ဆောင်းတွင်းမှာ ရေချိုးရမှာကြောက်ရွံ့သူတွေဟာ လေးလံ ထိုင်းမှိုင်းနေတတ်


ဆောင်းတွင်းမှာ အအေးဒဏ်ကိုကြောက်နေတာကြောင့် ရေမချိုးတတ်တဲ့သူတွေဟာဆိုရင်တော့ ပုံမှန်ရေချိုးတဲ့သူတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ ပိုကျန်းမာတာကိုတွေ့ရပါတယ်။ ရေချိုးတာဟာဆိုရင် မိမိရဲ့ ခန္ဒာကိုယ်တွင်းက အခိုးအပုတ်တွေကို ဖယ်ရှားလိုက်ပြီး စိတ်ကို ကြည်လင်စေတာကြောင့် သင့်ကိုယ်သင်ယုံကြည်မှုကတော့ အမြင့်ဆုံးနေရာမှာ ရှိနေမှာပါ။

ကျွန်တော်တို့ဟာဆိုရင် ရာသီဥတုအေးမြနေတဲ့ အချိန်မှာ ရေချိုးရမှာကို ကြောက်နေတတ်ကြပြီး ပျင်းရိတတ်ကြပါတယ်။ ရေချိုးတဲ့အချိန်မှာဆိုရင် ပထမဆုံးရေတစ်ခွက်လောက်ကသာပဲ သင့်ကို အလွန်အမင်း အေးမြစေမှာဖြစ်ပြီး နောက်ထပ်ဆက်တိုက်လောင်းလိုက်တဲ့အချိန်မှာတော့ ကိုယ်တွင်းက အပူတွေထွက်သွားတာကြောင့်  သိပ်မအေးတော့ဘဲ နေသားကျသွားမှာဖြစ်ပါတယ်။

အကယ်လို့သင်ဟာရေမချိုးဖြစ်ခဲ့ရင်တော့ ခန္ဒာကိုယ်တွင်းမှာ အခိုးငုတ်တာ ၊ မသန့်တာ ၊ လေချုပ်တာ ၊ သွားနာတာနဲ့ မျက်စိဝေတာ ၊ ဆံပင်ကျွတ်တာတွေဖြစ်နိုင်သလို ခေါင်းမူးတာတွေတောင်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လူပုံစံကိုကြည့်လိုက်ရင်လည်း ဖျတ်ဖျတ်လတ်လတ်မရှိဘဲနဲ့ ထိုင်းမှိုင်းနေတတ်တာကိုတွေ့ရမှာပါ။

ရေချိုးရင်တော့ သင်ဟာဒီပြဿနာတွေကနေ ရှောင်လွဲနိုင်မှာဖြစ်ပြီးတော့ နေလို့ထိုင်လို့ကောင်းမွန်တာကို တွေ့ရမှာပါ။ သင့်ရဲ့ အာရုံကြောအခြေအနေဟာဆိုရင်လည်း ဖွံ့ဖြိုးနေမှာဖြစ်ပြီး အဆစ်အမြစ်ကိုက်ခဲတာတွေ ၊ ဇက်ကြောတက်တဲ့ြ့ပဿနာတွေကိုလည်း ရှောင်လွဲသွားနိုင်မှာပါ။

ရေချိုးရာမှာလည်း မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ တစ်ရက်ခြားတစ်ခါလိုမျိုး ပုံမှန်ရေချိုးနှုန်းကို သတ်မှတ်ပေးသင့်ပါတယ်။ ရေနွေးကို အချိုးကျရောစပ်ပြီးချိုးတာကလည်း သင့်ရဲ့ အကြောတွေကို ပိုမိုအညောင်းပြေစေမှာပါ။

Mocha

#health.thithtoolwin.com

Ref :  Useful tips

မျက်နှာကို ဖြူစင်ဝင်းပလာစေမယ့် သဘာဝနည်းလမ်းများ



နေရောင်ခြည်အောက်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းနဲ့ အသားအရေတွေ ညိုမည်းခြောက်သွေ့ လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်လွန်းတဲ့ နေရောင်ခြည်ကြောင့်လည်း မှဲ့ကင်ဆာနဲ့ အရေပြားကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့နည်းတွေကတော့ ဘာမိတ်ကပ်မှ မလိုဘဲနဲ့ မျက်နှာနဲ့ အသားအရေကို ပြန်လည် ဝင်းပလာစေနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

သရက်သီးနဲ့ နွားနို့

မွှေထားတဲ့ သရက်သီးအနှစ်ထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့်ထည့်ရောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓါတ်တစ်ခုဟာ မျက်နှာအရေပြားပေါ်က အဖုအထစ်လေးတွေကိုစုပ်ယူပြီး နွားနို့က ဆေးကြောပေးလိုက်တာကြောင့် မျက်နှာကိုချောမွတ်တောက်ပလာစေပြီး အရေပြားကင်ဆာကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ှ*သတိပြုရန် = သရက်သီးကို မွှေထားစဉ်မှာတော့ ယင်ကောင်တွေ မနားစေရပါဘူး။ ရေရောထားတဲ့ နွားနို့တော့မဖြစ်စေရပါဘူး။*

နွားနို့နဲ့ပျားရည်

နွားနို့စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပါ။ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။

ပျားရည်နဲ့ ထောပတ်သီး

မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည်တစ်ဇွန်းလောက်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်တွေကိုတော့ သန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်ပြန့်အောင် ပြုလုပ်ထားပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်မတိုင်ခင် ပြန်ခွါနိုင်ပါတယ်။ မျက်နှာအရေပြားတွေကို ချောမွတ်လာစေတာကို တွေ့ရမှာပါ။

ကြက်ဥအကာနဲ့ ပျားရည်

ကြက်ဥအကာနှင့် ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံးပြုလုပ်ပေးပါ။၁၅ မိနစ်လောက် ကြာအောင်ထားပြီး ပြန်ခွါလိုက်ပါ။ မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်လောက် ပြုလုပ်ပေးပါ။

မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရုံမကပဲ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

Jackie

#health.thithtoolwin.com

Ref: MNT

တီဘီရောဂါပိုးအား ကုသပေးနိုင်မည့် ဆေးဝါးသစ်တစ်မျိုးအား စမ်းသပ်နေ


ဘက်တီးရီးယား ကူးစက်ခြင်း အား ကုသမှုအတွက် အသုံးပြုရန် ၁၉၆၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ သည်။ ပဋိဇီဝပိုးသတ်ဆေး အမျိုး အစားဖြစ်သည့် cephalosporin ပထမမျိုးဆက် ဆေးဝါးများသည် ယခုအခါ တီဘီရောဂါကုသမှုအတွက် အစွမ်းအာနိသင်များ ရှိနေကြောင်း ထုတ်ဖော်တွေ့ရှိခဲ့သည့် သုတေသန သစ်တစ်ခုကို Scientific Reports ဂျာနယ်တွင် ဖော်ပြလိုက်ပါသည်။ ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံး ဖြစ်စေသောရောဂါများတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ တီဘီရောဂါ အားကုသရန် အနည်းဆုံး ဆေး ခြောက်လခန့်သောက်နေရပြီး ဆေး ယဉ်ပါးတီဘီဖြစ်ပွားမှု၏ အန္တရာယ် များအား ခြိမ်းခြောက်ခံနေရသည်။ တီဘီဆေးသစ် တီထွင်ဖန်တီးရဖို့ အတွက် ကုန်ကျစရိတ်မှ ၂.၆ ဘီလီယံအထိ ကုန်ကျနေရပြီဖြစ် ကြောင်း လေ့လာမှုများကဆိုသည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ ၎င်း cephalosporin ဆေးဝါးသည် တီဘီပိုးအား ထိရောက်စွာ သုတ်သင် ရှင်းလင်းနိုင်စွမ်းရှိပြီး လက်ရှိ သာမ ရိုးကျ ကုထုံးများနှင့် ကုထုံးသစ်များ တို့ဖြင့် ပေါင်းစပ်ကုသပါက ပိုထိ ရောက်မှုရှိကြောင်း သိရပါသည်။ လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဂဏု ဇီဝပညာရှင့် University of British Columbia (UBC) မှ ဆန်ဒီယေလိုယေမွန်ဂါဇီယာက ယင်း cephalosporin ဆေးဝါးသည် သောက်ဆေးဖြစ်ပြီး ယုံကြည်စိတ်ချ ရသည့် မှတ်တမ်းများလည်းရှိကြောင်း ပြောကြားခဲ့ပါသည်။


Dr. A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မပေါ့ဆသင့်သော ဆီးကျောက်တည်သည့်ဝေဒနာ


ဆီးကျောက်တည်သည့် ဝေဒ နာရှင်ပမာဏမှာ အရွယ်ရောက်ပြီး သူအားလုံးရဲ့ ၇% ရှိပြီး ဆက်လက် မြင့်တက်လျက်ရှိတာ တွေ့ရပါတယ်။ ပြီးခဲ့သည့် လေ့လာမှုများတွင် ဆီး ကျောက်တည်ဖူးသည့် ဝေဒနာရှင် များတွင် နာတာရှည် ကျောက်ကပ် ရောဂါ ခံစားရနိုင်ခြေများတယ်ဆိုတာ သိခဲ့ကြပေမဲ့ ပထမအကြိမ် ဆီး ကျောက်တည်ရုံနဲ့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ ဘယ်လို ပြောင်းလဲသွားစေတယ် ဆိုတာကို သုတေသနလုပ်ခဲ့တာ မတွေ့ခဲ့ကြပါ ဘူး။ နာမည်ကျော် Mayo Clinic မှ ဆီးနှင့် ကျောက်ကပ်အထူးကုများက ပထမဆုံးအကြိမ် ဆီးကျောက်တည် ခြင်းနှင့် နာတာရှည် ကျောက်ကပ် ရောဂါ ဖြစ်ပွားမှုကြား ဆက်စပ်မှုကို ဖော်ပြခဲ့ပါတယ်။ ယင်းဆက်စပ်မှုကို သိရဖို့အတွက် သုတေသီတွေက ဆီးကျောက် ပထမဆုံးတည်ဖူးတဲ့ ဝေဒနာရှင်တွေကို စတင်သိရှိချိန်မှ နောက် ၃ လကြာအထိ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေကို သုတေသနလုပ်ခဲ့ပါတယ်။ ပုံမှန်သူ တွေနဲ့ ဆီးကျောက်တည်ဖူးတဲ့သူတွေ ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဆီး ကျောက်တည်ဖူးတဲ့သူတွေမှာ သွေးတွင်း cystatin C ဇီဝအမှတ်အသားနဲ့ ဆီးတွင် ပရိုတင်းပါဝင်မှု တောက် လျောက် မြင့်မားနေတာတွေ့ရပြီး ယင်းနှစ်ချက်စလုံးကလည်း နာတာ ရှည် ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။

အခြား နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေများတဲ့ အချက်တွေဖြစ်တဲ့ သွေးတိုးရောဂါ၊ အ၀လွန်ခြင်းနဲ့ ဆီးတွင်း ဓာတုစစ် ဆေးချက်တွေလုပ်ပြီး ယင်းအချက် တွေကို ထိန်းချုပ်ပြီးတာတောင်မှ ဆီးကျောက်တည်ဖူးတဲ့သူတွေမှာ နောက်ဆက်တွဲ ကျောက်ကပ်လုပ်ငန်း ဆောင်တာ မမှန်ကန်မှုတွေကို တောက်လျောက်တွေ့နေရတာ ဖြစ်ပါတယ်။ ဆီးကျောက်တည်သည့်အခါ အပြင်းအထန် နာကျင်မှု၊ ပျို့အန်မှု၊ ဆီးသွားရခက်ခဲမှုတွေ ကြုံတွေ့ရယုံ သာမက နာတာရှည် ကျောက်ကပ် ရောဂါဖြစ်ပွားနိုင်ခြေပါ များတဲ့ အတွက် ဆီးကျောက်တည်ခြင်းကို ကာကွယ်ခြင်းက ကျောက်ကပ်တစ်ခု လုံးရဲ့ ကျန်းမာခြင်းကို စောင့်ရှောက် ခြင်းဖြစ်တယ်လို့ သုတေသီတွေက အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

Alpha-Fetoprotein အာလ်ဖါ-ဖီတို ပရိုတင်း


မင်္ဂလာပါဆရာ။ ကျွန်တော်ညီမ အသက် ၂၅ နှစ် အပျိုပါ။ လွန်ခဲ့တဲ့ သုံးလလောက်က သွေးလှူဖို့ သွေးစစ်တော့ B ပိုး တွေ့တယ်လို့ ပြောပါတယ်။ B ပိုးအတွက် test တွေထပ်လုပ်ထားပါတယ်။ အခု AFP (An alpha-fetoprotein) ပုံမှန်ထက် များနေလို့ ၂၀.၆၇ ml ဖြစ်နေလို့ CT scan ထပ်ရိုတ်ခိုင်းထားပါတယ်။ အသဲရောဂါတခုခုများဖြစ်နှိင်ပါလား။ AFP များလို့ စိုးရိမ်ရပါလား။ ကျေးဇူးပါဆရာ။ Test results တွေ ကြည့်ပေးပါဆရာ။

Alpha-Fetoprotein (AFP) ကို Tumor Marker လို့လည်းခေါ်တယ်။ ကင်ဆာညွှန်ပြချက်ဖြစ်တယ်။ လူကြီးတွေမှာ AFP 10 ng/mL ထက်နည်းတာ ပုံမှန်။ AFP 500 ng/mL ဆိုရင် ကင်ဆာဖြစ်နိုင်တယ်။

AFP ဆိုတာ နာမည်အတိုင်းပဲ သန္ဓေသားရဲ့ အသည်းနဲ့ Yolk sac ကနေထုတ်ပေးတတဲ့ ပရိုတင်းတမျိုးယ်။ ကိုယ်ဝန် ၃ လရရင် အများဆုံးဖြစ်ပြီး ကလေး တနှစ်သားများနည်းသွားတယ်။ ကြီးတော့ အထက်ကဂဏန်းလောက်သာရှိတယ်။

Liver cancer အသည်းကင်ဆာနဲ့ ရှားပါးတဲ့ Nonseminomatous germ cell tumors ကင်ဆာမှာများနေတာတွေ့မယ်။ ကျားအစိကင်ဆာ၊ ဦးနှောက်ကင်ဆာနဲ့ သွေးကင်ဆာတို့မှာလည်း များနေနိုင်တယ်။ Hodgkin disease, lymphoma, and renal cell carcinoma တွေမှာလည်း များနေတယ်။ Cirrhosis ခေါ် အသည်းခြောက်နေသူတချို့နဲ့ Chronic active hepatitis နာတာရှည်အသည်းခြောက်နေသူတချို့မှာလည်း များနေတယ်။ ကင်ဆာကိုကုသရာမှာ ညွှန်းကိန်းအဖြစ်လည်း စစ်ဆေးတယ်။

ရောဂါသေချာအောင်
Liver function tests ကိုလည်းစစ်ရတယ်။
Blood clotting tests ကိုလည်းစစ်ရတယ်။
Blood urea nitrogen (BUN) ကိုလည်းစစ်ရတယ်။
Complete blood count (CBC) ကိုလည်းစစ်ရတယ်။
Electrolytes and blood chemistry tests ကိုလည်းစစ်ရတယ်။
Viral hepatitis tests ကိုလည်းစစ်ရတယ်။
Human chorionic gonadotropin (hCG) နည်း၊ Lactate dehydrogenase (LDH) နည်း၊ Ultrasound, CT scan, MRI, Biopsy တွေကိုလည်းစစ်ရတယ်။

Liver function tests အသည်းအလုပ်စစ်ဆေးတဲ့အခါ ALT and AST = SGOT and SGPT, Alkaline phosphatise, Bilirubin, Albumin နဲ့ GGT and LD ဆိုတာတွေကို စစ်တယ်။

အင်ဇိုင်းမ်တွေ ဘာလို့များနေသလဲ
၁။ Chronic hepatitis B နာတာရှည် (ဘီ) ပိုး၊
၂။ Chronic hepatitis C နာတာရှည် (စီ) ပိုး)၊
၃။ Chronic and acute alcohol use အရက်စွဲခြင်းအပြင်
၎။ Medications ဆေးဝါးတွေကနေ (အင်ဇိုင်းမ်) တွေများနေတာကို ဖြစ်စေနိုင်တယ်။

ဆေးဝါးတွေဆိုတာ -
• အနာသက်သာဆေးတွေ = aspirin, acetaminophen (Tylenol), ibuprofen (Advil, Motrin), naproxen (Naprosyn, Naprelan, Anaprox, Aleve), diclofenac (Voltaren, Cataflam, Voltaren-XR), and phenylbutazone (Butazolidine)
• အတက်သက်သာဆေးတွေ = phenytoin (Dilantin), valproic acid (Depakote, Depakote ER, Depakene, Depacon), carbamazepine (Tegretol, Tegretol XR, Equertro), and phenobarbital
• ဗက်တီးရီးယားအတွက်ဆေးတွေ = tetracyclines, sulfonamides, isoniazid (INH), sulfamethoxazole (Gantanol), trimethoprim (Trimpex; Proloprim, Primsol), nitrofurantoin (Macrodantin; Furadantin; Macrobid), fluconazole (Diflucan ) and some other anti-fungals, etc.
• ကိုလက်စထောကျဆေးတွေ = lovastatin (Mevacor, Altocor), pravastatin (Pravachol), atorvastatin (Lipitor), fluvastatin (Lescol), simvastatin (Zocor), rosuvastatin (Crestor), and niacin
• Cardiovascular drugs နှလုံးဆေးတွေ = amiodarone (Cordarone), hydralazine (Apresoline), quinidine (Quinaglute, Quinidex), etc.
• စိတ်ကျဆေးတွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Hiccups ကြို့ထိုးသက်သာနည်းများ


မင်္ဂလာပါဒေါက်တာ ကျနော် အသက် ၃၃ ကျား ကျို့ထိုးနေတာ ယခုပတ်အတွင်း (၃) ရက်ရှိပါပြီ။ လေလည်း အရမ်းထပါသည်။ ယခင် တစ်ပါတ်ကျော်ကလည်း ၃ ရက်လောက်ဖြစ်ခဲ့ပါသည်။ သို့သော် ဆေးခန်းသွားပြ၍ ဆေးထိုးဆေစားပြီး ပျောက်သွားပါသည်။ ယခု ဖြစ်နေစဉ် ဆေးခန်းပြ ဆေးထိုးဆေးသာက်နေသော်လည်း မပျောက်သေးပါဒေါက်တာ။ တရက်လုံးမနားတမ်း ကျို့ထိုးနေပါသည်။ ကျေးဇူးပြု၍ဆေးနည်းလေးပေးပါခင်ဗျာ။ ဓာတ်မှန်ရိုက်ကြည့်ခြင်းမပြုလုပ်ရသေးပါ။ ပြုလုပ်ရန်ရောလိုအပ်ပါသလားခင်ဗျာ။ လေးစားစွာဖြင့်။

ကြို့ထိုးတာဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြားထားတဲ့ Diaphragm ခေါ်တဲ့ ကြွက်သားပြားပြားခုံးခုံးကြီးက အလုပ်ပိုလုပ်တာ ဖြစ်တယ်။ သူ့အောက်မှာ ညာဘက်က အသည်းနဲ့ ဘယ်ဘက်ကအစာအိမ်ရှိတယ်။ အဲဒီ ၂ ခုထဲက တခုခုမှာ တခုခုဖြစ်ရင် ကြို့ထိုးတယ်။ အများဆုံးက အစာအိမ်ထဲကလေကြောင့်ဖြစ်တယ်။ တချို့မှာ အစပ်စားလိုက်တာနဲ့ ကြို့ထိုးတယ်။ အဝင်လွဲတယ်လို့ ပြောကြတဲ့ မျိုချတာမှာ အဆင်မပြေရင်လဲ ဖြစ်တတ်တယ်။ တချို့မှာ တခါဖြစ်ရင် ရက်ဆက်ဆိုသလို ထိုးနေတယ်။ အရပ်နည်းတွေတော့ သိမှာပါ။ ဖြစ်စေတဲ့အကြောင်းကိုရှာရရင် အဲဒါကို ကုသရမယ်။ တချို့မှာ ဆေးကုရတဲ့အထိ ဆိုးတယ်။

• Baclofen, Gabapentin နဲ့ Omeprazole, Rabeprazole ဆေးတွေကို သုံးတယ်။
• Chlopromazine ခေါ်တဲ့ စိတ်ရောဂါကုဆေးကို အအန်ရပ်အောင်နဲ့ ကြို့ထိုးတာရပ်အောင်လဲ သုံးနိုင်တယ်။ ဆေးက အတော်အိပ်ချင်လို့ ဆေးအဆ လျှော့ပေးရတယ်။
• သိပ်ဆိုးသူတွေအတွက် Haloperidol စိတ်ဆေး၊ Metoclopramide အစာလမ်းဆေးတွေ သုံးတယ်။
• GERD အစာခြေရည်အထက်ဆန်တာရှိရင် အဲဒါကိုကုသပါ။ စာတပုဒ်ရေးထားပါတယ်။
• ပေါင်မုံ့ခြောက်ဝါးခြင်း၊ ရေခဲတုံးဝါးစာခြင်း၊ လျှာကိုဆွဲထုတ်နည်း၊ သကြားရည် လျှာပေါ်၊ ဒါမှမဟုတ် လျှာအောက် တင်ပေးခြင်း၊
• Phrenic nerve အာရုံကြောကို 0.5% Procaine ထုံဆေးထိုးပေးနည်း၊
• Bilateral phrenicotomy အဲဒီအာရုံကြောနှစ်ခုလုံးကို ခွဲစိတ်ဖြတ်ပြစ်ခြင်း၊
• နားထဲကို Lidocaine liniment 3% or gel 2% ဆေးထည့်ပေးနည်း၊
• Hypokalemia, Hyponatremia ခေါ်တဲ့ ပိုတက်ဆီယန်နဲ့ ဆိုဒီယန်ဓါတ်ဆား နည်းလွန်းတာဖြစ်လို့ ဆိုးတဲ့ ကြို့ထိုးတာဆိုရင် Carbonated beverage ကာဗွန်ထည့်ထားတဲ့အချိုရည်၊ ဆိုဒါ၊ စပရင်းဝါးတား၊ ကိုကာကိုလာ၊ စပရိုက်၊ အင်နာဂျီ-ဒရင့်ခ်တွေကို သောက်နိုင်တယ်။
• Intranasal vinegar ဗနီဂါအရည်ကို နှာခေါင်းထဲထည့်နည်း၊
• Deltoid muscles ပခုံးကြွက်သားကိုနှိပ်ခြင်း။

အလွယ်နည်းကတော့ ခေါင်းကို လေမဝင်နိုင်တဲ့ ပလပ်စတစ်အိပ်တလုံး စွပ်ပါ။ လည်ပင်းနေရာမှာ ကိုယ့်လက်နဲ့ စုစည်းထားပါ။ အသက်ရှူပါ။ အိပ်ထဲကလေမှာ အောက်စီဂျင်ကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်သာကျန်လို့ အဲဒါကိုရှူရင် ပျောက်တယ်။ CO2 ကာဗွန်ဒိုင်အောက်ဆိုက်နည်းက Vagus nerve ဗေးဂပ်စ် အာရုံကြောကို သက်ရောက်စေလို့ သက်သာစေတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

ဥ အမျိုးမျိုးနှင့်ပတ်သက်၍ ယုံကြည်မှုအလွဲများ


ယခုခေတ်မှာ အစားအသောက် များထဲတွင် ကယ်လိုရီပါဝင်မှုက ထည့်သွင်းစဉ်းစားစရာ ပြဿနာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျန်းမာ ရေး စာစောင်တွေမှာလည်း ဘယ် အစားကတော့ ကယ်လိုရီများတယ်၊ ဘယ်အစားကတော့ စားသင့်တယ် စသဖြင့် အကြံပြုလေ့ရှိပါတယ်။ ယင်း အထဲမှာ ဥအမျိုးမျိုးကတော့ စဉ်းစားစရာ ဖြစ်လာခဲ့တယ်။ အကြောင်းကတော့ သုတေသနတွေ အရ ဥတွေရဲ့အနှစ်တွေက ကယ်လိုရီ ပိုများတယ်ဆိုတဲ့ တွေ့ရှိချက်တွေ ကြောင့် ဖြစ်ပါတယ်။ အာဟာရ ကျွမ်းကျင်ပညာရှင်တွေထဲက တစ်ဦး ဖြစ်တဲ့ ပါမောက္ခ မန်နီနိုအာ့ခ်ကတော့ တစ်ရက်ကို ဥတစ်လုံးစားရုံနဲ့တော့ သွေးတွင်း မကောင်းတဲ့အဆီ (cholesteral) ကို ပိုမဆိုးစေပါဘူးလို့ ဆိုထားပါတယ်။

 ဥ အမျိုးမျိုးထဲမှာ ဦးနှောက် စွမ်းရည်မြင့်တင်ပေးနိုင်တဲ့ အိုမီဂါ ၃၊ ဖောလစ် အက်ဆစ်၊ ဗီတာမင် ဘီ ၁၂၊ အိုင်းယွန်းနဲ့ ပရိုတင်းတို့ မြင့်မားစွာ ပါဝင်တဲ့အပြင် အနှစ်မှာ ပါဝင်တဲ့ ရောင်ခြယ်က လည်း မျက်စိကို အားပေးပါတယ်။ CISRO သုတေသနအရ သြစတေး လျလူမျိုးတွေဟာ ဥအမျိုးမျိုးအစား နည်းတာကို တွေ့ရပါတယ်။ သုတေ သနရလဒ်တွေအရ တစ်ရက်ကို ဥများများပိုစားလေ၊ အသီးအရွက် တွေ ပိုစားဖြစ်ပြီး အသင့်စား အစာ တွေ စားတာ ပိုနည်းတဲ့အတွက် ပိုကောင်းတဲ့ စားသောက်မှုပုံစံကို ရစေနိုင်တယ်လို့ တွေ့ရပါတယ်။ သြစတေးလျ အစား အသောက် လမ်းညွှန်ကတော့ တစ်ရက်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်း နှစ်ကြိမ်ကနေ သုံးကြိမ်ထိ စားသင့် တယ်လို့ ဖော်ပြထားပြီး ယင်းလိုအပ် ချက်က တစ်ပါတ်ကို ဥအမျိုးမျိုး ခြောက်လုံးခန့်စားပေးရုံနဲ့ လုံ လောက်ပါတယ်လို့ သိရပါတယ်။

ကယ်လိုရီလျော့ချဖို့ဆိုတဲ့ ရည်ရွယ် ချက်တစ်ခုတည်းနဲ့ အနှစ်စားသုံးမှုကို ရှောင်မယ်ဆိုရင်တော့ မတန်ပါဘူး။ အကြောင်းက အကာနဲ့အနှစ်မှာ ကယ်လိုရီကွာခြားမှုက အလွန်နည်းပါ တယ်။ ဒါ့အပြင် ဥ အမျိုးမျိုးက ကိုယ်တွင်းစုစုပေါင်း အဆီကိုတက် စေတယ်ဆိုရာမှာ ကောင်းတဲ့အဆီ HDL တွေတက်တဲ့အတွက် တက် လာရတာ ဖြစ်ပါတယ်။ တကယ်တမ်း မှာတော့ ဥအမျိုးမျိုးထဲမှာပါတဲ့ ကိုလက်စထရောက ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေနိုင်လောက်တဲ့ ကိုလက် စထရော ပမာဏမရှိတဲ့အတွက် သက်ကြီးရွယ်အိုတွေမှာ လွဲမှားတဲ့ ကျန်းမာရေးအသိတစ်ချို့ကြောင့် ဥအမျိုးမျိုး စားသုံးခြင်းက ရရှိလာ မယ့် ကျန်းမာရေးကောင်းကျိုးတွေနဲ့ လွဲချော်ရမှာဆိုးတဲ့အတွက် တင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။


ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

သင့်ရင်သားတွေကို ဘယ်လိုစောင့်ရှောက်သင့်သလဲ၊


ရင်သားကျန်းမာရေး စောင့် ရှောက်ဖို့အတွက် ဘာတွေလိုအပ် မလဲ။ အဓိကလိုအပ်တာကတော့ လေ့ကျင့်ခန်းလုပ်ဖို့ပါပဲ။ အ၀လွန် တာကတော့ ရင်သားကင်ဆာဖြစ် နိုင်ခြေ ပိုများစေပါတယ်။ ခန္ဓာ ကိုယ်မှာ အဆီဆဲလ်တွေ ပိုများလေ မဟော်မုန်းအီစထရိုဂျင်တွေ ပိုထုတ် လေ ရင်သားကင်ဆာ ပိုဖြစ်နိုင်လေ ပါပဲ။ ဒါ့ကြောင့် ကိုယ်အလေးချိန်ထိန်း ခြင်းအားဖြင့် ဟော်မုန်းကို ထိန်းရုံ သာမက အဆီလဲနည်းတဲ့အတွက် ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ် ခြင်းကလည်း ခန္ဓာကိုယ်ရဲ့ပြန်ရည် စီးဆင်းမှုစနစ်ကို အားကောင်းစေပြီး ရင်သားထဲမှ အဆိပ်အတောက်ကို လျင်လျင်မြန်မြန် စီးဆင်းသွားစေဖို့ ကူညီပြန်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။

အာဟာရပြည့်ဝပြီး ညီညွတ်မျှတတဲ့ အစားအစာတွေ စားဖို့က အရေး ကြီးသလို အသင့်စား အစားအစာတွေ ရှောင်ကြဉ်ဖို့ကလည်း အရေးကြီးပါ တယ်။ အစိမ်းရောင်အရွက်တွေမှာ သဘာဝရောင်ခြည် ပစ္စည်းဖြစ်တဲ့ ဃမေသအနညသငျိ တွေ ပါဝင်တဲ့အတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကို ရရှိစေပါတယ်။ ဒါ့အပြင် အ၀ါရောင်၊ လိမ္မော်ရောင် အစရှိတဲ့ အသီးအရွက် တွေကလည်း ဘီတာကယ်ရိုတင်း ပါဝင်တဲ့အတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြောင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့ အကျင့်တွေကို ရှောင်ပါ။ ဆေးလိပ် သောက်ခြင်းက အဆုတ်ကိုသာမက ခန္ဓာဗေဒတစ်ခုလုံးကို ထိခိုက်စေပါ တယ်။ ဇီဝရုပ်ဖြစ်ပျက်မှုနှုန်းကို လျော့ကျစေရုံသာမက၊ ဆဲလ်ရောင် ရမ်းမှု ရင့်ရော်မှုတွေကို ဖြစ်ပေါ်စေ ပါတယ်။ ကိုယ်တိုင်သောက်မှသာ မဟုတ် တစ်ပါးသူရဲ့ဆေးလိပ်ငွေ့ကို ရှုမိရာကနေလည်း ဒုက္ခဖြစ်စေပါ တယ်။ ကဖင်းနဲ့အယ်ကိုဟော သုံးစွဲ မှုကို လျော့ချပါ။ ယင်းအရာတွေက ရင်သားတင်းမှု၊ နာကျင်မှုတို့ကို ဖြစ် စေပါတယ်။ အမျိုးသမီးတွေ အနေနဲ့ တစ်ရက်ကို အယ်ကိုဟော နှစ်ဖန် ခွက်နဲ့အထက် သောက်သုံးခြင်းက ရင်သားကင်ဆာဖြစ်ပွားမှုကို မြင့် တက်စေပါတယ်။

 စောစောအိပ်ပါ။ စောစောထပါ။ ဒါကလည်း အရေး ကြီးတဲ့အချက်ပါ ပဲ။ ညနက်တဲ့အထိ မအိပ်ဘဲနေခြင်းက ကင်ဆာကာ ကွယ်မှုမှာ အရေးပါတဲ့ မယ်လတိုနင် ထုတ်လုပ်မှုကို လျော့ကျစေပြီး မဟော်မုန်းအီစထရိုဂျင် အပေါ်မှာ လည်း သက်ရောက်မှု ရှိစေပါတယ်။ မိမိကိုယ်ကို ပြန်လည်စမ်းသပ်ပါ။ မိမိကိုယ်ကို ပြန်လည်စမ်းသပ်မှုကို ရေချိုးတိုင်း အချိန်မှန်လုပ်သင့်ပါ တယ်။ တကယ်လို့ အသက်က ၃၀ ကျော်ပြီး မိသားစုရာဇ၀င်လည်း ရှိ မယ်ဆိုရင် ပိုပြီးစစ်ဆေးသင့်ပါတယ်။ ရင်သားမှာ ပုံသဏ္ဍာန်အရွယ်အစား၊ အပေါ်ယံအရေပြား ပြောင်းလဲမှုတွေ အားလုံးက အရေးကြီးပါတယ်။ တ ကယ်လို့ စမ်းသပ်စစ်ဆေးရင်း အလုံး အကျိတ်တွေ့ရင်လည်း လန့်မသွား ပါနဲ့။ ရင်သားမှာ အလုံးအကျိတ် တွေ့တိုင်း ကင်ဆာမဟုတ်ပါဘူး။ အများစုက ဟော်မုန်းအတက်အကျ ကြောင့် ဖြစ်ပေါ်လာတဲ့ အရည် အိတ်တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပြီး ကျွမ်းကျင်သူ တွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။ စောစီးစွာ ပြသခြင်းအားဖြင့် ရောဂါ ကိုအချိန်မှီ ကုသနိုင်ပြီး အရှင်း ပျောက်ကင်းနိုင်ခြေ ပိုများစေနိုင် ပါတယ်။


ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

Fertility and Weight ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်သေးခြင်း


၁။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၃၀ ပြည့်ပြီးပါပြီ။ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျတာ တစ်နှစ်နဲ့ ၇ လရှိပါပြီ။ အိမ်ထောင်ကျကျချင်းမှာတော့ ကလေးမယူသေးဘူးဆိုပြီး ရက်ရှောင်တဲ့ နည်းနဲ့ တားပါတယ် တခြားတားဆေးတွေ တစ်ခုမှ မသောက် မထိုး မထည့်ထားပါဘူး။ အခု ကိုယ်ဝန်ရဖို့ ကြိုးစားနေတာ ၃ လရှိပါပြီ။ ရာသီပုံမှန်လာပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များပါတယ်။ ကျွန်မက ၇၉ ကီလိုရှိပါတယ်။ အလေးချိန်ချဖို့ကြိုးစားသော်ငြား မကျနိုင်ဘဲရှိပါတယ်ရှင့်။ ကိုယ်ဝန်မရနိုင်တာ ဘာအကြောင်းဖြစ်နိုင်တယ်ဆိုတာ ဗဟုသုတသိလိုပါတယ်ရှင့်။ ကိုယ်အလေးချိန်များလို့ထင်မိပါတယ်။ ဒါပေမဲ့ တခြားကိုယ်အလေးချိန်များတဲ့ သူငယ်ချင်းတွေလည်း ကလေးရတော့ စိတ်ထဲသံသယတွေ ၀င်မိပါတယ်ဆရာ။

၂။ မင်္ဂလာပါဆရာ။ သမီးအသက် ၂၅ နှစ်ပါ။ ပေါင်၂၂ဝ၊ အရပ် ၅ ပေ ၆ လက်မပါ။ ၂၂ နှစ်မှာအိမ်ထောင်ကျပါတယ်။ ပထမတနှစ်ကလေးမယူဘူးဆိုပြီး သဘာဝနည်းနဲ့ ရက်ရှောင်ပါတယ်။ ရက်မရှောင်ဖြစ်လို့ ec2 နှစ်ခါသောက်ဖူးပါတယ်။ သမီးကဝပါတယ်။ ၂ဝ၁၅ ၄ လပိုင်းမှာတခါ ၂ဝ၁၆ ခုနှစ် ၅ လပိုင်းမှာ ၁ ခါသားအိမ်ခြစ်ရပါတယ်။ ရာသီ တနှစ်လုံး မရပ်လို့ပါ။ ရာသီရပ်သွားပါပြီ။ သမီးကလေးအရမ်းလိုချင်နေပါတယ်ဆရာ။ folic acid သောက်နေတာ၂ ပတ်တော့ရှိပါပြီ။ သမီးတို့ ၂ ယောက်လုံးစစ်တာကျန်းမာပါတယ်။ ဆရာသမီးကိုကူညီပါဦးရှင်။ ကျေးဇူးတင်ပါတယ်။

၃။ ကျွန်တော်အိမ်ထောင်ကျတာ (၄) နှစ်ရှိပါပြီ။ ကျွန်တော့်မိန်းမက ငယ်ငယ်ထဲက ဝတာပါ။ သူက အဝလွန်နေလို့လား။ ကျွန်တော်တို့အိမ်ထောင်စကျတုန်း သူက အီးဇီးတူးဆိုတဲ့ အရေးပေါ် တားဆေးတွေ ပဲသောက်မိလို့လား။ သူအဲလိုတွေဖြစ်နေပါတယ်။ အဓိက ကတော့ ကျွန်တ်ာတို့ ကလေးမရတာကို သူစိတ်တွေကအဲလိုထင်နေတယ်ဆရာ။ ကျွန်တော်အမျိုးရော သူ့အမျိုးရောမှာ ကလေးမရတဲ့မျိုးရိုး မရှိပါဘူးဆရာ။ အီးဇီးတူးကို သူတနှစ်လောက်တော့ စွဲသောက်တယ်ဆရာ။ ခုဘယ်သူမှာ အပြစ်ရှိနေလဲမသိဘူးဆရာ။ သူကသူ့ ဝတာအပြစ်ရှိတယ်လို့ထင်နေတယ် သူ့ကိုလည်းသနားတယ်။ ကျွန်တ်ာတို့ နှစ်ယောက်တအားကို ကလေးလိုချင်နေလို့ပါဆရာ။

၎။ အဝလွန်ရင် ကလေးမရဘူးလို့ ပြောကြပါတယ်။ သမီးအရပ်က ၅ ပေ ၁ လက်မကို ကိုယ်ကလေးချိန်က ၁၂၈ နဲ့ ၁၃ဝ ကြားမှာ ရှိပါတယ်။ သမီးအနေနဲ့ ကလေးမရမှာ စိုးရိမ်တဲ့ထဲမှာ သမီး ဝတာလဲပါပါတယ်။ အခုတော့ ကျန်းမာရေး အနေနဲ့ တပတ်ကို အနဲ့ဆုံး ၆ နာရီလောက်ကို အားကစားလုပ်ဖြစ်ပါတယ်။ အဝလွန်ပြီး ကလေးမရနိုင်လောက်တဲ့ အထဲမှာ ပါ-မပါ သိချင်ပါတယ်ဆရာ။

ကိုယ်အလေးချိန် များတိုင်းတော့ ကလေးမရတာ မဖြစ်စေပါ။ ဝတဲ့သူတွေမှာ ကလေးမရတာ ပိုများတာတော့ မှန်ပါတယ်။ လူတွေ ဝတယ်၊ မဝဘူးဆိုတာကို BMI (Body Mass Index) နဲ့တိုင်းတာ သတ်မှတ်တယ်။ 18.5 ကနေ 24.9 အထိဆိုရင် ပုံမှန် ဖြစ်တယ်။ 30 ကျော်ရင် ဝတယ်။ 29 ကျော်သူတွေ BMI 1 နည်းတိုင်း ကလေးရဘို့ 4% လျော့နည်းစေတယ်။ သိပ်ဝတယ်လို့ ပြောရမဲ့ BMI 35 ကနေ 40 ရှိသူတွေဟာ 23% ကနေ 43% အထိ ကလေးရဘို့ အခွင့်အလမ်းနည်းတယ်။ ဒီကိန်းဂဏန်းတွေရှိပေမဲ့ လူဝတာနဲ့ ကလေးမရတာဆက်စပ်မှု လက်တွေ့သက်သေမပြနိုင်ပါ။

ဝလွန်းသူများ နှလုံး-သွေးကြောရောဂါ၊ ဆီးချို နဲ့ သွေးတိုး ဒီ ၃ မျိုးအပြင် ကလေးမရတာဆက်စပ်မှု ရှိတယ်လို့ သုတေသနတိုင်းက လက်ခံတယ်။ ငယ်ကတည်းက ဝတဲ့မိန်းကလေးတွေ အပျိုဖြစ်စောတယ်၊ ရာသီထိန်တာ ဖြစ်တတ်တယ်။ ဝတယ်လို့ ဘယ်လို ဆုံးဖြတ်မလဲ။ အရပ်နဲ့ ကိုယ်အလေးချိန် တွက်တာအပြင် ကိုယ်ထုထည်ဆိုတာ နဲ့လဲ တိကျအောင် တွက်သေးတယ်။ သူ့အလေးချိန်ရဲ့ ၃ဝ% က အဆီဖြစ်နေရင် ဝတယ်လို့ သတ်မှတ်တယ်။ ၅ ပေ ၁ လက္မ အမျိုးသမီးဆိုရင် ၁ဝ၅ ပေါင်နည်းတယ်၊ ၁၂၂ သင့်တယ်၊ ၁၄ဝ ပေါင်များတယ်။ အမှန်က ဝရင် အီစထိုဂျင် များနေတယ်။ သူများနေရင် ဘဲလင့်စ်ပျက်တော့ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တာကို အဟန့်အတား ဖြစ်စေတာမို့ ကလေးရမှာကို သက်ရောက်စေတယ်။ ကိုယ်ဝန်ရပြီး မွေးတဲ့အခါလဲ သူများထက် ခက်သေးပြန်တယ်။

လူကဝနေလို့ အလေးချိန်ချတာ တခုတည်းနဲ့တော့ ကလေးရမှာ မသေချာသေးပါ။ PCOS ခေါ်တဲ့ ရောဂါပါ ရှိနေ-မနေ ဆေးစစ်ရပါမယ်။ ဒီရောဂါဟာ ကလေးမရတာရဲ့ ပင်မအကြောင်းတွေထဲမှာပါတယ်။ LPD ဆိုတာလဲရှိသေးတယ်။ မျိုးဥထွက်ပြီး နောက်ပိုင်းမှာ ပြဿနာရှိတာကိုခေါ်တယ်။ PCOS ရှိနေသူမှာ ကလေးမရတာ၊ ခေါင်းက ဆံပင်ပါးပြီး၊ တခြားနေရာက အမွှေးထူနေမယ်။ ဗိုက်ခေါက် ထူနေမယ်။ သကြားဓါတ် လျော့စေတဲ့ အင်စူလင်ဟော်မုန်းကို ခံနိုင်နေပြီး၊ လူက အလေးချိန်တိုးနေမယ်။ မျိုးဥအိမ်က မျိုးဥဟာ ရင့်မှည့်ပေမဲ့ အပြင်ထွက်မလာလို့ မျိုးဥအိမ်အိတ် ဖြစ်တတ်တယ်။ အဲလို အိတ်တွေများနေရင် တသက်လုံး ကလေးရတော့မှာ မဟုတ်ပါ။ PCOS ရှိနေသူတွေမှာ သားအိမ်ကင်ဆာလဲ ဖြစ်လာနိုင်တယ်။ ကလေးပိုပျက်တတ်တယ်။

ဝတဲ့သူမှာ အဆီများတယ်။ အဆီကနေ အီစထိုဂျင်ထုတ်တယ်။ ဒီဟော်မုန်းများနေရင် ကိုယ်ဝန်တားဆေး သောက်သလို သဘောဖြစ်လာတယ်။ မျိုးဥထွက်မှာကို တားဆီးတော့တယ်။ ဝတဲ့သူတွေ ကိုယ်ဝန်ရှိရင် PET ကိုယ်ဝန်သွေးဆိပ်တက်တာ အဖြစ်များတယ်။ ဆီးချိုလဲ ပိုဖြစ်တယ်။ လူက ဝနေတိုင်း အဲဒါတွေ ဆက်ဖြစ်တော့မှာပဲတော့ မထင်ပါနဲ့။ လူဝရင် ကလေးမရတာ ၁ဝ% သာ သက်ရောက်တာ တွေ့ရတယ်။ မျိုးဥထွက်ဘို့သာ အရေးကြီးတယ်။ ဒါ့ကြောင့် လူကလဲဝ၊ ကလေးလဲမရ၊ PCOS ကပါ ရှိမနေအောင် ဆေးစစ်ပါ။ ဝိတ်ချပါ။ ရှိရင်ကုသမှုခံယူပါ။

ဆေးစစ်ရင် Day 3 FSH, Day 3 E2, Day 3 LH, Day 3 Prolactin, Day 10 FSH, Day 12-14 E2, Surge Day LH, Day 21 Progesterone, TSH, Free T3, Free Thyroxine (T4), Total Testosterone, Free Testosterone, HEAS နဲ့ Androstenedione တွေ စစ်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

Esophagitis အစာမျိုပြွန်ရောင်ခြင်း


မင်္ဂလာပါဆရာ ကျွန်မမေးခွန်းလေးတခုမေးချင်လို့ပါဆရာ။ ကျွန်မအသက်က ၃၅ ပါ။ ကျွန်မလျှာအရင်းပိုင်းနဲ့ အာခေါင်လည်ချောင်းထဲမှာ နေရတာတမျိုးဖြစ်နေလို့ပါ။ မနေနိုင်မထိုင်ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူးဆရာ။ ဒါပေမဲ့ အာခေါင်ကခြောက်သလိုမျိုးပြီးတော့ ရင်ကျပ်ချင်သလိုးမျိုး တချက်တချက်လဲ ဘယ်ဘက်ရင်ဘက်ကအောင့်သလို ခံစားရပါတယ်။ ကျွန်မလည်ချောင်းကင်ဆာတို့ လျှာကင်ဆာတို့ကိုကြောက်လို့ပါဆရာ။ နားနှာခေါင်းလည်ချောင်းဆေးခန်းမှာ သွားပြတာအစာပြွန်ရောင်နေတာလို့ပြောပါတယ်။ ဆေးသောက်တာသက်သာပါတယ်ဆရာအပူအစပ်တွေနဲ့ လက်လုပ်ချဉ်ရယ် ရေခဲရေ အဲ့တာတွေ ရှောင်ခိုင်းပါတယ်ဆရာ။ ဆရာ့ရေးတဲ့အထဲမှာအစာပြွန်ရောင်တာရေးထားတာ မတွေ့လို့ သိချင်လို့ပါဆရာ။

အစာမျိုပြွန်ဆိုတာ ခံတွင်းကနေဆက်နေပြီး အောက်မှာ အစာအိမ်အထိတန်းနေတဲ့ပြွန်လိုနေရာဖြစ်တယ်။ ရင်ခေါင်းပိုင်းမှာ ရှိတယ်။ အဲတာရောင်နေရင် အစာမျိုတဲ့အခါနာမယ်။ GERD ခေါ် အစာခြေအရည်အထက်ဆန်ခြင်းကနေ အများဆုံး ဖြစ်စေတယ်။

Hiatal hernia ခေါ် အစာအိမ်ထပ်ပိုင်းနေရာက အူကျွံသလိုတက်တာကနေလည်းဖြစ်စေနိုင်တယ်။ aspirin, ibuprofen, naproxen ခေါ်အနာသက်သာဆေးတွေ၊ alendronate, ibandronate, risedronate ဆေးတွေ၊ clindamycin or tetracycline ပိုးသေဆေးတွေ၊ vitamin C, iron, potassium pills ဆေးတွေ၊ Steroid ဆေးတွေကနေလည်း ဖြစ်နိုင်တယ်။ HIV ရှိသူ၊ ဆီးချိုရှိသူ၊ ကျောက်ကပ်မကောင်းသူတွေမှာလည်း တချို့ ဖြစ်တတ်တယ်။ ဓါတ်ကင်ရသူတွေ၊ Scleroderma ရောဂါရှိသူ၊ အလာဂျီရှိသူတွေမှာလည်း ဖြစ်တတ်တယ်။

ရင်ပူမယ်။ အစာမျိုရင်နာမယ်။ ဆိုးရင် အရည်မျိုတာနဲ့နာမယ်။ ရင်ပတ်နာမယ်။ ချောင်းဆိုးမယ်။ တချို့ ပျို၊ အန်မယ်။ ဖျားမယ်။ ဗိုက်အောင့်မယ်။

Endoscopy ကိရိယာနဲ့စစ်ဆေးမယ်။ Barium X-ray ဓါတ်မှန်ရိုက်မယ်။

ကုသရာမှာ ဖြစ်စေတာကိုကုရမယ်။ ဆေးသောက်တာတွေသတိထားရမယ်။ GERD ကိုကုသရမယ်။ အစားအသောက်ကို နည်းနည်းနဲ့အကြိမ်ခွဲစားသင့်တယ်။ စားပြီးနောက် ၂-၃ နာရီအတွင်း လှဲမနေသင့်ပါ။ မအိပ်မီအစာစားတာမကောင်းပါ။ အရက်၊ ချောကလက်တွေက ပိုဆိုးစေတယ်။ စပ်တဲ့အစာတွေရှေင်ြသင့်တယ်။ အက်စစ်များတဲ ခရမ်းချဉ်သီး၊ လိမ်မော်သီး မသင့်ပါ။ ဆေးလိပ်မသောက်သင့်။ ကုတင်ခေါင်းရင်းကိုမြှင့်ထားသင့်တယ်။ အဝတ်အစား ချောင်တာဝတ်ပါ။ ကိုယ်အလေးချိန်များရင် လျှော့ချပါ။

Antacids အက်စစ်ဓါတ်ပျယ်ဆေးပေးမယ်။ Famotidine (Pepcid), omeprazole (Prilosec), ranitidine (Zantac) ဆေးတွေလည်းပေးတယ်။ တချို့ ခွဲစိတ်ရတယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

သွေးပေါင်ချိန်များနေခြင်းနှင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များနေခြင်း


လူငယ်များတွင် သွေးပေါင်ချိန်များနေခြင်းကိုအိုမီဂါ ၃ ဖက်တီ အက်ဆစ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပေးခြင်းဖြင့် ကာကွယ်နိုင်ဖွယ်ရှိကြောင်းကို American Heart Association’s Scientific Sessions ၂၀၁၆ တွင် တင်သွင်းခဲ့သော ကနဦးလေ့လာမှု တစ်ခုမှ သိရှိရပါသည်။ ငါးများနှင့် အပင်မှရသော အဆီအမျိုးအစားအချို့တွင် အများဆုံးပါဝင်လေ့ရှိ သော အိုမီဂါ ၃ ဖက်တီအက်ဆစ်သည် လူသားတို့အတွက် မရှိမဖြစ်လိုအပ် သော အဆီအမျိုးအစားတစ်ခုဖြစ်သည်။ အရွယ်ရောက်ပြီး လူငယ်လူရွယ်ပေါင်း ၂၀၃၆ယောက်တို့အား သွေးထဲရှိ အိုမီဂါ ၃ဖက်တီအက်ဆစ် ပမာဏနှင့် သွေးပေါင်ချိန်များကို တိုင်းတာမှတ်သားထားကာ လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပါဝင်သူများ၏ သွေးထဲရှိ အိုမီဂါ ၃ ဖက်တီအက်ဆစ်ပမာဏ အနည်းအများအပေါ်မူတည်ပြီး အုပ်စုလေးစုခွဲကာ လေ့လာခဲ့ရာတွင် အိုမီဂါ ၃ ဖက်တီအက်ဆစ်အများဆုံး ရှိနေသောအုပ်စုဝင်များသည် အပေါ် သွေး ၄ ယူနစ်နှင့် အောက်သွေး ၂ယူနစ်ခန့်အသီးသီးလျော့နည်းသည်ကိုတွေ့ရှိခဲ့သည်။ သွေးထဲတွင် အိုမီဂါ ၃ ဖက်တီအက်ဆစ်များလေလေ သွေးပေါင်ချိန်ပိုကျလေလေဖြစ် ပြီး အိုမီဂါ ၃ ဖက်တီအက်ဆစ် ကြွယ်ဝသော အစားအသောက်ပုံစံကို လိုက်နာရန် တိုက်တွန်းခြင်းသည် သွေးတိုးခြင်းကို တက်ဖျက်နိုင်မည့် နည်းဗျူဟာတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည် ဆိုထားပါသည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

အချင်းစားသောအကျင့်က မိခင်အပေါ် အကျိုးသက် ရောက်မှုရှိ၊ မရှိ


Placentophagy ဆိုတာက တော့ ကလေးမွေးပြီးနောက် အချင်းကို ပြန်စားသည့်အကျင့်ဖြစ်ပြီး၊ ယင်း ကုထုံးက ဥရောပတစ်လွှားမှာ တွင်ကျယ်လာတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ယင်းစနစ်ကို စတင်ခဲ့သူတွေကတော့ အချင်းစားခြင်းအကျင့်မှာ နို့တိုက် သတ္တ၀ါအားလုံးနီးပါးမှာ တွေ့ရတဲ့ သဘာဝဖြစ်ပြီး၊ ၎င်းင်းက လူသားမိခင် တွေကိုလည်း ကောင်းကျိုးတွေများစွာရစေပြီး စွမ်းအားတိုးစေသလို၊ စိတ်ခံစားမှုကောင်းစေပြီး၊ မီးတွင်းကာလကိုလည်း တိုစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ UNLVမှ မနုဿဗေ၀ ဆေးပညာသုတေသီတွေက လုပ်ခဲ့တဲ့ သုတေသနအရကတော့ အချင်းစားခြင်းက ကလေးမွေးပြီး မိခင်တွေမှာ သံဓာတ်ပါဝင်မှုကောင်းတဲ့ အာဟာရအရင်းအမြစ်ဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ယင်းကဲ့သို့ စားခြင်းအားဖြင့် မိခင်ရဲ့ သံဓာတ်အခြေအနေကို ကောင်းကျိုးရော ဆိုးကျိုးပါ မဖြစ်စေဘူးလို့ ဆိုပါတယ်။ ယင်းသုတေသန တွေ့ရှိချက်က အရေးကြီးပါတယ်။ အကြောင်းက ကိုယ်ဝန်ဆောင်စဉ် ရော ကလေးမွေးပြီးနောက်မှာပါ သံဓာတ်လိုအပ်ချက်က မြင့်မားပြီး မိခင်များအတွက် အဓိကပြဿနာဖြစ် တတ်ပါတယ်။ အချင်းစားခြင်းကို ထောက်ခံတဲ့သူတွေကတော့ အချင်းဟာ သံဓာတ်ပါဝင်မှု မြင့်မားသော အင်္ဂါဖြစ်တဲ့အတွက် ကလေးမွေးပြီး မိခင်တွေမှာ သံဓာတ်အားနည်းခြင်းကို လျော့ချနိုင်လိမ့်မယ်လို့ အဆိုပြု ခဲ့ကြပါတယ်။

လူသားတွေရဲ့ အချင်းစားတဲ့ အကျင့်က US အပါအ၀င် ဥရောပ တစ်လွှားမှာ ကျန်းမာရေးအကျိုး သက်ရောက်မှုကိုသိရရန် မည်သည့် တရားဝင်စမ်းသပ်မှုမှ လုပ်မထားပဲ ပြန့်နှံ့လျက်ရှိပါတယ်။ ဒါ့ကြောင့် သုတေသနလုပ်ခဲ့ရာ သုတေသနမှာ အမျိုးသမီး ၂၃ ဦးပါဝင်ခဲ့ပြီး ၁၀ ဦးမှာ ဆေးတောင့်ပုံစံပြုလုပ်ထားတဲ့ အချင်းဆေးကို တစ်ရက်သုံးကြိမ်နဲ့ ၄ ရက် အဲဒီနောက် တစ်ရက်နှစ်ကြိမ်နဲ့ ၈ ရက်နဲ့ တစ်ရက်တစ်ကြိမ်နဲ့ ကိုးရက်သောက်ခဲ့ပါတယ်။ ကျန် ၁၃ ဦး ကိုတော့ ယင်းသောက်နည်းအတိုင်း အာနိသင်မဲ့ ဆေးတွေပေးခဲ့ပါတယ်။ သွေးစစ်ဆေးမှုတွေကိုတော့ ကလေး မမွေးမီ၊ မွေးပြီး ၁ ပတ်နဲ့ ၃ ပတ် အကြာတို့မှာ လုပ်ခဲ့ပါတယ်။ ရလဒ် တွေမှာတော့ ထူးခြားတဲ့ပြောင်းလဲမှု တွေ မတွေ့ရဘူးလို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှားတတ်သော မျက်နှာအသားအရေ ထိန်းသိမ်းမှု


- ပွဲလမ်းသဘင်တက်၍ လူပုံအလယ် မျက်နှာလေး ၀င်းလက်နေစေချင် လျှင် မှန်ကန်သောအလှကုန်မျိုးကို သုံးရမှာဖြစ်သည်။ ညစဉ် မျက်နှာကို ကြမ်းတမ်းသော သဲဆပ်ပြာပါသည့် မျက်နှာသစ်များ သုံးခြင်းကို ရပ်တန့် ရမည်။ သုံးမိပါက လင်းလက်မှုများ ပျောက်ကွယ်၍ အသားအရေ ခြောက်သွေ့၊ မွဲကြမ်းရုံမက ချွေး ပေါက်ကျယ်ပြီး အမဲဆံများ ဖြစ်လာ မည်။

- အများစုက မျက်နှာကို လိမ်းချယ်ပြီး လည်တိုင်ကို မေ့နေတတ်ကြသည်။ ဤသည်ပင်လျှင် အကြီးမားဆုံး အမှားဖြစ်သည်။ လည်တိုင်အသား အရေသည် နူးညံ့သလောက် တင်း ရင်းမှု ပျက်ပြယ်ရန် လွယ်ကူသည် ဖြစ်ရာ ဂရုတစိုက်ဖြင့် moisturizer အစိုဓာတ်ထိမ်း cream (သို့) Lotion ကို အစဉ်တစိုက် လိမ်းပေးနေရ မည်။

- Rose oil (နှင်းဆီရည်) ကို အသုံးပြုပေးပါက အသားအရေကို ရေဓာတ်ပေးစွမ်းနိုင်ပြီး လင်းလက် နုပျိုမှုကိုလည်း ရရှိစေမည်။

- လစဉ်မျက်နှာဆေးခြင်းက အကျိုး ဖြစ်စေသော်လည်း ဆိုင်တွင်ပြုလုပ် ရန် ငွေကြေးကုန်ကျမှုကို မစွမ်းသာ ပါက မိမိအိမ်၌ပင် မျက်နှာပေါ်တွင် ခွာရသော Peel-off နှင့် မျက်နှာအား ဖြည့်မျက်နှာဖုံးကပ်ခွာများကို အသုံး ပြုပေးခြင်းဖြင့် အရေပြားကို ထိန်း သိမ်းနိုင်မည်။

- နေစဉ် မျက်နှာချေးချွတ်ခြင်းသည် နူးညံ့၍ ထိခိုက်လွယ်သော အသား အရေများအတွက် ကြမ်းတမ်းမှုဖြစ် စေပြီး လင်းလက်မှုများလည်း ပျောက်ကွယ်စေမည်။ အထူးသဖြင့် အသက် (၄၀) ကျော်သူတို့အဖို့ တပတ်လျှင် ၁ ကြိမ် (သို့) ၂ ကြိမ်သာ မျက်နှာချေးချွတ်သင့်သည်။

- နံနက်အချိန်၌ နို့ရည် cleanser ဖြင့် သန့်ရှင်းပါ။ ကြမ်းတမ်းသည့် မျက်နှာသစ်များကို မသုံးရပါ။ ဗီမာမင် စီ serum သည် ဓာတ်တိုး ဆန့်ကျင်မှုကြောင့် ပျက်စီးမှုများကို လျော့ချပြီး ခရမ်းလွန်ရောက်ခြည် မကျရောက်အောင် ကာကွယ်ပေး သည်။ အစိုဓာတ်ထိန်းဆေးပြီးလျှင် eye cream ကောင်းကောင်း သုံးဖို့ လိုသည်။

- ညအချိန်၌ နို့ရည်ဖြင့်ဆေး၍ Retinol cream ကို သုံးပါ။ ညတိုင်း သုံးရန်မလိုပဲ တစ်ပတ်ကို (၂) ညမျှ သာ အသုံးပြုပေးပါ။ ညဖက်၌ မိမိ အသားအရေအလိုက် မျက်နှာချေး ချွတ်ခြင်း (သို့) အိမ်သုံး peel off ကို အသုံးပြုပြီးမှ moiturizer ကို လိမ်း ရန်လိုသည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

လေဖြတ်ရောဂါဖြစ်စေတတ်သော အခြေခံရောဂါများ


၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊
၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊
၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊
၎။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊
၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း၊
စတဲ့ အခြေခံရောဂါတွေဟာ လေဖြတ်ဖို့ အင်မတန်မှ နီးစပ်တဲ့ရောဂါများ ဖြစ်ပါတယ်။


လေဖြတ်ရောဂါပျောက်ကင်းဖို့အတွက် လိုအပ်ချက်များ---

၁။ လူနာကိုယ်တိုင် ရောဂါပျောက်ချင်တဲ့စိတ်နဲ့ ကြိုးစားအားထုတ်ဖို့ လိုတယ်။
၂။ လူနာစောင့်မှ လက်ကလေးလှုပ်လိုက်ပါဦး၊ ခြေလေးလှုပ်လိုက်ပါဦး စသည်ဖြင့် အနားမှ လေ့ကျင့်ခန်းလုပ်ရန် သတိပေးလှုပ်ရှားခိုင်းနေရမယ်။
၃။ မိသားစုမှ လူနာပေါ် နားလည်မှုနဲ့ စိတ်ရှည်စွာ ဆက်ဆံရပါမယ်။
၎။ ကုသသောဆရာကောင်း ဖြစ်ရပါမယ်။
၅။ မိတ်သင်္ဂဟနှင့် အမြဲတွေ့ဆုံစေပြီး ဝိုင်းဝန်းအားပေးစကား ဆိုရပါမယ်။

လေဖြတ်ခြင်း ( paralytic stroke) အကြောင်းရေးသားထားသည့်ပို့ စ်များကိုလည်း ဆက်လက်ဖတ်ရှု့ စေချင်ပါတယ်ခင်ဗျာ အားလုံးနည်းပါ သိတော့ ဆောင်ရှောင်နိုင်ပါလိမ့်မည် ။
နာတာရှည်ရောဂါအပေါင်းမှ ကင်းဝေးပြီး အသက်ရာကျော် ရှည်ပါစေ ။

Mg Mandalay
https://www.facebook.com/mg.mandalay

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သတိထားရမယ့် (၁၀) မျိုး


အစဦးကိုယ်ဝန်ဆောင်စဉ် ၃ လအတွင်းမှာ သတိပြုရမယ့်အချက် တွေ အများကြီးရှိပါတယ်။ အသီး အရွက်တွေထဲမှာတောင် ရှောင်ကျဉ်ရမယ့်အရာတွေ ရှိနေပါသေးတယ်။ သန္ဓေသားအတွက် ထိခိုက်မှုတွေ ရှိနိုင်ပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်နိုင်ခြေရှိပါတယ်။ ကိုယ်ဝန် ဆောင် အမျိုးသမီးတိုင်းကိုတော့ ဒုက္ခမပေးနိုင်ပေမယ့် ရှောင်ကျဉ် သင့်တဲ့ အစာတွေအဖြစ်တော့ သတ်မှတ်နိုင်ပါတယ်။ ကာကွယ်ခြင်း က ကုသခြင်းထက် ပိုကောင်းမွန်ပါ တယ်။ ဒီလိုအသီးအရွက်တွေက သွေးထွက်ခြင်း၊ သားအိမ်ကျုံ့ခြင်း၊ သားအိမ်ခေါင်းကျယ်ခြင်း စတာတွေ ဖြစ်လာစေနိုင်ပါတယ်။

(၁) နာနတ်သီး
နာနတ်သီးကို ကိုယ်ဝန် ဆောင်စဉ် ပထမ ၃ လအတွင်း မစားတာ ပိုကောင်းပါတယ်။ နာနတ်သီးမှာပါတဲ့ Brometain က သားအိမ်ကို ပျော့ပြောင်းကာ ကျုံ့သွားစေနိုင်ပါတယ်။ ဒါကြောင့် ပထမ ၃ လအတွင်း နာနတ်သီးစား ခြင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းတွေ ကို ရှောင်ကျဉ်ပေးပါ။

(၂) သင်္ဘောသီး
သင်္ဘောသီးအစိမ်းကို ပိုရှောင် ကျဉ်သင့်ပါတယ်။ မမှည့်သေးတဲ့ သင်္ဘောသီးမှာပါတဲ့ နညဖပာနျ တွေ က သားအိမ်ကိုကျုံ့စေပြီး ကိုယ်ဝန် ပျက်ခြင်းတွေ ဖြစ်စေပါတယ်။

(၃) အညှောင့်ပါတဲ့အာလူး
ကိုယ်ဝန်ဆောင်တွေအတွက်မှ မဟုတ်ပါဘူး။ လူတိုင်းမစားသင့်ပါ ဘူး။ အညှောင့်တွေမှာ အဆိပ်ဓာတ် ပါပြီး မိခင်ရောကလေးကိုပါ ဒုက္ခ ရောက်စေပါတယ်။ အညှောင့်မှာပါတဲ့ Enzymes က သန္ဓေသားကြီးထွား မှုကို ဒုက္ခပေးပါတယ်။

(၄) ပန်းသီးရိုင်း (Wild apple)
ချဉ်ခါးပြီး ချိုတဲ့အရသာလည်း အနည်းငယ်ပါတဲ့ ပန်းသီးရိုင်းက အရင်တုန်းကတော့ ကိုယ်ဝန်ဆောင် တွေ မူးဝေအော့အန်ခြင်း သက်သာ အောင် ကျွေးလေ့ရှိတဲ့ အသီးတစ်မျိုး ပါ။ ပန်းသီးရိုင်းက သားအိမ်ကို ကျုံ့စေ၊ ညှစ်စေကာ ပြဿနာများစေ ပါတယ်လို့ လေ့လာမှုတွေအရ သိ ရပါတယ်။ အချိန်မတန်ပဲ ကလေး မွေးဖွားခြင်းတွေကိုလည်း ဖြစ်စေနိုင် ပါတယ်။

(၅) သစ်တော်သီး (Peach)
သွေးထွက်ခြင်း၊ ကိုယ်ဝန်ပျက် ကျခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

(၆) မြင်းခွာရွက်
ပုံမှန်အားဖြင့်တော့ မြင်းခွာ ရွက်က ကျန်းမာရေးအကျိုးကျေးဇူး တွေ များစွာရရှိစေပါတယ်။ သွေးတိုး ကျစေခြင်း၊ နုပျိုစေခြင်းတွေအပြင် အဆိပ်အတောက်ကင်းစင်စေနိုင်ပါ တယ်။ ဒါပေမယ့် မြင်းခွာရွက်စား သုံးတဲ့အမျိုးသမီးတွေက ကိုယ်ဝန်ရှိဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ သိရ ပါတယ်။

(၇) Sesame Seed
ကိုယ်ဝန်ဆောင်စဉ်မှာ လုံးဝ မစားမိပါစေနဲ့။ ပျားရည်နဲ့ရောပြီး စားမိရင် ပိုဆိုးပါတယ်။ ချက်ချင်းကိုပဲ ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

(၈) ရှားစောင်းလက်ပတ်
အလှအပရေးရာ အတွက် အသုံးဝင်တဲ့ ရှားစောင်းလက်ပတ်က ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ စားသုံး မိရင်တော့ သွေးထွက်များစေကာ ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ခါစ အစဦးပိုင်းတွေ မှာ လုံးဝကို ရှောင်ကျဉ်ရမှာပါ။

(၉) တိရစ္ဆာန်အသည်း
အဆိပ်ဓာတ်တွေများစွာပါဝင် နိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ အတွက် ပြဿနာရှိပါတယ်။ ဗီတာမင် A နဲ့ ကိုလက်စထရောတွေ လည်း များစွာပါဝင်ကာ သန္ဓေသားကို ပြဿနာပေးနိုင်ပါတယ်။

(၁၀) ဒန့်သလွန်သီး
အန္တရာယ်အများဆုံး အသီးဖြစ် ပါတယ်။ အရွက်နဲ့ အပွင့်တွေမှာ ဗီတာမင် C၊ ကယ်ဆီယမ်၊ နို့၊ ဗီတာမင် A၊ သံဓာတ်၊ ပိုတက်ဆီယမ် စတာတွေ ပါဝင်ပေမယ့် alpha-sitosteral ခေါ်တဲ့ ကိုယ်ဝန်ဆောင် ခြင်းကို တားဆီးပေးတဲ့အရာလည်း ပါဝင်နေပါတယ်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

စိတ်ကျန်းမာရေးပြဿနာတွေကိုကုသရာမှာ ခုခံအားစနစ်လည်း အရေးပါ


စိတ်ဖိဆီးမှုတွေ ထပ်ခါထပ်ခါ ကြုံလာရတဲ့အခါ ခုခံအားစနစ်မှာ ပါဝင်တဲ့ ဘေလုံး (spleen) ထဲမှာရှိသော သွေးဖြူဥဆဲလ်တွေက ဦးနှောက်ကို သတင်းပေးမှုတွေ လုပ်ဆောင်ပြီး အမူအကျင့်ပြောင်းလဲခြင်းတွေကို ဖြစ်ပေါ်စေပါတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသီတွေက ထပ်ခါထပ်ခါ စိတ်ဖိစီးမှုကြုံနေရသူတွေမှာ ခုခံအား စနစ်နဲ့ ဦးနှောက်ကြား ဘယ်လိုဆက်စပ်နေတယ်ဆိုတာ သိရဖို့ လုပ်ဆောင်ခဲ့ကြရင်း အထက်က တွေ့ရှိချက်ကို တွေ့ခဲ့ကြတာပါ။ ယခုတွေ့ ရှိချက်ကြောင့် အနာဂတ်မှာ စိတ်ကျန်းမာရေးဝေဒနာအချို့ကို ကုသရာတွင် ခုခံအားစနစ်ကို ပစ်မှတ်ထား ကုသနိုင်မယ်ဆိုတဲ့ လမ်းကြောင်းသစ်ကို တွေ့ရှိခဲ့ကြပါတယ်။ သုတေသနကို ကြွက်တွေမှာ လုပ်ဆောင်ခဲ့ပြီး ကြွက်တွေမှာ တစ်လလောက် ဖိစီးမှုတွေကို ဆက်တိုက်ကြုံလာတဲ့အခါ ခုခံအားဆဲလ်တွေ ပြောင်းလဲလာတာ ကို တွေ့ရပါတယ်။

ဖိစီးမှုတွေက ဗီဇဆဲလ်တွေကို ရိုးတင်းချဉ်ဆီမှ ထုတ်လုပ်ပြီး ဘေလုံးသို့ ပို့ဆောင်တဲ့ သံသရာကို ပိုမြန်လာစေပါတယ်။ ရိုးတွင်းချဉ်ဆီက ထုတ်ပေးလိုက်တဲ့ ဗီဇဆဲလ်တွေက ဘေလုံးဆီရောက် တဲ့အခါ သွေးဖြူဥဆဲလ်တွေအဖြစ် ရင့်ကြက်သွားစေပြီး၊ ၎င်းင်းအထဲမှာပဲ ဆက်လက်သိမ်းဆည်းထားတာ တွေ့ ရပါတယ်။ ဒါကြောင့် ဘေလုံးက ကာလကြာရှည် ဖိစီးမှုခံထားရတဲ့ ကြွက်တွေမှာ စိတ်တိုဒေါသထွက်မှုတွေ မှတ်ဥာဏ်ဆိုင်ရာပြဿနာတွေ ရဲ့ မရှိမဖြစ် အကြောင်းအရင်းခံတစ်ခု ဆိုတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့သုတေသနမှာ ကာလ ကြာရှည် ဖိစီးမှုတွေနဲ့ ကြုံလာရတဲ့ ကြွက်တွေမှာ နာတာရှည် စိတ်တို ဒေါသထွက်လွယ်တာတွေ၊ စိတ်ကျ ဝေဒနာတွေ ကြုံလာရတာကို တွေ့ရ ပါတယ်။ လူတွေမှာ ယင်းအခြေအနေက ဒဏ်ရာလွန်စိတ်ဖိစီးမှုဝေဒနာ (PTSD) နဲ့ သွားတူနေတာကို တွေ့ရပါတယ်။ ဒါကြောင့် လူတွေမှာ PTSD နဲ့ ကြုံထားရတဲ့သူတွေက စိတ်တို ဒေါသထွက်လွယ်တာ၊ စိတ် ဓာတ်ကျတာ စတဲ့အမူအကျင့်တွေ ကြုံလာရခြင်းမှာ ခုခံအားစနစ်က လည်း တစိတ်တပိုင်းပါဝင်လာတယ် လို့ တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေက ကျွန်တော်တို့တွေ ဦးနှောက်နဲ့ ခန္ဓာကိုယ်၊ ခန္ဓာကိုယ်နဲ့ ဦးနှောက် ဆက်နွယ်နေတဲ့ နှစ်လမ်းသွားစနစ် ကြီးရဲ့ ပဟေဠိအပိုင်းအစတွေကို တစ်စတစ်စ ပိုမိုတွေ့ရှိလာပါပြီ လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်။ (Ten Warning Signs of Paralysis)


၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ.....


Mg Mandalay
https://www.facebook.com/mg.mandalay

ကာကွယ်မနှေး စမ်းသပ်ပေး


ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ် များတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် တချို့ အမျိုးသမီးတွေဟာ ရင်သား ကင်ဆာ ဖြစ်မှာကို အလွန်အကျွံ စိုးရိမ်ပူပန် တတ်ကြပါတယ်။

ဒါပေမဲ့ ရင်သားမှာအဖု၊ အကျိတ်၊ အသီး၊ အရည်အိတ်စတာတွေ ဖြစ်ပေါ်တိုင်း ကင်ဆာဖြစ်ပြီလို့ အလွန်အကျွံ မစိုးရိမ်ပါနဲ့။ ဖြစ်နိုင်တဲ့ အကြောင်းရင်း တွေက အများအပြားရှိတာကြောင့်ပါ။

ရင်သားကင်ဆာဟာ သွေးဆုံးပြီး အမျိုးသမီးတွေ၊ မိသားစု မျိုးရိုးမှာ ရင်သား ကင်ဆာ ရောဂါ ရာဇဝင်ရှိသူတွေ ဒါမှမဟုတ် ရင်ဘတ်နေရာ တစ်ဝိုက်မှာ ဓာတ်ကင်ဖူးသူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုရင်သား ကင်ဆာ ဖြစ်နိုင်ခြေသူတွေ အနေနဲ့ ပိုသတိထားပြီး ကိုယ့်ရင်သားကို အမြဲစစ်ဆေးနေသင့်ပါတယ်။

ရင်သားကင်ဆာ ကာကွယ်ဖို့ တိကျတဲ့နည်းလမ်း မရှိပေမယ့် အသီးအရွက်များများ စားတာ၊ အနီရောင် အသားနဲ့ တိရစ္ဆာန် အဆီတွေနည်းနည်းပဲ စားတာ၊ ဆားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ကျင့်သုံးသူတွေမှာ ကင်ဆာဖြစ်ပွားမှု လျော့နည်းနိုင်ပါတယ်။

သွေးဆုံးပြီးနောက် အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတဲ့ အတွက် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ဖို့လည်း အရေးကြီးပါတယ်။

အရက်သောက်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေတဲ့အတွက် အရက်သောက်တတ်ရင် လျှော့သောက်ပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

Medical tests for all women အမျိုးသမီးတိုင်းလိုအပ်တဲ့ ဆေးစစ်ခြင်းများ


ကျန်းမာနေဘို့ ရောဂါကြီးတွေ မခံစားရခင်ကတည်းက ပုံမှန်ဆေးစစ်နေသင့်တယ်။ ကိုယ့်အသက်၊ သူများအသက်တွေကို ကာကွယ်နိုင်တယ်။ သားအိမ်-ကင်ဆာ စစ်ဆေးနည်းနဲ့ ရင်သား စစ်ဆေးနည်းတွေကို ပုံမှန်စစ်နေသင့်တယ်။ တချို့ ရောဂါတွေကိုလဲ ကိုယ်ဟာ ရောဂါဖြစ်နိုင်တဲ့-ကူးနိုင်တဲ့ အတန်းအစားထဲမှာပါနေရင် စစ်ရလိမ့်မယ်။ အစောဆုံး သိလာရင် စောစောကုသဘို့ အခွင့်သာပြီး အသက်ပိုရှည်ရှည် နေနိုင်ပါမယ်။ ဘာလို့ အရေးကြီးတာလဲ။ ကင်ဆာလို၊ ဆီးချိုလို ရောဂါတွေကို ရောဂါလက္ခဏာ မပေါ်ခင်ကတည်းက စမ်းလို့သိနိုင်တယ်။ ဘယ်နည်းနဲ့ စမ်းရသလဲဆိုတာ အသက်၊ ဖြစ်နိုင်ခြေ အန္တရာယ်များဆိုတဲ့ အချက်တွေအပေါ်မူတည်တယ်။ ဆေးစစ်နည်းပေါင်း တဒါဇင်ရှိပါတယ်။

(၁) ရင်သားကင်ဆာ
စောစောသိလေး အသက်ပိုရှည်ရှည်နေနိုင်လေဖြစ်တယ်။ အသေးဆုံးကတည်းက သိရင် ပျောက်သွားအောင် ခွဲစိတ်ထုတ်ပြစ်နိုင်တယ်။ သိပ်သေးတုံးမှာ တက်စေ့တို့ အဆုပ်တို့ ဦးနှောက်တို့ဆီ မပြန့်သေးဘူး။ အသက် ၂ဝ-၃ဝ ကြားအမျိုးသမီးတွေ ၃ နှစ်တခါ ရင်သား-ကင်ဆာကို စစ်နေသင့်တယ်။ (မင်မိုဂရမ်) အမေရိကန် ကင်ဆာ အဖွဲ့ကနေ အသက် ၄ဝ ကျော်သူတိုင်း တနှစ်တခါလုပ်ဘို့ လမ်းညွှန်ထားတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ဆောင်မှု အင်အားစုအဖွဲ့ကတော့ ၅-၇၄ နှစ်ရှိသူတွေ ၂ နှစ်တခါလုပ်ခိုင်းတယ်။ အဲလို ဓါတ်ရောင်ခြည် နည်းနည်းလေး သုံးပြီး စမ်းသပ်နည်းကနေ လက်နဲ့စမ်းလို့မရခင် ၃ နှစ်မတိုင်ခင်ကတည်းက တွေ့နိုင်တယ်။ ဒါတောင်မှ ပုံမှန် (မင်မိုဂရမ်) မှာ မတွေ့တိုင်း ကင်ဆာ မရှိတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။

(၂) သားအိမ်ခေါင်းကင်ဆာ
သားအိမ်အဝနေရာကို (HPV) ဗိုင်းရပ်စ်ပိုး ခဏခဏ ကူးစက်တာခံရရင် သားအိမ်ခေါင်း-ကင်ဆာ ဖြစ်ဘို့ အန္တရာယ်များတယ်။ စောစောစမ်းလို့ သိရင် ပျောက်အောင် ကုဘို့လဲ လွယ်တယ်။ ကင်ဆာမတိုင်ခင် (ဆဲလ်) တွေ မူမမှန် ဖြစ်ကတည်းက သိနိုင်တယ်။ Pap test (ပက်ပ်-တက်စ်) နည်းလုပ်ပါတယ်။ အမေရိကားမှာ အသက် ၂၁ နှစ် မိန်းကလေးတိုင်းကိုစစ်စေတယ်။ သားအိမ်ခေါင်း-ကင်ဆာ ကာကွယ်ဆေးလဲ ရှိနေပြီ။ Gardasil ဆေးကို အသက် ၉-၂၆ နှစ်တွေကိုထိုးစေတယ်။ အဖြစ်အများဆုံးဖြစ်စေတဲ့ HPV ဗိုင်းရပ်စ် ၄ မျိုးကနေ ကာကွယ်ပေးမယ်။ Cervarix ကာကွယ်ဆေးကို ၁ဝ-၂၅ နှစ်သမီးတွေအတွက်ထိုးပေးတယ်။ ပိုး ၂ မျိုးကို ကာကွယ်ပေးမယ်။ သားအိမ်ခေါင်းကင်ဆာ တိုင်းက ဒီ HPV အမျိုးအစားတွေကြောင့် ဖြစ်ရတာတော့ မဟုတ်ပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးထားလဲ (ပက်ပ်-တက်စ်) လုပ်နေသင့်တယ်။

(၃) အရိုးပျော့ရောဂါ
အရိုးတွေ အရင်ကလောက် မသန်မာဘဲ ကျွတ်ဆတ်လာတဲ့ရောဂါဖြစ်တယ်။ ကျိုးလွယ်လာမယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်နောက်ပိုင်း ပိုဖြစ်တတ်တယ်။ တော်တော်တန်တန် ထိခိုက်ခံရတာနဲ့ ကျိုးလွယ်မယ်။ အသက် ၅ဝ ကျော်ရင် Osteoporosis Screening Tests လုပ်သင့်တယ်။ Dual Energy X-ray Absorptiometry (DXA) လို့ ခေါ်တယ်။ အရိုးရဲ့ သိပ်သီးမှုကို စစ်နိုင်တယ်။ သူတို့ဆီမှာ ၆၅ နှစ်ကျော်သူတိုင်းကို စစ်စေတယ်။

(၄) အရေပြားကင်ဆာ
ကြောက်စရာအကောင်းဆုံးက မလင်နိုးမားဖြစ်တယ်။ အရေပြားရဲ့ အရောင်ခြယ် ဆဲလ်တွေမှာ ဖြစ်တယ်။ တချို့ အမျိုးသမီးတွေက မျိုးရိုးလိုက်ဖြစ်ကြတယ်။ နေလောင်တာ၊ နေစာလှုံတာတွေကနေလဲ ပိုဖြစ်စေနိုင်တယ်။ တခြား အရေပြားကင်ဆာတွေက Basal cell နဲ့ Squamous cell skin cancers တွေဖြစ်တယ်။ စောစောသိရင် စောစောကုလို အသက်ပိုရှည်နိုင်တယ်။ အမေရိကန်ကင်ဆာအသင်းနဲ့ အမေရိကန် အရေပြားအကယ်ဒမီ တွေကနေ လမ်းညွှန်ထားတာက အရေပြားတနေရာရာမှာ အရောင်။ ပုံပန်း၊ အရွယ်အစား ပြောင်းလဲလာတာတွေရှိရင် ဆေးစစ်ပါ။

(၅) သွေးတိုး
အသက်ရလာလေလေ သွေးတိုးဖြစ်နိုင်လေ။ ကိုယ်အလေးချိန် များလေလေ ဖြစ်နိုင်လေ။ လူနေမှုပုံစံနဲ့လဲ ဆက်စပ်နေတယ်။ သွေးတိုးကြောင့် ဆိုးလှတဲ့ ကျန်းမာရေး အန္တရာယ်တွေ ဆက်ဖြစ်လာနိုင်တယ်။ သွေးကြောဖေါင်း ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ရောဂါတွေပါတယ်။ အကြမ်းအားဖြင့် ပုံမှန် သွေးဖိအားက 120/80 ရှိရမယ်။ 140/90 ထက်ကျော်ရင် သွေးတိုး ရှိချင်နေပြီလို့ သတ်မှတ်တယ်။

(၆) ကိုလက်စထော အဆီဓါတ်
အမျိုးအစား ၂ ခုထဲက LDL များနေရင် မကောင်းဘူး။ ကိုလက်စထောအဆိုး ခေါ်တယ်။ သွေးလွှတ်ကြောကျဉ်းတာ-မာတာဖြစ်စေနိုင်တယ်။ အလွှာ ပေါ်လာမယ်။ ကြာလာရင် နှလုံးအတက်ရတာနဲ့ ဦးနှောက်သွေးကြော မတော်တဆတွေ ဆက်ဖြစ်လာနိုင်တယ်။ ဒါ့အပြင် ဆီးချိုနဲ့ ဆေးလိပ်သောက်တာ ဆက်စပ်နေတယ်။ ကိုလက်စထောတိုင်းတယ်ဆိုတာ Fasting blood lipid panel ခေါ်တယ်။ LDL မကောင်းတဲ့အမျိုးအစား၊ HDL ကောင်းတဲ့အမျိုးအစားနဲ့ Triglyceride အမျိုးအစားတွေကို သိနိုင်တယ်။ အသက် ၂ဝ ကျော်ရင် ၅ နှစ်တခါ စစ်နေပါ။

(၇) ဆီးချိုအမျိုးအစား ၂
တိုးတက်တဲ့နိုင်ငံတွေမှာတောင် ၃ ပုံ ၁ပုံက ဆီးချိုရှိနေတာကို မသိကြဘူး။ သူတို့ဆီမှာ သေဆုံးရခြင်းအကြောင်းရင်မှာ ဆဌမလိုက်တယ်။ ဆီးချိုနဲ့ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်စိကွယ်တာ၊ အာရုံကြောထိခိုက်တာတွေ ဆက်-တွဲဖြစ်နိုင်တယ်။ ဆီးချိုကို စောစာသိရင် အစားဆင်ခြင်၊ လေ့ကျင့်ခန်းလုပ်၊ ကိုယ်အလေးချိန်လျှော့တာနဲ့ ထိန်းထားနိုင်တယ်။ အစာမစားဘဲသွေးထဲမှာရှိတဲ့သကြားဓါတ် စစ်နည်းနဲ့ စမ်းရတယ်။ သွေးထဲကသကြားဓါတ် 100 to 125 ဆိုတာ ဆီးချို ဖြစ်ချင်ချင်လို့ သတ်မှတ်တယ်။ 126 ထက်များရင် ဆီးချို။ ၄၅ နှစ် ကျော်သူတိုင်း ကောင်းနေပေမဲ့ ၃ နှစ်တခါ စစ်နေပါ။ မျိုးရိုးရှိသူတွေ အလားအလာရှိသူတွေက ဒိထက်စောစော စစ်နေသင့်တယ်။

(၈) HIV
အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ပိုးရှိနေရင် AIDS ဖြစ်လာနိုင်တယ်။ သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေထဲမှာပါနေလို့ ဒါတွေကနေ ကူးစက်စေနိုင်တယ်။ ဖြစ်ရင် ပျောက်သွားတဲ့အထိ ကုလို့ မရသေးဘူး ကာကွယ်ဆေးလဲ မပေါ်သေးဘူး။ ဒါပေမဲ့ စောစောသိရင် သူများတွေကို မကူးအောင်၊ ဖြစ်နေတာ သက်သာအောင် လုပ်လို့ရတယ်။ အရင်ဆုံး ELISA or EIA နည်းနဲ့စမ်းရတယ်။ သွေးထဲမှာ HIV အင်တီဘော်ဒီ ရှိ-မရှိစစ်တာဖြစ်တယ်။ နောက်တဆင့် Western blot assay နည်း ဖြစ်တယ်။ သေခြာအောင် လုပ်တာပါ။ ဒါတောင် ထပ်စမ်းရသေးတယ်။ အများအားဖြင့် ပိုးဝင်ခံရပြီး ၂ လနေရင် စမ်းတော့ အပေါင်းပြတယ်။ တချို့က ၆ လနေမှပြတယ်။ အန္တရာယ်ရှိသူနဲ့ လိင်မဆက်ဆံဘဲနေတာနဲ့ ကွန်ဒွမ်သုံးပြီး ဆက်ဆံနည်းနဲ့သာ အကောင်းဆုံးကာကွယ်နိုင်တယ်။ တခြား လိင်ကတဆင့်ကူးစက်ရောဂါတွေကိုပါ ကူးမလာအောင် ဆင်ခြင်မှ HIV လဲ ကူးလာဘို့ အခွင်မသာဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်မှာ ပိုးတွေ့ရင် ဆင်ခြင်စရာတွေ အများကြီး လုပ်ရမယ်။

(၉) အူမကြီးအစာဟောင်းအိမ်ကင်ဆာ
ကင်ဆာကြောင့်သေဆုံးရတာထဲမှာ ဒုတိယလိုက်တယ်။ အမျိုးသမီးတွေမှာ အဆုပ်-ကင်ဆာ နဲ့ ရင်သားကင်ဆာ ပြီးနောက် တတိယလိုက်တယ်။ ဖြစ်ကာစမှာ အူမကြီး အသီးလေးကနေမှ ကင်ဆာဖြစ်လာလို့ ဒီအဆင့်မှာသိပြီး ကုသသင့်တယ်။ Colonoscopy နည်းနဲ့ စစ်ရင် စောစောသိမယ်။ စစ်နေရင်းနဲ့ တွေ့ရင် တခါထဲ ထုတ်ပြစ်နိုင်တယ်။ Flexible sigmoidoscopy ကရိယာကိုလဲ သုံးတယ်။ အသက် ၅ဝ ကျော်ရင် စစ်ဆေးသင့်တယ်။

(၁ဝ) မျက်စိရေတိမ်
မျက်စိအာရုံကြောကို ပျက်စီးစေလို့ မျက်စိကွယ်စေနိုင်တယ်။ မူလဒေါင့်ကျယ် ရေတိမ်အမျိုးအစားက အများဆုံးဖြစ်တယ်။ ရောဂါလက္ခဏာ မခံစားဘဲနေလို့ သိရင် နောက်ကျနေတတ်တယ်။ အသက် ၄ဝ ကျော်ရင် ၂-၄ နှစ်တခါ စစ်သင့်တယ်။ မိသားစုရာဇဝင်ရှိသူ၊ မျက်စိ ခိုက်မိဘူးသူ၊ စတီရွိုက်ဆေးသောက်ဘူးသူတွေက ပိုဂရုစိုက်ဘို့ လိုတယ်။

(၁၁) အသည်းရောင် (ဘီ)
ဗိုင်းရပ်စ်ပိုးကနေဖြစ်စေတယ်။ ပိုးဝင်ကာစမှာ အားယုတ်တာ၊ ဆီး-မျက်လုံးဝါတာ၊ ပျို့-အန်ချင်တာ လောက်သာ ခံစားရတယ်။ သူတို့ထဲက ၁-၃% ကနေ ရောဂါသယ်ပို့နေသူတွေ ဖြစ်လာမယ်။ အသဲမှာ နာတာရှည် ရောင်တဲ့အဆင့်ကနေ အသဲ-ကင်ဆာ တချိန်မှာ ဖြစ်လာနိုင်တယ်။ (HBsAg) test နည်းနဲ့ ပိုးရှိ-မရှိစစ်တယ်။ ကိုယ်ဝန်ဆောင်မှာ စစ်တာ အရေးကြီးတယ်။ သူ့ကလေးကို ကူးနိုင်တယ်။ မွေးမွေးချင်း ဆေးတွေထိုးရမယ်။ တခါစစ်လို့ မတွေ့တိုင်းတော့ ပိုးဝင်မထားဘူးလို့ ပြောမရသေးဘူး။ ထပ်စစ်ရမယ်။ (anti-HBs) test နည်းက အပေါင်းပြနေသူဟာ HBV (အင်တီဘော်ဒီ) တွေရှိနေတာမို့ ရောဂါကို ခံနိုင်ရည်ရှိသူ ဖြစ်တယ်။ ကာကွယ်ဆေး ထိုးထားသူတွေလဲ အဲလိုပြမယ်။ (anti-HBc) စမ်းသပ်နည်း အပေါင်းပြတယ်ဆိုတာ HBV ရောဂါရှိနေတာဖြစ်တယ်။ နာတာရှည် အသဲရောင်နေတယ်။ သူများကိုလဲ ကူးစေနိုင်တယ်။ ဒါမှမဟုတ် လတ်တလော ကူးစက်ခံထားရပြီး နလံထနေတယ်၊ ခံနိုင်ရည်လဲ တစိတ်တပိုင်း ရှိနေတာဖြစ်မယ်။ နောက်ထပ် စမ်းသပ်နည်း ၂ ခုထပ်လုပ်ရမယ်။ E antigen blood test နည်းက အပေါင်းပြနေရင် သွေးထဲမှာ ဗိုင်းရပ်စ်တွေ အများကြီးရှိနေပြီး၊ သူများကို အလွယ်တကူ ကူးစက်စေမယ်။ Hepatitis B DNA test စမ်းနည်းကနေ Viral load သွေးထဲမှာ ဗိုင်းရပ်စ်တွေ ဘယ်လောက်များနေသလဲ သိစေတယ်။ ဆေးကုတာ ထိရောက်မှု ကို တိုင်းတာနိုင်တယ်။ Liver function tests နည်းနဲ့ အသဲအခြေအနေကို သိစေတယ်။ အသဲအသားစထုတ်ယူစစ်ဆေးနည်း လုပ်ရင် အသဲရောဂါကို အသေအခြာ သိမယ်။

(၁၂) အသည်းရောင် (စီ)
Anti-HCV test နည်းနဲ့ အင်တီဘော်ဒီ ရှိ-မရှိ သိနိုင်တယ်။ ပိုးဝင်ထားတာ အသစ်လား၊ အဟောင်းလား ခွဲမရဘူး။ HCV recombinant immunoblot assay (RIBA) test ကိုလဲ တွဲလုပ်နိုင်တယ်။ HCV antibodies ကိုဘဲ စမ်းတယ်။ ဒီ ၂ နည်းက အတူတူသဘောသာ သိရမယ်။ HCV RNA test ဆိုတာ အရည်အသွေး စမ်းတာ ဖြစ်တယ်။ Positive ဒါမှမဟုတ် Detected ဆိုတာ HCV viral RNA တွေ့လို့ဖြစ်တယ်။ Negative ဒါမှမဟုတ် Not detected ဆိုတာကို ဆေးကုသအပြီး စမ်းတယ်။ အခုဒီနည်းတွေကို သိပ်မလုပ်တော့ဘူး။ HCV Viral Load (HCV RNA test, Quantitative) နည်းက သွေးထဲမှာ viral RNA particles တွေဘယ်လောက်များလဲသိစေမယ်။ Viral load tests နည်းကို ဆေးကုနေစဉ် လုပ်တယ်။ ဆေးကုကာစ ၃ လမှာ ခဏခဏစစ်တယ်။ ဆေးကုတာ အောင်မြင်ရင် ၄-၁၂ ပါတ် နေတော့ ၉၉% ကျသွားမယ်။ Viral genotyping နည်းက အမျိုးအစားခွဲသိစေတယ်။ အဓါကအမျိုးအစား ၆ ခု ရှိတယ်။ USPSTF အဖွဲ့က ရောဂါလက္ခဏာ မရှိသူတွေကို Screening for (HCV) infection စမ်းဘို့ မလိုဘူးလို့ ဆိုတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

အမျိုးသားလိင်အင်္ဂါကင်ဆာများ


ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်းများစေတဲ့အချက်တွေကို သိချင်ပါတယ်။

အမျိုးသားကင်ဆာလူနာသစ်များရဲ့ လေးပုံပုံတစ်ပုံက ဆီးကျိတ်ကင်ဆာ ဖြစ်ပါတယ်။ အသက် ၅၀ ကျော်လာခြင်း၊ မျိုးရိုးထဲမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးသူရှိခြင်း၊ ဗီဇပါလာခြင်း၊ အနီရောင်အသားများ အစားများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လုပ်ငန်းခွင်မှာ ကင်ဆာဖြစ် စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့မှုရှိခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါရှိခြင်း၊ အသက် ၃၀ နှစ်အောက် အရွယ်မှာ သားကြောဖြတ်ထားခြင်း စသူတို့မှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားတတ်ပါ တယ်။

စောစောစီးစီးတွေ့ရတဲ့သတိပေး လက္ခဏာတွေရောရှိပါလား။

ဆီးကျိတ်ကင်ဆာကတော့ စောစောပိုင်းကာလတွေမှာ ဝေဒနာခံစားရလေ့မရှိပါဘူး။ ရောဂါအဆင့် မြင့်လာရင်တော့ တွေ့နိုင်တဲ့ လက္ခဏာတွေရှိပါတယ်။ အဲဒါတွေကတော့ ဆီးသွားတဲ့အခါ နှေးသွားခြင်း ဒါမှမ ဟုတ် အားနည်းသွားခြင်း၊ ခဏခဏဆီးသွားရန် လိုအပ်လာခြင်း၊ ဆီးထဲမှာသွေးပါလာခြင်း၊ လိင်တံမာတောင့် ရန် အခက်အခဲရှိခြင်း စတာတွေဖြစ်လာတတ်ပါတယ်။ တင်ပါး၊ ခါးနဲ့ရင်ဘတ် ဒါမှမဟုတ် ကင်ဆာပျံ့နှံနေတဲ့ နေရာတွေကနေ နာကျင်လာတာ။ ခြေထောက်နဲ့ခြေချောင်းများထုံခြင်း ဒါမှမဟုတ် အားနည်းလာခြင်း၊ ဆီးနဲ့ ၀မ်းမထိန်း ချုပ်နိုင်တော့ခြင်းစတာတွေ ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ ခွဲခြားဖို့ဆင်တူတဲ့ရောဂါ တစ်မျိုးရှိပါသေးတယ် အဲဒါကတော့ BPH ဆိုတာပဲဖြစ်ပါတယ်။

စောစီးစွာထောက်လှမ်းဖော်ထုတ် ရတာတွေရှိပါလား

ဆီးကျိတ်ကင်ဆာအတွက် စအိုအတွင်းလက်ချောင်းသွင်းပြီး စမ်းသပ်တာကလွယ်ကူတယ် ဆိုပေမယ့် PSA ထက်တော့ထိရောက်မှုနည်းပါတယ်။ PSA ( Prostatic Specific Antigen) လို့ ခေါ်တဲ့ သွေးထဲမှာ PSA ပမာဏတိုင်းတာတာကိုပြောတာပါ။ အသက် ၅၀ အရွယ်မှစပြီး စစ်ဆေးပေးဖို့ပါတယ်။ မိသားစုထဲမှာ ရာဇ၀င်ရှိဖူးတယ်ဆိုရင်တော့ အသက် ၄၅ နှစ်ကတည်းကစပြီး စစ်ပေးပါ။ လူနာကို အကြောင်းစုံရှင်းပြအသိပေးပြီး ဆုံးဖြတ်ချက်ချပေးဖို့ လိုအပ်ပါတယ်။
ဘယ်လိုလူနာမျိုးတွေကိုဆရာဝန်တွေဆီကို ညွှန်းပို့သင့်ပါသလဲ
ဆီးကျိတ်ကင်ဆာရောဂါအတွက် DRE လုပ်ကြည့်လို့ ပုံမမှန်တာတွေ့ရှိရင်၊ PSA ပမာဏမြင့်နေရင် ဆရာဝန်တွေဆီသို့ ချက်ချင်းညွှန်းပို့ရပါမယ်။

ကာကွယ်ရမယ့် အပိုင်းလေးတွေကိုလည်း သိချင်ပါတယ်

ဆီးကျိတ်ကင်ဆာအတွက်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင်ထိန်းသိမ်းပါ။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ပါ။ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ မုန်လာထုပ်၊ ပန်းမုန်လာ၊ ပန်းမုန်လာ စိမ်း စတာတွေစားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို ပန်းကန်လုံး၂လုံး ခွဲစာ နေ့စဉ်စားပေးပါ။

ဒေါက်တာ ဦးမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးနှင့်တွေ့ဆုံခြင်း)
Health Guide
https://www.facebook.com/mmhealthguide/

ပြောင်းဖူးထုပ်


ဒီတစ်ပတ်အတွက်က ကလေးတွေအတွက်ဆိုတော့ ကလေးတော်တော်များများကြိုက်နှစ်သက်ကျတဲ့
ပြောင်းဖူးကိုပဲအခြေခံပြီး အဟာရလည်းဖြစ်
ကလေးတိုင်းလိုလိုလည်းကြိုက်နှစ်သက်ကျတဲ့
ပြောင်းဖူးထုပ်လေးနဲ့ပဲမိတ်ဆက်ပေးလိုက်ပါတယ်

ပါဝင်ပစ္စည်း
ပံပြောင်းခေါ်သကြားပြောင်း
ဆန်မှုန့်
နို့စိမ်းဘူး
ထောပတ်
ဆား

ပြင်ဆင်ပုံ

ပြောင်းဖူးကိုခပ်ပါးပါးလေးတွေလှီးပြီး နို့စိမ်း၊ ဆန်မှုန့်၊ ဆား သင့်တော်ရုံထည့်ပြီး နှံ့အောင်မွှေပေးထားပါ ပြောင်းဖူးဖတ် ကိုမကပ်အောင်ထောပတ်လေးနဲ့သုပ်ပြီး ခုနကမွှေထားတဲ့ ပြောင်းဖူးအနှစ်လေးတွေသင့်တော်ရုံထည့်ပြီး လုံအောင် ထုပ် ပြောင်းဖူးဖတ်ကိုအမျှင်လေးတွေလုပ်ပြီး ပြန်မပြေအောင်ချည်ထားပါ

ချက်ပြုတ်ပုံ

ပေါင်းအိုးအောက်ခြေမှာရေထည့်ပြီး ရေကိုပြောင်းဖူးထုပ် လေးတွေမထိအောင်ခပ်နည်းနည်းဆိုရပါပြီ ရေငွေ့ အပူလေးနဲ့ပဲပြောင်းဖူးထုပ်ကိုကျက်အောင်ပေါင်းရင်ရပါပြီ ပေါင်းအိုးကရေဆူလာပြီး နာရီဝက် လောက်နေရင် လုပ်ရတာလည်းလွယ် ထောပတ်နံ့နဲ့ ပြောင်းဖူးနံ့ လေးသင်းနေတဲ့ ချိုချိုဆိမ့်ဆိမ့် မွှေးမွှေးလေးဖြစ်နေတဲ့
ကလေးတွေအကြိုက် ပြောင်းဖူးထုပ်လေးတွေရပါပြီ။

Health Guide
https://www.facebook.com/mmhealthguide/

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ (၁)


ဆရာ မင်္ဂလာပါ။ ကျွန်တော်က ဆေးကုမ္ပဏီ ဝန်ထမ်းပါဆရာ။ အချိန်ရရင် Celecoxib ဆိုတဲ့ဆေးအကြောင်းလေး ရှင်းပြပေးပါခင်ဗျာ။ အဲဒီဆေးက NSAID အုပ်စုဝင်ဘဲလားသိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Celecoxib (Celebrex) ဆေးက NSAIDs ခေါ် အကိုက်အခဲပျောက်ဆေးဖြစ်တယ်။ Nonsteroidal anti-inflammatory drugs (NSAIDs) စတီရွိုက်မပါတဲ့ အရောင် သက်သာဆေးတွေကို နေရာတကာမှာသုံးတယ်။ အိမ်တိုင်းမှာလည်း ရှိတတ်တယ်။ ဝယ်ရတာလွယ်တယ်။ ထိရောက်မှုလည်း ရှိတယ်။ စတီရွိုက်နဲ့ အရောင်ဆိုတာ အရင်သိဘို့လိုမယ်။

Steroid (စတီရွိုက်) ဆိုတာ ဓါတုဗေဒအရ (အော်ဂဲနစ်) ဒြပ်ပေါင်းတွေ ဖြစ်တယ်။ ဆေးဝါးဗေဒအရ Cholesterol (ကိုလက်စထော)၊ Anabolic steroids (ခွန်အားတိုး-စတီရွိုက်)၊ Estradiol မိန်းမ-ဟော်မုန်း၊ Testosterone ယောက်ျား-ဟော်မုန်း နဲ့ Dexamethasone (ဒက်ဆာမီသာဇုမ်း) အားလုံး ပါတယ်။ (စတီရွိုက်) ကနေလဲ ရောင်ခြင်းဖြစ်စဉ်ကို တားပေးတယ်။ (စတီရွိုက်) ဆေးအမျိုးအစားက ပြင်းတယ်လို့ ပြောတာ မမှန်ဘူး။ တလွဲမသုံးသင့်ဘူးပြောမှ မှန်တယ်။ ဒါတောင် အမေရိကားမှာ လူဦးရေ ၁% က တလွဲသုံးနေကြတယ်။

Inflammation ရောင်ခြင်းဖြစ်စဉ်ဆိုတာ ရောဂါဗေဒမှာ အခြေခံဖြစ်တယ်။ ကိုယ့်လက်ကိုယ် ရိုက်ကြည့်လိုက်ပါ။ အရိုက်ခံရတဲ့ နေရာမှာ အခြင်းအရာ ၅ မျိုး ဖြစ်လာတယ်။ နီ၊ ပူ၊ ရောင်၊ နာ၊ ဆိုတာတွေ ဖြစ်လာမယ်။ ဒါ့ပြင် ထိခိုက်ခံရတဲ့ (တစ်ရှူး) တွေက သူ့အလုပ်သူ မလုပ်နိုင်တာလဲ ပါသေးတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင် NSAIDs ဆေးတွေကို သုံးတယ်။

NSAIDs ဆေးတွေကနေ ရောင်တာ၊ ဖျားတာ နဲ့ နာတာကိုဖြစ်စေမဲ့ Prostaglandins (ပရိုစတက်ဂလင်ဒင်) ဓါတ် ထုတ်ပေးရာမှာလိုအပ်တဲ့ Cyclooxygenase (COX) ခေါ်တဲ့ (အင်ဇိုင်းမ်) ကို တားဆီးပေးတာတယ်။ COX-1 နဲ့ COX-2 ဆိုပြီး ၂ မျိုး ရှိတယ်။

၁။ COX-1 အမျိုးအစားက Platelets သွေးမှုံတွေကို တက်ကြွစေမဲ့ Prostaglandins (ပရိုစတက်ဂလင်ဒင်) ထုတ်ပေးလို့ အစာအိမ်နံရံ၊ အူနံရံတွေကိုလဲ အကာကွယ်ပေးတယ်။ ကျောက်ကပ်ကိုလဲ အကူအညီပေးတယ်။

၂။ COX-2 inhibitors ကထူးခြားတယ်။ ရောင်တာကိုဖြစ်စေတဲ့ (အင်ဇိုင်းမ်) ကိုသာ ပြစ်မှတ်ထားလို့ အစာအိမ်နံရံကို မထိခိုက်စေဘူး။ ဒါပေမဲ့ နှလုံးရောဂါအတွက် မသုံးနိုင်ဘူး။ အဆစ်တွေထိခိုက်တာ၊ ရောင်တာတွေကို သက်သာစေတယ်။ အဆီနဲ့တွဲမစားသင့်ဘူး။ Antacids လေဆေးနဲ့ တွဲမပေးသင့်ဘူး။ ဈေးနဲနဲပိုကြီးတယ်။ ဆေးကို ရက်ကြာကြာပေးလို့ ရတယ်။

Aspirin (အက်စပရင်)၊ Ibuprofen (အိုင်ဘူပရိုဖင်)၊ Naproxen (နက်ပရောက်ဆင်) နဲ့ Nabumetone (နဗြူမီတုံး) တွေကို အသုံးများတယ်။ အများဆုံး နာတာအတွက် သုံးတယ်။ အဖျားလဲကျမယ်။ အရောင်လဲလျှော့မယ်။ Arthritis, Bursitis and Tendonitis အဆစ်နာတာတွေအတွက် သုံးတယ်။ ခေါင်းကိုက်၊ အအေးမိ-ချောင်းဆိုး၊ ထိခိုက်ဒဏ်ရာရလို့နာတာ၊ Menstrual cramps ရာသီလာလို့နာတာအတွက်လဲ သုံးနိုင်တယ်။

တချို့ဆေးတွေမှာ ထူးခြားတဲ့ သတ္တိမျိုးလဲ ရှိသေးတယ်။
• Aspirin (အက်စပရင်) တမျိုးထဲကိုသာ Strokes (စထုပ်ခ်) နဲ့ Heart attacks နှလုံး (အတက်ခ်) ရမှာ ကာကွယ်ဘို့ သုံးတယ်။ (အက်စ်ပရင်) ကို သွေးမခဲစေအောင် သုံးတာဖြစ်တယ်။ ၄-၇ ရက်အထိ အချိန်ဆွဲပေးတယ်။
• Aspirin (အက်စပရင်) ဘယ်လောက်ပေးမလဲ -
• Ankylosing Spondylitis, Osteoarthritis, Rheumatoid arthritis, SLE-associated arthritis and pleurisy = 3 grams per day in divided doses
• Fever Pain = 325 to 650 mg orally or rectally every 4 hours as needed, not to exceed 4 g/day
• Rheumatic Fever = 80 mg/kg/day orally in 4 equally divided doses, up to 6.5 g/day
• Myocardial Infarction = 160 to 162.5 mg orally once a day beginning as soon as an acute myocardial infarction is suspected and continuing for 30 days
• Ischemic Stroke = 50 to 325 mg orally once a day
• Angina Pectoris = 75 mg to 325 mg orally once a day
• Angina Pectoris Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Thromboembolic Stroke Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Myocardial Infarction Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Ischemic Stroke Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Coronary artery bypass graft = 325 mg orally once a day beginning 6 hours after the procedure and continuing for 1 year or indefinitely as needed
• Percutaneous transluminal coronary angiography = 325 mg orally once 2 hours prior to procedure, then 160 to 325 mg orally once a day indefinitely
• Carotid endarterectomy = 80 mg orally once a day up to 650 mg orally twice a day beginning prior to surgery and continuing indefinitely
• Vioxx နဲ့ Bextra တွေကို ဈေးကွက်မှာ ရောင်းခွင့် ပိတ်လိုက်ပြီ။

• Ketorolac (Toradol) ဆေးကို သိပ်နာတာအတွက် ဘိန်းပါတဲ့ဆေးကိုသာ သုံးရမှာမျိုးကို ရက်တိုတိုပေးနိုင်တယ်။ ၅ ရက်ထက်ပို ကြာကြာပေးရင် အစာအိမ်ကို ထိခိုက်စေနိုင်တယ်။ ထိုးဆေးကို 15 to 60 mg ကို ၆ နာရီတခါ ထိုးပေးနိုင်တယ်။ တနေ့မှာ 60 or 120 mg ထက်မများစေရဘူး။ စားဆေးကို တခါသောက် ၁ ပြား၊ ၄-၆ နာရီတခါ ပေးတယ်။ တနေ့မှာ 40 mg ထက်မပိုရဘူး။

• Celecoxib (Celebrex) ဆေးက COX-2 ကိုပိုသက်ရောက်တယ်။ COX-1 ကို နည်းနည်းသက်ရောက်တယ်။ အစာလမ်းကို သိပ်မထိခိုက်စေဘူး။ 100-200 mg တနေ့ ၁-၂ ကြိမ်။ Osteoarthritis အရိုး-အဆစ်ရောင်တာအတွက် 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 200 mg တခါတည်းသောက်။ Rheumatoid arthritis (ရူမက်တစ်) အဆစ်နာအတွက် 100 or 200 တနေ့ ၂ ကြိမ်။ Menstrual cramps ရာသီလာလို့ နာတာအတွက် 400 mg တခါတည်းသောက်ပါ။ လိုသေးရင် 200 mg တနေ့ ၂ ကြိမ်သောက်ပါ။ Familial adenomatous polyposis (FAP) ခေါ်တဲ့ မွေးရာပါ အူမကြီးထဲ အသားပိုလေးတွေကြောင့်နာတာအတွက် 400 mg တနေ့ ၂ ကြိမ်။

NSAIDs တွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေက အန်၊ ပျို့၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အစားအသောက်ပျက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အရေပြားအနီပြင်ထွက်၊ အိပ်ချင်။ တချို့ကို ခြေ-လက်ရောင်စေတယ်။

အဆိုးဆုံးဖြစ်စေတာက Ulcers လေနာ၊ Bleeding သွေးယိုတာ၊ Kidney failure ကျောက်ကပ်ထိခိုက်တာ၊ ရှားရှားပါးပါး Liver failure အသဲထိခိုက်တာ။ ကလေးငယ်တွေကို Aspirin မပေးသင့်ဘူး။ Chickenpox ရေကျောက် နဲ့ Influenza တုပ်ကွေး ဖြစ်နေရာကနေ ဒီဆေးပေးရင် Reye's syndrome ခေါ်တဲ့ အသဲရောဂါရစေနိုင်တယ်။

NSAIDs ဆေးတွေကို Classification အုပ်စုခွဲထားတယ်။
1. Salicylates
- Aspirin (Acetylsalicylic acid)
- Diflunisal
- Salsalate

2. Propionic acid derivatives
- Ibuprofen
- Dexibuprofen
- Naproxen
- Fenoprofen
- Ketoprofen
- Dexketoprofen
- Flurbiprofen
- Oxaprozin
- Loxoprofen

3. Acetic acid derivatives
- Indomethacin
- Sulindac
- Etodolac
- Ketorolac
- Diclofenac (FDA ကနေ စိတ်ချရမှုကို သတိပေးထားတယ်။)
- Nabumetone

4. Enolic acid (Oxicam) derivatives
- Piroxicam
- Meloxicam
- Tenoxicam
- Droxicam
- Lornoxicam
- Isoxicam

5. Fenamic acid derivatives (Fenamates)
- Mefenamic acid
- Meclofenamic acid
- Flufenamic acid
- Tolfenamic acid

6. Selective COX-2 inhibitors (Coxibs)
- Celecoxib (FDA ကနေ စိတ်ချရမှုကို သတိပေးထားတယ်။)
- Rofecoxib (တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။)
- Valdecoxib (တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။)
- Parecoxib (FDA တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)
- Lumiracoxib (သြစတြေးလျ TGA က ပြန်ပိတ်လိုက်တယ်။)
- Etoricoxib (FDA တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)

7. Sulphonanilides
- Nimesulide (အသဲကိုထိခိုက်စေနိုင်လို့ နိုင်ငံအတော်များများမှာ ပိတ်ထားတယ်။)

8. Others
- Licofelone
- Lysine clonixinate

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

Vitamin D ဗီတာမင် (ဒီ)


ဆရာရှင့် မင်္ဂလာပါ အခု fb ပေါ်မှာဆရာဝန်မကြီးတယောက်ရဲ့အာဘော်ကြောင့် ကင်ဆာလူနာတော်တော်များများ Vitamin D3 ကို တစ်နေ့ 10000IU နဲ့ Vitamin K ကိုမဖြစ်မနေသောက်သုံးရမယ်ဆိုပြီးသောက်နေကြတာတွေ့ရပါတယ်။ နောက်ထပ် recurrence ပြန်မလာအောင်လို့ပြောပါတယ်။ အဲ့ဒါဟုတ်ပါသလား။ ကျွန်မတို့ ကင်ဆာကုသပြီးသူ လူနာတွေအနေနဲ့ တကယ်ပဲသောက်သင့်ပါသလား။ ကျွန်မတို့ကိုကုသပေးတဲ့ စင်ကာပူက ဒေါက်တာတွေလဲမညွှန်ကြားလို့ ဒွိဟဖြစ်နေရပါတယ်။ ကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်ရှင်။

အရင်ကလည်း အခုမေးသလို မေးတာရှိတယ်။ ဆေးညွှန်သူက ဆရာဝန်၊ မြန်မာနိုင်ငံက၊ တခြားတိုင်းပြည်မှာ နေတာ။ ဆေးသုတေသနတွေ အမြဲထွက်နေတယ်။ ဆရာဝန်အားလုံးလိုလိုကနေ လက်ခံထားတဲ့နည်းတွေနဲ့ တချို့ကသာ သုံးတဲ့နည်းဆိုတာလည်းရှိတယ်။ ကျွန်တော်က ဗီတာမင်ဒီအကြောင်း အတည့်အမှန်ကိုသာ ဆေးသုတေသနတွေကို ကိုးကားရေးပါမယ်။ ရေးထားတာကြာလို့ စာရေးနည်းမတူတာတွေ့ပါမယ်။ ဗီတာမင် (ဒီ) များခြင်းအထိဖတ်စေချင်ပါတယ်။

ဗီတာမင် (ဒီ) သည် အဆီတွင်ပျော်ဝင်သော (စတီရွိုက်) ဖြစ်သည်။ နေရောင်ခြည်သည် ဗီတာမင် (အေ) အား အရေပြားတွင် အလိုအလျောက် (ဒီ) ဖြစ်အောင်ပြောင်းပေးသဖြင့် နေရောင်သင့်တင့်စွာရနေသူများအဖို့ ဗီတာမင် ဒီ သောက်စရာမလိုပါ။ ဗီတာမင် ဒီတွင် ၁-၂-၃-၄-၅ ဟူ၍ ၅ မျိုးရှိသည်။ ၂ နှင့် ၃ ကပိုအရေးပါသည်။ calciferol ဟုလည်း ခေါ်သည်။ ကိုယ်အလေးချိန်နှင့် ဗီတာမင် (ဒီ) ဆက်စပ်မှု ရှိနိုင်သည်ကို မကြာသေးမီက သိလာရသည်။

အစားအစာထဲပါသည့် (ကယ်လ်စီယံ)နှင့် (ဖေါ့စ်ဖါးရပ်စ်) ဓါတ်ဆားများ ပျော်ဝင်သွားအောင်နှင့် အူမှစုပ်ယူစေရန် ဗီတာမင် ဒီ ကလုပ်ပေးသည်။ ၄င်းတို့သည် အရိုးအတွက်ကောင်းသည်။ နည်းနေပါက ကြွက်တက်ခြင်းဖြစ်စေမည်။ ခုခံအားအတွက်လည်း ပါဝင်သည်။ နောက်ပိုင်းတွင် အအေးမိသည်အား ဗီတာမင် ဒီရော စီကိုပါ ပေးလာကြသည်။ အသက်ကြီးသူများ၏ ဦးနှောက်ကောင်းစေရန်လည်းပေးသည်။ ပန်းနာသည်များ၊ အမျိုးသမီးများ (ရူမတွိုက်) အဆစ်နာ၊ ကင်ဆာကာကွယ်ရေးတို့အတွက်လည်းပေးသည်။

အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစ၍ အသက်ကြီးသူများအား 10 mcg (400 IU) နှင့် ၇ဝ ကျော်များအား 15 mcg (600 IU) ပေးသင့်သည်။ နေရောင်မရသူများအား တနေ့လျင် 25 μg (1000 IU) ပေးသင့်သည်။

ဗီတာမင်ဒီကြွယ်ဝသည့်အစားအစာများမှာ ငါးဖြစ်သည်။ သုတေသနလုပ်သည့်နိုင်ငံများစားသုံးလေ့ရှိသည့် ငါးများကိုသာ ဖေါ်ပြသည်ဖြစ်၍ (ဆော်လမုန်)၊ (ကြူနာ)၊ မက်ကရယ်)ငါးများ၏အမည်တို့ကိုသာ တွေ့ရသည်။ ငါးကြီးဆီ၊ အမဲအသဲ၊ ဒိန်ခဲ၊ ကြက်ဥအဝါ တို့တွင်လည်းပေါကြွယ်သည်။

ဗီတာမင် ဒီ နည်းလွန်းပါက ငယ်လွန်းသည့်ကလေးများတွင် အရိုးပျော့ Rickets ရောဂါနမည်။ အရိုးများ ပျော့နေပြီး ကောက်ကွေးနေနိုင်သည်။ လူကြီးများဖြစ်ပါက Osteomalacia နှင့် Osteoporosis တို့ဖြစ်မည်။ အရိုးများ ကျိုးလွယ်မည်။

ဗီတာမင်ဒီနည်းခြင်းနှင့် သွေးတိုးဆက်စပ်နေသည်။ နှလုံး (နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းနှင့် သွေးအလျောက် နည်းခြင်း၊) ရောဂါများ၊ တီဘီရောဂါ၊ ကင်ဆာတို့အပြင် ရှားပါးသော အခြားရောဂါတို့နှင့်လည်း ဆက်စပ်နေသည်။

• အရိုးကျိုးကာကွယ်ဘို့ရာ Vitamin D 400-1,100 IU ပေးတယ်။ Vitamin D2 300,000 IU ကို တနှစ်တခါ၊ ၃ နှစ်ကြာ သွေးထဲထိုးပေးတယ်။
• ဗီတာမင် (ဒီ) နည်းနေတဲ့ရောဂါအတွက် တနေ့မှာ အနည်းဆုံး 1,000 IU (25 micrograms) ပေးတယ်။
• ဒိထက်များပြီး နေ့စဉ် Vitamin D 50,000 IU နဲ့ ၆ ပါတ်ပေးပြီး စမ်းသပ်မှုလုပ်တာရှိတယ်။ Vitamin D 300,000 IU ကို ၆ ပါတ်တခါ၊ တနှစ်မှာ ၃ ကြိမ်။
• အူမကြီးကင်ဆာနဲ့ နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ဘို့ နေ့စဉ် 1,000 IU ပေးတယ်။
• ဆီးချို (၂) အတွက် 400-5714 IU ကို ၂ လကနေ ၇ နှစ်အထိပေးတယ်။
• Vitamin D2 ၄ လတခါ 100,000 IU ၂၆ ပါတ်ကြာပေးတယ်။ ဒါမှမဟုတ် နေ့စဉ် Vitamin D3 10 micrograms နဲ့ ၂၄ လကြာပေးတယ်။
• သွေးတိုးအတွက် Vitamin D 400-8,571 IU ပေးတယ်။
• Hypocalcemia သွေးထဲ (ကယ်လ်စီယမ်) နည်းနေသူကို Calcitriol 0.25 micrograms နဲ့ ၄-၈ ပါတ်ကြာ ပေးတယ်။
• Hypoparathyroidism (ဟိုက်ပိုပါရာသိုင်းရွိုက်) ရောဂါအတွက် Dihydrotachysterol 0.75 milligrams ကနေစပေးပြီး 2.5 milligrams အထိတိုးပြီး ရက်ကြာကြာ ပေးတယ်။ သက်သာရင် 0.2-1 milligram နေ့စဉ် ပေးတယ်။
• ဒါမှမဟုတ် Ergocalciferol 50,000-200,000 IU + Calcium lactate 4 grams of ကို တနေ့ ၆ ကြိမ်လဲ ပေးနိုင်တယ်။
• စိတ်မူရောဂါအတွက် 400-800 IU နေ့စဉ် ၁ လကြာပေးတယ်။ ဝတဲ့လူနာတွေကို တပါတ်မှာ 20,000-40,000 IU နဲ့ ၁ နှစ်ကြာပေးတယ်။
• Multiple sclerosis ရောဂါရှိသေူတွေကို နေ့စဉ် 10,000 IU နဲ့ ၁၂ ပါတ်ကြာပေးတယ်။
• ကြွက်သားနာ-အဆစ်နာတာအတွက် နေ့စဉ် Calciferol 100,000 IU နဲ့ ၁၂ လပေးတယ်။
• Osteoporosis အရိုးအားနည်တာကို Vitamin D3 5,714 IU ဒါမှမဟုတ် Vitamin D2 10,000 IU နေ့စဉ်၊ ၆ လကြာပေးတယ်။
• ပါရာဆိုက်ပိုးဝင်တာကို 40 IU နေ့စဉ် ၅ ရက်ပေးတယ်။
• လူကြီးတွေကို 400 IU of vitamin D + Calcium 800 milligrams နေ့စဉ်ပေးတယ်။
• လူအိုတွေကို Vitamin D3 အပါတ်စဉ် 8,400 IU နဲ့ ၁၆ ပါတ်ပေးတယ်။
• Psoriasis အနာ၊ Vitiligo ခရုသင်းနဲ့ Seborrheic Keratosis လူကြီးကြွက်နို့အတွက် Vitamin D analog Calcipotriene ကို တနေ့ ၂ ကြိမ်လိမ်းစေတယ်။
• အသက်ရှူလမ်းပိုးဝင်တာကို နေ့စဉ် 2,000 IU/kilogram နဲ့ ၃ ရက်ပေးတယ်။
• Rheumatoid arthritis အဆစ်နာအတွက် တပါတ်မှာ Vitamin D 50,000 IU နဲ့ ၁၂ ပါတ်ပေးတယ်။
• တီဘီအတွက် Vitamin D2 10,000 IU တကြိမ်ပေးတယ်။
• ဗိုင်းရပ်စ်ပိုးဝင်တာအတွက် Vitamin D 800 IU နေ့စဉ်နဲ့ ၂ နှစ်ကြာပေးတယ်။
• ဗီတာမင်ဒီကနေ အအေးမိ-တုပ်ကွေးကို ကုသနိုင်တယ်လို့အထိတော့ ကောက်ချက်မချနိုင်သေးပေမယ့် စမ်းသပ်သူတွေမှာ ကောင်းတာတွေ့ရတယ်။

Vitamin D toxicity ဗီတာမင် (ဒီ) များခြင်း
• ရှားတယ်။ နေရာင်နဲ့ထိတွေ့လို မဖြစ်စေပါ။
• အသက် ၁၄-၇၁ နှစ်ရှိသူတွေဟာ ခံနိုင်ရည် 4000 IU/day ရှိတယ်။
• 1250 micrograms/day (50,000 IU) ကို နေ့စဉ် ကြာကြာသောက်ရင် အဆိပ်သင့်သလိုဖြစ်နိုင်တယ်။
• Primary hyperparathyroidism ရောဂါရှိနေသူတွေမှာ ပိုဖြစ်နိုင်တယ်။
• Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များနေခြင်းဟာ Vitamin D toxicity ကိုဖေါ်ပြနေတာဖြစ်နိုင်တယ်။ ဆီးသွားများပြီး ရေငတ်လာမယ်။ မကုဘဲထားရင် ကျောက်ကပ်၊ အသည်း၊ နှလုံးတွေကို ထိခိုက်မယ်။
• ၁၂ လအောက်ကလေးငယ်လေးတွေဟာ အများဆုံးခံနိုင်တာက 25 micrograms/day (1000 IU) ဖြစ်တယ်
• Vitamin D overdose ဗီတာမင် (ဒီ) များလို့ Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များတာကို ဖြစ်စေနိုင်တယ်။ စားချင်စိတ်နည်းမယ်၊ ပျို့မယ်၊ အန်မယ်၊ ဆီးများမယ်၊ အားနည်းမယ်၊ အိပ်မရဖြစ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ ယားယံမယ်၊ ကျောက်ကပ်အလုပ်ပျက်မယ်။
• ကိုယ်ဝန်ဆောင်ရင်လဲ လိုတာထက် ပိုမပေးသင့်ဘူး။ ကလေးကိုသက်ရောက်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။
• Vitamin D toxicity ကြောင့် ကလေးတွေမှာ Mental retardation ဥာဏ်ရည်ထိခိုက်မယ်။ အရိုးတည်ဆောက်မှု ထိခိုက်မယ်၊ ဝမ်းလျှောမယ်၊ စိတ်တိုမယ်၊ အလေးချိန်ကျမယ်၊ စိတ်ဓါတ်ကျမယ်။ ဖြစ်သူတွေကို အဲဒီဆေး ၂ မျိုး ပေးနေတာတွေ ရပ်ပြစ်ရမယ်။ ကျောက်ကပ်ပျက်စီးတာကို ပြန်ပြင်လို့မရနိုင်ဘူး။

Paget’s Disease of Bone (ပေးဂျက်စ်) ရောဂါ အသင့်အတင့်ကနေ ဆိုးတာအတွက် Alendronate Sodium ဆေး ပေးတယ်။ လူနာမှာ serum alkaline phosphatase concentrations ≥ twice ULN ရှိနေရင် ဒါမှမဟုတ် နောက်ဆက်တွဲ ဖြစ်မှာ စိုးရသူတွေကိုပေးတယ်။

Alendronate Sodium Dosage ဆေးဘယ်လောက်ပေးမလဲ -
• Vitamin D 400–800 units နေ့စဉ်၊
• Alendronate/Cholecalciferol fixed-combination preparation (Cholecalciferol 2800 or 5600 units) အပါတ်စဉ်၊

ဗီတာမင်ဒီနည်းတဲ့လူကြီးတွေမှာ Osteomalacia အရိုးအားနည်းရောဂါရနိုင်တယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ ကိုက်ခဲနေမယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ် အချိုးအဆတော့ မှန်ရပါမယ်။ ကယ်လ်စီယမ် များလွန်းရင် နှလုံးနဲ့ ကျောက်ကပ်ကိုထိခိုက်စေမယ်။

ဗီတာမင်ဒီဟာ ကင်ဆာကုသဆေးမဟုတ်ပါ။ ကင်ဆာပြန်မဖြစ်ဆေးလည်းမဟုတ်ပါ။ တချို့အတွက် အထောက်အကူ ရနိုင်တယ်။ တချို့ မလိုအပ်။ တချို့ မသောက်သင့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မည်သည့်အားကစားက ခန္ဓာကိုယ်ကို အကျိုးအရှိဆုံး ဖြစ်စေသလဲ


ကိုယ်လက်လှုပ်ရှားမှု လေ့ ကျင့်ခန်းပြုလုပ်ခြင်းသည် ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးအတွက် ကောင်း မွန်စေပြီး လူ့သက်တမ်းကိုလည်း မြင့် တင်ပေးနိုင်သည်မှာ အများစု သိရှိ လက်ခံထားပါသည်။ British Journal of Sports Medicine ဂျာနယ်တွင် ပါဝင်ခဲ့သော သုတေသန တစ်ခုမှ အားကစားနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းတို့အကြား ဆက်နွယ်မှု ကို လေ့လာခဲ့ပြီး မည်သည့်အားကစား အမျိုးအစားမှာ သေဆုံးမှုကိုလျော့ချပေးနိုင်သနည်းဆိုသည့် အဖြေကို ရှာဖွေခဲ့ကျသည်။ ၁၉၉၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အင်္ဂလန်နှင့် စကော့တလန်တွင် ပြုလုပ်ခဲ့သော နှစ်စဉ်ကျန်းမာရေးစစ်တမ်း ၁၁ခုမှ အချက်အလက်များကို ရယူကာ ပျမ်းမျှသက်တမ်း ၅၂ နှစ် ခန့်ရှိသည့် လူဦးရေ ၈၀၃၀၆ ယောက်တို့၏ အချက်အလက်များကို အသုံးပြု လေ့လာခဲ့ကြခြင်းဖြစ်သည်။

 လေ့ကျင့်ခန်းလုံးဝမပြုလုပ်သူ များနှင့်စာလျှင် တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ကြက်တောင် စသည့် အား ကစားမျိုး ပြုလုပ်သူများတွင် သေဆုံး နိုင်မည့် အန္တရာယ်မှာ ၄၇ ရာခိုင်နှုန်း ဖြင့် အများဆုံးလျော့ချနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ပြီး ယင်းနောက်တွင် ရေကူး အားကစားလိုက်စားသူများတွင် ၂၈ ရာခိုင်နှုန်း၊ အေရိုးဗစ်အားကစားပြုလုပ်သူများတွင် ၂၇ ရာခိုင်နှုန်းနှင့် စက်ဘီးစီးအားကစားသမားများတွင် ၁၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့ပါသည်။ စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ဘောလုံး၊ ရက်ဂ်ဘီ၊ အပြေးအားကစားတို့မှာ
နှလုံးသွေးကြောဆိုင်ရာရောဂါများ ကို ကာကွယ်မှုများမပေးကြောင်း
တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

Dr AZ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံ ဆုံးရှုံးခြင်း အကြောင်းသိကောင်းစရာ


မျက်စိက သာယာတဲ့ကမ္ဘာ မြေကြီးရဲ့ အလှအပတွေ၊ အခြားပျော် ရွှင်စရာတွေ အားလုံးနီးပါးကို ခံစား နိုင်ဖို့အတွက် အဓိကကျတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ယခု မျက်မှောက်ခေတ်မှာ ဆီးချိုသွေးချို ဖြစ်ပွားမှုက တစ်ကမ္ဘာလုံးအတိုင်း အတာအရ တစတစ ပိုမိုများပြားလာ လျက်ရှိပါတယ်။ ကောင်းမွန်တဲ့ အမြင်အာရုံတစ်ခု ပိုင်ဆိုင်ဖို့အတွက် ကျန်းမာတဲ့ အမြင်အာရုံခံလွှာ (retina) တစ်ခု ပိုင်ဆိုင်ဖို့ လိုအပ်ပါ တယ်။ မျက်စိအာရုံခံလွှာ တစ်ခုကို သေးငယ်တဲ့သွေးကြောပေါင်းများစွာနဲ့ ထောက်ပံ့ထားရပါတယ်။ သွေး တွင်းသကြားဓာတ်တွေ ကာလကြာ ရှည် မြင့်တက်နေတာ၊ ကာလကြာ ရှည် သွေးတိုးနေတာ၊ သွေးတွင်း အဆီတွေ ကာလကြာရှည် များနေ တာ စတဲ့ အချက်တွေက မျက်စိ အာရုံခံလွှာကို ထောက်ပံ့ပေးထားတဲ့ သွေးကြောလေးတွေကို ပျက်စီးစေ ပါတယ်။

ပျက်စီးလာတဲ့ သွေးကြော လေးတွေက ရောင်ရမ်းလာမယ်၊ သွေးကြောလေးတွေပိတ်လာမယ်၊ အဲဒီနောက် ခုခံအားစနစ်ကနေပြီး မျက်စိအာရုံခံလွှာကို ထောက်ပံ့ဖို့ အတွက် ပျက်စီးသွားတဲ့ သွေးကြော အဟောင်းတွေနေရာမှာ သွေးကြော သစ်တွေ ပေါ်လာပါတယ်။ ဒါပေမဲ့ ယင်းသွေးကြောသစ်တွေက ပေါက်ပြဲ ပျက်စီးလွယ်ကာ မျက်စိအာရုံခံလွှာ ကို ကောင်းကောင်းမထောက်ပံ့ပေး နိုင်တာကို တွေ့ရပါတယ်။ ယင်း အခြေအနေ ကြုံလာပြီဆိုရင်တော့ Diabetes Retinopathy လို့ခေါ်တဲ့ ဆီးချိုသွေးချိုကြောင့် မျက်စိပျက်စီးမှု ကို ကြုံနေရပြီဆိုတာ သိထားသင့် ပါတယ်။ Diabetes Retinopathy က ဆီးချိုသွေးချိုရောဂါသည်အများစုမှာ ကြုံတွေ့ရတတ်ပြီး ရောဂါ လက္ခဏာတွေအနေနဲ့ မျက်စိအာရုံ ခံလွှာကို ထောက်ပံ့ထားတဲ့ သွေး ကြောလေးတွေ ဆက်တိုက်ပျက်စီး လာတာ၊ သွေးကြောလေးတွေ ရောင် လာတာ၊ သွေးကြောတွင်းမှာရှိတဲ့ အရည်တွေ စိမ့်ထွက်လာတာ၊ နောက်ဆုံး သွေးကြောတွေ လုံးဝပိတ် သွားပြီး မကုသပဲထားပါက အမြင် အာရုံဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါ တယ်။

ရောဂါလက္ခဏာတွေအနေနဲ့ ကတော့ အမြင်အာရုံဝါးလာခြင်း၊ အမြင်အာရုံ ပြောင်းလဲလာခြင်းတို့ ကြုံရနိုင်ပါတယ်။ ယင်းရောဂါက ပျောက်ကင်းအောင် မကုသနိုင်ပေမဲ့ ဆက်လက်မဆိုးသွားအောင်တော့ တားထားလို့ရပါတယ်။ အရေးကြီးဆုံး ကတော့ အစားအသောက်၊ လေ့ကျင့် ခန်း၊ ဆေးဝါးတွေကတဆင့် သွေး တွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့လို သလို မျက်စိအချိန်မှန် စစ်ဆေးဖို့ပဲ ဖြစ်ပါတယ်။ အမြင်အာရုံ ပျက်စီးမှု မကြီးမားမီ အချိန်မှီ ကုသမှုခံယူထား တဲ့သူတွေမှာတော့ မျက်စိအတွင်း ပိုင်းထဲ မျက်စိအမြင်အာရုံခံလွှာ အနားဆေးထိုးပေးခြင်းအားဖြင့် ပျက်စီးနေတဲ့ သွေးကြောတွေရဲ့ ဇီဝဖြစ်စဉ်ကို ပြောင်းလဲစေပါတယ်။ ယင်းကဲ့သို့ မျက်လုံးတွင်း ဆေးထိုး ခြင်းကတောီ့ငဘေနအနျ Diabetes Retinopathy တွေမှာ အသုံးအများ ဆုံး ကုထုံးဖြစ်ပြီး အခြားကုထုံးတွေ ကတော့ လေဆာနဲ့ ခွဲစိတ်ခြင်း၊ Pars plana vitrectomy တို့ဖြစ်ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

လေယာဉ်စီး ခရီးသည်ကလေးများအတွက် သိသင့်သည်များ


လေယာဉ်ကိုအများစု စီးနင်းတာက လူကြီးတွေသာစီးနင်းကြတာမို့ ကလေးတွေအတွက် တကူးတက ပြုစုထားတဲ့ အချက်အလက်တွေပြုစုထားတာ နည်းပါးနေတာတွေ့ရတယ်။ အခု နောက်ပိုင်း လေ့လာမှုတွေအရ ကလေးတွေမှာမလွဲမကင်းသာ လေယာဉ်စီးပြီဆိုရင် နားအတွင်းပိုင်း ပြဿနာလေး တွေကနေ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါ၊ ဆီးချို၊ ထိခိုက်ဒဏ်ရာ၊ အဖျားအနာနဲ့ အလာဂျီအထိ၊ ရောဂါဘယလေးတွေဖြစ်စေနိုင်လို့၊ မိဘတွေအနေနဲ့ ကြိုတင်ကာကွယ်နိုင်အောင်ရှာဖွေ ဖော်ပြလိုက် ပါတယ်။

အသက်ရှုလမ်းကြောင်းပိုးဝင်တဲ့ ချောင်းဆိုးရင်ကြပ်ရောဂါ

လေယာဉ်ထဲမှာလေထုက ဒီလေ ဒီလေဘဲ လှည်ပတ်အသုံးပြုနေရတာဆိုတော့ အသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါတွေက လေယာဉ်စီးခရီးသည်တွေအနေနဲ့ ရလွယ်ပါတယ်။ အထူးသဖြင့် ကလေးငယ် တွေအတွက်ကတော့ ပိုပြီးကူးစက်ခံရလွယ်တယ်။ အထူးသဖြင့် တီဘီ၊ တုတ်ကွေး၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ အမျိုးမျိုးနဲ့ဝက်သက်ရောဂါတွေက လေယာဉ်ပေါ်မှာ ကူးစက်လွယ်စေပါတယ်။

ပျံသန်းနေစဉ် နှလုံးရောဂါထမှု

အမြင့်ပေ တစ်သောင်းနှစ်သောင်းကျော် (မီတာ ၉ထောင်ကျော်မှ မီတာ ၁၃၀၀၀အတွင်း) လေယာဉ်ပျံသန်းတဲ့အခါ အောက်ဆီဂျင်ပမာဏကျဆင်းတဲ့အတွက် အသက်ရှုမ၀တာ သွေးတွင်း ကာဘွန် ဒိုင်အောက်ဆိုဒ်ပိုများလာတာ၊ မောပန်းနွမ်းနယ်မှုက နဂိုနှလုံးရောဂါအခံရှိသူတွေမှာ ပိုမိုခံစားရ တတ်ပါတယ်။ ကျန်းမာတဲ့ တစ်နှစ်အောက်ကလေးငယ်လေးတွေနဲ့ လမစေ့ပေါင်မပြည့်မွေးတဲ့ ကလေး ပေါက်စလေးတွေမှာ ရင်အုပ်ကြွက်သားတွေ မဖွံဖြိုးသေးတာ အသက်ရှုလမ်းကြောင်းတလျှောက် သေးငယ်ကျဉ်းမြောင်းနေသေးတာနဲ့ အဆုတ်လေအိတ်မွှာလေးတွေ နည်းနေသေးတာတွေကြောင့် ခရီးဝေးအမြင့်ကြီးကပျံသန်းရတဲ့ ခရီးတွေမှာ အထက်ပါအန္တရာယ်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။ လေယာဉ်စီး ရချိန်ကြာမြင့်လေလေ သွေးတွင်းအောက်ဆီဂျင် သယ်ဆောင်မှု ကျဆင်းလေလေဖြစ်တာ တွေ့ရတယ်။ ဒါကြောင့်အသက် ရှုလမ်းကြောင်းဆိုင်ရာ ချွတ်ယွင်းချက်နဲ့ရောဂါရှိတဲ့ ကလေးတွေအတွက် ခရီးရှည် လေယာဉ်စီးဖို့ မသင့်လျှော်သလို လေယာဉ်စီးနေတုန်း မိမိကလေးတစ်ခုခုထူးခြားရင်လည်း လေယာဉ် အမှုထမ်းတွေကို အရင်ဆုံးပြောပြသင့်တယ်။
ကဘေးတွေမှာထိန်းမရတဲ့ သွေးတိုးရောဂါ ထိန်းမနိုင်တဲ့ နှလုံးအခုန်မြန်ရောဂါ (supraventricular tacgycardia & Eisenmenger’s syndrome) ရှိသူကလေးတွေဆိုရင်တော့၊ လေယာဉ်မစီးသင့်ဘူး။ အသက် အန္တရာယ် ကျရောက်နိုင်လို့ဖြစ်ပါတယ်။
ကလေးတွေနဲ့သွေးခဲခြင်းဝေဒနာ (deep vein thrombosis)
ကလေးတွေမှာ လေယာဉ်စီးရင် အဲဒီဝေဒနာက လူကြီးတွေမှာလောက် အတွေ့မများပေမယ့် သူတို့မှာ ခွဲစိတ်ပြီးစ၆ပတ်အတွင်းကာလဖြစ်နေရင်။ thrombophilia သွေးရောဂါရှိနေရင် ကင်ဆာ ရောဂါရှိနေရင်တော့ အထက်ပါရောဂါ ခံစားလာရနိုင်ပါတယ်။ အဲဒီလိုအန္တရာယ်ရှိနိုင်သူတွေအတွက် သွေးကျဲဆေး (သို့) အက်စ်ပရင် ဆေးပြားကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးပေးနိုင်တယ်။
သွေးနီဥပေါက်ကွဲလွယ်ရောဂါ Sickle cell anaemia
တံဇင်ပုံဟီမိုဂလိုဘင်တွေကြောင့် သွေးနီဥပေါက်ကွဲလွယ်တဲ့ သွေးအားနည်း ရောဂါရှိကလေးတွေနဲ့ လူကြီးတွေမှာ လေယာဉ်အတွင်းအောက်ဆီဂျင် ဖိအားကျဆင်းလေလေ သွေးနီဥတွေ အမြောက်အများ ပေါက်ကွဲလေ လေရောဂါပိုဆိုးလေလေဖြစ်လို့ အန္တရာယ်ရှိပါတယ်။ သွေးပျစ်အားများနေပြီး သရက်ရွက်လည်း ကြီးနေတဲ့ sickle cell ဆစ်ကဲလ်ဆဲ သွေးအားနည်းသူတွေအတွက် အမြင့်ပေ ၇၆၀၀ နဲ့ အထက်ပျံသန်းရင် အောက်ဆီဂျင်ရှုဖို့ လိုကိုလိုအပ်ပါတယ်။

နားပြည်ယိုတတ်တဲ့ကလေးတွေ

လေယာဉ်အဆင်းအတက်လုပ်တဲ့ အခါလေဖိအားပြောင်းလဲမှုကြောင့် နားအတွင်းထဲက နားအကြား ကိရိယာလေးတွေကို ထိခိုက်ပျက်စီးစေတယ်။ လူကြီးတွေ လုပ်သလိုပဲ သန်းတာ၊ တစ်ခုခုဝါးနေတာ တံတွေး ခဏတိုင်းမျိုချနေတာ နှာခေါင်းကိုပိတ်ပြီး ပါးစပ်ကလေကို မှုတ်ထုတ်တာတွေကိုလေယာဉ် အဆင်းအတက် ပြုလုပ်နေစဉ်မှာ မိဘတွေနဲ့ကလေးကြီးတွေက လိုက်လုပ်နေသင့်ပါတယ်။ အဲဒါဆိုရင် နားထဲကလေထွက်သလို နားအူသလို မခံမရပ်နိုင်တာနဲ့ နားထိခိုက်တာတွေ သက်သာစေတယ်။ ကလေး ပေါက်စတွေကိုလည်း လေယာဉ်အဆင်းအတက်ပြုနေစဉ် နို့တိုက်တာရေတိုက်တာ အစာကျွေးတာ ပြုလုပ်ပေးသင့်တယ်။ နဂိုနားပြည်ယိုနေတဲ့ကလေးတွေဆိုရင် လေယာဉ်ခရီးစဉ်မတိုင်ခင် ပျောက်အောင် ကုသသင့်တယ်။

အစားအစာအလာဂျီဓါတ်မတည့်တာတွေ

မြေပဲမတည့်တာကတော့ ကလေးတွေမှာအတွေ့ရများတယ်။ မိဘတွေအနေနဲ့ မိမိကလေးနဲ့ မတည့် တာတွေ လေယာဉ်ပေါ်မှာ မကျွေးဖို့ကြိုတင်ပြောပြထားသင့်တယ်။
အမျိုးအစား(၁)ဆီးချိုရောဂါရှင်လေးတွေ
ဆီးချိုထိန်းဖို့ ထိုးဆေးအင်ဆူလင် မှီခိုနေရတဲ့ ကလေးတွေအတွက် လေယာဉ်ခရီးမသွားခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပမာဏနဲ့ထိုးရမယ့်အချိန်တွေ မှတ်ထားသင့်တယ်။ ခရီးရှည် ကမ္ဘာ့အရှေ့ဖျားသွားရတယ်ဆိုရင် အချိန်ဇုံကိုကျော်သွားရပြီး နေ့တာက၂နာရီလောက်တို သွားတတ် တယ်။ ဆေးထိုးချိန်ပြောင်းလဲဖို့လိုအပ်သလို၊ ဆေးပမာဏလျှော့ချပေးဖို့ လိုပါတယ်။ အနောက်နိုင်ငံ တွေသွားရင်တော့ ၂နာရီပိုနေ့တာရှည်တာကြောင့် ဆေးယူနစ်ပိုထိုးဖို့လိုအပ်တယ်။
တက် တတ်တဲ့ကလေးတွေ အတွက်
သောက်နေကျ အတက်ပြေဆေးတွေ ဆက်သောက်နေရမှာဖြစ်သလို လေယာဉ်စီးနေစဉ် အတောအတွင်း လေဖိအားအပြောင်းအလဲ အောက်ဆီဂျင်ပမာဏလျော့ကျ အစားစားချိန် နောက်ကျ အိပ်ယာဝင်ချိန် အပြောင်းအလဲ jet lag စတာတွေကြောင့် ကလေးတွေပိုတက် တက်လွယ်ကြတယ်။ လေယာဉ် အမှုထမ်းတွေကို ကြိုတင်ပြောထားသင့်သလို အတက်ကျဆေးတွေလည်း ကိုယ်နဲ့မကွာယူဆောင်ထား သင့်တယ်။

လေယာဉ်စီးရင်းမူးဝေအော့အန်ခြင်း

နဂိုကတည်းကကားစီး ရထားစီးရင် မူးဝေအော့အန်တတ် သူတွေဆိုရင် ကြောက်လန့်တာ လေယာဉ် လူးတာ လေစီးကြောင်းကြမ်းတာနဲ့တိုးတာ ဖြစ်တဲ့အခါမျိုးမှာ ကလေးတွေလည်း လူကြီးတွေလိုပဲ မူးဝေ အော့အန်တာ ဖြစ်တတ်ပါတယ်။ အအန်ပျောက် ဆေးတွေ (Dimenhydrinate) ကြိုတင် သောက်ထားစေသင့်တယ်။ အဲဒီဆေးကအအိပ်ပိုများစေတာလည်း မိဘတွေသိထားသင့်တယ်။ ဆေးကိုခဏတိုင်းတိုက်တာ တိုက်ခိုင်းတာထက်ပိုပြီး တိုက်တာမလုပ်သင့်ပါဘူး။ ရှေ့ပိုင်းကျတဲ့ထိုင်ခုံ ရွေးချယ်ထိုင်တာ လေအေးအေးရှုခိုင်းတာ မျက်စိကိုမျက်လုံးနဲ့ တတန်းထဲထားပြီးရေပြင်ညီအတိုင်းသာ ကြည့်ခိုင်းတာတွေပြုလုပ်သင့်တယ်။

ဂျက်လက် jet lag ဝေဒနာ

ခရီးရှည်လေယာဉ်စီးအပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုမှတစ်ခုသို့ကူးတဲ့အခါ နေ့နဲ့ညမှားတဲ့ ဝေဒနာက လူကြီးရော ကလေးပါခံစားရတယ်။ အဲဒါတွေကတော့ ရောက်တဲ့နေရာရဲ့ နေ့အချိန်မှာ၊ ပင်းပန်း နွမ်းနယ်နေတာ၊ ညရောက်တော့ မအိပ်ချင်ပဲ အိပ်မပျော်တာ၊ စိတ်တို စိတ်ဆတ်တာ၊ စိတ်အားမပြည့်မ၀ မရွှင်မလန်းဖြစ်နေတာ၊ စတာတွေဖြစ်လာတယ်။ အဲဒါက ကိုယ်ခန္ဓာအတွင်းက အိပ်ချိန်နိုးချိန် အစာ စားချိန်ကို ပုံမှန်ထိန်းညှိပေးတဲ့ ဇီဝနာရီနဲ့ ပြင်ပပတ်ဝန်းကျင်နေသားမကျလို့ ဖြစ်လာရတာပါ။ ကမ္ဘာ့ အချိန်ဇုန်ကို ခဏခဏဖြတ်သန်းရသူ၊ အရှေ့ဖက်နိုင်ငံတွေဆီခရီးထွက်ရသူ၊ အအိပ်အနေနည်းသူတွေမှာ၊ အဲဒါတွေပိုခံစားရစေတယ်။ လူကြီးနဲ့ ယှဉ်ရင်တော့ ကလေးတွေမှာမယ်လာအိုနင် အထွက်ပိုတဲ့အတွက် အဲဒီဝေဒနာတွေအရနည်းတတ်တယ်။

ပိုက်ထည့်ထားတဲ့ကလေးတွေ

နှာခေါင်းပိုက် ဆီးပိုက်ထည့်ထားရတဲ့ ကလေးတွေဆိုရင် လေထုဖိအားအပြောင်းအလဲပေါ် မူတည်ပြီး ပိုက်ထဲကတဆင့် လေကကိုယ်တွင်းအခေါင်းပါအင်္ဂါတွေထဲ၊ လေ၀င်သွားစေနိုင်တယ်။ အဲဒါကြောင့် အဲလိုမျိုးပိုက်တွေကို လေယာဉ်အတက်အဆင်းလုပ်နေချိန်မှာ ဘီးလုံး roller နဲ့ ပိတ်ထား သင့်ပါတယ်။
အရိုးကျိုးလို့ ပလာစတာ cast ကိုင်ထားရတဲ့ ကလေးတွေအတွက် ပီအိုပီ လာစတာကိုင်ထားခဲ့ရင် အဲဒီ ပီအိုပီအတွင်းထဲကလေက လေယာဉ် အမြင့်ပျံနေစဉ် ပြန့်ကားကြီးမားလာပြီး နာကျင်စေတာနဲ့ သွေးမလျှောက် နိုင်တာမျိုး၊ ခံစားရစေတယ်။ အဲလိုမျိုး မခံစားရအောင် ပလာစတာကိုအလုံမပိတ်ပဲ အပေါက်လှပ်ပေးထားသင့်သလို အနာသက်သာဆေးပေးခြင်းဖြစ်တဲ့ လက်ခြေထောက်ကို အမြင့်မြှောက် ပေးထားခြင်း ပြုလုပ်ပေးနိုင်တယ်။

ထိခိုက်ဒဏ်ရာရခြင်း

၂နှစ်အောက်ကလေးကတော့ ရင်အုပ်မကွာ မိဘရင်ခွင်ထဲချီပိုးရင်း လေယာဉ်စီးနင်းနိုင်ပါတယ်။ ခရီးရှည်ရင်တော့ ကလေးလေးတွေအတွက် သီးသန့်တစ်ခုံဝယ်ယူပြီး နိုင်ငံခြားမှာကားထဲ တပ်ဆင် စီးရနေကျ ကလေးထိခိုက်မှု ကာကွယ်ပေးနိုင်တဲ့ ထိုင်ခုံမျိုးတပ်ဆင်ပြီး စီးနင်းသင့်တယ်။ တော်ရုံတန်ရုံ လေယာဉ် မတော်တဆဖြစ်မှုကိုတောင် အဲလို child safe seat က ကာကွယ်ပေးနိုင်တယ်ဆိုပါတယ်။ လမ်းလျှောက်တတ်ကာစ ကလေးပေါက်စနလေးတွေ ကိုထိခိုက်လဲကျတာမဖြစ်အောင်နဲ့ သူတစ်ပါး ကိုလည်းအနှောက်အယှက် မဖြစ်အောင်လေယာဉ်ပေါ်မှာဟိုသွား ဒီလျှောက်မပြုလုပ်စေသင့်ပါဘူး။
ဖွံဖြိုးမှုနောက်ကျတဲ့ ပုံမမှန်ကလေးတွေအတွက်
Attention deficit hyperactivity disorder, autism အော်တစ်ဇင်၊ သူငယ်နာအကြောသေ အကြောမသန် ကလေးတွေဆိုရင် လေယာဉ်စီးရင်အတော်လေး အဆင်မပြေဖြစ်ကြပါတယ်။ လေယာဉ်ထဲ လျှောက်ဆော့ပြေးလွှား အော်ဟစ်နေတာမျိုးမဖြစ်အောင် မိဘတွေကသတိပြုသင့်တယ်။ တန်းစီတဲ့နေရာ လေယာဉ်ပေါ်တက်ကာနီး စစ်ဆေးတဲ့အချိန် လေယာဉ်အထွက်နောက်ကျလို့ ခရီးစဉ်ဖျက်လို့တစ်ခုခု ကြောင့် စောင့်ဆိုင်းရတဲ့ အချိန်မျိုးမှာ ကလေးတွေရော လူကြီးတွေပါ စိတ်ဖိအားကျရောက်တတ်ပါတယ်။ အဲဒီအခါ ကလေးရော လူကြီးတွေပါ စိတ်အနှောင့်အယှက်မဖြစ်အောင်၊ အထူးသတိထားသင့်ပါတယ်။ အချုပ်အားဖြင့်ပြောရင် ကလေးတွေအတွက်လေယာဉ်ခရီးစဉ်ဟာ အသစ်အဆန်းဖြစ်သလို ရောဂါ ဘယလည်းမရလွယ်အောင် ကလေးဆေး၊ ကလေးအသုံးအဆောင်နဲ့ ရှေးဦးသူနာပြုပစ္စည်းလေးတွေကို အဆင်သင့်ဆောင် ယူသွားသင့်ပါ ကြောင်း အကြံပြုအပ်ပါတယ်။

ဒေါက်တာမြမြချယ် (ကလေးအထူးကု ဆရာဝန်ကြီး)
Health Guide
https://www.facebook.com/mmhealthguide/

ကလေးငယ်များအတွက် အာဟာရအစားအစာ


ကလေးငယ်များသည် နောင်တစ်ချိန်အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည့် အတွက် မိခင်များအနေဖြင့် မိမိတို့ရင်သွေးငယ်များ ကျန်းမာစွာကြီးထွားဖွံ့ဖြိုးလာရန် တာဝန်ရှိပါသည်။ အစာချေးများသည့် ကလေးများကို အပြစ်မတင်သင့်ပါ။ မိဘများက စားသောက်သည့်ပုံစံ အလေ့အထကို သေချာလေ့ကျင့်ပေးခဲ့လျှင် ဤကဲ့သို့ အစာချေးများသည့် ပြဿနာဖြစ်လာ မည်မှာမဟုတ်ပေ။ ဟင်းသီးဟင်းရွက် လုံးဝမကြိုက်သည့် ကလေးများဖြစ်လာသည်မှာလည်း ငယ်ငယ်ကစားတတ်ရန် မလေ့ကျင့်ပေးခဲ့သောကြောင့်ဖြစ်သည်။ အသီးအရွက်စားတတ်ရန် မိခင်များက မလေ့ကျင့်ပေးခဲ့သောကြောင့်ဖြစ်သည်။ ကလေးတို့၏ အပြစ်မဟုတ်ပါ။ အစား အသောက် ကျွေးမွေးလေ့ကျင့်မှု ပုံစံမမှန်ခဲ့သောကြောင့်သာဖြစ်ပါသည်။

ကလေးများအတွက် အစားအစာဆိုသည့် ခေါင်းစဉ်အောက်တွင် ကျွန်မ အသက်အပိုင်း အခြားအလိုက် မပြောတော့ပါ။ (၆)လနှင့် (၁)နှစ်ကြာ ကလေးငယ်များအတွက် ဖြည့်စွက်စား ကျွေးပုံ၊ ကျွေးနည်းက (၁)နှစ်အထက် ကလေးငယ်များနှင့် မတူသောကြောင့် ဖြစ်ပါသည်။ ဤဖြည့် စွက်စာကို အဓိကမပြောတော့ဘဲ ကလေးအားလုံးအတွက် လိုအပ်သော အစားအစာ အာဟာရ များအကြောင်းကိုသာ မျှဝေပါမည်။ ကလေးတို့ ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးလာရန် အတွက် ပြည့်စုံမျှတသော အာဟာရလိုအပ်ပါသည်။ မိသားစု၊ ပတ်ဝန်းကျင်၊ ပညာရေး စသည့်အရာများ အရေးပါသကဲ့သို့ အခြေခံလိုအပ်ချက်ဖြစ်သည့် ပြီးပြည့်စုံသော အာဟာရသည် အုတ်မြစ်ကဲ့သို့ အရေးကြီးဆုံးကဏ္ဍမှ ပါဝင်နေပါသည်။ အာဟာရအုပ်စုများဖြစ်သည့် အသား၊ ငါးအုပ်စု၊ ဟင်းသီး ဟင်းရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုးနှင့် ကျန်းမာရေး အတွက် သင့်တော်သောအဆီများဟု အကြမ်းဖျဉ်းခွဲခြားနိုင်သည်။ အုပ်စုတစ်ခုချင်းစီ၏ အာဟာရ တန်ဖိုးများနှင့် ကလေးငယ်များအတွက် အရေးကြီးပုံတို့ကို ထပ်မံမျှဝေသွားပါမည်။

အသား၊ ငါးအုပ်စုတွင် အနီရောင်အသား (Red meal) ဟုခေါ်သည့် အမဲသား၊ ၀က်သား၊ ဆိတ်သားများ၊ အဖြူရောင်အသား (ခေါ်) White meal ဖြစ် သည့် ကြက်သား၊ ကြက်ဆင် စ သည်တို့အပြင် ငါးအုပ်စုတွင် ပင်လယ်ငါး၊ မြစ်ငါး စသဖြင့် အကြမ်းဖျဉ်းခွဲခြားနိုင်ပါသည်။ အနီရောင်အသားများသည် အရည်အသွေးမြင့် ပရိုတိန်း (High quality protein) ပါဝင်သည့် အတွက် ကိုယ်ခန္ဓာကြီးထွားစေရန်နှင့် ပရိုတိန်း၏အခြားသော ဇီဝဖြစ်စဉ်များ လုပ်ဆောင်ရန် လွန်စွာအထောက် အကူပေးပါသည်။ အသားမှရသောပရိုတိန်းသည် ပဲမှရသော ပရိုတိန်းထက်ပို၍ ခန္ဓာကိုယ်မှ စုပ်ယူအသုံးပြုရလွယ်ပါသည်။ ခန္ဓာကိုယ်မှထုတ်လုပ်၍မရသော အမိုင်နိုအက်ဆစ် (Essential amino acids) များကိုလည်း အသားများမှ ရရှိပါသည်။ ထို့အပြင် သွေးအားကောင်း စေရန် သံဓာတ်လိုအပ်ပါသည်။ ထိုသံဓာတ် (Iron) ကိုလည်း အနီရောင်အသားများမှ အများဆုံး ရရှိနိုင်ပါသည်။ သွေးအားနည်းခြင်းသည် အများအားဖြင့် အသားမစားသည့် ဆယ်ကျော်သက် မိန်းကလေးငယ်များတွင် တွေ့ရသည့်လက္ခဏာဖြစ်ပါသည်။ မိမိတို့၏ သားသမီးများကို အသား စားတတ်အောင် လေ့ကျင့်သင်ကြားပေးရမည်မှာ မိဘတိုင်း၏တာဝန်ပင်ဖြစ်ပါသည်။ အသားများမှ ရသည့်အဆီ ဥပမာ - ၀က်ဆီ၊ အမဲဆီ၊ ၀က်ခေါက် စသည်တို့ကိုတော့ တတ်နိုင်သမျှရှောင်ကြဉ် ရပါမည်။ ပြည့်ဝအဆီများဖြစ်နေသော ကြောင့်ဖြစ်သည်။ ငါးများတွင်လည်း အိုမီဂါ 3 (Omega 3) ပါဝင်သည့် တူနာငါးနှင့် ပင်လယ်ငါးတို့ သည် ကလေးငယ်တို့၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါသောကဏ္ဍာတွင် ပါဝင်နေပါသည်။ တစ်ပတ်ကို ငါး (၂)ကြိမ်၊ (၃)ကြိမ်ခန့် ကျွေးပေးသင့် သည်ဟု သုတေသနစာတမ်းများက ဆိုပါသည်။ ပင်လယ်ငါးအချို့တွင် မာကျူရီ (Mercury) ပါဝင် နှုန်းမြင့်သောကြောင့် သေချာရွေးချယ် ၀ယ်ယူရန် လိုပါသည်။

ဟင်းသီး/ဟင်းရွက်နှင့် အဆီအမျိုးမျိုးသည်လည်း ကလေးငယ်တစ်ယောက် ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးလာဖို့အတွက် မရှိမဖြစ်သော အာဟာရဖြစ်ပါသည်။ အသီး၊ အရွက်တို့ကို နှစ်သက်စွာစားတတ်အောင် မိဘများက ငယ်စဉ်ကတည်းက လေ့ကျင့်ယူပေးရပါမည်။ အစာမစား သည့်အချိန်တွင် ကလေးငယ်များသည် အချိုကိုသာနှစ်သက်ကြသောကြောင့် အသီးကိုတော့ စားတတ်ကြပါသည်။ အရွက်များ၏ စိမ်းရွှင်ရွှင်အနံ့သည် တော်ရုံကလေးအများစု နှစ်သက်သည့် အရာမဟုတ်သည့်အတွက် အရွက်ကျွေးလျှင် ကလေးများက ထွေးထုတ်လေ့ရှိပါသည်။ အစား အစာတစ်မျိုးကို ယဉ်ပါးလာအောင်၊ စားတတ်အောင် အနည်းဆုံး (၅) ကြိမ်မှ (၁၄)ကြိမ် ခန့် ကြိုးစား၍ကျွေးရမည်ဟု သုတေသနပြုလုပ်ချက်များက ပြောထားပါသည်။ တစ်ကြိမ်၊ နှစ်ကြိမ် ကျွေး၍ ကလေးက လက်မခံဘဲ ထွေးထုတ်လျှင် လက်မလျှော့သင့်ပါ။ အနည်းငယ်ခြား၍ဖြစ်စေ၊ ပုံစံနောက် တစ်မျိုးပြောင်း၍ ချက်ပြုတ်ပြီးဖြစ်စေ ကျွေးရပါမည်။ ကလေး မစားစားအောင် ကျွေးရမည်မှာ မိခင်/ဖခင်တို့၏ တာဝန်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အသီး/အရွက်များ ထဲတွင် ပြင်ပမှဝယ်ယူ၍ မရနိုင်သော အားဆေးများ၊ ဖြည့်စွက်စာများထက် သာလွန်ကောင်းမွန် သော အာဟာရဓာတ်၊ ဗီတာမင်နှင့် သက်စောင့်ဓာတ်များ၊ Phytochemicals (ခေါ်) ဇီဝဖြစ်စဉ်များ ကို အထောက်အကူပြုသောဓာတ်များ ပြည့်ဝစွာပါဝင်ပါသည်။ ဘယ်အရာနှင့်မှ အစားထိုး၍ မရသော အာဟာရများဖြစ်ပါသည်။ သူတစ်ပါး၏ကလေးများက အသီး၊ အရွက်ကို နှစ်သက်စွာ စားသုံးပြီး၊ အာဟာရဓာတ်များရရှိနေချိန် မိမိတို့၏ ကလေးများသည် အသီး/အရွက် မစားသော ကလေးများ ဖြစ်နေပါက လွန်စွာမှ ၀မ်းနည်းဖွယ် ကောင်းလှပါသည်။ ဗီတာမင်အားဆေးတိုက်ရုံနှင့် ကျေနပ်နေသောမိဘများ မဖြစ်သင့်ပါ။

နောက်ထပ် အရေးကြီးသည့် အစားအစာအုပ်စုမှာ နို့နှင့်နို့ထွက်ပစ္စည်းများ ဖြစ်ပါသည်။ နို့ကို ကလေးရော၊ လူကြီးပါ သောက်သုံးသင့်ပါသည်။ နို့မှရသည့် ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ စသည်တို့သည် ကလေးငယ်များ အရိုးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်ပါသည်။ အရိုး၏ သိပ်သည်းဆ အမြင့်ဆုံးအချိန် (Peak bone ma) သည် ၁၇-၁၀ နှစ် ၀န်းကျင်ခန့်ဖြစ်ရာ ဤအရွယ်မတိုင်ခင် အရိုးကြီးထွားသန်မာစေရန် ကျွေးမွေးရပါမည်။ အရိုး၏သိပ်သည်းဆနည်း ခဲ့ပါက အသက်ကြီးလာသည့်အချိန်တွင် ရွယ်သူများထက် အရိုးပါးခြင်း၊ အရိုးပွခြင်း၊ အရိုးကျိုး လွယ်ခြင်းတို့ဖြစ်နိုင်ပါသည်။ ရောဂါဖြစ်မှ ကုသည်ထက် မဖြစ်ခင် ကြိုတင်ကာကွယ် ထားသည်က ပိုကောင်းကြောင်း လူတိုင်းနားလည်ပြီးဖြစ်ပါသည်။ ဆယ်ကျော်သက် မိန်းကလေးများ အလွန် အမင်း အစာလျှော့၊ ၀ိတ်လျှော့ခြင်းသည်လည်း အရွယ်မတိုင်မီ အရိုးပြဿနာများဖြစ်စေသည့် အချက်တစ်ချက်ဖြစ်ပါသည်။ နို့ကိုရွေးဝယ်ရာတွင် ကလေးများ အတွက်ဆို အဆီနည်းနို့ ၀ယ်စရာမလိုပါ။ ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဆီဓာတ်လိုအပ်သောကြောင့် ဖြစ်ပါသည်။ တစ်နှစ်အောက် ကလေးများကိုမူ နွားနို့မတိုက်ရပါ။ အဘယ်ကြောင့်ဆိုသော် တစ်နှစ် အောက် ကလေးများ၏ အစာအိမ်နှင့် အူလမ်းကြောင်းသည် နွားနို့မှရသော ပရိုတိန်းကို မချေဖျက် နိုင်သေးပါ။ ထို့ကြောင့် စွန့်ပစ်ပစ္စည်းအနေနှင့် ကျောက်ကပ်တွင် စုပုံလာစေပြီး၊ ကျောက်ကပ်ကို အလုပ်ပိုပေးမိသလိုဖြစ်နေပါသည်။ နို့ထွက်ပစ္စည်းများဖြစ်သည့် ဒိန်ချဉ်၊ ချိစ်၊ ထောပတ် စသည်တို့ သည်လည်း အာဟာရဖြည့်ဝသော အစားအစာများဖြစ်ပါသည်။ ကလေးငယ်များကို တစ်ရက်လျှင် နို့နှင့် နို့ထွက်ပစ္စည်းများကို (၂)ကြိမ်ခန့် ကျွေးသင့်ပါသည်။
ထို့အပြင် အစေ့အဆန်များဆိုသည့်အုပ်စုထဲတွင် ဆန်၊ ဂျုံ၊ ပြောင်း၊ ဘာလီ စသည့် ကောက်ပဲသီးနှံများအပြင် သစ်ကြားသီး၊ သီဟိုစေ့၊ ဖရုံစေ့၊ နေကြာစေ့ စသဖြင့် ပါဝင်ပါသည်။ ဆန်သည် အရှေ့တိုင်းသားတို့၏ အဓိကအစားအစာဖြစ်ပါသည်။ ပျမ်းမျှ ကျွန်မတို့၏ တစ်နေ့တာ အားသစ်လိုအပ်ချက်မှ ရရှိပါသည်။ ကစီဓာတ် (Carbohydrate) ကိုပေးပါသည်။ ကလေးငယ် များကို တမင်ဝါးခွံ့သည့် အလေ့အထနှင့် ဆန်ကိုရေငှဲ့ချက်ကျွေးသည့် အလေ့အထများကို တော့ဖြင့် ရှောင်ကြဉ်သင့်ပါသည်။ ထမင်းတွင်ပါဝင်သော အာဟာရတန်ဖိုးများ ဆုံးရှုံးသွားနိုင်သော ကြောင့်ဖြစ်ပါသည်။ အစေ့၊ အဆန်များတွင် ကောင်းသောအဆီ (Plyunsaturated fat, mono unsaturated fat) များ ပါဝင်သည့်အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဗီတာမင်များစွာ ပါဝင်ပါသည်။ တစ်ပတ်ကို (၃)ကြိမ်ခန့် ကျွေးသင့်ပါသည်။

နောက်ထပ် အာဟာရအုပ်စုတစ်ခုဖြစ်သည့် ပဲအမျိုးမျိုး အကြောင်းဖော်ပြလိုပါသည်။ ပဲကြီး၊ ပဲကြား၊ စားတော်ပဲ၊ ပဲနီလေး၊ ကုလားပဲ၊ တောင်ကြီးပဲ၊ ပဲစိမ်း၊ မြေပဲ စသဖြင့် ကျွန်မတို့ နိုင်ငံတွင် ပဲမျိုးစုံထွက်ပါသည်။ များစွာသော ပရိုတိန်းဓာတ်ကို ပေးစွမ်းနိုင်ပါသည်။ ကြော်ချက်ပြုတ် သုပ် နည်းမျိုးစုံဖြင့် မိမိတို့၏ ကလေးစားဝင်အောင်၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်၍ ကျွေးသင့်ပါသည်။ GEPD emyme ချို့တဲ့သောကလေးများအတွက်မူ သတိထားရှောင်ကြဉ်ရ မည့်ပဲများကို မိခင်များက သေချာမှတ်ထားရပါမည်။
ကျန်းမာရေးအတွက် သင့်တော်သောအဆီများမှာ မပြည့်ဝဆီ (Monoun -saturated fat, Polyunsaturated fat) တို့ဖြစ်ပါသည်။ သံလွင်ဆီ၊ နှမ်းဆီ၊ မုန်ညင်းဆီ၊ ပြောင်းဖူးဆီ၊ နေကြာဆီ၊ မြေပဲဆီစစ်စစ်တို့မှ ရပါသည်။ စားအုန်းဆီ များတွင် ပြည့်ဝဆီပါဝင်မှုများသည့်အတွက် ရှောင်ကြဉ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ကြော်သည့်ဆီကို တစ်ကြိမ်သာသုံးသင့်ပါသည်။ အကြိမ်ကြိမ်ပြန်ကြော်သော အဆီများသည် Trans fat (ခေါ်) အသွင်ပြောင်းအဆီအဖြစ် ပြောင်းလဲသွားပြီး၊ လူကို ဒုက္ခပေးတတ်ပါသည်။
အနှစ်ချုပ်၍ပြောရလျှင် မိမိတို့၏ ကလေးငယ်များကို ကျန်းမာသော၊ အာဟာရရှိသော စားသောက်မှုပုံစံရရှိရန် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးရပါမည်။ ငယ်စဉ်ကလေး ဘ၀က စားသောက်မှုပုံစံမှားခဲ့လျှင် နောင်တစ်ချိန်တွင် ပြန်ပြင်ဖို့ခက်ပါသည်။ ဥပမာ - ငယ်စဉ် ကတည်းက fast foods ကြိုက်သော ကလေးသည် ကြီးလာလျှင်လည်း fast foods ကြိုက်မည်မှာ မလွဲပင်ဖြစ်ပါသည်။ မှန်ကန်သော အစားအသောက်ကို ရွေးချယ် တတ်ခြင်းဖြင့် ကလေးငယ် တို့ဘ၀ တစ်လျှောက်လုံး ရောဂါကင်းဝေးပြီး ကျန်းမာစေရန်အတွက် အနည်းငယ်မျှဝေမျှ လိုက်ရ ပါသည်။
ကျန်းမာပျော်ရွှင်သော ဘ၀များပိုင်ဆိုင်နိုင်ကြပါစေ။

Health Guide
Dr. Jasmine
https://www.facebook.com/mmhealthguide/
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ