အားကစားပျိုမေ တို့ ရှိရင်းထက် လျော့မကျစေလို


နှစ်အသစ် မှာ စိတ်အသစ် လူအသစ်နဲ့ လှပလိုတဲ့ ပျိုမေများစွာရှိမှာပါ။ နှစ်သစ်မှာ စတိုင်အသစ် ဖက်
ရှင် အသစ်နဲ့ ရှိုးထုတ်ဖို့ အတွက် လူက လည်း စတိုင်မိနေမှ ရမယ်နော်။ အခုနောက်ပိုင်း ခေတ်ကာလ က ပိန်ပိန်သွယ်သွယ် ပျိုမေတို့အတွက် ပဲ ထုတ်တော့သလား ထင်ရအောင် ဖက်ရှင်ဒီဇိုင်းများက body fit လေးတွေပဲများလာပါတယ်။

နှစ်အသစ်မှာ လူအသစ်ဖြစ်အောင် ပြောင်းလဲဖို့ အားကစားလုပ်မယ် ရည်ရွယ်ထားတဲ့ ပျိုမေတွေ များစွာရှိမှာပါ။တခြား ဘောင်းဘီ၊ ဖိနပ်၊ အင်္ကျီ ၀ယ်ယူရာမှာ ပြသာနာ မရှိပေမဲ့ အတွင်းခံ ဘရာစီယာ ၀ယ်တဲ့အခါမှာတော့ အခက်တွေ့ကျပါပြီ။ ခါတိုင်း အပြင်သွားသလို ပွဲတက်သလို အလှအပ ဘရာစီယာ များအဆင်မပြေပါ။ထိုအပြင် ထူလွန်းတော့ ဖောင်းဖောင်းကြီး ဖြစ်နေမှာ ပါးလွန်းတော့ ချွေးထွက်တဲ့အခါ ကြည့်မကောင်းဖြစ်မှာ တွေးပူစရာပါ။ထိုဖြင့် အားကစားလုပ်မှာ မိမိရှိရင်းစွဲ ရင်သားတွေ တွဲထားတယ်ဆိုတဲ့ သူများပြောစကားတွေ ကြားဖူးတော့ ပိုအခက်တွေ့စရာပေါ့။

ဘရာစီယာ ကို အားကစားလုပ်တဲ့အခါ အရေးကြီးလားမေးရင် ကြီးပါတယ်။ရင်သား ဟာ ကြွက်သားမရှိပါဘူး။ ရင်သား အရွယ်အစားနဲ့ ပုံသဏ္ဍန် ကို ဖြစ်စေတဲ့ Cooper’s ligament ပဲရှိပါတယ်။သူ့ကို သေချာ မထိန်းတဲ့အခါ အားကစားလုပ်တဲ့ချိန် ရင်သားဟာ အပေါ်အောက် ခဏခဏ လှုပ်ရှားပြီး ပုံပျက်ကာ တွဲကျလာတတ်ပါတယ်။အားကစား ပျိုမေတို့ သတိထားဖွယ်။

သူများ သွားမေးရမှာလည်း မရဲ ၊ ကိုယ်တိုင်လည်း မရွေးချယ် တတ်ဆို ပြီး အခက်မတွေ့ပါနဲ့တော့။
မိမိကိုယ်တိုင် မိမိ ကစားမဲ့ အားကစားနဲ့လိုက်မဲ့ ဘရာစီယာ ကိုယ်တိုင် ရွေးချယ်နိုင်အောင် ကူညီမှာပါ။

ပထမဦးစွာ အားကစားလုပ်တဲ့အခါ ၀တ်တဲ့ အသုံးအများဆုံး ဘရာစီယာ သုံးမျိုး သိရပါမည်။
(၁) Encapsulation sports bra - သူက ပုံမှန် bra လို cups ပုံစံနဲ့ပါ။သီးသန့် cups တခုစီ နဲ့ ရင်သားက တဖက် ဆီကို သီးသန့် ထိန်းပေးပါသည်။
(၂) Compression sports bra - သူကတော့ cups မပါပါဘူး။ရင်သားကို အားကစားလုပ်တဲ့အချိန်မှာ လုံးဝ လှုပ်ရှားမှု မရှိအောင် လုပ်ပေးပါသည်။
(၃) Combination sports bra - သူမှာတော့ cups လဲပါသည်။ရင်သား နှစ်ဖက်လုံးကို ထိန်းပေးပြီး compression လဲ ကောင်းကောင်းပေးပါသည်။အခုနောက်ပိုင်း fitness မော်ဒယ်မလေးတွေ အ၀တ်များတဲ့ ဒီဇိုင်းပါ။ပုံစံ ဒီဇိုင်းမျိုးစုံ လာတဲ့ အပြင် အပေါ်မှာ ဘာအင်္ကျီ မှ ထပ်မ၀တ်ရင်တောင် အမြင်မရိုင်းတဲ့ ဒီဇိုင်းပါ။


မိမိကစားမဲ့ အားကစားရဲ့  လှုပ်ရှားမှုပြင်းအား(impact) ကို သိရပါမည်။ သုံးမျိုးရှိပါသည်။
(၁) high impact -ခုန်ပေါက်လှုပ်ရှားရတဲ့ ပြေးခြင်းကစားနည်းများ၊ အေရိုးဗစ် ကစားနည်း၊ ခုန်ခြင်းကစားနည်းများ၊ ကာရာတေး လက်ဝှေ့ စသော ကစားနည်းများ၊ တင်းနစ် ကစားနည်းများ။
(၂)medium impact- အတင့်အသင့် လှုပ်ရှားရတဲ့ တောင်တက်ခြင်း၊ စက်ဘီး စီးခြင်း၊စကိတ်စီးခြင်း၊
(၃)Low mipact - လှုပ်ရှားမှုနည်းတဲ့ ယောဂ ကစားနည်း၊လမ်းလျှောက် ခြင်း၊ strength အားကစားနည်းတွေ၊ ဂေါက်ရိုက်ခြင်း၊။
မိမိကစားမဲ့ အားကစား နည်းလမ်းက high impact အမျိုးအစားဆိုရင် encapsulation sports bra အမျိုးအစားက သင့်လျော်ပြီး low impact အမျိုးအစား ဆိုရင် compression sports bra အမျိုးအစားက အဆင်ပြေစေမှာပါ။ တခါတရံ ခုန်ပေါက်ကစား ရပြီး တခါတရံ ပုံမှန်ပဲ ကစားရတယ်ဆိုရင်တော့ combination sports bra အမျိုးအစား က အသင့်လျော်ဆုံးပါပဲ။
ကဲ အမျိုအစား ရွေးနည်းလဲ သိပြီဆိုတော့ ဆိုဒ်ရွေးတဲ့နည်း ပြောကြဦးစို့ ။
ဘရာဆိုဒ် ကို ရွေးတဲ့နည်းလမ်းတွေ များစွာရှိပါသည် ထိုထဲမှာ လွယ်ကူစွာ အဆင်ပြေမဲ့ နည်းလမ်းလေး ဖော်ပြပေးပါမည်။ မိမိ ပုံမှန် ၀တ်နေကျ ဆိုဒ် နဲ့ တိုင်းဝယ်လို့ မရပါ။ bands အတိုင်းအထွာ နဲ့ cup ဆိုဒ် တိုင်းနည်း က အရေးကြီးပါသည်။ပေကြိုးတချောင်းယူပါ။ bands အတွက် တိုင်းနည်း ဆိုသည်မှာ ရင်သား အောက်က ပတ်လည် အတိုင်းအထွာဖြစ်ပြီး cup ဆိုဒ် အတွက် ကတော့ ပုံမှန် မိမိ ၀တ်နေကျ ဘရာ အပေါ်ကနေရင်သား တည့်တည့်မှာ တိုင်းရမှာ ဖြစ်ပါတယ်။ တိုင်းတဲ့အခါ တင်းတင်း ဆွဲ တိုင်းရပါမည်။
ပထမဆုံး ရင်သားအောက်တိုင်းတဲ့ အတိုင်း အတာ နဲ့ ရင်သားပေါ်က အတိုင်းအတာ ရလာတဲ့အခါ မှာ မိမိ အတွက် သင့်လျော်တဲ့ ဘရာထွက်လာပါတယ်။ပုံမှာ ပြထားတဲ့အတိုင်း ရင်သားအောက် အတိုင်း အထွာနဲ့
Cup ဆိုဒ်ကို တွက်ချက်ရပါမည်။ ဥပမာ - ရင်သားအောက်တိုင်းသောအခါ ၃၀ လက်မ ရှိပြီး ရင်သားအပေါ်တည့်တည့် တိုင်းသောအခါ ၃၅ လက်မရှိသည်ဆိုပါတော့။ ခြားနားခြင်းက ၅ လက်မကွာသောအခါ cup ဆိုဒ် က B ပါ band ဆိုဒ် က 34 ပါ။ထိုအခါ 34 B ဆိုဒ် ၀ယ်ရမှာပါ။
နောက်ဥပမာ တခု က ရင်သားအောက်တိုင်းသောအခါ ၂၆ လက်မ၊ ရင်သားတည့်တည့်တိုင်းသောအခါ ၃၃ လက်မ ရှိသည်ဆိုပါစို့။ သူ့အတွက် ခြားနားခြင်းက ၇ လက်မဖြစ်သည်။ သူ့အတွက် CUP ဆိုဒ်က D ပါ band ဆိုဒ်က 30 D ပါ။
အခုလောက်ဆို ရွေးချယ်တတ်လောက်ပါပြီ။band ကို လက်ရှိုကြည့်တဲ့အခါ လက် နှစ်လုံးလောက် ၀င်ဆန့်ရပါမည်။ အသက်ရူသောအခါ ရင်ဘတ်ကြီး တင်းမနေရပါ။ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာ ရူနိုင်ရပါမည်။ ချွေးစုပ်သော အ၀တ်အသားမျိုးကောင်းသည်။ ရာသီဥတု မရွေး ၀တ်နိုင်ပြီး အဆင်ပြေသည်။


မိမိ နဲ့ သင့်တော်မဲ့ အမျိုးအစားလဲ သိပြီ ဆိုတော့ ဘယ်လို ထိန်းသိမ်းရမယ် လျှော်ဖွပ်ရမယ် ဆိုတာလည်း သိဖို့ လိုပါသေးသည်။ဆပ်ပြာ အနုစား သုံးပါ။ ရေနွေးဖြင့် မလျှော်ရပါ။ စက်နဲ့အကြမ်းပတမ်း လျှော်စရာမလိုပါဘူး။အသာအယာ လက် နဲ့ ပွတ်လျှော်ပေးရင် လုံလောက်ပါပြီ။မီးပူမတိုက်ရပါ။
ကဲ ဒီလောက်ဆို အားကစားပျိုမေတို့ နှစ်သစ်မှာ ခန္ဓာကိုယ် အသစ်ပြောင်းလဲမဲ့ စိတ်ကူးလေးတွေ အခက်အခဲမရှိလောက်တော့ပါဘူးနော်။မိမိကိုယ် ယုံကြည်မှု အပြည့်နဲ့ အားကစားလုပ်ရင်း နှစ်သစ်မှာ ကျန်းမာလန်းဆန်း တက်ကြွသော ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ပါစေကြောင်း ဆုတောင်းပေးပါသည်။

ဒေါက်တာဗိုး
Health Guide
https://www.facebook.com/mmhealthguide

Sleep paralysis ဘီလူးစီးခြင်း


ဆရာ မင်္ဂလာပါ။ ကျွန်မ အသက် ၂ဝ အပျိုပါ။ ဘီလူးစီးတယ်ဆိုတာနဲ့ပတ်သက်ပြီး သိချင်လို့ပါဆရာ။ ဟိုးအရင်ကတော့ ဖြစ်ဖူးပေမယ့် မဖြစ်တာတော်တော်ကြာပြီဆရာ။ အဲ့တာမနေ့ပြန်စဖြစ်ပါတယ်။ အသက်ရှူလို့လုံးဝ မရတော့ဘဲ လုံးဝ လှုပ်လို့မရပါဘူးဆရာ။ နိုးလာတော့ အရမ်းမောပါတယ်။ ဆက်လဲအိပ်ချင်နေပါတယ်။ ဆက်အိပ်ရင်လဲ ပြန်ပြန်ဖြစ်ပါတယ်။ ဒီနေ့နေ့လည်ခနအိပ်တော့လဲ ဖြစ်ပြန်ပါတယ်ဆရာ။ တိုက်ဆိုင်တာက မနေ့ကစပြီး ကျွန်မ ဓမ္မတာ လာပါတယ်.ခုတော့ အိပ်ရမှာတောင် လန့်သလိုဖြစ်နေပါပြီ။ အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆရာ။ အကြံဥာဏ်တောင်းခံပါတယ်။ ကျေးဇူးပါဆရာ။

အရင်ကလည်းမေးကြတယ်။ ဒီစာရေးဖို့ အချက်အလက်တွေစုထားတာ (၃) လနဲ့ (၁၂) ရက်ရှိပြီ။ အခုမှရေးဖြစ်တယ်။ Night terrors ဘီလူးစီးခံရခြင်းကိုအရင်ရေးထားတယ်။

ဘီလူးစီးခြင်းဆိုတာ အိပ်ပျော်နေတုန်း (သို့) မနိုးတနိုးအချိန်မှာ ယာယီလေဖြတ်သလို ဘာမှလှုပ်မရ၊ စကားပြောမရ၊ တုန့်ပြမှုလုပ်မရတာမျိုး။ အတာမျိုးက အိပ်စက်ချိန်နဲ့ နိုးချိန်ကြား ကြားကာလမှဖြစ်တယ်။ ကြွက်သားတွေ အားကုန်နေတယ်။ ကြောက်စလန့်စရာတွေဖြစ်တယ်။ အလွန်အားကောင်းတဲ့ ဟယ်လူစီနေရှင်း ခေါ် မဟုတ်တာကို မဟုတ်ထင်နေတယ်။ ဘာလို့လဲဆိုတာအတွက် ဟိုက်ပိုသီးဆစ် ခေါ် ယူဆချက်တွေသာရှိတယ်။ တိတိကျကျ ပြောမရပါ။ မိုင်ဂရင်း၊ စိုးရိမ်စိတ်ကဲခြင်း စတဲ့ရောဂါခံတခုခုနဲ့ဆက်စပ်သလာဆိုတာလည်း စဉ်းစားချက်သာဖြစ်တယ်။

စိတ်ပညာအရ အမျိုးအစား (၂) ခုခွဲထားတယ်။ isolated sleep paralysis (ISP) နဲ့ recurrent isolated sleep paralysis (RISP) တွေဖြစ်ပါတယ်။

ဇီဝကမ္မဗေဒအရ REM atonia နဲ့တူတယ်။ အချိန်ကြတာက တိုတာရော ရှည်တာပါရှိတယ်။ ရောဂါဗေဒရှင်းပြချက် မစုံလင်သေးပါ။ သီအိုရီတွေတော့ရှိတယ်။ မျိုးဗီဖအချက်လည်းလိုက်ရှာတယ်။ စိတ်ကြွးဆေး၊ အားနည်းချိန်၊ တချို့ ADHD ဆေးတွေနဲ့ဆက်စပ်နိုင်တယ်။ ပလက်အိပ်နေချိန်မှာဖြစ်ကြတာများတယ်။ အဆုပ်အပေါ်သက်ရောက်တဲ့ ကမ္ဘာ့ဆွဲငင်အားကိုလည်း စဉ်းစားတယ်။

လူဦးရေ ၆့၂% မှာဖြစ်တယ်လို့လေ့လာမှုတခုကဆိုပါတယ်။ သူတို့ထဲက ၃% မှာသာ ရောဂါအခံတခုခုရှိကြတယ်။

ကုသရာမှာ အတိအကျမရှိပါ။ အိပ်စက်နည်းနဲ့ ပုံစံပြင်သင့်တယ်။ မအိပ်ခင် စာဖတ်တာရွေးဖတ်သင့်တယ်။ တရားရှုမှတ်နည်းကောင်းမယ်။ အိပ်ယာ၊ ခေါင်းအုံးအနေတော်တာရွေးသင့်တယ်။ စိတ်ဖိအားနည်းအောင် ကြိုးစားသင့်တယ်။ ဆေးကတော့ Tricyclic antidepressants နဲ့ Selective serotonin reuptake inhibitors (SSRIs) စိတ်ဆေးပေးတယ်။

အိပ်မက်လိုပါပဲ။ အိပ်မက်ကနေနိုးလာရင် တချို့က အိပ်မက်ကို အလေးအနက်မှတ်ယူကြတယ်။ အထအန ကောက်ယူကြတယ်။ ဗေဒင်သွားမေးကြတယ်။ ကျွန်တော့်လုပ်ယူထားတဲ့အကျင့်ကတော့ အိပ်မက်ကို ကောင်းကောင်း ဆိုးဆိုး ချက်ချင်း မှတ်ဉာဏ်ထဲကနေ ထုတ်ပြစ်တယ်။ လောကဓံကိုရင်ဆိုင်ရာမှာ ကောင်းတာ၊ သာယာတာ၊ ချီးမွမ်းတာကို ထိန်းနိုင်မှသာ ဆိုးတာ၊ ညံ့တာ၊ ကဲ့ရဲ့တာကိုကို ပိုခံရည်ရှိပါတယ်။

Night terrors သူရဲစီးခံရခြင်း http://doctortintswe.blogspot.com/2016/02/night-terrors.html
Nightmares အိပ်မက်ဆိုးများ http://doctortintswe.blogspot.com/2014/11/sleep-disorders.html
Sleep paralysis ဘီလူးစီးခြင်း http://doctortintswe.blogspot.com/2016/10/sleep-paralysis.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Otomycosis နားမှို


၁။ မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၄၂ နှစ်ပါ။ ယခု့ မှာနေထိုင်ပါတယ်ဆရာ။ ကျွန်မငယ်ငယ်ထဲက ခုချိန်ထိ ဘယ်ဘက်နားဟာ အမြဲပဲ နားမှိုတက်တဲ့ရောဂါလို့ ပြောရမလား၊ အဖြူအဖတ်အဖတ်တွေကပ်နေပြီး ယားယံလာတတ်ပါတယ်။ သင်္ကြန်ကျပြီးတိုင်း ဆေးခန်းပြ၊ အဖြူရောင်အဖတ်တွေ အခဲလိုက်ထွက်သွားပြီးရင် သက်သာသွားပြန်ရော။ ဒီရောက်ပြီး ၁ဝ နစ်ကျော်အထိ ရောဂါပြန်ပေါ်မလာပဲ လွန်ခဲ့တဲ့ ၃ နစ်လောက်စပြီး တစ်နှစ်တစ်ခါ နားကိုက်တတ်လာပြီ။ ဆေးခန်းပြရပါတယ်ဆရာ။ နားဆရာဝန်တွေဟာ အင်မတန်ဈေးကြီးပါတယ် (ကျွန်မအထင်)။ ဒီနှစ်လည်း နားကိုက်လာပြန်တာနဲ့ ဂွမ်းတံလေးနဲ့ ကလော်ပြီး ရက်သိပ်မကြာ နားထဲက အရည်ကြည် ပြည်စ သွေးစလေးတွေပါလာတာမို့ နာကျင်ကိုက်ခဲတာတော့မရှိဘူးဆရာ။ အမြဲတစေ ကျနေတာမျိုးလည်း မဟုတ်တာကြောင့် ဆေးခန်းပြ သင့်မပြသင့်နဲ့ ဘာဆေးလေးများ သောက်ရင် သက်သာပျောက်ကင်းနိုင်မလည်းဆိုတာ မေတ္တာရှေ့ထား ဆရာအားလပ်လျှင် ဖြေကြားပေးပါရှင်။

၂။ အသက် ၄၈နှစ်၊ မ၊ နားအူ၊ နားကိုက်။ စဖြစ်တာနှစ်ပတ်ခန့်ရှိ၊ နားထဲကိုရေဝင်ရင် ခံစားရသလို အူအုံပြီး ကိုက်ပါတယ်။ တခါတခါစူးပြီးကိုက်ပါတယ်။ မအိပ်နိုင်လို့ငိုရပါတယ်ရှင့်။ မန္တလေးမြို့မှ အထူးကုဒေါက်တာ့ နှင့်ပြပါတယ်။ မသက်သာပါ။ နားဖာချေးအနည်းငယ်နဲ့ထွက်ပါတယ်။ သန့်ပေးလိုက်ပါတယ်။ အဲဒီနေ့က နေလို့ကောင်းပေမဲ့ နောက်တနေ့မှာ နားကပိုကိုက်လာပါတယ်။ နားထဲထိုးတဲ့ဒဏ်ကြောင့် ပိုနေရခက်ပါတယ်။ နာအူပိတ်နေတာလဲ မပျောက်ပါ။ တခေါက်ပြန်ပြပါတယ်။ ဒီတခါတော့ နားမှာမှိုတက်နေတယ်ပြောပါတယ်။ ဂွမ်းစနဲ့ဆွဲထုတ်တော့ မှိုတွေပါလာပါတယ်။ ရေမဝင်စေနဲ့လို့ပြောပါတယ်။ ear drop ပေးပါတယ်။ ကျမသိချင်တာ မှိုစွဲရင်ဘာဆက်ဖြစ်နိုင်လဲ။ ဦးနှောက်ထဲထိ ရောက်နိုင်ပါသလား။ ဘယ်လိုဆောင်ရန်ရှောင်ရန်လုပ်ရမလဲ သိချင်ပါတယ်။ မှိုဘာကြောင့်စွဲသလဲ။ အရှင်း
ပျောက်နိုင်ပါသလား။ ကျေးဇူးပြု၍ဖြေကြားပေးပါ။

• မှိုဆိုတာ ပူနွေးစိုထိုင်းတာကိုကြိုက်တယ်။ နားစိုနေရင် မှိုဝင်လာတတ်တယ်။ ရေမဝင်စေရပါ။
• Abnormal ear itching (pruritis) နားကယားစရာမဟုတ်ပဲယားရင် သတိပြုပါ။
• Ear pain (otalgia) နားကိုက်လာရင်လည်း သတိပြုပါ။
• Ear discharge (otorrhea) နားထဲကနေ တခုခုအရည်စတာထွက်ရင်လည်း သတိပြုပါ။
• Hearing loss နားအရင်လိုကောင်းကောင်းမကြားရင်လည်း သတိပြုပါ။

(က) Home Remedies အိမ်တွင်းကုသနည်းများ
• Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ေးရည် ၂-၃ စက်ထည့်ပါ။ ၅-၁ဝ မိနစ်စောင့်ပါ။ ခေါင်းကိုစောင်းပြီး ဆေးရည်ထွက်ကျစေပါ။ သန့်တဲ့ဂွမ်းစနည့် သန့်ရှင်းပေးပါ။
• Hair dryer ခေါင်လျှော်ပြီး ဆံပင်ခြောက်အောင်လုပ်တာနဲ့ ၁ဝ မိန်စလောက်ကြာလေပူအနေတော်မှုတ်ပြီး ခြောက်သွေ့စေပါ။
• Warm compress နားနေရာကို အပူကပ်ပေးပါ။
• Rubbing alcohol အရက်ပျံ + apple cider vinegar ပန်းသီးဆိုင်ဒါဗနီဂါဆတူရောပြီး နားထဲ ၂-၃ စက်ထည့်ပါ။ ၁ဝ မိနစ်ထားပါ။ ခေါင်းစောင်းထားပြီးထွက်စေပါ။ သန့်ပေးပါ။ ၄ နာရီတခါ၊ ၁-၂ ပါတ်ကြာလုပ်နိုင်တယ်။
• Vitamin C ဗီတာမင်စီများတဲ့အစားအသောက်စားသုံးပါ။
• Garlic oil ကြက်သွန်ဖြူဆီလည်းသုံးနိုင်တယ်။ ဆေးတောင်းဆိုရင် ဖေါက်ထည့်နိုင်တယ်။ ၁ဝ မိန်စထားပြီးနောက်မှာ ခေါင်းကိုစောင်းထုတ်ပါ။ သန့်ပေးပါ။
• Olive oil သံလွင်ဆီလည်းသုံးနိုင်တယ်။ ၃ စက်ထည့်ပါ။ ၅-၁ဝ မိနစ်ထားပါ။ ခေါင်းစောင်းပြီး ထုတ်ပါ။ သန့်ပေးပါ။

(ခ) Medications ဆေးသုံးနည်းများ
• နားအထူးကုဆရာဝန်ကိုပြတာ အကောင်းဆုံးဖြစ်ပါတယ်။
• Clotrimazole 1% ear drops (Canesten®) or Flumetasone pivalate 0.02%, Clioquinol 1% ear drops (Locorten–Vioform®) တွေကိုသုံးရတယ်။ ၂-၃ စက်ထည့်ပါ။ ၂-၃ မိနစ်စောင့်ပါ။ ခေါင်းစောင်းပြီးထွက်ကျစေပါ။ သန့်ပေးပါ။
• Fluconazole (Diflucan) မှိုသေစားဆေးလည်းတချို့အတွက်လိုမယ်။ 200mg တနေ့ ၁ ကြိမ်၊ ၃-၅ ရက်သောက်ပါ။
• Avoid antibiotics ပိုးသေဆေးတွေရှောင်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

ခရုသင်းေ၇ာဂါနှင့် ဧက၇ာဇ်မြစ်


ခရုသင်းေ၇ာဂါ၇ှိလျင်
-
ဆေးနည်းမှာ-
ဧက၇ာဇ်မြစ် အစို(၂၀)ကျပ်သားနှင့် ထန်းလျက်(၁)ပိသာအား
ေ၇အနည်းငယ်ထည့်ပြီ လက်ကော်၇အောင်ကျိုချက်ပါ။
-
၎င်အား နံနက် နှင့် ည ဟင်းစားဇွန်း(၂) ဇွန်စီ နေ့စဉ် သောက်ပေးပါက
အေ၇ပြားတွင် ဆွတ်ဆွတ်ဖြူသော(သမင်ဖြူ) ခရုသင်းနာအား
တစ်နေတခြား လျော့ပါစေပါသည်။
တစ်ကိုယ်လုံးငုံနေသော ဝေဒနာရှင်များအဖို့ ဆေးအဖုံများစွာ ဇွဲရှိရှိ
သောက်သုံးရန် လိုလေသည် ။

မြန်မာ့ဆေးမြီးတို
Myawady Health
https://www.facebook.com/pg/myawadyhealth

ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်ရအောင်


မရှိမဖြစ်ရေ
ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံသော အလေးချိန်က ရေဖြစ်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ပေါင် ၁ဝဝ ရှိသော လူတစ်ယောက်မှာ ရေရဲ့ အလေးချိန်က ၆၅ ပေါင် ပါရှိနေပါတယ်။ သွေးထဲမှာ အရည်ဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး ဦးနှောက်နဲ့ ကြွက်သားတို့မှာ အရည်ဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အရိုးထဲမှာ ရေဓာတ် ၂၂ ရာခိုင်နှုန်း ပါရှိပါတယ်။ ပျမ်းမျှအားဖြင့် လူသားတစ်ဦး နှစ် ၈ဝ ခန့် သက်တမ်းကာလ အတွင်းမှာ ရေ ၇၅ဝဝဝ လီတာမျှ သောက်သုံးခဲ့ပါတယ်။

ရေတွေက ကမ္ဘာကြီးရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင် သလို လူတွေရဲ့ ခန္ဓာကိုယ်ကိုလည်း အပူချိန်မျှတအောင် ထိန်းပေးနိုင်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အာဟာရ ပစ္စည်းတွေ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင် အောက်ဆိုက်၊ ဟော်မုန်းများ၊ အညစ်အကြေးများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးသူ ကလည်း ''ရေ''ပဲ ဖြစ်ပါတယ်။
ရေရဲ့ အခြား လုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ်ထဲသို့  ရောက်ရှိလာတဲ့ အစားအစာတွေကို ခွန်အားအဖြစ် ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်ထဲမှာ ပိုလျှံပြီးမလိုလား အပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက် တွေကို ဆီး၊ ဝမ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးခြင်း၊ အသက်ရှူခြင်းကို အထောက်အပံ့ ဖြစ်စေခြင်း၊ အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေခြင်း၊ ခန္ဓာကိုယ်တွင်းဆဲလ် များကို အောက်ဆီဂျင် မပြတ်လပ်အောင် ထိန်းသိမ်းပေးခြင်း၊ သက်လုံကောင်း စေခြင်း၊ ခေါင်းကိုက် သက်သာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ အလားအလာကို လျော့ပါးသွား စေခြင်း၊ အမောအပန်းခံ နိုင်ပြီး လေ့ကျင့်ခန်း ကြာကြာလုပ်နိုင် လာခြင်း၊ အသားအရေ ကောင်းပြီး အရွယ်တင်နုပျို စေခြင်း၊ ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ကို သက်သာစေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန် စေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြု တာကြောင့် ' ရေ ' ဟာ လူသားတို့ အတွက် မရှိမဖြစ်ပါ။

ရေဓာတ်ဆုံးရှုံးရခြင်း
အသက်ရှူထုတ်လိုက်တဲ့ အခါမှာ ရေငွေ့ပုံစံဖြင့် သော်လည်းကောင်း၊ ချွေး၊ ဆီး နှင့် မစင်တို့တွင် ပါဝင်သော ရေပုံစံမျိုးဖြင့် လူ၏ခန္ဓာကိုယ်မှ နေ့စဉ် ရေဓာတ် ဆုံးရှုံးသွားပါတယ်။ ရေဓာတ်နှင့်အတူ ခန္ဓာကိုယ်၏ ဆားဓာတ် အနည်းငယ်လည်း ဆုံးရှုံးသွားပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်မှတစ်နေ့တာ အတွင်း ရေ ၂ ဒသမ ၆ လီတာ ခန့် ဆုံးရှုံးနေပါတယ်၊ ၄င်းတို့မှာ ဝမ်းမှ သုည ဒသမ ၂ လီတာ၊ အသက်ရှူ လမ်းကြောင်းမှ သုည ဒသမ ၃ လီတာ၊ အရေပြားချွေး ထွက်ခြင်းမှ သုည ဒသမ ၆ လီတာ၊ ဆီးမှ ၁ ဒသမ ၅ လီတာ ပမာဏရှိတဲ့ ရေဓာတ်တွေ နေ့စဉ်ထွက်ရှိ နေလို့ပါပဲ၊ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေပမာဏဟာ ၁ ရာခိုင်နှုန်း လျော့သွားတာနဲ့ တစ်ပြိုင်နက်တည်း ရေသောက်ချင်စိတ် (ရေငတ်ခြင်း) ဖြစ်လာပါ တော့တယ်။ ဒါကြောင့် လူတို့  အစာမစားရဘဲ တစ်လအထိ အသက်ရှင်နိုင် သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ခုနစ်ရက်)ထက်ပို၍ အသက်မရှင်နိုင် ကြပါဘူး။ (ရေလိုအပ်နေသူ တစ်ဦး ရေမရလျှင် ချက်ချင်းသေနိုင် ပါတယ်။)
ရေဓာတ်ခန်းခြောက်ခြင်းကို ဖော်ပြနေတဲ့ လက္ခဏာများ
ရေဓာတ် အလွန်များပြားစွာ ဆုံးရှုံးသွားချိန်မှာ ခန္ဓာကိုယ်က ထိန်းညှိနိုင်မှု မရှိတော့ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက် လာခြင်းကို ဖြစ်စေပါတယ်။ အသေးစား ရေဓာတ်ခန်းခြောက် မှုမှ ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှုအထိ ရောဂါလက္ခဏာ များတွင် ရေဆာလောင်မှု ပိုမိုဆိုးလာခြင်း၊ ခံတွင်းခြောက်သွေ့ခြင်း နှင့် လျှာရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ရင်တလှပ်လှပ် ဖြစ်ခြင်း၊ စိတ်အာရုံ ရှုပ်ထွေးခြင်း၊ ရင်တုန်ခြင်း၊ ဆီးပမာဏ လျော့နည်းခြင်းတို့ ဖြစ်စေပါတယ်။ ရေဓာတ် ခန်းခြောက်မှုနှင့် ကြုံနေရသူအနေနဲ့ တစ်ရက်ထက် ကျော်၍ အော့အန်ခြင်း၊ ကိုယ်အပူချိန် ၁ဝ၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက် ကျော်လွန် သည်အထိ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေးခြင်းတို့ ကြုံရပါက ဆရာဝန်နဲ့ ပြပါ။ အကယ်၍ ကိုယ်အပူချိန် ၁ဝ၃ ဒီဂရီဖာရင်ဟိုက် ထက်ပို၍ ဖျားနေရင် ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ပြီးခဲ့တဲ့ ၁၂ နာရီအတွင်း ဆီးမသွားခြင်း ကဲ့သို့ ပြဿနာများ ကြုံတွေ့ ပါက ၄င်းလူနာကို အရေးပေါ်ဌာနသို့ ပို့ပေးပါ။ အောက်ပါ လက္ခဏာကြီး (၃)ရပ်က ရေဓာတ်ခန်း ခြောက်ခြင်းကို ထင်သာမြင်သာ သိစေနိုင်ပါတယ်၊

(၁) ခေါင်းကိုက်ခြင်း ။ ရေဓာတ်ခန်းခြောက် ခြင်းနဲ့အတူ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် ဆားဓာတ်များလည်း ဆုံးရှုံးသွားပါတယ်။ အဲဒီ အငန်ဓာတ်တွေ ဆုံးရှုံးခြင်းက သွေးထဲက ဓာတုပစ္စည်း ဖွဲ့စည်းမှုကို ကမောက်ကမ ဖြစ်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်လာစေ ပါတော့တယ်။ ရေဓာတ် ခန်းခြောက်လာ လေလေ သွေးဖိအားကျဆင်းပြီး ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှု နည်းလာလေလေ ဖြစ်တာကြောင့် "ရေဓာတ်ခန်းခြောက် ခြင်းအစ ခေါင်းကိုက်ခြင်းက'' လို့ သတိရှိပါလေ။
(၂) ဆီးအဝါရောင်သွားခြင်း ။  အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး ပြောရရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အလုံအလောက် ရှိတဲ့အခါ စွန့်ပစ်အရည် ပစ္စည်းများဟာ လွယ်လွယ်ကူကူ ထွက်ရှိလာ ပါတယ်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက် သွားတဲ့အခါမှာတော့ ဇီဝကမ္မဖြစ်စဉ်များ ကောင်းစွာ အလုပ်မလုပ် နိုင်တော့ဘဲ အဖန်တလဲလဲ ခက်ခက်ခဲခဲ ချက်လုပ်ရခြင်းကြောင့် ဆီးကဲ့သို့သော စွန့်ပစ်အရည်ဓာတ်ဟာ ထွက်ရှိမှုပမာဏ နည်းလာပြီးဆီး၏အရောင်မှာ အဝါရောင် သို့မဟုတ် ပယင်းရောင် ရင့်ရင့်ပြောင်း သွားပါတော့တယ်။
(၃) ဝမ်းချုပ်ခြင်း ။ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဝမ်းကလည်း ဆီးလိုပါပဲ၊ ရေဓာတ်ရှိမှသာ အူမကြီးကို ကောင်းစွာ အလုပ်လုပ် စေပြီးတော့ မလိုလားအပ်တဲ့ အစာဟောင်းတွေကို လွယ်လွယ်ကူကူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ် ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက် တဲ့အခါ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူ လူသားတိုင်း သန့်ရှင်းသော သောက်ရေကို တစ်နေ့လျှင် အနည်းဆုံး ရှစ်ဖန်ခွက်မျှ သောက်သုံး သင့်ပါတယ်။

ရေသောက်ရန် အသင့်လျော်ဆုံးအချိန်
ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ (ရိုးရိုးသောက်ရေသန့် ကိုသာ သောက်ပါ)
(၁) တစ်ညတာလုံး ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ရာထ တာနဲ့သောက်ရေ နှစ်ခွက် သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့  ထမင်းမစားခင် နာရီဝက် ကြိုတင်၍ ရေတစ်ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်း မှန်စေရန်နဲ့ သွေးကျစေဖို့  ရေမချိုးခင် ရေတစ်ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်၊ နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေတစ်ခွက် သောက်ပေးရပါမယ်။
(၅) အိပ်ပျော်နေစဉ် ခြေသလုံး ကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တစ်ရေးနိုး တဲ့အခါ ရေထသောက်ပေးပါ။
ရေလုံးဝ မသောက်သင့်ဆုံးအချိန်
အမေရိကန်ကျန်းမာရေး သုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုတ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါ ဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြ ပါတယ်တဲ့၊ အကြောင်းရင်း ကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ၊ ရိုးရိုးရေအေး မသောက်ကြဘဲ ရေနွေးဖြူ သို့မဟုတ် လက်ဖက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါပဲ။ အထူးသဖြင့် ထမင်းစားရင်း ရေခဲရေအေးအေး သောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့အဆီ အနှစ်တွေက ( ဥပမာပြရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွှံ့စေးအနယ်အနှစ်များ သဖွယ် ခဲပျစ်သွားတတ် ကြပြီး အစာကောင်းစွာ မချက်ပြုတ် နိုင်တော့ဘဲ အူကင်ဆာ ဖြစ်လာစေပါတယ်။
ဒါ့အပြင် ထမင်းဟင်းပူပူ စားရင်း ရေခဲရေအေးအေး သောက်လိုက်တဲ့ အခါများမှာလည်း အပူအအေး တစ်ပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ်။ အပူအအေး တန်ပြန် သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာ ဗိုက်အောင့် စေပါတော့တယ်။ ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ၊ သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ သို့မဟုတ် ရေနွေးဖြူ သို့မဟုတ် ရေနွေးကြမ်း တို့ဖြင့်သာ ထမင်းလုတ် မနင်အောင် မျှောချကြပါရန်နဲ့ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော် ကြာမှသာ သောက်ရေအေး သောက်ကြပါရန် အမေရိကန်ရှိ ကျန်းမာရေး သုတေသီ များက Daily Health Tips ခေါ် အင်တာနက် သတင်းမှာ အကြံပေးဖော်ပြ သွားပါတယ်။

သို့ပါ၍ ဤကျန်းမာရေး ဆောင်းပါးကို ဖတ်ရှုပြီးနောက် မိမိကိုယ်ကို ဆင်ခြင်ကြပြီး မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများ အားလုံးကိုလည်း ကျန်းမာရေး အသိပေး မျှဝေပေးခြင်းဖြင့် လူ ၁ဝ ဦးမှာ အနည်းဆုံး တစ်ဦးကိုအသက်ကယ်တင် နိုင်မှာဖြစ်ပါကြောင်း အသိပေး နှိုးဆော် လိုက်ရပါတယ်။

( ပေါက်ပေါက် )
THE MYAWADY DAILY
https://www.facebook.com/TheMyawadyDaily

ပျားမရှိလျှင် ပျားရည်လည်း မရှိနိုင်


နံနက်မိုးလင်း၍ အိပ်ရာမှ နိုးထသည်နှင့် ကျွန်တော်ပထမဆုံး သတိထားမိသော အရာသည် အိမ်ရှေ့ တရုတ်မန်ကျည်းပင်မှ စာကလေးများ ဖြစ်သည်။ နံနက်လင်း သည်နှင့် သူတို့ရောက်ရှိ လာကြပြီး အစာရှာကြသည်။ အချို့က ကောက်ရိုးမျှင် လေးများ၊ ငှက်မွေးလေးများ ကိုက်ချီလာကြပြီး အိမ်ဆောက်ကြသည်။ ဆက်ရက်ကလေး များနှင့် နှံပြီစုတ် ကလေးများ လည်း ပါလာကြသည်။ တစ်ချိန်တည်း တွင် စာရေးသူ လမ်းမဆီကို မျှော်ငေးကြည့် လိုက်တော့ လုပ်ငန်းခွင်သို့ အသီးသီး သွားလာနေကြသော စက်ဘီးများကို တွေ့ရသည်။ သူတို့စက်ဘီး လက်ကိုင်တွင် လက်သုတ်ပဝါလေးနှင့် ထမင်းချိုင့်လေးများ ကိုယ်စီ ချိတ်ဆွဲထား ကြသည်။

နေ့သစ်တစ်ခုကို စတင်ပြီ ဆိုသည်နှင့် သတ္တဝါအားလုံး မိမိတို့ တစ်ဝမ်းတစ်ခါး အတွက် အလုပ်လုပ် ကြရသည်။ အချို့ ကုန်စိမ်းသည်များ ဆိုလျှင် နံနက် ၃ နာရီခန့်ကပင် ထ၍ မီးတိုင်ဈေးသို့ ဈေးကားဖြင့် လိုက်ကာ ဈေးထွက်ရန် ပြင်ဆင်ကြ ရသည်။ အိမ်ရှင်မက မိမိခင်ပွန်းနှင့် သားသမီးများ အတွက် ချက်ပြုတ် ကျွေးမွေးရန် ဈေးခြင်းပြင် ရသည်။ ကျောင်းသား၊ ကျောင်းသူ များကလည်း ကျောင်းသွားရန် ပြင်ဆင်ကြ ရသည်။ အားလုံးသည် အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ ထမ်းဆောင် နေကြသည်။ လောကကြီးတွင် လူပိုလူလျှံအဖြစ် အချည်းနှီး နေ၍ မရတော့ပါ။
အမှန်တွင် အလုပ်သည် လူ့ဘဝ၏ ဂုဏ်သိက္ခာ ဖြစ်သည်။ လက်လုပ်လက်စား ပင် ဖြစ်စေ၊ စာရေးစာချီ ပင်ဖြစ်စေ၊ ကုန်သည်ပွဲစား ပင်ဖြစ်စေ၊ အရာရှိကြီးများ၊ ဆရာဝန်ကြီးများ ပင်ဖြစ်စေ၊ မိမိဘဝကို အဓိပ္ပာယ် ရှိအောင် အလုပ်လုပ် နေကြခြင်း ဖြစ်သည်။ ကျွန်တော် တို့တစ်တွေ စိတ်ပါသည် ဖြစ်စေ၊ စိတ်မပါသည် ဖြစ်စေ၊ မိမိဝါသနာ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ အလုပ်တစ်ခု မဟုတ် တစ်ခုတော့ လုပ်နေကြ ရသည်ပင် ဖြစ်သည်။
အဘယ်ကြောင့် ကျွန်တော်တို့ အလုပ်လုပ်နေ ကြတာလဲ။ အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး အဖြေကတော့ ဝင်ငွေရရှိရေးပင် ဖြစ်သည်။ ဝင်ငွေရှိမှ ဘဝရပ်တည်ရေး၊ စားဝတ်နေရေး အတွက် အဆင်ပြေမည်။ အထောက်အကူ ရပေမည်။ ဝါသနာကြောင့် ဖြစ်စေ၊ ဂုဏ်ဒြပ်ကြောင့် ဖြစ်စေ၊ လူရိုသေ၊ ရှင်ရိုသေ ဖြစ်အောင်ဖြစ်စေ အလုပ်လုပ် နေသူများလည်း ရှိကောင်းရှိသည်။ အမှန်တွင် အလုပ်ကြောင့် ကျွန်တော်တို့ ဘဝများ ရှင်သန်နေခြင်း ဖြစ်သည်။ အဓိပ္ပာယ် ရှိနေခြင်း ဖြစ်သည်။ အလုပ်လုပ် ခြင်းဖြင့် ငွေကြေးကို ရရှိနိုင်သည်။ စကားပြောဆို ခြင်းဖြင့် အသိဉာဏ် ဗဟုသုတကို ရရှိနိုင်သည်။

By work you get money, by talk you get knowledge. ယနေ့ အောင်မြင်မှု ရရှိနေသူများ၊ ထိပ်ဆုံးသို့ ရောက်ရှိ နေသူများသည် အလုပ်ကို ကျားကုတ်ကျားခဲ ကြိုးစားလုပ်ကိုင် ခဲ့ကြသူများ ဖြစ်သည်။ ထိုကဲ့သို့ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သည့် အကျင့်စရိုက် ကောင်းကြောင့်လည်း အောင်မြင်ခြင်းကို သူတို့ရရှိ ခံစားခဲ့ကြ ရသည်။ အနာဂတ် ဆိုသည်မှာ အလုပ်အပေါ်တွင် တည်ရှိနေခြင်း မဟုတ်ပါ။ အလုပ်လုပ်သူ ထံတွင်သာ အနာဂတ် ဆိုတာရှိနေခြင်း ဖြစ်သည်။

တစ်ခါက မိုးထိမြင့်မားသော အဆောက်အအုံ ကြီးတစ်ခုကို ဆောက်လုပ် နေသည့် ကန်ထရိုက်တာ တစ်ဦးကို လူငယ်လေး တစ်ဦးက တအံ့တသြ ဖြစ်ကာ အားကျကြည်ညို စိတ်ဖြင့် မေးခဲ့ဖူးသည်။ ''ကျွန်တော် ကြီးလာရင်လဲ ဦးလေးလို ချမ်းသာချင် လိုက်တာ။ အဲဒီလို ဖြစ်လာအောင် ကျွန်တော် ဘယ်လိုလုပ်ရ မလဲဟင် ဦး''။ သည်တွင် အသက်အရွယ် ရလာပြီဖြစ်သည့် ကန်ထရိုက်တာ ကြီးက ''ဒီမှာ ချာတိတ်၊ အနီရောင် အင်္ကျီတစ်ထည် ဝတ်ပြီးတော့ အလုပ်ကို အပြင်းအထန် လုပ်ကွာ''ဟု ပြောလိုက်သည်။
ချာတိတ်လေးက လူကြီး၏ စကားကို နားမလည် နိုင်ရှာပါ။ အဆိုပါ ပုဂ္ဂိုလ်ကြီးကမူ သူ့အလုပ် သူလုပ်၍ ညွှန်ကြားစရာ ရှိသည်ကိုသာ ဆက်လက် ညွှန်ကြားနေသည်။ ပြီးမှ ချာတိတ်လေးဘက် လှည့်ပြီး- ''ဟိုမှာ ကြည့်စမ်း အလုပ်လုပ် နေကြတဲ့လူတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့အားလုံးရဲ့ အမည်ကို ငါ မသိနိုင်ဘူး။ တချို့ဆိုရင် ငါနဲ့တောင် မျက်နှာချင်း ဆိုင်ဖူးကြတာ မဟုတ်ဘူး''။

လူကြီးက ဆက်ပြောသည်-
''တစ်ခါက မင်းလို လူငယ်လေး တစ်ယောက်ဟာ အနီရောင် အင်္ကျီဝတ်ပြီး အလုပ်လုပ် နေခဲ့တယ်။ အဲဒီ အချိန်မှာ အလုပ်သမား အများစုကတော့ အပြာရောင်ပဲ ဝတ်လေ့ဝတ်ထ ရှိကြတာ။ အနီရောင် ဝတ်တဲ့ ကောင်လေးကတော့ တခြားသူတွေ ထက်ပိုပြီး အလုပ် ကိုကြိုးကြိုးစားစား လုပ်တယ်။ အလုပ်ခွင်ကိုလဲ တခြား အလုပ်သမားတွေ မရောက်ခင် အစောကြီး ရောက်လာတယ်။ အလုပ်လုပ် ရာမှာလဲ သူများတွေ ထက်ပိုပြီး သွက်လက်တယ်။ အလုပ်သိမ်း တော့လဲ သူက နောက်ဆုံးမှ လူအုပ်ကြားမှာ သူ့ကိုပိုပြီး ထင်ထင်ရှားရှား မြင်နေရတယ်။ ဘာလို့လဲဆိုတော့ သူက အနီရောင် ရှပ်အင်္ကျီ ဝတ်ထားတာကိုး။ ဒီမှာ အလုပ်ရှင်က သတိထားမိပြီး သူ့လုပ်ငန်းမှာ ကြီးကြပ်သူ အဖြစ် အလုပ်ခန့် လိုက်တယ်။ တစ်နေ့မှာ သူ လက်ထောက် ဖြစ်နိုင်တယ် လို့လဲ လုပ်ငန်းရှင်က တွက်မိမှာပေါ့။ သူက အလုပ်လဲ ကြိုးစားတယ်။ ဒါပေမဲ့ သူများလိုပဲ အပြာရောင် အင်္ကျီသာ ဝတ်ထားရင် လုပ်ငန်းရှင်က ဘယ်မှာ သတိထားမိ မှာလဲ။ ရှပ်အင်္ကျီ အနီရောင် ကြောင့်သာ သူ့ကို သတိထားမိတာ။ ဒါနဲ့ပဲ သူဟာ အလုပ်တွေ ကြိုးစားလုပ်၊ ရရှိတဲ့ငွေကို စနစ်တကျသုံးစွဲ၊ စုဆောင်း၊ နောက်ဆုံးတော့ အဲဒီ လူငယ်ဟာ အဲဒီလုပ်ငန်းကြီးရဲ့ လုပ်ငန်းရှင်ဖြစ် လာခဲ့တယ်။ အဲဒီလူဟာ တခြားလူတော့ မဟုတ် ပါဘူး။ မင်းရှေ့မှာ ရပ်နေတဲ့ ငါကိုယ်တိုင်ပဲ'' ဟု ပြောပြသည်။

အလုပ်လုပ်သည့် လုပ်သား ပုရွက်ဆိတ် များသည် မိုးတွင်းအတွက် ရိက္ခာမပူရချေ။ ပျားလုပ်သားများ အတွက် ပျားရည်ဘဏ်တိုက် အဆင်သင့် ရှိနေသည်။
တစ်ခါက ကမ္ဘာကျော် စန္ဒရားပညာရှင် ရိုလာဝီလျံ ကို သာသနာပြု အဖွဲ့တွင် လှူဒါန်းတီးမှုတ် ဖျော်ဖြေမှုအတွက် ဂုဏ်ပြု ညစာစားပွဲဖြင့် ဧည့်ခံ ကျွေးမွေး ခဲ့သည်။ သူသည် ညစာစားပွဲကို အချိန် အနည်းငယ်မျှ တက်ရောက်ပြီး သည်နှင့် ''ကျေးဇူးတင် ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အလုပ်လေး ရှိသေးလို့ ခွင့်ပြု ပါအုံး''ဟု ဆိုသည်။
ဤတွင် ညစာစားပွဲ ဧည့်ခံသူ အမျိုးသားက-
''အလုပ်ဟုတ်လား။ ဒီအချိန်ကြီးမှာတောင် အလုပ်က ရှိသေးတာ လားဗျာ'' ဟု တအံ့တသြ မေးရာ ''ဟုတ်တယ်။ အိမ်ပြန်ပြီး စန္ဒရား လေ့ကျင့်ရအုံးမယ် လေဗျာ။ ည ၁ဝ နာရီကနေ ၂ နာရီလောက် ထပ် ပြီးတော့ လေ့ကျင့် ရသေးတယ်''ဟု ဆိုသည်။ ''နေ့တိုင်း ဒီအတိုင်းပဲလား'' ဟု မေးတော့ ''နေ့တိုင်း ဒီအတိုင်းပဲ'' ဟု ဆိုသည်။

မှန်ပါသည် အလုပ် ဆိုသည်မှာ အမြဲတမ်း လုပ်နေရမည့် အရာဖြစ်သည်။ အလုပ်မရှိလျှင် စိတ်လေမည်။ ပျင်းရိဖွယ် နေ့တာများကို ဖြတ်သန်းရမည်။ ယောင်တိ ယောင်ချာဖြင့် အချိန်များ ကုန်ဆုံးရသည် အသက်အရွယ် ကြီးရင့်၍ လုပ်ငန်းပင်စင် ယူသည့်တိုင် အလကား မနေတတ်၍ ဝါသနာပါရာ လုပ်ကိုင်ရင်း ကမ္ဘာကျော်ခဲ့ ကြသော ပန်းချီဆရာ၊ စာရေးဆရာ များလည်း ရှိနေသည်။
အသက်အရွယ် အိုမင်း၍ တခြား အလုပ်မလုပ် နိုင်တော့သည့်တိုင် သမထ ဝိပဿနာ ပွားများ၍ သံသရာ လွတ်မြောက်ရာ လွတ်မြောက် ကြောင်း ကျင့်ကြံအားထုတ် ကြရမည်။ အသက်ရှင် နေသရွေ့ အလုပ်နှင့်လူ တွဲနေရမည်ပင် မဟုတ်ပါလား။
ပျားမရှိလျှင် ပျားရည်လည်း မရှိနိုင်။
အလုပ်မရှိလျှင် ပိုက်ဆံလည်း မရှိနိုင်ပါချေ။
No bees, no honey,no work, no money.

( မောင်သင်းဝေ )
THE MYAWADY DAILY
https://www.facebook.com/notes/the-myawady-daily

"တစ်ညတည်းနဲ့ ကိုယ်အလေးချိန်ကျဆင်းစေမယ့် သဘာဝနည်း"


ကိုယ်အလေးချိန်လျော့ချဖို့ အကောင်းဆုံး နည်းလမ်းက စနစ်တကျစားပြီး လေ့ကျင့်ခန်း အလုံအလောက်လုပ်ဖို့ ဖြစ်ပါတယ်။ သို့သော် သူဟာ အဲဒီကိုယ်အလေးချိန်လျော့ကျစေမယ့် လေ့ကျင့်ခန်းတွေအတွက် မိမိအချိန်နဲ့ အားအင်တွေ မပေးနိုင် သို့မဟုတ် မပေးချင်သူ တစ်ယောက်ဖြစ်ရင် အဆီကိုလျော့ကျစေပြီး အစာချေမှု အားကောင်းမွန်စေမယ့် အရည်တစ်မျိုးကို သောက်ကြည့်သင့်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
လတ်ဆတ်သော သဘာဝသံပုရာသီး (၁/၂) လုံး
ပျားရည်စစ်စစ် ထမင်းစားဇွန်း (၂) ဇွန်း
သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ရေ (၂၅၀) မီလီလီတာ
၁။ ရေကို ပွတ်ပွတ်ဆူအောင် တည်ပါ။
၂။ ပါဝင်ပစ္စည်းအားလုံး ဇလုံတစ်ခုထဲပေါင်းထည့်ပါ။
၃။ ရေကို နွေးနွေးဖြစ်သည်အထိ စောင့်ပြီး ပစ္စည်းများပေါ်လောင်းချပါ (ပွက်ပွက်ဆူနေတဲ့ရေကို ပျားရည် သို့မဟုတ် သံပုရာရည်ပေါ် လုံးဝမလောင်းချပါနဲ့)။
၎။ ကောင်းမွန်စွာရောစပ်ပါ။
၅။ အေးအောင်စောင့်ပြီး သောက်ပေးရပါမယ်။
ဒီဆေးရည်ကို သောက်ဖို့ အကောင်းဆုံးအချိန်က မနက်အချိန်နဲ့ နောက်ပြီး ညအိပ်ရာမဝင်ခင်လေးအချိန်မှာ သောက်ပေးရပါမယ်။ ဒါပေမယ့် အမြဲတမ်း အစာအိမ်ဗလာဖြစ်နေချိန်ဖြစ်ရပါမယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

ခြေဖနောင့်ကွဲအက်ခြင်းမဖြစ်ရလေအောင်


ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။ စတင်ဖြစ်ပေါ်လာခြင်း …. ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ လွဲမှားစွာလုပ်ဆောင်ခြင်း …………. လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ ကွဲနေသော ခြေဖနောင့်နေရာကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုးတို့ ဖြင့် ပွတ်တိုက်ခြင်းကို ပြုလုပ်ကြပါတယ် ဒီလို လုပ်ဆောင်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာတွင် သွေးစိမ်းများ စိမ့်ထွက်လာပြီး ပိုးကို အလွယ်တကူဝင်ရောက် ရောင်ရမ်းလာနိုင်ပါစေတယ် ကုသခြင်းလည်း ကြာပြီး လမ်းလျှောက်သည့်အခါတွင် ပိုမိုဆိုးရွားစွာ ခံစားမှု့ ဖြစ်ပေါ်စေပြီး ရောင်ရမ်းနာကျင် လာစေပါတယ် ဒါကိုတော့ အထူးသတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက်တရပ်ဖြစ်ပါတယ် ။ ကုသနည်း .......... အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။ ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။ ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။ ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။ နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်းမကြီးဘဲ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ကာကွယ်ခြင်း အဆင့် ......... ဖြစ်ပေါ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်လို့ လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ဖော်ပြပါ ဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။ စားသင့်သော အစားအသောက်များ …………….. ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။ တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။ ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။ ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။ နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။ ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။ ရေချိုးပြီးတိုင်း ခြေထောက်ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အရေပြား ခြောက်သွေ့အက်ကွဲခြင်းများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့်လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးထားပေးရပါမယ်။ဆောင်းရာသီတွင် ရေသောက်နည်းတတ်ပါတယ် ဒါကြောင့် ရေသောက်ခြင်းကို များများ သောက်ပေးပါလို့  အကြံ့ ပြု့ ရေးသားရင်း ….နာကျင်မဲ့စွာ လျှောက်လှမ်းနိုင်သော ခြေလှမ်းလေးများဖြစ်ကြပါစေ ။
ဆောင်းရာသီတွင် ဖြစ်တက်သည့် ခြေဖနောင့်ကွဲအက်ခြင်း ........
ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။
စတင်ဖြစ်ပေါ်လာခြင်း ….
ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
လွဲမှားစွာလုပ်ဆောင်ခြင်း ………….
လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ ကွဲနေသော ခြေဖနောင့်နေရာကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုးတို့ ဖြင့် ပွတ်တိုက်ခြင်းကို ပြုလုပ်ကြပါတယ် ဒီလို လုပ်ဆောင်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာတွင် သွေးစိမ်းများ စိမ့်ထွက်လာပြီး ပိုးကို အလွယ်တကူဝင်ရောက် ရောင်ရမ်းလာနိုင်ပါစေတယ် ကုသခြင်းလည်း ကြာပြီး လမ်းလျှောက်သည့်အခါတွင် ပိုမိုဆိုးရွားစွာ ခံစားမှု့ ဖြစ်ပေါ်စေပြီး ရောင်ရမ်းနာကျင် လာစေပါတယ် ဒါကိုတော့ အထူးသတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက်တရပ်ဖြစ်ပါတယ် ။
ကုသနည်း ..........
အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။
ထပ်မံပြီးတော့လည်း ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။
ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။

ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။
ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်းမကြီးဘဲ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်ခြင်း အဆင့် .........
ဖြစ်ပေါ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်လို့ လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ဖော်ပြပါ ဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။

စားသင့်သော အစားအသောက်များ ……………..
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။
တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။
ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။
အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။
ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။

ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။
ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။
ရေချိုးပြီးတိုင်း ခြေထောက်ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
အရေပြား ခြောက်သွေ့အက်ကွဲခြင်းများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့်လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးထားပေးရပါမယ်။ဆောင်းရာသီတွင်
ရေသောက်နည်းတတ်ပါတယ် ဒါကြောင့် ရေသောက်ခြင်းကို များများ သောက်ပေးပါလို့  အကြံ့ ပြု့ ရေးသားရင်း ….နာကျင်မဲ့စွာ လျှောက်လှမ်းနိုင်သော ခြေလှမ်းလေးများဖြစ်ကြပါေ။

Myawady Health
https://www.facebook.com/pg/myawadyhealth/photos

ကော်ဖီသောက်ရန် အသင့်လျော်ဆုံးအချိန်


ကိုးရာစုလောက် ကတည်းက အီသီယိုးပီးယား နိုင်ငံမှာ စပြီးသောက်သုံး ခဲ့တဲ့ ကော်ဖီဟာ ၁၆ ရာစုနှစ် ရောက်တဲ့ အခါမှာတော့ အာရေဗျဝိုင် လို့ ရေပန်းစားလာ ခဲ့ပြီး ယနေ့ထိတိုင် ကမ္ဘာသုံး အဖျော်ယမကာ အဖြစ် လူမျိုးမရွေး၊ ဘာသာမရွေး အာသာငမ်းငမ်း သောက်သုံးလျက် ရှိနေကြ ပါတယ်။ သူ့ရဲ့အတန်ငယ် ခါးသက်သက် အရသာလေးက လျှာရင်းမြက် စေသလို၊ နက်ရှိုင်းတဲ့ ရနံ့လေးကို ရှူရှိုက်လိုက်တဲ့ အခါတိုင်း စိတ်ဘဝင်ကို ကြည်လင် လန်းဆန်းသွား စေတယ်လို့ ကော်ဖီချစ်သူ တွေက မှတ်ချက်ချကြ ပါတယ်။
ကော်ဖီနှင့် ကျန်းမာရေး
Aroma မျိုးနွယ်ဝင်ဖြစ်တဲ့ အပင်မှ ရရှိတာကြောင့်လည်း ကော်ဖီက ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ် ပေးနိုင်သည့် ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်း(ခေါ်) Antioxidant အာဟာရဓာတ် သတ္တုများစွာ ပါဝင်နေပါတယ်။ အဆီများ လောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီ ပေးပါတယ်။ အသည်းကို အားကောင်းလာ စေပါတယ်။ ပါကင်ဆန် (ခေါ်) အသက်ကြီး၍ ခြေတုန်လက်တုန် ရောဂါများနှင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက် ဇရာကြိုရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်း တွေကို ကဖိန်းဓာတ် နည်းတဲ့ ကော်ဖီပျော့ပျော့ တိုက်ကျွေးသင့် တယ်လို့ The University of South Florida နှင့် The University of Miami တို့မှ သုတေသီများက အကြံပြုထား ပါတယ်။
အချိုမပါတဲ့ ကော်ဖီ တစ်နေ့နှစ်ခွက် ပုံမှန်သောက်ခြင်း က ဆီးချို အမှတ်-၂ ဖြစ်နိုင်ခြေကို ၅ဝ ရာခိုင်နှုန်း လျှော့ချပေးကြောင်း The American Chemical Society က အကြံပြုထား ပါတယ်။ ကဖိန်းဓာတ်က သွေးထဲမှာရှိတဲ့ ဖက်တီးအက်စစ် ပမာဏကို တိုးပွားစေကာ ထိုအက်စစ် တွေကို ခန္ဓာကိုယ် ကြွက်သားများက စုပ်ယူလောင်မြိုက် ပေးတာမို့ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်းကို သက်သာစေတာ ကြောင့် အထူးသဖြင့် မာရသွန်၊ ပြေးခုန်ပစ်၊ ကြက်တောင် နဲ့ စက်ဘီးစီး အားကစား သမားအတွက် အထောက်အကူ ပြုတယ်လို့ The New York Times မှာ ဖော်ပြသွားခဲ့ ပါတယ်။ အမျိုးသား၊ အမျိုးသမီး ဦးရေစုစုပေါင်း တစ်သိန်း ကျော်ကို အနှစ် ၂ဝ ကြာ သုတေသန ပြုပြီးတဲ့အခါမှာ ကော်ဖီက အရေပြား ကင်ဆာနဲ့ ရင်သားကင်ဆာ တွေ ဖြစ်နိုင်ခြေ နည်းပါးစေတယ် လို့ Brigham and Women's Hospitalူ မှ အကြံပြုထား ပါတယ်။
ကော်ဖီသောက်ပြီး တဲ့အခါ စိတ်ကိုလန်းဆန်း ပျော်ရွှင် လာစေသောကြောင့် ဆယ်ကျော်သက် များ မိမိကိုယ်ကို သေကြောင်း ကြံစည်လိုမှု ၅ဝ ရာခိုင်နှုန်း လျှော့ချပေး နိုင်ကြောင်း The Harvard School of Public Health မှ အတည်ပြုထား ပါတယ်။ ကိုရီးယားနိုင်ငံ Seoul National University က ကြွက်များနဲ့ စမ်းသပ်ပြီး နောက်မှာ ကော်ဖီက စိတ်ကျရောဂါကို ပျောက်ကင်းစေတဲ့ အပြင် လိင်စိတ်နိုးကြွ စေတယ်လို့ ဆိုပါတယ်။
၂ဝဝ၆ ခုနှစ်က အမေရိကန်မှာ အရက်စွဲ နေသူပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို ၂၂ နှစ်ကြာ သုတေသန ပြုချက်များအရ နေ့စဉ်ကော်ဖီတစ်ခွက် ပုံမှန်သောက်သူ တွေမှာ အရက်ကြောင့် ဖြစ်တဲ့ အသည်းခြောက် ရောဂါဖြစ်နိုင်ခြေအလားအလာ ၂ဝ ရာခိုင်နှုန်းမျှ လျော့ကျ စေပါတယ်။ ကော်ဖီက အရွယ်တင်နုပျို စေတဲ့အပြင် သည်းခြေအိတ် ကျောက်တည်ခြင်း မကြာခဏ မျက်စိ ပုတ်ခတ်ပုတ်ခတ် လုပ်သူများ၊ သွားပိုးစားခြင်း၊ ဂေါက်(ခေါ်) အဆစ်အမျက် ရောင်ရမ်းနာများ စသည်တို့အတွက် ဆေးဖက်ဝင် တယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုထားကြပါတယ်။
ကော်ဖီက လူ့သငံရည် (သားနံရည်) ကြော အဖွဲ့အစည်း ကို အဆိပ်အတောက် ပြေစေတာကြောင့် အထူးသဖြင့် Orange Peel ခေါ် အရေပြား အဖုအထစ် ကြမ်းတမ်းခြင်းကို သက်သာစေနိုင်လို့ အရေပြားရောဂါ ရှိသူများ ကော်ဖီမှုန့်နဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းတွေကို အသုံးပြုသင့် ပါကြောင်း လှပမှုဆိုင်ရာ အရေပြား ရောဂါဗေဒပညာရှင် တွေက ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်က Beauty Mantra ခေါ် အမေရိကန် အလှအပ ဆိုင်ရာ အင်တာနက် စာမျက်နှာမှာ အကြံပြုထား ပါတယ်။
၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဗြိတိန်နိုင်ငံ Imperial College London မှ လေ့လာတွေ့ရှိမှု အသစ်တစ်ရပ် အရ အမျိုးသမီးဦးရေ ၄၅၆ဝဝဝ ကို လေ့လာခဲ့ရာမှ တစ်နေ့လျှင် ကော်ဖီ သုံးခွက် သောက်သုံးလေ့ ရှိတဲ့ အမျိုးသမီးများမှာ သားအိမ်ကင်ဆာ ဖြစ်ပွားလာနိုင်မှု အန္တရာယ်ကို ၁၈ ရာခိုင်နှုန်း လျှော့ချပေး နိုင်ကြောင်း လေ့လာတွေ့ရှိ ခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အီတလီနိုင်ငံ ဘာရီမြို့ရှိ ဆေးဝါး သုတေသနပညာရှင် များက အသက်အရွယ် ကြီးရင့်သူ ၁၄ဝဝ အား စမ်းသပ်လေ့လာ ခဲ့ပြီး အလယ်အလတ်စား ကော်ဖီသောက်သုံး သည့် အလေ့အကျင့် သည် ဦးနှောက် ကျန်းမာရေးကို အထောက်အကူ ပြုနေကြောင်း တွေ့ရှိခဲ့တယ်။ အဆိုပါ လေ့လာမှုအား အီတလီ ဘာရီအယ်လ်ဒို မော်ရို တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အသက် ၆၅ နှစ်မှ ၈၄ နှစ်အရွယ်ကြား အီတလီ သက်ကြီးပိုင်း ၁၄၄၅ ဦး၏ ကော်ဖီသောက် သုံးခြင်းနှင့် အာရုံကြော ဆိုင်ရာ ကျန်းမာ သန်စွမ်းခြင်း ဆက်နွှယ်နေမှု အပေါ် သုံးနှစ်ကြာ အချိန်ယူ၍ လေ့လာ သွားခဲ့တာပါ။ လေ့လာမှုအရ နေ့စဉ် ကော်ဖီနှစ်ခွက် သောက်သုံးခြင်းဟာ ဦးနှောက်၏ စွမ်းအင်ကို တိုးတက် လာစေနိုင်ကြောင်း နှင့် အဆိုပါ တွေ့ရှိမှုအား ဦးနှောက် အမေ့လွန်ရောဂါ နှင့်ပတ်သက်သည့် အယ်လ်ဇိုင်းမား ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ကော်ဖီနှင့် ဘေးထွက်ဆိုးကျိုးများ
ကော်ဖီက အထက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင် သော်လည်းပဲ မွေးရာပါ ကိုယ်ခံအား နည်းသူများ၊ ကဖိန်းဓာတ် နဲ့ ဓာတ်မတည့် သူများ၊ ကဖိန်းဓာတ် ပြင်းပြင်း သောက်သုံးသူ များနဲ့ ကော်ဖီအမှုန့်တွေကို မစစ်ခံဘဲ သောက်မိတဲ့ အခါများမှာ ခန္ဓာကိုယ်ကို အကျိုးယုတ်စေတဲ့ LDL ကိုလက်စထရောတွေ မြင့်တက်လာပြီး နှလုံးသွေးကြော ရောဂါ၊ အစာအိမ် အချဉ်ဖောက်၊ အာရုံကြောကို နှိုးဆွပေးလို့ အိပ်မပျော် ကတုန်ကယင်၊သွေးတိုး၊ ကော်ဖီ အသောက်များတဲ့ ကလေးငယ် တွေမှာ ခန္ဓာကိုယ် ကြီးထွားမှု နှောင့်နှေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ သားလျှောခြင်း၊ အရိုးပါး၊ အစာအိမ်၊ အူလမ်းကြောင်း အတွင်းဖုံးလွှာ ထိခိုက်ခြင်း၊ သွားတွေညိုမည်းခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်စေပါတယ်။
ကော်ဖီ သောက်သင့် မသောက်သင့်
ဒါကြောင့် ကျန်းမာရေး အမြင်ကျယ် လာတာနဲ့အမျှ ကော်ဖီကောင်း၏၊ ဆိုး၏ ဟူ၍ ကာလကြာရှည် အငြင်းပွားလျက် ရှိနေကြတယ်။ ယနေ့ အမေရိကန် မှာတော့ ကော်ဖီကရတဲ့ ကဖိန်းဓာတ်နဲ့ Homeopathic Medicineခေါ် လူကောင်းအတွက် ရောဂါရစေပြီး လူနာများ အတွက် ရောဂါပျောက် စေတဲ့ ကုထုံးကို အောင်မြင်စွာ ကုသနိုင်ပြီလို့ ဆိုထားပါတယ်။
ကော်ဖီသောက်ရန် အသင့်လျော်ဆုံး အချိန်
နံနက်အိပ်ရာနိုးထ လာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ Cortisol ဟော်မုန်းပမာဏ မြင့်တက်နေချိန် ဖြစ်ပြီး အဲဒီအချိန် ကော်ဖီသောက် လိုက်တဲ့အခါမှာ ကဖိန်းဓာတ်တွေ နဲ့ ဟော်မုန်းတို့ ဓာတ်ပြုကြ ပြီးနောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းမွန်အောင် နှိုးဆော်ပေး ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးသုတေသီ တွေရဲ့ လေ့လာ ဆန်းစစ်မှုအရ နံနက်အိပ်ရာမှ နိုးထပြီးနောက် တစ်နာရီခန့် အကြာဟာ ကော်ဖီသောက်ရန် အသင့်လျော်ဆုံး အချိန်ဖြစ်ပါတယ်။ ထို့ပြင် နေ့လယ်စာ စားပြီးနောက် တစ်နာရီကျော် အကြာနဲ့ ညနေခင်း အချိန်တွေ ကလည်း ကော်ဖီသောက်ရန် သင့်လျော် ကောင်းမွန်တဲ့ အချိန်များ ပါပဲ။ သို့သော် တန်ဆေးလွန်ဘေး ဖြစ်တတ် တာကြောင့်ကျန်းမာရေး ကောင်းမွန်သူ တစ်ယောက် အတွက် ကော်ဖီကို တစ်နေ့သုံးခွက် ထက် ပိုမသောက်သင့် ပါဘူး။ ကော်ဖီကို တစ်နေ့သုံးခွက်ထက် ပိုသောက်သူတွေမှာ ကျောက်ကပ် ပျက်စီး၍ ဆီးတစ်စက်စက်ကျ ရောဂါများနဲ့  အရိုးပါး ရောဂါတွေ ဖြစ်လာစေတတ် ပါတယ်။ အကယ်၍ တစ်နေ့ လေးခွက်နဲ့ အထက် သောက်သုံးသူ များမှာ အသက်တို စေနိုင်ပါတယ်။ ဒါ့ပြင် ကော်ဖီကို ပါရာစီတမောလ် အကိုက်အခဲ ပျောက်ဆေးတွေနဲ့ လုံးဝတွဲ  မသောက်သင့် ပါကြောင်း ကလေးငယ်များ၊ သက်ကြီးရွယ်အို များနဲ့ ကျန်းမာရေး မကောင်း၍ ကိုယ်ခံအားနည်း သူများအဖို့ ကော်ဖီကို လျှော့သောက်သင့် ပါကြောင်း အကြံပြုလိုက် ပါရစေ။

(ပေါက်ပေါက်)
The Myawady Daily
https://www.facebook.com/notes/the-myawady-daily

သင့် မျက်စိကို ကာကွယ်ပါ


လူတစ်ယောက်အတွက် မျက်စိတစ်စုံဟာ တန်ဖိုးအရှိဆုံး အရာဖြစ်ပြီး ခန္ဓာကိုယ်၏ ထိခိုက်မှု အလွယ်ဆုံးသော အ စိတ်အပိုင်းကလည်း မျက်စိပဲဖြစ်ပါတယ်။ မွေးရာပါမျက်စိရောဂါ တစ်ခုခုဖြစ်ခြင်းသို့မဟုတ် တစ်စုံတစ်ရာ ထိခိုက်မိခြင်း ကြောင့် အမြင်အာရုံ ချို့ယွင်းသွားခြင်းမှအပ၊ လူတိုင်းလိုလို ပျမ်းမျှအသက် ၄ဝ ကျော်လာတဲ့အခါ အမြင်အာရုံ စတင် ယိုယွင်းလာကြတာ ဓမ္မတာပါ။ လေ့လာမှုစစ်တမ်းများအရ ၂ဝ ရာစုနှစ် မတိုင်ခင်ကာလတွေမှာ လူအများစုဟာ ငယ် စဉ်ဘဝ တစ်လျှောက်လုံး မျက်မှန်တပ်ဆင်ခြင်းမရှိခဲ့သော်လည်း အသက် ၄ဝ ကျော်မှာအနီးမှုန် လာတတ်ကြောင်း၊ ထိုအသက်အရွယ်ကြောင့် အမြင်အာရုံ ချို့ယွင်းလာခြင်းကို အမျိုးသားထက် အမျိုးသမီးတွေမှာ ပို၍စောစီးစွာ တွေ့ရ ကြောင်း၊ ထိုသို့ဖြစ်ရခြင်းက မျိုးရိုးဗီဇအရ အမျိုးသမီးများက ပို၍အသက်ရှည်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း လေ့လာမှတ်သားရပါတယ်။
.
သို့သော်၂၁ ရာစုမှစ၍ နည်းပညာများလည်း တိုးတက်ခေတ်မီလာတဲ့အလျောက် Tablet, Smart Phone၊ ကွန်ပျူတာ Laptop၊ Destop ဟန်းဖုန်းစတဲ့ အီလက် ထရွန်နစ် ပစ္စည်းများကို ထိတွေ့ကိုင်တွယ်လာကြရာ ယခုအခါ သက်ငယ် ပိုင်းမှစ၍ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်းကို ကမ္ဘာနှင့်အဝှမ်း ဆိုသလို ခံစားနေကြရ ပါပြီ။''မျက်စိအဆုံး၊နားအရှုံး'' ဟူ သော ဆိုရိုးစကားရှိပါတယ်။ မျက်စိမှုန်ခြင်းကို စောစီးစွာကုသမှသာ မျက်စိအတွင်း အာရုံကြောများ ပျက်စီးခြင်းမှ ကာ ကွယ်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်မီ မျက်စိမှုန်ဝေခြင်းနှင့် မျက်စိရောဂါများ မဖြစ်ရလေအောင် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ မျက်စိတစ်စုံကို အောက်ပါအ တိုင်း ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။
.
ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေကို အသုံးပြုမှုပိုများလာစဉ် ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ခြင်းနဲ့ဆိုင်သော အမြင်အာရုံ ချို့တဲ့မှုကို ကာကွယ်ရန် အကောင်းဆုံးနည်း လမ်းမှာ မျက်စိများကို မကြာခဏ အနားပေးခြင်းဖြစ်သည်ဟု ပညာရှင် များက အကြံပြုထားပါတယ်။
.
အထက်ဖော်ပြပါ အီလက်ထရွန်နစ် ပစ္စည်းများကို အမြဲကိုင်တွယ် သုံးနေရပါက၊ ၎င်းတို့မှ အလင်းပြန်ခြင်းကို ကာကွယ်နိုင်ရန် အတွက်မျက်စိနှင့် ၁၄ လက်မ အကွာတွင် သာထား၍ သုံးပေးရမှာပါ။ အထူးသဖြင့် ကွန်ပျူတာ Laptop တွေက မျက်စိခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကွန်ပျူတာ အမြဲသုံးနေရ သူများအတွက် Laptop အစား Destop ကွန်ပျူတာကို ပြောင်းသုံးပေးပါ။
.
ကွန်ပျူတာတွေ သုံးတဲ့အခါမှာလည်း ထိုင်ခုံကိုမြှင့်၍သော် လည်းကောင်း၊ မျက်စိနှင့် တစ်တန်းတည်း မကျအောင် ကွန်ပျူတာကို ၄ လက်မခန့်အောက်သို့ နှိမ့်၍သော်လည်းကောင်း အသုံးပြုသင့်ပါတယ်။ နေ့စဉ်ကွန်ပျူတာ သုံးသူဖြစ်ပါက၂ဝး၂ဝး၂ဝအချိုး လေ့ကျင့်ခန်းအတိုင်း၊ ကွန်ပျူတာကို မိနစ်၂ဝ အသုံးပြုပြီး တိုင်း ပေ၂ဝအကွာသို့ စက္ကန့် ၂ဝ ခန့်ကြာအောင် လှမ်းကြည့်ပေးခြင်းဖြင့် မျက်စိညောင်းညာမှုမှ သက်သာစေပါတယ်။ ၎င်းလေ့ကျင့်ခန်း ကိုအနည်းဆုံး ၂နာရီခြား တစ်ခါ ပြုလုပ်ပေးသင့်ပါတယ်။
.
မည်သည့် အီလက်ထရွန်နစ်ပစ္စည်းများကို ဖြစ်ဖြစ် သုံးစွဲတဲ့အခါတိုင်း အချိန်တစ်မိနစ် အတွင်းမှာ ၁၅ ကြိမ်ခန့် မျက်တောင်ခတ်ပေးရမှာဖြစ်ပါတယ်။ ဤသို့ပြုပေးခြင်းက မျက်ရည်များကို မျက်ဝန်းတစ်ခုလုံး ပျံ့နှံ့သွားစေတာ ကြောင့်မျက်စိ ခြောက်သွေ့ခြင်းမှ ကာကွယ်ရာ ရောက်ပါတယ်။
.
မျက်ရည်များ ခဏခဏ ကျဆင်းလာခြင်း၊ အမြင်အားနည်းလာ၍ ဗဟိုဆုံချက်ကို ကောင်းစွာ အာရုံမစိုက်နိုင်ခြင်း၊ နေ့ဘက်ဖြစ်သော်လည်း အလင်းရောင် အားန ည်းနေသည်ဟု ခံစားနေရခြင်း၊ အမြင်အာရုံတွင် အစွန်းအထင်း များ၊ဒေါင်လိုက် အစင်းများ၊ အမည်းစက် အပြောက်များ၊ နှစ်ထပ်မြင်ရခြင်း၊ အရောင်စက်ဝန်းများ မြင်နေရခြင်း၊ မကြာခဏ ပျို့ချင်အန်ချင်၍ ခေါင်းမူးခေါင်းကိုက်ခြင်း၊ နောက်ကျောတက်၊ ဇက်ကြောတက်ခြင်း၊ မျက်စိခြောက် သွေ့ယားယံခြင်း၊ မျက်စိနီခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိအောင့်ခြင်း၊ နာကျင်ခြင်းစတဲ့ လက္ခဏာများ ခံစားနေရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ပါ။
.
ဆီးချိုရောဂါ၊ သွေးတိုးရောဂါကဲ့သို့သော နာတာရှည် ရောဂါရှိသူများ၊ အမြင်အာရုံချို့တဲ့နေသော ရောဂါနှင့် ရေတိမ် ရောဂါရှိနေသူများ၊ အဝလွန်သူများ၊ လည်ပင်း ကြီးရောဂါ၊ အဆစ်ရောင်ခြင်းနှင့် စိတ်ကျရောဂါတို့ကြောင့် တာရှည်ဆေး ဆက်သောက် နေရသူများမှာ အသက် ၄ဝ မတိုင်မီကပင် မျက်စိစတင် စစ်ဆေးသင့် ပါတယ်။ ထိုသို့မျက်စိစစ်ဆေး ခြင်းဖြင့် လေဖြတ်ရောဂါ၊ ဦးနှောက်တွင် အကျိတ်တည်သောရောဂါ၊ ဆီးချိုရောဂါ၊ သွေးချိုရောဂါ နှင့်နှလုံးသွေးကြော ဆိုင်ရာရော ဂါများရှိ၊မရှိကိုပါ သိရှိနိုင်သဖြင့် အသက်ကို ဥာဏ်စောင့်ဆိုသလို ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
.
အရွယ်မတိုင်မီ မျက်စိမှုန်ခြင်းမှ ကာကွယ်ရန်အတွက် နေပူထဲသွားတဲ့အခါ နေရောင်ခြည်မှ ပါလာသော ခရမ်းလွန် ရောင်ခြည်နှင့် စူးရှတောက်ပသော အလင်း တန်းတို့ တိုက်ရိုက်မထိတွေ့စေဖို့ နေကာမျက်မှန်တပ်ခြင်း၊ စက်ရုံ အလုပ် ရုံဝန်ထမ်းများ အနေဖြင့် မျက်စိမတော်တဆ ထိခိုက်မိခြင်းမှ ကာကွယ်နိုင်ရန်အတွက် မျက်စိကာမျက်မှန် တပ်ဆင် ခြင်းတို့ဖြင့် မျက်စိကို ကာကွယ်စောင့်ရှောက်ပါ။

အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် မုန်လာဥနီတို့ကို များများစားပေးပါ။ အထူးသဖြင့် ပင်လယ်ငါးနှင့် ငါးကြီးဆီတို့မှာ ပါရှိတဲ့အိုမီဂါ-၃ဖက်တီး အက်စစ်များဟာ နှလုံးနှင့် ဦးနှောက်အတွက်သာမက၊ မျက်စိရောဂါ ဖြစ်ခြင်းကိုပါ လျှော့ချပေးနိုင်တာကြောင့် ရက်သတ္တတစ်ပတ်လျှင် ပင်လယ်ငါးဟင်းလျာကို အနည်းဆုံး လေးကြိမ်ခန့် စားသုံးပေး သင့်ပါတယ်။ ထို့ပြင် မျက်စိအာရုံကြောများကို ကောင်းစေတဲ့ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင် အီးနှင့် ဇင့်ဓာတ်ပါသော အစားအစာတွေကို များများစားပေးပါ။
.
ဗီတာမင်ဘီ-၅ဟာ မျက်စိ၏ ဇီဝဖြစ်စဉ်ကို တွန်းအားပေးပြီး မျက်စိအတွင်း ထိခိုက်မှုများကို သူ့အလိုလို အမြန်သက်သာစေခြင်း၊ မျက်စိရောဂါများ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်များကို တိုက်ခိုက်နိုင်သည့် ခုခံအားစနစ်ကို ဖန်တီးပေးနိုင် ခြင်း၊မျက်စိ ညောင်းညာမှု ဝေဒနာကို သက်သာပျောက်ကင်း စေနိုင်ခြင်းစတဲ့ အစွမ်းသတ္တိများရှိ တာကြောင့် ၎င်းဗီတာ မင်ဘီ -၅ပါတဲ့အစားအစာများကို စားပေးပါ။လိုအပ်ရင်ဆရာဝန်နှင့် တိုင်ပင်၍ ဖြည့်စွက်အားဆေးမှီဝဲပါ သို့မဟုတ် ၎င်းဓာတ် ပါတဲ့ မျက် စဉ်းဆေးရည်သုံးပါ။
.
ဗီတာမင်ဘီ-၆ဟာ တစ်သျှူးများကို အသက်ရှူစေခြင်းဖြင့် မျက်စိညောင်းညာမှုကို သက်သာစေတာကြောင့် ၎င်းဗီတာ မင်ဘီ-၆ပါတဲ့ အစားအစာများကို စားပေး ပါ။ လိုအပ်ရင်ဆရာဝန်နှင့် တိုင်ပင်၍ ဖြည့်စွက် အားဆေးမှီဝဲပါ သို့မဟုတ် ၎င်းဓာတ်ပါတဲ့ မျက်စဉ်းဆေးရည်သုံးပါ။ နေ့လယ်ခင်းမှာ ကော်ဖီအစား ရေနွေးကြမ်း ကိုသာ ပြောင်းလဲ၍ သောက် ခြင်းက ရေဓာတ်ကြွယ်ဝစေသည့်အပြင် ဗီတာမင်စီ၊ ဗီတာမင်အီး၊ လူတိန်းနှင့် ဇီအာဆန်သင်းန်ဓာတ် တွေရရှိလာတာကြောင့် အမြင်အာရုံ ကြွက်သားများကို ပိုမိုအားကောင်း လာစေနိုင်ပါတယ်။
.
မိသားစုရာဇဝင်မှာ မျက်စိရောဂါများ ဖြစ်ဖူးခြင်းရှိ၊ မရှိကိုလေ့လာစမ်းစစ်၍ ရောဂါဖြစ်ဖူးသူရှိပါက အနည်းဆုံး တစ်နှစ်တစ်ခါမျက်စိ စမ်းသပ်မှုပြုလုပ်ပါ။ အဝလွန်ြ ခင်းက ရေတိမ်ရောဂါနှင့် ဆီးချိုရောဂါကို ဖြစ်စေပြီး၊ ဆီးချိုရောဂါ ကြောင့် မျက်စိကွယ်ခြင်းပါ ဖြစ်စေတာကြောင့် အဝမလွန်အောင် ထိန်းသိမ်းပါ။ ရုတ်တရက် ခေါင်းလှည့်လိုက်တဲ့အခါမှာ အမြင် အာရုံမှာ အစွန်းအထင်းကွက်များ ထင်ဟပ်ခြင်း၊ အရောင်စက်ဝန်းများ သို့မဟုတ် ဒေါင်လိုက်အစင်း များပေါ်ခြင်း၊ ပျို့ ချင်အန် ချင်လာပြီး ခေါင်းကိုက်ခြင်းစတဲ့ လက္ခဏာများဟာ ရေတိမ်စတင်ဖြစ်နေကြောင်းကို ဖော်ပြနေပါတယ်။ ရေတိမ် ရှိ၊ မရှိကိုအသက် ၃၅ နှစ်မတိုင်မီမှစ၍ တစ်နှစ်နှ စ်ကြိမ် ပုံမှန်စစ်ဆေးမှုခံယူပါ။
.
အမြဲမျက်မှန် တပ်ဆင်နေရသူဖြစ်ပါက မျက်စိအတွင်းရောဂါပိုးများ မဝင်ရောက်နိုင်စေရန်အတွက် လက်ကိုစင်ကြယ် စွာဆေးကြောပြီးမှ မျက်မှန်ကိုင်တွယ်ပါ။ မျက်မှန်ပါဝါကို ခြောက်လတစ်ကြိမ် ပုံမှန်စမ်းသပ်စစ်ဆေးပါ။ ဆေးလိပ် သောက်ခြင်းက မျက်စိ၏သွေးကြောမျှင်လေးများကို ပျက်စီးကာ၊ အမြင်အာရုံ အဆင့်လျော့ကျ စေနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ပိုမိုဆောလျင်စွာ မျက်စိမှုန်နိုင်သဖြင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။အပြင် ဘက်သဘာဝပတ်ဝန်းကျင်မှာ အချိန်ကြာကြာနေခြင်းက အမြင်အာရုံကို ပို၍ကောင်းစေကြောင်း ပညာရှင်များ၏ လေ့လာမှု မှတ်တမ်းများအရ သိရပါတယ်။ မျက်ကပ်မှန် တပ်ဆင်နေရပါက ညအချိန်ထိ မျက်ကပ်မှန် တပ်မထား သင့်ဘဲမှန်ကန်သော နည်းလမ်းဖြင့် အသုံးပြုတတ်ရန် အရေးကြီးပါတယ်။ သို့မဟုတ်ပါက အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။ မျက်ကပ်မှန်ကို ကိုင်တွယ်တပ်ဆင်နေချိန်နဲ့ ဖြုတ်ယူနေချိန်တွေမှာလည်း လက်ကိုသန့်စင်နေဖို့ အထူး အရေးကြီးပါတယ်။
.
မျက်စိနားတစ်ဝိုက် မိတ်ကပ်လိမ်းခြင်းနဲ့ အခြားအလှပြင်ခြင်းများကြောင့် မျက်စိကို ထိခိုက်စေနိုင်၍ သတိပြုပါ။ ဗက် တီးရီးယား ပိုးမွှားများဟာ မျက်တောင်ကော့ ဆေးရည်တွေမှာ ပေါက်ပွားလွယ်တာကြောင့် ထိုဆေးရည်ဘူးကို အချိန် သုံးလထက် ပို၍မသုံးသင့်ပါဘူး။ ဒါ့ပြင်အိုင်းလိုင်နာ ခဲတံအတောင့်နှင့် အရည်များက လည်း မျက်ရည်ပေါက်များကို ပိတ်ဆို့စေနိုင်တာကြောင့် ၎င်းတို့ကို အသုံးပြုတဲ့အခါတိုင်း မျက်တောင်၏ အပြင်ဘက်နေရာတွင်သာ သုံးပေးခြင်းဖြင့် သင့်မျက်စိ ကို ကာကွယ်ပါလို့ တင်ပြလိုက်ပါရစေ။ ။

The Myawady Daily
https://www.facebook.com/TheMyawadyDaily

မြွေဆိပ်၊ ကင်းဆိပ် နဲ့ ဝမ်းရောဂါ၊ ပလိပ်ရောဂါအတွက် လွယ်ကူသော ကြက်သွန်နီအဆိပ်ဖြေဆေး


မြွေ၊ ကင်း၊ ကင်းခြေများ၊ ပိတုန်း စသည့်အကောင်များ၏ အကိုက်ခံရလျှင် ချက်ခြင်းအဆိပ်တက်သလို အဆိပ်ပြင်းသည့် သတ္တဝါဖြစ်ပါက အသက်ဆုံးရသည်အထိ ဖြစ်ရလေသည်။ ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေးကုသမှုပြုရန် အခက်အခဲရှိနေလျှင် ယခုဖော်ပြမည့်နည်းများကို အသုံးပြုနိုင်ပါသည်။ ဆေးမြီးတိုဟုဆိုရာတွင် သဘာဝပစ္စည်းဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခြေခံထားသော နည်းဖြစ်သည်။ အလွယ်တကူရနိုင်သလို ကုသရသည်လည်း မြန်ဆန်ပြီး ထိရောက်မှုလည်းရှိပါသည်။ ယခုဖော်ပြမည့်နည်းများသည် "ရောဂါတိုင်းအတွက် အာနိသင်ထူးတဲ့ ကြက်သွန်ဖြူ၏ စွမ်းဆောင်ချက်၊ ဝေဒနာရှင်များအတွက် အစွမ်းထက်တဲ့ ကြက်သွန်နီရဲ့ စွမ်းဆောင်ချက်" အမည်ရှိ စာအုပ်တို့မှ ကောက်နှုတ်၍ ဆီလျော်အောင်ပြန်လည်ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

* ကြက်သွန်နီအဆိပ်ဖြေဆေး

- ကင်းကိုက်ခြင်းအတွက်
၁။ ကြက်သွန်နီတစ်လုံးကို နှစ်ပိုင်း ပိုင်းလိုက်ပါ။ ယင်းကြက်သွန်အပေါ် ဖောက်ပြီးသားထုံးကိုလူး၍ အကောင်ကိုက်ထားသည့်နေရာတွင် သုတ်လိမ်းပေးပါ။ သက်သာမှုရမည်။
၂။ ကြက်သွန်နီကို ထုထောင်း၍ အကောင်ကိုက်ထားသည့်ဒဏ်ရာပေါ်တွင် အုံ၍ ချည်နှောင်ထားလိုက်ပါ။ သက်သာမှုရ၍ အဆိပ်ပြေမည်။
၃။ ကြက်သွန်နီ၊ ဇဝက်သာတို့ကို ဆတူရော၍ သမအောင်မွှေပါ။ ကောင်းစွာရောသွားလျှင် ပုလင်းထဲတွင် ထည့်သိမ်းထားနိုင်သည်။ ၎င်းဆေးသည် ကင်း၊ ပိတုန်း၊ ပျားကောင်များ၏ အဆိပ်ဖြေရန် အကောင်းဆုံးဆေးနည်းဖြစ်၏။
၎။ ကြက်သွန်နီကို ဆားဖြင့်လူး၍ကျွေးလျှင် အဆိပ်ဓာတ်ကို ပျောက်ကင်းစေသည်။

- ကင်းခြေများကိုက်လျှင်
ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှစ်မျိုးလုံးကိုရော၍ ကြိတ်ပြီး (ထုထောင်းလျှင်လည်းဖြစ်ပါသည်။) ကင်းခြေများကိုက်သည့်နေရာတွင် အုံပေး လိမ်းပေးပါ။ အဆိပ်ပြေနိုင်သည်။

- မြွေကိုက်ခြင်းအတွက်
ကြက်သွန်နီတွင် အဆိပ်ပြေစေသော ဓာတ်ရှိသည်။ တစ်ဦးတစ်ယောက် မြွေပေါက်ခံရလျှင် ၎င်းကို ကြက်သွန်များများကျွေးပါ။ အဆိပ်ပြေသွားမည်။

ကြက်သွန်နီကို ရှလကာရည်၌ ကျဲကျဲဖျော်၍လိမ်းပေးလျှင် အဆိပ်ကို ပြေစေပါသည်။

** ကြက်သွန်ဖြူ အဆိပ်ဖြေဆေး

၁။ ကြက်သွန်ဖြူ တစ်ဥကို နွားနို့ ၂၅ကျပ်သားတွင် ဖျော်၍ အဆိပ်တက်နေသူကို တိုက်ပါ။ သက်သာမည်။ (ကြက်သွန်ဖြူကို ကြိတ်၍ သို့မဟုတ် ခြစ်ဖြင့် ခြစ်ထည့်လျှင်လည်း ရ၏။)
၂။ ကင်းကိုက်ခံရလျှင် ဆားနှင့် ကြက်သွန်ဖြူ နှစ်မျိုးကိုကြိတ်၍ အကိုက်ခံရသည့်နေရာတွင် လိမ်းပေးပါ။ အဆိပ်တက်နေခြင်း သက်သာသွားမည်။
၃။ ကြက်သွန်ဖြူနှင့် သရက်သီးခြောက်တို့ကိုကြိတ်၍ ရေနှင့်ရောကာ မြွေ၊ ကင်း အကိုက်ခံရသည့်နေရာတွင် လိမ်းပေးလျှင် သက်သာပျောက်ကင်းမှု ရရှိမည်။
၎။ ကြက်သွန်ဖြူကို ရှလကာရည်တွင်ရော၍ကြိတ်ပြီး မြွေ၊ ကင်းနှင့် ခွေးရူးကိုက်ခံရသည့်နေရာတို့တွင် အကြိမ်ကြိမ်လိမ်းပေးလျှင် သက်သာမှုရရှိမည်။
၅။ မျှော့ကိုက်ခံရလျှင် ၎င်းဒဏ်ရာအပေါ် ကြက်သွန်ဖြူကို ရေနှင့်ရောကြိတ်ပြီး လိမ်းပေးပါ။ သက်သာပါမည်။

မြွေတွင် အမျိုးအစားများစွာရှိသည့်အတွက် ဆေးနည်းတစ်ခုဖြင့် မသက်သာလျှင် နောက်တစ်နည်းထပ်သုံးပါ။ ကြက်သွန်ဖြူသည် အဆိပ်ဖြေရာတွင် အစွမ်းထက်လှပါသည်။ သမားတော်များ၏ အဆိုအရ ကြက်သွန်ဖြူရှိသောနေရာတွင် ၎င်းအနံဖြင့် မြွေမလာရဲပါ။

** ဝမ်းရောဂါ ပလိပ်ရောဂါအတွက် ကြိုတင်ကာကွယ်နည်း**

သမားတော်များက ဆေးနည်းညွှန်ထားသည်မှာ ကြက်သွန်ဖြူကို စားသုံးပေးခြင်းသည် ၎င်းရောဂါပိုးများ ကိုယ်အတွင်းမဝင်ရောက်နိုင်ရန် ကြိုတင်ကာကွယ်ပေးသည့် အကောင်းဆုံးဆေးနည်းဖြစ်သည်။ ((စားသုံးခြင်းဟု ဆိုရာတွင် တစ်နေ့တည်းတွင် များစွားစားခြင်းမဟုတ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အစိမ်းလိုက် များစွာစားသုံးပါကလည်း ဆိုးကျိုးဖြစ်တတ်ပါသည်။ ထို့ကြောက် တစ်နေ့တွင် ကြက်သွန်ဖြူဥ တစ်တက်ခန့်မျှ စားသုံးပေးခြင်းက အထူးသင့်လျော်ပါသည်။))

သတိပြုမှတ်သားရန်မှာ အထက်ပါဆေးနည်းတို့ဖြင့် တင်းတိမ်မနေဘဲ သက်ဆိုင်ရာ ဆေးကျန်းမာရေးဌာနသို့သွား၍ ကုသရမည်။ ယင်းဆေးနည်းတို့ဖော်ပြရခြင်းသည် ချက်ခြင်းဖြစ်လာလျှင် လက်ငင်းလုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ပါသည်။

မြွေ၊ ကင်းစသည်တို့ရန်မှလွတ်ကင်းရန်နှင့် အကိုက်ခံရပါက အဆိပ်ပြေစေမည့် ဒုအာများကို "သမုဒ္ဒရာအောက်မှ ပုလဲလုံးများ" စာအုပ်မှ ကောက်နှုတ်၍ ကော်မန့်တွင် ပုံဖြင့် ဖော်ပြပေးထားပါသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

ငှက်ပျောခွံ၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ


မိတ်ဆွေတို့ကို ဒီတစ်ခါတင်ပြပေးမယ့်အကြောင်းအရာကတော့ ငှက်ပျောခွံရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ ဖြစ်ပါတယ်။
လူတိုင်းနီးပါး စားဖူးကြပြီး အလွယ်တကူ လွင့်ပစ်တတ်တဲ့ ငှက်ပျောသီးခွံမှာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးနိုင်တာကို ပညာရှင်များက လေ့လာတွေ့ရှိထားပြီး နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများကနေ အသီးသီး တင်ဆက်ပေးထားကြပါတယ်။ မိမိဖတ်ရှုရသလို အများပြည်သူများလည်း ပြန်လည်ဖတ်ရှုနိုင်ရန် ရေးသားမျှဝေပေးလိုက်ပါတယ်။ ငှက်ပျောသီးကတော့ ဘာအမျိုးအစားမဆို ရပါတယ်။ အနောက်တိုင်းမှာတော့ သီးမွှေးတစ်ခုတည်းပဲ ပေါများတဲ့အတွက် သီးမွှေးကိုပဲ အသုံးပြုကြတာ များပါတယ်။

(၁) ငှက်ပျောခွံရဲ့ အတွင်းသားကို ကြမ်းပိုးတို့ အင်းဆက်တို့လို အကောင်ကိုက်နာ (Bug Bites) တွေမှာ ပွတ်တိုက် လိမ်းပေးရင် အရေပြားကို သက်သာချောမွေ့စေပြီး ယားယံတာကိုလဲ ပြေပျောက်စေပါတယ်။
(၂) အညိုအမည်းစွဲနေတဲ့ အတွင်းကြေဒဏ်ရာ (Bruises) တွေကိုလဲ မြန်မြန် သက်သာစေတဲ့အစွမ်း ရှိပါတယ်။
(၃) သွားဖြူချင်ရင်လဲ ငှက်ပျောခွံအတွင်းသားကို သွားပေါ်မှာ မိနစ်နည်းနည်းလောက် နေ့တိုင်း အချိန်ပေး တိုက်ပေးသွားရင် သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ သွားတွေ သိသိသာသာ ဖြူဖွေးလာတာ တွေ့ရပါမယ်။
(၄) ငှက်ပျောခွံဟာ ၀က်ခြံ (Acne) ကြောင့် အရေပြား တင်းမာဖူးယောင်ပြီး ယားယံတာကိုလဲ ပြေပျောက်သက်သာစေပြီး ၀က်ခြံဖြစ်တတ်တာကိုလဲ တဖြည်းဖြည်း လျှော့ချပေးနိုင်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ပေါက်နေတဲ့ ၀က်ခြံတွေပေါ်ကို ငှက်ပျောခွံအတွင်းသားလေးနဲ့ ညတိုင်းသာ သေသေချာချာ တိုက်ပေးပေတော့။
(၅) အရေပြားပေါ်မှာ ကြမ်းကြမ်းထော်ထော် အနီပိမ့်ကြီးတွေ (psoriasis) ထတာမျိုးဆိုရင်လဲ အဲဒီအရေပြားနေရာကို တနေ့ ၂ ကြိမ်လောက် ငှက်ပျောခွံအတွင်းသားလေး တိုက်ပေးပါလား။ ငှက်ပျောမှာက ရေဓာတ် ထိန်းပေးတဲ့ အစွမ်းသတ္တိ၊ ယားယံမှုကို ပြေပျောက်စေတဲ့အစွမ်း၊ အဲလို အရေပြား နီရဲဖုထနေတာတွေကို ပြေပျောက်သက်သာစေတဲ့ အာနိသင် အပြည့်အ၀ ရှိတာကြောင့် မှန်မှန်သာ တိုက်ပေးရင် ရက်အနည်းငယ်အတွင်းမှာကို ထူးထူးခြားခြား အကျိုးကောင်းတွေ ခံစားရမှာပါလေ။
(၆) အဖုအပိမ့်နဲ့ ယားနာတွေ (Rashes and itches) အတွက်ဆိုလဲ ငှက်ပျောခွံဟာ သိပ်ကောင်းတဲ့ သဘာဝဆေးတစ်လက်ပါပဲ။ အနီဖုတွေ အယားဖုတွေ လုံးဝပျောက်သွားတဲ့အထိ ငှက်ပျောခွံအတွင်းသားနဲ့ တနေ့ ၂ ခါ မှန်မှန် တိုက်ပေးပါနော်။
(၇) ငှက်ပျောခွံက ခေါင်းကိုက်ရင်လဲ သက်သာစေတယ်တဲ့။ နဖူးပေါ်မှာ ငှက်ပျောခွံလေး လှီးပြီးသာ ကပ်ထားလိုက်ပါတဲ့။
(၈) သားရေ ရှူးဖိနပ်တွေ ပြောင်လက်တောက်ပနေအောင်လဲ ဖိနပ်တိုက်ဆေး မလွယ်ကူရင် ငှက်ပျောခွံနဲ့ တိုက်လို့ရပါတယ်။ ငှက်ပျောခွံနဲ့ ဖိနပ်ကို အရင်တိုက်လိုက်။ ပြီးရင် အ၀တ်စ ခပ်နုနုလေးနဲ့ ပြန်ထပ်တိုက်ပေးရပါမယ် တဲ့လေ။
(၉) သားရေထည်တွေနဲ့ ပရိဘောဂတွေကိုလဲ ငှက်ပျောခွံအတွင်းသားနဲ့ တိုက်ပေးပြီး အရောင်တင်ပေးလို့ ရပါသေးတယ်။ ဆိုဖာကြီး တစ်ခုလုံးကို မတိုက်သေးခင် နေရာနဲနဲလောက် သတ်မှတ်ပြီး အရင်စမ်းသပ်ကြည့်ပါလား။ ငှက်ပျောခွံအတွင်းသားလေးနဲ့ အရင်တိုက်၊ ပြီးရင် အ၀တ်စ ခပ်နုနုနဲ့ တိုက်ပေးလိုက်ပါ။
ကဲ အားလုံးပဲ အလွယ်တကူရနိုင်ပြီး အကုန်အကျနည်းပေမယ့် ကောင်းကျိုးများလှတဲ့ ငှက်ပျောခွံကို အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေနော်။

စောနွဲ့ နေဆိုင်(ပူတာအို)
Myawady Health
https://www.facebook.com/pg/myawadyhealth

ကလေးထိန်း ဆိုးဆိုးတွေရဲ့ လက္ခဏာများ


ကိုယ့်ရင်သွေးလေးကို ပြုစုစောင့်ရှောက်ပေးမယ့် ကလေးထိန်းကောင်း ရှာဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ချို့မိဘတွေက ကိုယ့်ကလေးအပေါ် ကလေးထိန်းက ဘယ်လိုဆက်ဆံစောင့်ရှောက်နေတယ်ဆိုတာကို အလွယ်တကူ သတိထားမိတတ်ကြပေမယ့် ဆိုးဆိုးဝါးဝါး အခြေအနေမျိုးတွေ မဟုတ်ဘူးဆိုရင်တောင် တစ်ခုခုဝင်ပြောဖို့ အခြေအနေတွေ ရှိလာတတ်ပါတယ်။

ကလေးထိန်းက ကောင်းမကောင်းကို အောက်ပါအချက်တွေအရ သိရှိနိုင်ပါလိမ့်မယ်....

ကိုယ့်ကလေးငယ်ဟာ ကလေးထိန်းကို ကြောက်ရွံ့နေမယ်၊ စိတ်ဂဏာမငြိမ်ဖြစ်နေမယ်၊ ပျော်ပျော်ရွှင်ရွှင် သွက်သွက်လက်လက် မရှိတော့ဘူးဆိုရင် ဂရုစိုက်ပြီး လေ့လာသင့်ပါတယ်။

ကလေးထိန်းဟာ နေ့စဉ်အလုပ်တာဝန်တွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြတာမျိုး မရှိဘူးဆိုရင်လည်း ဂရုစိုက်သင့်ပါတယ်။

ကိုယ့်ကလေးငယ်မှာ အလွယ်တကူရှောင်ကြဉ်လို့ရတဲ့ မတော်တဆထိခိုက်မှုတွေ မကြာခဏ ဖြစ်နေမယ်ဆိုရင် ဂရုစိုက်သင့်ပါပြီ။

ကလေးထိန်းဟာ ကိုယ့်ရဲ့တောင်းဆိုချက်တွေကို မလိုက်နာတာ၊ မပြုလုပ်တာတွေကို သတိထားမိတယ်ဆိုရင် စဉ်းစားဖို့လိုပါပြီ။

ကလေးထိန်းဟာ ကလေးကို ကိုယ်ပြုစုစောင့်ရှောက်တဲ့အခါ ဝေဖန်ပြောဆိုတာမျိုး၊ တစ်ခုခုလုပ်ဖို့ တွန်းအားပေးတာမျိုး ပြုလုပ်တတ်တယ်ဆိုရင်လည်း ပြန်စဉ်းစားဖို့လိုပါတယ်။

ကလေးထိန်းဟာ ကလေးထိန်းဖို့ အိမ်လာပေးတဲ့အခါ မကြာခဏ နောက်ကျတတ်တယ်ဆိုရင်လည်း ကလေးထိန်းအသစ်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။

ကလေးထိန်းနဲ့ ထားခဲ့တဲ့အခါ အမြဲတမ်းလိုလို ညစ်ပတ်ပေရေနေမယ်၊ မသေမသပ်ဖြစ် နေမယ်ဆိုရင်လည်း သတိထားဖို့ လိုပါပြီ။

ကလေးထိန်းနဲ့ ကိုယ်ရဲ့ပတ်သက်မှုအပေါ် ယုံကြည်ပြီးနေလို့မရပါဘူး။ ပစ္စည်းတွေ ပျောက်မယ်၊ လိမ်ညာပြောဆိုနေမယ်ဆိုရင်တော့ ဒီလို ကလေးထိန်းမျိုးကိုလည်း သည်းခံနေစရာမလိုပါဘူး။

ကိုယ့်ရဲ့ ကလေးငယ်ဟာ တစ်နေ့လုံး ဘာမှ မစားရသေးသလိုမျိုး အစားကို အငမ်းမရစားနေပြီ အမြဲလိုလို ဆာလောင်နေတဲ့ပုံ ပေါ်နေပြီဆိုရင်တော့ ကလေးထိန်းဟာ ကလေးကို အချိန်မှန် အစားအသောက် ကျွေးမကျွေး စစ်ဆေးဖို့ လိုအပ်နေပါပြီ။

နောက်တစ်မျိုးကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ကလေးထိန်းနဲ့ ပတ်သက်ပြီး စိတ်ထင့်နေရင် အလိုမကျဖြစ်နေတယ်ဆိုရင်လည်း စဉ်းစားစရာပါပဲ။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter

ငယ်စဉ်ဘ၀မှာ အ၀လွန်ရောဂါ မဖြစ်စေဖို့ ရေများများ သောက်ပေးရန် လိုအပ်



စာသင်ကျောင်းတွေရဲ့  မုန့်ဈေးတန်းမှာ ရေ အလွယ်တကူ သောက်လို့ရအောင် ဖန်တီးပေးထားခြင်းဟာ ကျောင်းသားတွေရဲ့  ငယ်စဉ် ကျန်းမာရေးအခြေအနေတွေမှာ သက်ရောက်မှု ရှိလာနိုင်တယ်လို့ နယူးယော့ခ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု တစ်ခုအရသိရပါတယ်။

နယူးယော့ခ် တက္ကသိုလ် လန်ဂေါန်း ဆေးပညာစင်တာက သုတေသီတွေ တွေ့ရှိခဲ့တာကတော့ ငယ်စဉ်ကလေး ဘ၀မှာ ရေ များများ သောက်ခြင်းဟာ အ၀လွန်ရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။

နယူးယော့ခ် မြို့ တော်မှာရှိတဲ့ ကျန်းမာရေး နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဌာန ၊ ပညာရေး ဌာနတို့ဟာ ရေသန့်စက်လို့ ခေါ်တဲ့ ခလုပ်နှိပ်တာနဲ့ ရေ ရယူနိုင်မယ့် လျှပ်စစ် ကိရိယာ တစ်မျိုးကို မြို့ တော်ရဲ့  စာသင်ကျောင်း ၄၀ ရာခိုင်နှုန်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ကျောင်းတွေမှာ တပ်ဆင်ခဲ့ကြပါတယ်။ သုတေသီတွေရဲ့  ပြောကြားချက်အရတော့ ရေသန့်စက် တပ်ဆက်လိုက်တဲ့ ကျောင်းတွေမှာ ယောကျာင်္းလေးတွေဟာ အ၀လွန်ရောဂါ ဖြစ်နိုင်ချေ  ၀.၉ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး မိန်းကလေးတွေအတွက်တော့ အ၀လွန်ရောဂါ ဖြစ်နိုင်ချေ ၀.၆ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပါတယ်။

ဒါ့အပြင် ထိုလေ့လာမှုက တစ်ဆင့် သိရှိခဲ့ရတာက ငယ်ရွယ်စဉ်မှာ အ၀လွန်ရောဂါကို ရှောင်ကြဉ်နိုင်ဖို့အတွက် နွားနို့ သောက်သုံးမှုကိုလည်း လျှော့ချဖို့လိုမယ် ဆိုတာပါပဲ။

ဒီလေ့လာမှုကိုတော့ JAMA Pediatrics ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ


ဆရာရှင့် ကျွန်မအဖေက အသက် ၇၄ နှစ်ပါ။ ဆီးမသွားနိုင်လို့စံပြဆေးရုံသွားပြတာ ဆေးရုံကစစ်ဆေးပြီး ဆေးရုံတင်ခိုင်းပြီး ဆီးကျိတ်ခြစ်ပါတယ်ဆရာ။ အသားစစ်ဆေးတာအဖြေထွက်တော့ ကင်ဆာလို့သိရပါတယ်ဆရာ။ ဘယ်လောက်ထိနေနိုင်ပါသေးလဲဆရာ။ အိမ်သားများအားလုံး တချိန်လုံးစိတ်မကောင်းဖြစ်နေပါတယ်ဆရာ။ ဆေးသောက်ရင်ကော ပျောက်နိုင်ပါသလားရာ။ သက်တမ်းစေ့နေနိုင်ပါသလားဆရာ။ လေးစားစွာဖြင့်။

ဆီးကျိတ်ကင်ဆာဆိုတာ ယောက်ျားတွေမှာ အဖြစ်များတယ်။ ကြီးတာတော့ နှေးပါတယ်။ ပြန့်တာလည်းနှေးတယ်။ တချို့မှာ ကင်ဆာဖြစ်နေပေမဲ့ လူကောင်းလိုနေနိုင်သေးတယ်။ နောက်တော့ ဆီးသွားရခက်လာမယ်။ ဆီးအားနည်းလာမယ်။ ဆီးမလုံတာဖြစ်မယ်။ သုက်ထဲသွေးပါနိုင်တယ်။ ပန်းသေပန်းညှိုးဖြစ်နိုင်တယ်။ အရိုးနာမယ်။ တင်ပါးဆုံနေရာနာမယ်။

စောစောအဆင့် ကုသနည်းများ
• တချို့ စောင့်ကြည့်နိုင်။
• တချို့ Radical prostatectomy ဆီးကျိတ်ကုတခုလုံးထုတ်။
• Brachytherapy ဓါတ်ရောင်ခြည်ထွက်ဆေးအစိထည့်နည်း။
• Conformal radiotherapy ဓါတ်ကင်နည်း။
• Intensity modulated radiotherapy ဓါတ်ကင်နည်းတမျိုး။

နောက်ကျတဲ့အဆင့် ကုသနည်းများ
၁။ ဓါတ်ကင်နည်း + ဟော်မုန်းပေးနည်း။ တချို့ ခွဲစိတ်နည်းပါတွဲ။

၂။ Radioactive injection ဓါတ်ရောင်ခြည်ဆေးထိုးခြင်း။ radium-233 ဆေးသုံးတယ်။

၃။ Estrogen skin patches အီစထိုရျင်ဟော်မုန်း ကပ်ခွါ။

၎။ Xofigo (radium Ra 223 dichloride) ဆေးကို ၂ဝ၁၃ ကစသုံးတယ်။

နောက်ဆက်တွဲဖြစ်နိုင်သည်များ
• Metastasis တခြားနေရာတွေဆီပြန့်ခြင်း။
• Incontinence ဆီးမထိန်းနိုင်ခြင်း။
• Erectile dysfunction ပန်းသေခြင်း။

အလားအလာ
၉၉% လူနာတွေ ၅ နှစ်မကအသက်ရှင်ပါမယ်။ စောစောတွေ့တဲ့လူနာ ၁ဝဝ% ၅ နှစ်အနည်းဆုံးအသက်ရှင်မယ်။ တချို့နိုင်ငံတွေမှာ လူနာ ၁ဝ ယောက်မှာ ၉ ယောက်ကို စောစောသိတယ်။ ၅% သာ နောက်ကျမှသာသိရတယ်။ ဘေးပြန့်နေသူဆိုရင် ၃ ယောက်မှာ ၁ ယောက်သာ ၅ နှစ်အထိနေနိုင်ကြတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

ကော်ဖီသောက်တဲ့ အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေနည်း


ကော်ဖီသောက်ခြင်းက အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုကို သိရှိနိုင်ရန်အတွက် သိပ္ပံပညာရှင်တွေက ယခင်က ပြုလုပ်ထားတဲ့ သုတေသန ၁၉ ခုကို လေ့လာခဲ့ကြပါတယ်။

ကော်ဖီသောက်တဲ့ အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်ကြောင်း သုတေသနအသစ်က ဆိုပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ တစ်နေ့လျှင် ကော်ဖီ လေးခွက်နဲ့အထက် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ ကော်ဖီ မသောက်သူတွေထက် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။
သုတေသနရလဒ်အရ ကော်ဖီသောက်ခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကြား ဆက်နွယ်မှုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကော်ဖီသောက်ခြင်းက အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုကို သိရှိနိုင်ရန်အတွက် သိပ္ပံပညာရှင်တွေက ယခင်က ပြုလုပ်ထားတဲ့ သုတေသန ၁၉ ခုကို လေ့လာခဲ့ကြပါတယ်။

အဆိုပါ သုတေသနတွေမှာ အမျိုးသမီး ၄၀,၀၀၀ ပါဝင်ပြီး ၎င်းတို့အနက် ၁၂,၀၀၀ က သားအိမ်ခေါင်းကင်ဆာ ရှိနေသူများဖြစ်ပြီး အခြား ၂၈,၀၀၀ က သားအိမ်ခေါင်းကင်ဆာ မရှိသူများ ဖြစ်ပါတယ်။

တစ်နေ့လျှင် ကော်ဖီ လေးခွက်နဲ့အထက် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ အများဆုံး လျော့ကျနိုင်ပြီး နှစ်ခွက်မှ သုံးခွက် သောက်သူတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ ဆိုပါတယ်။

Myawady Health
https://www.facebook.com/myawadyhealth

ကင်ဆာရောဂါ ကြောက်စရာမလို


ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ “အာလူးစိမ်း” ဖျော်ရည်ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အာလူးစိမ်း ဖျော်ရည်ကြောင့် ရောဂါ သက်သာ ပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလို ရောက်လာတဲ့ စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ်။ ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာ အများအပြားဟာ အာလူးစိမ်းဓါတ်စာကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင် ညှစ်ယူပါမယ်။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ် မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပုခုံးနာ၊ ကျီးပေါင်းနာ ရောဂါတွေ ပျောက်ကင်း စေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများ ရရှိထား တယ်လို့ဆို ပါတယ်။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ်။ အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ်။ အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ်။ အခုဆိုရင် ကင်ဆာ ကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင် တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်း လာပါတယ်။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသက သူ့ရဲ့ “ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း” (The way to healthy life; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါ ခွဲစိတ် ကုသခဲ့သည့် တိုင်အောင် လူနာရဲ့ အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။ သူဟာ ကင်ဆာဆေး အဆက်မပြတ် မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြား ရသလောက်ပါပဲ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ်။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း အားအင် ချည့်နဲ့ လာခြင်းတို့ ဖြစ်လာရပါတယ်။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုး လာတာတွေ့ရပါတယ်။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး။ သူ့ကို မှန်မှန်မှီဝဲခြင်း အားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ်လို့ ဖော်ပြထာားပါတယ်။ အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တို အတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ်။ ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှု ဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ်။ ခံတွင်းပြန်ပြီး ကောင်းလာမယ်။ အသားအရေ ပြန်ပြီး ကောင်းလာမယ်။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့ နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ်။ သူ့အဆိုတွေက “အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth)” လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ်။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်း ဓါတ်စာရည်ကို .. အစာအိမ် အနာပေါက်ခြင်း၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ “ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။” အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference)မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ် ။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲ လွယ်ကူပါတယ်။ အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင် ဆေးပါ။ အခွံမနွှာရပါ။ အစို့ပေါက်လေးများ ရှိရင် ဖယ်ရှားပေးပါ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ။ ပြီးက အဲဒီ အစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ အဲဒီအရည်ကို ခွက်ထဲမှာ ထည့်ပြီး အရသာ ကောင်းအောင် ပျားရည်နဲနဲ ရောစပ်ပြီး သောက်ပါ။ အဲဒီ အာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့် သောက်ပေးနိုင်ပါတယ်။

ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသော ရောဂါ ဖြစ်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိခြင်း ဖြစ်ပါသည်။ မိမိပြုသော ကုသိုလ် အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည် ဖြစ်ပါသည်။ မိမိ၏ ကုသိုလ်ကံတရား အကျိုးပေးသော် မိမိနှင့် ကိုက်ညီသော ဆေးဝါးများ၊ ဆရာသမားများ (အနာနှင့် ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာ နိုင်ပါသည်။
သို့ဖြစ်ရာ အထက်တွင် ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ် နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့် အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံးချ နိုင်ရန် အကျိုးငှာ ဤဆေးနည်းအား တဆင့်ပြန်လည် ဝေငှပေးခြင်း ဖြစ်ပါသည်။

Myawady Health
https://www.facebook.com/myawadyhealth

ARV ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး


ကနေ့ ခွေးကိုက်ခံရလို့မေးတာ (၃) ယောက်ရှိတယ်။ ဒီမေးခွန်းက အခုပဲလာတာ။

မင်္ဂလာပါဆရာ ကျွန်မညီမလေးက အသက် ၁၃ပါ။ မနေ့ကဘုရားကျောင်းမှာ ဘုရားသွားဖူးရင်း ဘုရားကျောင်းခွေး ၇ ကောင်က ကျွန်မညီမလေးကို လာကိုက်ပါတယ်။ အမကမောင်းထုတ်တယ်။ ခွေးကမရ။ ခွေးဆေး ၁ လုံးထိုးထားတယ်။ သူများပြောတာ ဆေး ၄၅ လုံးထိုးရမယ်တဲ့။ အခု ကျွန်မညီမလေး ကျောင်းသွားမနိုင်တော့ဘူး။ မခံနိုင်ဘူးတဲ့။
ကျေးဇူးပြုပြီး ပြောပြပေးပါနော်ဆရာ။ ဆေးဘယ် နှစ်လုံးထိုးရလဲ တခြား သဘာဝဆေး ဘယ်လိုလုပ်ပေးသင့်လဲ ပြောပြပေးပါနော်ဆရာ။ ကျွန်မညီမလေးအသက်ဆုံးရုံးတော့မှာကို စိုးလို့ပါဆရာ။ ကျွန်မက စာမတတ်တော့ စာလုံးပေါင်းမှားရင် ခွင့်လွတ်ပေးပါနော်ဆရာ

ကိုက်တာက ခွေးရူး၊ ကူးတာက ဗိုင်းရပ်စ်ဖြစ်တယ်။ ဒီပိုးတွေက ဗဟိုအာရုံကြောစနစ်ထဲ ဝင်လာပြီး ပျက်စီးစေတယ်။ ဗိုင်းရပ်စ်တွေက ရောဂါရှိနေတဲ့ အကောင် (ခွေး၊ ကြောင်၊ မျောက်၊ မြေခွေး၊ လင်နို့၊ ခွေးတူဝက်တူ) ရဲ့ တံတွေးထဲမှာ ရှိနေတယ်။ သူတို့သွေးက ကိစ္စမရှိဘူး။ အကိုက်မခံရပေမဲ့ ပိုးပါနေတဲ့ တံတွေးက သွေးထဲ၊ ပါးစပ်ထဲ၊ နှာခေါင်းထဲ၊ မျက်စိထဲဝင်လာရင် ကူးနိုင်တယ်။ ပိုးဝင်လာပြီး ဘယ်တော့ရောဂါရမလဲဆိုတာ ကူးစက်ရောဂါမှန်သမျှထဲမှာ အကွဲပြားဆုံးဘဲ။ ရက်ပိုင်းကနေ နှစ်နဲ့ချည်ကြာနိုင်တယ်။

တိရစ္ဆာန်မှန်သမျှ အကိုက်ခံရရင် အနာကို ဘယ်လောက် ပြဲထွက်နေနေ ချုပ်မပေးရပါ။ သက်ရှိတကောင်ကောင်ရဲ့ သွားရည်ဟာ အကိုက်ခံရသူ သွေးထဲဝင်ရင်မတည့်ပါ။ အနာကို ပိုးသန့်အောင်လုပ်၊ အသားနု ကောင်းကောင်း တက်လာအောင်စောင့်ပြီး၊ နောက်မှာ အနာရွတ်သေးချင်ရင် အနာသစ်လုပ်ပြီးမှ လှလှလေး ပြန်ချုပ်ပေးရပါတယ်။ မေးခွန်းကိုဖြေရရင် ကာကွယ်ဆေးထိုးတာ စောလေကောင်းလေဖြစ်တယ်။ မစိုးရိမ်ပါနဲ့။

ရောဂါလက္ခဏာပေါ်ကာစမှာ တုပ်ကွေးနဲ့ ဆင်တယ်။ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ မအီမသာဖြစ်မယ်။ ရက်ပိုင်းအတွင်းမှာ ယားယံမယ်။ စိုးရိမ်စိတ်ဖြစ်လာမယ်။ စိတ်ရှုတ်ထွေးမယ်။ အမူအယာ မတူတာတွေ ဖြစ်လာမယ်။ ဂနာမငြိမ်ဖြစ်မယ်။ သူများ မမြင်တာ မကြားတာတွေ မြင်ကြားလာတယ်။ ဒီလိုဖြစ်လာသူတိုင်း ခံစားရတာတွေ အတော်ကြီး ဆိုးဝါးတယ်။ အသက်ဆုံးကြရတယ်။ နှစ်တိုင်း တကမ္ဘာလုံး သေဆုံးသူပေါင်း ၅ သောင်းခွဲရှိတယ်။

၁။ အမျိုးအစား (၁) အကောင်နဲ့ ထိရုံ၊ အစာကြွေးမိရုံ၊ လျှာနဲ့ထိမိရုံ၊ = ဆေးကုစရာမလိုပါ။

၂။ အမျိုးအစား (၂) အဝတ်အစားဖုံးမထားတဲ့နေရာမှာ ကုပ်မိ၊ ခြစ်မိခံရရင်၊ အနာအဆာရှိတဲ့နေရာကို လျှာနဲ့ အယက်ခံရရင်၊ = ချက်ချင်း Immediate vaccination ကာကွယ်ဆေးထိုးပါ။

၃။ အမျိုးအစား (၃) အကိုက်ခံရ၊ ကုပ်ဆွဲခံရရင်၊ ဒဏ်ရာက သွေးထွက်ရင်၊ = Immediate washing and flushing of all bite wounds and scratches ချက်ချင်း အကိုက်ခံရတဲ့နေရာကို ဆေးကြောသန့်ရှင်းပါ + Immediate vaccination ချက်ချင်းကာကွယ်ဆေးထိုးပါ + Rabies immune globulin (RIG) (ဂလိုဗြူလင်) ဆေးလဲထိုးပါ။

ကာကွယ်ဆေး မတူတာတွေရှိတယ်။ 1 ml ဒါမှမဟုတ် 0.5 ml ကို ၄-၅ ခါ အသားဆေးထိုးမယ်။ ၄ ပတ်ကြာမယ်။ တကယ်လို့ အရင်ကလဲ Cell-derived rabies vaccines (ဆဲလ်) ကနေဖေါ်စပ်တဲ့ ကာကွယ်ဆေးကို အပြည့် ထိုးဘူးထားသူဆိုရင် ဒီဆေးမျိုး ၃ ရက်ခြား၊ ၂ ခါသာ ထပ်ထိုးပါ။ Rabies immune globulin (RIG) (ဂလိုဗြူလင်) ဆေးထိုးဘို့လဲ မလိုပါ။

Tissue-culture or purified duck-embryo vaccines (တစ်ရှူး-ကာလ်ခြာ) သို့မဟုတ် ဘဲသန္ဓေကနေ ဖေါ်စပ်တဲ့ ကာကွယ်ဆေး အသားဆေးထိုးနည်း = 2.5 IU ကို 0, 3, 7, 14 နဲ့ 30 နေ့တွေမှာ စုစုပေါင်း (၅) ခါထိုးပါ။ လက်မောင်း နဲ့ ကလေးငယ်ရင် ပေါင်ရှေ့-ဘေးမှာ ထိုးပါ။ တင်ပါးမှာ မထိုးပါနဲ့။

Abbreviated multisite schedule နေရာအများမှာထိုးနည်း = 2-1-1 regimen ခေါ်တယ်။ ပဌမရက်မှာ ဘယ်ဘက် လက်မောင်းမှာ တချက်ထိုးပါ။ ညာဘက်လက်မောင်းမှာ တချက်ထိုးပါ။ ၇ ရက်နေရင် လက်မောင်းရင်းတဖက်မှာ တခါထပ်ထိုးပါ။ ၂၁ ရက်မှာ လက်မောင်းရင်းတဖက်မှာ တခါထပ်ထိုးပါ။

Intra-dermal schedule အရေပြားထဲထိုးနည်းကို (RIG) မရနိုင်တဲ့အခါ အရေးပေါ်အဖြစ်နဲ့ထိုးတယ်။

Human diploid cell vaccine (HDCV) (Rabivac TM) နဲ့ Purified chick embryo cell vaccine (PCECV) (Rabipur TM) တွေကို 0.1 ml စီ 8-site intradermal method (8-0-4-0-1-1) ထိုးတယ်။

PVRV (Verorab TM, Imovax TM, Rabies vero TM, TRC Verorab TM) and PCECV (Rabipur TM) တွေကို 0.1 ml စီ 2-site intradermal method (2-2-2-0-1-1) ထိုးတယ်။

Combined immunoglobulin-vaccine 20 IU/kg တခါတည်းထိုးတယ်။ (ရှော့ခ်) ဖြစ်လာမှာကို သတိထားပြီး၊ ကုသဘို့ အဆင်သင့်ထားရမယ်။

Rabies immunoglobulin (RIG) ကို အကိုက်ခံရတဲ့နေရာတဝှိုက်မှာ ထိုးမယ်။ ကျန်တာကို အသားဆေး ပေါင်မှာထိုးမယ်။

ဆေးဖိုးသက်သာအောင် Cell-derived vaccines ကို Intra-dermal rabies vaccination ထိုးနည်းရှိတယ်။ Purified Vero cell vaccine ဆေးကို ထိုင်းနိုင်ငံမှာ လူပေါင်း ၇ သောင်း ထိုးထားပြီးတာ နှစ်တွေများနေပြီ။ သီရိလင်္ကာ (၁၉၉၅) နဲ့ ဖိလစ်ပိုင် (၁၉၉၇) မှာလဲ သုံးတယ်။

Brain-tissue vaccines ဦးနှောက်ကနေဖေါ်စပ်တဲ့ ကာကွယ်ဆေး အခုမသုံးတော့ဘူး။

Rabies vaccine ခွေးရူးရောဂါရောင်းကုန်နာမည်များ
• Favirab
• Imorab
• Imovax
• Imovax Rabies
• Pars
• Pasteur
• Rabavert
• RabAvert
• Rabglob

Imovax Rabies vaccine ခွေးရူးကာကွယ်ဆေး (ယူအက်စ်အေ)

ခွေးကိုက်ဒဏ်ရာကို ၁၅ မိနစ်ကြာ ရေ + ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်ပါ။ အိုင်အိုင်ဒင်းပါတဲ့ အနာလိမ်းဆေးလိမ်းရမယ်။ မေးခိုင်ကာကွယ်ဆေးထိုးပါ။ ခွေး၊ ကြောင်က ရူး မရူးမသေချာရင် (၁ဝ) ရက်စောင့်ကြည့်ပါ။ ခွေးရူးတာသိရင် ကာကွယ်ဆေးထိုးရမယ်။

ခွေးရူးမကိုက်မီ ကြိုတင်ကာကွယ်နည်း
Imovax Rabies vaccine ကလေးအကြီးတွေနဲ့ လူကြီးတွေပခုံးမှာထိုးရတယ်။ ကလေးငယ်လေးတွေ ပေါင်မှာထိုးတယ်။

အရင် ကာကွယ်ဆေးထိုးဖူးသူဆိုရင် 1.0 mL အသားဆေးကို စထိုး၊ ၇ ရက်မှာဒုတိယတလုံးထိုး၊ ၂၁ ရက် သို့မဟုတ် ၂၈ ရက်မှာ တတိယကာကွယ်ဆေး ထိုးရတယ်။

အရင် ကာကွယ်ဆေးမထိုးဖူးသေူသူဆိုရင် ချက်ချင်း ပဌမ။ ၃ ရက်မြောက်မှာ ဒုတိယ၊ ၇ ရက်မြောက်မှာ တတိယ၊ ၁၄ ရက်မြောက်မှာ စတုတ္ထနဲ့ ၂၈ ရက်မှာ ပဉ္စမဆေး စုစုပေါင်း (၅) ခါထိုးရတယ်။

ဆေးရှိရင် Rabies immune globulin (RIG) 20 IU/kg ဆေးကိုပါ ကာကွယ်ဆေးစထိုးတဲ့နေ့မှာထိုးတယ်။

ခွေးရူးကာကွယ်ဆေးထိုးနည်းမှာ ဆေးရုံအလိုက် သတ်မှတ်ချက်တွေရှိနိုင်ပါတယ်။ ခွေးရူးကာကွယ်ဆေးတခါ ဆေးပတ်လည်ထိုးထားရင် ခုခံမှု ၂၅ နှစ်အထိရှိနိုင်တယ်။ ၁ဝ နှစ်အနည်းဆုံးလို့ သုတေသနတခုကဆိုပါတယ်။

ARV ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/02/arv.html
SII RABIVAX ခွေးရူးရောဂါကာကွယ်ဆေး http://doctortintswe.blogspot.com/2014/11/sii-rabivax.html
Preventable rabies kills 160 people per day http://doctortintswe.blogspot.com/2015/04/preventable-rabies-kills-160-people-per.html
Rabies မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း http://doctortintswe.blogspot.com/2016/03/arv.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

အသုံးပြုရန် မသင့်တော့သည့် ပြန်ကြော်ဆီများကို ဒီဇယ်နှင့် ဆပ်ပြာကြမ်းချက် လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စမ်းသပ်လျက်ရှိ


စားသောက်ဆိုင်၊ ဟိုတယ်နှင့် အကြော်စုံ လုပ်ငန်းများ၌ အသုံးပြုရန် မသင့်တော့သည့် ပြန်ကြော်ဆီများကို ဒီဇယ်နှင့် ဆပ်ပြာကြမ်း ချက်လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စမ်းသပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အစားအသောက် လုပ်ငန်းများ၌ အသုံးပြုပြီးသော ပြန်ကြော်ဆီများကို မစွန့်ပစ်ဘဲ ဓာတုပစ္စည်းများဖြင့် အရောင်ချွတ် ခြင်းနှင့် အနံ့ထည့်ခြင်းများ ပြုလုပ်ကာ ပြည် တွင်းဈေးကွက်၌ ပြန်လည်ဖြန့်ဖြူး ရောင်းချနေခြင်းကြောင့် ပြန်ကြော် ဆီများကို ဈေးနှုန်းတစ်ခုပေးကာ ပြန်လည်ဝယ်ယူပြီး ဒီဇယ်နှင့် ဆပ်ပြာကြမ်း ချက်လုပ်သည့် လုပ်ငန်းများ၌ ကုန်ကြမ်း အဖြစ်အသုံးပြုနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်မှုကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ကျောက္ကာ၌ ပြုလုပ်နေပြီး စမ်းသပ်မှု အောင်မြင်ပါက စားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်နိုင် မည်ဖြစ်ကာ စက်မှုလုပ်ငန်း၊ ဒီဇယ်၊ ရေနံချေးနှင့် ဆပ်ပြာကြမ်းချက် လုပ်သည့် လုပ်ငန်းများအတွက် အထောက်အကူ ပြုလာနိုင်မည်ဖြစ်သည်။ လက်ရှိတွင် စားေ သာက်ဆိုင်များနှင့် ဟို တယ်များ၌ အသုံးပြုပြီးသော ဆီများကို သင့်တင့်သည့်ဈေးဖြင့် ပြန်လည်ဝယ်ယူကာ ဒီဇယ်နှင့် ဆပ်ပြာကြမ်းချက်လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

ညာလက်မောင်းပေါ် မှည့် ၁၀ လုံးကျော်ရှိနေရင် အရေပြားကင်ဆာဖြစ်ပေါ်နိုင်



ညာဘက်လက်မောင်းပေါ်မှာ မှည့် ၁၀ လုံးကျော်ရှိနေရင်၊ အရေပြားကင်ဆာ ဖြစ်ပွားမှုအန္တရာယ် များတယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

လက်မောင်းပေါ်မှာ မှည့် အနည်းဆုံး ၁၁ လုံးရှိတဲ့သူရဲ့ ခန္ဓာကိုယ် အနှံ့မှာ မှည့် အလုံး ၁၀၀ ကျော်ရှိနိုင်ခြေ များကြောင်း ဗြိတိန် သုတေသနရပ်ကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မှည့်အများစုက ဘေးအန္တရာယ်မရှိဘူးဆိုပေမဲ့ သူတို့ကနေ ကင်ဆာဖြစ်လာနိုင်ပါတယ်။ မှည့်အလုံး ၁၀၀ ကျော်ရှိနေတဲ့သူ ဟာ malignant melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာ ဖြစ်နိုင်မှုအန္တရာယ် များပါတယ်။ malignant melanoma အရေပြားကင်ဆာဟာ အန္တရာယ် ၁၀ ဆထိ မြင့်တဲ့ ကြောက်စရာအကောင်းဆုံး ကင်ဆာပုံစံတစ်ရပ် ပါပဲ။

အလှအပဆိုင်ရာအတွက် ခရမ်းလွန်ရောင်ခြည်ထုတ်စက်နဲ့  ဓာတ်ကင်တာမျိုး၊ အားလပ်ရက်ခရီးထွက်ပြီး နေပူဆာလှုံတာမျိုးတွေ ကြောင့် အရေပြားကင်ဆာ ဖြစ်မှုနှုန်းဟာ ၁၉၇၀ပြည့်လွန်နှစ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ၅ဆ မြင့်တက်လာပါတယ်။

အသားရောင်ဖျော့တာ၊ ဆံပင်နီတာ၊ နေလောင်တာတွေကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်မှု အန္တရာယ် များတယ်လို့ သိထားကြပေမဲ့ လူတစ်ယောက်ရဲ့ မှည့်အရေအတွက်က ပိုပြီး အရေးကြီးကြောင်း King’s College London မှ သုတေသီတွေက ပြောပါတယ်။ မှည့်များတဲ့ လူတစ်ယောက်ဟာ ဆရာဝန်နဲ့စောစောပြမယ်ဆိုရင် ကုသရတာ ပိုလွယ်တယ်လို့ သူတို့ကပြောပါတယ်။

လက်မောင်းကို ကြည့်ပြီး ကိုယ့်မှာ မှည့်များနေလားဆိုတာကို ဆုံးဖြတ်ဖို့ နေရာကောင်းပါ။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်၊ လက်မောင်းမှာ မှည့် ၁၀လုံးကျော်ရှိတယ်ဆိုရင်တော့ ခန္ဓာကိုယ် တစ်ခုလုံးဆိုရင် မှည့် ၁၀၀ ကျော်ရှိမှာ သေချာသလောက်ပါပဲ။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Daily Mail


မျှစ်ကို စားသုံးခြင်း ကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးများ



(၁) အစာခြေစနစ်ကျန်းမာခြင်း

မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ် အာနိသင်ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။

(၆) ဝမ်းမှန်မှန်သွားစေခြင်း

မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။

(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း

မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ဓမ္မတာ မှန်မှန် လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း

ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။

(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း

မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။

(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း

လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Organic Facts

နှလုံးသွေးကြော ဆိုင်ရာရောဂါတွေကြောင့် သေဆုံးမှုနှုန်း ဟာ ဆယ်စုနှစ်တစ်ခု အတွင်းမြင့်တက်လာနိုင်ဖွယ်ရှိ



နှလုံးသွေးကြော ဆိုင်ရာရောဂါတွေကြောင့် သေဆုံးမှုကို နိုင်ငံတွေအနေနဲ့ ကျန်းမာရေး သတိပေးမှုတွေ အပြင်းအထန် မပြုလုပ်ဘူးဆိုရင်တော့ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်နှစ်ကို လူဦးရေ ၈ သန်းခန့် ထိ သေဆုံးမှုနှုန်း မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ လေ့လာမှု အသစ်တစ်ခုက ဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၅ ခုနှစ်မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် အရွယ်မတိုင်မီ သေဆုံးမှု ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ မယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ သွေးဖိအားမြင့်မားခြင်း ၊ ဆေးရွက်ကြီး အသုံးပြုခြင်း ၊ အ၀လွန်ခြင်း နဲ့ ဆီးချိုသွေးချို စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ချေ တစ်ဖြည်းဖြည်း နည်းလာခဲ့ပါတယ်။

သုတေသီတွေဟာ ၂၀၂၅ ခုနှစ်မတိုင်ခင်နိုင်ငံပေါင်း ၁၈၈ နိုင်ငံက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးမှုနှုန်းထားကို လေ့လာခဲ့တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ကြားထဲက Global Burden of Disease ၊ Risk Factors and Injuries ဆိုတဲ့ လေ့လာမှု ကနေ လိုအပ်တဲ့အချက်အလက်တွေကို ယူသုံးခဲ့ကြပါတယ်။

ပထမတော့ ကုလသမဂ္ဂ အပါအ၀င် အခြား အဖွဲ့အစည်းတွေက ခန့်မှန်းထားခဲ့တာကတော့ ၂၀၂၅ ခုနှစ်မှာ အမျိုးသားတွေရဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ၂၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေက ၂၃ ရာခိုင်နှုန်းဆီ လျော့ကျသွားမယ်ဆိုရင် တစ်ကမ္ဘာလုံး က နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ဟာ ၅.၇ သန်းထိ လျော့ကျနိုင်မယ်လို့ မျှော်လင့်ထားတာပါ။

တစ်ကယ်တမ်း သုတေသီတွေက ဆေးရွက်ကြီးသောက်သုံးမှု ၊ ဆီးချိုသွေးချို နဲ့ အ၀လွန်ခြင်းတို့ကြောင့် သေဆုံးမှု နှုန်းထားအချက်အလက်တွေကို ရယူပြီး တွက်ချက်လိုက်တဲ့အခါမှာတော့ ၂၀၂၅ မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ဟာ တစ်ကမ္ဘာလုံးမှာ လူဦးရေ ၇.၈ သန်းခန့်အထိ ရှိလာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

သုတေသီတွေ ပြောပြခဲ့တာကတော့ လက်ရှိခန့်မှန်းမှုထက် ကောင်းကျိုးရှိလာစေမယ့် ပြောင်းလဲမှု တွေ ကျယ်ပြန့်စွာ ဖြစ်ထွန်းလာဖို့အတွက်ဟာ နေရာဒေသနဲ့ ဆိုင်ပါတယ်တဲ့။ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ဟာ နေရာဒေသ ရဲ့ လူနေမှု ပုံစံ နဲ့ အစားအစာ အပေါ်မူတည်ပြီးသာ ပြောင်းလဲနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ထို လေ့လာမှု ကိုတော့ Circulation ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ဓမ္မတာကာလအတွင်း လန်းဆန်းပြီး ကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်များ


ဓမ္မတာကာလအတွင်း ကျန်းမာရေးညီညွတ်စေဖို့ အခြေခံအချက်တွေကို လေ့လာထားရင် သင်ကိုယ်တိုင်လဲ ကျန်းမာနေမှာဖြစ်သလို သင့်ပတ်ဝန်းကျင်က အမျိုးသမီးတွေကိုလည်း အချက်အလက်အပြည့်အစုံ ပြောပြကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ဓမ္မတာကာလအတွင်းမှာ ကျန်းကျန်းမာမာဖြစ်ဖို့ရယ် ပိုးမ၀င်ဖို့ရယ်ပါပဲ။

အမျိုးသမီးတွေမှာ ပိုးဝင်နိုင်တဲ့အန္တရာယ်အရှိဆုံးက ဓမ္မတာကာလပါပဲ။ အထူးသဖြင့် လိင်ဆက်ဆံမှုကလာတဲ့ ပိုးဝင်မှုပေါ့။ ဓမ္မတာကာလအတွင်းမှာ ခန္ဓာကိုယ်ထဲကနေ သွေးတွေထွက်သွားဖို့အတွက် သားအိမ်ဝမှာ အချွဲတွေပိတ်နေတတ်တာကြောင့် ပိုးဝင်မှုအန္တရာယ်များရတာပါ။ အဲဒါက ဘက်တီးရီးယားတွေကို သားအိမ်ထဲနဲ့ ညှပ်ရိုးခေါင်းပေါက်ထဲဝင်စေဖို့ လွယ်ကူသွားစေပါတယ်။  ယောနိ pH အပြောင်းအလဲကလဲ တစေးပိုးဝင်ဖို့ကို ပိုဖြစ်နိုင်ချေရှိသွားပါတယ်။

ကျန်းမာတဲ့ ဓမ္မတာကာလဖြစ်စေဖို့ အန္တရာယ်ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေ၊ အခြေအနေတွေကို နားလည်ထားဖို့ အမျိုးသမီးတိုင်းအတွက် အရေးကြီးလှပါတယ်။

အကောင်းဆုံးအလေ့အကျင့် လုပ်ထားရမှာတွေကို ဖော်ပြပေးပါမယ်။

ပုံမှန်ဆေးကြောပါ။ ခန္ဓာကိုယ်သန့်ရှင်းစေဖို့နဲ့ အနံ့ဆိုးမဖြစ်စေဖို့ တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် ရေချိုးသန့်စင်ပေးပါ။ ရေမချိုးခင်မှာ လက်ကိုစင်ကြယ်အောင်ဆေးပြီး လစဉ်သုံးပစ္စည်းကို လဲလှယ်ပေးခြင်း (သို့) ယောနိကို သန့်ရှင်းရေးလုပ်ပေးပါ။

စနစ်တကျ ဆေးကြောပါ။ ယောနိက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ထိခိုက်လွယ်တာကြောင့် မတူညီတဲ့ ဆေးကြောမှုပုံစံတစ်မျိုးလိုအပ်ပါတယ်။ ယောနိကို အတွင်းကျကျအမြဲဆေးကြောပါ။ သာမန်ဆပ်ပြာ၊ ရှန်ပူတွေကို အတွင်းပိုင်းတွေအတွက် အသုံးမပြုပါနဲ့။ သဘာဝ အက်ဆစ်ဓာတ်ကို ဖောက်ပြန်စေနိုင်လို့ပါ။ အထူးဖော်စပ်ထုတ်လုပ်ထားတဲ့ ဆေးတွေနဲ့ ရေနွေးကိုအသုံးပြုပြီး လက်နဲ့ဆေးကြောပေးတာ အကောင်းဆုံးပါ။

အ၀တ်အစား ရွေးချယ်ပါ။ အသက်ရှူရကြပ်တဲ့ အထည်သားနဲ့ ကြပ်လွန်းတဲ့ အ၀တ်အစားတွေကို ရှောင်ပါ။ ယောနိကို ဖိလွန်းအားကြီးတဲ့ အ၀တ်အစားတွေက အစိုဓာတ်နဲ့အပူကိုတိုးစေပြီး အရေပြားကို ယားယံစေတတ်ပါတယ်။ လန်းဆန်း၊ ခြောက်သွေ့စေဖို့အတွက် ချည်သားအောက်ခံနဲ့ ပွပွချောင်ချောင် အင်္ကျီတွေကို ၀တ်ပါ။

လစဉ်သုံးပစ္စည်းတွေကို မကြာမကြာလဲလှယ်ပေးပါ။ လစဉ်သုံးတစ်ခုတည်းကို ဆက်တိုက်အသုံးပြုခြင်းက ပိုးဝင်မှုအန္တရာယ်များပြီး သွေးအဆိပ်သင့်တာဖြစ်တဲ့ toxic shock syndrome ကိုဖြစ်စေနိုင်ပါတယ်။
မှန်ကန်တဲ့ သွေးထိန်းတောင့်ကိုသုံးပါ။ စုပ်ယူမှုအားအနည်းဆုံး သွေးထိန်းတောင့်ကိုသာ သုံးပြီး ဓမ္မတာကာလကလွဲပြီး ဘယ်တော့မှ မသုံးပါနဲ့။

ရှေ့မှနောက်သို့ ဆေးကြောပေးပါ။ နောက်မှရှေ့သို့ ဆေးကြောတဲ့အခါ စအိုကနေ အန္တရာယ်ရှိဘက်တီးရီးယားတွေ ထိတွေ့ဝင်ရောက်လာနိုင်တဲ့အတွက်ကြောင့် ရှေ့ဘက်ကနေ၊ နောက်ဘက်ကို သက်သက်စီ ဆေးကြောတာကောင်းပါတယ်။

စိတ်ချရတဲ့ လိင်ဆက်ဆံမှု ဖြစ်ပါစေ။ ဓမ္မတာကာလအတွင်း အမျိုးသမီးတွေဖြစ်နိုင်တဲ့ နောက်ထပ်အန္တရာယ်တစ်ခုကတော့ သွေးကနေတဆင့်ကူးဆက်တဲ့ ရောဂါတွေပါပဲ။ ဥပမာ ကာကွယ်မှုမဲ့ လိင်ဆက်ဆံရာကနေရတဲ့ HIV ပေါ့။ သုတ်ကနေ (ဒါမှမဟုတ်) ယောနိစစ်ထုတ်မှုကနေလာတဲ့ အရည်ကြည်တွေထက်ကို ကူးစက်နိုင်မှုပိုများလို့ ဖြစ်ပါတယ်။


( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref:intimina 
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ