မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်စေတဲ့ အပြုအမူတွေ...


 မျက်နှာပေါ်ရှိ အရေးအကြောင်းတွေက လူ့သက်တမ်းရဲ့ဇရာကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။ မှားယွင်းတဲ့ အနေအထိုင်အပြုအမူများက အရေပြား ဇရာအိုစေနိုင်တာကြောင့် အမြန်ဆုံး ပြုပြင်ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

ဆေးလိပ်သောက်ခြင်း
____________________
မျက်နှာပေါ်ရှိအရေးအကြောင်း တွေ ဖြစ်လာစေတဲ့ အဓိကပြဿနာ ဟာ ဆေးလိပ်သောက်ခြင်းကြောင့် ပါပဲ။ ဒါကြောင့် ဆေးလိပ်ဖြတ် ခြင်းဖြင့် မိမိမျက်နှာပေါ်ကအရေး အကြောင်းတွေကို လျှော့ချကြပါရန် အလှအပဆိုင်ရာ အရေပြားရောဂါ အထူးကုခွဲစိတ်ဆရာဝန်တစ်ဦးဖြစ် သူ Dr.Joel Schle ssinger က Lovely Skin.com (ခေါ်)ဝက်ပေ့ခ်ျ မှာ အကြံပြုထားပါတယ်။

အချိုကဲတဲ့အစားအစာများ
_______________________
ဓာတုပစ္စည်းဖြင့်ပြုပြင်ထားတဲ့ ဖြူဆွတ်ဆွတ် သကြားမှုန့်များနှင့် ထိုသကြားမှုန့်တွေကဲထားတဲ့အစား အစာတွေကခန္ဓာကိုယ်အလေးချိန် တက်စေတဲ့အပြင်၊ သကြားမော်လီ ကျူးတွေကအရေပြားတည်ဆောက် မှုကို ကမောက်ကမဖြစ်စေကာ၊ အရေပြားကော်လာဂျင်ဓာတ်တွေ ကို ထိခိုက်စေတာကြောင့် အရေ ပြား ဇရာအို စောစေပါတယ်။

ယမကာမှီဝဲခြင်း
______________________
အရေပြားပေါ် ကောင်းမွန်တဲ့ ဆဲလ်အသစ်တွေ တည်ဆောက်နိုင် စေဖို့အတွက် ဗီတာမင်အေကမရှိမ ဖြစ်ပါ။သို့သော်အယ်လ်ကိုဟောလ် ပါတဲ့အရက်ယမကာတွေက ဗီတာ မင်အေကိုဆုံးရှုံးစေကာ၊ ကော်လာ ဂျင်ထုတ်လုပ်မှုကို ဟန့်တားပစ် လိုက်တာကြောင့် အရေပြားအစို ဓာတ်ကိုခန်းခြောက်သွားစေပြီးကျုံ့ ဆန့်နိုင်မှုကိုလျော့ကျစေကာ အရေး အကြောင်း ဖြစ်စေပါတော့တယ်။ ဒါကြောင့် ယမကာအမျိုးမျိုးကိုမှီဝဲ ခြင်းမှရှောင်ကြဉ်ကြပါရန် အရေ ပြားခွဲစိတ်ဆရာဝန်James C. Marotta က တိုက်တွန်းထားပါတယ်။

ပီကေဝါးခြင်း
____________________
မိမိမျက်နှာအသားအရေကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေ ဖြင့်ပီကေတွေမဝါးသင့်ပါဘူး။ပီကေ တွေဝါးခြင်းက မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာစေ တဲ့အပြင်ပါးအတွင်းပိုင်းက ခံတွင်း တစ်သျှူးတွေကိုပါ ထိခိုက်စေပါ တယ်။

မိတ်ကပ်မဖျက်ခြင်း
____________________
ဒင်နာပါတီပွဲတို့လို ညပွဲတွေ ပြီးတဲ့အခါ မျက်နှာပေါ်က မိတ် ကပ်တွေမဖျက်ဘဲ အိပ်စက်ခြင်း မျိုးမပြုသင့်ပါဘူး။ မိတ်ကပ်နှင့် အိပ်စက်ခြင်းက ချွေးပေါက်ပိတ် ခြင်း၊ ကော်လာဂျင်ဓာတ်တွေကို ဖျက်ဆီးခြင်း၊အရေပြားကျုံ့ဆန့်နိုင်မှု ကိုလျော့ကျစေခြင်း၊အရေပြားညစ် နွမ်းခြင်း၊အရေးအကြောင်းပေါ်ခြင်း တွေ ဖြစ်စေပါတယ်။

ကုတ်ဖဲ့ခြင်း
__________________
ဝက်ခြံတွေကို လက်သည်းဖြင့် ကုတ်ဖဲ့ခြင်းက အရေပြားရောင်ရမ်း စေကာ အမာရွတ်ဖြစ်ကျန်ရစ်စေ ပါတယ်။ ဒါ့အပြင် အရေပြားပျက် စီးစေကာ အရေးအကြောင်းများ လည်းဖြစ်စေနိုင်တာကြောင့်ဝက်ခြံ မမှည့်ခင်လက်သည်းဖြင့် ကုတ်ဖဲ့ ညှစ်ခြင်းမျိုးကို ရှောင်ရှားရပါမယ်။

မိတ်ကပ်များကို အတင်းဖိဆွဲပွတ် လိမ်းခြင်း
_______________________________
မိတ်ကပ်တွေကိုအတင်းဖိဆွဲ၍ ပွတ်လိမ်းခြင်းကမျက်နှာပေါ်အရေး အကြောင်းတွေ ပိုလာစေနိုင်ပါ တယ်။ ခရင်မ်(သို့မဟုတ်)နို့ရည် တစ်ခုခုကိုမိတ်ကပ်အောက်ခံအဖြစ် ခံလိမ်းပါ။ မိတ်ကပ်အများကြီးမ သုံးဘဲလိုသလောက်ကိုသာ မျက် နှာအနှံ့အစက်ချ၍ ညင်ညင်သာသာ ဆွဲလိမ်းပါ။ မျက်ဝန်းတစ်ဝိုက်ကို မိတ်ကပ်မလိမ်းပါနှင့်၊ အိုင်းလိုင်နာ ခဲတံကို အတင်းဖိ၍မဆွဲပါနှင့် ... စသည်ဖြင့်မိတ်ကပ်အကျော်အမော် တစ်ဦးဖြစ်သူ Donna Kelly က အကြံပြုထားပါတယ်။

နေလောင်ကာခရမ်မသုံးခြင်း
_____________________________
ခရမ်းလွန်ရောင်ခြည်ထဲမှာပါတဲ့ UVA တွေက အရေပြားဇရာဖိစီး စေတာကြောင့် နွေ၊မိုး၊ဆောင်းသုံး ရာသီစလုံးနေလောင်ကာ Sunscreen ကို အိပ်ပြင်ထွက်တိုင်းလိမ်း သင့်ပါတယ်။ zine oide (သို့မ ဟုတ်) titanium dioxide ygwJh SPF 30 နေလောင်ကာခရင်မ်အမျိုး အစားတွေ ရွေးချယ်သုံးစွဲပေးပါ။

အိပ်စက်ပုံမှားယွင်းခြင်း
______________________________
အရွယ်မတိုင်မီ မျက်နှာပေါ်က အရေးအကြောင်းတွေဖြစ်မလာစေဖို့ အတွက် မှောက်အိပ်ခြင်း၊ ဘေးတ စောင်းအိပ်ခြင်းမျိုး မလုပ်ဘဲ ပက် လက်အနေအထားဖြင့်သာ အိပ် စက်သင့်ပါတယ်။ အကယ်၍ ပက် လက်လှန် မအိပ်တတ်သူများအဖို့ ဖဲသားခေါင်းဦးအစွပ်ကို သုံးပေး ခြင်းဖြင့် အရေးအကြောင်းတွေဖြစ် လာမှုကို အထိုက်အလျောက်လျော့ ပါးစေပါတယ်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/pages/The-Union-Daily

ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင် ကြပါတယ်။

လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ် ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) အစာကြေစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိ စေပါဘူး။

(၂) ကင်ဆာကို ကာကွယ်ခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက် တွေဟာ ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေး စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျ စေပါတယ်။

(၄) အင်တီ အောက်ဆီးဒင့် အစွမ်း ပေးနိုင်ခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီ အောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါး ရောဂါ၊ သွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးတာ တို့ကို သက်သာ စေပါတယ်။

(၅) သွေးတိုးကျစေခြင်း

ဟင်းနုနွယ်ရွက် ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီး ပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။

(၆) အမြင်အာရုံ ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင် နေတာကြောင့် အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်းစနစ်၊ ဆီးလမ်းကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ ဒါ့အပြင် သွေးဖြူဥတွေမှာလည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန် ပေးနိုင်ပါတယ်။

(၈) အရေပြား ကျန်းမာစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေးစစ် ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာ စေပါတယ်။

(၉) အရိုးသိပ်သည်းဆ ကောင်းစေခြင်း

ပြုတ်ထားတဲ့ ဟင်းနုနွယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အရိုးတည်ဆောက်မှု အားကောင်း စေပါတယ်။

(၁၀) ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြော တစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှု အတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြော စနစ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာ တွေကို ကျန်းမာစေပါတယ်။

ကြယ်စင်

BY Good Health

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ် မုန့်နဲ့ ကွတ်ကီးမုန့် တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။

ဂျုံစေ့ကဲ့သို့ ကောက်နှံတစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှုန်း နည်းပါး

အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်လို့ တွေ့ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေ က နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီ ကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အလားတူ အခွံချွတ်ထားတဲ့ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေကို များများစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ရုံသာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။ Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ် များတာ စတဲ့လက္ခဏာစုကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့ လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိစေပါတယ်။

ဝမ်းမှန်မှန်သွားစေနိုင်

ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင် အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီး များတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်

အခွံချွတ်မထားတဲ့ ကောက်နှံစာ တစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ်စားတာက သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ နှလုံးသွေးကြော ဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့အစာကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ်ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြော ကျဉ်းမှု နှေးတာတို့ ဖြစ်တာ ကို တွေ့ရပါတယ်။

By Good Health

ရုံးပတီသီး၏ ကျန်းမာရေးအစွမ်းများ


ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးလာသူများအတွက် နည်းလမ်း ရှာကြည့်လိုက်တော့ အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်တဲ့ ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်ခု ရှာတွေ့လိုက်ပါတယ်။ အဲဒါကတော့ ရုံးပတီသီးပါပဲ။

ဒါကို အမျိုးသား အမျိုးသမီး ဆီးချိုဖြစ်နေသူတိုင်း စားသောက်နိုင်ပါတယ်။ ရုံးပတီသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ fiber အမျှင်ဓာတ်၊ ဗစ်တာမင် အေ၊ စီ နဲ့ folate လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗစ်တာမင် ဘီ၊ ဗစ်တာမင် ကေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်အပြင် မဂ္ဂနီစီယမ်နဲ့ မဂ္ဂနိစ် ဓာတ်တွေလဲ ပါဝင်နေတာပါ။

ကဲ- စပြောပါမယ်။ ရုံးပတီသီးရဲ့အစွမ်းတွေ။

၁။ သွေးနီဆဲလ် ထုတ်လုပ်ရာမှာ ကူညီပေးလို့ သွေးအားနည်းရောဂါ အနီးမီးယားအတွက် အစွမ်းထက်ပါတယ်။

၂။ ရုံးပတီသီးထဲက အင်တီအောက်စီးဒန့်ဟာ ကင်ဆာဖြစ်စေတတ်တဲ့ ဆဲလ်အသွင်ပြောင်းခြင်းတွေကို ကာကွယ်ပေးတာကြောင့် ကင်ဆာ ကာကွယ်နိုင်တဲ့ အသီးလို့ ပြောနိုင်ပါတယ်။

၃။ ရင်ကျပ်ပန်းနာသမားတွေအတွက် စားသုံးသင့်တဲ့ ရုံးပတီသီးပါ။

၎။ ရုံးပတီသီးထဲက ဖောလစ်အက်ဆစ်ကြောင့် အရိုးကိုလဲ သန်မာစေပါတယ်။

၅။ ကိုလက်စထရော လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါ အန္တရာယ် လျော့ပါး သက်သာစေပါတယ်။

၆။ ၀မ်းချုပ်နေသူတွေအတွက် သက်တောင့်သက်သာ ၀မ်းသွားနိုင်အောင် ကူညီပေးနိုင်ပြီး ရုံးပတီသီးကို မှန်မှန်စားပေးသွားနိုင်ရင် အူမကြီးကင်ဆာ အန္တရာယ်ကိုလဲ လျှော့ချပေးနိုင်ပါတယ် တဲ့။

၇။ ရုံးပတီသီးထဲမှာ အင်ဆူလင် လို ဂုဏ်သတ္တိ ရှိတာကြောင့် သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးပြီး ဆီးချိုရောဂါမဖြစ်အောင်၊ ဆီးချို ရှိနေသူတွေ အတွက် ဆိုရင်လဲ သက်သာသွားစေမှာပါ။

၈။ ဖောလစ်အက်ဆစ်ဓာတ် ကြွယ်ဝလို့ ကိုယ်ဝန်ဆောင်တွေအတွက် ဗိုက်ထဲက ကလေးတွေကို Neural tube defects (NTD) ဆိုတဲ့ အာရုံကြောဆိုင်ရာ ချွတ်ယွင်းမှုမျိုး မွေးကထဲက ပါမလာရအောင်လဲ ကူညီကာကွယ်ပေးနိုင်ပါတယ်။

၉။ အစာမကြေ ဖြစ်တတ်တဲ့ အစာအိမ်ဆိုင်ရာ ပြသနာတွေကိုလဲ သက်သာစေပါတယ်။

၁၀။ အသားအရေ ကြည်လင်တာ၊ အမြင်အား ကောင်းဖို့တွေအတွက်လဲ အထောက်အကူ ပြုပါတယ်။

ဘယ်လိုစားမလဲ။ ကြိုက်သလို စားလို့ရပါတယ်။ အသီးဖျန်း ဓာတ်မြေသြဇာတွေ ပါမှာစိုးရင် ဆားရည်ထဲ အနည်းဆုံး နာရီဝက်လောက် စိမ်ပြီး ရေနဲ့ ၃-၄ ထပ်လောက်တော့ ဆေးပါဦး။

အသီးကို ဖင်ဖြတ် ထိပ်ဖြတ်ပြီး ရေထဲတညလောက် စိမ်ထားပြီး သောက်တာ တနည်း။ ရေနွေးလေး ဖျောပြီး တို့စရာလိုလဲ စား။ ပုဇွန်ခြောက် ဘာညာလေးထည့်ပြီး ခပ်စိမ်းစိမ်းလေး ကြော်စား။ အရမ်းနူးပြဲမသွားအောင်လဲ ကြော်ပေါ့။ ပဲကုလားဟင်း ချက်လို့ ကျက်သွားရင် ရုံးပတီသီးလေး နောက်ဆုံးမှ ထည့်။ အဲလိုလဲစားလို့ရပါတယ်။

အစာလည်းဆေး ဆေးလည်းအစာမို့ ကျန်းမာရေးအတွက် အလွန်အသုံးဝင်တဲ့ ရုံးပတီရဲ့အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ အားလုံးပဲ ကျန်းမာကြပါစေ။

စောနွဲ့နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ

မြွေကိုက်ခံရခြင်းအတွက် အရေးပေါ် ပြုစုနည်းနှင့် အိမ်တွင်းကုထုံးများ


ပူလိုက်၊အေးလိုက် စိုလိုက်၊ခြောက်လိုက် ရာသီတွေနဲ့ ခြုံထူမြက်ထူ နေရာတွေမှာ ခိုအောင်းတတ်တဲ့မြွေက ရာသီမရွေး ပေါက်ပွားနေပါတယ်။ သဘာဝအားဖြင့် မြွေက လူကို ရှောင်လေ့ ရှိပါတယ်။ ဒါပေမယ့် မြွှေအတွက် ရှောင်မလွတ်နိုင်တဲ့ နောက်ဆုံးအခြေအနေဆိုရင်တော့ လူကို ကိုက်တတ်ကြပါတယ်။ အဆိပ်ပြင်းမြွေ အကိုက်ခံရ မိရင်တော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

ကမ္ဘာပေါ်မှာ နှစ်တိုင်း လူပေါင်း ၂ သန်းခွဲလောက် မြွေကိုက်ခံနေရပြီး အဲဒီထဲမှာ လူပေါင်း ၁ သိန်း ၂ သောင်း ၅ ထောင်လောက်က မြွေကိုက်ခံရလို့ သေဆုံးနေရတာပါ။ အဆိပ်ပြင်းသည်ဖြစ်စေ မပြင်းသည်ဖြစ်စေ မြွေကိုက်ခံရပြီ ဆိုရင်တော့ သေချာ ဂရုစိုက် ကုသခံသင့်ပါတယ်။ အဆိပ်ပြင်းမြွေ အကိုက်ခံရတဲ့ ကလေးတွေအတွက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် သင့်တော် မှန်ကန် မြန်ဆန်တဲ့ ပြုစုကုသမှုတွေ အမြန်ခံယူသင့်ပါတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ သေးငယ်တာကြောင့် အဆိပ်ပျံ့နှံမှု ပိုပြီး မြန်ဆန်တာကြောင့်ပါ။

မြွေကိုက်ခံရပြီ ဆိုတာနဲ့ ဆေးဝါးအကူအညီ အမြန်ဆုံးရရှိဖို့ လိုအပ်ပါတယ်။ ဒဏ်ရာဟာ ယောင်ယမ်းလာပြီး အရောင်ပြောင်းလာပြီဆိုရင်တော့ အဆိပ်ပြင်းမြွေ အကိုက်ခံရတာ သေချာသလောက်ပါပဲ။

ဖြစ်နိုင်ရင်တော့ အနီးဆုံး ဆေးရုံကို အမြန်ဆုံးရောက်အောင် သွားပြီး အရေးပေါ်ကုသမှု ခံယူပြီး သင့်တော်တဲ့ အဆိပ်ဖြေဆေး ရရှိနိုင်မှာဖြစ်ပါတယ်။

မြွေကိုက်ခံရသူကိုလဲ အကြောက်လွန်တာမျိုး မဖြစ်ရအောင် မြွေကိုက်တာဟာ ကုသလို့ရတဲ့ အခြေအနေဖြစ်ကြောင်း အားပေးထားရပါမယ်။

မြွေကိုက်ဒဏ်ရာကို လူ့နှလုံးရဲ့ အောက်ကို နှိမ့်ပြီး ထားရပါမယ်။ ဒါမှသာ မြွေဆိပ်ရဲ့လှုပ်ရှားမှုကို သွေးစီးဆင်းရာ လမ်းကြောင်းမှာ ခပ်ဖြည်းဖြည်းသာ အရှိန်လျော့စေမှာ ဖြစ်ပါတယ်။

စုပ်ထုတ်နိုင်တဲ့ ကိရိယာမျိုး ရနိုင်ရင်တော့ ကိရိယာရဲ့ လမ်းကြောင်းတွေ အတိုင်း အဆိပ်စုပ်ထုတ်ဖို့ အသုံးပြုနိုင်ရမှာပါ။

မြွေကိုက်ခံရသူရဲ့ သွေးဖိအား၊ အသက်ရှုနှုန်း၊ သွေးခုန်နှုန်း၊ ကိုယ်အပူချိန်တွေကို အမြဲစောင့်ကြည့်နေရပါမယ်။

မြွေကိုက်ဒဏ်ရာအတွက် ကိုက်တဲ့မြွေ အသေကိုလဲ လုံလုံခြုံခြုံ ယူဆောင် သွားရပါမယ်။ မြွေ့ရဲ့ကြွက်သား အကျုံ့အဆန့်ကြောင့် သေဆုံးပြီး အချိန် အတော်ကြာကြာအထိ ကိုက်ခဲနိုင်သေးတာကြောင့် သယ်ဆောင် သွားရာမှာလဲ အထူးဂရုစိုက်ဖို့ လိုပါတယ်။

ရုပ်ရှင်တွေထဲမှာ ပြထားသလို သွေးထိန်းကြိုး စည်းတာ၊ မြွေကိုက်ဒဏ်ရာကို ဓားနဲ့ခွဲပြီး ပါးစပ်နဲ့ အဆိပ်ကို စုပ်ထုတ်တာမျိုး မလုပ်ပဲ ရှောင်ကြဉ်သင့်ပါတယ်။

ကိုက်လိုက်တဲ့မြွေကို လိုက်ဖမ်းရင်း အချိန်ကုန်သွားတာမျိုး လုံးဝမဖြစ်ဖို့လဲ အရေးကြီးပါတယ်။

ဆေးရုံမှာ အရေးပေါ်ခန်းထဲ ဆရာဝန်နဲ့ တွေ့ပြီဆိုရင်တော့ အသက်အန္တရာယ် ထိခိုက်စေမယ့် အရာမျိုးတွေကို အရင်ကုသပေးပါလိမ့်မယ်။ ဥပမာ အသက်ရှုရခက်နေသူတွေကို အသက်ရှုနိုင်အောင်၊ လန့်ဖြန့်ပြီး သတိလစ်နေသူတွေကို သတိရအောင် လုပ်ပေးမှာပါ။

ပြီးမှ မြွေကိုက်ဒဏ်ရာကို သန့်စင်ပေးပြီး အတွင်းမှာ စိုက်ကျန်နေတဲ့ မြွေစွယ်ကို ထုတ်ယူ ကုသပေးပါလိမ့်မယ်။ တချို့ဒဏ်ရာတွေကတော့ ပဋိဇီဝဆေးဝါးတွေနဲ့ ကူးစက်ရောဂါမဖြစ်အောင် ကုသလို့ရပါတယ်။ တချို့ဒဏ်ရာတွေအတွက်တော့ မေးခိုင်ကာကွယ်ဆေး ပေးပြီး ကုသပေးမှာပါ။

***ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြွေ၊ကင်း စတဲ့ အဆိပ်ရှိ သတ္တ၀ါတွေရဲ့ ဘေးအန္တရာယ်က ရှောင်ရှားလွတ်မြောက်နိုင်ဖို့ ပရိတ်ကြီး ၁၁ သုတ် ထဲက ခန္ဓသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ကြလေ့ရှိပါတယ်။

ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စောနွဲ့နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ

သိထားသင့်တဲ့ အဆစ်အမြစ်နာ ရောဂါများ

အဆစ်အမြစ်နာဝေဒနာတွေဟာ အလွန် နာကျင်ကိုက်ခဲပြီး ခံစားရခက်လှတာမို့ အလုပ် ပျက်အကိုင်ပျက် ဖြစ်စေနိုင်ပါတယ်။ အလွယ် တကူကုသရန်လည်း မဖြစ်နိုင် တာမို့ သိထားရင် ကြိုတင်ပြီးကာကွယ်နိုင်အောင် ‘အဆစ်အမြစ်နာ ရောဂါများ’ နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ဗဟုသုတတွေကို ဒီလမှာ ရေးသားဖော်ပြလိုက်ပါ တယ်။

အဖြစ်များတဲ့ အဆစ်အမြစ်နာ ရောဂါများ

(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)
(၂) Rheumatoid Arthritis (သွေးလေးဖက်နာ)
(၃)Osteoarthritis (အဆစ်ရောင်ရမ်းနာ)
(၄) Bone TB (အရိုးတီဘီ)
(၅) Gout (ဂေါက်ရောဂါ)

Rheumatic Arthritis ပိုးလေးဖက်နာ

ခြေတွေလက်တွေ လေးဖက်စလုံး နာတတ် လို့ လေးဖက်နာလို့ ခေါ်ကြတာပါ။ ဖြစ်စေတာက Group A.B Haemolytic Streptococcus ခေါ်တဲ့ ဗက်တီးရီးယားပိုး တစ်မျိုး (ကူးစက်ခံရ တာ) ကြောင့် ပိုးလေးဖက်နာအမျိုးအစား ဖြစ်ပါ တယ်။အဖြစ်အများဆုံးလူတွေကတော့

- ထူထပ်တဲ့ အိမ်ခြေရှိတဲ့ ရပ်ကွက်များ
- လေကောင်းလေသန့်ကောင်းစွာ မဝင်နိုင်တဲ့ ပတ်ဝန်းကျင်များ
- ကျဉ်းမြောင်းတဲ့ အိမ်အတွင်း များပြားတဲ့ မိသားစုနဲ့
- လူအများစုပေါင်းနေထိုင်ရာ လူမျိုးများမှာ အများဆုံး ဖြစ်တတ်ပါတယ်။

ပိုးလေးဖက်နာရောဂါဖြစ်ပြီဆိုတာကို သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ …လေးဖက်နာရောဂါစတင်ဖြစ်ပွားရင်
- အာသီရောင်ခြင်း (Tonsillitis)

- လည်ချောင်းများမကြာခဏနာခြင်း (Soethroat)
- အဆစ်များကိုက်ခဲခြင်း (Joints Pain)

- အဖျားတငွေ့ငွေ့ရှိခြင်း (Fever)
- အကျိတ်လေးတွေ စမ်းမိတတ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

Complications (ပိုးလေးဖက်နာရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ)
ပိုးလေးဖက်နာရောဂါကို သေသေချာချာ အမြစ် ပြတ်အောင် မကုသရင်၊ မကာကွယ်ထားရင်

(၁)Rheumatic Fever & Arthritis(မကြာခဏ) ဖျား၍ အဆစ်အမြစ်များ ကိုက်ခဲ ရောင်ရမ်းနာကျင်ခြင်း

(၂)Mitral Stenosis (နှလုံးဆို့ရှင်အပေါက် ကျဉ်းမြောင်းသွားခြင်း)

Mitral Regurgitation (နှလုံးအဆို့ရှင် ဟာသွားခြင်း)
(၃)Heart Failure (နှလုံးသားပြတ်ခြင်း)

Nephritis

ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းများ ဆက်လက်ဖြစ်ပွားတတ်ပါ တယ်။

ပိုးလေးဖက်နာရောဂါ၏ ရောဂါလက္ခဏာများ

- အာသီးနဲ့ လည်ချောင်းများ မကြာခဏရောင် ရမ်းတတ်တဲ့ ရာဇဝင်ရှိခြင်း
- အဆစ်များ မကြာခဏကိုက်ခဲခြင်း
- နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမှန်ဖြစ်ခြင်းကို စမ်းသပ်တွေ့ရှိရပါမယ်

ရောဂါဖြစ်ကြောင်း ရှာဖွေရာမှာ

- ရင်ဘတ်ဓာတ်မှန် (Chest X’ Ray)

- နှလုံးလျှပ်စစ်စမ်းသပ်စက် (ECG)

- ဓာတ်ခွဲခန်းကရတဲ့ သွေးအဖြေ (Laboratory Blood Test)

သွေးအဖြေမှာတော့ ASO Titre Un > 200 (နှစ်ရာအထက်ကျော်နေရင် လေးဖက်နာရောဂါ ရှိနေကြောင်း သိရှိနိုင်ပါတယ်)

လေးဖက်နာရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာ

ဒီရောဂါဟာ ဖြစ်စမှာ သိရှိပြီး ဆရာဝန်ရဲ့ ကုသချက်ကို တစ်သဝေမတိမ်းလိုက်နာတဲ့ လူနာတွေ အတွက်တော့ မုချပျောက်ကင်းနိုင်ပြီး သေသေချာ ချာ စနစ်တကျ ကုသမှုမခံရင်တော့ လေးဖက် နာရောဂါရင့်ပြီး နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်တဲ့ နှလုံးအဆို့ရှင်ပျက်စီးမှုများ ဖြစ်လာရင်တော့ ဒီရောဂါတွေကိုပဲ ထပ်ဆင့် ကုသေ ပးရတဲ့ အခြေအနေတွေ ရှိလာနိုင်ပါ တယ်။

Rheumatoid Arthritis (RA) သွေးလေးဖက်နာ

RA က ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် ကိုယ်ပိုင် (ကိုယ့်ခန္ဓာကိုယ်က) တစ်သျှူးနှင့် ဓာတ်မတည့်မှုဖြစ်ကာ ရရှိလာသော ရောဂါတစ်ခု (An Autoimmune Disease) ဖြစ်တယ်။RA သည် လူ့ခန္ဓာကိုယ်ရှိ အဆစ်အမြစ် တို့ကို ဒုက္ခပေးပြီး နောက်ဆုံး၌ အဆစ်အမြစ်များ ကို ပျက်စီးယိုယွင်းသွားစေနိုင်ပါသည်။ (အဆစ် အဆက်များ ဆိုင်းသွားခြင်း၊ အရိုးအဆစ်များ ပုံပျက်သွားခြင်း)ရော ဂါဖြစ်စတွင် လက်မောင်း၊ လက်ကောက် ဝတ်နှင့် လက်ဆစ်များကို စတင်ဒုက္ခပေးပြီး မကြာခင်မှာ အရိုးအဆစ်တိုင်း ရောင်လာစေသည်။

¤င်းဝေဒနာရှင်တို့၏ မိသားစုရာဇဝင်ကို ပြန် လိုက်လျှင် အမျိုးထဲ၌ တစ်ဦးမဟုတ်တစ်ဦးတွင် ဂေါက်ရောဂါ Gout (သို့မဟုတ်) အဆစ်ရောင် ရောဂါ (Rheumatism) ရောဂါ တစ်မျိုးမျိုးရှိခဲ့ ဖူးသည်ကို တွေ့ရသည်။ ထို RA ရောဂါဆိုးရလျှင် နာကျင်ကိုက် ခဲသော ဝေဒနာကို ပြင်း စွာခံစားရ မည်။ အားအင်ကုန်ခန်းပြီး ကြံ့ခိုင်မှုလျော့နည်း စေသည့်အပြင် ကိုယ်အလေးချိန်ကျလာ မည်။ နောက်ဆုံး အခြေအနေဆိုးဝါးလျှင် အဆစ်အမြစ် များ ရောင် လာမည်။ ပုံပျက်ပန်းပျက် ဖြစ်လာ မည်။ အဆစ်များခိုင်လျှင်လည်း ခိုင်သွားမည်။ ရံဖန်ရံခါ၌ လက်ချောင်းနှင့်မေးတို့တွင် ဘုကြီးများ ပေါက်လာတတ်ပေသေး သည်။

Osteoarthritis အဆစ်ရောင်ရမ်းနာ (သို့မဟုတ်) ရိုးဆက်ရောင်နာ

Osrteo Arthritis (ရိုးဆက်ရောင်နာ) က အဆစ်များထိ ဆက်ရာ အရိုးနုများ ပျက်စီးလာ လို့ ကိုက်ခဲလာတတ်ပါတယ်။ အဆစ်တွေရောင်ပြီး နာကျင်မှုကို ဖြစ်စေ ပါတယ်။ လှုပ်ရှားမှုများတဲ့ ခါး၊ လက်ကောက်ဝတ်၊ တင်ပါးဆုံ၊ ဒူးဆစ်၊ လက်ဆစ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ ကနေ ရောဂါတိုးလာရင် Rheumatoid Arthritis ဖြစ်လာတတ်ပါတယ်။

Bone TB အရိုးတီဘီ

အရိုးပါးရောဂါမှာ မထင်မှတ်ဘဲ ပြန်ပြီး အဖြစ်များလာတာက အရိုးတီဘီပါ။ အရင်က ဖြစ်တာ နည်းသွားခဲ့ရာက ယခုအဖြစ် ပြန်များလာ နေပါ တယ်။ ဗြုန်း ခနဲ ခါးနာလာ တာမျိုးဖြစ်ပြီး အဆုတ် မှာ သလိပ်မှာ ဘာလက္ခဏာမှ မပြဘဲ အရိုးမှာ တီဘီပိုးဝင်လာပြီး ဖြစ်လာတာပါ။ အရိုးပြားလာ တယ်၊ ဒူးဆစ်တွေ ရောင်လာတယ်၊ နာလာတယ်။ ဓာတ်မှန်မှာ မတွေ့ရပေမယ့် သွေး စစ်ကြည့်တော့မှ တွေ့ရတာပါ။

Gout ဂေါက်ရောဂါ

ဂေါက်ရောဂါသည် နာတာရှည်အဆစ်ရောင် ရောဂါ Chronic Rheumatic ရောဂါအုပ်စုဝင် ဖြစ်ပါသည်။ အဓိကအားဖြင့် ‘ခြေမ’ များတွင် အဖြစ်များသည်။ ထိုကဲ့သို့  ဖြစ်ရခြင်းမှာ – ခြေမ အဆစ်ထုံးကျောက် Chalky များ စုဝေးနေခြင်း ကြောင့် ဖြစ်သည်။ ဆေးကျမ်းအများစုတွင် ဂေါက်ရောဂါသည် ဆွေစဉ်မျိုးဆက် လိုက်သော ရောဂါဟု ယူဆကြသည်။ စာရင်းဇယားနှင့် သုတေသနပြုချက်အရလည်း ဤအယူအဆကို ထောက်ခံနေကြသည်။ သို့ရာတွင် ဂေါက်ရောဂါ အလွယ်တကူ ဝင်ရောက်ရန် ရေခံမြေခံရှိသော တစ်စုံတစ်ယောက်က အနေအထိုင် အစား အသောက်လော်မာလျှင် အနှေးနှင့်အမြန် ဂေါက် ရောဂါဖြစ်မည်ဟု ဆိုခြင်းက ပိုမှန်ကန်ေ ပလိမ့် မည်။

အထူးသဖြင့် ယူရစ်အက်စစ် (Uricacid) တွေများစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ခရမ်းချဉ်သီး၊ဘီယာစတဲ့အစားအသောက်တွေ ကြောင့် ဖြစ်ရတာ ပါ။ အချို့ဆေးစားရုံနဲ့ ပျောက် ကင်းသွားတတ်ပါတယ်။ Uricacid ကြောင့် အဆစ်နာတာကိုတော့အပြင်ဆေးခန်းတွေမှာ ပြသရုံနဲ့ ပျောက်ကင်းသွားနိုင်ပါတယ်။

ယူရစ်အက်စစ် သိပ်များလာရင် ဂေါက် (Gout) ရောဂါ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ မှာ အသားတွေရောင်လာပြီး လမ်းလျှောက်လို့ မကောင်းဖြစ်တတ်ပါတယ်။ ယူရစ်အက်စစ်တွေ သွေးထဲကနေ အရိုးအဆစ်တွေဆီ ရောက်သွားလို့ ဖြစ်ရတာပါ။ အသက် ၁၅ နှစ်ကစပြီး ၅ဝ နှစ် အရွယ်လောက်အထိ ဖြစ်တတ်ပါတယ်။ အမျိုး သမီးတွေထက် အမျိုးသားတွေမှာ အဖြစ်များ တတ်ပါတယ်။အရိုးရောဂါတွေကို ရိုးရိုးဓာတ်မှန်တွေနဲ့ ရိုက်ပြီး ရောဂါရှာနိုင်သလို သံလိုက်ဓာတ်သုံး အဆင့်မြင့် ရောဂါ ရှာပေးတဲ့MRI ကိရိယာတွေ ကို အသုံးပြုပြီး သိနိုင်ပါတယ်။ ဓာတ်ခွဲခန်းမှာ သွေးကိုလိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေပြီး အရိုးရောဂါရှာရတာလည်း တော်တော်ထိရောက် ပါတယ်။

ပိုးလေးဖက်နာဖြစ်တဲ့ Rheumatic Arthritis တွေ၊Rheumatic Fever တွေဆိုရင် ASO Titre သွေး ထဲမှာပါတဲ့ အရေအတွက်ကို ကြည့်ပြီး ကုသပေးရပါတယ်။ Gout ဂေါက်ရောဂါ မှာ အဆစ်အမြစ်ကိုက်စေတဲ့ Uricacid ယူရစ် အက်စစ်ကိုလည်း သွေးထဲမှာ ပါတဲ့နှု န်းကြည့်ပြီး ကုသရပါတယ်။ ဒီဂေါက်ရောဂါသည်တွေမှာတော့ ယူရစ်အက် ဆစ်တွေများစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ဘီယာစတဲ့ အစား အသောက်တွေကိုပါ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ အဆစ်အမြစ်ရောဂါတွေ ဖြစ်လာရင်တော့ တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ ကုသမှုခံယူတာကတော့ ကိုယ့်အတွက် အကောင်း ဆုံးဖြစ်မှာပါ။

ဒေါက်တာအောင်ဆန်းဝင်း
ရတီကျန်းမာရေး

မျက်ကြည်လွှာ ပွန်းပဲ့ခြင်းမှ ကာကွယ်ခြင်း

မျက်ကြည်လွှာဆိုသည်မှာ မျက်လုံး၏ ရှေ့ဘက်စက်ဝိုင်းပုံ ကြည်လင် တောက်ပသော တစ်သျှူးအပိုင်းဖြစ်ကာ မျက်စိသို့ ဝင်လာသော အလင်းရောင်ကို ဆုံမှတ်ကျစေရန် အထောက်အကူ ပြုရပါသည်။ အဆိုပါ တစ်သျှူးသည် ပြတ်ရှခြင်း သို့မဟုတ် ကုတ်ခြစ် ခြင်းခံရသော အခါ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း ဖြစ်ပေါ်မည်။ မျက်ကြည်လွှာ ပွန်းပဲ့ ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အကြံပြုချက်များကို အမေရိကန်မိသားစု သမားတော်များ အကယ်ဒမီက ထုတ်ပြန်ထားသည်မှာ -

သင်သည် သစ်သား၊ လွှစာမှုန့်၊ သတ္တု အစရှိသည်တို့ကို ထုတ်လွှတ်တတ်သော စက်ကိရိယာများဖြင့် အလုပ်လုပ်သည့် အခါတိုင်းတွင် မျက်စိကို လုံခြုံစိတ်ချရသည့် အကာအကွယ်များကို အမြဲတမ်း တပ်ဆင်ထားပါ။

သင့်မျက်စိကို ကုတ်ခြစ်မိခြင်းမှ ရှောင်ရှားနိုင်ရန် သင်၏ လက်သည်းရှည်များကို မှန်မှန်ညှပ်ထားပါ။ ကလေး သူငယ်များနှင့် ငယ်ရွယ်သူများ၏ လက်သည်း ရှည်များကိုလည်း မှန်မှန်ညှပ်ပေးပါ။

သစ်ပင်နှင့် ချုံပုတ်များ၏ အကိုင်းအခတ် အလက်များကိုလည်း မျက်စိနှင့် တစ်တန်းတည်း အမြင့်တွင် ရှိနေပါလျှင် ခုတ်ဖြတ်ထားပါ ။

သင်၏မျက်စိတွင် မျက်ကပ်မှန် တပ်ဆင်သည်ဆိုပါက ထိုမျက်ကပ်မှန်များကို နေ့စဉ် သေချာကျနစွာ သန့်ရှင်းမှုပြုခြင်း သေချာပါစေ။ မျက်ကပ်မှန် တပ်ပြီး မအိပ်ပါနှင့်။

Mg Mandalay

ကလေးများအတွက် သတိထားရမည့် အန္တရာယ်


 ဒီပုံဟာ အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများနှင့် Twitter, Facebook စတဲ့ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် နာမည်ကြီးနေသော ဓါတ်ပုံတစ်ပုံ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့အတိုင်း မြွေတစ်ကောင်ဟာ ကလေးစီးဖိနပ်၏ အတွင်းထဲကို ၀င်ရောက်ခွေခေါက်ပြီး အိပ်နေတဲ့ပုံ ဖြစ်ပါတယ်။

ကလေးကို ဖိနပ်မစီးပေးခင် မိဘများက အတွေ့စောသွားလို့ ကလေးခြေထောက်ကို မြွေအပေါက်ခံရမည့် ဘေးအန္တရာယ်မှ သီသီကလေး ကပ်လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ မြွေကို မနှင်ထုတ်ခင်မှာပဲ ဓါတ်ပုံကိုလည်း အမိအရရိုက်တင်ပြီး အားလုံး သတိထားပြီး ရှောင်ရှားနိုင်ကြစေရန် တင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒီပုံကို အဆင့်ဆင့် ကူးတင်ပေးကြပြီး Credit မပေးထားတဲ့အတွက် ဓါတ်ပုံရဲ့ မူရင်းက ဘယ်နိုင်ငံကဆိုတာ အတိအကျ မသိတော့ပေမယ့် ကျနော်တို့တတွေ သတိထားရမယ့် အန္တရာယ်တစ်ခုဆိုတာ
သေချာနေပါတယ်။

ကဲ မိတ်ဆွေလည်း ဒီပုံလေးကို Share တစ်ချက်လုပ်ပေးပြီး သူငယ်ချင်းများကို သတိပေးလိုက်ဦးနော်။

အားလုံးပဲ အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေနော်။

စောနွဲ့ နေဆိုင်(ပူတာအို)

ကျန်းမာရေးသတင်းများ

လူ ငယ် ဆို တိုင်း သွေး မ တိုး ဘူး တဲ့ လား


 သွေးတိုးရောဂါဟု ဆိုလိုက်သည်နှင့် အသက်ကြီးပိုင်းတွင်သာ အဖြစ်များသည်ဟု သိထားကြသည်။ ယခု အခါ သွေးတိုးရောဂါသည် လူကြီးများတွင်သာ မက အသက် ၁၉-၃၅ အတွင်းရှိ လူငယ်များတွင်လည်း ဖြစ်ပွား တတ်သည်။ ထိုသို့ ဖြစ်ပွားခြင်းကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ Young Hypertension ဟု သတ်မှတ် ထားသည်။ Young Hypertension ဖြစ်ပွားရသည့် အကြောင်းအရင်းသည် မျိုးရိုးကို လိုက်၍သော် လည်းကောင်း၊ ယခုခေတ် လူငယ်တို့၏ နေထိုင် စားသောက်မှု ပုံစံတို့ကြောင့် လည်းကောင်း ဖြစ်ပွားရခြင်း ဖြစ်သည်။ ထို့အပြင် ကျောက်ကပ်ရောဂါ ဖြစ်ပွားနေသူများနှင့် ဟော်မုန်းနှင့် သက်ဆိုင်သော ရောဂါ ဖြစ်ပွား နေသူများတွင်လည်း သွေးတိုးရောဂါကို ဖြစ်ပွား စေနိုင်သည်။

သွေးတိုးရောဂါ လက္ခာဏာများသည် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင် ဝေဝါးခြင်း၊ ဇက်ကြောတက်ခြင်း စသည်တို့ ဖြစ်သည်။ ထိုကဲ့သို့ ရောဂါလက္ခာဏာများ ခံစားနေရပါက ဆောလျင်စွာ ဆေးကုသမှုကို ခံယူ သင့်သည်။ ဆေးကုသမှုကို မခံယူဘဲ အချိန်ကြာမြင့်စွာ နေပါက ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်သော ကိုယ်တစ်ခြမ်း သေခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်နိုင်ခြင်းတို့ အပြင် အဆိုးဆုံး ဖြစ်သော ဦးနှောက် သွေးကြောပေါက်၍ အသက်ကိုပါ ဆုံးရှုံးနိုင်သည် အထိ ဖြစ်လာ နိုင်သည်။ သွေးတိုး ရောဂါသည် နှလုံးရောဂါနှင့်လည်း ဆက်စပ်လျက် ရှိသည်။ ထိုကဲ့သို့ မဖြစ်ရလေအောင် ဆေးကုသမှုကို စောစီးစွာ ခံယူသင့် ပေသည်။

ထို့အပြင် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့်လည်း ကိုယ် အလေးချိန်ကို လျှော့ချ ရမည်။ အစားအသောက်ကို စားသုံးရာတွင်လည်း ချိုလွန်းသော၊ ငန်လွန်းသော အစားအစာများကို ရှောင်ရမည့် အပြင် အဆီကိုလည်း လျှော့စားရမည်။ ကျန်းမာရေး အတွက် အထောက်အကူ မပြုသော ဆေးလိပ်၊ အရက်၊ ကွမ်းယာတို့ သုံးစွဲခြင်းမှလည်း ရှောင်ရှားရမည်။ ပုံမှန် ဆေးသောက်နေသူ ဖြစ်ပါက ဆေးကို ပုံမှန် မပျက်မကွက် သောက်သုံးခြင်းဖြင့် သက်ရှည် ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်အောင် ကြိုးစား ရပေမည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်

ခေါင်းကိုက်ခြင်းဟာ အလွန် အဖြစ်များတဲ့ နာကျင်မှု ဖြစ်ပြီး လူတိုင်း လိုလို ခေါင်းကိုက် ဖူးကြ ပါတယ်။

ခေါင်းကိုက်ခြင်းကို ဖြစ်စေ နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှု ကတော့ အဓိက ကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက် စေတဲ့ နောက်ခံ အကြောင်းအရင်း ရောဂါ ကြီးကြီးမားမား မရှိရင်တောင် နေ့စဉ် ဘဝမှာ သင့်ရဲ့ လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက် လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာ ရှေ့မှာ အချိန် အကြာကြီး အလုပ်လုပ် နေရင် ခေါင်းကိုက် လာနိုင်ချေ များပါတယ်။

ဒါကြောင့် သင်ခေါင်းကိုက် လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက် တာလဲ ဆိုတဲ့ အကြောင်း ရင်းကို ရှာဖွေ စစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူ တွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲ သင့်ပါတယ်။ အောက်ပါ အကြံပြုချက် တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေး တွေပါ။

၁။ကိုယ်ဟန် အနေအထား မမှန်ရင် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေ ပါတယ်။ ဒါကြောင့် ကိုယ်ဟန် အနေအထား မှန်ကန်အောင် ထိန်းသိမ်းဖို့ အရေးကြီး ပါတယ်။ လည်ပင်းနဲ့ ပခုံးက ကြွက်သား တွေဟာ ကိုယ်ဟန် အနေအထား မမှန်ရင် တင်းတောင့် နေတဲ့ အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်နေအထား မှန်ကန်ဖို့ သတိထား သင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ အတွက်တော့ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးတာ အကောင်းဆုံး ဖြေရှင်း နည်းပါပဲ။

၂။စိုစွတ်တဲ့ အပူဟာ ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ ရေနွေးထဲမှာ တစ်ဘက် တစ်ထည်ကို စိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်တဲ့ နေရာပေါ် အုပ်ထားပါ။

၃။အမျိုးသမီး တွေဟာ ရာသီ မလာခင်ရက်မှာ ခေါင်းကိုက် တတ်ပါတယ်။ ဒီလို ခေါင်းကိုက်တဲ့ ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှု ခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီး တွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီ နည်းတဲ့ အသားကို စားနိုင်ပါတယ်။

၎။ခေါင်းကိုက် တာကို ဖြစ်စေတဲ့ အဓိက အကြောင်း ကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့ အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက် အနားယူဖို့လည်း အရေးကြီး ပါတယ်။ အလုပ်ကိုလည်း ဆက်တိုက် အကြာကြီး မလုပ်ဘဲ ခဏတစ်ဖြုတ် နားပေးဖို့လိုအပ်ပါတယ်။

၅။ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တဲ့ အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ် ပါတယ်။ ဒီလို ခေါင်း ကိုက်ခြင်းမျိုး အတွက်တော့ အနှိပ်ခံရင် သက်သာစေ ပါတယ်။ ဖိစီးမှုတွေ ပြေပျောက် စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင် သာသာ နှိပ်နယ်ပေးပါ။

၆။အစာမစားဘဲ နေတာဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို အချိန် မှန်မှန်စားဖို့ အရေးကြီးပါတယ်။

၇။ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ နေ့စဉ် အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။

၈။လဲလျောင်း နေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကို ဖြေလျှော့ အနားရစေပြီး ခေါင်းကိုက် သက်သာ စေပါတယ်။

၉။အကိုက်အခဲ ပျောက်ဆေး တွေက ခေါင်းကိုက် သက်သာ စေပါတယ်။ ဒါပေမယ့် ခဏခဏ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလို သောက်နေတာဟာ မကောင်းပါဘူး။ သင့်မှာ အစာအိမ် အနာရောဂါ အပါအဝင် တခြား ကျန်းမာရေး ပြဿနာတွေ ရှိရင် ဆရာဝန် ညွှန်ကြားမှသာ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။

၁၀။ခေါင်းတစ်ခြမ်းကိုက် ရောဂါ ရှိသူတွေ ကတော့ သူတို့စားတဲ့ အစာတွေကို မှတ်တမ်း ထားဖို့ လိုပါတယ်။ တစ်ချို့ အစားအစာ တွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေ နိုင်တဲ့ အတွက် ဘယ်လို အစားအစာ တွေကြောင့် သင့်ခေါင်းကိုက် တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

Ref: Shade The Mandalay Hill
 

မြ၀တီ

သစ်တိုသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်တိုသီးကို ခရမ်းချဉ်သီး ဟင်းထဲ ထည့်ချက် စားလေ့ ရှိကြသလို ကိတ်မုန့်လို သရေစာ မုန့်တွေ မှာလည်း ထည့်သွင်း ပြုလုပ်လေ့ ရှိပါတယ်။ သစ်တိုသီးမှာ အောက်ပါ အာဟာရ တန်ဖိုးတွေ ပါဝင် နေပါတယ်။

သစ်တိုပင်ရဲ့ အမြစ်၊ အရွက်နဲ့ အခေါက်တွေမှာလည်း အောက်ပါ ဆေးဖက်ဝင်တဲ့ အာနိသင်တွေ ရှိတယ်လို့ trifter.com မှာ ဖော်ပြ ထားပါတယ်။

- ယားယံမှုကို သက်သာ စေခြင်း သစ်တိုရွက်ကို ကြိတ်ခြေပြီး ယားယံနေတဲ့ အရေပြားပေါ်မှာ အုံပေးထား ရင်အယား သက်သာ စေပါတယ်။

- ဝမ်းလျှော သက်သာ စေခြင်း သစ်တိုမြစ်ကို ဝမ်းလျှောတဲ့ ဝေဒနာအတွက် အစွမ်းထက် အိမ်သုံးဆေး အနေနဲ့ သုံးကြပါတယ်။

- အဖျားကျစေခြင်း လတ်ဆတ်တဲ့ သစ်တိုရွက်ကို အပူရှိန် တက်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ပေါ်မှာ ကပ်ပေးရင် ချွေးထွက် စေပါတယ်။ သစ်ရွက် ပြုတ်ရည်နဲ့ ရေချိုးလေ့ ရှိကြ ပါတယ်။

- ဗိုက်အောင့် သက်သာစေခြင်း သစ်တိုပင်အမြစ်ကို ဗိုက်အောင့် သက်သာ စေတယ်ဆိုပြီး ဆေးဖော်ကာ အသုံးပြု တတ်ကြပါတယ်။
  

မြ၀တီ

လိပ်ခေါင်းရောဂါအကြောင်း သိကောင်းစရာ


လိပ်ခေါင်းဆိုသည်မှာ စအိုဝ၌ ပေါ်ပေါက်လာသော ဖောင်းကြွပြီး နာကျင်မှုရှိသည့် သွေးပြန်ကြောများ
 ဖြစ်ပါသည်။ ဆေးပညာအရ Haemorrhoid, Piles, Rectal Lump စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိပါသည်။

လိပ်ခေါင်းရောဂါသည် လူတော်တော်များများတွင်ဖြစ်လေ့ ရှိသည့် ရောဂါတစ်ခုဖြစ်ပါသည်။

ဝမ်းချုပ်တတ်သူများ၊ ၀မ်းသွားချိန်တွင် အားသုံး၍ ၀မ်းညှစ်တတ်သူများ၊ အညောင်းထိုင် အလုပ်လုပ်သူများ၊ စအိုဝတွင် အနာရောဂါဖြစ်သူများနှင့် အသည်းခြောက်ရောဂါရှိသူများတွင် အဖြစ်များပါသည်။ ကိုယ်ဝန် ဆောင်ချိန်နှင့် ကလေးမီးဖွားပြီး အချိန်များတွင်လည်း ဖြစ်တတ်ပါသည်။

စအိုဝရှိ သွေးပြန်ကြောများတွင် သွေးဖိအားများလာသော အခါ လိပ်ခေါင်းရောဂါဖြစ်စေပါသည်။ စအိုဝရှိ သွေးပြန်ကြောများ၏ သွေးလျှောက်မှုကို ဖိနှိပ်ပိတ်ဆို့စေသောအခါ သွေးပြန်ကြောအတွင်း သွေးများစုပုံလာပြီး ဖိအားများလာပါသည်။ ဖိအားများလာသောကြောင့် စအိုဝရှိ သွေးပြန်ကြော များ ဖောင်းပွလာကာ နာကျင်မှု ဝေဒနာကို ခံစားလာရပါသည်။ အထူးသဖြင့် ထိုင်နေသည့် အနေအထားတွင် နာကျင်မှုဝေဒနာကို သိသိသာသာ ခံစားရပါသည်။

လိပ်ခေါင်းသည် စအိုဝ၏ အတွင်း(Internal Haemorrhoids) ၌ ပေါ်နိုင်သကဲ့သို့ စအိုဝ ၏အပြင် (External Haemorrhoids) ၌လည်း ပေါ်ပေါက်နိုင်ပါသည်။
လိပ်ခေါင်း ဖြစ်ပြီဆိုပါက စအိုဝအနီးတစ်ဝိုက်တွင် ယားယံ လာတတ်ပါသည်။ ထို့နောက် စအိုဝပတ်ပတ်လည်တွင် နာကျင် ကိုက်ခဲမှုဝေဒနာကို ခံစားလာရပြီး ၎င်းင်းဝေဒနာသည် ထိုင်နေသည့် အချိန်တွင် ပိုဆိုးပါသည်။ တစ်ခါ တစ်ရံတွင် စအိုဝမှ သွေးယိုစီးမှု ရှိနိုင်ပြီး သွေးစသွေးနများကို မစင်ပေါ်တွင်လည်းကောင်း၊ အိမ်သာခွက်ထဲတွင်လည်းကောင်း၊ အိမ်သာသုံးစက်္ကူပေါ်တွင်လည်းကောင်း တွေ့ရနိုင်ပါသည်။

ဝမ်းသွားချိန်တွင် နာကျင်မှုရှိနိုင်ပါ သည်။ စအိုဝပတ်ပတ်လည်တွင် နာကျင်မှုရှိသော အလုံးအကျိတ်များတစ်ခု သို့မဟုတ် တစ်ခု ထက်ပိုကာ ပေါ်ပေါက်လာနိုင်ပါသည်။

ဆရာဝန်မှ ကြည့်ရှုစမ်းသပ်သောအခါ စအိုဝ ကို စမ်းသပ်စစ်ဆေးကြည့်ရုံဖြင့် လိပ်ခေါင်းရောဂါ ရှိကြောင်း ဖော်ထုတ်နိုင်လေ့ရှိပါသည်။ လိုအပ် ပါက Sigmoidoscopy သို့မဟုတ် Anoscopy များ အသုံးပြုကာ စမ်းသပ်မည် ဖြစ်ပါသည်။

လိပ်ခေါင်းရောဂါဖြစ်ပြီဟု ယူဆပါက ဆရာဝန်နှင့် ပြသ တိုင်ပင်သင့် ပါသည်။ Corticosteroids Cream လိမ်းပေး ခြင်းသည် လိပ်ခေါင်း ကြောင့်ဖြစ်ပေါ်သော နာကျင် ရောင်ရမ်းမှုကို သက်သာစေပါသည်။ ၀မ်းပျော့ဆေး စားသုံးခြင်းသည် ၀မ်းညှစ်အား အသုံးပြုမှုကို လျော့ကျစေပါသည်။

ချည်သား စစ်စစ်ဖြင့် ပြုလုပ်ထားသော အောက်ခံဘောင်းဘီ ၀တ်ဆင်ခြင်းသည် ယားယံမှုကို လျော့ကျစေ နိုင်ပါသည်။ အိမ်သာသုံးစက္ကူများ အသုံးမပြုရပါ။ ယားယံမှုကို ပိုဆိုးစေသောကြောင့် ဖြစ်ပါသည်။

ယားယံသော စအိုဝကို မကုတ်မိပါစေနှင့်။ ရေနွေး နွေးတွင် စအိုကိုစိမ်၍ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထိုင်ပေးခြင်းသည် သက်သောင့်သက်သာရှိစေ နိုင်ပါသည်။
မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် သောက်ဆေးသောက်ရုံဖြင့် သက်သာပျောက် ကင်းနိုင်သော်လည်း ပြင်းထန်လာပါက ခွဲစိတ် ကုသသော နည်းလမ်းများကို အသုံးပြုရတတ်ပါ သည်။

လိပ်ခေါင်းရောဂါကို ကုသရာတွင် Infrared coagulation နည်းမှာ လိပ်ခေါင်းအား ရှုံ့ဝင် ပျောက်ကွယ်သွားအောင် ပြုလုပ်သောနည်း ဖြစ်ပါ သည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် Infrared coagulation နည်းသည် ထိရောက်မှု ရှိပြီး ခွဲစိတ်ကုသမှုကို ရှောင်ကျဉ်ရန် အထောက် အကူ ဖြစ်စေနိုင်ပါသည်။

နာကျင်မှုဝေဒနာ ပြင်းထန် စေသော လိပ်ခေါင်းရောဂါ များနှင့် သွေးယိုစီးမှု များသော လိပ် ခေါင်းရောဂါများ တွင် အခြား နည်းလမ်းများ အသုံးပြု၍ မသက်သာသော အခါ ခွဲစိတ်ကုသ သည့် နည်းလမ်းကို အသုံးပြုရပါသည်။ ခွဲစိတ် ကုသမှု ပြုလုပ်ရန် လိုအပ်လာသောအခါ အရပ်သုံး စကားဖြင့် သားရေကွင်းပစ်သည်ဟု ခေါ်ဆိုလေ့ရှိသော Rubber band ligation နည်းလမ်းကို အသုံးပြု သကဲ့သို့ လိပ်ခေါင်းကို ခွဲစိတ်လှီးထုတ်သော Surgical Haemorrhoidectomy နည်းလမ်းကို လည်း အသုံးပြုလေ့ ရှိပါသည်။

လိပ်ခေါင်းရောဂါ ပြင်းထန်ပါက စအိုဝရှိ ဖောင်းကြွနေသော သွေးပြန်ကြောအတွင်း၌ သွေးခဲ ဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့ သွေးခဲ ဖြစ်ပေါ်သောအခါ ၎င်းင်းသွေးပြန်ကြောအနီးရှိ အသားစများ ပုပ်သွားတတ်ပါသည်။ ထိုအခြေ အနေတွင် လိပ်ခေါင်းနှင့် သွေးခဲကို ခွဲထုတ် ဖယ်ရှားရလေ့ ရှိပါသည်။

လိပ်ခေါင်းမှ သွေးယိုစီးမှုသည် အများအား ဖြင့် မပြင်းထန်တတ်ပါ။ အကယ်၍ လိပ်ခေါင်းမှ သွေးယိုစီးမှုသည် ပြင်းထန်ပါက အချိန် ကြာမြင့်သောအခါ နောက်ဆက် တွဲ ဆိုးကျိုးအနေဖြင့် သံဓာတ်လျော့ နည်းသည့် သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်ပေါ်နိုင်ပါသည်။

အနှစ်ချုပ်ဆိုရသော် ၀မ်းချုပ်ခြင်း၊ အားသုံး၍ ၀မ်းညှစ်ရခြင်းတို့သည် လိပ်ခေါင်းရောဂါ ဖြစ်စေရန် အားပေးအားမြှောက် ပြုပါသည်။

ထို့ကြောင့် ၀မ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါ ဖြစ်ခြင်းတို့ကို ကြိုတင် ကာကွယ်သည့် အနေဖြင့်

၁။ ရေများများသောက်ပါ။
(တစ်နေ့လျှင် အနည်းဆုံး ရေရှစ်ဖန်ခွက် သောက်ပါ။)

၂။ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီး၊ ဟင်းသီး ဟင်းရွက်များကို စားသုံးပါ။

၃။ ၀မ်းပျော့ဆေး မကြာခဏ သုံးပေးပါဟု အကြံပြု ရေးသားဖော်ပြအပ်ပါသည်။

မကြာခဏ မေးလာကြသော ဝေဒနာရှင်များအတွက် ကျန်းမာရေးသတင်းများမှ ခံစားနေရသော ရောဂါသည်များအားလုံးအတွက် အမြန်ဆုံးသက်သာပျောက်ကင်းစေရန် ဆေးနည်းကို ရှာဖွေ၍ ပြန်လည်မျှဝေပေးလိုက်ပါသည်။

သန့်ဇော် (ဆေး-၂)
Ref : Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)

ကျန်းမာရေးသတင်းများ

မြန်မာ့ဆေးဖက်ဝင် သင်္ဘောပင်


Item Name --------- Papaya; Papaw (သင်္ဘောပင်)
Category ------------ Raw Material
Botany Term ------- Carica papaya Linn
Species Family ---- Caricaceae

မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။ စိုက်ပျိုးပင် ဖြစ်သည်။သဲမြေတွင် ၁/၄ လက်မခန့် မြှုပ်၍ အလင်းရောင် လုံလောက်အောင် ရသော ကွင်းပြင်တွင် ပျိုးထောင် ပါက ၁၅-၂၀ ရက် အတွင်း အပင် ပေါက်လာသည်။ အရွက် လေးရွက် ထွက်ပါက ပျိုးပင် ကလေး များအား ပလတ်စတစ်အိတ် သို့မဟုတ် ကျည်တောက် များတွင် ရွှေ့ပြောင်း ပျိုးယူရသည်။  ပျိုးပင်များ အရွက် ၈ ရွက်ခန့် ထွက်လာပါက ရွှေ့ပြောင်း စိုက်ပျိုး နိုင်သည်။ အကျယ် အနက် ၃ ပေ ခန့် တူး၍ မြေဆွေး မြေသြဇာ များထည့်ပြီး စိုက်ပျိုးရမည်။  အပင် ခြေရင်း၌ လိုအပ်သလို ပေါင်းရှင်း ပေးသင့်သည်။ စိုက်စတွင် ရေမှန်မှန် လောင်းပေး သင့်သည်။ အဖို တစ်ပင် ရှိက အမ ဆယ်ပင် အတွက် လုံလောက်သည်။ ရေမ၀င်ရန် ဂရုစိုက် ပေးရမည်။ အသီး စိပ်လွန်းလျှင် ကျဲအောင် ခြွေပေး သင့်သည်။ သို့မှသာ အလုံးကြီး၍ ချိုမည်။ အပင်ရှည် မျိုးမှာ ၁၀ လ မှ ၁၂ လခန့် ကြာသည်။ မပြတ် သီးသော်လည်း တန်ဆောင်မုန်း၊ နတ်တော်လ နှင့် တပေါင်း၊ တန်ခူး တို့တွင် အသီးထွက် ကောင်းသည်။ပင်လတ်မျိုး ဖြစ်သည်။ ပင်စည် အသားပွ၍ အဖြူရောင် အစေးများ ထွက်သည်။ ကြီးမားသော လက်ဝါး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ ရွက်ညှာ အလွန်ရှည်၍ အလယ်ခေါင်း ပွသည်။ အပွင့်မှာ အဖိုပွင့်၊ အမပွင့် ဟူ၍ ရှိသည်။ အ၀ါနုရောင် ရှိသည်။ အသီးကြီးမား သည်။ အသီးခွံ ပြောင်ချောပြီး အတွင်းသား ထူသည်။ အဖြူရောင် အစေးများ ထွက်သည်။ အစေ့များစွာ ပါသည်။


• အပင်

ပင်လတ်မျိုး ဖြစ်၏။ အမြင့်ပေ ၂၀ ခန့်ထိ မြင့်၏။ ပင်စည်မှ အဖြူရောင် အစေးများ ထွက်၏။ အဖိုပင် အမပင် နှင့် အဖို အမ နှစ်မျိုး ပါသော အပင် ဟူ၍ ရှိသည်။

• အရွက်

အရွက်များ အပင်၏ ထိပ်ဘက်တွင် စု၍ ရွက်လွှဲ ထွက်သည်။ အရွက် အလွန် ကြီးမားသည်။ လက်ဝါး ရွက်ပေါင်း ဖြစ်ပြီး ရွက်ပြား ချောသည်။ ရွက်နား ပတ်လည် အတွန့် အဟိုက် များ ရှိ၏။ ရွက်ညှာ အလွန် ရှည်၍ အလယ် ခေါင်းပွ ဖြစ်၏။

• အပွင့်

အဖိုပွင့် အမပွင့် ရှိသည်။ အ၀ါနုရောင် ဖြစ်သည်။ အမပွင့်သည် ပင်စည်နှင့် ရွက်ညှာ ကြားတွင် ကပ်၍ ပွင့်သည်။ အဖိုပွင့်သည် ပန်းခိုင်မှ ပွင့်ညှာတံ တွဲလောင်း ကျ၍ ပွင့်သည်။

• အသီး

အသီး ကြီးမားသည်။ အသီးခွံ ပြောင်ချောပြီး အတွင်းသား ထူသည်။ အဖြူရောင် အစေးများ ထွက်သည်။ အသီးတွင်း၌ အစေ့ များစွာ ပါရှိသည်။

► အသုံးဝင်ပုံ

အသီး၊ အစေ့၊ အစေး၊ အရွက်။

• အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ သင်္ဘောပင် မှအမြစ် သည်ချုပ်၏။ လေကို ပျက်စေ၏။ ပူ၏။ မီးယပ်ကို မှန်စေ၏။ သင်္ဘောသီးမှည့် သည်ချို၏။ ၀မ်းမီးတောက်၏။ ဆာလောင်ခြင်း ကိုဖြစ်စေ၏။ ကြေညက် လွယ်၏။ ဆီးရွှင်၏။ သလိပ်ကို ပွားစေ၏။ နှလုံးကို အကျိုး ပြု၏။ သွေးကို စင်ကြယ်စေ၍ သည်းခြေကို ငြိမ်းစေ၏။ ဆီးရောဂါ နှင့် ကျောက်တည် ရောဂါ များကို ပယ်ဖျောက် တတ်၏။

► အသီးအသုံးပြုပုံ

၁။ သင်္ဘောသီး ၌လူကို ကျန်းမာ စေကာ အသက် ရှည်၍ ရောဂါ ကင်းဝေး စေနိုင်သော သတ္တိထူး ရှိ၏။ သင်္ဘောသီး စိမ်းအရည်တွင် သကြားရော၍ တစ်နေ့ ၃ ကြိမ်မျှ သောက်က သရက်ရွက် ကြီးခြင်း ပျောက်၏။
၂။ သင်္ဘောသီး အမှည့် စားသော် သရက်ရွက် ကြီးခြင်း၊ အသည်း ကြီးခြင်းနှင့် မြင်းသရိုက် ရောဂါ ပျောက်၏။
၃။ သင်္ဘောသီး ၀မ်းပျဉ်းကို ဟင်းချက် စားခြင်း၊ သနပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။
၎။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ၀မ်းပျက် ရောဂါ ပျောက်၏။
၅။ သင်္ဘောသီး စိမ်းကို လှီးဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ် ပြေ၏။
၆။ သင်္ဘောသီး နုနုကို ဆားနှင့် တို့စားက ဆုံဆို့နာ ပျောက်၏။

► အစေ့အသုံးပြုပုံ

၁။ သင်္ဘောသီး အစေ့ အရေအတွက်ကို အရွယ်နှင့် ချင့်၍ စားသော် ၀မ်းတွင်းရှိ သန်များ ကျ၏။ 

► အစေးအသုံးပြုပုံ
 
၁။ သင်္ဘောသီး စိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ ပွေးနာနှင့် အရေပြား ရောဂါများ ကို လိမ်းပေးက ပျောက်၏။
၂။ အနာ အဖုများနှင့် လူပျိုနာ ကြောင့်ဖြစ်သော အနာများကို သင်္ဘောသီးစေး လိမ်းပေးက ပျောက်၏။
၃။ လူလတ် အရွယ်များ အစေး အနည်းငယ်မျှကို နွားနို့၊ သကြားခဲ ရရာနှင့် စားသော် အစာ မကြေ ရောဂါ ပျောက်၏။
၎။ အစေးကို ထန်းလျက်နှင့် နယ်စားသော် သန်ကျ၏။ 
၅။ အစေးကို ခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုး အခြင် ကြွက်သား စသည့် အစိတ် အပိုင်းများကို ပြုပြင် ရန်နှင့် အစာအိမ် အူသိမ် တို့၏ အတွင်းဆုံး အသားမျှင်များ ပျက်စီး ချွတ်ယွင်းသည့် အနာ အဆာကြောင့် ဖြစ်သော ဗိုက်နာ၊ အူနာ စသော ရောဂါများ ပျောက်ကင်း စေရန် အကောင်းဆုံး ဆေးအဖြစ် သုံးနိုင်သည်။ 

►အရွက်အသုံးပြုပုံ

၁။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။ 
၂။ သကျည်း ကိုက်သော် သင်္ဘောရွက်ကို ရေနွေးဖြော၍ သို့မဟုတ် မီးကင်၍ ကပ်ပေးသော် ပျောက်၏။ 
၃။အရွက်ကို မီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲ ထည့်စားခြင်း ဖြင့် နားအူ လေထွက် ရောဂါ ပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
♥မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။♥

သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့

ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။

သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။

မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။

ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။

အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်း များကိုလည်း ရှောင်ကြဉ်ပါ။

By Health Articles

မြ၀တီ ကျန်းမာရေး

တုပ်ကွေး တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများ

တုပ်ကွေး တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများတုပ်ကွေးကို တွန်းလှန်နိုင်စွမ်း ရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေတဲ့ အောက်ပါ အစာတွေကို ဖျားချင်သလိုလို၊ ကိုယ်လက်ကိုက်ခဲ နွမ်းနယ်နေသလိုလို ဖြစ်တဲ့ အခါတွေမှာ စားပေးပါ။ တုပ်ကွေး လက္ခဏာနဲ့ ပြင်းထန်မှုကို လျော့ပါးသွား စေပါတယ်။

မှိုစွပ်ပြုတ်

မှိုတွေကို စွပ်ပြုတ်ထဲ ထည့်ချက်ပြီး သောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် တိုးတက်စေပါတယ်။ တက်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မှိုတွေဟာ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုကို တိုးမြင့်စေပြီး တုပ်ကွေးကို တွန်းလှန်ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်။

ချိစ် (Cheese)

ဆင်းဒဝှစ်ခ်ျ၊ ပီဇာ၊ ပေါင်မုန့်တွေမှာ ချိစ်ထည့်ပြီး စားပေးပါ။ ချိစ်တစ်ပြားမှာ ပါတဲ့ အကျိုးပြု ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။

လိမ္မော်သီး

တစ်နေ့ လိမ္မော်သီး နှစ်လုံး-သုံးလုံးလောက် စားပါ။ ဒါဆိုရင် ဗီတာမင်စီ ၂၀၀ မီလီဂရမ် ရရှိတာကြောင့် တုပ်ကွေးလက္ခဏာ ခံစားရချိန်ကို တိုတောင်းစေပါတယ်။ လေ့လာမှုအရ လိမ္မော်သီးမှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဇွန်

By Good Health

ဆေးမင်ကြောင် ဖျက်နည်းများ

-ဆေးမင်ကြောင် ထိုးထားတဲ့ အရေ ပြားကို တိုက်စားပစ်ခြင်း၊ လေဆာ နှင့် ဖျက်ခြင်းတို့ ပြုလုပ်နိုင် ပါတယ်။ အရောင်ပါတဲ့ ဆေးမင်တွေကိုတော့ တစ်ကြိမ်တည်းနှင့် အပြီးသတ်မဖျက် နိုင်ဘဲ အကြိမ်ကြိမ်ဖျက်ပေးရပါတယ်။ မည်သည့်နည်းကို အသုံးပြုသည် ဖြစ်စေ ဆေးမင်ကြောင်ထိုးထားတဲ့ အသားအရေဟာ နဂိုမူလအတိုင်း ပြန်မရတော့ပါဘူး။

-ဆေးမင်ရောင်အမျိုးမျိုးအတွက် လေဆာရောင်ခြည် အမျိုးမျိုးသုံးရပါ တယ်။လေဆာသုံးဖျက်ပြီးစမှာ အရေ ပြားဟာ ဖြူဖျော့ဖျော့ကျန်ခဲ့ပြီး ပုံမှန် အရောင်ပြန်ရဖို့ အချိန်အတန် ကြာ စောင့်ရပါတယ်။

-လေဆာရောင်ခြည်ဟာ ဆေးမင် တွေကို ဖြိုခွဲပစ်တာကြောင့် မင်မှာပါ သည့် ပစ္စည်းများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲတဲ့အခါ ဓါတုပစ္စည်းတစ်ခုကို ဓါတ်မတည့်မှုဖြစ်ပေါ်ပြီး အရေပြား ပေါ်မှာ အရည်ကြည်ဖုတွေ ပေါက် လာတတ်ပါတယ်။ ဂရုတစိုက် ကုသ မယ်ဆိုလျှင်တော့ အရည်ဖုတွေ သက်သာပျောက်ကင်းနိုင်ပါတယ်။

-လေဆာရောင်ခြည်ဟာ မည်မျှဘေး ကင်းတယ်ဆိုစေ အနာရွတ်ကျန်ခဲ့နိုင် ပါတယ်။

-မြန်မာနိုင်ငံမှာ လတ်တလောခေတ် စားလာတဲ့ ယာယီဆေးမင် (tempo rary tatoo) တွေဟာလည်း ဓါတ်မ တည့်မှုဖြစ်ပေါ်စေပြီး အနာတွေဖြစ် တတ်ပါတယ်။ ယာယီဆေးမင်မှာ အသုံးပြုတဲ့ အရောင်ဆိုးဆေးဟာ ဆံပင်ဆေးဆိုးဖို့အတွက်သာ သင့် တော်ပြီး အရေပြားမှာ အသုံးမပြုသင့် ကြောင်း ဥရောပနှင့် အမေရိကနိုင်ငံ များမှာ ပိတ်ပင်ထားပါတယ်။

-ဆေးမင်ကြောင်ဖျက်နည်းတွေ မည် မျှဆန်းသစ်သည်ဆိုစေ၊ နဂိုမူလ အရေပြားအတိုင်း ပြန်မဖြစ်နိုင်တော့ သည့်အတွက် အစကတည်းက ဆေးမင်ကြောင်းမထိုးမိဖို့ ဆင်ခြင် သင့်ပါတယ်။

ဇော်ကို
Source:RD
Health Updates Journal

(ကြို့ထိုးခြင်း) Hiccup


ကြို့ထိုးခြင်း

ခန္ဓာကိုယ် ရင်အုပ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်းကို ခြားထားတဲ့ ကန့်လန့်ကာ ကြွက်သားဟာ အကြောင်း အမျိုးမျိုးကြောင့် နှိုးဆွခံရပြီး အလိုအလျောက် ကျုံ့ခြင်း၊ ဆန့်ခြင်း ဖြစ်ပေါ်လာကာ

ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ယင်းကန့်လန့်ဖြတ် ကြွက်သားခေတ္တ ကျုံ့တဲ့အခါ ရင်အုပ်ပိုင်း၊ ဝမ်းဗိုက်အပေါ်ပိုင်း တစ်ချက်တစ်ချက်တင်း၍ ကြို့ထိုးခြင်းကို အလွန်ခံရခက်စွာ ကြုံရတတ်ပါတယ်။

များသောအားဖြင့် ပါးစပ်ကျယ်ကျယ် ဟပြီးရယ်တဲ့အခါ၊ ကျယ်လောင်စွာ ပြောတဲ့အခါမှာ ပြင်ပက လေများရုတ်တရက် ရှူသွင်းမိခြင်းဖြင့် ကန့်လန့်ဖြတ်ကြွက်သား (DIAPHRAGM) ရုတ်တရက် နှိုးဆွခံရပြီး ကြို့ထိုးတတ်တယ်။ အစားအသောက်များကို လျင်မြန်စွာစားခြင်းနဲ့ အရက်၊ ဘီယာ သောက်ခြင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။

ရောဂါ

ရောဂါကြောင့်လည်း ကာလကြာ ကြို့ထိုးနေတတ်တယ်။ အစာအိမ်တင်းခြင်း၊ ကျယ်ပြန့်ခြင်း၊ လေပွခြင်း၊ အဆုတ်ရောင်ခြင်း၊ ဝမ်းဗိုက်ပိုင်း အမြှေးပါး တစ်ခုလုံးရောင်ခြင်း၊ ကန့်လန့်ကာ ကြွက်သားအောက် ပြည်တည်ခြင်း၊ ကန့်လန့်ကာ ကြွက်သားမှာ အူကျွံနာဖြစ်ခြင်း၊ အသည်းကင်ဆာ၊ အစာအိမ် ကင်ဆာတို့ကြောင့် ကြို့ထိုးခြင်းဖြစ်တယ်။ သားနေရည် အကျိတ်ရောင်ခြင်း၊ နှလုံးမြှေးရောင်ခြင်း၊ နှလုံးကြီးခြင်းနှင့် အခြား အစိတ်အပိုင်းများ ရောင်ခြင်း၊ အရက်၊ ဘီယာအလွန်အကျွံ သောက်ခြင်း၊ ကျောက်ကပ်ရောဂါကြောင့် သွေးထဲနိုက်ထရိုဂျင်နှင့် ပတ်သက်တဲ့ အညစ်အကြေး စုပေးခြင်း၊ ကာလသားရောဂါ (syphilis) ၏ဘေးထွက်ဆိုးကျိုး၊ ဦးနှောက်ထဲ ရေဝင်ခြင်း၊ ဦးနှောက်အတွင်း သွေးခဲခြင်း၊ အသားပို၊ အကျိတ်များ ဖြစ်ပေါ်ခြင်း၊ လေပြွန်ရောဂါ ဖြစ်ခြင်းဖြစ် တို့ကြောင့် ကြို့ထိုးတတ်တယ်။

ပြုစုနည်း

ကြို့ထိုးရင် ရေမသောက်သင့်ပါ။ အစာရေမျိုပြွန်မှ ရေဖြတ်သွားစဉ် အသက်ရှူရခက်ခြင်း၊ လေဝင်လေထွက်ကြောင့် ခေတ္တရပ်တန့်ထားရလို့ ခဏတာ သက်သာစေတယ်။ ကြို့ထိုးစဉ် လေအဆက်မပြတ် ဝင်ထွက်နေလို့ ကန့်လန့်ကာ ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်းက ထိန်းမရ ဖြစ်စေတယ်။ လေဝင်လေထွက်၊ အစာနှင့် ရေဝင်၊ ရေထွက်ခြားပေးတဲ့ အရိုးနု စသည်တို့ တစ်ပြိုင်နက် အပိတ်အဖွင့် မလုပ်နိုင်ရင် ပွင့်နေတဲ့ လေပြွန်ထဲသို့ ပါးစပ်မှငုံထားသော ရေများရောက်ရှိကာ ချောင်းဆိုးခြင်း ဖြစ်တယ်။ အဆင်မသင့်ပါက အဆုတ်တွင်း ရေ ဝင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာတတ်တယ်။ ပါးစပ်ထဲလေ အဆက်မပြတ်ရှူသွင်း၊ လျှာရှည်ရှည်ထုတ်၍ လက်ချောင်းများဖြင့် အာခေါင်းပိုင်း ဆွပေးခြင်းဖြင့် အန်ချင်လာမယ်၊ အန်ပြီးရင် သက်သာသွားတယ်။ လက်ကိုင်ပဝါဖြင့် နှာခေါင်းပေါက်ပိတ်ပြီး ခေတ္တအသက်ရှူခြင်း ရပ်တန့်ရမယ်။ အချို့ကြို့ထိုးစဉ် အသက်ရှူအောင့်ပြီး ရေသောက် ရင် ပျောက်သွားတယ်။ ကြို့ထိုးစဉ် အသက်ရှူအောင့်တာ လုံးဝမလွယ်ကူတတ်ပါ။

ကုသခြင်း

ရောဂါကြောင့်ဖြစ်လျှင် ရောဂါပျောက်ကင်းအောင် ကုရမယ်။ ရုတ်တရက် အထိတ် တလန့်ဖြစ်စေခြင်းက ကြို့ထိုးခြင်းကို လျော့စေတယ်။ ပြင်ပမှလာသော ရုတ်တရက် ပြင်းထန်တဲ့ နှိုးဆွမှု အသစ်က မူလနှိုးဆွခြင်းမှာ ဖြစ်ပေါ်လာတဲ့ အာရုံကြောလှုပ်ရှားခြင်း ဖြစ်စဉ် ပြတ်တောက်သွားလို့ ကြို့ထိုးခြင်း ရပ်သွားတယ်။ ကြို့ထိုးခြင်းဟာ အန္တရာယ်ပေးနိုင်တဲ့ ရောဂါ မဟုတ်ပေမယ့် တဒင်္ဂအတွင်း အခံရခက်လှသော ဝေဒနာတစ်ရပ် ဖြစ်တယ်။ ကြို့ထိုးခြင်း၏ အခြေခံရောဂါ (အသည်းကျွတ်ဆတ်ခြင်း၊ အသည်းကင်ဆာ) တို့ကလည်း အသက်အန္တရာယ် ရှိစေတာ တွေ့ရတယ်။ အရက်၊ ဘီယာရှောင်သင့်တယ်။

အကြံပြုခြင်း

ကျန်းမာရေး ကောင်းသူအတွက် ကြို့ထိုးခြင်းဟာ ယေဘူယျ ခဏတာသာ ဖြစ်တယ်။ ဖြစ်ခြင်းမြန်သလို ပျောက်ခြင်းလည်းမြန်တယ်။ အများအားဖြင့် ရောဂါမရှိဘဲ ကြို့ထိုးခြင်း ခံစားကြရတယ်။ ကြို့ထိုးနေစဉ် ရေသောက်ပါက ချောင်းဆိုးနိုင်တယ်။ အဆင်မသင့်ရင် အဆုတ်အတွင်း ရေရောက်ရှိပြီး အဆုတ်ရောင်ခြင်း၊ ချောင်းအဆက်မပြတ် ဆိုးခြင်းဖြစ်စေနိုင်ကြောင်း ဖော်ပြအပ်ပါ တယ်။

မြ၀တီ
https://www.facebook.com/mwdmedia

အသက်ကြီးသူတွေ အထိုင်များပါက နှလုံးရောဂါ ဖြစ်နိုင်ချေနှုန်းမြင့်

လေ့လာတွေ့ရှိချက်အသစ်တွေအရ အသက်ကြီးတဲ့ အမျိုးသားတွေအနေနဲ့ အချိန်အတော်များများကို ထိုင်နေခြင်းဖြင့် ကုန်ဆုံးလျှင် နှလုံးအားနည်းတဲ့ ရောဂါနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ဒီစမ်းသပ်ချက်ထဲမှာ အသက် ၄၅နှစ်မှ ၆၉နှစ်အတွင်းရှိ အမျိုးသားပေါင်း ၈၂၀၀၀ ပါဝင်ပါတယ်။ သူတို့ကိုလေ့လာကြည့်တဲ့အခါ အလုပ်ချိန်ပြင်ပရဲ့ အားလပ်ချိန်တွေမှာတောင် အထိုင်များတတ်တဲ့ အမျိုးသားတွေအနေနဲ့ လုံးအားနည်းမှု ဖြစ်ပွားနှုန်းတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ 


ကြာရှည်ထိုင်တတ်သူတွေဟာ လေ့ကျင့်ခန်း လုပ်ပေမယ့်လည်း အားနည်းမှုကတော့ ဆက်လက်ဖြစ်ပေါ်နေ တယ်လို့ တောင်ပိုင်းကယ်လီ ဖိုးနီးယားမှ Kaiser Permanente အဖွဲ့အစည်းမှ သုတေသနာတွေက ထုတ်ပြန်ထားပါတယ်။

သုတေသနပညာရှင် Deborah Rohm Young က တစ်နေ့ကို အနည်းဆုံး ငါးနာရီထိုင်တဲ့ သူတွေဟာ တစ်နေ့ကို နှစ်နာရီလောက်သာ ထိုင်တဲ့သူတွေထက် နှလုံးကျဆုံးအားနည်းခြင်း ဖြစ်ပွားရန် ၃၄ ရာခိုင်နှုန်း ပိုမိုမြင့်မားစေတယ်လို့ဆိုပါတယ်။

Ref: newsmaxhealth.com
Trend Myanmar


ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ

ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း

- ချင်းဖျော်ရည်သောက်ပါ

ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန်ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

- စမုန်စပါးစေ့ကို ဝါးစားပါ

စမုန်စပါးစေ့ဟာလည်း ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန်စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက်လည်း နို့ထွက်အား ကောင်းစေပါတယ်။

- နှိပ်နယ်နည်း

သင့်ညာလက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ်ပေးနိုင်ပါတယ်။

- နံနက်တိုင်း အချဉ်ရည်သောက်ပါ

မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန် သက်သာသွား နိုင်ပါတယ်။

မြ၀တီ

သွေးတိုးခြင်းဖြင့် အသက်ဆုံးရှုံးမှု များနေသောကြောင့် ကြိုတင် ကာကွယ်ရန် လိုအပ်


 ကမ္ဘာပေါ်၌ လူ ၁ဝ ဦးလျှင် တစ်ဦးသည် သွေးတိုးရောဂါ ဖြစ်ပွားလျက်ရှိပြီး အသက် ဆုံးရှုံးမှုဖြင့် ကြုံတွေ့ နေရသောကြောင့် သွေးတိုးရောဂါ မဖြစ်ပွားရန် ကြိုတင် ကာကွယ် သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သွေးတိုးရောဂါသည် လူနေမှုဘဝနှင့် ဆက်စပ်နေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ဆား၊ အငန်နှင့် အဆီအအိမ့် အစားများခြင်း၊ ဆီးချိုသွေးချို ရောဂါရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေး လိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် အဖြစ်များကာ သွေးပေါင်ချိန် (၁၄ဝ/၉ဝ) မီလီမီတာ မာကျူရီနှင့် အထက်ရှိလျှင် သွေးတိုးရောဂါ ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စမ်းသပ်ချက်များအရ သိရသည်။ သွေးတိုးရောဂါ ဖြစ်ပွားသူများသည် ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်စိပြာခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ အော့အန်ခြင်းတို့ ဖြစ် သည်။ သွေးတိုးရောဂါကို ကာကွယ်ရန် ကိုယ်အလေးချိန်ကို ထိန်း၍ အဝမလွန် စေရန်နေထိုင် စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ နေ့စဉ် နာရီဝက်၊ တစ်နာရီခန့် လမ်းလျှောက်ပေးခြင်း၊ ဆားနှင့် အချိုမှုန့် အသုံးပြု၍ ပြုလုပ်ထားသော စားသောက်ဖွယ်ရာများ၊ ငါးပိ၊ ငါးခြောက်နှင့် အသင့်စားသုံးနိုင်သော အစားအစာများကို ရှောင်ကြဉ်ခြင်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊ အရက်နှင့် ဆေးလိပ် လွန်ကဲစွာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဆီကို လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

သွေးတိုးရောဂါ ဖြစ်ပွားလျှင် နှလုံးကြီးခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်း၊ နှလုံးညှစ်အား လျော့ကျခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်း၊ လေဖြတ်ခြင်းနှင့် ရုတ်တရက် သွေးကြော ပိတ်ခြင်းစသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်သောကြောင့် သွေးတိုးရော ဂါ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများ၌ သွေးပေါင် မှန်မှန်ချိန်၍ စနစ်တကျ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia

အရက် ဆေးလိပ်နှင့် ဆေးရွက်ကြီး တို့ကြောင့် ဖြစ်ပွား တတ်သော ကင်ဆာ သုံးမျိုး


 ကင်ဆာ ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးနှင့် မကူးစက်နိုင်သော နာတာရှည် ရောဂါဖြစ်သည်။ ကွမ်းယာထဲတွင် ဆေးထည့်စားလျှင် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ ဆေးပေါ့လိပ်၊ စီးကရက်ကြောင့် အဆုတ်ကင်ဆာ၊ အရက်ကြောင့် အသည်းကင်ဆာတို့ ဖြစ်ပွား တတ်သည်။

ကွမ်းထဲ ဆေးထည့်စားခြင်း

ကွမ်းယာတွင် အန္တရာယ် အပေးနိုင်ဆုံးမှာ ကွမ်းစားဆေး ဖြစ်သည်။ ''ထုံး'' မဟုတ်ပါ။ ဆေးရွက်ကြီးတွင် နီကိုတင်း၊ အယ်ကာလွိုက် အပါအဝင် ဓာတ်များသည် တံတွေးနှင့် ပေါင်း၍ ကင်ဆာ ဖြစ်စေသည်။ ခံတွင်း ကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ အစာမျို လမ်းကြောင်း ကင်ဆာနှင့် အစာအိမ် ကင်ဆာတို့ ဖြစ်စေသည်။ နီကိုတင်း၏ ကင်ဆာ ဖြစ်စေသော အာနိသင်သည် ကွမ်းသီးတွင် ပါသော အေရိုကိုလင်း (Arecoline) ကြောင့် ပို၍ အစွမ်းထက် တတ်သည်။ ကွမ်းစားခြင်းကြောင့် ဆိုးကျိုး မဖြစ်မီ ကွမ်းဖြတ်သင့်သည်။

ဆေးလိပ်နှင့် အဆုတ်ကင်ဆာ

၉ဝ ရာခိုင်နှုန်းသော အဆုတ်ကင်ဆာသည် ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်တွင် ပါဝင်သည့် နီကိုတင်းနှင့် ဓာတုပစ္စည်းပေါင်း ၄ဝဝ ကျော်သည် ကင်ဆာ ဖြစ်စေသည့် အပြင် အဆုတ် လေပြွန်များ အတွင်းတွင် မလိုအပ်သော ဓာတုပစ္စည်းများ စုမိပါက ကင်ဆာ ဖြစ်စေသည်။ စောစီးစွာ သိရှိနိုင်ရန် လိုအပ်သည်။ ကင်ဆာဖြစ်ပါ က ရေရှည် ချောင်း ဆိုးခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ ရင်ကျပ်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ အသံ ပြောင်းခြင်း၊ အစားအသောက် ပျက်ခြင်းတို့ ဖြစ်ပွားတတ်သည်။ အဆုတ်ကင် ဆာ ဖြစ်နေကြောင်းကို ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်၊ သလိပ် စစ်ဆေးခြင်း၊ အသက်ရှူ လမ်းကြောင်း မှန်ပြောင်းဖြင့် ကြည့်ခြင်း စသော နည်းလမ်း များစွာဖြင့် စစ်ဆေးနိုင်မည် ဖြစ်သ ည်။ ဆေးလိပ်မသောက်လျှင် အဆုတ်ကင်ဆာ ဖြစ်ရန် ၅ဝ ရာခိုင်နှုန်း ကျဆင်းသွားပြီး နှစ် ၂ဝ ဆေးလိပ်ဖြတ်လျှင် နဂိုအဆုတ် အနေအထားသို့ ပြန်ရနိုင်သည်။

အဆုတ်ကင်ဆာ ကုသမှု

အဆုတ်ကင်ဆာ ကုသမှုသည် ပျံ့နှံ့ဖြစ်ပွား မှုအဆင့်၊ တစ်သျှူး အမျိုးအစား၊ လူနာအသက်၊ မူလ ကျန်းမာရေး အခြေအနေ စသည်တို့အပေါ် မူတည်သည်။ စောစီးစွာ သိရှိပါက ခွဲစိတ် ကုသလျှင် ပျောက်ကင်းနိုင်သည်။ နောက်ပိုင်း ခွဲစိတ် ကုသပြီး ကင်ဆာ ဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ ပူးပေါင်းပါဝင်မှုက ပို၍ ရလဒ် ကောင်းခြင်းကြောင့် နှစ်မျိုး သို့မဟုတ် သုံးမျိုးတွဲ ကုသမှုကို သုံးလာကြသည်။ အဆုတ်ကင်ဆာ အားလုံး၏ ၅ ရာခိုင်နှုန်း သာ နောက်ထပ် ငါးနှစ်သ က်တမ်းရှည်နိုင်သည်။

အရက်နှင့် အသည်းကင်ဆာ

အသည်းကင်ဆာသည် ကမ္ဘာပေါ်ရှိ ကင်ဆာအားလုံးအနက် အသေအပျောက် အများဆုံး ဖြစ်သည်။ အသည်းကင်ဆာကို တရုတ်၊ ဟောင်ကောင်၊ မြန်မာ၊ အိန္ဒိယနှင့် ရုရှားတို့၌ ပိုမို တွေ့ရှိရသည်။ အသည်း ကင်ဆာသည် အသည်းရောင် ဘီပိုးနှင့် စီပိုးတို့ကြောင့် ဖြစ်တတ် သည်။ အရက် သောက်စားမှုသည် အသည်းရောင် ဘီနှင့် စီဗိုင်းရပ်စ်ပိုးကို ပွားများစေ၍ ပိုမိုဆိုးရွား စေသည်။ အသည်း ကင်ဆာ၏ လက္ခဏာများမှာ အသည်းကြီး လာခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အစားအသောက် ပျက်ပြီး ပိန်ချုံးလာခြင်းတို့ ဖြစ်သည်။ ရောဂါ လက္ခဏာမပြမီ အသည်းကင်ဆာ ရှိ၊ မရှိ သိနိုင်ရန် အေအက်ပီဓာတ် တစ်မျိုး သွေးဖောက် စစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်၊ ကွန်ပျူတာဓာတ် မှန်ရိုက်ခြင်း တို့ ပြုလုပ်ရမည်။ အသည်း သွေးကြောများ အတွင်းသို့ ဆေးထိုးခြင်း၊ အသည်း အစားထိုးခြင်း၊ ဓာတ်ရောင်ခြည်နှင့် ဟော်မုန်းများဖြင့် ကုသခြင်းတို့ ပြုလုပ်နိုင်သည်။ အသည်းရောင် ဘီ ကာကွယ် ဆေးထိုးထား သင့်သည်။ အရက်ကို လက်လွတ်စပယ် သောက်ခြင်းကို ဆင်ခြင်ရမည်။ အရက်ဖြတ်ရမည်။ အရက်ဖြတ်လျှင် အရက်စွဲ လက္ခဏာများ ပေါ်လာ တတ်သဖြင့် ဆရာဝန် နှင့် စနစ်တကျ ဖြတ်ရမည်။

မြ၀တီ
https://www.facebook.com/mwdmedia

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ

- ထိုင်ခြင်းသည် မတ်တတ်ရပ်ခြင်းထက် ခါးဆစ်ရိုးပေါ် (၄၀) ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်သည်။ ထို့ ကြောင့် နာရီဝက်တိုင်း မတ်တတ်ရပ်ပါ။ အညောင်းဆန့်ပါ။
- လေ့ကျင့်ခန်းပြုလုပ်သူများ၏ (၄၀) ရာခိုင်နှုန်းသည် ခါးနာသည့်အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းရပ်ဆိုင်းတတ်ကြသည်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ယောဂလေ့ကျင့်ခြင်းဖြင့် ခါးနာရောဂါကို အမြန်သက်သာစေသည်။
- လေးလံသည့်အိတ်များလွယ်ခြင်း၊ ဆွဲခြင်းသည် ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေသောကြောင့် ခါးဆစ်ရိုးစောင်းစေသည်။ ဘေးကင်းစွာလွယ်နိုင်၊ ဆွဲနိုင်သည့် အများဆုံးအလေးချိန်သည် လူ့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းသာရှိသင့်သည်။
- ကျန်းမာရေးနှင့်ညီညွတ်အောင် အစာမစားသည့်အခါ အ၀လွန်လာစေပြီး ခါးဆစ်ရိုးကို အားပြုရမှုလွန်ကဲစေသည်။
- မွေ့ရာဟောင်းများသည် လူ့ခန္ဓာ ကိုယ်အလေးချိန်ကို အပြည့်အ၀ ထောက်ပံ့မပေးနိုင်ဘဲ အိပ်ချိန်ကြာလာသည်နှင့် ပျော့အိလာပြီး ကျောရိုး ဆစ်ကိုကျွံဝင်သွားစေသည်။ ထို့ကြောင့် အိပ်ရာနိုးလာသည့်အချိန်တွင် ခါးနာဝေဒနာခံစားရတတ်သည်။ ထို့ကြောင့်မွေ့ရာများကို အနည်းဆုံး ငါးနှစ်တစ်ကြိမ် လဲလှယ်ပါ။
- ဒေါက်ဖိနပ်အမြင့်စီးလျှင် ကျောရိုး ကြွက်သားများ အလုပ်ပိုလုပ်ရသည်။ ဒေါက်ဖိနပ်စီးသည့်အခါ ဖနောင့်အောက်တွင် ကူရှင်ခံစီးပါ။ ဒေါက် ဖိနပ်စီး၍ ဝေးဝေးမလျှောက်ပါနှင့်။
- စိတ်ဆိုးခြင်း၊ စိတ်ဖိစီးခြင်းကြောင့် ကျောကြွက်သားများ တောင့်တင်းစေသည်။ ဒေါသလျှော့ပါ။ စိတ်ဖိစီးမှု လျှော့ပါ။
- တစ်ပတ်လျှင် (၁၅) နာရီခန့် တီဗီကြည့်ခြင်းသည် ခါးနာခြင်းကို သုံးဆပိုမိုဖြစ်ပွားစေသည်။ တီဗီ ကြည့်ချိန်လျှော့ချပါ။ ကြော်ငြာဝင်ချိန်တွင် အကြောဆန့်ပါ။
- ခါးနာခြင်းကို လစ်လျူရှုမထားပါ နှင့်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်မ ဖြစ်ခင်ကုသမှုခံယူပါ။

သီဟ
Source:backsurgeon
Health Updates Journal

ဓာတ်မတည့်မှုဖြစ်စေပြီး ပန်းနာရင်ကျပ်ထစေသော အရာများ

ချောင်းဆိုးတာ၊အသက်ရှုကျပ်တာနဲ့ချွဲထတာ စတာတွေကိုမကြာခဏခံစား
နေရပါသလား။ဒီဝေဒနာတွေကဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်ရောဂါထတာ
ရဲ့အဖြစ်များတဲ့လက္ခဏာတွေဖြစ်ပါတယ်။ဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်
ရောဂါလက္ခဏာတွေကိုရှောင်လွဲဖို့အေက်ပါအရာတွေကိုရှောင်ရှားဖို့လိုပါ
တယ်။

ပိုးဟပ်နှင့် အခြားအိမ်ရှိအင်းဆက်များ

အသန့်ရှင်းဆုံးအိမ်တွေမှာတောင်ပိုးဟပ်၊ယင်ကောင်၊မှတ် စတဲ့ အကောင်
တွေရှိတတ်ပါတယ်။ဒီအင်းဆက်ပိုးတွေကထွက်တဲ့ချေးတွေက အသက်ရှူ
လမ်းကြောင်းအပေါ်မကောင်းတဲ့သက်ရောက်မှုဖြစ်စေပြီး ဓာတ်မတည့်မှု
ဖြစ်တတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ကြမ်းခင်းနဲ့ဘုံပိုက်ခေါင်းတွေကိုသန့်ရှင်းစင်ကြယ်
အောင်ထားပြီးအိမ်ထဲကိုအင်းဆက်ပိုးတွေမ၀င်ရောက်အောင်ကာကွယ်ပါ။အံ
ဆွဲ၊ဘီဒိုနဲ့အခြားမည်းမှောင်တဲ့အခန်းထောင့်လိုနေရာမျိုးမှာအင်းဆက်တွေ
ကပ်ညှိနေနိုင်တဲ့အတွက်မကြာခဏသန့်ရှင်းရေးပြုလုပ်ပြီးအင်းစက်ချေးတွေ
ကိုဖုန်စုပ်စက်နဲ့ဖယ်ရှားသန့်စင်ပါ။

ဖုန်မှုန်မွှားများ

မဖိတ်ခေါ်ပဲဝင်လာတဲ့အင်းဆက်ပိုးတွေကသေးငယ်လွန်းတာကြောင့်
အသက်ရှူလမ်းကြောင်းပြသနာကိုဖြစ်စေနိုင်ပါတယ်။ဖုန်မှုန်မွှားတွေကအရေပြား
ဆဲလ်တွေကိုစားပြီးသူတို့ရဲ့မစင်နဲ့ခန္တာကိုယ်အစိတ်ပိုင်းတစ်ချို့ကိုချန်ထား
ခဲ့ပါတယ်။အဲဒီအရာတွေနဲ့ထိတွေ့ရှူရှိက်မိတဲ့အခါဓာတ်မတည့်မှုဖြစ်စေပြီး
ပန်းနာရင်ကျပ်လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခန်းစီး၊လိုက်ကာ၊ကြမ်းခင်း၊အိမ်တွင်းပရိဘောဂ
ပစ္စည်းတွေကိုဖုန်သုတ်ပါ။အိပ်ရာခင်းကိုတစ်ပတ်တစ်ခါလျှော်ပါ။ခေါင်းအုံးနဲ့
မွေ့ရာတွေကိုအမြဲဖုန်းအုပ်ထားပါ။

အချို့အစာများ

မြေပဲနဲ့ပုဇွန်လိုအခွံမာငါးတွေဟာဓာတ်မတည့်မှုကိုဖြစ်စေနိုင်သလိုပန်းနာ
ရင်ကျပ်ရောဂါထစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--သင့်ကိုဓာတ်မတည့်မှုဖြစ်စေတဲ့အစာတွေကိုရေး
မှတ်ထားပြီးရှောင်ပါ။

မှိုပိုးများ

သင့်အိမ်တွင်းမှာစိုထိုင်းတဲ့နေရာဟာသင့်ကိုဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့နေရာပါ။
ရေချိးခန်း၊အ၀တ်လျှော်တဲ့နေရာနဲ့ မြေအောက်ခန်းတို့ဟာဓာတ်မတည့်မှု
ဖြစ်စေပြီးပန်းနာရင်ကျပ်ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--နှာခေါင်းစည်းတပ်ပြီးမှိုနဲ့ရေညှိတွေကိုဖယ်ရှားသန့်စင်ပါ။
အိမ်တွင်းစိုစွတ်
တဲ့နေရာတွေကိုခြောက်သွေ့အောင်ထားပါ။

တိရစ္ဆာန်အညစ်အကြေးများ

အိမ်မွေးတိရစ္ဆန်အမွေးအမျှင်တွေက အ၀တ်အစားနဲ့ပရဘောဂတွေမှာကပ်
ငြိပြီးဓာတ်မတည့်မှုကိုဖြစ်စေနိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်အညစ်အကြေး
တွေကအလွန်သေးငယ်ပြီးရှုသွင်းမိတဲ့အခါ အသက်ရှူလမ်းကြောင်းစနစ်ကို
ထိခိုက်စေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခွေး၊ကြောင်စတဲ့အိမ်မွေးတိရစ္ဆာန်တွေမွေးမြူချင်
ရင်သန့်ရှင်းရေးကိုစနစ်တကျလုပ်ဆောင်ပါ။ဒါမှမဟုတ်သူတို့ကိုသီးခြားနေ
ရာထားပေးပါ။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
By- Good Health

မျက်စိညောင်း ခြင်းကို ကုသနည်းများ

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိ လန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့် တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

ကြယ်စင်

GOOD Health

သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက်

သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက် *** dental pulp(ခေါ်)သွားအတွင်းပိုင်းဆုံးနေရာရှိ ပျော့ပျောင်းတဲ့တစ်ရှုးလေးနာကျင် ကိုက်ခဲခြင်းကို "သွားကိုက်တယ်" လို့ ခေါ်ပါ တယ်။ ထိုတစ်ရှုးလေးက သွေးကြောများသာမက၊ အခြားအာရုံခံအင်္ဂါအဖွဲ့ အစည်းများနဲ့ ဆက်စပ်နေတာကြောင့် သွားကိုက်တဲ့ အခါ မခံမရပ်နိုင်အောင်နာကျင်လို့  အရည်/အဖတ်/အပူ/အအေး ဘာမှစားမ၀င်တော့ဘဲ၊ အချို့ သူများတွင် မျက်နှာတခြမ်း လုံးရောင်ကိုင်းရုံသာမက၊ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက် ကြရပါတယ်။ သွားဘာကြောင့်ကိုက်ရတယ်….။ (၁) သွားပိုးစားခြင်း (၂) ပိုးစား၍သွားအပေါက်ဖြစ်ခြင်း (၃) ယခင်သွားအပေါက်ဖာစဉ်က မသေသပ်၍ အစာဟောင်းများကျန်ခဲ့ ခြင်း (၄) မတော်တဆထိခိုက်ရိုက်မိခြင်း (၅) သွားနဲ့ ခြင်း/သွားကျိုးခြင်း (၆) သွားဖုံးနာခြင်း (၇) ပြည်တည်နာဖြစ်ခြင်း (၈) နှာ ခေါင်းပေါက်နဲ့ ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်းလေလမ်းကြောင်း ပိုးဝင်၍ရောင်ကိုင်းခြင်း (၉) သွားဖုံးမှာအနာဖြစ်ခြင်း/ သွားဖုံးပြည်တည်ခြင်း (၁၀) ဦးခေါင်းခွံနဲ့ မေးရိုးကြားရှိအရိုးအဆက်မှာ ထိခိုက်ဒဏ်ရာရခြင်း (၁၁) ကလေးငယ်များသွားစပေါက် ခြင်း/လူကြီးများအံဆုံးပေါက်ခြင်း…..စသည်တို့ ကြောင့်သွားကိုက်လေ့ရှိပါတယ်။ သွာဆရာဝန်နဲ့ ကုသမှုခံယူသင့်သောအချိန်…။ (၁) အပေါ့စားနာကျင်ကိုက်ခဲမှုအတွက် အကိုက်ခဲပျောက်ဆေးများဖြစ်သော paracetamol, ibuprofen တို့ သောက်ခြင်းဖြင့် သက်သာစေပါတယ်။ aspirin ဆေးဝါးများက ဘေးထွက်ဆိုးကျိုးတွေဖြစ်စေလို့  ရှောင်ရှားရပါမယ်။ (၂) ၁ရက်(သို့ မဟုတ်)၂-ရက်ထက်ပို၍ကိုက်ခဲပါလျှင်၊ သွားဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါပြီ။ (၃) အထက်ဖော်ပြပါ ရောဂါအခြေအနေ အမျိုးအစားပေါ်မူ တည်ပြီး၊ သွားဓာတ်မှန်ရိုက်ခြင်း၊ သွားအပေါက်ဖာခြင်း၊ သွားအကြောသတ်ပေးခြင်း၊ အမြစ်ဂလိုက်ပေါက်ပိုးဝင်ခြင်းအတွက် ပိုး သတ်ပေးခြင်း တို့ ပြုလုပ်ပေးပါလိမ့်မယ်။ (၄) အကယ်၍ မည်သို့ မျှ ဆေးဖြင့်ထိန်းမထားနိုင်တဲ့အခါမှာတော့ ဆရာဝန်က သွား နှုတ်ပေးပါလိမ့်မယ်။ ကြိုတင်ကာကွယ်သင့်…..။ ကုသခြင်းကကာကွယ်မှုထက်ပိုမိုထိရောက်ပါတယ်။ (၁) fluoride ပါသော သွားတိုက်ဆေးသုံး၍ တစ် နေ့ ၂-ကြိမ် သွားတိုက်ပါ။ သွားတိုက်ရင်း၊ လျှာကို ခပ်ဖွဖွတိုက်ပေးဖို့ မမေ့ပါနဲ့ ။ (၂)သွားတိုက်တံသုံးတိုင်း သွားကြားထဲရှိအစာ ဟောင်းများ ကုန်စင်သွားပြီ် လို့ မယူဆသင့်ပါဘူး။ သွားတိုက်ပြီးနောက် dental floss(ခေါ်)သွားပွတ်ကြိုးကိုသုံးပါ။ လိုအပ်ပါက mouthwash(ခေါ်)ခံတွင်း သန့် စင်ရည်သုံးပါ။ (၃) အချိုဓာတ်ကဲသောအစားအစာများ၊ အချိုရည်များလျော့သောက်ပါ။ (၄) ဆေးလိပ်မသောက်ပါနဲ့ ။ (၅) ကလေးများကို သွားဆရာဝန်ဖြင့် ၆-လမှာတစ်ကြိမ် သွားစစ်ဆေးမှုခံယူသင့်ပြီး၊ လူကြီးများက ၁-နှစ် မှာတစ်ကြိမ် စစ်ဆေးမှု ခံယူပါ။ အိမ်တွင်းကုထုံးလေးများ…..။ (၁) ရေနွေးဖြူ တဖန်ခွက်ထဲမှာ၊ ဆား စားပွဲတင်ဇွန်း ၁-ဇွန်း မောက်မောက်ရောကာ၊ ငုံနိုင်သမျှကြာကြာငုံထားပြီး အာလုပ် (ပလုပ်)ကျင်းပါ။ (၂) ရေခဲအိတ်ဖြင့် ကိုက်နေတဲ့ သွားရဲ့  ပါးပြင်ပေါ်ကိုကပ်ပေးပါ။ (၃) ကြက်သွန်နီထဲရှိ သဘာဝ antimicrobial အစွမ်းက သွားနာကျင်ကိုက်ခဲမှုကိုသက်သာစေလို့  ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အကွင်းလိုက်ခပ်ထူထူလှီးပြီး၊ ကိုက် နေတဲ့သွားပေါ်ဖိ၍ငုံထားပါ။ (၄) အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က သွားကိုက်ခြင်းကိုသက်သာစေလို့ ၊ အရက်ငုံပေးပါ။ (သို့ မဟုတ်)အယ်လ်ကိုဟောလ်များများပါသော ခံတွင်းသန့် စင်ရေငုံပါ။ (၅) ဂျင်းကို အခွံနွှာ ခပ်ပါးပါးလှီးပြီး ၀ါးစားပေးပါ။ (၆) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ allicin ဓာတ်က ပိုးသတ်ဆေးသဖွယ်အစွမ်းထက်လို့  ကြက်သွန်ဖြူကိုကြိတ်ထောင်း၍ ကိုက်နေတဲ့ သွား၏ ပါးဆောင်မှာငုံထားပါ။ (၇) အာလူးလတ်လတ်ဆတ်ဆတ်ကို အခွံနွှာခပ်ပါးပါးလှီးပြီး၊ ငုံထားပါ။(သို့ မဟုတ်)အာလူး ကို ကြိတ်ချေ၍ ကိုက်နေတဲ့သွားနဲ့ သွားဖုံးတို့ ကို အုပ်လိမ်းပေးပါ။ (၈) သံပုရာသီးကို အစိပ်ကလေးစိပ်ပြီး ကိုက်နေသောသွားမှာ ပွတ်ပေးပါ(သို့  မဟုတ်)သွားတစ်ချောင်းလုံးကို သံပုရာရည်လူးပေးပါ။ (၉) သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းအတွက် သခွား သီးကို ခပ်ပါးပါးလှီး၍ကိုက်ထားပါ။ သွားကိုက်၍ ပါးရောင်ကိုင်းခြင်းအတွက်လည်း သခွားသီးပါးပါးလှီး၍ ပါးပေါ်တင် ကပ်ပေးနိုင် ပါတယ်(ရေခဲသေတ္တာထဲ့ထားတဲ့ သခွားသီးအေးအေးက ရောင်ကိုင်းနာကျင်မှုအတွက် ပိုမိုထိရောက်စေပါတယ်) (၁၀) သွားအ ခေါင်းပေါက်ထဲကို အမည်းရောင်ငရုပ်ကောင်းမှုန့် သိပ်ပါ။ဆားရောထဲ့၍သုံးနိုင်ပါတယ်။ (၁၁) ရေနွေး ၁-ဖန်ခွက်ထဲမှာ မုန့် လုပ် ဆော်ဒါ စားပွဲတင်ဇွန်း ၁-ဇွန်းမောက်မောက်ရော၍ သမအောင်မွှေပြီးနောက်၊ ခပ်ကြာကြာငုံ အာလုပ်(ပလုပ်ကျင်း)ပါ။ (၁၂) လ္ဘက်ခြောက်ထဲမှာပါရှိတဲ့  tannins ဓာတ်များက ပိုးသေတဲ့အစွမ်းရှိလို့  ရေနွေးကြမ်းလ္ဘက်ရည်ပူပူကို ဖန်ရည်အဖြစ်ငုံပေးပါ။ (၁၃) ပူစီနံရွက်ဝါးစားပါ။ ပူစီနံရွက်အဆီ(သို့ မဟုတ်)ယပန်းဆီ(သို့ မဟုတ်)လိမ္မော်ခွံဆီ(သို့ မဟုတ်) ထင်းရူးဆီတို့ ကို ၀ါဂွမ်း မှာစိမ်ပြီးနောက် သွား/သွားကြားနဲ့ သွားဖုံးများကို လိမ်းပေးပါ။(သို့ မဟုတ်)ရေနွေးပူပူထဲမှာ ထိုအဆီထဲ့၍ငုံပေးပါ။ (၁၄) ငရုပ်သီး မှုန့် ကိုရေဖြင့် ပျစ်ပျစ်ဖျော်၍ သွားပေါ်အုံထားပေးပါ။ (၁၅) လေးညှင်းပွင့်ထဲမှာ anti-oxidant, anti-inflammatory, anti-bacteria အစွမ်းများ ပါရှိလို့  ရှေးနှစ်ပေါက်းများစွာကတည်းက လေးညှင်းပွင့်ကို သွားနှင့် ခံတွင်းရောဂါ အမျိုးမျိုးတို့ အတွက် အိမ်တွင်းသမားတော် အဖြစ်သုံးစွဲလာခဲ့ကြပါတယ်။ လေးညှင်းပွင့်ကို ကိုက်ဝါးခြင်း၊ ငုံခြင်း၊ လေးညှင်းပွင့်ဆီကို ရေနွေးဖြင့်ရော၍ အာလုပ်(ပလုပ်) ကျင်းပေးပါ။ (၁၆) ဌက်ပျောရွက်ဝါးပေးပါ။ (ပေါက်ပေါက်….မျှဝေသည်) (မှီငြမ်း Homade Tooth Ache Relief ) 14-10-2013 နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ်သတင်းစာ (စာမျက်နှာ ၁၀) မှာ ဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့  မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်....ပေါက်ပေါက်) ++++++++++++++++++++++++++

dental pulp(ခေါ်)သွားအတွင်းပိုင်းဆုံးနေရာရှိ ပျော့ပျောင်းတဲ့တစ်ရှုးလေးနာကျင် ကိုက်ခဲခြင်းကို "သွားကိုက်တယ်" လို့ ခေါ်ပါ တယ်။ ထိုတစ်ရှုးလေးက သွေးကြောများသာမက၊ အခြားအာရုံခံအင်္ဂါအဖွဲ့  အစည်းများနဲ့ ဆက်စပ်နေတာကြောင့် သွားကိုက်တဲ့ အခါ မခံမရပ်နိုင်အောင်နာကျင်လို့  အရည်/အဖတ်/အပူ/အအေး ဘာမှစားမ၀င်တော့ဘဲ၊ အချို့ သူများတွင် မျက်နှာတခြမ်း လုံးရောင်ကိုင်းရုံသာမက၊ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက် ကြရပါတယ်။

သွားဘာကြောင့်ကိုက်ရတယ်….။

(၁) သွားပိုးစားခြင်း (၂) ပိုးစား၍သွားအပေါက်ဖြစ်ခြင်း (၃) ယခင်သွားအပေါက်ဖာစဉ်က မသေသပ်၍ အစာဟောင်းများကျန်ခဲ့ ခြင်း (၄) မတော်တဆထိခိုက်ရိုက်မိခြင်း (၅) သွားနဲ့ ခြင်း/သွားကျိုးခြင်း (၆) သွားဖုံးနာခြင်း (၇) ပြည်တည်နာဖြစ်ခြင်း (၈) နှာ ခေါင်းပေါက်နဲ့ ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်းလေလမ်းကြောင်း ပိုးဝင်၍ရောင်ကိုင်းခြင်း (၉) သွားဖုံးမှာအနာဖြစ်ခြင်း/ သွားဖုံးပြည်တည်ခြင်း (၁၀) ဦးခေါင်းခွံနဲ့ မေးရိုးကြားရှိအရိုးအဆက်မှာ ထိခိုက်ဒဏ်ရာရခြင်း (၁၁) ကလေးငယ်များသွားစပေါက် ခြင်း/လူကြီးများအံဆုံးပေါက်ခြင်း…..စသည်တို့ ကြောင့်သွား ကိုက်လေ့ရှိပါတယ်။

သွာဆရာဝန်နဲ့ ကုသမှုခံယူသင့်သောအချိန်…။
(၁) အပေါ့စားနာကျင်ကိုက်ခဲမှုအတွက် အကိုက်ခဲပျောက်ဆေးများဖြစ်သော paracetamol, ibuprofen တိုသောက်ခြင်းဖြင့် သက်သာစေပါတယ်။ aspirin ဆေးဝါးများက ဘေးထွက်ဆိုးကျိုးတွေဖြစ်စေလို့  ရှောင်ရှား ရပါမယ်။ (၂) ၁ရက်(သို့ မဟုတ်)၂-ရက်ထက်ပို၍ကိုက်ခဲပါလျှင်၊ သွားဆရာဝန်နဲ့  ကုသမှုခံယူသင့်ပါပြီ။ (၃) အထက်ဖော်ပြပါ ရောဂါအခြေအနေ အမျိုးအစားပေါ်မူ တည်ပြီး၊ သွားဓာတ်မှန်ရိုက်ခြင်း၊ သွားအပေါက် ဖာခြင်း၊ သွားအကြောသတ်ပေးခြင်း၊ အမြစ်ဂလိုက်ပေါက်ပိုးဝင်ခြင်းအတွက် ပိုးသတ်ပေးခြင်း တိုပြုလုပ်ပေးပါလိမ့်မယ်။ (၄) အကယ်၍ မည်သို့ မျှ ဆေးဖြင့်ထိန်းမထားနိုင်တဲ့အခါမှာတော့ ဆရာဝန်က သွား နှုတ်ပေးပါလိမ့်မယ်။

ကြိုတင်ကာကွယ်သင့်…..။
ကုသခြင်းကကာကွယ်မှုထက်ပိုမိုထိရောက်ပါတယ်။ (၁) fluoride ပါသော သွားတိုက်ဆေးသုံး၍ တစ် နေ့  ၂-ကြိမ် သွားတိုက်ပါ။ သွားတိုက်ရင်း၊ လျှာကို ခပ်ဖွဖွတိုက်ပေးဖို့ မမေ့ပါနဲ့ ။ (၂)သွားတိုက်တံသုံးတိုင်း သွားကြားထဲရှိအစာ ဟောင်းများ ကုန်စင်သွားပြီ် လို့ မယူဆသင့်ပါဘူး။ သွားတိုက်ပြီးနောက် dental floss(ခေါ်)သွားပွတ်ကြိုးကိုသုံးပါ။ လိုအပ်ပါက mouthwash(ခေါ်)ခံတွင်း သန့် စင်ရည်သုံးပါ။ (၃) အချိုဓာတ်ကဲသောအစားအစာများ၊ အချိုရည်များလျော့သောက်ပါ။ (၄) ဆေးလိပ်မသောက်ပါနဲ့ ။ (၅) ကလေးများကို သွားဆရာဝန်ဖြင့် ၆-လမှာတစ်ကြိမ် သွားစစ်ဆေးမှုခံယူသင့်ပြီး၊ လူကြီးများက ၁-နှစ် မှာတစ်ကြိမ် စစ်ဆေးမှု ခံယူပါ။
အိမ်တွင်းကုထုံးလေးများ…..။

(၁) ရေနွေးဖြူ တဖန်ခွက်ထဲမှာ၊ ဆား စားပွဲတင်ဇွန်း ၁-ဇွန်း မောက်မောက်ရောကာ၊ ငုံနိုင်သမျှကြာကြာငုံထားပြီး အာလုပ် (ပလုပ်)ကျင်းပါ။
(၂) ရေခဲအိတ်ဖြင့် ကိုက်နေတဲ့ သွားရဲ့  ပါးပြင်ပေါ်ကိုကပ်ပေးပါ။
(၃) ကြက်သွန်နီထဲရှိ သဘာဝ antimicrobial အစွမ်းက သွားနာကျင်ကိုက်ခဲမှုကိုသက်သာစေလို့  ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အကွင်းလိုက်ခပ်ထူထူလှီးပြီး၊ ကိုက် နေတဲ့သွားပေါ်ဖိ၍ငုံထားပါ။
(၄) အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က သွားကိုက်ခြင်းကိုသက်သာစေလို့ ၊ အရက်ငုံပေးပါ။ (သို့  မဟုတ်)အယ်လ်ကိုဟောလ်များများပါသော ခံတွင်းသန့် စင်ရေငုံပါ။
(၅) ဂျင်းကို အခွံနွှာ ခပ်ပါးပါးလှီးပြီး ၀ါးစားပေးပါ။
(၆) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ allicin ဓာတ်က ပိုးသတ်ဆေးသဖွယ်အစွမ်းထက်လို့  ကြက်သွန်ဖြူ ကိုကြိတ်ထောင်း၍ ကိုက်နေတဲ့ သွား၏ ပါးဆောင်မှာငုံထားပါ။
(၇) အာလူးလတ်လတ်ဆတ်ဆတ်ကို အခွံနွှာခပ်ပါးပါးလှီးပြီး၊ ငုံထားပါ။(သို့ မဟုတ်)အာလူး ကို ကြိတ်ချေ၍ ကိုက်နေတဲ့သွားနဲ့ သွားဖုံးတို့ ကို အုပ်လိမ်းပေးပါ။
(၈) သံပုရာသီးကို အစိပ်ကလေးစိပ်ပြီး ကိုက်နေသောသွားမှာ ပွတ်ပေးပါ(သို့  မဟုတ်) သွားတစ်ချောင်းလုံးကို သံပုရာရည်လူးပေးပါ။
(၉) သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းအတွက် သခွား သီးကို ခပ်ပါးပါးလှီး၍ကိုက်ထားပါ။
သွားကိုက်၍ ပါးရောင်ကိုင်းခြင်းအတွက်လည်း သခွားသီးပါးပါးလှီး၍ ပါးပေါ်တင် ကပ်ပေးနိုင် ပါတယ်(ရေခဲသေတ္တာထဲ့ထားတဲ့ သခွားသီးအေးအေးက ရောင်ကိုင်းနာကျင်မှုအတွက် ပိုမိုထိရောက်စေ ပါတယ်)
(၁၀) သွားအ ခေါင်းပေါက်ထဲကို အမည်းရောင်ငရုပ်ကောင်းမှုန့် သိပ်ပါ။ဆားရောထဲ့၍သုံးနိုင်ပါတယ်။
(၁၁) ရေနွေး ၁-ဖန်ခွက်ထဲမှာ မုန့် လုပ် ဆော်ဒါ စားပွဲတင်ဇွန်း ၁-ဇွန်းမောက်မောက်ရော၍ သမအောင်မွှေပြီးနောက်၊ ခပ်ကြာကြာငုံ အာလုပ်(ပလုပ်ကျင်း)ပါ။
(၁၂) လ္ဘက်ခြောက်ထဲမှာပါရှိတဲ့  tannins ဓာတ်များက ပိုးသေတဲ့အစွမ်းရှိလို့  ရေနွေးကြမ်းလ္ဘက်ရည်ပူပူကို ဖန်ရည်အဖြစ်ငုံပေးပါ။
(၁၃) ပူစီနံရွက်ဝါးစားပါ။ ပူစီနံရွက်အဆီ(သို့ မဟုတ်)ယပန်းဆီ(သို့ မဟုတ်)လိမ္မော်ခွံဆီ(သို့ မဟုတ်) ထင်းရူးဆီတို့ ကို ၀ါဂွမ်း မှာစိမ်ပြီးနောက် သွား/သွားကြားနဲ့ သွားဖုံးများကို လိမ်းပေးပါ။(သို့  မဟုတ်)ရေနွေးပူပူထဲမှာ ထိုအဆီထဲ့၍ငုံပေးပါ။
(၁၄) ငရုပ်သီး မှုန့် ကိုရေဖြင့် ပျစ်ပျစ်ဖျော်၍ သွားပေါ်အုံထားပေးပါ။
(၁၅) လေးညှင်းပွင့်ထဲမှာ anti-oxidant, anti-inflammatory, anti-bacteria အစွမ်းများ ပါရှိလို့  ရှေးနှစ်ပေါက်းများစွာကတည်းက လေးညှင်းပွင့်ကို သွားနှင့် ခံတွင်းရောဂါ အမျိုးမျိုးတို့ အတွက် အိမ်တွင်းသမားတော် အဖြစ်သုံးစွဲလာခဲ့ကြပါတယ်။ လေးညှင်းပွင့်ကို ကိုက်ဝါးခြင်း၊ ငုံခြင်း၊ လေးညှင်းပွင့်ဆီကို ရေနွေးဖြင့်ရော၍ အာလုပ်(ပလုပ်) ကျင်းပေးပါ။
(၁၆) ဌက်ပျောရွက်ဝါးပေးပါ။

(ပေါက်ပေါက်….မျှဝေသည်)

(မှီငြမ်း Homade Tooth Ache Relief )

မြန်မာ့ဆေးဖက်ဝင် သစ်ကြံပိုးပင်


Item Name -------- Ceylon Cinnamon (သစ်ကြံပိုးပင်)
Category ----------- Raw Material
Botany Term ------- Cinnamomum tamala F.Nees
Species Family ----- Lauraceae

တနင်္သာရီ ၊ ချင်းတွင်း အထက် ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ဗန်းမော် ၊ ရခိုင်ပြည်နယ် တို့ တွင် ပေါက်ရောက် သည်။ မြေနှင့် ရာသီဥတု ကို အလွန် ရွေးချယ် သည်။ မိုးရေချိန် ၈၀ လက်မ ထက် မနည်းသော အပူပိုင်း ရာသီ ဥတု မျိုးတွင် စိုက်ပျိုး ဖြစ်ထွန်း သည်။ စိုက်ပျိုးပင် ဖြစ်သည်။နုန်းတင် မြေနုမျိုး သည် အကောင်းဆုံး ဖြစ်သည်။ ဂ၀ံဆန်သော မြေတွင်စိုက်ပျိုး နိုင်သော် လည်း သဲနုမြေ လောက် အရည်အချင်း မကောင်းပေ။အပင်ကို ကြီးသည် အထိ ထားမည် ဆိုပါက တစ်ပင် နှင့် တစ်ပင် ၁၅ ပေ ၂၀ ပေ အကွာ ထား၍ စိုက်ရမည်။ အပင်ငယ် တွင် ခုတ်ယူလို ပါက မြေကို အချင်း ၄ ပေရှိ စက်ဝိုင်း ပုံဖော်ပြီး တစ်စေ့ နှင့် တစ်စေ့ ၈ လက်မ ကွာ ထား၍ ပတ်လည် စိုက်သွား ရမည်။ စက်ဝိုင်း တစ်ခု နှင့် တစ်ခု ဗဟို ချင်း ၁၀ ပေ အကွာ ထားသင့်သည်။ အစေ့ကို စိုက်မည့် အစား အကိုင်း ကို အမြစ် ဖောက်၍ လည်း စိုက်နိုင်သည်။ အစေ့မှ အညှောက် ပေါက်ရန် သုံးပတ် ကြာသည်။

အပင်ငယ် များ နေရာတွင် ဂရုစိုက်၍ အစား ထိုး စိုက်ရမည်။ ပေါင်းပင်များ အမြဲ ရှင်းနေ စေပြီး ရေကို လိုသလို သွင်းလောင်း ပေးရန် လိုသည်။ အပင်ကို ကြီးသည် အထိ ထားပါက အမြင့် ပေ ၃၀ မှ ၅၀ အထိထား ၍ အပင်ငယ် တွင် အခေါက် ခွာလိုပါက ၂ နှစ်သား အရွယ် ၆-၈ ပေ အမြင့်တွင် ခုတ်ယူ၍ အခေါက် ခွာယူနိုင်သည်။ အခေါက် ခွာရာတွင် ကဆုန်လမှ ၀ါခေါင်လ တွင် တစ်ကြိမ် ၊ သီတင်းကျွတ် မှ တန်ဆောင်မုန်း လတွင် တစ်ကြိမ် ၊ ပင်ခြေ လက်လေးသစ် ခန့် ချန်၍ ခုတ်သိမ်း ရသည်။ ၎င်းငုတ် မှ ဘေးတက်များ ပြန်ထွက်နိုင်သည်။

ပင်စည်ကို ခုတ်ယူပြီးနောက် အရွက်များကို ဖယ်ရှား၍ ပင်စည် အလျား လိုက် ဓားဦး ချွန် နှင့် အောက်သို့ ထိုးချလိုက်ပြီး ဓားထိပ်ချွန် နှင့် အခေါက် ကို လှန်ခွဲ ရသည်ခွာရသော အခေါက်များ ကို စုပုံပြီး ဂုံနီ အိတ် ဖြင့် အလုံဖုံး ၍ ချွေးပြန် အောင် တစ်ညသိပ်ထား ရသည်။ နောက် နေ့တွင် အခေါက်ပေါ်ရှိ တစ်ည အပွေးများကို ဓားနှင့် ခြစ်ပစ်ပြီး အရိပ်ထဲ တွင် ၁၂ ရက် ခန့် အခြောက် ထား ခြင်းဖြင့် အခေါက် များ အလိပ်လိုက် ဖြစ်လာသည်။ ထိုအချိန် တွင် ညိုဝါရောင် ပြောင်းသွားသည်။ သစ်ကြံပိုး အဆီကို အခေါက် နှင့် အရွက်များမှ ထုတ်ယူနိုင်သည်။


♥ အပင်

အမြဲ စိမ်းလန်း၍ အနံ့ရှိသော အပင်ကြီး မျိုး ဖြစ်သည်။ အပင် ရိုင်းသည် ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ အကိုင်း များ ဝေေ၀ ဆာဆာ ထွက်လေ့ ရှိသည်။ နုသော အပိုင်းသည် ချောမွတ် ၍ ပိုးသား ကဲ့သို့ နူးညံ့သော အမွေး များဖြင့် ဖုံးလွှမ်း နေသည်။ 

♥ အရွက်

ရွက်ဆိုင် ထွက်သည်။ ဘဲဥ ပုံ၊ လှံစွပ်ပုံ ဖြစ်သည်။ ရွက်ရင်း ၀ိုင်း၍ ရွက်ဖျား ချွန်သည်။ ရွက်ပြား အပေါ် မျက်နှာပြင် ပြောင်ချော သည်။ အောက်မျက်နှာ ပြင်စိမ်းညို ရောင် ရှိသည်။ ရွက်ကြော ၃-၅ ခု ရှိ၏ ။ ရွက်နုသည် ပန်းရောင် ရှိ၍ ကြာသော် အစိမ်း ရင့်ရောင် သို့ ပြောင်းလဲ သွား၏။ 

♥ အပွင့်

ပွင့်ညှာ ရှည်၍ ကိုင်းဖျားမှ သော်လည်းကောင်း ၊ ကြားဖူးမှ လည်းကောင်း ပွင့်သည်။ အပွင့်သေး ငယ်သည်။ အ၀ါ ဖျော့ဖျော့ရောင် ရှိ၍ စူးရှသော အနံ့ ရှိ၏ ။ ပွင့်ဖတ် ခေါင်းလောင်းပုံ ဖြစ်သည်။ တပို့တွဲ ၊ တပေါင်း တွင် ပွင့်သည်။ 

♥ အသီး

သေးငယ်သည်။ ညိုရောင်သမ်း သော အနီရောင် ရှိသည်။ ရှည်မျောမျော ပုံသဏ္ဍာန် ဖြစ်၍ ၂ လက်မ ၃ လက်မခန့် ရှည်သည်။ အသီးမှ အဆီ ထုတ်ယူ ရရှိ၏ ။ နယုန်လ မှ သီတင်းကျွတ် လအတွင်း အသီး ရင့်သည်။

♥ အခေါက်

အလွန် အဖိုးတန် ၏ ။ မွှေးကြိုင်သည့် သတ္တိ ရှိသည်။ ၎င်း အခေါက် မှ အဆီ ရရှိသည်။ အခေါက် ပါး၏။

► အသုံးဝင်ပုံ

အခေါက် ၊ အဆီ။

► အခေါက် အသုံးပြုပုံ

၁ ။ လေ ၊ သည်းခြေနာ ၊ ၀မ်းသွားရောဂါ ၊ သွေး ၊ ချွေးထွက် လွန်ခြင်း တို့ကို အထူးသဖြင့် နိုင်၏။
၂ ။ အခေါက် မှုန့်ကို ရှားစေးနှင့် ဆတူ သောက်ပါက ၀မ်းသွားခြင်း ပျောက်၏။
၃ ။ တုပ်ကွေး ရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ သုက်ခန်း ခြောက်ခြင်း ၊ သွေးဝမ်း ပိတ်ဝမ်းကိုက်ခြင်း တို့တွင် အခေါက်ကို သွေး၍ အခြား ဆေးတို့နှင့် ဖက်စပ် တိုက်နိုင်သည်။ 
၎ ။ ဟင်းလျာ များ ချက်ပြုတ် ရာ၌ သစ်ကြံပိုး အခေါက် ကို ထည့်ချက်လျှင် အစာကြေ၏ ။
၅ ။ သစ်ကြံပိုး အခေါက် ၌ အခံဓာတ်ခေါ်(tannin) ပါ သဖြင့် ၀မ်းပျက် ရောဂါနှင့် ၀မ်းတွင်း သွေးယိုစီးသော ရောဂါများ ၌ သုံးနိုင်၏။ 
၆ ။ ၀မ်းတွင်း ၌ ပူစေသော ကြောင့် အော့အန်ခြင်း နှင့် ပင်လယ်လှိုင်း မမူးစေရန် အတွက် လည်း သုံး၏။
၇ ။ အခေါက် ကို ပြုတ်၍ သောက်လျှင် ၀မ်းကိုက်ရောဂါ ပျောက်၏ ။ 
၈ ။ သွေးကို အားပေး သောကြောင့် White Blood Copuscles ခေါ် သွေးကောင်းတွင် ပါဝင်သည့် အဖြူသွေး ကို တိုးပွား စေသဖြင့် အဆုတ်နာ ရောဂါ ကုဆေး အဖြစ် ဖော်စပ်သုံး သည်။

► အဆီ အသုံးပြုပုံ

၁ ။ အဆီကို သွားကိုက်ရာ တွင် သိပ်ပေးပါက ပျောက် ၏။
၂ ။ နားအူ၊ နားလေထွက် ခြင်း များ ဖြစ်ပါက ၎င်းဆီကို ခတ်ပေး လျှင် ပျောက်ကင်း ၏ ။
၃ ။ ၀မ်းတွင်း လေပွသော် အဆီ ၂-၄ စက် အထိ သောက်လျှင် ပျောက်၏ ။ 
၎ ။ တိုက်ဖိုက် (Typhoid) ရောဂါ ဖြစ်သော် အဆီ ၂ စက် ခန့် တစ်နေ့ နှစ်ကြိမ် သို့မဟုတ် ၃ ကြိမ်ခန့် သောက် ရ၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ

♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း


မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ အများသိအောင် ပြန်လည်မျှဝေပေး လိုက်ပါတယ်။
ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။
သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားလို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒါ့ကြောင့် ဒီဆေးနည်းလေးကို ကျန်းမာရေးသတင်းများကနေ အများသိအောင် မျှဝေပေးစေချင်ပါတယ်။
ဆေးနည်းကတော့-
၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
၂။ ကြက်ဥကို အလုံးလိုက် ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်)
၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
၎။ ၄င်းသင်္ဘောသီးကို မီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ သင်္ဘောသီးကိုတော့ စားစရာမလိုပါ။
တစ်ပတ်ကို (၁)ကြိမ်နဲ့ (၃)ပတ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံး ဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ
မူရင်းလင့် - www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

အစားအသောက်များကို အန္တရာယ်ကင်းအောင် စားနည်းများ


(၁) လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်အေင် လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျှက်ဆား၊ ကိုးပါးဆေး၊ မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ ဗမာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အဆင်ပြေပါပြီ။
(၂) လက်ဖက်သုပ်၊ ဂျင်းသုပ် စတဲ့ အသုပ်စုံတို့ကို စားတဲ့အခါ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုက်လေ့ရှိကြတယ်။ တစ်ချို့က ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး။ ဘာမှမပူနဲ့ စားသာစား။ မစားခင်လေးမှာ မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။ စားပြီးတာနဲ့ မြေပဲကို ၀ါးပြီး ပါးစပ်ထဲ ၁ မိနစ်ခန့် ငုံထား။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲက စုပ်ယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ချက်ချင်း အနံ့ပျောက်တယ်။
(၃) ငှက်ပျောသီးအလွန်ကြိုက်သူတွေ တစ်ဖီးကုန်အောင် စားနိုင်တယ်တဲ့။ စားပြီးလျှင် အချိုကြောင့် ဗိုက်နာတယ်။ ဘာမှမပူနဲ့ ဆားအနည်းငယ်နဲ့သာ တို့ပြီးစား။ လုံးဝ ဗိုက်မနာတော့ဘူး။
(၄) ငရုတ်သီြးုကိုက်သူတွေ၊ အစပ်များများစားချင်သူတွေအတွက် ရခိုင်တို့ရဲ့ အစပ်စားနိုင်ခြင်း လျှို့ဝှက်ချက်ကတော့ ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။ ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။ လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊ အဲလိုအပူပေးပြီးမှ ကြိုက်သလောက်စား။ သံပုရာသီးလေးညှစ်ထည့်ပြီးမှ စား။ ဗိုက်မနာတော့ဘူး။
(၅) အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံ၊ မုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ။ သို့မဟုတ် ဇွန်းထဲတွင် အရည်ညှစ်၍ သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။
(၆) လက်ဖက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည့် ပထမဦးစွာ ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး အလွန်ပြင်းထန်သော အခါးဓါတ်လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည်။ အစာမကြေခြင်း၊ လေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။
(၇) အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ ထောက်ပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။
(၈)။ အဆိပ်အတောက်များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။
သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။
(၉)။ ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ညိုညစ်ညစ်များကို ခြစ်ထုတ်ပြီး အစိမ်းရောင် မန်ကျည်းသီးသားများကိုသာ ထောင်း၍ ချက်စားသင့်ပါသည်။
အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။

နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ တိုတိုထွာထွာ ဆေးမြီးတိုများ၊ ဥက်မယ်မယ်/နက္ခတ္တ-၂၀၀၆-၃

မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

လွဲမှားနေသော ခံတွင်းသန့်ရှင်းရေးစနစ်များ

၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း
မကြာခဏသွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့်သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ခါတိုက်လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။

၂. သွားတိုက်စဉ် ကြမ်းတမ်းစွာ ဖိ တိုက်ခြင်း
ယင်းကဲ့သို့ဖိတိုက်ခြင်း က သွားတွေ ပိုဖြူလာမည်ဟု ယူဆမထားသင့်ပါ။ ဖြူလည်း မဖြူ လာနိုင်ပါ။ ဒါပေမယ့် ယင်းကဲ့သို့ ဖိတိုက်ခြင်းအားဖြင့် သွားဖုံးများ၊ သွားအပေါ်ယံကြွေလွှာများ စားသွား ကာ သွားပိုး ပိုစားနိုင်ပါတယ်။

၃.စားပြီးပြီးချင်းသွားတိုက်ခြင်း
အစားစားပြီးပြီးချင်း လူအများ စုက သွားတိုက်လေ့ရှိပါတယ်။ ဒါက တော်တော်ကို လွဲနေတဲ့အမှားကြီးပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သွားကို ပိုမိုထိခိုက် ဒဏ်ရာရစေပါ တယ်။ အစာစားပြီးပြီးချင်း အစာထဲ မှာ ပါလာတဲ့အက်ဆစ်တွေက သင့်ရဲ့ အပေါ်ယံကြွေလွှာကို အားနည်းစေ ပါတယ်။ ဒါကြောင့်စားပြီးနောက် မိနစ် ၃၀ လောက်ထားပြီး တံတွေးနဲ့ အစာထဲက အက်ဆစ်တွေကို ဓာတ် ပြယ်စေပြီးမှ သွားတိုက်သင့်ပါတယ်။

၎.သွားရဲ့မျက်နှာပြင်အားလုံး သွား မတိုက်ခြင်း
သွားတိုက်ရာမှာ အချို့က ဝါးစားတဲ့အခြမ်းကိုသာ တိုက်လေ့ရှိ ပါတယ်။ ဒါပေမယ့် အစာတွေက ဝါးတဲ့ဘက်မှာသာမက အခြားအ တွင်းအပြင်တွေမှာလည်း ကပ်နေပြီး သွားပိုးစားနိုင်တဲ့အတွက် သွားရဲ့ မျက်နှာပြင်အားလုံးကို တိုက်ဖို့ မမေ့သင့်ပါဘူး။

၅.သွားတိုက်ရာမှာ လျှာကို လျစ်လျူ ရှုမထားသင့်ပါဘူး။
အကြောင်းက လျှာကလည်း ဘက်တီးရီးယားတွေ ပေါက်ပွားတဲ့ နေရာတစ်ခု ဖြစ်လို့ပါပဲ။

၆.မိမိနဲ့သင့်တော်တဲ့ သွားပွတ်တံ မရွေး မိခြင်း
သင့်တော်တဲ့ သွားပွတ်တံ တစ်ခုမှာ သင့်တော်တဲ့အရွယ်အစားနဲ့ သင့်တင့်တဲ့နူးညံ့မှုရှိဖို့လိုပါတယ်။

၇. သွားပွတ်တံကို သေချာစွာ ဆေး ကြောမှု၊ အခြောက်ခံမှုမလုပ်ခြင်း

၈. သွားပွတ်တံကိုမလဲဘဲ အသုံးပြုခြင်း
ပုံမှန်အားဖြင့် သွားပွတ်တံ တစ်ချောင်းဟာ သုံးလတစ်ကြိမ် လဲ လှယ်သင့်ပါတယ်။

၉.အာလုပ်မကျင်းခြင်း
လူအများစုက စားပြီး သောက် ပြီးရင် အာလုပ်ကျင်းဖို့ သတိမရ တတ်ပါဘူး။ အာလုပ်ကျင်းခြင်း အားဖြင့် အစားအကြွင်းအကျန် တွေကို ဖယ်စေရုံသာမက ကြွေလွှာ တွေကို ပျက်စီးစေနိုင်တဲ့အက်ဆစ် ဓာတ်ပြင်းထန်မှုကိုပါ လျော့နည်းစေ ပါတယ်။

၁၀. သွားဆရာဝန်နှင့် ပုံမှန်မစစ် ဆေးခြင်း
စတဲ့လွဲမှားနေတဲ့ခံတွင်းသန့် ရှင်းရေး ဆိုင်ရာအချက်များကို ရှောင်ကျဉ်သင့်ပါတယ်။

အဝင်း
ref:PTI
Health Updates Journal
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ