် ၄.၇ လက္မမရှိ iPhone 6 နှင့် ၅.၅ လက္မရှိ IPhone 6 Plus သည် IPhone 5s ထက် ပိုကြီးပါသည်။ IPhone များတွင် ပိုမိုကောင်းမွန်သည့်ဘက်ထရီ၊ ပိုမိုမြန်ဆန်သည့် processor ၊ ပိုမိုကောင်းမွန်သည့်ကင်မရာတို့ ပါရှိသည်။ IPhone သစ်များကို လွန်ခဲ့ သည့် သောကြာနေ့က နိုင်ငံပေါင်း(၁၀)နိုင်ငံတွင် စတင်ရောင်းချခဲ့ပြီး လာမည့် သီတင်းပတ်တွင် နိုင်ငံပေါင်း(၂၀)တွင် ထပ်မံ ရောင်းချသွားရန် လည်းရှိပါသည်။ ဝယ်ယူလိုသူများသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရပြီး တစ်ဦး လျှင် နှစ်လုံးနှုန်း ဝယ်ယူခွင့်ပြုခဲ့သည်။

“ဒီနေ့ ဆိုင်တွေကို သွားရောက်တန်းစီးပြီးတော့ IPhone အလုံး(၃၀)လောက် ဝယ်ယူဖို့ရှိတယ်၊ ဝယ်ယူ ရရှိတဲ့ IPhone တွေကို မော်စကိုကို တင်ပို့ရောင်းချ သွားမယ်လို့” အမည်မဖော်လိုသူ တစ်ဦးက ပြောဆို သည်။ ထိုသို့ရောင်းချရာတွင် ဝယ်ယူသည့်ဈေးထွက် နှစ်ဆတင် ရောင်းချသွားကြမည် ဖြစ်သည်။ Apple ကုမ္ပဏီကလည်း IPhone များကို စတင်ရောင်းချတော့မည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံတွင် IPhone အသစ်များ ဝယ်ယူရရှိနိုင်မှု မရှိသည့် အတွက် ဟောင်ကောင် မှောင်ခိုဈေးကွက် တွင် IPhone ဈေးနှုန်းများ တရိတ်ရိတ် တက်လာခဲ့ သည်။ Apple ကုမ္ပဏီသည် လွန်ခဲ့သည့်နှစ်က တရုတ် နိုင်တွင် ၄င်း၏ IPhone များကို မိတ်ဆက်ခဲ့သော်လည်း ထုတ်လုပ်ဖြန့်ချိရန် တရုတ် အစိုးရက ယနေ့အထိ သဘောတူခွင့်ပြုခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

ရွှေရောင် IPhone 6 Plus ၏ ကနေဦးဈေးသည် အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော် အထိ ခုန်တက်သွား ကြောင်း Mongkok ခရိုင်ရှိ ဖုန်း လက်လီအရောင်းဈေးသည်တစ်ဦးက ပြောဆိုသည်။ အာရှသားများသည် ဗွီဒီယိုဖိုင်ကြည့်ရှု့ရန်နှင့် ဂိမ်းကစားရန်အတွက် မျက်နှာပြင်ကြီးကြီး ပါရှိသည့်ဖုန်းများသုံးစွဲရသည်ကို နှစ်သက်ကြကြောင်း Mongkok ခရိုင်ရှိ စမတ်ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ Lo Lau က ပြောဆိုသည်။

ဖုန်းတက်လုံးကို တရားဝင်လက်လီဈေးနှုန်း ဟောင်ကောင်ဒေါ်လာ ၈၀၈၈ ကို ဟောင်ကောင်ဒေါ်လာ ၂၀၀၀၀ အထိ အမြတ်တင် ရောင်းချသွားရန် စီစဉ် ထားကြောင်း ဟောင်ကောင်ရှိ ဖုန်းဆိုင်မန်နေဂျာတစ်ဦး ဖြစ်သူ Jay Lam က ပြောဆို သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

မိချောင်းဆွဲခံရသူ မိချောင်းမျက်လုံးကို လက်နဲ့ထိုးပြီး လွတ်မြောက်...

ပြီးခဲ့တဲ့ သောကြာနေ့က သြစတေးလျမှာ အမဲလိုက်ထွက်ခဲ့တဲ့ အသက် ၂၀ အရွယ်
စတီဗင်မော်ရင်းဟာ သူ ပစ်ချလိုက်တဲ့ ငန်းတွေ ရေထဲကျသွားတာကို ဆင်းဆယ်တုန်း ၆ ပေကျော်ရှိတဲ့ မိချောင်းတကောင်က သူ့ လက်မောင်းကို ကိုက်ဆွဲပြီး ရေထဲဆွဲချသွားပါတယ်။ ရေအောက်အရောက်မှာ သူက သတိရှိရှိနဲ့ မိချောင်းရဲ့ မျက်လုံးထဲကို လက်နဲ့ထိုးထည့်တော့မှ လွှတ်ပေးလိုက်လို့ ကမ်းပေါ်ပြန်တက်နိုင်ခဲ့ပါတယ်။ သူနဲ့အတူပါလာတဲ့ အဖော်က မိချောင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူ့မှာ ပေါက်ပြဲပွန်းပဲ့တဲ့ ဒဏ်ရာတွေ လောက်ပဲ ရခဲ့ပြီး အဲဒီအချိန်က ဘီယာအရှိန်နဲ့ အနာကို သိတ်မသိခဲ့ဘူးလို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese



မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ထွန်းထွန်းမင်းက စောငမန်းကိုအလဲထိုး

ရန်ကုန် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး H&S Group က စီစဉ်သော မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားခန်းမ၌ ကျင်းပရာ လက်ဝှေ့ဝါသနာရှင်များ ခန်းမပြည့်ကြည့်ရှု အားပေးခဲ့ကြသည်။ ရှေးဦးစွာ သုံးချီစိန်ခေါ်ပွဲတွင် မင်းနိုင်ထွန်း(စွမ်းကေကေ)နှင့် ခွန်ရှိုင်းထက် (အဖြူရောင်သွေးသစ်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ သရေပွဲဖြစ် ခဲ့သည်။ လေးချီစိန်ခေါ်ပွဲတွင် စောဖြိုးဝေ (အဖြူရောင်သွေးသစ်) နှင့် ရဲသွေးနီ (တောင်ကလေး)ပွဲတွင် ရဲသွေးနီက ဒုတိယအချီ ၂မိနစ် ၄၁ စက္ကန့်၌ စောဖြိုးဝေကို အလဲထိုး အနိုင်ရရှိသွားသည်။

တစ်ဖန် ငါးချီစိန်ခေါ်ပွဲများတွင် ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်) နှင့် မြင့်အောင်(မုဒုံသား)တို့ပွဲ၌ ထွန်းနိုင်ဦးက စတုတ္ထအချီ ၁၆ စက္ကန့် ၌ မြင့်အောင်ကို အလဲထိုးအနိုင် ရရှိသွားသည်။ ဖြူလေး(မုဒုံသား) နှင့် ရှမ်းလေး(ဝါဆို)တို့ပွဲတွင်လည်း ရှမ်းလေးက ဖြူလေးကို ဒုတိယ အချီတွင် အလဲထိုးအနိုင်ရရှိသည်။

စောသဲဦး(T&T)နှင့် မိုးဟိန်း (မိကသီ) တို့ပွဲတွင် ပဉ္စမအချီ ၂ မိနစ် ၅၉ စက္ကန့်၌ မိုးဟိန်းက အလဲထိုး အနိုင်ရရှိသွားသည်။ စောအယ်လေး (ထောမဲ့ပါ)နှင့် သားအသဲတစ်ပွင့် (စွမ်းကေကေ၊ မန္တလေး) တို့ပွဲတွင် စောအယ်လေး ညာခြေကန်ချက်ကြောင့် ဒုတိယအချီ ၁ မိနစ် ၅၂ စက္ကန့်တွင် သားအသဲ တစ်ပွင့်အနား တောင်းကာ အရှုံးပေးလိုက်ရပြီး စောအယ်လေး အလဲထိုး အနိုင်ရရှိ သွားသည်။ ထက်အောင်ဦး (တောင် ကလေး)နှင့် ကျားပေါက်(ရွှေသောင်းရင်း မြဝတီ)တို့ပွဲ၌ ဒုတိယအချီ နှင့် စတုတ္ထအချီတွင် ကျားပေါက်က ထက်အောင်ဦးကို အနီးကပ် ထိုးခဲ့သော်လည်း ထက်အောင်ဦး ညာဒူး တိုက်ချက်ကြောင့် စတုတ္ထအချီ၌ ကျားပေါက် အနားတောင်းခံရကာ ဆက်လက် မယှဉ်ပြိုင်နိုင်၍ ထက်အောင်ဦး အလဲထိုးအနိုင်ရရှိကာ ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်သည်။

ဖိုးကေ (မန္တလေး)နှင့် စောရန် ပိုင်(မိကသီ၊ ဘားအံ)တို့ပွဲမှာလည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေ ဖြစ်ခဲ့သည်။ ဒဂုံရွှေအောင်လံ လေးထပ်ကွမ်း စောငမန်း(ရွှေဖူး)နှင့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ထွန်းထွန်းမင်း(မုဒုံသား) တို့ပွဲ ပထမအချီ၌ ထွန်းထွန်းမင်း၏ ပြင်းထန်လှသော လက်သီး၊ ခေါင်း တိုက်ချက်ကြောင့် ၅၆ စက္ကန့်တွင် စောငမန်း အနားတောင်းခဲ့ရသည်။ ပထမအချီ၌ပင် စောငမန်းခေါင်း တိုက်ချက်ကြောင့် ထွန်းထွန်းမင်း မျက်ခုံးကွဲကာ ပထမအချီပြီးဆုံး ခဲ့သည်။ ဒုတိယအချီနှင့် တတိယ အချီတွင် ထွန်းထွန်းမင်း အသာစီး ထိုးခဲ့သော်လည်း စောငမန်း၏ လက်ဝှေ့သမ္ဘာကြောင့် တတိယအချီ ပြီးခဲ့ကာ စတုတ္ထအချီ ၁ မိနစ် ၁၅ စက္ကန့်၌ ထွန်းထွန်းမင်း၏ ဒူး၊ ခေါင်း တိုက်ချက်ကြောင့် စောငမန်း မယှဉ်ပြိုင်နိုင်၍ ထွန်းထွန်းမင်းက စောငမန်းကို အလဲထိုးအနိုင်ရရှိ သွားသည်။

(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


MFF Ooredoo Cup ချန်ပီယံဆု ဧရာဝတီအသင်း နှစ်ကြိမ်ဆက်ယူ

ရန်ကုန် စက်တင်ဘာ ၂၁

ရှုံး/ ထွက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၄ နာရီက သုဝဏ္ဏကွင်း၌ကျင်းပရာ ဧရာဝတီအသင်းက နေပြည်တော်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

ရှုံး/ထွက် ပြိုင်ပွဲကို နောက်ဆုံးကျင်းပသည့် ၂ဝ၁၂ ပြိုင်ပွဲတွင် ဗိုလ် စွဲထားသည့် ဧရာဝတီအသင်းသည်ယခုပြိုင်ပွဲတွင်လည်း ထပ်မံဗိုလ်စွဲ ခဲ့သောကြောင့် ရှုံး/ထွက် ချန်ပီယံဆုကို နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့သည်။ ရှုံး/ထွက် ချန်ပီယံဆုရရှိခဲ့သော ဧရာဝတီအသင်းမှာ မဲခေါင် တိုယိုတာ ဖလားကလပ်အသင်းပြိုင်ပွဲနှင့် ၂ဝ၁၅ AFC Cup ပြိုင်ပွဲတို့ကို ယှဉ်ပြိုင် ခွင့်ရရှိခဲ့ပြီဖြစ်သည်။

ဧရာဝတီအသင်းသည် ဒဏ်ရာမှ ပြန်ကောင်းလာသည့် တိုက်စစ်မှူး ဆာဆာကို ဒုတိယပိုင်းတွင် အသုံးပြုသည်မှလွဲ၍ လူစုံအသုံးပြုခဲ့ပြီး နေပြည်တော်အသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သည်။

နေပြည်တော်အသင်းသည်လည်း အမာခံကစားသမား အစုံအလင်ဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း ဧရာဝတီနောက်တန်းကို မကျော်နိုင်၍ နှစ်သိမ့်ဂိုးပင် မရဘဲ ပထမဆုံးဆုဖလားနှင့် လွဲချော်ခဲ့ရသည်။

ပွဲအစ ၁၃ မိနစ်မှာပင် နေလင်းထွန်းက ဂိုးစတင်သွင်းယူခဲ့၍ ဧရာဝတီ အသင်းက ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ ဧရာဝတီအတွက် အနိုင်သေချာစေမည့် ဒုတိယအနိုင်ဂိုးကို ၇၉ မိနစ်တွင် ကိုနေးက သွင်းယူပေးခဲ့သည်။

ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဒုတိယဆုရ နေပြည်တော် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ်သိန်း ၁၅ဝ၊ ပထမ ဆုရ ဧရာဝတီအသင်းအား တစ်ဦးချင်းဆုတံဆိပ် ငွေကျပ်သိန်း ၃ဝဝ နှင့် ဆုဖလား တို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အောက်တိုဘာလနောက်ဆုံးပတ်တွင် စတင်ကျင်းပမည့် မဲခေါင်တိုယိုတာဖလားပြိုင်ပွဲဝင်ခွင့်ရ ဧရာဝတီအသင်းကို တိုယိုတာကုမ္ပဏီမှ တရားဝင် ဖိတ်ကြားစာပေးအပ်သည်။

သတင်း-ညီမြတ်သော်တာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


အညာက တမာ

တစ်စုံတစ်ယောက် ရောဂါဝေဒနာ တစ်ခုခု ခံစား နေရသည်ကို တွေ့လျှင် ''ဘာဆေးလေး သောက်ကြည့်ပါလား၊ ဘာဆေး ကဖြင့် ဘယ်လို ကောင်းတာ'' စသည်ဖြင့် ကျွန်တော်တို့ အကြံပေး ခဲ့ဖူးကြ ပါလိမ့်မည်။ ဘိုးဘွား မိဘ နှင့် မိတ်ဆွေများ ထံမှ နှုတ်ဆင့်ကမ်း၊ လက်ဆင့်ကမ်း အကြားအမြင် လေးများကို မနေနိုင်၊ မထိုင်နိုင် ဝေမျှဖူးကြ ပါလိမ့်မည်။ ဤသည် ပင်လျှင် မြန်မာတို့၏ ကရုဏာ သက်ဝင်စိတ်ဖြင့် လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြသော ယဉ်ကျေးမှု ဓလေ့စရိုက် တစ်ခုလည်း ဖြစ်ပေသည်။ စာရေးသူသည် ပညာရှင် တစ်ဦး မဟုတ်သော်လည်း မနေနိုင်၊ မထိုင်နိုင် မေတ္တာ စိတ်ယိုင် တတ်သော မြန်မာမျိုးနွယ် တစ်ဦး ဖြစ်သောကြောင့် ကြားမြင် သိရှိ ဖတ်ဖူးသမျှ ဆေးသစ်ပင် တစ်ပင် အကြောင်း တင်ပြ လိုက်ရ ပါသည်။

မြန်မာအမည် တမာဟု ခေါ်၍ မျိုးရင်း ( Meliaceae ) ရုက္ခဗေဒ အမည် Azadiraceta indica A.Juss ဟူသော သစ်ပင်သည် သဘာဝ အလျောက် ပေါက်ရောက် တတ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း နှင့် အပူပိုင်း ဒေသများတွင် ပေါက်ရောက် ကြသည်။ အမြဲစိမ်း သစ်ပင်မျိုး ဖြစ်၍ အခေါက်မှာ မွဲပြာရောင် ရှိကာ ကြမ်းတမ်းသည်။ အရွက်မှာ ထိပ်ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်နားများမှာ ခွေးသွားစိပ်ပုံ ရှိသည်။ တမာသီးမှာ နုစဉ် စိမ်း၍ မှည့်သောအခါ အဝါရောင် ပြောင်းသွားသည်။ တမာသီးတွင် အစေ့ တစ်စေ့သာ ပါရှိပြီး အစေ့မှာ အနီဖျော့ရောင် ရှိသည်။ ကဆုန်၊ နယုန်လ တို့တွင် အသီးသီးသည်။ တမာပွင့်သည် တပေါင်းလမှ ကဆုန်လ အတွင်း ပွင့်တတ်ပြီး သေးငယ်သော ဖြူဝါရောင် အပွင့်များ ဖြစ်သည်။

မြန်မာ့ရိုးရာ တိုင်းရင်းဆေး ပညာအရ အပွင့်၊ အရွက်၊ အသီး၊အစေ့၊ အခေါက်၊ အရိုး၊ အစေး၊ အဆီ အားလုံးမှာ ဆေးဖက် ဝင်ကြောင်း ယုံကြည် လက်ခံ သုံးလာခဲ့ ကြသည်။ ကလေးငယ်များ မှက္ခရု ဖြစ်ပါက တမာရွက် ခြောက်ကို ပြာချ၍ သုတ်ပေးရသည်။ အရွက်ခြောက် များကို အမှုန့်ပြု၍ ကလေးများ၏ စအို တစ်ဝိုက်ကို လိမ်းကျံ ပေးပါက သန်ကောင်များ ငြိမ်စေသည်။

အမျိုးသားများ အမောအပန်း ခံနိုင်ပြီး သားဆက်ခြား စေလိုလျှင်၊ အမျိုးသမီးများ သားသမီး ဝေးစေလိုလျှင် တမာသီး (သို့မဟုတ်) တမာခေါက် ကို အခြောက်လှန်း အမှုန့်ပြု၍ ညအိပ်ရာ ဝင်တိုင်း တစ်ခါသောက် နှစ်ဂရမ်နှုန်း တစ်လခန့် နေ့စဉ် သောက်ပေး ရသည်။ တမာရွက် ကို မီးဖုတ်ပြီး တို့လျှင် ဆီးအိမ် ကိုက်ခဲခြင်း၊ ဒူလာရောဂါ နှင့်၊ နူနာရောဂါ၊ လူပျိုနာ၊ ခံတွင်း နှင့် ပတ်သက်သော ရောဂါများ၊ အဆိပ်သင့်ခြင်း နှင့် ကာလဝမ်း ရောဂါ တို့ကို ကာကွယ် နိုင်သည်။

တမာသီးနှင့် တမာစေ့မှ ရရှိသော အဆီကို ပိုးသတ်ဆေး၊ ပွေး၊ ဝဲ၊ ယားနာ လိမ်းဆေး၊ သန်ချဆေး အဖြစ် အသုံးပြုနိုင်သည်။ တမာစေ့ အဆီကို တိရစ္ဆာန်များတွင် ဖြစ်သော အနာတို့တွင် အစက်ချ ပေးခြင်းဖြင့် ကုသနိုင်သည်။ ငှက်ဖျားရောဂါ ရေရှည် ခံစားနေရသူများ အတွက် တမာဆီ ငါးစက်မှ ၁ဝ စက်အထိ တစ်ရက် နှစ်ကြိမ် ရေနွေးပူနှင့် သောက်သုံး ပေးပါက ပျောက်ကင်း စေနိုင်သည်။

တိုင်းရင်း သမားတော်များ အနေဖြင့် တမာခေါက်ကို ဆစ်ဖလစ် ရောဂါ၊ ဒဏ်ရာနှင့် အနာပေါက် ကုသဆေး အဖြစ် လည်းကောင်း၊ တမာစေ့ကို နူနာနှင့် အရွက် သတ္တုရည်ကို သည်းခြေ ဖောက်ပြန်ခြင်း၊ မြွေဆိပ်တက်ခြင်း တို့၌ ဆေးအဖြစ် လည်းကောင်း အသုံးပြု ကြကြောင်း သိရသည်။ တမာပွင့်ကို ရှူပေးပါက အမူးအမော် ပြေစေသည်။ တမာခေါက် သည် မီးယပ် မမှန်ခြင်းကို ပျောက်စေပြီး တမာရွက်ကို သွေးသန့် စေရန်၊ သလိပ်ရွှင်၍ လေကောင်း စေရန်၊ နားကိုက်နှင့် မျက်စိနာ ပျောက်စေရန် အသုံးပြု နိုင်သည်။

မြန်မာမှု ဓလေ့များတွင် ပွေး၊ ဝဲ၊ ယားနာ နှင့် သွားနာ၊ သွားကိုက်၊ ခံတွင်းပုပ်၊ သွားဖုံးရောင်၊ သွားပိုးစား ရောဂါများ အတွက် တမာရွက်ကို ဘိုးဘွား စဉ်ဆက် သုံးစွဲခဲ့ကြ သည်။ တမာပင်၏ အမြစ် အခေါက်သည် ပဉ္စငါးပါး တို့ထက် အာနိသင် ပိုရှိသဖြင့် တမာပင်တွင် အစွမ်းထက်ဆုံး အစိတ် အပိုင်း တစ်ခုဖြစ်သည့် တမာပင်၏ အရွက်တွင် Nimbolide, Hyperoside, B- sitosterol, Titerpeniod  နှင့် azadirachtin ဒြပ်ပေါင်းများ ပါဝင်သည်။ တမာစေးမှ Glycoprotein ဒြပ်ပေါင်းနှင့် တမာအဆီမှ Nimbidin ဒြပ်ပေါင်း များသည် အစာအိမ်နာ ကို ပျောက်ကင်း စေကြောင်း သိရသည်။

စာရေးသူတို့ ဒေသသည် အညာနှင့် တမာဟု ယှဉ်တွဲ ထပ်တူပြုရာ အရပ်ဖြစ်ပြီး အပူနှင့် အအေး ဆန့်ကျင်မှု နှစ်ခု၏ ဟန်ချက်ညီ အလှတရား ကို ဖော်ကျူး အသိအမှတ်ပြု စေသော ဒေသတစ်ခု ဖြစ်၏။ ''တမာရနံ့လေး သင်းသင်းမွှေး... အညာမြေကို ကိုယ်သတိ ရနေသည် '' ဆိုသော သီချင်း သံစဉ်စာသား နှင့်လည်း အကျွမ်းတဝင် ဖြစ်ကာ လွမ်းလောက်စရာ ဒေသတစ်ခုလည်း ဖြစ်၏။ ''တမာတစ်ခက် သွားတစ်သက်'' ဟု ညွှန်းပြုစရာ အဖြစ် ဆိုဆို၊ ''တမာလည်းနု ကျေးလဲဥ၊ တမာလဲသီး ကျေးလဲကြီး''ဟု စကားဥပမာ ဆိုရိုးထားစရာ အဖြစ် ပြောပြော တမာသည် အညာအတွက် အဟောသိကံ မဟုတ်၊ တမာသည် မြန်မာတိုင်း အတွက် အဟောသိကံ မဟုတ်ဟု ယူဆကာ အညာက တမာအကြောင်း တင်ပြ လိုက်ရ ပါသည်။

ဇေယျတု (မကွေး)
#Yadanarpondaily
http://themyawadydaily.blogspot.com/2014/09/blog-post_497.html?spref=tw


ချွေးနံ့ပျောက်ဆေးကြောင့် ရရှိနိုင်သော ရင်သားကင်ဆာ

ကင်ဆာရောဂါသည် အလွန် ကြောက်စရာ ကောင်းသောရောဂါ တစ်မျိုးဟု လူတိုင်း သိကြသည်။ ဗဟုသုတ အနေဖြင့် ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်သည့် အရာများကို တင်ပြလိုပါသည်။

ချိုင်းချွေးနံ့ ပျောက်ဆေးတွင် ပါဝင်သော Toxins သည် ခန္ဓာ ကိုယ်အတွင်း ဝင်ရောက်ပြီး ကင် ဆာဖြစ်စေနိုင်သည်။ ၎င်း Toxins သည် ချိုင်းမွေးရိတ်ရာတွင် အရေပြားပေါက်ပြဲကာတစ်ဆင့်သွေးထဲသို့ လျင်မြန်စွာ ဝင်ရာက်နိုင်သည်ဟု ၂ဝ၁၁ ခုနှစ်ထုတ် Europern Journal of Cancer Prevention တွင် ချိုင်းချွေးနံ့ပျောက်ဆေး အသုံးအဆောင် ပစ္စည်းများမှာ ကင်ဆာ၏ အရင်းအမြစ်ဖြစ်ကြောင်း ပြောထားသည်ကို တွေ့ရသည်။

ရင်သားတစ်သျှူး အများစုသည် ရင်ဘတ် အပေါ်ပိုင်းတွင် ပိုမိုရှိသကဲ့သို့ ယင်းချိုင်းချွေးနံ့ပျောက် ဆေးအသုံးပြုသည့် နေရာမှာလည်း ရင်သားအပေါ် အပြင်ဘက်အပိုင်းတွင် ဖြစ်သောကြောင့် အမေရိကန် ကင်ဆာအဖွဲ့ (Ame-rican Cancer Society) က ရင်သားအပေါ် အပြင်ဘက် အပိုင်းတွင် ဖြစ်ပွားသော ရင်သားကင်ဆာ၏ အချိုးအစားနှင့် တူညီကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံတွင် ၂ဝ၁၂ ခုနှစ်၌ ရင်သား ကင်ဆာဖြစ်ပွားသူ အမျိုးသမီးများနှင့် ကင်ဆာ မဖြစ်ပွားသော အမျိုးသမီးဦးရေ ၁၆ဝဝ ကို နှိုင်းယှဉ်ကြည့်ပါက ချိုင်းမွေးရိတ်ခြင်းနှင့် ချွေးနံ့ပျောက်ဆေး သုံးသူတို့သည် ရင်သားကင်ဆာနှင့် ဆက်စပ်မှုမ ရှိကြောင်း တွေ့ရှိရသော်လည်း ၂ဝ၁၃ ခုနှစ်တွင် တွေ့ရှိချက်များအရ ရင်သားကင်ဆာ ဖြစ်ပွားနေသော အမျိုးသမီးငယ်များသည် ချိုင်းမွေး မကြာခဏ ရိတ်ခြင်းနှင့်အတူ ချိုင်းနံ့ ပျောက်ဆေးများကို ငယ်စဉ်ကတည်းက စတင်အသုံးပြုသူများ ဖြစ်ပါက ရင်သားကင်ဆာနှင့် ဆက်စပ်နေကြောင်း ကောက်ချက်ချခဲ့ကြသည်။

ရင်သားကင်ဆာသည် အမျိုးသမီးများအတွက် အကြီးမားဆုံး ပြဿနာဖြစ်ပြီး ရင်သားကင်ဆာ မဖြစ်ပွားအောင် ကာကွယ် တားဆီးနိုင်သော အရာများလည်း ရှိသည်။ သို့သော် အနံ့အသက်ပျောက်ဆေး မသုံးစွဲခြင်းဖြင့် ရင်သား ကင်ဆာဖြစ်ပေါ်ခြင်းကို တားဆီး ပေးနိုင်မည် မဟုတ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


လားရှိုးမြို့ ၌ ၀က်မကြီးမှ ဆင်သဏ္ဍန်နှင့် မျောက်မျက်နှာ ၀က်နှစ်ကောင်မွေးဖွား



လားရှိုး၊ စက် (၂၀) စံရွှေဘို

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ၌ ဒီဇင်ဘာ ၂၀ရက် ညနေ ၅း၃၀ မှ ၆း၀၀ နာရီအတွင်း ရပ်ကွက် ၁၂ နယ်မြေ ၁၂ နှင်းဆီလမ်းအိမ်အမှတ် (၁၂/၂၄၇) အိမ်ရှင်ဒေါ်အေးနန်း၏ နေမိမ်၌၀က်မကြီးမှ ၀က်၅ကောင် မွေးဖွားရာမှ ဆင်နှင့်တူသော ၀က်တစ်ကောင်နှင့် မျောက်နှင့်တူပြီး လျှင်နှစ်ခွပါဝက်နှစ်ကောင် မွေးဖွား ခဲ့သည်ကို သိရှိရ၍ အိမ်ရှင်ဝက်ပိုင်ရှင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ဝက်ပိုင်ရှင်မှာ ခရီးထွက်နေသဖြင့် တူမဖြစ်သူ မလှလှဖြိုးနှင့် တွေ့ဆုံမေးမြန်းရာ ၀က်မှာပထမဦးဆုံး ၂ကောင်မွေးဖွားခဲ့ပြီး ၃နာရီလောက် အကြာ အချင်းထွက်လာပြီး အကောင်ပေါက်မရှိတော့ဘူးထင်မိရာ နောက်ထပ် ၁နာရီအကြာမှာ ဆင်ပုံသဏ္ဍန်ဝက် ထွက်လာပြီး နောက်တစ်ခါ လျှာနှစ်ခွနှင့် မျောက်မျက်နှာပုံပါဝက်ထွက်လာတယ်၊ စုစုပေါင်း(၅)ကောင် မွေးပြီး နှာမောင်းပါဆင်နှင့် တူသောဝက်က အသေလေးမွေးပါတယ်။ မျောက် နဲ့တူတဲ့ လျှာနှစ်ခွနဲ့ဝက်ကတော့ အရှင်လေးမွေးတာပါ နှာခေါင်းပေါက်မပါပါဘူး။ ဒါကြောင့် နို့ဘူးနဲ့နို့ မှုန့်ဖျော်ပြီး တိုက်နေရပါတယ်။

ပထမဦးဆုံး က လျှာနှစ်ခွနဲ့ မျောက်လိုလို ကြံ့  လိုဝက်မွေးပါတယ်။ ပြီးတော့ ၀က်လေးတစ်ကောင် မွေးပါတယ်။ တတိယ ကျမှ နှာမောင်းပါပြီးဆင်နဲ့တူတဲ့ ၀က်လေးအသေမွေးပါတယ်။ နောက်ကျမှ ၀က်နှစ်ကောင်ထပ်မွေးတာပါ။ ကျန်တဲ့ဝက်တွေကတော့ သန်သန်မာမာပါဘဲ။ ဒီဝက်က ခရီးထွက်နေတဲ့ အဒေါ်ပိုင်တဲ့ဝက်ပါ။ အဒေါ်ခရီးထွက် နေတုန်း ကျမက ထိန်းကျောင်းပေးရင်း ဒီနေ့မှာ မွေးဖွားလာတာပါဟု ၀က်ပိုင်ရှင် ဒေါ်ခင်သန်းအေး၏ တူမ မလှလှဖြိုးမှ ပြောပြပါသည်။

မှန်ပါသည် သတင်းကြားကြားချင်းမှတ်တမ်းဓါတ်ပုံ သွားရောက်ရိုက်ကူးရာ ဆင်နှင့် အသေမွေးဖွားလာသော ၀က်ကလေးမှာ နားရွက်၊ ခြေထောက်၊ ကိုယ်လုံး ဆင်ဦးခေါင်းပုံသဏ္ဍန်၊ အမြီးနှာမောင်းများပါရှိပြီး မျက်လုံး တစ်လုံး မှာ ပါးစပ်ထဲမှထွက်နေပြီး ဆင်ကိုယ်လုံးဆင်ခြေထောက်၊ ဆင်အမြီးများနှင့် တွေ့ရပြီး နောက်ဝက် အရှင်ကလေးတစ်ကောင်က နှခေါင်းမပါဘဲ လျှာနှစ်ခွ၊ မျောက်မျက်နှာပုံသဏ္ဍန်မွေးဖွားခဲ့သည်ကို မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ရပါသည်။ ၀က်မကြီးမှာ ၁နှစ်ရှိပြီဖြစ်ပြီး ထူးဆန်းအံ့သြဖွယ်ရာ ၀က်ကလေးများ အားမွေးဖွားခြင်းအတွက် လာရောက်ကြည့်ရှုသူပရိသတ်ပေါင်းများစွာနှင့် စီကားလျက်ရှိကြောင်း သိရသည်။
   
Lashio News Diary
https://www.facebook.com/lashio.news.city

''ဟက်ပီး'' ဗီဒီယို အီရန် ကချေသည်များကို ကြိမ်ဒဏ်၊ ထောင်ဒဏ် အပြစ်ပေး

တီဟီရန် စက်တင်ဘာ ၁၉

ဖာရဲလ် ဝီလီယံ၏ ''ဟက်ပီး''သီချင်း ဗီဒီယိုရိုက်ကူးရာတွင် ပါဝင်ကခဲ့ကြသော အီရန်နိုင်ငံသားခြောက်ဦးကို ကြိမ်ဒဏ် ၉၁ ချက်နှင့် ထောင်ဒဏ်တစ်နှစ်အထိအပြစ်ပေးလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေက ယနေ့ပြောကြားသည်။

အဆိုပါ အရေးယူမှုများမှာ သုံးနှစ်ဆိုင်းငံ့ ပြစ်ဒဏ်ဖြစ်ရာ ၎င်းတို့က ထပ်မံ၍ ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့လျှင် ထောင်ဒဏ်ကျခံရမည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း ၎င်းရှေ့နေက ဆိုသည်။

ယင်းဗီဒီယို ပြကွက်တွင် အမျိုးသားသုံးဦးနှင့်မျက်နှာဖော်ထားသော အမျိုးသမီး သုံးဦးတို့သည် တီဟီရန်မြို့ အဆောက်အအုံများ၏ ခေါင်မိုးများပေါ်နှင့် လမ်းများပေါ်တွင် ကခုန်နေကြသည်ကို ပြသထားသည်။ ခြောက်လအတွင်း ယူကျုပေါ်၌ ၎င်းဗီဒီယိုကို လူတစ်သန်းကျော် ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။

ဗီဒီယို၌ ပါဝင်သူအများစုကို ထောင်ဒဏ်ခြောက်လစီ ကျခံရန် အပြစ်ပေးပြီး တစ်ဦးကိုမူ ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေးကြောင်း ရှေ့နေ ဖာရှစ်ရိုဖူဂါရန်၏ ပြောကြားချက်ကို အီရန်သတင်းဌာနက ကိုးကားဖော်ပြသည်။ ရှုထောင့်အမြင်ပေါင်း ၁၅ဝဝဝဝ ကျော် လက်ခံရရှိပြီးနောက် အီရန်အာဏာပိုင်များက ''ဟက်ပီးဝီအာဖရောင်တီဟီရန်'' ဗီဒီယိုကို အာရုံရောက်ရှိလာခဲ့သည်။

နိုင်ငံကပြဋ္ဌာန်းထားသော အမျိုးသမီးများ ခေါင်းစီးပဝါ မစည်းခြင်းနှင့် ဆန့်ကျင်ဘက် လိင်များနှင့်အတူ ရောနှောကခြင်းတို့ကို တားမြစ်သည့် အစ္စလာမ္မစ် ဥပဒေကို ချိုးဖောက်သည့် စွပ်စွဲချက်ဖြင့် ဗီဒီယိုရိုက်ကူးသောအုပ်စုမှ အဖွဲ့ဝင်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဝီလီယံသည် အမေရိကန်နိုင်ငံသားဖြစ်ပြီး ရက်ပ်ပါာအဆိုတော်၊ သီချင်းရေးဆရာ၊ ဂီတမှူး၊ ဓာတ်ပြားထုတ်လုပ်သူ၊ ဒီဇိုင်နာတစ်ဦး ဖြစ်သည်။

ဘီဘီစီ
The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf

ယူကေတွင် သကြားစားသုံးမှုလျော့ချရန် အမျိုးသားရေးအဖြစ် လှုပ်ရှားဆောင်ရွက်မည်

ကျန်းမာရေး၊ စက် (၁၇)

သကြားစားသုံးမှု လွန်ကဲခြင်းကြောင်း ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်မှုနှင့် သွားပျက်စီးမှုတို့ ကြောင့် လူထုအနေနှင့် ကျန်းမာရေး ယိုယွင်းပျက်စီးခြင်း၊ ကျန်းမာရေး ကုန်ကျစရိတ်တိုးမြင့်လာခြင်းတို့  ပိုမိုများပြားလာသည့်အတွက် လူ တစ်ဦးခြင်း သကြားစားသုံးသည့်နှူန်းကို ယခင်ကထက်ပို၍လျော့ချသွားရန် အင်္ဂလန်အစိုးရအဖွဲ့ ၊ ကျန်းမာရေး အကြံပေးများက တင်ပြခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ထောက်ခံချက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်က လူတစ်ဦးခြင်းစားသုံးသော အစာအာဟာရမှရရှိသည့် ခွန်အား၏ (၁၀) ရာခိုင်နှူန်းနှင့်ညီမျှသော သကြား ဓါတ်ကိုစားသုံးရန်သင့်လျော်သည်ဟုဆိုခဲ့သော်လည်း ယခုအခါ (၅) ရာခိုင်နှူန်းအထိ လျော့ချရန်လိုအပ်ကြောင်း ကျန်းမာရေးသုတေသီများက အကြံပြုရာဝယ် ယူနီဗာစီတီကောလိပ်လန်ဒန်နှင့် လန်ဒန်ဆေးတက္ကသိုလ်သုတေသီ တို့ က သကြားစားသုံးမှုနှူန်းကို (၃) ရာခိုင်နှူန်းအထိ လျော့ချရန်လိုအပ်ကြောင်း ပြောသည်။

သွားနဲ့ ခံတွင်းရောဂါကိုလေ့လာကြည့်မယ်ဆိုရင် သကြားစားသုံးမှုလွန်ကဲခြင်းဟာ အဓိကအကျဆုံးအကြောင်းရင်း တစ်ခုဖြစ်နေတာကို တွေ့ ရမှာပါ။ သကြားစားသုံးမှုလျော့ချလိုက်ရုံနဲ့  အလွယ်တကူကြိုတင်ကာကွယ်လို့ ရတဲ့ သွား
နဲ့ ခံတွင်းပျက်စီးမှု၊ ဆေးကုသစရိတ်နဲ့  တစ်ခြား လူမှုစီးပွားအခက်အခဲအတော်များများကို လျော့ချသွားနိုင်မှာပါဟု သုတေသီတစ်ဦးက ပြောသည်။

ယူကေတွင် သကြားစားသုံးမှု ၅ ရာခိုင်နှူန်းခန့် ရှိသောကလေးငယ်များတွင် သွားနှင့်ခံတွင်းပျက်စီးမှုများပြားနေ သည့်အတွက် ကုန်ကျသည့်ဆေးကုစရိတ်မှာလည်း နိုင်ငံတ၀ှမ်းလုံး၏ ကျန်းမာရေးကုန်ကျစရိတ်တစ်ခုလုံး၏ ၅ ရာခိုင်နှူန်းမှ ၁၀ ရာခိုင်နှူန်းအထိ ရှိနေသည်။ ထို့ ကြောင်း သကြားစားသုံးမှုကိုထိန်းချုပ်နိုင်ရန် ကလေးငယ်အများစု နှင့်ပါတ်သက်နေသည့် ကျောင်း၊ ဆေးရုံများတွင် မုန့် နှင့်အချိုရည်များရောင်းချသော ဆိုင်၊ စက် အစရှိသည်တို့ ကို အစိုးရကတိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်ပြီး အစားအသောက်တွင် သကြားပါဝင်မှု ၂ ဒသမ ၅ ရာခိုင်နှူန်းထက်ပိုလျင် သကြားခွန်ဆောင်စေရန် အစိုးရအကြံပေးများက တင်ပြထားသည်။

ကလေးတွေတင်မက လူကြီးတွေကပါ သကြားကို ၁၀ ရာခိုင်နှူန်းထက်ပိုပြီးမစားဖို့ ဆိုတာကို တိတိကျကျမလိုက်နာ နိုင်ကြပါဘူး။ ဒါကိုချက်ခြင်းပဲ ပြောင်းလဲသွားအောင်လုပ်ဖို့ တော့ ခက်ပါတယ်။ ဒီတော့ သကြားစားသုံးမှုကို ၁၀ ရာ ခိုင်နှူန်းကနေ ၅ ရာခိုင်နှူန်းအထိလျော့ချသွားနိုင်ဖို့  အမျိုးသားရေးတစ်ရပ်အနေနဲ့  လှုပ်ရှားဆောင်ရွက်သွားပြီး နောက်ပိုင်းမှာ ၃ ရာခိုင်နှူန်းအထိ လျော့ချသွားဖို့  ဆက်ကြိုးစားသွားပါမယ်ဟု လန်ဒန်ဆေးတက္ကသိုလ်မှ ပရော်ဖက် ဆာ ဒေါက်တာ ဂျိမ်းကပြောသည်။

မိမိနေ့ စဉ်စားသုံးသော သကြားပမာဏသည် စုစုပေါင်းအစားအစာမှရရှိသောအာဟာရ၏ ၅ ရာခိုင်နှူန်းဖြစ်စေရန် အမျိုးသမီးများက လက်ဖက်ရည်ဇွန်း ၅ ဇွန်းမှ ၆ ဇွန်း၊ အမျိုးသားများက ၇ ဇွန်းမှ ၈ ဇွန်းအထိ စားသောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city?fref=nf



မျက်စိသုံးလုံးပါ ရှားပါးနွားပေါက် တစ်ကောင် အိန္ဒိယနိုင်ငံတွင် မွေးဖွား



တမီးလ်နာဒူ ၊ ၁၈-၉-၂၀၁၄

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူ ပြည်နယ် အတွင်းရှိ ကိုလာသာ ကျေးရွာ တွင် မျက်စိသုံးလုံး ပါရှိသည့် ရှားပါး နွားပေါက် တစ်ကောင် မွေးဖွား ခဲ့ကြောင်း သိရသည်။

အဆိုပါ နွားပေါက်သည် သာမန် နွားပေါက်များနှင့် မတူဘဲ နဖူး တည့်တည့်တွင်မျက်စိတစ်လုံး အပိုပါရှိ၍ မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းစွာ မွေးဖွားလာသည့် အဆိုပါ နွားပေါက်ကို ဒေသခံများက မျက်စိ သုံးလုံး ပါသည့် Shiva နတ်ဘုရား ဝင်စားသည်ဟု ယုံကြည်ထား ကြကြောင်း သိရသည်။

မျက်စိသုံးလုံးပါ နွားပေါက်လေး မွေးဖွား ခဲ့ခြင်းသည် အလွန် အံ့အားသင့်ဖွယ် ကောင်းပြီး ကျေးရွာအတွက် ကံကောင်းခြင်း နိမိတ် လက္ခဏာ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ နွားပေါက် ကလေးကို တိုင်တည်၍ ဆုတောင်းပါက မိမိတို့၏ ဆုတောင်းများ ပြည့်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မိမိတို့ ဒေသခံများ အနေဖြင့် အဆိုပါ နွားပေါက်ကို နတ်ဘုရား တစ်ပါးကဲ့သို့ သဘောထား၍ ဂါရ၀ပြု ဆုတောင်းမှုများ ပြုလုပ် နေကြောင်း ၊ အနီးအနားရှိ ကျေးရွာများမှ ဒေသခံ များကလည်း အဆိုပါ နွားပေါက်ကို လာရောက် ဂါရ၀ပြု ဆုတောင်း ကြကြောင်း နွားပေါက် ပိုင်ရှင်ဖြစ်သူ ရာဂျက် က ပြောကြားသည်။

မျက်စိသုံးလုံး ပါရှိသည့် Shiva နတ်ဘုရားသည် ဟိန္ဒူ ဘာသာဝင်များ အပေါ် လွှမ်းမိုးမှု အရှိဆုံး နတ်ဘုရားများ အနက် တစ်ပါး အပါအ၀င် ဖြစ်ပြီး Shiva နတ်ဘုရား ဒေါသထွက်၍ ၄င်း၏ တတိယ မျက်လုံးဖြင့် အရာဝတ္ထု များကို ကြည့်ရှုပါက ၄င်း အရာဝတ္ထု များမှာ မီးလောင်ကျွမ်း၍ ပြာမှုန့်များ ဖြစ်သွားသည် အထိ အစွမ်းရှိကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_6.html

Contraceptive implant ကိုယ်ဝန်တားအရေပြားအောက် ထားရတဲ့ပစ္စည်း

1. ဆရာ သမီးအသက် ၂၂နှစ်ပါ။ လက်မောင်းထဲထည့်သန္ဓေတားနည်းအကြောင်းလေးသိချင်လို့ပါ။ တစ်ချို့ကပြောပါတယ်။ အဲ့ပစ္စည်းထည့်ပြီးရင် ထည့်ထားတဲ့နေရာက ယားနေတယ်လို့ပြောပါတယ်။ ဘာဖြစ်တာလဲသိချင်လို့ပါ။ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးလေးလဲသိချင်လို့ပါ။
2. ဆရာ လက်မောင်းထဲမှာ အပ်မြှုပ်ပြီး သားဆက်ခြား၊ သန္ဓေတားတဲ့အကြောင်း ပြည့်ပြည့် စုံစုံ သိချင်ပါရစေရှင်။ ပြန်လည်ဖြေကြားပေးပါရှင်။ လေးစားစွာဖြင့် မေတ္တာရပ်ခံပါတယ်ရှင်။

ဆံညှပ်အရွယ်၊ ကွေးနိုင်ဆန့်နိုင်တဲ့ ပြွန်ချောင်းကလေးတခု ဖြစ်တယ်။ လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထုံဆေး-ပိုးသန့်ဆေး သုံးပြီးထည့်ထားရတယ်။ သူကနေ Progestogen ဟော်မုန်းကို ၃ နှစ်ကြာအောင် ထုတ်ပေးနေမယ်။ ဟော်မုန်းကနေ လစဉ် မ-မျိုးဥအိမ်ကနေမ-မျိုးဥမထွက်စေအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲကျိတဲ့ အရည်ကိုလဲ ပြစ်စေးလာစေလို့ ကျားသုက်ပိုးကိုသားအိမ်ထဲမဝင်စေအောင် ထားမယ်။ သားအိမ် အတွင်းသား နံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားဆီးပေးမယ်။ ၉၉% မကထိရောက်တယ်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့ကစ ထည့်ထားရင် ချက်ချင်းထိရောက်တယ်။ အဲဒီအချိန်မှာကိုယ်ဝန်ရှိမနေစရေဘူး။ ကလေးဖွါးပြီးစမှာလဲ ထည့်နိုင်တယ်။ သားပျက်ပြီးစလဲထည့်နိုင်တယ်။ ကလေးနို့တိုက်တာကိုလဲသက်ရောက်မှုမပြု။ ရာသီမလာမီ လက္ခဏာတွေကိုလဲ သက်သာစေတယ်။

1. Nexplanonဆိုတာ Organon ကုမ္ပဏီကထုတ်ပြီး Etonogestrel ပါတယ်။ ၃ နှစ်ခံတယ်။
2. Norplant ကို ၁၉၈၃ ကတည်းက ဖင်လန်နိုင်ငံမှာစသုံးခဲ့တယ်။ Levonorgestrel (Progestin) 36 mg ပါပြီး (2.4 mm × 34 mm) အရွယ်ရှိတဲ့ Silicone capsules (၆) ခု ဖြစ်တယ်။ ၅ နှစ် ခံတယ်။ ယပ်တောင် ပုံလေးလို လှလှပပလေး ထည့်ပေးတယ်။ အပေါ်ကနေ မြင်နေရတတ်တယ်။ သေခြာစမ်းရင် သိနိုင်တယ်။ အိန္ဒိယကထုတ်တဲ့ Norplant capsules ၆ တောင့်ထဲမှာAprogestinပါတယ်။ ဝတဲ့သူတွေလဲရတယ်လို့ ပြောတယ်။ ၅ နှစ်ထားနိုင်တယ်။
3. Jadelle (Norplant II) နာမည်နဲ့ တခြားနိုင်ငံတွေမှာရှိတယ်။ (2.5 mm × 43 mm) အရွယ် (စီလီကွန်) (၂) ချောင်း ထဲမှာ 75 mg Levonorgestrelပါတယ်။ ၁၉၉၆ က စသုံးတယ်။ အစက ၃ နှစ် နောက်တော့ ၅ နှစ် အာမခံတယ်။ အစနှစ်မှာ တနေ့ကို 100 µg/day နောက်၊ 40 µg/day နဲ့ 30 µg/day နှုန်းနဲ့ ၅ နှစ်ကြာထုတ်ပေးနေမယ်။
4. Implanon (Etonogestrel) ကို ဗြိတိန်မှာ ၁၉၉၉၊ ကတည်းကစသုံးတယ်။ Etonorgestrel ဟော်မုန်းပါတယ်။ 4 cm x 2 mm အရွယ်ရှိတယ်။ တတောင်ဆစ် အောက်နားအရေပြားအောက်မှာထည့်လေ့ရှိတယ်။ အခုအဲဒါ Nexplanonနဲ့ အစားထိုးလိုက်ပြီ။ ခပ်ဆင်ဆင်ပါဘဲ။ ဒါပေမဲ့ ဓါတ်မှန်မှာပေါ်နိုင်တာလုပ်ထားတယ်။ Applicator ပါလို့ ထည့်ရတာလဲ လွယ်တယ်။ အရင်ဟာကို ၃ နှစ် ကျော်ရင်တော့ အသစ်နဲ့ အစားထိုးတာကောင်းတယ်။
5. Implanonကိုသာ USA မှာ ၂ဝဝ၆ ဇူလိုင်ကစပြီးလိုင်စင်ပေးထားတယ်။ Etonogestrel 68 mg ပါပြီး၊ ၃ နှစ်ခံ၊ (၁) ချောင်းထဲ ဖြစ်တယ်။ ထုံဆေးသုံးပြီးလူနာကညာသန်ဆိုရင် ဘယ်လက်ဖျံမှာတဒေါင်ဆဆစ် အထက် လက်မောင်း အတွင်းဘက် ၈-၁ဝ စင်တီမီတာနေရာမယ် ထည့်ပေးတယ်။ ၅-၁၅ မိနစ်အလုပ်သာ ဖြစ်တယ်။ ၄% လောက်မှာ သွေးခြည်ဥတာ၊ ဖေါင်းတာ၊ နီရဲတာ၊ နာနေတာ ဖြစ်တတ်တယ်။

မထည့်ခင် ကိုယ်ဝန်ရှိမနေတာသေခြာစေသင့်တယ်။ ဆီးစစ်ပါ။ ရာသီစလာတဲ့ရက်ကနေ ၅ ရက်အတွင်းလုပ်သင့်တယ်။ ကလေး ဖွါးပြီးစ၊ ကလေး ၃ ပတ်အရမှာလုပ်နိုင်တယ်။ ကလေးနို့တိုက်တာမှာ ပြဿနာမရှိစေဘူး။ နို့ထဲမှာ ဟော်မုန်း နဲနဲလေးတော့ ပါနေနိုင်တယ်။ ကိုယ်ဝန်ပျက်ပြီးသူလဲချက်ချင်းထည့်နိုင်တယ်။ ထည့်ပြီး ၂၄ နာရီကစပြီးသက်ရောက်မှု ရှိမယ်။ ပြန်ထုတ်ပြီးရင် မကြာခင် ကိုယ်ဝန် ရနိုင်လာတယ်။

မွေးလမ်းကနေ ဘာမှန်းမသိဘဲသွေးဆင်းနေသူ၊ အသဲရောဂါဆိုးရှိနေသူ၊ သွေးခဲပိတ်ရောဂါရှိနေသူ၊ မျိုးဥအိမ်-အကျိတ် ရှိနေသူတွေ မသုံးသင့်ပါ။ လူကောင် သိပ်ကြီးနေသူတွေမှာကိုယ်ဝန်တားဘို့ ဆေးမနိုင် ဖြစ်တတ်တယ်။ သွေးဆင်းနေချိန်၊ အသဲရောဂါရှိနေရင်၊ သွေးခဲပိတ်ရောဂါရှိနေရင် မသုံးရဘူး။ မျိုးဥအိမ် အကျိတ် ရှိသူတွေလဲမသုံးသင့်ဘူး။ လူကောင် ဝလွန်းသူတွေအတွက်လဲကိုယ်ဝန်တားဘို့ မသေခြာလှဘူး။ ဥပမာ Body mass index ဆိုတာက 35kg/sqmetre ကျော်နေရင်။ ကိုယ်ဝန် ရှိနေရင်၊ အသဲရောဂါ ရှိနေရင်၊ အခုဒါမှမဟုတ် လွန်ခဲ့တဲ့ ၅ နှစ်က ရင်သား-ကင်ဆာရှိရင်၊ (မိုင်ဂရင်း) အမူးရောဂါ ရှိရင် မသုံးသင့်ဘူး။ Rifampicin (Rifadin) and Rifabutin (Mycobutin), Phenytoin (Epanutin), Carbamazepine (Tegretol), Phenobarbital and Primidone (Mysoline) ဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။ HIV အတွက်ဆေးတွေလဲပါတယ်။ St John's wort (Hypericumperforatum, Tipton's Weed, Chase-devil, Klamath weed) ခေါ်တဲ့ စိတ်ကျရောဂါ အတွက် သုံးတဲ့ တိုင်းရင်းဆေးပေးနေသူတွေ မသုံးသင့်ဘူး။

၁၉၉ဝ ကျော်မှာစပေါ်တုံးက အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဝန်တားနည်းဖြစ်လာရာကနေ ၂ဝ၁၁ အစပိုင်းရောက်တော့ ကိုယ်ဝန် ရသွားသူပေါင်း ၆ဝဝ ရှိတယ်လို့ ဗြိတိန် တီဗွီတွေမှာပြောလာတယ်။ မကြာခင်မှာဘဲ အဲလိုပြောတာ မဟုတ်တဲ့အကြောင်း မီဒီယာကနားလည်မှုလွဲတာပါလို့ (ဂါးဒီးယန်း) သတင်းစာကနေ ပြန်ရေးတယ်။ ၁ဝ နှစ်အတွင် ကိုယ်ဝန်ရသူပေါင်း ၅၄၈ ယောက်ရှိတယ် ဆိုတာဟာမအောင်မြင်မှုနှုန်း တနှစ်မှာ ဝ့ဝ၁၄% သာဖြစ်တယ်။ အောင်မြင်မှုနှုန်းက ၉၉့၉၈% ဖြစ်တယ်။

၂ဝဝဝ ခုကျော်နှစ်တွေထဲမှာထည့်ထားတဲ့ ဆေးချောင်းလေးကပြေးနေသလိုနေရာရွေ့တဲ့ဇာတ်လမ်းတွေ ကြားလာရတယ်။ ဗြိတိန်မှာသုံးတာကို Implanon ခေါ်တယ်။ တချောင်းထဲဘဲ။ တတောင်ဆစ်အထက်နားမှာထည့်တာများတယ်။ သူ့ထဲမှာ Etonorgestrel ဟော်မုန်းပါတယ်။ ၂ဝ၁ဝ အောက်တိုဘာရောက်တော့ Implanonကိုမသုံးစေတော့ဘူး။ Nexplanon (Etonogestrel) ဆိုတာ အစားဝင်လာတယ်။ ဓါတ်မှန်ရိုက်ရင် မြင်နိုင်တဲ့ Barium ပါထည့်ပေးတာသာကွာခြားတယ်။ အရင်ဟာကို ထည့်ထားသူတွေက ၃ နှစ်ပြည့်ရင် ဆေးချောင်းသစ်ကိုသာထည့်ရမယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်တာသမိုင်းကိုဆန်းစစ်တဲ့အခါ စိတ်မသက်သာစရာတွေ တွေ့လာရတယ်။ ၆-၁-၂ဝ၁၁ လန်ဒန်ကလာတဲ့ သတင်းတပုဒ်မှာ ၃ နှစ်ခံ Implanon implant သုံးတဲ့ အမျိုးသမီး ၅ဝဝ မယ် ကိုယ်ဝန်ရခဲ့တယ်လို့ ဆိုတယ်။ (တီဗွီ-စတိုရီ) တွေလည်း ပြကြတယ်။ နောက်ထပ် ဒါပေမဲ့တခုဆက်လာပါတယ် (မီဒီယာ) သမားတွေဟာ အခြေခံသင်္ချာကို နားလည်မှု လွဲနေတယ်တဲ့။ ပြောတဲ့သူက Medical statistician ဆေးပညာ-စာရင်းဇယားပညာရှင်ပါ။ ၁ဝ နှစ်အတွင်းကိုယ်ဝန် ၅၈၄ ဆိုတာဟာ Failure rate မအောင်မြင်နှုန်း ဝ့ဝ၁၄% သာဖြစ်ပါတယ်၊ Success rate အောင်ချက်က ၉၉့၉၈၆% ပါတဲ့။

UK မှာ ၁၉၉၉ တည်းကအမျိုးသမီးပေါင်း ၁့၎ သန်း Implanon ထည့်ထားကြတယ်။ ၁၆ဝ၇ က (ကွန်ပလိန့်) တက်တယ်။ ၉၉% ထိရောက်တယ်။ ညွှန်ကြားချက်လဲထုတ်ထားလိုက်တယ်။ လူနာတွေကိုသတင်းအချက်အလက် အစုံအသိပေးပါ။ အကျိုးနဲ့ အပြစ်တွေ၊ တခြားနည်းနာတွေ၊ ဘေးထွက်-ဆိုးကျိုးတွေ ပါစေရမယ်။ ပြဿနာပေါ်ရင် ရှင်းလင်းချက်၊ တောင်းပန်ချက်၊ ဘယ်လိုကိုင်တွယ်မလဲ၊ ထည့်ပေးထားသူတွေကို (ဖေါလိုအပ်) ခေါ်ယူစစ်ဆေးမှု စီစဉ်ပေးပါ၊

ရေရှည်မှာဘာဖြစ်သလဲ။ ကင်ဆာမဖြစ်တာတော့ သိထားတယ်။ တခြားဆိုတာတွေ သိပ်မသိလှသေးပါ။ ကောင်းတာက တခုခုဖြစ်ရင် ထုတ်ပြစ်လိုက်ယုံဘဲ။ ဆေးထိုးတာသူတွေနဲ့ မတူဘူး။ ဆေးသတ္တိကချက်ချင်းရပ်သွားတာ။

ဘေးထွက်-ဆိုးကျိုးတွေ = ရာသီမလာတာလူတိုင်းတော့ မဟုတ်ပါ။ ခေါင်းကိုက်၊ ခေါင်းမူး၊ အစက်အပျောက်ထွက်၊ ရင်သားတင်းနာ၊ စိတ်ကျ၊ ကိုယ်ရောင်သလိုဖြစ်မယ်။ ဝက်ခြံပိုထွက်မယ်။ လူကပိုဝလာ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ စိတ်မူပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ လိင်စိတ် ပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)။

ထည့်ကာစမှာသာအဖြစ်များပြီး ၃-၆ လနေရင် အများကြီးသက်သာသွားတယ်။ ဆေးချောင်းထည့်စ ပဌမနှစ်မှာ ရာသီမမှန်ဖြစ်တယ်။ ရက်မဟုတ်ဘဲသွေးဆင်းနိုင်တယ်။ ရက်ရှည်နိုင်တယ်။ ဆင်းတာလဲများနိုင်တယ်။ နောက်နှစ်ဆိုရင် အသားကျလာမယ်။ အဲလိုဖြစ်တာနည်းလာမယ်။ တချို့မှာရာသီအရောင်ပျော့မယ်။ အဆင်းနည်းမယ်။ လုံးဝမဆင်းဘဲလဲ နေမယ်။ သွေးဟာရာသီမဟုတ်ဘဲပိုးဝင်တာဖြစ်မလားမသေခြာရင် ဆရာဝန်ပြပါ။

၂ဝ-၃-၂ဝ၁၁ Guardian News and Media ကလဲ GPs ဆရာဝန်တွေ ဘယ်လိုစနစ်တကျ ထည့်ပေးရမယ်ဆိုတဲ့ သင်တန်းယူသင့်တယ်လို့ ရေးတယ်။ သူတို့ဆီမှာအာမခံစနစ်၊ တရားစီရင်ရေးစနစ်တွေကပိုကောင်းတာမို့ နစ်နာသူတွေ လျှော်ကြေးရနိုင်ကြလို့ ၁၁ ဦးကတင်တာမှာ ၆ ဦးအတွက် ပေါင် ၁ သိန်းပေးခဲ့ရတယ်။ ဘယ်အရာမှာမဆို လက်မှတ်ရှိသူ ဖြစ်ပေမဲ့ တတ်ကျွမ်းသူနဲ့ အတွေ့အကြူံများသူမတူကြပါ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ

အမျိုးသမီးက ဆီးအောင့်နေလို့ပါ။ ဆီးလဲမထိန်းနိုင်ဖြစ်တယ်ဆရာ။ အဲ့ဒါ ဘာဆေးသောက်ရမလဲ။ နောက်ဆို မဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်လဲ သိချင်လို့ပါဆရာ။

မင်္ဂလာဆောင်ပြီး၊ တချို့က ခရီးထွက်တယ်။ တချို့လဲ ခွင့်ယူ၊ အလုပ်နား၊ ပျော်ပါးကြပါတယ်။ (ဟန်းနီးမွန်း) ဆိုတာ တသက်မှာတခါ ပျော်ကြရတဲ့နေ့ ဖြစ်တယ်။ တချို့ကြ အခါခါ။ ပျော်ရတာနဲ့ တဆက်ထဲ ငိုရတာလဲ တွဲတတ်တယ်။ ငိုရမဲ့ အကြောင်းတွေထဲမှာ ဆရာဝန်နဲ့ ဆိုင်မှာက ဆီးအောင့်တာ ဖြစ်တယ်။ အဖြစ်များလှတယ်။

ခင်ပွန်းသည်နဲ့ လိင်ဆက်ဆံရာကနေ ဖြစ်လာတယ်။ ယောက်ျားရဲ့ လိင်တံ၊ တံတွေး၊ လက်ချောင်း၊ ဆက်ဆံရာမှာ သုံးတဲ့ ကရိယာပစ္စည်းတွေကနေ ရောဂါပိုး ဝင်နိုင်တယ်။ (ကွန်ဒွမ်)၊ ချောဆီ၊ ထုံဆေး၊ သုတ်ပိုးသေဆေး တွေကတော့ ဆေးမတည့်တာသာ ဖြစ်စေနိုင်တယ်။ ပိုဆိုးမှာက ဆက်ဆံတဲ့အခါ စအိုရော (ဗဂျိုင်းနား) ရောသုံးလို့ ဖြစ်ရပါတယ်။ အဆိုးထဲက အကောင်း ပြောရရင် ဒီအမျိုးသမီး အရင်က ယောက်ျားနဲ့ မနေဘူးခဲ့တာ ဖြစ်ဘို့များတယ်။

သတို့သမီးကိုယ်တိုင် တရားခံ ဖြစ်နိုင်သေးတယ်။ မ-အင်္ဂါကို ရေဆေးရင်းနဲ့ လက်ကို ရှေ့ပြန်-နောက်ပြန် လုပ်တာကနေ ဖြစ်စေနိုင်တယ်။ အဲလို မလုပ်ရဘူး။ လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွား လုပ်ပါလေ။ အိမ်ထောင် ကျကာစမှ မဟုတ်ဘူး၊ နောင်လဲဘဲ ဆီးအောင့်တာ ထပ်ထပ်ဖြစ်နိုင်သေးလို့ ဒီနည်းကိုသာ သုံးပါ။

တရားခံအစစ်က ဗက်တီးရီးယား၊ နာမည်တပ် ပြောရရင် E. coli ဆိုတဲ့ အကောင်ဖြစ်တယ်။ ပိုးဝင်လာပြီး၊ ၁-၂ ရက်ဆိုရင် လက္ခဏာတွေ ပြတယ်။ ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်။ ဆီးခဏခဏလဲ သွားချင်နေမယ်၊ သွားချင်လာရင်လဲ Bathroom ရေချိုးခန်း တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာ ထွက်မယ်။ ကြာတော့ ဆီးကထွက်စရာ မရှိတော့ဘူး။ ဆီးထဲမှာ အနယ်ပါနေမယ်။ အနံ့လဲ ဆိုးလာမယ်။ တခါတလေ ဆီးထဲမှာ သွေးပါမယ်။

အဝတ်ကို ရေခပ်နွေးနွေး ဆွတ်ပြီး နာနေတဲ့ ဆီးစပ်နေရာမှာ အုပ်ပေးပါ။ အတူမနေခင်နဲ့ နေပြီးတိုင်း ဆီးသွားပေးပါ။ ရေ-အရည် အများကြီးသောက်ပါ။ Cranberry juice ဖျော်ရည်ကို ညွှန်းတယ်။ ကိုယ့်ဆီမှာရှိတဲ့ လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည် ကောင်းပါတယ်။ အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ် များစေလို့ လျှော့ရ-ရှောင်ရမယ်။

ဆီးလမ်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေ
• Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Amoxacilin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက် သောက်ပါ။
• ပိုးသေဆေးတွေကို ဖြစ်မှမဟုတ်ဘဲ ကြိုတင် ကာကွယ်တဲ့အနေနဲ့ သောက်နိုင်ပါတယ်။
• နာတာသက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ဆီး အက်စစ်ဓါတ် များနေရင် ပိုးက ကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် နည်းအောင် ရေအများကြီး သောက်တာအပြင် Cystopurin (Potassium citrate) ဆေးပါသောက် သင့်တယ်။
• လေနာအတွက်ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်းကိုလဲ ဖတ်ပါ။
• ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးအတင်းသွားစေတဲ့ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။ Lasix လို Diuretic ဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုးတာတွေမှာသာ သုံးရတာ ဖြစ်တယ်။ ဒီရောဂါမှာ မသောက်ရပါ။ ပိုဆိုးစေတယ်။

ဆီးအောင့်လို့ သောက်ရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက သိပ်ဆိုးတာတွေတော့ မဟုတ်ပါ။ သောက်ဖူးလို့ ဘေးထွက်ဆိုးကျိုး ခံနိုင်ရင် သောက်တာ သောက်ပါ။ လူတိုင်းမှာ ဖြစ်ကြတာ မဟုတ်ပါ။ လူတွေအများကြီးကို သုတေသန လုပ်ထားတာမို့ များနေတာပါ။
• Co-trimoxazole = Septrin (Trimethoprim + Sulfamethoxazole) ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အနီပြင်ထွက်၊ ဝမ်းပျက်၊ ပျို့-အန်၊ မှိုပိုးဝင်တတ်၊ ပိုတက်ဆီယမ်များစေ၊ ဆိုဒီယမ်နည်းစေ၊ သကြားဓါတ်နည်းစေ၊ အစားပျက်၊ လျှာနာ၊ ခေါင်းမူး၊ စိတ်ကျ၊ ချောင်းဆိုး၊ ကြွက်သားနာ၊ တက်၊ ကျောက်ကပ်-အသဲထိခိုက်၊ အရေပြား အဖူးပေါက်၊
• Nitrofurantoin ရဲ့ဘေးထွက်ဆိုးကျိုးများ = ဝမ်းအရည်သွား၊ အသက်ရှူမဝ၊ ရင်ပတ်အောင့်၊ ကိုယ်ပူ၊ ကိုက်ခဲ၊ ပိန်၊ ခြေဖျား လက်ဖျားထုံ၊ အသားဝါ၊ အစားပျက်၊ ဆီးနီ၊ ဗိုက်နာ၊ အားနဲ၊ အရေပြားနီ-ဖြူ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ အစာမကျေ၊ အန်၊ ဝမ်းပျက်၊ ဆီးနီ၊ မွေးလမ်းကြောင်းယား၊ အဖြူဆင်း၊
• Doxycycline ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ အရေပြားနီ၊ ဆီးနဲ၊ အသားအရေ ဖြူဖျော့၊ အားယုတ်၊ ဗိုက်နာ၊ ပျို့-အန်၊ အစားပျက်၊ အသားဝါ၊ သွေးယို၊ လျှာနာ၊
• Amoxacilin ရဲ့ဘေးထွက်ဆိုးကျိုးများ = အရေပြား အနီပြင်ထွက်၊ ယား၊ အသက်ရှူခက်၊ ဆီးနီ၊ တက်၊ ဝမ်းအရည်သွား၊ ဆီးသွားရခက်၊ သွေးယို၊ အားယုတ်၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အိပ်မရ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

အဖျားရောဂါနဲ့ ဓာတ်စာ

ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင်
အဖျားတက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျားတက်ခြင်းဟာ နေထိုင် မကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူဥထဲက ဖျားစေတဲ့ ပစ္စည်းတချို့ ထွက်လာအောင် လှုံ့ဆော် စေတယ်။ သာမန် အအေးမိလို့ ဖျားရင် နှစ်ရက်ကနေ လေးရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက်ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။

ဖျားနာချိန်

ဖျားနာချိန်မှာ အနားယူဖို့ လိုပါတယ်။ ယပ်ခတ်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ ပါးလွှာတဲ့ ချည်သား အိပ်ရာခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထားတဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်းတို့ ပြုလုပ် နိုင်ပါတယ်။

အဖျားဆေးများ

တစ်နှစ်အောက် ကလေးတွေကို အက်စပရင် မတိုက်ရပါဘူး။ ပါရာစီတမောကို တိုက်နိုင်ပါတယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျားတက်ရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။

စားသင့်တဲ့ အစားအစာ

တုပ်ကွေးနဲ့ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အစားအသောက် ပျက်တယ်။ တစ်ခုပြီး တစ်ခု စားချင်စိတ် ရှိလာမယ် ဆိုရင် အဖျား သက်သာလာလို့ ပါပဲ။ အစားအစာမှာ သစ်သီး၊ ဟင်းသီးဟင်း ရွက်နဲ့ ဖျော်ရည်က အကောင်းဆုံးပါ။ ဖျော်ရည်ဟာ အရသာ ကောင်းမွန်လို့ နေမကောင်းတဲ့ သူကို စားချင် သောက်ချင်စိတ် ဖြစ်ပေါ်လာပြီး ပြန်ပြီး နာလန် ထစေပါတယ်။

မကျန်းမာတဲ့ သူတွေဟာ ဗီတာမင်အေ၊ ဗီတာမင်စီတို့ ပါတဲ့ အစား အစာတွေကို စားသင့် ပါတယ်။ ဗီတာမင် တွေမှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်ပြီး ဖရီးရယ်ဒီကယ်ကြောင့် ဖြစ်ရတဲ့ ပျက်စီးမှုကို အကာအကွယ် ပေးပါတယ်။ ကိုယ်ခံအားကို မြင့်စေပါတယ်။ နေကောင်း လာသည်နှင့် အမျှ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်ကို အစိမ်းတိုင်း ဖြစ်စေ၊ ချက်ပြုတ်ပြီး ဖြစ်စေ စားနိုင်ပါတယ်။ တရုတ် ဆီးသီး၊ မုန်လာဥဝါ၊ ပန်းဂေါ်ဖီ၊ သရက်သီး၊ ကန်စွန်းဥ၊ ရေကန်စွန်းရွက် တွေမှာ ဗီတာကယ်ရိုတင်း (ဗီတာမင်အေ) နဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ ရှောက်သီးနဲ့ အခြား အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေမှာ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါဝင် ပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက ရောဂါပိုး ဝင်ရောက်ခြင်းကို တိုက်ဖျက် ပေးတယ်။

ဓာတ်စာများ

အကြံပြု လိုသည်မှာ အဖျား ကျသည်နှင့် အစာကို အလွယ်တကူ စားဖို့ လိုပါတယ်။ ကြော်လှော်တဲ့ အစာ အာဟာရနဲ့ အဆီကို ရှောင်သင့်တယ်။ အသင့် အမြန်စား စနစ် အစားအစာတွေဟာ အစာမကြေ ဖြစ်စေပြီး လူကို ပင်ပန်း စေတယ်။ ရေများများ သောက်ရမယ်။ သစ်သီး ဖျော်ရည်၊ ဆေးဖက်ဝင် အပင်နဲ့ ဖျော်စပ် ထားတဲ့ လက်ဖက်ရည်ကို နေ့စဉ် သောက်သုံး သင့်တယ်။ ကဖင်းဓာတ် ပါတဲ့ ကိုလာ အချိုရည်တွေ မသောက် သင့်ပါဘူး။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂)
Myawady Health
https://www.facebook.com/myawadyhealth


အမျိုးသမီးများ ရာသီဆုံးချိန်နဲ့ ဓာတ်စာ

အမျိုးသမီးအများစုဟာ အသက် ၅ဝ ကျော်ရင် သွေးဆုံးပါတယ်။ အီစတြိုဂျင် ဟော်မုန်းလျော့နည်း လာတယ်။ သွေးဆုံးတာ အမျိုးသမီးတိုင်း ရှောင်လို့မရတဲ့ သဘာဝဖြစ်စဉ် တစ်ခုပဲဖြစ်ပါတယ်။
ရာသီဆုံး၊ စချိန်မှာချွေးပြန်၍ ပူနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့ နှလုံးရောဂါ၊အရိုးပွရောဂါတို့ ဖြစ်တတ်ပါတယ်။ချွေးပြန်၍ ပူနွေးခြင်းဆိုရာမှာ ခန္ဓာကိုယ်တစ်လျှောက်မှာ အပူလှိုင်းဖြစ်နေပြီး ညဘက်ချွေးထွက်တတ်ကာ သွေးကြော ကျယ်လာတဲ့အတွက် သွေးဖိအားထိန်းညှိ ဆေးဝါး ဗိုက်တာမင် အားဆေး၊ အိပ်ဆေးကျွေးရင် သက်သာမယ်။ ဒီဝေဒနာကို အသက် ၄၅ နှစ်မှ ၅၂ နှစ်အတွင်း အမျိုးသမီးတွေ တွေ့ကြုံရစမြဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီဆုံးချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ စိတ်မအီမသာဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ မှတ်ဥာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ မောပန်းနွမ်းနယ်မှုတွေကို တွဲလျက်တွေ့ရပြီး ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ရတာမို့ အိပ်မပျော်တတ်ကြဘူး။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအနေနဲ့ ရင်သားတွေ သေးငယ်သွားပြီး အဆီပြင်တစ်သျှူးများ ပြန်စုပ်ယူနိုင်တဲ့အတွက် ပုံသဏ္ဌာန်ပါ ပြောင်းလာတယ်။ ဆီးကျိတ် မကြာခဏရောင်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာ တွေ့ရတယ်။

သွေးမဆုံးခင် အီစတြိုဂျင်ဟော်မုန်းဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။ သွေးဆုံးပြီးချိန် နောက်ပိုင်းမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များလာတယ်။ သွေးဆုံးချိန် နောက်ပိုင်းနှစ်တွေမှာ ရိုးထုထည်ဆုံးရှုံးမှုဟာ လျင်မြန်လာတယ်။ အရိုးအဆစ် တောင့်တင်းခြင်း၊ ကိုက်ခဲခြင်းတွေ ဖြစ်တတ်တယ်။ အဓိက အီစတြိုဂျင်ချို့တဲ့မှုကြောင့် အကြောတက်တယ်။ ဘေးထွက်ဆိုးကျိုးက ကိုယ်အလေးချိန်တက်ခြင်း၊ ဝခြင်း၊ မူးဝေအော့အန်ခြင်း၊ သွေးခဲခြင်း အနည်းငယ် မြင့်မားပြီး ရင်းသားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်။ ၂ နှစ်မှ ၅ နှစ်အထိ ကုရင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးများမှာ ဖြစ်ပွားတတ်တဲ့ ရောဂါဟာ အီစတြိုဂျင်ခေါ် မဟော်မုန်း ပမာဏလျော့နည်းလာလို့ ဖြစ်ပါ တယ်။ ဟော်မုန်း ဆုံးရှုံးမှု ဖြည့်ဆည်းပေးမယ့် အစာတွေ စားသောက်ဖို့လိုပါတယ်။ အစာကို ညီညွတ်မျှတအောင် စားတတ်ဖို့ အရေးကြီးတယ်။ အဲဒီလိုညီညွတ်မျှ တအောင် စားပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊ ချွေးထွက်လွယ်ခြင်းနဲ့ ပူနွေးနေခြင်းကို သက်သာစေပါတယ်။

ပဲပိစပ်၊ ပဲပိစပ်ကထုတ်တဲ့ အစားအစာ၊ ပဲနီလေး၊ ပဲခြောက်၊ မက်မန်းသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ချယ်ရီသီး၊ သင်္ဘောသီး၊ သလဲသီး၊ ယိုနဲ့သစ်သီးတွေစားရမယ်။ နှံစားသီးနှံ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ စမုန်နက်နဲ့ ပင်လယ်ရေမှော်တွေကို စားသင့်ပါတယ်။ ကစီဓာတ်ပါတဲ့ အသီးအရွက်နဲ့သစ်သီး၊ နှံစားသီးနှံ၊ ပဲကို အခြေခံတဲ့ အစားအစာတွေ မှန်မှန်စားသုံးပြီး သကြားဓာတ်ပါတဲ့ အစားအစာကို လျှော့စားတာဟာ သွေးထဲကဂလူးကို့ ပမာဏကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုနည်းစေတယ်။ မြေပဲဆီ၊ နှမ်းဆီ စတဲ့ မပြည့်ဝဆီတွေကိုသာ စားသုံးရမယ်။ ပင်လယ်ငါးကို စားသုံးပေးရပါမယ်။

Myawady Health
https://www.facebook.com/myawadyhealth


Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း

1. Rh neg ဖခင် နဲ့ Rh positive မိခင်ဆိုရင်ကော အန္တရာယ်ရှိပါသလားဆရာ။ Rh+ မိဘနှစ်ပါးကနေ Rh- မွေးတဲ့ကလေးတယောက်ရှိပါတယ်။ မွေးတုန်းကပြသနာမရှိပါဘူးဆရာ။ ကလေး သွေးလွန်တုတ်ကွေး ဖြစ်လို့သွေးလိုတော့မှ Rh- မှန်းသိတယ်။ တော်တော်လေးရှာလိုက်ရတယ်ဆရာ။
2. ဆရာ ကျွန်တော်က Rh - O သွေးသမားပါ ဇနီးကတော့ Rh + B သွေးပါ ကိုယ်ဝန်က ၃ လနီးပါးရှိပါပြီ။ ဘာတွေ ဂရုစိုက်စရာ လိုပါသလဲဗျာ။
3. ဟိုနေ့က သွေးသွားလှူတာ သွေးအမျိုးအစားကို (ဘီ ပေါ့စတစ်) လို့ ပြောပါတယ်။ အရင်က မကြားဖူးလို့ ရိုးရိုး (ဘီ) နဲ့ ဘာကွာပါလဲ။ (ဘီ) က ဘယ်နှစ်မျိုးရှိလဲ သိချင်ပါတယ်။

သွေးအုပ်စုခွဲတာမှာ ၂ ခုတွဲပြောမှ ပြည့်စုံပါတယ်။ ဥပမာ အေ (+)။ အမျိုးသမီးတွေမှာ (-) ဖြစ်ရင် အရေးကြီးတယ်။ လူ့သွေးကို လူ့မျက်စိနဲ့ ကြည့်ရင် နီရဲနေတာကလွဲလို့ တယောက်သွေးနဲ့ နောက်တယောက်သွေး ခွဲခြားမရနိုင်ပါ။ သူရဲကောင်းသွေးနဲ့ သူရဲဘောကြောင်သူသွေး အရောင်အတူတူပါဘဲ။ အနုကြည့်မှန်ဘီလူးနဲ့ စစ်ရင်တော့ မတူတာတွေ သိလာမယ်။ အုပ်စုခွဲနည်းက အများဆုံး (၂) နည်းကို သုံးတယ်။ တခြားနည်းတွေလဲ ရှိသေးတယ်။ အများဆုံး အသုံးကျတဲ့ Blood group systems သွေးအုပ်စုခွဲနည်းတွေကတော့ -
1. ABO blood group system (အေ-ဘီ-အို) စနစ် နဲ့
2. Rh (Rhesus) blood group system (အာရ်အိတ်ခ်ျ) စနစ်တွေဖြစ်တယ်။ ဒီစာမှာ ဒါတခုထဲသာရေးပါမယ်။

International Society of Blood Transfusion နိုင်ငံတကာ သွေးသွင်းအသင်းကြီးကနေ သတ်မှတ်ထားတာ သွေးအုပ်စုပေါင်း (၃ဝ) ရှိတယ်။ သွေးနီဥအပေါ်မှာရှိတဲ့ ဓါတ်ပစ္စည်းပေါင်း အစုံ ၃ဝ ရှိတယ်။ လူတယောက်ဟာ အဲဒီထဲက တမျိုးဖြစ်နိုင်တယ်။ ဒါတွေထဲမှာ (အင်တီဂျင်) ခေါ်တဲ့ သွေးအုပ်စုကို ပြဌာန်းပေးတဲ့ အမျိုးပေါင်း ၆ဝဝ မကရှိတယ်။ လူတိုင်း သန္ဓေသားဘဝကနေ သေတဲ့ အထိ သွေးအုပ်စုက ပြောင်းမသွားဘူး။ ဒါပေမဲ့ တမင်တာ ပြောင်းအောင် လုပ်နိုင်တာတော့ ရှိပါတယ်။ ဥပမာ ရိုးတွင်းခြင်ဆီ အစားထိုးတာ။ (အေ) သွေးလူနာကို (အို) သွေး ရိုးတွင်းခြင်ဆီတွေ အများကြီးသွင်းပေးရင် (အို) ဖြစ်သွားနိုင်တယ်။

လူတယောက်ဟာ ABO အုပ်စုခွဲနည်းထဲက တမျိုး နဲ့ Rh အုပ်စုခွဲနည်းထဲက တမျိုးရှိလာမယ်။ အများနားယဉ်တဲ့ (အေ-ဘီ-အို-အေဘီ) (၄) မျိုးစလုံးမှာ အပေါင်းနဲ့ အနုတ်ရှိလို့ ပေါင်း (၈) မျိုးဖြစ်တယ်။ ABO အရ (ဘီ) နဲ့ Rh က အပေါင်း။ ဒီနေရာမှာ (ဘီ) (ပေါ့ဇေးတစ်ဖ်) ဆိုတာ အသဲရောင် (ဘီ) ပိုး ရှိတာနဲ့ မှားတတ်တယ်။

Rh blood group system (အာရ်အိတ်ခ်ျ) စနစ်
တခြားသွေးအုပ်စုခွဲနည်းတွေထဲမှာ MNS system စနစ်၊ Kell system စနစ်၊ Lewis system စနစ် စတာတွေ ပါတယ်။ ၁၉၃၉ ခုနှစ်မှာ (အာရ်အိတ်ခ်ျ) စနစ်ကို Philip Levine နဲ့ Rufus Stetson ပညာရှင် ၂ ဦးကနေ စတွေ့တာဖြစ်တယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံက လူပေါင်း ၂၂၆၁ဝ၂၅၂၄၄ (သန်း ၂ ထောင်ကျော်) ကို စာရင်းကောက်တယ်။ ရလဒ်တွေကတော့ -
O (+) = 36.44%
A (+) = 28.27%
B (+) = 20.59%
AB (+) = 5.06%
O (-) = 4.33%
A (-) = 3.52%
B (-) = 1.39%
AB (-) = 0.45%

ဒါကြောင့် Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ Rh negative (အာရ်အိတ်ခ်ျ) အနုတ်ရှိသူတွေက အာရှမှာ ဝ့၃% ရှိပြီး၊ အနောက်နိုင်ငံတွေမှာ ၁၅% ရှိတယ်။ အာရှသားတွေ ကံကောင်းတယ်။ ဘာလို့လဲ၊ ဆက်ဖတ်ပါ။

Rhesus (Rh) factor (အာရ်အိတ်ခ်ျ-ဖက်တာ)
လူတယောက်ရဲ့ သွေးနီဥတွေအပေါ်ယံမှာ မွေးရာပါ (ပရိုတင်း) တမျိုးရှိတာကို စမ်းတွေ့သူကို Rh positive လို့ခေါ်တယ်။ မတွေ့ရင် Rh negative လို့ခေါ်တယ်။ Rh antigen (အာရ်အိတ်ခ်ျ-အင်တီဂျင်) ၃ဝ ထဲမှာ အဓိက (အင်တီဂျင်) ၅ ခု ရှိတယ်။ D, C, c, E နဲ့ e တွေ ဖြစ်တယ်။ ဒီအထဲက D antigen (ဒီ-အင်တီဂျင်) က အရေးအပါဆုံး ဖြစ်တယ်။ Rh +ve ဆိုတာ ဒီ D ရှိတာဖြစ်တယ်။ အပေါင်းဖြစ်ဖြစ်၊ အနုတ်ဖြစ်ဖြစ် ကျန်းမာရေးကို မထိခိုက်ပါ။

ဒါပေမဲ့ ကိုယ်ဝန် ဆောင်ရင်တော့ အဆင်မသင့်တာဖြစ်နေရင် ထိခိုက်မှာသေခြာတယ်။ မိခင်က Rh negative အာရ်အိတ်ခ်ျ အနုတ် ဖြစ်နေပြီး ဖခင်က Rh positive အာရ်အိတ်ခ်ျ အပေါင်း ဖြစ်နေရင် သတိထားရတော့မယ်။ ကလေးကလဲ Rh negative အာရ်အိတ်ခ်ျ အနုတ် ဖြစ်နေရင် ကလေးရဲ့ သွေးနဲ့ တွေ့ရလို့ မိခင်သွေးကို တန်ပြန်တဲ့ Antibodies (အင်တီဘော်ဒီ) ဆိုတာတွေ ဖြစ်လာစေလိမ့်မယ်။ သားဦးကိုယ်ဝန်မှာ သိပ်ဒုက္ခမပေးပါ။ တကယ်လို့ နောက်ကိုယ်ဝန်တွေမှာ အထဲက ကလေးဟာ Rh positive အာရ်အိတ်ခ်ျ အပေါင်း ဖြစ်နေရင် မအေ သွေးထဲက (အင်တီဘော်ဒီ) တွေကနေ ကလေးရဲ့သွေးကို ဆန့်ကျင်စေလိမ့်မယ်။ အချင်း-ချက်ကြိုးကနေတဆင့် သွေးက ဆက်စပ်နေတယ်။ ဒီအခါမှာ ကလေးမယ် Rh disease (အာရ်အိတ်ခ်ျ) ရောဂါ ရလာမယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။

အဖေ အပေါင်း + အမေ အနုတ်
မိခင်လောင်းဟာ Rh negative အာရ်အိတ်ခ်ျ အနုတ်ဖြစ်နေရင် ဆေးစစ်ရမယ်။ Antibody screen (အင်တီဘော်ဒီ ဆခရင်) ခေါ်တယ်။ ကိုယ်ဝန်ဆောင် ပဌမ ၃ လထဲမှာ တခါ နဲ့ ၂၈ ပါတ်မှာတခါ လုပ်ရမယ်။ (အင်တီဘော်ဒီ) တွေ မထုတ်သေးရင် Rh immune globulin ဆေး ထိုးရမယ်။ ဆေးကနာတယ်။ ကိုယ်ပူတတ်တယ်။ မွေးလာတဲ့ကလေးက Rh negative အာရ်အိတ်ခ်ျ အနုတ် ဖြစ်နေရင် ဘာမှ လုပ်စရာမလိုပါ။ Rh positive အာရ်အိတ်ခ်ျ အပေါင်း ဆိုရင်တော့ မိခင်ကို ကလေးမွေးပြီးတာနဲ့ ဆေးထပ်ထိုးရမယ်။ နောက်ကိုယ်ဝန်တွေမှာလဲ ကလေးက Rh positive အာရ်အိတ်ခ်ျ အပေါင်း ဖြစ်နေရင် ဆေးထိုးရမယ်။

ကိုယ်ဝန်ဆောင်တာမှာသာမကဘဲ Rh positive blood အာရ်အိတ်ခ်ျ အပေါင်း သွေးနဲ့ တွေ့နိုင်ခြေရှိတဲ့ တခြား အခြေအနေတွဖြစ်တဲ့
- ကိုယ်ဝန်ပျက်ခြင်း၊
- ကိုယ်ဝန်ဖျက်ခြင်း၊
- သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊
- စပျစ်သီးကိုယ်ဝန်ဖြစ်ခြင်း၊
- ရေမြွာရည်ဖေါက်စစ်ဆေးခြင်း၊
- Chorionic villus sampling စစ်ဆေးနည်းလုပ်ခြင်း၊
- ကိုယ်ဝန်ဆောင်နေတုံး သွေးသွန်ခြင်း၊
- ကိုယ်ဝန်ဆောင်နေတုံး ဒဏ်ရာရခြင်း၊
- ကလေးအနေအထား မှန်အောင် လှည့်ပေးရခြင်းတွေမှာလဲ ဆေးထိုးဘို့ လိုမယ်။

တကယ်လို့ ကိုယ်ဝန်ဆောင်နေတုံး Antibody screen (အင်တီဘော်ဒီ ဆခရင်) စစ်တဲ့အခါ မိခင်လောင်းသွေးထဲမယ် Antibodies (အင်တီဘော်ဒီ) တွေ ရှိနေပြီးသား တွေ့ရရင် Rh immune globulin ဆေးထိုးလဲ အကြောင်းမထူးပါ။ ကလေးကိုသာ ဂရုတစိုက်စောင့်ကြည့်ရတော့မယ်။ လိုအပ်လာရင်တော့ ကလေးကို သွေးသွင်းပေးရလိမ့်မယ်။ မမွေးခင်လဲ သွင်းပေးနိုင်တယ်။ မွေးပြီးပြီးချင်းလဲ သွေးသွင်းပေးနိုင်တယ်။

• မိခင် Rh positive နဲ့ ဖခင် Rh positive = ကလေး Rh positive ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh negative နဲ့ ဖခင် Rh negative = ကလေး Rh negative ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh positive နဲ့ ဖခင် Rh negative = ကလေး Rh positive or Rh negative ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh negative နဲ့ ဖခင် Rh positive = ကလေး Rh positive or Rh negative ဆိုရင် Rh immune globulin injections ဆေးထိုးရမယ်။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Uterine Fibroid သားအိမ်အလုံး

အသက်က ၃၉ ရှိပါပြီ။ တခါမှကိုယ်ဝန်မဆောင်ဘူးပါ Fibroid က ညာဘက်တွင်ရှိပါသည်။

Leiomyoma နဲ့ Myoma လို့ပါခေါ်တယ်။ အရွယ်အစားငယ်သေးတာကို Uterine cyst သားအိမ်ရေအိတ် လို့လဲခေါ်တယ်။ ကင်ဆာမဟုတ်တဲ့ အလုံး-အကျိတ်ဖြစ်တယ်။ ကလေးမရတာ ဖြစ်စေနိုင်တယ်။ တလုံးတည်းရော အများကြီးပါ ဖြစ်နေနိုင်တယ်။ အရွယ်အစားလဲ သေးသေးလေးကနေ ကိုယ်ဝန်ဆောင်နေသလား အောက်မေ့ရလောက်အောင် ကြီးနိုင်တယ်။ အမျိုးသမီးတွေ အသက် ၅ဝ ကျော်လာရင် ၇ဝ-၈ဝ% ရှိကြတယ်။

Submucosal fibroids သားအိမ်အတွင်းဆုံးလွာကနေဖြစ်တာဆိုရင် ရာသီဆင်းတာများမယ်။ ဒီအကြောင်း သပ်သပ်ရေးထားပါတယ်။ Subserosal fibroids ဆိုတာက သားအိမ်အပြင်ဘက်ပိုင်းမှာဖြစ်တာ။ ရာသီပုံမှန်သာဖြစ်တယ်။ အထဲမှာ ကိုယ်ဝန်ယူလဲ စိုးရိမ်စရာနည်းတယ်။ ဒါပေမဲ့ ရှေ့ကဆီးအိမ်၊ အောက်က အစာဟောင်းအိမ်တွေအပေါ် ဖိအား သက်ရောက်တာ ခံရနိုင်တယ်။

ရောဂါလက္ခဏာ
(၁) ဖိအားသက်ရောက်ခြင်း၊ တချို့မှာ အထဲမှာ ရှိနေပေမဲ့ ရှိလို့ရှိမှန်းမသိဘူး။ တချို့မှာ အလုံးကနေ ဖိနေလို့ ခံစားရတာတွေ ရှိနိုင်တယ်။ ဆီးအိမ်ကို ဖိနေရင် ဆီးခဏခဏ သွားချင်နေမယ်။ အစာဟောင်းအိမ်ကို ဖိနေရင် ဝမ်းချုပ်တာ၊ အဲဒီနေရာက နာတာတွေ ဖြစ်နိုင်တယ်။ ခါးနာနိုင်တယ်။ သိပ်ကြီးလာရင် အစာအိမ်ကိုဖိမယ်။

(၂) ရာသီမမှန်ဖြစ်နိုင်တယ်။ လူတိုင်းမဟုတ်ပါ။ အလုံးက သားအိမ်ရဲ့ အတွင်းဆုံး အလွာမှာ ကပ်နေလို့ အတွင်းဆုံး မျက်နှာပြင်ဧရိယာ ကျယ်နေရင် ရာသီဆင်းစရာ နေရာ ပိုကျယ်နေလို့ ရာသီဆင်းတာ များမယ်။ အလုံးက အပြင်နေရာမှာဆိုရင် ကြီးပေ-များပေမဲ့ ရာသီကပုံမှန်ဖြစ်မယ်။

Endometriosis သားအိမ်ရောဂါတခုနဲ့ ခွဲခြားရမယ်။
ရာသီလာချိန်မျာ သူများထက်ပိုနာသူတွေ ဒီရောဂါ ၂ ခုထဲက တခုရှိနေနိုင်တယ်။ Endometriosis ဆိုတာ သားအိမ်ရဲ့ အတွင်းဆုံးအလွှာက (တစ်ရှူး) တွေ တခြားနေရာတွေမှာ ရောက်နေတာကို ခေါ်တယ်။ ပုံထဲမှာ သားအိမ် အပြင်ဘက်မှာ နဲ့ ဆီးအိမ်မှာ ရောက်နေတာဖြစ်တယ်။

ဘာလို့ဖြစ်သလဲ
ဆရာဝန်တွေ မသိကြပါ။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတီရုန်း) ဟော်မုန်းတွေကိုဘဲ ထင်ကြေးပေးတယ်။ အပျိုဖြစ်စောသူတွေ အဖြစ်များတယ်။ ကျွန်တော့် ကိုယ်တွေလေ့လာမှုမှာ အပျိုကြီးတွေ၊ အိမ်ထောင်ကျပေမဲ့ ကလေး မရသေးသူတွေမှာ ပိုဖြစ်တာကို အမေရိကန် ဆရာဝန်တွေက ထောက်ပြမထားတာ တွေ့ရတယ်။

အမျိုးအစားတွေ
- Intramural fibroids အများဆုံးတွေ့ရတယ်။ သားအိမ်နံရံထဲမှာဖြစ်တယ်။ ကြီးတာများတယ်။
- Subserosal fibroids သားအိမ်အဖုံးလွှာ အောက်နားမှာ ဖြစ်တယ်။ ကြီးလာရင် ဘေးအင်္ဂါတွေကိုဖိတာ ခံစားရမယ်။ ရာသီကို မများစေဘူး။
- Submucosal fibroids သားအိမ်အတွင်းဆုံးလွှာ အောက်နားမှာဖြစ်တယ်။ ရာသီများမယ်။
- Pedunculated fibroids သားအိမ်အပြင်ဘက်မှာ အညှာလိုရှိနေတာမျိုး။

ဘယ်လိုလူမျိုးတွေမှာဖြစ်သလဲ
- အသက် ၃ဝ-၄ဝ ကြားအဖြစ်များတယ်။
- အသားမဲတွေက အဖြူမတွေထက်အဖြစ်များတယ်။
- အသက်ငယ်တုံးဖြစ်ရင် အလုံးကြီးလာတာမြန်တယ်။
- မိသားစု-ဆွေမျိုးတဲမှာ တယောက်မက ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင်ရင်
ဒီရောဂါရှိနေပေမဲ့ ကိုယ်ဝန်ဆောင်တာကို သက်ရောက်မှုမရှိပါ။ ဒါပေမဲ့ သတိထားစရာတွေရှိတယ်။ ကိုယ်ဝန်ယူမလား၊ မွေးလမ်းကနေမွေးလို့ ရသလား၊ ကိုယ်ဝန်မဆောင်ခင် ခွဲမလား၊ တယောက်နဲ့တယောက်မှာ အခြေအနေခြင်း မတူပါ။

ဘယ်လိုသေခြာအောင်လုပ်မလဲ
ဗိုက်ကိုလက်နဲ့ စမ်းရင် တချို့အလုံးကို စမ်းလို့ရတယ်။ Ultrasound ရိုက်ရင်သေခြာတယ်။

ဘယ်လိုကုသသလဲ
နာရင် အနာသက်သာဆေးပေးမယ်။ Ibuprofen ဒါမှမဟုတ် Naproxen ဆေးသောက်ပါ။ ကိုယ်ဝန်တားဆေး တချို့ကိုပေးနိုင်တယ်။ ရာသီဆင်းတာနည်းစေမယ်။ နာတာသက်သာစေမယ်။ Gonadotropin-releasing hormone (GnRH) agonists ဆေးပေးရင် ရာသီမလာဘဲနေမယ်။ ခံစားရတာတွေ သက်သာစေမယ်။ အလုံးလဲ သေးနိုင်တယ်။ Estrogen နည်းစေလို့ အရိုးအားနည်းတာ၊ မျက်နှာနီမြန်းတာ၊ (ဗဂျိုင်းနား) ခြောက်နေတာတွေ ဖြစ်စေနိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကြီးလာမှာမို့ မခွဲခင်ဆေးပေးနည်း အနေနဲ့သာ သုံးတယ်။

Embolization (အင်ဘော်လိုက်ဇေးရှင်း) နည်း
အနည်းအကျဉ်းနဲ့ အတော်အသင့် ခံစားရသူတွေကို လုပ်ပေးနိုင်တယ်။ သားအိမ်သွေးလွှတ်ကြောထဲ ပိုက်ကလေး သွင်းပြီး Plastic or Gelatin သေးသေးလေးတွေ ထိုးပေးတယ်။

Surgery ခွဲစိတ်ကုသနည်း
Myomectomy အများဆုံးသုံးနဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ အလုံးကြီးရင် ဗိုက်ခွဲပြီး ထုတ်တယ်။ သေးရင် ကရိယာနဲ့ ထုတ်နိုင်တယ်။ တချို့ပြန်ဖြစ်တယ်။ ခွဲစိတ်လို့ ကလေးမရတာ မဖြစ်တတ်ပါ။ အသက်အရ သားအိမ်ပါ ထုတ်ပြစ်နိုင်တယ်။

Ultrasound (အာလ်ထွာဆောင်း) ဆိုတာ အသံလှိုင်းထုတ်ပေးတဲ့ စက်ပါဘဲ။ လူ့နား မကြားနိုင်လောက်အောင် အသံလှိုင်းက မြင့်တယ်။ လူတယောက်နဲ့ တယောက် အသံတခုကို ကြားနိုင်စွမ်း နဲနဲစီကွဲပေမဲ့ ပျမ်းမျှ 20,000 Hz ကို ကြားနိုင်စွမ်းရှိတယ်။ ဆေးကုနည်းအနေနဲ့ သုံးတာကို High-Intensity Focused Ultrasound (HIFU) ခေါ်တယ်။ ရောဂါရှာဖွေတာအတွက် 1 to 5 MHz သုံးပြီး၊ Therapeutic ultrasound ကုသတာအတွက် 0.7 to 3.3 MHz သုံးတယ်။ Lithotripsy ကျောက်ကပ်-ကျောက်၊ သည်းခြေ-ကျောက်၊ Targeted ultrasound drug delivery ဆေးထည့်ပေးခြင်း၊ Ultrasound hemostasis သွေးတိတ်စေခြင်း၊ Ultrasound assisted thrombolysis သွေးခဲဖျက်ပေးခြင်း တွေအတွက် သုံးလေ့ရှိတယ်။ Fibroids ကိုလဲသုံးနိုင်တယ်။ ရေရှည်အကျိုး စမ်းနေတုံးဘဲ။ မသေခြာလို့ ကိုယ်ဝန် လိုချင်သေးသူတွေကို မသုံးဘူး။

ဘာတွေဆက်ဖြစ်နိုင်သလဲ
Anemia သွေးအားနည်းနိုင်တယ်။ ရာသီဆင်းတာ သူများထက်များလို့ ကြာတော့ သွေးအာနည်းလာမယ်။ အဆိုးကြီး မဟုတ်ပါ။ သားအိမ်အလုံးရှိလို့ ရာသီဆင်းတာ များသူတွေမှာ သွေးအားနည်းလာမယ်။ လူက မောပန်းပြီး ဖြူဖတ်ဖြူရော် ဖြစ်နေမယ်။ အသက်ရှူမဝဖြစ်မယ်။ အသား-ငါး၊ စိုစိမ်းတဲ့ အသီးအရွက်တွေ စားပေးသင့်တယ်။ သံဓါတ်အားဆေး အမြဲသောက်နေရမယ်။

လေ့ကျင့်ခန်းနည်း
ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသူတွေမှာ သားအိမ်အလုံး အဖြစ်နည်းတယ်။ လူကဝနေရင်လဲ ပိုဖြစ်နိုင်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Adenomyosis သားအိမ်အတွင်းဆုံးလွှာရောဂါတမျိုး

1. သမီး ကို adenomysis ဖြစ်နေတယ်ပြောတယ်။ laparoscopic လုပ်ရမယ်ပြောတယ်။ လုပ်ပြီးရင် ကလေး ရနိုင်မှားလား။ သမီး အသက် က ၃၂ ပါ။့ မှာ နေတာပါ။့ 15,000 လောက် ကုန်မယ်ပြောတယ်။ ရန်ကုန် ပြန်လုပ်ရင် ကောင်းမလားဆရာ။ ကျေး ဇူး။
2. ဆရာ Email မသုံးတာ ကြာလို့ ခဏခဏ စာတွေရောက်သွားမိရင် ခွင့်လွှတ်ပါဆရာ။ ကျွန်မ အသက်က ၃၅ နှစ်ပါဆရာ။ မြန်မာနိင်ငံမှာနေပါတယ်။ သမီးလေးတယောက်ရှိပါတယ်။ ကလေးထပ်ယူဖို့ သားအိမ်ကို စစ်တော့ သားအိမ်မှာ (Adenomyosis) ဆိုတဲ့ ရောဂါဖြစ်နေပါတယ်တဲ့။ ကလေးယူရင် မြန်မြန်ယူပါတဲ့။ ကျွန်မ မျက်နှာမှာလဲ တင်းတိပ်တွေအများကြီးထွက်လာပါတယ်ဆရာ။ ကျေးဇူးပြု၍ အများဖတ်နိင်အောင်လို့ Facebook မှာတင်ပေးပါဆရာ။ ကလေးထပ်ယူဖို့ အန္တရာယ်များရှိပါသလားဆရာ။ ဆရာရှိလို့ ကျွန်မတို့မြန်မာနိင်ငံမှာ ဆေးပညာဗဟုသုတတွေရပါတယ်ဆရာ ကျေးဇူးကြီးလှပါတယ်ဆရာ။
3. ပြီးခဲ့တဲ့ နိုဝင်ဘာက့ မှာ အလုပ်လုပ်နေရင်း ရုတ်တရက်ဗိုက်အောင့်လို့ ဆေးရုံရောက်ခဲ့ပါတယ်။ Severe Adenomypsos လို့ပြောပါတယ်။ Medroxyprogesterone Acet* 150Mg/3Ml I nj ကို ၃ လတခါ ထိုးခိုင်းပါတယ်။ ထိုးရင်ဗိုက်အောင့်တာသက်သာမယ်၊ ထပ်ပြီးမကြီးလာဘူးလို့ပြောပါတယ်။ ဒီဆေးဟာ တားဆေးလို့ သိရပါတယ်။ ခု ၂ ခါ ထိုးပြီးပါပြီ။ ထိုးပြီးတဲ့အချိန်ကစလို့ ခုထိနေ့စဉ်ရာသီလာပါတယ်။ ရန်ကုန်ပြန်တော့ ဒေါက်တာ့ နဲ့ ပြဖြစ်ပါတယ်။ ဒါပေမဲ့လူနာကအရမ်းများတော့ သေချာမပြောနဲ့ခဲ့ပါဘူး။ ဘာမှမဖြစ်ဘူးသေးသေးလေးလို့ ပြောပါတယ်။ သမီးသိချင်တာ သမီးကအပျိုပါ အသက် ၃ဝ ပါ။ သမီးခုလိုဆေးထိုးနေလို့ အိမ်ထောင်ကျခဲ့ရင် ကလေး ရနိုင်မဲ့ အခွင့်အရေးမရမှာ စိုးရိမ်ပါတယ်။ ကျေးဇူးပြုပြီးရှင်းပြပေးပါနော်။ ဘာဆက် လုပ်သင့်တယ် ဆိုတာလေးလည်း အကြံပြုပေးပါနော်။

သားအိမ်မှာ အလွှာ ၃ ခုရှိတယ်။ အတွင်းဆုံးက အရေးကြီးတယ်။ ရာသီလာတာအဲဒီကဖြစ်တယ်။ ကိုယ်ဝန်ကပ်တာလဲ အဲဒီမှာဘဲ။ အတွင်းဆုံးအလွှာကနေ အလယ်လွှာဖြစ်တဲ့ ကြွက်သားလွှာထဲကို တိုးဝင်နေတာကို ‘အဒီနိုမိုင်ယိုးဆစ်’ လို့ ခေါ်တယ်။

ရာသီလာတိုင်းနာမယ်။ ဗိုက်အောက်ပိုင်းနာမယ်။ လေတက်မယ်။ ဆင်းတာလဲများမယ်။ တနေရာလောက်မှာသာ အဲလိုဖြစ်တာနဲ့ သားအိမ်တခုလုံးမှာဖြစ်တာလို့ရှိတယ်။ ခံရတာမသက်သာလှပေမဲ့ ကင်ဆာ မဟုတ်ပါ။ တချို့မှာ ရောဂါရှိနေပေမဲ့ မသိသလိုနေနိုင်သေးတယ်။

Adenomyosis သားအိမ်အတွင်းဆုံးလွှာရောဂါ အဖြစ်မနည်းပါ။ အသက်အရွယ် လူလတ်ပိုင်းမှာဖြစ်ကြတာများတယ်။ ကလေးရဘူးသူတွေမျာပိုဖြစ်တယ်။ ဘာလို့ဖြစ်သလဲ တိတိကျကျတော့မသိသေးပါ။ Estrogen, Progesterone, Prolactin နဲ့ Follicle stimulating hormone ခေါ်တဲ့ ဟော်မုန်းတွေနဲ့ဆိုင်မယ်လို့ ယူဆပါတယ်။

တချို့မျာ သားအိမ်ထုတ်ပြစ်ပြီး စစ်ဆေးမှသာရောဂါကိုအတိအကျသိနိုင်တယ်။ MRI နဲ့ Transvaginal ultrasound မွေးလမ်းကနေရိုက်တဲ့ ‘အာလ်ထွာဆောင်း’ နဲ့လဲသိနိုင်လာပြီ။ လက်နဲ့စမ်းသပ်ရင် သားအိမ်က ပုံမှန်ထက်ကြီးနေမယ်။ နာမယ်။ Sonohysterography လဲဆက်လုပ်ရတယ်။ ဆားရည်ထိုးထည့်ပြီးမှ ‘အာလ်ထွာဆောင်း’ ရိုက်တာဖြစ်တယ်။ Uterine Fibroids သားအိမ်အကျိတ် နဲ့ မှားနိုင်တယ်။

ကုသဘို့ဆိုတာ ခံစားနေရတာတွေ သက်သာအောင်လုပ်ပေးမယ်။
• ရာသီလာလို့နာတာသက်သာအောင်လုပ်တဲ့ဆေးနည်းတွေဖြစ်တယ်။ (NSAIDs) ဆေးတွေပေးတာများတယ်။ ဥပမာ Ibuprofen ပေးမယ်။ အပူကပ်ပေးတာလုပ်မယ်။
• Oral contraceptives ကိုယ်ဝန်တားဆေးတွေသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲနဲ့ Progestin-only တမျိုးထဲပါတာတွေသုံးတယ်။
• Transdermal patches ဟော်မုန်းပါဆေးကပ်ခွါလဲသုံးတယ်။ Progesterone-releasing intrauterine devices သားအိမ်ထဲထည့်ရပြီး ဟော်မုန်းထုပေးတာမျိုးလဲသုံးတယ်။
• Danazol ခေါ်တဲ့ Gonadotropin-releasing hormone agonist ဟော်မုန်းဆန့်ကျင်ဆေးလဲသုံးတယ်။ ရာသီမလာဘဲ သွေးဆုံးစေအောင်လုပ်ပေးနည်းတမျိုးဖြစ်တယ်။ သွေးဆုံးရင် ပျောက်ကင်းနိုင်တယ်။
• ကလေးယူဘို့ ခက်တယ်။ သန္ဓေလာကပ်ရမဲ့အလွှာက အခြေအနေမပေးလို့ဖြစ်တယ်။
• ကလေးယူချင်သူဆိုရင် ဖြစ်နေတဲ့နေရာ၊ အရွယ်အစားကိုကြည့်ပြီး ခွဲစိတ်တာလုပ်နိုင်တယ်။ Endometrial ablation နည်း၊ Laparoscopic myometrial electrocoagulation နည်း နဲ့ Adenomyoma excision နည်းတွေ ရှိတယ်။ Uterine artery embolization သားအိမ်သွားသွေးကြောပိတ်နည်းက ခွဲစိတ်ရတာမဟုတ်ပါ။
• ကလေးမယူတော့သူတွေကို Hysterectomy သားအိမ်ထုတ်ပေးမယ်။
• Prognosis အလားအလာ - ကင်ဆာမဖြစ်စေပါ။ သွေးဆုံးရင် ခံစားနေရတာတွေ ကောင်းသွားမယ်။ တွဲရှိနေ-မနေတော့ စစ်ရမယ်။ Leiomyoma (Fibroid) နဲ့ Endometriosis သားအိမ်ရောဂါတွေလဲ အတူတွဲနေ-မနေ စစ်ရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင်

အိမ်ထောင်မပြုခင် ဘာတွေ ဆေးစစ်ဖို့ လိုမလဲဆရာ။ ရုပ်ရှင်ပညာပေးကားတွေမှာ လက်မထပ်ခင် ဆေးစစ်ဖို့ လိုတယ် ဆိုတာတွေ ကြားသိရပါတယ်။ ဘာရောဂါတွေကို စစ်ရမလဲ။

အိမ်ထောင်ကျလို့ လင်-မယားအတူနေတဲ့အခါ ဆက်ဆံရေး ပြဿနာ မရှိအောင်၊ သူ့ရောဂါတွေကိုယ့်ကို၊ ကိုယ့်ရောဂါတွေ သူ့ဆီ မကူးစက်အောင်၊ ကိုယ်ဝန်ဆောင်ရင် အန္တရာယ်မရှိအောင်၊ မွေးလာမဲ့ သားသမီးတွေလဲ ကျန်းမာ သန်စွမ်းအောင် ကြိုတင်ဆေးစစ်ထားဘို့ လိုအပ်ပါသလား။ လိုအပ်ပါတယ်။

ဖြစ်လာမှ ကုရမယ်ဆိုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးဖြစ်တယ်။ “သတိဆိုတာ ပိုတယ်မရှိ” ဆိုတဲ့ ဥပဒေသကို လိုက်နာတာ ကောင်းပါတယ်။ ဒါပေမဲ့ လိုတာထက်တော့ မပိုသင့်ပါ။ စိတ်လှုတ်ရှားမှုထက် စိတ်ပူပင်သောကအထိတော့ မထားသင့်ပါ။ နှလုံးသားဆန္ဒကို ဦးနှောက်ကကျော်လွန်တာမျိုး ရှိပါတယ် အမြဲတမ်းတော့ မဟုတ်ပြန်ဘူး။ ဒီစာဖတ်ပြီး အကုန်လုံး မလုပ်နိုင်လို့လဲ စိတ်အားမငယ်သင့်ပါ။

အိမ်ထောင်ပြုမဲ့သူတိုင်း မလွဲမသွေ စစ်ဆေးဘို့လိုအပ်တဲ့ Standard pre-marital tests ဆေးစစ်နည်းတွေ သတ်မှတ် ထားတာတော့ မရှိပါ။ ဒါပေမဲ့ အကြံကောင်းတွေ ပေးပါမယ်။ အကြံဥာဏ်ဆိုတာ အမိန့်၊ စည်းမျဉ်းမဟုတ်လို့ လိုက်နာချင်သူများကသာ လိုက်နာကြတယ်။

• Anaemia သတို့သမီးလောင်းက သွေးအားနည်းမနေသင့်ပါ။ HB (ဟီမိုဂလိုဘင်) ပုံမှန်ရှိနေရမယ်။ သံဓါတ်အားဆေး သောက်နေတာနဲ့ ကောင်းပါမယ်။ သံဓါတ်ကြွယ်ဝတဲ့ အစာတွေလဲ ရွေးစားရမယ်။
• Thyroid လည်ပင်းကြီး ဟော်မုန်း မှန်နေသင့်တယ်။ များလဲမကောင်း၊ နည်းလဲ မကောင်းပါ။ ဆေးကုလို့ရပါတယ်။
• Sugar ဆီးချို ရှိ-မရှိ သိထားသင့်တယ်။
• Blood groups သွေးစစ်ရင် သွေးအုပ်စုဆိုတာ ၂ မျိုးသိဘို့လိုတယ်။ (အေ-ဘီ-အို-အေဘီ) အပြင် Rh အပေါင်းလား၊ အနုတ်လား။ အနုတ်ဖြစ်နေရင် သတိထားရမယ်။ ၁၅% မှာ အနုတ်ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်ရင် ထပ်စစ်ရမယ်။ Rh factor ခေါ်တယ်။ (ရေးထားတာရှိပါတယ်။)
• Sexually transmitted diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ ဘယ်သူဆီမှာဖြစ်ဖြစ် ရှိနေရင် ကြိုတင် ဆေးကုပါ။
• HIV/AIDS (အေအိုင်ဒီအက်စ်) မလွဲမသွေစစ်ပါ။
• Hepatitis အသဲရောင် (ဘီ) နဲ့ (စီ) ပိုးစစ်ရမယ်။ (ဘီ) အတွက် ကာကွယ်ဆေးရှိတယ်။ ပိုးရှိနေတာသိထားရင် ကိုယ်ဝန်ကိုရော၊ မွေးလာမဲ့ကလေးအတွက်ပါ ကြိုတင်လုပ်စရာတွေ အချိန်မီသိမယ်။
• Pap smears test နဲ့ သားအိမ်ဝ ကင်ဆာ မရှိတာသေခြာအောင် စစ်သင့်တယ်။
• Thalassaemia gene (သာလာဆီးမီးယား) မျိုးဗီဇ စစ်တဲ့အခါ နှစ်ယောက်က Silent carrier ဖြစ်နေရင် ကလေးကို ဒီရောဂါရစေဘို့ ၂၅% ရှိတယ်။ မွေးရာပါ မျိုးဗီဇရောဂါတခု ဖြစ်တယ်။ မြေထဲပင်လယ်ဒေသနဲ့ ဆိုင်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာမှာ ချို့ယွင်းချက်ရှိနေတာ။
• Sickle cell anaemia (ဆစ်ကယ်ဆဲလ်) သွေးအားနည်ရောဂါ မျိုးဗီဇတွေ စစ်ရမယ်။ Haemophilia, Celiac or Hemoglobinopathy ဆိုတာတွေလဲ စစ်နိုင်ရင် ကောင်းပါတယ်။

ဆေးစစ်တာတွေအပြင် ကျန်းမာရေးသုတတွေလဲ လိုပါအုံးမယ်။ Contraception ကိုယ်ဝန်တားနည်းတွေကိုလဲ ဖတ်-မှတ်၊ မေးမြန်း-စုံစမ်းထားသင့်တယ်။ တခါတည်း ကလေးယူတော့မှာလား။ စောင့်ချင်သေးလား။ ကလေး တယောက်ပြီး တယောက် ဆက်ယူမှာလား။ Family planning မိသားစုစီမံကိန်း ချထားသင့်တယ်။

သူများနိုင်ငံက မိန်းကလေးတွေသာမကပါ မြန်မာနိုင်ငံသူတွေလဲ ကျန်းမာရေးအသိ ပိုတိုးလာနေတာ သဘောကျဘို့ ကောင်းတယ်။ တနေ့ကဘဲ (ဟန်းနီးမွန်း) ရက်က ရာသီလာရက်နဲ့ တိုက်နေလို့ ဘယ်လိုလုပ်ရမလဲ မေးလာတယ်။ မှန်တယ် နေ့ရက်ကို ပြင်လို့ရတယ်။ ဒီအသိပညာကိုလဲ ရယူထားသင့်တယ်။

Gynecology exams မီးယပ်ဆေးစစ်တာ လုပ်နိုင်ရင်ကောင်းတယ်။ တကယ်လို့ တင်ပါဆုံတွင်းအင်္ဂါတွေ ရောင်ဘူးရင်၊ ရောင်နေရင် ကြိုတင် ဆေးကုထားရမယ်။ ကလေးရနိုင်ခြေလဲ ကြိုသိလို့ လုပ်သင့်တာတွေ လုပ်ထားနိုင်တယ်။ ယောက်ျားကလဲ Semen Analysis သုက်ပိုးစစ်ဆေးတာ လုပ်နိုင်ရင် ကောင်းတယ်။

၂ဝဝ၄ ခုနှစ် မကုန်ခင် တရုတ်နိုင်ငံမှာ Free pre-marital medical check လက်မထပ်ခင် ဆေးစစ်တာတွေကို အခမဲ့ လုပ်ပေးမယ်လို့ ကြေညာတယ်။ ဒေသဆိုင်ရာ အစိုးရတွေက အကုန်အကျခံမယ်။ ဥပမာ (လိုရှန်) ခရိုင်အစိုးရကနေ ဒီအစီအမံအတွက် တနှစ်မှာ ယွမ် ၂ သိန်းခွဲ သုံးစွဲမယ်။ အရင်ကတော့ အိမ်ထောင်ပြုမဲ့သူတိုင်း မလုပ်မနေရ ဆေးစစ်တာ လုပ်ကြရတယ်။ အမိန့်သာထုတ်တယ် ၂% ကသာ လိုက်နာတာတွေ့ရလို့ အခုလိုပြင်လိုက်ရတာ ဖြစ်တယ်။ မွေးရာပါ ရောဂါတွေ၊ ကူးစက်ရောဂါတွေ၊ နှလုံးရောဂါ၊ စိတ်ရောဂါတွေကို စစ်ဆေးမယ်။ အရင်က ပူပူနွေးနွေးလက်ထပ်တဲ့ မြို့နေ စုံတွဲတွေထဲက ၁ဝ% မှာ ပြောခဲ့တဲ့ရောဂါတွေ တွေ့ရှိရတယ်လို့ ကျန်းမာရေးဌာနမှတ်တမ်းတွေအရ သိရတယ်။ တောနယ်တွေမှာ ၁၃-၁၅% ရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိပြီး ဘယ်တော့ အဲလို အစိုးရကနေ ကူမလဲ မသိပါ။

အချုပ်ပြောရရင် ကျန်းမာရေးအသိရှိတာ အလွန်ကောင်းတယ်။ ဖြစ်နိုင်ရင် အသေးစိတ်၊ မဟုတ်ရင် အခြေခံကျတာတွေ စစ်ဆေးထားသင့်တယ်။ လိုအပ်တာ ကုသထားရမယ်။ အိမ်ထောင်မပြုခင်ဆိုရင် ပိုပြီးသတိထားသင့်ကြတယ်ဆိုတာကိုလဲ သတိပေးပါရစေ။

Blood group matching before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား http://dts-medicaleducation-adult.blogspot.in/2012/05/blood-group-matching-before-marriage.html

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Blood group matching before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့လိုသလား


ဆရာရှင့် သမီးက အသက် ၂၇ နှစ်ပါ၊ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်သက်က ၁ နှစ်ပါ။ အမျိုးသားက ၂၇ နှစ်ပါ။ သူက O သွေး သမီးက AB သွေးပါ။ ကလေးယူဖို့ စဉ်းစားနေပါတယ်ရှင့်။ ဒါပေမဲ့ ကြားဖူးတာက ကလေးအဖေ နဲ့ ကလေးအမေနဲ့ သွေးမတည့်ရင် ကလေးမွေးပြီးတာနဲ့ သေတယ်လို့ ကြားဖူးထားလို့ပါ။ အဲဒါကို ကြောက်နေပါတယ်။ ကလေး မယူခင် သွေးတည့်-မတည့် စမ်းကြည့်လို့ ရပါသလားရှင့်။ သမီးက မြန်မာနိုင်ငံမှာပဲ နေတာပါ။

လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးကြီးတယ်။ အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility (အာရ်အိတ်ခ်ျ) သွေးအုပ်စု မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။ မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the newborn-HDN ရောဂါဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။ Antigen-antibodies reaction ခေါ်တဲ့ (အင်တီဂျင်-အင်တီဘော်ဒီ) ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက အချင်းကတဆင့် ကလေးဆီ ရောက်လာတယ်။

မိခင်ဟာ Rh negative (အာရ်အိတ်ခ်ျ) အနုတ် မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။ Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ သွေးနီဥတွေ မျက်နှာပြင်မှာ D antigen (ဒီ-အင်တီဂျင်) ဒါမှမဟုတ် Rh factor (အာရ်အိတ်ခ်ျ-ဖက်တာ) မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve အနုတ် နဲ့ ယောက်ျားက RH+ve အပေါင်းဖြစ်နေရင် သူတို့ကနေ မွေးမဲ့ကလေးဟာ RH+ve အပေါင်းဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis သွေးရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲပေးတာ လုပ်ရတယ်။ Hemolytic disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိစစ်ဆေးတယ်။ ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး ပြောတာဖြစ်တယ်။

မိခင်မှာ ဘာဖြစ်နိုင်သလဲ
• Rh negative (အာရ်အိတ်ခ်ျ) အနုတ် မိခင်ကနေ Rh positive (အာရ်အိတ်ခ်ျ) အပေါင်း ကိုယ်ဝန်ကို ဆောင်နိုင်တယ်။ အဲဒီအခြေအနေမှာ မိခင်ရဲ့ ခုခံအား (ရောဂါပြီး) စနစ်ကနေ ကလေးရဲ့ (အာရ်အိတ်ခ်ျ) အပေါင်းသွေးနီဥတွေကို ရန်သူလို သဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ ဒါကိုဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။ ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ခေါ်တယ်။
• ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve (အာရ်အိတ်ခ်ျ) အပေါင်း ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား (အင်တီဘော်ဒီ) တွေဟာ များနေပြီမို့ ဒုတိယ ကိုယ်ဝန် ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ ကိုယ်ဝန်ပျက်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့် မအေဆီရောက်နိုင်လို့ မအေမှာ ယဉ်ပါးအောင်လုပ်တာဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူ စစ်ဆေးလို့လဲ နဲနဲဖြစ်နိုင်သေးတယ်။

Risks to the baby ကလေးအတွက် အန္ကရာယ်တွေ
• မိခင်ရဲ့ ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေက တိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပါးလို့ သွေးအားနည်းမယ်၊ အသားဝါရောဂါရမယ်၊ ဦးနှောက်ညံ့မယ်၊ ကြာရင် နှလုံးရောဂါရမယ်။
• သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီအသားဝါဖြစ်တာက မွေးစကလေးတိုင်း ဖြစ်တဲ့ အသားဝါထက် ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်

Rh negative pregnancy ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် (အာရ်အိတ်ခ်ျ) အနုတ် မိခင်လောင်း ၉၉% မှာ Anti-Rh antibodies (အာရ်အိတ်ခ်ျ) ကိုဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့ မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ ဘာမှ စိုးရိမ်စရာမရှိပါ။ အေ-ဘီ-အို သွေးအုပ်စု မတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင် http://dts-medicaleducation-adult.blogspot.in/2012/05/medical-check-up-before-marriage.html

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ