နေမကောင်းတဲ့တိရိစ္ဆာန်တွေဟာ ရောဂါကူးစက်မှု မဖြစ်ပွားအောင် သီးခြားနေတတ်ကြ


လေ့လာတွေ့ရှိချက်အရ နေမကောင်းတဲ့ တိရိစ္ဆာန်တွေက သူ့တို့အချင်းချင်း ရောဂါ ကူးစက်မှု မဖြစ်အောင် သီခြားခွဲထွက်ပြီးနေထိုင်ကြပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ မယဉ်ပါးတဲ့ တိရိစ္ဆာန်တွေက သူတို့နေမကောင်းဖြစ်လာရင် သူတို့ရဲ့ အပြုအမူတွေကပါ ပြောင်းလဲလာကြပါတယ်။

ယဉ်ပါးမှုမရှိတဲ့ ကြွက်တွေကို လေ့လာကြည့်တဲ့အခါမှာတော့  နေမကောင်းဖြစ်လာတဲ့အချိန်မှာ လှုပ်ရှားမှု နည်းလာပြီး သီးခြားခွဲထွက်နေတာကိုတွေ့ရပါတယ်။ အရင်ကဖော်ပြချက်တွေ အရ ကြွက်တွေက နေမကောင်းတဲ့ကြွက်ကို သိနိုင်တယ်လို့ဆိုပေမယ့် လောလောလတ်လတ်တွေ့ရှိချက် အရတော့ ပုံမှန်အတိုင်းပဲနေထိုင်ကြပြီး သိရှိနိုင်မှုမရှိပါဘူး။ နေမကောင်းတဲ့ ကြွက်ကိုယ်တိုင်ကသာ ခွဲထွက်လာပြီး သီးခြားနေထိုင်တာပါ။

ကြွက်တွေရဲ့ အချင်းချင်း ရောဂါမကူးဆက်အောင် နေထိုင်တဲ့အပြုအမူတွေကို လူသားတွေ အတုယူ နေထိုင်ကြမယ်ဆိုရင် လူထူထပ်တဲ့ကြားမှာ ရောဂါပြန့်ပွားနှုန်းတွေကို ထိန်းသိမ်းနိုင်မှု ပိုကောင်းလားမှာပါ။


( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ