ချက်ပြုတ်ရင်း အပူလောင်ခြင်းဟာ ကလေးငယ်များအတွက် အန္တရာယ်တစ်ခုဖြစ်


လေးနှစ်သားကလေးတွေ လုပ်နေကြအတိုင်း Giံuliana Maggio ဆိုတဲ့ လေးနှစ်သမီးလေးက အိမ်ထဲမှာ ပြေးလိုက်၊ မိသားစုတွေနဲ့ တူတူပုန်းကြေးဆော့လိုက်နဲ့ အလုပ်များနေခဲ့ပါတယ်။

မီးဖိုချောင်ထဲက စားပွဲတင်ချက်ပြုတ်အိုးကို သွယ်ဆက်တဲ့ လျှပ်စစ်မီးကြိုးကိုတော့Giuliana မမြင်ခဲ့ဘူးပါဘူး။
Giuliana က မီးကြိုးဆီပြေးသွားပြီး ဆွဲလိုက်တဲ့အခါမှာ ချက်ပြုတ်တဲ့အိုးထဲက ပူနေတဲ့ အရာတွေ သူ့ ခန္ဓာကိုယ်လေးပေါ်ကို လောင်းချလိုက်သလိုဖြစ်သွားတယ်။

ကံကောင်းချင်တော့ သူ့အမေက သူနာပြုသင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး ဘာကိုအရင် အလျှင်အမြန် လုပ်ရမလဲဆိုတာကို သိပါတယ်။

 ‘အရေးပေါ် ၉၁၁ ခေါ်ပြီး Giuliana ရဲ့မီးလောင်ခံ ထားရတဲ့နေရာတွေကို ရေအေးနဲ့ လောင်းချခဲ့တယ်။အ၀တ်တွေကိုချွတ်ကြည့်လိုက်တော့အရေပြားတွေက အလွှာလိုက်တွေဖြစ်နေတော့ တော်တော်ဆိုးတယ်ဆိုတာကိုသိလိုက်တယ်’ လို့ မိခင်ဖြစ်သူ Maggio က ပြောပါတယ်။

Giuliana ရဲ့၂၀ ရာခိုင်နှုန်းသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဆိုးဆိုးရွားရွား လောင်ကျွမ်းခဲ့တာပါ။ မိခင်ဖြစ်သူMaggioသာ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် မလုပ်ခဲ့ဘူးဆိုရင် ဒီထက်ပိုပြီးဆိုးရွားသွား မှာပါ လို့ ခွဲစိတ်အထူးကုပြုဖြစ်တဲ့ ဒေါက်တာ Anthony Baldea က ပြောပါတယ်။

ချက်ပြုတ်မှုကြောင့် အပူလောင်တာဟာ အမေရိကန် ကလေးငယ်များအတွက်တော့ ဖြစ်နေကျ ကိစ္စတစ်ခုလိုပါပဲ။ ဒါဟာ သတိထားပြီးကာကွယ်လို့ရတဲ့ ကိစ္စပါ။

၂၀၁၁ ခုနှစ်အတွင်း ပျှမ်းမျှ ကလေးငယ်ပေါင်း ၁သိန်း ၃သောင်း ၆ထောင် ခန့် ဟာ အမေရိကန် အပူလောင်မှု အရေးပေါ်ခန်းမှာ ရှိနေပါတယ်။ တစ်ထောင့်တစ်ရာထက်ပိုတဲ့ ကလေးငယ် အရေအတွက်ကတော့ သေဆုံးမှုနဲ့ ရင်ဆိုင်နေရပြီး ကုသမှုစရိတ် ပျှမ်းမျှ ဒေါ်လာ ၄၄ မီလီယံ ရှိပါတယ်။

မီးဖိုချောင်မှာရှိတဲ့ မီးဖိုတွေ ၊ မုန့်ဖုတ်စက်တွေနဲ့ အခြားအပူအိုးတွေ ကို ကလေးတွေမကိုင်မိအောင် သတိထားရပါမယ်။ ထမင်းပေါင်းအိုးတွေ ကော်ဖီဖျော်စက်တွေ စတာတွေနဲ့ သွယ်ဆက်ထားတဲ့ မီးကြိုးတွေကို တွဲလောင်းချထားတာမျိုးတွေ မလုပ်ပဲ စနစ်တကျ ထားရပါမယ်။

 အိုးတွေရဲ့ လက်ကိုင် တွေကိုလဲ မီးဖိုပေါ်တင်တဲ့အခါဖြစ်စေ ရှေ့အတည့်မှာမထားပဲ ကလေးတွေ ဆွဲလို့မရအောင် ထားရပါမယ်။ အပူလောင်မှုဖြစ်စေနိုင်တဲ့ အရာတွေကို ကလေးတွေ မမှီနိုင်တဲ့ နေရာမျိုးမှာ ထားပေးရပါမယ်။

အကယ်၍ ကလေး အပူလောင်ခဲ့လျှင် အပူလောင်တဲ့ နေရာကို ရေခဲရေမဟုတ်တဲ့ အေးမြတဲ့ရေနဲ့ တောက်လျှောက်လောင်းပေးထားပြီး အပူလောင်တဲ့ နေရာတစ်ဝိုက်က အ၀တ်အစားတွေကို ချွတ်ပြီး သန့်ရှင်းခြောက်သွေ့တဲ့ အ၀တ်နဲ့ အုပ်ထားပြီး ဆေးကုသမှုအမြန်ဆုံး ခံယူရပါမယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ