မိခင်ရဲ့ ကိုယ်ခံအားစနစ်ဟာ ကလေးငယ်ရဲ့ ဦးနှောက်အပေါ် သက်ရောက်မှုရှိ


တကယ်လို့ ကိုယ်ဝန်ဆောင်မိ ခင်တစ်ယောက်ရဲ့ ကိုယ်ခံအားစနစ် အသက်ဝင်လှုပ်ရှားလာပြီဆိုရင် ဒါ ဟာ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုး မှုအပေါ် သက်ရောက်မှုရှိပါတယ်လို့ သုတေသနအသစ်တွေအရ သိရပါ တယ်။ ရောဂါပိုးဝင်ခြင်း၊ စိတ်ဖိစီး ခြင်း၊ ဖျားနာခြင်း၊ ဓာတ်မတည့်ခြင်း စတာတွေဟာ ကိုယ်ခံအားအဖွဲ့အ စည်းကို ထကြွလှုပ်ရှားစေနိုင်ပါတယ်။ ရောင်ရမ်းမှုတုန့်ပြန်တဲ့ ဖြစ်စဉ်အနေ နဲ့ ပရိုတင်းတွေ ထွက်လာပါတယ်။ တိရစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ သုတေ သနရလာဒ်တွေအရ အချို့ပရိုတင်း တွေဟာ မွေးဖွားလာမဲ့ကလေးကို ထိ ခိုက်စေနိုင်တယ်ဆိုတာကို သက်သေ ပြနိုင်ခဲ့ပါတယ်။

သုတေသနမှာ ငယ် ရွယ်တဲ့အမျိုးသမီးတွေကို ကိုယ်ဝန် ဆောင်ကာလတလျှောက်၊ ကလေး မွေးဖွားပြီးချိန်နဲ့ ကလေးငယ်အတော် အတန် အရွယ်ရောက်လာတဲ့အထိ စောင့်ကြည့် မှတ်တမ်းတင်ခဲ့တာ လည်း ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ကာလတို၊ ကာလရှည် ဦးနှောက်လုပ် ဆောင်မှုပိုင်းဆိုင်ရာတွေကို ကိုယ်ဝန် ဆောင်ကာ တတိယသုံးလအတွင်း မိခင်ရဲ့ကိုယ်ခံအားစနစ် လှုပ်ရှား တက်<ကလာမှုတွေက လွမ်းမိုးမှုရှိနေ တာကိုလည်း တွေ့ရပါတယ်။ တွေ့ရှိ ချက်တွေထဲမှာ ရောင်ရမ်းတဲ့ လက္ခဏာတွေပြသနေတဲ့ ကိုယ်ဝန် ဆောင်မိခင်တွေမှာ ကလေးနှလုံးခုန် သံပြောင်းလဲမှုတွေလည်း ပါဝင်ပါ တယ်။ ကလေးနှလုံးခုန်သံနဲ့ အာရုံ ကြောအဖွဲ့အစည်းကြားက ဆက် သွယ်မှုကို လေ့လာပြီးတဲ့နောက်မှာ ကလေးနှလုံးခုန်သံ ပြောင်းလဲနေပြီ ဆိုရင် ဒါဟာမိခင်မှာရှိတဲ့ ရောင်ရမ်း မှုဖြစ်စဉ်တွေဟာ မမွေးဖွားခင်ထဲက ကလေးငယ်အပေါ် သက်ရောက်မှုရှိ နေပြီဆိုတာကို ညွန်ပြနေတာလည်း ဖြစ်ပါတယ်။

 မွေးဖွားပြီးရက်သတ္တ ပတ်အနည်းငယ်အတွင်းမှာပဲ ကိုယ် ၀န်ဆောင်ကာလအတွင်း ရောင်ရမ်း မှု ဖြစ်စဉ်တွေကို ညွန်ပြနေတဲ့ ပရိုတင်းတွေတက်နေသော မိခင်မှ မွေးဖွားတဲ့ ကလေးငယ်တွေမှာ ဦးနှောက် အစိတ်အပိုင်းတွေကြား ဆက်သွယ်မှုတွေကို လေ့လာဖို့ ဦးနှောက်ဓာတ်မှန်တွေကို အသုံးပြုခဲ့ ကြပါတယ်။ ကလေးအသက် (၁၄) လရောက်တဲ့အခါမှာတော့ လှုပ်ရှားမှု စွမ်းရည်၊ ဘာသာစကားသင်ယူနိုင် စွမ်း၊ အပြုအမူပိုင်းဆိုင်ရာတွေကို ဆက်လက်လေ့လာခဲ့ပြီး ရောင်ရမ်းမှု ဖြစ်စဉ်တွေကြုံတွေ့ခဲ့ရတဲ့ မိခင်မှ မွေးဖွားတဲ့ ကလေးတွေနဲ့ ကျန်းမာတဲ့ မိခင်မှ မွေးဖွားခဲ့တဲ့ ကလေးငယ်တွေ ကြား ကွာဟချက်ကြီးကြီးမားမားရှိ နေတာကို တွေ့ခဲ့ရပါတယ်။ တိရစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနဖြစ်ပေမဲ့လည်း မိခင်ရဲ့ သွေးထဲရှိ ရောင်ရမ်းစေတဲ့ အမှတ် လက္ခဏာတွေနဲ့ ကလေးငယ်ရဲ့ မှတ် Óဏ်စွမ်းရည် ပြောင်းလဲမှုတွေကြား ဆက်စပ်မှု ရှိနေတယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။

ထိုရလာဒ်တွေမှတစ်ဆင့် သား အိမ်ထဲမှစတင်ကာ ကြီးပြင်း လာချိန်အထိ အကျန်းမာဆုံးပုံစံနဲ့ ဖွံဖြိုးလာဖို့ နဲ့ ထိုသက်ရောက်မှုတွေကို ကာကွယ်ဖို့ နည်းလမ်းတွေပေါ်ပေါက် လာဖို့ အကူအညီ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

အိပ်ရာဝင်ခိုင်းရခက်တဲ့ ကလေး


ကလေးတိုင်းကလေးတိုင်းမှာ တော့ အိပ်ရာဝင်ခိုင်းရခက်ခဲတဲ့ အချိန်တွေရှိတတ်ကြတာပါပဲ။ အိပ် ရာမ၀င်ချင်သေးတဲ့အတွက် အိပ် ချိန်နီးပြီ အိပ်ရာဝင်ရတော့မယ် ဆိုရင် ရေလေးသွားသောက်ဦးမယ်၊ ပုံပြင်လေး တစ်ပုဒ်လောက်တော့ ထပ်ပြောပြပါဦး၊ ရှူးရှူးသွားထပ် ပေါက်လိုက်ဦးမယ် စတဲ့အကြောင်းပြ ချက်မျိုးစုံနဲ့ အိပ်ဖို့အရေး အချိန်ဆွဲ နေတတ်ကြပါတယ်။
အသက် ၃ နှစ်အောက်
ကလေးတွေဟာ အိပ်ဖို့အရေးကို သိပ်ပြီး စိတ်ဝင်စားလေ့၊ စိတ်ပါလေ့ မရှိကြဘူး။ ညဘက်တွေမှာလည်း မကြာခဏနိုးလာတတ်ပြီး နိုးတဲ့ အချိန်မှာလည်း သူတို့ကို ပွေ့ဖက် ချော့မြှူတာ၊ ဂရုစိုက်တာတွေကို ခံလိုလေ့ရှိပါတယ်။

ဘာကြောင့်ဖြစ်နိုင်သလဲ
၁။ ကလေးမှာ အကြောင်းတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စိတ်တစ်ခုခုရှိနေ တာ၊ ဒါမှမဟုတ် လောလောဆယ်မှာ စိတ်အရမ်းတက်ကြွနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ ကလေးက မိဘရဲ့ဂရုစိုက်ခြင်း၊ မိဘနဲ့ အတူရှိနေခြင်းကို အလွန် အမင်းလိုချင်နေတာကြောင့် ဖြစ်နိုင် တယ်။ အိပ်ရာထဲဝင်ရတဲ့အခါ မိဘ နဲ့ ခွဲရပြီး မိဘနဲ့ ဝေးကွာသွားတယ် လို့ ခံစားရနိုင်ပါတယ်။ (ကျွန်တော် တို့ဆီမှာတော့ ကလေးက မိဘတွေနဲ့ အတူအိပ်တာဆိုတော့ သိပ်ပြဿနာ မရှိဘူးလို့ ထင်တယ်။)

၃။ ကလေးမိဘက ကလေးအိပ်ချိန်နဲ့
ပတ်သက်ပြီး စိုးရိမ်ကြီးလွန်းနေတာ၊ စိတ်ပူလွန်းနေတာလည်း ဖြစ်နိုင် တယ်။

၎။ မိဘတွေက ကလေးရဲ့အိပ်ချိန်နဲ့ ပတ်သက်ပြီး စည်းကမ်းကြပ်မတ်မှု မရှိလို့လည်း ဖြစ်နိုင်ပါတယ်။

၅။ ကလေးက နေ့လည်ပိုင်းသိပ်ထား တုန်းက အကြာကြီးအိပ်ထားလို့ အိပ်ရေးဝပြီး ညပိုင်းမှာ လန်းဆန်းနေ တာလည်း ဖြစ်နိုင်ပါတယ်။

၆။ ကလေးက သူ့အတွက် အိပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အခြေ အနေ၊ အိပ်ရာဝင်ပြီဆိုလည်း အိပ်မ ပျော်နိုင်သေးတဲ့အခြေအနေ ဖြစ်နေ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူကြီးတွေလိုပါပဲ၊ ကလေးတွေမှာ လည်း အိပ်ချင်စိတ်နဲ့ အိပ်ဖို့လိုအပ် တဲ့အချိန်တွေဟာ တစ်ခါနဲ့ တစ်ခါ မတူနိုင်ပါဘူး။

၇။ ကလေးက တစ်ယောက်တည်း အိပ်ရတဲ့အခါ အရမ်းအထီးကျန်ခံစား ပြီး မိဘရဲ့ အားပေးနှစ်သိမ့်မှုကိုလို ချင်နေတာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

အဲဒီလိုမဖြစ်အောင် ဘယ်လိုပျိုးထောင် ကြမလဲ
၁။ ကလေးအတွက် အိပ်ရာဝင်ဖို့ အိပ်ရာထဖို့ ပုံမှန်အချိန်ကလေး သပ်မှတ်ထားပေးရမယ်။ ည ဘယ် အချိန်ရောက်ပြီဆိုတာနဲ့ ဘာလုပ် မယ်၊ ဘာပြီးရင် ဘာလုပ်မယ်၊ ပြီး ရင် အိပ်ရ၀င်ရမယ် စသည်ဖြင့်ပေါ့။ ည ၈ နာရီခွဲတာနဲ့ နို့သောက်မယ်၊ သွားတိုက်မယ်၊ ည၀တ်အင်္ကျီလဲမယ်၊ ပြီးရင် အိပ်ရာထဲဝင်ရမယ်၊ ပုံပြင် တစ်ပုဒ်နားထောင်ပြီးရင် အိပ်ရမယ် အဲဒီလိုအလေ့အထမျိုးပေါ့။

၂။ အိပ်ရာဝင်ရမယ့်အချိန်ကို တိတိကျကျသတ်မှတ်ပြီး သေသေ ချာချာလိုက်နာစေသင့်ပါတယ်။ ကလေးက မအိပ်ချင်သေးဘူးလို့ ပြောရင်တောင် အိပ်ရာထဲမှာပဲ အိပ် ပျော်သွားတဲ့အထိ ငြိမ်ငြိမ်ဆိတ်ဆိတ် ကလေး နားနားနေနေနေခိုင်းရမယ်။

၃။ ကိုယ်က အလုပ်ပြန်လာတာ နောက်ကျတယ်ဆိုရင်တော့ ကလေး ရဲ့ အိပ်ရာဝင်ချိန်ကို နောက်နည်း နည်း ဆုတ်နိုင်ပါတယ်။ ဒါမှလည်း ကလေးက ကိုယ်နဲ့ အတူတူနေဖို့၊ ကိုယ်နဲ့ အတူတူကစားဖို့ အချိန်ပိုရ နိုင်မှာပါ။

၎။ အိပ်ချိန်နီးပြီဆိုတာနဲ့ ၅ မိနစ် ၁၀ မိနစ်လောက်အလိုကတည်းက အိပ် ချိန်နီးလာပြီးနော်ဆိုတာ ကလေးကို သတိပေးထားသင့်တယ်။

၅။ ကလေးရဲ့ အိပ်ချိန်မတိုင်မီ
တစ်နာရီလောက်အတွင်းမှာ ကလေး ကို အေးဆေးငြိမ်သက်ပြီး သက် သောင့်သက်သာ ဖြစ်စေမယ့် လုပ်ငန်းဆောင်တာမျိုးတွေပဲ လုပ် ကိုင်စေသင့်တယ်။ ဥပမာ - စာဖတ် တာမျိုး၊ ပုံပြင်ပြောတာမျိုးပေါ့။ အိပ်ရာဝင်ခါနီး ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ၊ အိပ်ရာဝင်ခါနီး သွားရည်စာမုန့် တစ်ခုခုကျွေးတာ မျိုးက ကလေးရဲ့ အိပ်ရာဝင်လိုစိတ်ကို အထောက် အကူပြုပေးနိုင်ပါတယ်။
၆။ ကလေးရဲ့ အိပ်ချိန်ကို ပျော်ရွှင် ကြည်နူးစရာ၊ ချစ်ခင်နှစ်သက်စရာ၊ စိတ်လက်အေးချမ်းပြီး သက်သောင့် သက်သာစရာ ဖြစ်နေစေသင့်ပါ တယ်။ ဥပမာ - အိပ်ရာဝင်ခါနီး ပုံပြင်ပြောပြတာ၊ အိပ်ခါနီးဘုရား အတူတူရှိခိုးတာ၊ အိပ်ရာဝင်သီချင်း တွေဆိုပြတာ စတာတွေနဲ့ ဖန်တီးပေး လို့ ရပါတယ်။

၇။ ကလေးအတွက် အိပ်ရာထဲမှာ စိတ်လုံခြုံမှုဖြစ်စေတဲ့ အရာဝတ္ထု တစ်ခုခုလည်း ကလေးကို ပေးထား သင့်ပါတယ်။ ဥပမာ - စောင်လိုမျိုး၊ အရုပ်ဖက်လုံးလိုမျိုး တစ်ခုခုပေါ့။ အဲလိုပေးထားခြင်းအားဖြင့် ကလေး ကို မြန်မြန်အိပ်ပျော်သွားစေပါ တယ်။

၈။ အိပ်ရာမ၀င်ခင် ကလေးနဲ့ ကစား တာ၊ ပုံပြင်ပြောတာ စတာတွေလုပ် နေစဉ်မှာလည်း ကလေးကို သေသေ ချာချာဂရုစိုက်ပေးဖို့၊ ချစ်ခင်ယုယမှု တွေ အများကြီးပေးဖို့လိုပါတယ်။ ဒါမှ ကလေးအတွက် စိတ်ကျေနပ်မှု တွေရပြီး ကောင်းကောင်းအိပ်ပျော် စေပါတယ်။

၉။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေ ရှိအောင်၊ လုပ်ဖြစ်အောင် လေ့ကျင့် ပေးထားသင့်ပါတယ်။

အဲဒီလို ကလေးတစ်ယောက်ရှိရင် ဘာတွေလိုက်နာလုပ်ဆောင်ရမလဲ
၁။ ကလေး အိပ်ရာထဲဝင်ပြီးမှ ပြန် ထွက်လာတာနဲ့ အိပ်ရာထဲချက်ချင်း ပြန်ဝင်ခိုင်းရမယ်။

၂။ ကလေးရဲ့ နေ့လည်ပိုင်းအိပ်တဲ့ အချိန်မှာ လိုအပ်သလောက်ပဲ အိပ် စေသင့်တယ်။ လိုအပ်ရင် နေ့လည် ပိုင်းအိပ်ချိန်ကို လျှော့သင့်တယ်။ ဒါမှမဟုတ်ရင်တော့ ညပိုင်းအိပ်ရာ ၀င်ချိန်ကို နောက်ဆုတ်ပေးသင့် တယ်။

၃။ ကလေးက ညအမှောင်ကို ကြောက်တတ်တယ်ဆိုရင် ကလေးနဲ့ အဲဒီအကြောင်း ဆွေးနွေးကြည့်သင့် တယ်။ ကြောက်စရာမလိုကြောင်း ရှင်းပြရမယ်၊ နှစ်သိမ့်အားပေးတာ တွေ လုပ်ပေးရမယ်။ ကလေးရဲ့ အိပ်ခန်းမှာ မီးမှိန်မှိန်လေးထွန်းထားပေးတာမျိုး လုပ်နိုင်တယ်။ (မီးဖွင့် ပြီးအိပ်စေတာမျိုးကတော့ မလုပ်သင့် ဘူး။ မှောင်တဲ့အခန်းထဲမှာအိပ်တာက ပိုပြီး အိပ်ရေးဝစေတယ်။) ကလေးရဲ့ အိပ်ခန်းတံခါးကို ဖွင့်ထားပေးတာမျိုး လည်း လုပ်နိုင်ပါတယ်။

၎။ ကလေးကို နေ့တိုင်း အချိန်မှန် အိပ်ရာဝင်တိုင်း ဆုပေးတာ၊ အခွင့် အရေးတစ်ခုခုပေးတာမျိုး လုပ်နိုင် တယ်။ ဥပမာ - ကားချပ်တစ်ခု ထားပြီး အိပ်ရာပုံမှန်ဝင်တဲ့ရက်တိုင်း ကြယ်ပွင့်ကလေးတစ်ပွင့် ကပ်ပေး တာ (အမှတ်တစ်မှတ်ပေးတာ)၊ ကြယ်ပွင့် ဘယ်နှစ်ပွင့်ရရင် အရုပ် တစ်ခု ၀ယ်ပေးတာ၊ ကစားကွင်းလိုက်ပို့ပေးတာမျိုးပေါ့။ အဲဒီလိုနည်းနဲ့ လေ့ကျင့်ပေးနိုင်တယ်။
၅။ ကလေးနဲ့ အချိန်ကိုက်အိပ်ရာ
ဝင်တမ်းကစားနည်းနဲ့လည်း လေ့ ကျင့်ပေးနိုင်ပါတယ်။ အချိန် ၁၅ မိနစ်လောက် နာရွှီငာနမ ပေးပြီး အချိန်စတာနဲ့ ည၀တ်အင်္ကျီလဲတာ၊ နို့သောက်တာ၊ အဆာပြေစားတာ၊ သွားတိုက်တာ၊ ရှူးပေါက်တာတွေ အချိန်မီပြီးအောင်လုပ်ပြီး အိပ်ရာထဲ ရောက်အောင်ဝင်တဲ့ကစားနည်းမျိုး ပေါ့။ ညအိပ်ရာဝင်ခါနီးတိုင်း အဲဒီ ကစားနည်းကစားရင်း အိပ်ရာဝင် ခိုင်းနိုင်ပါတယ်။

ဘာတွေမလုပ်ရဘူးလဲ
၁။ ကလေးကို အိပ်ရာမ၀င်ခင် သရဲ ကားကြည့်တယ်၊ ထိန်လန့်စရာ ကောင်းတဲ့ဇာတ်ကားမျိုးကြည့်တာ ကို ခွင့်မပြုသင့်ဘူး။ အိပ်ရာမ၀င် ခင်အချိန်မျိုးမှာ အရမ်းတက်ကြွလှုပ် ရှားရတဲ့ကစားနည်းမျိုး မကစားစေ သင့်ဘူး။

၂။ ကလေးကို ချက်ချင်းအိပ်ပျော် အောင် အိပ်ဆိုပြီး အတင်းတွန်းအိပ် စေတာမျိုး မလုပ်သင့်ဘူး။

၃။ ကလေးကို အကြောင်းတစ်ခုခု ကြောင့် အပြစ်ပေးတဲ့နည်းလမ်းတွေ ထဲမှာ စောစောအိပ်ရာဝင်စေတာမျိုး မပါရဘူး။ ကလေးကို စောစောအိပ် ရာဝင်စေတာဟာ အပြစ်ပေးနည်း တစ်ခုမဖြစ်ရဘူး။

၎။ မအိပ်လို့ဆိုပြီး ကလေးကိုခြောက် လှန့်တာ၊ ဝေဖန်တာ၊ (တင်ပါးကို လက်ဝါးနဲ့) ရိုက်တာမျိုးတွေလည်း မလုပ်ရဘူး။

၅။ ကလေးကို သူ့အိပ်ချိန် သူ့ဖာသူ စီမံခန့်ခွဲတာမျိုး မလုပ်ခိုင်းသင့်ဘူး။ (ကလေးရဲ့အိပ်ချိန်ကိုတော့ မိဘကပဲ ကြည့်ရှုစီမံပေးသင့်တယ်။)

ဒေါက်တာကောင်းမြတ်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ကျန်းမာရေးအတွက်လည်း ကောင်းမယ် ဗိုက်အဆီတွေလည်း ကျမယ်


ကျန်းမာရေးနဲ့ ညီညွတ်စွာ စာသုံးရင်သင့်ခန္ဓာကိုယ် အဆီတွေနဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေပါလိမ့်မယ်။ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးရင် သင့်ခန္ဓာကိုယ်ထဲကို အဆီတွေ ဝင်ရောက်မှု လျော့နည်းစေပြီး ရရှိတဲ့ ကယ်လိုရီကိုလည်း နည်းစေပါလိမ့်မယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခြင်းက သွေးတိုးခြင်းနဲ့ ကိုလက်စထရော များခြင်းလိုမျိုး ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေကို နည်းစေပြီး သင့်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။
သင့်ခန္ဓာကိုယ်ဟာ နေ့စဉ်အာဟာရ အမျိုး ၄၀ ကျော်ကိုလို အပ်ပါတယ်။

ဒါကြောင့် သင်စားတဲ့ အစာတွေဟာ အမျိုးမျိုး ဖြစ်သင့်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်မျိုစုံ ပါဝင်ဖို့ လိုအပ်ပါတယ်။ ငါး၊ အဆီနည်း အသားနဲ့ အဆီနည်း နို့ထွက်ပစ္စည်းတွေကို စားသောက်ပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သမျှ သဘာဝအတိုင်းစားပါ။ ပြုပြင်ဖန်တီး ထုတ်လုပ်ထားတဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်စတာတွေကို တတ်နိုင်သမျှ လျှော့စားပါ။

လေ့လာမှုတွေ အရ အစာကို နည်းနည်းနဲ့ မကြာခဏ စားခြင်းဟာ သင့်ရဲ့ ဇီဝ ဖြစ်ပျက်နှုန်းကို မြန်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းနည်းနဲ့ မကြာခဏ စားတဲ့ အတွက် သင်ဟာ စိတ်ကျေနပ်မှု ပိုရပြီး တစ်နေ့လုံး ဗိုက်ပြည့်နေသလို ခံစားရတဲ့အတွက် အလွန်အကျွံ စားမိနိုင်ခြေ နည်းသွားပါတယ်။ သင့်ရဲ့ ကယ်လိုရီနဲ့ အာဟာရတွေကို တစ်နေ့လုံး ညီညီမျှမျှ ရရှိဖို့ ကြိုးစားပါ။

အဆီလောင်ကျွမ်းတဲ့ အကောင်းဆုံး အကျိုးကျေးဇူးကို ရဖို့ အတွက် အစာစားတိုင်း ပရိုတင်း (အသားဓာတ်) နည်းနည်းစီ ပါဝင်အောင် စားပါ။ ပရိုတင်းကို အစာချေဖျက်ဖို့ အတွက် စွမ်းအင်လိုအပ်တဲ့ အတွက် အဆီတွေကို လောင်ကျွမ်းဖို့ ကူညီပါတယ်။ အစာချေဖျက်ဖို့ ကယ်လိုရီတွေကို ပိုသုံးရလေ၊ လောင်ကျွမ်းကုန်ဆုံးတဲ့ ကယ်လိုရီ ပိုများလေ၊ အဆီတွေ ပိုမိုလောင်ကျွမ်းလေ ဖြစ်ပြီး သင့်ဝမ်းဗိုက်က အဆီတွေ ပိုလျော့ကျလေ ဖြစ်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

အဆစ်အမြစ်ရောင်ရောဂါနဲ့ပတ်သက်တဲ့ မျိုးဗီဇများ ရှာဖွေတွေ့ရှိ


နောက်ဆုံးပြုလုပ်ခဲ့တဲ့ သုတေ သနအသစ်မှာတော့ အဆစ်အမြစ် ရောင်ရောဂါ (Osteoarthritis-OA) နဲ့သက်ဆိုင်တဲ့ မျိုးဗီဇအသစ် (၉) ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ အနာဂတ်မှာ အဆစ်အမြစ်ရောင် ရောဂါကုသဖို့အတွက် ပစ်မှတ်ထား နိုင်တဲ့ ကုသနည်းသစ်ပေါ်ပေါက်လာ နိုင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ လူဦးရေ (၉) သန်းခန့်ဟာ အဆစ်အမြစ်ရောင် ရောဂါကို ခံစားနေရပြီး အဆိုပါရော ဂါဟာ အဆစ်အမြစ်တွေ ပျက်စီးပြီး နာကျင်ကာ လွတ်လွတ်လပ်လပ်လှုပ် ရှားမှု ပြုလုပ်နိုင်ခြင်းမရှိတဲ့ အခြေ အနေဖြစ်ပါတယ်။ Osteoarthritis အဖြစ်အများဆုံး တွေ့ရအများဆုံး သော အရိုးငြမ်းကြွက်သားရောဂါတစ် ခုဖြစ်ပါတယ်။

လက်ရှိအချိန်အထိရေရာတဲ့ ကုသမှုမရှိသေးဘဲ နာကျင်မှု သက်သာအောင်ကုသကြသလို လို အပ်ရင်အဆစ်ကိုအစားထိုးတဲ့ ခွဲစိတ် မှုတွေအထိ ပြုလုပ်ကြပါတယ်။ Osteoarthritis ရဲ့ မျိုးဗီဇအခြေခံကို နားလည်ဖို့ သုတေသီတွေဟာ DNA မျိုးကွဲပေါင်း (၁၆.၅) သန်းခန့်ကို လေ့လာခဲ့ပြီး အဆစ်အမြစ်ရောင် ရောဂါရှိသူ (၃၀၇၂၇) ယောက်နဲ့ မ ရှိသူ (၃၀၀၀၀၀) နီးပါးပါဝင်ခဲ့ပါ တယ်။ ထိုအထဲမှာမှ သုတေသီတွေ ဟာ အဆစ်အမြစ်ရောင်ရောဂါနဲ့ သက်ဆိုင်တဲ့ မျိုးဗီဇ (၉) ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ လက်ရှိကာလမှာ တော့ အဆစ်အမြစ်ရောင်ရောဂါဟာ ကမ္ဘာနဲ့အ၀ှမ်း စိန်ခေါ်မှုတစ်ရပ် လည်း ဖြစ်ပါတယ်။ လူအမျိုးမျိုးကို သက်ရောက်စေနိုင်သလို ဒူးဆစ်ရိုး၊ တင်ပဆုံရိုး၊ ကျောရိုးစသဖြင့် အဆစ် အမြစ်အမျိုးမျိုးကို ထိခိုက်စေနိုင်ပါ တယ်။ အဆစ်အမြစ်အစားထိုးတဲ့ ခွဲစိတ်မှုပြုလုပ်ထားတဲ့ လူတွေဆီမှ ပုံမှန်အရိုးနုနဲ့ ရောဂါဖြစ်နေတဲ့အရိုး နု နှစ်မျိုးစလုံးကို လေ့လာခြင်းဖြင့် မျိုးဗီဇအသစ် (၉) ခုရဲ့ ကဏ္ဍကိုစမ်း သပ်ခဲ့ကြပါတယ်။

ကျန်းမာတဲ့တစ် သျှူးနဲ့ ရောဂါဖြစ်နေတဲ့ တစ်သျှူးတွေ ဆီမှ ဆဲလ်တွေကိုရယူပြီး အဆစ်အ မြစ်ရောင်ရောဂါမှာ ပါဝင်လုပ် ဆောင်နေတဲ့ မျိုးဗီဇတွေကို အသေး စိတ်လေ့လာခဲ့ကြတာလည်း ဖြစ်ပါ တယ်။ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဆက်နွယ်နေတဲ့ မျိုးဗီဇ (၉) ခုထဲကမှ (၅) ခုဟာ ကျန်းမာတဲ့တစ်သျှူးနဲ့ ရောဂါ ဖြစ်နေတဲ့တစ်သျှူးတွေမှာ သိသိသာ သာကွဲပြားနေတာကိုလည်း တွေ့ရပါတယ်။ ထပ်ပေါင်းလေ့လာမှု တွေအရ အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ သွေးတွင်းအဆီဓာတ်များ ပြားခြင်းဟာ အဆစ်အမြစ်ရောင် ရောဂါအပေါ်မှာ ထူးခြားတဲ့သက် ရောက်မှုမျိုး ရှိမနေတာကိုလည်း တွေ့ရပါတယ်။ ဒီမျိုးဗီဇတွေ့ရှိချက် တွေဟာ အဆစ်အမြစ်ရောင် ရောဂါ သည်တွေအတွက် တကယ့်ကိုအကျိုး ရှိစေနိုင်မဲ့တွေ့ရှိမှုလည်း ဖြစ်ပါ တယ်။ နေ့စဉ်ဘ၀၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံနေကြရပြီး ဘ၀အရည်အသွေးကို ပါ ထိခိုက်လာစေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်လည်း ဖြစ်ပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ဆေးလိပ်သောက်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ


တစ်နေ့ကို စီးကရက် အနည်း ဆုံး (၁၀) လိပ်ခန့်သောက်သုံးခြင်း ဟာ စိတ်ကစဥ့်ကလျားရောဂါဖြစ်နိုင် ခြေကို သိသိသာသာမြင့်မားစေပါ တယ်လို့ သုတေသီတွေက ဆိုပါ တယ်။ သုတေသီတွေဟာ စိတ်ကစဥ့် ကလျားရောဂါနဲ့ ဆေးရွက်ကြီး၊ ဆေး ခြောက်ပါဝင်တဲ့ ဆေးလိပ်သောက် သုံးခြင်းကြားက ဆက်စပ်မှုကို ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး စိတ်ကစဥ့် ကလျားရောဂါရှိတဲ့ သူတွေဟာ ဘာကြောင့် ဆေးလိပ်ပိုမိုသောက်သုံး ကြသလဲဆိုတဲ့ အကြောင်းအရင်း ကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ တစ်ချို့သုတေသီတွေက တော့ ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်ကို ဆေးကုသခြင်းတစ်မျိုးလို့ ထင်ကြတာကြောင့် ဖြစ်မယ်လို့ ယူဆထားပါတယ်။ ဆိုလိုတာက စိတ်ကစဥ့်က လျားရောဂါရှိသူတွေ ဟာ ဆေးလိပ်သောက်ခြင်းဖြင့် သူတို့ရဲ့ရောဂါ လက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ ယူဆထား ခြင်းပါ။ ဒါမှမဟုတ်လည်း ဆေးလိပ် သောက်ခြင်းဖြင့် စိတ်ဖိစီးမှု၊ ပျင်းရိမှု တွေပြေပျောက်ပြီး ရောဂါလက္ခဏာ တွေ သက်သာစေနိုင်တာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေ သန ရလဒ်တွေအရတော့ ဆေးလိပ် သောက်ခြင်းကိုယ်တိုင်ကိုက စိတ်က စဥ့်ကလျားရောဂါဖြစ်နိုင်ခြေကို မြင့် မားစေတယ်ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ နေ့စဉ်ဆေးလိပ်သောက် ခြင်းဟာ စိတ်ကစဥ့်ကလျားရောဂါ ဖြစ်ပွားမှုကို မြင့်မားစေရုံသာမက အဆိုပါရောဂါဖြစ်တဲ့ အသက်အရွယ် ကိုပါ ပိုမိုစောလျင်လာစေပါတယ်။

ရောဂါလက္ခဏာတွေ သက်သာစေ တယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက် လို့လည်း Nicotine ဟာ Dopamine အဖွဲ့အစည်းအပေါ်သက်ရောက် မှုရှိနေတာကြောင့်ဖြစ်မယ်လို့ ဆိုပါ တယ်။ Dopamine ဟာ ဦးနှောက် လုပ်ငန်းစဉ်တွေ ကောင်းမွန်အောင် ကူညီပေးတဲ့ Naurotransrnitter တစ်ခုဖြစ်ပြီး Nicotine ဟာ ဦးနှောက်ကို Dopamine ထွက်လာ အောင် လှုံ့ဆော်ပေးနိုင်တာကြောင့် ဖြစ်မယ်လို့ သုတေသီတွေက ဆိုထား ပါတယ်။

ဒါကြောင့်မို့ Dopamine အဖွဲ့အစည်းဟာ ဆေးလိပ်သောက် ခြင်းနဲ့ စိတ်ကစဥ့်ကလျားဖြစ်ပွားမှု ကြားက အဓိကကဏ္ဍမှာ ပါဝင်တယ် လို့ ယုံကြည်ကြပါတယ်။ ဘာကြောင့် လဲဆိုတော့ ဆေးလိပ်သောက်ခြင်း ဟာ Parkinson ရောဂါဖြစ်ပွားမှု လျော့နည်းစေတယ်လို့ ယခင်သုတေ သနတွေက သက်သေပြထားခဲ့တာ ကြောင့်ပါ။ Parkinson ရောဂါဟာ Dopamine ကင်းမဲ့ခြင်းကြောင့်ဖြစ် ရတာဖြစ်ပြီး ဆန့်ကျင်ဘက်အားဖြင့် Schizophrenia ဟာ Dopamine များပြားလွန်းခြင်းကြောင့်ပဲ ဖြစ်လာ ရတာပါ။ လူ (၆၀၈၁) ယောက်ပါဝင် ခဲ့တဲ့ သုတေသန ရလာဒ်တွေအရ တော့ ဆေးလိပ်အလွန်အကျွံသောက် သုံးခြင်းဟာ စိတ်ကစဥ့် ကလျားရောဂါ ဖြစ်ပွားမှုကို သိသိသာသာမြင့်တက် လာစေတယ်ဆိုတာတော့ အသေအ ချာပါပဲ။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

သွေးကြောပိတ်တာ ကာကွယ်နိုင်တဲ့ တလည်းသီးဖျော်ရည်


သွေးကြောပိတ်တာ ဖြစ်မှာစိုးရိမ် နေရင်တော့ ဆေးဗီရိုမှာ ရှာစရာ မလိုဘဲ မီးဖိုချောင် ဒါမှမဟုတ် စားစရာထားတဲ့ ဗီရိုမှာ ရှာရင် တော့ ပိုပြီးသင့်တော်မှာပါ။ မကြာခင်က ပြုလုပ်ထားတဲ့ သု တေသနပြုချက်တစ်ခုမှာတော့ တလည်းသီးဖျော်ရည်ဟာ နှလုံး ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ နှလုံး
 သွေးကြောပိတ်တာကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

တလည်းသီးမှာ ဗီတာမင်စီ၊ဗီတာမင်ဘီ-၅၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို ဆန့် ကျင်သည့် ဂုဏ်သတ္တိနဲ့ သွေးဖိ အား ပုံမှန်ဖြစ်စေတဲ့ အစွမ်းသတ္တိ တွေရှိပြီး သွေးကြောပိတ်ဆို့တာ တွေကို ဖယ်ရှားရှင်းလင်းနိုင်စွမ်း ရှိပါတယ်။

တလည်းသီးဖျော်ရည် ရယ် ဒီမိတ်ဘူးတွေ ရှိပေမယ့် ကိုယ် တိုင် ကိုယ်ကျသဘာဝ ဖျော်ရည် လုပ်သောက်မယ်ဆိုရင်လည်း အလွယ်တကူ လုပ်နိုင်ပါတယ်။တလည်းသီးတစ်လုံးကိုယူပြီး အသီးပေါ် ဓားရာပေးပြီး ခွဲလိုက်ပါ။ ရေထည့်ထားတဲ့ ဇလုံတစ်လုံးထဲကို တလည်းသီးတွေခြွေချလိုက်ပါ။ ပြီးရင် ဆန်ခါလေးတစ်ခုနဲ့ ဆစ်ယူပြီး ဇွန်းတစ်ခုခုနဲ့ ဖိချပြီး အရည်ညှစ်နိုင်သလို အသီးဖျော်စက်ထဲထည့်ပြီးတော့လည်း ဖျော်လို့ရပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း တလည်းသီးဖျော်ရည် တစ်ဖန်ခွက်ကို လတ်လတ်ဆတ်ဆတ် သံပရည် လက်ဖက်ရည် ဇွန်းနှစ်ဇွန်း၊ သကြား၊ ဆား၊ ငရုတ် ကောင်းမှုန့် အနည်းငယ်စီနဲ့ ရေ၊ ရေခဲအနည်းငယ်ထည့်ပြီး ဖျော် သောက်နိုင်ပါတယ်။

ဖျော်ရည်လိုမဟုတ်ဘဲ အသီးအတိုင်းစားလည်း အကျိုးများတာကြောင့် တလည်းသီးလေး

စားပြီး နှလုံးရောဂါအတွက် ကာ ကွယ်ကြရအောင်ပါ။

-Ref: Wellnessbin
Credit to Original Writer
အမျိုးသမီးနှင့်ကျန်းမာရေး

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ

ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။
ဗီတာမင် B1 - သိုင်ယာမင်း
သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပျိုကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။
ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။
ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်
ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခိျု့တဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သျှူးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။
ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။
ဗီတာမင် B3 - နိုင်ယာစင်
နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။
ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂျုံစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။
ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်
ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။
ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။
ဗီတာမင် B6 - ပရီဒေါက်စင်း
ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ၀မ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။
ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။
ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း
ဗီတာမင် B12 ဟာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။
ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။

By ပြည်မြန်မာ

ကိုယ်ဝန်ဆောင် မိန်းကလေးတို့ အကြောမပြတ် အလှကြွယ်စေရန်

ဒီအစားအသောက်တွေက သင်စားနေကျ အစာတွေပါပဲ။ ဒီအစာတွေကို စားတာကြောင့် သင်ထင်ထားတာထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ကြောင်း လေ့လာမှုအသစ်တွေ အရ သိရပါတယ်။

ကိုယ်အလေးချိန် မြင့်တက်တာ၊ ရုတ်တရက် လျော့ကျတာ၊ သန္ဓေသား ကြီးထွားတာနဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ပြုလုပ်တာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။ အကြောပြတ်ရာက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံးပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်ထဲက သန္ဓေသားဟာ တဖြည်းဖြည်း ကြီးထွားလာတဲ့အတွက်အကြောပြတ်ရာတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ အကြောပြတ်ရာတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ဗီတာမင်အီးအရေပြားရဲ့ တင်းအားကို ကောင်းမွန်အောင် ပြုလုပ်ရင်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ်နိုင်ဖို့ ဗီတာမင်အီးကို သုံးပါ။ ဗီတာမင်အီးကို ဆေးတောင့် အဖြစ် မှီဝဲနိုင်သလို လိုးရှင်းအဖြစ်၊ အဆီအဖြစ် အရေပြားပေါ် သုတ်လိမ်းနိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း စစ်မှန်တဲ့ ဗီတာမင်အီးကို လိမ်းတာ အကောင်းဆုံးပါ။

အုန်းဆီ

အုန်းဆီကလည်း အကြောပြတ်ရာကို ကာကွယ်ပေးတဲ့ အဆီအဖြစ် လူသိများကြပါတယ်။ ဗီတာမင်အီးလိုပဲ အုန်းဆီဟာ အသားအရေကို အားဖြည့်ပေးပြီး အစိုဓာတ် ထိန်းပေးတဲ့အပြင် အရေပြား တင်းအားကို ကောင်းမွန်စေပါတယ်။ အုန်းဆီထဲကို လက်ဖက်ဆီ အစက် အနည်းငယ် ထည့်ပြီး လိမ်းရင် အာနိသင် ပိုကောင်းပါတယ်။

ကော်ဖီစေ့ကော်ဖီစေ့မှုန့်

ကော်ဖီစေ့ကော်ဖီစေ့မှုန့်တွေကလည်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ် ကုသပေးနိုင်ပါတယ်။ ကော်ဖီစေ့မှုန့်ကို ရှားစောင်းလက်ပပ် အနှစ် ဒါမှမဟုတ် သံလွင်ဆီ ရောပြီး အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားကို လိမ်းပါ။ တစ်နေ့ မိနစ် ၂၀ ခန့် ထားပြီးမှ ကြက်သီးနွေးရေနဲ့ ညင်ညင်သာသာ ဆေးကြောပေးရပါမယ်။

ကြက်ဆူဆီ

ကြက်ဆူဆီဟာ အကြောပြတ်ရာကို ကာကွယ်ကုသပေးနိုင်တဲ့ အဆီဖြစ်ပါတယ်။ အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားမှာ ကြက်ဆူဆီကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အဆီက ပျစ်လွန်းရင် သံလွင်ဆီ ရောထည့်ပြီး ကျဲအောင် လုပ်ကာ လိမ်းပေးပါ။ နှိပ်နယ်ပြီး ၁၀-၂၀ မိနစ်ကြာ ထားလိုက်ရင် အရေပြားထဲကို အဆီ ထိုးဖောက် ၀င်ရောက် သွားစေပါတယ်။

Shea Butter

အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်တဲ့ အဆီဖြစ်တာကြောင့် လိမ်းထားရင် ရေဓာတ် ပြည့်ဝနေစေပါတယ်။ Shea Butter ပါတဲ့ ခရင်မ်လိမ်းတာကြောင့် အရေပြားတင်းအားကို ကောင်းမွန်စေပြီး အကြောပြတ်ရာကို သက်သာစေပါတယ်။

ပြည်မြန်မာ

တင်းကျပ်လွန်းသည့် အဝတ်အထည်တချို့ကြောင့် ခါးနာဝေဒနာဖြစ်ပွား


တင်းကျပ်လွန်းတဲ့ အသားကပ်ဂျင်း ဘောင်းဘီတွေ၊ ထူထဲတဲ့အမွေးပွ ခေါင်းစွပ်အင်္ကျီတွေကို ဝတ်ဆင်ခြင်းဟာ ခါးနာခြင်းကို ဖြစ်စေနိုင်တယ်လို့ အကြော အဆစ်ပြုပြင်သူ ပညာရှင်အချို့က သတိ ပေးခဲ့ကြပါတယ်။

တင်းကျပ်လွန်းတဲ့ဂျင်းဘောင်းဘီ တွေ နောက်ပွင့်ရှူးဖိနပ်တွေနဲ့ ကျောမှာ လွယ်ပိုးရတဲ့အိတ်တွေဟာ ခါးနာစေတဲ့ အကြောင်းတွေကို ဖန်တီးနေတယ်လို့ ကာယကုပညာရှင်တစ်ဦးက ဆိုပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ အမျိုးသမီးများစွာ အနက် အမျိုးသမီးလေးပုံသုံးပုံလောက် ဟာ ခါးနာဝေဒနာကို ခံစားနေကြရတာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံမှာရှိတဲ့အကြော အဆစ်ပြုပြင်မှုအဖွဲ့ (BCA)က ပြုလုပ် ခဲ့တဲ့ သုတေသနပြုစစ်တမ်း ကောက်ယူ ခဲ့မှုတွေအရ သိရပါတယ်။

ခါးနာဝေဒနာခံစားရတဲ့အဲဒီအမျိုးသမီးတွေကို လေ့လာကြည့်လိုက်တဲ့အခါ မှာခေတ်မီပြီး ဖက်ရှင်ကျတဲ့ ဝတ်စား ဆင်ယင်မှုရှိသူတွေ အထူးသဖြင့် နောက် ပွင့်ရှူးဖိနပ်အများအပြား ဝတ်ဆင်သူ တွေ၊ အရွယ်အစားကြီးလွန်းပြီး ဝန်နဲ့ အားမမျှတဲ့ ကျောပိုးအိတ်လွယ်ပိုးဝတ် ဆင်သူတွေဖြစ်နေတာကို တွေ့ရတယ် လို့ဆိုထားပါတယ်။

ကြီးမားလေးလံတဲ့ လက်ဝတ် ရတနာနဲ့ ဖန်စီအသုံးအဆောင်တွေကို ဝတ်ဆင်ခြင်းကလည်း အပြစ်ဆိုစရာ အကြောင်းတစ်ခုလို့ ဆိုရမလိုပါပဲ။
အလှအပနဲ့ ဖက်ရှင်ခေတ်ရေစီး ကြောင်းကို လွန်ဆန်လို့မရတဲ့ခေတ်မှာ လွန်ကဲတဲ့ ပြင်ဆင်ခြယ်သမှုနဲ့ ဝတ်စား ဆင်ယင်ထုံးဖွဲ့ မှုတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို လူတော်တော် များများက မေ့လျော့နေတတ်ကြပါတယ်။

အလွန်တင်းကျပ် ကပ်ညှပ်နေတဲ့ ဂျင်းဘောင်းဘီတွေကို ဝတ်ဆင်ခြင်းက လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထိန်းချုပ် လိုက်ပြီး ကိုယ်ဟန်အနေအထားဟန် ချက်ညီအောင် ရပ်တည်နိုင်ဖို့အတွက် အခြားသောြ<ွကက်သားတွေကို ပိုမို အားစိုက်ထိန်းချုပ်ရတာ ဖြစ်တဲ့အတွက်ြ<ွကက်သားတွေကို နာကျင်စေတယ်လို့ အကြောအဆစ်ပြုပြင်သူ ရီရှီလော့တီက ပြောကြားခဲ့ပါတယ်။
အဝတ်အစားတွေ အလွန်အမင်း တင်းကျပ်နေရင် လမ်းလျှောက်ရတဲ့အခါ မှာလည်း သက်သောင့် သက်သာနဲ့ လွတ်လွတ်လပ်လပ် မရှိတော့ပါဘူး။ သဘာဝအတိုင်းခြေလှမ်းလှမ်းတဲ့အချိန် နဲ့ခွထိုင်တဲ့အချိန်တွေမှာ ဒူး၊ တင်ပါးနဲ့ခါး အဆစ်အမြစ်တွေ တစ်လျှောက်က နေလာတဲ့ဖိအားတွေကို လျော့နည်းသွား အောင်လှုပ်ရှားဆောင်ရွက်ပါတယ်။

အကယ်၍ အဲဒီနေရာတွေထဲက တစ်ခုခုဟာ တင်းကျပ်စွာ စည်းနှောင် ထားတဲ့ အဝတ်အစားတွေကြောင့် ပုံမှန် လှုပ်ရှားသင့်သလောက် အလုပ်မလုပ် နိုင်တော့ဘူးဆိုရင် ဖိအားတွေဟာ တခြားနေရာဆီကို ပိုမိုဝင်ရောက်လာ တော့မှာဖြစ်ပြီး ကျန်းမာရေးအရ မကောင်းတဲ့အခြေအနေတစ်ခု ဖြစ်လာ တော့မှာပါ။
ခါးနာခြင်းဟာ ကမ္ဘာတစ်ဝန်းမှာ မစွမ်းဆောင်နိုင်မှုကို ဖြစ်စေတဲ့အတွေ့ရ အများဆုံး အကြောင်းရင်း တစ်ခုဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်း လောက်ကို ဒုက္ခပေးနေတဲ့ ဝေဒနာဖြစ်ပါ တယ်။

ကလျာမိုးမြင့်
Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင်


မုန်လာဥတွင် ပါဝင်သော နိုက်ထရိတ်ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။

မုန်လာဥကို ဟင်းချက်၍ စားသုံးသည် ဖြစ်စေ၊ နိုက်ထရိတ်ဆေးပြားများ သောက်သုံးသည် ဖြစ်စေ သွေးတိုးကျ စေနိုင်ကြောင်း အမေရိကန်နှလုံးနှင့် သွေးကြောဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။

နိုက်ထရိတ်ဓာတ်သည် ဟင်းသီးဟင်းရွက်တို့တွင် အများဆုံး ပါဝင်တတ်သည်။ မုန်လာဥတွင် နိုက်ထရိတ်ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့်ဆိုင်သော ရောဂါများ ကုသရာ၌ ပိုမိုထိရောက်စွာ ကုသနိုင်လိမ့်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။

ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၅ ခုနှစ်အရောက်တွင် ထို့ထက်ပိုလာနိုင်သည် ဟုဆိုသည်

Mg Mandalay
https://www.facebook.com/mg.mandalay

လိမ္မော်သီးသည် အဆုတ်ဝေဒနာအချို့  သက်သာစေနိုင်


ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ လိမ္မော်သီးကဲ့သို့  ဗီတာမင်-စီ ဓာတ်ကြွယ်ဝသည့် သီးနှံများကို စားသုံးခြင်းဖြင့် အဆုတ်ဝေဒနာ သက်သာစေသည် ဟု ပြောကြားသည် ။

အဆုတ်ဝေဒနာများတွင် လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်စေသော အဆုတ်ဝေဒနာကို အဓိကသက်သာစေခြင်းဖြစ်သည် ။

ဗီတာမင်စီသည် Antioxidant အဖြစ် ပြုမှုကာ အဆုတ်ဆိုင်ရာ ဝေဒနာများကို သက်သာစေခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ရှိ အင်ပါရီရဲလ်တက္ကသိုလ်မှ သုတေသီများက ပြောကြားသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

Surgical wound ခွဲစိတ်ဒဏ်ရာ


၁။ မ ၃၁ နှစ်။ အိမ်‌‌ထောင်သက် ၇ နှစ်ရှိပြီး က‌လေးမရ‌သော‌ကြောင့်‌ ချက်အထက်နားတွင်ခွဲစိကြည့်‌ရူ၍ တီဘီဆေး ၆ လ ‌သောက်ဖူးပါတယ်။ ခွဲစိတ်ထားတာ ၁နှစ်‌‌ကျော်ပါပြီး ခွဲထားသည့်‌‌နေရာတွင် အမြဲလိုလို ဆစ်ခနဲ ဆစ်ခနဲ နာ‌လေ့ရှိပါသည်။ အထဲတွင့်‌အနာမကျက်လို့များလား ဘာလုပ်သင့်‌ပါသလဲဆရာ။

၂။ ဆရာ မင်္ဂလာပါရှင် ကျွန်မအသက် ၂၅ပါ။ ဗိုက်ခွဲမွေးထားတာ ၁၄ရက်ရပါပြီ။ ချုပ်ရိုးအစွန်းဘက်ကနေ ၁လက်မ အကွာမှာ အဖုလေးဖြစ်နေပြီး ဖိလိုက်ရင် အဝါဖျော့ဖျော့အရည်တွေထွက်နေလို့ပါ။ သွေးလည်းထွက်ပါတယ်။ အဲဒါချုပ်ရိုးကွဲတာလား သိချင်ပါတယ်ဆရာ။ ဘာလုပ်ရမလဲဖြေပေးပါဦးရှင်။

၃။ အသက် ၂၄ နှစ် အမျိုးသမီးပါ။ ရန်ကုန်မြို့။ ကျွန်မ ကလေးမွေးထားတာ ၂ လရှိပါပြီ။ ဆေးသွင်းပြီး ရိုးရိုးမွေးတာ မမွေးနိုင်လို့ ခွဲမွေးထားရတာပါ။ အပြင်ချုပ်ရိုးက အဆင်ပြေပါတယ်တဲ့။ ကန်တော့ပါဆရာ။ အခုမွေးပြီး ၂ လ မှာမှ ရာသီလာတာ တော်တော်များလို့ပါဆရာ။ နေ့ကောညကောလာတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပါပြီ။ အပ်ချည်ကြိုးစလေးတွေလည်း တွေ့ပါတယ်ဆရာ။ အဲ့ဒါ ပုံမှန်ဟုတ်မဟုတ် သိချင်လို့ပါဆရာ။ လူလဲ အားနည်းသလို ဖြစ်နေလို့ပါ။

၎။ ဆရာရှင့် ဗိုက်ခွဲပြီးမွေးတာ ဘယ်လောက်ကြာမှ အနာကျက်တာလဲ သိချင်ပါတယ်။ တချို့က ၄ လ လောက်မှ သက်သာတယ်လို့ ပြောလို့ပါသိချင်ပါတယ်ရှင့်။ ဗိုက်ခွဲမွေးရင် ရှောင်သင့်တဲ့အချက်တွေကို ပြောပြပေးပါနော်။

၅။ သမီးက ဗိုက်ခွဲပြီး ကလေးမွေးထားတာ ၈ ရက်မြောက်နေ့ ရှိနေပါပြီ။ ချုပ်ရိုးက နာပြီးစပ်သလိုဖြစ်ပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလားရှင့်။ ချုပ်ရိုးက ဘယ်အချိန်လောက်မှာကျက်ပြီး သွားနိုင်လာနိုင်ပါသလဲရှင့်။ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးရှင့်။

ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုပါ ၃ ထပ်ချုပ်ပေးရတယ်။ နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမက ခွဲရသူတွေဆိုရင် သတိထားစရာရှိတယ်။ တခါခွဲတိုင်း အထဲမှာတွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ် စာတပုဒ်ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေး ပြုပြင်ပေးမယ်။

ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရတာ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျပြောနိုင်တယ်။ အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ ၈ ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို ၅ ရက်သာ ကြာတယ်။ ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။ အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။ အကြမ်းဖျဉ်း နှစ်ပါတ် ၁၄ ရက်ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။

ချုပ်ရိုးမှာ လုံးလုံးလေးတွေလို စမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး ကက်ဂတ်တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေ အသားကျလေ ဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။
မန်းရည်ခေါ် အရည်တခုခုထွက်တာ ပိုးဝင်တာဖြစ်နိုင်တယ်။ ပိုးသေဆေးပြောင်းရနိုင်တယ်။ ထွက်စရာတွေထွက်စေရမယ်။ ပြည်ဆိုရင် ချုပ်ရိုင်းကို ရက်မစေ့မီ ဖြုတ်ပေးမယ်။ အကုန်မဖြုတ်ဘဲ လိုသလောက်ဖြုတ်တာလည်းလုပ်ရတယ်။ ဆေးထည့်ရမယ်။ အနာဆေးထည့်နည်းစာ ဖတ်နိုင်တယ်။ ပိုးသန့်ခြင်းစာလဲ ရေးထားတယ်။

ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး ၃ ယောက်လောက်တွေ့ရဘူးတယ်။ ပြန်ချုပ်ရာမှာ အထူးစီမံပြီး ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တခါ ချုပ်ရိုးဖြည်ဘို့ ရက်ပိုစောင့်ရမယ်။

ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ ဟာနီယာအူကျတာကို ခွဲစိတ်တာ၊ ပလပ်စတစ်ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။ အသက်ကြီးသူတွေ ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။ လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်းနဲ့အများ၊ အပြင်းနဲ့ အပြော့ ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။ ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ရပါတယ်။

အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် ကီဂယ်လ်လေ့ကျင့်ခန်းလိုမျိုးကတော့ ၂ပါတ် ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း ဗဂျိုင်းနား၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ သားအိမ်-ဆီးအိမ်ကျတာ သက်သာစေတယ်။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ တစ်ရှူးတွေ အသစ် ဖြစ်စေအောင် ပရိုတင်းဓါတ် မနည်းစေရပါ။ ပရိုတင်းဆိုတာ အသား-ငါး-ဥနဲ့ ပဲတွေဖြစ်တယ်။ ကြွက်သားကောင်းအောင် ပိုတက်ဆီယမ်အပိုဆောင်းလိုနိုင်တယ်။ ပိုတက်ဆီယမ်များတဲ့အစားအသောက်တွေ လိုမယ်။ ဗီတာမင်စီ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။

Chimose လိုဆေးပေးတာအတွက် ခွဲစိတ်ဆရာဝန်တိုင်းက ကောင်းတယ်-မကောင်းဘူးဆိုတာ သဘောထားမတူကြပါ။
ခွဲစိတ်မှုနည်းနာတွေ ပါဖက် ဖြစ်ရင် ခွဲစိတ်တာအတွက် ပိုးသေဆေး မပေးတာလဲရှိတယ်။ တချို့ ခွဲစိတ်မှုတွေမှာတော့ မခွဲခင်ကတည်းက ပိုးသေဆေးပေးထားရတယ်။

After Surgery ခွဲစိတ်ထားပြီးသူ https://doctortintswe.blogspot.com/2016/11/after-surgery.html
Incisional Hernia ခွဲစိတ်နာ ဟာနီယာ https://doctortintswe.blogspot.com/2017/02/incisional-hernia.html
Surgical Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ် https://doctortintswe.blogspot.com/2014/11/surgical-adhesion.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

Stress Affect Your Appearance စိတ်ရုပ် ဖိအားနှင့် အသွင်အပြင်


လူတွေမှာ စိတ်ဖိစီးမှုကြောင့် ရုပ်ရည်သွင်ပြင်ပြောင်းလဲလာသလားဆိုတာ သိချင်ပါတယ်။ တခါတလေများ အလုပ်တွေကို အာရုံစိုက်ရင်း ရှည်မှန်းမသိ ရှည်လာတဲ့ လက်သည်းတွေ မုတ်ဆိတ်တွေက လူပေါ်မူတည်ပြီး ရှည်ချိန်ရောက်လို့ ရှည်လာတာလား။ ဒါမှမဟုတ် အလုပ်ဒဏ်ကြောင့်ဖြစ်လာတဲ့ ဖိစီးမှုတွေကြောင့်လား။ တခါတလေ ပုံမှန်ထက်မြန်တယ်လို့ ခံစားမိပါတယ်။ တခါက ကျနော့် အထက်အရာရှိတခုက ရာထူးတိုးယူပြီး ဆံပင်ဖြူလာတယ်။ တာဝန်တွေကြီးလာတယ်။ ပုံမှန်ရာထူးတုန်းက အလုပ်ကိုင်နိုင်နင်းပြီး အေးအေးဆေးဆေးဖြတ်ကျော်လာတယ်။ ဘာမှပြောင်းလဲမှုမရှိခဲ့ဘူး။ ရာထူးတိုးယူပြီးတော့ တာဝန်ကြီးကြီးထမ်းဆောင်လာတော့ တလအတွင်းမှာပဲ သူဟာ အရင်လိုမဟုတ်ပဲ ဆံပင်ဖြူလာခြင်း၊ ရုပ်ရည်က ရင့်လာသလိုမျိုးမြင်လာပါတယ်။ ဒီတာဝန်ယူမှု၊ လုပ်ငန်းကြီးတွေ ထမ်းဆောင်ခြင်းဟာ လူတယောက်ရဲ့ ရုပ်ရည်စိတ်ရည်ကို ဘယ်လောက်ထိလွှမ်းမိုးသလဲဆိုတာ ထင်မြင်ချက်ကလေး သိချင်ပါတယ်ဆရာ။

ခပ်တိုတိုသာရေးပါရစေ။ လူတွေရဲ့စိတ်ဖိအားနဲ့ ရုပ်ဖိအားတွေကနေ အသွင်အပြင်ကိုဘယ်လိုသက်ရောက်သလဲကို အလှအပ အထူးပြုလေ့လာသူတွေက သုံးသပ်ထားတာကတော့ -

၁။ မျက်စိအောက်မှာ ဖေါင်းလာမယ်။ ဆဲလ်လေးတွေထဲ အရည်ပိုအောင်းလာလို့ဖြစ်တယ်။ ကမ္ဘာအောက်ကို တွဲကျနေမယ်။

၂။ အရေပြားခြောက်သွေ့လာမယ်။ ရေသောက်တာနည်းရင် ပိုဆိုးမယ်။

၃။ ဝက်ခြံထွက်မယ်။ ဟော်မုန်းမညီမျှမှုကနေဖြစ်တယ်။ အစာလမ်းနေဗက်တီးရီးယားတွေ မျှခြေပျက်လို့လည်းဖြစ်တယ်။

၎။ အနီရောင်အစက်အပျောက် ထွက်မယ်။ အင်ပြင်ထွက်မယ်။

၅။ မျက်နှာအရေပြား နီမြန်နေမယ်။

၆။ အရေပြား အရေးအကြောင်းလေးတွေပေါ်မယ်။

၇။ ဆံပင်ဖြူလွယ်မယ်။

၈။ ဆံပင်ပါးမယ်။ ဆံပင်ကျွတ်မယ်။

၉။ လက်သည်းခြေသည်း အစဉ်းကြောင်းဖြစ်မယ်။

၁ဝ။ ကိုယ်အလေးချိန်တိုးမယ်။

၁၁။ အိုစာသလိုထင်ရမယ်။

၁၂။ မျက်နှာသွင်ပြင်က ဆွဲဆောင်မှုနည်းမယ်။ အပြုသဘောမဆောင်သလိုမြင်စေမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

အအိပ်အနေနည်းခြင်းဟာ အယ်လ်ဇိုင်းမားကို ပိုဆိုးစေ


အယ်လ်ဇိုင်းမားရောဂါဆိုတာ အာရုံကြောနဲ့ သက်ဆိုင်တဲ့ရောဂါ တစ်ခုဖြစ်ပြီး ဦးနှောက်ထဲမှာ Beta-amyloid ခေါ်တဲ့ ပရိုတင်းအစု အဝေးတွေစုပုံရာမှ ဖြစ်ပေါ်လာခြင်း လည်း ဖြစ်ပါတယ်။ အိပ်စက်ခြင်းရဲ့ ကောင်းကျိုးတစ်ခုဟာ Beta-amyloid တွေ ကို ရှင်းလင်းပစ်နိုင် တာပဲဖြစ်တယ်လို့ ယုံကြည်ကြပြီး အအိပ်အနေနည်း သွားမယ်ဆိုရင် တော့ ႀနအေ-ောပူသငိ တွေ စုပုံလာ လိမ့်မယ်လို့ သုတေသီတွေက ဆိုပါ တယ်။

 နေ့ခင်းဘက်တွေမှာ အလွန် မင်းအိပ်စက်ကြတဲ့ အသက်ကြီးတဲ့ သူတွေဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို ပိုမိုကြုံတွေ့ရနိုင်တယ်လို့ ယခင်က ယူဆထားခဲ့ကြပါတယ်။ ဒီသုတေ သနဟာ ဆက်စပ်မှုကို ဖော်ပြခြင်း သာဖြစ်ပြီး အိပ်စက်ချိန်နည်းခြင်း ဟာ အယ်လ်ဇိုင်းမားကို ဖြစ်စေတယ် လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ သို့သော် လည်း အိပ်စက်ခြင်းနဲ့ Beta-amyloid ပရိုတင်းကြားက ဆက်စပ် မှုဟာ အလွန်ပဲထင်ရှားပြီး ဘာ ကြောင့်လဲဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ အိပ်စက်ချိန်ဘယ် လောက်အထိ လျော့နည်းသွားရင် Beta-amyloid တွေ များလာနိုင်သ လဲဆိုတာကလည်း စိတ်ဝင်စားစရာ ပါ။ Beta-amyloidပရိုတင်းအစုအ ဝေးတွေဟာ အယ်လ်ဇိုင်းမားရောဂါ လက္ခဏာတစ်ခုဖြစ်သော်လည်း ဒါရှိ နေခြင်းဟာ ကြမ္မာဆိုးတစ်ခုမဟုတ်ပဲ အသက်အရွယ် ကြီးလာခြင်းရဲ့ အမှတ်လက္ခဏာ တစ်ခုသာလျှင် ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ Amyloid တွေကို ရှင်းလင်းဖို့အတွက် အရေးကြီးတယ်လို့ သုတေသီတွေက ဆိုထားပြီး အိပ်စက်မှုနည်းပါးသွား မယ်ဆိုရင် Amyloid ဖြစ်ပေါ်မှုမြင့် တက်လာပြီး အယ်လ်ဇိုင်းမားဖြစ်နိုင် ခြေလည်း မြင့်မားလာတာပဲ ဖြစ်ပါ တယ်။ အသက် (၇၀) နဲ့အထက်ရှိ တဲ့ လူကြီး (၃၀၀) နီးပါးကို သုတေ သနပြုလုပ်ခဲ့တာဖြစ်ပြီး ပါဝင်သူအား လုံးဟာ (၂၀၀၉) ခုနှစ်မှ (၂၀၁၆) ခုနှစ်အတွင်း အနည်းဆုံးဦးနှောက် ပုံရိပ်ဖော်စက်ဖြင့် နှစ်ကြိမ်စမ်းသပ်မှု ခံယူခဲ့ကြပါတယ်။

ရလာဒ်တွေအရ အအိပ်အနေ နည်းသူတွေရဲ့ ဦးနှောက်ရဲ့အဓိက နေရာတွေမှာ Beta-amyloid ပရို တင်းအစုအဝေးတွေ မြင့်မားစွာ ရှိနေတာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါ တယ်။ ဒီသုတေသနရလာဒ်တွေကို JAMA Neurology ဂျာနယ် မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

အမျိုးသမီးအားကစားသမားတွေမှာ ကြုံနေရတဲ့ပြဿနာတွေရဲ့ အဖြေ


သုတေသနအသစ်တစ်ခုအရ အမျိုးသမီးအား ကစားသမားတွေမှာ အီစထရိုဂျင်အစားထိုးကုထုံးအား တစ်နှစ်လောက်ပေးခြင်းအားဖြင့် အားကစားအပြင်း အထန်လေ့ကျင့်မှုကြောင့် ဓမ္မတာစက်ဝန်းမမှန်ကန်မှု ကြုံနေရတဲ့ အမျိုးသမီးအားကစားသမားတွေရဲ့ အစား အသောက်ဆိုင်ရာ အမူအကျင့်ပြဿနာတွေ၊ မိမိခန္ဓာ ကိုယ်ကို အလိုမကျတဲ့ပြဿနာတွေ လျော့နည်းသွားစေနိုင် တယ်လို့ သိရပါတယ်။ ယင်းသုတေသနကို ချီကာဂိုမှာ ကျင်းပတဲ့ Endocrine Society ရဲ့ ၂၀၁၈ နှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြခဲ့ တာဖြစ်ပါတယ်။

အမျိုးသမီး အားကစားသမားတွေမှာ အားကစားအပြင်းအထန် လေ့ကျင့်တာကြောင့် ဓမ္မတာ စက်ဝန်း မမှန်ခြင်းပြဿနာ ကြုံနေရပြီး ယင်းအခြေအနေက အီစထရိုဂျင်ဟော်မုန်း နည်းလာခြင်းနဲ့ ဆက်စပ်နေပါတယ်။ ယင်းပြဿနာကြုံ နေရတဲ့ အမျိုးသမီးအားကစားသမားအများ စုက အစားအသောက် ဆိုင်ရာ အမူ အကျင့်ပြဿနာတွေ ကြုံနေရပြီး နောက်ဆက်တွဲ အရိုးနဲ့ မျိုးဆက်ပွား ဆိုင်ရာပြဿနာတွေ ကြုံရနိုင်တယ်လို့ ဟားဗတ် ဆေးတက္ကသိုလ်မှ ပါမောက္ခ Madhusmita Misra က ပြောကြားခဲ့ပါတယ်။ ယခုတွေ့ရှိမှုက အီစထရိုဂျင်နဲ့ အစားအသောက် ဆိုင်ရာ အမူအကျင့်ပြဿနာတွေကို သတိပြုမိစေခဲ့ပြီး အီစထရိုဂျင်အစား အသောက်ဆိုင်ရာ အမူအကျင့် ပြဿနာနဲ့ ရာသီစက်ဝန်းမမှန်ကန် တဲ့အခြေအနေ ကြုံနေရသူတွေမှာ လည်း သုံးနိုင်မယ်လို့ ပြောကြားခဲ့ပါ တယ်။


သူမရဲ့ သုတေသနအရ အမျိုးသမီးအားကစား သမားတွေမှာ ရာသီစက်ဝန်းမမှန်တဲ့သူတွေက ပိုပြီး အစားအသောက်ဆိုင်ရာ အမူအကျင့် ပြဿနာတွေ ပိုကြုံရတာ တွေ့ရပါ တယ်။ ဥပမာအားဖြင့် အမျိုးသမီး အားကစားသမားတွေက အစားအသောက်တွေ ရှောင် ကြဉ်ပြီး အားကစားမှာစိတ်ပါဝင်စားမှုပိုရှိကြောင်း ပြလေ့ရှိကာ၊ မိမိခန္ဓာကိုယ်နဲ့ပတ်သက်လို့လည်း အလို မကျမှုများ တတ်ပါတယ်။ သုတေသနမှာ ရာသီစက် ၀န်းမမှန်တဲ့ အမျိုးသမီးအား ကစားသမား ၂၀၉ ဦးရယ်၊ ပုံမှန်ရာသီစက်ဝန်းရှိတဲ့ အမျိုးသမီး အားကစား သမား ၅၀ ဦးရယ်၊ အားကစားသမားမဟုတ်တဲ့ အမျိုးသမီး ၃၉ ဦးရယ် ပါဝင်ခဲ့ပါတယ်။ ပါဝင်သူအားလုံးက အသက် ၁၄ မှ ၂၅ ကြားဖြစ်ပြီး ပုံမှန်ကိုယ် အလေးချိန်ရှိကြပါတယ်။ မိန်းကလေးတွေရဲ့ အစားအသောက် ဆိုင်ရာ အမူအကျင့် နဲ့ စိတ်ကျန်းမာရေးကို၊ သူတို့ရဲ့တင်ပြချက်တွေနဲ့ မွေးခွန်း တွေကို ဖြေကြားမှုတွေပေါ်မှာ မူတည်ပြီး သုံးသပ်ခဲ့ပါ တယ်။ တွေ့ရှိရတာကတော့ ရာသီစက်ဝန်းမမှန်တဲ့ အမျိုးသမီးအားကစား သမားတွေက ပိုပြီးပိန်လိုတာ၊ အစားအသောက် စားသုံးမှုကိုပိုပြီး ထိန်းချုပ်တာ၊ မိမိခန္ဓာ ကိုယ်ပုံစံကို မကျေနပ်တာ ပိုများတာကို တွေ့ခဲ့ရပါတယ်။ ရာသီစက်ဝန်းမမှန်တဲ့ အားကစားသမားတွေကို ကျပန်းခွဲ ၍ တစ်ဖွဲ့ကိုပုံမှန်ရာသီစက်ဝန်းမှာကြုံနိုင်တဲ့ အီစထရိုဂျင် ပမာဏပေးပြီး၊ ကျန်တစ်ဖွဲ့ကို အာနိသင်မဲ့ဆေးပေးပြီး တစ်နှစ်ကြာစောင့်ကြည့်ခဲ့ပါတယ်။ တစ်နှစ်ကျော်အကြာ မှာတော့ အီစထရိုဂျင်ရရှိတဲ့အုပ်စုက ပိန်လို့တာတွေ၊ အစားအသောက်ထိန်းချုပ်လွန်းတာတွေ၊ မိမိခန္ဓာကိုယ် ပုံစံကို မရောင်ရဲတာတွေ လျော့နည်းလာပြီး၊ အရိုး ကျန်းမာရေးနဲ့ မျိုးဆက်ပွား အင်္ဂါကျန်းမာရေးတို့ပါ တိုးတက်လာတာ တွေ့ခဲ့ရပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ခံတွင်းနံ့ဆိုးခြင်း


ခံတွင်းနံ့နံခြင်းကို အင်္ဂလိပ်လို Halitosis လို့ခေါ်ပါတယ်။ ခံတွင်း နံ့ဆိုးခြင်းကြောင့် စကားပြောဆိုရာ တွင် ထွက်လာသောလေ၊ အသက်ရှူ ထုတ်လိုက်သောလေတို့တွင် အနံ့ဆိုး မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ လူလေး ယောက်မှာ တစ်ယောက်ခန့်က ခံတွင်းနံ့နံခြင်းကို ခံစားနေရပါတယ်။ သွားဘက်ဆိုင်ရာ ဆရာဝန်တွေဆီ လူနာတွေ တတိယအလာများဆုံး အကြောင်းအရင်းက ခံတွင်းနံ့ဆိုးရွား နေခြင်းကြောင့်လို့ဆိုပါတယ်။ ခံတွင်း နံ့နံခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းအရာများစွာ ရှိပေမယ့် အဓိကအားဖြင့် ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့လူတွေမှာ အဖြစ်များ တတ်ပါတယ်။ ခံတွင်းနံ့နံခြင်းကြောင့် လူကြားထဲမှာစကားပြောဖို့ ယုံကြည် ချက်ပျောက်ဆုံးခြင်း၊ စိတ်ဖိစီးခြင်းနဲ့ အားငယ်ခြင်းတွေဖြစ်ပေါ်တတ်ပါ တယ်။ ဒါပေမယ့် အောက်မှာဖော်ပြ ပေးမယ့်အကြံပြုချက်တွေကိုလိုက်နာရင် ခံတွင်းနံ့နံခြင်းမှကင်းဝေးစေမှာပါ။

ခံတွင်းနံ့ဆိုးရခြင်း၏ အကြောင်း ရင်းများ
၁။ခံတွင်းသန့်ရှင်းရေးအားနည်းခြင်း
ခံတွင်းနံ့နံခြင်းကိုအဓိကဖြစ် စေတာကတော့ ခံတွင်းသန့်ရှင်းရေး
အားနည်းလို့ပါ။ စား<ကင်းစားကျန် တွေကပါးစပ်ထဲ (သွားကြားထဲ) ကျန်နေခဲ့တဲ့အခါခံတွင်းမှာ ခို အောင်းနေတဲ့ ဘက်တီးရီးယားပိုး တွေက ချေဖျက်ပြီး ဆာလဖာကွန် ပေါင်းတွေကို ထွက်ပေါ်စေကာ အနံ့ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်သွားတုများ၊ သွားနဲ့ ခံတွင်း ကို ဆေးကြောသန့်စင်မှုမရှိခြင်းတို့ ကြောင့်လည်း ခံတွင်းနံ့ကဆိုးရွား တတ်ပါတယ်။

၂။ဆေးလိပ်နှင့် အရက်သောက်သုံး ခြင်း
ဆေးရွက်ကြီးတွေကြောင့်
ခံတွင်းအနံ့နံခြင်းကိုဖြစ်ပေါ်စေတဲ့ အပြင် သွားနဲ့ သွားဖုံးရောဂါတွေကိုပါဖြစ်ပေါ်စေကာ ခံတွင်းအနံ့ကိုပိုမိုဆိုးရွားစေပါတယ်။

၃။သွားပိုးစားခြင်း

၎။ပါးစပ်နဲ့ခံတွင်းခြောက်သွေ့ခြင်း
တချို့ဆေးတွေက ခံတွင်းကို
ခြောက်သွေ့စေတတ်ပါတယ်။ တံ တွေးတွေက ခံတွင်းကိုသန့်ရှင်းစင် ကြယ်မှုပေးပါတယ်။ သဘာဝအရ မနက်အိပ်ရာထအချိန်မှာ ခံတွင်းကခြောက်သွေ့နေခြင်းကြောင့် အတော် အသင့်ခံတွင်းနံ့ဆိုးရွားမှုက လူတိုင်း မှာဖြစ်တတ်ပါတယ်။

၅။အစားအစာများ
ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ က စားနေစဉ်မှာ အနံ့ဆိုးထွက်စေတဲ့ အပြင် အစာအိမ်လမ်းကြောင်းမှာ ချေဖျက်ပြီးတဲ့အခါ သွေးထဲကတဆင့် အဆုတ်ထဲရောက်ကာ ခံတွင်းနံ့ နံခြင်း အပေါ်သက်ရောက်စေနိုင် ပါတယ်။

၆။ဝမ်းချုပ်ခြင်း

၇။ဆေးဝါးတချို့
ဥပမာ Nitrates, Pheno- thiazines ဘီတာမင် အားဆေးများ အလွန်အကျွံသောက် ခြင်း။

၈။ရောဂါများ
ကင်ဆာတချို့၊ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ။ နှာခေါင်းနောက်ပိုင်း လည်ချောင်းဆိုင်ရာရောဂါများ၊ အာ သီးရောင်ခြင်း၊ ထိပ်ကပ်နာဖြစ် နေခြင်း။
ခံတွင်းနံ့ဆိုးခြင်းကိုဖြစ်ပေါ် စေတဲ့အကြောင်းအရာတွေပေါ်မူ တည်ပြီး အနံ့တွေက မတူညီကြပါ ဘူး။ မိမိရဲ့ခံတွင်းနံ့နံမနံသိရဖို့က မိမိယုံကြည်ရတဲ့လူကို အနံ့ခံခိုင်းခြင်း သို့မဟုတ် မိမိရဲ့လက်ကောက်ဝတ် ပေါ်ကို လျှနဲ့လျက်လိုက်ပြီး တံတွေး တွေခြောက်သွေ့သွားတဲ့အခါ မိမိ ဘာသာအနံ့ခံခြင်းအားဖြင့် စမ်းသပ် နိုင်ပါတယ်။

ခံတွင်းနံ့မနံစေရန် လိုက်နာရမည့် အကြံပြုချက်များ
၁။သွားနှင့်ခံတွင်းသန့်ရှင်းမှုကို အထူး ဂရုစိုက်ခြင်း
အနည်းဆုံး တစ်နေ့သွားနှစ် ကြိမ်တိုက်ပါ။ အင်တိုက်အားတိုက် ဖိတိုက်ခြင်းကိုရှောင်ကျဉ်ပြီး ညင် ညင်သာသာနဲ့ အနည်းဆုံး နှစ်မိနစ် ခန့် သွားတိုက်ပါ။ လျှာပေါ်မှာဆဲလ် အသေနဲ့ စားကြွင်းစားကျန်တွေရှိနေ တတ်လို့ သွားတိုက်ပြီးတိုင်း လျှာ ခြစ်တံနဲ့ လျှာကိုခြစ်ပေးပါ။ အစာစား ပြီးတိုင်းတိုက်နိုင်ရင် ပိုကောင်းတယ် လို့ဆိုပါတယ်။ အစာစားပြီးတိုင်း
သွားကြားမှာညပ်နေတဲ့ အကြွင်း အကျန်တွေကို သွားပွတ်ကြိုးနဲ့ ဖယ် ရှားပါ။ အစာစားပြီးတိုင်း ပလုတ် ကျင်းပါ။ အထက်ပါအတိုင်း ပုံမှန် လုပ်ရင် သွားပိုးစားခြင်းနဲ့ သွားဖုံး ရောဂါတွေပါ ကာကွယ်ပေးပြီး
ခံတွင်းနံ့နံခြင်းမှ ကင်းဝေးစေပါ တယ်။ သွားပွတ်တံကိုသုံးလတစ်ခါအသစ်လဲပါ။

၂။ရေကိုမကြာခဏသောက်ပေးခြင်း
ခံတွင်း မခြောက်သွေ့အောင် ရေကို မကြာခဏသောက်ပေးပါ။ ရေများများ သောက်ခြင်းက ခန္ဓာကိုယ် ကိုရေဓာတ်ပြည့်ဝစေပြီး ၀မ်းချုပ်ခြင်း၊ ပါးစပ်ခြောက်သွေ့ ခြင်းတွေမှ တားဆီးပေးပါတယ်။ ခန္ဓာကိုယ်မှ ရေဓာတ်ခန်းခြောက်စေ တတ်တဲ့ ဆေးလိပ်နဲ့ အရက်သောက် ခြင်းကို ရှောင်ကျဉ်ရပါမယ်။

၃။ပီကေဆောင်ထားပါ
sugar-free ပီကေကို မကြာ ခဏ၀ါးပေးခြင်းက တံတွေးထွက် ခြင်းကိုအားပေးပြီး အနံ့ဆိုးထွက်ခြင်း ကိုသက်သာစေပါတယ်။

၎။အစားအစာစားရာတွင်ဂရုစိုက်ပါ။
ကြက်သွန်ဖြူ၊၊ကြက်သွန်နီ၊တညင်းသီး၊ အပူအစပ်များ၊ သကြားကဲတဲ့ မုန့်တွေကိုရှောင်ကျဉ် ပါ။ ကော်ဖီလျော့သောက်ပါ။

၅။အရက်နဲ့ဆေးလိပ်၊ ဆေးရွက်ကြီး တွေရှောင်ကျဉ်ပါ။
ဆေးရွက်ကြီးကြောင့် ခံတွင်း
ပိုင်းဆိုင်ရာရောဂါများစွာဖြစ်နိုင်ပြီး ခံတွင်းနံ့ကိုဆိုးရွားစေနိုင်ပါတယ်။
အထက်ပါအကြံပြုချက်တွေ
ကိုလိုက်နာပါလျက် အနံ့ဆိုးတွေ ထွက်နေသေးရင်၊ ပါးစပ်မှအနံ့ဆိုး ထွက်ခြင်းနဲ့အတူ ခံတွင်းက အမြဲခြောက်သွေ့နေရင်၊ ပါးစပ်ထဲမှာ အနာတွေပေါက်နေရင်၊ အစာဝါး တဲ့အခါ၊မျိုချတဲ့အခါ နာကျင်မှုကို ခံစားရရင်၊ ဖျားနေခဲ့ရင် ရောဂါအခံတစ်မျိုးမျိုးရှိနေနိုင်တာမို့ နီးစပ်ရာ ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန် နဲ့ တိုင်ပင်ပြသကာ ကုသမှုခံယူ ကြပါလို့ တိုက်တွန်းအကြံပေးလိုက် ရပါတယ်။

ဟမ်စိုင်း(ဆေး-မန်း)
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

စိတ်ကျဝေဒနာအား မကုသပါက ဦးနှောက်တွင်း ရောင်ရမ်းခြင်းဖြစ်ပေါ်စေနိုင်


သုတေသနတစ်ခုအရ စိတ်ကျ ဝေဒနာခံစားနေရတာ အချိန်ကြာ လာတဲ့အခါ ဦးနှောက်အတွင်း ရောင်ရမ်းခြင်းတွေ စုပုံလာပြီး ဦးနှောက်ကို ပြောင်းလဲလာစေပါ တယ်။ ယင်းတွေ့ရှိချက်ကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်ကျရောဂါ နဲ့ ပတ်သက်လို့ စဉ်းစားပုံတွေကို ပြောင်းလဲသင့်ပါပြီလို့ သုတေသီတွေ က အကြံပြုခဲ့ပါတယ်။ အစောပိုင်း သုတေသနတွေမှာတော့ တကယ့် စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေ မှာ ဦးနှောက်တွင်း ရောင်ရမ်းမှုကို တိတိကျကျ သက်သေပြနိုင်ခဲ့ပါ တယ်။

 ယခုသုတေသနမှာတော့ ကာလကြာရှည် စိတ်ကျဝေဒနာခံစား နေရခြင်းက ဦးနှောက်မှာ ကြီးမားတဲ့ ဇီဝဗေဒပြောင်းလဲမှုတွေကို တွေ့ရှိခဲ့ ပါတယ်။ ဇရာကြောင့်ဖြစ်ပွားလာတဲ့ ရောဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါတွေ၊ ပါကင်ဆန်ရောဂါတွေမှာ ဦးနှောက်ရောင်ရမ်းခြင်း ပိုများတာ သဘာဝပါပဲ။ စိတ်ကျဝေဒနာကျ တော့ ဇရာကြောင့်ဖြစ်တဲ့ ဦးနှောက် ရောဂါတွေထဲမှာ မပါဝင်ပဲ၊ ရောင်ရမ်းခြင်းတွေဖြစ်ပွားနေကာ ကုသခြင်းမရှိပါက ပိုဆိုးလာတာကို တွေ့ခဲ့ရပါတယ်။ လက်ရှိမှာ လူ တစ်ယောက် ဘယ်လောက်ကြာ အောင် ရောဂါဖြစ်ပွားခဲ့တယ်ဆိုတာ ထည့်မတွက်ပဲ အရေးကြီး စိတ်ကျ ဝေဒနာခံစားနေရတဲ့ သူတိုင်းကို နည်း တစ်မျိုးတည်းနဲ့ ကုသလျက်ရှိပါ တယ်။


လူတချို့ကတော့ စိတ်ကျ ဝေဒနာဆိုးဝါးသည့်ကာလကို နှစ် အနည်းငယ်အတွင်း တစ်ကြိမ် နှစ် ကြိမ်ခန့်သာ ကြုံခဲ့ကြပါတယ်။ ကျန် သူတွေကတော့ ဆယ်စုနှစ်ကာလ အတွင်းမှာ ရောဂါဆိုးဝါးသည့်ကာလ မှာ တစတစ ပိုမိုဆိုးဝါးလာခဲ့ပြီး၊ နေ့စဉ်လုပ်ငန်းများပါ လုပ်ဆောင်ဖို့ အခက်အခဲတွေရှိလာပါတယ်။ ယင်း အခြေအနေမျိုးအတွက် ကုထုံး များကို သုတေသီများက အဓိကထား ရှာဖွေ နေကြခြင်းဖြစ်ပါတယ်။ ယင်း သုတေသနများထဲတွင် အခြားသော ရောင်ရမ်းခြင်းရောဂါများအတွက် သုံးသည့်ဆေးဝါးများကို အရေးကြီး စိတ်ကျဝေဒနာခံစားနေရသူတွေမှာ သုံးနိုင်ခြင်း ရှိမရှိ စစ်ဆေးဖို့လည်း ပါဝင်ပါတယ်။

 သုတေသနတွင် ဦးနှောက်ရောင်ရမ်းမှုကို PET ပုံရိပ် ဖော်စနစ်ဖြင့် စစ်ဆေးခဲ့ပါတယ်။ ဦးနှောက်ဆဲလ်တွေဖြစ်တဲ့ microglia ဆဲလ်တွေက ထိခိုက်ဒဏ်ရာနဲ့ မတော်တဆမှုတွေမှာ ပုံမှန်ရောင် ရမ်းခြင်း တုန့်ပြန်မှုကို ဖြစ်စေပါ တယ်။

ဒါပေမဲ့ ရောင်ရမ်းခြင်းအလွန် များတဲ့အခြေအနေတွေက ဇရာ ကြောင့်ဖြစ်တဲ့ ရောဂါများနဲ့သာမက စိတ်ကျဝေဒနာနဲ့ပါ ဆက်စပ်နေပါ တယ်။ ဦးနှောက်ထဲက ရောင်ရမ်း ခြင်းဖြစ်စေတဲ့ microglia ဆဲလ်တွေ လှုပ်ရှားလာတဲ့အခါ PET ပုံရိပ်ဖော်စက်မှာတွေ့ရှိနိုင်တဲ့ Translocator protein (TSPO) တွေကို ပိုထုတ် ပေးပါတယ်။ သုတေသနမှာ စိတ်ကျ ဝေဒနာကို ၁၀ နှစ်အထက်ခံစားနေရ တဲ့ဝေဒနာရှင် ၂၅ ဦး၊ ၁၀ နှစ် အောက်ခံစားနေရတဲ့ဝေဒနာရှင် ၂၅ ဦးနဲ့ စိတ်ကျဝေဒနာမရှိတဲ့လူ ၃၀ ဦး ပါဝင်ခဲ့ပါတယ်။ ရလဒ်ကတော့ TSPO ပမာဏက ကုသမှုမခံယူထား တဲ့ ကာလရှည် စိတ်ကျဝေဒနာခံစား နေရတဲ့သူတွေမှာ ကာလတို စိတ်ကျ ဝေဒနာခံစားရပြီး ကုသမှုမခံယူထား သူများထက် ၃၀% ပိုများနေတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သုတေသီတွေက ပြင်းထန် စိတ်ကျ ဝေဒနာကို ကာလရှည်ခံနေရတဲ့ လူနာတွေကို သေချာရွေးထုတ်ပြီး ထပ်ပေါင်းကုထုံးတွေပေးသင့်တယ် လို့ အကြံပြုထားပါတယ်။ လက်ရှိ အချိန်ထိတော့ ဘယ်လိုကုသရမယ် ဆိုတာ မသိသေးတဲ့အတွက် သုတေသနများ ဆက်လက်လုပ် ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ခန္ဓာကိုယ်ချွေးနံ့ သက်သာရေး


ပူပြင်းလွန်းတဲ့ မြန်မာနိုင်ငံမှာ ချွေးထွက်များတာကြောင့် ခန္ဓာကိုယ် အနံ့အသက် မဆိုးအောင် ဂရုစိုက် နေထိုင်သင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။ ကလေးဘဝမှာ ခန္ဓာကိုယ်အနံ့အသက်ဟာ မွှေးပျံ့ မွှေးကြိုင်ပြီး လူပျို၊ အပျိုစဝင်လာချိန်ကစပြီး အနံ့အသက် ပြင်းထန်လာရခြင်းမှာ ချွေးထွက်ဂလင်းတွေ (Apocrine Gland) ကြီးထွားလာပြီး၊ ချွေးနဲ့ အရေပြားက ဘက်တီးရီးယားတွေပေါင်းပြီး အချဉ်ဖောက်သွားတာကြောင့် ဖြစ်ပါတယ်။ ချွေးနံ့က တစ်ဦးနဲ့တစ်ဦးမတူကွဲပြားပြီး၊ အမျိုးသားနဲ့ အမျိုးသမီးတွေမှာလည်း ကွဲပြားတတ်ပါတယ်။ အဓိက ချွေးနံ့ပိုပြင်းသူတွေကတော့ အဝလွန်သူတွေ၊ ချွေးပိုထွက်သူတွေ၊ အပူအစပ် (ကြက်သွန်ဖြူအပါအဝင်) စားလွန်းသူတွေ၊ အသားအနီ (အမဲသား၊ ဆိတ်သား) အဓိက စားသူတွေ၊ အရက် ဆေးလိပ် သောက်သူတွေ၊ စိတ်ပိုင်းဆိုင်ရာ ဆေးဝါးတချို့ သောက်သုံးနေရသူတွေနဲ့ ရောဂါတချို့  (ဥပမာ - ဆီးချို၊ သွေးချို၊ ကျောက်ကပ်၊ အသည်းရောဂါ) ရှိသူတွေ ဖြစ်ကြပါတယ်

ချွေးဂလင်းတွေ အထွက်များတာကြောင့် အနံ့အသက် ပြင်းထန်လေ့ရှိတဲ့ အဓိက ကိုယ်ခန္ဓာအစိတ်အပိုင်း ကတော့ ဂျိုင်းကြား နေရာဖြစ်ပြီး၊ ပေါင်ကြား၊ စအိုနဲ့ လိင်အင်္ဂါတဝိုက်၊ ရင်သား၊ ချက်၊ နားနောက်ပိုင်း၊ မျက်ခွံတွေမှာလည်း အနံ့ ပြင်းနိုင်ပါတယ်။ ဒါ့အပြင် ခြေအိတ်ဝတ်သူတွေမှာလည်း ခြေထောက်ချွေး နံ့လှောင်ပြီး အနံ့ပြင်းတတ်ပါတယ်။ အတွင်းခံ ကြပ်ကြပ်ဝတ်သူတွေမှာလည်း အလားတူ အနံ့ပြင်းနိုင်ပါတယ်။

ချွေးနံ့ သက်သာအောင် ကာကွယ်နိုင်ဖို့ တကိုယ်ရေသန့်ရှင်းရေးက အရေးကြီးဆုံးဖြစ်ပါတယ်။ အဓိက အနံအဆိုးဆုံးနေရာဖြစ်တဲ့ ဂျိုင်းကြားက အမွှေးတွေကို သန့်ရှင်းရိတ်ပေးသင့်ပါတယ်။ ဂျိုင်းမွှေးတွေကြောင့် ချွေးအငွေ့ပြန်ဖို့ ခက်ပြီး ပိုညစ်ပတ်သွားတာကြောင့်ပါ။ ဒါ့အပြင် ချွေးစုပ်စေတဲ့ Anti-Perspirants လူးဆေး၊ ဘက်တီးရီးယားနည်းစေပြီး အနံ့ထိန်းပေးတဲ့ ဂျိုင်းလူးဆေး Deodorants ကို ဂျိုင်းမှာ လူးပေးနိုင်ပါတယ်။ ဒါပေမဲ့ ဂျိုင်းလူးဆေးတချို့ မှာ ဓာတုဆေးတွေ ပါတတ်တာကြောင့် အများကြီးသုံးမိလျှင် ကင်ဆာရောဂါ (ဥပမာ - ရင်သား၊ ဆီးကြိတ် ကင်ဆာ) ဖြစ်လာတတ်တယ်လို့ တွေ့ရှိချက် တစုံတရာရှိထားတာကြောင့် လျှော့လူးတာ၊ သဘာဝ ဂျိုင်းလူးဆေးကို အဓိက သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် နေ့စဉ် ရေချိုးပြီး ဘက်တီးရီးယား ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာသုံးတာ၊ နေ့စဉ် အဝတ်အစားလဲ၊ သန့်သန့်ပြန့်ပြန့် ဝတ်တာ၊ အနီရောင် အသားတွေဖြစ်တဲ့ အမဲသားနဲ့ ဆိတ်သားလျှော့စားတာ၊ ဒညင်းသီးလို အနံ့ဆိုးတဲ့ အစာတွေ မစားတာ၊ အရက်နဲ့ဆေးလိပ်ရှောင်တာတွေ လုပ်ပေးနိုင်ပါတယ်။

ခြေထောက်က အနံ့ဆိုးထွက်သူတွေအနေနဲ့ ခြေထောက်ကို ပုံမှန်ဆေးတာ၊ ခြေစွတ်သုံးလျှင် နေ့စဉ် ခြေစွတ်လျှော်ဖွတ်လဲတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဝမလွန်အောင် နေထိုင်တာနဲ့၊ အဝလွန်လာလျှင်လည်း ကိုယ်အလေးချိန်ပြန်လျှော့တာ လုပ်ပေးသင့်ပါတယ်။ ချွေးနံ့က ရုတ်တရက် ရက်ပိုင်းအတွင်း ဘေးကလူတွေ မခံမရပ်နိုင်လောက်အောင် အရင်ထက်အများကြီး ဆိုးလာပြီး၊ ချွေးထွက်တာကလည်း အရင်ထက် ပိုများလာကာ ညပိုင်းမှာပါ ပိုထွက်လာလျှင်တော့၊ ဆရာဝန်ပြ ကုသမှု ခံယူသင့်ပါတယ်။ ရောဂါ ဖြစ်လာနိုင်လို့ပါ။

ဒီသိသင့်သိထိုက်တဲ့ ချွေးအနံ့အသက်အကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

နှလုံးခွဲစိတ်ကုသမှု အောင်မြင်ရေး


မြန်မာနိုင်ငံမှာ နှလုံးခွဲစိတ်ကုသမှု အောင်မြင်ချက်အတိုင်းအတာ ကောင်းလာနေပြီး၊ အထူးဆောင်ရန်ရှောင်ရန်တွေ သိထားဖို့တော့ အရေးကြီးသေးတယ်လို့ နှလုံးအထူးခွဲစိတ်ဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။

နှလုံးအဆို့ရှင်လဲတာနဲ့ သွေးကြောချဲ့ တာအပါအဝင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်နိုင်ရေးအတွက် နှလုံးရောဂါဖြစ်တာကို ရောဂါနုစဉ်မှာ စောစောသိရှိပြီး ကုသမှုခံယူဖို့ အထူးအရေးကြီးကာ အခြားရောဂါတွေ တွဲဖက်မရှိလာလျှင် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ကျေးလက်ဒေသတွင် နေထိုင်သူများပြီး၊ အများအားဖြင့် ရောဂါရင့်ကုသရ ခက်ချိန်၊ နောက်ကျမှ ရောဂါဖြစ်တာ သိကြလေ့ရှိတာမို့၊ စောစောသိနိုင်အောင် စာပေဖတ်ရှု့ နိုင်ပြီး၊ ကျန်းမာရေးအသိပညာ ရရှိနိုင်ဖို့ လိုပါတယ်။ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကလည်း ကျန်းမာရေးအသိပညာ ဖြန့်ဖြူးပေးဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကလေးငယ်တွေမှာ အခြားကလေးတွေလို ပုံမှန် ဆော့ကစားတာ မလုပ်နိုင်ဘဲ မောနေတာ၊ အမြင့်မတက်နိုင်တာ၊ အမောမခံနိုင်တာ၊ လက်ထိပ် ခြေထိပ်နဲ့ လျှာတွေ ပြာတာ စတဲ့ လက္ခဏာတွေပြလာလျှင်၊ နီးစပ်ရာ ကျေးလက်ဆေးပေးခန်းကနေတဆင့် မြိုဆေးရုံ၊ နောက် မြို့ ကြီးကအဆင့်မြင့် ဆေးရုံတွေကို အဆင့်ဆင့် လွှဲပြောင်းပြသပေးသင့်ပါတယ်။

နှလုံးခွဲမယ့် လူနာမှာ နှလုံးရောဂါ တစ်ခုတည်းရှိနေလျှင် ခွဲစိတ်ကုသမှု အောင်မြင်ဖို့ များပေမယ့် အခုလိုဖြစ်ဖို့က ရှားပါတယ်။ အဖြစ်များတာက နှလုံးခွဲမယ့် လူနာမှာ နှလုံးရောဂါအပြင် သွေးတိုး၊ ဆီးချိုနဲ့ အဝလွန်တာတွေ၊ အားပြတ်နေတာတွေ တွဲရှိနေပြီး၊ နှလုံးရောဂါတစ်ခုတည်းရှိသူထက် အန္တရာယ် ပိုရှိနိုင်ပါတယ်။ ဒါ့အပြင် နှလုံးတစ်ခါခွဲပြီး နောက်တစ်ကြိမ် ထပ်ခွဲရတဲ့လူနာတွေမှာလည်း အန္တရာယ်ပိုရှိပါတယ်။ ခွဲစိတ်ချိန် ပိုကြာလို့ပါ။ ဒါပေမဲ့ ကမ္ဘာ့စံချိန်အရ နှလုံးခွဲသူ (၁%) ကနေ (၅%) အထိပဲ မတော်တဆ - အဖိတ်အစင်ရှိတာမို့ ရှားရှားပါးပါးပဲ ဖိတ်စင်မှုဖြစ်တတ်တာပါ။ တကယ်လို့ နှလုံးရောဂါနုစဉ်၊ ဒီ အခြားတွဲဖက်ရောဂါတွေမရှိခင် ခွဲစိတ်နိုင်လျှင်တော့၊ ရာနှုန်းပြည့် နီးပါး အောင်မြင်နိုင်ပါတယ်။ နှလုံးခွဲစိတ်ဆရာဝန်တွေအနေနဲ့လည်း နှလုံးခွဲစိတ်မှု အန္တရာယ် အနည်းအများကို လူနာနဲ့ တိုင်ပင်ပြီးမှ ခွဲစိတ်ကုသပေးလေ့ရှိပါတယ်။

သိသင့်သိထိုက်တဲ့ နှလုံးရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိတ်ဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

အသားအရည်ခြောက်ခြင်းမဖြစ်စေဖို့ ရေကိုသာသောက်


အလှပတရားများမပျက်စေချင်သလို့ အသားရည်လည်းဆိုပြေစေဖို့ ရေကိုသောက်ပေးရန်လိုအပ်ပါသည် ။ မျက်နှာအလှအပများအတွက် မိတ်ကပ်များလိမ်းချယ်ခြင်းသည့် မိမိနိုင်ငံရာသီဥတုနှင့်မကိုက်ညီသည့်အချက်များလည်းရှိပါသည် ။ ပါဝင်သော ဓာတုတွေကြောင့် မလိုလားအပ်သော မဲကွက်ခြင်းနှင့် အစက်ပြောက်များဖြစ်ပေါ်စေသလို့  အသားရည်အတွက် ခြောက်ကပ်ကပ်လည်း ဖြစ်စေပါသည် ။

မိမိ၏အသားရည်ဆိုပြေနေစေဖို့ အတွက်ဆိုရင် အရည်ရွမ်းသော အသီးအနှံများစားသုံးပေးခြင်း ၊ ရေသောက်နည်းခြင်းမဖြစ်စေရန်အတွက် ရေများများ သောက်ပေးဖို့ လည်း လိုအပ်ပါသည် ။ အေးသောရေခဲရေများသောက်သုံးခြင်းကိုရှောင်ရှားပေးပါ ။ ပူပြင်းသောရာသီတုတွင် မိတ်ကပ်များလိမ်းချယ်ပြီးပါက အချိန်ကြာမြင့်စွာမျက်နှာပေါ်တွင်ထားရှိနေခြင်းလုံးဝ မလုပ်ဆောင်သင့်ပါဘူး လှချင်ပေမဲ့ အဆိုးတွေဖြစ်ပေါ်လာနိုင်တာကို အသိဝင်စေချင်ပါသည် ။

မိမိလိမ်းချယ်နေသောအလှထုတ်ကုန်ပစ္စည်းများတွင် ပါဝင်နေသောပျော်ဝင်ဓာတုပစ္စည်းများပါဝင်ခြင်းကိုလည်း သိရှိဖို့ လည်းလိုအပ်ပါသည် ။ အမည်တစ်ခု တန်းဖိုးကြီးမားတာကို ကြည့်ပြီးလိမ်းချယ်နေခြင်းသည် မိမိနိုင်ငံရာသီဥတုနှင့် မကိုက်ညီသောကြောင့် အသားအရည်အတွက် ပျက်ဆီးခြင်းကို ဖြစ်ပေါ်စေပါသည် ။ အလှကုန်ပစ္စည်းများတွင် ပါဝင်သောအချက်အလက်များသည် တစ်ဦးတစ်ယောက်၏ အသားရည်အတွက် မတည့်သည့်အချက်တွေလည်း ရှိပါသည် ။

ရေများများသောက်ခြင်းသည့် အသားရည်ကို ဆိုပြေစေပါသလို့  အူလမ်းကြောင်းအတွက်လည်း သန့် ရှင်းပါသည် ။မောပန်းမူ့ အတွက်လည်း ပြေပျောက်စေပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

ရေသောက်သုံးခြင်းသည် ဦးနှောက်ကိုများစွာ အကျိုးပြု့ 


ရေသောက်သုံးခြင်းသည် လူသားများ၏ အတွေးနှင့်စိတ်အာရုံကို လန်းဆန်းစေပြီး ပြဿနာများအားဖြေရှင်းရာတွင် ပိုမိုထက်မြက်စေကြောင်း သုတေသီများကတွေ့ ရှိခဲ့ပါသည် ။

ထို့ ကြောင့် လူသားတို့ သည်ရေဆာလောင်နေပါက အခက်အခဲ ၊ ပြဿနာများကို ဖြေရှင်းရာတွင် နှေးကွေးလေ့ရှိပြီး ရေဆာပြေချိန်တွင် ဌင်းတို့ ၏စိတ်အာရုံမှာ လန်းဆန်းလာသောကြောင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင်ထက်မြက်လာခြင်းဖြစ်ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည် ။

ထို့အပြင် ရေကိုလုံလောက်စွာ သောက်သုံးမှု မရှိခြင်းသည် လူသားတို့ ၏ တွေးခေါ်လုပ်ဆောင်မှုကိုပိုမိုခက်ခဲစေကြောင့် သိရသည် ။

သုတေသီများ၏လေ့လာစမ်းသပ်မှု့ မှာ စက်ဘီးကို နာရီဝက်ကြာစီးနှင်းခဲ့ကြသည့် ဆယ်ကျော်သက်များ၏ ဦးနှောက်ကို စကင်ဖတ်၍ စစ်ဆေးခြင်းနှင့် ဌင်းတို့ ၏ ချွေးထွက်မှု ပမာဏကို လေ့လာခဲ့ကြသည် ။

ယင်းသို့ လေ့လာရာတွင် ချွေးထွက်မှု ပမာဏများပြားသူများ၏ ဦးနှောက်အတွင်းရှိ တစ်သျှုးများသည့် ရှု့ံသွားသည်ကိုတွေ့ ရှိခဲ့သည် ။ သို့ ရာတွင် ဌင်းတို့ သည် ရေတစ်ခွက် သို့ မဟုတ် နှစ်ခွက်သောက်သုံးပြီးချိန်တွင် ဌင်းတို့ ၏ ဦးနှောက်များမှာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်ကို လေ့လာစမ်းသပ်တွေ့ ရှိခဲ့ပါသည် ။
သုတေသီများ၏ အဆိုအရ မိနစ် ၉၀ ကြာပုံမှန်ချွေးထွက်နေမည်ဆိုပါက ဦးနှောက်သည် အသက်တစ်နှစ်ပိုမို ကြီးသွားသကဲ့ သို့ ရှုံ့ သွားနိုင်ကြောင်း သိရသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

Waxing ဖယောင်းသုံးပြီး အမွေးတုံးစေမယ်


မင်္ဂလာပါ ဆရာ ကျွန်မ အသက်၃၀ အိမ်ထောင်ရှိ သားဦးကိုယ်ဝန် ၂လပါ ဟိုးအရင်တည်းက သုံးနေကျ Hair removal cream ကို ခြေသလုံး အမွှေး ပျောက်ဖို့ သုံးလို့ ရမလားရှင်

မင်္ဂလာပါဆရာ။ ကျွန်မနာမည် ___ ပါ။ အသက် ၂၄ ပါ။ အိမ်ထောင်မရှိ အပျိုပါ။ မန္တလေးမှာနေပါတယ်။ မလိုအပ်တဲ့ နေရာတွေက အမွေးများကို တစ်ချို့ Spa တွေမှာ Waxing သို့မဟုတ် Laser နည်းနဲ့ဖယ်ရှားပေးပါတယ်။ အထူးသဖြင့် အမျိုးသမီးအင်္ဂါတဝိုက်က အမွေးအမျှင်များ ဖယ်ရှားရာမှာ လေဆာသုံးပြီးလုပ်ရင် သားအိမ်ထိခိုက်မှု ရှိနိုင်ပါလား။ ကျေးဇူးပြု၍ ရှင်းပြပေးပါဆရာ။

ကိုယ်မွေးနုတ်ချင်ရင် Waxing ဖယောင်းနည်းက အထိရောက်ဆုံးဖြစ်တယ်။ Warm waxing အပူနည်းနဲ့ Cold waxing အအေးနည်းဆိုပြီးရှိတယ်။ အပူနည်းက ပိုထိရောက်တယ်။ နုတ်ချင်တဲ့အမွေးတွေအပေါ်မှာ ဖယောင်းရည် ပါးပါးသုတ်၊ အပေါ်မှာ စက္ကူ ဒါမှမဟုတ် အဝတ်စကပ်ပြီး၊ အမွေးပေါက်ရာလမ်းကြောင်းအတိုင်း ဆွဲနုတ်ရတယ်။

Eyebrow waxing မျက်ခုံးမွေး၊ Leg waxing ခြေသလုံးမွေး၊ Arm/underarm waxing လက်-ချိုင်းမွေး၊ Back waxing ကျောမွေး၊ Chest waxing ရင်ပတ်မွေး၊ Upper Lip နုတ်ခမ်းမွေး၊ Entire body wax တကိုယ်လုံးကအမွေး၊ ဘယ်အမွေး မဆို ဖယောင်းနည်းနဲ့ နုတ်ပေးနိုင်တယ်။ ဒါပေမဲ့ နား-နှာခေါင်းထဲကအမွေး၊ မျက်တောင်မွေးတွေကိုတော့ မလုပ်ရပါ။

အခုနောက်ပိုင်း ပိုလွယ်လာပြီ။ ဝယ်လို့ရတယ်။ ဈေးလဲ မကြီးဘူး။ လျှပ်စစ် မီးပလပ်ထိုးရုံဘဲ။ ဖယာင်းလဲ အဆင်သင့်ပါ၊ တစ်ရှူး-ပေပါ ထူထူလဲ တခါထဲ ပါတယ်။ ဖယောင်းအနေတော်ထည့်၊ မီးပလပ်တပ်၊ ဖယောင်း ပျော်ရင် မီးပိတ်၊ ခဏစောင့်၊ နုတ်ချင်တဲ့ နေရာပေါ် ဗူးထဲမှာပါတဲ့ သတ္ထုပြားလေးနဲ့ ဖယောင်ရည်ကို ကော်ပြီးသုတ်။ နောက် စက္ကူကပ်၊ ခဏနေရင် အမွေးပေါက်လမ်း အတိုင်းလို့ ဆတ်ကနဲ ဆွဲခွါရုံဘဲ။ ဒိထက် လွယ်သေးပြန်တာက တခါသုံး ပလပ်စတစ် အိတ်လေးထဲမှာ ဖယောင်းရော စက္ကူရော ကပ်ထားပြီးသာ။ ဘာမီး-လျှပ်စစ်မှ မလိုတော့ဘူး။

အကောင်း-အဆိုး
အမွေးတွေထူနေတာအတွက် ကောင်းတယ်။ ကြာကြာခံတယ်။ ၂-၈ ပါတ်ခံတယ်။ ရိတ်ရင် အခြေက ပါမသွားလို့ ရှည်လာတာ မြန်တယ်။ ဖယောင်းနဲ့ နုတ်ပြီး ပြန်ပေါက်တာက အရင်လောက် မသန်တော့ဘဲ ဒီနည်းနဲ့ ခဏခဏ နုတ်ရင် အမွေးနုလာစေမယ်။ ဒါပေမဲ့ အနာနဲနဲခံရမယ်။ ခဏပါ။ ပိုက်ဆံပိုသုံးရမယ်။ သူများဆီမှာ မျက်ခုံးမွေးအတွက် $12 နဲ့ တကိုယ်လုံးဆို $300 ကုန်မယ်။ တတ်ကျွမ်းသူကနေသာ လုပ်ပေးနိုင်တယ်။ နောက်ဘယ်တော့မှ မပေါက်တော့ဘူးတော့ မဟုတ်ပါ။

နုတ်တာ လမ်းကြောင်းမမှန်ရင် နောက်ပေါက်လာမဲ့ အမွေးက ကောက်ကွေးနိုင်တယ်။ အဆင်မပြေရင် သွေးနဲနဲ ထွက်နိုင်တယ်။ နီနေနိုင်တယ်။ ဆီးချို မကျသူတွေ မလုပ်သင့်ဘူး။ သွေးပြန်ကြောထုံးနေသူလဲ မလုပ်သင့်ပါ။ Retin-A, Renova, Differin or isotretinoin ဆေးသောက်နေသူတွေလဲ ရှောင်သင့်တယ်။ အရေပြားမှာ ကူးစက်ရောဂါရှိနေရင် ဆေးကုပြီးမှ လုပ်ရမယ်။ အရေပြားက သိပ်နု-သိပ်ပါးသူတွေ မကောင်းဘူး။ ဥပမာ စတီရွိုက်ဆေး လိမ်းနေသူတွေ။ ဝက်ခြံအတွက် Roaccutane ဆေး သုံးနေရင်လဲ အရေပြားက သိပ်ခြောက်နေလို့ မကောင်းဘူး။ ၆ လလောက် စောင့်ပါ။ အရေပြားပေါ် ကြွနေတဲ့ မှဲ့တို့ အသားပိုတို့ကို ဒီနည်းနဲ့ လုပ်မရပါ။ အောက်မှာ ရှနေတာ၊ အနာ၊ သွေးခြည်ဥတာ ရှိနေရင်လဲ မလုပ်သင့်ပါ။

Oil based lotions or creams ဆီပါတာတွေ မသုံးရပါ။ သီးသန့် ပေါက်နေတဲ့ အမွေးရှိရင် Tweezers ဒါမှမဟုတ် Electrolysis သုံး နုတ်ရမယ်။ ရှည်နေရင် ကပ်ကြေး၊ Electric razor တခုခုနဲ့ အရင် တိုလိုက်ရသေးတယ်။ မနာစေချင်ရင် ဖယောင်းနည်း မလုပ်ခင် Ibuprofen အနာသက်သာဆေး ၁ နာရီကြိုသောက်တယ်။ အဆင်မသင့်ရင် Staphylococcus aureus ပိုးကြောင့် Folliculitis အမွေးအိတ်ရောင်တယ်။ Antibiotics ပေးရတယ်။ ပြည်တည်တတ်တယ်။

ကိုယ်မွေးကို တခြား ဂရုစိုက်နည်းတွေလဲ ရှိပါတယ်။
• အမွေးကို အရောင်ဆိုး-ချွတ်နည်း Bleaching ကိုလဲသုံးတယ်။
• Shaving ရိတ်နည်းက အမွေးကို နောင်ဘယ်လိုမှ မပြောင်းလဲစေဘူး။
• Plucking ဈေးအချိုဆုံးနည်။ အမွေးကို ဘယ်လိုမှလဲ မပြောင်းလဲစေဘူး။ ရိတ်နည်းထက် ပြန်ပေါက်ဘို့နှေးတယ်။ ခဏခဏနုတ်ရင် အမွေးအခြေကို ထိခိုက်စေလို့ ပြန်ပေါက်တာ ပိုနှေးစေတယ်။
• Sugar Waxing ဆိုတဲ့ သကြားသုံးနုတ်နည်းလဲ ပေါ်ပြူလာဖြစ်လာတယ်။ ပူတင်း၊ ရေခဲမုံ့ စတာတွေအပေါ်မှာ သုံးတဲ့ သကြားရည် အပျစ်စားကို သုံးတယ်။ ရေမှာပျော်တဲ့အမျိုးမို့ ဖယောင်းထက် သန့်ရှင်းရတာ လွယ်ကူတယ်။
• Depilatories ဆေးနည်းလဲရှိတယ်။ Thioglycolate နဲ့ Sodium hydroxide or Calcium hydroxide ဆေးတွေ ရောသုံးတယ်။ အမွေးကို ၃-၁၅ မိနစ်အတွင်း ဂျယ်လီလိုဖြစ်ပြီး ပျော်သွားစေတယ်။ ဒီဆေးနည်း မလုပ်ခင် ၂ ရက် ကြိုတင် တည့်-မတည့်စမ်းသင့်တယ်။ အမွေးတွေ ရှင်းသွားရင် Hydrocortisone cream (ကော်တီဇုန်း) ဆေး လိမ်းပေးရင် သက်သာတာ မြန်မယ်။
• Electrolysis လျှပ်စစ်နည်း။ အမွေးအခြေထဲ အပ်သေးသေးထည့် လျှပ်စစ်နဲ့ မီးရှို့တာပါ။ တပင်ချင်း လုပ်ရတာ။ ခဏခဏလုပ်ရင် ရာသက်ပန် အမွေးပြန်မပေါက်တော့ဘူး။ ခက်တာက လိုင်စင်ထုတ်ပေးဘို့ တိတိကျကျ သတ်မှတ်ချက် မရှိသေးဘူး။ ခဏခဏဆိုတာ ၁ နှစ် ၁ နှစ်ခွဲ ကြာမယ်။
• Vaniqa နည်း။ ဆရာဝန် လက်မှတ်နဲ့မှ ဝယ်နိုင်တဲ့ ဆေးဖြစ်တယ်။ African sleeping sickness နဲ့ Cancer (ကင်ဆာ) တချို့အတွက်သုံးတဲ့ Eflornithine hydrochloride ဆေးပါတယ်။
• Laser လေဆာနည်း။ ခေတ်စားတာပါဘဲ။ လူတိုင်းကို လုပ်မရသလို ရာသက်ပန် မပေါက်မှာလဲ မဟုတ်ပါ။ အသားဖြူသူတွေ အမွေးနက်ပေါက်တာမျိုး ပိုအဆင်ပြေမယ်။

ကနေ့ခေတ် အမျိုးသမီးတွေက ဝတ်တာစားတာမှာ အတွင်းခံကအစ တိုရုံမက သေးသေး ငယ်ငယ်လာကြတယ်။ ဖေါ်တော့ ဖေါ်ချင်ပေမဲ့ နဲနဲတော့ အရှက်တရား ရှိသေးတယ်။ သဘာဝအတိုင်း ပေါက်နေတဲ့ ဆီးစပ်မွေးကို လုံအောင်ဆိုရင် သိပ်သေးမရလို့ ရေကူးဝတ်စုံ ဝတ်လို့ မလုံမှာတွေကို ဖယောင်းနည်းနဲ့ နုတ်ကြရတယ်။ တချို့ကလဲ ဒီလိုလုပ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတာတော့ ရှိတာပေါ့။

• အဲလို ပုံသွင်းသလို နုတ်နည်းကို American wax နဲ့ Bikini waxing ခေါ်တယ်။ (ဘီကီနီ) နဲ့ ရေကူးဝတ်စုံအတိုင်း အံကျပန်ကျ ဖုံးမဲ့နေရာ အောက်မှာသာ အမွေးရှိနေအောင် နုတ်ရတယ်။
• French waxing ပြင်သစ်နည်းကတော့ တမျိုး။ အထက်-အောက် အတန်းပုံဖြစ်ပြီး လေယာဉ် အဆင်းလမ်းလိုမို့ Landing strip လို့ ခေါ်တယ်။ လက်ချောင်း ၂ ချောင်း၊ ၃ ချောင်းသာ အထက်-အောက်ရှိပြီး၊ ဘေးတိုက်က ၄ စင်တီမီတာသာ ကျယ်တယ်။
• ပြောင်နေအောင် ရိတ်နည်း Full Brazilian ခေါ်တယ်။ ၁၉၆၆ ကနေဒါမှာ တွေ့ခဲ့တဲ့ အမွေးမပါတဲ့ ကြောင်လေး နာမည်ကို အစွဲပြုပြီး ဒီလိုနည်းကို Sphynx လို့လဲ ခေါ်ကြတယ်။ ရှေ့ရော-နောက်ပါ အမွေးမှန်သမျှ နုတ်တယ်။
• အဲလောက် မပြောင်တာမျိုးကို Partial Brazilian wax လို့ ခေါ်ကြတယ်။ မအင်္ဂါနုတ်ခမ်းသားနဲ့ ဝမ်းသွားပေါက်က အမွေးတွေပါ နုတ်ရတာကို Playboy wax or G-waxing လို့ နာမည် ပေးထားတယ်။
• မျဉ်းကြောင်းလေးလိုသာ ချန်ထားရင် Thong bikinis ဆိုတဲ့ ဒီဇိုင်နာ ဘီကီနီ (Metallic Micro G String Bikini, Metallic Snakeskin Thong Bikini, Polka Dot Micro Thong, Red Cheetah Bungie Bikini, Rhinestone Micro Bikini, Sea Saw Bikini, Sequin Scrunch Butt Bikini) တွေ ဝတ်လို့ အဆင်ပြေမယ်။

ကိုယ်မွေး ပုံဖေါ်တာမှာ ယောက်ျားများအတွက် Hitler's Moustache နဲ့ Chaplin's Moustache ဆိုတာတွေက အောက်သွားပြီထင်တယ်။ မိန်းကလေးများကတော့ Heart အသဲပုံဖေါ်ပြီး၊ Valentine's Day အတွက် (စပါယ်ရှယ်) လုပ်ကြပါသတဲ့။ (ရိုင်းတာပါရင် ကန်တော့ပါ။)

Dr. တင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

ဆီးချိုရောဂါအတွက်သုံးတဲ့ဆေးဟာ ပန်ကရိယကင်ဆာကို ထိန်းချုပ်ပေး နိုင်မလား


သုတေသနအသစ်တွေအရ ဆီးချိုကျဆေးဖြစ်တဲ့ Metformin ဖြင့် ဆဲလ်အချက်ပြလမ်းကြောင်း တစ်ခုကို ပစ်မှတ်ထားခြင်းဟာ ပန် ကရိယကင်ဆာ ကြီးထွားပျံနှံ့မှုကို ရပ်တန့်ပေးနိုင်မဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်လို့ သုတေသီတွေ က အကြံပြုထားကြပါတယ်။ အမေရိ ကန်နိုင်ငံမှာ ပန်ကရိယကင်ဆာ ကြောင့် တစ်နှစ်ကိုလူ (၄၄၀၀၀) ကျော်သေဆုံးနေရပါတယ်။ ဒီသုတေသနဟာ Metformin ကို ပန်ကရိယ ကင်ဆာအတွက် အသုံးပြုဖို့ပြုလုပ်ခဲ့ တဲ့ ပထမဆုံး သုတေသနတော့ မ ဟုတ်ပါဘူး။

 ဒါပေမဲ့ Rearranged during Transfection (RET) ဆဲလ်အသက်ပြလမ်းကြောင်းအပေါ် ဆေးရဲ့သက်ရောက်မှုပါဝင်တဲ့ ဖြစ် စဉ်ကို သက်သေပြခဲ့တဲ့ ပထမဆုံး သုတေသနလည်း ဖြစ်ပါတယ်။ RET ကို Metformin ဖြင့် ပစ်မှတ်ထား ခြင်းဟာ ပန်ကရိယကင်ဆာ ကြီးထွား ပျံ့နှံ့ခြင်းကို ကာကွယ် ကုသဖို့အတွက် အသုံးတည့်မဲ့ နည်းလမ်းတစ်ခု ဖြစ် နိုင်ပါတယ်လို့ သုတေသနရလာဒ် တွေအရ ညွန်ပြနေပါတယ်။ ပန်က ရိယကင်ဆာဖြစ်ပွားမှုဟာ အမေရိ ကန်နိုင်ငံ တစ်ခုတည်းမှာပင် (၂၀၁ ၈) ခုနှစ်အတွင်း (၅၅၄၄၀) ၀န်းကျင် ခန့် ဖြစ်ပွားခဲ့ကြပြီး (၄၄၃၃၀) ယောက်ကတော့ အဆိုပါရောဂါ ကြောင့် သေဆုံးခဲ့ရပါတယ်။

ကင်ဆာ အားလုံးရဲ့ (၃) ရာခိုင်နှုန်းဖြစ်ပြီး ကင်ဆာကြောင့် သေဆုံးရမှုရဲ့ (၇) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပန်ကရိယ ကင်ဆာဟာ အစောပိုင်းအဆင့်တွေ မှာ ရှာဖွေတွေ့ရှိဖို့ခက်ခဲပြီး အများစု က ရောဂါကျွမ်းချိန်မှ သိရှိရလေ့ရှိတာ ကြောင့် ကုသရခက်ခဲပါတယ်။ Metformin ကတော့ အမျိုးအစား (၂) ဆီးချိုရောဂါကို ကုသဖို့ခွင့်ပြုထားတဲ့ ဆေး ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ လေ့လာခဲ့တဲ့ ရလာဒ်တွေအရ Metformin ရဲ့ ကင်ဆာအပေါ် သက် ရောက်မှုကို စိတ်ဝင်စားမှု မြင့်တက် လာခဲ့ပါတယ်။ အဆိုပါ စိတ်ဝင်စားမှု တွေကပဲ သုတေသနတွေဆီ ဦးတည် လာခဲ့တာဖြစ်ပြီး ကင်ဆာကုသမှု အနေနဲ့သာမက ကင်ဆာကာကွယ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ပါ လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်။ Metformin ဟာ ဆဲလ်တွေ၊ တစ်သျှူးတွေ ပေါင်း စပ်ပြီး ကင်ဆာကိုဆန့်ကျင်တဲ့ သက် ရောက်မှုမျိုး ရှိနေတာကိုလည်း တွေ့ ရပါတယ်။

ကင်ဆာပင်မဆဲလ်တွေ ကို တိုက်ဖျက်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ တုန့်ပြန်မှုတွေကို ထိန်းချုပ်ခြင်း၊ ဆဲလ်လမ်းကြောင်းကို ပိတ်ဆို့ခြင်းစ တဲ့ပုံစံတွေနဲ့ အလုပ်လုပ်ပြီး အဆိုပါ အကြောင်းအရာအားလုံးဟာ ကင် ဆာကြီးထွားပျံ့နှံ့ဖို့အတွက် အရေးပါ တဲ့အရာတွေပဲ ဖြစ်ပါတယ်။ျွနွှ ဟာ အင်ဇိုင်တစ်မျိုးဖြစ်ပြီး သက်ဆိုင် ရာမော်လီကျူးနဲ့ ပေါင်းစပ်မိတဲ့အခါ နိုးထလာတတ်ပါတယ်။ ဒါကြောင့်ပျွဲနွှ ဟာ ဆဲလ်ပွားခြင်း၊ ရှင်သန် ခြင်း၊ သေဆုံးခြင်းတွေကို ထိန်းချုပ် တဲ့နေရာမှာ အရေးပါနေတာလည်း ဖြစ်ပါတယ်။ RET နဲ့ ပတ်သတ်တဲ့ ဆဲလ်အချက်ပြလမ်းကြောင်းတွေဟာ ပန်ကရိယကင်ဆာမှာ အလွန်များ ပြားပြီး ကင်ဆာပျံ့နှံ့မှုနဲ့ပါ ဆက်စပ် နေတာလည်း ဖြစ်ပါတယ်။

သုတေ သနရလာဒ်တွေအရ Metformin ဟာ အချို့ပန်ကရိယကင်ဆာဆဲလ် တွေမှာ RET အချက်ပြမှုကို လျော့ နည်းသွားစေတာကို တွေ့ရပါတယ်။ ဒီသုတေသနသာ ပြီးပြည့်စုံလာမယ် ဆိုရင်တော့ Metformin နဲ့ အခြား RET inhibitors တွေကို အသုံးပြုပြီး ပန်ကရိယကင်ဆာ ကြီးထွားပျံ့နှံ့မှုကို တားဆီးမဲ့ နည်းလမ်းတွေအတွက် အခြေခံကောင်းတစ်ခုလည်း ဖြစ်လာ ပါလိမ့်မယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မျက်နှာပင့်တင်သည့် ယောဂကျင့်စဉ်များ



- The Eyebrow Stretch
မိမိမျက်ခုံးကို မြင့်နိုင်သ လောက် မြင့်အောင် ပင့်တင်ပါ။ မိမိ က မျက်နှာကျက်ကို ကြိုးစားပြီး ထိ တော့မည်ကဲ့သို့ ပင့်တင်ပါ။ မျက် လုံးကိုလည်း မျက်နှာကျက်ကို ကြည့် နေသကဲ့သို့ မျက်လုံးကို အပေါ်ကို လှန်ကြည့်ပါ။ (၁၅) စက္ကန့် ဤအ တိုင်းထားပါ။

- The Nirvana Eyes
မျက်လုံးအတွင်းသားကို မျက် နှာကျက်ဆီသို့ ကြည့်ပါ။ မျက်ခုံးကို ပင့်တင်ထားပါ။ မျက်ခုံးနှင့် မျက်လုံး ကို တပြိုင်နက်တည်း ပြုလုပ်ပါ။ ပြီးလျှင် မိမိ၏မျက်လုံးကို ဖြည်းဖြည်း ချင်း ပိတ်လိုက်ပါ။ လုပ်စ၌ ကျင့်သား မရသေး၍ အနည်းငယ် ခက်ကောင်း ခက်မည်။ သို့သော် လေ့ကျင့်မှုနှင့် တဖြည်းဖြည်း ကျင့်သားရနိုင်သည်။ မျက်ခွံများ ပိတ်လိုက်၍ တပြိုင်တည်း ပြုံးပါ။ ငြိမ်သက်အေးချမ်းမှုကို ရရှိပါ မည်။ ဤအတိုင်း (၁၅) စက္ကန့်ထား ပါ။
အထက်ပါ လေ့ကျင့်ခန်း (၂) ခုလုံးကို (၁၀) ကြိမ်စီ၊ တစ်နေ့လျှင် (၂) ခါ ပြုလုပ်ပါ။
ရလဒ်မှာ မျက်လုံးကြွက်သား များကို ဆွဲဆန့်သကဲ့သို့ဖြစ်ပြီး မျက်ခွံ အပေါ်ဘက်နှင့် အောက်ဘက်ကို ဆွဲဆန့်သလိုဖြစ်ပြီး မျက်လုံးအောက် ဖက် တွဲခြင်း၊ ဖောင်းပွခြင်းကို လျော့ ပါးစေပြီး မျက်လုံးဧရိယာ တ၀ိုက် သွေးလည်ပတ်မှုကို တိုးပွားပြီး မျက် လုံးပတ်လည်တွင် အရေးအကြောင်း များကို ပြေလျော့ချောမွတ်သွားစေ မည်။

- The 'O' Exercise
ပါးစပ်ကို ခပ်ကျယ်ကျယ် 'O' သဏ္ဍာန်ဖွင့်ပါ။ သွားများပေါ်သို့ နှုတ်ခမ်းများကို ခေါက်ပါ။ တင်းနေ အောင် ခေါက်ပြီး ဤအတိုင်းခေတ္တ နေပါ။ ပြီးလျှင် ပြုံးပါ။ အသက်ရှူပါ။ ဤပုံစံအတိုင်း (၁၅) စက္ကန့်ထားပါ။ တစ်နေ့လျှင် တစ်ကြိမ် တစ်ခါလုပ် လျှင် (၁၀) ကြိမ်စီ ပြုလုပ်ပေးရမည်။
ရလဒ်မှာ သွေးလည်ပတ်မှုကို တိုးစေသည်။
ပါးများကို တင်းရင်းစေရန်နှင့် ပါးရှိကြွက်သားများကို ဆန့်ကျုံ့မှုကို ဖြစ်စေသည့်အပြင် နှုတ်ခမ်းကြွက် သားများကို တင်းရင်းစေပြီး ရှုံ့တွ လျော့ရဲခြင်း ပျောက်စေနိုင်သည်။ ပါးရေ၊ နားရေတွန့်ခြင်း အရေးအ ကြောင်းများကို ချောမွတ်သွားစေ သည်။

TKD
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

သွားခံတွင်း နဲ့ အထွေထွေ ကျန်းမာရေး ဆက်စပ်မှု


သွားနဲ့ခံတွင်းကို ဂရုမစိုက်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးရလဒ်က အထွေထွေကျန်းမာရေးပါ ထိခိုက်နိုင်တာကို ကမ္ဘာတဝှမ်းနဲ့ မြန်မာနိုင်ငံမှာပါ အထောက်အထားများနဲ့ တွေ့နေရတာမို့၊ သွားနဲ့ခံတွင်းကို အထူးဂရုစိုက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

သွားနဲ့ခံတွင်း မကောင်းတာကြောင့် သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေ အဓိက စဖြစ်ရပြီး၊ နောက်ပိုင်းမှာ နှလုံးရောဂါ၊ ဆီချိုရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါနဲ့ သွားဖုံးကင်ဆာအပြင် အခြားကင်ဆာတွေ ဖြစ်တာနဲ့ ဆက်နွယ်နေတယ်လို့ သွားနဲ့ခံတွင်း ကျန်းမာရေးဆိုင်ရာ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်း ကျန်းမာရေးကောင်းအောင် ကြိုးပမ်းခြင်းဖြင့်၊ တကိုယ်လုံး ရောဂါတွေဆက်မဖြစ်အောင်၊ အထွေထွေကျန်းမာရေးကို ဂရုစိုက်ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။

အခုလို နောက်ဆက်တွဲ ရောဂါတွေ မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးဆုံးက သွားနဲ့ခံတွင်း သန့်ရှင်ရေး ဖြစ်တာမို့၊ သန့်ရှင်းအောင်လုပ်ရာမှာ စနစ်မှန်ဖို့နဲ့ အချိန်မှန်ဖို့ ဖြစ်ပါတယ်။ နည်းစနစ်မှန် သွားတိုက်ရာမှာ သွားအရှေ့ မျက်နှာပြင် အပြင်၊ သွားအနောက်မျက်နှာပြင်၊ ဝါးတဲ့ သွားမျက်နှာပြင်အပေါ်နဲ့ သွားဘေးမျက်နှာပြင်စတဲ့ သွားမျက်နှာပြင် အကုန်လုံးကို မလွတ်အောင် အသေအချာ တိုက်ပေးဖို့လိုပါတယ်။ ဒါ့အပြင် သွားကြားထဲမှာ ကျန်တဲ့ အစာတွေကြောင့် အချဉ်ဖောက်ပြီး၊ သွားပိုးစားတာနဲ့ သွားဖုံးရောင်တာဖြစ်ဖို့ အဓိက အားပေးတာမို့၊ ဒီ အစာတွေညှပ် မကျန်ရှိနေအောင် သွားပွတ်ကြိုး (Dental Floss) နဲ့ ပုံမှန် ဆွဲပြီးပွတ်တိုက် သန့်စင်ပေးသင့်ပါတယ်။

သွားနဲ့ခံတွင်း သန့်ရှင်းရာမှာ အချိန်မှန်စေဖို့လဲ အစာစားပြီးချိန်တိုင်း စားကျွင်းစားကျန် မကျန်အောင် သွားနဲ့ခံတွင်းကို သန့်ရှင်းပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ သမရိုးကျ မနက်စောစောထ သွားတိုက်ဖို့ ဆိုရိုးစကားရှိခဲ့ပေမယ့် ညအိပ်ရာဝင်ချိန်မှာ သွားတိုက်၊ သွားပွတ်ကြိုးဆွဲတိုက်ဖို့လည်း အရေးကြီးပြီး၊ မနက်အိပ်ရာ ထထချင်း ချက်ချင်း သွားတိုက်တာမျိုး မဟုတ်ဘဲ၊ မနက်စာစားပြီးနောက် သွားတိုက်ဖို့၊ နေ့လယ်ပိုင်း အစာစားပြီးချိန်နဲ့ အစာစားပြီးတိုင်း အမြဲသွားတိုက်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။

ညအိပ်ရာဝင်ချိန်မှာ သွားတိုက်၊ သွားပွတ်ကြိုးဆွဲမတိုက်လျှင် သွားနဲ့ခံတွင်းထဲမှာ စားထားတဲ့ စားကျွင်းစားကျန်တွေ တညလုံးကျန်ကာ အချဉ်ဖောက်ပြီး၊ သွားပိုးစားတာနဲ့ သွားဖုံးရောင်တာ အဓိက ဖြစ်စေနိုင်လို့ပါ။ ညပိုင်းမှာ အခုလိုသွားတိုက်၊ သွားပွတ်ကြိုးဆွဲတိုက်ပြီးလျှင်တော့ အိပ်ချိန်မှာ အစာမစားတော့တာကြောင့် သွားနဲ့ခံတွင်း သန့်ရှင်းနေတာမို့၊ နောက်နေ့ ချက်ချင်း အိပ်ရာထထချင်း တိုက်စရာမလိုသေးဘဲ၊ မနက်စာစားပြီးချိန်မှ ထပ်တိုက်ဖို့ ဒုတိယ အရေးကြီးရတာပါ။

ဒါ့အပြင် သွားနဲ့ခံတွင်း သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေ ရှိနေတာမို့ ဆောင်ရန်ရှောင်ရန်တွေလည်း ဂရုပြုသင့်ပါတယ်။ သွားရည်စာတွေ၊ ကြာရှည်ခံအစာထုတ်တွေ၊ အချိုရေတွေမှာ သကြားဓာတ်များလွန်းပြီး သွားပိုးစားတာနဲ့သွားဖုံးရောဂါအပြင် အခြား ဆက်စပ်နေတဲ့ ဆီးချို၊ နှလုံး၊ ကင်ဆာရောဂါတွေပါ ဖြစ်စေတာမို့ ရှောင်ကျဉ်ပြီး၊ ကျန်းမာရေးကောင်းတဲ့ အာဟာရပြည့် လတ်လတ်ဆတ်ဆတ် အစာအမယ်မျိုးစုံ မျှတအောင် စားပေးသင့်ပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့်လည်း သွားနဲ့ခံတွင်း သန့်ရှင်းရေး၊ ကျန်းမာရေး ထိခိုက်စေပြီး ခံတွင်းကင်ဆာ ဖြစ်တာများလာတာကြောင့် ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာနဲ့ ကွမ်းစားတာ လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် အရက်ကလည်း သွားနဲ့ခံတွင်းရောဂါ ဖြစ်တာတွေနဲ့ ဆက်စပ်နေတာမို့ အရက် အလွန်အကျွံမသောက်သင့်ပါဘူး။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ သွားဖက်ဆိုင်ရာဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ထိန် ကို ဆွယ်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

နွေရာသီ အရေပြား စောင့်ရှောက်မှု


နွေရာသီမှာ မြန်မာနိုင်ငံတွင်း ပူလွန်းတာကြောင့် ရေတိုရေရှည် အရေပြားရောဂါမျိုးစုံ ဖြစ်နိုင်တာမို့၊ အရေပြားကို အထူးဂရုစိုက် စောင့်ရှောက်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုလိုက်ပါတယ်။

ဒီ နွေရာသီအပူကြောင့် ချွေးထွက်အလွန်များပြီး စွတ်စိုတာကြောင့် အရေပြား ကိုယ်ခံစွမ်းအား ကျဆင်းလာကာ ပိုးဝင်လွယ်တာကြောင့်နဲ့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ပြင်းအား များတာကြောင့် အရေပြားရောဂါ မျိုးစုံဖြစ်ရတာပါ။ အဖြစ်များတဲ့ရောဂါတွေကတော့ မွှေးကျွတ်နာ၊ အရေပြားပိုးဝင်တာ၊ ပွေးနဲ့ညှင်းလို အရေပြား မှိုစွဲကပ်တာ၊ မိတ်နဲ့ အနီဖုတွေပေါက်တာ၊ နေလောင်တာ၊ နေရောင်ကြောင့် တချို့ အရေပြားယားယံတာ (Allergy) တွေ လတ်တလော ရေတိုမှာ ဖြစ်လာတာပါ။ ခရမ်းလွန်ရောင်ခြည် ပြင်းအားကြောင့်လည်း ရေရှည်မှာလည်း အသားအရေ ပိုအိုမင်းတာကနေ အရေပြားကင်ဆာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံအတွင်း နွေရာသီမှာ နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်း မြင့်မားလွန်းတာကြောင့် ဒီ ရေတို၊ရေရှည် ဖြစ်နိုင်တဲ့ အရေပြားရာဂါတွေကနေ ကာကွယ်နိုင်ဖို့ အထူးအရေးကြီးရာမှာ၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ် မခံရအောင် ပြင်ဆင်ရေးက အထူးအရေးကြီးပါတယ်။

တကိုယ်ရေသန့်ရှင်းရေးအနေနဲ့ ဆပ်ပြာနဲ့ရေပုံမှန်ချိုးပေးပြီး၊ ပြင်းထန်တဲ့နေရောင်ဒဏ်မခံရအောင် နေပူလွန်းတဲ့ မနက် (၁၀) နာရီနဲ့ ညနေ (၄) နာရီအတွင်း အပြင်မထွက်ဘဲ အရိပ်ထဲမှာနေတာ၊ အပြင်မှာ လုပ်စရာရှိတာတွေကို မနက်စောစောနဲ့ ညနေနှောင်းပိုင်းအချိန်တွေမှာ လုပ်တာနဲ့ နေကာလိမ်းဆေး လူးပေးတာတွေ လုပ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ဧပြီနဲ့မေလတွေမှာ ခရမ်းလွန်ရောင်ခြည် ပြင်းအားကြိမ်နှုန်းက အလွန်အကျွံပြင်းထန်တဲ့ အဆင့်မှာ အများအားဖြင့် ရှိတတ်တာမို့၊ နေကာလိမ်းဆေး အမှတ် (၁၅) နဲ့ မလုံလောက်ဘဲ၊ နေကာလိမ်းဆေးအမှတ် (၃၀) နဲ့ အထက်ကို အသုံးပြုသင့်ပါတယ်။

နေကာလိမ်းဆေး အမျိုးမျိုးရှိရာမှာလည်း မျက်နှာအတွက် ပုံမှန်အားဖြင့် အဆီလိမ်းဆေး (Cream) နဲ့ အဆီပြန်သူတွေအတွက်တော့ အခြောက်မြန်တဲ့ ဂျယ်လူးဆေး (Gel) သုံးတာ၊ နောက် ဆံပင်အတွက် နေကာဖြန်းဆေး (Spray) သုံးတာ၊ ကိုယ်ခန္ဓာနဲ့ ခြေ၊လက်တွေအတွက် လူးဆေးရည် (Lotion) သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ရေကူးတာနဲ့ ချွေးထွက်များလွန်းသူတွေအတွက်တော့ ရေစိုခံ နေကာလိမ်းဆေးအမျိုးအစား အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ဒီနေကာလူးဆေးတွေကို နေရောင်ထဲမထွက်ခင် (၁၅) မီးနစ်အလိုမှာ ကြိုတင် လူးထားသင့်ပြီး၊ အာနိသင် သက်တမ်းအလိုက် (၂) နာရီ၊ (၃) နာရီတကြိမ် နောက်ထပ်လူးပေးသင့်ပါတယ်။ ဒါ့အပြင် တခြားနေဒဏ်ကနေ အလွယ်တကူကာပေးနိုင်တဲ့ ထီးဆောင်းတာ၊ ဦးထုတ်ဆောင်းတာ၊ အခြောက်မြန်တဲ့ ချည်သား (Cotton) အသားကျစ်ကျစ်ကို လေဝင်လေထွက်ကောင်းအောင် အရွယ်ပွပွ ချောင်ချောင်ဖြစ်အောင် ဝတ်ပေးတာတွေလုပ်ပေးသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ရေရှည်မှာ မျက်စိအတွင်းတိမ် မဖြစ်အောင်လည်း နေကာမျက်မှန်တပ်သင့်ပါတယ်။

မိတ်ထွက်တာနဲ့ အနီဖုတွေထွက်တာကလည်း အထူးသဖြင့် ကလေးငယ်တွေမှာ ပိုဖြစ်တတ်တာမို့၊ အပူလှောင်စေတဲ့ နိုင်လွန် (Nylon)၊ ပိုလီအက်စတာ (Polyester)၊ သိုးမွှေးတွေ မဝတ်ဘဲ၊ ချွေးခြောက်မြန်တဲ့ ချည်သားပါးပါး၊ ချောင်ချောင်ဝတ်ပေးတာ၊ ရေအေးနဲ့ချိုးတာ၊ အေးတဲ့နေရာမှာနေတာ၊ အေးနေအောင် ရေချိုးပြီး သနပ်ခါးရည်ကျဲလိမ်းတာ၊ မိတ်ပျောက်ပေါင်ဒါမှုန့်သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် နေပူထဲက ပြန်လာချိန်နဲ့ မွန်းတဲ့ချိန်တွေမှာလည်း အသားခြောက်စေတဲ့ လူးဆေးရည် (Lotion) နဲ့ ရှားစောင်းလက်ပတ် (Aloe) ပါတဲ့ အဆီလိမ်းဆေး (Cream) ပြန်လိမ်းပေးသင့်ပါတယ်။

ဒါ့အပြင် မွှေးကျွတ်နာနဲ့ ညှင်း၊ပွေးလို မှိုကပ်နာတွေကနေ ကာကွယ်ဖို့အတွက်လည်း၊ အလားတူ တကိုယ်ရေသန့်ရှင်းရေး အဓိကလုပ်ဆောင်ပေးပြီး (ဆပ်ပြာနဲ့ရေပုံမှန်ချိုးတာ)၊ အပူဒဏ်လျော့ပေးနိုင်အောင် အေးမြတဲ့နေရာမှာနေတာ၊ အရိပ်အောက်နေတာ၊ ပန်ကာ၊ လေအေးစက် (အဲယားကွန်း) နဲ့ ယပ်တောင်သုံးတာ၊ နောက် စွတ်စိုတာကို ပြန်ခြောက်လွယ်အောင် ချွေးခြောက်လွယ်တဲ့ ချည်သားနဲ့ အရွယ် ပွပွချောင်ချောင်ဝတ်ပေးတာ၊ ချွေးစိုလာရင် အင်္ကျီလဲပေးတာ၊ ချွေးသုတ်ပေးတာ၊ ပေါင်ဒါလူးတာတွေ လုပ်ပေးသင့်ပါတယ်။

နွေရာသီတွင်း အရေပြားအလှကုန်သုံးသူတွေအနေနဲ့လည်း အဆီများတာနဲ့ အဆီပျံစေတာတွေသုံးတာထက် အသားအေးစေပြီး မြန်မြန်ခြောက်စေ တာတွေကို အသုံးပြုသင့်ရာမှာ၊ မျက်နှာအတွက် အဆီမပါတဲ့ (Oil Free) အရေပြားအလှကုန်တွေ၊ အဆီပျံတဲ့မျက်နှာအတွက် ပေါင်ဒါ အမှုန့်၊ အခြောက်တွေ၊ ဆံပင်အတွက် အခြောက်မြန်တဲ့ ဂျယ်လူးဆေး (Gel) တွေ၊ ခန္ဓာကိုယ်အတွက် အဆီနဲတာ (သို့မဟုတ်) အဆီမပါတဲ့ လူးဆေးရည် (Lotion) တွေအပြင်၊ သနပ်ခါး ပေါင်ဒါလူးလေ့ရှိသူတွေအနေနဲ့လည်း ဒီ အလှကုန်တွေအပေါ်မှာ ထပ်လူးပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မတဲ့လို့ အရေပြားယားယံသူတွေအနေနဲ့လည်း အရောင်၊ အနံ့မပါတဲ့ အလှကုန်တွေကို သုံးသင့်ပါတယ်။ အရေးကြီးတာကတော့ ဘယ်လိုအလှကုန် သုံးတာဖြစ်ဖြစ် နေကာလိမ်းဆေးရောထားတဲ့ အမျိုးအစားကို နွေရာသီမှာ ရွေးချယ် အသုံးပြုသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို မေးမြန်းတင်ပြထားပါတယ်။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Centrum အားဆေး


ရန်ကုန်လေဆိပ်မှာ Centrum အားဆေးပါလာရင် စစ်တာ သိမ်းတာတွေလုပ်နေတယ်လို့ သတင်းကြားရတယ်။ ဟုတ် မဟုတ် သေချာ မသိပါ။ ယူအက်စ်အေမှာတော့ အားဆေးဆိုတာထဲမှာ ရောင်းအားအများဆုံးဆေးဖြစ်ပါတယ်။

၂ဝ၁၆ နိုဝင်္ဘာလထဲမှာ အဆိပ်ဓာတ်နှင့် ဆိုးဆေးအရောင်အတုများပါဝင်နေသော Centrum အားဆေးလို့ ခေါင်းစဉ် တပ်ထားတဲ့ စာတပုဒ်ကို တယောက်ကနေပို့ပေးလို့ ဖတ်ရပါတယ်။ အမေရိကန်မှာ ရောင်းအားအကောင်းဆုံး နာမည်ကြီးတံဆိပ်အားဆေး Centrum အားမရှိစေတဲ့အပြင် လူကို အန္တရာယ်တောင်ဖြစ်စေနိုင်လို့လည်းပါတယ်။ စာကို တော်တော်ရှည်ရှည်ရေးထားပေမဲ့ အချုပ်ကို ထုတ်ယူတော့ -

(စ) မလိုအပ်ပဲ သတ်မှတ်ထားတဲ့ ပမာဏထက် ကာရိုတင်းကိုပိုစားမိရင် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို ၂၀% မြင့်တက်လာစေတာတွေ့ရတယ်။ ဗီတာမင်အီး လိုတာထက် ပိုစားသုံးရင်၊ ပရိုစတိတ်ဆီးကျိတ်ကင်ဆာ ၁၇% အထိ မြင့်တက်လာစေတယ်။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေကို ပမာဏထက်ပိုသောက်ခဲ့ရင်၊ အဲဒီအူကင်ဆာ ဖြစ်နိုင်ခြေတောင် ပိုမြင့်တက်လာစေနိုင်ပါတယ်။ ကျန်တာတွေမှာတော့ သဘာဝနည်းနဲ့ ဗီတာမင်ရယူနည်း၊ ဖြည့်စွက် ဗီတာမင်အားဆေးတွေဖြတ်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။ (ဆုံး)

အဲတာနဲ့ ဝဘ်ဆိုက်တွေကို လိုက်ဖတ်ရပါတယ်။ အကိုးအကား ၂ ခုကိုသုံးပြီး ကျွန်တော့်အယူအဆကို တင်ပြပါရစေ။

၃-၁-၂ဝ၁၄ နေ့စွဲနဲ့ Centrum ဆင်ထရမ်က ဗီတာမင်တွေက စိတ်ချရသလားဆိုတာအရင်ဖတ်ပါတယ်။ လူတွေ အဲလို ဆင်ထရမ်ကထုတ်တဲ့ ဗီတာမင်တွေထဲမှာ တခြားဟာတွေပါနေလို့ တချို့လူတွေအတွက် စိတ်ချရသလားဆန်းစစ်တယ်။ တခုကတော့ ခဲဓာတ်ဖြစ်ပါတယ်။ အဲတာကြောင့် FDA ကနေ ခဲဓာတ်ပါဝင်မှုကို လေ့လာတော့ လူတွေအတွက် အန္တရာယ်ပေးနိုင်ချေအောက်မှာရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အလာဂျီရစေတာများတဲ့ Shellfish ငါးလည်း မပါဝင်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသင့်ပါလို့ Centrum ဝဘ်ဆိုက်မှာရေးထားပြီးဖြစ်တယ်။ ဗီတာမင်အေ 800 micrograms ပါနေတာဟာ စိတ်ချရတယ်။ များရင်သာ အထဲကကလေးအတွက် မကောင်းပါ။ ဆရာဝန်အညွှန်း ဆေးပုလင်းအညွှန်းထက် မကျော်ရင် စိုးရိမ်စရာမရှိပါ။

နောက်သတိပေးစာတပုဒ်ကတော့ Centrum နောက်ကွယ်က အမှန်တရားလို့ခေါင်းစဉ်ပေးထာတယ်။ ရက်စွဲမတွေ့ပါ။
ကနေ့ လူတွေစားသောက်နေတာထဲမှာ အာဟာရဓါတ် မှန်ကန်အောင် ပါမနေပါ။ အမေရိကန် ၇ဝ% ဟာ ဆေးတွေကို မှီဝဲနေကြတယ်။ အဲတာက ပြဿနာဖြစ်တယ်။ Centrum ဆေးတွေကို Pfizer ကနေထုတ်တယ်။ Pfizer က အမေရိကန် ဆေးဈေးကွက်ရဲ့ ၇ဝ% ကိုကြီးစိုးထားတယ်။ ၂ဝ၁၅ ခုနှစ်ထဲမှာ အမြတ်ငွေ ၄၈ ဘီလီယန်ရရှိခဲ့တယ်။

Centrum ရဲ့ အချက်အလက်မှန်များ
၁။ ဆေးထုတ်လုပ်သူ စိတ်ချရတယ်။
၂။ ဆေးညွှန်းအတိုင်သာသောက်ရမယ်။ ဆရာဝန်ညွှန်တာထက် နည်းတယ်။
၃။ အာဟာရဓါတ်တန်ဖိုး ဈေးအချိုဆုံးဖြစ်တယ်။ စုပ်ယူနိုင်စွမ်းနည်းတယ်။
၎။ ဆေးမဟုတ်တာတွေပါတယ်။ ဓါတုဆေးအမည်တွေ မထည့်တော့ပါ။
၅။ တနေ့ တလုံးတည်းသာဆိုတာ အကွက်ချလုပ်တာဖြစ်တယ်။ ရေထဲမှာပျော်ဝင်ကြတဲ့ ဗီတာမင် ဘီ နဲ့ စီတွေဟာ ကိုယ်ထဲရောက်တာနဲ့ ၄ နာရီသာခံတယ်။ တရက်တလုံးဆိုတာ မမှန်ပါ။ တနေ့ ၂-၃ ကြိမ်လိုတဲ့ဓါတ်ဖြစ်တယ်။

ဆေးထဲမှာပါတာတွေကတော့ -
၁။ Calcium Carbonate ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။
၂။ Magnesium Oxide ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။ ဈေးအချိုဆုံးဖြစ်တယ်။
၃။ Ferrous Fumarate ကနေ ဝမ်းချုပ်စေနိုင်တယ်။
၎။ Vitamin E (DL-Alpha Tocopherol) ဈေးကြီးတာနဲ့ ဈေးချိုတာရောထားတယ်။
၅။ B vitamins ပါဝင်တာ အလွန်နည်းတယ်။

မြန်မာလိုသတိပေးစာမှာရေးထားသလောက် စိုးရိမ်စရာမရှိပါ။ ဆေးထက် အစားအသောက်ကနေရတဲ့ ဗီတာမင်တွေကို ပိုပြီး ဖြစ်နိုင်ရင်လုံးလုံး အားကိုးသင့်ပါတယ်။ အစာအာဟာရချို့တဲ့နေသူတွေ၊ တချို့ကိုယ်ဝန်ဆောင်တွေ၊ အရက်သောက်သူတွေ၊ အစာလမ်းရောဂါရှိသူတွေ၊ တမင်တကာ အစာရှောင်သူတွေ၊ အစာရှောင်ဘို့ ဆရာဝန်က ညွှန်ထားသူတွေ ဗီတာမင်ဖြည့်စွက်ဘို့ လိုကြတယ်။ ဒါပေမဲ့ တယောက်လိုတာနဲ့ တယောက်လိုတာ အမျိုးအစားရော ပမာဏပါ မတူကြပါ။ ဈေးကြီးရင် ဆေးပိုကောင်းမယ်ဆိုတာတော့ ငြင်းမရပါ။ ဒါပေမဲ့ ဆေးဝယ်ရင် ဆေးပုလင်းပါစာကို တန်းမယုံပါနဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

Vitamin A ဗီတာမင်အေ နဲ့ ကြက်အရေပြား


၁။ ဆရာရှင့် ကျွန်မ သမီးလေးက အသက် ၂နှစ် ၄လပါ ရန်ကုန်မှာနေပါတယ်။ ကြာဆူးလေးတွေ ခြေသလုံးမှာ ထွက်ပြီး အရေပြား ကြမ်းကြမ်းလေးဖြစ်နေပါတယ်။ ပုံလေးတွဲပို့ပေးထားပါတယ် တနေ့ကို baby lotion ၂ကြိမ် လူးပေးပါတယ်။ သနပ်ခါးလည်း လူးပါတယ်။ အသားအရေခြောက်တဲ့ အမျိုးအစားပါ။ ခု ဂျိုင်းမှာ ထပ်ထွက်လာပါတယ်။ ပျောက်ကင်း နိုင်ပါ့ မလားရှင်။

၂။ ဆရာရှင့် ကျမက အသက် ၄၃ နှစ်ပါ။ ငယ်ငယ်ကတည်းက ကြာဆူးလို အဖုလေးတွေပေါက်လို့ ဆရာ့ကို မေးထားပါတယ်။ ကြာဆူးသေချာရင် ဗီတာမင်အေလိုမယ်လို့ ပြောထားပါတယ်။ ကြာဆူးသေချာအောင် ဘယ်လို စစ်ရမလဲဆရာ။ ညှစ်ရင်တော့ အဖုလေးတွေထွက်ပါတယ်။ ဗီတာမင်အေက ရန်ကုန်မှာ ဝယ်လို့မရဘူးဆရာ။ A ပါတဲ့ ဆေးဝယ်ထားထာ သောက်လို့ရမရစစ်ပေးပါဆရာ။

၃။ ဆရာရှင့် အခုပုံပါဆေးကို အမတယောက်သောက်တာ ခြောက်လအကြာမှာ မျက်မှန်ပါဝါနှစ်ရာကျော်ကနေ မျက်မှန်မလိုတော့ပဲ ဖြစ်သွားပါတယ်။ အခု သမီးတို့က ကွန်ပျူတာအမြဲကြည့်ရတဲ့သူတွေပါ ညဘက်ဆို မျက်လုံးတွေ အရမ်းပင်ပန်းနေပါတယ်။ အဲ့ဒီဆေးသောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး ရှိမရှိ သိပါရစေရှင့်။ ဆရာဝန်ညွှန်ကြားမှုမရှိပဲ သောက်သုံးလို့ ရနိုင်ပါသလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၎။ ဆရာရှင့် Vitamin A 2100 IU ပါဝင်တဲ့ Calcivita ဆေးကို ကိုယ်ဝန်ဆောင်သောက်သင့်ပါသလား။ ကြွက်မတက်အောင် သောက်ဖို့ OG ကပြောထားလို့ပါရှင့်။ ကိုယ်ဝန်ဆောင်က Vitamin A များတာနဲ့ မသင့်တော်ဘူးလို့ ဖတ်ဖူးလို့ပါရှင့်။

၅။ ဆရာရှင့် ကျွန်မက အသက် ၂၄၊ သားဦးကိုယ်ဝန်လွယ်ထားတာ ၃၅ ပတ်ရှိပါပြီ။မေးချင်တာကတော့ အပျိုတုန်းက တင်ပါးနောက်နဲ့ပေါင်ရင်းမှာ ကြာဆူး လိုဖုသေးသေးလေးတွေအနည်းငယ်ရှိပါတယ်။ အခုကိုယ်ဝန်ရမှာပိုများလာပါတယ်။ အဲ့ဒါဘာဓာတ်ချို့ချွင်းလို့လဲဆရာရှင့်။ ဘာဆေးလိမ်းပြီး ဘာဆေးသောက်လို့ရနိုင်မလဲဆရာ။

ဗီတာမင်အေနည်းတာ အစာအာဟာရချို့တဲ့သူ၊ အစောရှောင်လွန်းသူ၊ အသည်းခြောက်သူ၊ အရက်သောက်များသူတွေမှာ ဖြစ်နိုင်တယ်။

ဗီတာမင်အေနည်းနေရင် Nyctalopia အလင်းရောင်နည်းရင် မျက်စိကနေ အဆင်ပြေအောင်လုပ်နိုင်တာ နှေးတယ်။ ကြက်မျက်သင့်တယ်လို့ ခေါ်တယ်။ Keratomalacia မျက်စိရောဂါ၊ Xerophthalmia မျက်စိခြောက်ရောဂါ၊ မျက်ကြည်လွာ ပေါက်ခြင်းတွေဖြစ်စေနိုင်တယ်။ မျက်မှန်တပ်ရတာကိုတော့ အပြောင်းအလဲ ရှိစေမှာမဟုတ်ပါ။ လူကြီး = 15,000-500,000 နေ့စဉ်။ ကလေး = 20,000 IU/Kg ပေးတယ်။

ကြာဆူးခေါ် တံတောင်ဆစ်နဲ့ ဒူးနားမှာ အရေပြားကြမ်းပြီး ဆူးလိုလိုဖြစ်တာအတွက် ဗီတာမင် (အေ) လိုတယ်။
Vitamin A 100,000 IU နေ့စဉ် ၃ ရက်သောက်ပါ။ နောက် 50,000 IU ၂ ပတ်သောက်ပါ။ နောက် 10,000-20,000 IU ၂ လသောက်ပါ။ ဗီတာမင် (အေ) ဟာ ငါးကြီးဆီ၊ အသည်း၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာပါတယ်။

Chicken skin ကြက်ရေအရေပြားလို့ခေါ်တာရှိတယ်။ လက်မောင်းနောက်ဖက်နဲ့ နေရာတိုင်းလိုလိုမှာ ဖြစ်နိုင်တယ်။ သေးသေးလေးတွေ၊ နည်းနည်းလေးအထက်ကြွနေမယ်။ Follicular hyperkeratosis မွှေးညှင်းပေါက်လေးတွေပိတ်တာ ဖြစ်နိုင်တယ်။ ဗီတာမင်အေ၊ ဘိုင်အိုတင်၊ သွပ်ဓါတ်နဲ့ အိုမီဂါသရီး ဓါတ်တွေနည်းလို့ ဖြစ်မယ်။

အဲတာတွေအပြင် အရေပြားခြောက်မယ်။ ဆံပင်ခြောက်မယ်။ ယားယံမယ်။ လက်ည်းခြေသည်း မာကြောမယ်။ ခုခံအား ကောင်းဘို့၊ ဆဲလ်တွေ အသစ်ဖြစ်စေဘို့လည်း အားပေးတယ်။ ဗီတာမင်အေ အမျိုးအစား (၃) မျိုးရှိတယ်။ Retinol, beta Carotenoids နဲ့ Carotenoids တွေဖြစ်တယ်။

ဗီတာမင်အေ သတိထားစရာတွေ
ကိုယ်ဝန်ဆောင်မှာ ဗီတာမင် (အေ) များနေရင် ကလေးအင်္ဂါချို့ယွင်းတာဖြစ်နိုင်တယ်။ မိခင်ကိုလဲ သွေးတိုး တက်စေတယ်။ ဗီတာမင် (အေ) 25,000 IU/kg ဆိုရင် အဆိပ်သဘောဖြစ်တယ်။ ငါးကြီးဆီထဲမှာ (အိုမီဂါ-သရီး) နဲ့အတူ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတယ်။ စားသောက်တာထဲမှာလဲ ဒီဓါတ်တွေပါနေတာမို့ များသွားရင်သာ သွေးခဲစနစ်ကို သက်ရောက်လို့ သွေးယိုနိုင်တယ်။ ခွဲစိတ်ကုသမှု ခံယူစရာရှိရင် ဒီဆေးသောက်နေရင် ၂ ပါတ်ကြိုတင်ပြီး မသောက်ဘဲ နေရမယ်။ ကယ်လိုရီအများကြီးရစေတယ်။ ငါးကြီးဆီလက်ဖက်ရည်ဇွန်း တဇွန်း (13.6 g) ထဲမှာ ငါးကြီးဆီ တနေ့တာ စားသုံးသင့်တဲ့ ဗီတာမင် (အေ) ထက် 136% ပါနေတယ်။ ပိုတဲ့ ဗီတာမင် (အေ) တွေက အသည်းမှာလာပြီး စုထားတယ်။ အဆင့်တခုရောက်လာရင် Hypervitaminosis A ဗီတာမင် (အေ) လွန်ကဲခြင်းရောဂါ ရလာမယ်။ ကီလို ၅ဝ ရှိသူ တယောက်ဟာ 1.25 kg စားသောက်ရင် အဆိပ်ဖြစ်တယ်။ ယောက်ျားတွေမှာ (အိုမီဂါ သရီး) လိုတာထက် ပိုစားသူတွေမှာ ဆီးအကျိတ်ကင်ဆာ ပိုဖြစ်တာတွေ့ရတယ်။ ၂၅ နှစ်အရွယ် အတွက် တနေ့မှာ ဗီတာမင် (အေ) အများဆုံး 3,000 micrograms/day = 10,000 IU ဖြစ်တယ်။ များရင် ပျို့-အန်ချင်၊ အားယုတ်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိ ကြည့်မကောင်း၊ ရာသီဆင်းမမှန်ဖြစ်မယ်။ ငါးတွေမှာသာမက အကောင်တွေရဲ့ အသည်းမှာလဲ ဒီဓါတ်ပါတယ်။ ဝင်ရိုးစွန်းနေ အကောင်တွေမှာ ပိုများတယ်။ (ပိုလာ) ဝက်ဝံအသည်း 30 - 90 grams စားလိုက်ရင် လူသေနိုင်တယ်။ စွပ်ဖါးဆွဲခွေးလဲ ရောဂါရမယ်။ ဗီတာမင် (အေ) များလွန်းရင် Osteoporosis အရိုးအားနည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တနေ့ ဗီတာမင် (အေ) 5,000 IU ထက်မပိုရပါ။ မွေးလာတဲ့ကလေးတွေမှာ (အေ) နည်းနေရင်လဲ မကောင်းပြန်ပါ။ မွေးပြီး ၂ ရက်အတွင်း 50,000 IU (15 mg) ပေးရင် မွေးစကလေးသေနှုန်း သိသိသာသာနည်းတယ်။

Vitamin B 1 (Thiamine) ဗီတာမင်ဘီဝမ်းကို ထုံနာ-ကျင်နာ၊ အာရုံကြောကောင်းစေဘို့ပေးပါတယ်။ အရက်နာကိုလည်း ပေးရတယ်။ ထုံနာကျင်နာ၊ အာရုံကြောအလုပ်ကောင်းစေဘို့ပေးတယ်။ ဗီတာမင်ဘီဝမ်းကို နည်းလွန်းရင်(ဗယ်ရီဗယ်ရီ) ရောဂါရစေတယ်။ အားယုတ်မယ်။ အစားမစားချင်ဖြစ်မယ်။ အသားမျိုးစုံ၊ (ရိစ်)၊ ဥ၊ အသည်း၊ အစေ့အဆံ၊ အသားတို့မှာ ပါတယ်။

Vitamin B 12 (Cobalamin) ဗီတာမင်ဘီ-၁၂ ကို ခန္ဓာကိုယ်ကြီးထွားစေရန်၊ ဆဲလ်တည်ဆောက်ရန်၊ ခန္ဓာကိုယ် ကြီးထွားရန်၊ သွေး-အာရုံကြောတွေ အလုပ်ကောင်းစေဘို့ပေးတယ်။ အသည်း၊ အသား၊ နို့ထွက်အစာ၊ ငါးတွေမှာပါတယ်။ ချို့တဲ့ရင် Pernicious Anaemia သွေးအားနည်းရောဂါ ရစေသည်။

Vitamin B 2 (Riboflavin) ဗီတာမင်ဘီ-၂ ကို အသည်း၊ နို့ထွက်အစာ၊ အသီးအရွက်၊ ဥ၊ ဆန်၊ ဂျုံ၊ (ရိစ်) တို့မှာပါတယ်။ ချို့တဲ့ရင် ကျီးကန်းပါးစပ်နာဖြစ်စေသည်။

Vitamin B 6 (Pyridoxine) ဗီတာမင်ဘီ-၆ ကို တချို့ဆေးတွေကြောင့် ဒီဓါတ်နည်းရခြင်းအတွက်ပေးတယ်။ ဥပမာ တီဘီဆေး၊ သွေးအားနည်းရောဂါတမျိုး၊ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါတဲ့ ဆေးများ။

Vitamin B 9 (Folic Acid) ဖေါလစ်အက်စစ် သွေးနီဥ သန်စွမ်းစေဘို့ပေးတယ်။ ကိုယ်ဝန်ဆောင်မှာ မလွဲမသွေပေးရမယ်။

Vitamin B Complex ဗီတာမင် ဘီအုပ်စု၊ ပုံမှန်ဇီဝဖြစ်စဉ်တွေ လုပ်နိုင်စေဘို့အားပေးတယ်။ အရက်သောက်သူ၊ ကိုယ်ဝန်ရှိသူ၊ မီးလောင်နာကြီးသူ၊ ခွဲစိတ်ထားသူများပေးဘို့ပေးတယ်။

Vitamin C (Ascorbic Acid) ဗီတာမင်စီကို အနာကျက်စေရန်၊ နာတာရှည်ရောဂါ၊ အရိုး၊ သွား၊ သွားဖုံး၊ အရွတ်၊ သွေးကြောတွေ ကောင်းစေဘို့ပေးတယ်။ ခုခံအားအတွက်အသုံးကျတယ်။ ချို့တဲ့ရင် (စကာဗီ) ရောဂါရမယ်။ မီးလောင်နာ၊ 100-500 mg daily ပေးတယ်။ စိမ်းသည့်အသီးအရွက်၊ ချဉ်တဲ့အသီးတွေနဲ့ အသီးအနှံတွေမှာပါတယ်။

Vitamin D ဗီတာမင်ဒီဟာ အရိုးတည်ဆောက်ဘို့အသုံးဝင်တယ်။ အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစပြီး အသက်ကြီးသူတွေ 10 mcg (400 IU) နဲ့ ၇ဝ ကျော်တွေ 15 mcg (600 IU) ပေးသင့်တယ်။ နေရောင်မရသူတွေ တနေ့ 25 mg (1000 IU) ပေးသင့်တယ်။ ငါးကြီးဆီ၊ နို့ထွက်အစာမှာပါတယ်။ နေရောင်ကြောင့် ဗီတာမင် အေ မှ ဒီ ဖြစ်လာတယ်။ အရိုးတည်ဆောက်ရန်ဘို့မှာ အလွန်အရေးပါတယ်။ ချို့တဲ့ရင် အရိုးပြော့ရောဂါရစေတယ်။ Alfacalcidiol (Calciferol) 1.4 ug/kg daily ပေးမယ်။

Vitamin E ဗီတာမင်အီးက အသီးအရွက်ကရတယ်။ ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့၊ ဥ၊ အစေ့အဆံတို့မှာပါတယ်။ သွေးဥ၊ အာရုံကြော၊ ကြွက်သားတွေ အလုပ်လုပ်စေဘို့ကောင်းတယ်။

Vitamin K ဗီတာမင်ကေကို သွေးထွက်ရောဂါအတွက်ပေးတယ်။ မုံလာရွက်၊ မုံလာထုပ်၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ