ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၌ ဂျပန်ဦးနှောက် ရောင်ရောဂါ ဖြစ်ပွားနေ

 ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၌ ဂျပန်ဦးနှောက် ရောင်ရောဂါ ဖြစ်ပွားနေ

ခြင်အန္တရာယ်ကာကွယ်ရေးသည် အကောင်း ဆုံးနည်းလမ်းဖြစ်


ရခိုင်ပြည်နယ်၏ မြို့နယ်များဖြစ်သော စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ပေါက်တောနှင့် ရသေ့တောင် မြို့နယ် များတွင် ဂျပန် ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis)JE ဖြစ်ပွားနေပြီး အချို့မြို့ နယ် များတွင်ကလေးငယ်များ သေဆုံးနေကြောင်း သိရသည်။ သေဆုံးသူများမှာ စစ်တွေ မြို့နယ်မှ လေးဦး နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ သုံးဦးဖြစ်ကြောင်း စစ်တွေ ဆေးရုံကြီးမှ အတည်ပြုပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် အောက်မြတ်လဲကျေးရွာမှ သေဆုံးသွားသော ကလေး ငယ်၏ မိခင်ဒေါ်မာရီက ကျွန်မ သမီးလေးဟာ အပြင်းဖျားပါတယ်။ နောက်ပြီး တက်လာပါတယ်။ ဒါကြောင့် ဆေးရုံကိုသွားတက်တာ ကုသချိန် မရလိုက်ပါ ဘူး။ အသက်ဆုံးရှုံးသွားပါတယ် ဟုပြောပြသည်။

မြို့နယ်အချို့တွင် တောရောမြို့ပါ ဖြစ်ပွားနေသဖြင့် စာရေး သူအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ စစ်တွေ အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဒေါက်တာစိုးထွန်းအောင်(ဆေးရုံအုပ်ကြီး)နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။ စစ်တွေဆေး ရုံကြီးမှာ ဂျပန် ဦးနှောက်ရောင်ရောဂါ JE နဲ့ တက်နေ တဲ့ကလေးဦးရေသိပါရစေ။

ဖြေ။ ဇူလိုင် ၂၇ ရက်အထိ JE ရောဂါနဲ့တက်တာ စုစုပေါင်း ကလေး၂၁ ဦးရှိပါတယ်။ ဒီအထဲက ခုနစ်ဦးဟာ ဆေးရုံဆင်းသွားပြီးတော့ ခုနစ်ဦးကအသက်ဆုံးသွားပါတယ်။ ကျန်ကလေးတွေက ကုသဆဲပါ။
မေး။ စစ်တွေဆေးရုံကြီးမှာ ဒီ JE ရောဂါကို ကုသမယ့် ဆေးအလုံ အလောက် ရှိပါသလား။

ဖြေ။ ဒီရောဂါရဲ့ ဗိုင်းရပ်(စ်)ပိုးနဲ့ ပတ်သက်လို့ ဆေးကု သတဲ့နေရာမှာ တိုက်ရိုက်ဆေးဝါးတွေကရှားပါးပါတယ်။ ရောဂါကာကွယ်လို့ရတဲ့ ဆေးတွေကိုလည်း ကျွန်တော်တို့ဆီမှာ မဆောင်ရွက်နိုင်သေးပါဘူး။ တိုးချဲ့ ကာကွယ် ဆေးထိုး စီမံချက်မှာ မထည့်နိုင်သေးဘူး။ ကုသရာမှာ သူနဲ့ပတ်သက်ပြီး ယှဉ်တွဲလို့ဝင်လာတဲ့ ရောဂါတွေကိုပဲ ကုရတာပါ။ ယှဉ်တွဲလို့ ကုရ တဲ့ဆေး တွေကတော့ ကျွန်တော်တို့ဆေးရုံမှာ အပြည့်အဝပေးထားပါတယ်။

မေး။ ဆရာကြီးအနေနဲ့ ပြည်သူကို ဘယ်လိုသတင်းစကားတွေ ပေးချင် ပါသလဲ။

ဖြေ။ JE ရောဂါဟာ ခြင်ကိုက်၍ဖြစ်တာပါ။ ခြင်မှာလည်း ကျူးလက်(စ်) ခြင် အမျိုးအစား ကိုက်လို့ ဖြစ်တာပါ။ ဒါကြောင့် ခြင်မကိုက်အောင်နေကြပါ။ခြင် မပေါက်ပွားအောင် ဆောင်ရွက်ကြပါ။ ကလေးတွေဖျားလာရင် လည်း ဆေးရုံဆေးခန်းတွေက ဆရာဝန်တွေ၊ ကျွမ်းကျင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ နဲ့ သွားပြကြပါ။ သူတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြပါလို့ ပြောကြား ပေးလိုပါတယ်။
စစ်တွေ အထွေထွေရောဂါ ကုဆေးရုံကြီးမှ ဒေါက်တာ လှမူ(ပြည်နယ်ကလေးအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံ မေးမြန်းခြင်း

မေး။ ယခု ရခိုင်ပြည်နယ်မြို့နယ်အချို့မှာ ဖြစ်ပွားနေတဲ့ ဂျပန်ဦးနှောက် ရောင်ရော ဂါဟာ ကူးစက်မြန်တယ်။ အသက်ဆုံးရှုံးမှု မြန်တယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ဒီရောဂါဟာ ကူးစက်မြန်တယ်ဆိုတာက ခြင်ကနေတစ်ဆင့် ဗိုင်းရပ်(စ်)ပိုးသယ်လာတယ်။ ဒီဗိုင်းရပ်(စ်) ဟာလည်း သွေးလွန်တုပ်ကွေးရောဂါ ကိုဖြစ်စေတဲ့ ပလေဘီ ဗိုင်းရပ်(စ်)အုပ်စုကြီးရဲ့အောက်မှာ တစ်ခု တည်းဖြစ်ပါ တယ်။ ရောဂါပြင်းထန်ပြီး ကုသမှုနောက်ကျရင် သေတတ် ပါတယ်။ အန္တရာယ် ရှိပါတယ်။

မေး။ ဒီဂျပန်ဦးနှောက်ရောင်ရောဂါရဲ့ လက္ခဏာတွေက ဘယ်လိုပါလဲ။

ဖြေ။ ဒီရောဂါဟာ စစချင်းတော့ သာမန်အအေးမိတုပ်ကွေးရောဂါ တွေနဲ့ ဆင်ပါတယ်။ နှာစေးမယ်၊ ဖျားမယ်၊ ခေါင်းကိုက်မှုတွေဖြစ်မယ်။
ကွာခြားချက်ကတော့ ကလေးတစ်ယောက်နဲ့တစ်ယောက် ကွာခြားချက်ပေါ်မှာ မူတည်ပြီးတော့ နှစ်ရက်သုံးရက်အကြာမှာ အပြင်းဖျားလာမယ်။ တက်လာ မယ်။ နောက်ပြီးဦးနှောက်ရောင်တဲ့ လက္ခဏာဖြစ်တဲ့ အကြောတွေဆွဲလာ မယ်။ သတိလစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

မေး။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုကွာခြားပါသလဲ။

ဖြေ။ တစ်ယောက်နဲ့တစ်ယောက် မတူတာက အဲဒီလိုမျိုးဖြစ်ပြီးသွား တော့ အကောင်းပက တိပြန်ကောင်း သွားတဲ့ကလေးတွေ ရှိသလို၊ တချို့လည်း ဆုံးသွားပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် ဒီရော ဂါဖြစ်လာ ရင်တော့ သေဆုံးမှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိရှိပါတယ်။ ကုသမှု အပိုင်းတွေ မှာလည်း သာမန်ဗိုင်းရပ်(စ်)ပိုး၊ ဗက်တီးရီးယားပိုးတွေ ကို သတ်တဲ့နည်းတွေနဲ့မဟုတ်ဘဲနဲ့ ရောဂါလက္ခဏာအရ ဖြစ်ပေါ်လာတဲ့ အချက်တွေကို မူတည်ပြီးတော့မှ ကုသရပါတယ်။

မေး။ ကာကွယ်လို့ရတဲ့နည်းတွေရော ရှိပါသလား။

ဖြေ။ ရောဂါကာကွယ်ဆေးတွေက ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ကာကွယ်ဆေးထိုးစီမံချက်တွေမှာ ဒီဆေး တွေက မပါနိုင်သေးပါဘူး။ တင်တော့ တင်ပြထားကြပါတယ်။ မကြာခင်နှစ်တွေမှာတော့ ပါလာမယ် ထင်ပါတယ်။ ဒါကြောင့် အထူးသဖြင့် ခြင် အကိုက်မ ခံပါနဲ့။ ခြင်မပေါက်နိုင်အောင် ရေအိုင် တွေ၊ ရေစီးကြောင်းတွေကို ရေစီး ရေလာကောင်းအောင် ဆောင်ရွက်ကြပါ။ ခြင်အန္တရာယ်ကာကွယ်ရေးဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

မေး။ ဒီရောဂါဟာ ဘယ်လိုရာသီတွေမှာအများဆုံးဖြစ်တတ်ပါသလဲ။

ဖြေ။ ရာသီဆိုတာကတော့ ခြင်ကိုက်ရင်ဘယ်အချိန်မဆို ဖြစ်တတ်ပါ တယ်။ အဲဒီ ကျူးလက်(စ်)ခြင်ပေါက် ပွားတတ်တဲ့ မိုးရာသီတို့၊ ဆောင်း အကုန် နွေအကူးရာသီတွေဆို ပိုပြီးသတိထားရပါမယ်။

မေး။ ဒီ JE ရောဂါဟာ ဦးနှောက်အမြှေးရောင်တာလား၊ ဦးနှောက် တစ်ခုလုံး ရောင်တာပါလား။

ဖြေ။ ဦးနှောက်တစ်ခုလုံးရောင်တာပါ။ ဒါကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါ Japanese Encephalitis) JE လို့ခေါ်တာပေါ့။ တော်တော်အန္တရာယ် ရှိတဲ့ ရောဂါပါ။

မေး။ ဒီရောဂါဟာ ကလေးတွေမှာ ဖြစ်တတ်သလို လူကြီးတွေမှာ လည်း ဖြစ်နိုင်ပါသလား။

ဖြေ။ အဲဒီရောဂါပိုးပါတဲ့ ကျူးလက်(စ်)ခြင်ကိုက်ရင် ကလေးတွေရော လူကြီးတွေပါ ဖြစ်တတ်ပါတယ်။ အသက်အရွယ်ကိုလိုက်ပြီး ဖြစ်တာ မဟုတ်ပါဘူး။

မေး။ ဆေးရုံကဆင်းသွားတဲ့ ကလေးတွေရဲ့အခြေအနေကို သိလိုပါတယ်။

ဖြေ။ အဲဒီ JE ရောဂါဖြစ်လို့ ဆေးရုံတက်လာပြီးတော့ ရောဂါသက်သာ လို့ ဆေးရုံက ဆင်းသွားတဲ့ ကလေး ခုနစ်ဦးရှိရာမှာ ငါးဦးဟာ စကားမပြော နိုင်သေးပါဘူး။

ပညာပေးရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးဆောင်ရွက် ရောဂါဖြစ်ပွား ရာမြို့နယ်များသို့ ပြည်နယ် ငှက်ဖျား တိုက်ဖျက်ရေးအဖွဲ့မှ လည်းကောင်း၊ ၎င်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများမှ လည်းကောင်း သွားရောက်ကာ ပညာပေးရေး လုပ်ငန်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့်ဆေး ရုံတက်လူနာများအား စစ်တွေ ဆေးရုံကြီးနှင့် သက်ဆိုင်ရာ မြို့နယ်များ တွင် ကုသပေးလျက်ရှိကြောင်း သိရသည်။ ခြင်အန္တရာယ် ကာကွယ်ရန်လို ဂျပန်ဦးနှောက်ရောင် (Japanese Encephalitis) JE ရောဂါသည် ကျူး လက်(စ်) (Culex tritaeniorhynuhus ) ခြင်မျိုး ကိုက်ခြင်းမှ ဖြစ်ပွားနိုင်ပြီး ၎င်းခြင်များသည် လယ်ကွင်းများ၊ ရေအိုင်များတွင် ပေါက်ပွားတတ်ကြောင်း၊ ညအချိန် ကိုက်တတ်ကြောင်း၊ နေရာရွှေ့ပြောင်းတတ်သော ငှက်ရိုင်းများမှ တစ်ဆင့် ၎င်းငှက်များကိုခြင် ကိုက်ရာမှ လည်းကောင်း၊ ၎င်းခြင်များမှ အိမ်မွေး ဝက်များ နွားများကိုကိုက်ခြင်းမှလည်းကောင်း၊ ယင်းခြင်များ လူကိုကိုက်ခြင်း မှလည်းကောင်း ရောဂါပြန့်ပွားတတ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုအခါ ကျေးလက်တောရွာ များတွင်ပါ ဖြစ်ပွား နေ သဖြင့် ခြင်အန္တရာယ်ကို အထူး ကာကွယ်ရန်လိုအပ်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

Menopause (2) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)

 သွေးမဆုံးခင်ဖြစ်တာတွေဟာ လူ့သဘာဝ ဖြစ်ကိုဖြစ်ရတဲ့ ပြောင်းလဲဖြစ်စဉ် ဖြစ်တယ်။ ရောဂါ မဟုတ်ပါ။ ဒါ့ကြောင့် ဆေးကုဘို့ လူတိုင်းတော့ မလိုတတ်ပါ။ လိုသူတွေမှာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ လိုအပ်ကြတယ်။ တကယ်သွေးမဆုံးခင် ရာသီ ဖေါက်ပြန်တယ်။ လမမှန်၊ ရက်မမှန် ဖြစ်တာ များတယ်။ အမျိုးသမီးတယောက် ဘယ်တော့ သွေးဆုံးမလဲကို အကြမ်းပြောရရင် မိခင်နဲ့ အတော်တူတာများပါတယ်။

Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင်တယ်။

• ကိုယ်ဝန်တား Oral pills စားဆေး၊ Patch ကပ်ခွါဆေး၊ Spray ဖြန်းဆေးတွေ သုံးနိုင်တယ်။ တားဆေးပေးရတဲ့ ရည်ရွယ်ချက်က Irregular vaginal bleeding ရာသီ မမှန်တာအတွက် ဖြစ်တယ်။
• Transdermal hormone အရေပြားအောက် ထားရတဲ့ဆေးကို တချို့က ပိုကြိုက်တယ် အသဲကို မထိခိုက်လို့ ပြောတာ ဖြစ်တယ်။
• ဆရာဝန်ကနေ စမ်းသပ်စစ်ဆေးပြီး တခြား သွေးဆင်းစေတဲ့အကြောင်း မရှိတာ သေခြာပြီးမှ ဒီဆေးပေးရတယ်။
• (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ဆေးတွေ၊ Vaginal estrogen ring ကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြားတွေ အမျိုးမျိုးရှိတယ်။
• Vaginal moisturizing agents ဆိုတာတွေက ဟော်မုန်း မဟုတ်ဘဲ ဗဂျိုင်းနားကို စိုစွပ်မှုရစေအောင် သုံးနိုင်တယ်။ K-Y Silk-E Vaginal Moisturizer or KY Liquibeads တွေ ဖြစ်တယ်။ ခင်ပွန်းနဲ့ အတူနေဘို့ အတွက် အသုံးဝင်တယ်။ အပျိုကြီးတွေအတွက်လဲ အကျိုးရှိတာပါဘဲ။ ဒီနေရာမှာ ခြောက်သွေ့နေရင် မကောင်းဘူး။
• Selective serotonin reuptake inhibitors (SSRIs) အုပ်စုဝင် Antidepressant စိတ်မကျဆေး သုံးနိုင်တယ်။ ဥပမာ Venlafaxine (Effexor), Fluoxetine (Prozac), Sertraline (Zoloft), Paroxetine (Paxil), Citalopram (Celexa) တွေ ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးရှိမယ်။ Decreased libido လိင်စိတ်နည်းမယ်၊ Sexual dysfunction လိင်ဆက်ဆံတာမှာ အခက်အခဲ ရှိနိုင်တယ်။
• တခြားဆေးတွေလဲ အသုံးကျနိုင်တယ်။ ဥပမာ Gabapentin (Neurontin) အတက်သက်သာဆေး၊ Clonidine (Catapres) သွေးကျဆေး။
• တချို့က Bioidentical hormone ကိုသုံးတာကို စိတ်ဝင်စားမှု ပိုလာနေတယ်။ ဓါတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ ဟော်မုန်း အတုဖြစ်တယ်။ တရားဝင် အသိအမှတ် မပြုသေးပါ။

Alternative medical therapies ကျွန်တော်တို့လို သမားရိုးကျ ဆရာဝန်တွေသုံးနည်း မဟုတ်တာတွေလဲ သုံးကြတယ်။
• Phytoestrogens, Isoflavones အပင်တွေကနေရတဲ့ Plant estrogens တွေပါတာမျိုး သုံးနိုင်တယ်။ Isoflavones ဓါတ်ပေါင်းဟာ Soy ပဲပုပ်မှာ ပါတယ်။ အဆတော့ အင်မတန်နည်းတယ် Estradiol တကယ့် အီစထိုဂျင်ရဲ့ တထောင်ပုံ တပုံ၊ တသိန်းပုံတပုံသာ ပါတယ်။ Chick peas ကုလားပဲ နဲ့ Lentils ပဲနီလေးတွေမှာလဲ ပါတယ်။
• Vitamin E ဗီတာမင် အီး ကိုလဲ သုံးနိုင်တယ်။
• Himalaya ကနေထုတ်တဲ့ Menosan ဆေးမှာ Herbal ingredients (ဟာဗယ်) ဆေးတွေ ပါတယ်။
• ပေါ်ပြူလာဖြစ်နေတဲ့ နောက်တမျိုးကတော့ Mexican yam ကနေထုတ်တဲ့ Tibolone လို့ ခေါ်တယ်။

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု
၁။ Benificial အကျိုးများစေမဲ့ဆေး
(က) Oestrogens (အီစထိုဂျင်) မ-ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုမှာ Oestrogens ဆေးပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ စနစ်တကျလေ့လာမှု ၂ ခုမှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလဲ နည်းစေတယ်။ Urogenital symptoms ဆီးလမ်း-မွေးလမ်း လက္ခဏာတွေကို ပိုမိုကောင်းမွန်စေတယ်။ စနစ်တကျလေ့လာမှု ၁ ခုမှာ စိတ်ဓါတ်ကျတာကို သက်သာစေတယ်။ ကွက်ကျား-လေ့လာမှု ၄ ခုမှာ Quality of life လူနေမှုတန်ဘိုး ရေတို ကောင်းမွန်စေတယ်။
(ခ) Progestogens (ပရိုဂျက်စတိုဂျင်) ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုနဲ့ ကွက်ကျား-လေ့လာမှု ၆ ခုမှာ Progestogens ပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သက်သာစေတယ်။ တခြားပိုကောင်းတာ မတွေ့ရဘူး။
(ဂ) Tibolone (တီဘိုလုံး) ဟော်မုန်း၊
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Vasomotor symptoms လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vasomotor symptoms လက္ခဏာတွေကို သက်သာစေတာမှာ Oestrogen/Progestogen ပေးတာထက် မညံ့ဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vaginal dryness မွေးလမ်းကြောင်း ခြောက်သွေ့တာကို သက်သာစေရာမှာလဲ သိသာတဲ့ ကွာခြားချက် ၄၈ ပတ်အကြာမှာ မတွေ့ရဘူး။ လေ့လာမှုတခုမှာ Sexual satisfaction လိင်ကိစ္စ ကျေနပ်မှုမှာ Oestradiol + Noresthisterone ပေးတာထက် ပိုကောင်းတယ်လို့ မတွေ့ရဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Sexual fantasies and arousability လိင်ပိုင်းဆိုင်ရာ ဆန်းပြားမှုနဲ့ နိုးထမှုတွေမှာ ဆေးမပေးသူတွေထက် ၃ လ အကြာမှာ ပိုကောင်းတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Conjugated Oestrogen ပေးတာထက် Sexual desire လိင်စိတ်ဖြစ်ပေါ်တာ နဲ့ Coital frequency လိင်ဆက်ဆံမှု အကြိမ် ပိုသာတာ တွေ့ရတယ်။

၂။ Likely to be beneficial အကျိုးရှိမယ်လို့ထင်ရတာ
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Phyto-Oestrogens ပါတဲ့ Soy protein ပေးတာဟာ မပေးသူတွေထက် လက္ခဏာ ခံစားရတာ သက်သာတယ်။ ဒါပေမဲ့ ၆ ပတ်အကြာမှာ လက္ခဏာပေါ်တဲ့ အကြိမ်ရေ အနည်းဘူး။

Phyto-Oestrogens ဆိုတာ လူတွေစားတဲ့ အစားအစာထဲမှာ ပါနေတဲ့ မ-ဟော်မုန်း (အီစထိုဂျင်) ကိုခေါ်တယ်။ ကနေဒါ သုတေသန တခုအဆိုအရ Nuts အစေ့အဆံတွေ၊ Oilseeds အစေ့အဆံတွေကရတဲ့ဆီ၊ Soy products ပဲပုပ်၊ Cereals ပြောင်း-ပြောင်းနှံ၊ Breads ပေါင်မုံ့၊ Legumes ပဲတောင့်ရှည် နဲ့ Meat အသားတွေမှာ ပါတယ်။ Flax seed ဗီသွာ (နှမ်းကြတ်) နဲ့ Oilseeds စေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ Soybeans ပဲပုပ် နဲ့ Tofu တို့ဟူးတို့က ဒုတိယ လိုက်တယ်။

၃။ Unknown effectiveness ဘာလို့ ထိရောက်မှုရှိတယ်ဆိုတာ ပြောမရတာ
- Antidepressants စိတ်မကျဆေးတွေ
- Clonidine သွေးတိုးဆေး၊
- Testosterone ကျား-ဟော်မုန်း၊

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Menopause (1) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁)

 ဆရာရှင့် ကျမအသက် ၄၇ ပြည့်တော့မှာပါ။ ကျမမှာ သားသမီးသုံးယောက်ရှိပါတယ်ဆရာ။ ကျမအသက် ၃၆ နှစ်မှာ သားအိမ်တွင်းမှာ အဖုလေးတွေ့လို့ သားအိမ်ထုတ်ခဲ့ပါတယ်။ ရာသီသွေးဆင်းတိုင်း ဆိုးဆိုးဝါးဝါးနာကျင်ကိုက်ခဲနေတာမို့ OG ပြရင်း အဖုလေးတွေ့တယ်ဆိုလို့ပါ။ သားသမီးလဲသုံးယောက်ရှိပြီးသားမို့ သားအိမ်က ကိုယ်ဝန်ဆောင်ဖို့ကလွဲရင် မရှိလဲရတဲ့ အပိုပစ္စည်းဖြစ်တဲ့အတွက် ထုတ်ချင်လဲရတယ်ဆိုလို့ပါ။ ဒါကြောင့် ကျမ သားအိမ်ထုတ်ဖို့ သဘောတူခဲ့ပါတယ်ဆရာ။ အဲဒီအချိန်က ကျမအသက်ငယ်သေးတယ်ဆိုပြီး သားအိမ်ကိုသာထုတ်ခဲ့ပြီး မျိုးဥအိမ်နဲ့ သားအိမ်ခေါင်းကိုတော့ ချန်ထားခဲ့တယ်ပြောပါတယ်။ ဒါပေမဲ့ နောက်တနှစ် အသက် ၃၇ နှစ်မှာ အရည်အိတ်ထပ်ဖြစ်လို့ အဲဒီဆရာမကြီးနဲ့ပဲ ပြန်ပြပြီး အကုန်ဖယ်ရှားလိုက်ရပါတယ်ဆရာ။ အစပိုင်းတုန်းက ကျမသဘောပေါက်တာက သားအိမ်ထုတ်ထားရင် သွေးဆုံးကိုင်တဲ့ ဝေဒနာမခံစားရဘူးလို့ပဲ သဘောပေါက်တာပါ။ OG ကလဲ ဒါနဲ့ပတ်သတ်ပြီး မဆွေးနွေးခဲ့ပါဘူးရှင်။ နောက်ပိုင်းကျမ စာတွေဖတ်ရင်းနဲ့ သိလာတာက သားအိမ်ထုတ်ထားတဲ့သူဟာ သာမာန်လူထက် ပိုပြီး သွေးဆုံးကိုင်တဲ့ဝေဒနာကို ခံစားရတယ်ဆိုတာပါ ဟုတ်ပါသလားရှင်။ သားအိမ်ထုတ်ပြီးနောက်ပိုင်းမှာ ခေါင်းညာဘက်တခြမ်းကိုက်တဲ့ဝေဒနာဖြစ်ပါတယ်။ ဦးနှောက် CT ရိုက်ပြီးစစ်တော့ ဘာမှမဖြစ်ဘူးပြောပါတယ်ရှင် ခေါင်းအနောက်ညာဘက်က အပ်နဲ့ထိုးခံရသလိုစူးပြီးနာတာ ကျီးပေါင်းဖြစ်တယ်လဲ ပြောပါတယ်။ အခု ကျမအသက် ၄၇ မှာ အစားအသောက်စားချင်စိတ်မရှိတာ ညဘက်နှစ်နှစ်ချိုက်ချိုက်အိပ်မပျော်တာ ဘယ်လောက်ပဲညည့်နက်မှအိပ်ပါစေ မနက်လေးနာရီဆိုနိုးနေတာ နေ့လည်ဘက်လဲ တခါတရံ အိပ်ရေးပျက်လွန်းမှ ခဏလေးအိပ်ပျော်တာတွေ ဖြစ်ပါတယ်။ နားတွေက လေထွက်သလိုအူလာပြီး တစုံတခုဆို စိတ်အားငယ်လာတယ် မျက်ရည်လွယ်လာတယ်ဆရာ။ ချွေးတအားထွက်ရင် လူကနုံးချိပင်ပန်းသလိုခံစားရပြီး အပူဒဏ်လဲမခံနိုင်ပါဘူး။ စိတ်ရှုပ်တဲ့ဒဏ်တွေမခံနိုင်တော့ပဲ တယောက်ထဲ အေးအေးဆေးဆေးနေချင်စိတ်သာ ဖြစ်လာတယ် ပင်ပင်ပန်းပန်းလဲ ဘာတခုမှမလုပ်နိုင်တော့ဘူး။ အဲဒါ သွေးဆုံးကိုင်တဲ့လက္ခဏာလို့ ပြောပါတယ်ရှင်၊ ဟုတ်ပါသလားဆရာ။ သားအိမ်ထုတ်ထားတဲ့သူတယောက်ဟာ သွေးဆုံးကိုင်ရင် ဘယ်လိုသိနိုင်ပါသလဲရှင်။ သူများထက်ပိုခံစားရတယ်ဆိုတာရော ဟုတ်ပါသလား ဘယ်လိုပိုခံစားရသလဲ သားအိမ်ထုတ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေလဲ၊ ဘာတွေဖြစ်လာနိုင်လဲ ကျမသိချင်တာပါရှင်။

မြန်မာတွေက သွေးဆုံး-သားဆုံးလို့ တွဲသုံးတယ်။ သူများတွေကတော့ သွေးဆုံးချိန်နဲ့ သွေးဆုံးခါနီးလို့ တွဲရေးတယ်။ သွေးဆုံးတာဆိုတာ အမျိုးသမီးတယောက်မှာ ရာသက်ပန် ရာသီမလာတော့တာဖြစ်တယ်။ ဘဝမှာ တကယ့် အချိုးအကွေ့တခု ဖြစ်တယ်။ ရောဂါရလာတာ မဟုတ်ပါ။ ရာသီသွေးဆင်းတာလဲ မမှန်တော့သလို လစဉ် မျိုးဥထွက်တာလဲ ပုံမှန်မဟုတ်တော့ပါ။ ကြားရက်မှာ သွေးဆင်းမယ်။ မျိုးဥကလည်း တချို့လမှာထွက်မယ်။ တခါတလေမထွက်လာတော့ပါ။

ဒါပေမဲ့ နေကောင်းထိုင်သာရှိမှုမှာတော့ သက်ရောက်မှုကြီး ဖြစ်စေတယ်။ မိန်းမဘဝမှာ ဆုလာဘ်ရသလိုဖြစ်လာတယ်လို့ ယူတတ်ရင် ယူဆနိုင်တယ်။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေးအသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။ မျက်နှာနီမြန်းတာ၊ ညချွေးထွက်တာ စတဲ့အသစ်ဖြစ်လာတွေ ခံစားရမှာဖြစ်ပေမဲ့ လစဉ်ဆိုတာ ပူစရာမလိုတော့ဘူး။ ရင့်ကျက်-ပြည့်စုံလာပြီ။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေး အသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။

ဘာလို့ဖြစ်လာသလဲ။ အသက်ကြောင့်ပါ။ ကလေးမရနိုင်တော့ဘူး။ မျိုးဥအိမ်ကနေ အပျိုဖြစ်ကတည်းက လုပ်ပေးနေခဲ့၊ ထုတ်ပေးနေခဲ့တာမှန်သမျှ လျှော့ချလိုက်ပြီ။ အသက်ကြောင့် မဟုတ်ဘဲ မျိုးဥအိမ် နှစ်ဖက်လုံး ထုတ်ရတာ၊ ကင်ဆာဆေး ပေးတာ၊ တင်ပါးဆုံနေရာကို ဓါတ်ကင်တာတွေ ကနေလဲ စောပြီး သွေးဆုံးနိုင်ပါတယ်။ သားအိမ်ထုတ်ရပေမဲ့ မျိုးဥအိမ် ချန်ထားရင် ဟော်မုန်းတန်ခိုးတွေ ဆက်ရှိနေပါအုံးမယ်။ ရာသီသွေးမလာတော့ဘူး။ ကလေးလဲမရနိုင်တော့ဘူး။

သွေးဆုံးချိန်ဟာ မြန်မာတွေက ၄၅ နှစ်လို့ နုတ်ကျိုးနေတယ်။ ပျမ်းမျှ ၅၁ နှစ်ဖြစ်တယ်။ ၄ဝ ကတည်းကဆုံးသူနဲ့ ၆ဝ ကျမှ ဆုံးသူတွေလဲ ရှိပါတယ်။ ဆရာဝန်တွေ ဘယ်လောက်တော်နေနေ အမျိုးသမီးလူနာ ဘယ်တော့ သွေးဆုံးမယ်၊ ဘာတွေ ဖြစ်လာမယ်ဆိုတာ မှန်းလို့ မရပါ။ ၁၂ လတာဆက်တိုက် ရာသီ မလာတာကိုမှ သွေးဆုံးအမျိုးသမီးစာရင်းထဲ ထည့်ပါမယ်။ သွေးဆုံးဆိုတာ တဖြေးဖြေးဖြစ်လာတယ်။ အဲလို မူမမှန် ဖြစ်လာနေချိန်ကို သွေးမဆုံးခင်ဖြစ်တာတွေလို့ ခေါ်တယ်။ ဒီအတောအတွင်းလဲ ကလေး ရနိုင်သေးတယ်။

ဖြစ်တာတွေက တယောက်နဲ့တယောက်မတူပါ။ တချို့မှာ ပြောင်းသွား၊ ရပ်သွားမှန်းမသိ ဖြစ်တယ်။ တချို့ကြ ခံလိုက်ရတာလို့ ပြောတယ်။ ရာသီရက် တိုလာတာ၊ တလနဲ့တလ ပိုခြာလာတာ၊ ဆင်းတာက နည်းလာတာ၊ တချို့ ပိုများတာတွေ ဖြစ်နိုင်တယ်။ ဒါတွေဖြစ်တိုင်း ဆေးကုဘို့မလိုပါ။ ဆရာဝန်ပြရင်တော့ ပိုကောင်းပါတယ်။ သဘာဝနည်းနဲ့ မဟုတ်ဘဲ မျိုးဥအိမ်ကို ဆေးပေး၊ ခွဲစိတ်၊ ဓါတ်ကင်နည်းနဲ့လုပ်လို့ သွေးဆုံးတာမျိုးက ရုတ်တရက်ကြီးခံရတယ်။

မျက်နှာနီမြန်းတာကို အဖြစ်ကြရဆုံးဘဲ။ ပူနွေးတာ ခံစားရမယ်။ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ကျော၊ ရင်ပတ်တွေမှာ နီရဲရဲဖြစ်မယ်။ ချွေးပိုထွက်မယ်၊ အိပ်ရေးပျက်နိုင်တယ်။ ချမ်းနိုင်တယ်။ မီးယပ်ချမ်းလို့ ပြောကြတာထဲ ဒါလဲ ပါမလားဘဲ။ ၁ဝ-၃ဝ စက္ကန့်ကြာနိုင်တယ်။ အေးတဲ့နေရာ၊ ပန်ကာ၊ သာမန်လေ့ကျင့်ခန်းလုပ်တာ၊ အပူအစပ်လျှော့စားတာ၊ စိတ်ဖိအား လျှော့တာတွေ လုပ်သင့်တယ်။

လင်-မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ ချောဆီဆေးကို သုံးနိုင်ပါတယ်။ လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။

ဘယ်လိုအပြောင်းကနေ ပြဿနာရှိရှိ ဆရာဝန်နဲ့ညှိပါ။ ဟော်မုန်းဆေး ပေးမလား၊ မပေးဘူးလား ချိန်ဆမယ်။ ဟော်မုန်း အစားထိုးကုသနည်း ခေါ်တယ်။ နောက်တနည်းက ဟော်မုန်းနဲနဲသာပါတဲ့ ကိုယ်ဝန် တားဆေးပေးနိုင်တယ်။ စိတ်ကျဆေး၊ သွေးကျဆေး၊ မွေးလမ်းထဲထည့်ရတဲ့ (အီစထိုဂျင်) ဟော်မုန်းဆေးတွေလဲ ပေးနိုင်တယ်။ (ဘိုင်အိုအိုင်ဒန်တီကယ်) ဟော်မုန်းပေးနည်းလဲ ရှိတယ်။

သွေးဆုံးသူတွေအတွက် စိုးရိမ်စရာတွေက နှလုံးရောဂါ နဲ့ အရိုး မသန်မာမှုတွေ ဖြစ်တယ်။ ကျန်းမာနေဘို့ရာ ဆေးစစ်ပါ။ သွေးဖိအား၊ (ကိုလက်စထော)၊ ဆီးချိုတွေ စစ်ပါ။ ရင်သားကင်ဆာအတွက် (မင်မိုဂရမ်) ရိုက်ပါ။ သားအိမ်ကင်ဆာအတွက် (ပက်ပ် တက်စ်) လုပ်ပါ။ အစာအာဟာရ၊ ကိုယ်လက်လှုတ်ရှားမှု နဲ့ စိတ်ဖြေလျှော့နည်းတွေ ဖြည့်ပေးပါ။

သွေးဆုံးတာနဲ့ (ဘေဆို-မိုတာ) လက္ခဏာတွေဖြစ်တဲ့ ညချွေးထွက်မယ်၊ ခြေဖဝါး-လက်ဖဝါး-ကိုယ်ခန္ဓာ ချွေးထွက်မယ်၊ အိပ်လို့မကောင်း ဖြစ်မယ်။ ဒီလိုဖြစ်တာတွေကို (ဘေဆို-မိုတာ) လက္ခဏာတွေလို့ ခေါ်တယ်။ အမျိုးသမီး ၈၅% မှာ ဖြစ်ကြတယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကလည်း အတော်သိသိသာသာ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်များမယ်၊ စိတ်တိုမယ်၊ အားယုတ်မယ်၊ အာရုံစိုက်ရတာ ခက်ခဲမယ်။

ဘယ်လို အဆင်ပြေအောင်လုပ်မလဲ -
(၁) ယေဘုယျ
• အဝတ်အစား အေးတာရွေးဝတ်ပါ။
• ပန်ကာ၊ (ဝါတာ-ကူလာ)၊ လေအေးစက် သုံးပါ။
• အေးတဲ့ရေ၊ ဖျော်ရည်၊ အစားအသောက်ရွေးစားပါ။ (ကေဖင်း) ပါတာ လျှော့စားပါ။ အရက် လျှော့သောက်ပါ။ အပူးအစပ် လျှော့စားပါ။ အဆီ လျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ။
• လေ့ကျင့်ခန်းလုပ်လို့ သက်သာတာရော၊ မထူးတာပါရှိတယ်။
• ယောဂလုပ်ပါ။ အနှိပ်ခံပါ။ တရားထိုင်ပါ။ အထူးရေချိုးနည်းလုပ်ပါ။ ကိုယ်အလေးချိန်ချပါ။
• ဗီတာမင် ဘီ ၆ သောက်ပေးတာ တချို့မှာ သက်သာတယ်။
• ဗီတာမင် (အီး) ကတော့ နည်းနည်း အကျိုးရှိတယ်။

(၂) ဆေးသုံးနည်း
• Estrogen Replacement Therapy (အီစထိုဂျင်) အစားထိုးပေးနည်း ၈ဝ-၉ဝ% သက်သာစေတယ်။
• Progesterone transdermal cream (20 grams/day) (ပရိုဂျက်စတင်) လိမ်းဆေး
• (SSRIs) အကျိုးရှိတာတွေ့ရတယ်။ ဥပမာ Venlafaxine (Effexor) 12.5 mg ကို တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 75 mg ကို ညအိပ်ရာဝင်သောက်ပါ။ Paroxetine (Paxil CR) 12.5 to 25 mg ကို တနေ့ ၄ ကြိမ်သောက်ပါ။ Gabapentin (Neurontin) 300 mg ကို တနေ့ ၃ ကြိမ်။ Aldomet 250 mg ကို တနေ့ ၂ ကြိမ်။

(၃) (ဟာဘယ်လ်) ဆေးတွေ
• Black Cohosh နဲ့ Soy ပဲပုတ် အကျိုးရှိတာတွေ့ရတယ်။ ဒါပေမဲ့
• Dong Quai, Evening Primrose Oil နဲ့ Red Clover တွေက မထူးတာတွေ့ရတယ်။

Dr. တင့်ဆွေ

https://www.facebook.com/pages/Dr-Tint-Swe/490031307758025


ကျန်းမာစေရန် ရောင်စုံစားပါ

 သင်ရဲ့ ထမင်း ပန်းကန်ထဲမှာ သက်တံရောင် အစားအစာတွေ ရှိနေတာဟာ နုပျို ကျန်းမာ စေတာကြောင့် သင့်ပန်းကန်ထဲမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ အပြာရောင်ရှိတဲ့ အစားအသောက်တွေ ပါဝင် သင့်ပါတယ်။

အနီရောင်

အရသာရှိတဲ့ အနီရောင် အစားအသောက် တွေကို စားပေးတဲ့အခါ အနီရောင် အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်တွေမှာ အင်သိုဆိုင်ယာနင် ပါဝင်နေတာ ကြောင့် ဆဲလ်တွေရဲ့ ထိခိုက် ပျက်စီးမှုကို အကာအကွယ် ပေးနိုင်ပါတယ်။ အနီရောင်ရှိတဲ့ အစားအစာတွေကတော့ စတော်ဘယ်ရီသီး၊ အနီရောင် ပန်းသီးနဲ့ ငရုတ်သီး အနီ၊ သလဲစေ့ စတာတွေပဲ ဖြစ်ကြပါတယ်။ ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကိုလည်း ကျန်းမာစေပါတယ်။

လိမ္မော်ရောင်နှင့် အဝါရောင်

ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့လို အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ အစား အစာတွေကို စားပေးရင် အမြင်အာရုံကို ကောင်းမွန်စေပြီး ခုခံစွမ်းအား စနစ်ကို တိုးမြင့်စေပါတယ်။ အဝါရောင် အသီးအနှံတွေထဲမှာ ပါဝင်တဲ့ ဘီတာ ကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါမှာ ဗီတာမင်အေ အဖြစ် ပြောင်းသွားတာကြောင့် ကင်ဆာ ရောဂါနဲ့ နှလုံးရောဂါ အန္တရာယ်ကို လျော့ကျ စေပါတယ်။ ဒါ့အပြင် ချဉ်တဲ့ အသီးအနှံတွေမှာ ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ်လည်း ပါဝင်နေတာကြောင့် ဖရီးရယ်ဒီ ကယ်တွေကို ကင်းဝေးစေပြီး ခုခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ်။

အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်

အစိမ်းရောင်

အစိမ်းရောင် အစားအစာထဲမှာ ပါတဲ့ ကလိုရိုဖီးတွေဟာ သွေးဆဲလ် ထုတ်လုပ်မှု အားကောင်း စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစိမ်းရောင် အစားအစာ တွေထဲမှာ လူတင်ဓာတ် ပါဝင်တာကြောင့် အတွင်းတိမ်ရောဂါ အန္တရာယ်နဲ့ အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးတာကို လျော့ကျ စေနိုင်ပါတယ်။ အစိမ်းရောင် အစား အစာတွေ ကတော့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ရွက်လိပ်ဂေါ်ဖီထုပ် စတာတွေပဲ ဖြစ်ကြပါတယ်။ အဖြူရောင် သစ်တော်သီး၊ အခွံမာသီးနဲ့ သီဟိုဠ်စေ့လို အစေ့အဆန်တွေမှာ အန်သို ဆိုင်ယာနင်တွေ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စထရော ပမာဏကို လျော့ကျ စေပါတယ်။

အဖြူရောင်

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ထဲမှာလည်း ကွာဆီတင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျ စေကာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေပါတယ်။ ပဲပိစပ်၊ အဖြူရောင်ပဲ၊ ဘာလီစေ့နဲ့ ထမင်းတွေဟာလည်း သင်စားသင့်တဲ့ အဖြူရောင် အစားအစာတွေပဲ ဖြစ်ကြပါတယ်။

ကြယ်စင်
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


လက်တစ်ကမ်းက အန္တရာယ်

 ဆေးလိပ်သောက်ခြင်း အလေ့အကျင့် စတင်မှုသည် အများအားဖြင့် လူပျိုဖော်၊ အပျိုဖော် ဝင်ခါစအရွယ်တွင် စမ်းသပ်ကြည့်လိုသည့် အာသီသ တစ်ခု ဖြစ်သည်။

ထိုအရွယ်တွင် မိသားစု အတွင်း၌ လည်းကောင်း၊ နေ့စဉ် ထိတွေ့ဆက်ဆံရသည့် ပတ်ဝန်းကျင်၌ လည်းကောင်း ဆေးလိပ်သောက်သူများ ရှိပါက ဆေးလိပ် သောက်ဖြစ်မည်မှာ သေချာသလောက် ဖြစ်သည်။ မြန်မာလူမျိုးများ ဆေးလိပ် သောက်သုံးသည့် ဓလေ့ မည်သည့်ကာလတွင် စတင်ခဲ့သည်ကို မသိရသော်လည်း ရှေးဘုရင်ခေတ်များကပင် ဆေးလိပ် သောက်သုံးမှု ရှိခဲ့ကြောင်း ရုပ်ပုံကားချပ်များ၌ တွေ့မြင်ရ သည်။ ရှေးက ဆေးလိပ်သောက်သုံး သူများသည် မိမိနေအိမ်တွင် လက်ဖြစ် ဆေးလိပ်များ ပြုလုပ်၍ သောက်သုံးခဲ့သလို ဤဓလေ့ကို ယခုတိုင် ကျေးလက် တောနယ် အချို့တွင် တွေ့မြင်ရလျက် ရှိသည်။

မြန်မာလူမျိုးတို့ သောက်သုံးသည့် ဆေးလိပ်တွင် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ စီးကရက်၊ ပွတ်ချွန်း၊ ဝါးပြောင်းဖြင့် ရှူခြင်းများ ပါရှိလေသည်။ ထို့အပြင် ဆေးရွက်ကြီး သို့မဟုတ် ဆေးပြင်းလိပ်ကို ကိုက်ဖဲ့၍ ငုံသည့်ဓလေ့ကိုလည်း တွေ့ရသည်။ ဆေးလိပ်သောက်သည် ဖြစ်စေ၊ ဆေးရွက်ကြီး ငုံသည်ဖြစ်စေ ဆိုးကျိုးခြင်း အတူတူဖြစ်သည်။ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့် ဆေးလိပ်သောက်သုံးလျက် ရှိပြီး အမျိုးသမီး သန်း ၂ဝဝ အပါအဝင် ဖြစ်ကြောင်း သိရသည်။

ပွတ်ချွန်းသောက်ခြင်းသည် အိမ်နီးချင်း နိုင်ငံတစ်ခုမှ ကူးစက်လာသည့် ဓလေ့တစ်ခု ဖြစ်သည်။ အနေတော် ဖြတ်ထားသည့် သတင်းစာ စာရွက် သို့မဟုတ် စက္ကူရွက် အတွင်းသို့ ဆေးမှုန့်ထည့်ကာ လက်ဖြင့် ကတော့ ပုံသဏ္ဌာန် လိပ်ထားသည့် ဆေးလိပ်ဖြစ်သည်။ စက္ကူရွက် အစား ဖက်ကို အသုံးပြုသည်ကိုလည်း တွေ့နိုင်ပြီး ၎င်းဖက်လိပ်ပွတ်ချွန်းကို (ဘီဒီ)ဟု ခေါ်ကြောင်း သိရသည်။

စက္ကူပွတ်ချွန်းကိုကျေးလက်တောနယ်၊ အစွန်အဖျား ဒေသများတွင် အသုံးများပြီး ဘီဒီပွတ်ချွန်းကို မြို့ကြီးများတွင် ဝယ်ယူရရှိနိုင်သည်။ ပွတ်ချွန်းဟူသည် တစ်နည်းအားဖြင့် လက်ဖြစ် စီးကရက် တစ်မျိုးဖြစ်ပြီး အခြားဆေးလိပ်များထက် ပိုမို အန္တရာယ် ရှိသည်မှာ ရှူရှိုက်စဉ် ဆေးမှုန့်များ လည်ချောင်းတွင်း ကပ်ငြိ၍ ချောင်းဆိုးသွေးပါခြင်း ဖြစ်သည်။ ဝါးပြောင်းရှူခြင်းသည်လည်း ပွတ်ချွန်းကဲ့သို့ အိမ်နီးချင်း နိုင်ငံတစ်ခုမှ ကူးစက်ခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အသုံးများသည်။ အချင်း သုံးလက်မခန့်၊ အရှည် နှစ်ပေခန့်ရှိ တစ်ဖက်ပိတ် အဆစ်ဖောက် ဝါးပြောင်းကို ခါးလယ်မှ လက်တံထုတ်၍ ၎င်းလက်တံထိပ်တွင် မီးညှိထားသည့် စီးကရက်ထောင်ကာ ဝါးပြောင်း၏ ဖွင့်ထားသည့်ဘက်မှ ပါးစပ်ဖြင့် စုပ်ရှူခြင်း ဖြစ်သည်။

ဝါးပြောင်းအတွင်း ရေတစ်ဝက်ခန့် ရှိပြီး ၎င်းရေကို ဖြတ်ကာ စီးကရက် မီးခိုးများ ပါးစပ်အတွင်းသို့ ရောက်လေသည်။ ပါးစပ်ဖြင့် ရှူ၍ နှာခေါင်းဖြင့် ထုတ်ခြင်း ဖြစ်ပြီး စီးကရက်မီးခိုးများ ရေတွင် ဖြတ်သန်းခဲ့သည် ဖြစ်၍ နီကိုတင်းခေါ် အဆိပ်ငွေ့များ ရေတွင် ကျန်ရှိသဖြင့် အဆုတ် ထိခိုက်မှု နည်းကြောင်း ရှူရှိုက်သူများက အကြောင်းပြကြလေသည်။ ဝါးပြောင်းရှူခြင်းသည်လည်း ဆေးလိပ်သောက်ခြင်း တစ်မျိုးသာ ဖြစ်၍ ဆိုးကျိုးခြင်း မကွာခြားပါပေ။

မှတ်တမ်းတစ်ခုအရ တရုတ်နိုင်ငံတွင် လူသုံးဦးလျှင် တစ်ဦး ဆေးလိပ်သောက်ကြောင်း သိရသဖြင့် တရုတ်နိုင်ငံသား သုံးပုံတစ်ပုံ ဆေးလိပ်သောက်လျက် ရှိသည်။

တစ်နည်းအားဖြင့် တရုတ်နိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံ ဖြစ်သည့် သန်းပေါင်း ၄၅ဝ ခန့် ဆေးလိပ်သောက်သုံးလျက် ရှိကြပေရာ မြန်မာနိုင်ငံ လူဦးရေ၏ ခုနစ်ဆကျော် ဆေးလိပ် သောက်သုံးလျက် ရှိသည်။ ထိုကဲ့သို့ ဆေးလိပ် သောက်သုံးသူများတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါမည်ဖြစ်သည်။ ဆေးလိပ်သောက်သည့် မိဘများ၊ ဆေးလိပ်သောက်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းရသည့် ကလေးများသည် အတုမြင် အတတ်သင်ကြမည်သာဖြစ်သည်။

ဆေးလိပ်သောက်သည့် ကလေးကို ဆေးလိပ်သောက်သည့် မိဘက ထိရောက်စွာ တားမြစ်မည် မဟုတ်သလို ဆေးလိပ်မကောင်းကြောင်း ပညာပေးမည်လည်း မဟုတ်ပေ။ ဆေးလိပ်သောက်သူများ အကြား ကြီးပြင်းရသည့် ကလေးငယ်သည် မီးခြစ် ရှာခိုင်းခြင်း၊ မီးညှိခိုင်းခြင်းမှ အစပြု၍ ကိုယ်တိုင်စမ်းသပ် ကြည့်လိုမှု အဆုံးတွင် ဆေးလိပ်သောက်သူ ဖြစ်ပေတော့သည်။ ထို့ကြောင့် မိဘများ အနေဖြင့် ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိထားခဲ့ပါလျှင် မိမိကိုယ်၌ သာမက သားသမီးများကိုပါ အမွေဆိုးများ မပေးမိစေရန် သတိပြုသင့်ပေသည်။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖဟူသကဲ့သို့ပင်။

စာသင်ကျောင်း အချို့၌ ဆေးလိပ် ကင်းစင်ကျောင်း၊ ဆေးလိပ်ကင်းစင်နယ်မြေ ဟူသည့် စာသားအချို့ တွေ့ရသည်။ တစ်လောက TV တွေ့ဆုံခန်း တစ်ခုတွင် ကျောင်းမျက်နှာစာ ကိုက် ၁ဝဝ အတွင်း ဆေးလိပ် မရောင်းရန် အမိန့်ထုတ်ထားကြောင်း ကြားရသည်။

ကျောင်းသားအရွယ်သည် အတုမြင်အတတ်သင်ကာ လက်တည့်စမ်း လိုကြသည့် အရွယ်ဖြစ်သည်။

ဆေးလိပ်သောက်သုံးမှု အခြေခံ ရှိသွားပါက ငယ်စဉ်မှစ၍ ဆေးလိပ် သောက်သူများ ဖြစ်ပေရော့မည်။

လူတို့၏စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်ပေရာ တစ်ဦးမှစ၍ အခြား သူငယ်ချင်းများလည်း ပါလာပေမည်။ ဦးနှောက်ကြည်လင် သန့်ရှင်းစွာဖြင့် ဉာဏ်ရည် တက်နေချိန်တွင် ဆေးလိပ်မှိုင်းများ စွဲသွားပါက သင်ကြားသည့် ပညာကို ဖတ်ရန်၊ မှတ်ရန် အားနည်းပေမည်။

မူလဉာဏ်ရည်မြင့်သော သူများ ဖြစ်လင့်ကစား ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဉာဏ်ရည်အဆင့် နိမ့်ကျကာ ရောဂါများလည်း စွဲကပ်လာမည်သာ ဖြစ်သည်။

တကယ်တမ်း ဆန်းစစ်လျှင် ဆေးလိပ်ဟူသည် မူးယစ်ဆေးဝါး တစ်မျိုးသာဖြစ်သည်။ ဆေးလိပ်တွင် ပါရှိသည့် နီကိုတင်းဓာတ်သည် ဘိန်းကဲ့သို့ လေးလံ ထိုင်းမှိုင်းပြီး စွဲလမ်းမှုကို ဖြစ်စေသည်။ ထို့ကြောင့် မသိမသာ သောက်သုံးရာမှ သိသိသာသာ စွဲလမ်းသည့် အဖြစ်သို့ ရောက်ခဲ့ သည်။ ဆေးလိပ် သောက် သုံးမှုကြောင့် အဆုတ်ထိခိုက်၍ အမောမခံနိုင်ခြင်း၊ တီဘီရောဂါ ဖြစ်ပွားခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းများ မှ အရွယ်ငယ်ငယ်ဖြင့် အသက် သေဆုံး ရပေမည်။

အထူးသဖြင့် သန့်ရှင်းမှု မရှိသော၊ စနစ်တကျ ထုတ်လုပ်ထားခြင်း မရှိသော ဆေးလိပ်များကို သောက်သုံးခြင်းဖြင့် နဂိုမူလ မရှိခဲ့သည့် ရောဂါ အသစ်များ ကို မိမိကိုယ်တိုင် ဖိတ်ခေါ်သကဲ့သို့သာ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်၏ အခြေခံ လူသား အရင်းအမြစ်များ ဖြစ်သည့် ကျောင်းသားထုအတွင်း ဆေးလိပ် သောက်သုံးခြင်း ဓလေ့ စွဲကပ်ခြင်း မရှိရလေအောင် ပညာပေးခြင်း နည်းလမ်းသာမက အုပ်ချုပ်မှုကြောင်း အရပါ နည်းလမ်း ရှာဖွေသင့်သည်။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီး၌ပါ လူစည်ကားရာ အရပ်များ၊ ဌာနဆိုင်ရာများ၌ ဆေးလိပ်သောက်ရန် ဧရိယာ သတ်မှတ်ပေးမှုများရှိကြောင်း တွေ့ရသည်။ ဆေးလိပ်သည် ကိုယ်တိုင် သောက်သုံးသူအတွက် သာမက တစ်ဆင့်ခံ ရှူရှိုက်မိသူအတွက်လည်း ဆတူဆိုးကျိုးကို ခံစားရမည်သာဖြစ်သည်။ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်နိုင်ရန် လှုပ်ရှားမှု အဖြစ် အားကစား ပြိုင်ပွဲ ပြုလုပ်မှုများ ပိုမိုများပြားလာကြောင်း တွေ့ရသည်။ အားကစား ပြိုင်ပွဲများ၏ ရည်မှန်းချက်မှာ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများ ပေါ်ထွက်လာရေး၊ ကျန်းမာသော လူနေမှုပုံစံဖြင့် ကြံ့ခိုင် သန်စွမ်းအောင် လေ့ကျင့်ပေးရေး ဖြစ်သည်။ အားကစားသမား ဟူသည် သက်လုံကောင်းရန် လိုသည်။ သက်လုံကောင်းရန် အတွက် အဆုတ်အား ကောင်းရမည်၊ အဆုတ်အား ကောင်းရန် အတွက် အဆုတ်ကို အန္တရာယ်ပေးမည့် ဆေးလိပ်နှင့် ကင်းမှဖြစ်ပေမည်။ ကျန်းမာမှ အလုပ်လုပ်နိုင် မည်ဖြစ်သလို ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါပေမည်။

၂ဝ၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပြဋ္ဌာန်းချက် အရ ဧပြီ ၁ ရက်မှစ၍ စီးကရက် အခွန်ကို ၁ဝဝ ရာခိုင်နှုန်း ဆေးရွက်ကြီး၊ ပေါင်းတင်ပြီး ဗာဂျီးနီးယားဆေး၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ဆေးတံတို့ကို ၅ဝ ရာခိုင်နှုန်း အခွန်စည်းကြပ်တော့မည် ဖြစ်ကြောင်း သိရသည်။ ဆေးလိပ်အခွန် စည်းကြပ်လျှင် ဆေးလိပ်ဈေးနှုန်း များလည်း မြင့်တက်လာမည် ဖြစ်သည်။ ဆေးလိပ် တန်ဖိုး ကြီးမြင့်ချိန်တွင် ဆေးလိပ် မဖြတ်နိုင်မှုကြောင့် ဈေးပေါပေါနှင့် ရနိုင်သည့်ဆေးလိပ် များကို သောက်သုံးရာမှ ကျန်းမာရေး ပြဿနာများ ပိုလာမည်မှာ ဆန့်ကျင်ဘက်တို့ ဒွန်တွဲနေသည့် သဘောတရားများပင် ဖြစ်သည်။ ဆေးလိပ် အခွန်မြှင့်တင်ခြင်းနှင့် အတူ ဆေးရိုး၊ ဆေးရွက် စသည့် ဆေးလိပ် ကုန်ကြမ်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည့် တောင်သူများ၊ ဆေးလိပ်ခုံ လုပ်သားများအတွက် အစားထိုး လုပ်ငန်းများကို ဟန်ချက်ညီ ဖန်တီးပေးရမည်ဖြစ်သည်။

တစ်ဖက်တွင် ဆေးလိပ်၏ ဆိုးကျိုးများ ဆိုင်ရာ ဟောပြောပွဲများ၊ စကားရည်လုပွဲများ၊ ပညာပေးဇာတ်လမ်းတိုများ၊ အကြီးအကဲများ ကိုယ်တိုင် ပါဝင်ဆွေးနွေးသည့် အင်တာဗျူး၊ သတင်းစာ၊ ဂျာနယ်များ၏ ခေါင်းစီးတွင် ဆေးလိပ်အန္တရာယ် ဖော်ပြသည့် ပညာပေး စာတန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဆေးလိပ်နှင့် စီးကရက်ကြော်ငြာများ လုံးဝ ခွင့်မပြုခြင်း၊ ဆေးလိပ်သောက်သုံး ရန် နေရာ၊ ဆေးလိပ် သောက်သုံးခွင့်ပြု သည့် အသက်အရွယ်များ ပါရှိသည့် တစ်ဦးချင်း ဆေးလိပ် သောက်သုံးခွင့် လိုင်စင်များ ထုတ်ပေး၍ စစ်ဆေးခြင်း ကိုလည်း ကြပ်ကြပ် မတ်မတ် ဆောင်ရွက်သွားသင့်သည်။

ဆေးလိပ်ဖြတ်ကြသည့် နည်းအမျိုးမျိုး ရှိသည်။ တချို့က ဆေးလိပ် အစားထိုး အဖြစ် ကွမ်းစားခြင်း၊ ပီကေဝါးခြင်းတို့ကို ပြောင်းလဲပြုလုပ်သည်။ အနောက်နိုင်ငံများတွင် လျှပ်စစ်ဆေးလိပ်ဟု ခေါ်သည့် ဆေးလိပ်အတုကိုအာသာပြေ ရှိုက်ဖွာကြောင်း တွေ့ရပြီး ရောင်း အားကောင်းစေရန် ကြော်ငြာများ ထည့်သွင်း ဖော်ပြကြသည်။

မကြာသေးမီ ကြားသိရသည့် သတင်းတစ်ပုဒ်အရ ဆေးလိပ် အစားထိုး E- စီးကရက် အရောင်းဆိုင်အား မြရိပ်ညို ဟိုတယ်ဝင်းတွင် ရုပ်ရှင် သရုပ်ဆောင် တစ်ဦးက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ E- စီးကရက် သောက်သုံးခြင်းအား အင်္ဂလိပ်ဘာသာဖြင့် Vaping ဟုခေါ်ကြောင်း သိရသည်။ မိမိစိတ်က ပြတ်လျှင် ပြတ်မည်သာဖြစ်သည်။မိမိစိတ်ကို မနိုင်လျှင် ဘာနှင့်ဖြတ်ဖြတ် ပြတ်မည် မဟုတ်ပေ။ ပတ်ဝန်းကျင်ကြောင့်၊ လူမှုရေးအရ၊ တစ်ခါတစ်ရံ ချင်ခြင်းတက်ခြင်း ဆိုသည်များသည် ဆင်ခြေများ ဖြစ်သည်။

သို့ဖြစ်ပါ၍ ဆေးလိပ် အမှန်တကယ် ဖြတ်လိုပါလျှင် ဆုံးဖြတ်ချက်ကို ခိုင်မာအောင် ချမှတ်ပြီး မိမိစိတ်ကို နိုင်အောင် ထိန်းရန်ဖြစ်သည်။ လျှော့သောက်ခြင်း၊ မျှဉ်း၍ ဖြတ်ခြင်းများသည် မိမိစိတ်ကို မနိုင်သေးကြောင်း ဖော်ပြလျက်ရှိသည်။ မိမိစိတ်ကို မနိုင်သူသည် တိုးတက်နိုင်ပါမည်လား၊ ကြီးမြင့်နိုင်ပါမည်လား ဆိုသည်မှာ အထူးပြောစရာ လိုမည် မထင်ပေ။ မျက်မှောက်ကာလတွင် ဖြစ်စေ၊

အနာဂတ် ကာလအတွက် ဖြစ်စေ ဦးဆောင်ဦးရွက် ပြုလိုသူများသည် ဆေးလိပ်၏ ဆိုးကျိုးများကို ဆင်ခြင်သုံးသပ်ကာ လူ့ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်တော့သည့် ဆေးလိပ်သောက်ခြင်း ဓလေ့ကို အမြန်ဆုံး ပယ်သတ်သင့်ပါကြောင်း ရေးသား လိုက်ရပါသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


အကင်အစားအစာများနှင့်ကျန်းမာရေး

 လူအများစုတွင် အကင်အစားအစာများကို ပိုမိုစားသောက်နေကြသဖြင့် ကင်ဆာရောဂါများ သိသိသာသာတိုးပွားအဖြစ်များနေကြောင့် အလေးအနက်ပြောကြားလိုပါသည် ။

ကင်ဆာရောဂါတွေဖြစ်ရခြင်းသည် လူသားများအစားသောက်နှင့်နေထိုင်မှုပုံစံများကြေင့် အများဆုံးဖြစ်ပေါ်ခြင်းဖြစ်ပါသည် ။ အစားသောက်ကြောင့်ဖြစ်ပေါ်မှု့ ရာခိုင်နှုန်းသည် တစ်ခြားကင်ဆာဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာများနှင့်စာလျှင်ရာခိုင်နှုန်းအားဖြင့် များပြားလာနေတာကိုလည်း တွေ့ ရှိရပါသည် ။

စားသောက်ဆိုင်များတွင် အလွယ်တကူအကင်များပြု့ လုပ်လာကြပြီး စားသုံးသူများလည်း အကင်အရသာကို အလွန်ပင်စားသောက်လာကြလို့ နောက်ဆက်တွဲဖြစ်လာမည့် ကင်ဆာကိုပင် မမြင်တော့ဘဲ စားသုံးလာကြပါတယ် အကင်ဆိုင်များတွင် အသီးအရွက်ကိုပင်ကင်ပြီးရောင်းချ စားသောက်နေကြလေတော့ မဖြစ်မှတော့ အဆုံး ဖြစ်လာလိမ့်မယ် ။

အကင် အချဉ် အစပ် ရသာစုံလင်စားသောက်ကြသူများတွင်ဝယ် အမျိုးသားများထက် အမျိုးသမီးများတွင် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု့ နှစ်ရပ်ပိုဖြစ်ပွားကြပါသည် ။

ဆေးရွက်ကြီးကြောင့်ထွက်ပေါ်လာသည့် အငွေ့ များတွင် အဆုတ်ကင်ဆာဖြစ်ပွားမှု့ ကိုဖြစ်ပေါ်စေပါတယ် ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း စည်းကမ်းမဲ့ ဆေးလိပ်သောက်သုံးသူများကြောင့် အငွေ့ ရှုမိခြင်းသည့်လည်း ထိုသောက်သုံးသူများနှင့်နည်းတူ ဆိုးကျိုးကိုခံစားရရှိပါတယ် ဒါကြောင့် လက်ဖက်ရည်ဆိုင်နှင့် အခြားနေရာ ဆေးလိပ်သောက်သုံးသူများအနီးနားတွင်အထူးသဖြင့် ငယ်ရွယ်သောကလေးများ အနီးနားတွင်ရှိမနေစေရန်ပိုမိုအရေးပါပါတယ် ။ကျန်းမာရေး အမြင်ရှိစေပြီး ဆေးလိပ်သောက်သုံးသူလည်း နားလည်းသဘောပေါက်စေလိုပါသည် ။

အခုလို ကင်ဆာအကြောင်းအရာဖြစ်စေနိုင်သည့် အကင်ကိုလည်းစား ကင်ဆာကိုလည်းမြင်ပါ ကျန်းမားရေးအမြင်ရှိစေရန် တင်ပြပေးခဲ့ပါသည်။ မဖြစ်သေးတော့ မမြင် မကြောက် တကယ်ဖြစ်လာတော့ နောင်တအသိမဖြစ်စေလို့ သဖြင့် ကင်ဆာရောဂါဆိုးသည့် အစားသောက်နှင့် နေထိုင်မှု့ ပုံစံများကြောင့် အဖြစ်များလာနေလို့  အစားမတော် တစ်လုပ်အတွက် အသိပေးတင်ပြလိုက်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts

Dragon Blade ဇာတ်ကားအပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသည့် ဂျက်ကီချန်း


ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းက ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင်ထွက်ရှိမည့် Dragon Blade တရုတ်သမိုင်း မှတ်တမ်းဇာတ်ကားတွင် အဓိကဇာတ် ဆောင်အဖြစ် ပါဝင်ထားပြီး ယင်းဇာတ်ကားသည် ရုံဝင်ငွေ များစာရင်းတွင် အောင်မြင်သည့်ဇာတ်ကားတစ်ကားဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ထုတ်ဖော်ပြော ကြားခဲ့သည်။

နိုင်ငံတကာသို့ဖြန့်ချိပြသမည့် အဆိုပါဇာတ်ကားတွင် ဂျက်ကီချန်းသည် ပြင်သစ်နိုင်ငံ၏အမျိုးသားရုပ်ရှင်ဆု တစ်ခုဖြစ်သည့် César Award နှင့် အော်စကာဆုရ အမေရိကန်မင်းသား Adrien Brody ၊ တောင်ကိုရီးယား တေးသံရှင်နှင့်သရုပ်ဆောင် ချွဲစီဝန်းတို့လည်း ပါဝင်အားဖြည့်ထားပြီး ယင်းဇာတ်ကားအတွက် အချိန် ခုနစ်နှစ် ကြာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဇာတ်ကား၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့် အထိ ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါဇာတ်ကားသည် မိမိဘဝအတွက် အလှည့်အပြောင်းတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း ဂျက်ကီချန်းက ဆိုသည်။

ဆက်လက်ပြီး တောင်ကိုရီးယားကြယ်ပွင့် ချွဲစီဝန်းက လည်း ''ဂျက်ကီချန်းကို အနုပညာလောကကလူတွေ ဘာကြောင့် လေးစားကြလဲဆိုတာ ကျွန်တော်နားလည် သွားပြီ၊ သူဟာ အားလုံးအပေါ်မှာကာကွယ်ပေးပြီး အတော်ဂရုစိုက်တယ်၊ အခွင့်အရေးရှိမယ်ဆိုရင် ဂျက်ကီချန်းနဲ့ နောက်တစ်ကြိမ်ဆုံချင်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

မျိုးစန္ဒာမောင်

https://www.facebook.com/TheMirrorDaily

လူအများစိတ်ဝင်စားခံရသော်လည်း အထီးကျန်မှုခံစားနေရသူ Megan Fox

 ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Fox က ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း အထီးကျန်သလို ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ''ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘဝကတည်းက သူငယ်ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်''ဟု ဆိုသည်။

ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦးအဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtles ဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးစန္ဒာမောင်
https://www.facebook.com/TheMirrorDaily

တွဲဖက် မသောက်သုံး သင့်သော ဗီတာမင်နှင့် ဆေးဝါးများ

(၁)ဗီတာမင် B12 နှင့် ကလိုရမ် ဖန်နီကောလ် (Chloramphenicol) ကလိုရမ် ဖန်နီကောလ် ဆေးက သွေးနီဥ များရဲ့ ရင့်ကျက်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် သွေးအားနည်း ရောဂါကြောင့် သောက်သုံးရသော ဗီတာမင် B12 ရဲ့အာနိသင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ကလိုရမ် ဖန်နီကောလ် အစား အခြား ပိုးသတ်ဆေးများကို သုံးပါ။ (၂) ဗီတာမင် A နှင့် Mineral oil Mineral oil က ခန္ဓာကိုယ်မှ ဗီတာမင် A စုပ်ယူမှုကို အနှောင့်အယှက် ပေးပါတယ်။ ဆေးဝါးများကို အချိန်ခြားပြီး သောက်သုံးပါ။

(၃)ဗီတာမင် B6 နှင့် လီဗိုဒိုပါ (Levodopa) ဗီတာမင် B6 က Levodopa ၏ဇီဝရုပ်ဖြစ် ပျက်မှုကို တိုးမြင့်စေတဲ့ အတွက် ဦးနှောက် အတွင်းမှာ ထိုဆေးဝါး ပမာဏရောက် ရှိမှု နည်းပါး သွားပါတယ်။ ထိုဆေးဝါးများကို တွဲဖက် မသောက်သုံးရပါ။

(၄) ဗီတာမင် D နှင့် အတက်ကျ ဆေးဝါးများဖြစ်သော ဖီနန်တွိုင်း (Phenytoin)၊ ဖီနိုဘာဘီတယ်လ် (Phenobarbital) အတက်ကျဆေး များက ဗီတာ မင် D ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို လှုံဆော် ပါတယ်။ ရလဒ်အဖြစ် ကယ်လ်စီယမ် ပမာဏ လျော့နည်းသွားပြီး အရိုးပျော့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

အတက်ကျ ဆေးဝါးများ သောက်သုံးနေတဲ့ လူနာများဟာ နေရောင်ခြည်နှင့် ထိတွေ့ဖို့ လိုအပ်ပါတယ်။ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ တွေကိုလည်း စားသောက်ပေးဖို့ လိုအပ် ပါတယ်။

ပိုပိုဇော်
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

ကလေးများ အရိုးအဆစ် ရောင်ခြင်း အကြောင်း သိကောင်းစရာ

 ကလေးငယ်များ အရိုးအဆစ် ရောင်ရခြင်း မှာ ရောဂါကြောင့် ထက် ထိခိုက် ဒဏ်ရာ ရခြင်းကြောင့် ဖြစ်တတ်သည်။ အမြင့်ပေါ်မှ ခုန်ချခြင်း၊ ကစားရင်း ချော်လဲခြင်း၊ တစ်ခုခုနှင့် မတော်တဆ ထိခိုက် မိခြင်းကြောင့် အရိုး အဆစ်များ ရောင်တတ်သည်။

ထိခိုက် ဒဏ်ရာရလျှင် အရိုးအဆစ် များ ရုတ်တရက် ရောင်လာ တတ်သည်။ အရိုး သို့မဟုတ် အဆစ် တစ်ဝိုက်တွင် ရှိသော အရိုး အမြှေးပါး နာ၍ဖြစ်စေ၊ အဆစ် တစ်ဝိုက်မှ အကြောအရွတ် တို့ ပွန်းပဲ့ပြီး ဒဏ်ဖြစ် သွား၍ ဖြစ်စေ ရောင်ရမ်းခြင်း ဖြစ်တတ်သည်။ ရောဂါ ကြောင့် အဆစ်အမျက် ရောင်ပါက လေးဖက်နာ ရောဂါ ဖြစ်သည်။

လေးဖက်နာသည် အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ်အတွင်း ဖြစ်ပွားပါက ကလေးအဖျား ကြီးပြီး အဆစ်များ ရောင်လာမည်။ လက်တွင် လက်ကောက်ဝတ်၊ ခြေထောက်တွင် ဒူးဆစ်များ ရောင်ပြီး နာလာမည်။ ခြေချင်းဝတ်၊ တံတောင်ဆစ်များ ဆီသို့ ရောက်နိုင် သကဲ့သို့ အဆစ်အားလုံး လိုလို ရောင်ပြီး နာလာမည်။

ကလေးများ မကြာခဏ အာသီးရောင်လျှင် ဖြစ်ပေါ်သည့် စထရပ်ကောကပ် ပဋိပစ္စည်းများ သွေးထဲ ရောက်ကာ နှလုံးရောဂါ ဖြစ်လာ နိုင်သည်။ နှလုံးရောင်၊ အဆစ်ရောင် လာတတ်သည်။ ပင်နီဆီလင်ဗွီ စားဆေး နေ့စဉ် နံနက် တစ်လုံး၊ ညတစ်လုံးဖြင့် ခုနစ်ရက်မှ ၁ဝ ရက် သို့မဟုတ် လနှင့်ချီပြီး ခြောက်လမှ ရှစ်လ အထိ တိုက်ကျွေး ရမည်။ သွေးထဲတွင် အေအက်စ်အို ( ASO ) စစ်ဆေးပြီး လျော့ကျလာမှ ပင်နီဆီလင် ကို လျှော့ချရမည်။

အခြား အဆစ်ရောင် တစ်မျိုးမှာ အတိအကျ မရှိသည့် အဆစ်ရောင် ခြင်းဖြစ်ပြီး လေးဖက်နာ ရောဂါကဲ့သို့ ဒူးဆစ်နှင့် ခြေချင်းဝတ် အဆစ်တို့တွင် ရောင်တတ်၍ အခြားအဆစ် သို့ ခုန်ကူး ရောင်ခြင်း မရှိပါ။ ဒူးဆစ်ရောင်လျှင် တစ်မျိုးတည်း၊ တစ်ဖက်တည်း ရောင်မည်။

အဆစ်အတွင်း အရည်ဝင်သည့် လက္ခဏာ တွေ့နိုင်သည်။ အိပ်ရာ ထခါစ နံနက်မှာ အဆစ်များ တောင့်တင်း နေတတ်သည်။ အများအား ဖြင့် ကလေး အသက်နှစ်နှစ်မှ လေးနှစ် အရွယ် ယောက်ျား လေးများ ပို၍ ဖြစ်တတ်သည်။ ရက် အတော်ကြာ အဖျားတက် နေတတ်သည်။

မျိုးရိုးလိုက် သွေးမတိတ်၊ သွေးယိုရောဂါ သည် ယောက်ျားလေး များ၌ စတင် ဖြစ်ခဲ့ချိန် မှစပြီး အဆစ်များ အတွင်းေ သွးယို၍ အဆစ်ရောင် ရောဂါ ပေါ်လာနိုင်သည်။ အဆစ်အတွင်းသို့ ဘက်တီးရီးယား တစ်မျိုးမျိုး ဝင်၍ ပြည်တည်နာ ဖြစ်လျှင်၊ အဆစ်အနီး၌ အရိုးနာ ဖြစ်ခဲ့လျှင်၊ အဆစ်အတွင်း တီဘီ ရောဂါ စွဲကပ်လျှင် အဆစ်ရောင် လာသည်။ ပြည် သို့မဟုတ် အရည်ဝင်လျှင် ရောင်ကိုင်းကာ ကိုယ်ပူပြီး ဖျားတတ်သည်။

အချို့ ကလေးများမှာ ဝမ်းလျှော၊ ဝမ်းကိုက်၊ အူရောင် ငန်းဖျားနှင့် ဂျိုက်သိုး ရောဂါဖြစ်လျှင် အဆစ်ရောင် ရောဂါ ရလာကြသည်။ အဆစ်ရောင်ပြီး နာလာလျှင် သို့မဟုတ် မရောင်ဘဲနာ လာလျှင် ဆေးမြီးတိုဖြင့် မကုဘဲ တတ်ကျွမ်းသည့် ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရဘဲ သက်သာစွာ ကုသနိုင်မည် ဖြစ်သည်။ ပိုးကြောင့် ဖြစ်သော အဆစ်ရောင်မှာ အဆစ်များ ရောင်လာပြီး မြန်မြန် ပျောက်အောင် ကုသ၍ မရပါ၊ မကုသလျှင်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်။

ကလေးမှာ ကြာမြင့်စွာ အဆစ်ရောင်၍ အဆစ် မှ ကြွက်သားများ အားနည်းကာ မသန်မစွမ်း ကလေးငယ် ဘဝသို့ ရောက်ရှိ စေနိုင်သည်ကို ဂရုပြု သင့်ပါသည်။ ။


ဒေါက်တာ လွင်သန့် (ဆေး-၂)
#Themyawadydaily
#myawady_health

Miss Globe International 2014 ပြိုင်ပွဲ မြန်မာအလှမယ် ဂျူးစံသာ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ဇူလိုင် ၂၃

မြန်မာအလှမယ်များ နိုင်ငံတကာ ပြိုင်ပွဲများသို့ ထိုးဖောက်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာ လာမည့်ဩဂုတ်လ ဒုတိယသီတင်းပတ်၌ အဇာဘိုင်ဂျန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

မြန်မာအလှမယ် ဂျူးစံသာသည် အဇာဘိုင်ဂျန်နိုင်ငံဘာကူမြို့ခရစ္စတယ်ခန်းမ၌ ကျင်းပမည့် Miss Globe International 2014 ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၄နိုင်ငံမှ နိုင်ငံကိုယ်စားပြုအလှမယ် ၁၁၄ ဦးနှင့် ယှဉ်ပြိုင် မည်ဖြစ်သည်။

ဂျူးစံသာသည် ဩဂုတ် ၁၁ ရက်တွင် အဇာဘိုင်ဂျန်၌ စတင်စခန်းသွင်းလေ့ကျင့် မှုများ ပြုလုပ်ရ မည်ဖြစ်ပြီး စိတ်ကြိုက် ကိုယ်ဟန်ပြခြင်း၊ မေးခွန်းများဖြေကြားခြင်း၊ ဘဲလေးအကနှင့် ဆီမီးခွက်အကများ ကပြခြင်းတို့ ပြုလုပ် ရမည်ဖြစ်သည်။

ဩဂုတ် ၁၃ ရက်တွင် စတင်ယှဉ်ပြိုင်ကာနောက်ဆုံးအဆင့် အလှမယ် ရွေးချယ်ပွဲ ကို ဩဂုတ် ၃၀ရက်တွင် ကျင်းပမည်ဖြစ်သည်။

Miss Globe International 2014 ပြိုင်ပွဲကို (၈၉)ကြိမ်မြောက် အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပခြင်းဖြစ်ပြီး Miss Globe International ဆုကို သီရိလင်္ကာနိုင်ငံမှအလှမယ် Ruchini Tanasha က ဆွတ်ခူးရရှိခဲ့သည်။

ကြိုးစားပြင်ဆင်

ဂျူးစံသာသည် ယခုပြိုင်ပွဲတွင်မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရာ တွင် နိုင်ငံတကာဆုများ ရရှိခဲ့သည့် အခြားမြန်မာအလှမယ်များနည်းတူ ပထမဆု ဆွတ်ခူးနိုင်ရေး အတွက် ကြိုးစားပြင်ဆင် လျက်ရှိသည်။

ဆွတ်ခူးရရှိမြန်မာအလှမယ်များဖြစ် သည့်မေမြတ်နိုးသည် Miss Asia Pacific World 2014 ဆု ရရှိခဲ့ပြီးမြန်မာနိုင်ငံမှ ပအိုဝ်းတိုင်းရင်းသူ နန်းခင်ဇေယျာ သည်လည်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် People Choice Award နှင့် Miss Internet ဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

ကျွန်တော်နှင့် သွားပိုးချသည်ကို ဖြေရှင်းခြင်း

 ကျွန်တော်တို့ မြန်မာသွားနှင့်ခံတွင်း ဆေးပညာလောကသားများ နိစ္စ ဓူဝကြုံတွေ့နေကြရတဲ့ ပြဿနာများထဲမှာ ယနေ့အချိန်ထိမြန်မာပြည်သူအများ ယုံကြည်နေကြတဲ့သွားပိုးချခြင်းဆိုတာလည်းပါပါတယ်။ ဒီကနေ့အချိန်အထိ သွားနှင့်ခံတွင်းဆေးခန်းများသို့ လာရောက်ပြသကြတဲ့လူနာများထဲမှာ
သွားပိုး ချချင်လို့၊ သွားပိုးသတ်ချင်လို့ဆိုပြီးလာတဲ့လူနာတွေ အများကြီး ရှိပါသေးတယ်။

ကျွန်တော်တို့မှာလည်း သာမန်ပြည်သူများ ဗဟုသုတလည်းရသွားအောင် သွားပိုးစားတယ်ဆိုတာကိုလည်း သေချာနားလည်သွားအောင် ရှင်းပြရတာ အမောပါ။ သွားနှင့်ခံတွင်း ဆေးပညာရယ်လို့ စနစ်တကျမပေါ်ထွန်းခင်အချိန်၊ သွားနှင့်ခံတွင်းဆရာဝန်များ မပေါ်ခင်အချိန်ကတည်းက မြန်မာပြည်မှာ လူတချို့ဟာ လူအများသွားကိုက်သွားနာဝေဒနာခံစားရတဲ့အခါ သွားပိုးချ ခြင်း ဆိုတဲ့အလုပ်တစ်ခုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ကြပါတယ်။

အထူးသဖြင့် အများစုတွေ့ရတတ်တာတွေက ဆံပင်ဝယ်တဲ့သူတွေ၊ အခြား တိုလီမုတ်စရမ်းကုနေတဲ့သူတွေဟာ လူစည်ကားရာနေရာများဖြစ်တဲ့ ဈေး၊ ဘတ်စ်ကားဂိတ်စတဲ့နေရာတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဝေဒနာခံစားနေကြရတဲ့ လူနာများကတော့ ပျောက်ကောင်းပျောက်နိုးနဲ့ သွားရောက်ပြုလုပ်ကြရင်း ယနေ့အချိန်အခါအထိ လူတွေကြားထဲမှာ သွားပိုးချခြင်းဆိုတာ စွဲလို့နေခဲ့ ပါတယ်။

ကျန်းမာရေးဗဟုသုတလေ့လာလိုက်စားမှုအားနည်းသူများ အထူးသဖြင့် ပြုလုပ်တတ်ကြပြီး တချို့မှာ ၎င်းလူတွေပြောပြတဲ့ သွားပိုးဆိုတာကိုတောင် အမှန်တကယ် အရှိထင်နေကြပါတယ်။

ကျွန်တော်တို့ဆရာကြီးများနဲ့ ကျွန်တော့်အဘိုးတို့ပြောပြခဲ့ဖူးတာတော့ အဲဒီသွားပိုးချတယ်ဆိုတဲ့သူတွေဟာ သွားနာသွားကိုက်လို့ ရောက်လာတဲ့ လူတွေကို ရေနဲ့အရင် ပလုတ်ကျင်းခိုင်းပါတယ်။

ပြီးမှဆေးရေလိုလို ဘာလိုလို အရည်တွေကို ငုံထားခိုင်း ကာ ပြန်ထွေးထုတ်ခိုင်းပြီး ပါးစပ်က ပြန်ထွက်လာတဲ့ ရေထဲမှာ ပိုးကောင်လေးတွေ ပါတယ်ဆိုတာကိုပြပြီးရင် ပျောက်သွားမယ်ဆို ပြီးသွားပိုးချခ ပိုက်ဆံယူကာပြန်လွှတ်လေ့ရှိပါတယ်။

ပြီးရင်မပျောက် ပြန်ကိုက်လို့ ပြန်လာရင် တစ်ခါရေထပ်ငုံခိုင်း ပြန်ထွေးထုတ်ခိုင်း ပိုးကောင်လေး တွေ ပါလာတာကိုပြပြီး ပိုက်ဆံယူ ပြန်လွှတ်ဒီလိုနဲ့ပဲ နောက်ဆုံးတော့သွား တွေဆွေးကုန်ပြီး ပျက်စီးကုန်ပါတော့တယ်။ အမှန်တော့ ယုံယုံကြည်ကြည်နဲ့ သွားပြကြတဲ့သူများဟာ ၄င်းသူတွေရဲ့လှည့်စားမှုကို ခံနေရတယ် ဆိုတာကို တောင်မသိကြရှာပါဘူး။ သူတို့ငုံခိုင်းပလုတ်ကျင်းခိုင်းတဲ့ရေ သွားထဲကိုထည့်တဲ့အရာတွေထဲမှာ ဆန်ပိုးတို့လို မျက်စိနဲ့မြင်ရတဲ့ ပိုးကောင်လေးတွေကို ထည့်ထားပြီးသားပါ။

လူတွေတော်တော်များများက သတိမထားမိလိုက်ဘဲ လှည့်ပတ်ခံလိုက်ကြရပါတယ်။ ဒါနဲ့ပဲ မဆုံးရှုံးသင့်တဲ့ သွားတွေ ဆုံးရှုံးခဲ့ရတာ တွေ မနည်းပါဘူး။ ဒါကြောင့် သွားပိုးချတယ်ဆိုတာနဲ့ သွားပိုးသတ်တယ်ဆိုတာ မိမိကိုလှည့်စားနေပါတယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါအပြင် သိပ္ပံ နည်းကျတဲ့သွားနှင့်ခံတွင်း ဆိုင်ရာဗဟုသုတတွေလည်း သိထားဖို့လိုပါတယ်။ ဒါမှသာ မိမိခံတွင်းကျန်းမာရေးအတွက် မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်မျိုးကို ရှောင်ရှားနိုင်မှာပါ။

သွားပိုးစားခြင်းဆိုတဲ့ အသုံးအနှုန်းက ရှေးယခင်နှစ်များစွာကတည်းက အသုံးပြုခဲ့တဲ့အသုံးဖြစ်တာကြောင့် လူတွေက သွားကို ပိုးကကိုက်စားတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ သွားပိုးစားခြင်းထက် ပိုသင့်တော်တဲ့ အသုံးအနှုန်းကတော့ သွားဆွေးမြည့်ခြင်းပါပဲ။

သွားဆိုတဲ့ကိုယ်ခန္ဓာအစိတ် အပိုင်းဟာ လူတစ်ကိုယ်လုံးမှာ အမာဆုံးအစိတ်အပိုင်းပါ။ သွားမှာ အဓိက အလွှာကြီးများဖြစ်တဲ့
ကြွေသွားလွှာ (Enamel) ၊ ဆင်စွယ်နှစ်လွှာ(Dentine)နဲ့ မွသွားလွှာ (Pulp) ဆိုတဲ့အလွှာသုံးလွှာနဲ့ ဖွဲ့စည်းထားပြီး ကြွေသွားလွှာလို့ ခေါ်တဲ့ (Enamel) ဟာ လူတစ်ကိုယ်လုံးမှာအမာဆုံးပါ။

အရိုးတွေထက် တောင်ပိုမာပါတယ်။ ဒီလောက်မာတဲ့သွားအလွှာတွေကို ဘယ်ပိုးကောင်ကမှ မကိုက်စားနိုင် မဖောက်နိုင်ပါဘူး။ သိပ္ပံနည်းကျရှာဖွေတွေ့ရှိထားတဲ့ သွား ပိုးစားခြင်း (ဝါ) သွားဆွေးမြည့်ခြင်းဆိုတာ ဒီလိုပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ တွယ်ကပ်မှီခိုနေတဲ့ ဗက်တီးရီးယားပိုးဆိုတာအများကြီးရှိပါတယ်။ ၎င်းဗက်တီးရီးယားပိုးမွှားများဟာ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်ပြီး အဆပေါင်းသန်းချီပြီး ချဲ့ကြည့်ရတဲ့ မိုက်ခရိုစကုပ်ခေါ်အဏု ကြည့်မှန်ပြောင်း များဖြင့်ကြည့်မှသာမြင်တွေ့နိုင်ပါတယ်။

ကျွန်ုပ်တို့ခံတွင်းထဲ မှာလည်းအခြားခန္ဓာကိုယ်အစိတ်အပိုင်းများလိုပဲ မှီတင်းနေထိုင်တဲ့ဗက်တီးရီးယားပိုးမွှားမျိုးစိတ်ပေါင်း ရာနဲ့ ချီရှိပါတယ်။ အဲဒီဗက်တီးရီးယားပိုးမွှားများဟာ ကျွန်တော်တို့နေ့စဉ်နေ့တိုင်းစားသုံးပြီးခံတွင်းထဲမှာ တွယ်ကပ်ကျန်ငြိနေတဲ့ စားကြွင်းစားကျန်များကိုစားသုံးပြီး ပေါက်ပွားရှင်သန်ကြပါတယ်။

၎င်းဖြစ်စဉ်ကို အချဉ်ဖောက်ခြင်းလို့ခေါ်ပါတယ်။ ဒီနေရာမှာ သိထားဖို့တစ်ခုက ၎င်းပိုးမွှား ဟာလည်း သွားကိုကိုက်စားတာမဟုတ်ပါ။ ၎င်းဗက်တီးရီးယားများ စွန့်ထုတ်လိုက်တဲ့ toxin လို့ခေါ်တဲ့ အဆိပ်ဓာတ်တစ်မျိုးဟာ ငရဲမီးလို့ မြန်မာလိုခေါ်တဲ့ အက်စစ်နဲ့ဆင်တူပါတယ်။

အချဉ်ဖောက်ပြီး ချဉ်တဲ့အရသာရှိတဲ့အခြေအနေ အဖြစ်သို့ ပြောင်းသွားပါတယ်။ အထူးသဖြင့် တစ်နေကုန်စားထားတဲ့ စားကြွင်း စားကျန်များနဲ့ ညဘက်သွားမတိုက်ဘဲ အိပ်မိတဲ့အခါ နံနက်မိုးလင်းအိပ်ယာထရင် ခံတွင်းထဲမှာ ချဉ်တင်တင်နဲ့ နံတဲ့တံတွေးရည်တွေထွက်ကျလာတာသတိပြုမိ ကြမှာပါ။

ဒါ့အပြင် ထမင်းစားပြီး အစာတစ်ခုခုစားပြီး ခံတွင်းချဉ်တယ်လို့ ပြောလေ့ရှိပါတယ်။ အဲ့သလိုဖြစ်တာတွေဟာလည်း အချဉ်ဖောက်ပြီး အက်စစ်ဓာတ်တွေဖြစ်လာပါတယ်။ ၎င်းအက်စစ်ဓာတ်နှင့်တူတဲ့ အဆိပ်အတောက်တွေကသာ သွားအတွင်းဖွဲ့စည်းထားတဲ့ အလွှာတွေကို ဆွေးမြည့်ပျက်စီးစေပြီး သွားအပေါက်တွေဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။

ထိုမှ ပိုမိုဆိုးရွားလာပြီး သွားအတွင်းပိုင်း မွသွားလွှာသို့ရောက်ရှိပါက သွားကိုက်ခြင်း၊ သွားနာခြင်းများ ဆက်လက်ဖြစ်ပေါ်ကာ သွားရောဂါဝေဒနာများကို ခံစားရစေပါတယ်။ ဒါကြောင့် သွားဆေးခန်းများတွင် စက်၊ တံစဉ်းတို့နှင့်တောင် အတော်တိုက်ယူရတဲ့ သွားအလွှာများကို ဘယ်လိုပိုးမွှားများကမှ မကိုက်စားနိုင်ပါ။

၎င်းးပိုးမွှားများကိုလည်း မိမိတို့ခံတွင်းများကိုသေချာအချိန်ပေပြီး ရှာဖွေကြည့်စေချင်ပါသည်။

အမှန်တကယ်ရှိသည်ဆိုသော ဗက်တီးရီးယား ပိုးမွှားများမှာ သွားကြို သွားကြားသွားဖုံးများတွင် မှီခိုနေပေမယ့်၎င်းတို့မှထုတ် လွှတ်သော အဆိပ်အတောက်များကသာ သွားရဲ့ဇီဝဖွဲ့စည်းပုံတွေကို ပျက်စီးစေပြီး သွားဆွေးမြည့်ခြင်းများဖြစ်စေပါတယ်။

ထိုမှတစ်ဆင့် သွားနာ သွားကိုက်ဝေဒနာများဆက်လက်ခံစား ရရှိကြတာဖြစ်ပါတယ်။ ဒီနေရာမှာ လည်း ဗဟုသုတအဖြစ် ဖော်ပြလိုတာ ရှိပါသေးတယ်။ လူအများစုက အချို စားမှ၊ ချိုတဲ့အစားအစာတွေစားမှ သွားပိုးစားတယ်လို့ ထင်နေကြပါတယ်။ ဒါလည်း လွဲမှားနေတဲ့ ယုံကြည်မှုပါပဲ။

ကျွန်တော်တို့ စားသုံးနေတဲ့ အစား အစာအများစုဟာ ကာဗွန်ဟိုက်ဒရိတ်ခေါ် ကစီဓာတ်များဖြစ်ကြပါတယ်။ ချိုတဲ့အစားအစာအပြင် အခြားကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာများကို လည်း ဗက်တီးရီးယားပိုး စားသုံးနိုင်လို့ဖြစ်ပါတယ်။ ဗက်တီးရီးယားပိုးမွှားများ စားသုံးနိုင်တဲ့ အစာမှန်သမျှဟာ ဗက်တီးရီးယားပိုးများကို ပိုမိုပေါက်ပွား နိုင်စေပြီး သွားတွေကို ဆွေးမြည့် ပျက်စီးစေနိုင်တဲ့ အက်စစ်အဆိပ် အတောက်များကို ပိုမိုစွန့်ထုတ်စေနိုင်တာမို့ မည်သည့်စားကြွင်းစားကျန်မျှ မိမိခံတွင်းထဲမှာ မကျန်အောင် ဂရုတစိုက်သန့်ရှင်းရေးလုပ်ကြရပါလိမ့်မယ်။

ဒါကြောင့် မည်သို့သော အစားအစာမျိုးပင်ဖြစ်ပါစေ ခံတွင်းထဲမှာ စားကြွင်း စားကျန်များ မကျန်အောင်ဂရုတစိုက် သန့်ရှင်းရေးပြုလုပ်ဖို့ လိုပါတယ်။ ဘာပဲစားစား ဘာပဲသောက်သောက် စားပြီးသောက်ပြီးတာနဲ့ ရေဖြင့်ဖြစ်စေ ပလုတ်ကျင်းဆေးရေများဖြင့်ဖြစ်စေ အမြဲဖယ်ရှားရှင်းလင်းပြီး ခံတွင်းသန့် အောင်ထားခြင်းဖြင့် ဗက်တီးရီးယား ပိုးများ ပေါက်ဖွားနှုန်းကို လျော့ကျစေသလို အချဉ်ဖောက်ပြီး အက်စစ်ဓာတ်ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ အခြားကျန်သည့်အချိန်များတွင်လည်း မကြာခဏ ပလုတ်ကျင်းပေးခြင်းဖြင့် မိမိခံတွင်းကိုသန့်ရှင်းအောင် ထိန်းထားနိုင်ပြီး သွားပိုးစားခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။

သွားတိုက်ရာတွင်လည်း စနစ်တကျနဲ့ အချိန်မှန်မှန် သန့်ရှင်းရေး လုပ်ဖို့ လိုပါမယ်။ ယနေ့အထိလူအများစုဟာ မနက်အိပ်ရာထချိန်သာ သွားတိုက် တတ်ကြပြီး ညဘက်တိုက်တဲ့အလေ့အကျင့်များမရှိသေးတာတွေ့ရပါတယ်။

အမှန်တော့တစ်နေ့တစ်ကြိမ်တိုက်ရင်တောင် ညအိပ်ရာမဝင်ခင် အချိန်ကို မဖြစ်မနေ တိုက်ပေးရပါမယ်။ တစ်နေကုန်စားထားတဲ့အစာမျိုးစုံရဲ့ စားကြွင်း စားကျန်တွေနဲ့ ညအိပ်ချိန်နာရီများစွာမှာ ဗက်တီးရီးယားပိုးများ အများကြီး ပေါက်ပွားနိုင်ပြီး အက်စစ်အဆိပ်အတောက်များလည်း အများကြီး စွန့်ထုတ် နိုင်တာမို့ သွားဆွေးမြည့်ပျက်စီးနိုင်ခြေပိုများပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် အစာနောက်ဆုံးစားပြီးတဲ့အချိန်မှာ သွားကိုမဖြစ်မနေတိုက်ရပါမယ်။ နောက်မှားနေတာတစ်ခုက နံနက်စာမစားခင်သွားတိုက်တာပါ။ သွားတိုက်ပြီးမှ နံနက်စာစားတော့ သန့်ပြီးသား သွားတွေမှာ အစာတွေပြန်ကပ်ကုန်ပါတယ်။

ဒါကြောင့် ညအိပ်ရာမဝင်ခင် အချိန်နဲ့ နံနက်စာစားပြီးချိန်ကို တာဝန်တစ်ခု လိုသတ်မှတ်ပြီး မဖြစ်မနေလုပ်ကြရပါမယ်။ ကျန်တဲ့အချိန်တွေမှာလည်း ဘာပဲစားစား ဘာပဲသောက်သောက် ရေဖြင့်ပလုတ်ကျင်းပြီး ခံတွင်းကို သန့် နေအောင်ဂရုစိုက်ရပါမယ်။ သွားပွတ်ကြိုး၊ သွားကြားထိုးတံစတာတွေနဲ့လည်း သွားကြိုသွားကြားတွေထဲမှာ စားကြွင်းစားကျန်တွေ မကျန်အောင်သန့်ရှင်း ရေးပြုလုပ်ရပါမယ်။ ခြောက်လတစ်ခါ သွားနှင့်ခံတွင်း ဆရာဝန်များမှာ စစ် ဆေးမှုခံယူပြီးသွားပိုးပေါက်များမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့လိုပါတယ်။ ၎င်းသွားပိုးချခြင်း လုပ်တဲ့နေရာများ ယနေ့တိုင်တွေ့ရှိနေရသေးတာကြောင့် ပြည်သူများအနေနဲ့ မိမိကျန်းမာရေးကိုဂရုစိုက်ပြီးမှန်ကန်တဲ့ ဆေးကုသမှုစနစ်များနဲ့ နေထိုင်ပါမှ မိမိခံတွင်းကျန်းမာရေးကိုစောင့်ရှောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သွားပိုးချခြင်းဆိုတဲ့ လိမ်ညာလှည့်စားမှုများကင်းပြီး သွားနှင့် ခံတွင်း ဗဟုသုတတိုးပွားစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။ ။

ဒေါက်တာမျိုးမင်းသိန်း
(ACTION Study)
The Mirror Daily
https://www.facebook.com/TheMirrorDaily/posts/675802125846011


ပျော်ရွှင် နှစ်လိုဖွယ် မရှိသည့် အိမ်ထောင်ရေးက နှလုံးရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်

 
 ပျော်ရွှင်ဖွယ် မကောင်းသော အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားခြင်းသည် နှလုံးရောဂါ ဖြစ်ပွားစေမှု ပိုမို တိုးမြင့်စေကာ အသက်ကိုပင် နုတ်ယူ သွားနိုင်သည်။ ထိုကဲ့သို့ အိမ်ထောင်ရေးတွင် ပျော်ရွှင်မှု မရှိခြင်းကြောင့် နှလုံးရောဂါ ခံစားရကာ သေဆုံးခဲ့ရသည့် အထောက် အထားပေါင်း များစွာကိုလည်း သုတေသန ပညာရှင်များက ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။ ယခု နောက်ဆုံး တွေ့ရှိချက် တစ်ခုမှာ အိမ်ထောင်ရေးတွင် မပျော်ရွှင်ခြင်းသည် ဦးခေါင်းနှင့် လည်ပင်းသို့ ပို့သော သွေးကြောများ ပါဝင်သည့် အဓိက သွေးလွှတ်ကြော နှစ်ခုအနက် တစ်ခုဖြစ်သည့် (Carotid Artery) ကိုပို၍ ထူထဲ လာစေပြီး နှလုံး သွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်ပွားမှု ပိုမို တိုးတက် လာခြင်းပင် ဖြစ်သည်။

လေ့လာ တွေ့ရှိချက်များ အရ လူတစ်ဦး တစ်ယောက်၏ ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ဆိုင်ရာ အရည်အသွေးနှင့် ပုံစံသည် အဆိုပါ လူပုဂ္ဂိုလ်၏ နှလုံးရောဂါ အပါအဝင် အခြား ကျန်းမာရေး ပြဿနာများနှင့် ဆက်စပ်လျက် ရှိကြောင်း အဆိုပါ သုတေသန အဖွဲ့ခေါင်းဆောင် ဖြစ်သူ ပစ်တ်ဘာ့ဂ် တက္ကသိုလ်မှ သောမတ်စ်ကမာ့ခ်က ပြောကြားခဲ့သည်။ လူသားတို့၏ နေ့စဉ် ဘဝများတွင် နေထိုင် ဆက်ဆံမှုများ အဆင်မပြေ ဖြစ်ခြင်းသည် အဆိုပါ Carotid Artery အတွင်း သွေးလွှတ်ကြော နံရံတွင် အဆီချပ်ကို ဖြစ်ပေါ် စေနိုင်ပြီးနောက် ဆိုးရွားသော အကျိုးဆက်ကို ရရှိစေနိုင်သည်ကို ပညာရှင်များက တွေ့ရှိ ထားကြောင်း ယခုလထုတ် Psychosomatic Medicine ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် Carotid Artery အတွင်း သွေးလွှတ်ကြော နံရံတွင် အဆီချပ် ဖြစ်ပေါ်ပြီးနောက် ရုတ်တရက် နှလုံးခုန် ရပ်တန့်သည့် ရောဂါကို ခံစား ရရှိနိုင်မှုသည် သာမန်ထက်၈ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်မားလာလျက် ရှိကြောင်း သုတေသန အဖွဲ့တွင် ပါဝင်သည့် နာတာရီယာ ဂျိုးဆက်ပ် ကလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် လူသားများ၏ နေ့စဉ် လူနေမှုဘဝတွင် ဘဝဖော် အချင်းချင်း ရင်းနှီး ချစ်ခင်စွာ နေထိုင် နိုင်မှုသည် ပျော်ရွှင် စိတ်ချမ်းသာမှုကို ပေးစွမ်း နိုင်ပြီး သုတေသန ပညာရှင်များ ရှာဖွေ တွေ့ရှိထားသည့် ရောဂါများမှ ကင်းဝေး စေကာ အောင်မြင် ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက် နိုင်မည် ဖြစ်ပေသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

သက်ရှည် ကျန်းမာ နေ့စဉ် လမ်းလျှောက်ပါ

 လမ်းလျှောက် ခြင်းသည် ကိုယ်ရေစစ်ပြီး အချိုးကျ လှပစေသည်။ လမ်းမှန်မှန် လျှောက်ခြင်း ဖြင့် နှလုံးရောဂါ၊ လေဖြတ် ရောဂါတို့ကို ဖြစ်ပွားမှု သက်သာစေသည်။

လမ်းလျှောက်ခြင်းသည် ကျန်းမာရေးနှင့် ညီညွတ် ရုံသာမက ခန္ဓာကိုယ် အတွင်းရှိ ကယ်လိုရီများကို ချေဖျက်စေသည့် အပြင် ဇီဝရုပ် ဖြစ်ပျက်မှု တိုးတက်စေခြင်း၊ အကြောတက် တောင့်တင်းနေမှုကို ပြေလျော့ စေခြင်းနှင့် အသက်ရှူ အင်္ဂါအစိတ် အပိုင်းများ တိုးတက် ကောင်းမွန် စေသည့်အတွက် မှတ်ညဏ် ကောင်းခြင်း၊ သတိရှိခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်သည်။

လူတိုင်းနေ့စဉ် ကျန်းမာရေး လေ့ကျင့်ခန်း နာရီဝက် လုပ်သင့်ပေရာ ယင်းတွင် လမ်းလျှောက် ခြင်းသည် အကောင်းဆုံးသော ကျန်းမာရေး လိုက်စားမှုပင် ဖြစ်သည်။ လမ်းလျှောက်ဖို့ အချိန် ပေးနေစရာ မလို။ လမ်းလျှောက် သွားလို့ရသည့် နေရာမှန်သမျှ လမ်းလျှောက် သွားဖို့ လိုသည်။ တစ်ပတ်လျှင် သွားနေကျ လမ်းကို ကားမစီးဘဲ လမ်းလျှောက်သွားခြင်းဖြင့် အကျိုး တစ်ခုခု ရနိုင်မည်မှာ မလွဲဖြစ်သည်။ အခန့် မသင့်ဘဲ ရုတ်တရက် ဒေါသထွက်ခြင်း၊ စိတ်တို ခြင်းများ လျော့နည်းစေသည်။ စိတ် တည်ငြိမ်မှုကို ပိုမို ရရှိသည့် အတွက် ခေါင်းအေးအေး ထားပြီး စဉ်းစား ဆုံးဖြတ် နိုင်သည်။ စိတ်ဖိစီးမှု လျော့သွားပြီး စိတ်ကြည်လင်စေသဖြင့် အသက် ပိုရှည်စေသည်။

လမ်းလျှောက် ခြင်းဖြင့် လူများ တောင့်တသော ကိုယ်ရေစစ်မှု ရစေသည်။ လမ်းမှန်မှန် လျှောက်ဖြစ်အောင် ကြိုးစား နေသူများမှ ၉ဝ ရာခိုင်နှုန်း အောက်က ပိန်ချင်လို့၊ ထို့ထက် ကျန်းမာရေး ကောင်းချင်သောကြောင့် ဖြစ်သည်။ လမ်းမှန်မှန် လျှောက်ပါက အဆီကျသွားပြီး ပေါ့ပါး လန်းဆန်း စေသောကြောင့် မပျက်မကွက် လျှောက်ဖြစ်အောင် ကြိုးစား လျှောက်ရမည်။ အများအားဖြင့် အဝလွန် သူများနှင့် ဝိတ်ချ လိုသူများ လမ်းလျှောက်ကြသည်။ လမ်းလျှောက် လေးကန်ပြီး ပျင်းတိပျင်းတွဲ လျှောက်သလို မိတ်ဆွေတို့နှင့် စကားပြော လျှောက်ခြင်း မျိုးကတော့ အလေးချိန် သိသိသာသာ မကျနိုင်ပါ။ လမ်းလျှောက်ခြင်းကို အလုပ်တစ်ခုလို စိတ်ထဲ မှတ်၍ ခပ်သွက်သွက် လျှောက်ပေးလျှင် သင့်ခန္ဓာကိုယ်မှ ကယ်လိုရီများကို ချေဖျက် သွားပါလိမ့်မည်။ လမ်းလျှောက်ခြင်းကို ကောင်းမှန်းသိသော်လည်း အပန်းဖြေ သဘောဖြင့် လမ်းလျှောက်ခြင်း မလုပ်သင့်ပါ။ ခြေလှမ်း မစိပ်လွန်းဘဲ သင့်လျော်သည့် ခြေလှမ်း အကျယ် ဖြင့် လျှောက်လှမ်းဖို့ လိုအပ်ပါသည်။ ကျင့်သားရလျှင် ကျန်းမာရေးလည်း တိုးတက် လာပါ သည်။

လမ်းလျှောက် ခြင်းဖြင့် ခန္ဓာကိုယ်၌ ပိုနေသော ကယ်လိုရီ ချေဖျက်နိုင်စွမ်း တွက်ဆကြည့်ရာ တွင် ခန္ဓာကိုယ် ပေါင် ၁၅ဝ လေးသူက တစ်နာရီကို သုံးမိုင်နှုန်းဖြင့် တစ်နာရီ လျှောက်ခဲ့လျှင် ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၅ဝ ကို သုည ဒသမ ၂၇ ဖြင့် မြှောက်၍ ၆ဝ ဖြင့် ထပ်မြှောက် ပါက ချေဖျက် ပေးသော ကယ်လိုရီ ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia


ဒုတိယအကြိမ် Miss Universe Myanmar 2014 ပြိုင်ပွဲကြီး ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည်

 ရန်ကုန် ဇူလိုင် ၂၂

 ကမ္ဘာ့အလှမယ်များ နှစ်စဉ်ဝင် ရောက်ယှဉ်ပြိုင်လျက်ရှိသည့် Miss Universe 2014 ပြိုင်ပွဲကြီး တွင်  မြန်မာနိုင်ငံအနေဖြင့် ကိုယ်စားပြု ယှဉ်ပြိုင်ရန်ရွေးချယ်မည့် Miss Universe Myanmar 2014 ပြိုင်ပွဲ ကြီးကို ရန်ကုန်မြို့ အမျိုးသားကဇာတ် ရုံကြီး၌ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခွဲမှ ည ၈ နာရီအထိ ကျင်းပသွား မည်ဖြစ်ကြောင်း Miss Universe Myanmar Organization မှ သိရ သည်။

ကမ္ဘာ့အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Miss Universe ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင် ဒုတိယအကြိမ် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ် သည်။ အခုရွေးချယ်မည့် Miss Universe Myanmar 2014 ပြိုင်ပွဲ ကြီးတွင် ဆန်ခါတင်ရွေးချယ်ခံထားရ သည့် အလှမယ် ၂၀ ထဲမှ ဆန်ခါ တင်တစ်ဦးကို ရွေးချယ်ပြီး အမေရိ ကန်၌ ကျင်းပမည့် Miss Universe 2014 ပြိုင်ပွဲကြီးသို့ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

Miss Universe Myanmar 2014 ပြိုင်ပွဲကြီးတွင် ဆု ၁၁ ဆု ရွေးချယ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး Miss Universe Myanmar ဆုအတွက် ငွေကျပ်သိန်း ၁၀၀၊ st Runner Up ဆုအတွက် ငွေကျပ် သိန်း ၅၀၊ nd Runner Up ဆု အတွက် ငွေကျပ် ၂၅ သိန်း၊ Miss HUAWEI ဆုအတွက် အမေရိကန် ဒေါ်လာ ၂၀၀၀၊ Miss Body Perfect ဆုအတွက် ငွေကျပ် ၁၀ သိန်း၊ Miss Healthy Skin ဆုအတွက် ငွေကျပ် ၁၀ သိန်း၊ Miss Congeniality ဆုအတွက် ငွေကျပ်ငါးသိန်း၊ Miss Beautiful Hair by Palmolive ဆုအတွက် အမေရိကန်ဒေါ်လာ ၁၀၀၊ Miss Attractive ဆုအတွက် အမေရိ ကန်ဒေါ်လာ ၁၀၀၊ Miss Myanmar Thailand Friendship ဆု အတွက် အမေရိကန်ဒေါ်လာ ၁၀၀ တို့ကို ချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ Miss Universe Myanmar 2014 ပြိုင်ပွဲကြီးကို ဝတ်စုံပြည့် လေ့ကျင့်မှုအနေဖြင့် ဇူလိုင် ၂၅ ရက်တွင် ညနေ ၅ နာရီ ခွဲမှ ၈ နာရီအထိ အမျိုးသားကဇာတ် ရုံကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး ဖိုင်နယ်ပွဲကြီးကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ Miss Universe Myanmar 2014 ပြိုင်ပွဲကြီးအတွက် လက်မှတ်များကို အထူးတန်း ငွေကျပ် ၃၀၀၀၀၊ အလတ်တန်း ငွေကျပ် ၂၀၀၀၀ နှင့် ငွေကျပ် ၁၅၀၀၀၊ ရိုးရိုးတန်းကို ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထား ပြီး ရရှိသည့် ငွေများကို ကချင် ပြည်နယ်ဒေသတွင်းရှိ စစ်ဘေးရှောင် ယာယီစခန်းများနှင့် လူမှုရေးအသင်း အဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ် ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


တရုတ်နိုင်ငံတွင် အမျိုးသား တစ်ဦး၏ ခြေထောက်မှ ၁၇ စတုန်အလေးချိန်ရှိ အကျိတ်ကြီးကို ဆရာဝန်များ ဖယ်ရှား

 တရုတ်နိုင်ငံ ရှန်စီပြည်နယ်မှ ယန်ကျန်းပင် အမည်ရှိ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦး၏ ညာဘက် ခြေထောက်မှ ၁၁ဝ ကီလိုဂရမ် (၁၇ စတုန်)အလေးချိန်ရှိ အကျိတ်ကြီး တစ်ခုကို ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှား ပေးနိုင်ခဲ့ကြောင်း ခွဲစိတ် အထူးကု ဆရာဝန်တစ်ဦး ဖြစ်သူ ချန်မင်းလျန်က ပြောကြားခဲ့သည်။

ယန်၏ ညာဘက်ခြေထောက်တွင် မွေးရာပါ အမှတ်တစ်ခုပါပြီး ယင်းအမှတ်သည် တဖြည်းဖြည်း ကြီးထွား လာသည်ကို အသက်ကိုးနှစ် အရွယ်တွင် သတိ ထားမိခဲ့ကြောင်း၊ အသက် ၁၂ နှစ်အရွယ် တွင် ယင်းအမှတ်၏ အရွယ်အစားသည် ပိုမို ကြီးထွား လာခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တစ်နေ့လုံး အိပ်ရာပေါ်တွင် လဲလျောင်း၍ သာနေရကြောင်း၊ ထို့ကြောင့် ယင်းအကျိတ်ကြီးကို ခွဲစိတ်ရန် ပေကျင်းမြို့ရှိ ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း ယန်က ပြောကြားခဲ့သည်။

ယန်သည် ဆဲလ်တစ်သျှူးများ ကြီးထွား ဖွံ့ဖြိုးလာသည့် မျိုးရိုးဗီဇဆိုင်ရာ ရောဂါ ဝေဒနာ တစ်ခု ဖြစ်သော Neurofi bromatosis ရောဂါ ဝေဒနာကို ခံစားနေရသူ တစ်ဦး ဖြစ်ပြီး အဆိုပါ ရောဂါ ဝေဒနာ ခံစားနေရသူများကို ယခင်က မြင်တွေ့ဖူးသော်လည်း ယခုကဲ့သို့ ကြီးမားသည့် အကျိတ်ကြီး ကို တွေ့ဖူးခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ၄င်းအကျိတ်ကြီးကို ဆရာဝန်ကိုးဦး ပါဝင်သော အဖွဲ့ တစ်ဖွဲ့က ၁၆ နာရီကြာ အချိန်ယူ၍ ခွဲစိတ်ခဲ့ရကြောင်း၊ ခွဲစိတ်နေစဉ် အတောအတွင်း ၅ဝဝဝ မီလီလီတာ ပမာဏရှိသည့် သွေးများကို သွင်းခဲ့ရကြောင်း မင်းလျန်က ပြောကြားခဲ့သည်။

သို့ရာတွင် ယန်သည် ယခုအခါတွင် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး ယခုလ နှောင်းပိုင်းတွင် ဆေးရုံမှ ဆင်းခွင့် ရတော့မည်ဟု မျှော်မှန်းထားကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia

ဆီးကျိတ်ကင်ဆာကို ခွဲစိတ်စရာမလိုဘဲ ကုသနိုင်တော့မည်


 ““ယောက်ျားမှာဆီး၊ မိန်းမမှာမီး”” ဆိုတဲ့အတိုင်းပါပဲ၊ အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါ ဆီးလမ်းကြောင်း ပြဿနာတွေများစွာ ကြုံဆုံ ရလေ့ရှိပါတယ်။ အားလုံးထဲမှာ အဖြစ်အများဆုံးကတော့ ဆီးကျိတ်ရောင်တာပါပဲ။ ဆီးကျိတ်ရောင်တဲ့ အခါများစွာသော ဆီးလမ်းကြောင်း ပြဿနာတွေ ကြုံရလေ့ရှိပါတယ်။ အထူးသဖြင့်က ကြီးလာတဲ့ ဆီးကျိတ်က ဆီးလမ်းကြောင်းကိုပိတ်ပြီး ဆီးသွားသည့်အခါတိုင်းနာကျင်မှုကို ဆိုးရွားစွာ ခံစားရခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးသွားစဉ်သွေးပါခြင်း၊ လိင်မှုကိစ္စ မဆောင်ရွက်နိုင်ခြင်းစတဲ့ လက္ခဏာတွေခံစားရပါတယ်။ အခြေအနေ ပြင်းထန်လာလျှင် ခွဲစိတ်မှသာ ရောဂါလက္ခဏာ သက်သာလာနိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးတဲ့အခါမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့က တကယ်ကို အန္တရာယ်ကြီးလှပါတယ်။ အခုအခါမှာတော့ လေ့လာသူတွေက Pulse Electromagnetic Field Therapy (PEMF) လို့ခေါ်တဲ့ နည်းပညာတစ်ခုကို တီထွင်ခဲ့ပြီး၊ ယင်းနည်းပညာက ဆီးကျိတ်ကို ခွဲစရာမလိုဘဲ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ လေ့လာမှုတွင် ဆိးကျိတ်ကြီးနေသော ခွေးပေါ်တွင် စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ဆီးကျိတ်ကို လျှပ်စစ်လှိုင်းနှင့် ရောသံလိုက်လှိုင်း နှင့်ပါ ထိတွေ့စေခြင်း ဖြစ်ပါတယ်။ လေ့လာမှုမှာ ခွေးအား PEMF   ကုထုံးအား တစ်ရက်လျှင်နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ငါးမိနစ်ခန့်နှင့်သုံးပတ်ကြာ လုပ်ဆောင်ပြီးနောက် ဆီးကျိတ်မှာ ခွဲစရာမလိုဘဲ ၅၇ ရာခိုင်နှုန်းခန့် ပိုသေသွားကြောင်း တွေ့ရပါတယ်။ ယင်းနည်းပညာမှာ လူများတွင် မကြာခင် သုံးလာနိုင်မယ်လို့ သိရပါတယ်။

မိုင်ကိ
ref: Medindia
Health Updates Journal No. 125

Google Glass ကို စိတ်ဖြင့် ခိုင်းစေနိုင်

 Google Glass စမတ်မျက်မှန်ကို အသံ၊ လက်ချောင်း ထိတွေ့မှုတို့ဖြင့် ခိုင်းစေနိုင်ပါသည်။ ယခုအခါ ဗြိတိန်အခြေစိုက် This Place စတူဒီယိုက စမတ်မျက်မှန်ကို စိတ်ဖြင့် ခိုင်းစေရန် App တစ်ခုကို ပြုလုပ်ပေးလိုက်ပါသည်။ App ကို MindRDR ဟု ခေါ်ပြီး Google Glass တွင် အင်စတော လုပ်ရမည် ဖြစ်သည်။ ထို့အပြင် Neurosky EEG Biosensor ကို ဦးခေါင်းတွင် တပ်ဆင်ထားရမည် ဖြစ်သည်။

Neurosky Biosensor က ဦးနှောက်လှိုင်းများကို အာရုံခံစောင့်ကြည့်မည် ဖြစ်သည်။ ဦးနှောက်က ဓါတ်ပုံရိုက်ရန် အမိန့်ပေးသည်ကို Biosensor က သိရှိပြီး အမိန့်များကို App သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ App က အမိန့်များကို ဘာသာပြန်ပေးပြီး စမတ်မျက်မှန်ကို ဓါတ်ပုံရိုက်ရန် ခိုင်းစေမည် ဖြစ်သည်။ ရိုက်ကူးလိုက်သည့် ဓါတ်ပုံများကို Facebook တွင် မျှဝေရန်လည်း စိတ်ဖြင့် ခိုင်းစေနိုင်ပါသည်။

App ကို အခမဲ့ အသုံးပြုနိုင်သော်လည်း Neurosky ကို စတာလင်ပေါင် ၇၁ ဖြင့် ၀ယ်ယူရမည် ဖြစ်သည်။

“ Google Glass ဟာ နာမည်အကြီးဆုံး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တစ်ခုပါ။ ကျွန်တော့်လက်ထဲ Google Glass ရောက်လာတာနဲ့ ဦးနှောက်နဲ့ ချိတ်ဆက်အလုပ်လုပ် နိုင်အောင် တီထွင်ဖို့ အလွန် စိတ်အားထက်သန်ခဲ့တာပါ။ “ ဟု This Place ကို တည်ထောင်သူနှင့် CEO ဖြစ်သူ Dusan Hamlin က ပြောပါသည်။

Myanmar Digital Life Journal

တိရိစ္ဆာန်နှင့် လူ မေထုံမှီဝဲမှုကို ဗြိတိန် အစိုးရက တရားဝင်ခွင့်ပြုချက် ချမှတ်လိုက်သည်ဟုဆို

 ယင်းအငြင်းပွားဖွယ်ရာကိစ္စနဲ့  စပ်လျဉ်းပြီး ညဥ့်အတော်နက်သည်အထိ ဆွေးနွေးငြင်းခုန် ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အစိုးရက လူနဲ့ တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင် ခွင့်ပြုချက်ကို ထုတ်ပြန်ရန် ဗြိတိန် အစိုးရက မဲဆန္ဒပေးခဲ့ကြောင်း သိရှိရပါတယ်။ ပါလီမန်လွှတ်တော် အမတ် အယောက် ၈၀ကျော်က ဗြိတိန် မှာ လူနှင့် တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင်ခွင့်ပြုတဲ့ ပြဌာန်းချက်ကို ထောက်ခံခဲ့တဲ့ သမိုင်းတွင်မယ့် မဲပေးပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။။ ပါလီမန် အမတ်များဟာ ကန့် ကွက်မဲ ၇ မဲနဲ့ ထောက်ခံမဲ ၇၈ မဲနဲ့  ယင်းပြဌာန်းချက်ကို မဲပေးခဲ့ကြပါတယ်။

မဲပေးဆုံးဖြတ်ချက်မတိုင်ခင်ထိ ယင်းကဲ့သို့ တိရိစ္ဆာန်နှင့် မေထုံမှီဝဲ မှုဟာ တရားမ၀င်ခဲ့ပါဘူး။သို့ သော် လူအများအပြားက ယင်းလုပ်ဆောင်ချက်ကို ဗြိတိန်မှာ တရားဝင်စေဖို့ အတွက် လူထုစည်းရုံးလှုံဆော်ပွဲတွေ လုပ်ဆောင်လာကြတဲ့အတွက် ဗြိတိန်အစိုးရက ယင်းနဲ့ ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့  မဲပေးဆုံးဖြတ်ခဲ့တာပါ။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှုဟာ သူတို့ ကို သတ်ဖြတ်တာနဲ့  ဘာမှမခြားဘူးလို့ ဆို-

လူနဲ့ တိရိစ္ဆာန် လိင်ဆက်ဆံမှုကို ဆန့်ကျင်တဲ့ အဆိုတစ်ရပ်ကတော့ တိရိစ္ဆာန်များဟာ လိင်ဆက်ဆံဖို့  သဘောတူညီချက် မပေးနိုင်တဲ့အတွက် ဒါဟာ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်ဆက်မှု တစ်ရပ်ပါပဲ လို့ ဆိုပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုပြီးလုံခြုံစိတ်ချရသည်ဟုဆို

-တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာကို ထောက်ခံချက်တစ်ရပ်ကတော့ သင်ဟာ ယင်းသတ္တ၀ါများနဲ့ လိင်ဆက်ဆံရာကနေ STD(လိင်ဆက်ဆံမှုမှတဆင့် ကူစက်သောရောဂါများ) ရောဂါမျိုးတွေ မရနိုင်တဲ့အတွက်ကြောင့် ပိုမိုဘေးကင်းစိတ်ချရတယ်လို့  ဆိုပြန်ပါတယ်။ သို့သော်လည်း အခြားကူးစက်နိုင်တဲ့ ရောဂါမျိုးတွေတော့ ရှိပြီး ပဋိဇီဝဆေးများနဲ့ ကုသလို့ တော့ရတယ်လို့  ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့ ဖြစ်ရက်အတောတွင်းမှာ သင့်ကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ် တော့ ရှိပါတယ်။ အလားတူ သင့်ကို လူသား ပြည့်တန်ဆာ တစ်ဦးကလည်း သူစိတ်ဆိုးနေတဲ့ အခါ သင့်ကို တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။

ယင်းပြဌာန်းချက်ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့  လူကုန်ကူးမှုကို လျှော့ချပေးလိမ့်မယ်လို့ ဆို

 နောက်ထပ် ထောက်ခံချက်တစ်ရပ်ကတော့ လူတွေဟာ လိင်ဆက်ဆံဖို့ တိရိစ္ဆာန်တွေဆီ ကူးကြတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းတွေမှာ သုံးဖို့ လူကုန်ကူးမှုတွေကို လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန် တွေကို လက်ဆက်ဆံဖို့ အတွက် တရားမ၀င် ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ နိုင်ငံအများစုမှာ တရားမ၀င် ဖြစ်နေတုန်းဆိုပေမယ့် အောက်ပါနိုင်ငံများမှာတော့ သင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံခွင့်ကို တရားဝင် ရရှိနိုင်ပါတယ်။ ယင်းနိုင်ငံများက ကမ္ဘောဒီယား၊ဒိန်းမတ်၊ဖင်လန်၊ဟန်ဂေရီ၊ ဂျပန်၊ မက္ကဆီကို၊ဆွီဒင်၊ထိုင်း၊ အမေရိကန်တွင် ၁၆ ပြည်နယ် ၁၆ ခု နဲ့ ယခု ဗြိတိန် တို့ ပဲဖြစ်ပါတယ်။

Ref:shockingtimes.co.uk

Trend Myanmar
http://www.trend.com.mm/2014/07/10/gender-and-sexuality-3632

နေ့ လယ်အရက်သောက်ခြင်းရဲ့ ဆိုးရွားတဲ့ အန္တရာယ် ၅ ချက်

 တစ်ချို့ လူတွေက နေ့ လယ်နေ့ ခင်းလည်း မရှောင် အရက်သောက်တတ်ကြပါတယ်။ မွန်းတည့် အစာစား တုန်း cocktail လေး တစ်ခွက်လောက် သောက်တာမျိုးဖြစ်ဖြစ်၊ ဘီယာလေးတစ်ခွက်နှစ်ခွက်လောက် သောက်တာ ဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခွက်လေးကပဲ လေးနာရီလောက် မူးနေတာမျိုး ဖြစ်သွားတတ် တယ်နော်။ နေ့ လယ်ဘက် အရက်သောက်ခြင်းကလည်း သူ့ ဆိုးကျိုးတွေ သူရှိပါတယ်။ အထူးသဖြင့် ဆိုးရွားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

၁။ ဒါဟာ အကျင့်တစ်ခု ဖြစ်လာနိုင်တယ်

နေ့ လယ်ဘက်မှာ cocktail လေးတစ်ခွက်ဖြစ်ဖြစ်သောက်တာကလည်း အားလပ်ရက်တိုင်း အယ်ကိုလ်ဟော သောက်ချင်စိတ်ကို အလွယ်တကူဖြစ်စေပါတယ်။ နေ့ လယ်ဘက် အရက်စပ်ထားတဲ့ ဖျော်ရည်ယမကာလေးတွေ သာက်တာဟာ ခေတ်စားလာတဲ့ အပြူအမူတစ်ခုဖြစ်ပြီး သိပ်အန္တရာယ်မရှိဘူး၊ ပုံမှန်ပါပဲလို့ ထင်ရပေမယ့် ဒါဟာ အရက်သောက်နေတာပဲ ဆိုတာ မမေ့ပါနဲ့ ။ ပြီးတော့ အရှိန်ရသွားရင်လည်း ညဘက် အရက်သောက်တာထက် ပိုသောက်မိတတ်ပါတယ်။

၂။ ရေဓာတ်မြန်မြန် ခန်းခြောက်နိုင်တယ်

နေ့ လယ်ဘက် အပူချိန်ကြီးမှာ အရက်သောက်တာက သင့်ကို ရေဓာတ်မြန်မြန်ခန်းခြောက်စေနိုင်တယ် ဆိုတာ ပြောဖို့ တောင်မလိုပါဘူး။ ခင်ဗျားခန္ဓာကိုယ်က ပိုတက်ဆီယမ်ပမာဏ လျော့ကျမယ်။ မဂ္ဂနီဆီယမ်ပမာဏတွေ အပြောင်းအလဲဖြစ်ပြီး သင့်ကို နှလုံးနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ တခြား ကျန်းမာရေး ဆိုးကျိုးတွေလည်း ရစေနိုင်ပါသေးတယ်။

တကယ်လို့ နေ့ လယ်ဘက်အရက်သောက်ကိုသောက်မယ်ဆိုရင်တော့ H20 နဲ့ ရေဓာတ်ခန်းခြောက်တာကို အမှီလိုက်ဖို့ ပြင်ထားပါ။ “ နေ့ ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ် အရက်တစ်ဖန်ခွက်သောက်တိုင်း ရေတစ်ဖန်ခွက် ပြန်သောက်ပေးသင့်တယ်လို့  ကျွန်တော် အမြဲအကြံပြုခဲ့ပါတယ်” လို့ ခန္ဓာကိုယ်အာဟာရဓာတ်အထူးပြု သမားတော် Melina Jampolis က ပြောကြားခဲ့ပါတယ်။

၃။ ထင်ထားတာထက် ပိုသောက်ဖြစ်လိမ့်မယ်

နေ့ ဘက်အရက်သောက်တာက ညဘက်အရက်သောက်တာထက် အချိန်အကြာကြီးပိုသောက်ဖြစ်ပါလိမ့်မယ်။ နေ့ ဘက်ဘက် ပူတာကြောင့် ရေဆာတာလေးကို ဖြေဖို့ ဘီယာဆိုင်ထဲဝင်သွားပြီးရင် ပြန်ထွက်ဖို့ အချိန်က ကြာတတ်သလို ပိုပြီးလည်း မြန်မြန်နဲ့ များများသောက်တတ်ပါတယ်။

၎။ နေလောင်ရောဂါကို ဖြစ်စေနိုင်တယ်

ဗြိတိသျှအရေပြားရောဂါဂျာနယ် မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ နေ့ ဘက်မှာ အရက်လေး တစ်ခွက်သောက်တာဟာ အရေပြားကင်ဆာကို ဦးတည်နိုင်တဲ့ melanoma ကျူးမား ဖြစ်နိုင်ခြေအန္တရာယ် မြင့်မားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အယ်ကိုဟော acetaldehyde ကွန်ပေါင်းအတွင်း ဓာတ်ပြုမှုကြောင့် ဖြစ်နိုင်ပြီး ခန္ဓာကိုယ် ကို ခရမ်းလွန်ရောင်ခြည်တွေနဲ့ ပိုမို ထိတွေ့ စေပါတယ်။ ဒါကြောင့် နေ့ လယ်ဘက် အရက်သောက်သူတွေဟာ ကာလတိုအားဖြင့် နေလောင်ဒဏ်ရာရနိုင်ပြီး ကာလရှည်ဆိုရင်တော့ ကင်ဆာ ကိုပါ ဦးတည်နိုင်ပါတယ်။

၅။ မတော်တဆမှုကြုံတွေ့ နိုင်ဖို့ များလိမ့်မယ်

နေ့ လယ်ဘက်အရက်သောက်ခြင်းရဲ့ ခန္ဓာကိုယ်အပေါ် တိုက်ရိုက်ဆိုးကျိုးတွေသာမက တစ်ဆင့် ဆိုးကျိုး တွေကိုလည်း သင် ရှောင်နိုင်ဖို့ လိုပါတယ်။ အရက်ဟာ သင့်ရဲ့ သတိရှိတဲ့အသိဥာဏ်စိတ်ကို နှောင့်ယှက်ပစ် တဲ့အတွက် နေ့ လယ်ဘက်အရက်သောက်ပြီး အိမ်ပြင်ဘက်ထွက်ရမယ်ဆိုရင်တော့ တော်တော် အန္တရာယ်ရှိ နိုင်ပါတယ်။

အရက်ဆိုတာ ရှောင်နိုင်ရင်ရှောင် ၊ မရှောင်နိုင်ရင်တော့ နည်းနည်းပါးပါး ကစ်တာ အကောင်းဆုံးပါပဲ။

Ref: womenshealthmag.com

Trend Myanmar
http://www.trend.com.mm/2014/07/09/health-3608

ကမ္ဘာ့ အရပ်အရှည်ဆုံး ဆယ်ကျော်သက် မိန်းကလေး အဖြစ် တူရကီ နိုင်ငံသူ ဂဲလ်ဂျီ သတ်မှတ်ခံရ

 တူရကီနိုင်ငံ ကာရာဘက်ခ်မြို့ ဆာဖရန်ဘိုလူ ခရိုင်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ကမ္ဘာ့အရပ် အရှည်ဆုံး ဆယ်ကျော်သက် မိန်းကလေး အဖြစ် ဂင်းနစ်မှတ်တမ်း အဖွဲ့က ဇူလိုင် ၁ဝ ရက်တွင် တရားဝင် ကြေညာ ခဲ့ကြောင်း သိရသည်။

ရူမိုင်ဆာဂဲလ်ဂျီ အမည်ရှိ အဆိုပါ မိန်းကလေး၏ အရပ်မှာ ၂၁၃ ဒသမ ၆ စင်တီမီတာ(၇ ပေနှင့် သုည ဒသမ ၉ လက်မ) ရှိသည်ဟု သိရသည်။ သို့ရာတွင် ၁ဝ တန်း ကျောင်းသူတစ်ဦး ဖြစ်သည့် ဂဲလ်ဂျီသည် ခန္ဓာကိုယ် အလွန်အမင်း ကြီးထွားသည့် ရှားပါးရောဂါ တစ်ခုကို ခံစားနေရသူ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ အရပ်အရှည်ဆုံး အမျိုးသား အဖြစ် လက်ရှိတွင် စံချိန် တင်ထားသည့် ဆူလ်တန် ကိုဆန်သည် အရပ်အရှည် ၂၅၁ စင်တီမီတာ ( ၈ပေ ၃ လက်မ)ရှိပြီး တူရကီ နိုင်ငံသား တစ်ဦးပင် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

https://www.facebook.com/mwdmedia

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးတွင် ခါးပိုက်နှိုက်တစ်ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၁၁.၇.၂၀၁၄ ရက်နေ့ ၀ါဆိုလပြည့်နေ့တွင် ဘုရားဖူးလာ ပြည်သူများ ခါးပိုက်နှိုက်ခံရမှုမဖြစ်ပွားစေရေး အတွက် ဒဂုံမြို့နယ်၊ ဘုရားကြီး ရပ်ကွက်၊ ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်၊ ဟက်ပီးဝေါကစားကွင်း ၀င်ပေါက် အနီး၌ စောင့်ကြည့်သတင်းစုံစမ်းနေစဉ် ၁၂၃၀ အချိန်တွင် ဘုရားဖူးလာသူ အမျိုးသမီး(၁)ဦး၏ စလင်းဘက်အိတ်အတွင်းမှ စာရွက်စာတမ်းများနှင့် ငွေကျပ် (၄၂၃၀၀)ပါရှိသော ပိုက်ဆံအိတ် (၁)လုံးကိုနှိုက်ယူခဲ့သူ ပဲခူးတိုင်းဒေသကြီးနေ မသန်းသန်းနု၊ (၃၀)နှစ်အားတွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသဖြင့် ၎င်းအား ဒဂုံမြို့မရဲစခန်း(ပ)၁၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

ကမ္ဘာ့ဖလားဖိုင်နယ်ပွဲအတွက် ရွေးချယ်ခံကွင်းလယ်ဒိုင်

 ယနေ့မှာဘဲ ကမ္ဘာ့ဖလား ရွှေဘောလုံးဆု၊ အကောင်းဆုံး လူငယ်ကစားသမား နှင့် ရွှေလက်အိတ်ဆုများ အတွက် ကြိုတင်လျာထား စာရင်းများ ထွက်ရှိလာခဲ့သလို ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲကို ကိုင်တွယ်ဖို့ ဒိုင်လူကြီး စာရင်း ထွက်ရှိ လာပြန်ပါတယ်။

ဖိုင်နယ်ပွဲအတွက် တာဝန်ယူမည့် ကွင်းလယ်ဒိုင်လူကြီးနာမည်က အသက် (၄၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့
အီတလီဒိုင်လူကြီး နီကိုလာ ရီဇိုလီတစ်ယောက်ဖြစ်ပါတယ်။ သူသည် ၂၀၀၇ ခုနှစ်မှာ ဖီဖာဒိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ အီတလီ စီးရီးအေတွင် ကျော်ကြားလှတဲ့ ဒိုင်တစ်ဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့သည့် ၂၀၁၃ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ မှတ်တမ်း ကောင်းလည်း ရှိပါတယ်။

ပြီးခဲ့သည့်စနေက အာဂျင်တီးနားက ဘယ်ဂျီယံအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်နိုင်ခဲ့သည့် ပွဲစဉ်မှာ ဝေဖန်မှုအနည်းငယ်ခံခဲ့ရသူပါ။ အရင်တလောက ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲအတွက် တာဝန်ယူခွင့်ရရေး မျှော်လင့်ထားတဲ့ ကွင်းလယ်ဒိုင် တင်ဟောင်းဝပ်ကတော့ ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူဖူးတာကြောင့် နှစ်ကြိမ်ဆက် ဖိုင်နယ်ကိုင်ခွင့်ကန့်သတ်ချက်မှာ ပါသွားခဲ့ပြီး ယခုနှစ်မှာလက်လွတ်ခဲ့ရခြင်းပါ။

အဆိုပါဒိုင်နဲ့ဆိုရင် ကံကောင်းတက်တဲ့ အာဂျင်တို့ ဆက်ကံကောင်းနိုင်လေမလား၊ အုပ်စုမှစပြီးအသင်းကောင်းတွေကို ဆက်တိုက်ချေမှုန်းလာတဲ့ ဂျာမနီတို့ ဆက်လက်နိုင်ပွဲဆက်နိုင်လေမလားဆိုတာကို ရင်ခုန်သံ စည်းချက်များနဲ့ထပ်တူ စောင့်ကြည့်အားပေးကြပါအုံးစို့...။။

မိုးတိမ်

Football Café

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

 ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။
သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ

၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၂။ ကမ္ဘာမြေကြီး ဆွဲငင်အား

ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း

အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

မြ၀တီ


ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း

 ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင် လှပပြီး ခန္ဓာကိုယ် အဆီမရှိဘဲ သွယ်လျ လှပကြတာကို တွေ့ရှိ ရပါတယ်။
ဘာကြောင့် သူတို့အနေနဲ့ အသားအရေ လှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲ ဆိုတဲ့ အကြောင်း ကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီးစတာတွေ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို ပြောပြ ချင်ပါတယ်။

၁။ ဗီယက်နမ် ဟင်းလျာထဲတွင် အဓိက ပါဝင်ပစ္စည်းများ

ဗီယက်နမ် ဟင်းလျာ တွေထဲမှာ ငါးနဲ့လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ်ဆော့စ်၊ ဆန်၊ လတ်လတ် ဆတ်ဆတ် ဟင်းခတ် အမွှေးအကြိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက အသုံးပြုပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆလတ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) စတာတွေကို သုံးလေ့ရှိပါတယ်။ ဗီယက်နမ် လူမျိုးတွေက ဟင်းလျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ် သန့်ရှင်းမှုနဲ့ ဆေးဖက်ဝင်ပုံ တို့ကို အထူး အလေးထား ပါတယ်။

၂။ ဗီယမ်နမ် မိသားစုများ စားသောက်ပုံ

ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီး ဟင်းရွက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင်ပါတယ်။ အဲဒီအစာတွေ နဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာရည် စတာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ ထမင်းစားပြီး အချိုပွဲ အနေနဲ့ စားတတ် တာကတော့ သင်္ဘောသီး၊ ပဲသုပ်နဲ့ ရာသီပေါ် အသီးအနှံတွေပဲ ဖြစ်ပါတယ်။

၃။ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲစွပ်ပြုတ်

ထမင်းစားတိုင်း မပါမဖြစ်ပါခဲ့တာက ကြက်သား ဒါမှမဟုတ် ဝက်သား ဒါမှမဟုတ် အမဲသား ပါတဲ့ ခေါက်ဆွဲ စွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ်ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီမပါဘဲ ပြုတ်ရည်ကို အရသာရှိပြီး ချိုမွှေး နေအောင် ပြုလုပ်ထားပါတယ်။ အဲဒီစွပ်ပြုတ်ကို အနီရောင် ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထည့် စားရပါတယ်။

၎။ ဗီယက်နမ် ကြက်ဥကြော်

ကြက်ဥကြော် ကလည်း ဗီယက်နမ်တွေရဲ့ ရိုးရာ အစားအသောက်ထဲမှာ တစ်မျိုး အပါအဝင် ပါပဲ။ ကြက်ဥကို မွှေပြီး အခွံခွာထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန်နီပါးပါး၊ တစ်ခါတစ်ရံ မှိုထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့်တို့နဲ့ ရောပြီးကြော်တာ ဖြစ်ပါတယ်။ အုန်းဆီ (Coconut Oil) က ဗီယက်နမ်မှာ အသုံးများတဲ့ဆီ ဖြစ်ပါတယ်။

၅။ ဗီယက်နမ် ထမင်းလိပ်

ဒါကို Vietnamese Fresh Roll လို့ခေါ်ပြီး ဆန်ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ မြေပဲဆော့စ် စတာတွေ ထည့်ပါတယ်။ အများအားဖြင့် ဂျုံခေါက်ဆွဲ ဒါမှမဟုတ် ဂျုံကြာဆံနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း ပြုလုပ်ကြပါတယ်။

၆။ဗီယက်နမ်ရိုးရာ ဆေးနည်းများ

လူ့ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းတွေ မျှတနေဖို့အတွက် ဟင်းလျာတစ်မျိုးထဲ ထည့်မယ့် ပါဝင်ပစ္စည်းတွေကို ရွေးချယ် သုံးစွဲကြပါတယ်။

- ဘဲသားကို အအေးစာလို့ ယူဆပြီး နွေရာသီမှာ စားကြပါတယ်။ ချင်း(ဂျင်း)ပါတဲ့ ငါးဆော့စ်နဲ့ တွဲစားပေးရင် နွေးတယ်လို့ ယူဆပါတယ်။ ကြက်သားကို အနွေးစာ၊ ဝက်သားကို အပူစာလို့ ယူဆပြီး ဆောင်းရာသီမှာ အစားများ ပါတယ်။

- ပင်လယ်စာကို အအေးစာလို့ ယူဆပြီး ချင်း(ဂျင်း)နဲ့ တွဲစားပါတယ်။

-ဟင်းခတ် အမွှေးအကြိုင်တွေကို ချဉ်တဲ့ ဆော့စ်တွေနဲ့ တွဲဖက်ပြုလုပ်ပြီး ယင်ဓာတ်နဲ့ ယန်ဓာတ် မျှတအောင် ပြုလုပ်ပါတယ်။

- အအေးမိနေသူ၊ တုပ်ကွေး ကွေးနေသူတွေကို ချင်းပြုတ်ရည် သောက်ခိုင်း ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်

မြ၀တီ

ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်နှစ်စီး တိုက်မိ၍ တစ်ဦးသေ ၊ တစ်ဦး ဒဏ်ရာရ

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းတွင် ရဲအုပ် ဌေးအောင် တာဝန်ကျ တာဝန်မှူး ဆောင်ရွက်နေစဉ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၇၈/၁ မိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ သွားရောက် စုံစမ်းခဲ့ရာ ယမန်နေ့ နံနက် ၃ နာရီခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၇၈/၁ မိုင်အနီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်နိုင်ဦး ၃၆နှစ် (ဘ)ဦးမောင်အေး အမှတ်-၂၅၊ ဝါးဦး-၂ လမ်း ဖော့ကန်ရပ်ကွက် အင်းစိန်မြို့ နေသူ မောင်းနှင်သည့် ယာဉ် ၈ဈ/....(ရွှေစင်စင်္ကြာ) ခရီးသည်တင် မှန်လုံယာဉ်သည် ၎င်း၏ရှေ့မှ BP/....ပရိုဘောက်အဖြူရောင်(ကိုယ်ပိုင်ယာဉ်) ယာဉ်မောင်း ကိုမောင်မောင်အေး ၄၉ နှစ် (ဘ) ဦးသောင်းညွန့် မြောက်ဒဂုံမြို့ နယ် နေသူနှင့် ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသူ ဝင်းနိုင် ၄၅ နှစ် (ဘ) ဦးတင်ဝင်း ဖော့ကန်ရပ်ကွက် အင်းစိန်မြို့နယ် နေသူ တို့၏ ယာဉ်အား နောက်မှ ဝင်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် BP/....ပရိုဘောက် ယာဉ်မောင်း ကိုမောင်မောင်အေးမှာ နဖူးကွဲ၊ နှာခေါင်းရိုးကျိုး ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဝင်းနိုင်မှာ ပွန်းပဲ့ ဒဏ်ရာများ ရရှိ၍ ဖဒိုတိုက်နယ် ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အောင်နိုင်ဦးအား မြို့ချောင်း အမြန်လမ်း ရဲစခန်း (ပ)၃၈/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

https://www.facebook.com/mwdmedia

Facebook တွင် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦးဖြစ်လာခဲ့သည့် ကူဟေးဆန်း

 တောင်ကိုရီးယားကြယ်ပွင့် ကူဟေးဆန်းသည် ကမ္ဘာသုံးလူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သည့် facebook တွင် အခြားသောကိုရီးယားမင်းသား၊ မင်းသမီးများထက် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။

ကူဟေးဆန်း၏ facebook စာမျက်နှာတွင် ဇူလိုင် ၈ ရက်အထိ follower ပေါင်း ၃ ဒသမ ၇ သန်း ကျော်ရရှိနေပြီဖြစ်ကြောင်း၊ အေဂျင်စီ တစ်ခုတည်းမှ တောင်ကိုရီးယား ကြယ်ပွင့် အနုပညာရှင်များဖြစ်ကြသည့် PSY၊ BigBang နှင့် 2NE1 တို့သည်လည်း follower အများဆုံး နံပါတ် ၂၊ ၃၊ ၄ စသဖြင့် အသီးသီး ရပ်တည်နေကြကြောင်း သိရသည်။

လက်ရှိတွင် မင်းသမီးကူဟေးဆန်းသည် အက်စ်ဘီအက်စ်ရုပ်သံလိုင်းအတွက် Angel Ayes အမည်ရှိ ဒရာမာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားပြီး Daughter အမည်ရှိ မှတ်တမ်းရုပ်ရှင်ကားတွင်လည်း ဒါရိုက်တာ၊ ဇာတ်ညွှန်း နှင့် သရုပ်ဆောင်အဖြစ် ပါဝင်ပုံဖော် ထားကြောင်း သိရသည်။

မျိုးစန္ဒာမောင်

The Mirror Daily

https://www.facebook.com/TheMirrorDaily

ကုလသမဂ္ဂ၏သံတမန်တစ်ဦးဖြစ်လာသည့် ဟယ်ရီပေါ်တာမင်းသမီး

 နာမည်ကျော်ဟယ်ရီပေါ်တာဇာတ်လမ်းတွဲများမှ ပင်တိုင်မင်းသမီးတစ်ဦးဖြစ်သူ အသက်(၂၄)နှစ်အရွယ် အမ်မာဝပ်ဆန်းအား ကုလသမဂ္ဂ၏ အမျိုးသမီးများ လုပ်ပိုင်ခွင့်နှင့် တန်းတူညီမျှအခွင့်အရေးရရှိရေးအတွက် အထောက်အကူပြုမည့် သံတမန်တစ်ဦးအဖြစ် ဇူလိုင် ၈ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။

''ဒီလိုတာဝန်မျိုးထမ်းဆောင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိ ပါတယ်၊ UN Woman တစ်ယောက်အနေနဲ့ အံ့သြဖွယ်ရာ လူတွေနဲ့တွဲပြီး အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှား မိပါတယ်''ဟု မင်းသမီး အမ်မာဝပ်ဆန်းက ဆိုသည်။

အခြားသော ကုလသမဂ္ဂသံတမန်များအဖြစ်ပြီးခဲ့သည့် မေလက ဘရောင်းတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ မင်းသမီး အမ်မာဝပ်ဆန်းအပြင် အော်စကာမင်းသမီး နစ်ကိုးလ်ကဒ်မင်းန်၊ ထိုင်းမင်းသမီး Bajrakitiyabha Mahidol တို့လည်းပါဝင်ကြောင်း သိရသည်။

အမ်မာဝပ်ဆန်း ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်းက တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ သန်းအထိ ရရှိအောင်မြင်ခဲ့ပြီး ယမန်နှစ်အတွင်းက အမျိုးသားဖက်ရှင်မဂ္ဂဇင်းတစ်စောင် ဖြစ်သည့် GQ မှ Woman of the Year အဖြစ် ရွေးချယ်ခံထားရသူလည်းဖြစ်သည်။

မျိုးစန္ဒာမောင်

The Mirror Daily

https://www.facebook.com/TheMirrorDaily

ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဆိုးကျိုးများ

 ဆိုရှယ်မီဒီယာတွေနဲ့ အလုပ်တွေရှုပ်ပြီး မအိပ်နိုင်၊ မစားနိုင်ထိတောင် ဖြစ်နေရပြီလား။ သူငယ်ချင်းသစ်တွေ ရတာမှန်ပေမယ့် အာရုံနောက်ရတဲ့ကိစ္စတွေလည်း အရင်ထက် ပိုများလာခဲ့ပြီး မဟုတ်ပါလား။ ဒီတော့ ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်တဲ့ ဆိုးကျိုးလေးတွေ နည်းနည်းပြောပြပေးချင်ပါတယ်။ ဒါဆိုရင် ကိုယ်ရှောင်ရမယ့် အရာတစ်ချို့ကို သိသွားတာမို့ ဆင်ခြင်သင့်တာလေးတွေ ဆင်ခြင်နိုင်တာပေါ့။

၁။Facebook နဲ့ Twitter ကို တစ်မိနစ်တစ်ခါလောက် ကြည့်မိနေခြင်းမျိုးဟာ အိပ်ရေးပျက်ပြီး ခေါင်းမကြည်မလင်ဖြစ်စေပါတယ်။

ကိုယ်တင်ထားတဲ့ ပို့စ်မှာ ဘယ်သူတွေ Like လုပ်ထားသလဲ၊ ဘယ်သူတွေ ကွန်မန့်ပေးထားသလဲဆိုတာ သိရဖို့၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးက ဘာတွေများ အသစ်တင်ထားသလဲဆိုတာသိရဖို့ တစ်မိနစ်တစ်ခါ လောက် ၀င်လိုက်ထွက်လိုက်နဲ့ အင်တာနက်သုံးနေခြင်းမျိုးဟာ သင့်ကို အိပ်ရေးပျက်စေတဲ့အပြင် ခေါင်းလည်းကြည်လင်မှုမရှိစေတော့ဘူးဆိုတာ သိထားပါ။ နောက်နေ့ ရုံးသွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါ လန်းဆန်းမှုတွေ ပျောက်ဆုံးစေတာ ဘာ့ကြောင့်မှန်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ပါဦး။

၂။အရင်တွဲခဲ့တဲ့ ရည်းစားဟောင်းတွေကို unfriend လုပ်ပြီး ကိုယ့်ဘာသာကိုယ် အေးဆေးနေနိုင်အောင် လုပ်ပါ။

ရည်းစားဟောင်းတွေနဲ့ facebook မှာ သူငယ်ချင်းဖြစ်နေုတုန်းဆို၇င် သူတို့တင်ထားတဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေကို ကြည့်ပြီး စိတ်ကျဉ်းကြပ်ရတာ၊ ဒေါသပေါက်ကွဲရတာမျိုးတွေ ခဏခဏဖြစ်နေတာဟာ သင့်အတွက် ဘယ်လိုမှ မငြိမ်းချမ်းနိုင် တာမို့ သူတို့ကို ကိုယ့်ဘ၀ထဲကရော facebook လို နေရာမျိုးမှာပါ အာရုံနောက်ခံစရာအကြောင်း မရှိပါဘူး။

၃။Instagram က တစ်ခြားသော မိန်းကလေးတွေရဲ့ ဘ၀ကို မနာလိုမဖြစ်မိပါစေနဲ့။

တစ်နေ့တစ်နေ့ ဓာတ်ပုံတွေ မနားတမ်းတင်၊ ရှော့ပင်ထွက်တဲ့ပုံတွေ၊ ဟိုတယ်မှုာ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတဲ့ပုံတွေ၊ ပါတီပေးနေတဲ့ပုံတွေ စသဖြင့် အမျိုးစုံတင်နေတဲ့ တခြားသောမိန်းကလေးတွေရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး အော် သူတို့ဘ၀က သာယာလိုက်တာ၊ ငါကျတော့ ဘယ်လိုဆိုပြီး စိတ်ညစ်ခံစရာအကြောင်းမရှိသလို မနာလိုဖြစ်တာမျိုးကိုလည်း ရှောင်ပါ။

၎။Facebook ပေါ်မှာ ပေါက်ကရတွေ မလုပ်ပါနဲ့။

ကိုယ်က ပျော်စေပျက်စေဆိုပြီး ကိုယ့်သူငယ်ချင်းကောင်မလေးနဲ့ တကယ်မဟုတ်ပဲ မိန်းကလေးအချင်းချင်း relationship တင်လိုက်တာမျိုးဆိုရင် ဘယ်သူကမှ သင့်ကို အထာကျလိုက်တာလို့ ထင်မှာမဟုတ်ပါဘူး။ relationship တင်လိုက်၊ ဖြုတ်လိုက်ဖြစ်နေတဲ့သူတွေကို အားလုံးက အာရုံနောက်ရတဲ့ကြားထဲ ဒီလိုပေါက်ကရ လုပ်ခြင်းမျိုးကို ရှောင်ပါ။

၅။ကိုယ်ကြည့်မရတဲ့သူတွေ သူငယ်ချင်းတွေအကြောင်း facebook နဲ့ Twitter ပေါ်မှာ မရေးလိုက်ပါနဲ့။

ကိုယ့်ကြည့်မရတဲ့ ကိုယ့်ရဲ့အခန်းဖော်၊ သူငယ်ချင်း၊ ဒါမှမဟုတ် အလုပ်ထဲက လူတွေအကြောင်း လူတကာသိမယ့် facebook နဲ့ Twitter ပေါ် ရေးလိုက်လို့ကတော့ အခြေအနေတွေ ကောင်းမသွားတဲ့အပြင် ပိုးဆိုးလာစေဖို့ပဲ ရှိတာမို့ ဒါမျိုးတွေရှောင်သင့်ပါတယ်။

၆။ပေါက်ကရဓာတ်ပုံတွေ မတင်ပါနဲ့။

ဟိုပေါ်ဒီပေါ် ဓာတ်ပုံမျိုးတွေ၊ ကြည့်ရဆိုးလွန်းတဲ့ ပေါက်ကရပုံမျိုးတွေ တင်လိုက်ပြီဆိုရင်တော့ ကိုယ့်အလုပ်ရှင်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဒီပုံကို မမြင်ပါစေနဲ့လို့သာ ဆုတောင်းပါတော့။ ဒါဟာ သိက္ခာကျရုံတင်မကပါဘူး။ ကိုယ်က ခုမှအလုပ်လျှောက်ထားတဲ့သူဆိုရင်လည်း အလုပ်ရဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခုခေတ်မှာ ကိုယ်အလုပ်ခန့်မယ့် ၀န်ထမ်းရဲ့ faacebook ကို အလုပ်ရှင်တွေကိုယ်တိုင် ၀င်ရောက်ကြည့်ရှုနေလို့ပါပဲ။

၇။ကိုယ်တင်လိုက်တဲ့ အစားအသောက်ပုံဟာ ကိုယ်စားရတဲ့အရသာလောက်တော့ ကြည့်မကောင်းဘူးဆိုတာ မမေ့ပါနဲ့။

ချက်သမျှဟင်းတွေကို ဒိုင်ခံ facebook ပေါ်တင်နေတဲ့သူတွေအတွက် သိထားရမှာက အပြင်မှာ သိပ်အရသာကောင်းပါတယ်ဆိုတဲ့ ကိုယ့်ရဲ့ဟင်းခွက်ပုံက ဓာတ်ပုံထဲမှာတော့ မြင်ရသူကို ဆွဲဆောင်အားရှိစေမယ်လို့ မထင်လိုက်ပါနဲ့။ ဟင်းခွက်ကို ခပ်မြန်မြန်ကျော်ပစ်လိုက်တာမျိုးပဲ ခံရမှာပါ။

Ref:cosmopolitan.com

မေသော်
http://www.trend.com.mm/2014/07/07/internet-3566

Paracetamol combo drugs (ပါရာစီတမော) ပူးတွဲဆေး သတိပေးချက်

12-11-2011 Paracetamol combo drugs to carry warning
Paracetamol (ပါရာစီတမော) ပါ ပူးတွဲဆေးတွေကို သတိပေးချက်နဲ့သာ ရောင်းချရမည်

“(ပါရာစီတမော) ဆေးနဲ့ တခြားဆေးတမျိုးမျိုးကို တွဲရောင်းတာမှန်သမျှ ဤဆေးကို တနေ့တာသောက်ရမည့် ဆေးပမာဏ ထက်ကျော်သောက်ပါက အသဲကို များစွာထိခိုက်စေနိုင်သည်၊ ဆေးမတဲ့တာမျိုး ဖြစ်စေနိုင်သည်” ဆိုတဲ့ Statutory warning သတိပေးချက်နဲ့သာ ရောင်းချရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

Drug Controller General of India အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ကနေ FDA အစားအစာနဲ့ ဆေးဝါး အာဏာပိုင်အဖွဲ့ကို (ပါရာစီတမော) ဆေးကို တပြား-တတောင့်မှာ 325 mg ထက်ပိုပြီးပါတဲ့ ဆေးအတွဲမျိုး ထုတ်လုပ်တဲ့ ဆေးကိုမ္ပဏီတွေကို လိုင်စင်သက်တမ်း တိုးမပေးဘို့၊ လိုင်စင်သစ်လဲ မပေးဘို့ စာရေးသားလိုက်ပါတယ်။

ဒီအဆုံးအဖြတ်ဟာ အမေရိကန် FDA ကနေ ၁၃-၁-၂ဝ၁၁ နေ့က ထုတ်ပြန်ချက်နဲ့ အလားတူပါတယ်။

လိုင်စင်သက်တမ်းတခုကို ၅ နှစ်ပေးနေတာဖြစ်ပါတယ်။ အခုလို အမိန့်ထွက်ပြီးတော့ လိုင်စင်ရထားသူတွေဟာလဲ ၃ နှစ်အတွင်း သူတို့ကုန်ထားတဲ့ဆေးဝါးတွေကို ပြန်ပြီးစစ်ကြရမှာပါ။ လိုင်စင်သစ်ဆိုရင်တော့ အခုအမိန့်နဲ့အညီသာ ဖြစ်ရပါလိမ့်မယ်။ ဆေးပမာဏသစ်က ဆေးစွမ်းကို ထိခိုက်မှာတော့ မဟုတ်ပါ။

Central Drugs Standard Control Organization ဗဟိုဆေးဝါးစံညွှန်း ထိန်းချုပ်ရေးအဖွဲ့ ကနေ ပြီးခဲ့တဲ့လက သတိပေးချက် ထွက်ခဲ့ပါတယ်။ ဒါဟာ Drug Technical Advisory Board ဆေးဝါးနည်းပညာ အကြံပြုအဖွဲ့ကနေ ဆုံးဖြတ်ချက်တခုထဲမှာ (ပါရာစီတမော) ဟာ Liver toxicity အသဲကို ထိခိုက်စေတယ်ဆိုတာ ပါရှိခဲ့ပါတယ်။

  ဒေါက်တာတင့်ဆွေ
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ