မအိပ်မနေ အလုပ်လုပ်သူများ ဦးနှောက်ရင့်ရော်မှု မြန်ဆန်လာ


သဘာဝအတိုင်း အိပ်စက်ချိန်တွင် မအိပ်မနေ အလုပ်လုပ် ကိုင်သူများတွင် အချိန် မတိုင်မီ ဦးနှောက် အိုမင်းရင့်ရော်မှု ဖြစ်ပွားနိုင်ပြီး ဉာဏ်ကိုလည်း ထိုင်းမှိုင်း စေနိုင်ကြောင်း သိပ္ပံပညာရှင် များက သတိပေး လိုက်ပြီး ၁ဝ နှစ်ခန့် အိပ်ရေးပျက်ခံ အလုပ်လုပ် သူများ၏ ဦးနှောက်သည် ခြောက်နှစ်စာ ထက်မနည်း အိုမင်း ရင့်ရော်နိုင်ပြီး ဦးနှောက် ပုံမှန် ပြန်ဖြစ်ရန် ငါးနှစ်ခန့် ပြန်အိပ်ရန် လိုအပ်ကြောင်း သိရသည်။

မှတ်ဉာဏ် ပျောက်ဆုံးခြင်းကို ခံစားရလေ့ ရှိသော သက်ကြီး ရွယ်အိုများ သည်လည်း အိပ်မရသည့် ဝေဒနာကို ခံစားရလေ့ ရှိသောကြောင့် အထက် ဖော်ပြပါ အတိုင်း ဦးနှောက်ကို ထိခိုက် နိုင်သည်ဟု ကျွမ်းကျင်သူ များက ဆိုသည်။ ခန္ဓာ ကိုယ်တွင်း ဇီဝနာရီ များက လူကို နေ့ အချိန်တွင် လှုပ်ရှားစေပြီး ညအချိန်တွင် အိပ်စက် စေရာဝယ် ဤ သဘာဝ ဖြစ်စဉ်ကို ဆန့်ကျင်ပါလျှင် ရင်သားကင်ဆာ၊ အဝလွန် ရောဂါနှင့် အခြား ရောဂါမျိုးစုံကို မဖြစ် ဖြစ်အောင် ညှို့ယူ နေသည်နှင့် တူနေမည် ဖြစ်သည်။

ဦးနှောက်သည် အသက် ရလာသည်နှင့် အမျှ သဘာဝ အတိုင်း အိုမင်း ရင့်ရော်မည် ဖြစ်သော်လည်း ညအချိန် အိပ်ရေး ပျက်ခံခြင်း အချိန်ကြာ လာသည်နှင့် အမျှ ၁ဝ နှစ်ခန့် ဆက်တိုက် အိပ်စက်ချိန် မမှန်သူ များသည် ၄င်းတို့ထက် အသက် ခြောက်နှစ်ခွဲ ခန့် ပိုကြီးသူများ နှင့် ဦးနှောက် အိုမင်းမှုခြင်း တူညီနေတတ် သည်ကို ပြင်သစ် သိပ္ပံပညာရှင် များက လူပေါင်း သုံးထောင်ကျော် တို့၏ မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ် နိုင်စွမ်း၊ သင်ယူနိုင်စွမ်း တို့ကို စိစစ်လေ့လာ အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ သဘာဝတရား ကို လွန်ဆန်ခြင်း မပြုသော နေ့ပိုင်း အလုပ်လုပ်ခြင်း ကိုသာ ဦးစားပေး သင့်ပြီး ညအိပ်ရေး ပျက်သည့် အတွက် နေ့လယ်ပိုင်းတွင် အစားထိုး အိပ်စက်ခြင်း၊ ညအလုပ်ချိန် အတွင်း ကြိုးကြား ကြိုးကြား အိပ်စက်ပေးခြင်း တို့သည် ဦးနှောက် ကျန်းမာရေးကို အထောက်အကူ ပြုမည် မဟုတ်ကြောင်း သိရသည်။



( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

အလုပ်မရှိသူတွေမှာ နှလုံးတိုက်ခိုက် သေဆုံးနိုင်ခြေ ပိုမိုမြင့်မား


အလုပ်အကိုင် မရှိသူတွေကတော့ သူတို့၏ ပိုက်ဆံအိတ်တွေ ပြားချပ်နေရုံတင်မကပဲ နှလုံးတိုက်ခိုက်ခံရမှုလည်း မြင့်မားနေတယ်လို့ လေ့လာမှု တစ်ရပ်က ဖော်ပြလိုက်ပါတယ်။

အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် ဆေးလိပ်စွဲသည့် အကျင့်ဖြစ်လာတာ ၊ သွေးဖိအား မြင့်မားလာခြင်းနှင့် အခြားသော နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အချက်အလက်များ များပြားခြင်းတို့ ဖြစ်စေလာနိုင်တယ်လို့ သိရပါတယ်။

အသက် ၅၁ နှစ် ကနေ ၇၅ နှစ်ထိ အမျိုးသား၊ အမျိုးသမီး ၁၃၀ဝ၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်ကတည်းက ထိုလေ့လာခံ ပုဂ္ဂိုလ်များအား ၂နှစ်လျှင် တစ်ကြိမ် နှလုံးတိုက်ခိုက်မှု စတင်ပေးတဲ့ မောင်း ခလုတ်ဖြစ်နိုင်ကြောင်း သိရသည်။ ထိုလေ့လာခံ ပုဂ္ဂိုလ်များ၏ ၇၀ ရာခိုင်နှုန်းနီးပါး ခန့်မှာ အနည်းဆုံး တစ်ခါလောက်တော့ တိုက်ခိုက်မှုကို အမှန်တကယ်ခံခဲ့ဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှာ ၄ ကြိမ်နှင့်အထက် အလုပ်လက်မဲ့ ဖြစ်ခဲ့သူများလည်းဖြစ်ပါတယ်။ လေ့လာတဲ့ကာလအတွင်းမှာတော့ နှလုံးတိုက်ခိုက်ခံရသည့် အကြိမ် ၁၀၆၁ ကြိမ်ဖြစ်ခဲ့ပါတယ်။  အနည်းဆုံး အလုပ်လက်မဲ့ ၄ ကြိမ် ဖြစ်ခဲ့သူများတွင် ပုံမှန်လူများထက် နှလုံးတိုက်ခိုက်ခံ ရသည့်နှုန်း ၆၀ ရာခိုင်နှုန်း ပိုများနေတာကိုလည်း တစ်ဆက်တည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : Good Health

ဝက်ခြံအမာရွတ်တွေကို နှုတ်ဆက်နည်းများ


ဆယ်ကျော် သက် ရွယ် ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန့် တိုင် အောင် ဟော်မုန်းေ တွ ပြော င်း လဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦး မှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှား ပါးလွန်း တဲ့ အသားအရေ ကံထူးရှင် တွေ လို့ ဆိုနိုင် ပါတယ်။ အသင့် အတင့် ၀က်ခြံ ပေါ က်ပြီးေ နာက် ၃ - ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ် တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက် အောင် ၀က်ခြံ အ မာရွတ် တွေ စွဲကျန် နေရစ် ခဲ့ရှာ တုန်း ပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံး နည်းလမ်း ( ၅ ) သွယ် ထဲက တစ်ခုခု နဲ့  အဆ င်ပြေ သွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်

နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မ ဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေ အေးမြ တဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ် လိမ်းပေး ကြည့် ပါနော်။ အစိုဓာတ် ထိန်း ပေးနိုင် တဲ့ အစွမ်း သတ္တိ ပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ် ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီ ပေါ့ရှင်။

( ၃ ) သခွားသီး

အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေ ကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။

( ၅ ) ရေ

တစ်နေ့ ကို သောက် ရေ ဖန်ခွက် ၈ - ခွက် စာထက် မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်း က ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များ ကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ် အသေ တွေ ၊ အ မာရွတ် တွေ ကို ဖယ်ရှား သန့် စင် စေပေးလို့ပါ။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Daily Health

နှုတ်ခမ်းနီဆိုးတာက မှတ်ဥာဏ်ကို ထိခိုက်စေနိုင်



နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင်က ပြုလုပ်တဲ့ လေ့လာမှု အရ သူတို့ထဲမှ ၅၅ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ နှုတ်ခမ်းနီထုတ်ကုန် ၁၂ ခုမှ နှစ်ခုရဲ့ နမူနာကို စမ်းသပ် စစ်ဆေးရာမှာ အဆိပ်သင့်စေတဲ့ ခဲပစ္စည်းဟာ ၃.၂၂ parts per million ထိ အမြင့်ဆုံးပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။

 ခဲဓာတ်ကို ပမာဏအနည်းငယ်နဲ့ ထိ တွေ့မှုရှိရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး စိတ် ကျန်းမာရေးအတွက် ထိခိုက်မှုရှိတယ်လို့ ဘောစတွန်မှ ခဲအဆိပ်သင့် မှုကာကွယ်ရေးအစီအစဉ် မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာရှောင်က ပြောပါတယ်။

ခဲဆိပ်ပမာဏ အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဥာဏ်ရည်ဥာဏ်သွေး၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်းရည်တွေ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။ ခဲဆိပ်သင့်မှာ ကိုကြောက်ရင် နှုတ် ခမ်းနီတစ်မျိုးတည်းသာ မကပါဘူး။ ကလေးတွေ နေထိုင်ရာအရပ်ကိုလည်း ဂရုစိုက်ရပါမယ်။ အမှိုက်ပုံနားက နေရာမှာ နေတာ၊ အိမ်သုတ်ဆေးမှ အကြွင်းအကျန် အမှုန့်တွေကိုမျိုချမိတာ တွေမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ နှုတ်ခမ်းနီတိုင်းမှာ တော့ ရည်ရွယ်ချက်နဲ့ ခဲကိုထည့်သွင်း ထားတာမဟုတ်ပေမယ့် အရောင်တွေ ဟာ သတ္တုဓာတ်ကို အခြေခံတာမို့ ရေ၊ လေနဲ့ မြေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ခဲပမာဏအနည်းငယ်တော့ ပါဝင်တတ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : DailyMail

ဆံပင်နှင့် လက်သည်းကို ကောင်းကောင်းဖွံ့ဖြိုးလာဖို့ အစားအစာ ၆ မျိုး


လူတစ်ဦးရဲ့အလှကို တန်ဖိုးဖြတ်ရာမှာတော့ ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးအများစုဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် လက်သည်းအလှအပထိန်းသိမ်းသင့် သည့်အမျိုးသမီးများတွင် လက်သည်းဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ခိုင်ခံ့မှုမရှိခြင်းစတဲ့ အလှပပြသနာများကို ရှင်ဆိုင်ရလျက်ရှိပါတယ်။

ဆံပင်နှင့် လက်သည်းအလှအပပြသနာများကို ဖြေရှင်းဖို့ရန်အတွက် အမျိုးအမည်စုံလင်လှတဲ့ အလှပြင်ပစ္စည်းတွေ စူပါမားကတ် အသီးသီးမှာရှိနေကြပေမယ့် အချို့အလှပြင်ပစ္စည်းများက အသုံးပြုသူများကို အထောက်အပံ့မပြုနိုင်တာကြောင့် သုံးစွဲသူများကိုယ်တိုင် သဘာဝကျကျ မိမိတို့ရဲ့အလှအပများကိုထိန်းသိမ်းနိုင်ဖို့ အရေးကြီးလှပါတယ်။

ဒါ့ကြောင့် ဆံပင်နဲ့ လက်သည်းကို ကောင်းကောင်း ဖွံဖြိုးစေဖို့ အထောက်အကူပြုတဲ့ အစားအစာ ၆ မျိုးကို ရေးသားလိုက်ရတာဖြစ်ပါတယ်။

၁။ ဒိန်ချဉ်

အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ပရိတ်သတ်အများစုလည်းကြိုက်နှစ်သက်ကြတဲ့ ဆံပင်နှင့်လက်သည်း ကျန်းမာရေးကို အထောက်ကူပြုတဲ့အစားစာကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်မှာ ဆံပင် ကျန်းမာစွာရှင်သန်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကာရာတင်(keratin) လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ပါဝင်ပါတယ်။ ဆံပင်ဟာ လုံလောက်တဲ့ ပရိုတိန်းဓါတ်ကိုမရရှိပါက ဆံပင်ကျွတ်ခြင်းဆိုတဲ့ ရလဒ်ဆိုးနှင့်ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိတို့နေ့စဉ်စားသောက် နေတဲ့ မနက်စာထဲမှာ ဒိန်ချဉ်တစ်ဇွန်းခန့် ပါဝင်အောင်စားသောက်နိုင်ပါက ကျန်းမာသန်စွမ်းပြီးလှပတဲ့ ဆံပင်နှင့် လက်သည်းပိုင်ရှင်များဖြစ်လာနိုင်ကြမှာပါ။

၂။ အသား

အနီရောင်အသားလို့ အနောက်တိုင်းမှာခေါ်ဝေါ်ကြတဲ့ အမဲသား၊ ဆိတ်သား အစရှိတဲ့ အသားတွေဟာ ဆံပင်နှင့် လက်သည်းကျန်းမာရေးမှာအရေးပါတဲ့ ပရိုတိန်းဓါတ် နှင့် သံဓါတ်များကွယ်ဝစွာပါဝင်တဲ့ အစားစာတွေဖြစ်တာကြောင့် အခါအားလျော်စွာစားသုံးပေးသင့်ပါတယ်။ လေ့လာဆန်းစစ်ချက်များအရ သံဓါတ်ချို့တဲ့အားနည်းသူများဟာဆံပင်ပါးခြင်းနှင့် ကိုင်လွန်နီချီယား(koilonychia) လို့ခေါ်တဲ့ လက်သည်းရောဂါတစ်မျိုးနှင့်ဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ သို့သော် အမဲသားနှင့် ဆိတ်သားတို့ကို မိမိတို့ ရဲ့နေ့စဉ်ပုံစဉ်အစားသောက်ထဲထည့်သွင်းစားသောက်ဖို့တော့မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၎င်းအသားတွေမှာ ကျန်းမာရေးနှင့် မသင့်တော်သည့် ပြည့်ဝဆီများနှင့် အခြားဓါတ်များပါဝင်တာကြောင့် အလွန်အကျွံစားသုံးပါက နှလုံးရောဂါအန္တရာယ်နှင့်အခြားရောဂါများကိုဖြစ်ပွားစေနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

၃။ မက်မွန်သီး

မက်မွန်သီးဟာ ပရိုတိန်းဓါတ်ကြွယ်ဝသော သဘာဝအသီးတစ်မျိုးဖြစ်ရုံသာမက မဂ္ဂနီဆီယန်ဓါတ်များ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆံပင်နှင့် လက်သည်းကျန်းမာလှပရေးအတွက် အထောက်ကူပြုပါတယ်။ မဂ္ဂနီဆီယမ်ဆိုတာ စိတ်ဖိအားများကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ အဓိကဓါတ်တစ်မျိုးဖြစ်ပြီး ဆံပင်ကျွတ်ခြင်းသည် လူတစ်ဦး၏ခံစားနေရသော စိတ်ဖိအားများပေါ်တွင်အဓိက မူတည်တာကြောင့် မက်မွန်သီးက ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုပါတယ်။ ဒါ့အပြင် လက်သည်းများပေါ်တွင်ဖြစ်ပေါ်တတ်တဲ့ ဒေါင်လိုက်အရေးကြောင်းများဟာ ခန္ဓာကိုယ်အတွင်းမဂ္ဂနီဆီယမ်ဓါတ်မလုံလောက်ခြင်းရဲ့ လက္ခဏာများဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် ဓါတ်ကို အစိမ်းရောင်အရွက်များနှင့် ပဲအချို့မှလည်းရရှိနိုင်ပါတယ်။

၎။ ဘီယာ

ဘီယာကတော့ အမျိုးသားပရိတ်သတ်များအကြိုက် ဆံပင်အထောက်ကူပြုအစားစာဖြစ်ပါလိမ့်မယ်။ အစားသောက်နှင့် သီးနှံဆိုင်ရာ သုတေသနပြုသည့် အဖွဲ့စည်းတစ်ခု၏ ထုတ်ပြန်ချက်အရ ဘီယာသည် ဆီလီကွန်ဓါတ်ကြွယ်ဝသည့် အစားစာတစ်မျိုးဖြစ်ပါတယ်။ ဘီယာမှာပါဝင်သည့် ဆီလီကွန်ဓါတ်ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ဦးရည်ပြား သွေးသားလည်ပတ်မှုစနစ်ကို ကောင်းစွာအထောက်ကူပြုတာကြောင့်ဆံပင်ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်တာကိုတွေ့ရတယ်ဟု ဝါရှင်အခြေစိုက်လေဆာကုထုံးကျောင်းနှင့် ဂျွန်ဟော့ကင်းတက္ကသိုလ်အရေးပြားရောဂါဗေဒဆိုင်ရာဌာန တို့မှ အကြီးကဲဖြစ်သူ ရီဘက်ကာခိုင်ဇင် ကအတည်ပြုပြောကြားထားပါတယ်။ သို့သော်လည်း ဆံပင်ကျန်းမာရေးအကြောင်းပြကာ NewsWatch ဂျာနယ်အမျိုးသားပရိတ်သတ်များဘီယာအလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွမ်းကျင်သူများရဲ့ အဆိုအရ အမျိုးသမီးတစ်ဦးအနေဖြင့် တစ်ရက်လျှင် ဘီယာ တစ်ခွက်နှင့် အမျိုးသားတစ်ဦးလျှင် ဘီယာ ၂ ခွက်ခန့်သောက်သုံးပါက နေ့စဉ်လိုအပ်သော ဆီလီကွန်ဓါတ်များ လုံလောက်စေနိုင်သည်ဟု ထုတ်ပြန်ထားပါတယ်။

၅။ နွားနို့

နွားနို့ဟာ ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုသည်ဆိုသည့်အချက်ကို သိရှိ၍များ သမ္မတကြီးက နိုင်ငံသားများကို နွားနို့သောက်ခိုင်းသည်လားဆိုသည့်အချက်ကတော့ အတွေးပွားစရာပါ။ ဘာကြောင့်လဲဆိုရင် တိကျခိုင်မာသော သက်သေပြချက်များထုတ်ဖော်ပြောဆိုနိုင်ရန်လေ့လာဆန်းစစ်ချက်များပြုလုပ်ရန်လိုအပ်လျက်ရှိနေသေးသော်လည်း အချို့သော လေ့လာမှုများအရ နွားနို့တွင်ပါဝင်သော ဗိုက်တာမင်ဒီ နှင့် ဆံပင်ကျွတ်ခြင်း တို့ဟာ ဆက်စပ်မှုရှိနေတာကြောင့်ပါ။ ဆံပင်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးအများစုတွင် ရှိသော ဗိုက်တာမင် ဓါတ်ပမာဏသည် ဆံပင်ကျန်းမာရေးကောင်းမွန်သည့် အမျိုးသမီးများထက် ချို့တဲ့သည်ဆိုသည့်အချက်ကိုတော့ အရေပြားလေ့လာရေးဆေးအဖွဲ့များက အတည်ပြုချက်ရယူနိုင်ခဲ့ပြီးဖြစ်သော်လည်း နွားနို့အပြင် မိမိတို့၏ဆရာဝန်များနှင့်တိုင်ပင်ကာ အခြားသောဆေးဝါးနှင့် သဘာဝပစ္စည်းများမှလည်း ဗိုက်တာမင်ဒီ ဓါတ်ကို ရယူနိုင်ကြပါတယ်။

၆။ ဥများ

ကြက်ဥ၊ ဘဲဥ အစရှိတဲ့ ဥများမှာ ပရိုတိန်းဓါတ်နှင့် ဗိုက်တာမင်ဒီ ဓါတ်အချို့လည်း ပါဝင်သည့်အပြင် ဘိုင်အိုတင် လို့အမည်ရတဲ့ ဗိုက်တာမင်ဘီ အရောနှောတွေပါဝင်ပါတယ်။ ဘိုင်အိုတင် စဟာ ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာရာတင် ဓါတ်ကို ဖြစ်ထွန်းစေနိုင်ပါတယ်။ ဘိုင်အိုတင်ဓါတ်ချို့ယွင်းသူများဟာလည်း ဆံပင်ကျွတ်ခြင်းကိုခံစားရတတ်တာကြောင့် ဆံပင်ကျန်းမာရေးအတွက် ဥများစားသုံးသင့်ပါတယ်။


( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Healthy Recipe

နောက်ကျမှ မွေးဖွားခြင်းက ကလေးငယ်အတွက် ဦးနှောက်စွမ်းရည် ပိုတိုးတက်စေနိုင်


နောက်ကျမှ မွေးဖွားတဲ့ ကလေးငယ်တွေဟာ ဦးနှောက်စွမ်းရည် ပိုမိုတိုးတက်စေနိုင်ကြောင်း လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။

 “ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ခန့်မှန်းထားချိန်ထက် နောက်ကျမှ မွေးဖွားခြင်းဟာ ဘယ်လိုအကျိုးများစေနိုင်လည်းဆိုပြီး ဒီလေ့လာချက်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ “ လို့ Evanston, Ill ရှိ Northwestern University's Institute for Policy Research မှ သုတေသနခေါင်းဆောင် David Figlio က ရှင်းလင်းပြောပြသွားပါတယ်။

လေ့လာမှုအတွက် Florida မှ မူလတန်းနဲ့ အလယ်တန်းကျောင်းသား ၁.၄ သန်းရဲ့ မွေးဖွားမှုနဲ့ ပညာရေးမှတ်တမ်းတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

နောက်ကျမှ(၄၁ ပတ်အကြာမှ) မွေးဖွားတဲ့ ကလေးငယ်တွေရဲ့ စာမေးပွဲရမှတ်တွေဟာ ပျမ်းမျှအားဖြင့် ပုံမှန်( ၃၉ - ၄၀ ပတ်အတွင်း) မွေးဖွားတဲ့ ကလေးငယ်တွေရဲ့ ရမှတ်တွေထက် မြင့်မားပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနှုန်း ၃ ရာခိုင်နှုန်း ပိုမိုနည်းပါးတာကို တွေ့ရပါသတဲ့။

ဒါပေမယ့် နောက်ကျမှ မွေးဖွားတဲ့ ကလေးငယ်တွေဟာ ပုံမှန်မဟုတ်ဘဲ မွေးဖွားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်ခြင်းနှုန်းတွေမှာတော့ ပုံမှန်ကလေးငယ်တွေထက် ၂.၁ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိရကြောင်း လေ့လာချက်အရ သိရှိရပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


သင့်ကလေးငယ် ဘယ်အချိန်မှာ လမ်းလျှောက်မလဲ


အောက်ပါ အချက်အလက်တွေကတော့ သင့်ကလေးငယ် ဘယ်အချိန်မှာ လမ်းကောင်းကောင်း လျှောက်တတ်မလဲဆိုတာကို သိရှိနိုင်စေမယ့် အဆင့်တွေပဲဖြစ်ပါတယ်။

အသက်အရွယ် အပိုင်းအခြားအလိုက် လမ်းလျှောက်လာမယ့် အဆင့်ဆင့်ကို လမ်းညွှန်ဖော်ပြပေးထားပါတယ်။

တစ်ချို့ကလေးငယ်လေးတွေကတော့ ၉ လသားကတည်းက စပြီးလမ်းလျှောက်တတ်ကြသလို တစ်ချို့ကတော့ ၁၇ လသားအရွယ်မှ လမ်းလျှောက်တတ်ကြပါတယ်။ ဒါကတော့ ပုံမှန်စတင်လမ်းလျှောက်လေ့ရှိတဲ့ အသက်အရွယ် အပိုင်းအခြားဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ 

မွေးစမှ ၂ လ

ခြေလှမ်းလှမ်း တတ်ဖို့စတင်နေပါပြီ။ မျက်နှာပြင်မာကြောတဲ့ ကြမ်းပြင်ပေါ်မှာ မတ်တပ်အနေထား ရပ်ပေးရင် ခြေထောက်လေးတွေကို ရွှေ့လျားပြီး ခြေလှမ်းလှမ်းဖို့ ပြင်နေပါပြီ။ ဒီလိုအကျင့်ကတော့ အသက် ၂ လသားဆိုရင် ပျောက်သွားလေ့ရှိပါတယ်။

၃ လမှ ၄ လ

မှောက်လျက်အနေအထားမှာဆိုရင် ခေါင်းထောင်လာတတ်ပြီး လက်၂ဘက်ကို အသုံးပြုပြီး ရင်ဘတ်ကိုလည်း ကြမ်းပြင်ကနေ တွန်းကန်ထနေတတ်ပါပြီ။ ဒီလိုထတတ်တာဟာ လမ်းလျှောက်ခြင်းအတွက် အဓိကကျတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြံ့ခိုင်မှုကို ရရှိစေပါတယ်။

၅ လ


မတ်တပ်အနေအထားမှာဆိုရင် ခုန်ဆွခုန်ဆွ လုပ်တတ်နေပါပြီ။ ဒီလိုလုပ်တာဟာ ခြေထောက်တွေ သန်စွမ်းကြံ့ခိုင်လာစေပါတယ်။ ထိုင်နေတဲ့ အချိန်မှာလည်း  လက်၂ဖက်ကိုသုံးပြီး ရှေ့ကိုမီလျက်အနေအထား နေတတ်နေပါပြီ။

၆ လမှ ၉ လ

အကူအညီမပါဘဲ ထိုင်တတ်ပါပြီ။ ခေါင်းနဲ့ လည်ပင်းကို ကောင်းကောင်းထောင်မတ်ထားနိုင်ပြီး ခန္ဓာကိုယ်ထိန်းညှိခြင်း စတဲ့ လမ်းလျှောက်ဖို့အတွက် အရေးကြီးတဲ့ စွမ်းရည်တွေလည်း ရရှိနေပြီဖြစ်ပါတယ်။ ကလေးငယ်အများစုဟာ အသက် ၇ လနဲ့ ၁၀ လကြားမှာ လေးဘက်သွားတတ်ကြပြီး တစ်ချို့ကတော့ ဒီအဆင့်ကိုကျော်ပြီး တစ်ခါတည်း လမ်းစလျှောက်တတ်ကြပါတယ်။

၉ လမှ ၁၂ လ

ဆိုဖါခုံတွေ၊ စားပွဲကိုခြေထောက်တွေကို အားပြုပြီး မတ်တပ်ထရပ်နေတတ်ပါပြီ။ မတ်တပ်ရပ်နိုင်သွားပြီဆိုရင်တော့ ဒူးတွေကိုကွေးပြီး ဘယ်လိုထချရမယ်ဆိုတာကို စူးစမ်းသင်ယူတော့မှာ ဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Baby Centre 



       
       
       
       
        
       
   
   

    
    
    
    
    
    
    

တပ်ဆင်ဖြုတ်သိမ်းနိုင်တဲ့ လူလုပ်ကျောက်ကပ် မကြာခင် ပေါ်ပေါက်လာတော့မည်


သိပ်မကြာတော့တဲ့ နေ့တွေမှာ ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ လေးလံအလုပ်ရှုပ်တဲ့ စက်တွေနဲ့ မဟုတ်တော့ဘဲ တပ်ဆင်ဖြုတ်သိမ်းနိုင်တဲ့ လူလုပ်ကျောက်ကပ်တွေနဲ့ သွားလာလှုပ်ရှားနိုင်တော့မှာ ဖြစ်ပါတယ်

 “ ဒါကတော့ ကစားပွဲရဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ။ လူနာတွေအတွက် လိုအပ်ချက်ကို ဂရုပြုဖို့အတွက် ထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ New York City ရှိ Lenox Hill Hospital မှ တွဲဖက်ညွှန်ကြားရေးမှူးလည်းဖြစ် ကျောက်ကပ်အထူးကုလည်းဖြစ်သူ Dr. Maria DeVita က ဆိုပါတယ်။

ကျောက်ကပ်ရောဂါ ခံစားနေရသူတွေဟာ တစ်နေ့ကို နာရီပေါင်းများစွာကြာအောင် ကျောက်ကပ်ဌာနမှာ သွေးနဲ့ကျောက်ကပ်ဆေးကြောဖို့အတွက် လာရောက်ကုသနေကြရတာဖြစ်ပါတယ်။

ဒါကြောင့် ဒီစိတ်ကူးကတော့ ဒီလိုကျောက်ကပ်ဆေးကြရမယ့် လူနာတွေအတွက် ပုံမှန်နေ့ရက်တစ်ရက်လိုပဲ သွားလာလှုပ်ရှားနိုင်အောင် သယ်ဆောင်ရလွယ်ကူတဲ့ သေးငယ်တဲ့ ကျောက်ကပ်ဆေးစက်ကို ဖန်တီးဖို့ဖြစ်ပါတယ်။

ဒီလို အိပ်မက်စိတ်ကူးဟာ ပုံပေါ်လာဖို့ တဖြည်းဖြည်းနီးစပ်လာနေပါပြီ။ Seattle ရှိ University of Washington Medical Center မှာ ဒီလိုစက်ပုံစံတူတစ်ခုကို မကြာခင်ကပဲ လူနာ ၇ ဦးနဲ့ စမ်းသပ်လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ဒီစမ်းသပ်လေ့လာမှုကို California ရှိ  Blood Purifications Technologies ရဲ့ ဆေးဝါးပညာရှင်ခေါင်းဆောင်နဲ့  စက်တီထွင်ဖန်တီးသူ Los Angeles ရှိ Cedars-Sinai Medical Center မှ ဒေါက်တာ Victor Gura တို့က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မမျိုးပွားလမ်းကြောင်းကြောင့် မျိုးမအောင်ဘဲသန္ဓေမြုံနိုင်တဲ့အခြေအနေမရှိကြောင်း လေ့လာတွေ့ရှိ


သုတေသီတွေဟာ ယခင်က မျိုးမအောင်ဘဲ သန္ဓေမြုံခြင်းဖြစ်ပေါ်စေနိုင်တယ်လို့ ယုံကြည်ထားကြတဲ့ အမျိုးသမီးတွေရဲ့ မျိုးဥနဲ့ သားဥအိမ်ပြွန်တွေထဲမှာ ဘက်တီးရီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် သုတေသီတွေဟာ သားဥအိမ်ကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသမီးတွေမှာ ဘက်တီးရီးယားအရေအတွက်ဟာ ကင်ဆာမရှိသူ အမျိုးသမီးတွေထက် ပိုမိုများပြားနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုဟာ မမျိုးပွားလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားတွေဟာ သားဥအိမ်ကင်ဆာ ဖြစ်ပွားခြင်း သို့ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားလာခြင်းအတွက် အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်နေသလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။

သုတေသီတွေဟာ အမျိုးသမီး ၂၅ ဦးရဲ့ မျိုးပွားလမ်းကြောင်းမှ နမူနာစမ်းသပ်မှုများ ရယူခဲ့ကြပါတယ်။ ဒီအမျိုးသမီးတွေဟာ သားအိမ်၊ သားဥအိမ်ပြွန် သို့ မမျိုးဥတွေကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှုခံယူပြီး သူများဖြစ်ကြပြီး တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်နေကြသူများ ဖြစ်ပါသတဲ့။

မျိုးရိုးဗီဇစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဘက်တီးရီးယားမျိုးစိတ် နမူနာတွေကို ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ မတူညီတဲ့ ဘက်တီးရီးယားမျိုးစိတ်တွေကို မမျိုးဥတွေမှာထက် သားဥအိမ်ပြွန်အတွင်းမှာ ပိုမိုတွေ့ရှိခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြပါသတဲ့။

သားဥအိမ်ကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသမီးတွေမှာ အန္တရာယ်များတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုများပြားနေတာကိုလည်း သုတေသီတွေက စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဘက်တီးရီးယားတွေဟာ ကင်ဆာဖြစ်ပွားမှု ပိုမိုတိုးတက်စေနိုင်ဖို့ အရေးပါသလားဆိုတာကိုတော့ မကြာခင် သိရှိနိုင်တော့မှာဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

အရေပြားကင်ဆာကိုမ်းသပ်စစ်ဆေးခြင်းဖြင့် ကင်ဆာအသေးစားလေးတွေကို စောစီးစွာ သိရှိကုသနိုင်



အရေပြားကင်ဆာကို ပုံမှန်စမ်းသပ်စစ်ဆေးခြင်းဖြင့် လွယ်ကူစွာ ကုသပျောက်ကင်းစေနိုင်တဲ့ ကင်ဆာအသေးစားလေးတွေကို စောစီးစွာရှာဖွေတွေ့ရှိစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ဒီလေ့လာမှုမှာ စမ်းသပ်စစ်ဆေးခြင်းအားဖြင့် အထွေထွေရောဂါကုဆရာဝန်တွေအနေနဲ့ အထူးသဖြင့် ကင်ဆာရောဂါဖြစ်ပွားပြီး သေဆုံးနိုင်ချေများတဲ့ အမျိုးသား လူနာတွေရဲ့ အသေးစား အရေပြားအဖုအကျိတ်တွေကို စမ်းသပ်ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အရေပြား ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး ကုသရခက်ခဲလာတာကြောင့် ဒီလေ့လာမှုကို ဂျာမနီမှာလည်း ပြုလုပ်ခဲ့ပြီး သုတေသနပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

 “PCP စမ်းသပ်စစ်ဆေးခြင်းဟာ လူတော်တော်များများကို ပိုမိုပြင်းထန်တဲ့ ကုသမှုတွေပြုလုပ်စရာမလိုအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင်  အရေပြားကင်ဆာမဟုတ်တဲ့ မှားယွင်းစစ်ဆေးချက်အဖြေတွေလည်း နည်းပါးသွားးစေပြီး မလိုအပ်တဲ့ အရေပြားခွဲစိတ်ကုသမှုတွေကိုလည်း လျော့ပါးသွားစေပါတယ်။ ပြီးတော့ ဒီလိုပုံမှန်စစ်ဆေးခြင်းဟာ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်” လို့ University of Pittsburgh School of Medicine မှ တွဲဖက်ပါမောက္ခ Dr. Laura Ferris က ရှင်းလင်းပြောကြားသွားပါတယ်။

 “  ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်အရ PCP စမ်းသပ်စစ်ဆေးခြင်းဟာ အရေပြားအဖုအကျိတ်တွေကို စောစီးလျင်မြန်စွာ ရှာဖွေတွေ့ရှိစေဖို့ အကျိုးသက်ရောက်မှုရှိပြီး လူ့အသက်တွေကိုလည်း ကယ်တင်နိုင်မှာဖြစ်ပါတယ် “ လို့ Ferris က ပြောကြားသွားပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


လည်ချောင်းနာခြင်းကို အမှန်တကယ်ပျောက်ကင်းစေမယ့် သဘာဝကုထုံးများ


ရာသီဥတုအပြောင်းအလဲနဲ့ ဘတ်တီးရီးယားပိုးတွေ ၊ ကူးစက်တတ်တဲ့ ဗိုင်းရပ်ပိုးတွေကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။

လည်ချောင်းနာခြင်းဖြစ်လာပြီဆိုရင်တော့ အိမ်မှာရှိနေတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ သဘာဝအတိုင်းပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီးပြီး ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ရင်တော့ ကိုယ်ခံစွမ်းအားကိုတောင် ပိုတိုးတက်စေနိုင်တယ်လို့ သိရပါတယ်။

၂။ လက်ဖက်ရည်(ရေနွေးကြမ်း) ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။

၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးရင်လည်း လည်ချောင်းနာ သက်သာစေမှာပါ။

၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်တာ ၊ ပလုတ်ကျင်းပေးတာတွေကလည်း လည်ချောင်းနာတာကို သက်သာစေပါတယ်။

၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်ဟာ အာဟာရဓါတ်ပြည့်ဝတဲ့အတွက် လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံ
မက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medline

နှစ်မိနစ်နဲ့ အမောပြေစေမယ့် နည်းလမ်းများ


အရမ်းကို ပင်ပန်းနွမ်း နယ်နေ တယ်လို့ ခံစားနေရ ချိန်မျိုးမှာ ပင်ပန်းမှုနဲ့ မောပမ်းမှုတွေကို ပြေပျောက်စေဖို့ အချိန် နှစ် မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိပါတယ်။

အကြင်နာပေးပါ

နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အ ကြင်နာပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင်ကျွမ်းစေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှုတွေအရ ဆိုပါတယ်။

သာယာလှပသော ကားချပ်များကို ကြည့်ပါ

ရေတံခွန်လို၊ စမ်းချောင်းလေးတွေ လို၊ တောတောင်လေးတွေလို၊ ကြယ်တံ ခွန်လေးတွေလို ကားချပ်တွေကို စက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့ သင့်စိတ်ကို ကြည်လင်လာ စေတယ်လို့ ဆိုပါတယ်။

ဖိအားပေးပါ

မျက်လုံးနှစ်လုံးကြားက မျက်ခုံးနေ ရာကို သင့်လက်ချောင်းလေးတွေနဲ့ ဖိနှိပ် ပေးတာကြောင့် သင့်စိတ်ကို သက်သာ ရာ ရစေတယ်လို့ဆိုပါတယ်။ တစ်ကြိမ်မှာ တစ်မိနစ်၊ တစ်နေ့ကို နှစ်ကြိမ်လောက် ဖိနှိပ်ပေးပါ။

သန့်ရှင်းသပ်ရပ်သော အိပ်ရာ ဖန်တီးပါ

သေးငယ်တဲ့ အိပ်ရာမျိုးလေးပဲဖြစ် ပါစေ သန့်ရှင်းသပ်ရပ်ပြီး ဓာတ်မတည့်မှု ကင်းအောင်ပြင်ဆင်ထားတာကြောင့် အဲ လိုအိပ်ရာမျိုးမှာ နှစ်မိနစ်လောက် လဲ လျောင်းလိုက်ရင် စိတ်ကြည်လင်ကာ၊ အမောပြေစေပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးများနှင့် ကစားပါ

ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ နှစ်မိနစ်လောက် ကစားလိုက်တာ ကြောင့် သင့်စိတ်ကို ပျော်ရွှင်လာစေပါ တယ်။

ခြေထောက်ကို နှိပ်နယ်ပါ

လက်ဖဝါးနှစ်ဖက်နဲ့ သင့်ခြေဖဝါးတွေကို နှစ်မိနစ်လောက် နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုဖြစ်စေတာကို သက်သာစေနိုင် တယ်လို့ ဆိုပါတယ်။

ယုံကြည်မှုကို မှတ်သားပါ

ဘာသာရေးအရဖြစ်စေ သင်ယုံကြည်အားထားရာ ကျေးဇူးတော်တစ်ခုခုကို မှတ်သားလိုက်ပြီး၊ အဲဒီ့အတိုင်းလိုက် နာလိုက်တာကြောင့် ဘဝအမောကိုပြေ စေတယ်လို့ Harvard ဆေးတက္ကသိုယ် မှ လေ့လာမှုတွေကဆိုပါတယ်။

ပခုံးကို နှိပ်နယ်ပါ

ပခုံးနေရာကို သင့်လက်ချောင်းတွေ နဲ့ နှစ်မိနစ်လောက် နှိပ်နယ်ပေးတာကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ အချဉ်ဓာတ်သုံးပါ အရမ်းကို ပျင်းရိငြီးငွေ့နေတယ်လို့ ခံစားနေရချိန်မျိုးမှာ သံပရာသီးတစ်လုံး ကို ခြမ်းလိုက်ပြီး သင့်ပါးစပ်ထဲကို အရည် ညှစ်ချလိုက်ပါ။

အခန်းတွင်း အစိမ်းရောင်အပင်စိုက်ပါ

ရုံးခန်းမှာဖြစ်စေ၊ သင့်အိပ်ခန်းမှာ ဖြစ်စေ အစိမ်းရောင်အပင်လေးတွေ စိုက် ထားတာကြောင့် သင့်စိတ်ကို ကြည်လင် လန်းဆန်းစေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိခဲ့ပါတယ်။အခန်းတွင်းမှာ အပင်လေးနှစ်ပင် လောက်တော့ စိုက်ထားပါ။

ခုန်ပါ

လေ့လာမှုတွေအရ ၁၅ စက္ကန့် လောက် ဆက်တိုက် ခုန်ပေါက်လိုက်တာ ကြောင့် စွမ်းအင်ပါဝင်တဲ့ အချိုရည်တစ် လုံးသောက်လိုက်သလိုပဲ လူကိုလန်းဆန်း သွားစေတယ်လို့ဆိုပါတယ်။

ထမင်းမစားမီ ရေသောက်ပါ

ရေသောက်တာကြောင့် ရေဓာတ် ခန်းခြောက်မှုကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်ပါတယ်။ ဗာ ဂျီးနီးယားမှ လေ့လာမှုအရ ထမင်းအနပ် ကြီးမစားခင်မှာ ရေ နှစ်ခွက်လောက် သောက်ပေးတာကြောင့် ခန္ဓာကိုယ်အလေး ချိန်ထိန်းကာ စားနေသူတွေအတွက် ပိုထိ ရောက်တယ်လို့ ဆိုပါတယ်။

လက်ဆေးပါ

စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားနေရချိန်မျိုးမှာ လက်ဆေးတဲ့ ဘေစင် ကိုသွားပြီး ဆပ်ပြာနဲ့ရေကိုသုံးကာ အမြှုပ် များများထအောင် လက်ကို ပွတ်သပ်ပြီး ဆေးကြောလိုက်ပါ။ နှစ်မိနစ်လောက် စိတ် ကျေနပ်တဲ့အထိ လက်ကို ဆေးလိုက်တာ ကြောင့် သင့်လက်ကို သန့်စင်စေတဲ့အပြင် စိတ်ကိုပါ လန်းဆန်းသွားစေပါတယ်။

လှေကားထစ် အနည်းငယ် တက်ပါ

လေကားထစ် အနည်းငယ်ကို တက်ပေးတာဟာ သင့်ခြေထောက်က သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် ခေါင်းကြည်စေတဲ့ အာနိသင်လည်းရှိပါတယ်။ နှစ်မိနစ် လောက် လှေကားထစ်မှာ လမ်းလျှောက် ပေးတာကြောင့် သင့်စိတ်ကိုကြည်လင် သွားစေပါတယ်။ တစ်ပတ်မှာ မိနစ် ၁၅၀ လောက် လှေကားတက်ပေးသင့်ပါတယ်။

လမ်းလျှောက်ပေးပါ


လေ့လာမှုတွေအရ လူတွေဟာ သူ တို့ရဲ့ အချိန်တွေထဲက ၇၀ ရာခိုင်နှုန်းဟာ ထိုင်နေတာနဲ့ အချိန်ကုန် တတ်ကြတယ် လို့ဆိုပါတယ်။ အလုပ်ကြမ်းလုပ်နေရသူ တွေသာ လှုပ်ရှားမှုရှိကြပြီး အထိုင်များတဲ့သူ တွေက တစ်နေ့ကို နှစ်မိနစ်လောက် ခြေကျင် လမ်းလျှောက်ပေးတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်လို့ ဆိုပါ တယ်။


( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Womenshealthmag

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ