အနီရောင်ရှိတဲ့ အသားတွေ စားသုံးခြင်းဟာ အူမကြီး ကင်ဆာရောဂါ ဖြစ်စေနိုင်




သိပ္ပံပညာရှင်တွေဟာ အနီရောင်ရှိတဲ့ အသား တွေကိုစားသုံးခြင်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေများလာရခြင်း အကြောင်းအရင်းကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပြီလို့ ယုံကြည်နေကြပါတယ်။

အသားကင်များ နဲ့ အသားပြားများမှာ အနီရောင်သန်းနေအောင် သုတ်လိမ်းထားတဲ့ ဆိုးဆေးများကိုသာ အပြစ်တင်စရာရှိတယ်လို့ သိပ္ပံ ပညာရှင်တွေက ကြေညာလိုက်ပါတယ်။

ခန္ဓာကိုယ်တစ်လျှောက် အောက်စီဂျင် ကို ပို့ဆောင်ပေးတဲ့  သွေးနီဥ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Haem ကို အနီရောင်သန်းသော အသားများမှာပိုမိုတွေ့ရတတ်ပါတယ်။ ထို Haem မှာ သံဓါတ်ပါဝင်ပြီး အနီရောင် ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အမဲသား ၊ ၀က်သား ၊ ဆိတ်သား တို့မှာ အများဆုံးတွေ့ရတတ်တဲ့ အနီရောင် သန်းတဲ့ အသားတွေဟာ ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို လူသားတွေသိခဲ့ကြတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်း ကိုတော့ ဘယ်သူမှ သက်သေမပြနိုင်သေးပါဘူး။

နယ်သာလန်မှာရှိတဲ့ Utrecht တက္ကသိုလ်က သုတေသီတွေဟာ Haem နဲ့ အူမကြီး ကင်ဆာ ကြားက ဆက်စပ်မှု ကိုလေ့လာဖို့အတွက် ကြွက်တွေကို အနီရောင်သန်းတဲ့ အသားတွေ ကျွေးပြီးလေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှတော့ ကြွက်တွေဟာ သူတို့ အူလမ်းကြောင်းတစ်လျှောက်မှာ နာကျင်မှု တွေကို ခံစားခဲ့ကြရပါတယ်။

ဇီဝဗေဒ နည်းလမ်းများအရ အဖြေရှာကြည့်တဲ့အခါမှာတော့ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဘက်တီးရီးယားတွေဟာ Haem များကို ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် များအဖြစ် ပြောင်းလဲပေးလိုက်တာကို သုတေသီတွေကတွေ့ရှိသွားပါတယ်။ ဟိုင်ဒရိုဂျင်ဆာလ်ဖိုဒ် ဆိုတဲ့ ဓါတုဗေဒ ဟာ ကြက်ဥပုပ် လို အနံ့မျိုးရှိပြီး အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။

ထို ပျက်စီးမှု တွေကို ပြုပြင်နိုင်ဖို့အတွက် ဆဲလ်တွေဟာလျင်မြန်စွာ ပြန်လည်ရှင်သန်လာရပါတယ်။ ဒါပေမယ့်လည်း ထို ဆဲလ်တွေ လျင်မြန်စွာ ပြန်လည်ရှင်သန်မှုဟာ ကင်ဆာ အကျိတ် တွေကို ဖြစ်ပေါ်လာစေနိုင်တာပဲ ဖြစ်ပါတယ်။  အူမကြီးကင်ဆာရောဂါ ဟာ အဖြစ်အများဆုံး ကင်ဆာ တစ်မျိုးဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ တော့  အကြီးမားဆုံးသော ပြသနာ တစ်ခုဖြစ်နေခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ ၁၅ မိနစ်ကို တစ်ယောက်နှုန်းနဲ့ အူမကြီးကင်ဆာရောဂါ ကို ခံစားနေရပြီး တစ်နှစ်ကို လူ အယောက် ၄၀၀၀၀ ခန့်ဟာ နှစ်စဉ် အူမကြီးကင်ဆာရောဂါ ကို ရင်ဆိုင်နေရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

သံပုရာသီးအစွမ်း အံ့မခန်း


 သံပုရာသီးကို ဆေးအတွက် အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

*ခံတွင်း ကျန်းမာရေးအတွက်*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံ တင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရ ည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်းအတွက်*

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်းအတွက်*

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*

ငှက်ပျောသီးမှည့်တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါ တယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက် ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။
လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီး စိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံး ကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာ အောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင် သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေး ပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက် ခန့် ထည့်ပြီး အဲဒီ့ ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်း အထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုး မယ်ဆို ရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့် မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။

ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင် ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်း တို့ သုံးနိုင် ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင် တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေး ကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိ သာသာ ချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာ အောင်လုပ် ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှု ကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။

သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ် ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ် တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီ ထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …

------------------------------------------------------------------

၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူး သဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာ ရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။

၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အား နည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။

၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာ ခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်း နာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေး သော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်း စေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီ သသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက် ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော် ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။ ၁

၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်း ပေးပါက ဆီး ရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။ ( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး ) စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊

သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ပိန်နေသူများ ၀စေသည် ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်း လောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြား အနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာ တော့ဘူး၊

သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူး သဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာ အိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ် အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါ နည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက် နိုင်ပါဘူး၊ ၀နေသူကို ပိန်စေသည် ၀လွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည် သက်သက် သောက်တာ ကောင်းပါတယ်၊

အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာ ရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊

ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသ လောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း .. ရောက်လေရာတွင် သံပုရာ ဆောင် ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေ တော့…

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများအတွက် မိန်းခလေး ဘဲဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ် ဖြစ်... အလှ အပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေ သူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ဆေးနည်း လေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်း လေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေ လိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ... ဖေါ်စပ်နည်း သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး...

အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ... အသုံးပြုနည်း ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက် သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ...

ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ် လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ... မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စား ပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာဖြစ်ပါတယ်ခင်ဗျာ ။

Credit to Original Writer

သင့်အတွက်ကျန်းမာရေးစာမျက်နှာမှ ကူးယူဖော်ပြပါသည်။

ဆီးကျောက်တည်ခြင်း


ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ မနက်မိုး လင်းအိပ်ရာထချိန် ကနေ စပြီး နှစ်နာရီ သုံးနာရီ ခြား တစ်ခါ တစ်ဖန်ခွက်စီ သောက်ပေးရင်ဘာမှ အပန်းမကြီးဘဲ အကျိုး အများကြီးရနိုင်ပါတယ်။

ဆီးကျောက်တည်ရောဂါ ဖြစ်တဲ့သူတွေကို လေ့လာတဲ့အခါမှာ ရေသောက်တဲ့ အလေ့အထ နည်းတာတွေ့ရပါတယ်။ အထူးသဖြင့် နွေရာသီ လိုအခါမျိုး မှာ ချွေးထွက် များတဲ့အတွက် ရေပို သောက်သင့်ပါ တယ်။ ရေသောက် နည်းရင် ဆီးက နည်း လာပြီး ဖြစ်လာပါမယ်။ အဲဒီအခါမှာ ဆီး မှာ ပါဝင်နေ တဲ့ ပစ္စည်းတွေဖြစ်တဲ့ Calcium တို့ Oxalate လို Phosphate စသည့် သတ္တု ဓာတ် တွေဟာ ဆက်လက် ပျော်ဝင်နိုင်ခြင်း မရှိလို့ အနည်းကျလာပါမယ်။ အဲဒီ အနည်ကနေ တစ် ဆင့် တဖြည်းဖြည်း စုစည်းလာမယ်။ မာလာမယ်။ ပြီးတော့ ဆီးကျောက်အဖြစ် ပြောင်းသွားပါ မယ်။

ရိုးရိုးသောက်ရေဟာ များများသောက်ဖို့ အတွက် အကောင်းဆုံးဖြစ် ပါတယ်။ သောက် ရေဆိုတာ သောက်ရေသန့် ဖြစ်စေ၊ ကျိုချက်ထား တဲ့ရေဖြစ်စေကောင်းပါတယ်။

အချို့တောင်ပေါ်ဒေသတွေမှာ ရှိတဲ့ တွင်း ရေတွေမှာ Calcium လို့ခေါ်တဲ့ ထုံးဓာတ်တွေ အလွန် များပြားစွာ ပါတဲ့ အတွက် ဒီလိုရေမျိုးကို အစိမ်း မသောက်သင့်ပါဘူး။ ဒီရေကို ကျိုချက် လိုက်ရင် ပျော်ဝင်နေတဲ့ ထုံးဓာတ်တွေ ဟာ အောက်ကို အနည် ကျလာမှာ ဖြစ်ပါတယ်။ ဒါကို အအေး ခံ၊ ရေစစ်နဲ့ စစ်ပြီး သောက်ရင် ကောင်း ပါတယ်။ ဘယ်ဒေသ က ရေ မဆို အစိမ်းမသောက် ဘဲ ကျိုချက်သောက်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

နောက်တစ်ခုက ဖျော်ရည်တွေပါ။ သဘာဝ သစ်သီး ဖျော်ရည်တွေဖြစ်တဲ့ သံပရာရည်တို့၊ နာနတ်ရည်တို့၊ သင်္ဘောသီးဖျော်ရည်တို့၊ ဖရဲသီး ဖျော်ရည် တို့ဟာ အင်မတန် ကောင်းပါတယ်။ ပြောစရာရှိတာက ဒီဖျော် ရည်တွေသောက် ရင် သကြားမထည့်ဘဲ ဒီ အတိုင်းသောက်ရင် အကောင်း ဆုံးဖြစ်ပါတယ်။ အချိုကြိုက်လို့ ထည့် ချင်ရင်တောင် အတတ်နိုင် ဆုံး အနည်းဆုံးသာ ထည့်သင့် ပါတယ်။ သကြားများများစားရင် သွေး ချို၊ ဆီးချိုရောဂါဖြစ်နိုင်တဲ့အပြင် ဆီးကျောက်တည် ခြင်း ကိုပါ ဖြစ်စေနိုင် လို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သဘာဝနည်းနဲ့ မဟုတ်ဘဲ ပြုလုပ်ထားတဲ့ အချိုရည်တွေ ၊ အဲဒီ အချိုရည် အများစု ဟာ Refined Sugar လို့ခေါ် တဲ့ Glucose တို့ Sucrose တို့နဲ့ ရေဖျော်ထား တာဖြစ်ပြီး အရောင် အနံ့ကိုတော့ Chemical တွေနဲ့ ပြုလုပ်ထားလေ့ ရှိပါတယ်။ ဒီအချိုရည် တွေမှာ NaHCO3 (ဆိုဒီယမ် ဘိုင် ကာဗွန်နိတ်) လို့ခေါ်တဲ့ ဆိုဒါတွေပါမယ်။ ကြာကြာခံအောင် Preservative တွေထည့်ထားမယ်။ အဆိုးဆုံးက Phosphoric Acid တွေ ဖြစ်ပြီး ဒါတွေ အားလုံးဟာ ဆီးကျောက်တည်ခြင်း ကို အားပေးပါတယ်။ အချိုရည်သောက်တိုင်း သောက်တိုင်း ဆီးထဲမှာ ပါတဲ့ Calcium တွေ Oxalate တွေ စွန့်ထုတ်မှုများ လာတဲ့အတွက် ဆီးကျောက် တည်ဖို့ အခွင့် အလမ်းများပါတယ်။ ဒါ့ကြောင့် ဆီးကျောက် မတည်စေ ချင်ရင်တော့ အချိုရည်တွေကို တစ်ခါ တစ်ရံမှသာ သောက်သင့် ပါတယ်။ တတ်နိုင်သမျှ ရှောင်ကြဉ်နိုင်ရင် ဆီးကျောက်တည်ရောဂါ သာမ က ဆီးချိုရောဂါကိုပါ ကာကွယ်ရာရောက်ပါ တယ်။

ကော်ဖီတို့၊ လက်ဖက်ရည်တို့ကိုလည်း များ များမသောက်သင့်ပါဘူး။ တစ်နေ့ သုံးခွက် ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီက ပိုဆိုးပါ တယ်။ ကော်ဖီမှုန့် ဆိုတာ ကော်ဖီအစေ့ကို တိုက်ရိုက် အမှုန့်ကြိတ် ထား တာ ဖြစ်ပါတယ်။ ကော်ဖီစေ့ကို ဓာတ်ခွဲကြည့်ရင် Purine alkaloid တွေများ စွာ ပါဝင်ပါတယ်။ Purine အုပ်စုမှာပါတဲ့ Caffeine ဓာတ်ဟာ အနည်း ငယ်သောက်ရင် ဥပမာ တစ် ခွက်နှစ်ခွက်သောက်ရင် စိတ်ကိုကြည်လင် လန်းဆန်းတက်ကြွစေတော့ ကောင်းပါတယ်။ ဒါပေမဲ့ များများသောက်ခဲ့ရင် Caffeine ဓာတ် ဟာ ဆီး ကျောက်တည်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် ပညာရှင် အများစုက တစ်နေ့သုံးခွက် အထိပဲ သောက်သင့် တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်လည်း အလားတူပါပဲ။

ကွမ်းယာနဲ့ ပတ်သက်လို့ ကွမ်းယာထဲမှာ ပါတဲ့ ထုံးတွေဟာ Inorganic Calcium တွေ ဖြစ်လို့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ ကွမ်းယာ စားခြင်းဟာ လူကို ဘယ်လိုမှ အကျိုးမပြု နိုင်ပါဘူး။ ပါလာတဲ့ Calcium တွေ ဟာ ဆီး ကျောက်တည်ဖို့အတွက် အလွန်ပဲ အားပေးပါ တယ်။ မြန်မာနိုင်ငံမှာ ဆီးကျောက်တည်သူ အများစုဟာ ကွမ်းယာစားတဲ့ ဓလေ့ရှိကြောင်း တွေ့ ရပါတယ်။

အသားစားခြင်းနဲ့ ပတ်သက်လို့ ပြောရရင် အသားများများစားတဲ့ သူတွေမှာ ဆီးကျောက် တည်ရောဂါပိုဖြစ်လေ့ရှိပါတယ်။ အသားတွေရော၊ ဝမ်းတွင်း ကလီစာတွေဟာ ဆီးကျောက်တည်ခြင်း ကို အားပေးပါတယ်။ တော်ရုံသင့်ရုံ စားရုံနဲ့တော့ ပြဿနာ မရှိပါဘူး။ အလွန် အကျူးစားမှသာ ဖြစ် နိုင် တာဖြစ်ပါတယ်။ ပိုကောင်းတာကတော့ အသားငါးတွေ စားတိုင်း ဟင်းသီး ဟင်း ရွက်တွေနဲ့ တွဲစားရင်ပိုပြီးကောင်းပါတယ်။ အန္တရာယ်ကင်း ပြီး ဆီးကျောက် လည်းမတည်နိုင်တော့ဘူးပေါ့။

ဟင်းသီးဟင်းရွက်ပဲစားတဲ့ Vegetarian တွေဟာ ဆီးကျောက်တည်ရော ဂါဖြစ်ပွားလေ့ မရှိတာကို လေ့လာသိရှိရပါတယ်။ ဘာကြောင့် လဲဆိုတော့ ဟင်းသီးဟင်းရွက်ထဲမှာ ဆီးကျောက် မတည်အောင် ဟန့်တားပေးနိုင်တဲ့ သဘာဝ ဓာတ် ပစ္စည်းတွေ များစွာ ပါဝင်နေလို့ ဖြစ်ပါတယ်။ ဟင်းရွက်တွေ စိမ်းနေတာ Chlorophyll (ကလိုရို ဖီးလ်)ကြောင့် ဆိုတာ လူတိုင်း သိပြီး ဖြစ်ပါတယ်။ Chlorophyll ရဲ့ Molecular Structure ကို ကြည့်ရင် အလယ်မှာ Magnesium ပါဝင်ပါတယ်။ ဟင်းရွက်စိမ်းတွေ စားရင် Magnesium တွေ ရပါတယ်။ ဒီ Magnesium တွေဟာ Calcium တွေကို အူကနေ စုပ်ယူမှု ကိုရော ကျောက်ကပ် ကနေ စွန့်ထုတ် မှုကိုပါ ထိန်းချုပ်ပေးပါတယ်။ ဆိုလိုတာကတော့ Mg ++ တွေလုံလောက်အောင် ရှိရင် Ca ++ ဆီးထဲမှာ အနည်မကျနိုင်ပါဘူး။ အဲဒါကြောင့် ဟင်းသီး ဟင်းရွက်စိမ်းတွေဟာ ဆီး ကျောက်တည်ခြင်းကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းရှိပါတယ်။

ဒါ့အပြင် ပါဝင်တဲ့ Fibre တွေဟာ အူကနေ မလိုအပ်တဲ့ ပစ္စည်းတွေ စုပ်ယူမှု မရှိအောင် ဟန့် တားပေးတဲ့ အတွက် ဆီးကျောက် မတည်အောင် ကာကွယ်ပေးပြန် ပါတယ်။ ဒါကြောင့် Fibre လို့ ခေါ်တဲ့ အမျှင်ပါတဲ့ အစား အစာတွေ များ များစားခြင်းဟာ ဆီးကျောက်တည်ရောဂါကို ကာကွယ်နိုင်ရုံ မျှမက ဆီးချိုရောဂါ၊ အူကင်ဆာ ရောဂါကာကွယ်ရေး အထိပါ ထိရောက်မှုရှိပါ တယ်။

ဒါတင်မကပါဘူး။ ဟင်းသီးဟင်းရွက်မှာ ပါတဲ့ Vitamin (ဗီတာမင်) အချို့ဟာ လည်း ဆီးကျောက်မတည်အောင် ကာကွယ်ပေး ပါသေး တယ်။

ဥပမာ - Vitamin K ဆိုရင် ဆီးထဲမှာ Colloid လို့ခေါ်တဲ့ Glycoprotein တွေ တည် ဆောက်ရာမှာ အဓိက လိုအပ်ပါတယ်။ ဒီ Colloid တွေဟာ ဆီးအနည်မကျအောင် သတ္တုဓာတ်တွေကို အရည်ဘဝမှာ ရှိအောင် ဖျော်ပေးနိုင် တာကြောင့် ဖြစ်ပြီးသား ဆီးကျောက်တွေတောင် ပြန်ပျော် အောင် လုပ်နိုင်စွမ်းရှိပါတယ်။

အခြား ဗီတာမင်တွေအနေနဲ့ Vitamin B6၊ Vitamin A နဲ့ Vitamin C တို့ဟာလည်း ဆီး ကျောက်တည်ခြင်းကို ဟန့်တားပေး ပါသေးတယ်။ Vitamin B6 ကိုတော့ ဂျုံ၊ ပြောင်း၊ အသည်းနဲ့ Yeast ပါဝင်တဲ့ အစားအစာတွေကနေ ရနိုင်ပါ တယ်။

Vitamin B6 (ဗီတာမင်ဘီစစ်) ဟာ Magnesium (Mg++) ရဲ့ လုပ်ငန်းဆောင် တာ တွေကို ကောင်းအောင် လုပ်ပေးပါတယ်။ ပြီး တော့ Vitamin B6 ဟာ ဆီးထဲမှာ Calcium oxalate စွန့်ထုတ်မှု ကို လျော့ နည်းစေတဲ့ အတွက် ဆီးကျောက် မတည်အောင် ကာကွယ်ပေးပါ တယ်။

Vitamin A (ဗီတာမင်အေ) အနေနဲ့ ကတော့ သဘာဝမှာ B-Carotene (ဘီတာကရိုတင်း) အနေနဲ့ ရနိုင်ပါတယ်။ အဝါရောင် ရှိတဲ့ အသီး အနှံ တွေ ဖြစ် တဲ့ သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥဝါ တွေကနေ ပေါ များစွာ ရနိုင်ပါတယ်။ B-Carotene ကိုစားရင် ခန္ဓာကိုယ်ထဲမှာ Vitamin A အဖြစ် ပြောင်းလဲပါတယ်။ Vitamin A ချို့တဲ့ရင် ဆီးလမ်း ကြောင်းမှာရှိတဲ့ ဆဲလ် Cell လေးတွေဟာ ပျက် စီးပြီး ကွာကွာ ကျတတ်ပါတယ်။ ဒီဆဲလ်လေး တွေပေါ်မှာ ကျောက်တည်လေ့ ရှိတာမို့ Vitamin A မချို့တဲ့ ရလေအောင် B-Carotene ပါတဲ့ အဝါ ရောင် အသီးအနှံတွေကို မကြာခဏ စားပေးသင့် ပါတယ်။

Vitamin C (ဗီတာမင် စီ)လို့ ခေါ်တဲ့ အချဉ် ဓာတ်ဟာလည်း ပုံမှန် စားသောက် ရင် ဆီးထဲမှာ ရှိတဲ့ Ca++ (ကယ်လ်ဆီယမ်) တွေ PO4++ (ဖော့စဖိတ်)တွေကို ပျော်ဝင်စေနိုင်လို့ ဆီး ကျောက်မတည်အောင် ကာကွယ်ပေး ပါတယ်။ ယခု နောက်ပိုင်းမှာ ဆီးကျောက်တည်ရင် Vitamin C (ဗီတာမင်စီ) လိုအပ်ကြောင်း သိလာ ပါတယ်။ တစ်နေ့ကို 6g အထိ စိတ်ချလက်ချ စားနိုင် ပါတယ်။ အချို့ဆေးရုံတွေမှာဆိုရင် ဆီး ကျောက်တည်ရောဂါသည်တွေကို Vitamin C (ဗီတာမင်စီ) ဆေးပြားတွေ အပြင် Magnesium Citrate (မဂ္ဂနီဆီယမ်စီးထရိတ်) Potassium Citrate (ပိုတက်ဆီယမ်စီးထရိတ်) တို့ကိုပဲ တိုက်ကျွေးလေ့ရှိပါတယ်။

အိမ်သုံးဆား NaCl ဆိုဒီယမ်ကလိုရိုက် ပါ ဝင်တဲ့ (အငန်ဓာတ်) ဟာ လူတစ်ဦး အတွက် နေ့စဉ် လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်သင့်တင့်ရုံ နေ့စဉ်စားရင် အန္တရာယ်မရှိပါ။ ဒါပေမဲ့ နေ့စဉ်ရက်ဆက် များများ စားခဲ့ရင်တော့ သွေးတိုးရောဂါ အပြင် ဆီးကျောက်တည်ရောဂါ ကို ဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ် 2.3 g (100 mmol) စားတိုင်းဆီးထဲမှာ Calcium ထုံးဓာတ် 40 mg (1mmol) ပိုမို စွန့်ထုတ်လေ့ ရှိတာမို့ အငန် ဓာတ်ဟာလည်း ဆီးကျောက်တည်ခြင်းကို အား ပေးတဲ့ ဓာတ်တစ်မျိုး လို့ပြောနိုင် ပါတယ်။ ဆီး ကျောက်တည်ရောဂါ ဖြစ်နေတဲ့သူဆိုရင်တော့ ဆရာဝန်တွေက သွေးတိုးရောဂါသည်တွေကို ကုသသလိုပဲ အငန်လျှော့စားခိုင်းပါတယ်။

ဒေါက်တာအောင်ဆန်းဝင်း
ရတီ ကျန်းမာရေးကဏ္ဍ (Yati Magazine)

အနာဂတ်ကာလ နာတာရှည်ဒဏ်ရာများ ကုသမည့် ပစ်မှတ်သစ်


 ထိခိုက်ဒဏ်ရာများမှာ ခန္ဓာ ကိုယ်ခုခံအားစနစ်ကြောင့် သူ့ အလို လို ပျောက်ကင်းတတ်သောသဘော ရှိသော်လည်း အချို့ဒဏ်ရာများမှာမူ ယင်းဖြစ်စဉ်၌ နှောင့်ယှက်မှုကြုံတွေ့ ရပြီး နာတာရှည်ဒဏ်ရာများဖြစ်သွား လေ့ရှိသည်။ ထို့ကြောင့်Karolinska Institute မှ လေ့လာသူအုပ်စုက အရေပြားမှ အနာများပျောက်ကင်း ခြင်းအတွက် လိုအပ်သည်များကို လေ့လာခဲ့ရာ ဒဏ်ရာများပျောက် ကင်းရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည့် Micro-  RNAs အကြောင်းအား တွေ့ရှိခဲ့ သည်။ ယင်းတွေ့ရှိမှုက အနာဂတ် ကာလတွင် နာတာရှည်အနာများ ကုသရာ၌ အရေးကြီးသောအခန်း ကဏ္ဍ၌ ပါဝင်လာနိုင်လေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ၀.၂% မှ ၁% သော ပြည်သူများသည် နာတာရှည် ဒဏ်ရာများ ဖြစ်ပွားနေကြသည်။ လက်ရှိမျက်မှောက်ခေတ်တွင် နာတာ ရှည်ဒဏ်ရာများအား ကုသရာ၌ ပိုးမွှားကူးစက်ခံရခြင်းမှ တားစီးရန် အဓိကဆောင်ရွက်လျက် ရှိသည်။

သို့သော်လည်း ဒဏ်ရာပျောက် ကင်းရန်အတွက် တိုက်ရိုက်လှုံ့ဆော် မှုကလည်း နာတာရှည်အနာများ ပျောက်ကင်းရန် အရေးကြီးလေ သည်။ အနာပျောက်ကင်းရာတွင် အဆင့်နှစ်ဆင့်ရှိပြီး ပထမအဆင့် ရောင်ရမ်းသည့်အဆင့်တွင် ဆဲလ် သေများ၊ ဘက်တီးရီးယားများ၊ အကြွင်းအကျန်များအား ခုခံအား စနစ်က တိုက်ဖျက်လေသည်။ ဒုတိယ အဆင့်ဖြစ်သော ဆဲလ်ပွားသည့် အဆင့်တွင် ဖျက်ဆီးသွားသော ဆဲလ် များနေရာ၌ ဆဲလ်သစ်များ အသစ် ပြန်ပွားလေသည်။ ယင်းအဆင့်နှစ် ဆင့်က အနာကျက်ခြင်းအပေါ်၌ သက်ရောက်လေသည်။

လေ့လာသူများက နာတာရှည် အနာများ၏ အသားများအား လေ့ လာခဲ့ရာ MiRNA (miR-132) က ယင်းအဆင့် (၂) ဆင့် ကူးပြောင်း ရာတွင် အရေးပါသောကဏ္ဍမှ ပါဝင် နေကြောင်းတွေ့ခဲ့ရသည်။ ထို့ကြောင့် အနာဂတ်တွင် နာတာရှည်ဒဏ်ရာ များကုသရာ၌ ယင်း miR-132 အား ပစ်မှတ်ထား၍ ကုသခြင်း နည်းသစ် များ ထွက်ပေါ်လာရန် ရည်ရွယ်လေ သည်။

အ၀င်း
Ref; Medindia
Health Updates Journal No. 177
http://www.healthupdatesjournal.com

ငါးအရိုးမျက်ခြင်းအတွက် ဆေးမြီးတိုနည်းများ


  ငါးအရိုးမျက်လျှင် အတော်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။

အဲဒါကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွားပေလိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့်အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်း ပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ၀ါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီအနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၄င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်။

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။

သတိပြုရန် -

ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။

သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများအတွက် ဒီ Post လေးကို Share ပေးနိုင်ကြပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ခမ်းတီလုန်)
ကိုးကား - ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

ရင်သား ကင်ဆာ သိကောင်းစရာ


 ရင်သားကင်ဆာ ရောဂါသည် အသက် ၄ဝ ကျော် အမျိုးသမီးများ သို့မဟုတ် အိမ်ထောင်မရှိ အမျိုးသမီးများ သို့မဟုတ် မိမိ ရင်သွေးများအား နို့ချို မတိုက်ကျွေးသူများတွင် အဖြစ်များသည်။

အမျိုးသမီးများ အနေဖြင့် ရင်သားကင်ဆာ ဖြစ်၊ မဖြစ်ကို သတိထားရမည် ဖြစ်သည်။ ပထမဦးဆုံး ခံစားချက်မှာ သားမြတ်တွင် အကျိတ်အဖု ပေါ်လာသည်ကို စမ်းမိခြင်း ဖြစ်သည်။ ရင်သားကင်ဆာသည် နာကျင်ခြင်းနှင့် နေထိုင် မကောင်းခြင်း မဖြစ်နိုင်သဖြင့် သတိ မထားမိလျှင် ရောဂါ ဇာစ်မြစ်ကို သိရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အပျိုဖော် ဝင်စ မိန်းကလေးများနှင့် ရင်သွေးငယ်အား နို့မတိုက်သော မိခင်များ အတွက် ရေချိုးသော အခါ သို့မဟုတ် သနပ်ခါးလိမ်းသော အခါတွင် အမြဲမပြတ် စမ်းကြည့်ပြီး အဖုအကျိတ် တွေ့လျှင် ဆရာဝန်ကို ချက်ချင်း ပြသခြင်းဖြင့် စိတ်သောက ပြေပျောက် စေနိုင်သည်။ စမ်းသပ် စစ်ဆေးချက် အဖြေပေါ် မူတည်၍ လိုအပ်ပါက ထို အကျိတ်များကို ခွဲစိတ် ထုတ်ပယ် ပစ်လိုက်လျှင် ရောဂါကင်းသော အခြေအနေသို့ ရောက်ရှိမည် ဖြစ်သည်။ ကင်ဆာ ဖြစ်နိုင်သော ရင်သား အကျိတ်ကို စမ်းမိပြီဆိုလျှင် ကင်ဆာ ဟုတ်၊ မဟုတ် မိသားစု ဆရာဝန်နှင့် ပြသ သင့်သည်။ အမျိုးသမီးများတွင် မွေးကင်းစ အရွယ်မှ အစပြု၍ ပါလာသော ဟော်မုန်းဓာတ်သည် အပျိုဖော် ဝင်သည်နှင့် မဟော်မုန်း ထိန်းသိမ်းမှုအောက်သို့ ရောက်ရှိကာ ခန္ဓာကိုယ် လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ထမ်းဆောင် ကြရသည်။

မိမိ၏ သားမြတ်တွင် အလုံးအခဲများ စမ်းမိသောအခါ ကင်ဆာကျိတ်လောဟု သတိ ဝင်သင့်သည်။ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်တတ်သည့် အကျိတ်ကို သားသမီးအပေါ် နို့တိုက်ကျွေးမွေးခြင်း မရှိသော မိခင်တို့ အဖို့ ခွဲစိတ် ဖယ်ရှားသင့်သည်။ တချို့ နို့အကျိတ်တို့မှာ ပြန်လည် သေးငယ်သွား၍ နို့တင်းခြင်း၊ နို့မာခြင်း ပြန်ဖြစ်တတ်သည်။ ရင်သား ကင်ဆာသည် အမျိုးသမီးများ အနက် အသက် ၄ဝ ကျော် အရွယ်ရှိ အမျိုးသမီး များတွင် အဖြစ် များတတ်သည်။ ရင်သား တစ်နေရာမှ အဖုအကျိတ် စမ်းမိသည့် အပြင် ရင်သား နာခြင်း၊ စူးပြီး ကိုက်ခြင်း၊ ယင်းနေရာမှ နို့သားနံရည် (အနံ့ဆိုး)၊ သွေး စသည့် တစ်ခုခု ကျတတ်ခြင်း၊ ဓမ္မတာလာစဉ် ပို၍ နာကျင်ခြင်း ဖြစ်စေသည်။

ရောဂါသတ်မှတ်

ရင်သားကင်ဆာကို အာထရာဆောင်း ရိုက်ခြင်း၊ မင်မိုဂရပ် ရိုက်ခြင်း၊ အသားစယူခြင်း နည်းလမ်းဖြင့် ကင်ဆာ ဟုတ်၊ မဟုတ် သိရှိနိုင်သည်။ အဆိုပါ ရောဂါသည် မျိုးရိုး လိုက်တတ်သည်။

ကုသခြင်း

ခွဲစိတ် ဖယ်ရှားခြင်းနည်း၊ ဟော်မုန်းပေးနည်း၊ ကီမီသွင်းခြင်းနည်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်း နည်းများဖြင့် ကုသ ပေးနိုင်သည်။ ခွဲစိတ် ကုသပြီးနောက် ကီမီဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်း နည်းများက အသက် ရှင်သန်မှု ပိုမို စေသလို၊ အမြစ်ပြတ် ကုသနိုင်သည်ကို တွေ့ရသည်။ ရောဂါကို ကြိုတင်၍ စောစော သိလေ၊ ခွဲစိတ်ကုသ ဖယ်ရှားနည်းက ပိုမို အောင်မြင်လေ ဖြစ်သည်။ အကျိတ်တွေ့တိုင်း ရင်သားကင်ဆာ မဟုတ်ပေ။ မျိုးရိုးရှိသူများတွင် အကျိတ်အဖု စမ်းသပ်မိလျှင် မိသားစု ဆရာဝန်နှင့် ပြသရမည်။ စောစော ကြိုတင် သိရှိလေ ကုသမှု အောင်မြင်လေ ဖြစ်သည်။ ရောဂါ ကြိုတင် ကာကွယ်ခြင်းမှာ သားသမီးများကို နို့ချို တိုက်ကျွေးခြင်း၊ သန္ဓေတားဆေး ရှောင်ရှားခြင်း၊ ဆေးလိပ်၊ အရက်ဖြတ်ခြင်း၊ နှစ်စဉ် ပုံမှန်စမ်းသပ် စစ်ဆေးခြင်းနှင့် နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်ခန့် ပြုလုပ်ခြင်းတို့ဖြစ်သည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်အား ကူးစက်လျက်ရှိသော H.pylori ရောဂါကာကွယ်ဆေး ထွက်ပေါ်


ံHelicobacter Pylori မှာ အစာအိမ်ရောဂါ အဖြစ်အများဆုံး ပိုးမွှားဖြစ်ပြီး ၎င်းင်းက ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်အား ကူးစက်သက် ရောက်လျက်ရှိလေသည်။ ထို့ပြင် ၎င်းင်းက အစာအိမ်ရောင်ခြင်း၊ အနာ ဖြစ်ခြင်း၊ ကင်ဆာနှင့် ပြန်ရည်ကြိတ် ကင်ဆာ Lymphoma တို့ဖြင့်လည်း ဆက်စပ်နေသည်။

 ထို့ကြောင့် လေ့ လာသူများက သုံးကြိမ်သောက်ံH. pylori ကာကွယ်ဆေးသောက်ဆေး ၏ သက်ရောက်ပုံ၊ စိတ်ချရမှုနှင့် ခုခံ အားစနစ် တုန့်ပြန်ပုံတို့အား လေ့လာ ခဲ့သည်။ ယခု Phase 3 လေ့လာမှု၌ တရုတ်ပြည် Jiangsu က စီရင်စု Ganyu ပြည်နယ်ရှိ ကျန်းမာရေး ဗဟိုဌာနတစ်ခု၌ လုပ်ဆောင်ခဲ့သည်။

 လေ့လာမှုတွင် အသက် ၆ နှစ်မှ ၁၅ နှစ်ကြား ယခင်ကရော ယခုပါံH.pylori ကူးစက်ခံရမှုမရှိသည့် ကလေးများ ပါဝင်ခဲ့သည်။ ကလေး များအား ကျပန်းနှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့ အားံ.H.pylori ကာကွယ်ဆေးတိုက် ၍ တစ်ဖွဲ့အား အာနိသင်မဲ့ဆေး တိုက်၍ ရလဒ်အားနှိုင်းယှဉ်ခဲ့သည်။

ကနဦးရလဒ်အနေဖြင့် ကာကွယ်ဆေးသောက်ပြီး၊ နှစ်အတွင်းH.pyloriကူးစက်ခံရမှု ရှိ၊မရှိ စောင့် ကြည့်ခြင်း ဖြစ်သည်။ ရလဒ်များအရံH.pylori ကာကွယ်ဆေး သောက် ဆေးက အကျိုးသက်ရောက်မှု ကောင်းပြီး စိတ်ချရကြောင်း တွေ့ခဲ့ရ သည်။ သို့သော်လည်း ကာကွယ်ဆေး ၏ ကာကွယ်နိုင်စွမ်းအား နောက်ထပ် နှစ်များစွာ စောင့်ကြည့်ရန် လိုသေး ကြောင်း သိရသည်။

ဖိုးသောကြာ
Ref; Lancet
Health Updates Journal No. 177
https://www.facebook.com/HealthUpdatesJournal

မျက်စိအတွင်းတိမ်ကို ခွဲစိတ်ကုသစရာမလိုဘဲ မျက်စဉ်းဆေးဖြင့် ကုသပေးနိုင်ကြောင်း တွေ့ရှိ


 လူများတွင် မျက်စိကွယ်နိုင်သည်အထိ အများဆုံး ဖြစ်စေနိုင်သော မျက်စိရောဂါတမျိုးဖြစ်သည့် မျက်စိ အတွင်း တိမ်ရောဂါကို မခွဲမစိတ်ရဘဲနှင့် မျက်စိအစက်ချဆေးရည်ဖြင့် ကုသပေးနိုင်ကြောင်း ခွေးများဖြင့် စမ်းသပ် လေ့လာခဲ့သည့် သုတေသနစမ်းသပ်ချက်တခုက တင်ပြထားသည်။

Lanosterol ဟုခေါ်သော သဘာဝအတိုင်း ဖြစ်ပေါ်သည့် မော်လီကျူးများကို မျက်စဉ်းခတ်ပိုက်ဖြင့် ခွေးသတ္တ၀ါ များ၏ အတွင်းတိမ်ဖြစ်နေသော မျက်လုံးများကို စမ်းသပ်ခဲ့ရာတွင် အတွင်းတိမ်ပမာဏ ကျုံ့သွားသည်ကို တွေ့ရကြောင်း သုတေသနစမ်းသပ်သည့်အဖွဲ့က Nature မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့သည်။ လက် ရှိကာလ တွင်မူ ကမ္ဘာပေါ်၌ လူသန်းပေါင်းများစွာခံစားနေရသော မျက်စိအတွင်းတိမ်ရောဂါကို ခွဲစိတ်ကုသပေးနေရ သည်။ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသပေးမှုသည် ယေဘုယျအားဖြင့် လွယ်ကူစိတ်ချရစေကာမူ ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုများ တိုးပွားလာသည်နှင့်အမျှ လာမည့်အနှစ် ၂၀ ကာလအတွင်းတွင် အတွင်းတိမ် မျက်စိ ဝေဒနာရှင်များ နှစ်ဆတိုးလာနိုင်သည်။ ၎င်းအပြင် ဆင်းရဲသားများအတွက် ခွဲစိတ်ကုသမှုစရိတ်ကြီးမြင့်လျက်ရှိသည်။

ယခု စမ်းသပ်တွေ့ရှိခဲ့သော မျက်စဉ်းဆေးရည်ဖြင့် သီတင်းပတ် ၆ ပတ်ကြာ ပြုစုကုသပေးခြင်းအား ဖြင့် မျက်စိအတွင်းတိမ်၏ အရွယ်အစားပမာဏနှင့် မျက်စိအမြင်မကြည်မလင်ဖြစ်နေမှုများ လျော့ပါးသည်ကို တွေ့ရသည်ဟု ဆိုသည်။

တေဇာဝင်း
Ref; AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အချိန်ကုန်ဆုံးခြင်းဟာ စိတ်ဖိစီးမှု ပမာဏ တွေကို လျော့ကျစေနိုင်




သင့်ရဲ့ အိမ်မွေးခွေးလေး ဟာ ကြမ်းပြင်ပေါ်လူးလိမ့်ပြီး ဆော့ကစားနေတာကို ကြည့်ရတာဟာ သင့်ကို ရယ်မောစေနိုင်ပါတယ်။ သင်ဟာတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ ခံစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။

အခုချိန်မှာတော့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အချိန်ကုန်ဆုံးခြင်းဟာ စိတ်ဖိစီးမှု ပမာဏ တွေကို လျော့ကျစေနိုင်ပြီး သင့်ကို ကျန်းမာရေး ကောင်းမွန်စေနိုင်တယ်လို့ သုတေသန တစ်ခုက ပြသလိုက်ပါတယ်။

အချက်အလက် နဲ့ ဆိုရမယ်ဆိုရင်တော့ အိမ်မွေးတိရိစ္ဆာန် တွေ နဲ့ အချိန်ကုန်ဆုံးစေခြင်းဟာ သင့်အတွက် မိသားစုဝင်တစ်ယောက်ရဲ့ လူမှုရေး အထောက်အပံ့ တစ်ခုကို ရလိုက်သလိုပဲ ကောင်းမွန်စေနိုင်တယ်လို့ လူသား-အိမ်မွေးတိရိစ္ဆာန် ဆက်စပ်မှု ကျွမ်းကျင်သူ Mia Cobb ကဆိုပါတယ်။

ဒါ့အပြင် Monash တက္ကသိုလ်ကနေ PhD ဒေါက်တာဘွဲ့ရရှိထားတဲ့ Mrs Cobb က ပြောကြားခဲ့တာကတော့ သင့်ရဲ့ အိမ်မွေးကြောင်လေးကိုဖက်ထားခြင်းဟာ သင့်ကို Oxytocin ဆိုတဲ့ ပျော်ရွှင်မှု ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနိုင်တယ်လို့ သိရပါတယ်။ ထို ဟော်မုန်းတွေကတော့ သင့်ကို စိတ်ဖိစီးမှု တွေ လျော့ကျအောင် နဲ့ သင့်ရဲ့ နှလုံးခုန်နှုန်းတွေ ပုံမှန်ပြန်ဖြစ်လာအောင် အရှိန်အဟုန်မြှင့်ပေးနိုင်တယ်လို့လည်း Mrs Cobb က ဆိုပါတယ်။

လူတွေဟာ လူမှုရေးအရေ ပစ်ပယ်ခံထားရချိန် (သို့) ဝေးကွာနေတယ်လို့ ခံစားနေရချိန်တွေမှာ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေအကြောင်း စာများ ရေးသားခြင်းဟာ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအကြောင်း ရေးရသလိုပဲ စိတ်ခံစားချက်တွေကို ပြန်လည်ကောင်းမွန်စေနိုင်တယ်လို့လည်း လေ့လာမှု တစ်ခုက ပြသလိုက်ပါတယ်။ ဒါပေမယ့်လည်း လူတစ်ချို့အတွက် တော့ အိမ်မွေးတိရိစ္ဆာန် နဲ့ အနီးကပ်နေခြင်းဟာ စိတ်ထဲမှာ ကသိကအောက် ဖြစ်တဲ့ ခံစားမှု မျိုးကိုခံစားနေရရင်တော့ မိမိ နဲ့ အဆင်ပြေမယ့် အခြား အိမ်မွေးတိရိစ္ဆာန် တစ်မျိုးကို ပြောင်းလဲ မွေးမြူဖို့လိုပါလိမ့်မယ်။

ဒါ့အပြင် Mrs Cobb ရဲ့ တိုက်တွန်း အကြံပေးချက်အရ အိမ်မွေးတိရိစ္ဆာန် တစ်ကောင်ကို အိမ်မှာမွေးထားတာက သာ လူတွေအတွက် ကောင်းကျိုးရှိတာမဟုတ်ပဲ အလုပ်ထဲမှာ အိမ်မွေးတိရိစ္ဆာန်တွေ မွေးမြူထားခြင်းဟာလည်း ၀န်ထမ်းတွေကို တစ်ဦးနဲ့ တစ်ဦး ပိုမို ရင်းနှီးသွားစေနိုင်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Daily Mail

သံပုရာသီး အကြောင်း




ခံတွင်း ကျန်းမာရေး

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

နှုတ်ခမ်းကွဲခြင်း

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

ဆံပင်ကျွတ်ခြင်း

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

အသားအရေခြောက်သွေ့ခြင်းအတွက်

ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

 တံတောင်ဆစ်မည်းခြင်းအတွက် 

 ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။

လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။ သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Care2

အမြင်အာရုံ ပြန်လည် ရရှိစေနိုင်မယ့် Bionic Eye Implant ကို ဗြိတိန်တွေ တီထွင်




အမြင်အာရုံ ပြန်လည် ရရှိစေနိုင်မယ့် Bionic Eye Implant ဟာ ဗြိတိန်အမျိုးသား တစ်ဦးရဲ့ အမြင်အာရုံ ကို ပြန်လည် ကုသပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာမြို့မှာနေထိုင်တဲ့ အသက် ၈၀ အရွယ် Ray Flynn ဆိုသူဟာ ကမ္ဘာမှာ Artificial Retina ကို ရရှိခဲ့တဲ့ ပထမဆုံး လူတစ်ယောက် အဖြစ် မှတ်တမ်းတင်သွားပါပြီ။ ထို Retina ကိုတော့ ဗြိတိန်နိုင်ငံမှာ အဖြစ်အများဆုံး မျက်စိ ရောဂါ တစ်ခုဖြစ်တဲ့ age-related macular degeneration (AMD) ဆိုတဲ့ ရောဂါ ကို ကုသတဲ့ နေရာမှာ အသုံးပြုနိုင်သွားခဲ့ပါပြီ။

မန်ချက်စတာမြို့ Royal မျက်စိဆေးရုံက ခွဲစိတ်ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ လကပဲ Mr Flynn ရဲ့ မျက်စိနောက်မှာ Chip ပြားတစ်ခုကို တပ်ဆင်ပေးခဲ့ကြတာဖြစ်ပါတယ်။ Mr Flynn ဟာ AMD ရောဂါ ကိုခံစားနေရတာ ၈ နှစ်ခန့် ရှိနေပြီဖြစ်ပြီး  သူဟာ အရင်တုန်းက သူ့မျက်လုံး ရဲ့ ထောင့်စွန်းလောက်ထိသာ မြင်နိုင်စွမ်းရှိသူတစ်ဦးဖြစ်ပါတယ်။

အခုချိန်မှာတော့ စတာလင်ပေါင် ၈၀၀၀၀ ကုန်ကျခဲ့တဲ့ လုပ်ဆောင်မှုက သူ့ကို နဂို အမြင်အာရုံ ပြန်လည် ရရှိစေခဲ့ပါပြီ။ သူဟာ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ ပါဝါ ပါတဲ့ မျက်မှန်တွေ မလိုတော့ ပဲ သတင်းစာတွေကို ကောင်းမွန်စွာ ဖတ်ရှုနိုင်သွားပါပြီ။

ထို Bionic စနစ်ဟာ ကင်မရာ ကတစ်ဆင့် ရိုက်ကူးထားတဲ့ ဗီဒီယို ပုံရိပ်တွေကို အီလက်ထရစ် လှုံ့ဆောင်မ့တွေ အဖြစ်ပြောင်းလဲလိုက်ပြီး ဦးနှောက်ဆီ ပို့ဆောင်ပေးတာဖြစ်ပါတယ်။ အဲဒီကတဆင့် အီလက်ထရောနစ် အချက်ပြမှုတွေဟာ ကြိုးမဲ့စနစ် နဲ့ မျက်ကြည်လွှာအောက်က ထိခိုက်ထားတဲ့ ဆဲလ်တွေဆီ ပို့ဆောင်နေရာယူလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အီလက်ထရစ် လှုံ့ဆော်မှုတွေဟာ မျက်ကြည်လွှာရဲ့ ကောင်းမွန်စွာ ကျန်ရှိနေတဲ့ ဆဲလ်တွေကို လည်း ထပ်မံ လှုံ့ဆော်ပေးပြီး ဦးနှောက်ထဲမှာ အလင်းရောင် တုံ့ပြန်မှု ရလဒ် တွေ ပြန်လည် ရရှိစေခဲ့တာပဲ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ AMD ရောဂါကို ခံစားနေရသူ ၅၀၀၀၀၀ ယောက်ခန့် ရှိနေပြီး ထိုလူနာအားလုံးဟာ မျက်ကြည်လွှာ အနောက်မှာရှိတဲ့ ဆဲလ်တွေ ထိခိုက်ပျက်စီးမှု ကြောင့် အမြင်အာရုံချို့တဲ့သွားရသူတွေပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေကတော့ Mr Flynn ရဲ့ စမ်းသပ်မှု အောင်မြင်သွားတဲ့နောက်ပိုင်း အခြားလူနာတွေကိုလည်း ခွဲစိတ်ကုသမှု တွေ ပြုလုပ်ပေးတော့မယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

လေ့ကျင့်ခန်း လွန်ကဲစွာလုပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ


လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးအတွက် များစွာ အကျိုးရှိတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း နည်းစနစ်ကျကျနှင့် မိမိခန္ဓာကိုယ်အတွက် သင့်တော်မည့် အတိုင်းအတာထိသာ ပြုလုပ်သင့်ပါတယ်။ လူ တစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်း မတူညီကြသလို ကိုယ်ခံစွမ်းအားနှင့် သက်လုံကောင်းမှုတို့ ဟာလည်း ကွဲပြားခြားနားပါတယ်။ ဒါ့ပြင် အိပ်ချိန်နည်းတဲ့ လူတစ်ယောက်ဟာ အိပ်ချိန်ရှစ်နာရီရှိတဲ့ လူတစ်
ယောက်နဲ့ တူညီတဲ့လေ့ကျင့်ခန်းမျိုး မလုပ်သင့်သလို မိမိဘဝနေထိုင်မှုနှင့်တကွ ဇီဝကမ္မဖြစ်စဉ်နဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းမျိုးကိုသာ ပြုလုပ်သင့်ပါတယ်။

အားကစားခန်းမတွေ၊Fitness Centre တွေကို တကူးတကသွားလုပ်မှသာ လေ့ကျင့်ခန်းလုပ်တယ်လို့
မယူဆသင့်ပါဘူး။ ဥပမာ-ဓာတ်လှေကား၊ စက်လှေကားတွေမစီးဘဲ လှေကားထစ်ကိုသာသုံး၍ အတက်အဆင်းပြုလုပ်ခြင်း၊ ဘတ်စ်ကားသုံးမှတ်တိုင်လောက်ကြိုဆင်း၍ လမ်းဆင်းလျှောက်ခြင်း၊ အိမ်မှုကိစ္စတွေလုပ်တဲ့အခါမှာခပ်သွက်သွက်လုပ်ကိုင်ခြင်း စတဲ့ နိစ္စဓူဝလှုပ်ရှားမှုတွေ ကို လေ့ကျင့်ခန်းဆန်ဆန် လုပ်လို့ရပါတယ်။ ဒါ့ပြင် အားကစား စက်ပစ္စည်း အကူအညီမပါဘဲ ထိုင်ထလုပ်ခြင်း၊ အိပ်ထမတင်လုပ်ခြင်း၊ ရေကူးခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ပြေးခြင်း စတာတွေကလည်း ကောင်းမွန်ထိရောက်တဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

အထူးအရေးကြီးသည့်အချက်မှာ ထမင်းစားပြီးနောက် နှစ်နာရီမှ သုံးနာရီလောက်ခြားပြီးမှသာ လေ့ကျင့်ခန်း
လုပ်ပါ။ သို့မဟုတ်ပါက အစာမကျေခြင်း၊ အူသိမ်ခြင်း၊ အူခေါက်ခြင်းတွေဖြစ်နိုင်လို့ပါပဲ။ ကိုယ်အလေးချိန်လျော့ ကျဖို့အတွက်ဆိုရင် ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပါ။ အကယ်၍ အားသွန်ခွန်စိုက်ပြုလုပ်မိတဲ့အခါ ခန္ဓာကိုယ်ရဲ့ အားအင်ကုန်ခမ်းပြီး ဆာလောင်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ပင်ပန်းပြီး အကျိုးမရှိနိုင်တော့ပါဘူး။ ကိုယ်ကာယလှပမှုလေ့ကျင့်ခန်းများ၊ ဝိတ်မလေ့ကျင့်ခန်းများဟာလည်း နည်းစနစ်မမှန်ပါက ခုတ်ရာ
တခြား ရှရာတခြားဖြစ်စေနိုင်တာကြောင့် တတ်သိနားလည်တဲ့ Trainer (လေ့ကျင့်ပေးသူ) နှင့် တိုင်ပင်၍လုပ်ပါ။ မိမိမှာ သွေးတိုးရောဂါရှိနေတာကြောင့် လေ့ကျင့်ခန်းမလုပ်သင့်ဘူးဟု မယူဆသင့်ပါဘူး။ သွေးတိုးရောဂါအနည်းငယ် သို့မဟုတ် ပြင်းထန်စွာခံစားနေရသူများအနေဖြင့် နှလုံးနှင့် ခန္ဓာကိုယ်ကြံ့ ခိုင်မှု လေ့ကျင့်ခန်းနှစ်မျိုးစလုံးကိုတွဲ လုပ်ပေးရမှာဖြစ်သလို၊ ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းတို့ကလည်း သွေးတိုးရောဂါအတွက် အလွန်အသုံးဝင်တာကြောင့် နေ့စဉ် ၁ဝ မိနစ်မျှ တရားထိုင်ပေးသင့်တယ်လို့  ပညာရှင်များက လမ်းညွှန်ထားပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ရာတွင် အရေးကြီးဆုံးအချက်မှာ ပိုမိုအဆင့်မြင့်လာစေရန်အတွက် ဖြည်းဖြည်းနှင့်မှန်မှန်
လုပ်ဆောင်ပေးရပါမယ်။ လေ့ကျင့်ခန်းမလုပ်မီ သွေးပူအောင်ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းပြုနေစဉ် ထွက်သက်
ဝင်သက်ကို စည်းချက်ညီညီ အသက်ရှူခြင်း၊ လုပ်နေစဉ်နှင့် လုပ်ပြီးနောက်မှာ အကြောလျော့ပေးခြင်းတို့ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ တစ်ကိုယ်လုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်ကအချက်ပြမှုကို စောင့်ကြည့်ပေးဖို့လိုအပ်ပြီး အသက်ရှူရခက်ခဲခြင်း၊ သို့မဟုတ် မူးဝေခြင်း၊ သို့မဟုတ် ရင်ဘတ်နာကျင်ခြင်း၊ သို့မဟုတ် ဖိအားရှိနေပါက လေ့ကျင့်ခန်းလုပ်နေမှုကို ချက်ချင်းရပ်လိုက်ပါ။

ပုံမှန်အားဖြင့် ရေဆာနေချိန်မှာ ရေသောက်လိုက်ခြင်းက သွေးထဲတွင် ဆားဓာတ်လျော့ကျသည့် အခြေအနေကိုမဖြစ်စေနိုင်သော်လည်း လေ့ကျင့်ခန်းပြင်းပြင်းလုပ်နေစဉ်မှာ အားကစားသမားများဟာ ရေဓာတ်ဖြည့်တင်းသည့်အနေဖြင့် ရေ သို့မဟုတ် အရည် သို့မဟုတ် အားဖြည့်အချိုရည်များကို အလွန်အကျွံသောက်သုံးမိပါက နဗံ (ခေါ်)ဆိုဒီယမ်လျော့ကျမှုပြဿနာကို ဖြစ်စေနိုင်ကြောင်း၊ ဤကဲ့သို့ ခန္ဓာကိုယ်တွင်း ဆားပမာဏလျော့ကျသွားမှုကြောင့်ကနဦးဖြစ်ပေါ်လာနိုင်သည့် မပြင်းထန်သောရောဂါများမှာ စဉ်းစားရခက်ခြင်း၊ မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပြီး ပြင်းထန်ပါက လေဖြတ်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ မေ့မျောသွားခြင်းတို့ဖြစ်နိုင်ကြောင်း၊ ဒါကြောင့် အားကစားသမားတစ်ဦး ယင်းအခြေအနေ ခံစားနေရပြီဟု နည်းပြများ နှင့် လူကြီးမိဘများက သံသယရှိပါက ရေသောက်ခြင်းကို ချက်ချင်းရပ်တန့်ခိုင်းရန်အရေးကြီးကြောင်း၊ ပြီးနောက် ဆေးဘက်ဆိုင်ရာ အကူအညီ ရယူသင့်ကြောင်းတို့ကို နိုင်ငံတကာလမ်းညွှန်ချက်အသစ်တစ်ခုအဖြစ် ဗာဂျီးနီးယား တက္ကသိုလ်မှ ကျောက်ကပ်အထူးကု ဒေါက်တာမစ်ချဲလ်ရိုဆနာဦးဆောင်သော
 နိုင်ငံပေါင်းလေးနိုင်ငံမှ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ ၁၆ ဦးတို့က အကြံပြုပြော ကြားထားပါတယ်။

လေ့ကျင့်ခန်းအပြောင်းအလဲလုပ်ခြင်းကြောင့် ကိုယ်လက်နာကျင်ကိုက်ခဲမှုတွေ ဖြစ်လာလေ့ရှိသော်လည်း တစ်ပတ်ထက်ပို၍ နာကျင်မှုရှိလာပါက Trainer (လေ့ကျင့်ပေးသူ) နှင့်တိုင်ပင်ပါ၊ ဆရာဝန်နှင့်ကုသပါ။ လိုအပ်သည် ထက်ပို၍ Over training ဖြစ်ရင် နေမကောင်းဖြစ်နိုင်သလို နှလုံးကိုထိခိုက်ပြီး အဆစ်တွေနာကျင်ကိုက်ခဲတာ မျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလွန်ကဲစွာလုပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများအဖြစ် အောက်ပါဝေဒနာများကို ခံစားရနိုင်မည်ဖြစ်၍ သတိပြုဆင်ခြင်သင့်ကြောင်း အကြံပြုလိုက်ရပါတယ်။

(၁) ထိခိုက်အနာတရ ဖြစ်စေပါတယ်

သင့်ပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်သူတွေကို မြင်ဖူးကြမှာပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကာလတိုအတွင်း ကိုယ်ရည်စစ်သွားတာမို့ ထိရောက်မှုရှိတယ်လို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ တနေ့တစ်ရက်လောက် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီး နောက်နေ့ တွေမှာ ပုံမှန်အတိုင်းပြုကျင့်ခြင်းက ကျန်းမာရေးအတွက် ပြဿနာကြီးကြီးမားမား ဖြစ်မလာစေနိုင်သော်လည်း၊ နေ့စဉ်ရက်ဆက်ပြုမူခြင်းက အချိန်ကာလကြာလာတာနဲ့အမျှ ကြွက်သားတွေ ရောင်ရမ်းနာကျင်လာစေပါတော့ တယ်။ ဒါ့ပြင် အရိုးများကိုဆက်နွယ်ထားတဲ့ အရွတ်ပြားတွေကို ဒဏ်ဖြစ်စေကာ ဒူးနာ၊ ခါးနာခြင်းနဲ့ အရိုးပါး၍ ကြွတ်ဆတ်လာစေနိုင်တာကြောင့် ထိုသို့သော နောက်ဆက် တွဲဘေးထွက်ဆိုးကျိုးတွေ မဖြစ်ရအောင် မိမိခံနိုင်ရည် ရှိသလောက်သာ လေ့ကျင့်ပါ။

(၂) ကြွက်သားတွေ လျော့ရဲသွားစေပါတယ်

အထူးသဖြင့် ပိန်ချင်လွန်းသူများက လေ့ကျင့်ခန်းပြင်းပြင်းများ နေ့စဉ်လုပ်ရင်း၊ အစားကိုပါလျော့စားကြတဲ့အခါ ခန္ဓာကိုယ်အတွက် အာဟာရချို့တဲ့သွားပြီးတော့ ကျန်းမာရေးကို ဘက်ပေါင်းစုံထိခိုက်လာစေပါတယ်။ ကြွက်သားတွေပျော့တွဲကျလာတာကြောင့် အရွယ်မတိုင်ခင် အိုစာသွားစေပါတယ်။

(၃) ကိုယ်ခံစွမ်းအားကို ထိခိုက်စေပါတယ်

မိမိခံနိုင်ရုံပမာဏထက်ပိုကာ လွန်လွန်ကြူးကြူး လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်ခံစွမ်းအားကို လျော့နည်း
သွားစေတာကြောင့် အအေးမိ၊ တုပ်ကွေးစတဲ့ အပရိကရာသီဖျားနာ ကူးစက်ရောဂါတွေကိုတောင် ခံနိုင်ရည်မရှိတော့ပါဘူး။

(၄) ခံတွင်းပျက်လာစေပါတယ်

ခန္ဓာကိုယ်အလေးချိန်(ဝိတ်)ချသူတွေက လေ့ကျင့်ခန်းအပြင်းအထန်လုပ်ရင်း bulimia(ခေါ်)ဗိုက်ဆာ၍ အစားအစာများကို စားသောက်ကြပြီးနောက်မှာတော့ ကိုယ်အလေးချိန်တိုးလာမှာစိုးတာကြောင့် အန်ထုတ်တဲ့နည်းကို တစ်လှည့်စီပြုကျင့်ကြတာမို့ နောက်ဆုံးမှာ ဘာစားစား အရသာမရှိတော့ဘဲ ခံတွင်းပျက်သွားကြပါတယ်။ ဘေးထွက်ဆိုးကျိုးများအဖြစ် မူးဝေအော့အန်ခြင်း၊ သွား၊ သွားဖုံးနာရောဂါများနဲ့ အစာအိမ်အက်ဆစ်အထွက်များပြီး အစာအိမ်နာရောဂါတို့ပါ စွဲကပ်လာနိုင်ပါတယ်။

(၅) အအိပ်ပျက်စေပါတယ်

လေ့ကျင့်ခန်း ပြင်းထန်စွာပြုလုပ်ခြင်းကြောင့် ပင်ပန်းအားယုတ်လာကာ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှုတွေ လျော့ နည်းသွားပြီး စိတ်ဖိစီးမှုများဖြစ်လာကာ ကောင်းစွာမအိပ်စက်နိုင်တော့ပါဘူး။ အိမ်ထောင်ရှင်များအဖို့ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုလျော့နဲသွားတာကြောင့် အိမ်ထောင်ရေးအခြေအနေကို ထိခိုက်လာစေပါတယ်။

(၆) ရာသီထိန်သွားတတ်ပါတယ်

ဥပမာအားဖြင့် အမျိုးသမီးအားကစားသမား(အများစု)ဟာ ပြင်းထန်စွာလေ့ကျင့်ခန်းယူရခြင်းကြောင့် အရွယ်
မတိုင်မီ အရိုးပွလာတတ်ပြီး ဓမ္မတာရာသီသွေးဆင်းခြင်း ပုံမှန်မဖြစ်နိုင်တော့ပါဘူး။ တချို့ဆို စောစောစီးစီး (လုံးဝ)ရာသီထိန် သွေးဆုံးသွားကြပါတယ်။ (တခြားဘေးထွက်ဆိုးကျိုးများအနေဖြင့် အမျိုးသမီးများ သားအိမ်ကျစေတတ်သလို အမျိုးသားများမှာ အူကျရောဂါဖြစ်လာစေပါတယ်။)

အသက်ကိုဥာဏ်စောင့်ဆိုသော ဆိုရိုးစကားနဲ့ အညီလှချင်လွန်းလို့ (သို့) ကျန်းမာရေးလိုက်စားလို့ (သို့ ) ဝါသနာပါလွန်းလို့ (သို့) အားကစားနည်းဖြင့် အသက်မွေးဝမ်းကျောင်းနေရသူမို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ တတ် သိနားလည်သူ (လေ့ကျင့်ပေးသူ) နဲ့ ဆွေးနွေးတိုင်ပင်ကာ မိမိခံနိုင်ရည်ရှိရုံမျှသာ ပြုကျင့်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။

(မှီငြမ်း…Useful Info and Health Tips)
တင်ထက်ထက်ဇော်
The Mirror Daily
https://www.facebook.com/TheMirrorDaily

Hess test သွေးလွန်တုပ်ကွေးစမ်းသပ်နည်း


Win Swe Kpg Hess test positive က > 10 လား >20 လား ဆရာ

Hess test (Rumpel-Leede test) ဆိုတာ သွေးကြောမျှဉ်လေးတွေက စိမ့်ထွက်နိုင်စွမ်းကို တိုင်းတာနည်းဖြစ်တယ်။ သွေးဖိအား အပေါ်ဂဏန်းနဲ့ အောက်ဂဏန်းကြားမှာ သွေးဖိအားတိုင်းကိရိယာကို လက်မောင်းပတ်မှာ ၁ဝ မိနစ်ကြာ ပတ်ထားမယ်။ လက်ဖျံမှာပေးလာတဲ့ သွေးခြည်ဥအရေအတွက်ကို ရေတွက်တယ်။ ၅ စင်တီမီတာအချင်းရှိ စက်ဝိုင်းထဲမှာ ရေတွက်ရတယ်။ ပုံမှန်အားဖြင့် ၁၅ ခုထက်နည်းတယ်။ ၁၅ ကနေအထက်ကို အပေါင်းလို့သတ်မှတ်တယ်။ Hess test မျက်စိစမ်းနည်းလည်း ရှိသေးတယ်။ သွေးလွန်တုပ်ကွေးအတွက်စမ်းတာကို Tourniquet test လို့ ခေါ်တာ များတယ်။

လူနာ ၂၃၄ ယောက်ကို လာအိုနိုင်ငံမှာ စမ်းသပ်ခဲ့တယ်။ ၇၃ ယောက်က သွေးစစ်ထားလို့ သွေးလွန်တုပ်ကွေး သေချာတယ်။ ၆၄ ယောက်က သွေးစစ်တာ မတွေ့ပါ။
• Scrub typhus ရောဂါ (၃၉%)၊
• Murine typhus (၁၁%)၊
• Undetermined typhus (၁၂%)၊
• Japanese encephalitis (၅%)၊
• Undetermined flavivirus (၅%) နဲ့
• Typhoid fever (၃%) ဖြစ်ကြတယ်။
• ၂၅% မှာ ဘယ်လို့ရှာမရဖူး။

• All patients လူနာအားလုံးရဲ့ = ၂၉့၁% အပေါင်းပြတယ်။
• Dengue-seropositive patients ဒင်ဂေး သွေးအဖြေအပေါင်းပြသူပေါင်း = ၃၄့၁% အပေါင်းပြတယ်။
• Dengue fever ဒင်ဂေးအဖျားရှိသူပေါင်း = ၃၂့၇% အပေါင်းပြတယ်။
• Dengue haemorrhagic fever သွေးလွန်တုပ်ကွေးအဖျား = ၃၆့၎% အပေါင်းပြတယ်။

ကောက်ချက် = Tourniquet test ဟာ သွေးလွန်တုပ်ကွေးစမ်းရာမှာ ထိရောက်မှုနည်းတယ်။ အပေါင်းပြနေရင်သာ သံသယရှိတယ်လို့ ဆိုနိုင်တယ်။ အနုတ်ပြတိုင်းတော့ သွေးလွန်တုပ်ကွေးမရှိလို့ မပြောနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၅
https://www.facebook.com/pages/Dr-Tint-Swe

သွေးဆုံးကိုင်ဝေဒနာအတွက် အိမ်တွင်းကုထုံးလေးများ


 အမျိုးသမီးများ ပျမ်းမျှ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆုံးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်) အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာ
ပျောက်ကင်းစေနိုင်ပါလိမ့်မယ်။

(၁) 'မိန်းမတို့ အသက် ကရမက် ' ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။

(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။

(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်
ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။

(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။

(၅) ဆီးဖြူသီး စားပါ။

(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။

(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို
ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီး
အဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်
သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန့်  ၂ ပဲသားစီ
တို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)

(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။

(၉) သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။

(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။

(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်
ပါ။

(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။

(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။

(၁၄) ကြက်သွန်ဖြူစားပါ။

(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝ
အမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စား
ပါ။

(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်
များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။

(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ(သို့ မဟုတ်) EPO
(ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို
ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။

(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုး
ပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချို
ရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)

(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။

(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်
လွန်၍ ရေချိုးခြင်းမပြုရ။

ပေါက်ပေါက်
The Mirror Daily
https://www.facebook.com/TheMirrorDaily

အထိုင်များလွန်းခြင်းက အမျိုးသမီးများတွင် ကင်ဆာအန္တရာယ်နှင့် ဆက်စပ်





အချိန်များစွာကြာအောင် အထိုင်များခြင်းဟာ ရောဂါအမျိုးမျိုးနဲ့ ဆက်စပ်မှုရှိပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ် တိုးလာခြင်း တို့လည်းအပါအ၀င်ပါပဲ။

အခုလည်း အထိုင်များခြင်းဟာ အမျိုးသမီးတွေအတွက် ကင်ဆာရောဂါ အချို့ဖြစ်ပွားနိုင်နှုန်း တိုးလာကြောင်းကို လေ့လာမှုသစ်တစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုတွင်ပါဝင်ခဲ့တဲ့ တစ်နေ့ကို ၆နာရီထက်ပိုထိုင်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ တစ်နေ့ ၃နာရီအောက်နည်းပြီး ထိုင်ခဲ့တဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာ၊ သားမျိုးဥအိမ်ကင်ဆာ နဲ့ သွေးကင်ဆာ ဖြစ်ပွားနိုင်နှုန်း ပိုမြင့်နေတာကို တွေ့ရှိခဲ့ရတာပါ။

 “ထိုင်ပြီး သက်တောင့်သက်သာ ရှိနေချိန်ပိုများတာဟာ အမျိုးသမီးတွေမှာ ကင်ဆာရောဂါအန္တရာယ်  မြင့်တက်မှုနဲ့ ဆက်စပ်နေပါတယ်။” လို့ သုတေသီတွေက ၄င်းတို့ရဲ့ သုတေသနစာတမ်းထဲမှာ ရေးခဲ့ကြပါတယ်။

တစ်နေ့ကို ၆နာရီထက်ပိုပြီး ထိုင်တဲ့အမျိုးသမီတွေမှာ မည်သည့်ကင်ဆာရောဂါကိုမဆို ဖြစ်ပွားနိုင်ခြေ ၁၀ရာခိုင်နှုန်း တက်လာကြောင်း Cancer Epidemiology, Biomakers & Prevention ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။

အထိုင်များတာကြောင့် ကင်ဆာအန္တရာယ်မြင့်တက်မှုဟာ အမျိုးသားတွေအပေါ်တော့ ထိရောက်မှုသိပ်မရှိဘူး။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Live Science

ပိန္နဲသီး နဲ့ ကျန်းမာရေး အကျိုးကျေးဇူး




ပိန္နဲသီးထဲမှာ potassium ပါဝင်မှူကြောင့် body blood pressure ကို ကောင်းကောင်းထိန်းပေးထားပါတယ်။ ရုတ်တရက် သွေးအား တက်ချင်းကျချင်း ကောင်းကောင်း ထိန်းပေးထားနိုင်ပါတယ်။

 ပိန္နဲသီးအမြစ်မှ ထုတ်ထားတဲ့ အဆီဟာ ၀မ်းလျှောဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေပါတယ်။ ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ်ရောဂါကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။ ပိန္နဲသီးထဲမှာပါဝင်တဲ့ isoflavones , antioxidants and phytonutrients ဓါတ်တွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့
အစွမ်းသတ္တိတွေရှိပါတယ်။

ပိန္နဲသီးဟာ ဆိုရင် ခန္မာကိုယ်တွင်းမှာပေါက်တက်တဲ့ ဖက်ခွက်နာပြည်တည်နာစတဲ့ရောဂါ တွေနဲ့ အစာမကျေဖြစ်ချင်းကို လည်းကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးဟာ အရွှယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ထိရောက်စွာကာကွယ်ပေးပါတယ်။

ခန္မာ ကိုယ်ထဲက ဆဲလ်တွေတဖြည်းဖြည်းယိုယွင်းပျက်စီးမှူမှ ကာကွယ်ပေးပီးအသားအရေဟာ နုပျိုပီး
အရိုးတွေ ကိုအလွယ်တကူ ကျိုးချင်းမှ ကာကွယ်ပေးပါတယ်။ ပိန္နဲသီးဟာ ခန္မာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ protein (အသားဓါတ်) ၊ carbohydrates(ကစီဓါတ်) ၊ minerals(သတ္တုဓါတ်) တို့ကိုလည်း အမြောက်အမြားထောက်ပံ့ပေးပါတယ်။

ပိန္နဲသီးဟာ စိတ်ဖိစီးမှု ၊ စိတ်လှုပ်ရှားမှုတို့ကိုလည်း ကောင်းကောင်းပျောက်ကင်းစေပါတယ်(စိတ်ကျေနပ်မှူရစေပါတယ်) ။ ပိန္နဲသီးပါဝင်တဲ့ calories နဲ့ fat  တွေဟာ အလွန်နည်းတဲ့ အတွက်ခန္မာ ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။

ပိန္နဲသီး ကိုပုံမှန်စားသုံးချင်းဖြင့် ၀မ်းချူပ်ခြင်းဝေဒနာကိုလည်း ပျောက်ကင်းစေပါတယ်။ နောက်ဆုံးတစ်ခု အနေနဲ့ကတော့ ပိန္နဲသီးရဲ့ အမြစ် ဟာ အရေ ပြားပေါ်မှာဖြစ်တက်တဲ့ရောဂါ တော်တော်များများကိုပျောက်ကင်းစေပါတယ်။ ပိန္နဲသီး ထဲမှာပါတဲ့ vitamin ဟာ မျက်လုံးအတွက်အလွန်ကောင်းစေပါတယ်။

ပိန္နဲသီး ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ ဆီးချိုရောဂါသည်တွေ ၊ အစာအိမ်ရောဂါသည်တွေ အနေနဲ့ အလွန်အကျွံ မစားသင့်ပါဘူးအဲ့လိုစားမယ်ဆိုရင်တော့ အစာကိုချေဖြတ်ပေးတဲ့ acid ဓါတ်ဟာ တဖြည်းဖြည်း တိုးလာပီးအစာအိမ် သွေးကြောပေါက်ခြင်းတွေဖြစ်တက်ပါတယ်။ ထို့ အပြင် အမျိုးသမီးများ ဓမ္မတာ လာစဉ်မှာလည်း မစားသင့်ပါဘူး။ estrogen hormone ကိုပျက်စီးစေနိုင်ပါတယ်။

( NSD )

#သစ်ထူးလွင်( ကျန်းမာရေး )
#health.thithtoolwin.com

Ref : wiki-fitness


နာတာရှည်သောဒဏ်ရာများကို အာလထရာဆောင်းရိုက်ခြင်းဖြင့် သက်သာစေနိုင်


 ဇူလိုင် ၁၃၊ ကျန်းမာရေး

 လူတို့ တွင် ဖြစ်ပွားသော ဒဏ်ရာ၊အနာများသည် သက်သာပျောက်ကင်းရန် ရံဖန်ရံခါ လနှင့်ချီ ကြာမြင့်လေ့ရှိရာဝယ် အာလ်ထရာဆောင်းလှိုင်းများ ဆက်တိုက်လွှတ်ပေးခြင်းဖြင့် အနာကျက်သည့်နှုန်းမြန်ဆန်လာသည်ကို တိရိစ္ဆာန်များ တွင် စမ်းသပ်အောင်မြင်ပြီဖြစ်သည့်အတွက် လူတို့ တွင်လည်း ဆက်လက်စမ်းသပ်သွားတော့မည်ဖြစ်ကာ စမ်းသပ်မှု အောင်မြင်သွားလျင် လူတို့ ၌ဖြစ်ပွားသော ဒဏ်ရာ၊အနာများကို အကျက်မြန်စေရန် အာလထရာဆောင်းကုထုံးကို အသုံးပြုသွားတော့မည်ဖြစ်ကြောင်း ယူကေသိပ္ပံပညာရှင်များက ပြောသည်။

ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ ရထားတဲ့ဒဏ်ရာတစ်ခုကို အာလ်ထရာဆောင်းလှိုင်းတွေ လွှင့်ပေးလိုက်ရုံနဲ့  ဒဏ်ရာအနာကျင်တဲ့နှုန်းက သုံးပုံတစ်ပုံလောက် ပိုပြီးမြန်လာတာကို တွေ့ ရပါတယ်။ ယူကေမှာ တစ်ရက် တစ်ရက် ကို ဒဏ်ရာရရှိသေူ လူပေါင်း ၂ သိန်း လောက် ရှိနိုင်ပါတယ်။ အခန့် မသင့်ရင် အဲဒီအနာသက်သာဖို့  ရက်သတ္တပတ် ပေါင်းများစွာ ကြာမြင့်တတ်တဲ့အတွက် လူ့ စွမ်းအားအရင်းအမြစ် ဆုံးရှုံးသလို ဝေဒနာခံစားရတဲ့ကာလလည်း ကြာမြင့်တဲ့အတွက် အဆင်မပြေလှပါဘူး။ ဒဏ်ရာတွေကို အာလ်ထရာဆောင်းမှန်မှန်ရိုက်ပေးလိုက်ရုံနဲ့  ဒဏ်ရာ သက်သာတဲ့နှုန်းလည်း မြန်ဆန်လာတာကို တွေ့ ရတဲ့အတွက် ဒဏ်ရာအနာရပြီး ချက်ခြင်းမကျက်တဲ့ပြဿနာရဲ့  အဖြေဟာ တပိုင်းတစတော့ ပေါ်လာပြီလို့  ပြောနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောသည်။

အာလထရာဆောင်းကို အရိုးဒဏ်ရာတွေကုသဖို့ သုံးခဲ့တာ ကြာပါပြီ။ ဒဏ်ရာတွေအကျက်မြန်ဖို့ ကတော့ အခုမှ စပြီး စမ်းသပ်ကြည့်နေတာပါ။ တိရိစ္ဆာန်တွေမှာ စမ်းသပ်အောင်မြင်ပြီးဖြစ်တဲ့အတွက် လူတွေမှာလည်း အသုံးတည့် မှာပါ။ ဒါဆိုရင်တော့ အရင်လို အနာကျက်ဖို့  အချိန်အကြာကြီးမစောင့်ရတော့ဘူးပေါ့ ဟု ၄င်းက ဆက်လက်ပြောပြ သည်။

ရှယ်ဖီးတက္ကသိုလ်နှင့် ဘရစ်စတောတက္ကသိုလ်တို့ မှ ပူးပေါင်းသုတေသီအဖွဲ့ က အာလ်ထရာဆောင်းလှိုင်းများဖြင့် အနာဒဏ်ရာများကို လှုံ့ ဆော်ပေးခြင်းအား ကြွက်များတွင် စမ်းသပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ဆီးချိုသမား များတွင် ဖြစ်ပွားသော ခြေထောက်အရေပြား ရေကြည်ဖုထ၊ အသားမာတက် နာကျင်ခြင်း၊ နှင်းကိုက်ခြင်း၊ ဆီးချို သမားများတွင်ပင် ဒဏ်ရာမကျက်နိုင်ဘဲ ကိုယ်လက်အင်္ဂါ ဖြတ်ထုတ်ပစ်ရမည့် အဆင့်သို့ ရောက်ရှိခြင်း အစရှိသည် တို့ ကို ကာကွယ်သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city

ကိုယ်ဝန်ဆောင်အပြီး ဗိုက်ပူလာတာကို ကာကွယ်နိုင်ဖို့

ကိုယ်ဝန်ဆောင်အပြီးမှာ ခါးပတ်လည်မှာ အဆီတွေစုလာတာ ဗိုက်ပူလာတာဟာ အမျိုးသမီးတွေအဖို့ မလိုလားပေမယ့် အဖြစ်များနေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိုလှောင်ထားတာတွေထက် လတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ သုတေသီတွေက အကြံပြုထားပါတယ်။ ဒီသုတေသနမှာတော့ အိန္ဒိယနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ Fertility စင်တာမှ သားဖွားမီးယပ်အထူးကု ဆရာဝန် Dr. Rita Bakshi  က ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတွေကို ပေးထားတဲ့ နည်းလမ်းတွေ ကို ဖော်ပြပေးလိုပါတယ်။
လတ်ဆတ်သော သစ်သီးများ ကို စားသုံးပေးပါ။ ကလေးနို့ဖြတ်ခါနီးအထိ ရေခဲသေတ္တာထဲမှာ အေးခဲ ထားတဲ့ အစားအစာတွကို ရှောင်ကျဉ်သင့်ပါတယ်။
လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးပါ။ အစားအစာတွေကို ကြာရှည်အောင် ပြုလုပ်ထားတဲ့ ကျပ်တိုက်စာ၊ အကင်များနဲ့ ဆိုးဆေးတွေပါဝင်တဲ့ အသား၊ ငါးတွေ၊ စည် သွတ်အစားအစာတွေအစားဈေးက လတ်လတ်ဆတ်ဆတ် ၀ယ်ယူလာတဲ့ သားငါးတွေကို ချက်ပြုတ်စားသောက်သင့်ပါတယ်။
ရာသီစာ ဟင်းသီးဟင်းရွက်တွေဟာမီးဖွားပြီးစ ကိုယ်ခန္ဓာတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့်တစ်မျိုးတည်းကို နေ့စဉ်စားသောက်တာမျိုးအလွန်အကျွံ စားသုံးတာမျိုးကတော့ မသင့်တော်ပါဘူး။
ကလေးဝေယျာဝစ္စလုပ်ငန်းတွေကနေ အားလပ်တဲ့အချိန်မျိုးမှာ ပင်ပန်းတကြီး မလုပ်ရတဲ့ ယောဂလို၊ အေရိုးဗစ်လို လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။
ယောဂထဲမှာမှ asanas  နဲ့ pranayama  ကတော့ မီးဖွားပြီးတဲ့ ကိုယ်ခန္ဓာအတွက် အထူးသင့်တော်ပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဖြစ်ပေါ်စေပါတယ်။

ငြိမ်းအေး
Ref: IANS
Health Updates Journal

ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ဖို့ ဘာစားရမလဲ

ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေကို စားသုံးပေးသင့်ကြောင်း သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဒီသုတေသနကို Royal Holloway University, St George’s University, လန်ဒန် တက္ကသိုလ်နဲ့ Kingston University London တို့က ပူးပေါင်းလေ့လာမှု ပြုခဲ့တာဖြစ်ပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာ ကျွဲကောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊ လီမွန်သီးတွေလို အချဉ်ကဲတဲ့ အသီးတွေအပြင် ကီဝီသီး၊ စတော်ဘယ်ရီ၊ နဲ့ခရမ်းချဉ်သီးတွေ ပါဝင်ပါတယ်။
ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာပါဝင်တဲ့ naringenin ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်နိုင်ပြီး PKD2 ဆိုတဲ့ ပရို တင်းကိုတားဆီးပေးနိုင်ပါတယ်။ အဲဒီ PKD2ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် Polycystic Kidney့ လို့ခေါ်တဲ့ ကျောက်ကပ်မှာ ရေအိတ်၊ ပြည်တွေနဲ့ ပြည့်နှက်ပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းသွားမယ့် အခြေအနေကို ဗီတာမင်စီကြွယ်ဝတဲ့ အသီးတွေ စားသုံးပေးပြီး ကာကွယ်နိုင်ပါတယ်။

ဒီလေ့လာမှုမှာ ကျောက်ကပ်ရေအိတ်တည်နေတဲ့ ကြွက်တွေကို သုတေသနပြုခဲ့ပြီး naringenin ကို ထိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ PKD2 ပမာဏ သိသိသာသာ လျော့ကျလာတာကို တွေ့ရပြီး ကျောက်ကပ်မှာရှိနေတဲ့ ရေအိတ်တွေ လဲလျော့ကျသွားပါတယ်။ ဒါ့အပြင် အသစ်ဖြစ်ပေါ်လာမယ့် ရေအိတ်အခြေအနေကိုလည်း ကာကွယ်နိုင်တယ်လို့သိရပါတယ်။

Kingston University ရဲ့ဆေးဝါးဗေဒဆိုင်ရာ ပါမောက္ခ Dr.Mark Carewuna ringenin ရဲ့အာနိသင်ကို ဆက်လက်လေ့လာနေပြီး ဆေးဝါးအဖြစ် ထွက်ပေါ်လာဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။
အခုလေ့လာမှုကို British Journal of Pharmacology မှာ ဖော်ပြထားတာဖြစ်ပါတယ်။

သက်ကို
ref: ANI
Health Updates Journal

စအိုလမ်းကြောင်း ကင်ဆာ (Anal Cancer)

စအိုလမ်းကြောင်း ကင်ဆာရောဂါဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ သာမန်လူတွေထက် အဆ ၅၀ ပိုပြီး အဖြစ်များပါတယ်။ ကျွန်တော်တို့ ကြိုတင်ဆေးစစ်ဖို့နဲ့ ရောဂါစောစီးစွာရှာဖို့ လှုံ့ဆော်သင့်ပြီလား…… ၂၀၀၉ ခုနှစ် မေလက ဆောင်းပါးတစ်ခုမှာ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်းကို ဖတ်ရတော့ သားအိမ်ခေါင်းကင်ဆာဆိုတာ အလွန်မှ ကြောက်စရာကောင်းလှတဲ့ HumanPapilloma Virus (HPV) ပိုးကြောင့် ဖြစ်တာကြောင့် နှစ်စဉ် အမျိုးသမီးများဟာ အထူးသတိပြုပြီး ဆေးစစ်တာတွေ လုပ်ရမယ်လို့ ဖတ်ရပါတယ်။
အမျိုးသမီး ၃ ဦးမှာ ၁ ဦးနှုန်းနဲ့ ဖြစ်ပွားနိုင်ပြီး ၁၀နှစ်အတွင်း သေဆုံးနိုင်တယ်ဆိုတာလဲ မှတ်သားခဲ့ ဖူးပါတယ်။ သို့သော်… အလွန်ရိုးရှင်းတဲ့ အဖြေတစ်ခုက စောစောစီးစီး ကင်ဆာဖြစ်နိုင်တဲ့နေရာကို တွေ့ရှိရင်တော့ ထုံဆေးလေးပေးပြီး လှီးထုတ်ရုံနဲ့ ကင်ဆာရောဂါသေနှုန်းရဲ့ ၃ ပုံ ၂ ပုံကိုလျော့ချနိုင်သတဲ့။ အခုဆိုရင် အမျိုးသမီးတွေမှာ ဒီသားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်အောင် ကာကွယ်တဲ့ ကာကွယ်ဆေးလဲ ရှိနေပြီ။အထူးသဖြင့် ဆယ်ကျော်သက် မီးကောင်ပေါက်လေးတွေအတွက်ပေါ့။

စအိုလမ်းကြောင်းကင်ဆာဟာလည်း သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ အမျိုးတူတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ ဒီရောဂါဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်ပြီး စစ်ဆေးဖော်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် လူထု အတွင်းမှာ စအိုကင်ဆာက သားအိမ်ခေါင်းကင်ဆာထက် ဖြစ်ပွားမှု ၁၆ ဆ ရှားပါးပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ၆၀ % ပိုဖြစ်ပါတယ်။

လိင်တူဆက်ဆံသူ အမျိုးသားတွေမှာတော့ သားအိမ်ခေါင်းကင်ဆာဖြစ်သူ အမျိုးသမီးတွေထက် အဆ ၅၀ ဖြစ်ပွားနိုင်ပါတယ်။ စအိုကင်ဆာ ရောဂါဖြစ်ခဲ့ရင်တော့ ၅ နှစ်အတွင်းမှာ ၃၀% က အသက်ဆုံးကြတာ များပါတယ်။ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာအတွက် ကြိုတင် စစ်ဆေးလို့ရတဲ့ နည်းလမ်းတွေ ရှိနေပေမယ့် အမျိုးသားတွေအတွက် စအိုကင်ဆာကို မစစ်ဆေးနိုင်သေးပါဘူး။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးရှိသော်လည်း စအိုကင်ဆာအတွက် ကာကွယ်ဆေးက အမေရိကမှာပဲ သုံးလို့ရပါတယ်။

ဥရောပမှာ အတည်မပြုရသေးပါဘူး။ ဘာကြောင့်လဲ။ အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံသူ လူငယ်လေးတွေအတွက်ရော စအိုကင်ဆာကာကွယ်ဆေး မရှိသင့်တော့ဘူးလား….. စအိုကင်ဆာ အချက် လက်များ….. သားအိမ်ခေါင်းကင်ဆာနဲ့ စအိုကင်ဆာတို့ဟာ HPV ပိုးကြောင့်ဖြစ်တာပါ။ ဒါပေမယ့် HPV ပိုးဆိုတာ တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ မျိုးခွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တစ်ချို့ပိုးမျိုးတွေက လူကို ဘေးဥပါဒ်မဖြစ်စေပေမယ့် တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။

အရွယ်ရောက်ပြီး လိင်မှုကိစ္စအတွေ့ကြုံရှိတဲ့ သူတိုင်းမှာ HPV ပိုး တစ်မျိုးမဟုတ် တစ်မျိုးတော့ ကူးစက်ခံထားရတာ သဘာဝနိယာမတစ်ခုလိုတောင် ဖြစ်နေပါတယ်။ တစ်ချို့မှာ ပိုးရှိနေပေမယ့် ရောဂါလက္ခဏာလုံးဝ မပြတတ်ပါဘူး။ စအိုကင်ဆာဖြစ်တာကတော့ လိင်အင်္ဂါမှာ ကြွက်နို့လို့ အဖုထစ်လေးတွေကနေ အစပျိုးတတ်ပါတယ်။ HPV ပိုးနံပါတ် 16 ဟာ ကြောက်စရာကောင်းတဲ့ ပိုးတစ်ခုပါ။ သူက ကင်ဆာရောဂါတွေ ကို ဖြစ်စေဖို့ တွန်းအားပါတယ်။

ဒုတိယ ကြောက်စရာကောင်းတဲ့ပိုးကတော့ HPV 18 ဖြစ်ပါတယ်။ တခြား ကြောက်ရတဲ့ HPV မျိုးပေါင်း ၁၂ခုလောက် ရှိပါသေးတယ်။ အဲဒီထဲမှာ HPV 16 နဲ့ HPV 18 တို့ကတော့ ဗိုလ်ကြီးတွေပေါ့။ သူတို့က သား အိမ်ခေါင်းကင်ဆာဖြစ်ပွားမှုရဲ့ ၇၀%နဲ့ စအိုကင်ဆာဖြစ်ပွားမှုရဲ့ ၈၀% ကိုတာဝန်ယူထားကြတာပါ။ ထူးခြားတဲ့ အချက်တစ်ခုက ကျနော်တို့ ကိုယ်ခန္ဒာထဲကနေ HVP ပိုးကိုတိုက်ခိုက်နိုင်ပါတယ်။ သာမန် (HIV ပိုးမရှိသူ)လူတစ်ယောက်အနေနဲ့ HPV ပိုးကို တိုက်ထုတ်ဖို့ ၅ လ ကနေ ၁ နှစ်ကြာပေမယ့် ကိုယ်တွင်း ခုခံအားမကောင်းတဲ့သူတွေမှာတော့ ဒီပိုးကိုတိုက်ခိုက်ဖို့ အချိန်ပိုကြာမှာဖြစ်တယ်လေ။

စအိုကင်ဆာဖြစ်ရခြင်းကတော့ စအိုကိုသုံးပြီးလိင်ဆက်ဆံရာကတဆင့် HPV ပိုးကူးစက်ခံရခြင်းပါပဲ။ လိင်ဆက်ဆံဖော်များလေ HPV မျိုးခွဲများများကူးစက်ခံရလေဖြစ်ပြီး ကင်ဆာရောဂါဖြစ်ဖို့ ပိုသေချာပါတယ်။ ပြင်သစ်နိုင်ငံက သုတေသနက ဘာပြောလဲဆိုတော့ လိင်တူဆက်ဆံသူတွေမှာ ၉၆%မှာ ကြောက်စရာ HPV ပိုးတစ်ခုမဟုတ် တစ်ခုရှိနေတတ်ပြီး အဲဒီထဲက ၄၃%ဟာ HPV 16 ဖြစ်နေတာတွေ့ရတယ်တဲ့။ အခုဆိုရင် ကမ္ဘာမှာ HPV ပိုးအတွက် ကာကွယ်ဆေးထွက်နေပြီလေ။ GlaxoSmithKline Company က ဆေးက HPV 16 နဲ့ 18 ကိုကာကွယ်ပြီး Gardasil company ဆေးက လိင်အင်္ဂါကြွက်နို့်တွေဖြစ်စေတဲ့ သိပ်မဆိုးတဲ့ HPV 6 နဲ့ 11 ကိုပါ ကာကွယ်ပေးနိုင်သတဲ့။

စစ်ကြ ဆေးကြရာဝယ်…. ကြောက်စရာကောင်းတဲ့ HPV ပိုးမျိုးတွေက စအိုလမ်းကြောင်းမှာ သိသာထင်ရှားတဲ့ အဖုတွေ ကြွက်နို့တွေကို မဖြစ်စေပါဘူး။ သိသာမြင်သာတဲ့ လက္ခဏာအလွန်နည်းပြီး တခါတရံမှသာ စအိုအတွင်းသား အရေပြားက ဖြူနေတာ၊ အနီရောင် အဖြစ် အရောင်ပြောင်းနေတာကို ဆေးစစ်ရင်း သိနိုင်တာပါ။ စအိုအရေပြား နည်းနည်းလေး ပြောင်းလဲရုံနဲ့တင် စအိုကင်ဆာဖြစ်နိုင်ပါတယ်။
စစ်ဆေးတဲ့နည်းတွေကတော့

• ကလပ်စည်း (ဆဲလ်)တွေကို အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း
• စအိုလမ်းကြောင်းကို မှန်ပြောင်းဖြင့်ကြည့်ခြင်း
• စအိုလမ်းကြောင်းရှိ အသားစကို စစ်ဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒီလိုစစ်ဆေးပြီး စအိုလမ်းကြောင်းက ကလပ်စည်းတွေက ပုံမှန်လား၊ ပုံမှန်ထက် ထူးခြားနေတာလား၊ ကင်ဆာ အမြစ်စတွယ်ပြီးလား …စတဲ့ အခြေနေတွေကို လေ့လာဖော်ထုတ်ရပါတယ်။ ရောဂါအဆင့်တွေ ကလည်း မတူပါဘူး။ ရောဂါအဆင့်ကိုလိုက်ပြီး ကုသပုံတွေလည်း ကွာခြားပါတယ်။

စအိုကင်ဆာအတွက် ကြိုတင်စစ်ဆေးခြင်း

ပုံမှန်အားဖြင့် အများပြည်သူတွေအတွက်တော့ ကြိုတင်စစ်ဆေးဖို့ သိပ်မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေများတဲ့ သူတွေ အထူးသဖြင့် HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေ၊ HIV ပိုးရှိပြီး စအိုလမ်းကြောင်း အသုံးပြုဆက်ဆံတဲ့ အမျိုးသမီးတွေအတွက်တော့ စစ်ဆေးဖို့လိုအပ်ပါတယ်။ အမေရိကရဲ့ သုတေသနတစ်ခုကတော့ HIV ပိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လိင်တူဆက်ဆံသူအမျိုးသားအားလုံး စအိုကင်ဆာကို ကြိုတင်စစ်ဆေးထားတာ အကျိုးရှိပါတယ်လို့ ထောက်ပြထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ HPV ပိုးကြောင့် တစ်ချို့လူတွေမှာ ဆိုးဆိုးဝါးဝါး ကင်ဆာအဆင့်ထိရောက်စေတဲ့ သဘာဝကို အတိအကျ မသိရှိသေးလို့ပါ။ အင်္ဂလန်နိုင်ငံကတော့ ဒီလိုစစ်ဆေးတာက ငွေ ကုန်ကြေးကျများလို့ ပုံမှန် လုပ်ဖို့မလိုဘူးလို့ ဆိုပြန်ပါတယ်။ အမေရိကမှာတော့ စအိုမှာ ကြွက်နို့ပေါက်တာရှိနေတဲ့ အမျိုးသားတွေ၊ HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေအတွက် စစ်ဆေးဖို့ တိုက်တွန်းထား ပါတယ်။ ဒီလိုစစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုရဲ့ ၃၀% ကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်။

စအိုကင်ဆာ ကုဖို့ရာ….
အင်္ဂလန်နိုင်ငံက ပုံမှန်စစ်ဖို့ မတိုက်တွန်းတာက အကြောင်းရှိပါတယ်တဲ့…။ ဒီကင်ဆာရောဂါဟာ အဖြစ်နည်းတယ်၊ တကယ်လို့ စစ်ဆေးလို့တွေ့ရင်လည်း ပျောက်အောင်မကုနိုင်ဘူးတဲ့။ လက်ရှိကုနေတဲ့ ဓာတ်ရောင်ခြည် ကုထုံး (ဓာတ်ရောင်ခြည်ဖြင့် စအိုလမ်းကြောင်းရှိ အသားစများကို ဖျက်ဆီးခြင်း) Inferred Coagulation Therapy က အလွန်နာကျင်တယ်တဲ့။ ရောင်ခြည်နဲ့ ကုပြီးနောက် (၁၀) လ နေရင် ရောဂါပြန်ပေါ်တဲ့အတွက် မလိုအပ်တဲ့ အနေအထိုင်ခက်စေတာတဲ့။ ဒီတော့ ကုသဖို့ထက် စစ်ဆေးဖို့ကို အားမပေးဘူးတဲ့လေ။

အကယ်၍ စအိုကင်ဆာဖြစ်ခဲ့လည်း ခင်ဗျားဟာ အလွန်ကံဆိုးသူလို့ မဆိုနိုင်ဘူးတဲ့။ ဘာလို့လဲဆိုတော့ ရောဂါရှိသူတွေဟာ ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှု ၆၅% ရှိသေးတယ်တဲ့လေ။ ဥပမာ ဝှေးစေ့ကင်ဆာ (Testicular Cancer) ရှိသူတွေမှာ ၉၇% က ၅ နှစ်အတွင်း အသက်ဆုံးရတာတဲ့လေ။ နောက်တစ်ခု အဆုတ်ကင်ဆာသမားတွေဆို ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှုက ၅ % ပဲရှိကြတာ။ လက်ရှိနောက်ဆုံးပေါ် ကုထုံးကတော့ ဓာတ်ရောင်ခြည်နဲ့ကုတယ် ပြီးတော့ ကင်ဆာဆေးတွေ သွင်းတယ် သောက်ရတာပေါ့။ ကင်ဆာဆေးတွေကလည်း သိပ်မပြင်းတော့ဘူးလေ။ သက်တောင့်သက်သာ သောက်လို့ သွင်းလို့ရတယ်လေ။မအန်တော့ဘူးပေါ့။

ကာကွယ်ဆေးအကြောင်း တစေ့တစောင်း….

ဒါဆို ကျနော်တို့ ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေကို HPV 16-18 မကူးစက်အောင် ကာကွယ်ဆေးထိုးသင့်ပါသလား… အမေရိကမှာတော့ ၂၀၁၁ အစောပိုင်းမှာ အစားသောက်နဲ့ဆေးဝါး ကွပ်ကဲရေးအဖွဲ့ချုပ်က အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ကျား/မ အားလုံး Gardasil ကာကွယ်ဆေးထိုးနိုင်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဥရောပဆေးပညာရှင် အဖွဲ့တွေကတော့ အဲလို လုပ်တာကို သဘောမတူပါဘူး။

ဘာကြောင့်လဲဆိုတော့ ဥရောပမှာ ဒီလို ကာကွယ်ဆေးထိုးဖို့ရာ ဆေးကို အဆင့်ဆင့် အချိန်ယူပြီးမှ အတည်ပြုလို့ပါ။ ဈေးကလည်း ကြီးလို့တဲ့။ အမေရိကမှာလုပ်တဲ့ သုတေသနတစ်ခုကတော့ ဒီကာကွယ်ဆေး ဟာ အသက် ၁၉ ကနေ ၂၆ အတွင်း လိင်တူဆက်ဆံသူအမျိုးသားတွေမှာ စအိုကင်ဆာဖြစ်ပွားမှုအတွက် ၆၅% ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

ကဲ… ကိုယ့်ကိုယ်ကိုပြန်မေးကြရအောင်… ခင်ဗျားဟာ အသက်ကြီးတဲ့ လိင်တူဆက်ဆံသူအမျိုးသားဆိုရင်… ကာကွယ်ဆေးထိုးဖို့ အချိန်နှောင်းနေပြီလား?????? အဖြေက… တကယ်တမ်း ကာကွယ်ဆေး မလို ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကိုယ်ခံအားက ဒီ HPV ပိုးကို တိုက်ခိုက်နိုင်သေးတယ်ဆိုတာ ခင်ဗျားမေ့နေလို့ပါတဲ့။ ၂၀၀၉ သုတေသနအရ အမေရိကမှာရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေရဲ့ ၄၃%မှာ HPV ပိုးအတွက် ခန္ဒာကိုယ်က တုန့်ပြန်တဲ့ ပဋိဇီဝပစ္စည်းမတွေ့ဘူးတဲ့လေ။ ဆိုလိုတာက ဒီလူတွေမှာ ဒီလူတွေမှာ HPV ပိုးကူးစက်ခံရပေမယ့် ကိုယ်တွင်းက တိုက်ခိုက်လိုက်တော့ ဆိုးဝါးတဲ့ ကင်ဆာရောဂါ အထိ ဆက်မဖြစ်တော့ဘူးလေ။

ဒါဆို ကာကွယ်ဆေးထိုးရင် ဘာအကျိုးရှိမှာလဲ?????? လုပ်သင့်တာကတော့ မိမိမှာ ကူးစက်ခံထားရတဲ့ HPV ပိုးအမျိုးစားကို သိအောင်လုပ်ပါ။ ပိုးက HPV 16 သို့မဟုတ် HPV 18 မဖြစ်နေရင်တော့ ထိုးသင့် တယ်လေ။ ဒါပေမယ့် HPV 16 သို့မဟုတ် HPV 18 လက်ရှိအခြေနေမှာ ကူးစက်ခံထားပြီးရင်တော့ ထိုးလည်း မထူးတော့ဘူး။

တစ်စုံတစ်ယောက်က စအိုမှာ ကြွက်နို့တွေရှိလို့ စအိုကင်ဆာဖြစ်နိုင်လားမေးရင် ဘယ်လိုဖြေမလဲ…… အဖြေကတော့ HPV 16 သို့မဟုတ် HPV 18 ဆိုရင်ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးမထိုးပေမယ့်လည်း တခြားနည်းတွေနဲ့ သိအောင်လုပ်လို့ရသေးတာကိုလည်း အမှတ်ရပါဦး။ ဥပမာ မိမိကိုယ်တိုင် လက်နဲ့စမ်းသပ်ကြည့်မယ်၊စအိုလမ်းကြောင်းမှာ အသားမာလေးတွေရှိနေတာမျိုး၊အသားပိုလေးတွေရှိနေတာမျိုးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသင့်ပြီ။ စအိုလမ်းကြောင်းမှာ ယားယံတာ၊ နာတာ၊ အနာဖြစ်တာ၊ သွေးထွက်တာမျိုးလည်း စအို ကင်ဆာအတွက် ဂရုပြုပြီး စစ်ဆေးသင့်တယ်။ (တခြားရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်)။

HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားများအတွက် မှာချင်တာကတော့ ဆေးကို စနစ်တကျသောက်ဖို့နဲ့ ကွန်ဒုံးသုံးဖို့ပါပဲ။ ပိုးမရှိတဲ့သူတွေအတွက်လည်း ကွန်ဒုံးကို စနစ်တကျသုံးခြင်းဟာ အရေးပါတဲ့ ကာကွယ်ခြင်း တစ်ခုပါပဲ…..

လမင်းကို

ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း

ဆရာခင်ဗျ... ကျွန်တော်တို့ ရွာတွေမှာ ခုတလော အဆိပ်သောက်မှု ပိုများလာပါတယ်။ တမင်တကာ သောက်သုံးမှု ရှိသလို တချို့ကလေးငယ်များက တော့ မှားယွင်း သောက်သုံး ကြတာပါ။

ကျွန်တော် သိလိုတာက အဆိပ်သောက်မိ သူကို ဘယ်လို ကယ်ဆယ်ရမလဲ ဆိုတာပါ။ မောင်စည်သူထိုက်(ကွမ်းခြံကုန်း) အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစားအရည်တွေ ပါဝင်ပါတယ်။ အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီး ရင်ခေါင်း၊ ဝမ်းခေါင်း ထဲက ပူလောင်ခြင်းကို ခံစားရတတ်ပါတယ်။ အဲဒီနောက်မှာ သတိလစ်သွားပြီး အသက်ပါ သေဆုံး တတ်ပါတယ်။ အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။

လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့် တာကတော့ ဘယ်လို အဆိပ်သောက် လိုက်တယ်။ ဘယ်လောက်များများ သောက်လိုက်တယ် ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့ ပုလင်းလွတ်၊ ဘူးခွံအပါအဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။ အဆိပ်ရည် စွန်းပေနေတဲ့ အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တစ်ဝိုက်မှာ စွန်းပေနေတဲ့ အဆိပ်အစအန အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့ အခါမှာ အဆိပ်မထိ သေးတဲ့နေရာ သို့မဟုတ် အရေပြားပေါ်မှာ အဆိပ်တွေ မစွန်းပေဖို့ ဂရုစိုက်ပါ။ အန်အောင် ပြုလုပ်ခြင်းကြောင့် လည်ချောင်း တစ်လျှောက်က ပြန်တက်လာတဲ့ အစာများက တစ်ဆင့် လည်ချောင်းကို ထပ်မံ လောင်စေ စားစေတဲ့အတွက် အန်အောင် မလုပ်သင့်ပါ။ လောင်စေ စားစေတတ်သည့် ဓာတုပစ္စည်းတွေ နှုတ်ခမ်းကို လောင်ပါက ပါးစပ်၊ အာခံတွင်းနဲ့ လည်ချောင်းအတွင်း အလောင်၊ အပူလျော့ပါးစေရန် နို့အေး သို့မဟုတ် ရေအေးအေး အနည်းငယ် တိုက်သင့်ပါတယ်။ ကာယကံရှင်ကိုလည်း နှစ်သိမ့် ဖျောင်းဖျပေးပါ။ အရက်(မက်သနော) ဆိပ်သင့်သူဆိုရင်တော့ အအေးမမိ စေရန် စောင်ခြုံပေးပါ။ အဆိပ်သောက်သူ သတိလစ်သွားပါက တစောင်းထားပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်း အသက်ရှူပုံကို စောင့်ကြည့်ပေးပါ။ အသက်ရှူ လမ်းကြောင်း လွယ်ကူစေရန် ဆောင်ရွက်ပေးပါ။ လိုအပ်လျှင် ရှေးဦး သူနာပြုစုနည်းနဲ့ ကယ်ရမှာပါ။ အထက်ပါ အချက်တွေကို သေချာစွာ မှတ်သားထားမှသာ အဆိပ်သောက်သူကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

မြ၀တီ


ဆံပင်ဖြူရခြင်း

ဆံပင်ဖြူရခြင်းဆံပင်ဖြူခြင်းကို ဖြစ်စေနိုင် သည့် အကြောင်းရင်း များမှာ

- မျိုးရိုးလိုက်ခြင်း

- စိတ်ဖိစီးမှု များခြင်းနှင့် အလုပ်မှ ဖိအားများခြင်း

- ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပုံစံကြောင့် အရွယ် မတိုင်မီ ဆံပင်ဖြူနိုင်ပါတယ်။

- အချို့အခြေအနေများတွင် စိတ် ခံစားမှု အလွန်ပြင်းထန်ခြင်း ဥပမာမမျှော်လင့်ထား သော တစ်စုံတစ်ခု ကြောင့် Shock ရခြင်း၊ စိတ်ဒဏ်ရာ ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

- ဆံပင်ဖြူတစ်ချောင်းကို နုတ် လိုက်ရင် နှစ်ချောင်းထပ်ပေါက်လာ တယ်ဆိုတဲ့ အချက်ဟာ လုံးဝမှားပါ တယ်။

- မယ်လနင်ဓာတ် လျော့နည်း သွားခြင်းကြောင့် ဆံပင်ဖြူများဟာ အရောင်ဆိုးဖို့ ခက်ခဲပါတယ်။

- ဆံပင်ဖြူခြင်းဟာ ဗီတာမင် B12 ချို့တဲ့ခြင်း၊ သိုင်းရွိုက်မမျှတခြင်း စသည့် ဆေးဘက်ဆိုင်ရာ အခြေ အနေ၏ ရလဒ်ကြောင့် ဖြစ်နိုင်ပါ တယ်။

- ဆေးလိပ်သောက်သူ များဟာ မသောက်သူများနှင့် ယှဉ်လျှင် ဆံ ပင်ဖြူနိုင်ခြေ ၄ ဆ ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ဆံပင် ကျွတ်ခြင်းနဲ့လည်း ဆက်စပ်နေပါ တယ်။

- ညတွင်းချင်း ဆံပင်ဖြူလာ တယ်လို့ လူတွေပြောနေကြတာဟာ မဖြစ်နိုင်ပါဘူး။ ဆံပင်ဟာ တဖြည်း ဖြည်းချင်း ဖြူလာတာပါ။ အသက် ကြီးလာတာနဲ့အမျှ ရောင်ခြယ် ပစ္စည်း ထုတ်လုပ်မှု လျော့ကျလာပြီး ဆံပင် တွေ စဖြူလာ တာဖြစ်တယ်။

By Health Digest

နောက် ၅နှစ်အတွင်း အကြားအာရုံကို ကုသပေးနိုင်တော့မယ့် မျိုးရိုးဗီဇကုထုံး




လူသားတွေရဲ့ အကြားအာရုံချို့တဲ့ခြင်းကို ကုသပေးနိုင်မယ့် မျိုးရိုးဗီဇကုထုံးဟာ နောက် ၅နှစ်လောက်ဆို ရရှိနိုင်တော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ပြန်လည်ဆန်းသစ်ထားတဲ့နည်းပညာဟာ အမှားအယွင်းရှိနေတဲ့ DNA ကို ပြုပြင်ပေးပြီး ကြွက်တွေရဲ့ အကြားအာရုံကို တဖန်ပြန်လည်ရရှိစေနိုင်ခဲ့ပြီ ဖြစ်ကြောင်း သုတေသနတစ်ရပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

အလားတူ လူသားအကျိုးပြုသိပ္ပံဆိုင်ရာသုတေသန မျိုးရိုးဗီဇကုထုံးကို ထိခိုက်၍သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း အကြားအာရုံပျက်စီးသွားတဲ့ လူသားတွေမှာ အသုံးပြုနိုင်ဖို့ လုပ်ဆောင်လျှက်ရှိပါတယ်။

အမှားအယွင်းရှိနေတဲ့ မျိုးရိုးဗီဇတွေရဲ့ ကျန်းမာနေတဲ့ မျိုးရိုးဗီဇပွားယူမှုကို လက်ခံရရှိပြီးတဲ့နောက် အကြားအာရုံချို့တဲ့နေတဲ့ ကြွက်တွေဟာ ဆူညံသံတွေကို အာရုံခံလာနိုင်ကြောင်း ယခုနောက်ဆုံး သုတေသနရပ်က ရှာဖွေတွေ့ရှိခဲ့တာပါ။

ကြွက်တွေရဲ့ သန္ဓေပြောင်းမျိုးရိုးဗီဇတွေဟာ အကြားအာရုံချို့တဲ့နေတဲ့  လူသားအချို့နဲ့သက်ဆိုင်တဲ့ မျိုးရိုးဗီဇတွေနဲ့ ဆင်တူနေတဲ့အတွက် ဒီနည်းပညာကို လူသားတွေဆီမှာ အသုံးချနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ ပိုမိုခိုင်မာလာခဲ့တာဖြစ်ပါတယ်။

၎င်းမျိုးရိုးဗီဇကုထုံးဟာ နားအတွင်းပိုင်း ဆံချည်ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အကူအညီပေးခဲ့ပြီး အကြားအာရုံကို တစ်စိတ်တစ်ပိုင်းချင်း ပြန်လည်ကောင်းမွန်လာစေခဲ့တာပါ။

ဒီနည်းပညာကို လူသားတွေဆီမှာ နောက်၅နှစ်မှ ၁၀နှစ်အတွင်း အသုံးပြုကုသနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာဆိုထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ရေယုန်ပေါက်ရင် ဘာလုပ်ရမလဲ

ဒေါက်တာစွမ်း (ဆေး-၂)

ဒေါက်တာရှင့် …သမီးအသက် ၂၅ နှစ် ရှိပါပြီ။ ပြီးခဲ့တဲ့ ရက်က သမီးနှုတ်ခမ်းမှာ အရည်ကြည်ဖုလေး နှစ်လုံးသုံးလုံး ဖြစ်လာတယ်ဆရာ။ အဲဒီ အရည်ကြည်ဖုလေးက အခုတော့ ပေါက်သွားပြီး နှုတ် ခမ်း ရောင်သလို ဖြစ်ရပါတယ်။ သမီးတို့ ရပ်ကွက်နဲ့ ဆေးခန်းက အတော်ဝေးပေမဲ့ ဆေးခန်းသွားပြ ခဲ့ပါတယ်။ ဆရာဝန်က ရေယုန်ပေါက်တာလို့ ပြောပြီး ဆေးပေးလိုက်လို့ အခုတော့ သက်သာစ ပြုနေပါပြီ။ သမီး သိလိုတာက ရေယုန်က သမီးတို့လို လူကြီးတွေလည်း ပေါက်တာပဲလား ဆရာ။ သမီးကြားဖူးတာ ရေကျောက် ပေါက်ပြီးတဲ့ လူပဲ ရေယုန်ပေါက်တာ မဟုတ်ပါလား။ မြဖူးခိုင် (ပျဉ်းမနား)

သမီး မြဖူးခိုင်ကို ဖြေကြား လိုတာကတော့ ရေယုန်ဟာ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ပေါက်တတ်တယ် ဆိုတာပါ။ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်ခံအားကျခြင်း၊ နေလောင်ခြင်းတို့ကြောင့် ရေယုန်ေ ပါက်နိုင်ပါတယ်။ သမီးသိထား သလိုပဲ ရေကျောက်ပေါက်ပြီးတဲ့ သူမှာလည်း ရေယုန် ပေါက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပြန်လည် အစွန်းပြတဲ့ သဘောပါ။ အဲဒါမျိုး ဆိုရင်တော့ စဖြစ်ဖြစ်ခြင်း ခန္ဓာကိုယ်တစ်ခြမ်း စူးခြင်း၊ နာခြင်း ဖြစ်ပြီးတော့ ခေါင်းကိုက်တတ်၊ ဖျားတတ်ပါတယ်။ အဲဒီနောက် အရည်ကြည်ဖု သေးလေးများ မျက်နှာနဲ့ အချို့ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ အပြင်လိုက်၊ အစုလိုက် ပေါ်လာတတ်ပြီး အဲဒီ အဖုလေးတွေ ညှိုး၊ ခြောက်၊ ချပ်သွား ပြီး တစ်ပတ်ခန့်ကြာလျှင် ပျောက်သွား တတ်ပါတယ်။ သမီး မြဖူးခိုင်ရဲ့ ရေယုန်ကတော့ ရေကျောက်ကြောင့် ပေါက်တဲ့ ရေယုန် မဟုတ်ဘဲ အားနည်း လို့၊ နေလောင်ခံလို့ ဖြစ်တဲ့ ရေယုန်အဖြစ် ဆရာယူဆ မိပါတယ်။ ရေယုန်တွေ မျက်လုံးတစ်ဝိုက် ပေါက်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့ (၁) ရေယုန်ကြောင့်ဖျားပါက ကိုယ်ပူကျဆေး သောက်ပါ။ ရေများများသောက်ပါ၊ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။

စူးခြင်း၊ နာခြင်း ဖြစ်ပေါ်ပါက ရေခဲဖတ် ကပ်ပေးပါ။ (၂) ရေထိလို့ ရေယုန် မပွားတဲ့အတွက် ရေနွေးနဲ့ ရေချိုးနိုင်ပါတယ်။ ဆော်ဒါ ရေနွေးဖျော်ရည်၊ Oat Meal၊ ကိုယ်တိုက်ဆပ်ပြာဆီ၊ ဆပ်ပြာရည်တို့နဲ့ ရေချိုးပေးပါ။ မျက်နှာကိုလည်း ရေ၊ ဆပ်ပြာတို့နဲ့ ညင်သာစွာ တိုက်နိုင်ပါတယ်။ (၃) ရေယုန် အရည်ကြည်ဖုက ထွက်တဲ့ အရည်ကြောင့် ရေယုန် ကူးစက်နိုင်တဲ့ အပြင် အရည်ကြည်ဖု အားလုံး ချပ်သွားသည့်တိုင် မည်သူနှင့်မျှ အရေပြားချင်း မထိမိစေဖို့ ဂရုစိုက်ပါ။ (၄) ဆေးဆိုင်မှာ ရေယုန် (Shingles) ပျောက်စေသော အရေပြားလိမ်းဆေး ဂျဲလ်မျိုးကို ဝယ်ယူပါ။ အရေးကြီးဆုံးက စိတ်ဖိစီးမှုတွေ ဖျောက်ဖို့နဲ့ နေလောင် မခံဖို့ပါပဲ။ အရည်ကြည်ဖုတွေ ပြည်တည်လောက်အောင် ပိုပွားလာရင်တော့ ကြပ်ကြပ်မတ်မတ် ကုသဖို့ လိုအပ်ပါတယ်။ သမီး မြဖူးခိုင် တစ်ယောက် ရေယုန်ကင်းစင် အလှဖြာ ဝေနိုင်ပါစေ။ ။

မြ၀တီ

Toothache သွားကိုက်ခြင်း

Dental cavity သွားအခေါင်းဖြစ်လို့ကနေ အများဆုံးသွားကိုက်တယ်။ ဒုတိယလိုက်တာက Gum disease သွးဖုံးရောဂါ။ ကိုယ်ဝန်မှာ သွားကိုက်လို့ တခုခုလုပ်စရာလိုရင် ဒုတိယ ၃ လအတွင်းကအသင့်ဆုံးဖြစ်တယ်။ Cracked tooth သွားအက်တာ၊ Exposed tooth root သွားအခြေ (အမြစ်) ပေါ်နေတာတွေကနေလဲ သွားကိုက်မယ်။သွားမှာ မဟုတ်ဘဲ မေးရိုးဆစ်ရောဂါ၊ (ဆိုင်းနပ်စ်) ရောဂါတွေကလဲ သွားကိုက်တာနဲ့ မှားတတ်တယ်။

Dental abscess ပြည်တည်တာလဲရှိတယ်။ သွားကိုဖုံးပေးထားတဲ့ Enamel ကြေလွှာကိုထိခိုက်ရင် မျက်စိနဲ့ မမြင်ရသေးခင်ကတည်းက သွားနာတာစမယ်။ စားလိုက်တဲ့ အစားအသောက်ထဲမှာပါနေတဲ့ သကြားဓါတ်ကို ခံတွင်းထဲနေတဲ့ ဗက်တီးရီးယားကနေ အက်စစ်ဓါတ်အဖြစ် ပြောင်းပေးတယ်။ အက်စစ်ဓါတ်က ကြွေလွှာလေးကို ဖျက်ဆီးတယ်။ ကြာတော့ သွားအခေါင်းဖြစ်လာတော့တယ်။

သွားရဲ့အတွင်းဆုံးအထပ်ဖြစ်တဲ့ ပြော့လွှာထဲမှာ နာတာကိုခံနိုင်တဲ့ အာရုံကြောရှိတယ်။ သူ့ကို ဗက်တီးရီးယားအဆိပ်တွေ၊ စားတာသောက်တာထဲက အပူ၊ အအေး၊ အချဉ်၊ အချိုတွေကနေ နာစေမယ်။ ဆိုးလာရင် ပြော့လွှာတစ်ရှူးတွေသေပြီး Dental abscess ပြည်တည်လာနိုင်တယ်။

သွားပေါက်ဖြစ်လာတာကို တိမ်သေးရင် Dental filling ဖါပေးနိုင်တယ်။ နက်နေပြီဆိုရင်တော့ Crown အစွပ် အုပ်ပေးရတယ်။ အခေါင်းကနေ ပြော့လွှာကိုထိခိုက်ပြီး ပိုးဝင်မယ်ဆိုရင် သွားနုတ်ရနိုင်တယ်။ ဒါမှမဟုတ် သေနေတဲ့ တစ်ရှူးတွေ ထုတ်ပေးရတတ်တယ်။ ဖြည့်စရာနဲ့ အစားထိုးရတတ်တယ်။ ပြည်တည်နာကနေရောင်လာပြီး ဘေးကို ပြန့်နိုင်တယ်။ တခါတလေ အရေးပေါ်ကုသရတယ်။

Gum (periodontal) disease သွားဖုံးရောဂါဖြစ်ရင် သွားကို ထိန်းမထားနိုင်တော့ဘူး။ Plaque (ပလိပ်) ခေါ်တာဖြစ်လာတယ်။ စာတပုဒ်ရေးထားပါတယ်။

• Rinse with warm salt water ဆားကို ရေနွေးထဲထည့်ပြီး ငုံပါ။ ပလုပ်ကျင်းပါ။ ဆား လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းကို အနေတော် ရေနွေး တဖန်ခွက်ထဲ ရောပါ။ ဆားမပါတဲ့ အခန်းအပူချိန်ရှိ ရေနွေးလဲ လုပ်နိုင်တယ်။
• ရေခဲတုံးလဲ ငုံထားနိုင်တယ်။ ဒါပေမဲ့ တချို့ဆရာဝန်တွေက အေးလွန်းတာနဲ့ ပူလွန်းတာတွေကို ရှောင်စေချင်တယ်။
• Paracetamol, Aspirin, Ibuprofen နဲ့ Benzocaine အနာသက်သာဆေး တမျိုးမျိုး သောက်ပါ။
• Codeine နဲ့ Hydrocodone Oxycodone ဆေးတွေက ဆရာဝန်လက်မှတ်နဲ့မှ ဝယ်ရတဲ့ အပြင်းစား အနာသက်သာဆေးတွေ ဖြစ်တယ်။ အိပ်နိုင်မယ်။
• Eugenol (Cloves oil) လေးညှင်းဆီ သုံးပါ။
• ဆေးဆိုင်မှာ အလွယ်ဝယ်ရတဲ့ Benzocaine ထုံဆေး လဲသုံးနိုင်တယ်။
• Tobacco/Smoking ဆေးလိပ် မသောက်ပါနဲ့။ (နီကိုတင်း) က နာတာကို ပိုဆိုးစေတယ်။
• Massage နှိပ်နယ်ပေးနိုင်တယ်။ သွားနာနေချိန်မှာ ငြိမ်ထိုင်မနေဘဲ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးသင့်တယ်။ သီချင်း-ဂီတ နားထောင်သင့်တယ်။ ရုပ်ရှင်-တီဗွီကြည့်ပါ။
• Listerine ပါးစပ်ဆေးရည်ကောင်းပါတယ်။

သွားပိုးဝင်တာအတွက်သုံးတဲ့ ပဋိဇီဝဆေးတွေ -
(၁) Erythromycin (အရစ်သရိုမိုင်စင်) = တခါသောက် 250mg တနေ့ ၄ ကြိမ်။ ဒါမှမဟုတ် တခါသောက် 500mg တနေ့ ၂ ကြိမ်။
(၂) Metronidazole (မက်ထရိုနိုက်ဒါဇောလ်)
- Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
- သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm TDS
- သွားမနုတ်မီ 2 Gm ၁ နာရီကြိုတင်ပေးပါ။

Dr. တင့်ဆွေ

သွားဆရာဝန်က ဒီသွားမနူတ်သင့်သေးဘူးဆိုရင် နားထောင်လိုက်နာလိုက်ပါ


ဆောင်းပါး၊ ဇူလိုင် (၂)

သွားကိုက်လို့  စိတ်အနှောက်အယှက်ဖြစ်တာကို မခံနိုင်တဲ့အဆုံး သွားဆရာဝန်ဆီသွားပြီး သွားနုတ်ပေးဖို့  တောင်းဆိုဖူးကြမှာပါ။ သွားဆရာဝန်ကလည်း နုတ်ပေးလို့ ရတဲ့သွားကိုနုတ်ပေးသလို နုတ်ပေးလိုက်ရင် လူကို ထိခိုက်စေမယ့်သွားကို မနုတ်သင့်သေးဘူးလို့ စည်းရုံးပြောဆိုလေ့ရှိပါတယ်။ ဒါကိုနားထောင်လိုက်နာသင့်တယ်လို့  အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ ဗြိတိန်က မိတ်ဆွေတစ်ဦးဟာ အသေးစားသွားခွဲစိပ်မှုလေးတစ်ခု ခံယူပြီးနောက် အသစ်ဖြစ်ပျက်သမျှကို မမှတ်မိနိုင်တော့လို့ ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မှတ်ဥာဏ်ရပ်တန့်  သွားခြင်းဖြစ်ပြီး အရင်ဖြစ်ခဲ့သမျှကိုမှတ်မိပေမယ့် နောက်ထပ်ဖြစ်ပျက်တာတွေကို မမှတ်မိတော့တာပါ။

ဝီလျံဟာ အမြဲကိုက်နေတဲ့ အံသွားတစ်ချောင်းရဲ့ အမြစ်ကို ဖြတ်ထုတ်ပစ်ဖို့  သွားဆရာဝန်ဆီ သွားခဲ့ပါတယ်။ သွား ဆေးခန်းက လူနာလဲလျောင်းပေးရတဲ့ ထိုင်ခုံပေါ် နေရာယူလိုက်ပါတယ်။ ဆရာဝန်က သူ့ ကို ထုံဆေးထိုးပေးပါ တယ်။ အဲဒီနောက်ပိုင်း ဘာတွေထပ်ဖြစ်တယ်ဆိုတာကို ၀ီလျံလုံးဝ မမှတ်မိတော့ပါဘူး။ ၀ီလျံရဲ့  ခန္ဓာကိုယ်တွင်း ဇီဝနာရီဟာ ဆရာဝန်နဲ့ ခွဲစိပ်မှုပြုလုပ်နေတဲ့ မတ်လ ၁၄ ရက်နေ့ ၊ မွန်းလွဲ ၁း၄၀ အချိန်မှာ လုံးဝရပ်တန့် သွားခဲ့ ပါတယ်။

အဲဒီအချိန်ကစပြီး ၀ီလျံဟာ ဘာကိုမှ မိနစ် ၉၀ ထက်ပိုပြီး သတိမရတော့ပါဘူး။ ဒါပေမယ့် အရင်တုန်းက ကိစ္စတွေ ကိုတော့ အားလုံးမှတ်မိနေပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လူတစ်ယောက်နဲ့  ပါတ်သက်တာတွေကို ကောင်း ကောင်း မှတ်မိနေပေမယ့် အဲဒီလူအခုဘယ်မှာနေတယ်ဆိုတာကို မသိတော့ပါဘူး။ အဆိုးဆုံးကတော့ မနက် အိပ်ယာနိုးလိုက်တိုင်း အဲဒီနေ့ မနက် သွားဆရာဝန်ဆီသွားဖို့  ပြင်ဆင်သလိုပဲ ပြင်ဆင်နေတတ်ပြီး သွားဆရာဝန်ဆီ သွားရမယ်လို့ ပြောပြောနေတာပါပဲ။ ၀ီလျံဟာ အဲဒီနေ့ နောက်ပိုင်းကို မမှတ်မိနိုင်တော့ဘဲ မနက်မိုးလင်းလို့  ထလိုက် တိုင်း အဲဒီနောက်ဆုံးမှတ်ဥာဏ်ပဲ ပြန်ပေါ်နေတာ ဖြစ်ပါတယ်။ သူ့ ဇနီးက သူ့ တစ်နေ့ တာဖြစ်ပျက်ခဲ့သမျှကို သူ့  စမတ်ဖုန်းထဲ ရေးသွင်းပေးနေမှသာ သူပြန်ဖတ်ပြီး မနေ့ က ဘာဖြစ်ခဲ့တယ်ဆိုတာကို အသစ်မှတ်သားရရှာပါတယ်။

ဘာမဟုတ်တဲ့ သွားအမြစ်ဖြတ်တဲ့ခွဲစိပ်မှုဟာ ၀ီလျံရဲ့ ဦးနှောက်ကို ဘာကြောင့်များ ဒီလောက်ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု ဖြစ်စေခဲ့တာပါလိမ့်။ ဆရာဝန်ရဲ့ စိတ်ထဲမှာတော့ ၀ီလျံကိုခွဲစိပ်နေတုန်းမှာ တစ်စုံတရာမှားယွင်းမှု ဖြစ်တယ်လို့  မထင်ခဲ့ပါဘူး။ ခွဲစိပ်မှုပြီးလို့  ၀ီလျံရဲ့ မျက်နှာကိုကာကွယ်ထားတဲ့ မှန်အနက်ကြီးကိုဖယ်လိုက်မှ ၀ီလျံ ဟာ ဖြူဖပ်ဖြူရော်ဖြစ်နေတာကို သတိထားမိခဲ့ကြတာပါ။ မတ်တပ်ရပ်ခိုင်းလိုက်တော့ ယိမ်းထိုးနေပါပြီ။ ပြီးတော့ သူ့  မျက်လုံးတွေက ငေးကြောင်ကြည့်နေပြီး သွားစိုက်ဆရာဝန်ကို အခုမှရောက်လာတဲ့အတိုင်း ပြန်နူတ်ဆက်နေပါ တယ်။ သူ့ ကိုဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံ ၃ ရက်တက်လိုက်ရပေမယ့် ဘာကိုမှ မိနစ်အနည်းငယ်ထက်ပိုပြီး မမှတ်မိတာကိုတော့ ကုစားလို့ မရတော့ပါဘူး။

ပထမတော့ ၀ီလျံဟာ ထုံဆေးနဲ့ မတည့်လို့ ဖြစ်တာ၊ ဦးနှောက်ထဲ သွေးယိုစီးတာလို့  ယူဆခဲ့ပေမယ့် ဦးနှောက်ထဲ သွေးယိုစီးတဲ့အထောက်အထား မတွေ့ ခဲ့ပါဘူး။ ဆက်လက်စမ်းသပ်စစ်ဆေးမှုအရ ၀ီလျံဟာ မှတ်ဥာဏ်အသစ်ကို မေ့လျော့သောရောဂါ anterograde amnesia ကို ခံစားနေရတယ်ဆိုတာ တွေ့ ရှိခဲ့ပါတယ်။ ၀ီလျံဝက်ရူးပြန်တုန်းက သူ့ ဦးနှောက်ထဲက မီးခိုးရောင်အပိုင်းအတော်များများကို ဖြတ်ထုတ်ခဲ့ရပါတယ်။

ဒီမီးခိုးရောင်အပိုင်းတွေဟာ ဦးနှောက်ရဲ့  ပုံနှိပ်တိုက်နှယ် အလုပ်လုပ်ပေးပါတယ်။ သတိရစရာတွေကို အခန်းလိုက် ပရင့်ထုတ်ပေးပါတယ်။ ဒီ မီးခိုးရောင်အပိုင်းတွေမရှိဘဲ ၀ီလျံဟာ ဘာကိုမှ မမှတ်မိနိုင်ပါဘူး။ ဒါပေမယ့် ထူးထူးခြားခြားဆိုသလိုပဲ ၀ီလျံရဲ့  ဦးနှောက်ဟာ တစ်ပိုင်းနဲ့ တစ်ပိုင်း အချိတ်အဆက်မိနေခဲ့ပါတယ်။ ဒါဖြစ်ရင် အခု သွားအမြစ်ဖြတ်မှ ဘာဖြစ်လို့  မှတ်ဥာဏ်အသစ်မှတ်သားနိုင်စွမ်း ပျောက်သွားတာပါလိမ့်။
ဝီလျံရဲ့ ပြဿနာဟာ စိတ်ပိုင်းဆိုင်ရာပြဿနာလို့  ယူဆကြပြန်တယ်။

အပြင်းအထန်နာကျင်မှုကို ခံစားခဲ့ရတဲ့ လူနာ တွေဟာ အဲဒီနာကျင်စေတဲ့ကိစ္စတွေကို ပြန်မတွေးချင်တော့ဘဲ မေ့လျော့ပစ်လိုက်လေ့ရှိတယ်။ ဒါဟာ ရောဂါတော့ မဟုတ်၊ အကျင့်တစ်ခုပေါ့။ ဒါပေမယ့် အဲဒီအကျင့်ဟာ အဖြစ်အပျက်အသစ်တွေကို မမှတ်မိနိုင်အောင်လို့ တော့ အနှောက်အယှက်ပေးလေ့ မရှိပါဘူး။ နောက်ပြီး ၀ီလျံမှာ ဒီလိုနာကျင်စွာခံစားခဲ့ရတဲ့ အဖြစ်ဆိုးမျိုးလည်း မရှိခဲ့ပါဘူး။
ဒီအနေအထားအရ ၀ီလျံရဲ့ ဦးနှောက်ဟာ အာရုံကြောဆက်ကြောင်းငယ်လေးတွေ ပြတ်တောက်သွားပြီး ကွန်ပျူတာ ပရင်တာဟာ ပုံမှန်လှုပ်ရှားနေပေမယ့် မှင်မလိုက်တော့သလို ခံစားလိုက်ရတာပါ။ ဒါကြောင့် မိနစ် ၉၀ လောက် ကြာ သွားရင်ကို ခုနကကိစ္စတွေက ကိုယ်ပျောက်မှင်လိုပဲ တဖြည်းဖြည်းနဲ့  လွှင့်ပါးပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။

နောက်ပြီး ဒီအာရုံကြောမျှင်တွေပြတ်တောက်မှုဟာ သွားအမြစ်ဖြတ်ထုတ်မှုနဲ့ ဘာကြောင့်ဆက်နွယ်နေတယ်ဆိုတာ ထုံးစံအတိုင်း သိပ္ပံပညာရှင်များက အဖြေရှာအုံးမယ်လို့  ပြောပါတယ်။ ဗြိတိန်နိုင်ငံ ဆေးလောကသမိုင်းမှာ ဦးနှောက် မပျက်စီးဘဲ မှတ်ဥာဏ်ပျောက်ဆုံး တဲ့လူတွေ (၅) ယောက် ရှိတယ်လို့ ဆိုပါတယ်။ သူတို့ အားလုံးဟာ သွားဆရာဝန် နဲ့  ခွဲစိပ်မှုပြုလုပ်နေတုန်း မှတ်ဥာဏ်ပျောက်ဆုံးခဲ့တာတော့မဟုတ်ပေမယ့် ဆေးရုံမှာ ခွဲစိပ်ကုသမှုခံယူနေတုန်း တစ်ပုံစတည်းပဲ ကြုံတွေ့ ခဲ့ကြတာလို့  ဆိုပါတယ်။

ဒါဆိုရင်တော့ အာရုံကြောမျှင်လေးတွေ ပြတ်တောက်သွားရုံနဲ့ လည်း ဦးနှောက်ရဲ့ ပင်မလုပ်ငန်းတွေကို ပံ့ပိုးပေးနေ တဲ့ ပရိုတိန်းစီးကြောင်း ပြတ်တောက်သွားနိုင်ပြီး မှတ်ဥာဏ်ပျောက်ဆုံးတာတွေ ဖြစ်လာနိုင်တဲ့အတွက် အခြားအာရုံ ကြောမျှင်တွေ ပြတ်တောက်ပျက်စီးဖို့ ဆိုတာ ကိုယ်က ဒဏ်ရာအနာတရရမှ ဖြစ်လာမှာမို့  တားဆီးကာကွယ်ဖို့ ဆို တာ သတိထားရုံကလွဲလို့  သိပ်မတတ်နိုင်ပေမယ့် သွားနူတ်မယ်၊မနူတ်ဘူးဆိုတာကိုတော့ ကိုယ်က ထိန်းချုပ်လို့  ရတန်သလောက်ရတာဖြစ်တဲ့အတွက် မလိုအပ်ရင် သွားမနူတ်ဖို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

TMK ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/lashio.news.city

ကပြား ကလေးငယ်တွေဟာ အရပ်ရှည်ပြီး ပိုမို ဥာဏ်ကောင်းကြ




ကမ္ဘာကြီးဟာ ပိုမို အချိတ်အဆက်မိလာပြီး ယဉ်ကျေးမှုတွေပေါင်းစပ်လာတဲ့အခါမှာတော့ သုတေသီတွေက ဒါဟာ ကျွန်ုပ်တို့မျိုးဆက်အတွက် အဓိကကျတဲ့ ကဏ္ဍ တစ်ခု ဘယ်လိုဖြစ်လာတယ်ဆိုတာ ကို စူးစမ်းကြပါတော့တယ်။

လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ ယနေ့ခေတ် လူသားတွေဟာ သူတို့ရဲ့ ဘိုးဘေးဘီဘင် တွေထက် ပိုမို အရပ်ရှည်လာကြပြီး ပိုမို ဥာဏ်ကောင်းလာကြပြီး ဒါဟာ မျိုးရိုးဗီဇ ချင်း ရောယှက်ထားတဲ့ လူဦးရေ ( ကပြား ) များလာတာကြောင့် ဖြစ်တယ်ဆိုတာပါပဲ။

ဒါ့အပြင် အဲဒီလို မတူညီတဲ့ လူမျိုး ၊ မတူညီတဲ့ ယဉ်ကျေးမှုခြင်း ပေါင်းစပ်ထားတဲ့ မိဘ ၂ ပါးက မွေးဖွားလာတဲ့ ကလေးတွေဟာ ပညာရေးမှာလည်း မြင့်မာတဲ့ အနေအထားကို ရောက်ရှိနိုင်ကြပါတယ်။

Edinburgh တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လေ့လာမှု ပေါင်း ၁၀၀ ကျော်ကနေ မျိုးရိုးဗီဇ နဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ရယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ကြပါတယ်။ ထိုလေ့လာမှုတွေမှာတော့ မြို့ပြနဲ့ ကျေးလက်က လူဦးရေ ၃၅၀၀၀၀ ကျော်ကို စစ်တမ်းကောက်ယူလေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

သုတေသီတွေ ထောက်ပြခဲ့တဲ့ အချက်ကတော့ လူတွေဟာ အမေ ဆီကရော ၊ အဖေ ဆီကပါ ပုံတူပွားထားတဲ့ မျိုးရိုးဗီဇ တွေကို အမွေရကြပါတယ်။ တစ်ချို့ကတော့ မိဘ ၂ ပါးရဲ့ ဘိုးဘေးဘီဘင် မျိုးရိုးခြင်းနီးစပ်မှု ရှိနေကြပါတယ်။  မိသားစု ၂ ခုက နီးစပ်မှု မရှိတဲ့အခါမျိုးမှာတော့ အနည်းငယ်သော ကလေးငယ်တွေဟာ ပိုမိုကောင်းမွန်ပြီး ရောစပ်ထားတဲ့ မျိုးရိုးဗီဇ တွေကို အမွေရလိုက်ပါတယ်။

အဲဒီလို ပိုမိုကောင်းမွန်ပြီး ရောစပ်ထားတဲ့ မျိုးရိုးဗီဇတွေပိုင်ဆိုင်ထားတဲ့ ကလေးငယ်တွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုဟာ အရပ်မြင့် ခြင်း နဲ့ မြန်ဆန်စွာ တွေးခေါ်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်စေတာက ရောစပ်ထားတဲ့ မျိုးရိုးဗီဇ ပိုင်ရှင်တွေဟာ သွေးဖိအား နဲ့ ကိုလက်စထရော ပမာဏတွေမှာတော့ ဘာသက်ရောက်မှု မှ မရှိခဲ့ပါဘူး။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ