ထမင်းကျွေးရခက်တဲ့ ကလေးငယ်ကို အဆင်ပြေပြေစားသောက်စေရန် နည်းလမ်းကောင်းများ


ကလေးငယ်လေးတွေကို ထမင်းကျွေးချိန်မှာ ပိုမိုလွယ်ကူစွာ ကျွေးစေနိုင်ဖို့ အသုံးဝင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဟိုဟာဒီဟာ ရွေးချယ်ခွင့် မပေးပါနဲ့

ကိုယ်ကျွေးနေတဲ့ ထမင်းဟင်း၊ စားစရာကို ဘေဘီလေးက ငြင်းနေပြီဆိုရင် နောက်ထပ်စားစရာတစ်မျိုး မပေးပါနဲ့။ ဒါဟာ မကောင်းတဲ့ အကျင့်ဖြစ်ပါတယ်။ နောက်ပိုင်း နှစ်အတော်အတန်ကြာထိ စားစရာတွေရော၊ အချိန်ရော ဖြုန်းတီးပစ်နေသလိုဖြစ်မှာပါ။ ထမင်းစားချိန်မှာ ထမင်းပဲစားရမှာဖြစ်ပြီး တစ်ခြားဘာမှ မရနိုင်ကြောင်း သေချာနားလည်အောင်ပြောပါ။ ဗိုက်တကယ်ဆာလာတဲ့အချိန်ဆို သူတို့စားမှာ သေချာပါတယ်။

၂။ အစားစာချိန်နဲ့ စားတဲ့ပုံစံစည်းမျဉ်း သတ်မှတ်ထားပါ

ထမင်းစားချိန်မှာ ကလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် တိကျသေချာတဲ့ ပုံစံစည်းမျဉ်းလေးတွေ လုပ်ထားပေးပါ။ ခုံမှာ ထိုင်ပြီး သေချာစားသောက်စေရန်၊ တီဗီ၊ ဖုန်း၊ iPad စတာတွေ ထမင်းစားပွဲပေါ်မှာ မရှိစေရန်၊ ကိုယ်တိုင် ထမင်းစားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ကလေးနဲ့အတူ ထိုင်နေရန် စတဲ့ မိသားစုထမင်းဝိုင်းရဲ့ အခြေခံအချက်တွေကို ကလေးတွေ သိရှိလာစေနိုင်မှာ ဖြစ်ပါတယ်။

၃။ အရသာရှိတဲ့ အစားအစာများကို ကျွေးပါ

ဘေဘီလေးတွေကလည်း အရသာရှိတဲ့ အစားအစာမျိုးကို သဘောကျတတ်ကြပါတယ်။ ကလေးငယ်လေးတွေအတွက် အစားအစာအများစုဟာ ပျော့ပျော့ပျောင်းပျောင်းနဲ့ အရသာပေါ့ရွှတ်ရွှတ် ဖြစ်နေတတ်ကြပြီး မိဘတွေအနေနဲ့လည်း ဒါမျိုးပဲကျွေးသင့်တယ်လို့ ထင်နေတတ်ကြတယ်။ ဒါကြောင့် သူတို့အတွက် ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာလည်း ချိုချဉ်ငံစပ် အရသာလေးတွေ ထည့်ချက်ပေးဖို့ လိုအပ်ပါတယ်။

၎။ သကြားနဲ့ ချိုချဉ်တွေ အများကြီး မကျွေးမိပါစေနဲ့

ကလေးတိုင်းကတော့ အရသာချိုချိုလေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ အချိုပါတာတွေ မကြာခဏကျွေးနေမယ်ဆိုရင် ကလေးငယ်လေးတွေဟာ အချိုကြိုက်တဲ့သူတွေ ဖြစ်လာမှာသေချာပါတယ်။ ဒါကြောင့် ချိုချိုမွှေးမွှေးလေးမှ စားချင်တဲ့ ဘေဘီလေးတွေအတွက်
ဒိန်ချဉ်စစ်စစ်ကို နွားနို့လေးရောပြီး ကျွေးနိုင်ပါတယ်။ သကြားပါဝင်မှုနည်းနဲ့ ဘီစကစ်စိမ့်စိမ့်လေးတွေ ကျွေးလို့ရပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ