မနက်စာမစားပဲကျောင်းသွားတဲ့ ကလေးတွေ စာမလိုက်နိုင်ဖြစ်




သြစတြေးလျနိုင်ငံ က ကလေးငယ်အများစုဟာ ဗိုက်ဆာစွာနဲ့ ကျောင်းသွားနေရတယ်လို့ သုတေသန အသစ်တစ်ခု အရ သိရပါတယ်။

အဲဒီလို မနက်စာ မစား ပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ နေ့စဉ် စာသင်ကြားမှုမှာ ၂ နာရီ စာလောက် ဆုံးရှုံးလိုက်ရတယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

တစ်ပတ်မှာ တစ်ရက်လောက်ပဲ မနက်စာ မစားပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ တစ်နှစ်စာမှာ သင်ကြားနိုင်မှု နှုန်းလျော့ကြနိုင်ပါသေးတယ်။ အကြောင်းအရင်းကတော့ ဗိုက်ဆာနေတဲ့ ကလေးငယ်တွေဟာ ဗိုက်ဆာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အာရုံစူးစိုက်မှု နည်းလာခြင်း ၊ မောပန်းနွမ်းနယ်ခြင်း နဲ့ အမူအကျင့်ဆိုင်ရာ ပြသနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ကျောင်းဆရာ ၅၃၂ ယောက်ကို စစ်တမ်းကောက်ယူပြီး မေးမြန်းခဲ့ရာမှာတော့ စာသင်ခန်းတစ်ခုမှာ ကျောင်းသား ၃ ယောက်ခန့်ဟာ အမြဲတမ်း မနက်စာ မစားပဲ ကျောင်းကိုရောက်လာတတ်ပါတယ်။ ဒါ့အပြင် အစိုးရ စာသင်ကျောင်းတွေ ဟာ အစိုးရ မဟုတ်တဲ့ စာသင်ကျောင်းတွေထက် မနက်စာ မစားပဲ ကျောင်းရောက်လာတဲ့ ကျောင်းသား အရေအတွက် ၃ ဆ ပိုများနေပါတယ်။

အဲဒီလို မနက်စာ မစားပဲ ကျောင်းရောက်လာတတ်တဲ့ ကလေးငယ်တွေရဲက ၇၃ ရာခိုင်နှုန်းခန့်ဟာ အာရုံစူးစိုက်ရာမှာ အခက်အခဲရှိတတ်ကြပြီး ၆၆ ရာခိုင်နှုန်းဟာ သင်ကြားရေးမှာ စိတ်မပါလက်မပါ ဖြစ်တတ်ကြသလို ၅၄ ရာခိုင်နှုန်းက တော့ စာမလိုက်နိုင်ကြပဲ ၅၂ ရာခိုင်နှုန်းကတော့ အပြုအမူနဲ့ ဆိုင်တဲ့ ပြသနာတွေကို ကြုံတွေ့နေရတယ်လို့ လေ့လာမှု အရသိရပါတယ်။

ဆရာ ၊ ဆရာမ တွေရဲ့ ပြောကြားချက်အရ အဲဒီလို ဗိုက်ဆာနေတတ်တဲ့ ကျောင်းသားတွေဟာ အမြဲတမ်း ကျောင်းနောက်ကျတတ်တဲ့ ကျောင်းသားတွေဖြစ်ကြပြီး သူတို့ဟာ ပျက်ကွက် စာရင်းမှာ ထိပ်ဆုံးက ရှိနေတတ်တယ်လို့လည်း ဆိုပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ကျောင်းသားတွေကို မနက်စာကျွေးတဲ့ ကျောင်းတွေမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်လာပါတယ်။။ ကျောင်းမှာ မနက်စာစားတဲ့ ကျောင်းသားတွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြပြီး ၉၁ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။

ကျန်းမာရေးတင်မပဲ အဲဒီလို မနက်စာစား ပြီးမှ ကျောင်းစာသင်ကြားတဲ့ ကလေးငယ် ၈၃ ရာခိုင်နှုန်းဟာ ကျောင်း က ၀န်ထမ်းအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိကြပြီး ၇၀ ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်လာကြပါတယ်။

( Mario )

Ref : Dailymail

မိမိကလေးကိုနို့ဘူးနဲ့နို့တိုက်တဲ့ မိခင်တွေ အပြင်းအထန် ဝေဖန်ခံနေရ




မိမိရဲ့ ရင်သွေးတွေကို နို့ဘူး နဲ့ နို့တိုက်တဲ့ မိခင်တွေဟာ လူကြားထဲမှာ နို့တိုက်တဲ့ မိခင်တွေထက် နှုတ်ပိုင်းဆိုင်ရာ ဝေဖန်ခံရမှု များစွာကို ကြုံတွေ့ရနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ဆိုလိုက်ပါတယ်။

လက်ရှိမှာ Gwen Stefani ၊ Gisele Bundchen အစရှိတဲ့ အနုပညာရှင်တွေကသူတို့ရဲက လူမှုကွန်ရက်ဆိုက်တွေမှာ "Brelfie" လို့ခေါ်တဲ့ ကလေးနို့တိုက်နေတဲ့ Selfie ဓါတ်ပုံများစွာကို တင်ပြီး "Breast is best" ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်နေပါတယ်။

မိဘရေးရာ ကျွမ်းကျင်သူတွေဟာ Channel Mum ဆိုတဲ့ အွန်လိုင်းဗီဒီယို ၀က်ဘ်ဆိုက်က တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ မိခင် တွေရဲ့ ထက်ဝက်အရေအတွက်ခန့်ဟာ သူတို့ရဲ့ ကလေးတွေကို ဖျော်စပ်ထားတဲ့ နို့ရည်တွေ တိုက်ကျွေးခြင်းနဲ့ သူတို့ရဲ့ ကလေး တွေ ကျန်းမာရေး မကောင်းအောင် ပြုလုပ်နေတာသာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

စစ်တမ်းကောင်ယူမှု တစ်ခုအရလည်း ပန်းခြံနဲ့ စားသောက်ဆိုင်အစရှိတဲ့ ပြည်သူပိုင်နေရာတွေမှာ မိခင် ကိုယ်တိုင် နို့တိုက်ခြင်းဟာ နို့ပုလင်းနဲ့ နို့တိုက်ခြင်းထက် ပိုပြီးလက်ခံစရာဖြစ်ခဲ့ပါတယ်။ မိခင်နို့ရည်ပဲ တိုက်ကျွေးတဲ့ ၂၈ ရာခိုင်နှုန်းသော မိခင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ၃၉ ရာခိုင်နှုန်းသော နို့ပုလင်းနဲ့ ကလေးကိုနို့တိုက်တဲ့ မိခင်တွေဟာ အပြင်းအထန်ဝေဖန်ခံနေရတာ ကိုတွေ့ရပါတယ်။

ဒါ့အပြင်ပိုဆိုးတာက မိခင်ခြင်းဝေဖန်ခံနေရတာပါပဲ။ နို့ဘူးနဲ့ နို့တိုက်တတ်တဲ့ မိခင် ၅ ယောက်မှာ ၁ ယောက် ဟာ မိမိ ကလေးကို မိခင်နို့မတိုက်တဲ့အတွက် အခြားမိခင်တွေရဲ့ ဝေဖန်မှု ကို ခံနေရပါတယ်။ အခုမှ မိခင်ဖြစ်လာတဲ့ မိခင်အသစ် ၁၀ ယောက်မှာ ၇ ယောက်ခန့်ဟာလည်း လူကြားထဲမှ မိမိကလေးကို မိခင်နို့မတိုက်ရဲ ကြတဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ဒါ့အပြင် မိခင် အယောက် ၅၀ မှာ ၁ ယောက်ဟာ အကောင်းဆုံးနည်းလမ်းနဲ့ မိမိ ကလေးကို နို့တိုက်နိုင်ဖို့အတွက် အွန်လိုင်းကနေ X-Rated ( ညစ်ညမ်းအဆင့်ရှိတဲ့) ဗီဒီယိုတွေကို ကြည့်ရှုပြီး လေ့လာခဲ့ရတယ်လို့ ၀န်ခံထားကြပါတယ်။

ထိုလေ့လာမှုကနေ သတိပေးခဲ့တာကတော့ မိခင်တွေအနေနဲ့ မိမိကလေးကို မိခင်နို့မတိုက်ကျွေးတဲ့အခါမှာ မိမိ ကလေးဟာ လိုအပ်တဲ့ ခန္ဓာကိုယ် အလေးချိန်ကို မရရှိပဲ ကျန်းမာရေး မကောင်းတဲ့ အနေအထား တွေ ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

Ref : Mirror

လူနာ ၅ ယောက် မှာ ၁ ယောက်ဟာ ရေ လုံလောက်စွာ မသောက်တဲ့အတွက် ရောဂါ ဖြစ်နေဟု




သန်းနဲ့ချီ အရေအတွက် ရှိတဲ့ လူနာတွေဟာ ရေလုံလောက်စွာ မသောက်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြသနာ တွေကြောင့် ဆေးရုံ ဆေးခန်းတွေကို လာရောက်နေကြကြောင်းကို သုတေသီတွေက အခိုင်အမာဆိုလိုက်ပါတယ်။

အများဆုံး လာရောက်ကြတဲ့ ဘုံ ပြသနာ တွေကတော့ ရေဓါတ်ခမ်းခြောက်မှုကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

စစ်တမ်းကောက်ယူကြည့်ခဲ့ရာမှာတော့ ဆေးရုံ ဆေးခန်း တွေသို့ လာရောက်နေကြတဲ့ လူနာ ၅ ယောက်မှာ ၁ ယောက်ဟာ ရေလုံလောက်စွာ မသောက်တဲ့အတွက် ပင်ပန်းနွမ်းနယ် ခြင်းကို ဖြစ်ပေါ်စေပြီး အခြား ဆက်စပ် ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆရာဝန် ၄ ရာခိုင်နှုန်းခန့်ကလည်း သူတို့ရဲ့ လူနာတွေဟာ တစ်နေ့ကို ရေ ပမာဏ ဘယ်လောက်သောက်သင့်တယ်ဆိုတာကို မသိကြဘူးလို့ ဆိုပါတယ်။

အမှန်တစ်ကယ်တော့ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု ဌာနရဲ့ လမ်းညွှန်မှုတွေအရ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ရေ ၁.၆ လီတာ ခန့်သောက်သုံးသင့်ပါတယ်။ ဒါဟာ ဖန်ခွက် ၈ ခွက် စာနဲ့ ညီမျှပါတယ်။

အမျိုးသား တွေအနေနဲ့ ကတော့ တစ်နေ့ကို ရေ ၂ လီတာ ခန့်သောက်သုံးသင့်ပြီး ဒါဟာ ဖန်ခွက် ၁၀ ခွက်စာနဲ့ ညီမျှပါတယ်။

ရေ လို့ ပြောပေမယ့် အခြား ဖျော်ရည်နဲ့ သောက်စရာတွေဖြစ်တဲ့ လက်ဖက်ရည် ၊ ကော်ဖီ ၊ နွားနို့ နဲ့ သစ်သီးဖျော်ရည်တွေကိုလည်း သောက်သင့်ပေမယ့် အဲဒီအရာတွေမှာ ပါဝင်တဲ့ ကဖိန်းဓါတ်နဲ့ သကြားဓါတ်ကတော့ သုံးစွဲမှုများနေရင် အန္တရာယ်ရှိလာနိုင်ပါတယ်။

ရေ သောက်ရခြင်းအကြောင်းအရင်းကတော့ ရေဓါတ်ခမ်းခြောက်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှု တွေကို ရှောင်ရှားဖို့နဲ့ အာရုံစူးစိုက်လို့ မရတဲ့ ပြသနာမျိုးကို ပျောက်ကင်းစေဖို့ပဲ ဖြစ်ပါတယ်။ အခြား ရေသောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ လှပမှု ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

သစ်သီးဖျော်ရည်တွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ရေဓါတ်ကို ပေးစွမ်းနိုင်ပေမယ့် များသောအားဖြင့် ရေဓါတ်ထက် သကြားဓါတ်ပိုများနေတာ မျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို သစ်သီးဖျော်ရည် တစ်ခွက်ခန့်သာ သောက်သုံးပေးသင့်ပါတယ်။ နွားနို့ကတော့ ကယ်လ်ဆီယမ် နဲ့ ပရိုတိန်း ကို ပေးစွမ်းနိုင်တဲ့အတွက် သစ်သီးဖျော်ရည်ထက်စာရင် ပိုပြီး သင့်တော်တယ်လို့ သိရပါတယ်။

( Mario )

Ref : Dailymail

HCQ ဆိုတဲ့ ငှက်ဖျားဆေး ဟာ နှလုံးရောဂါကိုပါ ကုသနိုင်တာကို တွေ့ရှိ




သိပ္ပံ ပညာရှင်တွေဟာ နှလုံးရောဂါ အတွက် ကုသနိုင်မယ့် ဆေးကို တွေ့ရှိခဲ့ပြီး အဲဒီဆေးကတော့ ၁၉၅၀ ခုနှစ်ကတည်းက ထုတ်လုပ်ထားတဲ့ ဆေးဝါးတစ်မျိုး ပဲ ဖြစ်ပါတယ်။

နှလုံးရောဂါ ဟာ ဗြိတိန်နိုင်ငံမှာ ရှိတဲ့ လူဦးရေ ၉၀၀,၀၀၀ ယောက်တို့ကို သက်ရောက်မှု တွေ ရှိခဲ့ပါတယ်။

အသက် အရွယ်မရွေး နှလုံးရောဂါ ဖြစ်ခဲ့ကြပြီး လူအများစုကတော့ အသက်ကြီးပိုင်းတွေပဲ ဖြစ်ပါတယ်။ ထို နှလုံးရောဂါရှင်တွေရဲ့ ထက်ဝက်လောက်က အသက် ၇၅ နှစ်အထက် တွေပဲဖြစ်ကြပါတယ်။

Hydroxychloroquine (HCQ) ဆိုတဲ့ ဆေးဝါးတစ်မျိုးဟာ လွန်ခဲ့တဲ့ ၆၅ နှစ်ကတည်းက ငှက်ဖျားရောဂါ ကုသဖို့အတွက် တီထွင်ခဲ့ကြတာဖြစ်ပြီး တီထွင်ပြီး မကြာခင်မှာပဲ ထိုဆေး ဟာ ခုခံအား ကျဆင်းစေတဲ့ ရောဂါတွေဖြစ်တဲ့ Lupus နဲ့ rheumatoid arthritis တို့လိုရောဂါ တွေကိုလည်း ပျောက်ကင်းစေတာကို သိရှိခဲ့ရပါတယ်။

အခုတစ်ကြိမ်မှာတော့ Oxford တက္ကသိုလ်က သုတေသီတွေဟာ နှလုံးရောဂါကို ထိုဆေးဝါးနဲ့ သက်သာစေနိုင်တာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

" Lupus ရောဂါဖြစ်ပွားနေတဲ့သူတွေဟာ နှလုံးကိုပါထိခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီလို Lupus ရောဂါ ခံစားနေရတဲ့ သူတွေကို HCQ တိုက်ကျွေးလိုက်တဲ့အခါမှာ နှလုံးရောဂါ ဖြစ်ပွားနိုင်နှုန်းလည်း လျော့နည်းသွားတာကိုတွေ့ရပါတယ်။ " လို့ ထိုသုတေသန ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Rebecca Burton ကဆိုပါတယ်။

သုတေသီတွေရှာဖွေတွေ့ရှိခဲ့တာကတော့ ထို HCQ ဆေးဝါးဟာ နှလုံးရဲ့ sino-atrial node လို့ခေါ်တဲ့ နေရာ မှာ သက်ရောက်မှုတွေဖြစ်လာအောင်လုပ်ဆောင်ပေးပါတယ်။ ထိုနေရာမှာရှိတဲ့ ဆဲလ်တွေဟာ နှလုံးရဲ့ကြွက်သားတွေက ထုတ်လွှတ်ပေးတဲ့ အီလက်ထရို အချက်ပြ မှုတွေကို ဖန်တီးပေးပြီး နှလုံးခုန်ခြင်းကို ထိန်းထားပေးပါတယ်။ HCQ ဟာ ထို အရေးကြီးတဲ့ အီလက်ထရို အချက်ပြမှုတွေ ဖြစ်ပေါ်လာစေဖို့အတွက် အရေးကြီးတဲ့ ပရိုတိန်းကို ဖန်တီးပေးနိုင်တာပဲ ဖြစ်ပါတယ်။

ထို အဖွဲ့ဟာ HCQ ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာ လေ့လာ စမ်းသပ်နေပြီး အောင်မြင်သွားတာနဲ့ ဗြိတိန် နိုင်ငံ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု (NHS) တစ်ဆင့် ထိုဆေးတွေကို နှလုံးရောဂါ ခံစားနေရသူတွေထံ ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror

ဆီးချိုရောဂါ အား ချောကလက်စားခြင်းဖြင့် သက်သာစေနိုင်ကြောင့် လေ့လာတွေ့ ရှိ


(ဒီလို ချောကလက် အကြောင်းကို အရင်တင်ပေးထားပါသည် အခု News တခုမှ ပါလာလို့  မျှဝေခြင်းပါ )

ဗြိတိန်နိုင်ငံ ဆေးပညာရှင်သုတေသီများ၏ လေ့လောတွေ့ ရှိချက်အရ ဆီးချိုရောဂါ အား ချောကလက်စားခြင်းဖြင့် သက်သာစေနိုင်ကြောင့်လေ့ လာတွေ့ ရှိခဲ့ရသည် ။

“ ဖလာဗာနိုစ် “ဟု အမည်ရသော ရောဂါတိုက်ဖျက်နိုင်သည့် ဓာတုဓာတ်တမျိုး ချောကလက်တွင် ပါဝင်သောကြောင့် ဆီးချိုရောဂါကို သက်သာစေခြင်းဖြစ်သည် ။

သို့ သော် ချောကလက် အမည်းရောင်၌သာ အဆိုပါ ဓာတ်ပါဝင်ပြီး နို့ ချောကလက်နှင့် အဖြူရောင်ချောကလက်များတွင် ပါဝင်ခြင်း မရှိပေ ။

ဗြိတိန်တွင် လူပေါင်း ၁ ဒသမ ၈ သန်းခန့် ဆီးချိုရောဂါ ကြုံတွေနေရကြောင်းသိရသည် ။
News

Mg Mandalay
https://www.facebook.com/mg.mandalay

ကျန်းမာရေးထိခိုက် စေနိုင်တဲ့ e-cigarettes နဲ့ Vape သောက်သုံးသူ အရေအတွက် မြင့်တက်နေဆဲ ပဲ ဖြစ်




ပြီးခဲ့တဲ့ နှစ်တုန်းက လူဦးရေ ၅ သိန်းခန့်ဟာ ဆေးလိပ်သောက်တဲ့ အကျင့် ကိုဖျောက်ပစ်ဖို့အတွက် e-cigarettes တွေကို ပြောင်းသောက်လာကြတယ်လို့ သုတေသနတစ်ခု က ပြသခဲ့ပါတယ်။

Action on Smoking and Health (ASH)  အဖွဲ့က ပြောခဲ့တာကတော့ ဗြိတိန် နိုင်ငံမှာ e-cigerattes နဲ့ Vape သောက်သုံးသူ ၂.၁ သန်းခန့်ရှိရာမှ ၂၀၁၄ ခုနှစ်မှာ ၂.၆ သန်းထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သောက်သုံးမှု ပမာဏ တိုးလာစေတဲ့ လူတွေဟာ အရင်တုန်းက ဆေးလိပ်သောက်တတ်ကြသူများ ဖြစ်နေတာများပြီး e-cigarettes ကို ဆေးလိပ်ဖြတ်တဲ့ အရာ အဖြစ် သောက်သုံးလာကြတယ်လို့လည်း သိရပါတယ်။

တစ်ကယ်တော့ ဒါဟာ မှားယွင်းနေတာ ဖြစ်တယ်လို့ ASH အဖွဲ့က သတိပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို e-cigarettes တွေဟာ ဆေးလိပ်တွေထက်ပိုပြီး အန္တရာယ်ရှိနေလို့ပါ။

မနှစ်က ၁၅ ရာခိုင်နှုန်းသာ e-Cigarettes သောက်ခဲ့ကြတဲ့ လူအရေအတွက် ဟာ ၂၀၁၅ မှာ ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနေပါပြီ။  ဒါ့အပြင် စီးကရက်တောင် မသောက်တတ်ခဲ့ပဲနဲ့ Vape သောက်သုံးခဲ့သူ ၀.၂ ရာခိုင်နှုန်းရှိနေပြီလို့လည်း သိရပါတယ်။

သိပ်မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ သုတေသန တစ်ခုအရတော့ အမေရိကန် လူမျိုးတွေက e-cigarettes တွေနဲ့ Vape တွေရဲ့ ဓာတုပစ္စည်း ပါဝင်မှုကို ကြွက်တွေနဲ့ စမ်းသပ်လိုက်တဲ့အခါမှာ လူတွေကို ကျန်းမာရေး ထိခိုက်စေမယ့် ဓာတုဗေဒ ပစ္စည်းတွေ ပမာဏ များပြားစွာ ပါဝင်နေပြီး အဆုတ် နဲ့ ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်သလို ခုခံအား စနစ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လူတွေကို အန္တရာယ် ဖြစ်စေနိုင်တဲ့ e-cigarettes နဲ့ Vape သောက်သုံးသူ အရေအတွက် ကတော့ မြင့်တက်နေဆဲ ပဲ ဖြစ်ပါတယ်။

( Mario )

Ref : Dailymail

ရင်သားကို ပလပ်စတစ်ဆာဂျရီလုပ်တော့မှာလား Demi Lovato

ပလပ်စတစ်ဆာဂျရီလုပ်မယ့်လို့ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း Demi Lovato ကအရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

Heart Attack သီချင်းရဲ့အဆိုတော်မလေးဟာ အထူးသဖြင့် သူမရဲ့ ရင်သားနှစ်မွှာကြား အရွယ်အစားနဲ့ပါတ်သတ်ပြီးမပျော်ရွှင်နိုင်ဖြစ်နေကြောင်းဝန်ခံလိုက်ပြီး ရင်သားဖြည့်တဲ့ ခွဲစိပ်မှုလုပ်သင့်တယ်လို့ဆိုပါတယ်။

ပလပ်စတစ်ဆာဂျရီလုပ်ဖို့လိုတယ်လို့သူမထင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်ကိုပြောပြဖို့မေးတဲ့အခါ ၂၁နှစ်အရွယ်အဆိုတော်က “အဲဒါကျွန်မပဲဖြစ်မှာ။ ကျွန်မရင်သားနဲ့ပါတ်သတ်ပြီးလုပ်စရာရှိတယ်လေ။ သူတို့ဟာ ခြင်ကိုက်တဲ့ဒဏ်ရာလိုဖြစ်နေတယ်” လို့ Y100 ရေဒီယိုဌာနကိုပြောပါတယ်။

ရာသီနှစ်ခုပါဝင်ခဲ့ပြီး နောက်နှစ် X Factor ပြိုင်ပွဲရဲ့ဒိုင်လူကြီးအလုပ်ကိုဆက်လုပ်မှာမဟုတ်တဲ့ Demi ဟာ သူ့ကိုယ်သူချစ်မြတ်နိုးတတ်အောင်သင်ယူပြီး ၂၀၁၄ခုနှစ်မှာ ကျန်းမာစွာနေထိုင်ချင်တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားသွားပါတယ်။

“အနားယူချိန်ဆိုတာကျွန်မအတွက်သိပ်အရေးကြီးပါတယ်။ ကျွန်မလုပ်ခဲ့ဖူးပြီး နှစ်သက်မြတ်နိုးတဲ့အလုပ်တွေကို ဟိုမှာဒီမှာ လုပ်သင့်တယ်လို့ထင်တယ်။ ကျွန်မအလုပ်များပြီဆိုရင် အိပ်ရေးလဲပျက်သလို ကျွန်မတကယ်ကို သန်စွမ်းကြံ့ခိုင်ချင်ပြီး ကျန်းမာရေးလဲကောင်းအောင်နေချင်တယ်လို့ ကျွန်မစဉ်းစားမိပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာအနားယူတာလုပ်ချင်ပါတယ်။ အားအင်တွေပြန်ပြည့်ဖို့ တစ်လအချိန်ယူရမယ်လို့ထင်ပါတယ်။ ပြီးတော့ကျွန်မအဲဒီ့ထက်ပိုပြီးလိုချင်ပါတယ်။ ဒါပေမယ့် ကျွန်မနယ်လှည့်ဖျော်ဖြေပွဲလုပ်ဖို့ကိုလဲဆုံးဖြတ်ခဲ့တယ်” လို့ဆိုပါတယ်။

Ref:starpulse
Trend Myanmar

ဆံပင်ဖြောင့်မည့် သူများ အတွက် သိသင့်သည်များ

ဆံပင်သားကို မီးအပူဖြောင့် စက်နဲ့ စက်ဆွဲပြီး ဖြောင့်ဆေး သုံးကာ ဖြောင့်လိုက် မယ်ဆိုရင် ဘယ်လောကပဲ ကောက်သား ရှိတဲ့ ဆံပင်သား ဖြစ်ပါစေ ဖြောင့်စင်းပြီး လှပသွား တတ်ကြတယ်။

ဆံပင်သားဖြောင့်စင်း လှပနေ တာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ နှစ်သက်တတ်ကြတယ်။ ဆံပင်သားဖြောင့် ချင်ကြတဲ့ သူတွေက အကြောင်းပြချက် မျိုးစုံ ရှိကြတယ်။ ပင်ကို ကောက်သား ရှိတဲ့သူတွေ၊ ဆံပင်သားက ဖြောင့်စင်း မနေဘဲ ပင်ကို ဆံပင်သား လှိုင်းတွန့်ပါသူတွေ၊ ဆံသား ကြမ်းတမ်းတဲ့ သူတွေနဲ့ ဆံပင်ဖြောင့် စင်းနေတာကို သဘောကျ နှစ်သက်တဲ့ သူတွေက ဆံပင်သားကို ပိုပြီး လှပနေအောင်နဲ့ ဆွဲဆောင်မှုရှိအောင် ဆံပင်ဖြောင့် တတ်ကြတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဆံပင်ဖြောင့်ပါစေ။ အဓိကကတော့ ကိုယ့်ဆံသားနဲ့ ဦးရေပြားကို မထိခိုက်စေဘဲလှပဖို့နဲ့ ပုံစံကျ သွားစေဖို့လိုပါတယ်။ ဆံပင်ဖြောင့်တယ်ဆိုရင် လူအတော်များများက ဆံပင်တစ်ချောင်းချင်း ဖြောင်းစင်းနေတာကို သဘောကျ တတ်ကြပြီး၊ နည်းနည်းလေး ဆံပင်သား သိမ်နေမယ်၊ ကွေးနေမယ်ဆိုရင်တောင် မကြိုက်တတ်ကြဘူး။

ဒါဟာ ဆံပင်ဖြောင့်တဲ့သူတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒ တစ်ခုပါပဲ။ ဆံပင်သား ဖြောင့်တော့ မယ်ဆိုရင် ဆံပင်မှာ အလွှာသုံးလွှာ ရှိပါတယ်။ အရမ်းကို သေးမျှင်တဲ့ ကျွန်မတို့ရဲ့ ဆံပင်တစ်ချောင်းမှာ အလွှာသုံးလွှာ ပါဝင်နေတယ်လို့ ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြား ထားပါတယ်။ ဆံပင်ဖြောင့်တော့ မယ်ဆိုရင် ပထမဆုံး ဖြောင့်ဆေးနဲ့အရင် ဆံပင်ကိုထိရပါတယ်။ ပြီးရင် ဆံပင်ဖြောင့်တာပိုပြီး ပုံစံကျစေဖို့ အတွက် ဖြောင့်စက်ကို အပူဆုံး အဆင့်ပေးပြီး ဆံပင်ကို စက်ဆွဲပါတော့တယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ အလွှာသုံးလွှာထဲက နောက်ဆုံး အလွှာအထိ မီးအပူနဲ့ ဆေးတွေရောက်ရှိသွားမယ် ဆိုရင်တော့ ဆံပင်သားဟာပင်ကိုမူလ သင့်ဆံပင်သားလို မဟုတ်တော့ဘဲ။ အရမ်းကို ဖြောင့်စင်းနေတဲ့ ဆံပင်သား ဖြစ်သွား ပါတော့တယ်။ ဒါကိုဆံပင်ဖြောင့်တဲ့သူတွေက အရမ်းကို သဘောကျတတ် ကြပါတယ်။

ဆံပင်ဖြောင့် ထားတဲ့ အပိုင်းဟာ ဦးရေပြားက ဆံပင်သား ပေါက်လာ လေလေ၊ အဖျားပိုင်းက ဆံပင်သားရဲ့ အလေးချိန်နဲ့ အိကျ လာလေလေ ဖြစ်တာကြောင့် ကြာလာတဲ့အခါမှာ ဆံပင်ထိပ်ပိုင်းက ပြောင်လာ ပါတော့တယ်။ ဦးရေပြားကနေ ထွက်တဲ့ဆံပင်ဟာလည်း တဖြည်းဖြည်း ပုံစံပြောင်းလာပါတော့တယ်။ ပင်ကိုဆံပင်သားကို ပြန်မရတော့ဘဲ တဖြည်းဖြည်းနဲ့ ဆံပင်က ပါးလာပြီး ဦးရေပြားကိုမြင်ရတဲ့ အထိ ဖြစ်လာပါတော့တယ်။ဒါကို ဦးရေပြားမာသွားတယ်လို့ခေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆံပင်ပေါက်တာလည်း နှေးလာ တတ်ပါတယ်။ ဆံပင်ဖြောင့်တဲ့ သူပဲဖြစ်ဖြစ်၊ ကောက်တဲ့သူပဲဖြစ်ဖြစ် အလှအပကို စိတ်ဝင်စားတဲ့ သူတိုင်းဟာ ပုံစံ တစ်မျိုးတည်းကို စိတ်မ၀င်စားဘဲ အမျိုးမျိုး စိတ်ရဲ့ အလှအပ ပုံစံ ဖန်တီးမှုကို လိုက်ပြီး ပြောင်းလဲ နေတတ်ကြပါတယ်။

ဒါကြောင့် ဒီနေ့ဆံပင် ဖြောင့်ပြီးပေမယ့် နောက်နေ့ ဆံပင်ကောက်ချင်ရင် ကောက်ချင် တတ်ကြ ပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကို အရမ်းကပ်ပြီး ဖြောင့်တာမျိုးကို မလုပ်သင့်ပါဘူး။ ဆံပင် အလွှာသုံးလွာထဲက ပထမအဆင့် အလွှာ လောက်ကိုပဲ ဆံပင်ဖြောင့်ဆေး ၀င်အောင် စက်ဆွဲပေးသင့်ပါတယ်။ ဒါမှ နောက်ထပ်ဘယ်လို ဆံပင်ပုံစံတွေပဲပြောင်းပါစေ သင့်ဆံပင်နဲ့ ဦးရေပြာကို မထိခိုက်စေဘဲ လှပတဲ့ ဆံပင် စတိုင်တွေကို နောက်ထပ် ဖန်တီးနိုင်မှာ ဖြစ်တယ်ဆိုတာကို သဘောပေါက် နားလည် နိုင်စေဖို့ အတွက် ဆံပင်နဲ့မိတ်ကပ် အလှဖန်တီးသူ သင်းပံျ့နွယ်မှ မငယ်လေးက အကြံပြု ပြောပြ ပေးထားတာ တွေကို အလှအပ ရေးရာတွေ စိတ်ဝင်စားတဲ့ သူတိုင်းအတွက် ရေးသား တင်ပြ လိုက်ရပါတယ်။

မြ၀တီ

သန္ဓေတားဆေးကတ် သောက်သုံးခြင်းက အတွင်းတိမ် ဖြစ်ပွားစေနိုင်

သုံးနှစ်နဲ့အထက် သန္ဓေတားဆေးကတ် ocpills ကို သောက်သုံးရတဲ့ အမျိုးသမီးတွေဟာ အတွင်းတိမ်ရောဂါ ဖြစ်ပွားနိုင်ချေ နှစ်ဆမြင့်တက်နိုင်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါဟာ မိသားစုအစီအစဉ် ဆွဲဖို့ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေအပေါ် သန်းပေါင်း ၆၀နီးပါးကို ခြိမ်းခြောက်နေတဲ့ မျက်လုံးကွယ်နိုင်ခြင်းက ထိုးနှက်မှုတစ်ခုလို့လည်း သိရပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်၊ Duke ဆေးတက္ကသိုလ်နဲ့ တရုတ်နိုင်ငံမှ Nanchang University တို့မှ သုတေသီတွေက ပူးပေါင်းလေ့လာ ခဲ့ပြီး ရောဂါထိန်းချုပ်ရေးဗဟိုဌာနမှ CDC ရဲ့ ၂၀၀၅ခုနှစ်မှ၂၀၁၀ခုနှစ်အတွင်း အမေရိကန်အမျိုးသမီး ၃၄၀၆ ဦးထံမှရရှိတဲ့ ကျန်းမာရေးစစ်တမ်းတွေကို အခြေခံခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအမျိုးသမီးတွေဟာ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုခဲ့ရပြီး မျက်စိကျန်းမာရေး စစ်ဆေးမှုတွေကို လည်း ခံယူခဲ့ကြပါတယ်။

တွေ့ရှိရတဲ့ အချက်ကတော့ သုံးနှစ်အထက် ocpills  သောက်သုံးရတဲ့ အမျိုးသမီးတွေဟာ သာမန်ထက် အတွင်းတိမ်ရောဂါ ဖြစ်ပွားနိုင်ချေ ၂ ဆ မြင့်တက်နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ရလဒ်များအရ သန္ဓေတားဆေးကတ်ရဲ့ အတွင်းတိမ် ဖြစ်ပေါ်စေတဲ့အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေမယ့် ကာလ ကြာရှည် သုံးစွဲမှုဟာ ဖြစ်ပွားစေတဲ့ အကြောင်းရင်းခံ risk factor ဖြစ်တယ်ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သက်နှင်း
ref: ANI
Health Updates Journal No. 98

ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲ ပြဿနာများ

အနာမခံဘဲ အသာမစံရ နိုင်ပေ။

ဒေါက်မြင့်ဖိနပ်နှင့် နာကျင်မှုမှာ ဒင်္ဂါးပြားမှ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍ မရပေ။ လေ့လာမှု အချို့အရ ဒေါက်ဖိနပ်စီးခြင်းက ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါး စေသည်ဟု အကြံပြု ခဲ့သည်။ ဒေါက်မြင့် ဖိနပ်များကို အချိန် ပမာဏ တစ်ခုအထိ ဝတ်ဆင်ပြီးပါက ကျန်းမာရေး၌ ဆိုးဝါးသော နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေသည်။ ဒေါက်မြင့် ဖိနပ်တစ်ကြိမ် စီးတိုင်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခြေချောင်းတွေကို ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို သယ်ခိုင်း ထားသလို ဖိအား အများကြီး ဖြစ်ပေါ် စေပါတယ်။

အဲဒီအခါ ကျန်တဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ခန္ဓာကိုယ်ကို ထိန်းညှိပေးရန် ကြိုးစားရပါတယ်။ အဲဒီခန္ဓာကိုယ် အောက်ပိုင်း တစ်ဝက်က ရှေ့ကိုငိုက်ပြီး၊ အပေါ်တစ်ဝက်က နောက်ကို လှန်ထားရပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ''ပုံစံ ကောက်ကြောင်းကို ပျက်စေပြီးလည် ပင်းရိုးများနဲ့ ခါးရိုးများကို ဟသွားစေ ပါတယ်။ ဒါ့အပြင် ဒေါက်မြင့် ဖိနပ်စီးပြီး လမ်းလျှောက် ပုံကြည့်ရတာ တကယ်ကို ထူးဆန်းပြီး၊ မသက်မသာ ဖြစ်ရပါတယ်။ အကယ်၍ အမျိုးသမီး တစ်ဦးက နေ့စဉ် ဒေါက်မြင့်ဖိနပ် ဝတ်ပါက သူမ၏ ခြေချောင်းများသည် အမြဲတမ်း ကွေးနေရသည့် အတွက် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ် စေပါသည်။

ဒေါက်မြင့်စီးသူများ လမ်းလျှောက်ချိန် ကြာလာတာနဲ့ အမျှ သူမတို့ ခြေသလုံးရှိ ကြွက်သားများ တဖြည်းဖြည်းတို လာကြပြီး နာကျင်မှုကို ခံစားလာရကာ၊ ဟန်ချက် ထိန်းသိမ်းနိုင်မှု လျော့နည်းလာပြီး၊ ချော်လဲခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် ဒေါက်မြင့်စီး၍ လမ်းလျှောက်ချိန်တွင် ပေါင်ရှေ့ခြမ်းရှိ ကြွက်သား များမှာ နားချိန်မရဘဲ တောက်လျှောက် အလုပ်လုပ်ရသည့်အတွက် တဖြည်းဖြည်း တိုလာကြပြီး ရလဒ်အနေဖြင့် အရိုးအဆစ် ရောင်ခြင်းများ ဖြစ်ပွားနိုင်သည်။ ဥပမာ ခြေမနာခြင်း၊ ဖနောင့်နာခြင်း၊ ခြေကျင်းဝတ် နာခြင်း၊ ပေါင်ရိုးနာခြင်း၊ ခါးနာခြင်း၊ ကျောနာခြင်း၊ ခေါင်းကိုက် ခြင်းတို့ ဖြစ်စေနိုင်သည်။ ဒေါက်မြင့် စီးခြင်းက ကျောရှိ ကြွက်သားများကို တောင့်တင်း သွားစေပြီး ယင်းကတစ်ဖန် ပြန်၍အာရုံကြောများကို ဖိစေသည့် အတွက်နာတာရှည် ခေါင်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးများက လှပပြီး စတိုင်ကျဖို့ အတွက်ဆိုရင်၊ နာတာရှည် ဖြစ်နိုင်သည့် ပြဿနာများကို လျစ်လျူရှုပြီး ဒေါက်မြင့် စီးလေ့ရှိသည့် အတွက်မိမိနှင့် သင့်လျော်သော ဖိနပ်သာ စီးသင့်ကြောင်း အကြံပေးလိုက် ရပါသည်။

မိုင်ကိ

Health Updates Journal

မိန်းခလေးအလှပြင် ပစ္စည်းများ များအား အန္တရယ်၇ှိသော ဓါတုဆေးများဖြင့် အတုများ ထုတ်လုပ်နေမှု မြင့်မားလာနေ




Date 18May2015

အင်္ဂလန်နိုင်ငံသူ Buyers risk ဘိုင်ယာရစ် ရဲ့ မျက်နှာ တခုလုံးမှာ အဖုအပိန့် တွေထွက်ပြီး နာတာ၇ှည် ခံစားနေတာ ကို ဆေးကု သရင်း နဲ့  သူသုံးနေတဲ့  အမျိုးသမီးအလှပြင် မိတ်ကပ်တွေမှာ ပါဝင်နေတဲ့ toxic chemicals ဓါတု ဓါတ်ပေါင်း ခုလို့ ဖြစ်လာရတာကို ဆရာဝန်များက စုံစမ်းဖေါ်ထုတ်နိင်ခဲ့ပါတယ်။

စုံစမ်းစစ်ရေးအဖွဲ့ တွေဟာ အင်တာနက်က အလှပြင်ပစ္စည်းအင်တာနက် အွန်လိုင်း မှ ကြော်ငြာစာမျက်နှာပါင်း ၅၅၀၀ ကိုစစ်ဆေးခဲ့ရာမှာ တရုတ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ MAC ထုတ်ကုန်ပစ္စည်း ၄၇၀၀ ခန့် ဟာ ရေလမ်းကနေ ကွန်တိန်နာတွေနဲ့  ရောက်ရှိလာနေတာသိခဲ့ပါတယ်။

အဆိုပါအလှကုန်ပစ္စည်းတွေ အစစ်နဲ့ မခြား တုပပြုလုပ်ထားပါတယ်-အိမ်တွင်းအလုပ်ရုံတွေကနေ အန္တရယ်ရှိတဲ့ ဓါတု ဓါတ်ပေါင်းတွေ ဆိုးဆေးရည်တွေနဲ့  ပေါင်းစပ် ထုတ်ထားတော့ ကြာကြာသုံးမိတဲ့ သူတွေအတွက် အဖုအပိန့် တွေ -အသားအရည်မှာ အကွတ်တွေထွက်မယ်-မှည့်ခြောက်တွေ ပေါက်လာပြီး တချို့ ဆို ကင်ဆာရောဂါမျိုး အထိ ဖြစ်ပွား နိုင်တဲ့အတွက် အင်္ဂလန် နိုင်ငံမှာ အရေးပေါ် သတိပေးမှုတွေလုပ်နေရသလို အလှကုန်ပစ္စည်း တွေ ၀င်လာတဲ့ လမ်းကြောင်းတွေကိုလဲ ပိတ်ဆို့ ၇ှညဖွေ ဖမ်းဆီမှုတွေ လုပ်နေပြီလို့  daily mail online သတင်းမှာ ရေးသားဖေါ်ပြထားပါတယ်။

Social Action for Women - SAW
SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW

သွေးတိုးရောဂါဘေးမှ ကင်းဝေးစေရန်


သွေးတိုးရောဂါသည် အသက် ၄ဝ ကျော်လာသည့် လူကြီး အတော် များများတွင် ဖြစ်လေ့ရှိသော ရောဂါဖြစ်သည်။ သွေးတိုးရောဂါဟုဆိုသဖြင့် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေ သောသွေးလွှတ်ကြော၊ သွေးပြန်ကြောများမှ သွေးများတိုးပွားလာခြင်း မဟုတ်ပါ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှ
သွေးကိုညှစ်ပို့ရသည်။ ထိုသို့ညှစ်ပို့ရသော သွေးဖိအားသည် ပုံမှန်မဟုတ်တော့ဘဲ ပုံမှန်ထက်ပို၍ တိုးလာခြင်း၊ သွေးပို့ညှစ်သည့် ဖိအားတိုးလာခြင်းကို သွေးတိုးရောဂါဟုခေါ် သည်။

အနောက်တိုင်း သွေးပေါင်ချိန် ကိရိယာတွင် ပြဒါးနှင့်တိုင်းသော ဖိအားအပေါ် ၁၄ဝ မီလီမီတာ၊ ပြဒါးနှင့် အောက် ၉ဝ မီလီမီတာ၊ ပြဒါး အထက်ကျော်လွန်သွားလျှင် သွေးတိုးရောဂါဝင်လာပြီဟု သတ်မှတ်ပေသည်။ ပုံမှန်လူကောင်းတစ်ယောက်၏ နှလုံးမှညှစ်သော သွေးဖိအားမှာ အပေါ် ၁၂ဝ မီလီမီတာ၊ ပြ
ဒါးအောက် ၈ဝ မီလီမီတာဟု သတ်မှတ်ထားပေသည်။ တစ်နည်းအားဖြင့် စြ ၁၂ဝ - ၈ဝာာါံ သည် အကောင်းဆုံးဟု ဆိုသည်။

တိုင်းရင်းမြန်မာဆေးပညာတွင်လည်း သွေးစမ်းပညာရှိသည်။ လက်မဆစ်အရင်း လက်ကောက်ဝတ် အခြေတွင်ရှိသောသွေးကြောသည် နှလုံးမှထွက်လာသော ပင်မသွေးကြောကြီးနှင့် ဆက်လျက်ရှိသည်။ ထိုသွေးကြော တွင် သွေးတိုးပုံအနေအထား အမျိုးမျိုးကို လေ့လာရာတွင် သွေးလုံးကြီးသော သွေးတိုး၊
သွေးလုံးငယ်သောသွေးတိုး၊ အလယ်အလတ်သွေးတိုးဟူ၍ အခြေခံသုံးမျိုးကိုတွေ့ရသည်။ ထိုသုံးမျိုးတွင် ပူ၍သွေးလုံးကြီးသော သွေးတိုးသည် မကောင်းပေ။ အေး၍ အလယ်အလတ် ရှိသောသွေးတိုးသာ အကောင်းဆုံးဖြစ်သည်။ သွေးတိုးရောဂါရင့်လာလျှင် လက်ကောက်ဝတ်တွင် ဆောင့်တိုးပြီး မြွေကဲ့သို့တိုးသော သွေးတိုး၊ ဖားကဲ့သို့ခုန်သော သွေးတိုး၊ ပုစွန်ဆိတ်ကဲ့သို့ခုန်၍တိုးသော သွေးတိုးများသည် သွေးစမ်း ပညာရပ်တွင် မကောင်းသော သွေးတိုးများဖြစ်သည်။

သွေးတိုးဝေဒနာ ခံစားနေရသူ၏ ရုပ်လက္ခဏာမှာလည်း မျက်နှာမကြည်လင်ခြင်း၊ ခေါင်းအုံခေါင်းခဲခြင်း၊ ဇက်ကြောတက်ခြင်း၊ နထင်နှင့်မျက်ခုံးအကြောများ တင်း၍ကိုက်ခြင်း၊ အိပ်ချင်ခြင်း၊ သမ်းဝေခြင်း၊ အာရုံမစူး
စိုက်နိုင်ခြင်း၊ မျက်စိအမြင်အာရုံ မကြည်လင်ခြင်း ဝေဒနာများကို ခံစားနေရတတ်သည်။ အလွန်သွေးတိုးတက်နေလျှင် မျက်စိထောင့်မှသွေးကြောလေးများ နီရဲနေသည်ကို တွေ့ရနိုင်သည်။ သွေးဖိအား အလွန်အမင်းတိုးခြင်းကြောင့် မျက်စိသွေးကြောငယ်လေးများ ပေါက်ခြင်း၊ ဦးနှောက်အတွင်း သွေးကြော ပေါက်၍ လေဖြတ်ခြင်းအထိ ဖြစ်နိုင်ပေသည်။

လေဖြတ်ရောဂါ ဖြစ်ရသူအတော်များများသည် သွေးတိုးရောဂါအကြောင်းအရင်းခံ ကြောင့် ဖြစ်ရသည်။
 သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါတို့ သည် ညီနောင်ရောဂါများဖြစ်သည်။ တစ်ခု
ဖြစ်လျှင် တစ်ခုဆက်၍လာတတ်သည်။ အစားအသောက်၊ အနေအထိုင် ခေတ်နှင့်အညီ ပြောင်းလဲ လာမှုကြောင့် ရှေးက အသက်ကြီးသူများတွင်သာဖြစ်လေ့ရှိသော လေဖြတ်ရောဂါမှာ ယခုအခါ အသက် ၃ဝ ကျော်
လူငယ်လူရွယ်များတွင်ပါ ဖြစ်လာသည်ကို တွေ့ရသဖြင့် တရားခံကိုရှာဖို့လိုလာသည်။

လူ့သက်တမ်းတိုစေသော အကြောင်းအမျိုးမျိုးတို့တွင် သွေးတိုးရောဂါသည် ထိပ်ဆုံးမှပါဝင်သည်။ သွေးတိုးခြင်း၏ နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းရောဂါကြောင့်ပင် ကမ္ဘာပေါ်တွင် လေးစက္ကန့်တိုင်းတွင်လူတစ်ဦးမသန်မစွမ်းဘဝသို့ ရောက်လျက်ရှိ သည်ဟုဆိုသည်။ သွေးတိုးကြောင့် လေဖြတ်ပြီး ဦးနှောက် သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိသည်။ အသက်မသေသူများမှာလည်း ပကတိပြန်ကောင်းသူ အလွန် ရှားသည်။ ကျန်ရှိသောဘဝတစ် လျှောက်လုံး မသန်မစွမ်းဘဝဖြင့်နေသွားရသဖြင့် သွေးတိုး ရောဂါသည် အလွန်ကြောက်စရာ ကောင်းသောရောဂါဖြစ်သည်။ သွေးတိုးအကြောင်းပြောရလျှင် မျိုးရိုး
ကြောင့်ဖြစ်သော သွေးတိုးရောဂါအကြောင်း အရင်ဦးဆုံး ပြောရမည်ဖြစ်သည်။ ကံကြောင့် ဖြစ်သော သွေးတိုးဟုလည်း ဆိုနိုင်ပေသည်။ မျိုးရိုးလိုက်ဝသူများတွင် ပို၍တွေ့ရသည်။ အချိုရှောင်၊ အငန်ရှောင်၊ အနေအထိုင်ဆင်ခြင်၊ စိတ်သောကမများအောင် ဆင်ခြင်နေထိုင်ခြင်းဖြင့်သာ လေဖြတ်ခြင်းမှ ကာကွယ်
ပြီး အသက်ရှည်ရှည်နေနိုင်မည်ဖြစ်သည်။ လမ်းလျှောက်ခြင်း၊ အဆီကျအောင် ကြိုး စားခြင်း၊ အပူအအေးမျှတအောင် နေထိုင် ခြင်းဖြင့် သက်တမ်းစေ့နေနိုင်သည်။

ကမ္ဘာပေါ်ရှိ လူမျိုးများစွာတွင် အငန်စားသုံးမှုအများဆုံးကို သုတေသနပြုကြည့်ရာ မြန်မာ လူမျိုးများသည် ဒုတိယလိုက်သည် ဟုဆိုသည်။ ဟင်းခတ်ဆားကို အလွန်အကျွံသုံးစွဲမှုကို လေ့လာသောအခါတွင်လည်း ဒုတိယ ဆားအစားဆုံး လူမျိုးဖြစ်သည်ဟုဆိုသည်။ စားသုံးသည့် ရိုးရာဓလေ့ အစားအစာများမှာလည်း ငါးပိ၊ ငါးခြောက်စသည့် ဆားများစွာဖြင့် နှပ်ထားသော အစာမျိုးဖြစ် သည်ကိုတွေ့ရပြန်သည်။ မြန်မာနိုင်ငံတွင်ပင် လေဖြတ်မှုနှုန်းကို ဆန်းစစ်ကြည့်သောအခါ ငါးပိ၊ ငါးခြောက်ထွက်သော ဧရာဝတီတိုင်း
တွင် အများဆုံးဖြစ်သည်ဟု မြန်မာတိုင်းမ် သတင်းစာကြီးတွင် လွန်ခဲ့သောငါးနှစ်ခန့်က ဖတ်လိုက်ရဖူးသည်။

ဆားသည် လူသားနှင့် တိရစ္ဆာန်များတွင် မရှိမဖြစ်လိုအပ်သော အာဟာရမျိုးဖြစ်သည်။ ဘုရားရှင်လက်ထက်ကပင် တောထဲတွင် တရားအားထုတ်ကြသော ရသေ့ရဟန်းများ သည် ဆားအလှူခံရန် သပိတ်ဖြင့် လူများရှိရာအရပ်သို့ တစ်နှစ်တစ်ကြိမ် ကြွလာရသည်ဟုဆိုသည်။ တောတွင်းရှိ တိရစ္ဆာန်များ
မှာ ဆားကျင်းရှိရာမြေကြီးသို့ လာရောက် တူးဆွပြီး ဆားစားကြသည်ဟုဆိုသည်။

လူ၏ခန္ဓာကိုယ်ရှိ ကြွက်သားမှန်သမျှ နှလုံးကြွက်သားအပါအဝင် ဆားဓာတ်ဖြင့် အလုပ်လုပ်ရသည်ဟုဆိုသည်။ အားကစားသမားများ ချွေးထွက်လွန်ပြီး ဆားဓာတ်ဆုံးရှုံး သောအခါ ကြွက်တက်တတ်သည်။ ထိုအခါ ဆားကိုရေဖျော်ပြီး ချက်ချင်းတိုက်ပေးလျှင် ကြွက်တက်သက်သာသည်။ အချို့သွေးတိုး နှလုံး၊ ရောဂါရှိသူများ ဆားကိုရှောင်လွန်းလျှင်လည်း ညအိပ်ရာဝင်ချိန် အိပ်ရာထဲတွင် ကြွက်တက်တတ်သည်ကို တွေ့ရသည်။ သွေးချိုဆီးချိုရောဂါရှိသူများ ရုတ်တရက်မူးလဲ သောအခါ သွေးစစ်ကြည့်လျှင် သွေးထဲ
တွင် သကြားဓာတ်အလွန်နည်းနေသည်ကို တွေ့ရသဖြင့် သကြားလုံးစသော အချိုဓာတ်
ပါသည့်အစာကို ချက်ချင်းကျွေးရသည်။ အချို့ဆိုလျှင် အချိုရည်သွင်းရသည်အထိ ဖြစ် တတ်သည်။

ထို့အတူပင် သွေးတိုးမှာစိုးရိမ်ပြီး အငန်ကို အလွန်ရှောင်ရာမှ နှလုံးကြွက်သားနှင့် အခြားခန္ဓာကိုယ်မှ ကြွက်သားများအားနည်း လာမှာကို စိုးရိမ်ရသည်။ အငန်ရှောင်ရသူ တစ်ဦးအတွက် ဟင်းများကို အပေါ့ချက်သောအခါ ကျန်သောအိမ်သားများပါ ခံတွင်းမတွေ့တော့ဘဲ မိသားစုထမင်းဝိုင်းတွင် အစား အသောက်များ စားမကောင်းဖြစ်သွားလေ့ ရှိသည်။

ရိုးရာဆေးပညာရှုထောင့်မှ အငန်မှန်သမျှ သွေးတိုးသည်ဟုမယူဆ။ ပုပ်ငန်သောအစာများကသာ သွေးတိုးသည်။ အပုပ်နံ့ရှိသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိကောင်၊ ငန်သောပုစွန်ခြောက်တို့အပြင် အချဉ်နံ့ရှိ သောအစာများ ငါးချဉ်၊ နှမ်းဖတ်ချဉ်၊ ပုစွန်ချဉ် စသည်များလည်း သွေးတိုးစေနိုင်သည်။ မသန့်ရှင်းသော အစာများတွင်လည်း အတွင်းတွင် အပုပ်ဓာတ်၊ အချဉ်ဓာတ်တို့ ကိန်းအောင်းနေသဖြင့် မငန်ဘဲ သွေးတိုးစေနိုင်သည်။ ရိုးရာဆေးပညာအယူအဆတွင် လေစာသည်လည်း အဓိကကျသည်။ သွေးတိုးရောဂါ ကိုကုသသော ရှေးမြန်မာဆရာကြီးများက သွေးတိုးဟူသည် လေတိုးပင်ဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ ဝါယောဓာတ် တွန်းအားကြောင့် နှလုံးမှသွေးများသည် ခန္ဓာကိုယ်အနှံ့အပြားသို့ လည်ပတ်ပြီး နှလုံးသို့ပင် ပြန်လည်ရောက်ရှိလာသည်ဟု ယူဆကြသည်။ ထို့ကြောင့် လေစာများများစားလျှင် ဝါယော
ဓာတ်တွန်းကန်အားများပြီး သွေးတိုးလာမည် ဟု ယူဆကြသည်။ လေစာမှန်သမျှ သွေးတိုးစေနိုင်သည်ဟု မြန်မာ့ဆေးပညာရှင်များက ယူဆသည်။ သွေးတိုးသည် လေတိုးဖြစ်သည်။ သွေးဖိအားကို လေကတွန်းသောကြောင့်
 သွေးတိုးရခြင်းဖြစ်သည်ဟု ယူဆသည်။ လေပွလေပျက်စေသော အစာများကြောင့် သွေးတိုးနိုင်သည်။ ခွေးတောက်ရွက်၊ တမာရွက်၊ ကြောင်လျာသီး၊ ကြက်ဟင်းခါး၊ မျှစ်ချဉ်၊ ဆူးပုပ်ကြီး၊ တညင်းသီး၊ လက်ဖက်၊ ဝက်သား စသည်များကို သွေးတိုးစေသည့် အစာများအဖြစ်ယူဆ သည်။ တစ်နေ့တည်းတွင် လေစာနှစ်မျိုးတွဲ စားသူများသည် သွေးတိုးတက်ပြီး ဦးနှောက်သွေးကြောပေါက်ကာ လေဖြတ်သည်ကိုတွေ့ ရဖူးသည်။

တက်စာဟူ၍လည်း ရှိသေးသည်။ ငါးသလောက်၊ ငါးမြင်း၊ ငါးတန်၊ ငါးပတ်တို့ ကို တက်စာများ ဟုယူဆသည်။ အုန်းနို့ပါ သောအစာ၊ အုန်းထမင်း၊ ဒံပေါက်၊ အဆီများသော ဝက်သားနှင့် ဖား၊ ပုရစ်စသော မြေအောင်းသားများကိုလည်း တက်စာဟုယူ ဆလေသည်။ ထိုတက်စာမှန်သမျှသည် သွေးတိုးစေနိုင်သည်။ ရေသတ္တဝါများတွင် ငါးသလဲထိုး၊ ငါးရှဥ့်၊ ငါးမြွေတိုး၊ ပုစွန်ဆိတ်ကလေး၊ ဂုံး စသော အစာများကိုလည်း တက်စာများဟု အချို့ဆရာကြီးများက ယူဆသည်။ တက်စာမှန်သမျှ သွေးတိုးတက်စေသည်ဟု ယူဆရမည်ဖြစ်သည်။ မြေအောင်းသားများနှင့် မြေအောင်းသည့်ဥများကိုလည်း အကြောတက် စာများဟုယူဆသည်။ အကြောတက်စေရုံမက အခန့်မသင့်လျှင် သွေးကိုလည်းတက်စေသည်။ အနောက်တိုင်းနည်း ဖြင့်ဆိုလျှင် Bp 140/90 mmHg အထက်သို့ ရောက်စေနိုင်သော အစာများဖြစ်သည်။

သွေးတိုးရောဂါဘေးမှ ကင်းဝေးစေရန်

(၁) စိတ်သောကများကို လျှော့ချပါ။
(၂) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ် ပါ။
(၃) အိမ်သုံးဆားအငန်ကို လျော့၍ စားသုံး ပါ။
(၄) အသားနှင့်အသီးအနှံကို မျှတစွာစား သုံးပါ။
(၅) လမ်းလျှောက်ခြင်း(သို့မဟုတ်) ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပါ။
(၆) အလွန်ပြင်းထန်သော အားကစား မလုပ်ပါနှင့်။
(၇) ဝမ်းမချုပ်အောင် အစဉ်ဂရုပြုပါ။ ဝမ်း နုတ်ဆေးကိုစွဲ၍

စားသုံးခြင်းမပြုဘဲ

သဘာဝအတိုင်းဝမ်းမှန်အောင် ပြုပြင် ပေးပါ။ အသီးအနှံများများစားခြင်း၊ အိပ်ရာဝင် ရေအဝသောက်ခြင်းဖြင့် ဝမ်းမှန်စေနိုင်ပါသည်။
(၈) အအေးဓါတ်များသောနေရာများတွင်အိပ်စက်ခြင်း မပြုပါနှင့်။ အိပ်စက်လျှင်လည်း စောင်၊ အနွေးထည်များ ဝတ်ဆင်ရန်မမေ့ပါနှင့်။
(၉) အရက်သေစာ၊ ဘီယာ စသည်များကို ရှောင်ကြဉ်လျှင် အကောင်းဆုံးဖြစ်ပါ သည်။
(၁ဝ) ဆေးလိပ်အငွေ့၊ ခြင်ဆေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ လောင်ကျွမ်းရာမှထွက်သောအငွေ့များမှ ရှောင်ကြဉ်ပါ။
(၁၁) အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ အရောင်ဆိုးဆေး၊ ဓာတုပစ္စည်းသုံးစွဲသောအစာများ ကို ရှောင်ကြဉ်ပါ။

(၁၂) သဘာဝနေရောင်ခြည်နှင့် လေကောင်း လေသန့်ရသောနေရာတွင် နေထိုင်နိုင် လျှင် အကောင်းဆုံးဖြစ်ပါသည်။
ဆားနှင့်အငန်ဓာတ်သည် လူ့ခန္ဓာကိုယ် လိုအပ်ချက်ဖြစ်သဖြင့် ရှောင်လွန်းလျှင် စားလွန်းလျှင်လည်းမကောင်းပေ။ ဆားရှောင်ပါသည်ဆိုသူများသည် ဟင်းခတ်မှုန့်များသုံးစွဲပြီး ဟင်းအရသာကောင်းအောင်ချက်ကြသည်။

ထိုဟင်းခတ်မှုန့်သည် အရသာချိုစေသော်လည်း မူလအရင်းခံမှာ ဆားများသာဖြစ်ကြောင်း သတိမမူမိကြပေ။ အချိုမှုန့်နှင့် ဟင်းခတ်မှုန့်သုံးစွဲသောနေရာတိုင်းတွင် သွေးတိုးရောဂါရောက်ရှိလာသည်ကို သတိပြုကြဖို့ လိုသည်။
သွေးတိုးရောဂါဘေးမှ ကင်းဝေးလိုသူတိုင်း၊ အငန်ဓာတ်နှင့် ဆားကိုရှောင်သလို အချိုမှုန့်၊ ဟင်းခတ်မှုန့်တို့ကိုလည်း ရှောင်ကြဉ် ဖို့လိုသည်။ တစ်နေ့လျှင် ဇွန်းတစ်ဝက်စာမျှ ဖြင့် ခန္ဓာကိုယ်အတွင်းသို့ တစ်နှစ်ကြာလျှင် ရောက်ရှိမည့် ဟင်းခတ်အချိုမှုန့်ပမာဏကို တွက်ဆကြည့်လျှင် သွေးတိုးရောဂါအတွက် ရှောင်ကြဉ်သင့်သည်ကို ဆင်ခြင်နိုင်ပေလိမ့် မည်။

ကြည်လွင်မြင့်(မုဒြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ဆေးထိုးခါနီး အသက်အောင့်ထားခြင်းဟာ နာကျင်မှု သက်သာစေနိုင်




သင်ဟာ နေမကောင်းလို့ ဆေးခန်းသွားတိုင်းဆေးထိုးခံရမှာ ကြောက်တဲ့ လူတစ်ယောက် ဖြစ်နေပါသလား။ အပ်မြင်တာနဲ့ တုန်လှုပ်မိနေပါသလား။

စပိန် သိပ္ပံပညာရှင်တွေက သင့်အတွက် အကောင်းဆုံး အဖြေ တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။ အသက် အောင့်ထားလိုက်ပါတဲ့။

အသက်ကိုတစ်ချက်ခပ်ပြင်းပြင်း ရှုသွင်းပြီး အသက်အောင့်ထားလိုက်ရင် ဦးနှောက်ဟာ အာရုံကြောစနစ်ကို ထုံသွားစေပြီး သင့်ကိုလည်း နာကျင်မှုတွေ မခံစားရတော့ အောင် ဖန်တီးပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုကဆိုပါတယ်။

လူတစ်ယောက်ဟာ စိတ်ဖိစီးလာတဲ့ အခါ မှာ သွေးဖိအား မြင့်လာပြီး ဦးနှောက်ကို သွေးတွေရောက်စေပါတယ်။ ဒါပေမယ့်လည်း လူတွေရဲ့ ခန္ဓာကိုယ်မှာ သွေးဖိအား ပြန်လည် နည်းသွားစေဖို့ နည်းလမ်းကောင်းရှိထားပါတယ်။

အဆုတ်ရဲ့ သွေးကြောတွေကိုသွားတဲ့ ဖိအားတိုင်းတာမှုတွေဟာ ဦးနှောက်ကို အသိပေးလိုက်ပါတယ်။ အဲဒီ အသိပေးမှုဟာ ဦးနှောက်ကို အာရုံကြောစနစ်တွေကို ထုံထိုင်းအောင်လုပ်ဆောင်စေဖို့ ဖြစ်လာပါတယ်။ 

စပိန်နိုင်ငံ Jaen တက္ကသိုလ် မှာရှိတဲ့ Dr Gustavo Reyes က လူ ၃၈ ယောက်ကို ၅ စက္ကန့်ခန့် အသက်အောင့်စေပြီး လက်သည်းတွေကို ညှပ်ကြည့်ခဲ့ပါတယ်။ နောက်တစ်ခေါက်မှာ တော့ အသက်ကို ဖြည်းဖြည်း ချင်းရှုပြီး ထပ်ညှပ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ အသက်အောင့်ထားချိန်ဟာ အသက်ရှုပြီး လက်သည်းညှပ်ခံရချိန်ထက် နာကျင်မှု ပိုသက်သာတာကိုတွေ့ခဲ့ရပါတယ်။

Ref : Daily Mail

ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ရန်

မတည့်သည့်အစားအစာများ မစားမီ၊ မိမိကိုယ်ကို သုံးသပ်ရမည်။ ဆီကြော်၊ ရေကြို၊ အချဉ်၊ အစပ်၊ အခါးစသည်ဖြင့် စားသုံးကြရာတွင် မိမိ၏ဆံပင်မွေးညှင်းပေါက်များကို အားဖြည့်နိုင်စေရန် အစိုဓာတ်၊အာဟာရပါသည့် အစားအစာများကို စားသင့်ပါသည်။

ဆေးလိပ်သောက်သူများတွင် များသောအားဖြင့် ဆံပင်ဖြူပို၍ထွက်တတ်သည်။ မိမိ၏နေ့စဉ်စားသုံးသည့် အစာအာဟာရအား သစ်သီးများ၊ ဟင်းရွက်စိမ်းများ၊ အာလူး၊ နို့၊ ငါး၊ ဒိန်ချဉ်၊ အသည်း၊ ဂျုံနှင့် လုပ်ထားသော အစားအစာများ၊ ဥများကို စားသုံးပေးပြီး ဆေးလိပ်ကို ဖြတ်လိုက်လျှင် ဆံပင်ဖြူပေါက်ခြင်းကို လျော့ပါးစေသည်။

ဖြည့်စွက်အာဟာရအနေနှင့် ဗီတာမင်ကို သောက်သုံးပါ။ ဗီတာမင် A က အရေပြားအောက်ရှိ အဆီဓာတ်(၁)မျိုးဖြစ်သော Sebumကို ထုတ်လုပ်ပေးပြီး ဆံပင်မွေးညှင်းပေါက်များဆီသို့ အစိုဓာတ်ကို စီးဆင်းစေသည်။
ဗီတာမင် B5 ,B6 နှင့် B12 တို့သည်လည်း အထောက်ကူ ဖြစ်စေပြီး ယင်းတို့အနက် B6 သည် မမာမကျန်းမှုကိုဖြစ်စေ၊ ဆံပင်၏
အရောင်ချို့တဲ့မှုကိုဖြစ်စေ ထိန်းသိမ်းအားဖြည့်ပေးသည်။ ဗီတာမင် C က “အင်တီအောက်ဆီးဒင့်”ကို မြင့်မား၍ ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်၏ ဖျက်ဆီးမှု ခန္ဓာကိုယ်အတွင်းကျရောက်မှုသိသာစွာ ကာကွယ်ပေးသည်။ အခြားအမိုင်နိုအက်စစ်များဖြစ်သည့် “ပါရာအမိုင်နိုဘင်ဇိုးအစ်” သို့မဟုတ် PABA နှင့် “ပင်တိုသနစ် အက်ဆစ်”တို့သည်လည်း အာဟာရကို အကျိုးရှိရှိမြှင့်တင်မှုပေးသည်။

ဆံပင်အခြောက်ခံစက်သုံးခြင်းသည် ဆံကေသာကို ဖျက်ဆီး၍ ဆံပင်ဖြူပေါက်စေသည်။ ထို့အပြင် ပြင်းထန်သော ဆံကေသာပြုပြင်ဆေးများ၊ ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်ဒ် ပါဝင်သည့် ဆံပင်ချွတ်ဆေးများ သုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ပါ။

ထူး
Health Updates Journal

ကလေးငယ်များကို မတိုက်သင့်သည့် ဆေးများ

(၁) အအေးမိချောင်းဆိုး သက်သာ ဆေးများ
ဈေးကွက်တွင်းအလွယ်တကူရရှိနိုင်သည့် အဖျားကျဆေး၊ ချောင်း ဆိုးပျောက် ဆေးရည်များသည် တစ် နှစ်အောက်ကလေးငယ်များ သုံးစွဲရန် မသင့်တော်ပေ။ ကလေးငယ်အတွက် သတ်မှတ်ထားသော ဆေးပမာဏ ကျော်လွန်သွားလျှင် ကလေးနှလုံး ခုန်မြန်ခြင်း၊ တက်ခြင်း၊ သေဆုံးခြင်း အထိဖြစ်နိုင်သည်။

(၂) ပါရာစီတမော
ကလေးဆေးရည်အချို့တွင် ပါရာစီတမောပါဝင်တတ်သည်။ ကလေးငယ်အနေနှင့် အဖျားကျဆေး သောက်နေရပါက အပိုထပ်ဆောင်းသောက်သည့်ဆေးများတွင် ပါရာစီ တမောပါမပါ ကြည့်ရှုပါ။ ပါရာစီတမောပမာဏလွန်ကဲပါက အသည်းထိခိုက်တတ်သည်။

(၃) လူကြီးသောက်ဆေးများ
ကလေးငယ်ကို လူကြီးသောက် ဆေးများခွဲခြမ်း၍မတိုက်ပါနှင့်။ လူကြီးဆေးနှင့် ကလေးဆေးသည် ပြင်းအားကွာဟမှုကြီးမားသည်။ ဆေးအညွှန်း၌ ကလေးတိုက်နိုင် သည့် ပမာဏတိတိကျကျ ဖော်ပြ မထားပါက ဆေးလုံးကို ခြမ်း၍သော် လည်းကောင်း၊ ဆေးရည် လျှော့၍ သော်လည်းကောင်း မတိုက်ပါနှင့်။

(၄) အအန်ပျောက်ဆေးများ
ကလေးငယ်များအန်သည့် အခါ အအန်ပျောက်ဆေးများ မိမိ ဘာသာမတိုက်ပါနှင့်။ အချို့အအန် ပျောက်ဆေးများသည် occulogyris crisis  ဟုခေါ်သော အခြေအနေ တစ်ခုဖြစ်စေပြီး ကလေးငယ်များကို ပျော့ခွေသွားစေသည်။ ကလေးငယ် များတွင် အန်ခြင်းသည် ရံဖန်ရံခါခဏ တာမျှသာဖြစ်ပြီး ဆေးမလိုဘဲ သက်သာလာတတ်သည်။ ကလေး ငယ်မကြာခဏ အန်နေပါကဆရာ ၀န်ထံပြသတိုင်ပင်ပါ။

(၅) အိပ်ဆေးများ
Banadryl   ကဲ့သို့ ငြိမ်ဆေး၊ အိပ်ဆေးများကို ခရီးဝေးသွားသည့် ကလေးငယ်များ ငြိမ်သက်တိတ် ဆိတ်စေရန် တိုက်ကျွေးလေ့ရှိကြသည်။ သို့သော် ထိုဆေးများသည် ကလေးငယ်များအား အမှန်တကယ် အိပ်ပျော်စေခြင်းမရှိဘဲ ဘေးထွက်ဆိုးကျိုးများသာ ခံစားရစေသည်။

သီဟ
Ref:Health Central
Health Updates Journal

အမျိုးသားများကို ခြိမ်းခြောက်နေသော ဆီးကျိတ်ကြီးရောဂါ (BPH)

Benign Prostatic Hyperpl asia, BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ရောဂါဟာ ကင်ဆာမဟုတ်ဘဲ ဆီးကျိတ်ဂလင်း ကြီးမားလာခြင်းကြောင့်ဖြစ်ရတဲ့ ရောဂါဖြစ်ရပါတယ်။ Benign ဆိုတဲ့ စကားလုံးကတော့ ကင်ဆာသို့မဟုတ် ပိုးဝင်ခြင်းကြောင့် ဖြစ်ရခြင်းမဟုတ်ဘူးလို့ ဆိုလိုပါ တယ်။Hyperplasiaဆိုတာကတော့ ကြီးထွားလာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ဆီးကျိတ်ဂလင်း (prostate gland) ဟာ သစ်ကြားစေ့လောက် အရွယ်အစားရှိပြီး အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက်မှာတည်ရှိပြီး ပတ်ပတ်လည်မှာဆီးပို့ပြွန်ရဲ့ အထက်ပိုင်းကို ၀န်းရံထားပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ သုက်ရည်အတွက် လိုအပ်တဲ့အရည်ကို ထုတ်လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီဆီးကျိတ်ဟာ ပုံမှန်မဟုတ်ဘဲ ကြီးလာမယ်ဆိုရင် ဆီးပို့ပြွန်ကိုဖိပြီး ဆီးစီးဆင်းမှုကို နည်းစေခြင်းသို့မဟုတ် ဆီးလုံးဝရပ် သွားခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။ ဆီးအိမ်ဟာလည်း နောက်ဆက်တွဲ ပိုပြီးကြီးလာပြီး ဆီးတွေများလာတဲ့အတွက် ဆီးအိမ်ကြွက်သားရဲ့ ညှစ်အားကိုလည်း မချိမဆန့် ခံစားရမှာဖြစ်ပါတယ်။ တကယ်လို့ဆီးအိမ်ထဲမှာ ဆီးနည်းနည်းပဲရှိရင်တောင် ခဏခဏဆီးသွားနေရမှာ ဖြစ်ပါတယ်။ ကြာလာရင် ဆီးအိမ်ဟာလည်း အားနည်းလာပြီး အာရုံကြောတွေက ဆီးအိမ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။

ဆီးကျိတ်ကြီးတဲ့ ပမာဏအတိုင်းအတာက ရောဂါလက္ခဏာကို ဆုံးဖြတ်တာတော့ မဟုတ်ပါဘူး။ တချို့အမျိုးသားတွေဟာ ဆီးကျိတ်က အဆမတန်ကြီးနေပေမယ့် ဆီးသွား နိုင်နေတာမျိုးကိုလည်း တွေ့ရတတ်ပါတယ်။

ကုသမှုကတော့ ရောဂါလက္ခဏာပေါ်မူတည်ပြီး ဆုံးဖြတ်ရပါတယ်။ ဆီးကျိတ်ကြွက်သားကို ပြေလျော့စေတဲ့ ဆေးပေးတာ၊ ဆီးကျိတ် ရဲ့ ကြီးထွားမှုနှုန်းကိုတက်စေတဲ့ ဟော်မုန်းကို ပိတ်ဆို့တာ၊ ဆီးအိမ်ကို တင်းအားလျော့စေတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဆေးဝါးကုသမှုနဲ့ မပျောက်ကင်းတဲ့ လူနာတွေကိုတော့ ခွဲစိတ်ကုသခြင်းက ကုသအောင်မြင်စေနိုင်ပါတယ်။

သက်ကို
ref: medindia
Health Updates Journal 

မွေးစဉ်အလိုက်နှင့် ဆီချိုရောဂါ ဆက်စပ်မှုရှိ

မွေးစဉ်အလိုက်နှင့် ဆီချိုရောဂါ ဆက်စပ်မှုရှိမွေးစဉ်အလိုက်ပေါ် မူတည်ပြီး သားဦးကလေးတွေဟာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များကြောင်း လေ့လာမှုအရ တွေ့ရှိ ထားတာကို ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ ဂျာ နယ်မှာ ဖော်ပြထား ပါတယ်။ သားဦးကလေးတွေမှာ ခန္ဓာကိုယ်မှ သကြားဓာတ်စုပ်ယူမှု အတွက် အခက်အခဲအများဆုံးဖြစ်ပြီး နေ့ ခင်းပိုင်းမှာ တိုင်းတာတဲ့ သွေးဖိအားဟာလည်း တခြားကလေးတွေ ထက် ပိုမြင့်မားကြောင်း နယူးဇီလန်မှ လေ့လာမှု အရ သိရပါတယ်။

သားဦး ကလေးတွေမှာ အင်ဆူလင်ကို Sensitive ဖြစ်အား ဟာ ၂၁ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သိရပါတယ်။ လေ့လာမှုမှာ အသက်လေးနှစ်နဲ့ ၁၁ နှစ် ကြား ကျန်းမာတဲ့ ကလေးငယ်ပေါင်း ၈၅ ယောက်ကို အဆီနဲ့ ဟော်မုန်း စစ်ဆေးတာ၊ ခန္ဓာကိုယ်အရပ်နဲ့ အလေးချိန် တိုင်းတာတာတို့ကို ပြုလုပ်ပြီး စစ်ဆေးခဲ့ရာ အဲဒီ အထဲမှ သားဦးကလေး ၃၂ ယောက်မှာ အင်ဆူလင် Sensitive ဖြစ်တာ ၃၁ ရာခိုင်နှုန်း လျော့ကျပြီး သွေးဖိအား အတိုင်း အတာ ၄ မှတ် တက်လာတာကို တွေ့ရှိခဲ့ရ ပါတယ်။

သားဦးကလေးတွေမှာ ကောင်းတဲ့အချက်က တခြားကလေး တွေ ထက်ပိုပြီး အရပ်ရှည်ကာ ခန္ဓာကိုယ် သေးသွယ်ကြောင်း၊ မိဘရဲ့ အရပ်နဲ့ ခန္ဓာကိုယ် အလေးချိန် အချိုးအစားပေါ်မှာ မူတည် ရင်တောင် ဒီသားဦးကလေးတွေက တခြားကလေးတွေထက် အရပ်ပိုရှည်ကြောင်း သိရပါတယ်။

အငယ်ကလေးတွေမှာ ဇီဝရုပ်ဖြစ် ပျက်မှု ခြားနားရတာဟာ သားဦးကလေး မွေးစဉ်အခါမှာ မိခင်ရဲ့ သားအိမ်အတွင်း ပြောင်း လဲမှုကြောင့် ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုကြောင့် နောက်ပိုင်းကိုယ် ဝန်တွေမှာ သန္ဓေသားကို အာဟာရရရှိမှုလည်း ပိုများသွားပါ တယ်။ ဒီလေ့လာမှုအရ သုတေသီတွေက ကလေးတွေပေါ်မှာ အထူးအာရုံစိုက်ပြီး လေ့လာမှုတွေ ထပ်မံပြုလုပ်ရမယ်လို့ ဆိုပါ တယ်။ ဘာကြောင့်လဲဆိုတော့ အပျိုဖော်ဝင်စနဲ့ အသက်ကြီးလာ ရင် ဖြစ်ပေါ်လာမယ့် ဘဝနေထိုင်မှုပုံစံဟာ အင်ဆူလင် Sensitive ပေါ်မှာ အကျိုးသက်ရောက်မှုရှိလို့ပါ။

By Good Health

ဖရဲသီး စားခြင်းရဲ့ ကောင်းကျိုးများ



အခုလို ပူအိုက်တဲ့ ရာသီဥတုမျိုးမှာ အားလုံး အတွက် ဆွဲဆောင်မှုရှိနေတဲ့ အစားအစာက ကြံရည်နဲ့ ဖရဲသီးပဲ ဖြစ်ပါလိမ့်မယ်။ ဖရဲသီးတွေဟာ ရေဓါတ်ပြည့်ဝစွာ ပေးနိုင်တဲ့အတွက် နွေရာသီမှာ လူတိုင်း မငြင်းတဲ့ အစားအစာ တစ်ခုဖြစ်နေတာပါ။ ဒါဆိုရင် ဖရဲသီး စားခြင်းအားဖြင့် ကျန်းမာရေးအတွက် ကောင်းလာနိုင်တဲ့ အချက်တွေကိုလည်း သိထားဖို့လိုပါလိမ့်မယ်။ ဖရဲသီးဟာ လူသားတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။ အဲဒါတွေကတော့

၁။ အရိုးကျန်းမာရေး

ဖရဲသီးတွေဟာ ပိုတက်ဆီယံ ပြည့်ဝစွာပါဝင်နေတဲ့အတွက် သင့်ရဲ့ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ကယ်ဆီယမ် ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

၂။ အဆီကျစေခြင်း

ဖရဲသီးတွေမှာ Citrullin ပါဝင်တဲ့အတွက် သင့်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ သိုလှောင်ထားတဲ့ အဆီတွေကို လျော့နည်းသွားစေနိုင်ပါတယ်။

၃။ မျက်လုံးနဲ့ အသားအရည်အတွက်ကောင်းမွန်စေခြင်း

ဖရဲသီးမှာ ဗီတာမင်ပေါင်းမြောက်များစွာပါဝင်သလို ဖရဲသီးမှာပါဝင်တဲ့ Beta Carotene ဟာ ဗီတာမင် အေ ကို ဖန်တီးပေးပြီး အမြင် အာရုံ ၊ အရေပြား နဲ့ သွားတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

၎။ ခုခံအားကောင်းစေခြင်း

ဖရဲသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ခုခံအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူး အသစ်တွေ ပြန်လည် ဖန်တီး ပေးနိုင်မှာ ဖြစ်ပါတယ်။

၅။ ကျောက်ကပ်ကျန်းမာရေး

အားလုံးသိတဲ့အတိုင်းပဲ ဖရဲသီးဟာ ရေဓါတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဆီးနဲ့ ပတ်သက်ပြီး ကျောက်ကပ်ကို ထိခိုက်မှုမရှိပဲ ဆီးရွှင်စေနိုင်ပါတယ်။ ဆီးရွှင်ခြင်းဟာ သင့်ရဲ့ ကျောက်ကပ် ကျန်းမာရေး ပိုမိုကောင်းမွန်နေတာကို ဆိုလိုပါတယ်။

၆။ အာရုံကြောနဲ့ ကြွက်သားတွေကို ထိန်းချုပ်ပေးခြင်း

ဖရဲသီးဟာ သင့်ရဲ့ အာရုံကြောတွေနဲ့ ကြွက်သားတွေကို ပုံမှန်အတိုင်းလုပ်ဆောင်စေမယ့် လျှပ်စီး တစ်မျိုးပဲဖြစ်ပါတယ်။ အဓိကပါဝင်တဲ့ ပိုတက်ဆီယံ ဟာ ကြွက်သားတွေနဲ့ အာရုံကြော ရဲ့ ပုံမှန် လည်ပတ်နိုင်မှု ကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။


Ref : Menxp

အိပ်ပျော်နေချိန်မှာ ဟောက်တာတွေသက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်းအသစ်



သင်ဟာ ခိုင်လုံတဲ့အကြောင်းအရင်းမရှိဘဲ အမြဲတမ်း ပင်ပမ်းနွမ်းနယ်နေပြီး ခေါင်းကိုက်တာတွေ ခံစားနေရပြီး သွေးပေါင်ချိန်တွေတက်နေမယ်ဆိုရင် ဒါဟာ ဟောက်တာကြောင့်ဖြစ်ပါတယ်။

ဟောက်တာဟာ သာမာန် စိတ်အနှောက်အယှက်ဖြစ်ရတာထက်ပိုတဲ့ စိုးရိမ်ရတဲ့ကျန်းမာရေးပြနာတစ်ခုပါပဲ - Obstructive sleep apnea (OSA) လို့ ဆေးပညာအရခေါ်ဆိုပါတယ်။

အမေရိကန်လူမျိုး ၁၈သန်းကျော်ဟာ ဒီလိုဟောက်တာဖြစ်ပြီး OSA နဲ့ပတ်သက်နေပါတယ်။

OSA ခံစားနေရတဲ့သူတွေဟာ ညဘက်အိပ်ချိန်မှာ လေ၀င်ရာ အသက်ရှုလမ်းကြောင်းတစ်လျှောက် လုံးဝပိတ်ဆို့သွားတာ ဒါမှမဟုတ် တစ်ဝက်တစ်ပြက်ပိတ်ဆို့သွားတဲ့အခါ မသိလိုက်ဘဲ အသက်ရှုရပ်သွားကြတာ ဖြစ်ပါတယ်။ ေ

မးရိုး၊ လည်ချောင်းနဲ့ လျှာမှာရှိတဲ့ ကြွက်သားတွေ ဖြေလျော့သွားချိန်မှာ အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့သွားတာဖြစ်တယ်။ အောက်စီဂျင်ပြတ်သွားတဲ့အချိန်က တစ်မိနစ် သို့မဟုတ် တစ်မိနစ်ထက်ကျော်သွားပြီး ညအိပ်ချိန်မှာ ဒီလိုမျိုးအကြိမ်တစ်ရာနီးပါးဖြစ်တဲ့အခါ ဟောက်တာဖြစ်ပါတယ်။

Eastern Virginia Medical School က အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး မေးသိုင်းကြိုးဝတ်ဆင်ပြီး အိပ်တာဟာ အိပ်တဲ့အချိန်မှာ ဟောက်တဲ့ OSA ရောဂါဝေဒနာကို ကုသရာမှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။


ဒီမေးသိုင်းကြိုး (Chin Strap)ကို MySnoringSoultion လို့ခေါ်တဲ့ ကုမ္ပဏီက ရောင်းချပေးနေပါတယ်တဲ့။ 

အဆင့်မြင့်နည်းပညာသုံးထားပြီး ပေါ့ပါးကာ သက်တောင့်သက်သာရှိတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ လူတော်တော်များများကလည်း ဒီ(Chin Strap) ပစ္စည်းကိုအသုံးပြုပြီး အိပ်စက်တဲ့အခါ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်တယ်လို့လည်း ဆိုပါတယ်။

Ref : howlifeworks

ဆေးစွမ်းထက်သည့် ရွှေနွယ်ရိုးပင်


နွယ်မြှစ်သစ်ပင် ဆေးဖက်ဝင်ဆိုသလိုပါပဲ သစ်ပင်နွယ်ပင်များဟာ သူ့သဘာဝနဲ့သူ တစ်နေရာရာ မှာတော့ ဆေးဖက်ဝင်နေတာကို တွေ့ရပါတယ်။

ယခုပုံမှာ မြင်တွေ့နေရတဲ့အပင်ဟာ ရွှေနွယ်ရိုးခေါ် ရွှေနွယ်ပင်ဖြစ်ပါတယ်။ အင်္ဂလိပ်လို Dodder သို့မဟုတ် Cuscuta လို့ခေါ်ပါတယ်။ Google ရိုက်ကြည့်ပြီး ရှာကြည့်လိုက်လျှင် ဒီအပင်၏ပုံများကို ဝေေ၀ဆာဆာ
မြင်တွေ့ရပါလိမ့်မယ်။

စစ်တောင်မြစ်ကမ်းနံဘေးက ရွာလေးတစ်ရွာမှာနေတဲ့ လူတစ်ယောက်ဟာ ၀မ်းဗိုက်ဖောယောင်ပြီး ရန်ကုန်ကနာမည်ကြီး အာရှတော်ဝင်ဆေးရုံမှာ ဗိုက်ထဲက ရေများကို မကြာခဏ စုပ်ထုတ်ရပါတယ်။ ဆေးကုသဖိုးမှာလည်း တစ်ရက်ကို ကျပ်တစ်သိန်းခန့် ကုန်ကျတာကြောင့် မတတ်နိုင်တော့ပဲ ဆေးမြီးတိုဖြင့်ကုသဖို့ လိုက်လံမေးမြန်းသည့်အခါ လူတစ်ဦးမှ ပြောပြသည့် ဆေးနည်းကို စမ်းကြည့်ရာ ရောဂါမှာ ယူပစ်သလို ပျောက်ကင်းသွားပါတယ်။

၎င်းဆေးနည်းကတော့ ရွှေနွယ်ရိုးပင်ကို ရေ ၃ ခွက် ၁ ခွက်တင်ကျို၍ သောက်ပါ။ ဆီးသွားသည့်အခါ ရွှေနွယ်ရိုးပင်အတိုင်း အ၀ါရောင်ညစ်ညစ်လေး သွားပါလိမ့်မည်။ တစ်နေ့ကို ၃ ခွက်ခန့် သောက်ပေးပါ။ ရောဂါသက်သာသွားသည့်အထိ ဆေးရည်ကို ဆောင်ထားပြီး မကြာခဏ သောက်ပေးနိုင်ပါသည်။ သဘာဝဆေးဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း သိပ်မရှိဘူးလို့ သိရပါတယ်။

ရွှေနွယ်ရိုးပင်ဟာ ဆေးစွမ်းထက်သည့်အတွက် ဆီးချိုသမားများ၊ အူလမ်းကြောင်းနှင့်ပတ်သက်သော ကင်ဆာရောဂါများလည်း ပျောက်ကင်းနိုင်တယ်လို့ သိရပါတယ်။

ရွှေနွယ်ရိုးပင်ဟာ မြေကြီးပေါ်မှပေါက်သည့်အပင်မျိုးမဟုတ်ပဲ အခြားအပင်ပေါ်များမှ ကပ်၍ပေါက်သည့် ပင်ကပ်နွယ်ပင်မျိုး ဖြစ်ပါတယ်။ ဒိုက်ဦး၊ ဝေါ၊ ပုသိမ်၊ ရှမ်းပြည်တောင်ပိုင်းတို့မှာလည်း ပေါက်တယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးမှာလည်း ရှိမယ်လို့ ယူဆပါတယ်။

အကြောင်းတိုက်ဆိုင်သူတိုင်း အနာနှင့်ဆေးတည့်၍ ကျန်းမာစွာဖြင့် အသက်ရှည်နိုင်ကြစေရန် ပြန်လည်ရေးသား မျှဝေပေးလိုက်ပါသည်။

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကာား ။ ။ နတ်ဆေးသမားတော် Breeze Azure

ကျန်းမာရေးသတင်းများ

ဂေါက်ရောဂါအတွက် ဆောင်ရန်ရှောင်ရန်

အစားရှောင်ပါ

အသား၊ ကလီစာ၊ ပင်လယ်စာ၊ အဆီအနှစ်နှင့် တစေး (yeast) ပါဝင်သည့်အစားအစာများတွင် purine ဓါတ်ပေါများမှုကြောင့် ဂေါက်ရောဂါရှိသူများအတွက် အဓိ ကရန်သူဖြစ်သည့် ယူရစ်အက်ဆစ် ဖြစ်ပေါ်စေသည်။ အသီးအရွက်များများစားပါ။ ဆန်နှင့်ဂျုံမုန့်များ ဦးစား ပေးစားသုံးပါ။

အသောက်ရှောင်ပါ

အရက်နှင့်ယမကာများသည် purine ဓါတ်ကို ခန္ဓာကိုယ်မှ စွန့်ထုတ်ရာ၌ အခက်အခဲဖြစ်စေသည်။ အချို ရည်များသည်လည်း ဂေါက်ရောဂါထစေသည့် အန္တရာယ် ရှိသည်။

အလေးချိန်လျှော့ပါ

ကိုယ်အလေးချိန်များလျှင် ဂေါက်ရောဂါ မကြာခဏ ထတတ်သည်။ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ရန် အပျော့စား လေ့ကျင့်ခန်းများနေ့စဉ်လုပ်ပါ။

အချဉ်စားပါ

လိမ္မော်သီး၊ ပန်းဂေါ်ဖီစိမ်းနှင့် ဗိုက်တာမင်စီ ပါဝင် သော အသီးအနှံများများစားပါ။ ဗိုက်တာမင်စီသည် ယူရစ်အက်ဆစ်ကိုလျော့ကျစေသည့် အာနိသင်ရှိသည်။

နာနတ်သီး

နာနတ်သီးမှရသည့် brome lain အင်ဇိုင်းသည် ဂေါက်ရောဂါ ကြောင့်ဖြစ်သည့် ရောင်ရမ်းခြင်း၊ နာကျင် ခြင်းများကို သက်သာစေသည်။

သီဟ
Source:RD
Health Updates Journal

ဂေါ်ရခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ


 ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ကစီဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓါတ်တို့ဟာ လူသားတို့း၏ကျန်းမာရေးကို ကောင်းစွာ အထောက်အကူ ပေးနိုင်ပါတယ်။

(၁) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်များ ပါဝင်မှုမြင့်မားခြင်းကြောင့် အူနှင့်သက်ဆိုင်သော လမ်းကြောင်းများကို သန်မာစေပြီး ၀မ်းကို မှန်စေပါတယ်။

(၂) ဓါတ်တိုးဆန့်ကျင်ဓါတ်များ ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါအပါအ၀င် လူကို အိုမင်းရင့်ရော်စေတတ်သောအရာများကိုလည်း တားဆီးပေးပါတယ်။

(၃) အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စိတ်ကျလွယ်ရောဂါတို့ကိုလည်း တားဆီးပေးပါတယ်။

(၄) မဂ္ဂနီစီယမ်ဓါတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကြွက်သားများကို သန်မာစေပြီး ခွန်အားကိုလည်း တိုးစေပါတယ်။ အမောကိုလည်း ခံနိုင်စေပါတယ်။

(၅) ဖောလစ်ဓါတ်ပါဝင်မှုကြောင့် သွေးကိုလည်း သန့်စင်စေပြီး ကိုယ်ဝန်ဆောင်မိခင်များ စားသုံးလျှင် ကလေးမွေးသည့်အခါ နာကျင်မှုမရှိပဲ လွယ်ကူသက်သာစေပါတယ်။

(၆) မဂ္ဂနိစ်ဓါတ်နှင့်ပရိုတင်းဓါတ်တို့ပါဝင်မှုကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

(၇) ဇင့်ဓါတ်ပါဝင်မှုကြောင့် မျက်နှာပေါ်အဆီပြန်ခြင်း၊ ၀က်ခြံပေါက်ခြင်း စသသည့် အရေပြားဆိုင်ရာရောဂါ တို့ကိုလည်း တားဆီးပေးပါတယ်။

(၈) ဂေါ်ရခါးသီးသာမက ဂေါ်ရခါးညွန့်၊ ဂေါ်ရခါးရွက်တို့ကိုလည်း မကြာခဏ ဟင်းချက်စားခြင်း၊ အခြောက်လန်းထား၍ ရေနွေးခတ်သောက်ခြင်းဖြင့် သွေးတိုးရောဂါများတို တားဆီးပေးခြင်း၊ ကျောက်ကပ်ကို အားကောင်းစေပြီး ဆီးရွှင်ခြင်း၊ ဆီးကျောက်တည်ခြင်းကို တားဆီးခြင်း စသည့်ကောင်းကျိုးများကို ရရှိစေပါသည်။

ငွေကုန်သက်သာပြီး အစာလည်းဆေး ဆေးလည်းအစာဖြစ်စေမည့် ဂေါ်ရခါးသီးကို ဟင်းချက်စားခြင်းဖြင့် ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင်(တိုင်းခမ်းတီ)
ကိုးကား ။ ။ Good Health

ကျန်းမာရေးသတင်းများ

ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ

ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။

ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။

အခု ပြန်တွေ့တော့ လန်းဆန်း ကျန်းမာ တက်ကြွနေတော့ စကား စမြည် ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခု ရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေက လန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံး သွားတာနဲ့ ဒါကြောင့် ကျမတို့ ရုံးက အန်တီ ဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိ စေချင်ဘူး၊ သူများတွေ သူ့ကို သေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူး ဆိုပီးရင် ဖွင့်ရှာပါတယ်။

ကျမ ရဲ့ အချစ်ဆုံး ကြီးကြီးလဲ ကင်ဆာနဲ့ ဆုံးသွားသလို အမလို ခင်မင်ပြီး ချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွား ရရှာပါတယ်။ အထူးသဖြင့် ကျမတို့ မိသားစုနဲ့ နှစ်အိမ်တစ်အိမ် လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲ ဆုံးပါး သွားကြတယ်။အရင်ကတော့ ပန်းခါး ဆိုတာ အရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေး တွေကို ရေနွေးကြမ်း လိုလုပ်သောက် ရတာပါ၊ အရမ်းကို ခါးတော့ ကျမတောင် စမ်းသောက်ကြည့်ပီး တွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမို သွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲ ဘာထည့်ထည့် အရသာ မရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။

ကင်ဆာ ရောဂါ ဖြစ်နေ သူများအတွက် သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာ အကြောင်းအစုံလင် နားမလည် ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါ သတ်ပစ် တာဖြစ်ပီး ဒီဒူးရင်း သြဇာ အရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ် ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြ ပါတယ်။

ကျမ ညီမလေး ကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံ အမျိုးစားခြင်း မတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲ မတူနိုင်ပါ ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ကျမ အကြံ ပေးခြင် တာကတော့ အနည်းနဲ့ အများ ပျောက်သွား သည်ဖြစ်စေ သက်သာ သွားသည်ဖြစ်စေ အန္တရယ် မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့ တိုက်တွန်း ပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး သားခြင်း များမှာလဲ ကင်ဆာ ရောဂါရှိတဲ့ သူများရှိရင် ထပ်ဆင့် ဝေငှ ပေးကြပါ။


မြ၀တီ

ရှောင်ကြဉ်သင့်တဲ့ ကိုလက်စထရော ပမာဏ မြင့် အစားအစာများ




လူတစ်ယောက်ကို ချက်ချင်း သေဆုံးစေနိုင်တဲ့ နှလုံးရောဂါကို ဖြစ်စေတဲ့ အဓိက တရားခံ ကတော့ ကိုလက်စထရောပါ။ ဒါဆိုကျွန်တော်တို့ရဲ့ နေ့စဉ် အစားအစာ ထဲကနေ ကိုလက်စထရော ပမာဏ များများ ပါဝင်ပြီး ကျန်းမာရေးနဲ့ မညီညွတ်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုလက်စထရောပမာဏ များများ ပါဝင်တဲ့ အစားအစာတွေကတော့ -

၁။ ကြက်ဥ အနှစ်

၂။ ရေခဲမုန့်

၃။ ပင်လယ်စာ

၎။ အသည်း

၅။ ဆီကြော်အစားအစာများ( အာလူးချောင်းကြော် ၊ ဘာဂါ )

၆။ နို့ထွက် အစားအစာများ အားလုံး

၇။ အသားစိမ်း

၈။ ယမကာ

၉။ အခွံမာသီးများ

Ref : Menxp



အပြေးလေ့ကျင့်စဉ်မှာ မလုပ်သင့်တဲ့အမှားများ




သင်ဟာ အလုပ်ချိန် မအားလပ်တာတွေကြောင့် အားကစားခန်းမ မသွားဖြစ်ပဲ ရပ်ကွက်ထဲမှာပဲ ဖြစ်ဖြစ် အနီးဆုံးက ပန်းခြံတစ်ခုခုမှာပဲ ဖြစ်ဖြစ် အပြေးလေ့ကျင့်တော့မယ် ဆိုပါစို့။ အပြေးလေ့ကျင့်တယ် ဆိုတာဟာ အကောင်းဆုံး အားကစားတစ်ခုပါ။ ဒါပေမယ့်လည်း ပြေးချင်သလို ပြေးနေလို့တော့မရပါဘူး။ အပြေးလေ့ကျင့်နေစဉ်မှာ မလုပ်သင့်တဲ့အမှားလေးတွေရှိနေပါတယ်။ ဒါတွေကို ရှောင်ရှားနိုင်မှာသာ ကျန်းမာရေး အတွက် ကောင်းမွန်လာပါလိမ့်မယ်။ အဲဒါတွေကတော့ -

 ၁။ နာကျင်နေချိန်မှာ ပြေးခြင်း

သင်ဟာ ခြေထောက် နာကျင်နေချိန်မှာ အံကြိတ်ပြီးဆက်ပြေးနေလို့လည်း ဘယ်သူကမှ သင့်ကို သူရဲကောင်းဘွဲ့လာပေးမှာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်အကြောင်းကိုယ် ပဲ သိပါတယ်။ ကိုယ်ခြေထောက်နာနေတဲ့အခြေအနေက ဆက်ပြီး အပြေးလေ့ကျင့်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိတာနဲ့ ဆက်မပြေးပါနဲ့တော့။နားလိုက်ပါ။

၂။ မသင့်တော်တဲ့ ဖိနပ်ကို စီးပြီး ပြေးခြင်း

အပြေးလေ့ကျင့်တယ်ဆိုတာဟာလည်း ဘောလုံးကန်တာတို့ ၊ တင်းနစ် ကစားတာတို့ လိုမျိုး အားကစား တစ်ရပ် ဖြစ်တဲ့အတွက် သတ်မှတ် ၀တ်စုံတွေကို တော့ ၀တ်ဆင်ဖို့လိုပါလိမ့်မယ်။ အပြေးလေ့ကျင့်တဲ့ အခါမှာလည်း ဖိနပ် အမျိုးအစားတွေ သတ်မှတ်ပေးထားပါတယ်။ ဒါမှသာ လျှင် ခြေထောက်မနာပဲ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အပြေးလေ့ကျင့်ခြင်း ဖြစ်လာမှာပါ။

၃။ သွေးပူလေ့ကျင့်ခန်းမလုပ်ပဲ ပြေးခြင်း

အပြေးလေ့ကျင့်တော့မယ်ဆိုရင် သွေးပူလေ့ကျင့်ခန်း တော့ အရင်လုပ်သင့်ပါတယ်။ သွေးပူလေ့ကျင့်ခန်း လုပ်မှ အကြောတွေပါ ပြေလျော့နိုင်မှာ ဖြစ်ပါတယ်။ အကြောတွေပြေလျော့နေမှသာ အပြေးလေ့ကျင့်ခြင်းရဲ့ အကျိုး သက်ရောက်မှုကို ရရှိမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ အပြေးလေ့ကျင့်တာဟာ ကိုယ့်ကိုကိုယ် ဒုက္ခပေးနေသလို ဖြစ်နေပါလိမ့်မယ်။

၎။ ဖနောင့်နဲ့ဦးစွာ ခြေချခြင်း

ပြေးတဲ့အခါမှာ ခြေထောက်ကို မြှောက်လိုက်ပြီးရင် ပြန်အချမှာ ဖနောင့်နဲ့ချရမှာ မဟုတ်ပါဘူး။ ခြေဖ၀ါး အရင်ချ ပြီးမှသာ ဖနောင့်ကို မြေပြင်ကျစေရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ဖနောင့်နာကျင်တဲ့ ဝေဒနာကို ခံစား ရပါလိမ့်မယ်။

၅။ လက်ကိုအရမ်းလွှဲခြင်း

အပြေးလေ့ကျင့်တဲ့အခါ ခြေထောက်ရဲ့ လေ့ကျင့်ခန်းကို လုပ်နေရတာပါ။ ခန္ဓာကိုယ်ရဲ့ အလေးချိန်မျှတမှု ကို ခြေထောက်တွေ လှုပ်ရှားပြီး ထိန်းရတာပါ။ လက်ရဲ့ လေ့ကျင့်ခန်းတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် ပြေးနေရင်းနဲ့ လက်တွေကိုလွှဲလိုက်ခြင်းဟာ လက်တွေကို နာကျင်စေနိုင်ပြီး အပြေးလေ့ကျင့်ခြင်းရဲ့ အကျိုးသက်ရောက်မှု ကို ခံစားရမှာ မဟုတ်တော့ပါဘူး။ 

Ref : Menxp

ကျန်းမာရေးအတွက် ထိခိုက်စေမယ့် အပြုအမူတစ်ချို့




ကျန်းမာရေးဆိုတာ ဆေးဝါးသောက်သုံးပြီး ဂရုစိုက်ပါမှ ကောင်းမွန်လာမှာ မဟုတ်ပါဘူး။ မိမိဘာသာ နေ့စဉ် ဂရုစိုက်နေရုံနဲ့ တင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း လူတစ်ချို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တယ် ၊ ကျန်းမာရေး လိုက်စားတယ်ဆိုပေမယ့်လည်း ကျန်းမာရေးအတွက် ထိခိုက်စေမယ့် မရည်ရွယ်တဲ့ အပြုအမူတစ်ချို့ကိုတော့ မလုပ်မိအောင် သတိထားသင့်ပါတယ်။ အဲဒီ အမူအကျင့်လေးတွေကတော့

၁။ မျက်စိကိုပွတ်ခြင်း

လေထုညစ်ညမ်းမှု ကတော့ အဓိက တရားခံပါ။ မျက်စိထဲကို ဖုန်မှုန့်ဖြစ်စေ ၊ ဘက်တီးရီးယားတွေဖြစ်စေ ၀င်ရောက်လို့ ယားလာတဲ့အခါမှာ ကျွန်ုပါတို့ဟာ ပြင်းထန်စွာ ပွတ်ကြပါတယ်။ အဲဒီလို ပြင်းထန်စွာပွတ်ခြင်းအားဖြင့် အာရုံကြောတွေကို ထိခိုင်နိုင်ပြီး မျက်ရည်ထွက်ကာ မျက်ကြည်လွှာတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။

၂။ အပေါ့သွားဖို့ ထိန်းချုပ်ထားခြင်း

တစ်ခါတစ်လေမှာတော့ အောင့်ထားဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတဲ့အနေအထား တစ်ခုကို ရောက်လာတတ်ပါတယ်။ အဲဒီလို ဆီးသွားချင်စိတ်ကို ထိန်းချုပ်ထားခြင်းဟာ ဆီးအိတ် ၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကို ပြင်းထန်စွာ ထိခိုက်စေပြီး ကူးစက်ရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ နှာခေါင်းပွတ်ခြင်း

မရည်ရွယ်ပေမယ့်လည်း ပတ်ဝန်းကျင်ကို ဒိုင်လျှိုလေးအကဲခတ် ဖို့ ကြိုးစားတဲ့အခါမှာ နှာခေါင်းလေးကို မသိမသာ ပွတ်တတ်တာ နိုင်ငံ အသီးသီးက လူသားတွေရဲ့ သဘာဝပါ။ အဲဒီလိုနှာခေါင်းကို ပွတ်တာများလာတဲ့အခါမှာတော့ ကူးစက်ရောဂါတွေ အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။

၎။ လေမလည်ပဲအောင့်ထားခြင်း

လေလည်ရမှာ ရှက်တဲ့အတွက် အောင့်အီးထားခြင်းဟာ သင့်ရဲ့ အစာအိမ်က တစ်ဆင့် အူလမ်းကြောင်းအားလုံးကို ထိခိုက်စေနိုင်ပါတယ်။

၅။ ၀က်ခြံတွေကို ကုတ်ခြင်း

ဝက်ခြံရှိလာတဲ့အခါမှာ ထိုဝက်ခြံကို အတတ်နိုင်ဆုံး မထိမကိုင်ပဲ လိုအပ်တဲ့ ဆေးတွေသာ လိမ်းပေးသင့်ပါတယ်။ လက်နဲ့ ကိုင်ပါများတဲ့အခါမှာ ၀က်ခြံ ဟာ ပေါက်ပြဲသွားပြီး လေထုထဲ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယား တွေကို အရေပြားထဲ ရောက်ရှိသွားစေပြီး ကူးစက်ရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။





Ref : Menxp

Gym မသွားပဲ ကိုယ်အလေးချိန်လျော့ကျစေနိုင်မယ့် နည်းလမ်းကောင်းများ




သင်ဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပဲ ဆိုပါစို့။ လစဉ်ကြေး များများ ပေးသွင်းမှ လေ့ကျင့်ခန်း လုပ်လို့ရမယ့် အားကစားခန်းမ ကိုသွားမှပဲ ကိုယ်အလေးချိန်လျော့ကျလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ နေ့စဉ်ဘ၀မှာတင်ပဲ ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် အရာတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ သင့်ရဲ့နေ့စဉ်ဘ၀မှာ လှုပ်ရှားမှု များများ လုပ်ပါ

ဆိုလိုချင်တာက သင့်ရဲ့နေ့စဉ်ဘ၀မှာ လှုပ်ရှားမှု မရှိတဲ့ အချိန်တွေမှာ လှုပ်ရှားမှုလုပ်ဖို့ပါ။ ဥပမာ - တက္ကစီ ငှားစီးမယ့် အစား တတ်နိုင်သလောက် လမ်းလျှောက်ပေးတာမျိုး ပြုလုပ်ပေးပါ။

၂။ အားကစားခန်းမ မှာ လုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ချို့ကို အိမ်မှာလုပ်ပါ 

ဒိုက်ထိုးတာမျိုးပဲဖြစ်စေ ၊ အကြောလျော့တာမျိုးပဲ ဖြစ်စေ ၊ အလေးမ တာမျိုးပဲဖြစ်စေ ရေချိုးခါနီးမှာ နာရီဝက် လောက် လုပ်ပေးလိုက်ရုံနဲ့ အားကစားခန်းမမှာ လေ့ကျင့်ခန်း လုပ်သလို ထိရောက်မှုမျိုးကို ရနိုင်ပါတယ်။

၃။ ခွေးတွေနဲ့ဆော့ပါ

အိမ်မွေးခွေးရှိသူတွေအတွက် အဆင်ပြေမယ့်နည်းလမ်းပါ။ ခွေဒတွေနဲ့ ဆော့ပေးခြင်းအားဖြင့် အပြေးလေ့ကျင့်မှု တစ်ခုလိုပဲ ချွေးထွက်စေနိုင်ပါတယ်။

၎။ အားကစား လုပ်ပါ

ဘောလုံး ကန်တာပဲ ဖြစ်စေ ၊ ဘတ်စကတ်ဘော ကစားတာပဲ ဖြစ်စေ ၊ ရေကူးတာပဲဖြစ်စေ အားကစား လုပ်ပေးခြင်းဟာ အချိန်အနည်းငယ်အတွင်း ထိထိရောက်ရောက် ကိုယ်အလေးချိန် ကျသွားစေနိုင်ပါတယ်။

၅။ သစ်သီး တွေကို မကြာခဏစားပေးပါ

ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် အစားအသောက်ကို ဂရုစိုက်ဖို့လိုပါတယ်။ သင် ဘယ်အစားအစာ တွေက ဘယ်လို အာနိသင်ရှိတယ်ဆိုတာကို သုတေသနတွေမှာ အရင် လေ့လာပါ။ ပြီးရင်တော့ သင့်တော်မယ့် အသီးအနှံ အုပ်စု တွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

၆။ ရေများများသောက်ပါ

ကိုယ်အလေးချိန်လျော့ကျစေဖို့ အခြေခံ အကျဆုံးနည်းလမ်းကတော့ ရေသောက်ဖို့ပါ။ ကဖိန်းဓါတ်မှီဝဲ ခြင်းကိုတော့ ရပ်နားထားလိုက်ပါ။ ရေကိုသာ ဖိ သောက်ပါ။ ရေအဆာ မခံပါနဲ့။ သတ်မှတ်ထားတဲ့ ပမာဏ ပြည့်အောင်နေ့စဉ် ပုံမှန် ရေများများ သောက်ပါ။

Ref : Menxp

ဘာလို့ ပင်ပန်းနေရတာလဲ?


သင်ဟာ ညဘက်ဆိုရင်လည်း ရုပ်ရှင်လေးကြည့်ရင်း ဂိမ်းလေးဆော့ရင်း သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်းနဲ့ အိပ်ယာဝင်နောက်ကျသွားပါတယ်။ မနက်ကျတော့လည်း သူဋ္ဌေးမဆူခင် အလုပ်ကို ရောက်နေမှ ဖြစ်မယ့်အတွက် အစောကြီး ထရပြန်ပါတယ်။ ပြီးရင်တော့ တစ်နေ့လုံး အလုပ်ထဲမှာ ပင်ပန်းနေပါတယ်။ ဒါဆို ပင်ပန်းရ ခြင်းအကြောင်းအရင်းလေးတွေကို တော့ သိထားဖို့ လိုအပ်ပါလိမ့်မယ်။

၁။ ရေဓါတ်ခမ်းခြောက်နေလို့ပါ

ရာသီဥတု ပူရတဲ့ကြားထဲ အိပ်ရေးကမ၀ဘူးဆိုရင် တော့ သင်ဟာ ကျိန်းသေပေါက်ရေ ဓါတ်ခမ်းခြောက်နေမှာပါ။ အဲဒီအခါမျိုးမှာ အလိုလို ပင်ပန်းနေတတ်ပါတယ်။ ဒါကြောင့် နာရီဝက် ကို ရေတစ်ခွက်လောက်တော့ သောက်ပေးသင့်ပါတယ်။

၂။ စိတ်ဖိစီးမှုတွေများနေလို့ပါ

သင်ဟာ တာဝန်ယူထားတဲ့ အလုပ်တွေမပြီးသေးဘူး။ အချိန်မီ ပြီးစီးနိုင်ဖို့ အားသွန်ခွန်စိုက် အလုပ်တွေလုပ်နေပါတယ်။ အဲဒီအချိန်မှာ သင်ပင်ပန်းမှုကို ခံစားလာရပါတယ်။ သင်ကတော့ အလုပ်တွေလုပ်နေလို့ ပင်ပန်းနေတာလို့ တွေးပါလိမ့်မယ်။ တစ်ကယ်တော့ စိတ်ဖိစီးမှုတွေ များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်အေးအေးထား ပြီး အလုပ်လုပ်တာက ပိုသက်သာစေမှာပါ။

၃။ ကဖိန်းဓါတ် များသွားလို့ပါ

သင်ဟာ အလုပ်တွေပြီးအောင်လုပ်မယ်ဆိုတဲ့စိတ် နဲ့ ကော်ဖီတွေ တစ်ခွက်ပြီး တစ်ခွက်သောက်ပြီး အလုပ်ကို ဇောက်ချ လုပ်မယ်ဆိုရင်လည်း ပင်ပန်းမှုကို ခံစားရမှာပါ။ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်က သင့်ကိုပင်ပန်းစေပါတယ်။ အများကြီးသောက်မိရင် အရမ်းပင်ပန်းနေရပါလိမ့်မယ်။

၎။ လေ့ကျင့်ခန်းတွေများသွားလို့ပါ

အလုပ်ထဲမှာ ထိုင်နေရတာများလို့ ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်းတော့ ပြန်လုပ်သင့်ပါတယ်။ ကိုယ်ထိုင်ထားတဲ့ အချိန်နဲ့ညီမျှမယ့် လေ့ကျင့်ခန်း မျိုးကိုပဲ လုံလောက်မယ့် အချိန်ပမာဏ မှာ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာများသွားရင်လည်းနောက်နေ့တွေထိ ပင်ပန်းနေတတ်ပါတယ်။

Ref : Menxp




အဆုတ်ကင်ဆာ အကြောင်း သိကောင်းစရာများ



အဆုတ်ကင်ဆာရောဂါဟာ အမျိုးသားတွေရော ၊အမျိုးသမီးတွေပါ ဒုတိယ မြောက် အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ် ကင်ဆာ ဖြစ်နိုင်တဲ့ လက္ခဏာတွေရှိလာရင်ပေါ့နေလို့ မဖြစ်တော့ပါဘူး။ အဆုတ်ကင်ဆာဆိုတာဟာ ဆေးလိပ်သောက်ခြင်း တစ်မျိုးတည်းကမဟုတ်ပဲ လေထုညစ်ညမ်းမှု နဲ့ အစာခြေစနစ်တွေကနေလည်း ဖြစ်တတ်ပါတယ်။ အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့

၁။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့များတယ်

 ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ကြတာများပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့ ၈၇ ရာခိုင်နှုန်းသေချာနေပါတယ်။ ဒါကို သိထားဖို့ လိုအပ်ပါတယ်။

၂။ ဆေးလိပ်မသောက်တတ်ရင်လည်း အဆုတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်

 ဆေးလိပ်သောက်တတ်သူတွေမှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ကိုပဲ ထိုင်ရှုနေရသူတွေမှာလည်း အဆုတ်ကင်ဆာ ရောဂါ ဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိနေပါတယ်။

၃။ အဆုတ်ကင်ဆာ ၂ မျိုးရှိတယ်

 ၈၀ ရာခိုင်နှုန်းခန့် အဖြစ်များတဲ့ အဆုတ်ကင်ဆာ ကတော့ Non-Small Cell Type ပါ။ ဒီအခြေအနေကတော့ ရောဂါ ကြီးထွားမှု နှေးသလို ပျံ့နှံ့ ခြင်းလည်းမရှိပါဘူး။ နောက်တစ်မျိုးကတော့ Small Cell Carcinoma ပါ။ ဒီရောဂါကတော့ တစ်ကိုယ်လုံး က ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လျင်မြန်စွာ ပျံ့နှံ့ သွားစေနိုင်ပါတယ်။

၎။ အဆုတ်ကင်ဆာ ရဲ့ လက္ခဏာများ

 အမျိုးသားတွေရော အမျိုးသမီးတွေရော အဆုတ်ကင်ဆာ ရောဂါရဲ့ လက္ခဏာတွေကို သိထားဖို့လိုအပ်ပါတယ်။ အသိသားဆုံး လက္ခဏာ ကတော့ ပုံမှန် ချောင်းဆိုးတာပါ။ ပြီးရင် အသက်ရှု မ၀တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျသွားတယ်ဆိုရင် လည်း အန္တရာယ်ရှိပါတယ်။ ချောင်းဆိုးရင် သွေးပါနေပြီဆိုရင်တော့ ဆေးရုံမှာ အထူးကုဆရာဝန် တစ်ယောက်ယောက် ရဲ့ လမ်းညွှန်မှု ကို အမြန်ဆုံးရ ယူဖို့ လိုပါလိမ့်မယ်။

Ref : Menxp

မြန်မာ့ဆေးဖက်ဝင် ခွေးတောက်ပင်


Item Name --------- Dregea volubilis Benth (ခွေးတောက်ပင်)
Category ----------- Raw Material
Botany Term ------- Dregea volubilis Benth
Species Family ----- Asclepiadaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။

♥ အပင်

ရှည်လျားသော နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံးသည် အခေါက် ဘော်ငွေရောင်ပေါ်တွင် အညိုရောင်အဖု အစက်ကလေးများ ရှိသော်လည်း ချောမွေ့၏ ။ ပင်စည် မှ အခက်အလက်များထွက်၍ ထပ်မံ နွယ်တက်သည်။

♥ အရွက်

ရွက်ဆိုင်ထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီးရွက်ရင်းအ၀ိုက်များ ညီညာသည်။ ရွက်ကြော ၄ စုံမှ ၅ စုံထိ ရှိ၍ ထင်ရှားသည်။ ရွက်ပြားပြောင်ချော၍ ရွက်နားညီ၏ ။


♥ အပွင့်

ကြားထွက်ပန်းခိုင် ဖြစ်၍ ပန်းခိုင်မှာ ငိုက်ကျနေပြီး ထိပ်တွင် သေးငယ်၍ စိမ်းဝါရောင်ရှိသော အပွင့်များ စုပြုံ၍ ပွင့်သည်။ တစ်နှစ်ပတ်လုံး ပွင့် ၏ ။

♥ အသီး

ကြီး၍ ပြောင်ချောပြီး ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။ အစိမ်းရောင်ရှိသည်။ အလျားလိုက်မြောင်းပါရှိသည်။ အတွင်း၌ ပြောင်ချောသော အစေ့ကလေးများရှိ၏ ။ အစေ့ထိပ်ဘက်တွင် ချည်မျှင်ကဲ့သို့သော နူးညံ့သော အမွေးကလေးများ ရှိသည်။

► အသုံးဝင်ပုံ

အရွက် ၊ အမြစ်။

♥ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ခွေးတောက်သည် ခါးသက်သက်အရသာ ရှိ၏ ။ ပူ၏ ၊ ခါး၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ ကြေပျက်လွယ်၏ ၊ ဓာတ် ၊ လေများကို ခိုင်မာစေ၏ ၊ သွေးကို ပွားစေ၏ ၊ ကာမကို အားပေး၏ ၊နှုတ်ကို မြိန်စေ၏ ၊ လေကို သက်စေ၍ သလိပ်ကို ကြေစေ၏ ၊ လည်ချောင်းနာ ၊ လေရောဂါ ၊ ညောင်းကျနာ ၊ ပန်းနာ ရင်ကျပ် ၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို နိုင်၏ ။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။ 

► အရွက်အသုံးပြုပုံ

 ၁။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏ ။
၂။ ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သား နှင့် ချက်စားခြင်းအားဖြင့်ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏ ။ 
၃။ အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။ 
၎။ ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
၅။အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။
၆။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။
၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။

► အမြစ်အသုံးပြုပုံ

၁။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

အဆစ်ရောင် ရောဂါ ပျောက် ကင်းစေရန် ဆောလျင်စွာ ကုသမှု ခံယူသင့်


အဆစ်ရောင် ရောဂါသည် ပိုမိုဆိုးရွား လာပါက အဆစ်များ ရောင်ကိုင်း တောင့်တင်းပြီး နာကျင်မှု ဝေဒနာ ပြင်းထန်စွာ ဖြစ်ပေါ်စေသည်။

အဆိုပါ အဆ စ်ရောင် ရောဂါကို ဘဝတစ်လျှောက်လုံး ဖြစ်ပွားမှုမှ ကာကွယ်ရန် ကနဦး ရောဂါလက္ခဏာများ စတင် တွေ့ရှိသည့် အချိန်မှစ၍ နားလည် တတ်ကျွမ်းသော ဆရာဝန်များထံတွင် ဆောလျင်စွာ ဆေးစစ်မှုများ ပြုလုပ်ပြီး ကုသမှု ခံယူရန် လိုအပ်ကြောင်း ရှာဂျာမြို့ရှိ ဇူလီခါ ဆေးရုံမှ ကိုယ်ကာယ လေ့ကျင့် ခန်းဖြင့် ရောဂါ ကုသပေးသူ ဆန်ဟာရီဂျီ အစ်အာက ပြောကြားခဲ့သည်။

ကိုယ်လက် လှုပ်ရှားခြင်းသည် အဆစ်ရောင် ရောဂါ ကုထုံးတွင် အကောင်းဆုံး နည်းတစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆေးဝါးများ သောက်သုံးခြင်း အပါ အဝင်၊ အနားယူ အပန်းဖြေခြင်း၊ သင့်တင့် လျောက်ပတ် စွာ စားသောက်ခြင်း၊ ဆရာဝန်များ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းနှင့် အပူ၊ အအေး၊ လျှပ်စစ် နည်းပညာ အသုံးပြု၍ လှုံ့ဆော် ကုသသော နည်းလမ်းများသည်လည်း အဆစ်ရောင် ရောဂါ ကုထုံးအတွက် ကောင်းမွန် သော နည်းလမ်း တစ်ခုဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အဆစ်ရောင် ရောဂါ ခံစား ရသူများသည် ၎င်းတို့၏ အဆစ်အမျက်များကို ထိခိုက် ပျက်စီးစေနိုင် သောကြောင့် ကိုယ်လက် လှုပ်ရှားခြင်း များ မပြုလုပ်သင့်ဟု ယူဆ ထားကြသည်။ ယခု လေ့လာ တွေ့ရှိချက်များအရ ကိုယ်လက် လှုပ်ရှားခြင်းများ လျော့နည်း ခဲ့ပါက အဆစ်အမျက်များ တောင့်တင်းခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ခန္ဓာကိုယ် ပင်ပန်းမှုများ ဖြစ်လာ စေနိုင်ပါသည်။

သို့ဖြစ်၍ သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှား ခြင်းများနှင့် အနားယူခြင်း တို့ဖြင့် သင့်တင့် လျောက်ပတ်စွာ နေထိုင်သွား သင့်သည်ဟု ထောက်ခံချက် ပေးထားကြောင်း၊ ပုံမှန် လေ့ ကျင့်ခန်း လုပ်ခြင်းဖြင့် အဆစ်များ တောင့်တင်း ရောင်ရမ်းမှုမှ ကာကွယ်ကာ ကြွက်သားများ သန်မာစေပြီး အဆစ်ရောင် ရောဂါ သက်သာမှုကို အထောက် အကူ ဖြစ်စေပါသည်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် စက်ဘီးစီးခြင်း စသည့် လေ့ကျင့်ခန်းများသည် နာကျင်မှုကို သက်သာစေကာ အဆစ်ရောင် ရောဂါ အား သက်သာစေကြောင်း တွေ့ရှိရသည်။

မြ၀တီ

နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)


လျှားစောင်း လက်ပတ် အနွယ်ဝင် နားဂါးမောက်သီး ပင်ဟာ တောင်အမေရိက တိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါ မှာတော့ အာရှနိုင်ငံများ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ဖိလစ်ပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုး လာကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ် ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန် မှာတော့ မြေပဒေသာ ကျွန်းထဲမှာ အပင် တစ်ချို့ တွေ့ခဲ့ရပါတယ်..

အရသာ အနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့ အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာ ရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာ ပါဝင်ပြီး နဂါးမောက်သီး အမှည့် အခွံဟာ အများအားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင်လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုး သမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်း ကို လျော့ချ ပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုလက် စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ် စိုပြေစေခြင်း၊ အစာစားချင် စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီ များကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံး အားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာ ပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီး ဖြစ်ပါတယ်.. နလံထ လူမမာများ အတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..

လမင်းမောင်
မြ၀တီ

အလုပ်ခွင်မှာ တစ်နေကုန် ထိုင်နေရသူတွေ ကျန်းမာရေးအတွက် လမ်းမလျှောက်ပေးရင် အသေစောနိုင်


တစ်နေ့ကိုခြေလှမ်းပေါင်း ၄၀၀၀ လောက်တော့ လမ်းလျှောက်ပေးဖို့ လိုပါတယ်

ထိုင်နေခြင်းဟာ ဆေးလိပ်သောက်ခြင်း အသစ်တစ်မျိုးပဲဖြစ်ပါတယ်။

ဒါဟာ ခိုင်မာတဲ့ ထုတ်ပြန်ချက်ပါ။ ဒါပေမယ့်လည်း သက်သေပေါင်းမြောက်များစွာက အထိုင်များခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကိုသာ သက်သေပြနေပါတယ်။

လှုပ်ရှားမှု များတဲ့ လူတွေနဲ့နှိုင်းယှဉ်ကြည့်ပါက တစ်နေ့ကို ၈ နာရီထက်ပိုထိုင်တဲ့ လူတွေဟာ စောစော သေဆုံးဖို့ ၁၅ ရာခိုင်နှုန်း ပိုများနေပါတယ်။ တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်တဲ့ လူတွေအတွက်တော့ ၄၀ ရာခိုင်နှုန်း စောစော သေဖို့ ဖြစ်နိုင်နေပါတယ်။

တစ်ကယ်တော့ လူသားတွေဟာ နေ့စဉ် အချိန်ကြာရှည်စွာ အလုပ်စားပွဲမှာ အလုပ်ထိုင်လုပ်ဖို့နဲ့ ကွန်ပျုတာ မျက်နှာပြင်တွေကို တစ်နေကုန် ကြည့်နေဖို့ ဖန်တီးထားတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ လူမှု ဘ၀ မှာလည်း ထိုင်နေရတာသာ များပါတယ်။ သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်မယ်။ ညစာစားမယ်။ ထိုင်နေရဦးမှာပါပဲ။

အဲဒီလို အထိုင်များနေတဲ့ ကျွန်ုပ်တို့ဟာ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မရကြပါဘူး။ ကျွန်ုပ်တို့ရဲ့ အလုပ် ၊ အိပ်ချိန်နဲ့ လူမှု ဘ၀ကြားမှာ အားကစား ခန်းမ သွားဖို့ လောက်အထိ အချိန် မလုံလောက်ပါဘူး။

ဒါဆိုရင်တော့ အကောင်းဆုံးလုပ်နိုင်တာတစ်ခု က လမ်းလျှောက်ဖို့ပါ။ ကျွန်ုပ်တို့လို အလုပ်ခွင်သွား ရတဲ့လူတွေဟာ တစ်နေ့မှာ ခြေလှမ်းပေါင်း ၄၀၀၀ ပြည့် အောင် လမ်းမလျှောက်ဖြစ်ကြပါဘူး။ အဲဒီလို နေ့စဉ် လျှောက်လှမ်းနေတဲ့ ခြေလှမ်းအရေအတွက် ကို တစ်ထောင် လောက်ထပ်တိုး လိုက်နိုင်မယ် ဆိုရင်တော့ ကျန်းမာရေး အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်နိုင်မှာပါ။

ထိုင်တဲ့အခါမှလည်း မိနစ် ၃၀ မှာ တစ်ခါလောက်တော့ ထိုင်ပုံထိုင်နည်းပြောင်းတာမျိုးလည်း လုပ်သင့်ပါတယ်။ ကျောက်ချထားသလို ထိုင်နေတာမျိုးကတော့ ကျန်းမာရေးအတွက် ပိုဆိုးနိုင်ပါတယ်။

မတ်တပ်ရပ်ခြင်းနဲ့ လမ်းလျှောက်ခြင်းတို့သာလျှင်  ခြေထောက်မှာရှိတဲ့ သွေးလည်ပတ်မှုနှုန်းကို ပိုမို အားကောင်း စေပြီး ကယ်လိုရီတွေကို တိုက်ဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။

(Mario)

Ref : Dailymail


နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ