သင်သွားတိုက်ဖို့အကောင်းဆုံးအချိန်များ


သွားဆရာဝန်တွေဆီက ရထားတဲ့ အခြေခံအကြံဥာဏ်ကတော့ သွားကို တစ်နေ့နှစ်ခါတိုက်ရမယ်၊ သွားပွတ်ကြိုးပုံမှန်သုံးရမယ်နဲ့ ပါးလုပ်ကျင်းဆေးသုံးရမယ်ဆိုတာပါပဲ။ သွားတိုက်မယ်ဆိုရင်တော့ မနက်ပိုင်း သွားတိုက်တာကတော့ ပုံမှန်ပဲပေါ့။ ပြီးတော့ တချို့လူတွေဆိုရင် အစာစားပြီးတိုင်းကို သူတို့ရဲ့သွားတွေကို တိုက်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်အချိန်က သင့်တွက်သွားတိုက်ဖို့ အကောင်းဆုံးအချိန်လဲ?

တချို့ သွားဆရာဝန်တွေကတော့ သင့်အနေနဲ့ အစားအသောက်အနည်းငယ်၊ သောက်စရာ အနည်းငယ်တို့ကိုစားသောက်ပြီးရင် သွားမတိုက်ပဲ အချိန်ခေတ္တနေလို့ရပါတယ်တဲ့၊ အမြုပ်ပါတဲ့အချိုရည်တွေနဲ့ ဝိုင်တွေက သင့်သွားအပေါ်ယံကြွေလွှာကို မပျက်စီးစေလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန်သွားဆရာဝန်ကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Richard Marques ကတော့ "တစ်ရက်ကိုမနက်တစ်ခါ ညနေတစ်ခါ နှစ်ခါတိုက်ပေးခြင်းက သင့်သွားတွေအတွက် အကောင်းဆုံးပါပဲ" လို့ Independent ကို အကြံပေး ပြောကြားခဲ့ပါတယ်။

သူကဆက်လက်ပြီး "သင့်အနေနဲ့ အစားအသောက်တစ်ခုခုကို စားသောက်ပြီးတိုင်း အနည်းဆုံး မိနစ်သုံးဆယ်ခြားပြီး သွားတိုက်သင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် အစားအသောက်ထဲက အက်ဆစ်တွေက သင့်သွားမျက်နှာပြင်တွေကို ထိခိုက်နိုင်ပါတယ်။ အိပ်ရာမဝင်ခင်သွားတိုက်တာက တကယ်ကို အရေးကြီးပါတယ် ။ မဟုတ်ရင် သွားထဲက စားကြွင်းစားကျန်တွေက သွားတွေရဲ့မျက်နှာပြင်တွေကို တိုက်စားပြီး တစ်ညလုံး ယိုယွင်းပျက်စီးမှုတွေကိုဖြစ်ပေါ်စေနိုင်လို့ပါပဲ" လို့ဆိုပါတယ်။

ဒါကြောင့်သွားတွေကို မနက်တစ်ခါ ညအိပ်ရာဝင်ခါနီးတစ်ခါ မှန်မှန်တိုက်ပေးပြီး ဂရုစိုက် ထိန်းသိမ်းသင့်ပါတယ် ။ သင့်အိမ်ကကလေးငယ်တွေကိုလည်း အမြဲတမ်းသွားတိုက်တဲ့ အကျင့်လေးတွေရအောင် လေ့ကျင့်ပေးထားခြင်းက သူတို့ကို နောင်အခါမှာ သွားလှလှလေးတွေနဲ့ သွားကျန်းမာရေးအတွက်စိတ်မပူရအောင် ကြိုတင်ကာကွယ်သင့်ပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ