အလာ့ဂျစ်တွေက လူတွေရဲ့ ဦးနှောက်ကိုပြောင်းလဲစေ


ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ အလာ့ဂျစ်တွေဟာ မမျှော်လင့်ပဲ ဦးနှောက်ကို ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ သြစတြီးယားက သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ အလာ့ဂျစ်ဖြစ်နေတဲ့အချိန်မှာ ဦးနှောက်ဟာ Neurons တွေ ပိုမိုထုတ်လုပ်ရပြီး ဒီ တုံ့ပြန်မှုဟာ ဦးနှောက်ကို တစ်စုံတစ်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့သိရပါတယ်။
ဒီလိုဖြစ်ပေါ်မှုဟာ ရာသီအလိုက်ဖြစ်ပေါ်တတ်တဲ့ အလာ့ဂျစ်တွေကို ပိုမိုပြောင်းလဲသွားစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပေမယ့် ဒီတုန့်ပြန်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေရှိမရှိကိုတော့ မဖော်ထုတ်နိုင်သေးကြောင်း ဖော်ပြထားခဲ့ပါတယ်။ ဒီလိုတုန့်ပြန်မှု အလာ့ဂျစ်ဆိုတဲ့အထဲမှာ သာမန်ဖျားနာတာတွေ၊ ပတ်ဝန်းကျင်အလိုက်တုန့်ပြန်မှုတွေ၊ နှာချေတာတွေ ပါဝင်တာဖြစ်ပါတယ်။

“ဒါဟာလုံးဝမမျှော်လင့်ထားတဲ့ Hippocampus ထဲမှာ Microglia ကိုတွေ့ရှိခဲ့ရခြင်းပါ” လို့ သြစတြီးယားနိုင်ငံ Paracelsus ဆေးတက္ကသိုလ်ပါမောက္ခ Barbara Klein ကဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို Cellular Neuroscience ဂျာနယ်မှာဖော်ပြခဲ့တာပါ။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ