အဝလွန်ခြင်းဟာ ဦးနှောက်ကို ထိခိုက်စေနိုင်


အဝလွန်တာ၊ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီတွေစုနေတာဟာ ဦးနှောက်အတွက်မကောင်းဘူးလို့ သိရပါတယ်။ လေ့လာမှုအသစ်တစ်ရပ်ရဲ့ အကြံပြုချက်အရ အဝလွန်သူတွေအနေနဲ့ သက်လတ်ပိုင်းရောက်ရင် ဦးနှောက်ကို ထိခိုက်စေနိုင်တာပါ။

လေ့လာမှုအရ အလေးချိန်မားလွန်းတာဟာ ဦးနှောက်ရဲ့ အဖြူရောင်ကဏ္ဍကို ထိခိုက်စေပြီး ဒီအပိုင်းဟာ ဦးနှောက်ရဲ့ အပိုင်းတွေကြားမှာ ဆက်သွယ်ပေးတာဖြစ်ပါတယ်။ White Matter Tissuse ဟာ အသက်အရွယ်နဲ့ လိုက်ပြီးကွာခြားပါတယ်။ ဒါပေမယ့် အသက် ၅၀အရှယ်နဲ့ အဝလွန်နေသူတွေဟာ အသက် ၆၀အရွယ်ရှိတဲ့ သာမန်လူတစ်ဦးရဲ့ ဦးနှောက်ရဲ့ အဖြူရောင်ကဏ္ဍမှာ နှိုင်းယှဉ်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

ဒီသုတေသနကို အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျတက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၀ကနေ ၈၇နှစ်အတွင်းရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၅၀၀ နီးပါးကို လေ့လာခဲ့ရာမှ အခုလိုတွေ့ရှိခဲ့ရတာပါ။ အသက် ၂၅နှစ်ကနေ ၃၀ အတွင်းအမျိုးသားအမျိုးသမီးတွေအနေနဲ့ BMI 30 ကျော်ရင် အခုလိုပြောင်းလဲမှုကို တွေ့မြင်ခဲ့ရတာပါ။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ