ဇူးမားအတွက် ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို စိန့်အက်တနီယန် လက်ခံခဲ့ပြီဟု သတင်းများထွက်ပေါ်

ချယ်လ်ဆီးအသင်းသည် စိန့်အက်တနီယန် နောက်ခံကစားသမားလေး ကတ်ဇူးမားကို ယခုဈေးကွက်၏ စတုတ္ထမြောက် ခေါ်ယူမှုအဖြစ် သိမ်းသွင်းနိုင်ရန် နီးစပ်နေကြောင်း သိရသည်။

အသက်(၁၉)နှစ်ရှိ ပြင်သစ်လူငယ် ဗဟိုခံစစ်သမားအတွက် ချယ်လ်ဆီးက ပေါင်စတာလင် (၁၂.၅)သန်း ဈေးပေးခဲ့သည်ကို ပြင်သစ်ကလပ်က လက်ခံထားပြီဟု သတင်းများက ဆိုသည်။ ထို့ကြောင့် ဇူးမားသည် ဈေးကွက်ပိတ်ရက်တွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ရုတ်တရက် ရောက်ရှိလာနိုင်သည့် အခြေအနေ ရှိနေဆဲဟု သတင်းများက ဖော်ပြခဲ့သည်။ ချယ်လ်ဆီးသည် ယခုဈေးကွက် အဖွင့်တွင် ဘာထရန် ထရာအိုယေး၊ နီမန်ယာမာတစ်နှင့် မိုဟာမက် ဆာလားတို့ကို ခေါ်ယူထားခဲ့သည်။

သတင်းအချို့က ချယ်လ်ဆီးအနေဖြင့် ဇူးမားကို လက်တွေ့ ခေါ်ယူဖြစ်လျှင်လည်း ဆေးစစ်မှုနှင့် အပြီးသတ် စာချုပ်မှုတို့ ပြုလုပ်ပြီးနောက် ရာသီကုန်ထိ စိန့်အက်တနီယန်သို့ အငှားပြန်ချထားနိုင်ကြောင်း ဖော်ပြနေသည်။ ဇူးမားကို မန်ချက်စတာ ယူနိုက်တက်နှင့် ဥရောပထိပ်တန်း ကလပ်အချို့က စိတ်ဝင်စားနေသည့်နောက် ချယ်လ်ဆီးက လက်ဦးမှုယူ စာချုပ်ရန် ကြိုးစားလာခြင်းဟု ယူဆရသည်။ အကယ်၍ နွေရာသီတွင် ချယ်လ်ဆီးသို့ ဇူးမား လာရောက်ပူးပေါင်းဖြစ်သည် ဆိုပါက ဒေးဗစ်လုဇ်နှင့် ဂျွန်တယ်ရီတို့ နှစ်ဦးအနက် တစ်ဦးဦး၏ အနာဂတ်သည် ကြီးကြီးမားမား မေးခွန်းထုတ်စရာ ကြုံလာနိုင်ကြောင်းလည်း သိရှိရသည်။

Soccer Myanmar

ဒီနှစ်ချစ်သူများနေ့က ကိုယ်နဲ့ မပတ်သက်သလိုပါပဲလို့ ဆိုလိုက်တဲ့ ၀တ်မှုန်ရွှေရည်

၂၀၁၄မှာ အနုပညာခြေလှမ်းတွေ ပိုစိပ်လာတဲ့ ကစ်ကစ်ကတော့ ချစ်သူများနေ့ကို သူမဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့အကြောင်း ခုလိုဖွင့်ဟလာပါတယ်။ ‘ရှုတင်ရှိရင် ရှုတင်ပေါ့။

ဒီနှစ်မှာ ထွေထွေထူးထူးမရှိပါဘူး။ မနှစ်ကတော့ ကစ်တို့အိမ်ရှေ့မှာ ချစ်ဖို့ကောင်းတဲ့ အရာလေးတွေ လာလုပ်ထားတယ်။ မိန်းကလေးဆိုတော့ ရိုမန်တစ်ဖြစ်တာတော့ ကြိုက်တာပေါ့။ ဒါပေမဲ့ ဘယ်သူမှန်းတာ့မသိဘူး။ ဒီနှစ်မှာတော့ မမျှော်လင့်ပါဘူး။ပရိသတ်တွေကတော့ ပို့ကြတယ်။

ရလဲရတယ်။ လက်ဆောင်တွေ အများကြီးလဲ သိမ်းထားပါတယ်။ ၂၀၁၄က မင်္ဂလာဆောင်တာများတယ်။ နှစ်ကောင်းတယ်နဲ့တူတယ်။ ကစ်ကတော့ မကြားရသေးဘူး။ ကစ်နဲ့က ဘာမှမဆိုင်သလိုဖြစ်နေတယ်။ ဒီနှစ် ချစ်သူများနေ့က ကိုယ်နဲ့မပတ်သတ်သလိုပါပဲ’ လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

နာမည်ကျော် မိုက်ခရိုဆော့ဖ် မြန်မာ့ပညာရေး ကဏ္ဍတွင် လေးနှစ်စီမံကိန်းဖြင့် ကူညီမည်

ဝန်ကြီးဌာနတို့နှင့်အသေးစိတ်ညှိ နှိုင်းမှုများ ပြီးဆုံးပါက မိုက်ခရိုဆော့ဖ် အနေဖြင့် ပညာရေးကဏ္ဍတွင် လေးနှစ် စီမံကိန်းနှင့် ကူညီဆောင်ရွက်သွားမည် ဟု မိုက်ခ ရိုဆော့ဖ်မြန်မာပြည်ရုံးခွဲ Knowledge Centricity မှ သိရသည်။

အဆိုပါစီမံကိန်းအတွက် ပညာ ရေးဝန်ကြီးဌာနအပါအဝင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူ လက်မှတ်ရေးထိုးနိုင် ရန်အတွက်ဝန်ကြီး ဌာနများ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေရ ခြင်းဖြစ်သည်ဟု အထက်ပါရုံးခွဲ၏ ဒုတိ ယဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် မိုက်ခရိုဆော့ဖ်အနေ ဖြင့် စီမံကိန်းအတွင်း လုပ်ဆောင်မည့် ပရောဂျက်များအား တင်ပြထားပြီး ယခု နှစ်ဆန်းပိုင်းတွင် သဘောတူလက်မှတ် ရေးထိုးနိုင် ရန် မျှော်လင့်ထားသည်ဟု သိရသည်။

မိုက်ခရိုဆော့ဖ်၏ပြည်တွင်း ပညာ ရေးကဏ္ဍအတွက် ဆောင်ရွက်မည့် လေးနှစ်တာစီမံကိန်း၌ အဓိကအနေဖြင့် နှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည်ဖြစ်ကာ ဆရာ၊ ဆရာမ များကို အိုင်တီနည်း ပညာနှင့် ပတ်သက်သည့် သင်တန်းများ လေ့ကျင့်သင်ကြားပေးရန်လည်း ရည် ရွယ်ထားကြောင်း သိရသည်။

”ဆရာ၊ ဆရာမတွေက သိတယ်ဆို ပေမယ့် တချို့အရာတွေက ခေတ်မမီ တော့ဘူး”ဟု မိုက်ခရိုဆော့ဖ်ရုံးခွဲ ဒုတိယဥက္ကဋ္ဌက နည်းပညာနှင့် ပတ် သက်၍ ပြောသည်။

ထို့အပြင် အိုင်တီနည်းပညာများ ပါဝင်မည့် ညွှန်းတမ်းများကို ပါ ပြောင်းလဲရေးဆွဲစေမည့် အချက်များ စီမံကိန်းအတွင်းပါဝင်မည်ဖြစ်ရာ ၄င်း မှာ အခြေခံပညာနှင့် အဆင့်မြင့်ပညာ နှစ်မျိုးစလုံးအတွက် ဆောင်ရွက်သွား မည်ဟု သိရသည်။

သုတလင်း

Popular Myanmar News Journal

နိုင်ငံခြားသား ပျောက်ဆုံးသွားသော ပိုက်ဆံအိတ်အားပြန်လည်ပေးအပ်

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ Rich Queen Hotel ၌ တည်းခိုလျက်ရှိသော အမေရိကန်နိုင်ငံသား Mr. Falbawskl Krukzpf သည် ၎င်း၏အနက်ရောင် ခေါက်ပိုက်ဆံအိတ်တစ်လုံး ကျပျောက်သွားပြီး အိတ်အတွင်း၌ VISA ဘဏ်ငွေထုတ်ကတ် (၁) ခု၊ American Express ဘဏ်ငွေထုတ်ကတ်(၁)ခု၊ Empire Medi-Blue အသက်အာမခံကတ်ပြား (၁) ခု၊ ယာဉ်မောင်းလိုင်စင် (၁) ခု၊ အမေရိကန် ၅ ဒေါ်လာတန် (၂) ရွက်နှင့် ၁ ဒေါ်လာတန် ၁ ရွက်တို့ပါရှိသဖြင့် ကူညီစုံစမ်း ရှာဖွေပေးရန် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (မန္တလေး) သို့ ဖုန်းဆက် အကူအညီ တောင်းခံခဲ့သဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ တပ်ဖွဲ့ဝင်များသည် နိုင်ငံခြားသားများ ဝင်/ထွက် သွားလာတတ်သည့်နေရာများအား လိုက်လံစုံစမ်း ရှာဖွေခဲ့သည်။

ထိုသို့စုံစမ်းရှာဖွေနေစဉ် အောင်မြေသာစံမြို့နယ်၊ မြနန်းစံကျော် ရွှေနန်းတော်မြက်ခင်းပြင်တွင် အနက်ရောင် ပိုက်ဆံအိတ် တစ်လုံးအား ရှေးဟောင်းဦးစီးဌာန ဝန်ထမ်းများက ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် တွေ့ရှိကြောင်း သိရှိရသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ပြီး မြနန်းစံကျော် ရွှေနန်းတော်ကျောင်းသို့ အဆိုပါ အမေရိကန် နိုင်ငံသားအား ခေါ်ယူပြသခဲ့ရာ ၎င်းပျောက်ဆုံးသွားသော ပိုက်ဆံအိတ်နှင့် ပစ္စည်းများ မှန်ကန်သဖြင့် ပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

The Mirror Daily

အလုပ်များလွန်းသဖြင့် လက်ထပ်ရန် မစဉ်းစားနိုင်သေးသည့် ကိတ်ဟတ်ဒ်ဆန်

အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်

အနုပညာ အလုပ်များဖြင့် ရုန်းကန်နေရသည့် အခြေအနေကြောင့် ချစ်သူနှင့် လက်ထပ်မည့် ကိစ္စကို အကောင်အထည် မဖော်နိုင်သေးကြောင်း ကိတ်ဟတ်ဒ်ဆန်က ဝန်ခံခဲ့သည်။ အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်။ Birbe Warsဇာတ်ဆောင် မင်းသမီးသည် Muse ဂီတအဖွဲ့မှ မက်သရူးနှင့် (၂၀၁၁)ခုနှစ်၊ ဧပြီလကတည်းက စေ့စပ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိ အချိန်ထိ မင်္ဂလာဆောင်နှင်းမှု မရှိသေးခြင်းကြောင့် သတင်းထောက်များက မေးမြန်းရာ ကိတ်က သူမအနေဖြင့် အလုပ်များလွန်း၍ ဖြစ်ကြောင်း ညည်းညူဖြေကြား သွားခဲ့သည်။

သူမနှင့် မက်သရူး လက်ထပ်ရန် ပြင်ဆင်နေပြီဆိုသော ကောလာဟ လများကို သတင်းသမားများက မေးမြန်းရာ ကိတ်က "မဟုတ်ပါဘူး။ ခုလောလောဆယ် အဲဒီကိစ္စကို မစီစဉ်အားသေးဘူး။ ကျွန်မအနေနဲ့ လောလောဆယ် အရမ်းကို အလုပ်များနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အကောင်းဆုံးမှာ ရှိနေဆဲပါ။ ကျွန်မအနေနဲ့ လက်ထပ်ဖို့ဆိုတာ အရေးအကြီးဆုံး အရာလို့လည်း မယူဆပါဘူး။ ကျွန်မကို ပျိုးထောင်ခဲ့တဲ့ မိဘတွေကလည်း လက်ထပ်ထားတာ မဟုတ်ဘူးလေ"ဟု တုံ့ပြန်ခဲ့သည်။

ကိတ်က "ကျွန်မအနေနဲ့ကတော့ လက်ထပ်ဖို့ စဉ်းစားထားပါတယ်။ လက်တွေ့လည်း အကောင်အထည် ဖော်ဖြစ်မှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ လုပ်စရာတွေ များလွန်းတယ်။ လက်ထပ်ပွဲတစ်ခုကို စီစဉ်ရတယ် ဆိုတာက အင်မတန် အချိန်ယူရတာပါ။ တစ်ဖက်မှာ ကျွန်မက ရုပ်ရှင်တစ်ကားရိုက်ဖို့ တာဝန်ယူရတာတွေ ရှိနေသေးတယ်။ ဒါကြောင့် ခုလောလောဆယ်နဲ့ သိပ်မကြာခင် အတောအတွင်း အချိန်တွေမှာတော့ လက်ထပ်ဖို့ကိစ္စ မဖြစ်နိုင်သေးပါဘူး"ဟုလည်း ရှင်းပြသွားသည်။ ကိတ်နှင့် မက်သရူးတို့သည် (၂၀၁၁)ခုနှစ်၊ ဇူလိုင်လတွင် သားငယ်လေး ဘင်ဟမ်ဟွမ်း ဘယ်လာမီကိုလည်း ဖွားမြင်ထားပြီး ဖြစ်သည်။

Planet Myanmar Network

ဖြူးတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်။ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာ မြောက်ဘက် မီးရထားလမ်းတွင် ရထားကြိတ်၍ လူတစ်ဦးသေဆုံးနေကြောင်း သာဓုကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရမ်းအော်ဒေ့စ်မှ ဖြူးမြိုကမရဲစခန်းသို့ ဇန်နဝါရီလ(၂၈)ရက်၊ နံနက်(၉း၄၅)နာရီအချိန်တွင် ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။

အဆိုပါဖြစ်စဉ်အား ဖြူးမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် သန်းဦးမှ သွားေ၇ာက်စစ်ဆေးရာ ရထားလမ်းမိုင်တိုင်အမှတ်(၁၃၆/၂၄)အနီး သံလမ်းတွင် အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသား (အမည်၊ နေရပ် စုံစမ်းဆဲ)သည် ဦးခေါင်းပြတ်၍ သေဆုံးနေသည်ကြောင်းတွေ့ရှိရသည်။ ဦးခေါင်းမှာ ရထားသံလမ်းကြား၌ တွေ့ရှိရပြီး ခန္ဓာကိုယ်မှာ သံလမ်းအပြင် ဘက်တွင် ပက်လက်အနေအထားဖြင့် တွေ့ရှိရသည်။

အထက်ပါ ဟိန္ဒူအမျိုးသားသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဖြူးမြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း

ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အမျိုးသမီးတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးအဖြစ် အတော်လေး ရေပန်း စားလို့လာ ပါပြီ ။ မြန်မာနိုင်ငံမှာသာ ယဉ်ကျေးမှုအရ ဓလေ့ထုံးတမ်းစဉ်လာတွေအရ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ သိပ်ပြီးခေတ်မစားပေမယ့် အနောက်နိုင် ငံတွေ မှာတော့ ရေပန်း စားတွင် ကျယ်လာခဲ့တာ အတော်လေးကြာပြီဖြစ်ပါတယ် ။ အမှန်တော့ ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ရင်သားအရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အလုံးအကြိတ်တွေခွဲထုတ်ပြီးလို့ ရင်သားကို ပြန်လည် ပြုပြင်ခြင်း ( post-mastectomy breast reconstruction) အတွက် ခွဲစိတ်ပြုပြင်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ဒါ့အပြင် မွေး ရာ ပါ ရင်အုံ ( chect wall ) ပုံသဏ္ဍာန်မမှန်ခြင်း နဲ့ အမျိုးသားကနေ အမျိုးသမီး အဖြစ် အသွင် သဏ္ဍာန်ပြောင်းလဲခြင်း မှာလည်း ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အဓိက အခန်းကဏ္ဍ အဖြစ် ပါဝင်ပါတ် သတ်လာပြီဖြစ်ပါတယ် ။ ရင်သားအတွင်း ထည့်သွင်းတဲ့နေရာမှာ breast implant devices တွေဖြစ်တဲ့ saline ၊ silicon နဲ့ silicon+saline ဆိုပြီး သုံးမျိုးရှိပါတယ် ။ Saline implant ဟာ elastomer silicone အခွံ ပါဝင်ပြီး saline အရည် တွေဖြည့်ထားခြင်းဖြစ်ပြီး Silicon implant ကတော့ အခွံခြင်းတူပေမယ့် အထဲမှာ silicon gel ထည့်သွင်းထားခြင်းဖြစ်ပါတယ် ။ ပေါင်းစပ်ထည့်သွင်းခြင်းဖြစ်တဲ့ Alternative composition မှာတော့ များစွာသောအရာတွေဖြစ်တဲ့ soy အဆီ ၊ polypropylene ကြိုး ၊ et cetera စသည်တို့ ပါဝင်ပါတယ် ။

Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၉ ရာစုနှစ်တုန်းက breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) စသည်တို့ကို ပြုပြင်ပြောင်း လဲရန်အတွက် အသုံးပြုခဲ့ကြပါတယ် ။ ၁၉၈၅ ခုနှစ်မှာတော့ ခွဲစိတ် ဆာဂျင် Vincez Czerny ဟာ လူနာရဲ့ ကိုယ်ပိုင် adipose တစ်ရှူး တွေ ၊ ဖယ်ထုတ်လိုက်တဲ့ အန္တရာယ်ရှိ benign lumbar lipoma တွေကိုအသုံးပြုပြီး ကျူမာတစ်ခုကနေ သူဖယ်ထုတ်လိုက်လို့ တစ်ဖက်နဲ့တစ်ဖက်ရင်သားမညီတဲ့ ပြဿနာကို ဖြေရှင်းခဲ့ခြင်းအားဖြင့် ခွဲစိတ် မှုကို ပြုလုပ်ခဲ့ပါတယ် ။ ၁၈၈၉ ခုနှစ်မှာတော့ ခွဲစိတ်ဆာဂျင် Robert Gersuny ဟာ ပါရာဖင် ထိုးဆေးထိုး သွင်းခြင်း ကိုစမ်းသပ်လုပ်ဆောင်ခဲ့တယ် ။ ၂၀ ရာစုအစောပိုင်းမှာတော့ ဆရာဝန်တွေဟာ breast implant filters တွေဖြစ် တဲ့ ivory ၊ ဖန်ဘောလုံး ၊ ရာဘာ ၊ နွားထီး အရိုးနု ၊ Terylene wool ၊ gutta-percha ၊ Dicora ၊ polyethylene အစရှိတို့ကို ဆက်လက် အသုံးပြုလာခဲ့ကြပါတယ် ။

Breast Implant သုံးမျိုး

၁ ။ saline impants ( saline အရည် ထည့်သွင်းထားခြင်း)
၂ ။ silicone implants ( ဆီလီကွန်ဂျယ် ထည့်သွင်းထားခြင်း)
၃ ။ Alternative- composition implants ( soy အဆီ ၊ polypropylene string ၊ et cetera စသည်တို့ ထည့်သွင်းခြင်း ) စတဲ့ သုံးမျိုးဖြစ်ပါတယ် ။

ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သော အမေးအဖြေများ

မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရတယ် ။ ဟုတ်ပါ သလား ။

အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။ ခွဲစိတ်ထည့်ပေးမယ် ။ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။ ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင် ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ လဲရတယ်ဆိုတာလည်း မဟုတ်ပါဘူး ။

မေးခွန်း ၂ - နှာခေါင်း ၊ နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား ။ တစ်ချို့ကလည်း တစ်သက် လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။ နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်နိုင် ပါသလဲ ။

အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန်မဟုတ်ပါဘူး ။ နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့ အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်ပါး ကနေ ယူတာပါ ။ အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့မဟုတ်ဘူး ။အမာထည့်ရတာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။ အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်တာကျတော့ အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြုထားတာပုံမကျရင် ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊ ပြန်ထုတ် ၊ ပြန်ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါတယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။

(အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှဖြေကြားပါသည်။)

Ref : wikipadia/breast implant
Q & A they want to know about health produced by Ziwaka

သက်တန့်ချို

တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ မန်ယူအသင်းခေါင်းဆောင် လက်ပတ်ကိုရယူမယ့် တိုက်စစ်မှူး ဝိန်းရွန်းနီ

ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့နေရသော မန်ချက်စတာယူနိုက်တက် အသင်းက အဓိကတိုက်စစ်မှူး ဝိန်းရွန်းနီအား ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုရန် ကမ်းလှမ်းထားပြီး အဆိုပါ စာချုပ်အရ ရွန်းနီမှာတစ်ပတ်လုပ်ခလစာပေါင် ၃ သိန်းရရှိမည့်အပြင် အသင်းခေါင်းဆောင် ရာထူးကိုပါ ရရှိမည်ဖြစ်ကြောင်း Mirror Sport က ရေးသားဖော်ပြထားသည်။

ထို့အတူ အင်္ဂလန်စတား ရွန်းနီကအိုးထရက်ဖို့ဒ်တွင် ဆက်လက်နေထိုင်ရန် ဆန္ဒရှိနေပြီး ၎င်း၏အေးဂျင့်နှင့် အသင်းတို့ကြားအကြိုဆွေးနွေးမှု စတင်နေပြီဟု သိရ သည်။

မန်ချက်စတာ ယူနိုက်တက်အသင်းသည်ယခုဆောင်းရာသီ အပြောင်း အရွှေ့ဈေးကွက်တွင် ချဲလ်ဆီးအသင်း၏ အဓိကကွင်းလယ်လူ ဂျူအန်မာတာ အား ခေါ်ယူနိုင်ခဲ့ပြီး အသင်း၏ လက်ရှိအဓိက ကစားသမားများကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးပမ်းနေသည်။ လက်ရှိ အသင်းခေါင်းဆောင် နောက်ခံလူနီမန်ဂျာဗီဒစ်နှင့် လက်ထောက်
အသင်း ခေါင်းဆောင် ပက်ထရစ်အီဗရာတို့သည် ယခုနှစ်ရာသီကုန်တွင် အသင်းမှ ထွက်ခွာရန် ရှိနေသောကြောင့် ရွန်းနီအားကမ်းလှမ်းသောစာချုပ်တွင် အသင်းခေါင်းဆောင် ရာထူးပေးမည်အထိ မက်လုံးပေးခဲ့ခြင်း ဖြစ်သည်။

မန်ယူနည်းပြဒေးဗစ်မိုယက်စ်ကလည်း ရွန်းနီဦးဆောင်သော အသွင်သစ် မန်ယူဖြင့် ခေတ်တစ်ခေတ်ကို ထူထောင်ရန်ဆန္ဒရှိနေ သည်ဟုဖွင့်ဟထားသည်။ချဲလ်ဆီးစတား ဂျူအန်မာတာကို ပေါင် ၃၇သန်းဖြင့် ခေါ်ယူနိုင်ခဲ့မှုကအသင်း၏ လက် ရှိကစားသမားများအား ဆက်လက်ထိန်းထားနိုင်ရေးကို အထောက်အကူပြုစေလိမ့်
မည်ဟု ဘောလုံး ရေးရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

KYL

Popular Myanmar News Journal

Propose လုပ်ထားသူတွေရှိပေမယ့် ဘယ်သူ့ကိုမှတော့ မစဉ်းစားရသေးဘူးဆိုတဲ့ သဉ္ဇာနွယ်ဝင်း

မော်ဒယ်လောကမှာ အနုပညာလှုပ်ရှားမှု မစိပ်မကျဲနဲ့ ခြေလှမ်းမှန်မှန်လေး လျှောက်လှမ်းနေပြီး အရှုပ်အရှင်း သတင်းတွေ ကင်းရှင်းတဲ့ ခပ်အေးအေး မော်ဒယ်မင်းသမီးချောလေး တစ်ယောက်ကို ပြပါဆိုရင်တော့ သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါလိမ့်မယ်။ ပရိတ်သတ်ကို အေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားထားနိုင်တဲ့ သဉ္ဇာနွယ်ဝင်းကို ဓါတ်ပုံ ရိုက်ကွင်းတစ်ခုမှာ တွေ့ဆုံဖြစ်တုန်း ပရိသတ်သိချင်နေမယ် ထင်တာလေးတွေ မေးမြန်းကြည့်မိပါတယ်။

    အခုလတ်တလော ဘာတွေလုပ်ဖြစ်နေလဲ ။

အခုကတော့ ဗီဒီယိုပဲ အများဆုံးရိုက်ဖြစ်ပါတယ်။

    ရုပ်ရှင်ကားကြီး ရိုက်ဖို့ အစီအစဉ်တွေရော ရှိလား။

ပြောထားတာ တစ်ခုတော့ရှိတယ်။ ဒါပေမယ့် ဇာတ်လမ်းကလဲ ကိုယ့်ဆီကို အသေအချာ မရောက်လာသေးဘူးဆိုတော့ အဲဒါကို သိပ်ပြီးမပြောချင်သေးဘူး။

    အချစ်ရေးနဲ့ပတ်သက်ပြီးတော့ရော propose လုပ်ထားတဲ့သူ ။ စဉ်းစားထားတဲ့သူတွေဘာတွေ ရှိနေပြီလား။

ဟုတ်ကဲ့။ အပျိုတစ်ယောက်ဆိုတော့ propose လုပ်ထားတာမျိုး တွေတော့ရှိတာပေါ့။ ဒါပေမယ့် စဉ်းစားထားတာတော့ မရှိသေးပါဘူး။

    အနုပညာအလုပ်တွေ အခုတစ်လော အေးသွားတာတွေ့ရတယ်။ ဘာကြောင့်များလဲရှင့်။

ဟုတ်ကဲ့။ ကားရိုက်က မထွက်လာသေးတာပါ။ တကယ်တမ်းမှာတော့ အရင်ကထက် ပိုပြီး ရိုက်လာရပါတယ် ။

    အခု တော်တော်များများက မော်ဒယ်လုပ်ရင်းနဲ့ သီချင်းဆိုလာကြတာတွေ တွေ့လာရတယ်။ အစ်မမှာရော အဲဒီလို အဆိုတော်ဘက်ကို ကူးဖို့အစီအစဉ်ရှိလား။

သီချင်းဆိုဖို့ အစီအစဉ်တော့မရှိပါဘူး။ ဒါပေမယ့် အမှတ်တရဖြစ်အောင် တစ်ပုဒ် နှစ်ပုဒ်လောက်တော့ ဆိုဖြစ်ပါတယ်။

    Global ပဲဖြစ်ဖြစ် ၊ Local ပဲဖြစ်ဖြစ် အစ်မအားကျရတဲ့ အနုပညာရှင်က ဘယ်သူဖြစ်မလဲ။

ဒီမှာဆိုရင်တော့ မထက်ကိုအားကျတယ်။ ငယ်ငယ်လေးကတည်းကလည်း မထက်ကို အရမ်းသဘောကျခဲ့ ရတာပေါ့နော်။ Global ဆိုရင်တော့ Nicole Kidman ကို အရမ်းကြိုက်ပါတယ်။

    ဖက်ရှင်ပိုင်းဆိုရင်ရော ဘယ်လိုဖက်ရှင်မျိုးကို သဘောကျလဲ။

ထသွားထလာဝတ်တာမျိုး၊ ကိုယ့်အတွက်ကိုယ် ဆိုရင်တော့ smart ကျတာလေးတွေပဲ ၀တ်ချင်တယ်။ ကားရိုက်အတွက် ကျတော့ ကိုယ်က ကာရိုက်တာအစုံလုပ်ရတော့ ချိန်ပြီးဝတ်ရတာလေးတွေ ရှိပါတယ်။

    Skin Care အတွက်ရော ဘယ်လို ဂရုစိုက်ဖြစ်လဲ။ ပုံမှန်လုပ်ဖြစ်တဲ့ Treatment လေးတွေရော ရှိလား။

အိမ်မှာတော့ လုပ်ဖြစ်ပါတယ်။ ဆိုင်မှာကတော့ တစ်လတစ်ခါလောက်ကို ပုံမှန် သွားလုပ်ဖြစ်ပါတယ်။

    ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ ။

ဒီလိုပါပဲ ။ ဗီဒီယိုကားတွေရိုက်မယ်။ လုပ်နေကျပုံစံအတိုင်းပဲ ဆက်ပြီးလုပ်ဖြစ်နေမှာပါ။

ထက်ဆု

Trend Myanmar

အသည်းပုံ မျက်နှာ လိုချင်လို့ လူမဆန်မေးရိုးခွဲစိတ်ပြုပြင်မှု လုပ်ခဲ့တဲ့ တောင်ကိုရီးယားသူလေး

ကိုရီးယား ရုပ်သံလိုင်းမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားသူလေးဟာ  သူမရဲ့မျက်နှာကို သူမကိုယ်တိုင်ဖျက်စီးမှုနဲ့ အပြစ်တင်ခံနေရပါတယ်။ သူမရဲ့ “မပြုပြင်ခင်” နဲ့ “ပြုပြင်ပြီး” မျက်နှာပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။

ဒီ တောင်ကိုရီးယားသူလေးရဲ့ အမည်ကိုတော့ ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြထားပါဘူး။ တောင်ကိုရီးယား ရုပ်သံလိုင်းက သတင်းကြေညာသူလို့တော့ ဆိုကြပါတယ်။ အရှေ့အာရှသူတွေ အလိုချင်ဆုံး မျက်နှာပုံစံဖြစ်တဲ့ အသည်းပုံ မျက်နှာကို သူမ လိုချင်ခဲ့တာကြောင့် အခုလို လူမဆန်မျက်နှာ ခွဲစိတ်ပြုပြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးမှီက စားရင်း ကိန်းဂဏန်းတွေအရဆိုရင် တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် ပလတ်စတစ်ဆာဂျရီ အလုပ်အများဆုံးနိုင်ငံဟာ တောင်ကိုရီးယားပါပဲ။ အထူးသဖြင့် အသက် ၁၉နှစ်ကနေ ၄၉နှစ်ကြား အမျိုးသမီးတွေ ရူးသွပ်ကြပါတယ်။

ဂျပန် အွန်လိုင်းဖိုရမ်မှာ တွေ့ရတဲ့ မှတ်ချက်တွေကတော့ “ဟုတ်ရဲ့လားဟယ်၊ ဖိုတိုရှော့ ထားတာလို့ ပြောစမ်းပါ။” “လူတစ်ယောက်ရဲ့ မေးစေ့ကို အဲ့လောက်ထိ သွယ်အောင် လုပ်လို့ရနိုင်ပါ့မလား။” “အလှစစ်ဆိုတဲ့အရာကို သူမ တကယ်မသိပါဘူး။” စသဖြင့်ပါပဲ။

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ပလတ်စတစ် ဆာဂျရီဈေးကွက် ဖြစ်တာအလျောက် ဆိုးလ်မြို့သူ ၅ယောက်မှာ ၁ယောက်ဟာ ခွဲစိတ်ပြုပြင်ဖို့ ဓားအောက်ဝင်ပါတယ်။

လူကြိုက်အများဆုံး ခွဲစိတ်ပြုပြင်မှုတွေကတော့ “မျက်ခွံနှစ်ထပ် ခွဲစိတ်ပြုပြင်ခြင်း” (မျက်လုံးကျယ်ဖို့ အထက်ဘက်မျက်ခွံမှာပိုနေတဲ့ အရေခွံတွေကို ဖြတ်ထုတ်တာ)၊ “အဆီခွဲစိတ်ပြုပြင်ခြင်း” (အဆီတွေဖယ်ရှားဖို့ ကြိမ်နှုန်းမြင့်လှိုင်းကို အသုံးပြုတာ) နဲ့ “နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း” တွေပါပဲ။

Ref: dailymail.co.uk

သီဟနိုင်

Trend Myanmar

အမေရိကန်နိုင်ငံသားတစ်ဦး နေအိမ်တွင်သေဆုံးနေ၍ သေမှုသေခင်းဖွင့် စစ်ဆေးလျက်ရှိ

ရန်ကုန်၊ ဇန်န၀ါရီ ၂၈

၂၈.၁.၂၀၁၄ရက်နေ့၀၈၃၀အချိန် ကမာရွတ်မြို့မရဲစခန်းမှူးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ အောင်ချမ်းသာ(၄)လမ်းနှင့် န၀ရတ် လမ်းထောင့်၊ မေသူအိမ်ယာ၊ တိုက်(E)၊ အခန်း(၁၀၂)တွင် နိုင်ငံခြားသား တစ်ဦး သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါအခန်းတွင် တစ်ဦးတည်းနေထိုင်ပြီး PISM ကျောင်း၊ ကွန်ပျူတာနည်းပြအဖြစ်လုပ်ကိုင်သူ အမေရိကန်နိုင်ငံသား Mr. Lom Eric Gold Fmith၊ (၄၆)နှစ် ဖြစ်ကြောင်းတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ယခင်ကတည်းက နှလုံးသွေးကြော ကျဉ်းရောဂါနှင့်ဆီးချိုရောဂါတို့ဖြင့် ဆေးခန်းပြကုသခံယူနေသူဖြစ်ပြီး ယင်းနေ့ ၀၈၃၀ အချိန်ခန့်က ကျောင်းမန်နေဂျာ ဦးအောင်ဆန်းလွင်မှ
ဆေးခန်းပြသပေးရန်သွားရောက်ခေါ်ဆောင်စဉ် အခန်းတံခါးပိတ်ထား၍ ဘဲလ်တီးခေါ်သော်လည်းမရသဖြင့် သော့အပိုဖြင့်ဝင်ရောက်ကြည့်ရှုရာ ၎င်းအား ဧည့်ခန်းဆိုဖာထိုင်ခုံပေါ်တွင် အပေါ်အင်္ကျီမပါ၊ ဘောင်းဘီတို
ဝတ်လျက် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် ရဲစခန်းသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အမေရိကန်နိုင်ငံသားသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အလိုမတူဘဲ ကားတင်ပြေး၍ ပေါင်းသင်းခံရသည်ဟုဆိုကာ အမှုဖွင့်

ဇော်ဇော်ထွေး|ဇန်န၀ါရီ ၂၈၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်

အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို ချစ်သူရည်းစားမဟုတ်သည့် အလုပ်အတူလုပ်သူက ကားတင် ခေါ်ဆောင်ပြေးပြီး ၀ါးခယ်မမြို့တွင် သားမယားအဖြစ် ပေါင်းသင်းခဲ့သည်ဟုဆိုကာ တိုင်တန်းမှုကို လှိုင် သာယာရဲစခန်းက ဇန်န၀ါရီ ၂၆ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့စခန်းက ထုတ်ပြန်ထားသည်။

အမှုတွင် ဇန်န၀ါရီ ၂၁ ရက် ည ၈ နာရီ ခွဲက (၇)ရပ်ကွက်နေ အသက် ၅၄ နှစ်ရှိ တရားလို အမျိုးသမီး ကြီးသည် ၁၆ နှစ် သမီးအပါအ၀င် ၎င်းအလုပ်သမားတစ်ဦးတို့နှင့်အတူ တံတားဖြူလမ်းမကြီးဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်ဖက်ရည်သောက်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် သမီးဖြစ်သူကို ကြာဆံကြော်ဝယ်ခိုင်းရာမှ ည ၉ နာရီခွဲအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ အမျိုးသားတစ်ဦးက လက်ဆွဲ၍ တက္ကစီဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ရသည်ဟု တရားလိုက ရဲထံတွင် ဆိုထားသည်။

ထို့နောက် ဇန်န၀ါရီ ၂၃ ရက်တွင် ကြက်ဒိုင်တစ်ခုတည်းတွင် အလုပ်လုပ်သည့် သန့်ဇင် (၂၃)နှစ်၏ ၀ါးခယ်မမြို့ရှိ နေအိမ်သို့ သွားရောက် စုံးစမ်းရှာဖွေရာ သမီးဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆို သည်။

ထို့ပြင် သန့်ဇင်သည် သမီးဖြစ်သူကို အအေးနှင့် ဘီယာရောတိုက်ပြီး ၀ါးခယ်မမြို့သို့ ခေါ်ဆောင်သွား ကာ ချစ်ကြိုက်ခြင်းမရှိဘဲ သားမယားအဖြစ် ပေါင်းသင်းထားကြောင်း သမီးဖြစ်သူက ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူက ၀ါးခယ်မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ၀ါးခယ်မရဲစခန်းက (ပ)၁၁ /၂၀၁၄ဖြင့် ပုဒ်မ ၃၆၃/၃၆၆တို့ဖြင့် အမှုဖွင့်စစ်ဆေးပြီး ပေါ်ပေါက် ချက်များအရ လှိုင်သာယာရဲစခန်းက (ပ)၁၀၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၆၃/၃၆၆ တို့ဖြင့် ဆက် လက်အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

Mizzima - News in Burmese


လင်းလင်း နှင့် ချစ်သုဝေ တို့၏မင်္ဂလာဦးဆွမ်းကျွေးအလှူ

မောင်ထွေးလင်းကို (ခ) အဆိုတော် လင်းလင်း နှင့် သရုပ်ဆောင် အဆိုတော် ဒေါက်တာ ချစ်သုဝေ (ခ) Treza Lilian တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၀ နာရီတွင် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပခဲ့သည်။ လင်းလင်း နှင့် ချစ်သုဝေ တို့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုများကိုလဲ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဓာတ်ပုံ - အိသွဲ့(တန့်ယန်း)
Popular Journal














စင်ကာပူတွင် အသက်မပြည့်သူနှင့် ပျော်ပါးသူမြန်မာတစ်ဦးထောင်ကျ

ရန်ကုန် ဇန်နဝါရီ ၂၇

စင်ကာပူနိုင်ငံတွင် အသက် (၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို အခကြေးငွေပေးကာ လိင် ဆက်ဆံခဲ့သော မြန်မာနိုင်ငံသား တစ်ဦးကို ထောင်ဒဏ် သုံးလချ မှတ်လိုက်ကြောင်း Straits Times သတင်းဌာနက ယနေ့ဖော်ပြထား သည်။ အသက် (၃၄)နှစ်အရွယ် ရှိ -- ဆိုသူ မြန်မာနိုင်ငံသားသည် PR ရရှိထားသူဖြစ်ပြီး ပြီးခဲ့သည့် နှစ် မတ်လ ၁ ရက်က ဂျာရောင်း အရှေ့ပိုင်းလမ်းတွင် စင်ကာပူဒေါ် လာ ၂၂ဝ ပေးကာ ပျော်ပါးခဲ့ခြင်း ဖြစ်သည်။ စင်ကာပူဥပဒေအရ အသက် (၁၈) နှစ်မပြည့်သေးသူ များနှင့် ငွေပေးကာလိင်ဆက်ဆံ ခွင့်မရှိကြောင်း သိရသည်။

ဆုဟမ်
The Union Daily


ကင်ဆာရောဂါအတွက် (အထူး)သတိပြုသင့်တဲ့ အစားအစာ (၁ဝ)မျိုး

(၁) မျိုးရိုးဗီဇပြုပြင်ထားတဲ့ သစ်သီးဝလံဟင်းသီးဟင်းရွက်များ
===================================
သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တို့ကို ဈေးကွက်အတွင်းရောက်ရှိဖို့ သင့်တင့်တဲ့ကာလတစ်ခုစောင့်ဆိုင်း ရပါတယ်။ ဒါပေမယ့် GMO(ခေါ်)သဘာဝလွန်စိုက်ပျိုးနည်းတွေသုံး ပြီး ဆေးထိုး၊ ဆေးဖျန်း၊ ဆေးအုပ်ခြင်းများပြုလုပ်နေခြင်းက အခွံဖယ် စားသုံးရသော အခွံမာသီးတွေကပြဿနာသိပ်မရှိသော်လဲ ဥပမာ အခွံပါ ဝါးစားရတဲ့ ခရမ်းချဉ်၊ စပျစ်၊ စတော်ဘယ်ရီတွေနဲ့ ပဲသီးအမျိုးမျိုး၊ ဂေါ်ဖီထုပ်အပါအဝင် ဟင်းသီးဟင်းရွက်အားလုံးကို ရေစင်စင် မဆေး ကြောဘဲစားသုံးမိရင် ဓာတုဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် အစာအဆိပ်သင့်ရုံသာမက ကင်ဆာရောဂါတွေပါဖြစ်စေနိုင်ပါတယ်။

(၂) တာရှည်ခံအောင်ပြုပြင်ထားတဲ့ အသားများ
===========================
ကြက်အူချောင်း၊ ဝက်အူချောင်းတွေ၊ အသားလုံး၊ အသားပြား၊ အသားခြောက်တွေ၊ Hot Dog တွေမှာ အသားကို တာရှည်ခံစေဖို့ ဆိုဒီ ယမ်နိုက်ထရိတ်ဓာတုပစ္စည်းတွေ ထည့်သွင်းထားတာကြောင့် ကင်ဆာ ရောဂါအမျိုးမျိုး ဖြစ်စေသလို ကင်ဆာဝေဒနာသည်တွေ စားသုံးမိရင် ကင်ဆာအဖုအကျိတ်တွေကို လျင်မြန်စွာကြီးထွား
ပျံ့နှံ့လာစေနိုင်ပါတယ်။

(၃) မိုက်ကရိုဝေ့ဖ်မီးဖိုနဲ့ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်များ
====================================
ပြောင်းဖူးပေါက်ပေါက်တွေကို အလွန်အကျွံစားမိတဲ့အခါ မိုက်ခရို ဝေ့ဖ် မီးခိုးငွေ့နဲ့ ပြောင်းဖူးပေါက်ပေါက်တို့ဓာတ်ပြုခြင်းကြောင့် ထွက်ရှိ လာတဲ့ Perfluorooctanoic နဲ့ Diacetyl ဓာတ်များက အဆုတ်ကင်ဆာ
ဖြစ်စေပါတယ်။ ဒါ့အပြင် မိုက်ခရိုဝေ့ဖ်အပူဓာတ်စီးနေတဲ့ ပြောင်းဖူး ပေါက်ပေါက်(ပူပူ)တွေကို ပလတ်စတစ်နဲလုပ်ထားတဲ့ အိတ်(သို့မဟုတ်)ပန်းကန်ခွက်တွေထဲထည့်စားခြင်းကပန်ကရိယကင်ဆာဖြစ်လာနိုင်ပါတယ်။

(၄) သစ်သီးခြောက်များ
==============
ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ် စတဲ့သစ်သီးခြောက်စားသုံးခြင်းက ကျန်းမာရေးကို ကောင်းကျိုးပြုစေတယ်လို့ လူသားအားလုံးက ယုံကြည် နေကြပါတယ်။ သင့်တင့်မျှတတဲ့ပမာဏကကောင်းပေမယ့် လွန်ကျူးစွာ စားသောက်မိရင်တော့ သစ်သီးခြောက်တွေမှာသုံးထားသော နွမ်းခြောက်ဆေးများ၊ အချို၊ အငန်ဓာတ်တွေက လူကိုဘေး ဖြစ်စေပါတယ်။

(၅) ဆော်ဒါအချိုရည်များ
==============
ဆော်ဒါအချိုရည်တွေကို အရသာကောင်းစေဖို့ အချို ဓာတ်တွေသာမက အရောင်လှစေဖို့ အရောင်ဆိုးဆေးတွေ သုံးထားပါတယ်။ ဒါ့အပြင် အမြှုပ်ထစေဖို့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့တွေ ထည့်သွင်းထားတာကြောင့် ထိုဓာတ်ပေါင်း စုက လူ့ခန္ဓာကိုယ်တွင်းကလီစာတွေကို အက်စစ်ဓာတ်ပြုပြီး ကင်ဆာဆဲလ်တွေ တိုးပွားလာစေနိုင်ပါတယ်။

(၆) ဆေးသကြားခဲများ
=============
သကြားအစားထိုး ဆေးသကြားခဲများ၊ အချိုမှုန့်များနဲ့ သဘာဝကိုဆန့်ကျင်၍ ဓာတုပစ္စည်းများဖြင့်ပြောင်းလဲကာ ဟင်းခတ်မှုန့်ပြုလုပ်ထားကြတဲ့ (ကြက်၊ ဝက်၊ ဟင်းရွက်)အမှုန့်ချိုချိုတွေ က သွေးတိုး၊ ဆီးချိုရောဂါများသာမက၊ ကိုယ်ဝန်ဆောင်များကို သားလျှော စေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

(၇) ဂျုံမှုန့်ဖြူဆွတ်ဆွတ်များ
================
သဘာဝဂျုံမှုန့်တွေကို ဓာတုချွတ်ဆေးတွေသုံးပြီး ဖြူဆွတ်အောင် ပြုပြင်ထားခြင်းကြောင့် ဂျုံထဲရှိ ကစီဓာတ်တွေနွဲူ့ပခနာငခ ဓာတ်တွေ ပြောင်းလဲဖောက်ပြန်သွားကာ ရင်သားကင်ဆာဖြစ်စေပါတယ်။ ဒါတင် မကသေးပါဘူး သွေးထဲရှိသကြားပမာဏတွေ တိုးပွားလာပြီးတော့ ကင်ဆာအကျိတ်အဖုတွေကို လျင်လျင်မြန်မြန်ပြန့်ပွားစေပါတယ်။

(၈) ကန်မွေးငါးများ
============
သဘာဝနဲ့ဆန့်ကျင်ပြီး မွေးမြူတဲ့ ငါး၊ ပုစွန်ကန်တွေကို ရေစင်စင် မဆေးကြောဘဲ အစိမ်းစားမိတဲ့အခါ ကင်ဆာရောဂါဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ မွေးကန်ထဲမှ ရေ(စံ ပမာဏ) နဲ့ ရေအပေါ့ အငန်ဓာတ်တွေကို သဘာဝရေအတိုင်းရရှိအောင် အသုံးပြုထားတဲ့ ရေသန့်ဆေးအမျိုးမျိုး၊ ပိုးသတ်ဆေးများ၊ ငါး၊ ပုစွန်ကြီးထွားဆေးနဲ့ အကြေးခွံမာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပါပဲ။

(၉) ပြုပြင်ထားတဲ့ အဆီတုများ
==================
မာဂျရင်း၊ ထောပတ်တုနဲ့ ကရင်မ်တို့လို ဟိုက်ဒရိုဂျင်ဓာတ်သုံးပြီး ပြုပြင်ထားတဲ့ အဆီတုတွေက လူ့ခန္ဓာကိုယ်တွင်းရှိ ဆဲလ်အမြှေးပါးတွေ ဖွဲ့စည်းတည်ဆောက်မှုကို ကမောက်ကမဖြစ်စေကာ ကင်ဆာဆဲလ်အဖြစ် ဦးတည်လာပါတော့တယ်။

(၁ဝ) ဖန်တီးထားတဲ့ သကြားမှုန့်ဖြူဆွတ်ဆွတ်များ
============================
ကြံဖြင့်ပြုလုပ်ထားတဲ့ သကြားတွေက လူကိုဘေးဥပဒ် မဖြစ်စေပါ ဘူး။ သို့သော် ဖရူးတို့စ်(ခေါ်)ချိုအောင်ဖန်တီးထားတဲ့ သကြားမှုန့် ဖြူ ဆွတ်ဆွတ်တွေက သွေးထဲမှသကြားဓာတ်ကို ချက်ချင်းဆိုသလို မြင့်မား လာစေကာ ကင်ဆာဆဲလ်တွေကိုလဲ ကြီးထွားလာစေပါတယ်။
(Ref:Daily Health Tips)

ပေါက်ပေါက်
The Union Daily

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း

တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။

တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။


မြ၀တီ

အလုပ်မရှိသူများတွင် နှလုံးတိုက်ခိုက်ခံရမှု အခွင့်အလမ်းပိုများ

အလုပ်အကိုင် မရှိသူများတွင် သူတို့၏ ပိုက်ဆံအိတ်များထက် နှလုံးကိုပို၍ ထိခိုက်စေနိုင်ကြောင်း သိရသည်။

အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် ဆေးလိပ်စွဲသည့် အကျင့်ဖြစ်လာခြင်း၊ သွေးဖိအား မြင့်မားလာခြင်းနှင့် အခြားသော နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အချက်အလက်များ များပြားခြင်းတို့ ဖြစ်စေလာနိုင် ကြောင်းသိရသည်။ အသက် ၅၁ နှစ်မှ ၇၅ နှစ်ထိ အမျိုးသား၊ အမျိုးသမီး ၁၃၀ဝ၀ ကျော်ကို လေ့လာခဲ့ ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ်ကတည်းက ထိုလေ့လာခံ ပုဂ္ဂိုလ်များအား ၂နှစ်လျှင် တစ်ကြိမ် နှလုံးတိုက်ခိုက်မှု စတင်ပေးသည့် မောင်း ခလုတ်ဖြစ်နိုင်ကြောင်း သိရ သည်။ ထိုလေ့လာခံ ပုဂ္ဂိုလ်များ၏ ၇၀ ရာခိုင်နှုန်းနီးပါး ခန့်မှာ အနည်းဆုံး တစ်ကြိမ် ပြုတ်ခဲ့သူများဖြစ်သည်။ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှာ ၄ ကြိမ်နှင့်အထက် အလုပ်လက်မဲ့ ဖြစ်ခဲ့သူများဖြစ်သည်။ လေ့လာသည့် ကာလအတွင်း နှလုံးတိုက်ခိုက်ခံရသည့် အကြိမ် ၁၀၆၁ ကြိမ်ဖြစ်ခဲ့သည်။ အနည်းဆုံး အလုပ်လက်မဲ့ ၄ ကြိမ် ဖြစ်ခဲ့သူများတွင် ပုံမှန်လူများထက် နှလုံးတိုက်ခိုက်ခံ ရသည့်နှုန်း ၆၀ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရသည်။


မြ၀တီ

အနုပညာဆိုတာ တခြားသော အရာတွေလို အလွယ်တကူ ပြောင်းလဲလို့ မရတဲ့ အရာပါ နေမင်း

အရင်ရှေ့ပိုင်းက အားပေးတဲ့ ပရိသတ်တွေက ကျွန်တော်တစ်ကား ထွက်ပြီးတိုင်း တစ်ကားကြည့်ချင်ကြ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေ ခံလူတန်းစားပုံစံမျိုးလေးတွေ အဓိ ကထားပြီး ရိုက်ခဲ့တဲ့အတွက်ပါ။ ဥပမာ- တက်တူး၊ သမား ဆိုတဲ့ကား တွေမှာဆို ပရိသတ်အတွက် Message တစ်ခုမဟုတ်တစ်ခုပေးနိုင်ခဲ့ တယ်။ ဟိုတုန်းကတော့ တစ်ကားပြီး တစ်ကား အေးအေးဆေးဆေးလေး ပြင်ဆင်ပြီးရိုက်ရတော့ တစ်ကား ထွက်ပြီးတစ်ကား ကြည့်ချင်ကြ တယ်။

အခုကျတော့ ကုမ္ပဏီသုံးခုကို တစ်လတစ်ကားနှုန်း စာချုပ်ချုပ် ထားတော့ တစ်ကားကို ဆယ်ရက် လောက်ပဲအချိန်ရတာပေါ့။ အရင် တုန်းကတော့ တစ်လကိုတစ်ကား လောက်ပဲရိုက်ခဲ့တာ အခုချိန်မှာ တစ်လကို သုံးကားလောက်ရိုက်နေ ရတဲ့အတွက် အရင်ကလောက် တော့ ပြင်ဆင်ချိန်မရပါဘူး။ ကျွန် တော်စရိုက်ခဲ့တဲ့ ကားတွေမှာဆို ပေ ပေတေတေ ကြမ်းကြမ်းတမ်းတမ်း ဇာတ်ကားမျိုးတွေရိုက်ရင်းရိုက်ရင်းနဲ့ နောက်ပိုင်းမှာ ဆယ်ကျော်သက်အ ရွယ် ပရိသတ်တွေက အချစ်ဇာတ် လမ်းတွေ ရိုက်ဖို့တောင်းဆိုတော့ ကျွန်တော်ဇာတ်ကားတွေ ရိုက်ကူုးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အ ရင်ကတည်းက ချစ်သူရည်းစားတွေ လို ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်တော့ အခက်အခဲတော့ရှိပါတယ်။

နောက်တစ်ခုက ကျွန်တော့်အသံက နည်း နည်းတိုးတယ် ဒါပေမဲ့ အသံ အကျယ်ကြီးပြောတဲ့အခါကျရင် လို တာထက်ပိုသွားတယ်လို့ ထင်မိလို့ ပါ။ ၂၀၁၄ခုနှစ်မှာတော့ ကျွန်တော် အရင်ကရိုက်ခဲ့တဲ့ ပုံစံမျိုးလေးတွေ ရယ်၊ ဆယ်ကျော်သက်အရွယ်တွေ ကြိုက်မယ့် ပုံစံမျိုးလေးတွေနဲ့ မိသား စု ဇာတ်အိမ်တည်ထားတဲ့ ဇာတ် လမ်းမျိုးတွေရိုက်မှာပါ။ ဇာတ်ကား တွေပိုပြီးကောင်းအောင်ရိုက်မှာဖြစ် တဲ့အတွက် အရင်က ထုတ်လုပ်ရေး သုံးခုထဲက တစ်ခုကိုဖယ်ပြီးတော့ နှစ်ခုနဲ့ပဲ တစ်လကိုတစ်ကားပဲရိုက် မှာပါ။ အရင်ကလိုမျိုး ပြန်ရိုက်တဲ့အ တွက် ကျွန်တော့်ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် စိတ်ကိုဖြေ သိမ့်နိုင်တဲ့ ရသမျိုးတော့ ရလိမ့်မယ် လို့ထင်ပါတယ်။ နောက်ထပ်တစ်ခု က ပရိသတ်ကအသံတိုးတယ်ပြော တယ် ဆိုတာကလည်း ကျွန်တော် ကတော့ ပုံမှန်ပြောတာပါပဲ။

ဒါပေမဲ့ တစ်ဖက်က အသံဖမ်းတဲ့နည်းစနစ် ချွတ်ယွင်းသွားလို့ အဆင်မပြေဖြစ် နေတာပါ။ ကျွန်တော်တို့အခုလက် ရှိ လည်ပတ်နေတဲ့ နည်းစနစ်ပိုင်း ဖြစ်ဖြစ်။ စက်ကိရိယာပိုင်းဖြစ်ဖြစ် ကျွန်တော်တို့ကအစအားလုံး ပံ့ပိုးပြီး ကုမ္ပဏီနဲ့လည်းညှိရပါတယ်။ ဒီ အတိုင်းလည်ပတ်နေတဲ့ အခြေအ နေတစ်ခုကနေ အလျင်စလိုပြောင်း လဲဖို့ဆိုရင်တော့ အချိန်အတိုင်းအ တာတစ်ခုတော့ ရုန်းကန်ရမှာပေါ့။ အဲဒီလို ရုန်းကန်ရမယ့် အချိန်တွေ၊ ဆွဲတင်ရမယ့် အချိန်တွေ ကျွန်တော် တို့ပြန်ရှာရမယ်။ ဗဟုသုတတွေ လည်းရှိသေးတာပေါ့။ အမှားတွေ ရှိနေတဲ့ကြားကနေ သည်းခံပြီးအား ပေးတဲ့ ပရိသတ်တွေအတွက်ပြည့် စုံတဲ့ နည်းပညာပိုင်းဆိုင်ရာ ဖန်တီး မှုတွေနဲ့အမြဲတမ်းတင်ဆက်နိုင်အောင် ကြိုးစားနေမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့က အမှားကနေ အမှန် ကိုကူးပြောင်းနေကြတာပါ။ အနုပ ညာဆိုတာတခြားအရာတွေလို အ လျင်စလိုပြောင်းလဲချင်တိုင်း ပြောင်း လဲလို့မရတဲ့အရာပါ။

 By 8 Days


ဇာတ်ရုပ်အစုံ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ပဲ ဖြစ်ချင်တယ် အိချောပို

ဇာတ်ရုပ်အစုံ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ပဲ ဖြစ်ချင်တယ် အိချောပို အခုလက်ရှိ အိချောပိုရိုက်ကူး နေတဲ့ "တက်တူးမ" ဆိုတဲ့ကားမှာ sexy ပုံစံမျိုး သရုပ်ဆောင်ရမှာဆို ပေမယ့် သိပ်ဆိုးဆိုးရွားရွားကြီးတွေ ပါတာမရှိပါဘူး။ ကိုယ်နဲ့လက်ထပ် မယ့်လူကို ရင်ဘတ်မှာကျားရုပ်တက် တူးထိုးတဲ့လူက သတ်သွားတာ။

အဲ ဒါကြောင့်ရင်ဘတ်မှာ ကျားရုပ်တက် တူးရှိတဲ့လူကို သတ်မယ်ဆိုပြီး လုပ် တဲ့ပုံစံမျိုးပဲ။ သူ့ရဲ့ခေါင်းထဲမှာ ဒီလူကို သတ်မယ်ဆိုတဲ့ စိတ်ပဲရှိတဲ့အ တွက် သိပ်ပြီး ထူးထူးခြားခြားအခန်း မျိုးမပါဘူး။ ပေါက်မယ်လို့ ယုံကြည် ထားလားဆိုတော့ ဒါကထွက်လာလို့ ပရိသတ်ကြိုက်တယ်ဆိုရင်တော့ ပေါက်တာပေါ့။ ချောအနေနဲ့က ဇာတ်လမ်းဆန်းတဲ့အတွက် ဒီကား ရိုက်ရတာကြိုက်ပါတယ်။ နောက် ပိုင်းဒီလိုထူးထူးဆန်းဆန်း ဇာတ်လမ်း မျိုးတွေ ရိုက်ဖို့ပြောထားတာတွေရှိ တယ်။ ဇာတ်လမ်း ဆန်းဆန်းလေး တွေ ရိုက်ရင်တော့ ပြောပြပါမယ်။

" ကျွန်တော့်ရဲ့ အရွတ်တုံးလေးများ " မှာ ယောကျာ်းလျာ ကာရိုက်တာ သရုပ်ဆောင် ထားတာ အရမ်းကြိုက် ကြတယ်။ နယ်တွေဘာတွေသွားရင် ဟယ်အရွတ်တုံးလေးဆိုပြီးလှမ်းခေါ် ကြတယ်။ အဲဒီမှာ ကာရိုက်တာလေး က ဆန်းတယ်လေ။ အားလုံးထဲမှာ ကိုယ်က ယောကျာ်းလျာပုံစံမျိုး ဆို တော့ ကာရိုက်တာဆန်းဆန်းလေး တွေနဲ့ ကိုယ့်ကားတွေ ပေါက်တဲ့အ ခါပျော်ဖို့ကောင်းတယ်။ ပရိသတ် တွေကကာရိုက်တာ အဆန်းလေးတွေ နဲ့တွေ့ရတယ်။ သူတို့ကလည်း သ ဘောကျတယ်ဆိုရင် ကျေနပ်ပါ တယ်။ ချောအနေနဲ့ ထွေထွေထူးထူး အခက် အခဲဆိုပြီးမရှိပါဘူး။ ကာရိုက် တာက ချော အခုတော့ အစုံရိုက် နေတာပဲ။ တချို့ပရိသတ်ကျတော့ လည်း ဖန်စီရိုက်ပါ။

တချို့ကလည်း ဒရာမာတွေများများရိုက်ပါ။ တချို့ ကလည်း အိမ်ထောင်သည် ကား တွေနဲ့ လိုက်တယ်တဲ့။ အဲဒီလိုမျိုး အ မျိုးစုံပြောကြတယ်။ ချောကတော့ ကာရိုက်တာအစုံရိုက်ချင်တယ်။ ပရိ သတ်ရဲ့မျက်စိထဲမှာ အိချောပို ကာ ရိုက်တာအစုံနဲ့ လိုက်တယ်ဆိုပြီး ဖြစ် ချင်တယ်။ ချောက အဲဒီလိုကာရိုက် တာတစ်မျိုးတည်း မှာထက် အားလုံး ကိုလိုက်အောင်လုပ်မယ် ဆိုတဲ့ စိတ် ကို အမြဲတမ်းထားတယ်။ ကိုယ့်ကား တွေထွက် လာတဲ့ အခါ လိုအပ်ချက် တွေ တွေ့လို့စိတ်ညစ် တာမျိုးရှိသေး လားဆိုတော့ " ကားထွက်လာရင် ကြည့်လိုက်ပြီး လိုအပ်တာ ရှိရင်တော့ အဲဒါငါပြန်ပြင်ရမယ် ဆိုပြီး အတွေး တော့ရှိတယ်။ စိတ်ညစ် တာတော့ မရှိပါဘူး။ ဒါကတော့ ကိုယ်မသိတာ ကိုတော့ ပြင်သင့်ရင်ပြန်ပြင်ရမှာပါ ပဲ။"

By 8 Days

နာပိုလီ၏ မျက်စိရှုပ်စရာ ပြောက်ကျားဂျာစီဒီဇိုင်း ဝေဖန်ခံနေရ

ယခုရာသီတွင် အီတလီ စီးရီးအေ၌ မန်နေဂျာသစ် ရာဖာဘင်နီတက်ဇ်၏ ဦးဆောင်မှုများနှင့် အတူ လေးစား လောက်ဖွယ် စွမ်းဆောင် ရည်ကောင်းများ ပြသလာခဲ့သည့် နာပိုလီသည် အဝေးကွင်း ဂျာစီသစ်ကို မိတ်ဆက်လိုက်မှ ရယ်ပွဲဖွဲ့ချင်စရာ ဖြစ်လာကြောင်း သတင်းများက ဆိုသည်

နာပိုလီ အသင်းအနေဖြင့် အဆန်းထွင်ထားသည့် ပြောက်ကျားဒီဇိုင်း အဝေးကွင်း ဝတ်စုံကြောင့် လှောင်ပြောင်မှုများ ကြုံနေရကြောင်း သိရသည်။ ယခုရာသီတွင် အီတလီ စီးရီးအေ၌ မန်နေဂျာသစ် ရာဖာဘင်နီတက်ဇ်၏ ဦးဆောင်မှုများနှင့်အတူ လေးစားလောက်ဖွယ် စွမ်းဆောင်ရည်ကောင်းများ ပြသလာခဲ့သည့် နာပိုလီသည် အဝေးကွင်း ဂျာစီသစ်ကို မိတ်ဆက်လိုက်မှ ရယ်ပွဲဖွဲ့ချင်စရာ ဖြစ်လာကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်က စတင်၍ ပြသခဲ့သော ဂျာစီသစ်မှာ ရှုပ်ထွေးလွန်းပြီး ဘောလုံးကွင်းထဲတွင် မျက်စိနောက်စရာ ဖြစ်နေကြောင်း နာပိုလီ ပရိသတ်များ ကိုယ်တိုင်က ဝေဖန်နေကြသည်။ နာပိုလီသည် အဆိုပါ အဝေးကွင်း ဝတ်စုံသစ်ကို အတည်ပြု အသုံးပြုသွားမည်ဟု ကြေညာထားသည်။

နာပိုလီ၏ ဝတ်စုံသစ်သည် အစိမ်းပုပ်ရောင် အရိပ်များကို အားဖြည့်ခြယ်သထားသည့် ပြောက်ကျားဒီဇိုင်းကို အခြေခံထားခြင်း ဖြစ်သည်။ ထို့အပြင် မီးခိုးရောင်နှင့် အနက်ရောင်တို့ကို ရောစပ်ထားပြီး စပွန်ဆာ အမှတ်တံဆိပ်၏ စာသားအနီက အလယ်တွင် ထင်းထင်းကြီး ဖြစ်နေသည်။ ပရိသတ်များက ယခုဂျာစီ ဒီဇိုင်းကို ဖန်တီးသူသည် ပါရမီရှင် တစ်ဦးဖြစ်ကြောင်း အငေါ်တူး ပြောဆိုလျှက်ရှိကာ ဘောလုံးသမိုင်းတွင် အဆိုးဆုံး ဂျာစီတစ်ထည်ဟုလည်း ပြောဆိုလျှက် ရှိသည်။ ယခင်ကလည်း အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အဲဗာတန်သည် ဂိုးသမား ဂျာစီကို ပြောက်ကျားဒီဇိုင်း ထွင်မိသဖြင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရဖူးသည်။

Planet Myanmar Network

မိုင်လီဆိုင်းရပ်စ်ကို အားကျနေသည့် တက်သစ်စ အဆိုတော်မလေး

Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်

သူမအနေဖြင့် မိုင်လီဆိုင်းရပ်စ်၏ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုမျိုးကို နှစ်သက် သဘောကျမိကြောင်း တက်သစ်စ အဆိုတော်မလေး အေရီရာနာ ဂရန်ဒီက ပြောကြားလိုက်သည်။ Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။ Wrecking Ball ဂီတ ဗီဒီယိုတွင် မိုင်လီက ဝတ်လစ်စားလစ် ပုံရိပ်များ ထည့်သွင်းခဲ့သလို ပြီးခဲ့သည့်နှစ် MTV၏ VMA ဆုပေးပွဲတွင် ကြမ်းတမ်းလော်လီလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူပြောများခဲ့သည်။

မိုင်လီ့အနေဖြင့် ဝေဖန်မှုများ ကြုံနေရသော်လည်း ထောက်ခံရပ်တည်သူများလည်း ရှိနေရာ ယင်းတို့အနက် အေရီရာနာက တစ်ဦးအပါအဝင် ဖြစ်လာသည်။ အေရီရာနာက "ကျွန်မကတော့ မိုင်လီ့စိတ်ကို သဘောကျတယ်။ သူ့ကို Rock Starတစ်ယောက်လို မြင်တယ်။ မိုင်လီဟာ ကိုယ့်သရုပ်သကန်ကိုယ် ယုံယုံကြည်ကြည် ထုတ်ပြနေတာလို့ ကျွန်မ ထင်ပါတယ်။ Popဂီတ ယဉ်ကျေးမှုမှာ နည်းနည်းပါးပါး လွန်ကဲသွားတာဟာ အမှားတစ်ခု မဟုတ်ဘူး။ ပြောရရင် ကျွန်မကိုယ်တိုင်လည်း သံဘောလုံးကြီး တစ်ခုပေါ်မှာ ဝတ်လစ်စားလစ် တက်ထိုင်ပြရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုမျိုး လိုချင်မိပါတယ်။ ဒီအခြေအနေမှာ ကိုယ့်ခန္ဓာကိုယ်အပေါ် အပြည့်အဝ ဂုဏ်ယူယုံကြည်စိတ် ရှိနေရမယ်လေ"ဟု ပြောကြားခဲ့သည်။

အသက်(၂၀) အရွယ်ရှိ အေရီရာနာက Popဂီတ လောက၏ လူဆိုးလေးအဖြစ် နာမည်ကြီးနေသော ဂျက်စတင်ဘီဘာကိုလည်း ကာကွယ်သွားသည်။ ဂျက်စတင်သည် မကြာသေးမီက အရက်သောက်ပြီး ကားမောင်းမှုဖြင့် အဖမ်းခံရသည်။ "လူတွေက ပုံကြီးချဲ့နေတာပါ။ Twitterမှာ ဒါမျိုးဒါမျိုးတွေကို လူပေါင်းစုံ လုပ်ပြတာတွေ ဂုဏ်ယူပြီး ရေးနေတာပဲ။ အဲဒီလူတွေကျတော့ မျက်ကွယ်ပြု ခံနေရတယ်။ ဂျက်စတင် အဆင်ပြေပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်"ဟု သူမက ဂျက်စတင်ဘက်မှ ရပ်တည် ပြောဆိုသွားသည်။

Planet Myanmar Network

ဂျက်စတင်ဘီဘာအား နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသားများ တောင်းဆို

လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၂၆

ကနေဒါပေါ့ပ်ငွေကြယ်ပွင့် ဂျက်စတင် ဘီဘာသည် မူးယစ်ဆေးဝါးမှုနှင့် အဖမ်းခံရပြီးနောက် ၄င်းအား အမေရိကန် နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာ က လက်မှတ် ရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်ကို WeThe People သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၄၈ နာရီ အတွင်းမှာပင် အမေရိကန် နိုင်ငံသား ၁၅ဝဝဝ ကျော်က ပါဝင် လက်မှတ်ရေး ထိုး ခဲ့ကြသည်။ ဘီဘာသည် ပေါ့ပ်ဂီတ ယဉ်ကျေးမှုကို မှားယွင်းစွာ ကိုယ်စားပြုမိသည်ဟု အမေရိကန် နိုင်ငံသားများက ယူဆထားကြောင်း၊ ၄င်း၏ အပြုအမူများသည် လူငယ်များ အတွက် အန္တရာယ်ရှိကြောင်း၊ ၄င်းအား မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးသင့်ပြီး ၄င်း၏ Green Card ကိုလည်း ပြန်လည် ရုပ်သိမ်းသင့်ကြောင်း အမေရိကန် ပြည်သူများက ပြောကြား ထားသည်။

ဘီဘာ၏အပြုအမူများသည် နိုင်ငံအတွင်းရှိ လူငယ်များအပေါ် မှားယွင်းစွာ လွှမ်းမိုး စေနိုင်သောကြောင့် ၄င်းအား မိမိတို့၏ လူ့အသိုင်းအဝိုင်းမှ ဖယ်ထုတ်သင့်ကြောင်း ပြည်သူ များက ၄င်းဝက်ဘ်ဆိုက်တွင် ထပ်လောင်း ရေးသားခဲ့သည်ဟု သိရသည်။

မြ၀တီ

ထောင်တွင်းသို့ စိတ်ကြွဆေး တင်သွင်းသူ မိန်းကလေး အမှုမှ ကွင်းလုံးကျွတ်လွတ်

ကျိုင်းတုံ၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အကျဉ်းထောင် အတွင်းရှိ ဖခင်ဖြစ်သူထံသို့ စိတ်ကြွဆေးပြားများ တင်သွင်းလာသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ကျိုင်းတုံမြို့နယ် တရားရုံးက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ် စစ်ဆေးကာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ၄၇(က)(၁)အရ အမှုမှ အပြီးအပြတ် လွှတ်၍ အုပ်ထိန်းသူ ဆွေမျိုးများထံ ပြန်လည် အပ်နှံရန် အမိန့်ချမှတ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးရဲကြည်က ပြောကြားသည်။

အဆိုပါ မိန်းကလေးငယ်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ် ကျခံနေရသော ဖခင်ဖြစ်သူထံသို့ ခုနစ်နှစ်အရွယ် မောင်ဖြစ်သူ နှင့်အတူ ထောင်ဝင်စာ လာတွေ့စဉ် ၎င်းယူဆောင်လာသည့် ပစ္စည်းများကို ရှာဖွေ စစ်ဆေးရာမှ အိုင်အိုဒင်းဆား ထုပ်အတွင်း သိုဝှက် သယ်ဆောင်လာသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀ ပြားပါ ၃ ထုပ် စုစုပေါင်း ၃၀ ပြားကို ရှာဖွေ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ စခန်းမှ မယ(ပ) ၅၈/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရ တရားစွဲ တင်ပို့ခံရသူ ဖြစ်ကြောင်း အထက်ပါ ဒုရဲမှူးက ဆိုသည်။

“ကလေးမလေးနဲ့ သူ့မောင်လေးကို သူ့အမေက ထောင်ဝင်စာ သွားတွေ့ဆိုပြီး ပစ္စည်းတွေနဲ့အတူ မူးယစ်ဆေးပြားတွေ ထည့်ပေးလိုက်တော့ ကလေးတွေက ကြားထဲကနေ ဘုမဘိဘမသိ ခံလိုက်ရတာ။ သူ့အမေကတော့ အခင်းဖြစ်ချိန်ကတည်းက ထွက်ပြေး လွတ်မြောက်သွားလို့ တရားခံပြေးအဖြစ် ကြေညာ ထားတယ်။ ကောင်မလေးကို တရားရုံးနဲ့ ရဲတပ်ဖွဲ့ကပါ နောက်ဒီလို မလုပ် အောင် သေချာ ဆုံးမ လွှတ်လိုက်ပါတယ်။ ဇန်နဝါရီလ ၂၆ရက်နေ့ မနက်မှာပဲ သူ့အဒေါ်နဲ့ ရွာကလူကြီးတွေ လက်ထဲ ပြန်အပ်လိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာ အုပ်စု၊ ကာဝိုးရွာနေ စိတ်ကြွ ဆေးဝါးများ သယ်ဆောင်လာသည့် အသက် ၁၃ နှစ်အရွယ် ထိုမိန်းကလေး၏ ကွင်းဆက် တရားခံဖြစ်သူ မိခင် ဒေါ်ဘူးဒေါ့ကို ကျင့် ၅၁၂ အရ တရားခံပြေးအဖြစ် တရားစွဲ တင်ပို့ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

“မူးယစ်ဆေဝါးနဲ့ ပတ်သက်ပြီးတော့ ဒီကလေးမလေးလို နောက်ထပ် ယောက်ျားလေးတစ်ယောက် ရှိသေးတယ်။ ကလေးမလေးကိုတော့ သူ့ဆွေမျိုးတွေက ဒီနေ့ လာခေါ်ပေမယ့် ကောင်လေးကိုတော့ အခုထိ လာမခေါ်ကြသေးဘူး။ တရားခံတွေ ဖြစ်ပေမယ့် ကလေးတွေဆိုတော့ အချုပ်ထဲလည်း ထည့်လို့ မရလို့ ဘာမှ မဖြစ်အောင် နေ့စဉ် မျက်လုံး ဒေါက်ထောက် ကြည့်နေရတယ်။ သူတို့အတွက် အစားအသောက်ကအစ နေ့စဉ် ကျွေးနေရတာ” ဟု ယင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ဝင်းမင်းသန့်က ပြောကြားသည်။

The Voice Weekly


ကယ်လီဖိုးနီးယား ပင်လယ်ကွေ့မှ မျက်တစ်လုံးငါး

ကယ်လီဖိုးနိးယား ပင်လယ်ကွေ့မှာ တံငါသည် တစ်ဦး ဖမ်းဆီးရမိခဲ့တဲ့ ငါး ဖြစ်ပြီး ငါးမန်းအမျိုးအစား ဖြစ်ပါတယ်။

၂၂ လက်မ အရှည်ရှိပြီး သက်ရှိတွေမှာ ဖြစ်တတ်တဲ့ Cysclops အမည်ရ ချို့ ယွင်းချက် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ယင်းချို့ ယွင်းချက်က မွေးကတည်းက မျက်လုံး တစ်လုံးတည်းပဲ ပါရှိစေပြီး သက်ရှိတွေကိုမွေးဖွား လာခြင်း ဖြစ်ပါ တယ်။ ယင်းထဲမျာ ငါးမန်းတစ်ကောင် အနေနဲ့ ယခုလို မွေးဖွားတယ်ဆိုတာ အင်မတန်ရှားပါး ပါတယ်။ သက်ရှိထင်ရှား ရှိပြီး မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးမန်း အထီး ဖြစ်ပါတယ်။ အရည်ခွံဟာလည်း ဖြူနေပြီး အမြင်မှာ တင် ထူးခြားနေပါတယ်။

ယင်းကဲ့သို့ မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးများကို ယခင်ကလည်း များစွာ ဖမ်းဆီး ရမိဖူးပြီး သုတသန ပြုလုပ်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း

အင်းလေးမီဒီယာ

ကျားတစ်ကောင်နှင့် လူသားတစ်ဦးတို့၏ ထူးထူးခြားခြား သံယောဇဉ်

ဧရာမ ကျားကြီးတစ်ကောင်၏ နှုတ်ခမ်းကို နမ်းရှုပ်ရန် ဆိုသည်မှာ အလွန် ကြက်သီးထစရာ အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း အင်ဒိုနီးရှားရှိ ရွာငယ်လေး တစ်ခုမှ အက်ဘ်ဒူလာ ရှိုလာအတွက်မူ ယင်းသည် ပြဿနာ တစ်ခုမဟုတ်ချေ။ ၎င်းသည် မူလန်အမည်ရှိ ဘင်္ဂလားကျားကြီး တစ်ကောင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ပြီး လုံးထွေးရစ်ပတ် ဆော့ကစားလေ့ရှိသူ ဖြစ်သည်။

သတင်းထောက်များက တောင်းဆိုသောအခါ ၎င်းက မူလန်နှင့် လိုလိုချင်ချင်ပင် နမ်းရှုပ်ကျီစယ်ပြခဲ့သည်။ အသက်(၃၃)နှစ်ရှိ အက်ဘ်ဒူလာသည် ကျားကြီးမူလန် ကလေးဘဝ အကောင်ပေါက်လေး အရွယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သည်။


Planet Myanmar Network

အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

(က) အသက်အရွယ်

အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း

မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။

(ဂ) ဆေးလိပ်သောက်ခြင်း

(ဃ) လူမျိုး

အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။

(င) အစားအစာမှရရှိသည့် အဆီ

အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

(စ) ဟော်မုန်း

ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။

(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း

PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။

(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း

ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။

ဒေါက်တာခင်မိုးမိုး


မြ၀တီ

မြွေ ၀င်စားလား

ခန္ဓာကိုယ် ပျော့ပြောင်းမှု ကို သရုပ်ပြနေပုံ ရုပ်/သံ

ကွမ်းယာရောင်းသူလေး၏ အပြုံးကို ကွမ်းယာဝယ်ယူသူက ဖက်နမ်းပြီး အဖမ်းခံလိုက်တဲ့ ဈေးသည်နဲ့ဈေးဝယ်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်း၊ မင်းကင်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ယခုလ
၂၁ ရက် ညနေ ၅ နာရိအချိန်က ကွမ်းယာရောင်း သူလေး၏ နုတ်ဆက်အပြုံးကို ကွမ်းယာလာဝယ်သူက စိတ်မထိန်းနိုင်ဘဲ ပွေ့ဖက်နမ်းရှုံ့လိုက်သည့်အတွက် မင်းကင်းမြို့မရဲ စခန်းက ကွမ်းယာဝယ်သူကို အမှုဖွင့်အရေးယူလိုက်ကြောင်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အသက်(၂၉)နှစ်အရွယ် မ.... ဆိုသူသည် သူမ၏ ဈေးဆိုင်၌ ဈေးရောင်းနေစဉ် မင်းကင်းမြို့နယ်၊ လက်သမား ချောင်ကျေးရွာနေ ကို.... အသက်(၂၃)နှစ်ဆိုသူမှ ထိုဈေးဆိုင်သို့ ကွမ်ယာ ငါးကျပ်ဖိုး ၀ယ်ယူရန်ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် ကွမ်းယာရောင်းသူမှ ကွမ်းများကိုယာနေချိန်တွင် ထိုဈေးဆိုင်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားသည့် ကွမ်းယာရောင်းသူ၏ အသိမတ်ဆွေများကို ကွမ်းယာရောင်းသူမှ ပြုံးပြ၍နုတ်ဆက်နေစဉ် ကွမ်းယာလာရောက်ဝယ်ယူသူမှ ကွမ်းယာရောင်းသူအား ပွေ့ဖက် နမ်းရှုံ့ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းက မှတ်တမ်းများရယူထားသည်ဟု သိရသည်။

ထို့ကြောင့် ကွမ်းယာရောင်းသူ မ.... ဆိုသူက သူမအား ပွေ့ဖက်နမ်းရှုံ့ခဲ့သူ ကို... အား ဥပဒေအရ အရေး ယူပေးရန် ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်အား မင်းကင်းမြို့မရဲစခန်းက(ပ) ၉/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၄အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး

ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်


ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။

How to Fix Dry Cracked Feet

အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။

နည်း(၁) - ရှာလကာရည် ပန်းကန်လုံး တစ်ခွက် ပမာဏကို ၂ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ရောလိုက်ပါ။ တစ်ပတ် မိနစ် ၃၀ ကနေ ၄၅ မိနစ် စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။

နည်း(၂) - မုန့်ဖုတ် အမှုန့် Baking Soda ပန်းကန်လုံး တစ်ဝက် ပမာဏကို ၁ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ပျော်ဝင် သွားအောင် ရော လိုက်ပါ။ ရောပြီး ရေထဲမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ် ထားပါ။

နည်း(၃) - ၁ ဂါလန် ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက်ရွက်ဆီ နည်းနည်း ထည့်လိုက် ပါ။ ပြီးနောက် ရေထဲ စိမ်ပြီး ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ ဒီနည်း ကတော့ ဘတ်တီးရီးယားလို၊ မှိုလို မျိုးကြောင့် ခြေဖ၀ါး ကွဲတာမျိုး ဆိုပို ကောင်း ပါတယ်။

နည်း(၄) - ၁ ဂါလန်ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက် စားဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း ပမာ ဏရှိတဲ့ Lemon Juice ထည့်ပါ။ ပြီးနောက် ရေထဲစိမ်ပြီး ရေစစ်၊ အခြောက်ခံပါ။

How to Fix Dry Cracked Feet

အထက်ပါ နည်းတွေ အပြင် လှပတဲ့ ခြေဖ၀ါး ပိုင်ရှင်တွေ ဖြစ်ဖို့ အတွက် မှတ်သား ထားရမှာတွေ ရှိပါ သေးတယ်။ ကုမ္ပဏီထုတ် Lotion တွေ အစား သဘာဝ ကရတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ဖယောင်း ဒါမှမဟုတ် မီးဖိုကြောင်သုံး ဆီပဲဖြစ်ဖြစ် အထက် ဖော်ပြပါ နည်းလမ်း မျိုးတွေ သုံးတဲ့ အခါ တစ်စက်၊ နှစ်စက်သော ပမာဏလောက် အနံ့ကောင်းအောင် ထည့်ပြီး စိမ်ကြည့် ကြပါ။ ရေမွှေး ဆီမျိုးကို မသုံးပါနဲ့။ အကြောင်း ရင်းက အသားအရည် အတွက် စိတ်မချ ရလို့ပါ။ အကောင်းဆုံး နည်းလမ်း တစ်မျိုးကတော့ လက်ဖက် စားဇွန်း ၁ ဇွန်း ပမာဏ သံလွင်ဆီကို Lemon Juice အနည်းငယ်နဲ့ ရောပြီး ခြေဖ၀ါးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ကို စိမ့်နေအောင် လိမ်းပါ။ ပြီးရင် သန့်ရှင်းတဲ့ ချည်ခြေ အိတ်နဲ့ စွပ်ထားလိုက် ပါ။

အထက်က ဖော်ပြခဲ့တဲ့ နည်းတွေမှာ ခြေအိတ် သုံးရင် ချည်ခြေအိတ်သာ သုံးသင့် ပါတယ်။ ဒါမှ လေ၀င် လေထွက် ရှိပြီး အကျိုးရှိမှာ ဖြစ် ပါတယ်။ ခြေဖ၀ါးတွေ ကွဲလှပါတယ် ဆိုတဲ့ သူတွေအတွက် သိမှတ်ဖွယ်ရာ တွေကို ဖော်ပြပေး ခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေကို ကော ပြန်လည် ကုစားရတဲ့ နည်းလမ်း တွေပါ ဖော်ပြပေး ခဲ့တာကြောင့် အသုံးဝင်မှာပါ။ ဖော်ပြပါ သဘာဝနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စာဖတ်သူ တွေရဲ့ ခြေဖ၀ါး တွေဟာ လှပပြီး နူးညံ့နိုင် ကြပါစေလို့ မျှော်လင့် ပါတယ်ဗျာ။

ကျန်းမာရေးစာတိုများစုစည်းမှု

လေဒီဂါဂါ၏ တေးအယ်လ်ဘမ်သစ် တရုတ်တွင် ဖြန့်ချိခွင့် ပြန်လည်ရရှိ

အမေရိကန်အဆိုတော် လေဒီဂါဂါ၏ တေးအယ်လ်ဘမ်များအား တရုတ်နိုင်ငံတွင် ရောင်းချခွင့် ကို သုံးနှစ်ကြာ တားမြစ်ခံရပြီးနောက် သူမ၏ တေးအယ်လ်ဘမ်သစ် Artpop ကို အာဏာပိုင် များက ရောင်းချ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လေဒီဂါဂါ၏ Artpop တေးအယ်လ်ဘမ် မျက်နှာဖုံးမှ မူရင်းဓာတ်ပုံအား ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် တားမြစ်မှုကို ရုပ်သိမ်းရန် တရုတ်နိုင်ငံ၏ တည်းဖြတ်ရေး အဖွဲ့က သဘောတူ ခဲ့သည်။ ယခုအခါ လေဒီဂါဂါသည် အပြာရောင် ဘောလုံးကြီးနှင့် သူမ၏ ခန္ဓာကိုယ် ကိုကွယ် နေသော ပုံစံဖြင့် ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ကာဗာဓာတ်ပုံ ကို ပြောင်း လဲ ပေးခဲ့သည့်အတွက် တရုတ် နိုင်ငံတွင် ရောင်းချ ဖြန့်ချိခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံတွင် မိမိ၏ တေးအယ်လ်ဘမ်သစ်ကို ဖြန့်ချိခွင့် ရသည့်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မိကြောင်း၊ ထပ်မံ၍ အဆိုပါ နိုင်ငံ တွင် ဖျော်ဖြေခွင့်ရရန် လည်း မျှော်လင့် မိကြောင်း လေဒီဂါဂါက ပြောကြားခဲ့သည်။

တေးအယ်လ်ဘမ် ကာဗာဓာတ်ပုံကို ပြောင်းလဲရသည့်အပြင် Sexxx Dreams တေးသီချင်း အမည်ကိုလည်းX Dreams ဟု ပြောင်းလဲ ပေးခဲ့ရသည်။ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု ဝန်ကြီးဌာနက လေဒီဂါဂါ၏ တေးသီချင်းများသည် နိုင်ငံ၏ ယဉ်ကျေးမှုကို ထိခိုက်စေနိုင် သည့်အတွက် ၂ဝ၁၁ ခုနှစ်တွင် စတင်၍ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ

မင်းသမီး အဖြစ် သရုပ်ဆောင်ခြင်းကို တက္ကသိုလ်ဝင်တန်း ပြီးမှ လုပ်ဆောင်ရန် စဉ်းစားပါမယ် ဆိုတဲ့ အကယ်ဒမီ ယွန်းယွန်း

ကလေး သရုပ်ဆောင်အဖြစ် ၂ဝ၁၂ ခုနှစ် အကယ်ဒမီ ရွှေစင်ရုပ်ဆုကို ပိုင်ဆိုင်ခဲ့သူ ယွန်းယွန်းက မင်းသမီးအဖြစ် ရုပ်ရှင် ရိုက်ကူးခြင်းကို တက္ကသိုလ် ဝင်တန်း ပြီးဆုံးချိန်မှ စတင်လုပ်ဆောင်ရန် စဉ်းစားမည် ဖြစ်ကြောင်း မြဝတီ သတင်းစာသို့ ပြောကြားခဲ့သည်။

ယွန်းယွန်းသည် လက်ရှိတွင် ချောင်းသာ ကမ်းခြေ၌ ''ဝါစိမ်းနီ ကမ္ဘာသိမ်းမည်'' ဇာတ်ကားကို ရိုက်ကူးခဲ့ကာ ကမ်းခြေ၌ မွေးနေ့ပွဲလေးကိုပါ ကျင်းပခဲ့ပြီးအဋ္ဌမတန်း အတန်းတင် စာမေးပွဲ ကြီးဖြေဆိုရန် ပြင်ဆင်တော့မည် ဖြစ်ကာ အထက်တန်း ပညာရေးဖြစ်သည့် နဝမတန်း နှင့် တက္ကသိုလ် ဝင်တန်းသို့ ရောက်ပါက ပညာရေး အတွက် ဦးစားပေး၍ လုပ်ဆောင် တော့မည် ဖြစ် ကြောင်း သိရသည်။

''သမီးက မင်းသမီး တစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးဖို့ကို တက္ကသိုလ် ဝင်တန်းပြီးမှ စဉ်းစားမှာပါ။ ဖေဖော်ဝါရီ တစ်လလုံးတော့ အဋ္ဌမတန်း စာမေးပွဲ အတွက် ပျက်ရက်မရှိ ကျောင်းတက်မှာ ဖြစ်ပြီး ပြန်လှန် သင်ကြားခြင်းတွေကို သေချာ ကျက်မှတ်ပါ့မယ်''ဟု ပြောပြခဲ့သည်။

ယွန်းယွန်းက အနုပညာ သက်တမ်း တစ်လျှောက်လုံး သူမကို အားပေးနေသော ပရိသတ်ကြီးကို ကျေးဇူးတင်လျက် အထူးကြိုးစား သရုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

မြ၀တီ

ချစ်သူများနေ့မှာ အရင်နှစ်တွေတုန်းကလို ရောက်လာမယ့် လက်ဆောင်ကို မျှော်နေမိမယ်လို့ ဖွင့်ဟလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

ချစ်သူများနေ့ နီးလာပြီဆိုတော့ ချစ်စရာသွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ အချစ်ရေးနဲ့ ဗယ်လင်တိုင်းကို ဘယ်လိုကုန်ဆုံးမယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ သူမက ‘၂၀၁၄ ကျရင် မ၀ိုင်းစု မင်္ဂလာဆောင်မှာ ဗန်းကိုင်ပေးဖြစ်ပါမယ်။ ပြီးရင် ညကျရင်ရှိုးဆိုပါမယ်။ နေ့လည်းပိုင်းကတော့ ဘာလုပ်ဖြစ်မလဲ မသိသေးဘူး။ အရင်တုန်းက ရဖူးတဲ့ လက်ဆောင်တွေအနေနဲ့ကတော့ နန်းမြတ်မမျှော်လင့်ထားလောက်အောင်ထိ နှင်းဆီပန်းတွေ အများကြီး ရခဲ့ဖူးပါတယ်။ အဲဒါရတာ၂နှစ်ရှိပြီ။ အချစ်ရေးကတော့ နန်းမြတ်တို့က ခုချိန်ထိ အလုပ်လုပ်နေစဉ်အတွင်းဆိုတော မစဉ်းစားဖြစ်သေးဘူး။ ရွေးချယ်ဖြစ်မှာကတော့ နန်းမြတ်ကိုချစ်တဲ့သူ၊ နန်းမြတ်က ချစ်တဲ့သူကိုပဲ ရွေးချယ်ဖြစ်မှာပါ။ ချစ်သူများနေ့မှာ အရင်နှစ်တွေကအတိုင်း နန်းမြတ်ဆီရောက်လာမဲ့ လက်ဆောင်ကို မျှော်လင့်နေမိမယ်ထင်တယ်’တဲ့။


ခင်ဆွေသက်
Trend Myanmar

မိသားစု လုံခြုံရေးအတွက် ငွေသုံးကြမ်းနေသည့် ဗစ်တိုးရီးယား ဘက်ဟမ်း

 ဗစ်တိုးရီးယားဘက်ဟမ်းအနေဖြင့် မိသားစု လုံခြုံရေး ကဏ္ဍတွင် ငွေကြေး ကို မတွန့်မဆုတ် သုံးစွဲရန်ဆုံးဖြတ်ထားခဲ့ကြောင်း သိရသည်။ နာမည်ကျော် ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာသည် သူမနှင့် သူမ၏ ခင်ပွန်းသည် အင်္ဂလန် လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ဟမ်းနှင့် ကလေး (၄) ယောက်တို့အတွက် လုံခြုံရေး အသုံးစရိတ်ကို ပေါင်စတာလင် (၁)သန်းထိ မြှင့်တင် သတ်မှတ်ထားခဲ့သည်။ ဘက်ဟမ်းမိသားစုသည် လန်ဒန်ရှိ ပေါင်စတာလင် (၃၁.၅)သန်းတန် စံအိမ်ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီး ယင်းအတွက် နေအိမ် လုံခြုံရေးစံနှုန်းများကို အမြင့်ဆုံး သတ်မှတ်လုပ် ဆောင်ရန် ဗစ်တိုးရီးယားက ရွေးချယ်ခဲ့သည်။
"အရေးပေါ် အခြေအနေမှာ ခိုလှုံမယ့် အခန်းတစ်ခုရှိမယ်။ (၂၄)နာရီပတ်လုံး အလုပ်လုပ်နေမယ့် လုံခြုံရေးကင်မရာ အလုံး(၆၀)လောက် ရှိလိမ့်မယ်" ဟု နီးစပ်သူ တစ်ဦးကဆိုသည်။ အသက်(၂)နှစ် အရွယ် သမီးငယ်လေး ဟာပါး
၏ အခန်းထဲတွင် ပေါင်စတာလင် (၆၀၀၀၀၀) တန်သည့် ဒါမိန်းဟာ့စ် လက်ရာပန်းချီကားတစ်ချပ်ကိုလည်း ချိတ်ဆွဲပေးထားပြီး အစ်ကို(၃)ဦး သည်လည်း မိမိတို့ ကိုယ်ပိုင် အခန်းများတွင် အဖိုးတန် အနုပညာလက်ရာ များ ဖြည့်သွင်းစုဆောင်းပေးထားသည်ကို ပိုင်ဆိုင် ရရှိမည်ဟု ဆိုသည်။
လုံခြုံရေး စနစ်များ တပ်ဆင်သည့် စရိတ်စကမှာမူ ပေါင်စတာလင် (၁)သန်း ထိ ရှိနေကြောင်း သိရသည်။
ဗစ်တိုးရီးယားသည် နေအိမ်မွမ်းမံမှုအတွက် သူငယ်ချင်းဖြစ်သူ ကယ်လီ ဟော့ပန်းကို အပြည့်အဝ တာဝန်ပေး အပ်နှံခဲ့သည်။ ထို့အပြင် ဒေးဗစ်က စံအိမ်အတွင်း၌ မီးဖိုခန်းကို အထူးမွမ်းမံ တည်ဆောက်ရန်နှင့် ဓာတ်လှေခါး
တစ်စင်း တပ်ဆင်ရန်တို့အတွက် သူငယ်ချင်း တစ်ဦးဖြစ်သည့် ဂေါ်ဒွန်ရမ် ဆေးကို အလုပ်အပ်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network


သားမြတ်ကင်ဆာ ကာကွယ်နိုင်တဲ့ နည်း

လွန်ခဲ့တဲ့၁၀ နှစ်ကထက်စာရင်သားမြတ်ကင်ဆာ ဖြစ်နှုန်းဟာ နှစ်စဉ်နှစ်တိုင်း ကျဆင်းလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရောဂါကို ကာကွယ်နိုင်တဲ့ အချက်တွေကလည်း ပိုမိုလွယ်ကူလာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အောက်ပါ နည်းလမ်းတွေဟာ သုတေသီတွေက အသစ်တွေ့ရှိထားတဲ့ သားမြတ်ကင်ဆာ ကာကွယ်နိုင်တဲ့ နည်းတွေပါ။

၁။ ကလီစာများရှောင်ပြီး ရောဂါမဖြစ်အောင် ကာကွယ်ပါ...

အသည်းနဲ့ ကျောက်ကပ်လိုမျိုး ကလီစာတွေဟာ Cadmium ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ သတ္တုဓာတ်တွေ ပေါကြွယ်ဝတဲ့ အစာတွေပါ။ သူတို့ကိုစားမိရင် သင့်ခန္ဓာကိုယ်ရဲ့ တစ်သျှူးအတွင်းမှာ စုဆောင်းနေတတ်ပါတယ်။ ဒီ Cadmium တွေနဲ့ ထိတွေ့သူတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း ပိုများတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ Cadmium ဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ပိုမိုထကြွစေပြီး ကြီးထွားမှုကိုလည်း မြန်ဆန်စေကာ ရောဂါပျံ့နှံ့ နှုန်းလည်း မြန်ဆန်နိုင်ပါတယ်။

Tips!ဆေးလိပ်သောက်ခြင်းကြောင့်လည်း Cadmium တွေ အများအပြား ရရှိနိုင်ပါတယ်။

၂။ ဂေါ်ဖီထုပ်စားပြီး ရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းကို လျှော့ချပါ...

ဂေါ်ဖီထုပ်မှာ ဆာဖိုရဖိန်းနဲ့ အင်ဒိုးထရီးကာဗီနော (I 3C) တွေ အများအပြား ပါဝင်တာကြောင့် ပိုလျှံနေတဲ့ အီစထရိုဂျင်တွေ သားမြတ်တစ်သျှူးကို မဖျက်ဆီးနိုင်ခင်မှာ ဖြိုခွဲပစ်နိုင်ပါတယ်။ ကိုက်လန်၊ ပန်းဂေါ်ဖီပွင့်၊ ဘရိုကိုလီ တွေမှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

၃။ စပျစ်သီးဖျော်ရည် သောက်ပြီး ခုခံအားစနစ် ကောင်းမွန်အောင် လုပ်ဆောင်ပါ...

စပျစ်သီးဖျော်ရည်မှာ တခြားဖျော်ရည်တွေထက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လေးဆ ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် သူ့မှာ ခုခံစွမ်းအားစနစ် မြင့်တက်စေနိုင်တဲ့ အန်သိုဆိုင်ရာနင် အမျိုးအစား ၃၁ မျိုး ပါဝင်ပါတယ်။ နေ့စဉ် စပျစ်သီး ဖျော်ရည်တစ်ခွက် သောက်တာကြောင့် တစ်ပတ်အတွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကို ပိတ်ပင်နိုင်ပြီး သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၉ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။

၎။ ကြက်သွန်ဖြူကို မီးဖုတ်ပြီးစားကာ ဆဲလ်များကို ကာကွယ်ထားပါ...

မီးဖုတ်ထားတဲ့ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပြီး ပုံမှန်မဟုတ်တဲ့သားမြတ်ဆဲလ်တွေ ချေဖျက်ပစ်နိုင်ပါတယ်။ နေ့စဉ် ကြက်သွန်ဖြူနှစ်ဥ စားတာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

၅။ ဆီးသီးခြောက်စားပြီး ရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ချပါ...

လက်တစ်ဆုပ်စာ ဆီးသီးခြောက်ကို နေ့စဉ် စားသုံးတာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သုတေသန ပြုလုပ်ချက်အရ တွေ့ရှိခဲ့ပါတယ်။ ခွက်တစ်ဝက်စာ ဆီးသီးခြောက်မှာ ဘီတာကယ်ရိုတင်း ၂၃၄၂ အိုင်ယူ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းဟာ ဗီတာမင်အေ အမျိုးအစားဖြစ်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံအား ဆဲလ်ထုတ်လုပ်မှုကို ၃၃ ရာခိုင်နှုန်းထိ မြင့်တက်စေနိုင်ပါတယ်။ ကန်စွန်းဥ၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ ဒါမှမဟုတ် သခွားသီး ခွက်တစ်ဝက်စာကိုလည်း ဆီးသီးခြောက်အစား စားသုံးနိုင်ပါတယ်။

Tips!
၁။ အနီရောင်ဝိုင်ကို နေ့စဉ်တစ်ခွက် သောက်တာကလည်း သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အီစထရိုဂျင် အဆင့်တွေကို နိမ့်ကျစေပြီး တက်စထရိုစတီရုန်း အဆင့်ကို မြင့်တက်စေနိုင်လို့ပါ။

၂။ ဗီတာမင်ဒီဟာလည်း သားမြတ်တစ်သျှူးအတွင်း ကင်ဆာကို တွန်းလှန်နိုင်တဲ့ ကယ်စီထရိုင်ရောအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲတာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။

>>>လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်<<<

By ဒေါက်တာခင်မိုးမိုး(Good health)

နှင်းဆီဖူးလေးများ-Love BUDS

မောစ့် အလွမ်းပြေ ပဒေသာကပွဲကြီးတွင် မောစ့်ပုံစံတူ ရွေးချယ်မည်

မော့စ် အလွမ်းပြေပဒေသာပွဲကြီးတွင် ဟာသ သရုပ်ဆောင် အကယ်ဒမီမော့စ်၏ အောင်မြင်ကျော်ကြားခဲ့သော ပြဇာတ်များကို ပြန်လည် ကပြ ပြသသွားမည့်အပြင် မော့စ်ပုံစံတူ ရွေးချယ်သည့် အစီအစဉ်ကိုပါ ထည့်သွင်း ပြုလုပ်သွားမည်ဟု ရန်ကုန် လူရွှင်တော် အသင်း၏ ဒု-ဥက္ကဋ္ဌ ခင်လှိုင်က ပြောသည်။

“ဒီတစ်နှစ်တည်းပဲ ကိုမော့စ် အလွမ်းပြေပွဲကို လုပ်သွားမှာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ကိုမော့စ်ရဲ့ ပုံရိပ်တွေကို ထင်ဟပ် နေစေဖို့ အတွက် ကိုမော့စ် ပွဲကို နှစ်တိုင်း လုပ်သွားဖို့ ကျွန်တော်တို့ ရန်ကုန် လူရွှင်တော် အသင်းကနေ တိုင်ပင် ထားပါတယ်။ ဒီနှစ်မှာ လည်း ကို မော့စ်ပွဲကို အထူးခြားဆုံး လုပ်ပေး သွားမှာပါ”ဟု ရန်ကုန် လူရွှင်တော် ဒုဥက္ကဋ္ဌ ခင်လှိုင်က ပြောပြသည်။

မော့စ် အလွမ်းပြေ ဟာသ ပဒေသာပွဲကြီးကို MRTV 4 ကနေပြီး တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး D-2 ဖက်ရှင်မှ Main စပွန်ဆာ အဖြစ် လုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

“ကိုမော့စ် အလွမ်းပြေ ပဒေသာကပွဲ အတွက် အသံတွေ၊ ကာလာ တွေ၊ မီးတွေ၊ ဇာတ်ခုံနဲ့ ဇာတ်ရုံတွေ အကုန်လုံးကို ကူညီပေးမှာ ကတော့ မင်းသားကို ဖိုးချစ်ပါ။ သူက အကုန်တာ ဝန်ယူပြီးတော့ ကူညီပေးပါတယ်။ သူတို့ တစ်ဖွဲ့လုံး လာကပါမယ်။ သူကလည်း နှစ်ပါးသွားဝင် ကပါမယ်”ဟု ရန်ကုန် လူရွှင်တော် အသင်း ဒုဥက္ကဋ္ဌ ဟာသ သရုပ်ဆောင် ခင်လှိုင် က ဖြည့်စွက် ပြောပြပေးခဲ့သည်။

မော့စ် အလွမ်းပြေ ပဒေသာကပွဲကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက် နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင် ၌ ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဖခင်ဖြစ်သူ ဟာသပညာရှင် မော့စ်က သူ့ရဲ့ဘဝအတွက်နဲ့ သူ့ဘဝ တစ်လျှောက်လုံးမှာ သူရဲကောင်းကြီး တစ်ဦး အဖြစ် ရပ်တည်နေခဲ့ပြီး အခု သူမရှိတော့ တာဟာ သူ့ ဘဝ အတွက် သူရဲကောင်းကြီး တစ်ယောက် ဆုံးရှုံးသွား ရသလို ဖြစ်နေဆဲပါ”ဟု ထိုက်စံက ဆက်လက်ပြောလာပါသည်။

“ကြာလေ ကြာလေ အဖေ မရှိတော့တဲ့ တန်ဖိုးကို ပိုပိုပြီးတော့ သိ လာတယ်။ နားလည် လာတယ်။ ဘာ လိုလိုနဲ့ အဖေ ဆုံးသွားခဲ့တာ တစ်နှစ် ပြည့်တော့မယ် ။မိသားစု စုံစုံလင် လင် မရှိတော့ဘူးလေ။ ကျွန်တော် ရိုက် ထားတဲ့ ဇာတ်ကားတွေ ကိုလည်း အဖေ ကြည့်ခွင့် မရတော့ဘူး။ ခါတိုင်း အဖေ ရှိနေရင် ဘာလေးကို ဒီလို လုပ်လိုက်၊ ဟိုလိုလုပ်လိုက် ဆိုပြီးတော့ သွန်သင် ပြသနေကြဗျ” လို့ ထိုက်စံက ဖြည့်စွက် ပြောပြပါတယ်။

ရန်ကုန် လူရွှင်တော် အသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဟာသသရုပ်ဆောင် ပညာရှင် ခင်လှိုင်ကတော့ ဟာသပညာရှင် မော့စ် နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ တွေ့ တိုင်း အတူရောက် ခဲ့ဖူးတဲ့ နေရာတွေ ကို ပြန်ရောက်တိုင်း အမြဲ လွမ်းဆွတ် သတိရနေတယ် လို့ပြောပါတယ်။

“အဲဒါအတွက် လည်း လူရွှင် တော် အသင်းကနေ ဦးဆောင်ပြီး တော့ ကိုမော့စ် တစ်နှစ်ပြည့် အလွမ်း ပြေဟာသ ပဒေသာကပွဲကြီး လုပ်ဖို့ လည်း စီစဉ် ထားပြီးနေပါပြီ။ အမှန် ဆိုရင် ဒီပွဲကြီးကို ကိုမော့စ် တစ်နှစ် ပြည့်မယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာပဲ လုပ်မလို့ပါ။ ဒါပေမဲ့ ပွဲရက်တွေ က ကျပ်နေပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကို ပြည်သူ့ ရင်ပြင်မှာ လုပ်ပါမယ်။ စပွန်ဆာ ပေါ်မူတည်ပြီးတော့ Free show ဖြစ်ရင် ဖြစ်မယ်။ လက်မှတ်ရောင်းဖြစ် ရင်လည်း ရောင်းဖြစ်မယ်။ သိပ် မသေချာသေးပါဘူး” လို့ ဟာသပညာ ရှင် ခင်လှိုင် က ပြောပြပါတယ်။

လက်မှတ်နဲ့ ရောင်းချဖြစ်ခဲ့မယ် ဆိုခဲ့ရင်လည်း ရရှိလာမယ့် အမြတ်အစွန်း ငွေကြေး များကို လူရွှင်တော် သက်ကြီး တွေ အတွက် ပြန်လည် လှူဒါန်းမယ့် အပြင် လူရွှင်တော် သက်ကြီးရွာ အတွက် ကိုလည်း လှူဒါန်း သွားမှာဖြစ်တယ်လို့ ဟာသပညာရှင် ခင်လှိုင်က ဆက်လက် ပြောပြပေးခဲ့ပါတယ်။

Popular Journal


ကျွန်မရဲ့ ချစ်သူဟာ အဆိုတော်သားသားပါလို့ ဖွင့်ဟလိုက်တဲ့ Super Models မှ ခေမာ

Super Modelsဆိုတဲ့သီချင်းနဲ့ ပရိသတ် လက်ခံအားပေးမှုတွေရရှိထားပြီဖြစ်တဲ့ Super Modelsအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ခေမာကို ချစ်သူများနေ့မှာ ဘယ်သူတွေနဲ့ရှိမယ်၊ ဘယ်လိုပုံစံဖြတ်သန်းသွားဖြစ်မလဲ ဆိုတဲ့အကြောင်းနဲ့ သူမရဲ့ အချစ်ရေးကို မေးမြန်းဖြစ်တဲ့အခါ သူမက ‘ခေမာ ချစ်သူများနေ့မှာ ရှိုးဆိုဖို့ရှိပါမယ်။ အချစ်နဲ့ ပတ်သက်ပြီးအဓိပ္ပာယ်ဖွင့်ဆိုရရင် အချစ်က နားလည်ရခက်ပါတယ်။ နားလည်မှုရှိတဲ့အချစ်ကတော့ ခိုင်မြဲပြီး၊ နားလည်မှုမရှိတဲ့ အချစ်ဆိုရင်တော့ ခိုင်မြဲမှာ မဟုတ်ပါဘူး။ အချစ်မှာ အရေးကြီးဆုံးကတော့ နားလည်မှုနဲ့သစ္စာရှိမှုပါပဲ။ ခေမာအချစ်ကို တွေ့နေတာကြာပါပြီ။ သူကလည်း အနုပညာလောကထဲကပါပဲ။ အဆိုတော်တစ်ယောက်ဖြစ်တဲ့ သားသားပါ။ ခေမာ ဆယ်တန်းကျောင်းသူဘဝတုန်းက သားသားနဲ့ဟိုဘက်ခုံ၊ ဒီဘက်ခုံထိုင်ရင်းနဲ့ သူက စာမရလို့ ခေမာကို လာမေးရင်းနဲ့မှ တစ်ယောက်နဲ့တစ်ယောက်ခင်သွားကြတာပါ။

အဲဒီအချိန်ကနေစပြီးတော့ သူငယ်ချင်းလို တောက်လျှောက်နေလာရင်းနဲ့မှအခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်သူဖြစ်သွားခဲ့တာပေါ့။ ချစ်သူများနေ့မှာ ကိုယ့်ရဲ့ ချစ်သူဆီကနေ မျှော်လင့်မိတာမျိုးတော့ရှိတာပေါ့။ ဒါပေမဲ့ကိုယ်က အနေအေးတယ်ပဲပြောရမလား။ သူ့ဆီကနေ ဘာမှမလိုအပ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတယ်။တွဲလာတာလည်းကြာပြီဆိုတော့ အရမ်းကြီးရင်းနှီးနေပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လက်ဆောင်ပစ္စည်းတွေဆိုတာ မလိုအပ်တော့ပါဘူး။ ချစ်သူများနေ့မှာလည်း သူလည်း အလုပ်ရှိရင် သူ့အလုပ်သူလုပ်ပြီး ခေမာလည်းအလုပ်ရှိရင် ကိုယ့်အလုပ်ကိုယ်လုပ်သွားမှာပါ။ ချစ်သူများနေ့မှာ သူရှိုးဆိုဖြစ်မယ်ဆိုရင်တော့ ခေမာလိုက်ပေးဖို့ စဉ်းစားထားပါတယ်။

ချစ်သူများနေ့ကို ဖြတ်သန်းသွားကြမယ့် ချစ်သူစုံတွဲတိုင်းချစ်သူများနေ့မှာမှ မဟုတ်ပဲ နောင်လာမယ့် ချစ်သူများနေ့အထိပါမကပဲ နှစ်တိုင်းနှစ်တိုင်းတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့၊ သစ္စာရှိမှုတွေနဲ့ တကယ်ချစ်ကြတဲ့သူတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်’တဲ့။

Trend Myanmar



မိခင်ကအကြိုလွှတ်သည်ဟု လိမ်လည်ခေါ်ဆောင်ပြီး အဓမ္မကျင့်ရန် ကြံစည်

လှည်းကူးမြို့နယ် ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက မိန်းကလေးမိခင်မှအတူတူပြန်လာရန် အကြိုခိုင်းလိုက်သည်ဟု ပြောဆိုခေါ်ဆောင်ပြီး လမ်းခုလတ်တွင် အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ဇန်န၀ါရီ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်ကို သမီးဖြစ်သူက ဇန်န၀ါရီ ၂၁ ရက်တွင် ပြန်လည်ပြောပြသဖြင့် အသက် (၃၆)နှစ်ရှိ မိခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

ဇန်န၀ါရီ ၁၉ ရက်က အသက် ၁၅ နှစ်ရှိသမီးဖြစ်သူသည် ငါးဆူတောင်ကျေးရွာ (၄)ရပ်ကွက်ရှိ ဦးမောင် ကြီး၏ ရော်ဘာခြံတွင် အလုပ်လုပ်နေစဉ် ညနေ ၅ နာရီခွဲ အချိန်တွင် ၂၄ နှစ်အရွယ်တစ်ရွာတည်းသား က မိန်းကလေး၏ မိခင်ဖြစ်သူက လာကြိုခိုင်းလိုက်သည်ဟုဆိုကာခေါ်ဆောင်သဖြင့် အတူပြန်ခဲ့ကြောင်း သမီးက ပြန်လည်ပြောပြသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ထို့နောက် အတူပြန်လာစဉ် ရော်ဘာခြံအတွင်း လူပြတ်သည့်နေရာတစ်ခုသို့ အရောက်တွင် အဆိုပါ တစ် ရွာတည်းသားက တွန်းလှဲပြီး သားမယားပြုကျင့်ရန် လုပ်ဆောင်စဉ် မိန်းကလေးငယ်က ကယ်ကြပါဟု အော်ဟစ်အကူအညီတောင်းသဖြင့် ကြံစည်သူမှာ ထွက်ပြေးသွားသည်ဟုလည်း ထည့်သွင်းတိုင်တန်း ထားသည်။

ထို့ကြောင့် အသက်မပြည့်သေးသည့် သမီးငယ်ဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူအဖြစ် ရှမ်းကြီး(ခ) ဇေယျာလင်းဆို သူကို တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှည်းကူးမြို့နယ် ငါးဆူတောင်နယ်မြေရဲစခန်းက (ပ)၁၂/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ ဖမ်းဆီးစစ်ဆေးနေသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သူအဖြစ် တိုင်တန်းခံထားရသူမှာ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ဖြင့် တရားစွဲတင်မည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


ဘောလုံးကန်စဉ် စကားများရာမှ လူသတ်မှုဖြစ်

မှော်ဘီမြို့နယ်တွင် ဘောလုံးကစားစဉ် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးမှာ ချွန်ထက်သောအရာ ဖြင့် ခုနစ်ချက်ခန့်ထိ ထိုးသွင်းသတ်ဖြတ်ခံလိုက်ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဇန်န၀ါရီ ၂၃ တွင် သတင်းထုတ်ပြန်သည်။

အမှုမှာ သန္ဓေပင်ကျေးရွာအုပ်စု၊ ကြက်ဖြူကန်(ရှမ်းပိုင်း)ကျေးရွာနေ ကိုကိုနိုင်(၃၆)နှစ်သည် ဇန်န၀ါရီ ၂၂ ရက် ညနေ ၆ နာရီတွင် ယောက်ဖဖြစ်သူမှာ ဘောလုံးကန်စဉ် စကားများရန်ဖြစ်မှုကြောင့် လမ်းဘေးတွင် လဲနေကြောင်း ကြားသိသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

ရဲဘော်ဈေးထိပ်ရှိ စာသင်ကျောင်းရှေ့ လယ်ကွင်းထဲတွင် ဘောလုံးသွားကန်သော ယောက်ဖဖြစ်သူ ၀ဏ္ဏ(၃၃)နှစ်မှာ တစ်ရွာတည်းနေ ကျော်မျိုးဦး (ခ)ပသိုင်း(၃၄)နှစ်နှင့်အတူ စကားများရန်ဖြစ်ရာမှ ချွန် ထက်သောအရာဖြင့် အထိုးခံရသဖြင့် ရှမ်းပိုင်းလမ်းတွင် လဲကျနေခြင်းဖြစ်ကြောင်း သိရသည်။

ယောက်ဖဖြစ်သူကို ကြည့်ရှုရာတွင် ထိုးသွင်းဒဏ်ရာများရရှိကာ သတိလစ်နေသည်ကို တွေ့ရှိခဲ့ရသည် ဟု တရားလိုဘက်က ရဲထံထွက်ဆိုထားသည်။

ထို့ကြောင့် အချွန်ဖြင့် ထိုးခံရသည့် ၀ဏ္ဏကို မှော်ဘီဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ ကုသရသောကြောင့် ကျော်မျိုးဦး(ခ)ပသိုင်းကို အရေးယူပေးရန် ဦးကိုကိုနိုင်က အမှုဖွင့်တိုင်တန်းထား ခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူသည် ဆေးရုံတွင် ကုသနေစဉ် သေဆုံးသွားသဖြင့် အမှုကို လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ၍ ဆက်လက်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ