FDA အဆိုအရ အရွယ်တင်နုပျိုစေပြီး အသားဖြူစေတဲ့ ပစ္စည်းတွေမှာ ပြဒါးဓါတ်တွေ ပါဝင်နေနိုင်


တစ်ချို့သော အသားအရည်ထိန်းသိမ်းရေး ပစ္စည်းတွေမှာ ပြဒါးဓါတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သတိပေးထားပါတယယ်။

အသားအရည် ထိန်းသိမ်းရေး ခရင်မ်၊ ဆပ်ပြားနဲ့ လိုးရှင်းတွေရဲ့ တံဆိပ်ပြားတွေကို သေချာစစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။ "mercurous chloride," "calomel," "mercuric," "mercurio" သို့ "mercury" ပါဝင်တယ်လို့ ရေးသားထားရင်တော့ အသုံးပြုနေတာတွေကို ချက်ချင်းရပ်တန်းပစ်သင့်ပါတယ်။ ပါဝင်ပစ္စည်းတွေ ဖော်ပြထားခြင်းမရှိတဲ့ တံဆိပ်တွေကိုတော့ ၀ယ်ယူအသုံးမပြုသင့်ဘူးလို့ ဆိုထားပါတယ်။

ဈေးကွက်တွင်းရှိ အလှကုန်ပစ္စည်းတွေမှာ အမည်းစက်၊ အရေးအကြောင်းတွေကို ဖယ်ရှားပေးအသားဖြူခရင်မ် သို့ အရွယ်တင်နုပျိုခရင်မ် စသည်ဖြင့်ရောင်းချနေတဲ့ ပစ္စည်းတွေမှာ ပြဒါးပါဝင်နေတာကို တွေ့ရှိရတတ်ပါတယ်။ တစ်ချို့ဆယ်ကျော်သက်တွေကတော့ ၀က်ခြံပျောက်ကင်းသက်သာစေတဲ့ ပစ္စည်းတွေကို အသုံးပြုနေကြကြောင်း FDA အဆိုအရ သိရပါတယ်။

တခြားနိုင်ငံတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ ပြဒါဓါတ်တွေ အများအပြား ပါဝင်နေတာဖြစ်ပြီး အမေရိကန်နိုင်ငံကို တရားမ၀င် တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို အွန်လိုင်းကတစ်ဆင့်ရောင်းချနေတာတွေရှိပြီး တစ်ချို့အသုံးပြုသူတွေကတော့ နိုင်ငံခြားသွားစဉ်က ၀ယ်ယူခဲ့ကြတာဖြစ်ပြီး အသုံးပြုနေတာကြတာဖြစ်ပါတယ်။

ပြဒါးဓါတ်ပါဝင်မှုဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဆိုးဆိုးရွားရွား ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရင်ခွင်ပိုက်ကလေးငယ်တွေနဲ့ ငယ်ရွယ်သူတွေမှာ ပိုပြီးထိခိုက် ခံစားရစေနိုင်ပါတယ်။ ပြဒါးဟာ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ ဖွံ့ဖြိုးမှုကို ပျက်စီးစေနိုင်ပြီး နို့တိုက်မိခင်တွေဆီကတစ်ဆင့် ကလေးငယ်တေါဆီကိုလည်း ပြဒါးဓါတ်တွေက ရောက်ရှိစေနိုင်ပါတယ်။

ပြဒါးပါဝင်တဲ့ ပစ္စည်းတွေကို လွှင့်ပစ်တော့မယ်ဆိုရင်လည်း ပလတ်စတစ်အိတ်နဲ့ သေချာထုတ်ပိုးပြီးမှ စွန့်ပစ်သင့်ကြောင်း FDA က အကြံပေးထားပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ