ဖခင်တွေ ကလေးငယ်ကို ပုံပြင်ဖတ်ပြခြင်းဟာ ထိုကလေးငယ်တွေကို ဘာသာစကား ထူးချွန်စေ




ဖခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ညဘက်မှာ အိပ်ယာဝင်ပုံပြင်တွေပြောပြခြင်းဟာ ကလေးငယ်တွေကို ဘာသာစကားပိုင်းမှာ ထူးချွန်လာစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Harvard တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ကလေးငယ်တွေရဲ့ ဘာသာစကားထူးချွန်မှုဟာ မိဘတွေရဲ့ ပုံပြင်ပြောပြမှု အပေါ်မှာ မူတည်နေသလို ကလေးငယ်တွေဟာ အမျိုးသမီးတွေ ပုံပြင်ပြောပြတာထက် အမျိုးသားတွေ ပုံပြင်ပြောပြတဲ့ အခါမှာ ပိုပြီး ကောင်းကျိုးတွေရှိနေတာကို ထိုသုတေသန က တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် မိခင်တွေထက် ဖခင်တွေဟာ ကလေးငယ်တွေကို ပုံပြင်ပြောပြဖို့ ပိုမိုသင့်တော်နေတာပါ။ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ Elisabeth Duursma ဆိုသူက "သက်ရောက်မှုက ကြီးမားပါတယ်။ ဖခင်တွေအနေနဲ့ အသက်၂နှစ် အောက်ကလေးငယ်တွေကို စာဖတ်ပြသင့်ပါတယ်။ စာဖတ်ပြတာဟာ အမျိုးသမီးတွေ အလုပ်လို့ထင်မှတ်ရပေမယ့်လည်း ကလေးတွေကိတော့ သူတို့ရဲ့ဖခင်တွေစာဖတ်ပြတဲ့အခါမှာ ပိုပြီး သဘောကျကြပါတယ်" လို့ဆိုပါတယ်။

သူမရဲ့ ပြောကြားချက်အရတော့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ ကလေးငယ်တွေကို ချဉ်းကပ်ပုံခြင်း မတူကြပါဘူး။ မိခင်တွေဟာ ဆရာမတွေနဲ့တူပါတယ်။ မိခင်တွေဘက်က ကလေးငယ်တွေကို မေးခွန်းထုတ်တဲ့အခါမှာ "ပန်းသီးဘယ်နှစ်လုံးမြင်ရသလဲ" ဆိုတဲ့ ရိုးရှင်းသော မေးခွန်းတွေကိုသာ ကလေးငယ်တွေကို ပြောနိုင်စွမ်းရှိကြပါတယ်။ ဖခင်တွေကတော့ ပိုပြီး အနုပညာဆန်တဲ့ မေးခွန်းတွေကို မေးနိုင်စွမ်းရှိတာကိုတွေ့ရတယ်လို့ သူမက ဆိုထားပါတယ်။

ထို ကောင်းကျိုးတွေရှိနေပါလျက်နဲ့ ဗြိတိန်နိုင်ငံက သုတေသန တစ်ခုက ဖော်ပြခဲ့တာက မိဘ ၄ ယောက်မှာ ၁ ယောက်ခန့်ကပဲ ကလေးတွေကို စာဖတ်ပြလေ့ရှိပြီးထို မိဘတွေဟာလည်း ၆ လမှာ တစ်ကြိမ်ခန့်သာ ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ မိဘ အရေအတွက် ရဲ့ ထက်ဝက်ခန့်သာ မိမိရဲ့ ကလေးငယ်တွေကို ပုံပြင်ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

တစ်နေ့ကို သံဗူး အချိုရည် ၂ ဗူး ခန့် သောက်ခြင်းဟာ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နိုင်ခြေ များစေနိုင်




တစ်နေ့ကို သံဗူး အချိုရည် ၂ ဗူး ခန့် သောက်ခြင်းဟာ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နိုင်ခြေ တို့ကို များလာစေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

အတုအယောက်အားဖြင့် အချိုဓါတ်ရအောင်ဖန်တီးထားတဲ့ ထို အချိုရည်တွေဟာ ခဏတာအတွက်သာ အချိုရည်အဖြစ် သတ်မှတ်နိုင်တာ ဖြစ်ပြီး ရေရှည်မှာတော့ ကျန်းမာရေး သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဟားဗတ်ဒ် တက္ကသိုလ်က လေ့လာမှုက သတိပေးလိုက်ပါတယ်။ ထိုလေ့လာမှုက အခိုင်အမာဆိုလိုက်တာကတော့ တစ်နေ့ အချိုရည် ၂ ဗူး ခန့်သောက်သုံးခြင်းဟာ ဆီးချို ၊ သွေးချို ရောဂါ ကို ၂၆ ရာခိုင်နှုန်း ဖြစ်နိုင်ခြေ များစေပြီး ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ ကိုလည်း ၃၅ ရာခိုင်နှုန်းအထိ များလာစေတယ် ဆိုတာပါပဲ။

အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ ထို အချိုရည်တွေကို နေ့စဉ် သောက်သုံးနေကြပြီး ၄ ယောက်မှာ ၁ ယောက်ခန့်ဟာ ထို အချိုရည်တွေက နေ ကယ်လိုရီ ၂၀၀ ခန့် ရယူနေကြပြီး ၅ ရာခိုင်နှုန်းခန့်ကတော့ တစ်နေ့ကို ကယ်လိုရီ ၅၀၀ ထက်ပိုပြီး ရယူနေကြတယ်လို့ သိရပါတယ်။ ကယ်လိုရီ ၅၀၀ ဆိုတာဟာ သံဗူးအချိုရည် ၄ ဗူးစာ နဲ့ညီမျှပါတယ်။

ထိုလေ့လာမှုဟာ သကြားဓါတ်တစ်မျိုးဖြစ်တဲ့ Fructose ကို အဓိကထားပြီးလေ့လာခဲ့တဲ့အခါမှာ Fructose တွေဟာအချိုရည်တွေနဲ့ အစားအစာတွေမှာ လိုအပ်တဲ့ သကြားဓါတ် Sucrose နေရာမှာ အစားထိုးပြီး နေရာယူနေတာကိုတွေ့ခဲ့ရပြန်ပါတယ်။ Fructose တွေဟာ Sucrose ထက် ဈေးသက်သာတဲ့အတွက်ကြောင့် အခုလို ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။

ထို Fructose တွေဟာ လူ့ခန္ဓာကိုယ် ရဲ့ အသည်းအတွင်း ၀င်ရောက်ပြီးတဲ့နောက် Triglycerides ဆိုတဲ့ Fatty ကွန်ပေါင်းတွေအဖြစ်ပြောင်းလဲသွားပါတယ်။ အဲဒီက တစ်ဆင့် Fatty အသည်းရောဂါကို ဖြစ်စေပါတယ်။ အဲဒီအခြေအနေဟာ ဆီးချိုသွေးချို နဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတို့ကို အဓိက ဖြစ်စေနိုင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Fructose ရယူမှု များသွားတဲ့အခါမှာ ဒူလာ ရောဂါကိုလည်း ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုထားပါသေးတယ်။ ဒီလေ့လာမှုကိုတော့ Journal of American College of Cardiology ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror



ထာဝရအသက်ရှည်ဆေး ဖော်စပ်ဖို့  နီးစပ်လာပြီဖြစ်ကြောင်း သိပ္ပံပညာရှင်တွေပြောကြား




ဆိုက်ဘေးရီးယားရေခဲပြင်မြေလွှာထဲမှာ နှစ်ပေါင်း ၃.၅ သန်းကျော်အသက်ရှင်နေခဲ့တဲ့ ဘက်တီးရီးယားကို ရှာဖွေတွေ့ ရှိပြီးနောက်မှာ သိပ္ပံပညာရှင်တွေရဲ့ နတ်သက်ရှည်ဆေး ဖော်စပ်ဖို့ ကြိုးပမ်းမှုဟာ အရေးကြီးခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆိုက်ဘေးရီးယားရေခဲပြင်လို ကြမ်းတမ်းတဲ့ဒေသအခြေအနေမှာ ဒီဘက်တီးရီးယားအနေနဲ့ ဘယ်လိုအသက်ရှင်နေခဲ့သလဲ ဆိုတဲ့အပေါ်မှာ ဘက်တီးရီးယားရဲ့ DNA ကို ဖော်ထုတ်နိုင်ပြီးတဲ့အခါ ပိုမိုနားလည်သဘောပေါက်နိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

ယခုအထိ တွေ့ ရှိရတဲ့ အရိပ်လက္ခဏာတွေကတော့ အလားအလာကောင်းလျက်ရှိပါတယ်။

“ ကြွက်တွေနဲ့ အသီးအနှံတွေမှာ ကျွန်တော်တို့ စမ်းသပ်မှုအများအပြားလုပ်ခဲ့ပြီးနောက်မှာ၊ အသက်ရှည်မှုနဲ့ သန္ဓေ အောင်မှုပိုင်းကို ဒီဘက်တီးရီးယားက ထိန်းထားပေးနိုင်တဲ့ အကျိုးသက်ရောက်မှုကို တွေ့ ရှိခဲ့ရပါတယ်” လို့  အဆိုပါ ဘက်တီးရီးယားကို ရှာဖွေတွေ့ ရှိခဲ့တဲ့ ရှရှားလူမျိုး Dr Anatoli Brouchkov က ပြောကြားပါတယ်။

“ ဒီဘက်တီးရီးယားရဲ့ မျိုးဗီဇအသုံးဝင်ပုံ၊ ဂျီနို(မ်) ခေါ် ဒီအင်န်အေထဲက အချက်အလက်စုကို ကာကွယ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းစုရဲ့ဆောင်ရွက်ပုံတွေကို ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့  လိုအပ်ပါတယ်” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

“ကမ္ဘာကြီးမှာ မသေဆုံးနိုင်တဲ့ (၀ါ) ထာဝရအသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားတွေ၊ သတ္တ၀ါတွေ ရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ သူတို့ က မသေနိုင်ဘူး။ ပိုပြီးအတိအကျပြောရရင်၊ ဆဲလ်ပျက်စီးမှုကို သူတို့ ဘာသာ ကာကွယ်နိုင်ပါတယ်”

“ကျွန်တော်တို့ ဆဲလ်တွေကတော့ ပျက်စီးမှုကို သူတို့ ဘာသာ မကာကွယ်နိုင်ပါဘူး။ ဒီဘက်တီးရီးယားရဲ့ ပျက်စီးမှုနဲ့ အိုမင်းမှုကို ကာကွယ်ပေးတဲ့ ဆောင်ရွက်ပုံယန္တရား ကို ရှာတွေ့ မယ်ဆိုရင်၊ ကျွန်တော်တို့ လူသားတွေ အိုမင်းရင့်ရော်မှုအတွက် ပြန်အသုံးချနိုင်မှာပါ။ ဒါဟာ လူသားတွေရဲ့ အဓိကပဟေဠိပုစ္ဆာတစ်ပုဒ်ဖြစ်ပြီး ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ Dr.Brouchkov က ရှင်းပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

တရုတ်အရက်ဖြူ Baiju ၌ ကာမအားတိုးဆေးများပါဝင်၍FDSမှ တားမြစ်ခဲ့


 တရုတ်နိုင်ငံသည် လွန်လေပြီး သောနှစ်ပေါင်းများစွာကပင် ကာမ အားတိုးဆေးများအား တိရိစ္ဆာန်များ ၏ လိင်အင်္ဂါများမှ ထုတ်လုပ်သုံးစွဲခဲ့ ကြသည်။ ယခုခေတ်ကာလ၌ တရုတ် ဥပဒေက အစားအသောက်များတွင် ကာမအားတိုးဆေးများ ထည့်သွင်း အသုံးပြုခြင်းအားတားမြစ်ခဲ့ကြသည်။ သို့သော်လည်း ယင်းကဲ့သို့တည့်သွင်း အသုံးပြုမှုများမှာ အလျဉ်းသင့်သလို လုပ်ဆောင်ကြဆဲဖြစ်သည်။ တရုတ် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှာLiuzhou ရှိ စက်ရုံနှစ်ရုံတွင် ၎င်းင်းတို့၏ ထုတ်ကုန်များ၌ှSildenafil နှင့် tadalafil ကဲ့သို့ ကာမအား တိုးဆေးများထည့်သွင်း သုံးလျက်ရှိ ကြောင်း တွေ့ခဲ့ရသည်။FDA မှ ၎င်းင်းတို့၏ ယမကာပုလင်းပေါင်း များစွာအား ပန်းသေပန်းညှိုးတွင် သုံးသော ကာမအားဆေး Viagra များ ပါဝင်သည့်အတွက် သိမ်းဆည်း ခဲ့သည်။ ၎င်းင်းတို့၏ ထုတ်ကုန် Baiju မှာ အရက်ဖြူတစ်မျိုးဖြစ်ပြီး၊ အရက် ပြင်းအားပမာဏ များပြားကာ ကွန်ဖူးအရက်၊ အသက်ရှည်ဆေး စသဖြင့် အမည်အမျိုးမျိုးပေးကာ ရောင်းချခဲ့ကြောင်း သိရသည်။

အ၀င်;
Ref: AFP
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ဓါတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ကျောက်ကပ်ဟာ တိရိစ္ဆာန်တွေမှာ ကောင်းမွန်စွာ အလုပ်လုပ်တာကိုတွေ့ရှိ




ဓါတ်ခွဲခန်းအတွင်းမှာ ဖန်တီး ရှင်သန်လာစေခဲ့တဲ့ ကျောက်ကပ် တစ်လုံးဟာ ကြွက်တွေနဲ့ ၀က်တွေရဲ့ အညစ်အကြေးစွန့် စနစ်တွေမှာ အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပြီး ထို အစိတ်အပိုင်းကို ကောင်းမွန်သေချာစွာ အလုပ်လုပ်နိုင်ရန် နဲ့ ရှင်သန်နိုင်စေခဲ့ပြီဖြစ်တယ်လို့ သုတေသီတွေက လေ့လာမှု တစ်ခုမှာ တင်ပြခဲ့ပါတယ်။

သုတေသီတွေဟာ ဓါတ်ခွဲခန်းအတွင်းမှာ ဖန်တီးထားတဲ့ ကျောက်ကပ် ကို လူတွေရဲ့ ခန္ဓာကိုယ်အတွင်း ထည့်သွင်းနိုင်အောင် ကြိုးစားခဲ့ပေမယ့်လည်း အခုတစ်ကြိမ် တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ခဲ့တာကတော့ အောင်မြင်မှု အတွက် အကြီးမားဆုံး ခြေလှမ်းပဲ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကျောက်ကပ် မကောင်းတဲ့သူတွေဟာ အစားထိုး ကုသမှုတွေပြုလုပ်နိုင်ခွင့်ရှိနေပေမယ့် သူတို့ဟာ အချိန်ဘယ်လောက်ထိပဲ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ သက်တမ်း ကန့်သတ်ချက် တွေရှိနေပါသေးတယ်။

သုတေသီတွေ တင်ပြထားတာကတော့ သူတို့ဟာ လူတစ်ယောက်ရဲ့ ကျောက်ကပ်ကို ပင်စည်ဆဲလ်တွေက တစ်ဆင့် ရှင်သန်စေခဲ့ပေမယ့်လည်း သူတို့ ထုတ်လုပ်တဲ့ ဆီးအညစ်အကြေးတွေကို စွန့်ပစ်နိုင်မယ့် နည်းလမ်းမရှိခဲ့ဘူးလို့သိရပါတယ်။

ဒါကို ဖြေရှင်းနိုင်ဖို့အတွက် သုတေသီတွေဟာ Metanephroi ကို အသုံးပြုပြီး ၀က်တွေရဲ့ ကျောက်ကပ်ကို ရှင်သန်စေခဲ့တဲ့အခါမှာ ကျောက်ကပ်ဟာ ရှင်သန်လာပြီး ဆီးတွေကို ထုတ်လုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုကျောက်ကပ်ဟာ ဆီးကို အညစ်အကြေးအဖြစ် မစွန့်ပစ်နိုင်ပါဘူး။

အဲဒီနောက် သုတေသီတွေဟာ နည်းလမ်းတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ဓါတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ကျောက်ကပ် ကနေ ဆီးတွေ စွန့်ပစ်နိုင်ဖို့ လမ်းကြောင်းကို ဖြစ်လာစေဖို့ ကြွက်တွေရဲ့ Metanephroi နဲ့ ဆီးအိတ်တွေကပို အသုံးပြုပြီး ကြွက်တွေထဲကို ထည့်သွင်းကြည့်တဲ့အခါမှာ ထို ဖန်တီးထားတဲ့ ဆီးအိတ်စာ တိရိစ္ဆာန်တွေမှာ မူလပါဝင်တဲ့ ဆီးအိတ်နဲ့ ထပ်မံချိတ်ဆက်ပြီးတဲ့နောက် ဓါတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ကျောက်ကပ်ထဲက ဆီးတွေကို ခန္ဓာကိုယ် ပြင်ပရောက်အောင် စွန့်ပစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ဓါတ်ခွဲခန်းမှာဖန်တီးထားတဲ့ ကျောက်ကပ်ဟာ နည်းလမ်းမျိုးစုံ နဲ့ ကောင်းမွန်မှန်ကန်စွာ အလုပ်လုပ်နိုင်ခဲ့ပြီး လူသားတွေမှာ အစားထိုး ကုသနိုင်တော့မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

စာရင်းကောက်ယူချက်အရ အမျိုးသား လေးပုံတစ်ပုံအထက်ဟာ အလုပ်ကို ဒေါက်ဖိနပ်စီးသွားချင်ကြ





အမျိုးသားလေးပုံတစ်ပုံကျော်ဟာ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိကြောင်း ပိုခံစားရအောင်လို့ အလုပ်ကို ဒေါက်ဖိနပ်စီးသွားချင်ကြတယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့ ၊ အနောက်မြောက်ပိုင်းက အမျိုးသား ၃၂ ရာခိုင်နှုန်းလောက်ဟာ သူတို့ ရဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေကို အားကျမနာလိုဖြစ်နေကြတယ်လို့ စာရင်းကောက်ယူထားမှုအရ သိရပါတယ်။ အမျိုးသားတစ်ဝက်ကျော်ဟာ အမျိုးသမီးတွေပဲ စကတ်ဝတ်ခွင့်ရပြီး အမျိုးသားတွေဝတ်မယ်ဆိုရင် လူမှုပတ်ဝန်းကျင်က လက်ခံနိုင်မှုမရှိခြင်းဟာ မမျှတဘူးလို့ ခံစားနေကြရတယ်လို့ လည်း စာရင်းကောက်လေ့လာမှုမှာ တွေ့ ရှိခဲ့ရပါတယ်။

ဝိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Barefoot Wine က အမျိုးသားတွေရဲရင့်မှုရှိအောင်၊သူတို့ ရဲ့ အတွင်းစိတ်တွေကို အ၀တ်အစားတွေကနေတဆင့်ထုတ်ဖော်ပြသဖို့ နဲ့ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မှုရှိအောင် တိုက်တွန်းအားပေးမှုပြုဖို့ အတွက် ယခုအချက်အလက်တွေကို ကောက်ယူစာရင်းပြုစုခဲ့တာဖြစ်ပါတယ်။

အမျိုးသား၊အမျိုးသမီး သုံးပုံတစ်ပုံလောက်ဟာ အလုပ်ကို ခြေဗလာနဲ့ သာ သွားချင်ကြပြီး ရှူးဖိနပ်တွေ မစီးချင်ဘူးလို့ ဆိုပါတယ်။ ၈၀ ရာခိုင်နှုန်းကျော်ဟာ တစ်ပတ်ကို တစ်ရက်၊ သူတို့ ဝတ်ချင်တာ ၀တ်ချင်ကြတယ်လို့ သိရပါတယ်။

အံ့အားသင့်ဖို့ ကောင်းတဲ့တစ်ချက်ကတော့ အမျိုးသားအများအပြားဟာ လုပ်ငန်းခွင်မှာ ယုံကြည်စိတ်ချမှု ပိုရှိအောင်လို့ ဒေါက်ဖိနပ်တွေကို စီးဖို့ ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror

Selfie ရိုက်ရင်းသေဆုံးမှု ဟာ ငါးမန်းကိုက်လို့ သေဆုံမှု နှုန်းထားထက် ပိုများနေ




လူတစ်ချို့ဟာ ပြီးပြည့်စုံပြီး ဖန်တီးမှုကောင်းတဲ့ ဆယ်လ်ဖီ ဓါတ်ပုံတွေ ရိုက်ရင်း Taj Mahal အဆောက်အဦးလှေကားတွေပေါ်က ပြုတ်ကြခြင်း ၊ တံတားပေါ်မှာ ချော်ကြခြင်း ၊ ဓါတ်လိုက်ခြင်းတို့ကို ခံစားရပြီး သေဆုံးခဲ့ရဖူးပါတယ်။

အချက်အလက်အရပြောရရင်တော့ ဆယ်လ်ဖီ ဓါတ်ပုံရိုက်ရင်း သေဆုံးမှု နှုန်းထားဟာ ငါးမန်းကိုက်လို့ သေဆုံးမှုတွေထက် ဒီနှစ်မှာ ပိုများခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ အနည်းဆုံး လူ ၁၂ ယောက်ထက်မနည်း ဆယ်လ်ဖီ ရိုက်ရင်းသေဆုံးခဲ့ရပြီး ငါးမန်းကိုက်လို့ သေဆုံးခဲ့သူကတော့ ၈ ယောက်သာရှိခဲ့တယ်လို့ သိရပါတယ်။

ဆယ်လ်ဖီ ရိုက်ကူးခြင်း ၀ါသနာတွေဟာ အန္တာရာယ် ဖြစ်စေနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီး သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီဖြစ်စဉ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့လိုအပ်နေပါပြီ။ သြစတြေးလျမှာဆိုရင် မင်္ဂလာဆောင် ကိတ်မုန့်နဲ့ ပုံစံဆင်တူပြီး အလွှာ ၁၆ ထပ်ဆင့်ထားတဲ့ ကျောက်တုံး တစ်ခုဟာ  ပြိုကျကာနီးဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပေမယ့်လည်း လူတွေကတော့ ထိုကျောက်တုံးပေါ်တက်ပြီး ဓါတ်ပုံရိုက်ဖို့ ကြိုးစားနေကြဆဲပါ။

ရုရှားနိင်ငံမှာ ဆိုရင်လည်း လူငယ်တစ်ယောက် သေနတ် ကိုင်ပြီး ဆယ်လ်ဖီ ရိုက်ရင်း သေနတ် မတော်တဆ ပစ်ခတ်မိပြီး သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ သေနတ်ကိုင်ရင်း ဓါတ်ပုံရိုက်တာဟာ အန္တရာယ်များတဲ့အကြောင်းတွေကို သတိပေးဖို့ ဆိုင်းဘုတ်ပင် ထောင်ထားရပါတယ်။

ဒါကြောင့် အင်တာနက် သုံးစွဲမှု ကျယ်ပြန့်လာတဲ့ လူငယ်တွေကြားမှာ ဆယ်လ်ဖီ ရိုက်ခြင်းနဲ့ ပတ်သက်ပြီး အထူး ဂရုစိုက်ဖို့အတွက် လိုအပ်နေပါပြီ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါ ပျောက်ကင်းသက်သာစေတဲ့ ဆေးတွေသုံးစွဲခြင်းက ရင်သွေးအပေါ် ထိခိုက်မှုမရှိ




ကိုယ်ဝန်ဆောင်မိခင်တွေ စိတ်ကျရောဂါပျောက်ဆေးတွေသုံးစွဲခြင်းဟာ ကလေးငယ်ရဲ့ အာရုံကြောဆိုင်ရာ ဖွံဖြိုးမှု သို့ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေအပေါ် ထိခိုက်မှုမရှိကြောင်း လေ့လာတွေ့ရှိချက် အသစ်တွေအရသိရပါတယ်။

“ဒီလေ့လာချက်တွေက ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါပျောက်ဆေး သုံးစွဲမှုဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို မထိခိုက်နိုင်ကြောင်း အထောက်အထားတွေပဲ ဖြစ်ပါတယ်။ တခြား အန္တရာယ်ဖြစ်နိုင်ချေတွေရှိပေမယ့် ခုထိ တွေ့ရှိရတဲ့ အထောက်အထားတွေကတော့ စိတ်ကျဝေဒနာကို မကုသပဲထားတာက ပိုပြီးအန္တရာယ်များနိုင်ပါတယ်။" လို့ International Journal of Obstetrics and Gynecology ရဲ့ အယ်ဒီတာချုပ် John Thorp က ထုတ်ဖော်ပြောကြားထားပါတယ်။

လေ့လာသူတွေဟာ ဆေးဝါးသုံးစွဲမှု ပမာဏနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ပေါ် မူတည်ပြီး သွေးထွက်လွန်နိုင်တဲ့ အခြေအနေလိုမျိုး အန္တရာယ်ဖြစ်နိုင်ခြေတွေကိုလည်း စမ်းသပ်လေ့လာခဲ့ကြပါတယ်။

“ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါပျောက်ဆေးတွေကို သုံးစွဲနေတဲ့ အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန် ဖျားနာတာတွေဟာ ဆေးတွေကြောင့်မဟုတ်ဘဲ  သွေးကြောမျှင်တွေ ပေါက်ပြဲတာကြောင့် ဖြစ်ပါတယ်။ ဒီလေ့လာမှုကို အခြေခံပြီးပြောရရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးဝါးသုံးစွဲမှု ရပ်တန့်စရာမလိုဘူးလို့ အမျိုးသမီးတွေကို အကြံပေးချင်ပါတယ်။ ဒါပေမယ့် သွေးထွက်လွန်တာလိုမျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ စနစတကျနဲ့အနီးကပ် ညွှန်ကြားချက်တွေအတိုင်း သုံးစွဲသင့်ပါတယ်။” လို့ University of Adelaide မှ ပါမောက္ခ Dr. Luke Grzekowiak က ပြောပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

အာလူးစားပြီးတိုင်းအရက်မူးတဲ့ ရောဂါလက္ခဏာ ခံစားနေရသူ အမျိုးသား




Nick Hess ဆိုသူ အမျိုးသားမှာ ရှားပါးတဲ့ auto-brewery syndrome ခန္ဓာကိုယ်တွင်းအလိုအလျောက်ကစော်ဖောက်တဲ့ရောဂါခံစားနေရပြီး ထိုရောဂါကြောင့် စားသမျှ ကစီဓာတ်ပါဝင်တဲ့အစားအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ အချဉ်ဖောက်ကာ အယ်လ်ကိုဟောအဖြစ်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

“ကျွန်တော့် မိန်းမက ကျွန်တော့်ကိုမူးနေတယ်လို့ ပထမဆုံးစွပ်စွဲတုန်းက သူမတော့ ရူးနေပြီလို့ ကျွန်တော် ထင်ခဲ့မိတယ်။ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကတော့ ကျွန်တော့်ကို ခွက်ပုန်းသမားလို့ ထင်ခဲ့ကြတယ်” လို့ အသက် ၃၅ နှစ်အရွယ် Nick က ပြန်ပြောပြပါတယ်။

Nick ရဲ့ ဇနီး Karen ဟာ Nick တစ်ယောက် စကားတွေ ဗလုံးဗထွေးပြောပြီး ယိုင်ထိုးယိုင်ထိုးလျှောက်နေပုံကို ဗီဒီယိုရိုက်ပြခဲ့ပေမယ့် Nick က မှတ်မိခြင်းမရှိဘူးလို့ ဆိုပါတယ်။

“ဗီဒီယိုထဲမှာ ကျွန်တော့်မျက်လုံးကို ကျွန်တော်သေချာပြန်ကြည့်မိတော့ ကျွန်တော် သတိလွတ်နေတာကို တွေ့ ရတယ်ဗျ။ တော်တော်လန့် သွားတယ်။ ကျွန်တော်အဲဒါကို တစ်ခုမှပြန်မမှတ်မိဘူး”  လို့ Nick က ပြောပါတယ်။

Nick ဟာ auto-brewery syndrome ခေါ် ခန္ဓာကိုယ်ရဲ့အစာခြေဖျက်မှုမှာ အီသနောဓာတ် အလွန်အကျွံထုတ်ကာ ကိုယ်တွင်းအလိုအလျောက်ကစော်ဖောက်တဲ့ရောဂါကို ခံစားနေရကြောင်း ဆရာဝန်တွေက နောက်ဆုံးမှာ တွေ့ ရှိခဲ့ပါတယ်။ Nick ရဲ့ ခန္ဓာကိုယ်မှာ တဆေးဓာတ်ပါဝင်မှုက သာမန်ထက် ၄၀၀ ရာခိုင်နှုန်း ပိုများနေကြောင်း သိရှိရပါတယ်။

သူဟာ ယခုအခါမှာ ကစီဓာတ်မပါဝင်တဲ့ဓာတ်စာတွေစားသုံးနေရပြီး ဆေးကုသမှုခံယူနေရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

သင် သေဆုံးတော့မှာလားဆိုတာ အတိအကျပြောပေးနိုင်မယ့် စူပါကွန်ပြူတာ




အမေရိကန်ဆရာဝန်တွေဟာ လူတစ်ယောက်ရဲ့သေဆုံးနိုင်ခြေကို ၁၀၀ ရာခိုင်နှုန်းအတိအကျ ခန့် မှန်းပေးနိုင်မယ့် ခေတ်လွန်စူပါကွန်ပြူတာတစ်လုံးကို ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်ခဲ့ပါတယ်။

Boston မြို့ ၊ Beth Israel Deaconess Medical Center က ဆရာဝန်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းက လူနာပေါင်း ၂၅၀၀၀၀ ကျော်ရဲ့ ဒေတာအချက်အလက်တွေကို စက်ထဲဖြည့်သွင်းပေးပြီးနောက် အဆိုပါဒေတာတွေကို စက်က အခြေပြုတွက်ချက်ကာ ရောဂါအမြန်ဆုံး ရှာပေးနိုင်ခဲ့ပါတယ်။

အဆိုပါစူပါကွန်ပြူတာဟာ လူသားဆရာဝန်တွေထက် ရောဂါရှာဖွေအဖြေထုတ်ရာမှာ ပိုမိုတိကျကောင်းမွန်မှု ရှိတယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

ယခုလို မြန်ဆန်တဲ့ရောဂါရှာဖွေနိုင်မှုကြောင့် ဝေဒနာခံစားရသူတွေကိုအချိန်မီအလျင်အမြန်ကုသနိုင်ကာ၊ အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်မှာဖြစ်သလို ရောဂါရှင် မကြာမီသေရတော့မှာလားဆိုတာကိုလည်း တွက်ချက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စူပါကွန်ပြူတာဟာ သုံးမိနစ်တိုင်းမှာ လူနာတွေရဲ့ အောက်စီဂျင်ပမာဏ၊သွေးပေါင်ချိန်ကအစ အခြေအနေအားလုံးကို တိုင်းတာပေးပြီး ဆရာဝန်တစ်ယောက်သိဖို့ လိုအပ်တဲ့ လူနာရဲ့အချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

စက်ရဲ့တွက်ချက်အဖြေထုတ်မှုကို ကြည့်ပြီး လူနာတစ်ယောက်ဟာ သေဆုံးနိုင်ခြေမြင့်မားနေလားဆိုတာကို ဆရာဝန်တွေက ၉၆ ရာခိုင်နှုန်းအတိအကျ ခန့် မှန်းပေးနိုင်မှာဖြစ်တယ်လို့  Bonston Medical Center က ဆရာဝန် Steve Hong က ပြောကြားခဲ့ပါတယ်။

ကွန်ပြူတာက လူနာတစ်ယောက်ကို သေရတော့မယ်လို့ ဖော်ပြပြီဆိုတာနဲ့ နောက်ထပ် ရက်ပေါင်း ၃၀ အတွင်းမှာ ထိုလူနာ သေဆုံးနိုင်ကြောင်း Dr.Hong က ဆက်လက်ပြောပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

အငြင်းပွားဖွယ် လူခေါင်းအစားထိုးခွဲစိတ်မှုကို ၂၀၁၇ ခုနှစ်မှာ တရုတ်ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့  အီတလီဆရာဝန်တို့ ပူးပေါင်းလုပ်ဆောင်မည်




ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်းအစားထိုးခွဲစိတ်မှုကို လုပ်ဆောင်ဖို့ အတွက် တရုတ်ခွဲစိတ်ဆရာဝန် Ren Xiaoping နဲ့  အီတလီဆရာဝန် Sergio Canevero တို့ ပူးပေါင်းလိုက်ပါတယ်။

ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့ ရုရှားလူမျိုးတစ်ယောက်ဟာ ဒီအငြင်းပွားဖွယ်ရာ အစားထိုးခွဲစိတ်မှု ကိုခံယူမယ့် ပထမဦးဆုံးလူသားတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်။

ဒီအော်ပရေးရှင်းဟာ သမိုင်းဖြစ်စဉ်ကို ပြောင်းလဲပစ်မှာဖြစ်ပြီး Valery Spiridonov ကြွက်သားသေးသိမ်သွားခြင်းရောဂါလိုမျိုး အရင်ကမကုသနိုင်ခဲ့တဲ့ ရောဂါတွေကို  ကုသနိုင်မယ့် ကုထုံးနည်းလမ်းတွေ ပေါ်ပေါက်လာစေမှာဖြစ်တယ်လို့ Dr Canavero က ပြောကြားခဲ့ပါတယ်။

အဆိုပါ ခေါင်းအစားထိုးခွဲစိတ်မှုကို တရုတ်နိုင်ငံ၊ Heilongjiang မြို့ က Harbin Medical University လက်အောက်က ဆေးရုံတစ်ခုမှာ လုပ်ဆောင်မှာဖြစ်ပါတယ်။

ခွဲစိတ်ခံမယ့် အသက် ၃၀ နှစ်အရွယ်၊ ကွန်ပြူတာသိပ္ပံပညာရှင် Spiridonov ကလည်း သူ့ ရဲ့ဦးခေါင်းကို ခန္ဓာကိုယ်က ဖြတ်ထုတ်ပြီး တစ်ခြားကျန်းမာရေးကောင်းတဲ့ခန္ဓာကိုယ်တစ်ခုမှာ ခွဲစိတ်ပြောင်းတပ်ပေးမယ့် ဆရာဝန်တွေကို အပြည့်အ၀ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ တရုတ်ခွဲစိတ်ဆရာဝန် Dr Ren ဟာ ၂၀၁၃ ခုနှစ်ကတည်းက ကြွက်တွေကို ခေါင်းအစားထိုးခွဲစိတ်မှု ၁၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး ဒီနှစ်မှာ ပရိုင်းမိတ်သတ္တ၀ါတွေ (လူဝံ၊မျောက်ဝံ) တို့ နဲ့ ခွဲစိတ်စမ်းသပ်ဖို့ ရည်မှန်းထားကြောင်းပြောခဲ့ပါတယ်။ Dr.Ren ဟာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ဦးခေါင်းအစားထိုးခွဲစိတ်ထားတဲ့ ကြွက်တွေဟာ တစ်ရက်ရှင်သန်ခဲ့ပြီး လူသားတစ်ယောက်ကို အသက်ရှင်စေနိုင်ဖို့ အတွက်တော့ အများကြီးလုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

ဦးနှောက်သေနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအလှူရှင်တစ်ယောက်ဆီကနေ ခန္ဓာကိုယ်ကို ရရှိမှာဖြစ်ပြီး ဦးနှောက်သေနေပေမယ့် ခန္ဓာကိုယ်ကတော့ ကျန်းမာလျက်ရှိတယ်လို့ ဆိုပါတယ်။

အလှူရှင်ကော၊ ဝေဒနာရှင်ပါ ဦးခေါင်းကို ကျောရိုးနာဗ်ကြောကနေ တစ်ချိန်တည်းဖြတ်တောက်မှာဖြစ်ပြီး တိကျသပ်ရပ်တဲ့ ဖြတ်တောက်မှုရအောင်လို့ အလွန်တရာထက်တဲ့ ဓားတစ်လက်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။

ထို့ နောက် လူနာရဲ့ ဦးခေါင်းကို အလှူရှင်ရဲ့ခန္ဓာကိုယ်မှာ တပ်ဆင်ပြီး ‘ မှော်ဝင်ပစ္စည်း’ လို့ Dr Canavero က အမည်ပေးထားတဲ့ ကော်ပုံစံ polyethylene glycol ပစ္စည်းနဲ့ နာဗ်ကြောအစွန်းနှစ်ခုကို ပြန်ဆက်မှာ ဖြစ်ပါတယ်။ ကြွက်သားနဲ့ သွေးကြောတွေကို ချုပ်အပြီး၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တို့ အတူတကွ အနာကျက်နေစဉ်အတွင်းမှာ လူနာမလှုပ်ရှားမိအောင်လို့ လူနာကို လေးရက် ကိုမာသွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အစားထိုးခွဲစိတ်မှုအစီအစဉ် တကယ်လို့ အောင်မြင်ခဲ့ရင်တောင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းထားသူတစ်ယောက်ဆီက ခန္ဓာအစိတ်အပိုင်းတွေကို တခြားလူအများအပြားမှာ အသုံးချနိုင်မယ့် အစား လူတစ်ယောက်တည်းမှာ အသုံးချတာက မမျှတဘူးလို့ ပေကျင်းတက္ကသိုလ်က ဆေးပညာကျင့်ဝတ်ပညာရှင်တစ်ယောက်ကလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Dailymail




မျိုးရိုးဗီဇကြောင့် ၀တယ်လို့ ယုံကြည်နေကြခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေ




မျိုးရိုးဗီဇနဲ့ အ၀လွန်ခြင်းတို့ ဆက်စပ်နေတယ်ဆိုတဲ့ သီအိုရီတွေရှိနေပေမယ့် သုတေသနပြုသူတွေဟာ ပေါင်ချိန်မြင့်တက်ခြင်းကို သူတို့ကိုယ်တိုင် ထိန်းချုပ်လို့မရဘူးလို့ ယုံကြည်ထားသူတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်နဲ့ လူနေမှုဘ၀ပုံစံ ရွေးချယ်မှုတွေမှာ အားနည်းနေပြီး ကျန်းမာရေးချွတ်ယွင်းချက်များ ပိုမိုဖြစ်စေနိုင်တာကို မကြာသေးခင်ကပဲ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အရင်ကလေ့လာချက်တွေအရ မျိုးရိုးဗီဇနဲ့ မျိုးရိုးလိုက်ခြင်းဟာ လူတွေအ၀လွန်ခြင်းအပေါ် လွှမ်းမိုးမှုရှိကြောင်း ထောက်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေဟာ လူတွေရဲ့ စားသောက်နေထိုင်မှုနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အပြုအမူတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။

မျိုးရိုးဗီဇက ကိုယ်အလေးချိန်အပေါ် လွှမ်းမိုးထားတယ်ဆိုပေမယ့် မျိုးရိုးဗီဇက အ၀လွန်ခြင်းအပေါ် ဘယ်လောက်သက်ရောက်မှု ရှိသလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ထိုလေ့လာမှုက ဆိုပါတယ်။

မိသားစုမျိုးရိုးထဲက စားသောက်ပုံ အမူအကျင့်တွေဟာ ခန္ဓာကိုယ်တွင်း အစာချေဖျက်မှုပုံစံပေါ်မှာ သက်ရောက်မှုရှိပြီး ပုံမှန်အတိုင်းစားသောက်နေထိုင်တဲ့ လူတစ်ယောက်ကိုလည်း အ၀လွန်ခြင်း ဖြစ်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိထားတယ်လို့လည်း လေ့လာမှု အရသိရပါတယ်။

မျိုးရိုးဗီဇကြောင့် အ၀လွန်ခြင်းကို တစ်နေ့မှာတစ်နာရီလောက် လမ်းလျှောက်ခြင်းဖြင့် တစ်ဝက်လောက် လျော့ကျစေနိုင်တာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကိုယ်ဝန်ဆောင် မိခင်များ ကိုယ်ဝန် လရင့်ချိန်တွင် ဆီးချို သွေးချို ရောဂါ ဖြစ်ပွားမှု များပြား

ကိုယ်ဝန်ဆောင် မိခင်များသည် ကိုယ်ဝန် လရင့်သည့် အချိန်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းမှာ များပြား လာကြောင်း ရန်ကုန် အနောက်ပိုင်း ဆေးရုံ သားဖွားမီးယပ် အထူးကု ဒေါက်တာ ကောင်းဇော်ထံမှ သိရသည်။

''ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန်လ ရင့်တဲ့အချိန်မှာ ဆီးချို၊ သွေးချို ဖြစ်ပွားလေ့ ရှိတယ်။ ကိုယ်ဝန် ငါးလအထက်မှာ အဖြစ်များတယ်။ ဒါပေမဲ့ ကလေး မီးဖွားပြီးရင် ပျောက်ကင်း သွားတတ်တယ်။ အဲဒီလိုဖြစ်တာကို ကောင်းတယ်လို့ ပြောလို့ မရဘူး။ နောက်ပိုင်းမှာ ဆီးချို၊ သွေးချိုရောဂါ ပြန်ဖြစ်လာ နိုင်တယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားရခြင်း အကြောင်း အရင်းမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ် အတွင်းမှ ထွက်လေ့ရှိသော ဟော်မုန်းများကြောင့် သို့မဟုတ်ပါက အင်ဆူလင် ထွက်ရှိမှု နည်းပါးသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ဆီးချို၊ သွေးချိုရောဂါ ဆိုသည်မှာ သွေးအတွင်းရှိ သကြားဓာတ် ပမာဏ မြင့်မားလာ ခြင်းကြောင့်ဖြစ်ပြီး သွေးအတွင်းရှိ ဂလူးကို့စ် များပြားလာခြင်း မှာလည်း စားသောက်သော အစားအစာမှ ဂလူးကို့စ် ရရှိသည့် အပြင် ခန္ဓာကိုယ် အတွင်းရှိ အသည်းမှလည်း ဂလူးကို့စ်ကို ထုတ်လုပ် ပေးခြင်းကြောင့် လည်း ဖြစ်သည်။ သွေးများမှ ဂလူးကို့စ်ကို ခန္ဓာကိုယ် တစ်ခုလုံးရှိ ကလာပ်စည်းများ ရှိရာသို့ ပို့ပေးပြီး အင်ဆူလင် ဆိုသည်မှာလည်း ဟော်မုန်း တစ်မျိုးဖြစ်ကာ ခန္ဓာကိုယ် အတွင်းရှိ ပန်ကရိယဟု ခေါ်သော အင်္ဂါမှ အင်ဆူလင်ကို ထုတ်လုပ်ပေးပြီး သွေးထဲသို့ ပို့ဆောင်ပေးခြင်းလည်း ဖြစ်သည်။ ''မိသားစု မျိုးရိုးထဲမှာ ဆီးချို၊ သွေးချိုရောဂါ ရှိတဲ့သူတွေ၊ ကိုယ်အလေးချိန် များပြီး ဝတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေ၊ အသက် ၄ဝ ကျော် အရွယ်တွေ၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချို၊ သွေးချို ရှိခဲ့တဲ့သူတွေက ဆီးချို၊ သွေးချို ဖြစ်ပွားစေနိုင်တဲ့ အခွင့်အလမ်း များပါတယ်။ ဒါ့အပြင် မွေးကင်းစ ကလေးသည် ကိုယ်အလေးချိန် ကိုးပေါင်ထက် ကျော်လွန်နေရင်လည်း ဆီးချို၊ သွေးချို ဖြစ်နိုင်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ သာမန်လူများတွင် သွေးတွင်း သကြားဓာတ် ပမာဏသည် 70 မှ 110 mg/dl ရှိသော်လည်း ဆီးချို၊ သွေးချို ရှိနေသည့် ဝေဒနာရှင် အများစုတွင် သွေးတွင်း သကြားဓာတ် ပမာဏမှာ 80 မှ 110 mg/dl အထိ ပါဝင်ကြောင်း သိရသည်။

ထက်နေ
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

Rheumatism လေးဘက်နာ

ခဏခဏမေး၊ မကြာမကြာတင်ပေးနေရတဲ့ရောဂါ။ အရင်ရေးထားတာတွေကို စုပေါင်းပြီး တပုဒ်ထဲလုပ်လိုက်ပါတယ်။ ဒါကြောင့် နည်းနည်းရှည်သွားတယ်။

ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာလာတယ်။ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ ဒီထဲမှာ (ရူမက်တစ်) အဆစ်နာ၊ (ရူမက်တစ်) အဖျား၊ (ရူမက်တစ်) နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။

အဆစ်နာ အမျိုးအစားပေါင်းက ရာကျော်ရှိတယ်။ အဆစ်နာတယ်ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလားမမေးနဲ့၊ ၁ဝဝ-၂ဝဝ ရှိတယ်။ လည်ပင်းကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ အဆစ်နာအပြင် အရွတ်နာ၊ အဆစ်ဖုံးနာ၊ အရွတ်ကြောနာ။ အများဆုံး ထိတာက အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင်မခံနိုင်ဘူး။

အောက်တိုဘာ ၁၂ ရက်ကို “ကမ္ဘာ့ အဆစ်နာနေ့” လို့ သတ်မှတ်ထားတယ်။ လူ ၁ဝဝ မှာ ၁ ယောက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို ကိုယ်နဲ့ မသင့်တာရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။

တချို့က ခုခံအားစနစ်နဲ့ဆိုင်လို့ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာ ပါတယ်။ သူ့အောက်မှာလည်း ရောဂါမျိုးစုံ ပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။

အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။ များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ အဝါရောင် အဖျားရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။

ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လိုဖြစ်လာမယ်၊ တဖက်ထဲလဲဖြစ်နိုင်၊ ဘယ်-ညာလဲဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။

လူ ၁ဝဝဝ မှာ ၆ ယောက်မှာ RA ရှိတယ်။ အမျိုးသမီးတွေက ၂-၃ ဆ ပိုတယ်။ အဆစ်မှာ အများဆုံးဖြစ်တယ်။ ကျန်အင်္ဂါအစိတ်အပိုင်းတွေကိုဖြစ်တာ ၁၅-၂၅% ရှိတယ်။ အဆုပ်မှာ ခဲနေတယ်။ ကျောက်ကပ်မှာ ရောင်ရမ်းဖြစ်စဉ်တမျိုး ဖြစ်တယ်။ နှလုံးနဲ့သွေးကြောမှာ သွေးလွှတ်ကြောမာ-ကျဉ်းလို့ နှလုံးသွေးကြောပိတ်တာဖြစ်စေနိုင်တယ်။ နှလုံးအဖုံးလွှာ ရောင်တာ၊ နှလုံးကြွက်သားရောင်တာ၊ ဘယ်ဘက်အောက်ခန်းအလုပ်မနိုင်တာ၊ အဆို့ရှင်တွေရောင်တာစတဲ့ နှလုံးရောဂါတွေကိုလဲ ဖြစ်စေနိုင်တယ်။ အာရုံကြော၊ မျက်စိ၊ အသဲ၊ ထိခိုက်မှုနု့သွေးအားနည်းတာတွေလဲဖြစ်နိုင်တယ်။

Rheumatoid arthritis (RA) ရူမတွိုက် အဆစ်နာဆိုတာ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာပါတယ်။ သူ့လူနဲ့ ကိုယ့်လူ မခွဲခြားတတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။ အဲဒီထဲက တခုကတော့ (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါဖြစ်တာ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။ မတည့်တာဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်းရှိတယ်။

(ရူမက်တစ်) ရောဂါသေခြာအောင် ASO Test, Complete blood count, ECG, ESR တွေလုပ်ရတယ်။ ASO ဆိုတာ Group A streptococci ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ပုံမှန် 160 Todd units per milliliter တနည်းပြောရရင် လူကြီးဆို 200 units အောက်၊ ကလေးဆို 300 units အောက်ရှိတယ်။

အဲတာတွေအပြင် Rhumatic factor (RF) positive ဒါမှမဟုတ် Cyclic Citrullinated Peptide (CCP) antibody test လုပ်မယ်။ ရှိနေသူဆိုတာ Rheumatoid arthritis (RA) ဖြစ်နေတာကို သေခြာစေတယ်။ မရှိတိုင်း မဖြစ်ဘူးမဟုတ်ပြန်ပါ။ ၃ဝ% မှာ (RA) မတွေ့ဘူး။ အထူးသဖြင့် ရောဂါဖြစ်တာစောသေးရင် မရှိကြဘူး။ Anti-CCP antibody ရှိနေသူက -၉၆-၉၈% သေခြာတယ်။ များလာလေလေ အဆစ်ပျက်စီးနေလေလို့သိတယ်။ ဒါပေမဲ့ ဒီစမ်းသပ်နည်းမှာ အနုတ်ပြပေမဲ့ ဒီရောဂါမဟုတ်ဘူးလို့ မပြောနိုင်သေးပါ။

• Rheumatoid Factor (RF) ၇ဝ-၈ဝ% မှာ ရှိနေမယ်။
• (ESR) မြင့်မားနေမယ်။
• (CRP) အသင့်ကနေ များနေမယ်။
• Anti -CCP အသင့်ကနေ များနေမယ်။
• Antinuclear Antibodies (ANA) အသင့်ကနေ များနေမယ်။ SLE ဖြစ်နေရင် ၉၅% သေခြာတယ်။
• Scleroderma ဖြစ်နေရင် ၆ဝ-၈ဝ% သေခြာတယ်။ Sjogren’s syndrome ဖြစ်နေရင် ၄ဝ-၇ဝ% သေခြာတယ်။ Rheumatoid arthritis ဆိုရင် ၃ဝ-၅ဝ% သေခြာတယ်။
• သွေးဖြူဥ များနေနိုင်တယ်။
• Human Leukocyte Antigens (HLA) တချို့မှာ ရှိတယ်။
• Uric Acid များနေနိုင်တယ်။ ဂေါက်ဖြစ်နေသူတွေမှာ သေခြာတယ်။
• ဓါတ်မှန်နဲ့ MRI လဲလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့ စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လို ဖြစ်လာမယ်၊ တဖက်ထဲလဲ ဖြစ်နိုင်၊ ဘယ်-ညာလဲ ဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။

ဆေးကုနည်း သုံးပိုင်းရှိတယ်။ (၁) နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊ (၂) ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင် ပြန်လုပ်နိုင်အောင် ကုသပေးတာနဲ့ (၃) ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲ သုံးမျိုး။ (၁) (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (၂) (ကော်တီကိုစတီရွိုက်) ဆေး၊ (၃) (DMARD) (ရူမက်တစ်) ဆန့်ကျင်ဆေး။

(ရူမက်တစ်) အဖျားဖြစ်ရင် ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine, Erythromycin) တမျိုးမျိုး ချက်ချင်း ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ ဆေးကို ၁ဝ ရက်အပြည့်ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေးပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ အဖျားက ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါ ကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကိုနိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲမဖြစ်ဘူး။ (ပနယ်စလင်) ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။ Penicillin V (Phenoxymethylpenicillin) ပနယ်စလင်စားဆေးကို (ရုမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့သုံးတယ်။

Strep-throat လည်ချောင်းနာ
Group A β-hemolytic streptococcal (GAS) tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ်။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ်တာ ဖြစ်ပါတယ်။ ရောဂါသေခြာအောင် Throat culture လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ်။ ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး။

(ပနယ်စလင်) မတည့်သူတွေကိုတော့ Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာကာကွယ်နေရမလဲ။ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ (ပနယ်စလင်) ဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။

လေးဘက်နာနဲ့ ငှက်ဖျားဆေးများ
ရုမတွိုက် အဆစ်နာကို ငှက်ဖျားဆေးတွေပေးပြီးကုသနည်းကို အသင့်အတင့် ရောဂါမွမ်းမံနည်းအဖြစ် သုံးတယ်။
1. Chloroquine sulphate - Nivaquine / plasmoquine
2. Chloroquine phosphate - Chloroquine
3. Hydroxychloroquine – Plaquenil တွေကို သုံးကြတယ်။

ဒီဆေးပေးဘို့ ဆုံးဖြတ်ချက်ဟာ နာနေတာ သက်သာမဟုတ်ဘဲ ရောဂါပြီးစနစ်ကို ကြည့်ရတယ်။ ဆေးကို တုန့်ပြန်မယ် ဆိုရင် ၂-၆ လအတွင်းမှာ သိသာပါမယ်။ ငှက်ဖျားဆေး တမျိုးထဲပေးနည်းရှိသလို တခြား Methotrexate ဆေးနဲ့ပါ တွဲပေးတာလဲရှိတယ်။ အဲလိုနည်းကနေ Methotrexate ရဲ့ ဘေးထွက်-ဆိုးကျိုးနည်းစေတာတွေ့ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = နေလောင်မခံနိုင်၊ အရေပြား အစက်အပျောက်ဖြစ်၊ အလာဂျီ အနီကွက်ဖြစ်၊ ပျို့ (အထူးသဖြင့် ခါးတာစားမိရင်)၊ နားထဲအသံမည်၊ မျက်စိကြည့်မကောင်း (ရှားပါး)။

ဆေးဘယ်လောက်ပေးမလဲ
• Chloroquine - 4mg/kg chloroquine base
• Hydroxychloroquine - 6mg / kg

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန်ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် လုံးဝပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစောသိဘို့လိုတယ်။ သိလို့ အပြင်းအထံဆေးကုခံပေမဲ့ ပျောက်စေမယ်လို့ မပြောနိုင်တာ ဆောရီးပါ။

လူကသိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ်အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ (စတီရွိုက်) ဆေးထိုးပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုးဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ Penicillin V ပနယ်စလင်စားဆေးကို (ရူမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့ သုံးတယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azithromycin, Clarithromycin ဆေးတွေ ပေးနိုင်တယ်။

လေးဘက်နာကုသနည်းတွေကို (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျလေ့လာမှု
(၁) ထိရောက်တဲ့ ဆေးတွေ = Disease Modifying Anti-Rheumatic Drugs (DMARDs) = Adalimumab, Azathioprine, Chloroquine and Hydroxychloroquine, Ciclosporin (Cyclosporin A), D-penicillamine, Etanercept, Golimumab, Gold salts (sodium aurothiomalate, auranofin), Infliximab, Leflunomide, Methotrexate (MTX), Minocycline, Rituximab, Sulfasalazine (SSZ) ဆေးတွေ စောစောပေးတာ သက်သာစေတယ်။

ငှက်ဖျာဆေးတွေ (Chloroquine and Hydroxychloroquine) ပေးတာ သက်သာတယ်။ Methotrexate (ကင်ဆာဆေး) ပေးတာ သက်သာစေတယ်။ Minocycline ပေးတာ သက်သာစေတယ်။ Sulfasalazine ပေးတာ သက်သာစေတယ်။ Corticosteroid ရက်တိုနဲ့ နည်းနည်း ပေးတာ သက်သာစေတယ်။

(၂) ကောင်းစေနိုင်တယ်လို့ ယူဆတဲ့ဆေးတွေ = Auranofin ဆေးဟာ (DMARDs) ဆေးတွေလောက်တော့ မထိရောက်ဘူး။ မဆိုးပါ။ Leflunomide ဆေးကလဲ သက်သာလောက်မယ်လို့ ထင်ရတယ်။ ရေရှည်ပေးတာတော့ မသေခြာပါ။ (DMARDs) ဆေးတွေကို တမျိုးနဲ့တမျိုးတွဲပေးတာလဲ ကောင်းနိုင်တယ်။

(၃) မသုံးသင့်တော့တဲ့ ဆေးတွေ = Azathioprine, Ciclosporin, Cyclophosphamide, Corticosteroid lone term use, Parenteral gold, Penicillamine တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Marvelon (မာဗယ်လွန်) တားဆေး


1. ကျနော်တို့ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ ကျနော့် အမျိုးသမီးက ၂၄ နှစ်ပါ။ ကလေးက ၁ဝ လကျော်ပါပြီ။ ကလေးကဒီတယောက်ပဲရှိပါတယ်။ နောက်လေးနှစ်လောက်မှ ကလေးထပ်။ ယူချင်ပါတယ်။ အမျိုးသမီးက ပေါင် ၁၇ဝ ရှိတယ်။ ကလေးနို့မဖြတ်သေးပါ။ အခု marvelon28 သောက်နေပါတယ်။ လေးနှစ်သောက်ရင် အန္တရာယ်ရှိပါသလား။ ကောင်းကျိုးဆိုးကျိုးကို သိချင်ပါတယ်။ ကလေးနို့တိုက်လို့ကောရပါသလား။ ဒီဆေးသောက်ရင် ပိုဝနိုင်ပါသလား။ ဒါမှမဟုတ် တခြားတားဆေး ဘာသောက်သင့်ပါသလဲ။ ပိန်အောင်ဘာတွေ လုပ်သင့်ပါသလဲ။
2. ဆရာ အသက်က ၂၂ ပါ။ ဆရာဆီ marvelon အကြောင်းတစ်ခါမေးဖူးပါတယ်။ ၁၉ ရက်တည်းက (ရာသီမလာခင်) marvelon ကို စသောက်ပါတယ်။ ၂၁ ရက်နေ့မှာရာသီလာပါတယ်။ ဆရာ့စာထဲမှာ ခုမှစသောက်မဲ့သူဆို ရာသီလာတဲ့နေ့က စသောက်ပါဆိုလို့။ ခုထိ ရက်မပျက်သောက်ခဲ့ပါတယ်။ ဆေးကုန်တာနဲ့ ရာသီလာမှာလားဆရာ။ ရာသီလာတုန်း ဆေးကိုရက်ထားပြီး လာပြီးမှ ကဒ်အသစ်ပြန်စသောက်ရမှာလား ဆရာ။
3. ဆရာ ကျမ အသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ (၈) လ ရှိပါပြီ။ ခုထိ ကလေးမရသေးလို့ပါ။ ဆရာရဲ့ "ကလေးမရနိုင်သေးခြင်း" အကြောင်းအရာတွေကိုလဲ ဖတ်ပြီးပါပြီ။ အိမ်ထောင်ကျခါစက Marvelon-28 ကို (၂) ကဒ် တော့သောက်ခဲ့ဖူးပါတယ်ဆရာ။ ဒီဆေးကြောင့်ပဲ ကလေးမရသေးတာလားဆိုတာကို သိချင်ပါတယ်ဆရာ။

• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။ အိန္ဒိယမှာ လူအများသုံး Mala-D (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) နဲ့တူတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကိုဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။
• တားဆေးကိုပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင်သလဲ။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေအုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်နေသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်


ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများကတို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး
ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့်
စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။

တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။

သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။
အဆိုပါဆေးဝါးတွေဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ့  ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်၏။

တို့ ဆေးများကို ဒုစရိုက်လောကသားများ သုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင် ရင်းနှီးကြ-အတူသောက်ပြီးရင် ကောင်မလေးက “အကိုနောက်လိုက်ခဲ့မယ်နော်” ဟုပြောကာ လူရှင်းသည့် တည်းခိုခန်းတွင်းရောက်သွားသည့်အခါအမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။
အတူချိုးမယ်ဆိုလည်းလိုက်မည်မဟုတ်ပါ၊ မိန်းခလေးရေချိုးသည့်အလှည့်တွင် သူမဖွတ်ယူ လာသည့် ဆေးအဆီရည်ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထားပါလေသည်၊ဒါအပြင် ဘီယာခွတ်အတွင်းမှာလည်ူ အစက်ချထားတတ်သည်။

ကုတင်ပေါ်အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေးမျက်နှာပေါ်ကပ်ရင်းမြူဆွယ်မည်၊မူးနေတဲ့ငနဲကတော့သိ
တဲ့အတိုင်း…ရင်သားတွေကို လျှာဖြင့်လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့်စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသား ပါစပ်တွင်းဝင်သွားပြီးနောက်မိနစ်ပိုင်းအတွင် ခေါင်းတွင်းချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။

ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုးရှိတဲ့ အရာအားလုံးဇိမ်နဲ့ မွေနှောက်ယူသွားပါပြီ။

နောက်သုံးတဲ့တနည်းက အငွေ့ ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်၊ သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ၀တ်ကောင်းစားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့  ဟန်ဆောင်ရင်း ဖေါ်ရည်စွာ ဆက်ဆံလျှက်အိမ်တွင်းသို့ ဝင်ဘို့ ကြိုးစားပါလိမ့်မည်။

နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ ဝင်ပြီး ရေမွှေး(သို့  )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပြီး မေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။

ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ ဆေးဆိုပြီးေ၇ွှတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေး အသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့  ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။

အများဆုံးသုံးနေသည့် ဆေးဝါးများ
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။

ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။

GHB ၏ အာနိသင်များ
————————
အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း

Ketamine ၏ အာနိသင်များ
——————————
စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။

ကြိုတင်၍ ကာကွယ်ဘို့ ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည့် အပြင် အသွားအလာကို တဦးတယောက်ထဲသွားမည့်အစား အဖေါ်နှင့် သွားလာရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်းမိနစ်ပိုင်းသွား ရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။
ခေတ်ပျက် ကာလတွင် မသမာသူများ-ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက်ပေါ လာပြီဖြစ်၍ သွားသတိ-စားသတိ-နေသတိ ရှိနိုင်ကြပါစေ။

Credit: မင်းဗမာ
Myawady Health
https://www.facebook.com/myawadyhealth

ဝန်ထမ်းတွေကို မနက် ၁၀ နာရီ မတိုင်ခင် အလုပ်စလုပ် စေခြင်းဟာ ညှင်းပန်း နှိပ်စက်မှု တစ်ခုဖြစ်




ဒီ သတင်းဟာ တနလာင်္နေ့ မနက်ရောက်တိုင်း ဦးနှောက်ကြီး ဖယ်ထုတ်ထားချင်တဲ့ သူတွေအတွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မနက် ၉ နာရီကနေ ၅ နာရီ ဆိုတဲ့အလုပ်ချိန်ဟာ သင့်ကျန်းမာရေး အတွက် မကောင်းပါဘူး။

အချက်အလက် အရ ပြောရမယ်ဆိုရင်တော့ ၀န်ထမ်းတွေကို မနက် ၁၀ နာရီ မတိုင်ခင် အလုပ်စလုပ် စေခြင်းဟာ ညှင်းပန်း နှိပ်စက်မှု တစ်ခုဖြစ်ပြီး ထို ၀န်ထမ်းတွေကို ဖျားနာမှု တွေ အလွယ်တကူ ဖြစ်စေနိုင်တယ်လို့ အောက်စ်ဖို့ဒ် တက္ကသိုလ်က ပညာရှင် တစ်ယောက်က ဆိုလိုက်ပါတယ်။

ဒါဟာ တစ်နေ့တစ်ကြိမ် ပုံမှန် လည်ပတ်နေတဲ့ ခန္ဓာကိုယ် အချိန်စက်ဝိုင်း(Body Clock) ကြောင့်ဖြစ်ပြီး ဒီလို မနက် ၁၀ နာရီ မတိုင်ခင် အလုပ်လုပ်ခြင်းဟာ တစ်နေကုန်အာရုံစိုက်ဖို့ ခက်ခဲနေစေတတ်တယ်လို့ ဆိုပြီး အသက် ၅၅ နှစ်မတိုင်ခင် အထိ သက်ရောက်မှု တွေရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ထို ပညာရှင် ဒေါက်တာ Paul Kelley က "ဒါဟာ လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ကိစ္စအကြီးကြီးပါ။ ၀န်ထမ်းတွေဟာ အလုပ်ချိန်ကို ၁၀ နာရီ မှ စတင်သင့်ပါတယ်။ ၀န်ထမ်းတွေဟာ များသောအားဖြင့် အိပ်ရေးပျက်နေကြပါတယ်။ ကျွန်တော်တို့ဟာ အိပ်ရေးပျက်တဲ့ လူ့အဖွဲ့အစည်းထဲ ရောက်နေကြပါတယ်။" လို့ဆိုပါတယ်။

လူတွေ ဟာ ၂၄ နာရီ စာ လည်ပတ်မှုကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါကြောင့် အမြဲတမ်း ပုံသေသတ်မှတ်ထားတဲ့အချိန်မှာ အိပ်ရာ ထဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ နေရောင်ခြည် ရဲ့ အထိအတွေ့ကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပြီး နေရောင်ခြည် နဲ့ အဓိက ရင်ဆိုင်ရတာဟာ လူသားတွေရဲ့ အမြင်အာရုံမဟုတ်ပဲ Hypothalamus လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းပဲ ဖြစ်တယ်လို့လည်း ဒေါက်တာ Paul ကဆိုပါတယ်။

ထို ကဲ့သို့ အိပ်ရေးပျက်မှုဟာ ခန္ဓာကိုယ်တွင်း စနစ်တွေကို ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စနစ်တွေကို သက်ရောက်မှု ရှိစေနိုင်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

လူဦးရေ ၃၀၀ ခန့်ကို အစာအဆိပ်သင့်စေခဲ့တဲ့ မက္ကဆီကိုဖွား " ကေလာသခွား"




"ကေလာ သခွားသီး" လို့ အမည်ရတဲ့ မက္ကဆီကို နိုင်ငံမှာ ပေါက်ရောက်သော သခွားသီးတွေဟာ အမေရိက မှာရှိတဲ့ လူ ရာပေါင်းများစွာကို အစာအဆိပ်သင့်စေခဲ့တယ်လို့ သိရပါတယ်။

ထို သခွားသီး ကို စားသုံးပြီးတဲ့နောက်မှာ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ရပြီး လူဦးရေ ၂၈၅ ယောက်ဟာ ဖျားနာခဲ့ရပါတယ်။ San Diego မှာရှိတဲ့ Andrew & Williamson ဆိုတဲ့ သစ်သီးဝလံ ထုတ်လုပ်တဲ့ ကုမ္မဏီက မက္ကဆီကို မှာ ပေါက်ရောက်တဲ့ ထို ကေလာ သခွားသီးကို အရေအတွက် ကန့်သတ် ပြီး ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

ကျန်းမာရေး တာဝန်ရှိသူတွေကတော့ ထို သခွားသီးတွေဟာ ဒီနှစ်နွေရာသီ မှာ အမေရိကန် လူမျိုး ရာပေါင်းများစွာ ဖျားနာခဲ့ရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသလို အသက် ၉၉ နှစ်အရွယ် အမျိုးသမီး တစ်ယောက် အစာအဆိပ် သင့်ပြီး သေဆုံးခဲ့မှုမှာလည်း တရားခံ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ထို သခွားသီးကြောင့် အစာအဆိပ်သင့်ကာ ရောဂါဝေဒနာ ခံစားခဲ့ရသူ လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ အသက် ၁၈ နှစ် အောက် လူငယ်တွေဖြစ်ကြတယ်လို့ လည်း သိရပါတယ်။

ထို သခွားသီးတွေ ထုတ်လုပ်တဲ့ ကုမ္မဏီက Metro သတင်းဌာန ကို ပြောပြခဲ့တာကတော့ "ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို ၀ယ်ယူ စားသုံးသူတွေရဲ့ လုံခြုံရေး နဲ့ ကျန်းမာရေးဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပါ" လို့ဆိုပါတယ်။

"ကျွန်တော် ဟာ ကျွန်တော်တို့ ထုတ်ကုန်တွေကို ကျွန်တော့် မိသားစု အတွက်လည်း ယူလာပါတယ်။ ဒါဟာ ကျွန်တော်တို့ ၀ယ်ယူ ဖြန့်ဖြူး တင်ပို့ ရောင်းချ နေတဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာ ဘယ်လောက်ထိ ယုံကြည်တယ်ဆိုတာကို ပြသပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အစားအစာတွေ ရဲ့ လုံခြုံရေးစနစ် တွေထိရောက်မှု ရှိဖို့နဲ့ အချိန်နဲ့ တစ်ပြေးညီဖြစ်စေဖို့အတွက် ငွေကြေး သန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံထားပါတယ်" လို့လည်း ပြောပြခဲ့ပါသေးတယ်။

ထို သခွားသီးတွေဟာ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ ပြည်နယ် ၂၂ ခုကို ဖြန့်ဖြူးရောင်းချပြီး ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Telegraph

ဆယ်ကျော်သက်တွေဟာ e-cigarette တွေကို ဆေးခြောက် ရှုရိုက်ဖို့အတွက် အသုံးပြုနေကြ




သုတေသနပြုတွေဟာ အမေရိကန်မှာ ဆယ်ကျော်သက်တွေ အီး-စီးကရက်သုံးစွဲမှု ပိုမိုများပြားလာကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့လာတွေ့ရှိမှုအသစ်အရ ဆယ်ကျော်သက်တွေဟာ ဆေးခြောက်ကိုအငွေ့အဖြစ်ပြောင်းလဲ ရှုရှိုက်ဖို့အတွက် e-cigarette အသုံးပြုတာဖြစ်ပါသတဲ့။

အီး-စီးကရက် သောက်သုံးသူ ဆယ်ကျော်သက် ငါးပုံပုံတစ်ပုံဟာ သျှီသျှားရှုရှိုက်ရာတွင်အသုံးပြုသည့် အိုးတွေကိုလည်း အသုံးပြုနေကြကြောင်း ၀န်ခံထားပါတယ်။

Connecticut ရှိ အထက်တန်းကျောင်းငါးကျောင်းမှ ကျောင်းသားပေါင်း ၃၈၀၀ ကို လေ့လာမေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ “ ကျောင်းသားတွေဟာ အီး-စီးကရက်နဲ့ အခြားသယ်ဆောင်လို့ရတဲ့ ရှုရှိုက်နိုင်တဲ့ ကိရိယာတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာကို ပိုမိုသိရှိနားလည်ဖို့ ကျွန်တော်တို့ ကျောင်းသားတွေကို ဆေးခြောက်သုံးစွဲဖို့ ဘယ်လိုအရာတွေကို သုံးလေ့ရှိလဲဆိုတာကို လေ့လာမေးမြန်းခဲ့ပါတယ်” လို့ တနင်္လာနေ့က ထုတ်ဝေတဲ့ Journal Pediatrics ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အီး-စီးကရက်နဲ့ ဆေးခြောက်၂မျိုးလုံး သုံးစွဲလေ့ရှိတဲ့ ဆယ်ကျော်သက်တွေရဲ့ ၂၉ ရာခိုင်နှုန်းက အရွက်ခြောက်တွေကို အငွေ့အဖြစ် ပြောင်းလဲရှုရှိုက်ကြပြီး ၂၃ရာခိုင်နှုန်းကတော့ ဆေးခြောက်အဆီကို အီး-စီးကရက်အတွင်း ထည့်သွင်းရှုရှိုက်ကြတာ ဖြစ်ပါသတဲ့။

Oberlin College မှ တွဲဖက်ပါမောက္ခ Meghan Rabbitt Morean က USA Today သတင်းဌာနကို “ အီး-စီးကရက်ကို သုံးစွဲပြီး ဖုံးကွယ်ရတာ အတော်လွယ်ကူပါတယ်။ လူတိုင်းက ဆေးခြောက်ရဲ့ အနံ့ကို သိရှိပြီး ဖြစ်ပေမယ့် ဒီအငွေ့ပုံစံက ကွဲပြားနေတယ်လေ။ ဒါဟာ ဆယ်ကျော်သက်တွေအတွက် ဆေးခြောက်သုံးစွဲထားတာကို ထောက်လှမ်းစစ်ဆးမှုတွေကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေတာပေါ့ “  လို့ ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကမ္ဘာပေါ်မှာ မြွေဆိပ်ဖြေဆေး ပြတ်တောက်တော့မည်




ကမ္ဘာပေါ်မှာ အစွမ်းထက်၊အထိရောက်ဆုံးဖြစ်တဲ့ Fav-Afrique မြွေဆိပ်ဖြေဆေးဟာ လာမယ့်နှစ်ထဲမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခုထက်ထိ မြွေဆိပ်ဖြေဆေးအသစ် အစားမထိုးနိုင်သေးကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။

Fav-Afrique မြွေဆိပ်ဖြေဆေးဟာ အာဖရိကတိုက်မှာ အတွေ့ များတဲ့ မြွေကိုက်မှု အမျိုးအစား ၁၀ မျိုး ကို ကုသပေးနိုင်တဲ့အတွက် နာမည်ကျော်တဲ့ ဖြေဆေးတစ်မျိုးဖြစ်ပြီး အခုအခါမှာ ဆေးလက်ကျန်နည်းပါးနေကာ နောက်ဆုံးကျန်ရှိနေတဲ့ဆေးတွေဟာလည်း ၂၀၁၆ ခုနှစ် ဂျူလိုင်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အဆိုပါ မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်တဲ့ Sanofi Pasteur ကုမ္ပဏီက၊ Fav-Afrique မြွေဆိပ် ဖြေဆေးဟာ ကုန်ကျစရိတ်အလွန်မြင့်မားတာကြောင့် တွက်ချေမကိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုလို မြွေဆိပ်ဖြေဆေးပြတ်တောက်မှု စိုးရိမ်ရဖွယ်အန္တရာယ်ကို အသိပေးခဲ့တဲ့ နယ်စည်းမခြားဆရာဝန်များအသင်း  Medicins Sans Frintieres (MSF) ရဲ့ ပြောကြားချက်အရ တခြား အစားထိုးဖြေဆေးတွေကလည်း သိပ်ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။

“ မြွေကိုက်ခံရတဲ့လူအများစုဟာ သူတို့ ကို ကိုက်လိုက်တဲ့မြွေက ဘာအမျိုးအစားလဲဆိုတာ မသိကြပါဘူး။ ဒါကြောင့်မို့ လို့ မြွေဆိပ်အမျိုးမျိုးကို ဖြေပေးနိုင်တဲ့ မြွေဆိပ်ဖြေဆေးက တကယ့်ကို အရေးကြီးလိုအပ်ပါတယ်။ ဒီ အဆိပ်ဖြေဆေးသာ မရရှိဘူးဆိုရင်၊ လူအများအပြား မလိုလားအပ်ဘဲ သေဆုံးရမှာကို ကျွန်တော်တို့ စိုးရိမ်မိတယ်” လို့ MSF က ပြောကြားခဲ့ပါတယ်။

Sanofi Pasteur ကုမ္ပဏီဟာ တွက်ခြေမကိုက်တာကြောင့် Fav-Afrique ဖြေဆေးကို ယမန်နှစ်ထဲက ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီး အခုအခါ ခွေးရူးပြန်ကာကွယ်ဆေး ပြောင်းထုတ်နေပါတယ်။ ကုမ္ပဏီဟာ အဆိုပါမြွေဆိပ်ဖြေဆေးကုထုံးကို တခြားကုမ္ပဏီတစ်ခုခုကို လွှဲပြောင်းရောင်းချဖို့ လေလံခေါ်ထားပါတယ်။
 
ဆာဟာရသဲကန္တာရတောင်ပိုင်း၊အာဖရိကနယ်ပယ်တွေမှာ တစ်နှစ်ကို လူပေါင်း သုံးသောင်းလောက် မြွေကိုက်ခံရမှုကြောင့် သေဆုံးလျက်ရှိပြီး နောက်ထပ် လူပေါင်း ၈၀၀၀ လောက်ဟာ မြွေကိုက်မှုကြောင့် ခြေလက်ဖြတ်တောက်ခဲ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

အပြင်မှာ မိုဘိုင်းလ်ဖုန်းတွေ သုံးစွဲခြင်းဟာ အရေပြားကင်ဆာ ရောဂါ ဖြစ်လာစေနိုင်




မိုဘိုင်းလ် ဖုန်းတွေ ၊ တတ်ဘလတ် တွေနဲ့ လက်ပ်တော့ပ် တွေဟာ သင့်ကို အရေပြား ကင်ဆာ ရောဂါ ဖြစ်လာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရဲ့ အန္တရာယ်အများဆုံး ခရမ်းလွန်ရောင်ခြည် တွေကို ထို နည်းပညာ ပစ္စည်းတွေက ရောင်ပြန်ဟပ်စေနိုင်တာ ကြောင့်ဖြစ်တယ်လို့ သိပ္ပံ ပညာရှင်တွေက သတိပေးထားပါတယ်၊

လေ့လာမှု အသစ်တစ်ခုကနေ ရှာဖွေတွေ့ရှိခဲ့တာတွေက လူတွေကို နေရောင်ခံ ခရင်မ်တွေ လိမ်းဖို့ ၊ နေကာမျက်မှန်တွေ တပ်ဆင်ဖို့ နဲ့ အပြင်မှာ သူတို့ရဲ့ ဖုန်း တွေကို သုံးနေတဲ့အခါ မျက်နှာ နဲ့ လည်ပင်းတွေကို ကာကွယ်ဖုံးအုပ်ထားဖို့ စတာတွေကို သုတေသီတွေအနေနဲ့ လှုံ့ဆော် ပေးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

ထို စစ်ဆေးမှုဟာ လူတွေမှာ ပြုလုပ်ခဲ့တာတော့မဟုတ်ပါဘူး။ အထည်ဆိုင်တွေမှာ အသုံးပြုတဲ့လူ အရုပ်တွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရတော့ ထို သုတေသန ဟာ လူတွေအတွက် အရေးကြီးတဲ့ ရလဒ်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့တယ် လို့ သိရပါတယ်။

လေ့လာမှု ရဲ့ တွဲဖက် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ နယူးမက္ကဆီကို တက္ကသိုလ်က Mary Logue က "ဒီပစ္စည်းတွေဟာ များသောအားဖြင့် ဆက်သွယ်ရေး နဲ့ ဖျော်ဖြေရေးအတွက် အသုံးပြုကြပါတယ်။ ဒါကြောင့် သင်ဟာ ဒီပစ္စည်းတွေကို သုံးတဲ့အခါ မျက်နှာပြင်ကို ကြည့်မိနေတဲ့အတွက် ရောင်ပြန်ဟပ်ခြင်းကတစ်ဆင့် အရေပြားကင်ဆာ ဖြစ်လာဖို့ လွယ်ကူနေတာပဲ ဖြစ်ပါတယ်။ " လို့ဆိုပါတယ်။

ပထမဆုံး လေ့လာမှုမှာတော့ ထို နည်းပညာ ကိရိယာ တွေဟာ ခရမ်းလွန်ရောင်ခြည် ဆင်ဆာ နဲ့ ၁၆.၅ လက်မ အကွာမှာ ထားကြည့်ခဲ့ပါတယ်။ ဒုတိယ လေ့လာမှု မှာတော့ ၁၂.၂၅ လက်မအကွာမှာသာ ထားခဲ့ပါတယ်။ ပထမလေ့လာမှုမှာတော့ ထိုနည်းပညာကိရိယာတွေက တစ်ဆင့် ခရမ်းလွန်ရောင်ခြည် ရောင်ပြန်စပ်မှုဟာ လူအရုပ် တွေကို ရောင်ပြန်ဟပ်တာ တွေ့ရှိခဲ့ပြီး ထိုရောင်ပြန်ဟပ်တဲ့ ခရမ်းလွန်ရောင်ခြည် နှုန်းထားကို ဖုန်းမျက်နှာပြင်ရဲ့ Exposure နဲ့ တိုင်းထွာကြည့်တဲ့အခါ ပျမ်းမျှအားဖြင့် ၄၆ ရာခိုင်နှုန်းအထိ ရှိနေတာကိုတွေ့ရပါတယ်။

ထိုလေ့လာမှု ကိုတော့ American Academy of Dermatology ဆိုတဲ့ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ပထမဦးဆုံး တရားဝင် အာဟာရဖြည့်စွက်ဆေးခြောက်သောက်ဆေး ဥရောပမှာ စတင်ရောင်းချ




ပထမဆုံး တရားဝင် အာဟာရဖြည့်စွက်ဆေးခြောက်သောက်ဆေးကို ဥရောပမှာ ဈေးကွက်စတင်ခဲ့ပြီး အခုအခါမှာ အွန်လိုင်းစတိုးတစ်ခုကနေ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။

‘Satiphram’ လို့ ခေါ်တဲ့ ၁၀ မီလီဂရမ်ဆေးပြားတွေကို ‘အာဟာရဖြည့်စွက်ဆေး’ အဖြစ် ဈေးကွက် တင်သွင်းခဲ့တာဖြစ်ပြီး ဆေးထုတ်လုပ်သူ MMJ Phytotech ရဲ့ အင်တာနက်စာမျက်နှာမှာ ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဒီဆေးတွေကို တရားဝင်ခွင့်ပြုရခြင်းရဲ့ အကြောင်းရင်းကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ခံစားရတဲ့ ဆေးမိသလို ထုံထိုင်းနေတဲ့ ‘high’ ခံစားမှုမျိုးကို ပေးစွမ်းနိုင်တဲ့ ဆေးခြောက်ဓာတ်ပေါင်းပစ္စည်း THC မပါဝင်မှုကြောင့်ဖြစ်ပါတယ်။

ဒီအစား CBD လို့ ခေါ်တဲ့ တခြားဆေးခြောက်ဓာတ်ပေါင်းတစ်မျိုးပါဝင်ပြီး အဆိုပါဒြပ်ပေါင်းက နာတာရှည် နာကျင်ကိုက်ခဲမှုရောဂါ၊ စိတ်ဖိစီးမှုရောဂါနဲ့ တခြား ဆိုးရွားတဲ့အဖျားရောဂါတွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

CBD ထုတ်ကုန်ပစ္စည်းတွေဟာ ကင်ဆာအပါအ၀င်တခြားရောဂါအများအပြားကို တိုက်ဖျက်နိုင်တဲ့ အစားထိုးဆေးအဖြစ် လူကြိုက်များလျက်ရှိပါတယ်။

ဒီနွေရာသီအစောပိုင်းတုန်းကလည်း Charlotte’s Web လို့ ခေါ်တဲ့ CBD ကြွယ်ဝတဲ့ ဆေးခြောက်အဆီ တစ်မျိုး ဈေးကွက်ရောက်ရှိခဲ့ပါသေးတယ်။

သိပ္ပံနည်းကျဆေးဝါးစစ်ဆေးရေး ပုဂ္ဂလိကကော်မတီက Sophie Macken က CBD ဟာ တရားဝင်ဖြစ်ပြီး အာရုံကြောကာကွယ်ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Metro

ခွဲစိတ်စရာမလိုဘဲ တစ်ပတ်အတွင်း ရင်သားကို ကြီးထွားစေတဲ့ လျှပ်စစ်ဘရာစီယာ




အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားကို ခွဲစိတ်စရာမလိုဘဲ ထာဝရကြီးထွားစေမယ့် လျှပ်စစ်တုန်ခါဘရာစီယာ တစ်မျိုးကို အမေရိကမှာ စမ်းသပ်နေပြီဖြစ်ပါတယ်။

ဆားဘီးယားလူမျိုး တီထွင်သူ Milan Milic  ဒီဘရာစီယာဟာ တစ်ပတ်အတွင်း ရင်သားအရွယ်အစားကို ကြီးထွားစေပြီး ကြည့်ကောင်းစေကာ ရင်သားနှစ်မြွှာကို ပိုမိုပူးကပ်စေတယ်လို့ ဆိုပါတယ်။

အဆိုပါဘရာစီယာသာ ဆေးပညာအရစမ်းသပ်စစ်ဆေးမှုအောင်မြင်ခဲ့ရင် ကမ္ဘာပေါ်က အမျိုးသမီး သန်းပေါင်းများစွာဟာ နာကျင်တဲ့ ရင်သားကြီးထွား အောင်ခွဲစိတ်မှုမလိုဘဲ ပိုမိုကြီးမားလှပတဲ့ ရင်သား ကို ရရှိနိုင်မှာဖြစ်ပါတယ်။

E bra လို့ ခေါ်တဲ့ အဆိုပါ ဘရာစီယာကို ဥရောပက အမျိုးသမီးပေါင်းများစွာကို စမ်းသပ်အောင်မြင်မှု ရရှခဲ့ပြီးဖြစ်ပြီး အခုအခါ အမေရိကန်ပြည်ထောင်စုက စမ်းသပ်မှုမှာလည်း အောင်မြင်မှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ မီယာမီက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို စမ်းသပ်ခဲ့ရာမှာ တစ်န့ ကို ၁၅ မိနစ်လောက် တစ်ပတ်ဝတ်ပေးရုံနဲ့ ဘရာစီယာခွက်ဆိုဒ် B ကနေ C ကို ပြောင်းလဲသွားခဲ့ကြောင်း တွေ့ ရှိခဲ့ရပါတယ်။

တီထွင်သူ Milan ဟာ E bra ရဲ့ နောက်ကွယ်က နည်းပညာကို အသေးစိတ်ထုတ်ဖော်ပြောပြခြင်းမရှိပေမယ့် ဒီဘရာစီယာရဲ့အဓိကလုပ်ဆောင်ချက်ကတော့ တုန်ခါနည်းနဲ့ ရင်သားအတွင်း သွေးစီးဆင်းဝင်ရောက်မှုကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတာဖြစ်ပါတယ်။

E bra ဟာ အန္တရာယ်ဖြစ်စေတဲ့ ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုမရှိဘဲ၊ လူ့ ခန္ဓာကိုယ်အတွက် လုံးဝ သင့်လျော်ကာ သဘာဝပတ်ဝန်းကျင်ကိုလည်း ဘေးမဖြစ်စေဘဲ အရာအားလုံးအတွက် စိတ်ချရတယ်လို့ ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ကောလိပ်ကျောင်းသားတွေရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု နှုန်း မြင့်တက်လာ




ကောလိပ်ကျောင်းသားတွေရဲ့ နေ့စဉ် ဆေးခြောက် သောက်သုံးနှုန်းဟာ ၁၉၈၀ ခုနှစ်ကတည်းက စတင်ပြီး မြင့်မားလာရာ အခုလက်ရှိမှာ အမြင့်မားဆုံးဖြစ်နေပြီး နေ့စဉ် စီးကရက် သောက်သုံးနှုန်း ထက်ပင် ပထမဆုံးအကြိမ် မြင့်မားသွားတယ်လို့ Michigan တက္ကသိုလ်က ဦးဆောင်ပြလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။

ကောလိပ်ကျောင်းသား တစ်ဝက်ခန့်ဟာ သူတို့အနေနဲ့ မနှစ်မက အထိ ဘာမူးယစ်ဆေးဝါးမှ မသုံးခဲ့ဘူးလို့ ဆိုထားပါတယ်။ ၃ ပုံ ၁ ပုံ ခန့်ကတော့ ပြီးခဲ့တဲ့ လအထိ မူးယစ်ဆေးဝါး သုံးစွဲခဲ့ခြင်း မရှိပါဘူး လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှု ၊ အထူးသဖြင့် ဆေးခြောက်သောက်သုံးမှုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တစ်ဖြည်းဖြည်းချင်း မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ ဆယ်ကျေယ်သက်တွေ နဲ့ ကောလိပ်ကျောင်းသားတွေရဲ့ ၃၅ နှစ်အတွင်း အနာဂါတ် စစ်တမ်းကောက်ယူမှုကို စောင့်ကြည့်ခြင်းဆိုတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ကောလိပ်ကျောင်းသားတွေ ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ကြပါတယ်။

ထို စစ်တမ်း ကောက်ယူမှု က ရှာဖွေတွေ့ရှိခဲ့တာကတော့ ကောလိပ်ကျောင်းသားတွေရဲ့ နေ့စဉ် ဆေးခြောက်သောက်သုံးမှုဟာ လွန်ခဲ့တဲ့ ရက် ၃၀ က သောက်သုံးနှုန်းထက် အဆ ၂၀ ခန့်အထိ ပိုများလာတယ်လို့ သိရပါတယ်။ အတိအကျပြောရမယ်ဆိုရင် တော့ ကျောင်းသား ၁၇ ယောက်မှာ ၁ ယောက်ဟာ နေ့စဉ် ဆေးခြောက် သောက်သုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်၃၀ အတွင်း ဆေးခြောက် ၁ ကြိမ် ခန့်သာ စတင်သောင်သုံးသူ ၂၁ ရာခိုင်နှုန်း အထိ မြင့်တက်လာသလို မနှစ်ကတည်းက ဆေးခြောက်သောက်သုံးတဲ့ ကျောင်းသားတွေရဲ့ ဆေးခြောက် ဆက်လက် သောက်သုံးနှုန်း ကတော့ ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့လည်း သိရပါတယ်။

သုတေသီ တွေ သတိထားမိခဲ့တာတစ်ခုကတော့ ဆေးခြောက်သောက်သုံးမှု မြစ်တက်လာတာဟာ ဆေးခြောက်ကို ရွေးချယ်ချင် လာစေတဲ့ အကြောင်းအရာတွေကို အပြစ်တင်ရမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စု မှာ ဆေးခြောက်တရားဝင် သောက်သုံးမှု ရရှိထားတာကြောင့်လည်း ပါပါတယ်။ အထက်တန်းအောင်ကျောင်းသားတွေဖြစ်တဲ့ အသက် ၁၉ နှစ်ကနေ အသက် ၂၂ အတွင်း လူငယ်တွေဟာ ၂၀၀၆ ခုနှစ်မှာ ဆေးခြောက်ကို မကောင်းမြင်မှု ၅၅ ရာခိုင်နှုန်း ရှိပြီး ၂၀၁၄ မှာတော့ ၃၅ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ သိရပါတယ်။

အခြား မူးယစ်ဆေးဝါးတွေ ဖြစ်ကြတဲ့ ဆေးပညာ အရ သက်ဆိုင်မှု မရှိတဲ့ Amphetamines ဟာလည်း စာသင်ခန်းနဲ့ စာမေးပွဲထဲမှာ ရလဒ်ကောင်းတွေရဖို့ အသုံးပြုတတ်ကြပြီး Amphetamines သုံးစွဲမှု နှုန်းဟာလည်း ၂၀၀၈ တုန်းက သုံးစွဲနှုန်းထက် ၂၀၁၁ သုံးစွဲနှုန်းဟာ ၂ ဆ မြင့်တက်လာတယ်လို့ သိရပါတယ်။ ကိုကိန်း သုံးစွဲမှု နှုန်းကတော့ ၂၀၁၃ ခုနှစ်မှာ ၂.၇ ရာခိုင်နှုန်း မြင့်တက်လာသလို ၂၀၁၄ မှာတော့ ၄.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကိုတွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

နည်းပညာ နဲ့ နီးစပ်အောင်နေတဲ့ လူကြီးတွေရဲ့ ဦးနှောက်ဟာ ၈ နှစ်စာလောက် ပိုမို နုပျိုနေ




အသက် ၅၀ ဆိုတာဟာ အသက် ၄၂ နှစ် ရဲ့ အသစ်တစ်မျိုးပါပဲ။ သိပ္ပံပညာ ရှင်တွေ လေ့လာတွေ့ရှိခဲ့တာကတော့ လူလတ်ပိုင်း အသက်အရွယ် တွေ ဟာ ခေတ်သစ် နည်းပညာ နဲ့ နီးစပ်အောင်နေတဲ့အခါမှာ  သူတို့ရဲ့ ဦးနှောက်ဟာ ပိုမို ထူးချွန်ပြီး ပိုမို နုပျိုလာတယ်ဆိုတာပါပဲ။

အသက် ၅၀ ကျော် နေပြီဖြစ်တဲ့ လူသားတွေဟာ သိမြင်ခြင်း နဲ့ ဆိုင်တဲ့ စစ်ဆေးမှုတွေမှာ ရလဒ်တွေ သိသိသာသာတိုးတက် ကောင်းမွန်လာတာ ကိုတွေ့ရပြီး သုတေသီ တွေ ယုံကြည်ခဲ့တာကတော့ ဒါဟာ ကွန်ပျူတာ နဲ့ မိုဘိုင်းလ် ဖုန်းတွေနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု တွေ တိုးလာတဲ့အတွက် ဖြစ်ပါတယ်တဲ့။

နည်းပညာ နဲ့ ဆေးပညာ ကျွမ်းကျင်သူတွေ အရင်တုန်းက သုံးသပ်ရှုမြင်ခဲ့ကြတာကတော့ နည်းပညာဟာ လူတွေကို အတွေးအခေါ် ရပ်တန့်သွားစေလိမ့်မယ်ဆိုတာပါ။ တစ်ကယ်တမ်းမှာတော့ တစ်ဖြည်းဖြည်း များပြားလာနေတဲ့ ရှုပ်ထွေးသော နည်းပညာ တွေကို လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေဟာ လူတွေကို ပိုမို စမတ် ကျလာစေပါတယ်။

ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ နေ့စဉ် အလုပ်သုံးကွန်ပျူတာ ၊ အီးမေးလ် ၊ အင်တာနက် ဘဏ်စနစ် ၊ အွန်လိုင်းဘေလ် နဲ့ လူမှုကွန်ရက်တွေကို ၀င်ရောက် အသုံးပြုဖို့ Password ပေါင်း မြောက်များစွာကို မှတ်ထားရပါတယ်။ အသက် ၅၀ ကျော် လူတွေကို လေ့လာခဲ့တဲ့ အင်္ဂလန်နိုင်ငံက လေ့လာမှု အရတော့ အသက်၅၀ ကျော် ပုဂ္ဂိုလ်တွေရဲ့ သိမြင်ခြင်းဆိုင်ရာ စစ်ဆေးမှု ရလဒ်တွေဟာ လက်ရှိ ၈ နှစ်စာလောက် ပိုမို ငယ်ရွယ်နေတယ်လို့ သိရပါတယ်။

ထို လေ့လာမှုမျိုးဟာ ၂၀၀၆ ခုနှစ်မှာတုန်းက ဂျာမနီ မှာ တစ်ကြိမ် ၊ ၂၀၁၂ မှာ တစ်ကြိမ် ဦးနှောက်ရဲ့ လုပ်ဆောင်ချက် အမြန်နှုန်း ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ကို လေ့လာခဲ့ဖူးပါတယ်။

ဒါ့အပြင် လတ်တလော ပြုလုပ်ထားတဲ့ လေ့လာမှု တစ်ခုအရတော့ အသက် ၅၅ နှစ်ကျော် လူသားတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ အင်တာနက် ရဲ့ အခြေခံ အသုံးအနှုန်းတွေဖြစ်တဲ့ "WiFi" ၊ "Router" ၊ "Cursor" နဲ့ Bandwidth" တို့ကို ရင်းနှီးနေပြီး အသက် ၁၆ နှစ်ကနေ အသက် ၂၄ နှစ်ကြား လူသားတွေရဲ့ ၆၁ ရာခိုင်နှုန်းသာ ထို အသုံးအနှုန်းတွေကို ရင်းနှီးနေတယ်လို့ ထူးဆန်းစွာ သိခဲ့ရပါတယ်။

ထို လေ့လာမှုကိုတော့ Plus One နဲ့ Intelligence ဆိုတဲ့ ဂျာနယ်တွေမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : The Telegraph

ဆီးချိုရောဂါ နဲ့ ဓာတ်စာ


 ဆရာခင်ဗျာ-ဆီးချိုရောဂါဝေဒနာရှင် တွေ ဘယ်လိုအစားအစာမျိုးကို စားသုံးသင့် ပြီး ဘယ်လိုအစာတွေကို ရှောင်ကြဉ်ရမယ် ဆိုတာပြောပေးပါ။

ဆီးချိုရောဂါဝေဒနာရှင်တွေဟာ မိမိနေ့စဉ်စားသုံးသင့်တဲ့ အစာပမာဏကို စားသုံးဖို့ ဆရာဝန်ညွှန်ကြားမှုရယူသင့်ပါတယ်။ လုံးဝရှောင်ရမယ့် အစားအစာ၊ ကြိုက် သလိုစားနိုင်တဲ့ အစားအစာ၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားသင့်တဲ့အစာ၊ ရှောင်သင့်တဲ့အစာနဲ့ အစားအစာတွေရဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် အလဲ အလှယ် စံနှုန်းတွေရှိပါတယ်။

ရှောင်ကြဉ်ရန်သကြားဓာတ်အလွန်များတဲ့ သကြား၊ ဂလူးကို့စ်၊ ကြံသကာ၊ ထန်းလျက်၊ ပျားရည်၊ ယို၊ ဂျယ်လီ၊ ချောကလက်၊ သကြားလုံး၊ ရေခဲ မုန့်၊ ဝိုင်၊ အရက်ချို၊ အချိုရည်အမျိုးမျိုး၊ သကြားနဲ့လုပ်တဲ့ယမကာ၊ သကြားပါတဲ့ စည်သွတ်အသီး၊ စည်သွတ်ဖျော်ရည်အမျိုးမျိုး၊ အရက်၊ ဘီယာ၊ ဆေးလိပ်နဲ့ ကွမ်းစားခြင်းတွေကို ရှောင်ကြဉ် ရပါမယ်။ ဝက်၊ ဘဲ စတဲ့တိရစ္ဆာန်ကရတဲ့ အဆီ၊ အုန်းဆီ၊ စားအုန်းဆီနဲ့ ပြည့်ဝဆီတွေကို ရှောင်သင့်ပါတယ်။

စားသုံးရန်

သကြားနဲ့ ကစီဓာတ်နည်းတဲ့ ငရုတ်ကောင်း၊ ချင်း၊ မဆလာ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှလကာရည်၊ ဟင်းသီးဟင်း ရွက်အမျိုးမျိုး၊ ကော်ဖီမှုန့်၊ လက်ဖက် ရည်၊ အချိုခြောက်၊ အဖန်ခြောက်၊ သကြားတု၊ ဆေးသကြား၊ ပင်လယ်ငါးနဲ့ ပုစွန်တို့ ကြိုက်သလိုစားသုံးနိုင်ပါတယ်။

ဆရာဝန်ညွှန်ကြားသလို စားသင့်တဲ့အစာကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာများ၊ ပြောင်း၊ ကစီဓာတ်ပါတဲ့ သစ်ဥ၊ ပိန်းဥ၊ မျောက်ဥ၊ ကန်စွန်းဥ၊ အသားဓာတ်(ပရိုတိန်း)ပါ အသား အမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့အစားအစာ၊ အဆီ၊ အသီးအနှံကရတဲ့ မပြည့်ဝဆီ (ဥပမာ-မြေပဲဆီ၊ နေကြာဆီ)၊ အခွံမာသီးနဲ့ ကြက်ဥ (အနှစ်မပါ) စားနိုင်တယ်။

အစားအစာနဲ့ ကာဗိုဟိုက်ဒရိတ်လဲလှယ်နှုန်းဆီးချိုလူနာကို ဆန်၊ ဂျုံစတဲ့ ကာဗိုဟိုက် ဒရိတ်ပါတဲ့အစာတွေ ကျွေးသင့်ပါတယ်။ လူနာက ဆရာဝန်ညွှန်ကြားတဲ့ အစာ ပမာဏနဲ့ အစားအစာအမျိုးမျိုးစားရမယ်။ ကာဗိုဟိုက်ဒရိတ် ၁ဝဝ ဂရမ်ပါတဲ့အစာတချို့မှာ ကယ်လိုရီ ၅ဝ ထွက်တယ်။ ကာဗိုဟိုက်ဒရိတ်၅ဝ မှ ၁ဝဝ ဂရမ်၊ ထမင်း ၁၂ ဇွန်းနဲ့ ဟင်း ရွက်ကြော် (ကြိုက်သလောက်)၊ ဟင်းချို၊ ငါး၊ ပုစွန်စသည်ဖြင့် ဆီးချိုလူနာတစ်နပ်စာ လုံလောက်ပါတယ်။

ကာဗိုဟိုက်ဒရိတ်အတွက် အစားအစာ အမျိုးမျိုးက မိမိနှစ်သက်ရာယူပြီးစားနိုင် တယ်။ ထမင်းငါးပုံနှစ်ပုံ၊ ဟင်းသီးဟင်းရွက် ငါးပုံနှစ်ပုံနဲ့ အသားငါးပုံတစ်ပုံရအောင် စား သင့်ပါတယ်။

လက္ခဏာများ

ညဘက်ဆီးမကြာခဏသွားခြင်း၊ ရေငတ် ခြင်း၊ အရေပြားအနာပေါက်ခြင်း၊ အဝလွန် ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံး ရောဂါနဲ့ ထုံကျဉ်နာတို့ ဆက်စပ်နေလို့ ဆီးချို ရှိ၊ မရှိ သွေးဖောက်စစ်ဆေးသင့်ပါတယ်။

သွေးအတွင်း သကြားဓာတ်နည်းခြင်း

ဆီးချို သို့မဟုတ် အင်ဆူလင်ထိုးရင် သွေးအတွင်းသကြားဓာတ်အလွန်နည်းပြီး ချွေးထွက်များခြင်း၊ တုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ထိတ်လန့်ခြင်း၊ စိတ်တိုခြင်း၊ သတိ မမှန်ခြင်းနဲ့ သတိလစ်ခြင်းတို့ဖြစ်စေတယ်။ သကြားလုံး၊ဘီစကွတ် သို့မဟုတ် အချိုရည်တစ်ခွက် သောက်နိုင်တယ်။

နေထိုင်မှုစနစ်

ဆေးလိပ်ဖြတ်ရပါမယ်။ အရက်နှစ်ပတ် ထက် ပိုပြီးမသောက်သင့်ပါဘူး။ နေ့စဉ်ပုံမှန် နာရီဝက် အားကစားလုပ်ရမယ်။ ဟင်းသီးဟင်းရွက်နဲ့ငါးများများစားရမယ်။ နေ့စဉ်

သစ်သီးတစ်လုံး စားရမယ်။ နေ့စဉ် သွေးစစ်၊ ဆီးချိုစစ်သင့်ပါတယ်။

ဒေါက်တာလွင်သန့်(ဆေး-၂)

မြ၀တီ
https://www.facebook.com/mwdmedia

ကျောက်ပွင့်က ထုတ်လုပ်တဲ့ ပဋိဇီဝဆေး တွေက MRSA ဆေးယဉ်ပါးရောဂါပိုးကို နှိမ်နှင်းနိုင်





သိပ္ပံပညာရှင်တွေဟာ အခုအခါမှာ ကျောက်ပွင့်ကို အသုံးပြုပြီး ပဋိဇီဝဆေးမျိုးဆက်သစ် တစ်မျိုးကို စီမံထုတ်လုပ်လျက်ရှိပါတယ်။

Cornwall ကောင်တီက ပြုလုပ်နေတဲ့ သုတေသနစမ်သပ်မှုဟာ ဆေးယဉ်ပါးနေတဲ့ရောဂါပိုးတွေကို တိုက်ဖျက်ဖို့ အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

နှစ်စဉ် တစ်ကမ္ဘာလုံးမှာ ဆေးယဉ်ပါးရောဂါတွေကြောင့် လူဦးရေ ၇ သိန်းကျော် သေဆုံးနေရကြောင်း သိရှိရပါတယ်။ ပဋိဇီဝဆေးမျိုးဆက်သစ်တွေကို မတီထွင်နိုင်ဘူးဆိုရင် အဆိုပါ အရေအတွက်ဟာ ၂၀၅၀ ခုနှစ်ရောက်ရင် ၁၀ သန်း အထိ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

Exeter တက္ကသိုလ် ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူ့ ကျန်းမာရေးဥရောပစင်တာက သုတေသနပညာရှင် တွေဟာ အဖြေရှာမှုတစ်ခုကို ဖော်ထုတ်နိုင်ဖို့ အတွက် ကြိုးစားလျက်ရှိပြီး အစောပိုင်းတွေ့ ရှိချက်တွေအရ ပင်လယ်ရေညှိကျောက်ပွင့်မှာ ဘက်တီးရီးယားပိုးကာကွယ်ပေးတဲ့ဂုဏ်သတ္တိတွေ တွေ့ ရှိခဲ့ရပြီး အဆိုပါ ဆေးနမူနာတစ်ခုဟာ ဆေးရုံတွေမှာ ပျံ့ နှံနေတဲ့ ဆေးယဉ်ပါးစူပါဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ MRSA ပိုးကို သတ်ပေးနိုင်ကြောင်း တွေ့ ရှိခဲ့ရပါတယ်။

“ ကျောက်ပွင့်ကထုတ်ယူထားတဲ့ဆေးဟာ ဆေးဒဏ်ယဉ်ပါးနေပြီး ဆိုးကျိုးတော်တော်များတဲ့ ဘက်တီးရီးယားပိုးတစ်ချို့ မှာ ပိုထိရောက်နေတာကို စိတ်ဝင်စားဖွယ်ရာတွေ့ ရှိခဲ့ရပါတယ်။ ကျွန်တော်တို့ ရဲ့ တွေ့ ရှိမှုဟာ ပိုမိုဈေးပေါတဲ့ ဆေးအသစ်တွေ မြန်မြန်ဆန်ဆန် ရှာဖွေထုတ်လုပ်နိုင်ဖို့ အတွက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်” လို့ ပါရဂူ Dr Michiel Vos က ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

ရင်သားကင်ဆာ ဖြစ်ပွားနေသူများ အခမဲ့ ဆေးသွင်း ကုသမှုနှင့် ဆီလီကွန်အတွင်းခံအင်္ကျီများ ရယူနိုင်


ရန်ကုန် ၊ ၁-၉-၂၀၁၅

ရင်သားကင်ဆာ ရောဂါကြောင့် ခွဲစိတ် ကုသမှုခံယူ ထားသူများနှင့် ရောဂါဖြစ်ပွား နေသူများအား ရွှေရောင်နှင်းဆီ ဖောင်ဒေးရှင်း မှ အခမဲ့ဆေးသွင်း ကုသမှုနှင့် အတူ ဆီလီကွန်ဖြင့် ရင်သားအတု ထည့်သွင်း ချုပ်ထားသော အတွင်းခံ အင်္ကျီများကို တစ်ဦးလျှင် တစ်ထည်နှုန်း အခမဲ့ရယူ နိုင်ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်း သည် ပြင်ပလူနာ ကင်ဆာဆေးသွင်း ဌာနကို အမှတ်(၁၈၅) ဗိုလ်မြတ်ထွန်းလမ်း (အလယ်ဘလောက်) ဗိုလ်တထောင် မြို့နယ်၌ ဖွင့်လှစ် ထားသည်။

ထို့အပြင် ချို့တဲ့သော ဝေဒနာရှင်များ၊ ကင်ဆာရောဂါ စတင်ဖြစ်ပွား သူများနှင့် ဆေးသွင်း ကုသမှုကို ခံယူနိုင်သည့် အခြေအနေ ရှိသူများအား မည်သည့် ထောက်ခံချက်မှ မလိုဘဲ ကုသနိုင်ကြောင်း သိရသည်။ ယင်းသို့ ကုသပေးရာတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ သတ်မှတ် ထားသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အသုံးပြုသည့် ဆေးဝါးများဖြင့် ကုသပေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး ၌ အမျိုးသမီးများ ကင်ဆာရောဂါ ဖြစ်ပွားမှုတွင် ရင်သားကင်ဆာ ရောဂါသည် အများဆုံး ဖြစ်ပွားလျက် ရှိပြီး ရင်သားခွဲစိတ် ပြီးပါက ဆေးသွင်းကာ ဓာတ်ရောင်ခြည် နှင့် ဟိုမုန်းဆေးဖြင့် ဆက်လက်ကုသ ရသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ အမျိုးသမီးများ ရင်သားကင်ဆာ နှင့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနှုန်းမှာ မြင့်မားလျက် ရှိပြီး ရင်သားကင်ဆာ ဖြစ်ပွားသူ ဦးရေမှာ နှစ်စဉ်များပြား လျက်ရှိသည်။ ယင်းရောဂါ သည် စောစောသိပြီး အချိန်မီ ကုသနိုင်လျှင် ပျောက်ကင်းရန် ရာခိုင်နှုန်း များကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၁၂)
Themyawadydaily
http://themyawadydaily.blogspot.com
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ