အမေရိကန်တွေရဲ့ ပျမ်းမျှကိုယ်အလေးချိန် လွန်ခဲ့တဲ့ နှစ်၂၀ကထက် ၁၅ပေါင်တိုးလာ


အမေရိကန်တွေဟာ တစ်ဖြည်းဖြည်း လေးလေး၊ လေးလေးလာတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ယခုလေ့လာတွေ့ရှိချက်တွေအရ အမေရိကန်တွေဟာ ၁၉၈၀နှောင်းပိုင်းကနေစပြီး ၁၉၉၀ခုနှစ်ထိကထက် စာလို့ရှိရင် ယခုအချိန်မှာ ပျမ်းမျှကိုယ်အလေးချိန် ၁၅ပေါင်ပိုတိုးလာတယ်လို့ သိရပါတယ်။ ဒီလိုတိုးလာတာဟာ အရပ်ပိုမရှည်လာပဲ တိုးလာခဲ့တာပါ။

၁၁နှစ်အရွယ်ကလေးတွေဟာ အနေအထားအရ ပိုတိုးမလာပေမယ့် မိန်းကလေးတွေဟာ အရပ်ပိုမိုရှည်ထွက်မလာပဲ ၇ပေါင်ပိုမိုတိုးလာခဲ့တာပါ။ ယောက်ျားလေးတွေကတော့ အရပ်အမြှင့်မှာ တစ်လက်မလောက်မြင့်တက်လာခဲ့တဲ့အပြင် ကိုယ်အလေးချိန်ဟာလည်း ၁၃.၅ပေါင်ထိ တိုးလာခဲ့တာပါ။

“ကျွန်တော်တို့အနေနဲ့ နေ့စ္စဓူဝ လုပ်ဆောင်ချက်တွေကို ပြန်လည်ထိန်းချုပ်ဖို့လိုအပ်ပါတယ်” လို့ ယေးလ်တက္ကသိုလ်ပါမောက္ခနဲ့ အမေရိကန်ကောလိပ်ရဲ့ လူနေထိုင်မှုဆေးပညာပါမောက္ခ ဒေါက်တာ David Katz ကဆိုပါတယ်။

သတင်းတွေအရ အမေရိကန်မှာရှိတဲ့ အမျိုးသားတွေဟာ ၁၉၈၈-၁၉၉၄ကြားနဲ့ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်ကြားမှာ ခန္ဓာကိုယ်အလေးချိန် ၁၈၁ပေါင်ကနေ ၁၉၆ပေါင်အထိမြှင့်တက်သွားခဲ့ပြီး ပျမ်းမျှအရပ်အမြှင့်ကတော့ ၅ပေ ၉လက်မသာဆက်လက်ရှိနေပါတယ်။

အမျိုးသမီးတွေကတော့ ကိုယ်အလေးချိန် ၅ပေ၄လက်မရှိနေပေမယ့် ခန္ဓာကိုယ်အလေးချိန် ၁၅၂ပေါင်ကနေ ၁၆၉ပေါင်အထိတိုးလာခဲ့တာဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ