ပင်တဂွန်နှင့် နာဆာကို ဟက်ခဲ့သူ

Jonathan James လို့အမည်ရတဲ့ လူငယ်တစ်ဦးပါ။ ပင်တဂွန်စစ်ဌာနချုပ်က ကွန်ပြူတာတွေကိုဟက်ခဲ့ပြီး နာဆာက ဆာဗာကွန်ပြူတာကိုပါ ၂၁ ရက် Down သွားအောင် ဟက်သွားခဲ့သူ ဖြစ်ပါတယ်။ အဲ့တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ပြီး အထက်တန်းကျောင်းသားဘဝမှာတင် ကျောင်းက ကွန်ပြူတာလုံခြုံရေး စနစ်တွေကို ဖျက်ဆီးမှုကြောင့် လူသတိထားခံလာရသူ ဖြစ်ပါတယ်။ ဗာဂျီနီးယား ပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်အခွဲ သုတေသနစစ်စခန်း တစ်ခုက ကွန်ပြူတာပေါင်းမြောက်များစွာကို ၁၉၉၉ ခုနှစ် အောက်တိုဘာလက စဟက်ပါတယ်။ သူ့ကြိုးစားမှုကြောင့် စစ်တပ်က ကွန်ပြူတာ များ ပျက်ဆီးခဲ့ပြီး နောက်ထပ်ခြေလှမ်းအနေနဲ့ နာဆာက ဂြိုလ်တုထိန်းချုပ် ကွန်ပြူတာ ဆာဗာကို လှမ်း Hack ပါတယ်။

Backdoor ကိုအသုံးပြုပြီး လုံခြုံရေးအတားအဆီးအားလုံးကို bypass လုပ်သွားတာပါ။ နောက်တော့ ကွန်ပြူတာပေါင်း ရာကျော် လျှို့ ဝှက်ကုဒ်နံပါတ်များ ပျောက်ဆုံးရပြီး ကမ္ဘာ့အပြင်ရောက်နေတဲ့ ဂြိုလ်တု နဲ့အကာသ စခန်းများကို ထိန်းချုပ်ရန် အခက်အခဲများ ဖြစ်စေပါတော့တယ်။ ယင်းအတွက် အဖြေရှာဖို့နာဆာတို့ ၃ ပတ်အချိန်ယူလိုက်ရပြီး ပြုပြင်မှုအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၁၀၀၀ ကုန်ကျခဲ့ပါတယ်။ Server Down တဲ့ ၂၁ ရက်အတွင်း ဆုံးရှုံးရတဲ့ ငွေကြေး ပမာဏ မပါရှိသေးပါဘူး။

ဒါနဲ့ IP Source ကိုရအေင်ယူပြီး ဖလော်ရီဒါက ၁၅ နှစ်သား james ကို ကွန်မန်ဒိုများ ဝင်စီးပါတောတယ်။ ၆ လ အချုပ်ထဲ နေခဲ့ရပြီး အိမ်အကျယ်ချုပ်ကို နှစ်နဲ့ချီချ ပါတယ်။ ယင်းအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ Jonathan James ဟာ တရားရုံးတော်ချိန်းဆိုချက်ကို ၂၀၀၈ ခုနှစ်မှာ နောက်တစ်ခါ ထပ်သွားရမှာ ဖြစ်ပါတယ်။ ကြားထဲ ကာလမှာ သူဟာ အမြဲစောင့်ကြည့်ခံရပါတယ်။ ကွန်ပြူတာကိုလည်း ဘယ်အကြောင်းအမျိုးမျိုးနဲ့မှ အသုံးပြုခွင့် မပေးပါဘူး။ သို့ပေမယ့် စောင်ကြည့်ကာလမှာတင် James ဟာ ဝါသနာကို မစွန့်လွတ်ပြီး Hacking ကို ဆက်လိုက်စားပါတယ်။

အမေရိကန်က နာမည်ကြီးဟက်ကာများနဲ့ ပူးပေါင်းမိလာပြီး ဟက်ကာ လောကမှာ အချင်းများစရာများ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Hacking နဲ့ပက် သက်လို့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး စိတ်ကျရောဂါဝေဒနာ ခံစားလာရပြီး ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့မှာ သေဆုံးနေတဲ့ Jonathan James ကိုတွေ့ရှိခဲ့ပါတယ်။

ရေချိုးခန်းထဲမှာ သေနတ်တစ်လက်နဲ့ ကိုယ့်ခေါင်းကိုယ်ပစ်ပြီး လုပ်ကြံ ခဲ့တာ ဖြစ်ပါတယ်။ စာလည်းချန်ခဲ့ပါတယ်။ သူချန်ထားတဲ့ စာမှာ သူအစွပ်စွဲခံရတဲ့ Hacking အမှုတစ်ခုပါဝင်ပါတယ်။ စပါမားကတ် Network တစ်ခုကို ဟက်ကာများ Hack ထားတဲ့အမှုတစ်ခုပါ။ သူပါဝင်တယ်ဆိုတဲ့အချက် မဟုတ်ကြောင်း တရားမျှတမှုဟူသည့်အချက်အပေါ်မှာ သူအယုံအကြည် မရှိတော့ကြေင်း ဘာညာနဲ့ စာတစ်စောင်ချန်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ အသက် ၁၅ နှစ်အရွယ်မှာတင် ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာကို Hack နိုင်တယ်။ သိုပေမယ့် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တဲ့ James ဟာ ကမ္ဘာ့ Hacker လောကမှာ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တစ်ခု အဖြစ် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။
..
Ref: wiki
အောင်ခမ်း ( smart.com.mm )

အခက်အခဲတွေကို ခေါင်းထဲမထည့်ဖို့ ပြောလိုက်တဲ့အောန်ဆိုင်း

ကျောင်းတက်နေရင်းကနေ မော်ဒယ်လောကထဲကို အမှတ်မထင်ဝင်ရောက်လာခဲ့တဲ့ အောန်ဆိုင်း ဟာ အခုအချိန်မှာတော့ မော်ဒယ်လောကမှာ နေရာတစ်နေရာရရှိကာ ရပ်တည်လို့နေပါတယ်။ မကြာမီမှာလည်း ကိုရီးယားနိုင်ငံမှာကျင်းပမယ့် Asian New Star Content ပြိုင်ပွဲကို လေ့လာ သူအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားခံထားရသူမို့ နိုင်ငံတကာပြိုင်ပွဲတွေအပေါ် သူမရဲ့အမြင်နဲ့ သူမ ရဲ့အနုပညာအကြောင်းကို အခုလိုမေးခွန်းထုတ်ခဲ့ပါတယ်။

ညီမ အခုရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲ။

အခု အောန်ဆိုင်း ဓာတ်ပုံရိုက်ဖို့တွေရှိတယ်။ နောက်ပြီး CHIC မဂ္ဂဇင်းနဲ့ ရှိုးလျှောက်ဖို့ရှိတယ်။ နောက်ပိုင်း တော့ ရှိုးပွဲတွေပဲများမယ်ထင်ပါတယ်။


ညီမကို ကိုရီးယားနိုင်ငံမှာကျင်းပမယ့် Asian New Star Contest ပြိုင်ပွဲကို တက်ရောက်ဖို့ ဖိတ် ထားတယ်လို့သိရတယ်။ အဲဒီတက်ရောက်မယ့် အစီအစဉ်လေးကို ပြောပါဦး။

ဟုတ်တယ်။ ညီမကို မြန်မာနိုင်ငံဘက်က ဖိတ်တာပါ။ ကျွန်မတို့နိုင်ငံကိုယ်စားပြု မော်ဒယ်တွေနဲ့အတူ အဲဒီ နိုင်ငံက ထင်ရှားတဲ့အနုပညာရှင်နှစ်ဦးပါ တက်ရောက်ခွင့်ရတာပါ။ လာမယ့် ၂၀၁၄ ဇန်န၀ါရီမှာ သွားရမှာ ပါ။ အရင်နှစ်ကတော့ ကိုဆန်းထွဋ်နဲ့ ချမ်းချမ်းက တက်ရောက် ခွင့်ရခဲ့ပါတယ်။

ဇာတ်ကားတွေကိုရော လက်ခံရိုက်ကူးနေပြီလား။

ဇာတ်ကားတွကိုတော့ ပရိသတ်တွေ ရိုက်ဖို့ပြောကြတယ်။ နောက်ပြီး ဒါရိုက်တာတွေကလည်း ကမ်းလှမ်း လာပါတယ်။ အောန်ဆိုင်းအနေနဲ့တော့ ဇာတ်ကားတွေကို လက်ခံရိုက်ကူးဖို့ မဖြစ်နိုင်သေးပါဘူး။ အစီအ စဉ်လည်း မရှိသေးပါဘူး။

အခုချိန်မှာ အောန်ဆိုင်းအနေနဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရရှိလာတဲ့ အောင်မြင်မှုအပေါ် ကျေ နပ်ပြီလား။

အောန်ဆိုင်း ကျေနပ်ပြီလို့တော့ မခံယူထားပါဘူး။ ဘာလို့လဲဆိုတော့ ဒီမော်ဒယ်အလုပ်ကို တန်ဖိုးထား တယ်။ အကောင်းဆုံးဖြစ်အောင်လို့ အမြဲတမ်း ပြင်ဆင်နေတယ်။ ကြိုးလည်းကြိုးစားနေတယ်။ ကျေနပ် လားဆိုတာထက် အမြဲ တမ်းတိုးတက်နေအောင် ကြိုးစားနေ ပါတယ်။

အခုချိန်မှာ Miss ပြိုင်ပွဲတွေ အများအပြားဝင်ပြိုင်ခွင့်ရရှိလာခြင်းက မော်ဒယ်တွေအတွက်တ ကယ့်မျှော်လင့်ချက် ကောင်းတစ်ခုလား။

ကောင်းတဲ့နိမိတ်လက္ခဏာတွေပါပဲ။ အများကြီး အခွင့်အလမ်းတွေပွင့်လာခြင်းပါ။ အရင်တုန်းက သိပ်မရှိခဲ့ တဲ့အရာတွေအခုချိန်မှာ လုပ်ဆောင်ခွင့်ရရှိလာခြင်းက မြန်မာနိုင်ငံအတွက် ရေရှည်ကောင်းမွန်မှုတွေပါပဲ။

မော်ဒယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အလှအပနဲ့ ဖက်ရှင်ကိုဘယ်လိုဂရုစိုက်လဲ။

အဓိက,ကတော့ အစားအသောက်ကို ပိုပြီးဂရုစိုက်တယ်။ အဲဒီလိုဂရုစိုက်ခြင်းက ကိုယ့်ရဲ့ကျန်းမာရေးရယ်၊ အလှအပအတွက်က ပိုပြီးထိရောက်မှုရှိမယ်ထင်တယ်။ ဖက်ရှင်ကတော့ အခုအင်တာနက်တွေပေါ်လာ တော့ လေ့လာကြည့်ပြီး ကိုယ်စိတ်ကြိုက်တွေ့တဲ့ ဖက်ရှင်ကို ဒီဇိုင်နာနဲ့ ပြန်လည်ပြီး ဘယ်လိုဒီဇိုင်းထွင်ရ မလဲဆိုပြီး စဉ်းစားကြပါတယ်။

ကိုယ်တိုင်ရော ပြည်ပနိုင်ငံတွေမှာ နိုင်ငံ တကာမော်ဒယ်အနေနဲ့ သွားရောက် လုပ်ကိုင်ဖို့ရှိလား။

ညီမရဲ့အရပ်အမောင်းက နိုင်ငံတကာကို သွားရလောက်အောင်ကို မမီဘူးထင်ပါတယ်။ သွားကြတဲ့သူတွေ ကိုလည်း သူတို့အစားဂုဏ်ယူပါတယ်။

ညီမရဲ့ အခုချိန်ထိ အနုပညာအပေါ်ခံယူချက်က။

ဒီအလုပ်ကို တန်ဖိုးထားတယ်။ ဒါကြောင့်မို့ ပိုပြီးကြိုးစားမယ်။ အခက်အခဲတွေဆိုတာက လူတိုင်းကြုံတွေ့ ကြရတာဖြစ်ပေမယ့် အောင်မြင်မှုလိုချင်သူတိုင်းအတွက် ဒါတွေကို ခေါင်းထဲမထည့်နိုင်ပါဘူး။

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese

ကိုယ်ဘယ်လောက်အကောင်းဆုံး လုပ်နိုင်သလဲဆိုတဲ့ စိတ်နဲ့ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ဂုဏ်ရည်အေးကျော်

Miss International ပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်နေ့မှာ သွားရောက်ယှဉ်ပြိုင်တော့မယ့် ဂုဏ်ရည်အေးကျော်က သူမဘာတွေ ပြင်ဆင်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလို ဆိုပါတယ်။ ‘ဂုဏ်ရည် အခုလာမဲ့ ဒီဇင်ဘာ၂ ရက်နေ့မှာ ဒီကနေစထွက်မယ်။ ပြိုင်ပွဲက ၁၇ ရက်နေ့မှာပါ။ ပြိုင်ပွဲက ဂျပန်နိုင်ငံ တိုကျို ရှီနာကာဝါ ပရင့်စ် ဟိုတယ်မှာ လုပ်မှာပါ။ အဲဒီပွဲလေးအတွက် ဂုဏ်ရည်က ဖေဖော်ဝါရီလမှာ ကတည်းက Miss Myanmar အနေနဲ့ သရဖူဆောင်းခဲ့တာဆိုတော့ ဂုဏ်ရည်အနေနဲ့ ခန္ဓာကိုယ်ကစားတယ်။ အင်္ဂလိပ်စာလေ့ကျင့်ခန်းတွေ လုပ်တယ်။ ပြီးရင်Culture Show ပါတယ်ဆိုတော့ စောင်းတီးပြဖို့အတွက် လေ့ကျင့်နေပါတယ်။’လို့ သူမက ပြောပါတယ်။

ပွဲမှာဝတ်ဆင်ယှဉ်ပြိုင်မယ့် အ၀တ်အစား၊ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ‘ဒီဇိုင်နာတွေရဲ့  အကျီင်္ိက ၃၀ ရက်နေ့မှ ရမှာဆိုတော့ အဲဒီနေ့မှ သေချာဝတ်ကြည့်ရမယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ စိတ်တစ်ခုတော့ထည့်ထားတယ်။ ဒီဇိုင်နာတွေကတော့ National costume အတွက် ဂုဏ်ရည် ၀တ်မဲ့ဝတ်စုံကို ကချင်ရိုးရာဝတ်စုံကို ရွေးချယ်ပေးထားပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားအများကြီးရှိပါတယ်။ အဲဒီထဲမှာမှ ကချင်ကို ဂုဏ်ရည် ကိုယ်စားပြုထားပါတယ်။ မြန်မာပြည်မှာ မပြီးဆုံးသေးသော အရှည်ဆုံးသောပြည်တွင်းစစ်က ကချင်ပါ။ အဲဒီအတွက် ဂုဏ်ရည် ကချင်နဲ့ မြန်မာတွေကို ငြိမ်းချမ်းစေချင်တဲ့အတွက် ကချင်ရိုးရာဝတ်စုံကို ရွေးချယ်ထားတာပါ။ အဲဒီဝတ်စုံအတွက် ဒီဇိုင်နာ ဆန်းဘောက်ရာက ချုပ်လုပ်ပေးထားပါတယ်။ Talent Show, Culture Showမှာ ၀တ်မဲ့ဝတ်စုံအတွက်က ဒီဇိုင်နာ ပြည်စိုးအောင်က စီစဉ်ပေးပါတယ်။ မြန်မာအကျီင်္တွေကတော့ ဂုဏ်ရည်အများကြီးသယ်သွားပါမယ်။ သံရုံးမှာညစာစားတာတွေ၊ အများကြီးရှိတော့ အဲဒီအတွက်ဒ်ီဇိုင်နာကောင်းမြတ်၊ ဒီဇိုင်နာမျိုးမင်းစိုး၊ ဒီဇိုင်နာဖြိုးပြည့်တို့က စီစဉ်ချုပ်လုပ်ပေးပါတယ်။ Evening Gown အတွက်က အန်တီပေါက်က စီစဉ်ပေးပါတယ်။ ပြီးတော့ ဂုဏ်ရည်တို့ဂျပန်က စီးပွားရေးလုပ်ငန်းရှင် တော်တော်များများ နဲ့တွေ့ဆုံရမှာဖြစ်တဲ့အတွက် ရုံးဝတ်စုံတွေအတွက် အန်တီပေါက်ကပဲစီစဉ်ပေးးပါ တယ်’လို့ သူမကပြောပါတယ်။

ဆုရခဲ့မယ်ဆိုရင် ကြိုးစားမှုအတွက် ကျေနပ်မိမလားလို့မေးကြည့်လိုက်တော့ သူမက ‘ထုံးစံအတိုင်း ပဲPeople Choice အတွက်ကတော့ မြန်မာကပဲတစ်ပြေးနေတာပါ။ အဲဒီအတွက် မြန်မာပြည်သူပြည်သားတွေ အကုန်လုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ ဂုဏ်ရည် အကောင်းဆုံးကြိုးစားသွားမှာပါ။ Miss Myanmar ပြိုင်ပွဲ ပြိုင်ခဲ့ကတည်းက ဆုရချင်တဲ့ စိတ်ထက် ငါဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့ စိတ်နဲ့ပဲပြိုင်ခဲ့တာဖြစ်တဲ့အတွက် အခုလဲပဲ ဘယ်လောက်အကောင်း ဆုံးလုပ်နိုင်မလဲဆိုတဲ့ စိတ်နဲ့ပဲ သွားမှာပါ။ ဆုတွေကိုမမှန်းပဲနဲ့ အကောင်းဆုံး လုပ်နိုင်အောင်လို့ပဲ ကြိုးစားသွားမှာပါ။ သွားမှာက ၂ရက်နေ့ ပါ။ campသွင်းရမှာက၇ ရက်နေ့ကနေ ၁၇ရက်နေ့ထိပဲ။ ပြိုင်ပွဲက ၁၇ ရက်နေ့ ညနေ၆နာရီ စမယ်။ မြန်မာနိုင်ငံအချိန် ၈ ခွဲမှာစပါလိမ့်မယ်။ အဲဒီတော့  ပရိသတ်ကြီးအားပေးကြပါ။ ပြိုင်ပွဲအတွင်းမှာလဲမြန်မာပြည်ကိုကိုယ်စားပြုပြီး မြန်မာရိုးရာဓလေ့တွေကို အကောင်းဆုံးဖော်ထုတ်သွားမှာပါ။ မြန်မာကိုအကောင်းဆုံးကိုယ်စားပြုသွားမှာပါ။’လို့ ပြောပြခဲ့ပါတယ်။

Trend Myanmar

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည်

ပန်းမြတ်ဇော်| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။

နတ်သမီး နှင့် ကျွန်တော် ဇာတ်ကားသည် စာရေးဆရာ မင်းတစ်ခေတ်၏ ဝတ္တုကို ဇာတ်အိမ် အခြေခံထားပြီး ရိုက်ကူးမည်ဖြစ်သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည်ဖြစ်သော ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကောင်းပြည့် ၊ ခင်ဝင့်ဝါနှင့် ပွင့် တို့ ပါဝင် သရုပ်ဆောင်ထားကြမည်ဖြစ်သည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က " ဒီကားက အန်နီမေးရှင်း (animation) တွေ တစ်ကားလုံး နီးပါးပါတော့ ကားဆက်တာ နောက်ကျမှာဖြစ်တဲ့အတွက် ၂၀၁၄ ထဲ ဝင်သွားမှာပါ ။ ဒီဇာတ်ကားမှာ ခင်ဝင့်ဝါ ပထမဆုံး သရုပ်ဆောင်တာ ဆိုတော့ ဝါရင့် သရုပ်ဆောင်တွေ လိုတော့ မဟုတ်သေးဘူးပေါ့ ။ ဒါပေမဲ့ သူ့ကို သဘောကျတာက ရိုက်ကွင်းကို အချိန်အတိအကျလာတယ် အလုပ်ကို လေးစားတယ်၊ အရမ်းကြိုးစားတယ် အဲတာကြောင့် သူနဲ့ ဇာတ်ကားတွေ ဆက်ရိုက်သွားမှာပါ" ဟု ပြောသည်။

နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် ရိုက်ကူးတာဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်တွင် ရိုက်ကူး ပြီးစီးခဲ့သည်။

သရုပ်ဆောင် ခင်ဝင့်ဝါက "အခက်အခဲတော့ရှိပေမယ့် ညီမ တစ်ကားလုံးကို ကြိုက်ပါတယ် ၊ ဖန်စီ ဇာတ်ကားလေးဆိုတော့ ရိုက်ကူးရတာ ပျော်စရာလဲ ကောင်းပါတယ် ။ ညီမအနေနဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တော့ အားမရဘူး အများကြီး ကြိုးစားရအုံးမှာပါ လိုအပ်ချက်တွေ ရှိနေပါသေးတယ်" ဟု ဆိုသည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က ခင်ဝင့်ဝါနှင့် နောက်ထပ် ဇာတ်ကား သုံးကား စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။

Mizzima - News in Burmese

ချစ်သုဝေနှင့် တွေ့ဆုံခြင်း

ရုပ်ရှင်နဲ့ ဂီတနယ်ပယ် နှစ်ခုစလုံးမှာ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်၊ တေးသံရှင် ချစ်သုဝေနှင့် တွေ့ဆုံပြီး မကြာမီ ရုံတင်ပြသမည့် သူမပါဝင် သရုပ်ဆောင်ထားသည့် သေးသေးလေးပဲလား ကြီးကြီးလား ရုပ်ရှင်ဇာတ်ကား အကြောင်း၊ သူမ မရိုက်ကူးလိုသည့် ဇာတ်ကောင် စရိုက်များအပေါ် သဘောထားအမြင်နှင့် လတ်တလော အနုပညာ လှုပ်ရှားမှုများ အကြောင်းကို The Voice ကမေးမြန်းထားခြင်း ဖြစ်သည်။

Voice : သေးသေးလေးပဲလား ကြီးကြီးလား ရုပ်ရှင်ဇာတ်ကားမှာ ချစ်သုဝေ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်ကို ပြောပြပေးပါဦး။

CTW : ထရီဇာက ဒီကားမှာ သီရိသံစဉ်ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးက ဟာသကားလေး ဖြစ်တဲ့အတွက် Character ထူးထူးခြားခြားရယ်လို့ မရှိပါဘူး။ မမျှော်လင့်တဲ့ အကြောင်းအရာ တစ်ခုကြောင့် မင်းသားနဲ့ ဆုံတယ်။ ထရီဇာတို့ နှစ်ယောက်က တစ်ကားလုံးမှာပါတဲ့ သူတွေကို လိုက်မွှေရတဲ့ သူတွေပေါ့နော်။ ထရီဇာကတော့ ဒီကားလေးကို ပရိသတ်တွေ လာကြည့်စေချင်တယ်။ ဒီကားက တစ်ကားလုံး အလှုပ်၊ အသွက်။ နောက်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေလည်း အရမ်းများတယ်။ ဇာတ်အိမ် ဖွဲ့ထားတာလည်း အရမ်းများတယ်။ ဇာတ်ကားအစကနေ အဆုံးအထိလည်း ရယ်နေရတယ်။

Voice : ဒီဇာတ်ကားကို အထူးပွဲ ကြည့်ပြီးတဲ့ အချိန်မှာရော ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို အားရကျေနပ်လား။

CTW : ဒီဇာတ်ကားလေးမှာ ကိုယ်ကိုယ်တိုင်ရော၊ ဇာတ်ပို့ သရုပ်ဆောင်တွေ ဖြစ်တဲ့ ဦးခင်လှိုင်တို့၊ ကိုဇော်ဇော်အောင်တို့ရဲ့ သရုပ်ဆောင်မှုတွေကိုရော ကြည့်ရတာ ပျော်စရာကြီး။ ကိုယ်ပါရတဲ့ ကားလေးမို့လို့ မဟုတ်ဘူး။ ပရိသတ် တစ်ယောက် နေရာကနေ ကြည့်ပြီးတော့ကို ဒီကားလေးကို ထရီဇာ ကြိုက်တယ်။ ညစ်ညမ်းတဲ့ ဟာသတွေလည်း မပါဘူး။ ကိုယ်ပါတဲ့ အခန်းတွေရော၊ ကိုယ်မပါတဲ့ အခန်းတွေရော ထရီဇာ ကြိုက်တယ်။

Voice : ချစ်သုဝေက Romance၊ Drama ဇာတ်ကားတွေ ရိုက်တာများပြီး ဟာသကား အရိုက်နည်းတယ်လေ။ ဟာသကားတွေမှာ သရုပ်ဆောင်ရတာ ချစ်သုဝေအတွက် ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

CTW : ဒီဇာတ်ကားက ညစ်ညမ်းတဲ့ စကားတွေ မပါဘူး။ ညစ်ညမ်းတဲ့ စကားလုံးတွေ ဆိုရင်တော့ ထရီဇာကပြောဖို့ ပါးစပ်မရဲဘူး။ အဲ့ဒီအတွက် ဟာသကားလေးတွေကို နည်းနည်းရှောင်တာ များတယ်။ ဒီဇာတ်ကားလေးကတော့ ကိုယ်ဇာတ်ညွှန်း ဖတ်ကတည်းက ကိုယ်ပြောနိုင်လို့ လက်ခံခဲ့တာပါ။ ထရီဇာက Romance၊ Drama တွေ ရိုက်တာ များနေတဲ့အတွက် အခုနောက်ပိုင်းတော့ Fancy လေးတွေ၊ Comedy ဇာတ်ကားလေးတွေ ရွေးပြီး ရိုက်ပါတယ်။

Voice : ချစ်သုဝေ သရုပ်ဆောင်တဲ့ ဗီဒီယို ဇာတ်ကားတွေက ဇာတ်လမ်းလေးတွေ ကောင်းတယ်လေ။ ဇာတ်လမ်းတွေကို ဘယ်လို စဉ်းစားရွေးချယ် ဖြစ်လဲဆိုတာ ပြောပြပေးပါဦး။

CTW : ထရီဇာကတော့ ဇာတ်ကားတစ်ခု ကောင်းဖို့က ဇာတ်လမ်းရယ်၊ အတူတွဲပြီး သရုပ်ဆောင်ရမယ့် သူတွေရယ် ဒါရိုက်တာရယ်က အရေးကြီးဆုံးလို့ ထင်တဲ့အတွက် ကိုယ့်ကို ဇာတ်လမ်းတစ်ခု လာပြတဲ့ အခါမှာလည်း ဒါတွေကို ကြည့်ပြီးရွေးတော့၊ ကိုယ်ပါတဲ့ ဇာတ်ကားလေးတွေ ထွက်လာတဲ့ အခါမှာ သပ်သပ်ရပ်ရပ်လေး ထွက်လာတယ် ထင်ပါတယ်။ ထရီဇာ လက်ခံထားတာ တစ်ခုက ရုပ်ရှင်တို့၊ ဗီဒီယိုတို့ဆိုတာ Team Work ကောင်းမှကောင်းမယ်။ ဇာတ်ကား တစ်ကားမှာ ပါဝင်တဲ့သူတွေ အကုန်လုံး မြိုင်မြိုင်ဆိုင်ဆိုင် ကြိုးစားကြမယ်ဆိုရင် ဇာတ်ကားကောင်း တစ်ကားကို ဖန်တီးနိုင်မယ်လို့ ထရီဇာ ယုံကြည်ထားတယ်။

Voice : အနုပညာရှင် တချို့က ဘယ်လို ဇာတ်ကောင်စရိုက်မျိုး ဆိုရင်တော့ သရုပ်မဆောင်ချင်ဘူးလို့ ပြောကြတယ်။ ချစ်သုဝေရော သရုပ်မဆောင်ဖို့ ကန့်သတ်ထားတဲ့ ဇာတ်ကောင်စရိုက် ရှိလား။

CTW : အနုပညာရှင်ဆိုတာ အားလုံး သရုပ်ဆောင်နိုင်ရမယ်လို့ ပြောကြတယ်။ ကိုယ့်ရဲ့ Role အရ ကန့်သတ် ထားတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်မလုပ်ရဲ မပြောရဲတဲ့ အရာမျိုးကို သရုပ်ဆောင်ပြမယ် ဆိုရင်လည်း ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူး။ အဓိက ကတော့ ထရီဇာက ကိုယ်ပီပီ ပြင်ပြင် သရုပ်မဆောင်နိုင်တဲ့ ဇာတ်ရုပ်တွေကို မလုပ်တဲ့ သဘောပါ။ ကိုယ့်စိတ်ထဲမှာ မနှစ်မြို့ဘူး၊ မကြိုက်ဘူး ဆိုတဲ့အရာ တစ်ခုကို သရုပ်ဆောင်ရရင် ဘယ်လိုမှ ပီပြင်မှာ မဟုတ်ဘူးလေ။ မပီပြင်တဲ့ အရာတစ်ခု ကိုလည်း ပရိသတ်တွေကို ချမပြချင်ဘူး။

Voice : အခုချိန်အထိ ချစ်သုဝေ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ကောင် စရိုက်တွေကို ပြောပြပေးပါဦး။

CTW : ထရီဇာ စကားမပြောတတ်တဲ့ သူတစ်ယောက် ပုံစံမျိုး သရုပ်မဆောင်ဖူးသေးဘူး။ ဆိုက်ကိုဆန်ဆန် လူသတ်ကားမျိုးတွေ မရိုက်ဖူးသေးဘူး။ အဲဒီလို ကားမျိုးလေးတွေ ရိုက်ချင်တဲ့အတွက် ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေကို ပြောပေမယ့် ဘယ်သူ့ပြောပြော ရိုက်ဖို့ အားမသန်ကြဘူး။

Voice : မီးအိမ်ကဗျာ ဗီစီဒီကရော ဘယ်တော့လောက် ထွက်ဖို့ မှန်းထားလဲ။

CTW : မီးအိမ်ကဗျာ ဗီစီဒီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ ထွက်ဖို့ မှန်းထားပါတယ်။ သရုပ်ဆောင်တွေကတော့ ကိုနေတိုး၊ အောင်ရဲလင်း၊ ရဲမင်းသူ၊ သန္တာဗိုလ်၊ ပိုင်ဖြိုးသူတို့ ပါမယ်။ ဒါရိုက်တာတွေကတော့ ကိုညိုမင်းလွင်၊ ကိုမင်းထင်ကိုကိုကြီး၊ ပွင့်သိင်္ဂီဇော်နဲ့ နောက်ပြီးထရီဇာ ရိုက်တဲ့ သီချင်းတစ်ပုဒ် ပါမယ်။ အဲဒီသီချင်းကို ကိုနေတိုးနဲ့ ရိုက်မှာပါ။

Voice : လင်းလင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲမှာ စုံတွဲသီချင်း ဝင်ဆိုဖြစ်သွားပုံလေး ပြောပြပေးပါဦး။

CTW : အဲဒီပွဲကို ထရီဇာ ပရိသတ် တစ်ယောက်အနေနဲ့ သွားကြည့်ခဲ့တာပါ။ စင်အောက်က ပရိသတ်တွေက နားလည်မှု သီချင်းလေးကို ဆိုပေးဖို့ ထရီဇာ့နာမည်ကို အော်အော်ပြီး တောင်းကြတယ်။ ကိုလင်းကလည်း ကြေညာထား ကတည်းက Solid One Man Show ဆိုပြီး ကြေညာထားတော့ တက်ဆိုဖို့လည်း အစီအစဉ် မရှိဘူး။ နောက်ပိုင်း ပရိသတ်က အရမ်းအော်တော့ ကိုလင်းကလည်း စင်ပေါ်ခေါ်လိုက်တော့ ဒီတိုင်း တက်သွားတာ စလွယ်သိုင်း အိတ်ကြီးတောင် ပါသွားတယ်။ သီချင်းလည်း မတိုက်ထားဘဲနဲ့ ဆိုလိုက်ရတယ်။ စင်ပေါ် ရောက်တော့လည်း တလွဲတွေ ဖြစ်တာပေါ့နော်။ ထရီဇာ ဆိုနေကြက D Key ကို C Key နဲ့ တီးလိုက်တော့ Key ထပ်မြှင့်ခိုင်းရတယ်။ အလွဲအချော်လေးတွေနဲ့ပေါ့။

Voice : လင်းလင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲက သူရဲ့အမာခံ ပရိသတ်နဲ့ သူနဲ့ တစ်သားတည်း ကြတယ်လေ။ ချစ်သုဝေရော ဒီပွဲလေးကို ပရိသတ် တစ်ယောက် နေရာကကြည့်ပြီး ဘယ်လိုမြင်လဲ။

CTW : ဒီရှိုးပွဲလေးက အနုပညာမြောက်တဲ့ ပွဲလေးပေါ့နော်။ ကိုလင်းက သူ့အနုပညာကို သေသေချာချာ လုပ်တယ်။ သီချင်း ဆိုရင်လည်း ဒီသီချင်းလေးကို ပုံစံမတူအောင် ပရိသတ်ကို တင်ဆက်မလဲဆိုတာ သူသေချာ ပြင်ဆင်ထားတယ်။ ပရိသတ်ကို သူလေးစားပုံက အပြင်ပန်းတွေ မပါဘူး။ သူ့ရဲ့ အတွင်းစိတ်ထဲက အနုပညာအရ ပေးဆပ်ချင်တဲ့ စိတ်လေးက လေးစားဖို့ ကောင်းတယ်။ သူက ရှိုးပွဲမတိုင်ခင် ထရီဇာတို့ စတူဒီယိုမှာ သီချင်းတွေ လာတိုက် ကတည်းက ဒီပွဲလေးကို ထရီဇာ ကြည့်ချင်ခဲ့တာပါ။ သူနဲ့ စုံတွဲ ဆိုဖြစ်သွားတာကလည်း ပရိသတ်တွေက အရမ်းတောင်းဆို ကြတဲ့အတွက် ဆိုဖြစ်သွားတာပါ။

Voice : ချစ်သုဝေရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေးကို ပြောပြပေးပါ။

CTW : ထရီဇာရဲ့ အနုပညာ လှုပ်ရှားမှုကတော့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖြစ်နေတယ်။ ထရီဇာ့ ဒုတိယ တစ်ကိုယ်တော် စီးရီးအတွက် သီချင်းတွေ စုနေတာလည်း တစ်ဝက်လောက် ရပြီဆိုတော့ ရှေ့နှစ်လယ် လောက်တော့ စလုပ်ဖြစ်မှာပါ။

Voice : ချစ်သုဝေကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေ ရှိရင် ပြောပေးပါဦး။

CTW : ထရီဇာ့ကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ အတိုက်အခိုက် အနှောင့်အယှက် ကင်းတဲ့ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

(သန့်ဇင်ဦး)
 

The Voice Weekly

Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ

လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

စာဖတ်သူတွေဟာ အသက် ၂၁အရွယ်ရှိတဲ့ အဆိုတော်မလေးကို ချီးကျူးထောပနာပြုဖို့ သောင်းသောင်းဖျဖျနဲ့ မဲပေးနေကြပါတယ်။ ဒုတိယနေရာမှာလိုက်နေတဲ့ ပြိုင်ဖက်ကတော့ CIA ရဲ့ ကွန်ပျူတာ အကျော်အမော်တစ်ယောက်ဖြစ်သူ Edward Snowden ဖြစ်တယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။

တတိယနေရာမှာကတော့ အိန္ဒိယ နိုင်ငံရေးသမား Narendra Modi လို့သတင်းထွက်နေပြီး ဆီးရီးယား သမ္မတနဲ့ ရုရှားသမ္မတတို့က သူ့နောက်က လိုက်နေပါတယ်။

ပါကစ္စတန် လူငယ်တက်ကြွလှုပ်ရှားသူ Malala Yousafzai , မင်းသမီး Angelina Jolie, ပုပ်ရဟန်းမင်း Francis, ဘက်စကတ်ဘော ကစားသမား LeBron James နဲ့ သမ္မတ Barack Obama တို့လည်း နာမည်ကြီး စာရင်းထဲမှာပါဝင်နေပါတယ်။

မဲပေးခြင်းများကို ဒီဇင်ဘာလ (၄)ရက်နေ့ထိ နောက်ဆုံး သတ်မှတ်ထားပြီး Time ရဲ့ အယ်ဒီတာက “Person of the Year” ဘယ်သူဖြစ်မယ်ဆိုတာကို ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ တရားဝင်ကြေငြာမှာ ဖြစ်တာကြောင့် စောင့်ကြည့်ကြရပါဦးမယ်။

Trend Myanmar

ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ

ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ်။

အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ။ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ်။

အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။

သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာဝန်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "

ဆရာဝန်က ပြုံးလိုက်ရင် ပြန်ဖြေတယ်
"တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ ... ဖုန်းရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ် ... အခု အကို ခဏလေး စိတ်ငြိမ်ငြိမ်ထားလိုက်ပါနော် ... ကျွန်တော် အတတ်နိုင်ဆုံးကောင်းအောင် ခွဲစိတ်ပေးပါမယ်"

"စိတ်ငြိမ်ငြိမ်ထားရမယ် .. ဟုတ်လား ... ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျား စိတ်ငြိမ်နိုင်မှာလား ... တကယ်လို့ ခင်ဗျားသားသာ သေသွားရင် ခင်ဗျား ဘယ်လိုလုပ်မလဲ" ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ် ...။

ဆရာဝန်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး "အကို ... စိတ်ချပါဗျာ ... ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကုသပေးပါ့မယ် ..." လို့ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ၀င်သွားခဲ့သတဲ့ ..။

နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဆရာဝန်က ၀မ်းသာစွာနဲ့ ခွဲခန်းထဲက ပြန်ထွက်လာသတဲ့ ...
"ဘုရားရဲ့ကျေးဇူးပါပဲဗျာ ... အကို့သားလေးရဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်" ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေ ရဲ့ ပြန်ဖြေမှုကိုတောင် မစောင့်တော့ပဲ ....
"ခင်ဗျား တစ်ခုခုမေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာ" လို့အော်ပြီး ထပ်ပြီး ပြေးထွက်သွားသတဲ့ ....

ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာတွေ ဒီလောက် မောက်မာနေတာလဲ မသိဘူး ... ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ဘူး" လို့တွေးပြီး မေးမြန်းဖို့ သူနာပြုဆရာမကို သွားတွေ့သတဲ့...။

သူနာပြုဆရာမ က မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့ ...
"ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ ... ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ ... အခု ရှင့်သားရဲ့ အသက်ကို ကယ်တင်ပြီး သူ့သားလေးရဲ့ အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါ" တဲ့ ...။

မှတ်သားဖွယ် ။ ။ ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ ....။

အလင်္ကာမေကျော်

အလှအပအတွက် မျက်နှာသစ်ဆေးတောင် မသုံးဖြစ်ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။ Body Treatment လောက်ပဲလုပ်ဖြစ်တယ်။ လုပ်ဖြစ်ရင်တော့ Spice Girl ပဲအမြဲသွားဖြစ်တယ်။’လို့ သူမကပြောပါတယ်။ သုံးနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူမက ‘ ရွှေမှုန်လောလောဆယ် မျက်နှာသစ်ဆေးတောင် မသုံးဘူး။ ဒါပေမဲ့ Dior က ထုတ်တဲ့ မျက်နှာလိမ်းဆေးတစ်မျိုးတော့ လိမ်းဖြစ်တယ်။ လိုးရှင်းကတော့ Victoria Secret သုံးတယ်။ အသားအရေအတွက် အသီးအနှံတွေလဲစားဖြစ်တယ်’တဲ့။ ဖက်ရှင်ပိုင်းကလည်း အနုပညာရှင်တွေအတွက် အရေးပါတာမို့ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘Free Style ပေါ့။ ဇာတ်ကားထဲမှာကျတော့ ဇာတ်လမ်းရပြီဆိုရင် ဒါရိုက်တာကိုမေးတယ်။ ကိုယ်လှဖို့မလိုဘူး။ ကာရိုက်တာဝင်ဖို့ပဲလိုပါတယ်။’လို့ သူမက ပြောသွားပါတယ်။

Trend Myanmar

ဒိုင်နာယာဉ် လမ်းဘေးမြောင်းထဲတိမ်းမှောက်

ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်ဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ တိုယိုတာ ဒိုင်နာယာဉ် လမ်းဘေးမြောင်းထဲသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ မွန်းလွဲ ၁ နာရီခွဲခန့်က (၉၁) ရပ်ကွက် မြို့နယ် မြို့မရဲတပ်ဖွဲ့ စခန်းရှေ့ ပဲခူးမြစ်လမ်းမကြီးပေါ်တွင် အရှေ့မှ အနောက်သို့ ယာဉ်မောင်းနှင့် စပယ်ယာ (စုံစမ်းဆဲ) မောင်းနှင်လာသော ခရီးသည်တင် ယာဉ်လိုင်း (၁၃၆) (အနီ) ယာဉ်အမှတ် ဘ/….. တိုယိုတာ ဒိုင်နာ အဝါရောင်ယာဉ်သည် ခရီးသည်များ တင်ဆောင်မောင်းနှင်လာပြီး ပဲခူးမြစ် လမ်းမပေါ်တွင် အရှိမထိန်းနိုင်ဘဲ လမ်းဘေး သစ်ပင်ကို ဝင်တိုက်မိပြီး လမ်းဘေးညာဘက် ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ် စီးနင်းလိုက်ပါလာသော ခရီးသည် ဒေါ်မြသီတာဦး (၄၃)နှစ်၊ ဒေါ်ချိုချိုဝေလွင် (၂၇)နှစ်၊ အေးအေးခိုင် (၁၄)နှစ်၊ ဒေါ်သန္တာဦး (၃၈)နှစ်၊ ဒေါ်ခင်လေးလှိုင် (၃၃)နှစ်၊ ဒေါ်နီလာအောင် (၃၉)နှစ်၊ ဒေါ်ခင်အေးသက် (၂၄)နှစ်၊ ဒေါ်ခင်လှ (၅၇)နှစ် တို့ ဒဏ်ရာများရရှိသဖြင့် စံပြဆေးရုံသို့ ချက်ချင်း ပို့ဆောင်ကုသလျက်ရှီပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့စခန်းက မြို့မရဲတပ်ဖွဲစခန်းသို့ အမှုဖွင့် တိုင်တန်းသဖြင့် မြို့မရဲစခန်းက ဆက်လက်ရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

မီးနီဖြတ်မောင်းသည့် ယာဉ်မှ အခြားယာဉ်တစ်စီးအားတိုက်မိ လူသေဆုံးမှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၂၄၅အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ခွန်ချိုဦး (ဘ)ဦးမောင်နိုင်၊(၅)ရပ်ကွက်၊သာကေတမြို့နယ်နေသူမောင်းနှင်လာသော ၆က/---- မစ်ဆူဘီရှီဖူဆိုအစိမ်း/အနီရောင် သစ်လုံးတင်ယာဉ်သည် သုဝဏ္ဏမီးပွိုင့်အရောက် မီးနီအားဖြတ်သန်းမောင်းနှင်စဉ် ဝေဇယန္တာလမ်းအတိုင်း အနောက်မှအရှေ့ သို့ ယာဉ်မောင်း ဦးဝင်းရွှေ (ဘ)ဦးခင်မောင်၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ်နေသူ
မောင်းနှင်လာသော BB/---- ဖီဒါခဲရောင် ယာဉ်အားတိုက်မိသဖြင့် ယာဉ်(၂)စီးပျက်စီးပြီး ဦးဝင်းရွှေတွင် ၀ဲမျက်ခုံးပေါက်ပြဲ၊ ရင်ဘတ်ဖူးယောင် ဒဏ်ရာများရရှိပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ကုသစဉ် သေဆုံးသွားခဲ့သဖြင့် မီးနီဖြတ်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ခွန်ချိုဦးအား သုဝဏ္ဏနယ်မြေရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


အိုင်ဖုန်းသူခိုးက ပိုင်ရှင်ထံ ဖုန်းနံပါတ်များ လက်ရေးနှင့်ပြန်ပို့ပေး

ဘေဂျင်း၊ နိုဝင်ဘာ ၂၆

ဖုန်းသူခိုး တစ်ယောက်သည် မိမိခိုးယူထားသော အိုင်ဖုန်းထဲမှ ဖုန်းနံပါတ်များကို လက်ရေးနှင့် ၁၁ မျက်နှာတိတိ ကူးယူပြီး ပိုင်ရှင်ထံ ပို့ပေးသည့် အဖြစ်အပျက်တစ...်ခု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဇောင်ဘင်း ဆိုသူသည် တက္ကစီကား စပ်တူငှားစီးရာမှ သူ့ထံက အိုင်ဖုန်းကို အခြား တစ်ယောက်က နှိုက်သွားပြီးနောက် ယခုကဲ့သို့ ဖုန်းနံပါတ်များကို ကူးပြီး ပို့ပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဇောင်သည် သူ့အိုင်ဖုန်းထဲတွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၁၀၀၀ ခန့်ကို မှတ်သားထားပြီး ထိုနံပါတ်များကို အခြား တစ်နေရာရာတွင် သိမ်းဆည်းထားခြင်းလည်း မရှိပေ။ သူက မိမိအနေနှင့် ဖုန်း ပျောက်ခြင်းထက် သိမ်းဆည်းထားသည့် အချက်အလက်များ ဆုံးရှုံးမှုကို ပိုပြီး စိတ်ပျက်မိကြောင်း သတင်းအဖွဲ့သို့ ပြောကြားသည်။

ဇောင်က သူ့အနေနှင့် အခိုးခံရသည့် ဖုန်းထံစာပို့ကာ မိမိအနေနှင့် တက္ကစီကား အတူငှားစီးစဉ်က ဖုန်းခိုးသွားသည်ကို သိကြောင်း၊ မဖြစ်မနေ ရအောင်ပြန်ရှာမည် ဖြစ်ကြောင်းကို စာပေးပို့ခဲ့သည်။ ထို့ပြင် မိမိထံ အောက်ပါလိပ်စာအတိုင်း ချက်ချင်း ပြန်ပို့ပေးရန် တောင်းဆိုရာ၌ ဖုန်းပြန်မလာဘဲ၊ လက်ရေးစာ တစ်ထပ်ကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

သူခိုးက အွန်လိုင်းပေါ်တွင် ထိုသို့ အရေးကြီးသည့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြန်လည်ပေးပို့ခြင်း အပေါ်တွင် ထောက်ခံသူများ ရှိနေကြသည်။

တရုတ်နိုင်ငံအတွင်း Twitter ကဲ့သို့ အသုံးပြုနိုင်သည့် ဆိုရှယ်ကွန်ရက် Weibo တွင် လုပ်ငန်း ကိုယ့်ကိုယ်ကျင့်တရားကို နားလည်ပြီး ယခုကဲ့သို့ ဖုန်းနံပါတ်များ ရေးပို့ပေးလိုက်သည့် သူခိုးကို ခွင့်လွှတ်ပေးရန် တောင်းပန်ထားကြောင်း တွေ့ရသည်။

The Voice Weekly

မြွေ ဥတာကိုသေချာအနီးကပ်ရိုတ်ပြထားတာပါ

မြွေ ဥတာကိုသေချာအနီးကပ်ရိုတ်ပြထားတာပါ

Myawady News

ဘေဆယ်အသင်းကို အဝေးကွင်းမှာ နောက်ကျ ဂိုးသွင်းခံရပြီး ရှုံးနိမ့်ခဲ့ပေမည့် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ သေချာသွားခဲ့တဲ့ ချယ်လ်ဆီး

နိုဝင်ဘာလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန် မနက်၂း၁၅ တွင် UEFA ချန်ပီယံလိဂ် အုပ်စု (E) ...ပွဲစဉ်ဖြစ်သည့် ဘေဆယ် အသင်းနှင့် ချယ်လ်ဆီး အသင်းတို့ အုပ်စု ပွဲစဉ် (၅) ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ပွဲအပြီးမှာ အိမ်ရှင် ဘေဆယ်အသင်းမှ ချယ်လ်ဆီးအသင်းကိုဆာလာ ၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထိုအနိုင်ရလဒ်ကြောင့် ဘေဆယ်အသင်းသည် (၁၆) သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် တစ်ခု ဖြစ်လာခဲ့ပါသည်။ ချယ်လ်ဆီးအသင်း အနေနဲ့ကတော့ တဘက်ပွဲစဉ်ဖြစ်သည့် ရှော်ကေး နှင့် စတူအာ ဘူခါရက်အသင်းတို့ ဂိုးမရှိ သရေပွဲဖြစ်ခဲ့တာကြောင့်၊ အုပ်စု ဒုတိယမှ ဘေဆယထက် (၁) မှတ် သာ နဲ့ ရှော်ကေးထက်လည်း (၂) မှတ်အသာ အခြေအနေဖြစ်လာခဲ့ပါသည်။ ထို့အပြင်နောက်ဆုံးပွဲစဉ်တွင် ဘေဆယ် အသင်း နှင့် ရှော်ကေးအသင်းတို့ တွေ့ဆုံကြမှာမို့ ပွဲစဉ် (၅)ပွဲအပြီးတွင် နောက်တစ်ဆင့်သို့ တက်ရောက်ရေးကြိမ်းသေ သွားခဲ့ခြင်း ဖြစ်ပါသည်။

ဘေဆယ်အသင်းသည် ယခုပွဲမှာ အိမ်ရှင်ဖြစ်တာနဲ့အညီ ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ပွဲစသည်ဆိုကတည်းက အကောင်းဆုံး ယှဉ်ပြိုင် တိုက်စစ်ဆင်ကစားခဲ့သည်ကို မြင်တွေ့ရပါသည်။ ပွဲချိန်အတွင်းမှာ ချယ်လ်ဆီးဂိုးသမား ပီတာချက်၏ အကောင်းဆုံး လက်စွမ်းပြနေမှုများကြောင့် ဂိုးစောစောမပေးခဲ့ရခြင်းက ချယ်လ်ဆီးအသင်းအတွက် ကံကောင်းခဲ့ ပါသည်။ သို့ပေမည့်လည်း ဘေဆယ်အသင်းအတွက် အရေးကြီးတဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၇) မိနစ်မှာ ကွင်းလယ်မှ ဖြတ်တင်ပေးသော ဘောလုံးကို တိုက်စစ်မှုး ဆာလာ ကနေပြီး အသာအယာထိန်းကာ ဂိုးရှေ့ ကို ဆွဲထုတ်လာပြီးပီတာချက်၏ ညာဘက်ထောင့်ဆီကို သေသပ်စွာ ကန်သွင်းနိုင်မှုနေ တဆင့် ရရှိခဲ့ပါသည်။ ပွဲအပြီးမှာ ဘေဆယ်အသင်းမှ ချယ်လ်ဆီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့် တွေ့ဆုံမှု (၂) ကြိမ်စလုံးမှာ အနိုင်ရခဲ့ပါသည်။ ထို့အပြင် ယနေ့ပွဲအတွက် အကောင်း ဆုံးကစားသူတစ်ယောက် ဖြစ်ခဲ့တဲ့ ဆာလာကလည်း ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံသည့် ပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါသည်။ ယနေ့ပွဲ နိုင်ပွဲသည် ဘေဆယ်အသင်းအတွက် ယခုနှစ် UEFA ချန်ပီယံလိဂ် ကန်ပြီးသည့် ပွဲစဉ်တွေမှည ပထမဦးဆုံး ဂိုးမပေးရသည့် ပွဲတစ်ပွဲ လည်းဖြစ်ခဲ့ပါသည်။ ထို့အပြင်လည်း ဘေဆယ်အသင်းအနေနဲ့ အင်္ဂလန်ကလပ်အသင်းများနှင့် (၈) ကြိမ်တိတိတွေ့ဆုံ ကစားခဲ့ရာတွင် တစ်ကြီမ်သာ ရှုံးနိမ့်ဖူးပြီး ကျန်တဲ့ပွဲများ ကတော့ နိုင်( ၃) ပွဲ၊ သရေ (၄) ပွဲဖြစ်ခဲ့ပါသည်။ ချန်ပီယံလိဂ် အုပ်စုနောက် ဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက အုပ်စုနောက်ဆုံး စတူအာ ဘူခါရက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရရှိပါကအုပ်စု ပထမဖြင့် (၁၆) သင်းရှုံးထွက်ကို တက်ရောက်နိုင်မည် ဖြစ်ပြီး၊ ဘေဆယ်အသင်းကတော့ နောက်ဆုံးပွဲအဖြစ် ရှော်ကေးကွင်းမှာ သွားရောက်ကစားရမည် ဖြစ်ပြီး သရေ တစ်မှတ် ယူနိုင်ပါက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်ပါတော့၏။

Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်

အမေရိကန် သန်းကြွယ်သူဌေးမလေးအဖြစ် စတင်လူသိများလာသော Reality TVစတားသည် (၂၀၀၁)ခုနှစ်က အဆိုပါ ဗီဒီယိုကို ချစ်သူဟောင်း ရစ်ခ်ဆာလမွန်နှင့် ရိုက်ကူးခဲ...့ခြင်း ဖြစ်သည်

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်
သူမ၏ မဖွယ်မရာ ဗီဒီယိုကို အင်တာနက်တွင် တရားမဝင် ရောင်းချနေသည့် ဆလိုဗေးနီးယား ဝက်ဘ်ဆိုက်တစ်ခုကို ပဲရစ်ဟီလ်တန်က တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။ အသက်(၃၂)နှစ်ရှိ ပဲရစ်သည် သူမ၏ နာမည်ကျော် 1 Night in Paris လိင်မှုဗီဒီယိုကို ရိုက်ကူးခဲ့ပြီးနောက် မူပိုင်ခွင့် ပြဿနာများနှင့် မကြာခဏ ကြုံခဲ့ရပြီး ဖြစ်သည်။ ParisHiltonPornVideos.comဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်တစ်ခုက ယင်းဗီဒီယိုကို ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး ပဲရစ်၏ ဥပဒေရေးရာ အဖွဲ့က တရားဝင် ကန့်ကွက်မှု ပြုလုပ်ထားပြီး ဖြစ်သည်။

ထို့အပြင် အဆိုပါဝက်ဘ်ဆိုက်ကို တရားရေးအရ ရင်ဆိုင်ရန်လည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း သတင်းများက ဆိုသည်။ အမေရိကန် သန်းကြွယ်သူဌေးမလေးအဖြစ် စတင်လူသိများလာသော Reality TVစတားသည် (၂၀၀၁)ခုနှစ်က အဆိုပါ ဗီဒီယိုကို ချစ်သူဟောင်း ရစ်ခ်ဆာလမွန်နှင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် သူမက အဆိုပါဗီဒီယိုကို တရားဝင် ခွင့်ပြုချက် မရှိဘဲ ရောင်းချနေသည့် ဝက်ဘ်ဆိုက်ကို ပိတ်ပစ်ရန်နှင့် ဝက်ဘ်ဆိုက်အမည်ကို သူမပိုင်အဖြစ် လွှဲပေးရန် တရားရုံးသို့ တောင်းဆိုထားကြောင်း သိရသည်။

ပဲရစ်၏ ဗီဒီယိုကို (၂၀၀၄)ခုနှစ်၊ ဇွန်လက Red Light District Video၏ တာဝန်ယူ ဖြန့်ချီခဲ့သည်။ အဆိုပါ ဗီဒီယိုကို အနီအောက် ရောင်ခြည်သုံး ညကြည့်ကင်မရာဖြင့် ရိုက်ယူထားပြီး ပဲရစ်၏ ဆဲလ်ဖုန်း မြည်လာချိန်တွင် အဆုံးသတ်သွားသည်ကို မှတ်တမ်းတင်ထားသည်။ (၆၂)မိနစ် ကြာမြင့်သည့် ဗီဒီယိုကို Vivid Entertainmentက မူပိုင်ခွင့် ဝယ်ယူထားခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

"အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ရုပ်တွေ အကြောင်း ပြောသူ ခိုင်သင်းကြည်"

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ... ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေး က အချစ် အပျော် ဇာတ်ကားလေး ဖြစ်ပါတယ်။

ခိုင်သင်းကြည် အနုပညာ အလုပ် စလုပ်ကတည်းက ပရိုဂျူဆာ ၊ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ကိုပဲ လက်ခံ ရိုက်ကူးခဲ့ တာဖြစ်ပြီး ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားလေးတွေ ပရိသတ်ဆီ မှာစွဲ ထင်ပြီး ကျန်ခဲ့တာက ပရိုဂျူဆာ၊ ဒါရိုက်တာတွေကြောင့် လို့ဆိုပါတယ်။

“အစ်မ ကတော့ ဇာတ်တွေကို ရိုက်တဲ့အခါမှာ ကိုယ်တိုင်တော့ မရွေး ချယ် ဖြစ်ပါဘူး။ ကိုယ့်ဆီလာတဲ့ ဇာတ်ကိုပဲ ရိုက်ဖြစ်တယ်။ ဒါ ရိုက်တာနဲ့ ပရိုဂျူဆာတွေ ကလည်း ကိုယ်နဲ့ လိုက်တဲ့ ဇာတ်တွေကို ပဲပေးတယ်။ အဲဒီအတွက် အဆင် လည်းပြေတယ်။ “ရက်ပါရွှေရိုး” တို့၊ “မော်ဒယ်ဗွေး တုတ်” ဇာတ်တွေ ဆိုလည်း ပရိုဂျူဆာကြောင့်ပဲ ရိုက်ဖြစ်တယ်။ ဇာတ်ကားလေး ကလည်း ပရိသတ် ကြိုက်ပြီး လက်ခံ သွားတော့ သူတို့ရဲ့အမြင်ကြောင့် လို့ပြောလို့ ရတယ်။ အစ်မကတော့ ကိုယ့်ကို လာပေး တဲ့ ဇာတ်ပေါ် မူတည်ပြီး အကောင်းဆုံး သရုပ်ဆောင် ဖြစ်တယ်။

မပုကျွတ် ကာရိုက်တာ မှာ သရုပ်ဆောင်ပြီး ရိုက်တဲ့ အခါ မှာလည်း ဦးစင်ရော်မောင်မောင် ရိုက်တဲ့ နိုင် ငံ တော် ကား လည်း ဖြစ်တယ်။ အဲဒီ အချိန်တုန်းက ဆိုရင် အစ်မက ရုပ်ရှင် ဗီဒီယိုတွေ လုံးဝ မရိုက်ဖြစ် သေးတဲ့ အချိန်မှာ ရိုက်ခွင့် ရလို့ ရိုက်ဖြစ်လိုက်တယ်။ အစ်မ အိမ်က လည်း အစ်မကို အပြင် ဇာတ်ကား တွေ ပေး မရိုက်သေးတော့ ဒီနိုင်ငံ တော် ဇာတ်ကား မှာ မပုကျွတ် ကာရိုက် တာလေး နဲ့စပြီး ရိုက်ဖြစ်သွားတယ်။ မထင်မှတ်ဘဲ ဇာတ်ကားလေး ကလည်း ပရိသတ် တော်တော် ကြိုက်သွား တယ်။ အစ်မ ကိုလည်း ပရိသတ်တွေ က ပိုပြီး သိသွားတယ်။ မပုကျွတ်က အစ်မနဲ့ လိုက်တဲ့ ပုံစံလေး လည်း ဖြစ် သွားတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျား မှာလည်း စွဲသွားတယ်။ မပုကျွတ် ဆို အခု အချိန်ထိ ပရိသတ်တွေဆီမှာ စွဲနေကြ သေးတယ် လို့ထင်တယ်။ အစ်မ အ တွက် မပုကျွတ် ကအမှတ်တရ ဇာတ်ရုပ် လို့ပြောလို့ရတယ်” လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
Popular Journal

ပထမဆုံးဇာတ်ကားမှာ အတတ်နိုင်ဆုံးကြိုးစားထားတယ်ဆိုတဲ့ နန်းခင်ဇေယျာ

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

သရုပ်ဆောင်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သည့် ဗီဒီယိုဇာတ်ကားတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း အတတ်နိုင်ဆုံး ကြိုးစားသရုပ်ဆောင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။

““အခက်အခဲက ကားလည်း တစ်ခါမှမရိုက်ဖူးဘူး။ ကင်မရာအယူအဆလည်း မသိဘူး။ ဒီကြားထဲမှာလည်း ကြော်ငြာပဲ ရိုက်ခဲ့တယ်။ ကြော်ငြာမှာကျတော့ သီချင်း Beat လေးအတိုင်း သွားရုံပဲ။ ဇာတ်ကားမှာကျတော့ ဒိုင်ယာလော့ခ်လည်း လိုတယ်။ မုဒ်တွေလည်း လိုတယ်။ ဒီကားမှာပါတဲ့ ကာရိုက်တာကအစ   ချိန်းပစ်လိုက်ရတာဆိုတော့ ကာရိုက်တာလုပ်ရတာ အခက်အခဲဖြစ်တယ်။ တိုင်းရင်းသူဆိုတော့ စကားပြောရတာ အခက်အခဲဖြစ်တယ်”” ဟု နန်းခင်ဇေယျာက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။
နိုဝင်ဘာလ ပထမပတ်တွင် စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရက် ၁၀ ရက် ကြာခဲ့ကာ အတူပါဝင်သရုပ်ဆောင်သည့် ခန့်စည်သူနှင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်တို့ကလည်း ကူညီပေးကြောင်း ၎င်းက ပြောသည်။ 
ပထမဆုံးရိုက်ကူးသည့် ဇာတ်ကားဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရိုက်ကူးရန် အကြံပေးသော်လည်း ၎င်းအနေဖြင့် ““အက်တိုးပစ်အပျိုစင်”” ဇာတ်လမ်းကို ကြိုက်ကာ ပရိသတ်များအတွက် မက်ဆေ့ခ်ျပေးနိုင်သောကြောင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
““ခုခေတ်လူငယ်တွေမှာ ဖြစ်နေကြတဲ့ တားဆေးစားတာတွေ၊ ကိုယ်ဝန်ဖျက်ချတာတွေ အဲဒါတွေအတွက် မက်ဆေ့ခ်ျပေးထားတဲ့ ဇာတ်လေးပါ”” ဟု နန်းခင်ဇေယျာက ပြောသည်။
ထပ်မံ၍ ၎င်းနှင့်လိုက်ဖက်သည့် ဇာတ်ကားများရှိလျှင် ပါဝင်ရိုက်ကူးရန် အစီအစဉ်ရှိပြီး လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာများ၊ ပြက္ခဒိန်များ ရိုက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

7day Daily

ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်သူ တရားခံအားဖမ်းမိ

ကျောက်တံခါး နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုရဲစခန်း အပိုင်တွင် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က ဂျို့ချောင်းလေး ကျေးရွာအုပ်စု ဂျို့ချောင်းလေးကျေးရွာ ဘိုင်းဒါးချောင်းအနီး သဖန်းဆိပ် လယ်ထဲတွင် ဝင်းဆန်း (၃၁ နှစ်) နှင့် လှမြင့်(ခ) ပေါက်ကြီး (၅၀ နှစ်) အုတ်ဖိုကျေးရွာ ဝိုင်းကြီးအုပ်စုနေသူတို့ စကားများ ရန်ဖြစ်...ကြပြီး လှမြင့်(ခ) ပေါက်ကြီးက ဝင်းဆန်းအား ကိုင်းခုတ်ဓားဖြင့် လည်ပင်းကို ခုတ်လိုက်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံး ခဲ့သဖြင့် လှမြင့်(ခ) ပေါက်ကြီးသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ထွက်ပြေး တိမ်းရှောင်သူ လှမြင့်(ခ) ပေါက်ကြီးအား အမြန်ဆုံးဖမ်းဆီး ရမိရေး အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းညွန့်၏ စီစဉ်ညွှန်ကြားမှုဖြင့် ဖဒိုရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်ဦး၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဇေယျာထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီက ကျောက်ကြီးမြို့နယ် မုန်းမြို့အနီး လယ်ထဲတွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

လူသတ်တရားခံအား အပူတပြင်း လိုက်လံ စုံစမ်းလျက်ရှိ

မန္တလေးမြို့၊ နိုဝင်ဘာ ၂၇

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အနောက်ရပ်ကွက် စိန်ပေါင်းရပ် အိမ်အမှတ် ၄၈၅ /၃ တွင် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ ခန့်က နှစ်လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနှစ်လောင်းပြိုင်လူသတ်မှုတွင် ကိုမြင့်သိန်း(ဘ)……သည် ဓါးဒဏ်ရာဖြင့် အဆိုပါအိမ်တွင်လဲကျသေဆုံးနေပြီး ကျန်းတစ်ဦးမှာ ပေတိုး(ခ) ဇော်ဇော်လတ် သည် ဓါးဒဏ်... ရာ(၁၀)ချက် ဖြင့် အိမ်အပြင်ဘက်တွင်လဲကျနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများ က ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။

ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အရ အခင်းဖြစ်ချိန်တွင် မသင်္ကာဖွယ်ရာ လူနှစ်ယောက် ဖြစ်၍ ဆိုင်ကယ်စီးလျက်ထွက်ခွာ သွားကြောင်းသိရသည်။ အဆိုပါ လူသတ်မှု ကျူးလွန်သူများကို သက်ဆိုင်ရာ ရဲစခန်းက အပူတပြင်း လိုက်လံ စုံစမ်းလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar


အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားနောင်နောင် လူမှုကွန်ရက်တွင်ဆဲဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ ...
တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝ မလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာ
ခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

ဘယ်သူရိုင်းရိုင်း၊ ကိုယ်ရိုင်းရန်မသင့်လျော်ကြောင်း သူများ အမှားမှ ကိုယ့်အမှားဖြစ်လိမ့်မည်ဟုလည်းကောင်း သည်းခံ နိုင်ရန် ကြိုးစား သင့်ကြောင်း လူမှုကွန်ရက်တွင် ကိုကျော်ဝင်း ထွန်းက ပြောထားသည်။

“နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငှဲ့ကွက်ပြီး သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင် လေးစား သောအားဖြင့် ဒီစာကို အချိန်မှီ ပြန်ဖျက်သင့်တယ်”ဟု ကိုထွန်းစိုးက မှတ်ချက်ပြုထားသည်။

ဖေ့ဘွတ်သုံးစွဲသူအများစုမှာ အကယ်ဒမီနောင်နောင်၏ Status နှင့်ပတ်သက်ပြီး အဟက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးလျက်ရှိသည်။

“အားလုံး ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကိုနောင်နောင် ဗုဒ္ဒဘာသာ မြန်မာလူမျိုးဆိုရင် ငရဲဆိုတဲ့ တန်ုပြန်သက်
ရောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကောင်းသတင်း သာ နှုတ်ဆိတ်နေရင်နေမယ် မကောင်းတာ ဆိုရင်တော့
အကိုလဲ သိမှာပါ ကျွန်တော်တို့တင် မဟုတ်ဘူး။ အားလုံး ဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အို.......
ပြောရင်းနဲ့ တောင် ကျက်သီးထလာပါတယ်ဗျာ။ တော်ပါပြီ ဒီပို့စ်က အကို ပရိတ်သတ် တစ်ယောက်ရဲ့ နောက်ဆုံး
ပို့စ်လို့ အကို သတ်မှတ်လိုက်ပါ”ဟု အမှတ်တရ အမည်ဖြင့် ဖေ့ဘွတ်သုံးစွဲသူ တစ်ဦးက ပြောဆိုထားသည်။

၎င်း၏ စာတကြောင်းကြောင့် မိဘဂုဏ် အမျိုးဂုဏ်နှင့် မန္တလေး၏ ဂုဏ်သိက္ခာကို မကျစေလိုကြောင်း ယဉ်ကျေး
တဲ့ မန္တလေးသား ဖြစ်စေလို ကြောင်း နောင်နောင်၏ လူမှု ကွန်ရက် မိတ်ဆွေ ဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

ထာဝရအလင်းတန်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ နောင်နောင်သည် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

မောင်မျိုး - People power

တာမွေဈေးမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း
အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မင်းဦး (ဘ)ဦးအုန်းဟန်၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသော CC/-----ပရိုဘောက်(ငွေမင်ရောင်)ယာဉ်သည် တာမွေဈေးမှတ် တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ အမည်မသိနေရပ်လိပ်စာ(စုံစမ်းဆဲ)၊ အသက် (၆၀)နှစ်ခန့်(ဗမာ) အမျိုးသားတစ်ဦးအား တိုက်မိသဖြင့် ယာဂျိုစောင်းစုတ်ပြဲ၊ နဖူးယာဘက်ပွန်း၊ ယာပါးပွန်း၊ ယာမျက်လုံးဖူးယောင်၊ ယာခြေခုံပွန်း(သတိမရ)ဒဏ်ရများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မဆင်မခြင်
မောင်းနှင်သူ မင်းဦးအား တာမွေမြို့မရဲစခန်းယာဉ် (ပ)၅၄/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ငါးအလွန်အကျွံ စားခြင်းက ကျန်းမာရေးအတွက် ကောင်းသလား

ငါးတွေကို အများကြီးစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာကို လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ငါးတွေမှာ ပုံမှန်တွေ့ရတဲ့ Omega 3 fatty acid ဟာ အများကြီးစားသုံးမယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံရနိုင်တယ်လို့ OSU’s College of Public Health and Human Sciences က တွဲဖက်ပါမောက္ခ Dr.Norman Hord နဲ့အဖွဲ့က လေ့လာ နိုင်ခဲ့ပါတယ်။

Omeg3 fatty Acid  ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း အလွန်အကျွံမှီဝဲမယ်ဆိုရင်တော့ ခုခံအားစနစ်ကို ပြောင်းလဲစေပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးဝင်မှုတွေကို ခုခံနိုင်မှုလျော့နည်းသွားတယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။

Dr.Norman Hord    က“အိုမီဂါသုံး အဆီဓာတ်စားသုံးမှုများခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို မိမိတို့လေ့လာနိုင်ခဲ့ပါတယ်။ တကယ်လို့ အလွန်အကျွံ စားသုံးလိုက်မယ်ဆိုရင် အရေးပါတဲ့ ဇီဝအမှတ်အသားတွေ ပျောက်ဆုံးသွားတာကို တွေ့ရှိခဲ့ရပါတယ်။ နောက်ပြီး ခုခံအားစနစ်ကို လျော့ပါးစေတာကြောင့်လည်း ကိုယ်ခန္ဓာက အဏုဇီဝပိုးမွှားတွေကို ပုံမှန်ထက်စာရင် တိုက်ခိုက်နိုင်စွမ်းနည်း သွားပါတယ်”လို့ရှင်းပြခဲ့ပါတယ်။

ယေဘုယျအားဖြင့် အိုမီဂါသုံး အဆီဓာတ်ကို ငါးကြီးဆီစားသုံးခြင်း ဖြစ်စေ၊ ငါးကွန်းရှပ်၊ ဆော်လမွန်ငါး၊ တူနာငါးစတာတွေကို စားသုံးခြင်းဖြစ်စေ ရရှိနိုင်ပေမယ့် ပမာဏအများကြီး စားသုံးမိတာမျိုးတော့ ရှားပါတယ်။ ဒါပေမယ့် ငါးတွေကို အလွန်အကျွံ စားသုံးတဲ့အပြင် တွဲဖက်ပြီး ငါးကြီးဆီကိုပါ စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်က လိုအပ်တာထက်ပိုနေတဲ့ အိုမီဂါ၃အဆီဓာတ်တွေ ဖြစ်လာပါတယ်။

အမေရိကန် နှလုံးရောဂါအစည်းအရုံးက ငါးတွေကိုစားသုံးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ အနည်းဆုံးတစ်ပတ်ကိုနှစ်ကြိမ်ခန့် စားသုံးဖို့ပဲဖြစ်ပါတယ်။ပမာဏများပြားတဲ့ high dose  ငါးကြီးဆီတွေကို စားသုံးခြင်း၊ တစ်နေ့ကို လေးကြိမ်မှ ငါးကြိမ် အိုမီဂါ၃ အဆီဓာတ်များပြား တဲ့ငါးတွေကို စားသုံးခြင်းကတော့ အထက်မှာဖော်ပြခဲ့သလို ခုခံအားစနစ်ကျဆင်းခြင်းကို ကြုံတွေ့ရနိုင် ပါတယ်။

သက်နှင်း
ref;ANI
Health Updates Journal No. 93

စွမ်းအင် ပြည့်ဝအာဟာရ ဖြစ်စေမည့် အစားအစာများ


(၁) ဘလက်ကော်ဖီ သောက်ပါ

ဘလက်ကော်ဖီဟာ ကယ်လိုရီမပါ ဝင်တဲ့  ကဖင်းဖြစ် တာကြောင့် အဆီကျ စေတဲ့အပြင် တစ်နေ့တာလုံးလန်းဆန်း စေပါတယ်။ ဒီအတိုင်းသောက်ရတာကို မနှစ်သက်ရင်တော့ ခရင်မ်တစ်မျိုးမျိုး ဒါမှမဟုတ် သကြားထည့်သောက်လို့ ရ ပါတယ်။

(၂) နံနက်စာကို ကြက်ဥဘဲ စားပါ

မနက်စာကို ပေါင်မုန့်တွေ၊ ကွေကာ အုတ်တွေ စားတာအပြင် တစ်နေ့တာလုံး စွမ်းအင်ပေးနိုင်တဲ့ ဥ အမျိုးမျိုးကိုလည်း စားရပါမယ်။ ကြက်ဥ ဒါမှမဟုတ် ဘဲဥ တစ်လုံးဟာ ကယ်လိုရီ ၇ဝ ယူနစ်နဲ့ အသားဓာတ် ၆ ဂရမ်ပါဝင်ပါတယ်။ ကြက်ဥ၊ ဘဲဥတွေဟာ ပုံစံမျိုးစုံလုပ်စားလို့ ရတဲ့အတွက် မငြီးမငွေ့စားနိုင်တဲ့ အစာ လည်းဖြစ်ပါတယ်။

(၃) ကျန်းမာရေးနှင့် ညီညွတ်သည့် အစာပြေစားပါ

အာလူးချောင်းကြော်တွေ၊ ဆီ ကြော်တွေ၊ အချိုများတဲ့မုန့်တွေကို အ ဆာပြေစာအဖြစ် စားမယ့်အစား သစ် သီး၊ ဟင်းသီးဟင်းရွက်၊ အခွံမာအစေ့အ ဆန်တွေနဲ့ ကစီဓာတ်ကြွယ်ဝတဲ့ သစ်ဥ သစ်ဖုတွေကို စားသင့်ပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ရန် မမေ့ပါနှင့်

 ကြွက်သားသန်မာချင်တာ၊ ကိုယ်အ လေးချိန်ကျချင်တာနဲ့ ကျန်းကျန်းမာမာ နေချင်ရင်တော့ လေကျင့်ခန်းလုပ်တာ ဟာ အကောင်းဆုံးပါပဲ။ အပြင်းအထန် မဟုတ်ရင်တောင် တစ်နေ့ကို မိနစ်နှစ် ဆယ်လောက် အချိန်ပေးပြီး လေ့ကျင့် ခန်းလုပ်ပေးတာဟာ ထူးခြားတဲ့အကျိုး ကျေးဇူးကိုရရှိစေမှာပါ။

(၅) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝတဲ့အခါ ကိုယ်ခန္ဓာရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါ စိတ်ပါဝင်စားမှုနည်းပြီး လန်းဆန်မှုမရှိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ် ရေးဝပြီး တတ်ကြွလန်းဆန်းအောင် မျှ တတဲ့အိပ်ချိန်ပေးသင့်ပါတယ်။

(၆) လက်ဖက်စိမ်းရည် သောက်ပါ

လက်ဖက်စိမ်းရည်ဟာ နှစ်ပေါင်း များစွာကတည်းက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အလေးချိန်ကျစေတဲ့နေရာ မှာ လူသိများပါတယ်။ အရိုးတွေကို အကျိုးပြုတဲ့အပြင် ဇီဝရုပ်ဖြစ်ပျက်မှုကို လည်းအားပေးပါတယ်။ အစာစားချင်စိတ် ကိုလည်း လျော့နည်းစေတာကြောင့် နေ့ တိုင်း ပုံမှန်တစ်ခွက် သောက်သင့်ပါတယ်။

(၇) လက်ဆတ်သော ဟင်းသီးဟင်းရွက် စားပါ

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ ဟာ တစ်နေ့ကို အနည်းဆုံး သုံးကြိမ်စား သင့်တဲ့ အစာတွေဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက ဆိုပါတယ်။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေ လိုအပ်တဲ့အာဟာရ ပြည့်ပြည့်ဝဝ ရ နိုင်သလို အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးတိုးနဲ့ ကင်ဆာရောဂါအမျိုး မျိုးကနေလည်း ကာကွယ်ပေးပါတယ်။

(၈) ကယ်လိုများသော ဖျော်ရည်များ ရှောင်ပါ

အချိုရည်တွေ၊ အရက်နဲ့အခြား သောက်စရာတွေကို သောက်တော့မယ် ဆိုရင် ကယ်လိုရီပါဝင်မှုနည်းတဲ့ အမျိုး အစားကို ရွေးချယ်သင့်ပါတယ်။ ဆော်ဒါ သောက်သုံးတာက အာဟာရဓာတ် ပြည့်ဝစွာရရှိမှုကို တားဆီးတဲ့အပြင် ကို ကာကိုလာ ဆယ့်နှစ်အောင်စပါဝင် ဘူး တစ်ဘူးဟာလည်းကယ်လိုရီ ၁၄ဝ ယူနစ် ရှိတာကြောင့် ဒါတွေကို သောက်တော့ မယ်ဆိုရင် သတိထားဖို့တော့ လိုပါတယ်။

(၉) စားသည့် အနပ်တိုင်း အသားဓာတ် ပါဝင်ပါစေ

အသားဓာတ်( ပရိုတင်းဓာတ်) ဟာ နေ့စဉ် လိုအပ်တဲ့ အစာအာဟာရ ဖြစ်တာ ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးပြီး စွမ်းအင်ရရှိစေပါတယ်။ အသားဓာတ် ဟာ ဗိုက်ပြည့်တင်းနေစေတဲ့အပြင် ကိုယ် လက်လုပ်ရှားမှုအတွက် အရေးပါတာ ကြောင့် စားတဲ့ထမင်းအနပ်တိုင်းမှာ အသားတစ်မျိုးမျိုးတော့ ပါဝင်သင့်ပါတယ်။ 

အိဖြူ (ဆေးဝါးတက္ကသိုလ်)

By Good Health

မျက်ခွံမို့ခြင်းနှင့် မျက်ကွင်းညိုခြင်းအတွက် သဘာဝကုထုံးများ

၁) လိပ်ခေါင်းလိမ်းဆေး
မော်ဒယ်များနှင့်ကပြဖျော်ဖြေသူများသည် မျက်ရစ်ဖောင်းခြင်း၊ မျက်ရစ်တွဲကျခြင်းများအတွက် လိပ်ခေါင်းလိမ်းဆေးကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ ထိုဆေးသည် ဖောင်းအိတွဲကျနေသည့် မျက်ရစ်၊မျက်ခွံများတင်းရင်းစေပြီး အရေးအကြောင်းများကိုပါ လျော့ကျစေသည်။ လိမ်းဆေး၏အနံ့ပြင်းလွန်းပါက moisturizer ကရင်မ်နှင့်အနည်းငယ်ရောစပ်ပြီး အသုံးပြုပါ။
(၂) လက်ဖက်ရည်ထုပ်
လက်ဖက်ရည်တွင် tannin ဓါတ်များပါဝင်ပြီး ရေဆွဲယူနိုင်သည့် အာနိသင်ရှိရာ အချိန်များများစား စားပေး၍ အလှပြင်ချိန်မရသူ မော်ဒယ်များ၊ သရုပ်ဆောင်များအသုံးပြုလေ့ရှိကြသည်။ စက္ကူပတ်နှင့်လာသော လက်ဖက်ရည်ထုပ်နှစ်ထုပ်ကို ရေနွေးပူထဲနှစ်၍ စိုစွတ်စေပြီး ရေခဲ သေတ္တာထဲချက်ချင်းထည့်၍ အအေးခံပါ။ ထို့နောက်မျက်လုံးတစ်ဖက်စီပေါ် လက်ဖက်ရည်ထုပ်တစ်ခုစီ တင်ပြီး ငါးမိနစ်ခန့်ထားပါ။
(၃) ထောပတ်သီး
ပင်ပန်းမှုကြောင့် မျက်ကွင်းညို ခြင်းဖြစ်ပေါ်သည့်အခါ ဂရုတစိုက်မပြုပြင်လျှင် အချို့ပုဂ္ဂိုလ်များ၌ နှစ်ပေါင်းများစွာတိုင် မျက်ကွင်းညိုနေ တတ်သည်။ ထောပတ်သီးမှည့်ကို ခပ်ပါးပါးလှီးပြီး မျက်ကွင်းညိုနေသည့်နေရာများ၌ ကပ်ထားပေးပါ။
(၄) ဇွန်း
သတ္တုဇွန်းနှစ်ဇွန်းကို ရေအေး အေးထဲထည့်၍ မိနစ်အနည်းငယ်ခန့် စိမ်ထားပါ။ ထို့နောက်လဲလျောင်း၍ ဇွန်း၏ခုံးနေသောအပိုင်းကို မျက်ခွံ ပေါ် စက္ကန့် (၃၀) မှ စက္ကန့် (၆၀)အထိ တင်ထားပါ။ သတ္တု၏အအေး ဓါတ်သည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို လန်းဆန်းစေနိုင် သည်။
(၅) သခွားသီး
မျက်လုံးတစ်ခုလုံးနီရဲမို့မောက်နေပါက သခွားသီးတစ်စိတ်စီကို မျက်လုံးပေါ်၌ မိနစ် (၃၀) ကြာတင် ပေးပါ။ သခွားသီး၏ အအေးဓါတ်နှင့် ရေဓါတ်ကြောင့်နီရဲနေသော မျက်လုံး များဖြူဝင်းလာစေသည်။

ဇော်ကို
Ref:RD
Health Updates Journal No. 93

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုးလတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော် ’ ဇာတ်ကားကို ကျော်ကျော်ဗို၊ သက်မွန်မြင့် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက ပဟေဠိ ဆန်ဆန် အချစ်ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။ အကြိုက်ဆုံး ဇာတ်ဆိုတာထက် ဇာတ်လမ်းတွေကိုလည်း မျှတအောင် အဓိက စဉ်းစားကြောင်း ပြောလာတဲ့နေတိုးက.

“တစ်နှစ် စာရိုက်ကူးမယ့် ပုံစံတွေက အချစ်၊ ဒရာမာတွေက များ လား၊ ဒါမှမဟုတ်ရင်လည်း ဟိုးအရင်တုန်း ကလို အက်ရှင် တွေပဲ ရိုက်ပေးရ မလား၊ မျိုးစုံတော့ ကျွန်တော်စဉ်းစားပြီး ချင့်ချိန်ရတာပေါ့။ အမြဲတမ်းတော့ အသစ် အဆန်းဖြစ် အောင်တော့ ကြိုးစားကြရတာပဲ။ ကျွန်တော်တို့ ဒီလောက မှာဖြတ် သန်းလာခဲ့ တဲ့ တစ်လျှောက်လုံးမှာ လည်း ဇာတ်လမ်း ပုံစံတွေလည်း များနေပြီ။ ဇာတ်အခြေအနေ အရ ပရိသတ်တွေ ကြိုက်နှစ် သက်မယ့်ပုံစံတွေ ဒီဟာမျိုးတွေ အဓိက ဦးစားပေး ရိုက် ကူးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဝါကျွတ်တဲ့ အခါမှာလည်း အနုပညာရှင် တချို့ရဲ့ မင်္ဂလာ သတင်းကို ကြားနေ ရပြီဖြစ်တဲ့ အတွက် နေတိုးက “ကျွန်တော့်သတင်းလည်း ကြား ရမှာပါ။ ဘဝမှာ လုပ်ရတဲ့ အရာတွေ အများကြီး ကျန်တယ်။ ချစ်ခြင်း တရား၊ ချစ်ခြင်းမေတ္တာဆို တာ လူတိုင်းမှာ ရှိတဲ့အရာပါ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာလည်း အချစ်နဲ့ပတ် သက်လို့ ခံစား မှု တွေ အများကြီးရှိပါတယ်။ အချစ်ဆိုတာ ရင်ခုန်ကြည်နူး စရာကောင်း တယ်လို့ပဲ ယူဆ ပါတယ်။ အိမ်ထောင်ရေး ဆိုတာ ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေး ပေါ့။ သာယာဖြောင့် ဖြူးပြီး အေးချမ်းတဲ့ အိမ်ထောင်ရေး၊ ဒီလိုမျိုး အိမ်ထောင်ရေး ဖြစ်ဖို့အတွက် အေးချမ်းသာယာဖို့ စိတ် ခံစားမှုတွေ တစ်ထပ်တည်းကျတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုပါတယ်” လို့ပြောပါတယ်။

By Popular News

ဒါရိုက်တာ ညီညီထွန်းလွင်က ဒီလိုမေးတော့ နေတိုးက ဒီလိုဖြေတယ်

ဒါရိုက်တာ ညီညီထွန်းလွင်က ဒီလိုမေးတော့ နေတိုးက ဒီလိုဖြေတယ်မေး - စိတ်ငြိမ်အောင် ဘယ်လိုလေ့ကျင့်ဖြစ်လဲ။ သွေးအေးအောင် ဘယ်လိုလေ့ကျင့် ဖြစ်လဲ။ ရုပ်ရှင်ရိုက်နေရင်း သရုပ်ဆောင်လုပ်နေရင်းနဲ့ပဲ သူက သူများကိုမိတ်ကပ်တွေ လိမ်းပေးလေ့ ရှိတယ်။ သူသွေးအေးအေးနဲ့ မြန်မြန်ဆန်ဆန် မိတ်ကပ်လိမ်းပေး တတ်တယ်။ ကိုယ်သာဆိုရင် ဒီလိုမျိုးလုပ်နိုင်မှာမ ဟုတ်ဘူး။ ဒါကြောင့် ဒီလိုမျိုး စိတ်ငြိမ်အောင် သွေးအေးအောင် ဘယ်လိုမျိုးလေ့ကျင့်သလဲ။ ဒါကမွေးရာပါ ဗီဇဆိုရင်တော့ ကံကောင်းတာပေါ့။

ဖြေ - အဓိက ကတော့ အရာဝတ္ထု တစ်ခု၊ လူတစ်ယောက်ရဲ့ စိတ်တည် ငြိမ်ဖို့ဆိုတာက တကယ်ကို ခဲယဉ်းတဲ့ အလုပ်တစ်ခုပါ။ ဘယ်လိုအနုပညာ ပဲဖန်တီးပါစေ။ စိတ်ဖိစီးမှုမရှိစေရဘူး။ စိတ်ကို relax လုပ်ထား ရတယ်။

ဥပမာ အနေနဲ့ ရွံ့ဆေးနဲ့ အရုပ်တစ်ခုဖြစ်အောင် လုပ်ရတာနဲ့ ကျောက်ဆောင်နဲ့ အရုပ်တစ်ခုဖြစ် အောင်လုပ်ရတာက အချိန်ကာလ ချင်းမတူညီပါဘူး။ အနုပညာကို ကိုင်တွယ်တဲ့ အခါမှာလည်း မြန်မြန် ပြီးတာချင်းလည်း မတူဘူး။

ကျွန်တော် အနုပညာတစ်ခုကို စတင်ဖန် တီးတော့မယ် ဆိုရင် အနူးညံ့ဆုံးဘ၀ တစ်ခုဖြစ်တည်ဖို့အတွက် စတင် စဉ်းစားတယ်။ နောက်ပြီးတော့မှ စိတ်ကို relax လုပ်ပြီးတော့ အနုပညာဆို တဲ့နာမည် အတိုင်း အနူးညံ့ဆုံးဖြစ် အောင်ဖန်တီးပါတယ်။ နူးညံ့တဲ့စိတ် နောက်မှာ တည်ငြိမ်မှု ဆိုတာရှိတယ်။ မတည်ငြိမ်ရင် နူးညံ့လို့မရဘူး။ ဦးညီမေးထား တာက တည်ငြိမ်မှုတစ်ခု ရအောင်ဘယ် လိုလေ့ကျင့် သလဲပေါ့။ အဓိက ကတော့ စိတ်တည်ငြိမ်ဖို့ ဆိုတာက သမာဓိရှိဖို့ လိုပါတယ်။

မိတ်ကပ်ကို ရုပ်ရှင်အရ အထူးစပါယ် ရှယ်လိမ်းပေးမယ် ဆိုရင်လည်း စိတ်ထဲမှာ အရင်ဆုံး လုပ်တယ်။ လိမ်းပေးမယ့် သူနဲ့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ကျွန်တော့် ကာရိုက် တာနဲ့ အဲဒီကြားထဲမှာ အာရုံထားတယ်။ ဒါကိုလုပ်ကို လုပ်ရမယ် ဆိုတဲ့ တည်ငြိမ်ဖို့ကဖြစ် လာတယ်။ အခါကြီးရက်ကြီးတွေမှာ မေမေတို့နဲ့ အတူ တရားစခန်းတွေ ၀င်တဲ့ အခါ ကျွန်တော်ဝါသနာပါတဲ့ စာတွေကို ဖတ်ရှုကြည့်မိတော့ သတိပဋ္ဌာန်တရားကို လေ့လာကြည့်တဲ့ အခါသတိကပ်ပြီးတော့ အမှားလည်းနည်းသွားတယ်။ ဆုံးဖြတ်ချက်လည်း မမှားနိုင်တော့ဘူး။ မိမိလုပ်နေတဲ့ အချိန်မှာ အမှားအမှန်ကို စိတ်ကဆုံးဖြတ်လာတယ်။ အဲဒီအချိန်မှာ သည်းခံနိုင်တဲ့စိတ်၊ မိမိလိုချင်တဲ့ ရည်ရွယ်ချက်ကို ရောက်အောင် ဖြစ်နိုင်လာတယ်။

အဲဒီအချိန်မှာ ပျော်ရွှင်မှုနဲ့ ပီတိကိုထပ်ပေါင်းပြီး ခွန်အားတွေထပ်ဖြစ်လာပါတယ်။ တချို့ ဇာတ်ကားတွေဆိုရင် ကျွန်တော် မပါပေမယ့် မိတ်ကပ် ရသလေးတစ်ခုလိုချင်တယ်ဆိုရင် ကျွန်တော် သွားလုပ်ပေးတယ်။ အနုပညာကိုချစ်တယ်။ ကိုယ်ဘာပဲလုပ်လုပ် ပရိသတ်ကို အကျိုးပြုစေနိုင်တဲ့အရာဖြစ်တဲ့ အတွက် ဘယ်လိုအနုပညာပဲဖန်တီးပါစေ။ အကျိုးပြုဖန်တီးတာကိုပဲ လုပ်ချင်တယ်။ ဘာရပါစေဆိုပြီး မမျှော်လင့်ပါဘူး။

8 DAYS A WEEK ENTERTAINMENT

သွေးတိုးရောဂါအား ကုသရာတွင် တရားဝင်လက်ခံထားသည့်ကုသနည်းသစ်

သိပံ္ပပညာရှင်များက သွေးတိုးရောဂါအား ကုသသည့်နည်းသစ် တစ်မျိုးအား တီထွင်ခဲ့ပြီး ယင်းနည်းသစ်မှာ သွေးတိုးရောဂါအား ကုသနိုင်ရုံမက သွေးတိုးရောဂါရှင်  သန်းပေါင်းများစွာ၏ ဘ၀နေထိုင်မှု အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်လေသည်။

သုံးနှစ်ကြာစမ်း သပ်ကုသမှုများ လုပ်ဆောင်ပြီးနောက် Monash University  မှ ဦးဆောင်လေ့လာခဲ့သည်။ ယင်းကုသနည်းအား သွေးတိုးရောဂါကုသရာတွင် တရားဝင်သုံးနိုင်မည့်ကုသနည်းအဖြစ် အသိအမှတ်ပြုခဲ့လေသည်။ ယင်းကုသနည်းသစ်အား Percutaneous renal sympathetic clernervation  ဟုခေါ်ပြီး အဓိပ္ပာယ်မှာ ကျောက်ကပ်တစ်ဝိုက်မှာ သွေးပေါင်ချိန်မြင့်တက်စေရန် ဦးနှောက်သို့ အချက်ပြမှုများပို့ဆောင်ပေးသည့် အာရုံကြောများအား  ဖျက်ဆီးပစ် သည့်နည်းပညာဟု အဓိပ္ပာယ်ရ သည်။

ယင်းနည်းအား ထုံဆေးဖြင့်သာလုပ်ဆောင်ရန်လိုအပ်ပြီး ဆီးပြန် (Catheter ) မှတစ်ဆင့် ရေဒီယို စွမ်းအင်ကြိမ်နှုန်းများအား လိုအပ်သောအာရုံကြောသို့ရောက်ရန်  ပို့ ဆောင်ပေးလေသည်။

ရလဒ်အားဖြင့် ကျောက်ကပ်သွေးကြောအား  ၀န်းရံထားသောအာရုံကြောများ ငြိမ် သက်သွားပြီး သွေးတိုးမှုကို သက်သာသွားစေလေသည်။


WHO   မှ ရလဒ်များအရ အသက် ၂၅နှစ် အထက် လူများ၏ ၄၀%ခန့်မှာ သွေးတိုးဖြစ်ပွားနေပြီး တစ်နှစ်လျှင် လူဦးရေ ၇.၅သန်းခန့် သွေးတိုး ရောဂါကြောင့် သေဆုံးလျက်ရှိကြောင်း သိရသည်။

ဖိုးသောကြာ
ref:Netdoctor.co.uk

Health Updates Journal No. 93


မုဒိမ်းကျင့်ရန်ကြံသူအား ဖမ်းဆီးအရေးယူထား

နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၅-၁၁-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နေ မxxxx (၁၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်းအိပ်ပျော်နေစဉ် အိမ်ခန်းခြင်းကပ်လျက်နေထိုင်သူ မင်းဇော်ထွေး(ခ)ဘေတာ(၂၈)နှစ်မှ ခြင်ထောင်အတွင်းသို့ဝင်ရောက်လာကာ မxxxx၏အပေါ်တက်၍ လက်တစ်ဖက်ဖြင့်ထမီကိုလှန်ပြီး ကျန်လက်တစ်ဖက်မှကိုင်ဆောင်ထားသောကတ်ကြေးဖြင့် လည်ပင်းအား ထောက်လျှက်“မအော်နဲ့”ဟုပြောစဉ် မxxxxမှအော်ခဲ့သောကြောင့် မိသားစုများလန့်နိုးလာပြီး မင်းဇော်ထွေး(ခ)ဘေတာမှာထွက်ပြေးသွားခဲ့သည်။

ထိုသို့ကတ်ကြေးဖြင့်ထောက်သဖြင့် မxxxxတွင် ၀ဲဘက်လည်ပင်းအရေပြား(၂)စင်တီမီတာခန့်ပွန်းခြစ် ဒဏ်ရာ(၁)ချက်ရရှိခဲ့သောကြောင့် ဘားအံပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဘားအံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မင်းဇော်ထွေး(ခ)ဘေတာအား လိုက်လံ ဖမ်းဆီးခဲ့ရာ ၀၅၃၀ အချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ရော်ဘာခြံ(၁)လမ်းအတွင်း၌ ဖမ်းဆီးမိခဲ့၍ ဘားအံမြို့မရဲစခန်း(ပ)၂၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၅၆/၃၂၄/၃၇၆/၅၁၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ဇနီးဖြစ်သူနှင့် စကားများရာမှ နေအိမ်အား မီးရှို့ပြီး မီးငြှိမ်းသူများအား ရန်ပြုသူကို ဖမ်းဆီးထား

နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၅-၁၁-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညှင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းကျေးရွာနေ အောင်ဆင့်(၅၀)နှစ်သည် ဇနီးဖြစ်သူနှင့်စကားများ ရန်ဖြစ်ရာမှ နေအိမ်မြောက်ဘက်ခြမ်းတွင် အဖီချဆောက်လုပ်ထားသည့် ၃ x ၃ ပင် မြေစိုက်၊ ၀ါးကပ်မိုး၊ ထရံကာမီးဖိုဆောင်အား ဂက်စ်မီးခြစ်ဖြင့်မီးရှို့ခဲ့ကြောင်း၊ ကျေးရွာသူ/သားများမှဝိုင်းဝန်းငြှိမ်းသတ်စဉ် အောင်ဆင့်မှ ရွာသားများအား ကျောက်ခဲ၊ ဓါး၊ လေးဂွတို့ဖြင့်ပစ်ခတ်သဖြင့် ကိုထွန်းလွင်(၅၀)နှစ်ပါ (၂)ဦးတွင် ယာလက်မပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကိုအောင်နိုင်(၃၀)နှစ်ပါ(၆)ဦးတွင် ရင်ဘတ်အောင့်ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်းပို့ဆောင်ခဲ့ပြီး ၁၇၅၀ အချိန်တွင်မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အောင်ဆင့်၏နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ်(၁၅၀၀၀ိ/-)ဆုံးရှုံးခဲ့ကြောင်းနှင့် လူ/ တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း၊ အောင်ဆင့်မှာ ကျေးရွာသူ/သားများ၏ပြန်လည်ခုခံမှုကြောင့် ဦးခေါင်းထိပ်၊ မေးစေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ မျက်နှာ၊ ၀ဲယာလက်နှင့်ခြေတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် မြိုင်မြို့နယ်ဆေးရုံသို့ပို့ဆောင်ကာ မြိုင်မြို့မရဲစခန်း(ပ)၁၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆/၃၂၆/၃၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ

၁၉၉၅ ခုနှစ်မှ စတင်၍ ၂၀၁၂ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၂ သန်း ၈ သိန်း ၅ သောင်းကျော်သာ ရှိခဲ့သော်လည်း ယနေ့အချိန်၌ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်သည် ၆.၂၈ သန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၁ သန်း ဝန်းကျင်သာ တိုးတက်လာခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အစိုးရသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို လစဉ်ပုံမှန်အရေအတွက် သတ်မှတ်၍ ရောင်းချပေးလာခဲ့သည့် နောက်ပိုင်းမိုဘိုင်းဖုန်း အသုံးပြုအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင် မိုဘိုင်းဖုန်း အရေအတွက် ၃ သိန်းခွဲကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တစ်လလျှင် မိုဘိုင်းဖုန်းအရေအတွက် ၁ သောင်းခန့်ကို တိုးမြှင့်ချထားပေးခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၈.၇ သန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁.၃၈ စုလျှင် မိုဘိုင်းဖုန်း ၁ လုံး ကိုင်ဆောင်ထားသည်ဟု သိရသည်။ အစိုးရအနေဖြင့် တန်ဖိုးနည်းဖုန်းလိုင်းများကို ဧပြီလမှစတင်၍ လိုင်းအရေအတွက် ၂.၄၈ သန်းကို ရောင်းချနိုင်ခဲ့ပြီးလာမည့် ၂၀၁၄ ခုနှစ်၊ ဧပြီလမတိုင်ခင်၌ တန်ဖိုးနည်းဖုန်းလိုင်း အနိမ့်ဆုံး ၈ သန်း ပြည့်မီအောင် ချထားပေးမည်ဟုသိရှိရသည်။ အလားတူ ၂၀၁၄ - ၂၀၁၅ ခုနှစ်၌ လိုင်းအင်အား ၁၈ သန်းကို တိုးချဲ့ချထားပေးမည်ြဖစ်သည့်အတွက် ၂၀၁၅ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသည် အခြေခံတည်ဆောက်ရေးများ လုပ်ကိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတောအတွင်း GSM မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်း ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးခဲ့သော်လည်း ရောင်းချရန်မျှော်မှန်းထားရှိသည့် အရေအတွက်အတိုင်း ပြည့်မီအောင် ရောင်းချနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ် ၁၅၀၀ ကျပ်တန်စီမံကိန်း၌ ရောင်းချသည့်အရေအတွက်ထက် ဝယ်ယူလိုသည့်အရေအတွက် ပိုမိုများပြားခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

Thadar Mariah @ သဒ္ဒါမာရီယာ - ဓာတ်ပုံရိုက်ရတာထက် Run Way ပေါ်မှာ Cat Walk လျှောက်ရတာပိုကြိုက်တယ်

Q. Face of Myanmar ပြိုင် ပွဲအတွက် သဒ္ဒါရဲ့ပြင်ဆင်မှုပြောပေး ပါ။
ဗ. သဒ္ဒါ Face of Myanmar ပြိုင်ပွဲကို မနှစ်ကတည်းက စိတ်ဝင်စားတာ။ အဲဒီတုန်းက ပြိုင်ပွဲဝင်တွေ ကိုရီးယားမှာ သွားပြိုင်တာတွေကြည့်ပြီး အားကျတယ်။ စိတ်ဝင်စားတာကြောင့် သဒ္ဒါဒီနှစ်မှာ ၀င်ပြိုင်ခဲ့တာ။ ပြိုင်ပွဲဝင်ဖို့အတွက် သဒ္ဒါ Cat Walk ပိုင်းကိုသေချာလေ့ကျင့်ခဲ့သလို Talent အတွက် အဆို အသံမှန်အောင်လေ့ကျင့်ခဲ့ရပါတယ်။

Q. Face of Myanmar ဖြစ် ခွင့်ရတဲ့ခံစားမှု
A. အရမ်းဝမ်းသာပါတယ်။ သဒ္ဒါဖြစ်ချင်တဲ့အတွက် သေချာ ဂရုစိုက်ပြီး ကြိုးစားခဲ့တယ်။ ခုလို Face of Myanmar ကြိုးစားတဲ့အတိုင်း ဘုရားကပေးတဲ့အတွက် ပျော်ရွှင်မှုက ပြောမပြတတ်အောင်ပါပဲ။

Q. ကိုရီးယားမှာ သွားပြိုင်ဖို့အတွက် ပြင်ဆင်မှုတွေကရော
A. သဒ္ဒါသေချာပြင်ဆင်သွားမှာပါ။ လူတိုင်းက Perfect ဆိုတာ မရှိပေမယ့် Be on perfect ဖြစ်ဖို့ body ပိုင်းရော Talent, catwalk သေချာပြင်ဆင်မှာပါ။ Skin care မကျန်ပေါ့။

Q. Talent အတွက်ဘာတွေ ပြင်ဆင်သွားမလဲ။
A. သဒ္ဒါသီချင်းကို ပိုအားသန်တဲ့အတွက် သီချင်းပဲပြင်ဆင်သွားမယ်။ သဒ္ဒါက အင်္ဂလိပ်ရှေးသီချင်းတွေကို ခေတ်သစ် Version နဲ့ဆိုတာသဘောကျတဲ့အတွက် အဲဒီလိုတွေဆိုဖြစ်ဖို့များပါတယ်။

Q. မော်ဒယ်သင်တန်းတက် ဖြစ်ရတဲ့ရည်ရွယ်ချက်
A. သဒ္ဒါက Professional Model တစ်ယောက်ဖြစ်ချင်တာ ကြောင့်ပါ။

Q. သဒ္ဒါပြိုင်ချင်တဲ့ စိတ်ဝင်စားတဲ့ပြိုင်ပွဲတွေရှိရင် ပြောပေးပါ။
A. လာမယ့် ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီမှာ International ပွဲတစ် ပွဲရှိမယ်လို့ကြားပါတယ်။ သေချာအ တိအကျမသိသေးဘူး။ သေချာရင် ၀င်ပြိုင်ဖြစ်ဖို့များပါတယ်။

Q. Miss Universe ပွဲ တွေအပေါ် သဒ္ဒါအမြင်က
A. Miss Universe ပွဲကို သဒ္ဒါတို့ မြန်မာနိုင်ငံအနေနဲ့ ၀င်ပြိုင်ခွင့်ရလာတာကောင်းပါတယ်။ မြန် မာကိုယ်စားပြုအနေနဲ့ သွားတဲ့သူ တွေကိုယ်စားဂုဏ်ယူပါတယ်။

Q. ဓာတ်ပုံရိုက်တာနဲ့ပတ်သက်လို့ ညီမလေးရဲ့ခံစားမှု
A. ဒီလို Cover ရိုက်ကူးမှုက သဒ္ဒါအတွက် ပထမဆုံးဖြစ်တော့ စိတ်လှုပ်ရှားတယ်။ အချိုးမကျတာ လေးတွေလည်းရှိတယ်လို့ ခံစားမိတယ်။

Q. သဒ္ဒါနောက်ထပ်လုပ်ဖြစ်မယ့် အနုပညာအလုပ်တွေရှိရင်ပြောပေးပါ။
A. သဒ္ဒါအနေနဲ့ခုမော်ဒယ်လုပ်တာကို အမြဲဆက်လုပ်ဖြစ်မှာပါ။ သဒ္ဒါက Modelling ကို အဓိက အားထားပြီးဝင်လာတာဆိုတော့ မရပ်ဘူး။ ရှေ့လျှောက် Model Showe တွေလျှောက်မယ်။ ပြီးတော့ သဒ္ဒါကအဆိုကိုဝါသနာပါတဲ့အတွက် သီချင်းဆိုဖို့လည်း ကြိုးစားဦးမှာပါ။ ပြီးတော့ ခုအိန်ဂျယ်လက်တကမ်း ရုပ်ရှင်လည်းရိုက်ဖို့ရှိပါတယ်။

Q. Cat Walk လျှောက်ရတာနဲ့ ဓာတ်ပုံရိုက်ရတာ ဘာကိုပိုနှစ်သက် လဲ။
A. Cat Walk လျှောက်ရ တာပိုနှစ်သက်တယ်။ Run Way ပေါ်မှာ လျှောက်နေရတဲ့ ခံစားမှုက ဘာနဲ့မှမတူဘူး။ အဲဒီအချိန်မှာ သဒ္ဒါ ဆာလောင်တာ၊ ခေါင်းကိုက်တာ တွေဘာမှမသိတော့ဘူး။ တစ်နေ ကုန်အလုပ်လုပ်လို့ဆာနေရင်တောင် Show လျှောက်နေရင် မေ့သွားတယ်။ Run Way မှာလျှောက်နေရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတယ်။ Show လျှောက်ရတာကို သဒ္ဒါ (၉)တန်းလောက်ကတည်းက စိတ်ဝင်စားတယ်။ ဖက်ရှင် TV တွေ ကြည့်ပြီးလုပ်ချင်တယ်။ အမေက သဘောမတူဘူး။ မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ပညာပဲသင်စေချင်တာပေါ့။ အမေ့ကိုလည်း နားလည်ပါတယ်။ အဲဒါကြောင့် ဆယ် တန်းအောင်ပြီးမှပဲ အမေ့ကို သဒ္ဒါ စာလည်းကြိုးစားမယ်။ ဒီ Model အလုပ်လည်းပေးလုပ်ပါဆိုပြီး ကတိ ပေးပြီးလုပ်ခဲ့တာ။ သဒ္ဒါက Catwalk လျှောက်တာကို သင်တန်းတက်ရုံတင်မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် အိမ်ကမှန်ရှေ့မှာ လျှောက်ကျင့်တာ။

Q. ညီမလေးရဲ့ Cat Walk Role Model ကရော
A. မြန်မာနိုင်ငံမှာတော့မသန္တာလှိုင်၊ ဆရာမမြရွှေဝါနဲ့ မအွန်ဆိုင်းတို့ကို သဘောကျတယ်။ သူတို့သုံးယောက်က Similar ဖြစ်တယ်။ Catwalk လျှောက်နေရတာကို သူတို့မှာ Confidence အပြည့်ရှိနေတယ်။ သူတို့ရဲ့ မျက်နှာ expression တွေ အရမ်းသဘောကျတယ်။ နိုင်ငံတကာကဆိုရင် Tyra Banks ကိုသဘောကျတယ်။ သဒ္ဒါကဓာတ် ပုံရိုက်တာထက် Pose ပေးရတာ အရမ်းနည်းတယ်။ Tyra Banks Run Way လျှောက်တဲ့ပုံစံ၊ မဂ္ဂဇင်း တွေမှာ သူ့ရဲ့ဓာတ်ပုံတွေကြည့်တဲ့ အခါ သူ့ Pose တွေက ဘယ်သူနဲ့ မှမတူဘူး။ သူ့ရဲ့ ရိုးရိုးလေး စတိုင်လ် တွေကိုသဘောကျပါတယ်။

8 DAYS A WEEK ENTERTAINMENT

နန်းဆုရတီစိုးက ကိုယ့်ခန္ဓာကိုယ်မှာ နှုတ်ခမ်းကို အကြိုက်ဆုံးပါတဲ့

ကိုယ့်ကိုယ်ကိုယ် အောင်မြင် လာတာ ဘာကြောင့်လို့ထင်လဲ
ပရိသတ်ရဲ့အားပေးမှုတွေရယ် နန်းဆုရဲ့ ကြိုးစားမှု၊ ဖန်တီးမှုတွေ၊ ကံ ညဏ် စန်း ၀ီရိယတွေကြောင့် အောင်မြင်မှုတစ်ခုကို ရရှိတယ်လို့ ထင်ပါတယ်။

ကိုယ့်ကို ပရိသတ်တွေက ဘာကြောင့် ကြိုက်တယ်လို့ထင်လဲ
နန်းဆုရဲ့ စေတနာကြောင့်ပါ။ နန်းဆုပရိသတ် အပေါ်မှာထားတဲ့ စေတနာ၊ မေတ္တာကြောင့် ရောင် ပြန်ဟပ်တယ်လို့ထင်ပါတယ်။ အဓိကကတော့ ပရိသတ်အပေါ်မှာ စေတနာထားပြီး အလုပ်လုပ်တဲ့အတွက် ပရိသတ်ရဲ့ အသိအမှတ်ပြုတာကို ခံရတယ်လို့ ထင်ပါတယ်။

ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ လှတယ် ဆိုပြီး ကိုယ်သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကဘာလဲ
နန်းဆုခန္ဓာကိုယ်မှာ နန်းဆု အကြိုက်ဆုံး အစိတ်အပိုင်းက နှုတ်ခမ်းပါ။ နန်းဆုရဲ့ နှုတ်ခမ်းကို အကြိုက်ဆုံးပါပဲ။

တစ်ယောက်တည်းရှိရင် အများဆုံးလုပ်တတ်တဲ့အမူအကျင့်က
တစ်ယောက်တည်းရှိနေရင် တော့ သီချင်းနားထောင်တယ်။ စာ အုပ်ဖတ်တယ်။ ဂိမ်းဆော့တယ်။ ဘု ရားရှိခိုး တရားထိုင်တယ်။ Beuaty Saloon သွားတယ်။ တစ်ခါတလေ သီချင်းဆိုပြီးကတယ်။

ရှူတင်မိတ်ကပ်လူးရတဲ့အခါ မှာရော သဘောကျလား
အလုပ်အတွက်လိမ်းရတာဆို တော့ ကြိုက်ပါတယ်။ ဒါပေမဲ့ နေ့ တိုင်းကြီး လိမ်းရရင်တော့ နည်း နည်းတော့ ငြီးငွေ့တာမျိုးတော့ရှိ တယ်။ အလုပ်အတွက်ဆိုတော့ လိမ်းရတာပေါ့။ မျက်နှာပြောင်နဲ့ ပိုနေချင်တယ်။

8 DAYS A WEEK ENTERTAINMENT

ကမာရွတ်မြို့နယ်အတွင်း၌ လှည့်လည်ခိုးယူနေသော တရားခံအားဖေါ်ထုတ်ရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၁၄.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်ခန့်တွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူ ပြည့်ဖြိုးအောင်(ခ)ပေါက်ကြီး (ဘ)ဦးတင်စိုး၊ နွယ်ခွေကျေးရွာအုပ်စု၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ် နေသူအားဖမ်းဆီးရမိပြီး ကမာရွတ်မြို့မရဲစခန်း(ပ)၃၃၄/၂၀၁၃၊ ပုဒ်မ ၃၈၀အမှုဖြင့် ရီမန်ယူစစ်ဆေး ခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၆.၁၁.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ မြနန္ဒာလမ်းရှိ အမျိုးသားအဆောင် အတွင်းမှ SAMSUNG GALAXY NOTE II အဖြူ/ခဲရောင် ဟန်းဆက်(၁)လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ ဇူလိုင်လရက်မမှတ်မိနေ့ ၀၃၀၀အချိန်ခန့်ကကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ထန်းတပင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ APPLE တံဆိပ်ပါ Mac Book Air ငွေရောင်လက်တော့ကွန်ပျူတာ (၂)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၂/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်းအမှုဖွင့် အရေးယူခဲ့ပါသည်။

၉.၄.၂၀၁၃ရက်နေ့ ၀၂၀၀အချိန်ခန့်၌ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ စေတနာသုခလမ်း၊ တိုက်အမှတ်(S/72) အခန်းအမှတ်(အေ/၂) တိုက်ခန်းအတွင်းမှ DELL အမျိုးအစား အနက်ရောင် လက်တော့
ကွန်ပျူတာ(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၃/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း၊၃၀.၁၀.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ စေတနာသုခလမ်းရှိ အမျိုးသမီး အဆောင်အတွင်းမှ SAMSUNG DOUS အမျိုးအစားအပြာရောင် ဟန်းဆက် (၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၄/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်းအမှုဖွင့်အရေးယူခဲ့ပါသည်။

၁၁.၁၁.၂၀၁၃ရက်နေ့ ၀၃၀၀အချိန် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ရတနာမြိုင်လမ်းရှိ အမျိုးသားအဆောင်အတွင်းမှ SAMSUNG အမျိုးအစားအနက်ရောင်ဟန်းဆက်(၁)လုံးအား ခိုးယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၅/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ ဇွန်လရက်မမှတ်မိနေ့ ၀၃၃၀အချိန်၌ ကမာရွတ်မြို့နယ်၊ (၃)ရက်ကွက်ရှိ အမျိုးသား အဆောင်အတွင်းမှ ASUSအမျိုးအစားအနီရောင်လက်တော့ (၁)လုံး၊ (၁)ရပ်ကွက်အတွင်းရှိ တိုက်ခန်းတစ်ခန်းအတွင်းမှ IBPC အမျိုးအစား အနက်ရောင်လက်တော့(၁)လုံးနှင့် ရတနာမြိုင်လမ်းရှိ အမျိုးသား အဆောင်အတွင်းမှပင် HUAWEI အမျိုးအစားအနက်ရောင် ဟန်းဆက်(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူခဲ့ပါသည်။

၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ရက်မမှတ်မိနေ့ ၀၃၀၀အချိန် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်ရှိ အမျိုးသမီးအဆောင်အတွင်းမှ SAMSUNG အမျိုးအစားအနက်/လိမ္မော်ရောင် ဟန်းဆက်(၁)လုံး၊
အောက်တိုဘာလအတွင်းက ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်ရှိ အမျိုးသားအဆောင် အတွင်းမှ SAMSUNG DOUS အမျိုးအစား အနက်ရောင် ဟန်းဆက်(၁)လုံးနှင့် နိုဝင်ဘာလအတွင်း ရက်မမှတ်မိ
နေ့ကပင် (၁)ရပ်ကွက်၊ ရတနာမြိုင်လမ်းရှိ အမျိုးသားအဆောင်အတွင်းမှ HUAWEI အမျိုးအစားဟန်းဆက်(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၇/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ရက်မမှတ်မိနေ့ ၀၂၀၀အချိန်ခန့်၌ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်အတွင်းရှိ တိုက်ခန်း တစ်ခန်းအတွင်းမှ Lenovoအမျိုးအစားလက်တော့ကွန်ပျူတာ(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရိုက်နှက်ကာ သိန်း ၃၀ကျော်တန် ရွေဆွဲကြိုး လုယက်မှု မန်းတွင်ဖြစ်ပွား

မန္တလေး၊ နိုဝင်ဘာ ၂၅

ဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်ကာ ကာလပေါက်ဈေးငွေကျပ် သိန်း ၃၀ကျော်တန်သော
ရွှေဆွဲကြိုး လုယက်မှု နိုဝင်ဘာ ၂၄ရက်နေ့ နံနက် ၅နာရီခွဲ အချိန်ခန့်ကမန်းတွင်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၄ရက်နေ့ မနက် ၅နာရီခွဲ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား ရပ်ကွက်တွင် ဒေါ်----သည် ခင်ပွန်းဖြစ်သူ ဦး-----နှင့်အတူ နေအိမ်ရှိခွေးများအား
လမ်းလျှောက်ထိန်းကျောင်းရာမှ နေအိမ်သို့ပြန်လာခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်--မှာ ခွေးများ အား နေအိမ်နောက်ဘက်ခွေးလှောင်အိမ်သို့ သွားထားစဉ် နေအိမ်ရှေ့မှ ခွေးဟောင်သံကြားရသဖြင့် ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ၏ဂျိုစောင်းတွင် ရိုက်နှက်ခံရသည့်ဒဏ်ရာ(စိုးရိမ်ရ)ရရှိ ထားကြောင်းနှင့် ၄င်း၏လည်ပင်းတွင်ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး(တန်ဖိုးငွေ ကျပ်သိန်း ၃၀ကျော်ခန့်)ပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် မန္တလေးဆေရုံကြီး သို့ပို့ဆောင်ကုသလျှက်ရှိသည်။

ရိုက်နှက်လုယက်သူအား နမစ (အမှတ်-၁)ပ ၂၀၄/၂၀၁၃ပြစ်မှုပုဒ်မ ၃၂၅/၃၈၆အရ အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းလျှက်ရှိကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရသည်။

Popular Myanmar News Journal

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်

‘အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့
အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာကိစ္စစီစဉ်နေ

မင်္ဂလာသတင်းကိုသက်မွန်ကအသိ မပေး ချင်သေးဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြော လိုက်၊ ဒီလူက တစ်မျိုးပြောလိုက်။ အဲဒီလို မျိုး အမျိုးမျိုးပြောခံရတာကို သက်မွန်က သဘော မကျဘူး။ သက်မွန်စိတ်ကူးထားတာက အားလုံး သေသချောချာ စီစဉ်ပြင်ဆင်ပြီးမှ ပရိသတ်တွေ ကို အသိပေးချင်တာပါ။ နောက်ပြီး ပရိသတ် တွေထင်လွဲသွား မှာလည်း ဆိုးတယ်။ အဲဒါနဲ့ ကိုယ်က အခုတော့ မင်္ဂလာကိစ္စကို စီစဉ်ဖြစ် နေပြီလို့ ပရိသတ်ကို ပြောပြချင်ပါ တယ်။ ကိုယ်တိုင်ပြောပြလို့ ပရိသတ် သိတယ် ဆိုတာမျိုးပဲ
ဖြစ်စေချင်တယ်။

အချစ်နဲ့အိမ်ထောင်တစ် ခုကိုတည်ဆောက်

အဓိက က တော့ အချစ်ပါ ပဲ။ ကိုယ်မချစ် ဘဲနဲ့လည်း အိမ်ထောင် တစ်ခုကိုတည် ဆောက်လို့ မရ ဘူးလို့  သက်မွန် ခံယူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူစိမ်းလူတစ်ေ ယာက်ကို နားလည်ပေးနိုင်ဖို့၊ ခွင့်လွတ်ပေးနိုင်ဖို့ဆို တာက ကိုယ်ကချစ်မှလည်း ဖြစ်လာမှာလေ။ ယုံကြည်မှုတွေ၊ သည်းခံမှုတွေဆိုတာလည်း ချစ်မှ နားလည်မှုတွေရှိနိုင် မယ်လို့ ယုံကြည် တယ်။ မိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်တဲ့ ယောက်ျားတစ် ယောက်က အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တဲ့အရည်အချင်း ရှိဖို့လည်း လိုတယ်လို့ တွေးတယ်။ ချစ်ပြီးမှ ဒါတွေကို စဉ်းစားပြီး ရွေးချယ်ဖြစ်တယ်။

ချစ်သူသက်တမ်း

ချစ်သူသက်တမ်းက နှစ်နှစ်ရှိ ပြီ။ ကိုယ် က ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ ကိုယ့်အပေါ်မှာ သူက တကယ်လည်းချစ်တယ်။ နားလည်ပေးနိုင်တယ်။ သည်းခံေ ပးနိုင် တယ်။ ကိုယ်နဲ့ကအသက်ကသိပ်မကွာဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအခေါ်ကရင့်ကျက်တယ်။ ကိုယ့်ထက်လည်းတွေးခေါ်နိုင်တယ်။ယောက်ျားလေးတစ်ယောက် အနေ နဲ့ အရည် အချင်းရှိတယ်။ ကိုယ့်ပေါ်မှာလည်း ညီမ တစ်ယောက်လိုမျိုး ညှာတာတယ်။ သူငယ် ချင်းတစ်ယောက်လိုမျိုးလည်းပေါင်းလို့ရတယ်။ တိုင်ပင်လို့ရတယ်။ ဘာပဲဖြစ်ြ ဖစ် ကံ ကောင်းတယ်လို့ ပြောရမှာပေါ့။တကယ် တမ်းဆိုသူက တအား သဝန်တိုတတ်တဲ့သူ။ ဒါပေမဲ့ ကိုယ် က မင်းသမီး တစ် ယောက် ဖြစ်တဲ့ အတွက် သူ့စိတ်ကို အကုန် လုံးလိုက်ပြီးတော့ လျှော့ပေးတယ်။ နားလည်ပေးနိုင်တယ်။ ကိုယ် ကို့ တန်ဖိုးထားတယ်။ နောက်ပြီးနှစ် ယောက် စလုံးက အတွေးအခေါ်ချင်းနီးစပ်တယ်။ ဘဝ ကို ဖြတ် သန်းချင်တဲ့ ပုံစံချင်းလည်း တူတယ် ဆိုတာ့လက်တွဲရတာစိတ်ချမ်းသာတယ်။ ကိုယ် က ဆယ်ကျော်သက်လည်း မဟုတ်တဲ့ အခါကျ တော့ ချစ်တာကတော့ အရင် ချစ်တယ်။ ချစ်တဲ့နောက်ပိုင်းမှာ ကိုယ်သူ့ကို လက်တွဲနိုင် မလားဆိုပြီး ဦးနှောက်က ပါလာတယ်။ ကိုယ့် ကိုလည်း နားလည်ပေးနိုင်တော့ လက်တွဲဖို့ကို ဆုံးဖြတ်ချက်ချလို့ရသွားတယ်။ သက်မွန်အိမ် ထောင်ပြုပြီးသွားရင်လည်း သူက ကိုယ် ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဘယ်အချိန် ထိ ဖြစ်ဖြစ်ပေးလုပ်ပါတယ်။ ဒါပေမဲ့ မလုပ် ချင်တော့ဘူးဆိုရင်လည်း ကိုယ့်သဘောပဲ။ သူ့ ဘက်ကတော့ တစ်ဖက် လူရဲ့ ဆန္ဒကို တား ချင်တဲ့ စိတ်မရှိဘူး။ ဘာလုပ်ချင်လဲ။ ကိုယ်လုပ် ချင်တဲ့ အပေါ်မှာ သူဖြည့်ဆည်းပံ့ပိုးပေး မယ်ဆိုတဲ့ စိတ်ပဲ သူ့မှာရှိပါတယ်။

မင်္ဂလာပွဲအစီအစဉ်

၂ဝ၁၄ခုနှစ်ထဲမှာတော့ မင်္ဂလာ ကိစ္စကို မှန်းထားတယ်။ ဒါပေမဲ့ နည်းနည်းကပ်သွား တော့လိုက်ပြီးစီစဉ်နေရတာတွေရှိနေတယ်။ အနီးကပ်ရင်တော့ပရိသတ်တွေကို အသိ ပေးမှာပါ။စီစဉ်လို့အဆင် ပြေရင် တော့ဖြစ်သွားမှာပေါ့။ ၂ဝ၁၄ ထဲမှာပဲ စီစဉ်ဖြစ်မှာပါ။

စိတ်ချမ်းသာမှုနဲ့အတူ  ဘဝတစ်ခု  တည်ဆောက်ချင်

အရပ်အမောင်း အနေနဲ့ လိုက်ဖက်မှု ရှိတယ်လို့ ပြောကြပါ တယ်။ အဓိကက တော့ စိတ်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေ တယ်ဆိုရင် တောင်မှ စိတ် ချင်းအဆင် မပြေရင်မဖြစ်ဘူးလေ။ ကိုယ့် အနေနဲ့ စိတ်မချမ်းသာတဲ့ အလုပ်မျိုးမလုပ်ချင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ အနု ပညာသမားတစ်ယောက်ဖြစ် တဲ့ အတွက် ခံစား လွယ်တယ်။ စိတ်ရော၊ လူရော ဒီအလုပ်ကို လုပ်ရတဲ့အချိန်မှာတအားပင်ပန်း နေပြီဆိုတော့ဘဝတစ်ခုတည် ဆောက်တဲ့အခါမှာ စိတ်ချမ်းချမ်း သာသာလေးပဲ နေချင်တော့ တယ်။

အိမ်ထောင်ဖက်ကို ရွေးချယ်

သူကအိမ်တွေဒီဇိုင်းဆွဲတဲ့ ဗိသုကာ၊ အိမ်ဆောက်တဲ့ အင်ဂျင်နီယာ တစ် ယောက်ပါ။ သက်မွန်တို့အိမ်ဆောက် မယ်ဆိုတော့ သူ့ဆီမှာအိမ်ဒီဇိုင်းတွေ သွား အပ်ရင်း နဲ့စပြီး တွေ့သွားတာပါ။ အစက တော့တအားခင်ဖြစ်တယ်။သူ့ကို အဖြေ ပေးဖို့စဉ်းစားတုန်းကအကြာကြီး တော့ မဟုတ်ပါဘူး။ သူပရိုပို့စ်လုပ် တော့ကိုယ်လည်း သူ့ကိုမြင် တဲ့ အချိန် ကတည်းကစိတ်ဝင်စားတယ်။  နှစ် ယောက်စလုံးက ကိုယ့်ဘဝကို ကိုယ် တည်ဆောက်ပြီး ရုန်းကန်လာရတဲ့ ဘဝသမားတွေဖြစ်တဲ့အတွက် တစ် ယောက်ကို
တစ်ယောက်နားလည်မှုတွေလည်း အများကြီးရှိပါတယ်။

လွင်လွင်ထွန်း - Popular Journal

BBC တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမား ဆန်ကာတင်စာရင်းထုတ်ပြန်လိုက်ပြီ

နာမည်ကြီးရုပ်သံဌာန BBC က နှစ်စဉ်ချီးမြှင့်နေကြဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမားဆုအတွက် ဆန်ကာတင်စာရင်းကို မနေ့ ကထုတ်ပြန်လိုက်ပါတယ်။ ငါးနှစ်ဆက်တိုက် ဆန်ကာတင်စာရင်းဝင်သူအဖြစ် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား Yaya Toure က မှတ်တမ်းတင်သွားပါတယ်။ချယ်လ်ဆီးအသင်းကနေ လီဗာပူးလ်အသင်းမှာ အဌားသွားရောက်ကစားနေတဲ့ Victor Moses ၊ ဘာကီနားဖာဆိုနိုင်ငံအသင်းရဲ့ တောင် ပံ က စားသမား Jonathan Pitroipa ၊ ဒေါ့မွန်အသင်း တိုက်စစ်မှူး ဂါဘွန်းနိုင်ငံကစားသမား Pierre-Emerick Aubameyang ၊ နိုင်ဂျီးရီးယားနိုင်ငံအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ရဲ့ ကွင်းလယ်ကစားသမား Obi Mikel တို့ ငါးဦးထဲက တစ်ဦးကို အာဖရိကဘောလုံးပရိတ်သတ်များက မဲပေးရွေးချယ်မှာဖြစ်ပြီး ဆုရရှိသူကို နိုဝင်ဘာ ၂၅ ရက်နေ့ မှာ ကြေငြာမှာပါ။အခုနှစ်အတွက် ဒီဆုကို ဘာကီးနားဖာဆိုကစားသမား Pitroipa ရရှိမယ်လို့ ရေပန်းစားလျက်ရှိပါတယ်။ မနှစ်က BBC တစ်နှစ်တာ အကောင်းဆုံးအာဖရိကဘောလုံးသမားဆု ရရှိသွားသူကတော့ ဇမ်ဘီးယားနိုင်ငံကစားသမား Christopher Katango ဖြစ်ပါတယ်။

Trend Myanmar

ချယ်လ်ဆီးက တိုက်စစ်အင်အားဖြည့်တင်းရန် ကစားသမားအချို့ ရောင်းထုတ်ရန် ပြင်ဆင်

ချယ်လ်ဆီးအသင်းသည် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်အင်အား ဖြည့်တင်းရန်အတွက် အသင်း၏ကစားသမားအချို့အား ရောင်းထုတ်သွားရန် ပြင်ဆင်နေကြောင်း Le10Sport သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် မိုနာကိုအသင်းမှ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုအား ခေါ်ယူလိုနေခြင်းဖြစ်ပြီး အသင်း၏ကွင်းလယ်ကစားသမား မာတာအား ရောင်းထုတ် လိုနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ဖယ်လ်ကာအို အားခေါ်ယူရန်အတွက် အသင်းမှ ပြောင်းရွှေ့ကြေးကို အပြည့်အ၀ထုတ်သုံးပါက ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းအရ အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည့်အတွက် ကွင်းလယ်လူ မာတာအား ပေါင်သန်း ၄၀ ဖြင့် ရောင်း ထုတ်လိုနေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အက်သလက် တီကိုတိုက်စစ်မှူးဟောင်း ဖယ်လ်ကာအိုအား ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော်လည်း မိုနာကိုအသင်းက ပြောင်းရွှေ့ ကြေး ပိုပေးပြီး ကြားဖြတ်ခေါ်ယူသွားခြင်း ကြောင့် လက်လွတ်ခဲ့ရသည်။ သို့သော် ချယ်လ်ဆီးအသင်း နည်းပြ မော်ရင်ဟိုအနေဖြင့် အားနည်းနေသော အသင်း၏ တိုက်စစ်နေရာအတွက် ဖယ်လ်ကာအိုအား ခေါ်ယူလိုနေပြီး လိုအပ်သော ပြောင်းရွှေ့ကြေးရရှိရန် အသင်းတွင် ပုံမှန်နေရာမရသည့် စပိန်ကွင်းလယ် ကစားသမား မာတာအား ရောင်းထုတ်လိုနေခြင်း ဖြစ်သည်။

မော်ရင်ဟိုသည် တောရက်စ် ခြေစွမ်းမပြနိုင်သည့် တိုက်စစ်နေရာတွင် ကင်မရွန်းတိုက်စစ်မှူး အီတူးအား ခေါ်ယူအားဖြည့်ခဲ့သော်လည်း တိုက်စစ် အင်အားမှာ ကျဆင်းနေသောကြောင့် လာမည့်အပြောင်းအရွှေ့ရာသီတွင် ထပ်မံ အားဖြည့်လိုနေခြင်းလည်း ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် မာတာသည် ယမန်နှစ်ရာသီက ချယ်လ်ဆီးအသင်းတွင် အဓိကနေရာမှ ပါဝင်ခြေစွမ်းပြ ကစား နိုင်ခဲ့သော်လည်းအသင်းသို့ မော်ရင်ဟို ရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်နေရာ ရရှိရန် ရုန်းကန်နေခဲ့ရပြီး ယခုနှစ်ရာသီတွင် ငါးပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားသည်။ မာတာ အနေဖြင့်လည်း အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် မရသည့်အတွက် လက်ရှိအနေအထားကို စိတ်ပျက်နေပြီး အသင်းနည်းပြမော်ရင်ဟိုနှင့် နည်းစနစ်ဒါရိုက်တာ အီမန်နာလိုတို့ကို တွေ့ဆုံကာ ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ တွေ့ဆုံစကားပြောလိုနေကြောင်း သိရသည်။

မာတာက ၎င်းအနေဖြင့် လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း နှင့်အတူ ပါဝင်ကစားလို ခြင်းကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမည့်အသင်းကို ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။

အောင်သုတ
Mizzima - News in Burmese

ဆိပ်ကမ်းသာလမ်းရှိ ကွန်ပြူတာအရောင်းဆိုင် တစ်ဆိုင် ကျပ်သိန်း ၆၀ ဖိုးခန့် ဖောက်ထွင်းခံရ

ရန်ကုန် နိုဝင်ဘာ ၂၅

ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း ( အလယ်ဘလောက် ) အမှတ် ၁၆၇ - ၁၇၅ ရှိ Eastern Computer Sale & Service ဆိုင်ကို နိုဝင်ဘာ ၂၄ ရက်နေ့ ည က ဖောက်ထွင်းခံရကြောင်း သိရသည်။

ဖောက်ထွင်းခံရမှုကြောင့် Sony ၊ Samsung ၊ Huawei အမျိုးအစား များဖြစ်သော ဖုန်းဟန်းဆက် များနှင့် ကွန်ပြူတာ များ စုစုပေါင်း ၁၉ လုံး ကာလ တန်ဖိုး ကျပ်သိန်း ၆၀ ကျော်ခန့် ရှိကြောင်း သိရသည်။

"ဆိုင်ကို ည ၇ နာရီ ပိတ်ပြီး ပြန်တာ မနက် ၉ နာရီဆိုင်ဖွင့်မှ သိတယ် ။Showcase ကိုမှန်ဖြတ်တဲ့ဟာနဲ့ ဖောက်ပြီးကောင်းတဲ့ ဟာတွေ ယူသွားတယ်" ဟု အရောင်းမန်နေဂျာ မဆွေဇင်အောင် မှ ပြောသည်။

အဆိုပါ ဆိုင်ဖောက်ထွင်းခံရမှု ကို ပန်းဘဲတန်း ရဲစခန်း သို့ တိုင်ကြားထားကြောင်း သိရသည်။

ဇေဝေယံ ၊ ဇော်မျိုးသူ

Popular Myanmar News Journal

ရုရှားက တော်လှန်သော Punk မိန်းကလေးများ၏ Pussy Riot

ဓာတ်ဆီဆိုင် တစ်ဆိုင်၏ ခေါင်မိုးပေါ်တွင် ဖြစ်သည်။ ရောင်စုံ မျက်နှာဖုံး ခေါင်းစွပ်များ စွပ်ထားသည့် မိန်းကလေး အုပ်စုတစ်စုက ဂီတတူရိယာများကို တပ်ဆင်လိုက်သည်။

အီလက်ထရို ဘေ့စ်သံများ စည်းချက်မြန်မြန် အသံထွက်လာပြီး ပေါက်ကွဲစွာ အာခေါင်ခြစ်အော် လိုက်သည့် ပန့်ခ်ဂီတသံက ဝုန်းဒိုင်းပေါက်ကွဲ ထွက်လာသည်။

စာသားများက ရုရှား၏ ရေနံ သယံဇာတဖြင့် အမြတ်ရနေသော လုပ်ငန်းရှင်ကြီးများကို ပြစ်တင် ပြောဆိုထားကြသည်။ ပန့်ခ်ဂီတ၏ ဆူညံ ပေါက်ကွဲမှုနှင့်အတူ အနီးအနား လူအုပ်က မထင်မှတ်သည့် ဂီတဖျော်ဖြေ တင်ဆက်မှုကို လာရောက် ကြည့်ရှုကြသည်။ သီဆို တီးခတ်သူ အဖွဲ့ဝင်များအားလုံး မိန်းကလေးများ ဖြစ်ကြသည်။

သူတို့က ရုရှားအာဏာရ အစိုးရကို ဂီတဖြင့် ဝေဖန် တိုက်ခိုက်ကြသည့် Pussy Riot ပန့်ခ်အဖွဲ့။ Riot ဆိုသည့် နာမည်နှင့် လိုက်အောင်ပင် စာသားတွေ ဖျော်ဖြေမှု ပုံစံတွေက အဓိကရုဏ်း တစ်ခုအလား ပေါက်ပေါက်ကွဲကွဲ။

Pussy Riot သည် ရုရှားနိုင်ငံ မြို့တော် မော်စကို အခြေစိုက် ပန့်ခ်ရော့ခ် အမျိုးသမီး ဂီတအဖွဲ့ ဖြစ်သည်။ အမျိုးသမီးများ အခွင့်အရေးကို ကျယ်ကျယ်လောင်လောင် ပြောဆိုကြသည်။ အစိုးရကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြသည်။

၂၀၁၁ ခုနှစ် သြဂုတ်လက တည်ထောင်ထားခြင်း ဖြစ်သည်။ အဖွဲ့ဝင်တွေကတော့ အပြောင်းအလဲတွေ ရှိခဲ့တာမို့ စုစုပေါင်း ၁၁ ယောက် ရှိသည်။ အသက် ၂၀ မှသည် ၃၃ နှစ်အထိ ပါသည်။

သူတို့ မည်သူမည်ဝါ ဆိုသည်ကို ယခင်က လုံးဝထုတ်ဖော်မပြော။ ရောင်စုံခေါင်းစွပ် မျက်နှာဖုံးများနှင့် အနုပညာ နာမည်များကိုသာ သုံး၍ အင်တာဗျူးများကို လက်ခံ ဖြေကြားကြသည်။

သူတို့၏ တင်ဆက်ပုံမျိုးက သာမန်စတိတ်ရှိုး တင်ဆက်ပုံများထက် ထူးခြားသည်။ ရုတ်တရက် မထင်မှတ်သော နေရာများတွင် ပေါ်ထွက် လာပြီး ဖျော်ဖြေကြကာ ထိုတင်ဆက်မှုများကို ဗီဒီယို မှတ်တမ်း တင်ထားပြီး ဂီတဗီဒီယို MTV များအဖြစ် ထွက်ပေါ်လာသည်။ အင်တာနက် အသုံးပြုသူများ အကြားလည်း နာမည်ရလာသည်။

သူတို့ စာသားတွေက အစိုးရ ပေါ်လစီများကို ဝေဖန်သည်။ အမျိုးသမီး အခွင့်အရေးကိစ္စ၊ ကျားမကိစ္စ၊ လိင်တူ ကိစ္စတွေကို ဆော်သြသည်။ ခေါင်းဆောင် ဗလာတီမာပူတင်ကို အာဏာရှင်အဖြစ် သရုပ်ဖော်သည်။

၂၀၁၂ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖြစ်သည်။ မော်စကို အော့သိုဒေါ့ ဘုရားရှိခိုး ကျောင်းကြီးတွင် Pussy Riot ငါးဦး စုဝေးပြီး ဖျော်ဖြေမှုတစ်ရပ် ပြုလုပ်ကြသည်။ ဘုရားကျောင်း လုံခြုံရေးများက လာပြီး တားဆီးကြသည်။ ညနေရောက်တော့ သူတို့ MTV ထွက်လာသည်။

Punk Prayer- Mother of God ပူတင်ကို မောင်းထုတ်ကြဆိုသည့် နာမည်ဖြင့် သီချင်းဖြစ်သည်။ ရုရှား အော်သိုဒေါ့ ခရစ်ယာန် ကျောင်းတော်က ပူတင်အစိုးရကို ထောက်ခံနေခြင်းအား ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ မတ်လ ၃ ရက်နေ့တွင် အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် နာဒက်ဇ်ဒါ တိုလိုကိုနီကိုဗာနှင့် မာရီယာ အယ်ယိုခီနာတို့ အဖမ်းခံရသည်။ ဆူပူလှုံ့ဆော် ညစ်နွမ်းစေမှု ဖြစ်သည်။ တတိယ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယီကက်ထရီနာ ဆာမက်စီဗစ်ခ်ျက မတ်လ ၁၆ ရက်နေ့တွင် အဖမ်းခံရသည်။ အာမခံမရဘဲ အချုပ်ခံထားရပြီးနောက် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသည်။

ကျန်အဖွဲ့ဝင် နှစ်ဦးကတော့ အဖမ်းခံရမည် စိုးသဖြင့် ရုရှားမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင်တော့ ဆာမက်စီဗစ်ခ်ျ၏ အယူခံကို လက်ခံလိုက်ပြီး ခံဝန်ချုပ်ဖြင့် ပြန်လွှတ် ပေးလိုက်သည်။

သူ့ကို အမိန့်ချထားမှုကိုတော့ ရွှေ့ဆိုင်း ပေးထားသည်။ ကျန်နှစ်ဦးကတော့ ထောင်သို့ ပို့ခံရကာ အကျဉ်းထောင်ချင်းလည်း မတူကြပေ။

အဖွဲ့ဝင်များ အဖမ်းခံရခြင်းသည် ပူတင်နှင့် အော့သိုဒေါ့ ဘုရားကျောင်းတို့က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု Pussy Riot က ဝေဖန်ထားသည်။

တရားရုံးက အဆိုပါ အနုပညာရှင်များအပေါ် စီရင်ချက်သည် နိုင်ငံရေးအရ အရောင်များ လွှမ်းလျက်ရှိ ပြီး ဥပဒေအရရော ကရုဏာ ညှာတာမှုနှင့်ပါ သွေဖည်နေသည်ဟု ရုရှား လူ့အခွင့်အရေး လှုပ်ရှားသူ ယူမီလာ အလက်ဇ်ဇီယီယာက ဝေဖန်ပြောဆိုခဲ့သည်။

ရုရှား အတိုက်အခံ အလက်ဇီနာဗယ်နီကတော့ Pussy Riot သည် ပြည်သူ့အတွက် အသေးအဖွဲ ပြစ်မှုလေးများကို ကျူးလွန်ကြသော အရူးမလေးများဟု သရုပ်ဖော် ပြောဆိုကြသည်။

ဥရောပသမဂ္ဂ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနများက ရုရှား တရားရုံးက ထိုအနုပညာရှင်များကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းမှာ မသင့်လျော်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
သမ္မတအိုဘားမား ကိုယ်တိုင်က အဆိုပါ ပြစ်ဒဏ် ချမှုကြောင့် စိတ်ပျက်မိတယ်လို့ ဝေဖန်ပြောဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာပူတင်၏ ဥရောပ ခရီးစဉ်များတွင်လည်း အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက Pussy Riot အမှုအခင်းအတွက် ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ကြသည်။

ရုရှား ပြည်တွင်းတွင်တော့ အမြင်အမျိုးမျိုး ကွဲလျက်ရှိသည်။ အများစုက Pussy Riot သည် ဘာသာရေးကို မထေမဲ့မြင် လုပ်ခဲ့ကြသည်ဟု မြင်ကြပြီး ဆူပူအောင် လှုံ့ဆော်သူများဟု ယူဆသူများလည်း ရှိကာ ပူတင်ကို မလိုလားသည့် တက်ကြွ လှုပ်ရှားသူများဟု မြင်သူများလည်း ရှိကြသည်။

အဖွဲ့ဝင်များ အချင်းချင်းတွင်လည်း အဖွဲ့ အမှတ်တံဆိပ်ဆိုင်ရာ ပြဿနာများ ကိုယ်စားပြုမှုဆိုင်ရာ ပြဿနာများ ရှိနေသည်ဟု နီးစပ်သူများက ပြောကြားကြသည်။

ရုရှားနိုင်ငံကဲ့သို့ ကွန်မြူနစ် ထိန်းချုပ်မှုအောက်တွင် နှစ်ပေါင်း များစွာ နေခဲ့ရပြီး ကိုယ်ပိုင် ဖန်တီးမှု လွတ်လပ်စွာ ပြုလုပ်ခွင့် ဆိတ်သုဉ်းခဲ့သည့် နေရာတွင် Pussy Riot ၏ လှုပ်ရှားမှုက အငြင်းပွားဖွယ်ရာ ဖြစ်နေသေးသည်။

နိုင်ငံတကာ အနုပညာရှင်များ အထူးသဖြင့် Punk အနုပညာရှင် များကတော့ Pussy Riot ကို အပြတ်အသတ် ထောက်ခံကြသည်။

တာဝန်ခံမှု အပြည့်ဖြင့် လွတ်လပ်စွာ အနုပညာ ဖန်တီးခြင်း၊ လွတ်လပ်စွာ ဝေဖန်ခြင်းတို့သည် ဒီမိုကရေစီ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်များသည် အာဏာနှင့် ထိန်းချုပ်မှုတို့ကို လိုလားသူတို့နှင့် အမြဲတမ်း ဆန့်ကျင် သွေဖည်နေမည် ဖြစ်သည်။

(သန့်ဇင်စိုး) The Voice Weekly

အယ်လ်ကိုဟောများတဲ့အလှကုန်တွေ မသုံးဘူးလို့ဆိုတဲ့ ဖွေးဖွေး

ဖြူစင်ဝင်းမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားပြီး ကြည့်လိုက်တာနဲ့ အသားအရေ ကောင်းခြင်းနဲ့ပြည့်စုံတယ်လို့ ခံစားရတဲ့ မင်းသမီးတွေထဲမှာ ဖွေးဖွေးလည်း တစ်ဦးအပါအ၀င်ပါပဲ။ သူနဲ့ တွေ့ဆုံတဲ့အချိန် အသားအရေပိုင်း ထိန်းသိမ်းမှုနဲ့ သူမသုံးတဲ့ အလှကုန်တွေအကြောင်း ခုလို မေးကြည့်ဖြစ်တဲ့အခါ ‘ဒီနှစ်ပိုင်းက နေအရမ်းပူလာတဲ့အတွက်ပိုပြီးတော့ ထိန်းသိမ်းရတယ်။ ခဏလေးနဲ့ နေလောင် လောင်သွားတယ်။ ဘယ်လောက်ပဲ UV ပါတဲ့ဟာတွေ လိမ်းလိမ်းလေ။ ဖွေးကတော့ ထီးဆောင်းပြီး နေကာမျက်မှန်တပ်တယ်။ Skin Care များများလိမ်းတယ် ။ ဖွေးလိမ်းတဲ့ဟာတွေကို ပြောရမယ်ဆိုရင် ဖွေးက မျိုးစုံသုံးတယ်။ တစ်ခါတစ်လေ Decleorသုံးတဲ့နေ့ရှိတယ်။ Loreal သုံးတဲ့နေ့ရှိတယ်။ Lancome သုံးတဲ့နေ့ရှိတယ်။ တစ်ရက်တစ်မျိုးစီ အစုံလျှောက်သုံးနေတာ။ ဒါပေမဲ့ ဖွေးက တစ်ခုရှိတာက အမွှေးနံ့ ပါတဲ့ဟာတွေနဲ့ဆို သိပ်မတည့်ဘူး။ အယ်လ်ကိုဟော များတဲ့ဟာတွေဆို သိပ်မတည့်ပါဘူး။ အဲ့ဒါမျိုးတွေကိုတော့ ရှောင်ပြီးဝယ်တယ်။’လို့ ဆိုပါတယ်။

Trend Myanmar

ဟီးနိုးကား လမ်းဘေး ထိုးကျပြီး တိုက်မိသဖြင့် ဈေးဆိုင် အဆောက် အအုံပျက်စီး

ဇီးကုန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ နယ် မြောက်ဘက်သုံးမိုင်အကွာရှိ ဝက်စာပိုးကျေးရွာအုပ်စု ညောင်ဇင် ရွာထိပ် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) အကြားတွင် နိုဝင်ဘာ ၂၂ ရက်ညနေ ၅ နာရီ ၄၅ မိနစ်က ပြည်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမြင့်(၂၈ နှစ်) သရက်တောလမ်း နတ်တလင်း မြို့နေသူ မောင်းနှင် လာသော၂ဂ/... ဟီးနိုးမော်တော်ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျသွားရာ ဇီးကုန်း မြို့နယ် ဝက်စာပိုးကျေးရွာအုပ်စု ညောင်ဇင် ရွာနေ ဈေးရောင်သူ ဦးအောင်သိန်း(၆၂ နှစ်)များရရှိသွား၍ ပြည်မြို့ ပြည်သူ့ ဆေးရုံးအတွင်းလူနာ အဖြစ်ပို့ထားပြီးဈေးဆိုင်အဆောက်အအုံမှာ လည်း ထိခိုက်ပျက် စီးခဲ့ သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဇီးကုန်းရဲစခန်းက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ