Fibroids and Pregnancy ကိုယ်ဝန်နှင့် သားအိမ်အလုံး


၁။ မင်္ဂလာပါဆရာ သူငယ်ချင်းက အသက် ၃၅ နှစ်။ ပထမဆုံး ကိုယ်ဝန်ပါ။ ဖေဖေါ်ဝါရီမှာ မင်္ဂလာဆောင်ပြီး ဧပြီလမှာ ကိုယ်ဝန်ရတာပါ။ တားဆေး မသုံးပါ။ OG နဲ့ပြတော့ ကိုယ်ဝန်နဲ့အတူ သားအိမ်မှာ အလုံးနှစ်လုံး ရှိနေတယ်လို့ပြောပါတယ်။ ကိုယ်ဝန်နဲ့မို့လို့ ခွဲထုတ်ဖို့ အဆင်မပြေဘူး လို့သိရပါတယ်။ သန္ဓေသားအတွက် အန္တရာယ်ရှိသလား သိချင်လို့ပါဆရာ။ သူငယ်ချင်းကိုယ်စား မေးပေးတာပါ။ ကျေးဇူးတင်ပါတယ်။

၂။ ဆရာရှင့် ကျွန်မအသက် ၃၁ပါ။ အိမ်ထောင်သက် ၂နှစ်၊ ကလေးမရှိပါ။ ကျွန်မမြန်မာပြည်ကို ၉ ရက်တာ ခဏပြန်တုန်း သုံးလခံဆေးထိုးခဲ့ပါတယ်။ အစောပိုင်းမှာလည်း ရာသီမလာခဲ့ပါဘူး အဲ့ဒီနောက် ရာသီမလာတာ အခုထိပါပဲ။ ဗိုက်ကလည်း နဂိုထက် ပူနေပါတယ်။ ကိုယ်ဝန်ရတယ်ထင်ပြီးနေလာခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်တော့ ultrasound ပဲ ရိုက်ကြည့် ဖြစ်ပါတယ်။ အသားလုံးလို့ ပြောပါတယ်ရှင့်။ အဲ့ဒါ စိတ်ပူရပါသလား။ OG ပြရန် အခက်အခဲများ ရှိနေလို့ မေးရခြင်း ဖြစ်ပါတယ် ဆရာကြီးရှင့်။ အခုဆိုရာသီမလာတာ ၇ လထဲ ဖြစ်နေပါပြီ။ ရာသီသွေးပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။ အသားလုံးဆိုတာ အန္တရာယ်ရှိလားလည်းသိချင်ပါတယ်ရှင့်။ ultrasound ပုံပါ ပို့ပေးလိုက်ပါတယ်ရှင့်။

အာလ်ထွာဆောင်းကို ပုံမဟုတ် အဖြေမှတ်ချက်သာပို့ပါရန်လို့ မေးနည်းစည်းကမ်းမှာထည့်ထားတယ်။ ရောဂါအမည် ဆေးစာနဲ့ မသိရ။ သားအိမ်အလုံး-အကျိတ်ဆိုရင် Fibroid, Myoma ဖြစ်မယ်။ ဘလော့မှာ ရှာဖတ်နိုင်ပါတယ်။

နယ်မှာမို့ အင်တာနက်လိုင်းမကောင်းလို့ပါဆရာ။ ရှာနေပေမယ့် လည်နေပြီး အရမ်းကြာပါတယ်ရှင့်။ အမှားပါရင် ခွင့်လွှတ်ပါ။ ဆရာကျန်းမာချမ်းသာပါစေ။

ကိုယ်ဝန်ရှိလို့ စစ်ဆေးတော့မှ သားအိမ်မှာ အလုံး-အကျိတ်ရှိနေတာသိကြရသူ မနည်းပါ။ မေးတာလည်း ခဏခဏလာတယ်။ သားအိမ်မှာ အလုံး-အကျိတ်ရှိနေနေပေမယ့် ခံစားရတာမသိသာလို့ဖြစ်တယ်။ ကိုယ်ဝန်ကို ဘယ်လိုသက်ရောက်သလဲ။ မတူကြပါ။ အခက်အခဲဖြစ်စေတာ အတော်နည်းပါတယ်။ နာတာ၊ ပျို့အန်တာ၊ ဖျားတာ ဖြစ်တတ်တယ်။

သားအိမ်အလုံးဆိုတာ ကင်ဆာမဟုတ်ပါ။ ဘာလို့ဖြစ်သလဲ အတိအကျတော့ မပြောနိုင်ပါ။ ဟော်မုန်းနဲ့ဆိုင်တယ်။ မျိုးရိုးနဲ့ဆိုင်တယ်။

၂ စင်တီမီတာထက်ကြီးရင် နာတာခံစားရနိုင်တယ်။ အနာသက်သာဆေးတခုခု Acetaminophen ဖြစ်ဖြစ် Ibuprofen ဖြစ်ဖြစ်ပေးမယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန် ၃၂ ပတ်ထက်နောက်မကျသူတွေကိုသာ ပေးသင့်တယ်။ ကိုယ်ဝန်နဲ့အတူ အရွယ်အစားကြီးလာတတ်တယ်။ အညှာပါတဲ့အမျိုးအစားဖြစ်နေရင် အညှာလိမ်တာသတိထားရတယ်။ ပိုနာမယ်။

ကိုယ်ဝန်ရှိမှသိရသူတွေ ကလေးမမွေးခင် ကုသပေးလို့မဖြစ်ပါ။ ခွဲရင် သွေးထွက်များမယ်။

ကိုယ်ဝန်ရင့်လာရင် ဘာဖြစ်နိုင်သလဲ
အလုံးက အချင်းနဲ့နီးနေရင် သွေးလျှောက်တာကို သက်ရောက်နိုင်တယ်။ ကလေးဖွံ့ထွားမှုနည်းစေနိုင်တယ်။ စောမွေးတာ၊ ရေမြွာစောပေါက်တာဖြစ်နိုင်တယ်။

မွေးဖွားနေစဉ်မှာ ဘာဖြစ်နိုင်သလဲ
ကလေးအနေအထားအပေါ်မူတည်မယ်။ ခွဲမွေးရဖို့များတယ်။ ကံမကောင်းရင် ခွဲမွေးပြီး သားအိမ်ထုတ်ရတယ်။ ကံကောင်းသူတွေမှာ ကလေးမွေးပြီး အလုံးအရွယ်အစား သေးလာတယ်။ ကံကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

ခါးနာခြင်း အတွက် အိမ်တွင်း ကုထုံး


ကျောရိုးအဆစ်ကြား အရွတ်ဝိုင်းနေရာ လွဲသွားခြင်းကြောင့် ကျောရိုးဆစ် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ ခါးနာခြင်း ဖြစ်ပေါ်လာရသည်။ ယေဘုယျ အားဖြင့် ခါးနာခြင်းသည် သက်ကြီးပိုင်း အမျိုးသားများတွင် အဖြစ်များလေ့ရှိသည်။
သို့သော် အနေအထိုင်ပုံစံမမှန်ခြင်း၊ ဟန်ချက်မညီဘဲ အားစိုက်မိ၍ ကြွက်သားနှင့် အကြောများတွင် ဒဏ်ဖြစ်ခြင်း၊ အဝလွန်၍ ဝမ်းဗိုက်တွင် အဆီစုဝေးခြင်း၊ အားကစား လုပ်နည်းပုံစံ မမှန်ခြင်း၊ လေ့ကျင့်ခန်း ပြင်းပြင်းလုပ်ခြင်း၊ အလေး အပင်မခြင်း၊ ကွန်ပျူတာ ရှေ့အထိုင်များခြင်း စသည်တို့ကြောင့်လည်း သက်ကြီး ပိုင်းသာမက သက်လတ်ပိုင်း အမျိုး သား၊ အမျိုးသမီးများပါ ခါးနာတတ်ကြသည်။

ထို့ပြင် သားအိမ်ပတ်ဝန်းကျင် အရိုးနှင့်ကပ်နေသည့် အရွတ်များ ဆွဲဆန့်ရခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အားလုံးနီးပါး ခါးနာလေ့ရှိကြသည်။ အနေ အထိုင် အပြုအမူပုံစံ မှားယွင်းမှုကြောင့် ခါးနာခြင်းကို ဖြစ်စေနိုင်သဖြင့် အောက်ပါအတိုင်း ပြုမူနေထိုင်သင့်သည်-

စနစ်တကျ သယ်မပါ

ဖြစ်နိုင်ရင် လေးလံသော အရာဝတ္ထုပစ္စည်းများကို မိမိတစ်ဦးတည်း သယ်မခြင်းရှောင်ပါ။ အကယ်၍ မဖြစ်မနေသယ် မရမည်ဆိုပါလျှင် ခါးကိုအသုံးပြု၍ သယ် မခြင်းမပြုရ။ ခြေထောက်များကိုသာ အသုံးပြုပြီးသယ်မရမည်။ မတ်တတ်ရပ် နည်းမှန်ကန်ပါစေ မတ်တတ်ရပ်ပုံစံ မှားယွင်းခြင်းကလည်း ခါးနာခြင်းကို ဖြစ်စေနိုင်သည်။ မှန်ကန်သော မတ်တတ်ရပ် နည်းပုံစံများမှာ ခေါင်းမှခြေထောက်အထိ ခန္ဓာကိုယ်တစ်လျှောက် တစ်ပြေးညီ မတ်တတ်ရပ်ပါ။ နားရွက်၊ တင်ပါးနှင့် ဒူးများ တစ်ဖြောင့်တည်း ဖြစ်ရမည်။ ဦးခေါင်းကိုရှေ့သို့မကုန်းဘဲ လည်ပင်းနှင့်တစ်ဖြောင့်တည်း ဖြစ်နေရန်လိုအပ် သည်။

ခါးကိုမတ်မတ်ထား၍ ထိုင်ပါ ခါးနောက်ကျောပေါ်သို့ ဖိအားသက်ရောက်မှု လျော့ပါးစေရန် ခါးကိုမတ်မတ်ထား၍ ထိုင်ရမည်။ ခါးရိုးဆစ်များသည် မူလသဘာဝ အားဖြင့် အင်္ဂလိပ်စာလုံး S ပုံစံဖြင့် တည်ဆောက်ထား၍ ထိုင်သောအခါတွင် S ပုံစံ အနေအထားဖြစ်အောင် ထိုင်ရမည်။C ပုံစံအနေအထားမျိုးမဖြစ်စေရန် သတိထားရမည်။ ထိုင်ပြီးနာရီဝက်ကြာ တိုင်း ထိုင်ခုံပေါ်မှထရပ်ပြီး စက္ကန့်အနည်းငယ်ခန့် လမ်းထလျှောက်ရမည်။ ထို့ပြင် ဆိုဖာထူသော ကုလားထိုင်တွင် ကြာရှည်စွာထိုင်ရခြင်း၊ ကုလားထိုင်အစွန်းတွင် ကြာရှည်စွာ ထိုင်မိခြင်းတို့ကြောင့်လည်း ခါးနာခြင်းနှင့် ကျောဆစ်ရိုး လွဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

နူးညံ့ပျော့ပျောင်းသော ဖိနပ်ကိုစီးပါမိမိစီးသော ဖိနပ်များကြောင့် ခါးနာခြင်းကို ပိုမိုဆိုးရွားနိုင်သည်။ ခါးနာနေသော အမျိုးသမီးများအဖို့ ပွိုင့်သေး၍ ချွန်မြသော ဒေါက်ဖိနပ်မျိုးကို အထူးရှောင်ရှားရမည်။ ခါးနာလေ့ရှိသော အမျိုးသားများ အနေဖြင့် နူးညံ့ပျော့ပျောင်းပြီး ကူရှင်ကောင်းသော ရှူးဖိနပ်ကို ရွေးချယ်ရန်လို အပ်သည်။ ခေါင်းအုံးခပ်ပါးပါးဖြင့် အိပ် စက်ပါခေါင်းအုံးထူထူဖြင့် အိပ်စက်ခြင်းက ခါးနာခြင်းကို ဖြစ်စေနိုင်သည်။ ခါးနာသူများသာမက ခါးမနာသေး သူများ လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ခေါင်းအုံးပါးပါးသို့မဟုတ် ခေါင်းအုံးတစ်လုံးတည်းဖြင့်သာ အိပ်စက်အနားယူ သင့်သည်။ ခေါင်းအုံးထူခြင်း သို့မဟုတ် ခေါင်းအုံးနှစ် လုံး၊ သုံးလုံးဖြင့် အိပ်စက်ခြင်းက ခါးနောက်ကျောရှိ ကြွက်သား များကို ဒဏ်ဖြစ်စေသလို လည်ပင်းကိုလည်း ဒဏ်ဖြစ်စေနိုင်သည်။

မွေ့ရာအသစ်လဲပါပျမ်းမျှလူ ၁ဝ ဦးတွင် ကိုးဦးခန့်က မွေ့ရာနှင့်ပတ်သက်၍ ကျန်းမာရေး အခြေအနေကို လျစ်လျူရှု တတ်ကြသည်။ အမေရိကန် အမျိုးသား အိပ်စက်ခြင်းဆိုင်ရာ ဖောင်ဒေးရှင်းမှ သုတေသီများ၏ လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ အရည်အသွေးကောင်းသော မွေ့ရာတစ်ခု၏ သက်တမ်းသည် ကိုးနှစ်မှ ၁ဝ နှစ်အကြားရှိသည်။ အရည်အသွေး ညံ့သောမွေ့ရာများကြောင့် ခါးနာခြင်းကို ဖြစ်စေနိုင်သည်။

ဒါ့ပြင် အလွန်ပျော့သော မွေ့ရာနှင့် အလွန်မာသော မွေ့ရာတို့ကလည်း ခါးနာခြင်းကိုဖြစ်စေသည်။ ဆေးလိပ် မသောက်ရ ဆေးလိပ်သောက်ခြင်းကြောင့် ကျောရိုး မဆီသို့ သွေးစီးဆင်းမှု လျော့ကျစေသည်။ ဆေးလိပ်သောက်သူများ သည် မသောက်သူများထက် ခါးနာနိုင်ခြေပိုများသည်။ ကျန်းမာရေး အသိအမြင်ရှိပါ မိမိသေ ဘာဖြင့် ခါးနာပျောက် ဆေးများကို မသောက်သင့်ပေ။ ၎င်းဆေးများ၏ ဘေးထွက်ဆိုးကျိုးများအဖြစ် အစာအိမ်သွေးကြောပေါက်ခြင်း၊ ဦး နှောက်သွေးကြောေ ပါက်ခြင်း၊ အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းများ ဖြစ်လာနိုင်သည်။

လမ်းလျှောက်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပါ လမ်းလျှောက်ခြင်းသည် ခါးရိုးဆစ်အတွက် များစွာအထောက်အကူပြု သည်။ ခါးရိုးကြွက်သားများကို သန်မာစေပြီး အဆစ်များလှုပ်ရှားမှုနှင့် အရွတ်အဝိုင်းပြားများကို ပိုမိုကောင်းမွန်လာစေ သည်။ မလှုပ်ရှားဘဲ ဥပမာ- တစ်နေကုန်တီဗွီထိုင်ကြည့်သူများသည် ခါးနာခြင်းကို အများဆုံးဖြစ်စေနိုင်သည်။ လမ်း မှန်မှန်လျှောက်ကာ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် ခါးနာခြင်းမှ ကင်းဝေးစေနိုင်သည်။

စိတ်ဖိစီးမှုများကို လျှော့ချပါ အချို့လူများတွင် ပြဿနာ အခက်အခဲ တစ်ခုခုနှင့် ရင်ဆိုင်တွေ့ရတိုင်း ခါးနာတတ်ကြသည်။ အကြောက်လွန်ခြင်း၊ ထိတ်လန့်ခြင်း၊ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေခြင်းသည် စိတ်ဖိစီးမှုကို မြင့်မားစေပြီး ခါးနာမှုကို ဖြစ်ပေါ်စေသည်။ ဇက်ကြော ပခုံးကြောများ ကိုက်ခဲခြင်း၊ လည်ပင်းအဆစ်များ နာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှု ရာခိုင်နှုန်း အတော်များများသည် သောကဖိစီးမှုကြောင့် ဖြစ်လာရကြောင်း သုတေသီများက အကြံပြုထားသည်။ ခရီးသွား၍ ခါးနာခြင်းမှ ကင်းဝေးစေရန် ထိုင်ခုံကို ရွေးချယ်ပြီး ရှေ့နောက်ဆန့်နိုင်သော ထိုင်ခုံပါသည့်ယာဉ်ကို ရွေးချယ်ပါ။ သားရေထိုင်ခုံများဖြစ်လျှင် အပူဒဏ်ကာကွယ် သည့် အဝတ်ခင်း၊ ထိုင်ခုံအစွပ်များပို၍ ကောင်းသည်။ လေဝင်လေထွက်ကောင်းသော ခေါင်မိုးမြင့်သည့် ယာဉ်ကို ရွေးချယ်ပါ။ လေအေးပေးစက် အလွန်အကျွံဖွင့် လျှင် အအေးဒဏ်ကြောင့် ခါးဆစ်ကိုက်ခဲခြင်း မဖြစ်စေရန် ခါးမနာစေသော ခါးပတ် သို့မဟုတ် စောင်တဘက်ဖြင့် အအေးဒဏ်ကာကွယ်ရန် ဆောင်ထားပါ။

ယာဉ်ရပ်သည့်အခါတိုင်း အပေါ့အပါးသွားခြင်း၊ ခါးဆန့်၍ လေ့ကျင့်ခန်းလုပ်ခြင်းများပြုလုပ်ပါ။ ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး ကျောက်ကပ်၊ ဆီးအိမ်၊ သား အိမ်ရောဂါ အမျိုးမျိုးတို့ကြောင့်လည်း ခါးနာတတ်ပေရာ ဝေဒနာ မပြင်းထန် ခင်နည်းမှန်လမ်းမှန်ဖြင့် ကုသမှုခံယူရင်း အောက်ပါအိမ်တွင်းကုထုံးများဖြင့် သက်သာနိုင်ကြပါစေရန် မျှဝေလိုက်ရပါ သည်-

ခါးနာသည့် နေရာသို့ ရေနွေးအိတ်ကပ်ပေး၍ ပူနွေးသော အစားအစာများကို စားပေးပါ။ ထမင်းစားသည့်အခါတိုင်း ကြက်သွန်ဖြူ စားပေးပါ။ အထူးသဖြင့် နံနက်အိပ်ရာထ ဘာမျှမစားခင် ကြက်သွန်ဖြူ စားပေးနိုင်ရင် ပိုကောင်းသည်။ ခါးနာခြင်းအတွက် ပင်စိမ်းရွက်က အကောင်းဆုံး သမားတော်ဟု အဆိုရှိရာ ပင်စိမ်းရွက်ကို နှစ်ခွက်တစ်ခွက်တင် ပြုတ် ၍ အအေးခံကာ ဆားအနည်းငယ် ထည့်သောက်ပါ။ ယူကလစ်ဆီနှင့် မုန်ညင်းဆီတို့ရော၍ အရေပြားထဲ စိမ့်ဝင် အောင် အသာအယာ နှိပ်နယ်ပေးပါ။ ထမင်းစားပြီးတိုင်း သကာရည် သို့မဟုတ် တင်လဲရည် စားပွဲတင်ဇွန်း တစ်ဇွန်း ခန့်ကို ရေနွေးဖြူဖြင့်သောက်ပေးပါ။

ဖာလာစေ့ကို ပျားရည်ဖြင့်နှဲ၍ သောက်ခြင်းကလည်း အမြန်ဆုံး သက်သာလာစေသည်။ ကယ်လ်ဆီယမ် ကြွယ်ဝ သည့်နွားနို့ကို တစ်ရက်လျှင် နှစ်ခွက်မှ သုံးခွက်အထိ သောက်ပေးခြင်းဖြင့် ခါးမနာအောင် ကြိုတင်ကာကွယ်ပေးနိုင် သည်။ အသာအယာ နှိပ်နယ်ပြီးဆေးဖယောင်းချက် ကပ်ပေးပါ။ ရေခဲတုံးလေးများကို အဝတ် သို့မဟုတ် ဂုန်နီအိတ်ပါး ထဲထည့်၍ အသာအယာ လှိမ့်ပေးနိုင်ပါသည်။ တစ်ရက်လျှင် လေးကြိမ်လောက် လုပ်ပေးနိုင်လျှင် ခါးနာပျောက်ပါ သည်။

မွေ့ရာခင်းမထားသော ခုတင် သို့မဟုတ် ကြမ်းပြင်ပေါ် ငြိမ်သက်စွာ ပက်လက်လှဲခြင်းက သွေးများကောင်းစွာ စီးဆင်း လည်ပတ်စေသလို အကြောအခြင်ပြေ၍ ခါးနာခြင်းကို သက်သာစေသည်။ ဒဏ်ကြေဆေး ပူလိမ်းပေးနိုင်သည်။(ကိုယ် ဝန်ဆောင်များကို မဆိုလိုပါ။) နံ့သာဖြူနှင့်ချင်းကို ဆတူရော၍ လိမ်းပါ သို့မဟုတ် ချင်းအနည်းငယ်ကို ထောင်း၍ နာနေသော နေရာကို မိနစ် ၂ဝ လောက်လိမ်းပေးပါ။ တစ်နေ့လျှင် လေးကြိမ်လောက် လုပ်ပေးခြင်းဖြင့် ခါးနာရောဂါ ပျောက်ကင်းပါ သည်။ မပြင်းထန်သော ခပ်ဖော့ဖော့ အကြောပြင် လေ့ကျင့်ခန်းများကလည်း ခါးနာသက်သာအောင် အထောက်အကူဖြစ်စေသည်။ (အမှန်တကယ် အရိုးအေ ကြာ နားလည်တတ်ကျွမ်းသူနှင့် ကုသမှုခံယူပါ။)

အာလူးတစ်လုံးကို စင်ကြယ်အောင် ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက်လှီးပါ။ ညအိပ်ခါနီး နာနေတဲ့ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစား သမားများ သုံးတဲ့အီလပ်စတစ်ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ ထိုခါးပတ်မျိုး မရှိသော်လည်း အဝတ်သန့်သန့်ဖြင့် အာလူးများ ကွာကျမသွားအောင် စည်းပေးထားပါ။ နံနက်အိပ်ရာ ထတဲ့အချိန် ၎င်းအာလူးများကို ခွာလိုက်ပါ။ ဤနည်းဖြင့် သုံးရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာဝေဒနာ သိသိ သာသာ သက် သာပါလိမ့်မည်။ ငါးရက်တစ်ပတ်ခန့် ဆက်လုပ်ပေးပါက ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက် ကင်းသွားပါလိမ့်မည်။

တရုတ်နိုင်ငံတွင် အေဒီ ၁၈၉ မှ ၂ဝဝ အတွင်း ဟန်မင်းဆက်လက်ထက်တွင် ရှေးတရုတ်ဆေးပညာရှင်များက ခါးနာ ဝေဒနာသည်များအား မြေကြီးပေါ်မှာ လေးဖက်ထောက်သည့် လေ့ကျင့်ခန်းကုထုံးဖြင့် ကုသပေးခဲ့ကြသည်။ ဤနည်းက ကျောနှင့်ခါးပေါ်ရှိ ကိုယ်အလေးချိန်ဟာ ခြေနဲ့လက်များသို့ ပျံ့နှံ့သွားတာကြောင့် ခါးကျောနာခြင်းသာမက လည် ပင်းနာခြင်းတို့ကိုပါ သက်သာပျောက်ကင်း သွားစေပါသည်။ ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ် တစ် ရွက်ခူးယူပြီး အင်္ကျီအတွင်း နာနေသော ခါးပေါ်ကိုကပ်ထားပြီး ပက်လက်လှန်ပြီးအိပ်ပါ။ ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝ ဓာတ်သဘောဖြင့် စုပ်ယူပေးပါ သည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာသည် အထိ တစ်ပတ် ဆယ်ရက်ခန့် ညစဉ်လုပ်ပေးနိုင်သည်။

နံနက်အိပ်ရာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမဝင်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။ လုပ်ရမည့် လေ့ကျင့်ခန်းကေ တာ့ တည့်တည့် မတ်တတ်ရပ်ပြီး ခါးကိုရှေ့သို့ အနည်းငယ်ကိုင်းပြီး လျှင် ခါးကိုအားပြုပြီး ဖြည်းဖြည်းချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁ဝ ကြိမ်ခန့် လှည့်ပေးပါ။ ၎င်းလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကြောများလည်း ပွင့်သွားသလို အညောင်း အညာများလည်း ပြေသွားစေသည်။ ညနေပိုင်းရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်သည်။ တစ်နေ့ ကို နှစ်ကြိမ်ခန့်ပြုလုပ်နိုင်သည်။ (သတိပြုရန်မှာ ခါးလှည့်ေ သာအခါတွင် ဖြည်းညင်းစွာလှည့်ပါ။ ခွန်အားထည့်၍ အလျင်အမြန် လှည့်မိပါက အခန့်မသင့်လျှင် ပို၍နာသွားတတ်သည်။)

ဘဲဥပြုတ်သည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ် စေနိုင်ပါသဖြင့် ဘဲဥကို မကျက်တကျက်ပြုတ်၍ နေ့စဉ်တစ်လုံးစီ စားသုံးပါ။ အနည်းဆုံး မိမိအသက်၏ တစ်ဝက်အလုံးရေအထိ စားသုံးရပါမည်။ ဥပမာ-အသက်၎ဝ နှစ်ရှိလျှင် အနည်းဆုံး ဘဲဥအလုံးရေ ၂ဝ စားသုံးရမည်။ ထို့ထက်များများ စား သုံးနိုင်လျှင် ပို၍ကောင်းသည်။ (ဒူးနာ တတ်သူများလည်း ဤနည်းအတိုင်း စားပေးသင့်သည်။) မလေးရှားနိုင်ငံတွင် ခေါင်းကိုက်ခြင်း၊ အဆစ်အမျက် နာ ကျင် ကိုက်ခဲခြင်းနှင့် ခါးနာခြင်း ဝေဒနာများအတွက် အပူပေးထားသော အုန်းဆီကို ကွမ်းရွက်သတ္တုရည်ဖြင့် ရောကာ လိမ်းကျံလေ့ရှိသည်။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/pg/mwdmedia

ဆယ်ကျော် သက်များ ညဘက်ဖုန်း အသုံးပြုခြင်းသည် စိတ်ကျခြင်းကို ဖြစ်ပေါ်စေ


ဆယ်ကျော်သက်များအနေဖြင့် ညဥ့်နက် သန်းခေါင်အချိန်တွင် မိုဘိုင်းဖုန်းများကို အသုံးပြုခြင်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ချို့တဲ့စေကြောင်း သြစတြေးလျနိုင်ငံရှိ မားဒေါ့နှင့် ဂရစ်ဖစ် တက္ကသိုလ်တို့မှ သုတေသနပညာရှင်များက တွေ့ရှိထားသည်။

ဆယ်ကျော်သက်များ ညဥ့်နက်သန်းခေါင် မိုဘိုင်းဖုန်းအသုံးပြုခြင်းနှင့် စိတ်ကျန်းမာရေး အခြေအနေ ဆက်စပ်မှုဆိုင်ရာပြုလုပ်သော အဆိုပါလေ့လာမှုသည် ကမ္ဘာ့ပထမဆုံးအဖြစ် ကာလအရှည်ကြာဆုံး သုတေသနပြုမှုဖြစ်ပြီး သြစတြေးလျသုတေသနကောင်စီက ငွေကြေး ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

အဆိုပါလေ့လာမှုအရ ထိုကဲ့သို့မိုဘိုင်း ဖုန်းအသုံးပြုခြင်းအားဖြင့် ဆယ်ကျော်သက် များသည် အိပ်စက်ခြင်း နည်းပါးသည့်အတွက် စိတ်ခံစားမှုများပြောင်းလဲလာကာ ရန်လိုသည့် စိတ်များပိုမိုဖြစ်ပေါ် လာသည့်အပြင် စီမံခန့် ခွဲမှုစွမ်းရည်များကျဆင်းလာပြီး ကိုယ့်ကိုယ် ကိုယ်တန်ဖိုး ထားလေးစားခြင်း လည်းလျော့ ကျသွား၍ စိတ်ကျခြင်းရောဂါလက္ခဏာများ ကိုခံစားရကြောင်းတွေ့ရှိရသည်။

၎င်းလေ့လာဆန်းစစ်မှုကို ကျောင်းပေါင်း ၂၉ ကျောင်းရှိ ကျောင်းသား ၁၁ဝဝ အပေါ် လေးနှစ်ကြာပြု လုပ်ခြင်းဖြစ်ပြီး လေ့လာမှုစ တင်ချိန်တွင် ကျောင်းသားများသည် အသက် ရှစ်နှစ်ရှိပြီး လေ့လာမှုပြီး ဆုံးချိန်တွင် အသက် ၁၁ နှစ်ရှိပြီဖြစ်သည်။

လေ့လာမှုလုပ်ဆောင်သူများသည် လူငယ်များအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြုကာ ညဘက်မည်သည့် အချိန်အထိ စာတိုအပြန် ပေးပို့ခြင်းနှင့် ဖုန်းပြောဆိုမှုများလုပ်ဆောင် သည်ကို အဓိကထား၍ မေးမြန်း ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ညဥ့်နက်သန်းခေါင်အချိန် အထိ မိုဘိုင်းဖုန်းအသုံးပြုသူများသည် အိပ်စက် ခြင်းအလေ့ အကျင့် ပျက်စီးလာပြီး အချိန်ညဥ့် နက်လေလေ ကောင်းမွန်သော အမူအကျင့် များနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ ချို့ယွင်းလာလေလေဖြစ်ကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် လင်းနက်ဗာနွန်က ပြောသည်။ လေ့လာမှုတွင်ပါဝင်သည့် အသက် ရှစ်နှစ်ရှိကျောင်းသား ၆၅ ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းတစ်လုံးစီ ပိုင်ဆိုင်ကြပြီး ညဘက် ညဥ့်နက်သည့်အချိန်အထိ ပုံမှန်အသုံးပြုလေ့ ရှိသည်ကိုတွေ့ရကြောင်း သုတေသနစာတမ်း တွင် ဖော်ပြထားသည်။

အိပ်ခန်းအတွင်းဖြစ်ပေါ်သည့် အပြာရောင်မီးသည် အိပ်စက်ခြင်းကိုအဟန့်အတား ဖြစ်စေပြီး ဟော်မုန်းများ၊ မီလာတိုနင်ဟော် မုန်းထွက်ရှိမှုများ၊ အင်ဆူလင်ထွက်ရှိမှုများ အပြင် ခန္ဓာကိုယ်မျှ ခြေအများအပြားအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း အိပ်စက်မှု ဆိုင်ရာပညာရှင် ဒေါက်တာ မာ့လက်ဗီက သတိပေးထားသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

Leukemia လူကီးမီးယား သွေးကင်ဆာ


၁။ ကျမ အသက် ၂၇ နှစ်ပါဆရာ။ ကလေး ၂ ယောက်ရှိပါတယ်။ သိချင်တာက သွေးကင်ဆာရောဂါဟာ မျိုးရိုးလိုက်တတ်ပါသလားရှင့်။ ကျမအဖေဟာ အသက် ၆၀ ကျော်မှာ သွေးကင်ဆာအမျိုးအစား AML ဖြစ်ပြီး ဆေးကုနေရင်း ဆုံးပါးခဲ့ရပါတယ်။ သားက ကိုယ်ခံအားနည်းတဲ့ကလေးမို့ သူ့အတွက်စိတ်ပူလို့ပါ။ မျိုးရိုးလိုက်တက်ခဲ့ရင်လည်း ဆောင်ရန်ရှောင်ရန်လေးတွေကိုလဲ သိချင်ပါတယ်ရှင့်။

၂။ ကျွန်နော်က leukemia CML ရောဂါခံစားနေရပါတယ်ဆရာ။ ကျွန်တော်ကနယ်ကပါ။ တခါတလေဆေးဝယ်မရလို့ဆေးပြတ်တဲ့အခါကျရင် သွေးဖြူဥတေတွများလားပြီး ဒူးတွေတင်ပစုံတွေမှာသွေးစုပြီးတော့ ကိုက်ခဲပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၆ လလောက်တုံးက ကျွန်တော်သွေးဖြူဥတွေများပြီး ပထမဒူးမှာသွေးစုတယ်။ ၅ ရက်လောက်ကြာတော့ ဒူးကကောင်းသွားပြီး ဆီးလမ်းကြောင်းမှာလာဖြစ်တယ်ဆရာ။ ဆီးလမ်းကြောင်းအရမ်းတင်ပြီးကိုက်လို့ ကျွန်တော်ရန်ကုန်မှာဆေးခန်းသွားပြတယ်ဆရာ။့ မှာထိုင်တဲ့ ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်က့ မှာခွဲမှရမယ်လို့ပြောတော့ ကျွန်တော်က ငွေကြေးမတတ်နိုင်လို့ မခွဲဖြစ်ဘူး။ ဒီလိုနဲ့ဆေးစားရင် သက်သာသွားတယ်ဆရာ။

၃။ ဆရာ သမီးအမျိုးသားက သွေးကင်ဆာပါ ဆေးသောက်နေရတာ သုံးနှစ်ရှိပါပြီ။ ဆေးကြောင့်ကလေးမယူသင့်ဘူးလို့ သိရပါတယ်။ သားလေးကသုံးနစ်သားပါ။ နောက်တယောက်ထပ်ယူခြင်ပါတယ်ဆရာ။ နည်းလမ်းမရှိတော့ဘူးလား သိခြင်ပါတယ်ဆရာ။ သူသောက်တဲ့ဆေးက tasigna ပါဆရာ။

မေးခွန်း (၃) ပြောတာကိုမှန်းကြည့်ရရင် Chronic myeloid leukemia (CML) ရောဂါဖြစ်နိုင်တယ်။ ထင်တာကိုပြောတာပါ။ Tasigna ဆေးရဲ့ဘေးထွက်ဆိုးကျိုး ဆိုးလွန်းတာတွေ = သွေးအရေအတွက်နည်းခြင်းဖြစ်လို့ သွေးထွက်လွယ်မယ်။ ဆီးထဲသွေးပါနိုင်တယ်။ အားယုတ်မယ်။ သွေးစီးလျှောက်တာနည်းလို့ ဦးနှောက်၊ ခြေထောက်၊ နှလုံးကိုသွေးမဝမှာ သတိထားရမယ်။ အသည်းကို ထိခိုက်နိုင်တယ်။ အသားဝါဖြစ်နိုင်တယ်။ သရက်ရွက်ကိုလဲထိခိုက်နိုင်တယ်။ သာမန် သတိထားစရာတွေ = ပျို့-အန်ချင်၊ အရေပြားအနီပြင်ထွက်၊ ခေါင်းကိုက်၊ မောပန်း၊ ယားယံ၊ ဝမ်းပျက်၊ ချောင်းဆိုး၊ ကြွက်သားအရိုးနာ၊ ကိုယ်ပူ၊ ညချွေးထွက်။ သားသမီးယူတာအတွက် သပ်သပ်သတိပေးတာမတွေ့ပါ။ ဒါပေမဲ့ ကုသပေးတဲ့ဆရာဝန် ညွှန်တာကိုသာ လိုက်နာသင့်ပါတယ်။

Leukemias (လူကီးမီးယား) သွေးကင်ဆာ ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ရောဂါဖြစ်တဲ့ သွေးဖြူဥ အမျိုးအစားနဲ့လဲ ခွဲခြားတယ်။ Infections ရောဂါပိုးဝင်တာ၊ Anemia သွေးအားနည်းတာနဲ့ Bleeding သွေးယိုတာတွေ ဖြစ်လာစေနိုင်တယ်။

ရိုးတွင်းခြင်ဆီမှာ Stem cells ခေါ်တာတွေကနေ သွေးဥအမျိုးမျိုး ဖြစ်လာရတယ်။ သွေးဥဆိုတာ အနီ နဲ့ အဖြူ။ အနီက အသက်ရှူလိုက်တဲ့ လေထဲက အောက်စီဂျင်နဲ့ ပေါင်းပြီး သွေးကို သန့်အောင်လုပ်ပေးတယ်။ သွေးဖြူဥတွေကတော့ ရောဂါကို တိုက်ဖျက်တာ လုပ်ပေးတယ်။ သွေးမှုံ ဆိုတာလေးတွေက သွေးကိုခဲစေပြီး၊ သွေးမယိုရအောင် လုပ်ပေးတယ်။ သွေးဥ မှန်သမျှဟာ တခြားသက်ရှိ ဆဲလ်တွေလိုပါဘဲ၊ အသစ်ဖြစ်လာ၊ ရင့်လာ-အိုလာပြီး နောက်ဆုံး ပျက်စီး-သေဆုံး ကုန်ကြတယ်။ ခေမာ-မိဘုရားကြီးကို တရားပြသလိုပါဘဲ။

Myeloid stem cell ဆဲလ်အမျိုးအစားတွေကနေ Red blood cell သွေးနီဥနဲ့ Platelets သွေးမှုံတွေ ဖြစ်စေတယ်။ White blood cells သွေးဖြူဥတွေလဲပါတယ်။ Lymphoid stem cell လင်ဖွိုက်-စတမ်-ဆဲလ် အမျိုးအစားတွေကနေ သွေးဖြူဥတွေ ဖြစ်စေတယ်။ B cells or T cells စသဖြင့်။ ဒီနှစ်မျိုးကနေ သွေးဖြူဥတွေ ဖြစ်လာကြပေမဲ့ မတူကြဘူး။ လူကီးမီးယားရောဂါရသူတွေမှာ ဖြစ်လာတဲ့ ပုံမှန်ဟုတ်တဲ့ သွေးဖြူဥတွေကို Leukemia Cells လို့ ခေါ်တယ်။ ပုံမှန် မဟုတ်ပေမဲ့ အချိန်ကျတာတောင် မသေကြဘူး။ တချို့က ဘုန်းလဲကြီး အသက်လဲ ရှည်ကြတယ်။ လူကောင်းတော့ မဟုတ်ဘူး။

အမျိုးအစားတွေ ခွဲထားတယ်။ Acute leukemia ရက်တို။ ဖြစ်တာ မကြာသေးရင် ဖြစ်စမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက အလုပ် နဲနဲပါးပါးတော့ လုပ်သေးတယ်။ လူကောင်းလိုဘဲ။ လက္ခဏာမပေါ်သေးဘူး။ Chronic leukemia နာတာရှည်။ ကြာမှ မလုပ်တော့တာ။ Lymph nodes တက်စေ့တွေရောင်။ Infections အင်ဖက်ရှင်တွေ ဝင်လာမယ်။

ဘာလို့ဖြစ်လဲ မသိပါ။ ဓါတ်ကင်တာ၊ အနုမြူရောင်ခြည်သင့်တာ၊ ဆေးလိပ်သောက်တာ၊ Benzene ဘင်ဇင်းဆေး၊ ကင်ဆာဆေး၊ မွေးရာပါ ဒေါင်း-ဆင်ဒရုမ်း၊ မျိုးရိုးထဲမှာလဲ ရှိတာတွေကနေ ဖြစ်စေနိုင်တယ်။

အမျိုးအစားကို ဆဲလ်တွေအပေါ်မူတည်ပြီး ၄ မျိုးခွဲတယ်။ တခြား ရှားတဲ့အမျိုးလဲ ရှိသေးတယ်။
1. Chronic lymphocytic leukemia (CLL) အသက်ကြီးသူ (၅၅ နှစ်ကျော်) တွေဖြစ်တယ်။ ကလေးတွေမဖြစ်ဘူး။
2. Chronic myeloid leukemia (CML) အရွယ်ရောက်သူတွေမှာဖြစ်တယ်။
3. Acute lymphocytic (lymphoblastic) leukemia (ALL) ကလေးတွေမှာပိုဖြစ်တယ်။
4. Acute myeloid leukemia (AML) ကလေး-လူကြီးဖြစ်တယ်။

Acute leukemia ရှိသူဟာ နေမကောင်းသလို ဖြစ်လာမယ်။ ဦးနှောက် ထိခိုက်ရင် ခေါင်းကိုက်၊ အန်၊ ကြွက်သားတွေ အားယုတ်၊ စိတ်မရှင်း၊ တက်တာတွေ ဖြစ်နိုင်တယ်။ အစာလမ်းကြောင်း၊ ကျောက်ကပ်၊ အဆုပ်၊ နှလုံး၊ ယောက်ျားအစေ့ တွေကို ထိခိုက်တတ်တယ်။ တက်စေ့တွေ ရောင်နေမယ်။ ဖျားပြီး ညချွေးထွက်တယ်။ ရောဂါပိုး ဝင်လွယ်တယ်။ မောပန်း အားယုတ်နေမယ်။ သွားဖုံး၊ အရေပြားက သွေးယိုမယ်။ အသဲ၊ ဘေလုံးကြီးနိုင်တယ်။ လူကပိန်လာမယ်။ အရိုး-အဆစ်တွေ နာမယ်။

သွေးစစ်ရင် Leukemia ဖြစ်နေသူမှာ WBC သွေးဖြူဥတွေ သိပ်များနေမယ်။ သွေးမှုံနည်းမယ်။ Hb သံဓါတ် နည်းမယ်။ ရိုးတွင်းခြင်ဆီကို Bone marrow aspiration ဒါမှမဟုတ် Bone marrow biopsy လုပ်ရင် ကင်ဆာ-ဆဲလ်တွေ တွေ့မယ်။ Cytogenetics တို့ Spinal tap တို့လဲ လုပ်တယ်။ ရင်ပတ် ဓါတ်မှန်ရိုက်ရင် တက်စေ့တွေ ကြီးနေတာ တွေ့မယ်။

Acute leukemia ဖြစ်ရင် ချက်ချင်း ဆေးကုရမယ်။ အများအားဖြင့် ပျောက်နိုင်ပါတယ်။ ဆေးစစ်လို့သာ နာတာရှည်ဖြစ်ပြီး ရောဂါလက္ခဏာ မရှိသူတွေကို ချက်ချင်း ဆေးမလိုသေးပါ။ ပျောက်ဘို့ ခက်တယ်။ တချို့ကို Stem cell transplants ဆိုတာ လုပ်တယ်။ Oematologists, Medical oncologists, Radiation oncologists အထူးကု အမျိုးမျိုးနဲ့ ကုရတယ်။

Chronic lymphocytic leukemia ဖြစ်နေသူတွေကို ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေကြောင့် ရောဂါလက္ခဏာ မပေါ်သေးရင် Chemotherapy မပေးသေးဘဲ နေနိုင်သေးတယ်။ လူနာသဘော၊ ဆရာဝန်သဘော။ သောက်ဆေး။ အကြောဆေး၊ တခြားနည်းလမ်းတွေနဲ့ ဆေးပေးတယ်။

Chronic Myeloid Leukemia ဖြစ်နေသူတွေကို Targeted therapy နည်းသုံးနိုင်တယ်။ Imatinib (Gleevec) tablets စားဆေးပေးမယ်။ Side effects တွေကတော့ ရောင်မယ်၊ ဗိုက်ကယ်မယ်၊ လူဝလာမယ်၊ ပျို့-အန်မယ်၊ ဝမ်းပျက်မယ်၊ ကြွက်သားတွေ နာမယ်၊ အနီပြင် ထွက်တာတွေလဲ ရှိတတ်တယ်။

• Biological Therapy ကုနည်းလဲ ရှိသေးတယ်။
• Radiation Therapy ဓါတ်ကင်နည်းလဲ သုံးတယ်။
• Stem Cell Transplant ရိုးတွင်းခြင်ဆီ လဲပေးတယ်။
• Supportive Care ရောဂါပိုးမဝင်အောင်၊ ရောဂါလက္ခဏာတွေ သက်သာအောင်၊ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ သက်သာအောင်၊ အစာအာဟာရ ပြည့်ဝအောင်၊ စိတ်ဓါတ် မကျအောင် လုပ်ပေးရမယ်။

အလားအလာတွေ
• Chronic Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ အဖြစ်နှေးပါတယ်။ အရွယ်ရောက်တွေမှာ အဖြစ်များတယ်။ Chemotherapy နဲ့ Bone marrow transplant ကုသနည်းတွေကို လုပ်ပေးတော့ စောစော သိသူ-ကုသူ ၉၈ လ အသက်ရှည်မယ်။ နောက်ကျရင် ၆၅ လ၊ ဒိထက် နောက်ကျရင် ၄၂ လ။ ၁၁၇ လ အထိ ရှင်သူ စံချိန်တင်ထားတယ်။
• Acute Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ပိုဆိုးတယ်။ မြန်တယ်။ လူကြီးအရွယ်မှာ အများဆုံး ဖြစ်ကြရတယ်။ Chemotherapy နည်းနဲ့ ကုသတယ်။ ၂ဝ-၄ဝ% တွေက ၆ဝ လ ရှင်တယ်။ အသက် ပိုကြီးရင် အသက်ပိုတိုမယ်။
• Chronic Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေမှာ မဖြစ်ပါ။ အသက်ကြီး ၆ဝ အထက်တွေမှာ ဖြစ်တယ်။ ယောက်ျားတွေ ပိုဖြစ်တယ်။ ဖြစ်တာ နှေးပါတယ်။ B-cells တွေဖြစ်သူ စောစော ကုရင် နောက်ထပ် ၁ဝ-၂ဝ နှစ်အထိ ရှင်မယ်။ T cell ဖြစ်ရင် ပိုဆိုးတယ်။
• Acute Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေအဖြစ်များဆုံး။ ကလေး-ကင်ဆာတွေရဲ့ ၄ ပုံ ၁ ပုံရှိတယ်။ အသက် ၄၅ ကျော်သူတွေလဲဖြစ်တယ်။ Chemotherapy နည်းနဲ့ကုတယ်။ အရင်က အများဆုံး ၄ လသာ ရှင်တယ်။ အခု ခေတ်မီနည်းတွေကြောင့် ၈ဝ% ပျောက်နိုင်နေပြီ။ ၄ဝ%က လုံးဝပျောက်နိုင်တယ်။ ၃-၇ နှစ်ကြား ကလေးတွေ ပျောက်နိုင်တဲ့ အခွင့်အလမ်း ပိုများတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား


၁။ ဆရာမင်္ဂလာပါရှင့် ကိုယ်ဝန်ဆောင်သည် ကင်းမလက်မဲကိုက်ခံရတာကိုယ်ဝန်ဘာဖြစ်နိုင်သလဲရှင့်။ ကိုယ်ဝန်ကို စိုးရိမ်လို့ပါရှင့်။ ကိုယ်ဝန်က ၄ လပါရှင့်။

၂။ ဆရာ သမီးအသက်က ၃ဝ ပါဆရာ။ ကိုယ်ဝန်က ၅ လပါဆရာ။ ခြေဖနောင့်နားကို ကင်းမြီးကောက် အထိုးခံရလို့ပါဆရာ။ နှုတ်ခမ်းနဲ့ လက်တွေ ထုံကျင်ကျင်ဖြစ်နေပါတယ်ဆရာ။ ဆေးခန်းသွားတော့ ATT ၂ လုံး ထိုးပေးလိုက်ပါတယ်ဆရာ။ စိုးရိမ်ရပါသလဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ ကျနော့်ခြေထောက်ကို အကောင်တကောင် ကိုက်သွားတယ်။ ဘာကောင်မှန်း မသိဘူး။ အဆိပ်ဖြေဆေး ဘာသောက်သင့်လဲ ပြောပြပေးပါ။

၎။ ကင်းခြေများကိုက်ခံရတာ ခြေထောက်ယောင်နေတယ်။ ဘာသောက်သင့်လဲ။ ဆရာ့ဆိုဒ်မှာ အဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင် ဘယ်လိုလုပ်ရမယ်ဆိုတာ မရှိဘူး။ အချိန်ရရင် ရေးပေးစေချင်ပါတယ်။

၅။ ဒေါက်တာရှင့် ကျွန်မအသက် ၃၂ နှစ်ပါရှင့်၊ ကိုယ်ဝန်က ၂၅ ပတ်ထဲရောက်နေပါပြီ၊ နေပြည်တော်ကပါ ဝန်ထမ်းပါရှင့်၊ ဝန်ထမ်းအိမ်ရာမရသေးလို့အပျိုဆောင်မှာနေရပါတယ်၊ မနေ့ည ၆နာရီခွဲလောက်တုန်းက ထမင်းစားပြီး အဆောင်ပြင်ထွက် လမ်းလျှောက်မိလိုက်ပါတယ်ဆရာ အဲတာလမ်းတဝက်ရောက်တော့ ခြေတောက်နားကစူးကနဲနာပြီး အရမ်းကို ပူစပ်ပူလောင်ဖြစ်သွားတဲ့အတွက် အကောင်တကောင်ကောင်ကိုက်လိုက်တယ်ဆိုတာသိပြီး ခါလိုက်မိပါတယ်။ အကောင်က လွှင့်သွားပြီးထွက်ပြေးသွားတာ ဘာအကောင်လဲလိုက်ကြည့်တာမမြင်လိုက်ရပါဘူး။ နဲနဲလဲမှောင်နေလို့ပါ အဲဒါနဲ့ အဆောင်ကိုပြန်ပြေးပြီး အနာကို ရေဆေးပြီးကြည့်လိုက်တော့ အပေါက်ရာနှစ်ပေါက် တွေ့ရပါတယ်။ ခါတိုင်းနေ့တွေတော့ ကင်းခြေမျှားတွေ လက်ဝါးလောက်အရှည်ရှိတာတွေတွေ့မိပါတယ်။ အနီရောင်ပါ။ အဲအကောင် ကိုက်လိုက်မိတာလို့ ထင်လိုက်ပါတယ်။ အဲဒါနဲ့ ဆေးရုံကိုပြေးလာပြီးပြတော့ ၂၄ နာရီစောင့်ကြည့်ရမယ်ပြောပါတယ်။ ဘာဆေးမှတော့ မထိုးပေးပါဘူး။ သွေးတွေတော့ ၂ နာရီခြားတကြိမ် လာလာဖောက်ပြီးစစ်နေပါတယ်။ ဆီးလဲစစ်ရပါတယ်။ ခြေတောက်အနာနေရာက တစစ်စစ်ကိုက်ပြီး ယောင်ကိုင်းနေပါတယ်။ ညဆယ်နာရီလောက်ကတော့ဆေး ၃ မျိုး လာတိုက်ပါတယ်ရှင့်။ ခုမနက်ထိအိပ်မရပါဘူး။ အနာကကိုက်နေလို့ ခြေတောက်ကခြေဖမိုးကပျံ့ပြီး ယောင်ကိုင်းနေပါတယ်။ ထိမရဘူး။ ကျွန်မသိချင်တာက အဲအဆိပ်က ကိုယ်ဝန်အပေါ်ထိခိုက်နိုင်ပါသလားရှင့်။ ကလေးတခုခုဖြစ်နိုင်ပါသလား သိချင်လို့ပါဆရာ။ စိုးရိမ်လို့ပါ။

၆။ ဆရာ သမီး အခုညနေ ၆ နာရီက ကင်းခြေများကိုက်ခံရလို့ og က အဆိပ်ပြေဆေး၁လုံးထိုးပေးပါတယ်။ ဗိုက်ထဲက ကလေး ဘာဖြစ်နိုင်လဲဆရာ။ မွေးရင်ရောဘာဖြစ်နိုင်ပါသလဲဆရာ။ ကျေးဇူးပြု၍ဖြေပေးပါဆရာ။

အရေးအကြီးဆုံး ကင်းသုံးကင်းရှိတယ်လို့ ပြောကြတယ်။ Centipede ကင်းခြေများ၊ Scorpion ကင်းမြီးကောက်နဲ့ Black-earth Scorpion ကင်းမလက်မည်း (ကင်းပုစွန်) တွေကို ပြောကြတာ များတယ်။ တခြားကင်းတွေလဲ ရှိသေးတယ်။ Millipede ကင်းနားသန်၊ Scolopendra ကင်းစုန်း၊ Grass-lizard ကင်းလိပ်ချော။ နောက်ပြီး Cuttle fish ကင်းမွန်ကတော့ စားရတဲ့ငါးအုပ်စုထဲက ဖြစ်တယ်။ လူတယောက်ဟာ ကင်းသုံးကင်းမှာ တကင်းပြီးတယ်ပြောကြတယ်။ ဒီလို အကောင်တွေ ကိုက်ရင် သေတယ် ဆိုတာတော့ ရှားတယ်။ ဘယ်အကောင်ကိုက်ကိုက် ဖြစ်တာတွေကလဲ ဆင်တူသေးတယ်။ နည်းနည်း ခံရတာနဲ့ များများခံရတာတော့ ရှိမှာပေါ့။ အလာဂျီဖြစ်မှသာ ဆိုးတယ်။ အင်ပြင်ထတာကနေ ပျို့တာ-အန်တာအပြင် ရှော့ခ်ရတဲ့အထိ ဖြစ်နိုင်တယ်။

ကင်းခြေများ
စားလို့ရတာအကုန်စားတဲ့တရုတ်တွေက ကင်းခြေများကို ဝူကုန်းခေါ်တယ်လို့ ပြည်ပပို့ကုန် တင်သွင်းချင်သူတွေအတွက် ကြော်ကြာမှာ ရေးထားတယ်။ ကင်းခြေများဟာ ပိုးနသန်ကောင်နဲ့ မှားခေါ်တာခံရတတ်တဲ့အကောင်ဖြစ်တယ်။ အဆစ်ပေါင်း ၁၂-၁ဝဝ ဆစ်နဲ့ ခြေထောက်တွေ အများကြီးရှိတယ်။ ချွန်ထက်မာကျောပြီး၊ အမြီးနှစ်ခွမှာရှိတဲ့ (ဂလင်း) အိတ်က အဆိပ်ထွက်လာမယ်။ အကိုက်ခံရရင် နာမယ်၊ ရောင်မယ်၊ နီရဲနေမယ်၊ တခါတလေ အနီးအနားက တက်စေ့တွေ ရောင်လာမယ်။ ကိုက်တဲ့နေရာ ထုံကျင်နေမယ်။

စိတ်အေးအေးထားပါ။ အကိုက်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ရေနဲ့ ကောင်းကောင်းဆေးကြောလိုက်ပါ။ အရက်ပြန်-အရက် မသုံးပါနဲ့။ ရေခဲတင်ပေးပါ။ ၁ဝ မိနစ်တခါ တင်လိုက်၊ နားလိုက်လုပ်ပါ။ ၄၈ နာရီအထိ အဆိပ်ဒဏ်ခံရနိုင်တယ်။ ဒါထက်ကြာကြာ သိပ်ဆိုးဝါးသူတွေလဲ ရှိတတ်တယ်။ နာတာသက်သာအောင် Acetaminophen နဲ့ Ibuprofen တခုခုကို အစာနဲ့တွဲ သောက်ပါ။ ရောင်တာ၊ ယားတာသက်သာအောင် Hydrocortisone cream လိမ်းဆေး တခုခုလိမ်းပါ။ မေးခိုင်ကာကွယ်ဆေး ATT မထိုးရသေးရင် ထိုးပါ။ အနာဖြစ်သွားရင် ဆေးထည့်ပါ။ လိုအပ်ရင် ပိုးသေဆေးသောက်ပါ။ အဆိပ်ကနေ သေစေတယ်ဆိုတာ မရှိဘူး။ ဆိုးဝါးရင် အလာဂျစ်ဖြစ်ရင် အသက်ရှူရခက်လာမယ်၊ နှလုံးခုန်တာ မြန်လာမယ်၊ လည်ပင်းအစ်လာမယ်၊ အရေးပေါ်ဌာနသွားရသူတွေကို ဆေးစစ်ဆေးမှုတွေလုပ်မယ်။ အသက်ရှူကူဘို့လိုရင် လုပ်ပေးမယ်။ သွေးပြန်ကြောထဲ ဆေးသွင်းဘို့ လိုရင် လုပ်မယ်။ ဆေးလိုသူတွေကို ပေးမယ်။

ကင်းမြီးကောက်၊ ကင်းမလက်မည်း (ကင်းပုစွန်)
ကင်းကိုက်ခံရတာဟာ တိုးတက်ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေမှာ လူထုကျန်းမာရေး ပြဿနာတရပ် ဖြစ်တယ်။ နှစ်စဉ် လူ ၁့၂ သန်း အကိုက်ခံနေရတယ်လို့ စစ်တမ်းခုက ဆိုတယ်။ သူ့စာရင်းမှာ ၃၂၅ဝ ဦး သေဆုံးတယ်၊ မက်ဆီကိုမှာ တနှစ် လူ ၁ဝဝဝ သေပေမဲ့၊ အမေရိကမှာတော့ ၁၁ နှစ်အတွင်း ၄ ယောက်သာ သေတယ်။ အမျိုးအစားပေါင်း ၁၅ဝဝ လောက်ထဲမှာ လူကို ဒုက္ခပေးတာက ၃ဝ-၅ဝ ရှိတယ်။ တရိဂံပုံက ဆိုးတယ်။ ငါးမြှောင့်ပုံက မဆိုးလှဘူး။ ဥပမာ Buthidae family ဖြစ်တယ်။ အာရှမှာ တွေ့နိုင်တာတွေက Mesobuthus, Buthotus နဲ့ Androctonus တွေ ဖြစ်တယ်။

သာမန်ကာရှန်ကာ ဖြစ်တာကို ရှေးဦးသူနာပြုလုပ်တာ၊ အနာအကိုက် သက်သာဆေး၊ အင်တီဟစ်စ်တမင်းဆေးပေးတာနဲ့ ရတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အကိုက်ခံရရင်တော့ မပေါ့ရဘူး။ အဆိပ်သိပ်ပြင်းတဲ့ အရပ်ဒေသက အကောင်တွေအတွက် ဖြေဆေးဖေါ်ထားတယ်။ ဥပမာ အရီဇိုနာကင်းတွေအတွက် Antivenin ပေါ်နေပြီ။ ဆိတ်သွေးကနေ ဖေါ်ထားတာ။ တိရစ္ဆာန်ကနေမထုတ်တဲ့ Anascorp ဆေးကိုလဲ စမ်းသပ်နေတယ်။

အကိုက်ခံရပြီး သွေးပြန်ကြောကတဆင့် အဆိပ်ပြန့်သွားမယ်။ ၄-၇ မိနစ်မှာ လက္ခဏာတွေပြမယ်။ ၃ဝ မိနစ်မှာ အပြင်းထန်ဆုံးနဲ့ ၄့၂ ကနေ ၁၃့၎ နာရီအထိ ကြာနိုင်ပြီး၊ ကိုယ်ထဲကနေ ဆီးကတဆင့် ထွက်သွားမယ်။ Neurotoxin, Cardiotoxin, Nephrotoxin, Hemolytic toxin, Phosphodiesterases, Phospholipases, Hyaluronidases, Glycosaminoglycans, Histamine, Serotonin, Tryptophan, Cytokine releasers အဆိပ် အမျိုးမျိုး ပါနိုင်တယ်။

အကိုက်ခံရတဲ့နေရာမှာ စူးရှပြီး လောင်သလို နာမယ်။ ယားလာမယ်၊ နီရဲ-ရောင်လာမယ်။ အထက်တက်ပြီး ခံစားလာရမယ်။ လျှပ်စစ်ဓါတ်လိုက်သလို နေတယ်။ ရက်တွေ ကြာအောင် ခံစားနေရတတ်တယ်။ ဖြစ်တဲ့နေရာကို ခေါက်ကြည့်ရင် မခံနိုင်ဘူး။ သူ့အပေါ် အဝတ်တင်တာတောင် မခံချင်ဘူး။ အနီးအနားက တက်စေ့တွေ ရောင်တတ်တယ်။ အကိုက်ခံရတဲ့နေရာမှာ အဖုပေါက်နိုင်တယ်။ အနာလိုဖြစ်တာက ရှားတယ်။ Centruroides အကောင်းက အသက်သာဆုံးနဲ့ C exilicauda က အဆိုးဆုံး။

အာရုံကြောလက္ခဏာတွေ = ထုံတာကျင်တာ ခြေတွေလက်တွေမှာ ဖြစ်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ ဂရောင်ခြောက်ခြားဖြစ်မယ်၊ အမူအယာ မတူတာ ဖြစ်မယ်။ ကိုယ်ပူ၊ နှလုံးခုန်မြန်၊ သွေးဖိအားတက်၊ နှလုံးခုန် မမှန်၊ အဆုပ်ပွတာ၊ သွေးထဲမှာ အချိုဓါတ်များတာ။ လေပြွန်ကျဉ်း၊ နှလုံးခုန်နှေး၊ သွေးဖိအားကျ၊ သွားရည်များ၊ မျက်ရည်များ၊ ဆီးများ၊ အစာခြေရည်များ၊ ဝမ်းလျှော၊ နှာရည်များ၊ လေပြွန်ထဲ အရည်များ၊ ဆီး-ဝမ်း အထိန်းရခက်၊ လိင်အင်္ဂါ ပြန်မကျအောင် သန်မာ၊ အမြိုရခက်၊ သူငယ်အိမ်ကျဉ်း။

ဆိုမက်တစ်လက္ခဏာတွေ = ကြွက်သားတွေတင်း၊ စိတ်အလိုမပါဘဲ ကြွက်သားတွေလှုတ်၊

ခရေနီရယ် ဦးနှောက်အာရုံကြော လက္ခဏာတွေ = အပေါ်မျက်ခွံ အောက်ကျ၊ မျက်လုံး လည်-လှုပ်-ကြည့်မကောင်း၊ သူငယ်အိမ်ကျယ်၊ လျှာလှုတ်၊ အမြိုရခက်၊ သွားရည်များ၊

နှလုံး-လက္ခဏာတွေ = သွေးဖိအားတက်၊ သွေးဖိအားကျ၊ နှလုံးခုန်မြန်၊

အသက်ရှူလမ်းလက္ခဏာတွေ = အသက်ရှူမြန်၊ အဆုပ်ပွ၊

အလာဂျီလက္ခဏာတွေ = အင်ပြင်ထ၊ ဖူးရောင်၊ လေပြွန်တုန်ခါ၊ အနာဖလက်ဆစ်-ရှော့ခ်၊

အစာလမ်းလက္ခဏာတွေ = သွားရည်များ၊ အမျိုရခက်၊ ပျို့-အန်၊ အစာအိမ်တင်း၊ အစာခြေရည်များ၊ သကြားဓါတ်များ၊ အသည်းအဆိပ်သင့်၊

အဆင့်တွေ -
(၁) အကိုက်ခံရတဲ့နေရာမှာသာ နာတာနဲ့ ထုံကျင်တာ ၈၃%၊
(၂) အကိုက်ခံရတဲ့နေရာကနေ ဆက်ပြန့်ပြီး နာတာနဲ့ ထုံကျင်တာ ၉့၃%၊
(၃) ဦးနှောက်အာရုံကြောဖြစ်ဖြစ် ဆိုမက်တစ်အာရုံကြောဖြစ်ဖြစ် လက္ခဏာတွေရှိတာ ၄့၇%၊
(၄) ဦးနှောက်အာရုံကြောရော ဆိုမက်တစ်အာရုံကြော လက္ခဏာတွေပါ တွဲရှိတာ ၃%။

တိုင်းရင်းဆေးနည်း -
၁။ သံလွင်ဆီကို ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများစတဲ့ ကင်းအမျိုးမျိုးကိုက်ရင် ကင်းဆိပ်ဖြေဆေး အဖြစ် သုံးနိုင်တယ်။
၂။ ကြက်သွန်နီကို မီးဖုတ်၊ နွမ်းပျော့သွားတဲ့အခါ ငရုတ်ဆုံထဲ ကြိတ်ခြေပြီး၊ ထွက်လာတဲ့အရည်ကို လိမ်းပေးပါ။ အဖတ်ကိုလည်း အုံစည်းပေးထားနိုင်တယ်။
၃။ မန်းကျည်းစေ့ကိုသွေးပြီး လိမ်းပေးပါလို့ မှတ်သားရပါတယ်။

ဘုရားကု -
၁။ ပရိတ်ပရိကံ မြန်မာပြန် = သမ္မာဒေဝ နတ်ကောင်း-နတ်မြတ်တို့သည် မင်းဘေး၊ သူခိုးဓားပြဘေး၊ လူရိုင်း-လူပျက်ဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ခလုပ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော နက္ခတ်ဘေး၊ ဇနပုဒ်၌ ဖြစ်ပွားတတ်သော ကူးစက်ရောဂါဘေး၊ မတရားဘေး၊ အယူလွဲမှားဘေး၊ သူယုတ်မာဘေးနှင့် ကြမ်းတမ်းသော ဆင်၊ မြင်း၊ သားရဲ၊ နွား၊ခွေး၊ မြွေ၊ ကင်းမြီးကောက်၊ မြွေစိမ်း၊ သစ်၊ ဝံ၊ အောင်း၊ ဝက်၊ ကျွဲ၊ ဘီလူး၊ ရေစောင့်ဘီလူး တို့ကြောင့် ဖြစ်ပွားတတ်သော အထူးထူးသောဘေး၊ အထူးထူးသော ရောဂါ၊ အထူးထူးသော ဥပဒ္ဒဝေါများ မဖြစ်ပွားအောင် စောင့်ရှောက်တော်မူကြပါ။
၂။ ခန္ဓသုတ် (၇) = ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးတို့သည် မနှိုင်းယှဉ်အပ် မြင့်မြတ်တော် မူကြပါပေသည်။ မြွေ၊ ကင်းမြီးကောက် စသော တိရစ္ဆာန်တို့သည် နှိုင်းယှဉ်စရာ ကိလေသာ ပြည့်ဝ ယုတ်ညံ့ ကြကုန်၏။

ဆရာဝန်နည်း -
• ရှေးဦးသူနာပြုစုပါ။ အသက်ရှူလမ်း၊ သွေးစီးဆင်းမှု ကောင်းနေ-မနေ သိနေအောင် လုပ်ပါ။ အကိုက်ခံရတဲ့ နေရာကို မလှုတ်ရှားပါနဲ့။ လူနာကို နှစ်သိမ့်ပါ။ အကိုက်ခံရတဲ့နေရာကို ရေဆေးပါ။ ဆပ်ပြာဘဲ သုံးပြီး အရက်ပြန် မသုံးရပါ။
• ၂ နာရီ အတွင်းဆိုရင် ရေခဲတင်ပါ။ အဆိပ် ဆက်မပြန့်စေဘူး၊ သွေးကြောတွေကို ကြုံ့စေမယ်။
• အလာဂျီရလို့ လည်ပင်း ရောင်တဲ့သူဆိုရင် အစာမစားစေနဲ့။
• အနာသက်သားဆေး ပေးနိုင်တယ်။ ဘိန်းပါတာ၊ မူးယစ်စေတာ မပေးပါနဲ့။
• လေစုပ်ကရိယာကို သုံးနိုင်တယ်။ ထိရောက်မှု သိပ်တော့ မသေခြာလှဘူး။ ပါးစပ်နဲ့ မစုပ်ရ။
• လက်ကောက်ဝတ် သွေးခုန်တာ၊ နှလုံးခုန်တာ၊ အသက်ရှူတာတွေကို စစ်ဆေးစောင့်ကြည့်နေပါ။
• ဆေးရုံကို မရောက်နိုင်မီ အကိုက်ခံရတဲ့နေရာ အထက် ၁ လက္မအကွာမှာ ကြိုးချည်ပေးပါ။ ဒီလိုလုပ်တာက အကိုက်ခံရတဲ့ နေရာအတွက်တော့ ပိုဆိုးစေနိုင်တယ်။
• ကိုက်တဲ့နေရာမှာ ထုံဆေးလိမ်းပါ။ အနာကို ပိုးမဝင်အောင် ဆေးထည့်ပါ။
• လိုအပ်ရင် အောက်စီဂျင် ပေးမယ်။
• လိုအပ်ရင် သွေးပြန်ကြောထဲ ဆေးသွင်းတာ လုပ်ပေးမယ်။
• Insulin ဆေးလဲ လိုရင်ပေးနိုင်တယ်။
• Shock and Edema အတွက် Steroids ပေးနိုင်တယ်။
• အင်တီဟစ်တမင်းဆေးအုပ်စုထဲက Cimetidine နဲ့ Diphenhydramine ကို သုံးနိုင်တယ်။
• မေးခိုင်ကာကွယ်ဆေး ATT ထိုးပါ။ ပိုးမဝင်အောင် ပိုးသေဆေးပေးပါ။
• Diphtheria-tetanus toxoid နဲ့ Tetanus immune globulin (TIG) ဆေးတွေ သုံးဘို့ လိုတတ်တယ်။
• Benzodiazepines ကြွက်သားပျော့ဆေး သုံးနိုင်တယ်။
• Lorazepam (Ativan) စိတ်သက်သာရာ ရစေဘို့သုံးနိုင်တယ်။
• Midazolam နဲ့ Pentobarbital ဆေးတွေကို တက်တာမဖြစ်အောင်၊ အိပ်သွားစေအောင် သုံးတယ်။
• Bupivacaine (Marcaine) ကိုက်တဲ့နေရာမှာ နာတာအတွက် သုံးတဲ့ထုံဆေးဖြစ်တယ်။
• Labetalol, Prazosin, Hydralazine နဲ့ Norepinephrine ဆေးတွေကို သွေးဖိအားတက်တာအတွက် သုံးတယ်။
• Atropine, Milrinone နဲ့ Dobutamine ဆေးကို နှလုံးရပ်မသွားစေအောင် သုံးနိုင်တယ်။
• Antivenom အဆိပ်ဖြေဆေးရှိရင် ပေးတာ အကောင်းဆုံးဖြစ်တယ်။

ခံစားရတာတွေဟာ မိနစ်ပိုင်းကနေ ၃ ရက်အထိ ကြာနိုင်တယ်။ သေတဲ့အထိဖြစ်ရတာက အသက်ရှူလမ်းမှာ ဆိုးဝါးလာလို့ ဖြစ်တယ်။ အနာဖလက်ဆစ်ရှော့ခ်ကြောင့် လေပြွန်ကျဉ်းတာ၊ လေပြွန်ထဲ လည်ချောင်းထဲမှာ အရည်တွေထွက်တာ၊ အသက်ရှူရာသုံးတဲ့ ကြွက်သားကြီး လေဖြတ်တာတွေ ဖြစ်တယ်။ ချက်ချင်းထိထိရောက်ရောက် ဆေးကုရမယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

အခရိုမီဂါရီ – လူ့ဘီလူးရောဂါ


Acro-megay ဆိုတာ ဂရိစကား akaros က လာတာဖြစ်ပြီး Extreme ဆိုတဲ့ အစွန်းအဖျား megalos ဆိုတဲ့ large ကြီးခြင်း၊ လူ့ခန္ဓာရဲ့ အစွန်းအဖျားများ ကြီးထွားခြင်းအင်္ဂါစုလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့ အတွက် anterior pituitary gland အရှေ့ပီကျူထရီဂလင်းက ကြီးထွားဟော်မုန်းတွေ ထုတ်ပေးရာမှာ Puberty ခေါ်တဲ့ လူပျို၊ အပျိုဝင်ပြီး နောက်ပိုင်းကစပြီး ဒီဟော်မုန်းတွေ လျော့ကျသွားရပါတယ်။ Epiphyseal plate closure ခေါ်တဲ့ အရိုးထိပ်ဖျားလေးများ ဆက်လက်မကြီးထွားနိုင်တော့ပါဘူး။
ဒါပေမဲ့ ကြီးထွားစေတဲ့ Growth hormone ခေါ်တဲ့ ဟော်မုန်းတွေက အဆမတန် ထွက်နေရင်တော့ ဒီလိုရောဂါမျိုး ဖြစ်တတ်ပါတယ်။ Pututory adenoma ခေါ် ပီကျူထရီဂလင်းအကျိတ်ဖြစ်ရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ Acromegaly ရောဂါဟာ အသက် အလယ်အလတ်ပိုင်း လောက်မှာ သိသာစွာ ကြီးထွားဖွံ့ဖြိုး လာတတ်တာကိုတွေ့ရပါတယ်။ ဖြေးဖြေးရှင်း ကြီးထွားလာတာမို့ ထွားကျိုင်းတယ်လို့ ထင်တတ်ကြပါတယ်။ သေချာစွာ စစ်ဆေးကုသနိုင်သော်လည်း မဟုတ်ရင်တော့ အသက်ဆုံး ရတတ်ပါတယ်။ ဒီရောဂါကို Gigantism လူ့ဘီလူးရောဂါလို့လည်းခေါ်ကြပါသေးတယ်။ ရောဂါက တဖြည်းဖြည်းဖြစ်နေ တာမို့ မျက်နှာ၊ ခြေလက်တွေ ထူးခြားစွာ ပြောင်းလဲလာတာ၊ အရပ်နဲ့ကိုယ်အလေးချိန် ကြီးထွားလာတာတွေ တွေ့ရမှ သတိပြုမိကြပါတယ်။ ရောဂါလက္ခဏာအနေနဲ့ –
၁။ အသားပျော့များ ကြီးထွားရောင်ရမ်းလာတဲ့အတွက် မျက်နှာ၊ ခြေ၊ လက်၊ နှာခေါင်း၊ နားရွက်၊ နှုတ်ခမ်းများ ထူထဲလာခြင်း၊ တစ်ကိုယ်လုံးက အရေပြားများ ထူထဲကြမ်းတမ်းလာခြင်း။

၂။ ထိုသို့ဖြစ်မှသည် ကိုယ်တွင်းအင်္ဂါများမှာ ဖြစ်တဲ့အတွက် နှလုံးကြွက်သားများ ထူထဲမာကျောလာခြင်း၊ ကျောက်ကပ်မှာလည်း အလားတူဖြစ်လာခြင်း၊ Vocal cord ခေါ် အသံအိုးမှာ ပြောင်းလဲလာမှုကြောင့် ထူးခြားတဲ့ အသံသြကြီးများ ဖြစ်လာခြင်း။

၃။ ဦးခေါင်းငယ်ထိပ်နေရာမှာ ကျယ်ပြန့်လာခြင်း။

၎။ မျက်ခုံး၊ မေးရိုး၊ တံတောင်ဆစ် စသည်တို့ တိုးထွက်လာခြင်း။

၅။ အထူးသဖြင့် မေးရိုးကြီးထွားငေါထွက်လာမှုနှင့်အတူ လျှာထူထဲကြီးထွားလာခြင်း၊ Macroglossia သွားများအကြား ကွာဟလာခြင်း။

၆။ Hypertichosis ခေါ် အမွှေးအမျှင်ထူထပ်ခြင်း။ Hyperthydrosis ခေါ် ချွေးပေါက်ထွက်လွန်ခြင်း၊ hyperpigmentation ခေါ် အရေပြားတွင် အစက်ပြောက်များထွက်ခြင်း။

၇။ အရေပြားတွင် အကျိတ်ငယ်များထွက်ခြင်း။

၈။ Carpal tunnel syndrome ခေါ် လက်ဖဝါးရှိ လက်ချောင်းကလေးများ ထုံကျဉ်နာကျင်ကိုက်ခဲခြင်း စသည်တို့ကို တွေ့ရလေ့ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းသောရောဂါရှင်များဟာ pituitary adenoma ခေါ် ဦးခေါင်းအတွင်းရှိ အကျိတ်ကြောင့်ဖြစ်ကြပါတယ်။ အကျိတ်က ကြီးလာသည်နှင့်အမျှ ဘေးမှာရှိတဲ့ ဦးနှောက်နေရာများကို ဖိလာတဲ့အတွက် ခေါင်းကိုက်တာ၊ အမြင်ထိခိုက် ဆုံးရှုံးတာတွေ ဖြစ်လာပါတယ်။ Growth hormone တွေ မလိုလားအပ်တဲ့ ထွက်လာခြင်းနှင့်အတူ အခြားဟော်မုန်းများပါ ထွက်လာလို့ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်လာပါတယ်။ သားသမီးမြုံတာ မီးယပ်မပေါ်တာ စသည်တို့ ဖြစ်လာတတ်ပါတယ်။ နောက်ပိုင်းမှာ မျက်စိမမြင်တော့တာ၊သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ထိခိုက်ခြင်း colorectal cancer ခေါ် အူမကြီးကင်ဆာ စသည်တို့ပါ ဖြစ်လာတတ်ပါတယ်။ ရောဂါကိုတိကျစေဖို့IGF 1 ခေါ် ဟော်မုန်းစစ်ဆေးခြင်း၊ MRI နဲ့ အခြားလိုအပ်သော စစ်ဆေးမှုများ
ပြုလုပ်နိုင်ပါတယ်။ ရောဂါကိုတွေ့ရင် ခွဲစိတ်ကုသခြင်း၊ ဆေးဝါးများဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည် ကုထုံးဖြင့် လိုအပ်သလို ကုသနိုင်ပါတယ်။

Healthcare.com.mm

Ref:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Myawady Health
https://www.facebook.com/pg/myawadyhealth

လေမဖြတ်ရအောင် ကြိုတင်ကာကွယ်နည်း


လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကိုမကြာခဏတောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေ
လိုက်ပါတယ်။
ရှောက်ရွက်ဟာလေမဖြတ်အောင်ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာအချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကိုမကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၁။ ရှောက်ရွက် (၇) ရွက်ခန့်ကိုရေစင်အောင်ဆေးပြီးမတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကိုလောင်းထည့်၊ အဖုံးအုပ်ထားပြီးအေးသွားလျှင် သောက်
ပေးနိုင်ပါတယ်။တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိရေထပ်ထည့်ပြီး အခါးဓါတ်
မကုန်မချင်းသောက်ပေးနိုင်ပါတယ်။ (အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကိုအနည်းငယ် ခပ်ပြီးသောက်နိုင်ပါတယ်)

၂။ ရှောက်ရွက်ကိုပါးပါးလှီးပြီး ဟင်းရည်ထဲထည့်သောက်နိုင်ပါတယ်။

၃။ အသုပ်မျိုးစုံတို့ကိုလည်း ထည့်ပြီးစားနိုင်ပါတယ်။

၎။ ရှောက်ရွက်ကိုအစိမ်းစားလျှင် ပိုမိုထိရောက်သည့်အတွက် ရေစိမ်သောက်တဲ့နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲထည့်စားခြင်းသည် ပို၍ကောင်းမွန်းပါသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

Pregnancy Signs ကိုယ်ဝန်ရှိခြင်းလက္ခဏာများ


ဆရာရှင့် ကိုယ်ဝန်လက္ခဏာတွေက ဘာတွေပြတတ်သလဲရှင့်။ သမီး ၈ လပိုင်း လအစက ရာသီဆင်းပါတယ်ရှင့်။ သမီး ဘာဆေးမှ မသုံးပါဘူးရှင့်။ အခုရက်ပိုင်း အစားတွေအရမ်းစားပါတယ်။ ဆီးလည်းခဏခဏသွားပါတယ်။ မနေ့က ဆေးခန်း သွားပြပါတယ်။ ဆီးစစ်ကြည့်တော့ မျဉ်းတကြောင်းပဲ ပေါ်ပါတယ်ရှင့်။ ဆရာမကတော့ ကိုယ်ဝန်နုရင်လည်း မပေါ်သေးဘူး ပြောပါတယ်။

ကိုယ်ဝန်ကိုသံသယရှိရင် နောက် ၄-၅ ရက်မှာ ဆီးထပ်စစ်ပါ။ ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလည်း နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ လလည်ရက်နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလည်းလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နည်းနည်းထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လည်း အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလည်းလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုပ်တာကို အများဆုံးက ၂ဝ ပါတ်ကျော်မှသာသိတယ်။၊ ၁၃-၂၅ ပါတ်အထိလည်းဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ အာလ်ထွာဆောင်းရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ အာလ်ထွာဆောင်းနဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ ခေါင်းကိုက်တာ၊ စိတ်မူပြောင်းတာ၊ စိတ်တိုတာ၊ ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။ ဝမ်းချုပ်တာ Progesterone ဟော်မုန်းကြောင့် ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ ဗဂျိုင်းနားနံရံတွေက ပိုထူလာတယ်။ ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလည်း အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင်ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိခြင်းလက္ခဏာတွေရှိချင်ရှိနေပေမဲ့ ဆီးစစ်မှသာ အသေအချာပြောနိုင်ပါတယ်။ ဆီးစစ်နည်းကို စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပတ်နေလို့ မလာသေးရင်စစ်ပါ။ ကိုယ်ဝန်ရှိမယ် ထင်ပေမဲ့ အနုတ်ပြနေရင် နောက် ၄-၅ ရက်အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလည်း မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလည်းရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။ တချို့ဆေးညွှန်းတွေက ၇ ရက်စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ်ဖြစ်နေမယ်၊ ရာသီလည်းမလာသေးရင် ဆရာဝန်စမ်းဘို့လိုမယ်။ အာလ်ထွာင်းဆောင်း ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ


လေးစာရပါသောဆရာ ကျွန်မအသက်က ၂၇ပါ။ ကိုယ်ဝန် ၈ ပတ်ထဲမှာပါဆရာ။ အရမ်းတော့မအန်ပါဘူး။ ဘာမှစားမဝင်တာရက် ၂၀ ကျော်နေပါပြီဆရာ။ ဆရာဝန်တွေပေးတဲ့ဆေးက အခုမသက်သာသလိုခံစားနေရပြီး တံတွေး ခဏခဏထွေးနေလို့ အားတော်တော်ရုတ်နေပါတယ်။ တံတွေးထွေးရလွန်းလို့ လည်ချောင်းထဲမှာ တမျိုးမျိုးခံစားနေလို့ ကျေးဇူးပြု၍ကူညီပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ကိုယ်ဝန်အတွက်စိုးရိမ်ရပါသလားဆရာ။ သက်သာအောင် လမ်းညွှန်းပြသကူညီပါဆရာ။

ဖြေတဲသူဆီမှာက မနက်ထ၊ မေးတဲ့သူဆီမှာည။ ရောဂါအမည်က အိပ်ရာထရောဂါဆိုပေမဲ့ အချိန်မရွေးခံစားရနိုင်ပါတယ်။ ဆောရီး။ ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို ကိုယ်ဝန်ရှိစအိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပါတ် ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်မယ်၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန်တိုးလာမယ်။ အနေအထိုင်ခက်ခဲလာမယ်။ အရေပြား ပြောင်းလည်းမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများနဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။

မိခင်လောင်းမှာ အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလည်း မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန်ကျမယ်။ Alkalosis အယ်လ်ကာလီဓါတ်များတာ နဲ့ Hypokalemia ပိုဆက်ဆီယမ်နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။

ဘာလို့ဖြစ်သလဲ
အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ အီစထိုဂျင်ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအချာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓါတ်နည်းလို့လည်း ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။ ပရိုဂျက်စတီရုန်းများလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလည်း အဲလိုလျှော့စေမလား ထင်ရတယ်။ HCG ဟော်မုန်းများတာလည်း စဉ်းစားတယ်။ အသည်းအင်ဇိုင်းမ်များလာတာကြောင့်လားလည်း စဉ်းစားတယ်။ ကာကွယ်စနစ်အနေနဲ့လည်း စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေးတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလည်း တနည်းတလမ်းနဲ့ ကာကွယ်တာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ထုတ်တဲ့သဘော ဖြစ်မလား ယူဆတယ်။

ဘယ်လိုကုသမလဲ
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလည်း မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ ဖိုင်ဘာများတာ စားပေးပါ။ အဆီလည်းစားဘို့လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလည်း အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လည်းလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေက အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။ ထမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊
အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊
• ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလည်းသုံးနိုင်တယ်။
• Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။
• ဗီတာမင် ဘီ ၆ 50 mg သောက်ပါ။
• ဆားဓါတ်ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလည်း အန်ရင် Ringer Lactate drip သွင်းပါ။

ကိုယ်ဝန်ရင့်လာရင် ဖြစ်တတ်တာတွေအတွက်
• ခါးနာရင် အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ၊ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲရင် ခါးမတ်မတ် ထိုင်ပါ။ အိပ်ရင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ရင် ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာရင် ကယ်လ်စီယမ်ဆေးစားပါ။ လှုပ်ရှားရင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ရင် မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ရင် တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• သွေးပြန်ကြောထုံးရင် ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိတ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ရင် ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမယ်၊ နာမယ်၊ တင်းမယ်။ ထိပ်ဖျား အရောင် ရင့်လာမယ်။ ထိပ်ဖျားဝင်နေရင် ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမယ်။ ရင်သားတွင် အလုံး-အကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
• ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။

ကိုယ်ဝန်ဆောင် ဆေးပညာစာတွေ အများကြီးရေးထားတယ်။ လိုတာကို ဘလော့ (သို့) စာအုပ်မှာ ဖတ်ပါ။ ကိုယ်နဲ့မဆိုင်တဲ့ မူမှန်မဟုတ်တာတွေကို မဖတ်ပါနဲ့။

Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း http://doctortintswe.blogspot.com/2014/11/pregnancy-and-vomiting.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

လွယ်ကူပြီးထိရောက်တဲ့ မျက်နှာပေါင်းတင်နည်း


အားလပ်ရက်တွေမှာ အပြင်မထွက်ဘဲ အိမ်မှာနားနေရင်းနဲ့ အသားအရည် ထိန်းသိမ်းလိုသူတွေရှိမှာပါ။ ငွေနည်းနည်းနဲ့ နူးညံ့ဖြူစင်တဲ့ မျက်နှာလေးရဖို့ အိမ်မှာပဲ ကိုယ်တိုင် ပေါင်းတင်ကြည့်ရအောင်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥတစ်လုံး၊ သခွားသီးတစ်ဝက်၊ ဒိန်ချဉ် ၁ ဇွန်းနဲ့ သံပုသီးအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ပေါင်းတင်ဖို့ ဒါတွေကို ပေါင်းစပ်ရမှာပါ။

ကြက်ဥကိုတော့ အကာပဲယူပါမယ်။ သခွားသီးကို blender ထဲမှာ ကြိတ်လိုက်ပါ။ ကြက်ဥအကာ၊ ကြိတ်ထားတဲ့ သခွားသီးအနှစ်၊ ဒိန်ချဉ်တို့ကို ရောစပ်ပြီး သံပုရာရည် သုံးစက်ခန့် ထည့်ကာ ရောမွှေပေးပါ။

ကြက်ဥအကာက အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။ အစိုဓာတ် ဖြည့်ပေးတဲ့ သခွားသီးနဲ့ ဒိန်ချဉ်ကတော့ အသားအရေကို ဖြူစင် ကြည်လင်စေပါတယ်။

အဆီပြန်ခြင်းတွေ ပျောက်ကင်းစေနိုင်စွမ်းရှိတဲ့ သံပုရာကြောင့် သဘာဝ ပေါင်းတင်ဆေးက အစွမ်းထက်လှပါတယ်။

ပေါင်းတင်ဆေး ပြုလုပ်ပြီးပြီဆိုရင်တော့ မျက်နှာပေါ်မှာ သုတ်လိမ်းပေးပြီး နာရီဝက်ကြာမှ ရေဆေးပေးရမှာ ဖြစ်ပါတယ်။ ပေါင်းမတင်မီ ဓာတ်ပုံ ရိုက်ထားပါ။ ပေါင်းတင်ပြီးမှ ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ယှဉ်ကြည့်ပါ။ ပိုမိုဝင်းပဖြူစင်တာကို သိသိသာသာ မြင်ရပါလိမ့်မယ်

အောင်မြင့်မြတ်(Myanmar Youths)
Myawady Health
https://www.facebook.com/pg/myawadyhealth

ပါးစပ်နံ့ နံတတ်တဲ့သူတွေ


ပါးစပ်နံတာဟာ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်ကို လုပ်နေတဲ့သူတွေ အတွက်တော့ တကယ်ကို စိတ်ညစ်စရာပါ။ ကိုယ့်ပါးစပ်က နံနေတတ်ရင် လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကင်းမဲ့စေပြီး စိတ်ကျဉ်းကျပ်နေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

ပါးစပ်နံ့ နံတတ်တဲ့သူတွေမှာ သွားဘယ်လောက်တိုက်တိုက်၊ Mouthwash ဘယ်လောက်သုံးသုံး၊ အဲဒါတွေ အနံ့ပြယ်သွားတဲ့ အချိန်မှာ ပြန်ပြီး နံလာတတ်ပါတယ်။ အများအားဖြင့် ပါးစပ်နံခြင်းရဲ့ အဓိကတရားခံကတော့ ပါးစပ်ထဲမှာခိုအောင်းနေတဲ့ ဘက်တီးရီးယားပိုးတွေက အစားစားလိုက်တဲ့အခါမှာ ပါလာတဲ့ ပရိုတင်းဓါတ်တွေကို ဖြိုခွဲပစ်တာကြောင့်ပါ။

ပါးစပ်နံခြင်းပာာ လူ ၁၀၀ မှာ ၃ ယောက်လောက် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ပါးစပ်နံတာပာာ ပါးစပ်ထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားများကြောင့် အများဆုံးဖြစ်နိုင်သော်လည်း အခြားဖြစ်နိုင်တာတွေ ကတော့ ရောဂါများ (ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ)၊ ဆေးဝါးများ (အချို့ဆေးတွေပာာ ပါးစပ်ကို ခြောက်နေစေပါတယ်။ ပါးစပ်ခြောက်နေရင် ပါးစပ်က အနံ့ထွက်ပါတယ်။)၊ အစားအသောက်များ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ)၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးဝါးတာ (အရေးအကြီးဆုံးပါပဲ။ ဆေးလိပ် သောက်တတ်သူတွေ၊ ဆေးရွက်ကြီး ၀ါးတတ်သူတွေမှာ ပါးစပ်အနံ့ ဆိုးတတ်ပါတယ်။)

ပါးစပ်နံနေတာကို ဘယ်လိုသိနိုင်မလဲ

ကိုယ့်ပါးစပ်ကထွက်တဲ့ အနံ့ကို ပြန်ရှူတာက မှန်ကန်တဲ့အခြေအနေကို မသိနိုင်ပါဘူး။ အများစု လုပ်တတ်တာက လက်၂ ဖက်ကြားထဲကို အသက်ရှူပြီး ပြန်ရှူကြည့်တတ်ကြပါတယ်။ အဲဒီနည်းက မှန်ကန်တဲ့အနံ့ကို မရနိုင်ပါဘူး။ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုကတော့ အမှန်ပြောမယ်လို့ ယုံကြည်ရတဲ့သူကို အနံ့ခံခိုင်းကြည့်ဖို့ပါ။ နောက် တနည်းကတော့ သင့်ရဲ့ လက်ခုံပေါ်ကိုလျှာနဲ့ လျက်လိုက်ပါ။ ခြောက်သွားတဲ့အချိန်ကို စောင့်ပါ။ ပြီးရင် အနံ့ခံ ကြည့်ပါ။ အဲဒီအနံ့ပာာ သင့်ရဲ့ ပါးစပ်နံ့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

၁။ ခံတွင်းကို သန့်ရှင်းစွာထားပါ။

အစာစားပြီးတိုင်း သွားတိုက်တဲ့ အလေ့အထ လုပ်ပါ။ အဲလိုမှ မလုပ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ တစ်နေ့ကို ၂ခါလောက်တော့ သွားတိုက်ပါ။ တစ်ခါတိုက်ရင် အနည်းဆုံး၂ မိနစ်လောက်ကြာအောင် တိုက်ပါ။ သွားတိုက်တဲ့နေရာမှာ သွားတင်မကဘဲ လျှာ၊ ပါးစောင်ကိုပါ တိုက်ပါ။ သွားကြိုးကို အသုံးပြုပြီး အစာစားပြီးချိန်မှာ သန့်ရှင်းပေးပါ။ သွားကြားတွေထဲမှာ ညပ်ကျန်နေတဲ့ အစာတွေပာာ ပါးစပ်နံတတ်တဲ့အတွက် ကြိုးအသုံးပြုပြီး ရှင်းပေးပါ။

သွားတိုက်တိုင်းမှာ လျှာခြစ်တံကိုပါ အသုံးပြုပါ။ သွားတိုက်တံကို ၂ လ ၃လမှာ တစ်ကြိမ် လဲပေးပါ။ သွားတိုက်တဲ့ အချိန်မှာ အတင်းကြီး ဖိတိုက်တာပာာ အကျိုးမရှိစေပါ။ သွားဖုံးတွေကို ပျက်ဆီးပြီး ခံတွင်းနံ့နံတာ ပိုတောင် ဆိုးလာပါဦးမယ်။ နည်းလမ်းမှန်မှန်နဲ့ ညင်ညင်သာသာ တိုက်ပါ။

၂။ မချိုတဲ့ပီကေ ၀ါးပါ။

ပီကေ၀ါးခြင်းပာာ သွားရည်ဂလင်းတွေကို သွားရည်ထွက်အောင် လှုံဆော်ပေးနိုင်တဲ့အတွက် ပါးစပ်ကို စိုစွတ်နေစေပြီး သန့်ရှင်းနေစေပါတယ်။

၃။ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကို လုံးဝရှောင်ကြဉ်ပါ။

၎။ ပိုးသတ်ဆေးပါတဲ့ ပါးစပ်သန့်စင်ဆေးရည်ကို အသုံးပြုပြီး တစ်နေ့ကို အနည်းဆုံး၂ကြိမ်ခန့် ပါးလုပ်ကျင်းပါ။

၅။ သွားဆရာဝန်ဆီ တစ်နှစ်ကိုအနည်းဆုံး နှစ်ခေါက်လောက်တော့ သွားပါ။ သွားဆရာဝန်က သင့်ရဲ့ ခံတွင်းကိုသေချာစမ်းသပ်ပေးပြီး ခံတွင်းရောဂါတွေ ရှိနေရင်လည်း ကုသပေးနိုင်ပါတယ်။

၆။ ရေများများသောက်ပါ။ ရေများများသောက်ခြင်းပာာ ပါးစပ်ကို စိုစွတ်နေစေတဲ့အတွက် ပါးစပ်နံတာကို သက်သာစေပါတယ်။

၇။ မိမိစားသောက်တဲ့ အစားအသောက်တွေကို မှတ်ထားပါ။ မိမိစားသောက်တဲ့ အထဲက ပါးစပ်နံစေတယ်လို့ ထင်တဲ့ အစားအသောက်ကို မှတ်ထားပြီး ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဒီအတိုင်းပဲ ဆေးဝါးတွေ သောက်သုံးနေတာ ရှိရင်လည်း အဲဒီဆေးဝါးစာရင်းကို ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ခံတွင်းနံ့နံနေတာပာာ အထက်ပါနည်းလမ်းတွေကို လုပ်ကြည့်လို့မှ မသက်သာလာဘူး ဆိုရင်တော့ မူရင်း အကြောင်းခံရောဂါ တစ်မျိုးမျိုးရှိနေနိုင်တဲ့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင် စစ်ဆေးသင့်ပါတယ် ခင်ဗျာ။

Credit : ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ
Myawady Health
https://www.facebook.com/pg/myawadyhealth

Cough Syrups ချောင်းဆိုးပျောက်ဆေးများ


၁။ ဆရာခင်ဗျာ Dextromethorphan ဆေးလေးအကြောင်းစုံသိချင်ပါတယ်။ အရင်တုန်းက ကြိုက်နှစ်သက်လို့ နှစ်ချီစွဲခဲ့ပြီး အတော်တော်ဖျက် (ဖြတ်လို့ရေးရတယ်) ခဲ့ရဖူးပါတယ်။ google မှာရှာပြီး အကြောင်းအရာတွေကို သိထားပေမယ့် မစုံလင်သေးဘူးထင်လို့ပါ။ လူငယ်တွေကိုလည်း သိစေချင်လို့ ရေးပေးပါရန် မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

၂။ ဆရာရှင့် သမီးက ယခင်ကတည်းက ရာသီဥတုအပြောင်းအလဲနဲ့ ရာသီဥတုအေးလာပြီဆိုရင် နှာစေးတတ်ပါတယ်။ အခုကိုယ်ဝန်ဆောင်ချိန်မှာလဲဖြစ်နေပါတယ်။ နေမကောင်းပါဖြစ်ချင်နေပါတယ်။ ဘယ်လို ဆေးဝါးမျိုး သုံးသင့်ပါသလဲရှင့်။
- Common cold အကြောင်း မနေ့ကတင် တင်ထားပါတယ်။
- ကျေးဇူးပါဆရာ။ ဆရာ့ post common cold ကိုဖတ်ပြီးပါပြီရှင့် အခုဆေးဆိုင်ကညွန်းတဲ့ဆေး Bronchest ကို ကိုယ်ဝန်ဆောင်ချိန်မှာရော သောက်လို့ရပါလားရှင်။ အခုချောင်းဆိုးရင်ကျပ်ပြီး နှာစေးနေလို့ပါရှင့်
- Bronchest ထဲမှာ ဘာတွေပါလဲ ရှာမရပါ။ ဆရာဝန် OG ကညွှန်တာသာသင့်ပါမယ်။
- Dextromethorphan HBr 15mg, Glyceryl Guaiacolate 100mg, Terphin Hydrate 200mg, Brompheniramine Malware 2mg တို့ပါတယ်လို့ ရေးထားပါတယ်ဆရာ။
- Dextromethorphan has been assigned to pregnancy category C by the FDA. Animal studies have revealed evidence of teratogenicity. Dextromethorphan is only recommended for use during pregnancy when benefit outweighs risk.
- ကိုယ်ဝန်ဆောင်မှာ အဲဒီဆေး မသုံးသင့်ပါ။ ကလေးမွေးရာပါချို့ယွင်းချက်ရမလား စိုးရိမ်ရတယ်။
- ကျေးဇူးပါဆရာ။

ချောင်းဆိုးတာက အမျိုးမျိုးရှိတယ်။ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်ပြီးဆိုးတာနဲ့ ရင်ကျပ်ပြီးဆိုတာ။ ရောဂါအလိုက် ရွေးရမယ်။ Expectorant ချွဲရှိနေသူတွေကိုပေးတာက ချွဲကိုတမင် မထွက် ထွက်အောင် လုပ်ပေးတာမျိုး ဖြစ်တယ်။ ချွဲဆိုတာ အထဲမှာရှိနေရင် ထွက်လာမှ ကောင်းတယ်။ Dry cough လည်ချောင်းယားလို့ ဆိုးတဲ့သူကို အဲလို ချောင်းဆိုးပျောက်ဆေး မပေးရပါ။ ချောင်းဆိုးပျောက်ဆေးတွေမှာ သတိပေးချက်တွေရှိပါတယ်။ ကလေးတွေအတွက် ဘေးထွက်ဆိုးကျိုးတွေသာမက ထိရောက်မှုအတွက်ပါ မေးစရာတွေ ရှိတယ်။ Antitussive medicines အမျိုးအစားထဲမှာ အင်တီဟစ်တမင်း၊ dextromethorphan နဲ့ codeine or hydrocodone ကိုဒင်းတွေပါတယ်။ ကိုဒင်းဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်။ သူများနိုင်ငံမှာ ဆရာဝန် လက်မှတ်နဲ့သာ ရောင်းရတယ်။ ချောင်းဆိုးပျောက်ဆေး အများစုထဲမှာ အရက်ပါသေးတယ်။ ပန်းနာဆိုရင် အကျပ်သက်သာဆေးပါတာမျိုးမှ သင့်တယ်။ Ephedrine/Aminophylline/Salbutamol ဆိုတာမျိုး ပါမယ်။ မူးယစ်စေတာမျိုးကို အလုပ်ချိန်၊ ကျောင်းချိန်ကိုကြည့် သောက်ရမယ်။ ချောင်းဆိုးစေတဲ့အကြောင်းတွေက မတူပါ။ ရာသီဥတုကြောင့်ဖြစ်တာက များတယ်။ အလာဂျီအတွက် သောက်ဆေးကို ပိုအားကိုးရတယ်။ ပိုးဝင်တာမှာလဲ ဗိုင်းရပ်စ်ကြောင့် ပိုများတယ် ပိုးသေဆေး မလိုပါ။ ဥပမာ အအေးမိတာ၊ ဥတုကြောင့်ဖြစ်တာ။ဗက်တီးရီးယားကြောင့် လေပြွန်ရောင်၊ အဆုပ်ရောင်နဲ့ နူမိုးနီးယားဖြစ်ရင်တော့ ပိုးသေဆေးကို ချောင်းဆိုး ပျောက်ဆေးထက် ပိုအားကိုးရပါမယ်။

လည်ချောင်းနဲ့ လေပြွန်မကြီး ရောင်တာကို Croup ခရော့ပ်လို့လဲ ခေါ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်တယ်။ အသံသြမယ်၊ အသက်ရှူသံ ဆူညံနေမယ်၊ စူရှပြီး ဟောင်သလို ချောင်းဆိုးမယ်။ ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ သူ့ဖါသူလဲ ပျောက်တယ်။ စတီရွိုက်ဆေးပေးနိုင်တယ်။ ရောင်နေတာတွေ လျှော့စေမယ်။ Nebulized epinephrine (Adrenaline) ဆေးကိုလဲ သုံးနိုင်တယ်။

နှာခေါင်းပိတ်နေတာကို Decongestants ဆေးက သက်သာစေတယ်။ စားဆေး၊ ထည့်ဆေးရှိတယ်။ (စတီရွိုက်) အစက်ချ နဲ့ ပန်းဆေး၊ Mucolytics အချွဲပျော်ဆေး၊ အင်တီဟစ်စတမင်းဆေး နဲ့ Penicillin, Amoxycillin ပဋိဇီဝဆေးတွေနဲ့ ကုသတယ်။ နှာခေါင်းထဲ ဆားရည်ဖြန်းတာလဲ သက်သာစေတယ်။ ခွဲစိတ်တာလဲ လုပ်ရတတ်တယ်။

အသံအိုးရောင်ရင် အသံသြနေမယ်၊ ကလေးဆိုရင် အဟွတ်-အဟွတ် နေမယ်၊ Steroids 20-40 mgs စတီရွိုက် ရှူနိုင်တယ်။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။ အသံအိုးရောင်တာက အစာချေရည် အထက်ဆန်လို့ ဖြစ်ရတာဆိုရင် Ranitidine နဲ့ Omeprazole ဆေးတွေကိုပါ ၄-၆ ပါတ်ကြာအောင် ပေးရမယ်။

အသက်ရှူလမ်း အထက်ပိုင်း ပိုးဝင်ခြင်းကို လည်ချောင်းရောင်ခြင်းလို့လဲ သတ်မှတ်တယ်။ နှာစေး၊ နှာချေ၊ ချောင်းဆိုး၊ အသံနာ၊ အာခေါင်နာ၊ မျိုချရင်နာ၊ ခေါင်းကိုက်၊ ကိုယ်ပူ စတာတွေ ခံစားရမယ်။ ဖြစ်ရင် တပါတ်-ဆယ်ရက်ကြာမယ်။ ဗိုင်းရပ်စ်ကြောင့် မျက်စိနာကလဲ ဆက်စပ်နေနိုင်သေးတယ်။ ရာသီဥတုကြောင့် အလာဂျီ ရတာ၊ တုပ်ကွေးတွေလဲ ဒီအုပ်စုထဲကဘဲ။ ကုသတဲ့အခါ ဗိုင်းရပ်စ်ဆိုရင် အထောက်အကူပေးတဲ့ ဆေးတွေသာ ရှိတယ်။ ပိုးသေဆေးတွေ မလိုဘဲ မသုံးတာ ကောင်းတယ်။ ပဋိဇီဝဆေးကို စောင့်ကြည့်ပြီးမှ ပေးတာဟာ ရောဂါအတွက်နဲ့ လူနာ စိတ်သက်သာ ကျေနပ်မှု နှစ်မျိုးလုံးကို ကြည့်ချိန်ဆရတယ်။

ချောင်းဆိုးနေသူတွေအတွက် ချောင်းဆိုးပျောက်ဆေး မဟုတ်တာသုံးရင် ပိုကောင်းတာတွေရှိတယ်။ cool air humidifier ရေငွေ့ဓါတ်ပေးတာ၊ ရေ-အရည် ပိုသောက်တာနဲ့ နှာခေါင်းထဲ ဆားရည်စက် ချပေးတာ၊ အနားယူတာတွေလုပ်သင့်တယ်။ cough drops ကလေး ၄-၅ နှစ်ဆိုရင် အစက်ချဆေးပေးသင့်တယ်။

သတိထားဘို့က ဒီချောင်းဆိုးပျောက်ဆေးထဲမှာ Codeine ပါတာဆိုရင် အိပ်ချင်မယ်။ ကြာကြာသောက်ရင် စွဲတတ်တယ်။ ကိုဒင်းမပါတာလဲရှိတယ်။ Vick လို အပူပါတဲ့ ချိုချဉ်လိုငုံဆေးကိုလဲ ငုံထားတာသက်သာစေမယ်။ Cetrizine ဆေး ၁ ပြား ညမှာ သောက်သင့်တယ်။ မြန်မာဆေးထဲမှာ ကွမ်းရွက်ကလဲ ထိရောက်တယ်။ ကွမ်းရွက်ကို လျှက်ဆားလုပ်ရောင်းတာလဲ ရှိတယ်။ ပျားရည်နဲ့ သံပရာရောတာလဲ သုံးကြတယ်။

ချောင်းဆိုးတယ်ဆိုတာ ရောဂါမဟုတ်ပါ။ ရောဂါတခုခုရှိနေလို့ ဖြစ်လာတဲ့ ရောဂါလက္ခဏာသာဖြစ်တယ်။ အခံရောဂါကို ကုဘို့ပိုအရေးကြီးတယ်။ Cough Syrup Abuse ချောင်းဆိုးပျောက်ဆေး တလွဲသုံးတဲ့အကြောင်း စာတပုဒ် ရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Neck Glands လည်ပင်း အကျိတ်


၁။ ဆရာ မင်္ဂလာပါရှင့် သမီးက့ မြို့ကပါ။ အမေ့အသက်က ၅၃ နှစ်ပါဆရာ။ အမေ့မေးစေ့အောက်မှာ အကျိတ်တွေ့လို့ပါ။ သိတာတော့ သိပ်မကြာသေးပါဘူးဆရာ။ အရွယ်အစားက လောက်စာလုံးလောက်ရှိပါတယ်။ အကျိတ်နေရာက တင်းကျပ်ကြီး ဖြစ်နေပြီးတော့ ညနေကျရင် ပူတယ်လို့ပြောပါတယ်ရှင့်။ ဘာကြောင့်ဖြစ်တာလဲ ပြောပြပေးပါအုံးဆရာရှုင့်။ ခွဲစိတ်ဆရာဝန်နဲ့ ပြသင့်လား၊ အထွေထွေနဲ့ ပြသင့်လား၊ ကင်ဆာဆရာနဲ့ ပြသင့်လား အကြံပေးပါအုံးဆရာ။ မျိုးရိုးထဲမှာ ကင်ဆာတော့ မဖြစ်ဘူးပါဘူးရှင့်။ ဒါပေမယ့် စိတ်ပူနေလို့ပါဆရာ။ အခုထိတာ့ စစ်ဆေးမှုမလုပ်ရသေးပါဘူးဆရာ။ ရိုသေလေးစားစွာဖြင့်။ ဆရာ အသက်ရှည်ကျန်းမာပါစေ။

၂။ ညီမလေးရဲ့ အသက်က ၂၁ ပါ။ အကျိတ်အလုံး စစမ်းမိတာတော့ ၁ ပတ်ကျော်ပါပြီရှင့်။ မေးရိုးအောက် မေးအိတ်ရဲ့
ညာဘက်အခြမ်းမှာ အကျိတ်အလုံး ၁လုံး ပေါ်လာတာ မာပြီး ကြီးလာပြီး အရေပြားအပေါ်မှာမမြင်ရပဲ စမ်းကြည့်မှ သိရပါတယ်။ တဖြည်းဖြည်းနဲ့ နာလည်းနာလာတယ်တဲ့ဆရာ။ အဲ့ဒါ ဘယ်လိုကုသရမလဲရှင့်။ ကင်ဆာများ ဖြစ်နိုင်မလား။ စိုးရိမ်ရလားရှင့်။ ညီမလေးရဲ့ အသက်က ၂၁ အိမ်ထောင်မရှိ အပျိုအရွယ်ပါ။

၃။ ဆရာရှင့် ကျွန်မ သားလေးက အသက် ၈ နှစ်ရှိပါပြီ။ ဒီနေ့မှ သတိထားမိတာက သူ့ရဲ့လည်ပင်းမှာ အကျိတ်လိုမျိုးလေး ၃-၄ လုံးလောက် အဖုလေးတွေ စမ်းမိပါတယ်။ သားငယ်ငယ်တုန်းကတော့ တီဘီ suspect ဖြစ်လို့ ဆေး ၆ လ သောက်ဖူးခဲ့တယ်။ နောက်ပြန်စစ်တော့ မရှိတော့ဘူးတဲ့။ အခုလက်ရှိမှာတော့ သားက ပုံမှန်စား (နဂို အစားနည်း)၊ ကစားတော်တော်သွက်၊ စာလိုက်နိုင်၊ ဒေါင့်စုံ အဆင်ပြေနေပါတယ်။ နွားနို့တော့ ညတိုင်းသောက်ပါတယ်။ အဲဒါတွေက အဖုအကျိတ်လေးတွေလားဆရာ။ ဆရာဝန်နဲ့ သွားပြသင့်သလားရှင့်။ စိတ်ပူလို့ပါရှင့်။ အကြံပေးပါဦးဆရာ။

လည်ပင်းနဲ့ မေးအောက်မှာ အကျိတ်တွေ့ရင် ဖြစ်နိုင်တာ အမျိုးမျိုးရှိတယ်။ အဲတာက လင့်ဖ် ခေါ် တက်စေ့လေးတွေ ရောင်တာ ကြီးတာဖြစ်တယ်။ လူတိုင်းမှာ သွေးပြန်ရည်စနစ် ရှိတယ်။ အစေ့လေးတွေ တခုနဲ့ တခု အကြောတွေနဲ့ ဆက်နေတာ။ တကိုယ်လုံးလိုလိုမှာ ရှိတာ။ စုနေတဲ့ နေရာတွေ ရှိတယ်။ လည်ပင်းက တခုပေါ့။ မေးအောက်၊ ချိုင်းနဲ့ ပေါင်ရင်းတွေမှာလည်း ရှိတယ်။ ဒီစနစ်က ခံနိုင်အားအတွက် အသုံးကျတယ်။ မသင့်တာတခုခုဖြစ်ရင် နောက် ဒါမျိုး ထပ်မဖြစ်အောင် လုပ်ပေးတာမျိုးပြောတာ။ အစေ့တခုခု ရောင်နေတယ်ဆိုတာ ရောဂါတခုခု ရှိနေပြီးသားလို့ သိနိုင်တယ်။ ထိခိုက်မိတာ + ပိုးဝင်တာ + ကင်ဆာ တခုခုဖြစ်နိုင်တယ်။

သူ့အရည်ထဲမှာ သွေးဖြူဥတွေ၊ အူကလာတဲ့ အရည်နဲ့ သွေးနီဥ နည်းနည်းပါတယ်။ ရောဂါရနေရင် သူ့ထဲမှာ ပိုးတွေနဲ့ တခြားပစ္စည်း အင်တီဂျင်တွေပါနေလိမ့်မယ်။ နောက်ဆုံးမှာ သွေးပြန်ကြောထဲ ဝင်သွားကြတယ်။ ဘေလုံးဟာလည်း ဒါမျိုးဘဲ။ အာသီးလည်း မထူးဘူး။ အစေ့တွေထဲမှာ သွေးဖြဥတွေက ရောဂါပိုးတွေကိုပြီးစေနိုင်တဲ့ ခံနိုင်စွမ်း ထုတ်ပေးတယ်။

ပေါင်ခြံနဲ့ ချိုင်းမှာ လက္မဝက်လောက်သာရှိတဲ့ တက်စေ့လေးတွေ ရှိနေတာတော့ ကိစ္စမရှိပါ။ အအေးမိ-နှာစေးလို ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်၊ အနာဖြစ်တာနဲ့ တွဲနေရင် ပဋိဇီဝဆေး အရင်ဆုံးပေးမယ်။ နာတာ-ရောင်တာ သက်သာအောင်လည်း Ibuprofen, Paracetamol ဆေး ပေးနိုင်တယ်။ ၂ ပတ်လောက်မှာ ပြန်ကောင်းသွားမယ်။ ဆက်မကြီးဘဲ သေးသေးသွားလိမ့်မယ်။ ရောင်-နာ-ကြီး နေတဲ့ တက်စေ့က အထဲမှာပြည်တည်ရင်တော့ ပြည်တည်နာဖြစ်လို့ခွဲရမှာပေါ့။

တက်စေ့ကြီးနေယုံကတော့ ပြဿနာမဟုတ်သေးပါ။ ၂ ပတ်ကျော်လာပြီ၊ လူကပိန်လာတယ်၊ ညပိုင်း ချွေးထွက်တယ်၊ အားယုတ်လာတယ်၊ ငွေ့ငွေ့အဖျားတာရှည်မယ်ဆိုရင် ဆရာဝန်ပြပါ။ တီဘီအကျိတ်ဖြစ်နိုင်တယ်။ ကြီးနေတဲ့အစေ့က မာနေတယ်၊ ကြီးလာတာလည်း မြန်မယ်၊ သူ့အနားက အရေပြားဖြစ်ဖြစ် အောက်ကိုဖြစ်ဖြစ် ကပ်နေလို့ ရွေ့-လှုတ် မရရင်၊ အစေ့ အထက်က အရေပြားက နီ-နာလာရင်၊ လည်ပင်းအခြေ၊ ညှပ်ရိုးနား ကပ်နေရင်၊ ဆေးစစ်ရလိမ့်မယ်။ ကင်ဆာကိုသံသယရှိရမယ်။

အစေ့တွေ ဘာလို့ကြီးလာသလဲ။ ရောဂါပိုးဝင်တာ။ ကင်ဆာ၊ Lymphoma, Leukemia သွေးကင်ဆာ။ စုံအောင်သာ ရေးပြတာပါ။ မေးတဲ့သူအတွက် မစိုးရိမ်ပါနဲ့။ ဓါတ်ပုံထဲကသူမှာ ရောဂါပိုးဝင်တာသာ ဖြစ်မှာပါ။ ပိုးအမျိုးအစားကိုတော့ သိဘို့ လိုလာပြီ။ အာဂန္တုလား၊ နာတာရှည်တည်းခိုနေတဲ့ရောဂါလား ခွဲခြားရတယ်။

အာဂန္တုတွေက လည်ချောင်းနာ၊ နှာစေး၊ အရေပြားအနာ၊ နဲနဲပြင်းတာတွေက တီဘီ၊ ဖန်းဂတ်စ်၊ ပါရာဆိုက်၊ ရူမတွိုက် အဆစ်နာ၊ လူးပတ်စ်၊ HIV ကို ရွေးထုတ်ရမယ်။ ဆေးစစ်တာ သိပ်အလျှင်စလို လုပ်ဘို့ မလိုပါ။ ဆရာဝန်ဆီ ရောက်ရင် အရင်ဆုံး နုတ်ဖြေ စာမေးပွဲ အစစ်ခံရမယ်။ သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ၊ CT scan လုပ်တာ၊ နောက်တခါလာရင် အသားစ ဖြတ်ထုတ်စစ်ဆေးတာ လုပ်ချင်လုပ်မယ်။ ဆေးကုဘို့ကတော့ ဓါတ်မှန်အဖြေ၊ သွေးစစ်ချက်၊ အသားစဖြတ်စစ်တဲ့ ရလဒ်တွေအပေါ် မူတည်လိမ့်မယ်။

၎။ ၁ နှစ် ၈ လအရွယ်ကလေးရဲ့ လည်ပင်းဘေး ဘယ်/ညာမှာ အလုံးကျိတ်သေးသေးလေးရှိနေပါတယ်။ စမ်းကြည့်လိုက်ရင်လည်း ရွေ့ရွေ့သွားပါတယ်ဆရာ။ အဲဒါ အန္တရာယ်ရှိမရှိ သိပါရစေ။

တက်စေ့ရောင်တာဖြစ်တယ်။ အဖြစ်များတယ်။ သက်ဆိုင်တဲ့တနေရာရာမှာ ရောင်ရမ်းတာဖြစ်လို့ တက်စေ့ဆီ ရောက်ပြီးရောင်တယ်။ သွားနာ၊ လည်ချောင်းနာ၊ ထိခိုက်ဒဏ်ရာကနေရင်း၊ အနာပေါက်တာ၊ နားကိုက်တာ အစုံကနေ ဖြစ်တယ်။ ပင်ရင်းနေရာ ရောင်တာပျောက်ပေမဲ့ တက်စေ့က ကျန်နေတတ်တယ်။ ကြာရင် ပျောက်တယ်။ ကျန်နေတာလဲ ရှိတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုးသေဆေးနဲ့ အရောင်ကျဆေးပေးတာနဲ့ ပိုးကင်းရှင်းသွားမယ်။ တီဘီအကျိတ်လည်း ရှိတယ်။ အဲတာကတော့ ဆေးစစ်မှသာ ဟုတ်-မဟုတ်သိမယ်။ ဟုတ်လဲ ဆေးသောက် ပျောက်တယ်။ ကလေးက ကိုယ်အလေးချိန်မတက်ရင်၊ ညချွေးထွက်ရင် တီဘီ စစ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

ဆေးယဉ်ပါးဗက်တီးရီးယားကို သုတ်သင်နိုင်ရန် ပဋိဇီဝပဆေးဝါးများကို ပြင်ဆင်ထုတ်လုပ်မည်



လူ့ အသက်ပေါင်း သန်းပေါင်းများစွာကို ချိမ်းခြောက်လာနေပြီဖြစ်သည့် ဆေးယဉ်ပါးဗက်တီးရီးယားများကို သုတ်သင်ရှင်းလင်းနိုင်ရန် အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီယာဂိုမြို့ ရှိ သုတေသီများက လက်ရှိအသုံးပြု လျက်ရှိသည့် ပဋိပစ္စည်းများ၏ နောက်ဆုံးအဆင့်ဆေးဝါးများကို ပြန်လည်ပြင်ဆင်ထုတ်လုပ်သွားမည် ဖြစ် ကြောင်း သိရသည်။ဆေးယဉ်ပါးဗက်တီးရီးယားတွေက ကြောက်စရာကောင်းတဲ့အမြန်နှုန်းနဲ့  ကမ္ဘာ တ၀န်းကို ပျံ့ နှံ့ လျက်ရှိပါ တယ်။ သူတို့ ကို အချိန်မီမထိန်းချုပ်နိုင်ရင် ကမ္ဘာလောကကြီးဟာ သမိုင်းဦး ကာလကလို ဘယ်လိုဗက်တီး ရီးယားပိုးမွှားကိုမှ ခုခံနိုင်ခြင်းမရှိဘဲ သာမန် ဖျားနာမှုဝေဒနာကြောင့် လည်း အသက်သေဆုံးနိုင်ပါလိမ့်မယ် ဟု အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေ ညာသည်။
ယခုပင်လျင် ဆေးယဉ်ပါးဗက်တီးရီးယားကူးစက်ခံရသူဦးရေမှာ အမေရိကန်ပြည်ထောင်စု တစ်ခုတည်း တွင်ပင် တစ်နှစ်လျင် ၂ သန်း ထက်မနည်းရှိပြီး ၄င်းတို့ အနက် သေဆုံးသူမှာ ၂၃၀၀၀ ဦးထက်မနည်း ရှိ နေကြောင်း၊ ဆေးယဉ်ပါးဗက်တီးရီးယားကို သုတ်သင်နိုင်ရန် ဆေးပညာကို အမြန်ဆုံးအဆင့်မမြှင့်တင်နိုင် ပါက လူသေဆုံးမှုနှုန်းမှာ တိုးလာရန်သာရှိကြောင်း သိရသည်။ ပဋိဇီဝဆေးပစ္စည်းတွေကို အဆင့်ဆင့် အသုံးပြုလာရာကနေ အခု နောက်ဆုံးအဆင့် ပဋိဇီဝဆေးတွေပဲ ကျန်ပါတော့တယ်။

 ဒီဆေးတွေကို နည်းပညာအသစ်နဲ့ ပြန်လည်ပြင်ဆင်ထုတ်လုပ်ရင်တော့ အဲဒီ ဆေး ယဉ်နေတဲ့ ဗက်တီးရီးယားတွေကို သုတ်သင်နိုင်လိမ့်မယ်လို့  မျှော်လင့်ရပါတယ်။ အဲဒီနည်းပညာအသစ် နဲ့  ထုတ်လုပ်လိုက်တဲ့ ပဋိဇီဝဆေးအသစ် ထုတ်လုပ်နိုင်တဲ့နေ့ ဟာ ကမ္ဘာကြီးအပေါ် ကျရောက်နေတဲ့ အရိပ်မည်းကြီးကို ရှင်းထုတ်နိုင်တဲ့နေ့  ဖြစ်ပါလိမ့်မယ်ဟု ဆန်ဒီယာဂိုမြို့ အခြေစိုက် Scripps Research Institute မှ သုတေသီ Dale Boger က ပြောသည်။ သုတေသီများသည် Vancomycin မူကွဲ ၃ မျိုး ထုတ်လုပ်ထားကြောင်း၊ ၄င်း ဆေး ၃ မျိုးလုံးသည် ဗက်တီး ရီးယားကို သတ်ဖြတ်နိုင်သည့် ပဋိဇီဝဆေးများဖြစ်ပြီး တစ်ခုအပေါ်တစ်ခု အမှီသဟဲ ပြုလုပ်ထားခြင်းမရှိ ကြောင်း၊ ၄င်းဆေး ၃ မျိုးလုံးကိုအသုံးပြုခြင်းအားဖြင့် ဆေးယဉ်ပါးဗက်တီးရီးယားများက ၄င်းဆေး ၃ မျိုး လုံး၏ ပြောင်းလဲမှုကို ကျော်လွှားနိုင်ရမည်ဖြစ်ကြောင်း၊ သို့ သော် မည်သို့ မျှ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

အကျပ်လွန်ဘောင်းဘီဝတ်ခြင်း၏ ဆိုးကျိုးများ

ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုးသမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများရွေးချယ်သည့် အ၀တ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများကို ပုံမှန်လဲလှယ်မှု မရှိ သည့်အတွက် လုံလောက်သော သန့်ရှင်းမှုမရှိ ခြင်း၊ ကျပ်လွန်းသည့် အ၀တ်အစားများကြောင့် သတိမပြုမိသော်လည်း နောက်ဆက်တွဲကျန်းမာ ရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်များကပြောပါ သည်။

ယခုအခါတွင် ခန်္ဓာကိုယ်အလှကို ပေါ်လွင် စေသည့် ဘောင်းဘီ ကျပ်ကျပ်များ လူငယ်ထု အတွင်း ပိုမိုအကြိုက်များလာကြသည်။ ထို ဘောင်းဘီအကျပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းအရင်းများစွာထဲ မှတစ်ခုလည်း ဖြစ်နိုင်ကြောင်းသိရသည်။ ဘောင်းဘီကျပ်ကျပ်သည် စမတ်ကျလှပသော် လည်း သက်သောင့်သက်သာတော့ မရှိလှပေ။ လှုပ်ရှားသွားလာနေသူများအတွက် ကျပ်နေ သည့် ဘောင်းဘီသည် အရေပြားပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြည်ဥခြင်း များအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေ သည့် အရေပြားမှတဆင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်ကြောင်း သိရသည်။

ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ် ခြင်း၊ ညပိုင်းတွင် ဆီးမကြာခဏသွားခြင်း၊ ဆီး အရောင်အနံ့ပြောင်းလာခြင်းနှင့် ဆီးသွားလျှင် သွေးပါခြင်းစသည့် ရောဂါလက်္ခဏာများဖြစ်ပြီး၊ ဆီးနှင့် ကျောက်ကပ်ရောဂါအများစုမှာ ဆီးလမ်း ကြောင်း ပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခြင်းဖြစ်ကာ စောစီးစွာမကုသပါက ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ပါ သည်။

ဘောင်းဘီရှည်အကျပ်သည် အစာအိမ်ကို သွားဖိမိသည့်အတွက် အစာအိမ်ထဲမှ အစာချဉ် ရည်များထွက်ခြင်း၊ ရင်ခေါင်းပူပြီး နာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ၀မ်းသွား ခြင်းစသည့် ဆိုးရွားသည့်ပြဿနာများပါ ဖြစ် ပွားနိုင်ကြောင်း သိရသည်။ ““အောက်ခံအ၀တ် ကျပ်ကျပ်တွေကတော့ ပထမဆုံးပေါင်ပွန်း တာ တွေဖြစ်တယ်။ ပြီးရင် မွေးညင်းပေါက်တွေရောင် လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေ ပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီး အဲဒီကနေ စနစ်တကျကုသမှုမရှိရင် ထပ်ဆိုးဝါးတဲ့ အခြေ အနေတွေ ဖြစ်လာနိုင်တယ်””ဟု ဒေါက်တာ မြတ်ဝေကပြောသည်။

အရေပြားတွင်ဖြစ်သည့် ယားနာများအတွက် လိမ်းဆေးများအသုံးပြုလျှင် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သည်ဆိုသော် လည်း လိမ်းဆေးအချို့တွင် အရေပြားကိုယ်ခံ စွမ်းအားကျစေသည့် စတီးရွိုက်ပါဝင်သော လိမ်း ဆေးများလည်းရှိသည်။ ထိုကဲ့သို့သော လိမ်းဆေး များအား ရိုးရိုးယားနာပျောက်ရန်အတွက် လိမ်း သည့်အခါ အရေပြား ပွန်းပဲ့ခြင်းကြောင့် ပုံမှန် မဟုတ်သော အရေပြားသည် အရေပြားကိုယ်ခံ စွမ်းအား ကျဆင်းသွားစေပြီး ပိုးဝင်ခြင်းကို ပိုမိုဆိုးရွားသွားစေ သည်လည်းရှိကြောင်း သိရ သည်။ ဘောင်းဘီကျပ်များက ပေါင်နေရာအား စည်းထားသလိုဖြစ်သည့်အတွက် ကျပ်ခြင်း၊ နာခြင်း၊ ထုံခြင်းတို့ပါ ဖြစ်ပေါ်စေနိုင်ပါသည်။

ကျပ်လွန်းသည့် ဘောင်းဘီများကြောင့် ခြေထောက်ရှိအကြောများ၊ တင်ပါးဆုံမှ အာရုံ ကြောများ ထိခိုက်နိုင်ခြင်းတို့ပါ ဖြစ်ပေါ်စေနိုင် သည့်အပြင် ခြေထောက်ရှိအကြောများပြတ် တောက်ခြင်း၊ အရေပြားတွင် အကြောများ ပြတ် တောက်ခြင်းစသည့် ဆိုးကျိုးများ လည်း ဖြစ်ပေါ် စေနိုင်သည်။ ဆီးချိုရောဂါရှိသူများ၊ ကိုယ်အလေး ချိန်များသူများ၊ တုံ့ပြန်လွယ်သည့် အသားအရေ ရှိသူများ၊ မူလက အရေပြားရောဂါ ခံစားနေရ သူများ ဘောင်းဘီကျပ်ကျပ်ဝတ်ခြင်းအား ပိုမို သတိပြုသင့်ကြောင်းသိရသည်။ များသောအား ဖြင့် ကိုယ်အလေးချိန် တက်လာသော်လည်း အောက်ခံအ၀တ်အစားများအား မူလသုံးသည့် ဆိုဒ်များသာသုံးခြင်းကလည်း အရေပြားပွန်းပဲ့ ပြီး နောက်ဆက် တွဲရောဂါများ ဖြစ်ပွားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ အမျိုးသား၊ အမျိုးသမီး များအတွက် အောက်ခံအ၀တ်အစားများသည် ကျန်းမာရေးအတွက် အရေးကြီးပါသည်။ အောက်ခံ အ၀တ်အစားကို အကြမ်းဖျင်းအားဖြင့် တစ်ရက် ထက်ပို၍ ၀တ်ဆင်ရန်မသင့်တော်ပေ။

ခန်္ဓာကိုယ် မှထွက်ရှိလာသည့် ချွေးများကြောင့် စိုစွတ်နေ သည့် အောက်ခံအ၀တ်အစားများအတွင်း ပိုး ပေါက်ဖွားပြီး မှိုပိုးများဝင်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါ များ ဖြစ်ပွားလာနိုင်ခြင်းစသည် တို့ကို ခံစားရနိုင်ပါသည်။
ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အဟောင်းလွန်သွားသည်အထိ Underwear များအား အသုံးပြုနေခြင်းတို့သည် အောက်ခံအ၀တ်များ ဟောင်းသည့်အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင့် အရေပြားနီခြင်း၊ ရောင်ခြင်းများလည်း ခံစားရနိုင်ကြောင်း ဒေါက် တာထူးညိုကပြောသည်။ အောက်ခံအ၀တ်အ စားများအား ခြောက်လ ထက်ပိုပြီး အသုံးမပြု သင့်ဘဲ အခြားသူများနှင့် မျှဝေသုံးစွဲခြင်းကို လည်း သတိပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောက်ခံအ၀တ်အစား ကျပ်ကျပ်များ ကို ၂၄ နာရီလုံး ၀တ်ဆင်ထားခြင်းသည် အမျိုး သားများအတွက် သားသမီးရနိုင်သည့် စွမ်းရည် ကိုပါ ကျဆင်းစေ သည်အထိ ဖြစ်နိုင်ကြောင်း နှင့် ထိုအ၀တ်အစားများကို အမျိုးသား၊ အမျိုး သမီးများပါ ညအိပ်ဝတ်ခြင်းကိုမူ လုံးဝရှောင် ကြဉ်သင့်ကြောင်း နိုင်ငံတကာ မှ ပညာရှင်များ ကလည်း အကြံပြုပြောကြားထားသည်။

““ညဘက်အိပ်တဲ့အချိန်မှာ ကိုယ်ခန်္ဓာရဲ့ ကြွက်သားတွေကလည်း နားနေကြတယ်။ အညစ်အကြေးထုတ်တာ၊ ကိုယ်ခံအားစနစ် ပြုပြင်ပေး တာတွေ လုပ်နေတဲ့အချိန်မှာ ကျပ် တဲ့အောက်ခံတွေက အနှောင့် အယှက်ပေးတယ်။ အမျိုးသားတွေမှာ အဲလိုအောက်ခံကျပ်ကျပ်တွေ ရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်””ဟု ဒေါက်တာ ဘုန်းနေသွန်း က ပြောသည်။ နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများမှ တဆင့် ရောဂါများရရှိ သည်အထိ မဖြစ်စေရန်၊ ရွေးချယ်အသုံးပြုကြ ရန် လိုအပ်ပြီး၊ မိမိနှင့်သင့်လျော်သည့် သိပ် မကျပ်လွန်း၊ မကျယ်လွန်းသည့် အ၀တ်အစား များအသုံးပြုခြင်း၊ အောက်ခံအ၀တ်အစားများ အား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာဝတ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေး စုပ်နိုင်သည့်အသားဖြင့် ပြုလုပ်ထားသော အောက်ခံ များအား အသုံးပြုသင့်ကြောင်း သိရ သည်။ နိုင်ငံတကာရှိ ကျန်းမာရေး ဆိုင်ရာ ပညာ ရှင်များမှ လေ့လာတွေ့ရှိထားသည့် ကျန်းမာရေး အတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့်အချက် များထဲတွင် ဒေါက်ဖိနပ်အမြင့်များ စီးခြင်း၊ ဆေး မင်ကြောင်ထိုးခြင်း၊ ခန်္ဓာကိုယ်အပေါက် များ ဖောက်ခြင်း၊ နေပူခံခြင်းစသည့်အကြောင်းအရာ များအပြင် အလွန်ကျပ်သည့် ဘောင်းဘီများက လည်း ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်ပေါ် စေနိုင်ကြောင်း ဖော်ပြထားကြသည်။

သုတေသီဆရာဝေ

M Plaza Shopping Journal (Vol 1 , No. 16)

မိတ်ကပ်ဖျက်ဖို့ဘာကြောင့် အရေးကြီးတာလဲ


ညမအိပ်ခင် လိမ်းထားတဲ့မိတ်ကပ်တွေကို စင်ကြယ်အောင်ဆေးပြီးမှ အိပ်စက်တာဟာ အလှအပ ဂရုပြုသူတိုင်းအတွက် အခြေခံကျတဲ့အချက်ဆိုတာ နားလည်ကြမှာပါ။ အိမ်ပြန်နောက်ကျတဲ့ ညတွေမှာ ဒေါက်ဖိနပ်ကို ကန်ထုတ်လိုက်ပြီး အိပ်ရာပေါ် တန်းပစ်လှဲလိုက်ချင်ကြသူ ချည်းပါပဲ။

မိတ်ကပ်ဖျက်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာ အနည်းငယ် ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် အလွန်စွဲမြဲစေတဲ့ ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ မျက်လုံးမှာ တစ်ညလုံးရှိနေတဲ့ အခါ အမြင်အာရုံနဲ့ပတ်သက်ပြီး ပိုးမွှားဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတွေဟာ လိုင်နာရဲ့ gel အရည်မျိုးထဲမှာ ပိုမိုလျှင်မြန်စွာ ၀င်ရောက်နိုင်ပါတယ်။

အသက်အရွယ်ရလာတဲ့ သူတွေအဖို့ ပိုပြီးတောင် သတိထားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး တစ်ညတာလုံး မိတ်ကပ်နဲ့အတူ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေကို ပုပ်သိုးသွားစေပါတယ်။

- မျက်နှာသစ် ပုဝါတွေဟာ တကယ်အသုံးဝင်ရဲ့လား?

ညအချိန်မတော် ပြန်လာတတ်သူ မိန်းမပျင်းလေးများအတွက် ဒီမိတ်ကပ်ဖျက် ပုဝါလေးတွေဟာ အကျိုးကျေးဇူးထူး တစ်ခုလို့ထင်နိုင်ပါတယ်။ စသုံးလိုက်ချိန်မှာ ပါးလေးတွေနီရဲသွားတဲ့အတွက် သိပ်နှစ်သက်စရာကောင်းတာပဲလို့ ထင်နိုင်ပါတယ်။ တကယ့်အမှန်တရားအစစ်ကတော့ နှင်းဆီသွေးရောင်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။

အလွတ်တန်းမိတ်ကပ်ပညာရှင် Larry Yeoက “ရေနဲ့ကောင်းစွာဆေးကြောခြင်း မရှိဘဲနဲ့တော့ အညစ်အကြေးတွေဟာ အလွှာပါးလေးတစ်လွှာစာလောက်တော့ ကျန်ခဲ့မှာပါပဲ။” လို့ ဆိုပါတယ်။ ဆိုတော့ ဒီပုဝါမျိုးဟာ လုံးဝကိုအသုံးမ၀င်တော့ဘူးလား။

- သန့်စင်ပုဝါများအား မှန်ကန်စွာအသုံးပြုနည်း

တကယ်လို့များ မျက်နှာသန့်စင်ပုဝါကို အသုံးပြုမယ်ဆိုရင် နူးညံ့တဲ့ မျက်လုံးနားတစ်ဝိုက်နဲ့ နှုတ်ခမ်းသားတို့ကို ရှောင်ရှားပြီး သုတ်ပါ။ ပြီးတာနဲ့ ချက်ချင်း ရေနွေးနွေးလေးနဲ့ သစ်လိုက်ပါ။

တလက်လက် တောက်ပနေတဲ့ အိုင်းရှဲဒိုးမျိုး ဆိုးထားမိတယ်ဆိုရင်တော့ သာမန် မိတ်ကပ်ဖျက်ပုဝါထက် တစ်ဆင့်ပိုကောင်းပြီး ပိုထိရောက်တဲ့ Shu Uemura’s Ultime8 Sublime Beauty Cleansing Oil (ဒါမှမဟုတ်) Shiseido’s Ultimate Cleansing Oil တို့ကို ကြားခံအဖြစ်သုံးပေးပါ။

သုံးနည်းကတော့ ဖျက်ဆေးရည်ဆွတ်ထားတဲ့ မိတ်ကပ်ဖျက်ပုဝါကို ဖျက်လိုတဲ့ မျက်လုံး ဧရိယာနားတစ်ဝိုက်မှာ ၅-၁၀ စက္ကန့်လောက် ဖိထားပေးပါ။ ပြီးတာနဲ့ တစ်ချက်တည်း ဆွဲသုတ်ပြီး ဖယ်လိုက်ပါ။ ကျန်ခဲ့တဲ့အပိုင်းအစလေးတွေကိုတော့ တခြားပုဝါနဲ့ စင်ကြယ်သည်အထိ ထပ်ခါထပ်ပွတ်ပေးလိုက်ပါ။

ဒီလောက်ဆိုရင်တော့ မှန်ကန်တဲ့ မိတ်ကပ်ဖျက်နည်းနဲ့ မိတ်ကပ်ဖျက်ပုဝါ အသုံးပြုနည်းကို ရရှိနိုင်ပြီလို့ မျှော်လင့်ပါတယ်။

Ref:herworldplus
Trend Myanmar

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )

ပိန်နေသူများ ၀စေသည် ..

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ
ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။

အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည် .....

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..
ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် ........

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

( ဖေါ်စပ်နည်း )

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...

အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

( အသုံးပြုနည်း )

ညအိပ်ယာဝင်ခါနီးတိုင်း......

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...

တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ

Mg Mandalay

စောစောအိပ်တတ်သူလား၊နောက်ကျမှအိပ်တတ်သူလား?

သင်ဟာအစောစောအိပ်တတ်သူလား၊ဒါမှမဟုတ်နောက်ကျမှအိပ်တတ်သူ
လား။သင့်ရဲ့အိပ်စက်မှုပုံစံဟာသင့်ရဲ့ကျန်းမာရေးကိုညွှန်းဆိုနေပါတယ်။
အိပ်ချိန်ပေါ်မူတည်ကာသင့်ရဲ့ခါးအတိုင်းအတာ၊မျိုးပွားနိုင်ခြေ၊နာကျင်မှုအ
ဆင့်နဲ့ကင်ဆာဖြစ်နိုင်ခြေကိုပြောင်းလဲသွားစေပါတယ်။မိမိရဲ့ကိုယ်ရည်ကိုယ်
သွေးပေါ်မှာတောင်ပြောင်းလဲမှုရှိနိုင်ပါတယ်။
ဆစ်ဒနီနဲ့လီဗားပူးမှသုတေသီတွေကလူပေါင်း၂၀၀ ကျော်ရဲ့ကိုယ်ရည်
ကိုယ်သွေးနဲ့အိပ်စက်တဲ့အကျင့်ကိုမေးမြန်းကာသုတေသနပြုလုပ်ရာမှ
အောက်ပါတို့ကိုတွေ့ရှိခဲ့ပါတယ်။ခန္တာကိုယ်မှာရှိတဲ့တုံ့ပြန်မှုတိုင်း၊ဟော်မုန်း
မျိုးရိုးဗီဇပြောင်းလဲမှုအစရှိတဲ့အားလုံးအပေါ်ဇီဝနရီ ကပဲထိန်းချုပ်ထားပါ
တယ်။ဒီဇီဝနရီကပဲ သင့်ကိုစောစောထတတ်အောင် သင့်ကိုနောက်ကျမှအိပ်
ရာထပြီးညအချိန်ထိအလုပ်လုပ်အောင်ပြုလုပ်ပေးပါတယ်။
စောစောအိပ်တတ်တာ၊ဒါမှမဟုတ်နောက်ကျမှအိပ်တတ်တာတွေကို
Period-3 ခေါ်တဲ့မျိုးရိုးဗီဇ ဂျင်းကဆုံးဖြတ်ပေးပါတယ်။သိပ္ပံပညာရှင်တွေလေ့
လာမှုပြုလုပ်ရာမှာ Long version နဲ့ Short version ဆိုတဲ့မျိုးရိုးဗီဇ ဂျင်း
ရှုထောင့်နှစ်မျိုးရှာဖွေတွေ့ရှိခဲ့ပါတယ်။Long version ရှိတဲ့သူတွေဟာစော
စောအိပ်တတ်သူတွေဖြစ်ပြီး Short version ရှိသူတွေဟာဇီးကွက်လိုမျိုး
နောက်ကျမှအိပ်တတ်သူတွေဖြစ်ပါတယ်။
မိဘတစ်ယောက်ဆီမှ Period-3 မျိုးရိုးဗီဇဂျင်း Two version ကို ရရှိကြပါ
တယ်။Long version နှစ်မျိုးစလုံးရတဲ့သူ ဒါမှမဟုတ် Short version နှစ်မျိုး
စလုံးရရှိသူတွေဟာစောစောအိပ်တတ်တဲ့အကျင့် ဒါမှမဟုတ် နောက်ကျမှ
အိပ်တတ်တဲ့အကျင့်ကိုလွန်လွန်ကဲကဲရရှိသွားတတ်ပါတယ်။ဒါပေမယ့်များ
သောအားဖြင့် မိဘတစ်ယောက်ဆီက Version တစ်မျိုးစီသာရတတ်လေ့ရှိ
ပါတယ်။
အောက်ပါတို့ဟာ စောစောအိပ်တတ်သူ ဒါမှမဟုတ် နောက်ကျမှအိပ်တတ်
သူရဲ့ကျန်းမာရေးအကျိုးသက်ရောက်မှုအပေါ်နောက်ဆုံးသုတေသနပြုလုပ်
ရာမှရရှိထားတဲ့အဖြေတွေပါ။
-စောစောအိပ်တတ်သူများပိုမိုပင်ပန်းတတ်
ဒီမျိုးရိုးဗီဇတွေဟာအိပ်စက်မှုအပေါ်ဖိအားပေးတတ်ပါတယ်။ဒါ့အပြင်
ဇီဝနရီဟာလည်းအိပ်ချိန်၊ထချိန် တွေကို ထိန်းချုပ်ထားပါတယ်။စောစော
အိပ်တတ်သူတွေမှာအိပ်စက်မှုဖိအားဟာ ပိုပြီးမြန်မြန်တည်ဆောက်နိုင်တာ
ကြောင့်ပုံမှန်အတိုင်းအလုပ်လုပ်ပြီးနောက်ပိုင်းမှာ မြန်မြန်မောပန်းလွယ်
တတ်ပါတယ်။

-နောက်ကျမှအိပ်တတ်သူများပိုမိုဆာလောင်တတ်
စောစောအိပ်တတ်သူတွေဟာအိပ်ရာထပြီးနာရီဝက်အတွင်းနံနက်စာ
စားသုံးတတ်ပါတယ်။နောက်ကျမှအိပ်တတ်သူတွေဟာ ညဘက်အလုပ်
လုပ်တတ်တာကြောင့်ညလယ်စာစားသုံးတတ်ကြပါတယ်။နောက်ကျမှအိပ်
တတ်သူတွေဟာ ည၈နာရီနောက်ပိုင်းမှာပုံမှန်စားနေကျထက်ကယ်လိုရီနှစ်
ဆခန့်ပိုမိုစားသုံးတတ်ပါတယ်။ညဘက်စားတဲ့အစာတွေမှန်သမျှဟာနေ့ခင်း
လိုဝမ်းဗိုက်ပြည့်တင်းအောင်စားသုံးတာမဟုတ်ဘဲအစားလွန်ကျူးပြီး ကိုယ်
အလေးချိန်တိုးလာတတ်ပါတယ်။ဦးနှောက်ကိုဗိုက်ပြည့်တင်းတဲ့အကြောင်း
အချက်ပြတဲ့လက်ပတင်ဟော်မုန်း လျေ့နည်းတာကြောင့် လည်းဖြစ်ပါတယ်။
ဒါအပြင်နောက်ကျမှအိပ်တတ်သူတွေဟာမနက်အလုပ်သွားဖို့အိပ်ရာစော
စောထရတဲ့အတွက်ပ်ပန်းနေတတ်ပါတယ်။လေ့လာမှုတစ်ခုအရ အိပ်ချိန်
နည်းသူတွေဟာကာဗိုဟိုက်ဒရိတ် အထူးသဖြင့်သကြားဓာတ်ကို ၃၅ မှ၄၀
ရာခိုင်နှုန်းထိပိုမိုစာသုံးတတ်တယ်လို့သိရပါတယ်။
မကြာခင်ကပြုလုပ်တဲ့လေ့လာမှုအရ နောက်ကျမှအိပ်တတ်သူတွေဟာ
စောစောအိပ်တတ်သူတွေထက်ကိုယ်အလေးချိန်အများကြီးပိုများနေတာ
ကိုတွေ့ရှိခဲ့ပါတယ်။

-နောက်ကျမှအိပ်တတ်သူများပိုမိုဟောက်တတ်
ညဘက်မှာအစာစားထားတာတွေဟာနောက်ကျမှအိပ်တတ်သူတွေရဲ့
ကျန်းမာရေးကိုထိခိုက်စေပါတယ်။ပန်ဆာဗေးနီးယား တက္ကသိုလ် မှလေ့
လာချက်အရနောက်ကျမှအိပ်တတ်သူတွေဟာကောင်းတဲ့ကိုလက်စထရော
(HDL)အဆင့်နိမ့်တာကိုတွေ့ရှိရပါတယ်။နောက်ကျမှအိပ်တတ်သူတွေဟာ
များသောအားဖြင့်ဟောက်တတ်လေ့ရှိပြီးဟောက်တာကြောင့်အိပ်ရာမှနိုး
လာတတ်ပါတယ်။ဒါ့အပြင် နောက်ကျမှအိပ်တတ်သူတွေမှာစိတ်ဖိစီးမှုဟော်
မုန်းအဆင့်တွေလည်းမြင့်တတ်နေတာကြောင့်ဟောက်တာကိုပိုမိုဖြစ်ပေါ်စေ
တတ်ပါတယ်။

-စောစောအိပ်ရာဝင်တတ်သူများကင်ဆာဖြစ်နိုင်ခြေမြင့်မား

လေ့လာမှုအချို့အရစောစောအိပ်တတ်သူတွေမှာသားမြတ်နှင့်အူမကြီး
ကင်ဆာလိုမျိုးတစ်ချို့ကင်ဆာတွေဖြစ်နိုင်ခြေမြင့်မားတယ်လို့သိရပါတယ်။
ဒီကင်ဆာရောဂါတွေဟာ Period-3 မျိုးရိုးဗီဇ Long version နဲ့စပ်ဆက်
နေတာကြောင့်လို့ဆိုပါတယ်။စောစောအိပ်တတ်သူအများစုဟာLong version အမျိုးအစားနှစ်ခုကိုသယ်ဆောင်ထားတတ်တာကြောင့်ပါ။ဒါ့အပြင်
အိပ်စက်မှုကိုအားပေးတဲ့ မယ်လတိုနင် ဟော်မုန်းဟာမှောင်နေတဲ့အချိန်မှာ
အထွက်များပြီး အလင်းရောင်ရှိချိန်မှာ အထွက်နည်းတာကြောင့်ပါ။စောစော
အိပ်တတ်သူတွေဟာအိပ်ရာစောစောထတတ်တဲ့အတွက်အလင်းရောင်နဲ့
ထိတွေ့မှုပိုမိုများပြီးမယ်လတိုနင် အထွက်နည်းတာကြောင့်ပါ။မယ်လတိုနင်
ဟာ ဓာတ်တိုးဆန့်ကျင်တဲ့ဂုဏ်သတ္တိရှိပြီးကင်ဆာကိုလည်းကာကွယ်ထား
နိုင်တာကြောင့်လို့လေ့လာမှုအချို့ကအကြံပေးထားပါတယ်။ဒါပေမယ့်ည
ဘက်မှာအလင်းရောင်နဲ့အလုပ်လုပ်နေတာကြောင့် မယ်လတိုနင် ထုတ်လုပ်
မှုလည်းရပ်တန့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုထားတာကြောင့်တိတိ
ကျကျအဖြေရဖို့လေ့လာမှုအများအပြားလုပ်ဖို့လိုအပ်နေသေးတယ်လို့
ဆိုထားပါတယ်။

-နောက်ကျမှအိပ်တတ်သူများမှတ်ဥာဏ်အားနည်းနိင်
အိပ်ရာဝင်နောက်ကျတဲ့အတွက်အိပ်ရေးမ၀တာဖြစ်တတ်ပါတယ်။အိပ်
စက်ရာမှာအိပ်စက်တဲ့အဆင့်အမျိုးမျိုးရှိပါတယ်။အိပ်ရာဝင်နောက်ကျပြီး
အလုပ်သွားဖို့မနက်စောစောထရတဲ့အတွက်အိပ်စက်မှုနောက်ဆုံးအဆင့်
ကိုမရောက်ရှိတော့ပါဘူး။အဲဒီနောက်ဆုံးအဆင့်ဟာမှတ်ဥာဏ်ကိုထိခိုက်
တတ်ပါတယ်။ဒီအဆင့်ဟာတစ်နေ့တာလုံးရဲ့အတွေ့အကြုံကိုပြန်လည်မှတ်
မိစေပြီးမှတ်ဥာဏ်အတွက်ကောင်းမွန်စေတာကြောင့်ပါ။

-နောက်ကျမှအိပ်တတ်သူများပျော်ရွင်တတ်သော်လည်းစိတ်ကျနိုင်ခြေမြင့်မား
ခြုံပြီးပြောရမယ်ဆိုရင် နောက်ကျမှအိပ်တတ်သူတွေဟာပိုမိုပျော်ရွင်
တတ်ပါတယ်။လူပေါင်း၈၀၀ ကျော်ကိုပြုလုပ်ထားတဲ့လေ့လာမှုအရစောစော
အိပ်တတ်သူတွေဟာစိတ်ထိန်းချုပ်နိုင်စွမ်းပိုမိုကောင်းမွန်တယ်လို့တွေ့ရှိ
ခဲ့ရပါတယ်။လူပေါင်း၁၀၀ကျော်ကိုပြုလုပ်တဲ့နောက်ထပ်လေ့လာမှုတစ်ခု
အရလည်းသူတို့ဟာညှိနှိုင်းလွယ်ကြပြီးဖြောင့်မတ်သူတွေဖြစ်ကြပါတယ်။
အမှားအမှန်ကိုခွဲခြားနိုင်တယ်လို့သိရပါတယ်။နောက်ကျမှအိပ်တတ်သူတွေ
မှာမူပုံမှန်မဟုတ်တဲ့တစ်ခြားနည်းလမ်းတွေနဲ့ပိုမိုတွေးတောတတ်ကြပါတယ်။
နောက်ကျမှအိပ်တတ်သူတွေဟာစိတ်ကျဝေဒနာဖြစ်နိုင်ခြေမြင့်မားတယ်လို့
အိပ်စက်မှုဆိုင်ရာကျွမ်းကျင်သူတွေကဆိုပါတယ်။

-နောက်ကျမှအိပ်တတ်သူများနာကျင်မှုဝေဒနာပိုခံစားရနိုင်
နောက်ကျမှအိပ်တတ်သူတွေဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုမရှိတာ
ကြောင့်နာကျင်မှုဝေဒနာကိုပိုမိုခံစားနိုင်တယ်လို့အမေရီကန်နိုင်ငံမှသုတေ
သီတွေကတွေ့ရှိခဲ့ပါတယ်။မနက် ၄နာရီလောက်မှာခန္တာကိုယ်သဘာဝအ
တိုင်းရောင်ရမ်းမှုကိုတွန်းလှန်နိုင်တဲ့ပစ္စည်းတွေအများအပြားထုတ်လုပ်လိုက်
တဲ့အတွက်အဆစ်ရောင်တာ၊အဆစ်ကိုက်တာနဲ့ အဆစ်တောင့်တင်းတာတွေ
သက်သာသွားပါတယ်။စောစောအိပ်တတ်သူတွေဟာဒီအကျိုးကျေးဇူးကိုရ
ရှိစေနိုင်ဖို့အတွက်အချိန်မှီအိပ်ရာနိုးလာတတ်ပေမယ့်နောက်ကျမှအိပ်တတ်သူတွေအိပ်ရာထတဲ့အခါဒီအကျိုးကျေးဇူးတွေမရနိုင်တော့ပါဘူး။
အိပ်စက်ချိန်ဟာမျိုးရိုးဗီဇဂျင်းကြောင့်ကွဲပြားကြပေမယ့်အသက်အရွယ်ပေါ်
မူတည်ပြီးတော့လည်းပြန်လည်ပြောင်းလဲနိုင်ပါတယ်။အသက် ၁၀နှစ်ကျော်
လာရင်အိပ်ရာဝင်နောက်ကျပြီး အိပ်ရာထတာလည်းနောက်ကျတတ်ပါတယ်။
အမျိုးသားတွေမှာ ၂၀ နဲ့ ၂၁ နှစ်အရွယ်ထိ၊အမျိုးသမီးတွေမှာ၁၉နှစ်ဝန်းကျင်
အထိ ဒီလိုဖြစ်စဉ်တွေဖြစ်တတ်ပါတယ်။ဆယ်ကျော်သက်အရွယ်ကျော်လွန်
ပြီးရင်အမျိုးသားတွေဟာအမျိုးသမီးတွေထက်အိပ်ရာဝင်နောက်ကျသွား
တတ်ပါတယ်။အိပ်ချိန်ပြောင်းလဲတာတွေဟာလည်း Sex ဟော်မုန်းအီစထရို
ဂျင်နဲ့ တက်စတိုစတီရုန်းတို့နဲ့လည်းသက်ဆိုင်ပါတယ်။ဒီဟော်မုန်းတွေ
ခန္တာကိုယ်ထဲမှာလျော့နည်းလာရင်အိပ်ရာဝင်ပိုစောတတ်ပါတယ်။ဒီပြောင်း
လဲမှုဟာအထူးသဖြင့်အမျိုးသမီးတွေ မီးယပ်သွေးဆုံးပြီးနောက်ပိုင်းအီစထ
ရိုဂျင်ကျဆင်းသွားချိန်မှာဖြစ်တတ်ပါတယ်။

-နောက်ကျမှအိပ်တတ်သူတွေက ဘာကြောင့်စောစောအိပ်တတ်သူတွေကို
လက်ထပ်သင့်ပါသလဲ။
အသက်ရှည်တဲ့အိမ်ထောင်သည်တွေဟာနောက်ကျမှအိပ်တတ်သူတွေ
နဲ့စောစောအိပ်တတ်သူတွေ ဖြစ်ပါတယ်။သင့်အိမ်ထောင်ဖက်ရဲ့အိပ်စက်မှု
အမူအကျင့်ကိုလိုက်လျောနိုင်ရင်တခြားကိစ္စတွေမှာလည်းတစ်ယောက်နဲ့
တစ်ယောက်နားလည်မှုရှိနိုင်တာကြောင့်ပါ။တစ်ယောက်ရဲ့အကျင့်ကိုတစ်
ယောက်ကပိုမိုသည်းခံနားလည်နိုင်တဲ့အတွက်ကြောင့်ပါ။

ဒေါက်တာခင်မိုးမိုး
By- Good Health

ကျန်းမာပြီးကြံ့ခိုင်သော အရိုးများကို ပိုင်ဆိုင်စေဖို့ နည်းလမ်းများ

ကယ်လစီယမ်နဲ့ ဗီတာမင်ဒီပါဝင်တဲ့ အာဟာရတွေကို နေ့စဉ်စားသုံးဖို့ဆိုတာ အရိုးကျန်းမာရေး
အတွက်အရေးကြီးလှပါတယ်။ အသက် (၃၀) ကျော်လာပြီဆိုတာနဲ့ လူ့အရိုးဟာ ပျက်စီးဖို့လွယ်ကူလာပြီး ပြန်လည်တည်ဆောက်ဖို့ဆိုလည်း ငယ်စဉ်ကထက် အချိန်ပိုကြာပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆဟာလည်း အသက်ကြီးလာလေလေ လျော့လာလေလေဖြစ်ပါတယ်။ အရိုး သိပ်သည်းဆဟာ ကျန်းမာတဲ့ အခြေအနေမှာ ရှိနေစေဖို့ နည်းလမ်းကို တင်ပြပေးလိုပါတယ်။

၁။ ကယ်လစီယမ်စားသုံးမှုကို မြှင့်တင်ပါ။ သွားနဲ့အရိုးတွေရဲ့ ပုံမှန် ဖွံ့ဖြိုးသန်စွမ်းမှုအတွက် ကယ်လစီယမ်ဟာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ် ပါတယ်။ နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲကမှ ဒိန်ချဉ်၊ ချိစ်နွားနို့လို နို့ထွက် အစားအစာတွေ၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်လို အစိမ်းရောင်ဟင်းသီး ဟင်းရွက်တွေ ကကယ်လစီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်လို့နေ့စဉ် စားသုံးပေးသင့်ပါတယ်။

၂။ နေရောင်ခြည်ကိုခံယူပါ။ ပူပြင်းတဲ့နေ့လယ်ခင်းနေရောင်ကိုဆိုလိုတာမဟုတ်ပါဘူး။ မနက်ခင်းနေရောင်ခြည်ကို ဆိုလိုပါတယ်။ ဗီတာမင်ဒီ ခန္ဓာကိုယ်ထဲမှာ လုံလောက်စွာ မရှိနေရင် ကယ်လစီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေမယ့်လည်း အဲဒီကယ်လစီယမ်တွေကို မစုပ်ယူနိုင်ပါဘူး။ နေရောင်ခြည်ဟာ အကောင်းဆုံးနဲ့ သဘာဝအတိုင်းများ များရရှိတဲ့ ဗီတာမင်ဒီ ရင်းမြစ်ကြီးပဲ ဖြစ်ပါတယ်။ မနက်ခင်းနေရောင်ခြည်ကို (၁၅)မိနစ်ကြာခံယူပြီးကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်ပါ။ ဒါ့အပြင် ပုစွန်ဆိတ်၊ ဆာဒင်းငါး၊ ကျူနာငါး၊ ဆော်လမွန်ငါး၊ ကြက်ဥနှစ်တွေဟာလည်း ဗီတာမင်ဒီတွေကြွယ်ဝစွာ ပါဝင်နေပါတယ်။

၃။ ပရိုတင်းစားသုံးမှုကို စစ်ဆေးပါ။ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မစားသုံးသင့်ပါဘူး။ ပရိုတင်းလို့ခေါ် တဲ့ အသားဓာတ်လည်း ထို့အတူပါပဲ။ ကိုယ်ခန္ဓာကြွက်သားတွေနဲ့အရိုးကို တည်ဆောက်မှုမှာအရေးပါပေမယ့်လည်း ပရိုတင်းပုံမှန်ထက်များနေပြီဆိုရင် ကိုယ်ခန္ဓာထဲမှာ PH  အပြောင်းအလဲတွေဖြစ်စေပါတယ်။ အဲဒီအခါမှာအရိုးပျက်စီးမှုကို ဖြစ်စေတဲ့ acidic  ပတ်ဝန်းကျင်ကို အရိုးတွင်းမှာ ဖြစ်ပေါ်လာစေပါတယ်။

၎။ အငန်စားသုံးမှုကို ထိန်းချုပ်ပါ၊ မိမိတို့အများစုဟာ တစ်နေ့ကို ဆိုဒီယမ်၂၃၀၀၀မီလီဂရမ်လောက် ပျမ်းမျှစားသုံးမိနေကြပါတယ်။ ဆိုဒီယမ် ကိုစားသုံးမှုမြင့်မားခြင်းဟာ ကယ်လစီယမ်တွေကို ဆီးနဲ့ချွေးတွေကနေ တစ်ဆင့် စွန့်ထုတ်မှုများပြီးဆုံးရှုံးစေပါတယ်။

၅။ ကဖင်းနဲ့ ဆိုဒါကို လျှောချပါ။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာတွေနဲ့ ဆိုဒါပါ ၀င်တဲ့ snacks၊ အချိုရည်တွေဟာ ကိုယ်ခန္ဓာကနေ ကယ်လစီယမ် စုပ်ယူမှုကိုတားဆီးပါတယ်။ ဆိုဒါအရသာပြုလုပ်ရာမှာပါဝင်တဲ့ ဖော့စဖောရပ်ကလည်း ကယ်လစီယမ်စုပ်ယူမှု ကိုအနှောက်အယှက်ဖြစ်စေပါတယ်။

၆။ အရက်အလွန်အကျွံသောက်ခြင်း ကိုရှောင်ကြည်ပါ။ အရက်အလွန် အကျွံသောက်ခြင်းသည် အရိုးကြံ့ခိုင် ကျန်းမာရေးကို ထိခိုက်စေသဖြင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

သက်ကို
Ref;ANI

Health Updates Journal No. 94

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်

ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နောက်ရလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသင်က သိသာ ထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေ အနေသို့ပင်ရောက်ရှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းအေး
Ref: ANI

Health Updates Journal

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ


လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။

ရေချိုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။

ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ဓာကို ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ သိပံ္ပနည်းကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။

ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ?

ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ သန့်ရှင်းစင်ကြယ်စေပါတယ်။ မအိပ်ခင်မှာ လန်းဆန်းပြီး သန့်ရှင်းနူးညံ့တဲ့ ခံစားမှုကို ရရှိစေပါတယ်။
စိတ်ဖိစည်းမှု သက်သာစေပြီး သွေးပေါင်ချိန် လျှော့ချစေပါတယ်။ တနေ့ကုန် ပင်ပန်းလို့ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်ပေးပါတယ်။
တနေကုန်ပင်ပန်းလာပြီး လေ့ကျင့်ခန်းလုပ်ရင်တောင် တောင့်တင်းနေတဲ့ ကြွက်သားတွေဟာ ရေချိုးခြင်းဖြင့် ဖြေလျှော့ ပေးနိုင်ပါတယ်။
ရေနွေးနဲ့ ချိုးလိုက်ရင် အရေပြားကို ချေမွတ်ပြီး ပျော့ပြောင်းစေကာ ရေချိုးပြီးသည်နှင့် တပြိုင်နက် နုပျိုလန်းဆန်းခြင်းကို ခံစားရရှိစေသည်။
ရေချိုးနေစဉ် အချိန်လေးအတွင်းမှာပင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်ကာ စိတ်ပြေလက်ပျောက်ဖြစ်စေသည်။
အံ့ဖွယ်အချက်တခုကတော့ ညဖက်ရေချိုးခြင်းက ကောင်းသော ကိုယ်သင်းရနံ့ကို ပေးသည်။
အသားအရေ နူးညံ့သည့် ခံစားမှု သန့်ရှင်း တက်ကြွခြင်းနှင့် ကောင်းမွန်သော ကိုယ်သင်းရနံ့တို့က အိပ်ယာဝင် ချမ်းသာသုခ ကိုအထောက်အကူပေးသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျှော်စေသည်။
အိပ်မပျှော်ခြင်း၊ မျက်စိကြောင်ခြင်းများ မဖြစ်နိုင်ပါ။
အလုပ်မှာ ပင်ပန်းတယ်ဆိုပြီး ချွေသံတရဲရဲနှင့် တန်းမအိပ်ပါနှင့်။ ရေချိုးခြင်းက စိတ်ရောကိုယ်ပါ အပန်းပြေစေတဲ့အတွက် ခွန်အားသစ် ပြန်လည်ရရှိအောင် ရေချိုးပါ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းချင်း ပြောင်းလဲလာတာကို ခံစားရပါလိမ့်မယ်။

ညဖက်မှာ ရေချိုးရင် ဒါလေးတွေတော့ သတိထားပါ။

ခေါင်းလျှော်ရင် မအိပ်ခင်မှာ ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ်အပူချိန်ဟာ နေ့ခင်းဖက်မှာထက် လျှော့ကျနေတာကို သတိပြုပါ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်ချင်လို့ ရေချိုးတာဆိုရင် မအိပ်ခင်ကလေးမှာ ရေချိုးပါ။
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက် ချက်ခြင်းရေတန်းမချိုးပါနဲ့။ မိနစ် ၃၀ခန့် ဆောင့်ပြီး ကိုယ်အပူချိန်လျှော့ကျသွားကာ ချွေးပေါက်တွေပြန်ကျဉ်းသွားတဲ့အတွက် အဲဒီအချိန်မှာ ရေချိုးပါ။
ညဖက် အတော်နောက်ကျမှ ချိုးရင် ရေနွေးနဲ့ချိုးပါ။
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို လက်နဲ့ထိတွေ့ ခံစားကြည့်ပါ။ ပုံမှန်အားဖြင့် လူ့ကိုယ်ခန္ဓာကိုယ်အပူချိန်ထက် ၅ ဒီကရီပို၍ လက်ခံနိုင်သည်။ လူတယောက်၏ သာမန်အပူချိန်ကတောပ ၉၇ံ ဖါရင်ဟိုက်၊ ၃၆ံဆာဆီယပ် ဖြစ်တဲ့အတွက် ကိုယ်လက်ခံနိုင်တဲ့ မပူလွန်း မအေးလွန်း အနေအထားကို ရယူပါ။

ရေချိုးခြင်းဟာ ကိုယ်နဲ့စိတ်ကို သဘာဝအတိုင်း ပြန်လည် လန်းဆန်းတက်ကြွအောင် လုပ်ခြင်းဖြစ်ပါတယ်။ သာမန်အိပ်ပျှော်ရုံ မဟုတ်ပဲ အိပ်မောကျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်အောင် အထောက်အကူပေးပါသည်ဟု တင်ပြလိုက်ပါသည်။

( သင့်မိတ်ဆွေများကိုလည်း မျှဝေပေးလိုက်ပါဦးနော် )

ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ