Folic acid ဖေါလစ်အက်စစ်



ကျွန်မအသက် (၃၁) နှစ်ဖြစ်ပါတယ်။ ကျွန်မလက်ရှိကိုယ်ဝန် ၆ ပတ်ရှိနေပါပြီ။ (ကန်တော့ပါရှင်) မနေ့က အိုဂျီနဲ့ သွားပြပါတယ်။ ကလေးရေအိတ်အနေအထားနဲ့ လူကြီးကျန်းမာရေးအားလုံးအဆင်ပြေတယ်လို့ပြောပါတယ်။ ကျမက Folic Acid 800 mcg တစ်ရက်တစ်လုံးနဲ့ Evening Primose Oil တစ်ရက်နှစ်လုံး ကို ၁၇ ဒီဇင်ဘာ ၂၀၁၆ နေ့ကစပြီး သောက်သုံးခဲ့ပါတယ်။ ကျွန်မသောက်တဲ့ ဆေးကိုလည်း အိုဂျီကို ပြဖို့ယူသွားခဲ့ပါတယ်။ အိုဂျီကစစ်ဆေးပြီး ကျွန်မ သောက်တဲ့ဆေးတွေကိုရပ်ဖို့နဲ့ နောက်ထပ်သောက်သုံးဖို့ဆေးတွေပေးလိုက်ပါတယ်ရှင်။ အိုဂျီပေးတဲ့ ဆေးသုံးမျိုးမှာပါတဲ့ ဖောလစ်အက်စစ်ပမာဏကို ပေါင်းလိုက်ရင် (Folic acid BP 2.5 mg + Folic acid 500 mcg + Folic acid 5mg) အမှန်တကယ်ပြောရရင် အဲ့လောက်များတဲ့ ဖောလစ်အက်စစ်ပမာဏများကို ကျွန်မ မသောက်ရဲပါဘူးဆရာ။ ကျန်းမာရေး ကောင်းတဲ့ မိခင်လောင်းတစ်ဦးအနေနဲ့ ဒီလောက်များတဲ့ ဖောလစ်အက်စ်ပမာဏ လိုပါသလားရှင်။ တကယ်လို့ အိုဂျီ ညွှန်ကြားတဲ့အတိုင်း ကျွန်မမသောက်ခဲ့ရင် ကျွန်မရင်သွေးလေးမှာ ချို့ယွင်းချက်တွေ ဖြစ်လာခဲ့မှာကိုလည်း တွေးပြီး စိုးရိမ်မိပါတယ်။
Folic acid (ဖေါလစ်-အက်စစ်) ဆိုတာဗီတာမင် ဘီအုပ်စုဝင်ဆေး ဖြစ်တယ်။ Vitamin B9, Vitamin Bc, Folacin နဲ့ Folate လို့လဲခေါ်တယ်။ (ဖေါလစ်-အက်စစ်) နည်းတဲ့ သွေးအားနည်းတာနဲ့ သံဓါတ်နည်း-သွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာ မကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လျှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။ (အလာဂျီ) အတွက်လဲ သုံးတယ်။ စိတ်ကျနေသူတွေကိုလဲပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊ သတိမေ့တတ်သူတွေကိုလဲပေးတယ်။ အဝလွန်သူတွေ အဆီချဘို့အတွက်လည်းသုံးတယ်။ ဆီးချိုကိုလဲ ပေးတယ်။ သွေးဆုံးချိန်မှာလဲ အသုံးကျတယ်။ ကျောက်ကပ်ရောဂါ၊ အရိုးရောဂါ၊ လေးဘက်နာသူတွေကိုလဲ ပေးတယ်။ လူတွေမှာသွေးနီဥနဲ့ DNA ခေါ်တဲ့ မျိုးဗီဇတည်ဆာက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲအသုံးဝင်တယ်။ ယေဘုယျဆိုရင် တနေ့မှာ 0.5-1.0 mg/daily စားဆေး-ထိုးဆေးအဖြစ်ပေးတယ်။ သွေးနီဥ နဲ့ DNA ခေါ်တဲ့ မျိုးဗီဇ တည်ဆောက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲ အသုံးဝင်တယ်။
ကိုယ်ဝန်နဲ့ ဖေါလစ်အက်စစ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဖေါလစ်အက်စစ်နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း Folic acid 400 (mcg) လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ မွေးပြီး ကလေး နို့တိုက်ချိန် ဆိုပါစို့ ၆ လအထိ သောက်သင့်တယ်။ အထဲကကလေးမှာ NTD ဆိုတာရှိနေတာကိုသိရင် ဆေးကိုများများ ပေးလိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေ 1000 (UL) က လိုပြီး၊ ကလေးတွေ 150-800 (IU) နဲ့ လူကြီးတွေ 400 (UL) လိုနိုင်တယ်။ ဖေါလစ်အက်စစ်ကို ကိုယ်ဝန်မယူခင် ၃ လကတည်းကနေစသောက်သင့်တယ်။ တနေ့မှာ 400 micrograms သောက်ပါ။ တကယ်လို့ သင့်မိသားစုထဲမှာ မွေးရာပါချို့ယွင်းချက်နဲ့ မွေးဘူးတဲ့ရာဇဝင်ရှိနေရင် 4000 micrograms အထိပေးနိုင်တယ်။
အားနည်းချက်တွေလဲသိဘို့လိုတယ်။ Folic acid ဆေးပေးလို့ ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ Folic acid ဆေးပေးတာများရင် ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ Iron-folic acid supplementation အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။
ပဲနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ ပါနေတယ်။ လိမ္မော်သီးတလုံး = 54mcg; ကြက်ဥပြုတ်တလုံး = 22mcg; သင်္ဘောသီး အလတ်စားတလုံး = 115mcg; ပဲပြုတ် တခွက် = 280 mcg; ဟင်းနုနွယ်ရွက် တခွက် = 260 mcg; ထမင်းဖြူ 3/4 cup = 60mcg; ခရမ်းချဉ်သီးရည် 1 cup = 50mcg; ခေါက်ဆွဲပြုတ် 1 cup = 160mcg ပါတယ်။ အစာထဲက (ဖေါလစ်-အက်စစ်) ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုတ်သင့်ဘူး။
အသီးအရွက်စားတာကနေ ကင်ဆာကိုကာကွယ်နိုင်တယ်ဆိုတာဟာ လိုတာထက် ပိုပြောနေတယ်လို့လဲ နောက် လေ့လာမှုတွေက ထောက်ပြလာတယ်။ (ဖေါလစ်အက်စစ်) က ရင်သားကင်ဆာ နဲ့ အူမကြီးကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

အာသီးရောင်ရောဂါ


အာသီးရောင်ရခြင်းသည် များသောအားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ပါသည် ။ အာသီးရောင်ခြင်းကို ကလေးငယ်များတွင်အများဆုံး ဖြစ်ပွားမှု့ များလေ့ရှိပါသည် ။ ကလေးငယ်များတွင် အာသီးရောင်နေလျှင် တစ်ဦးမှ တစ်ဦးသို့ ကူးဆက်တက်ပါသည် ။အာသီးရောင်ခြင်းကြောင့် အစားအစာမျိုချဖို့ ခက်ခဲမှုတွေဖြစ်မယ် လည်ချောင်းတွေနာနေမယ် အသက်ရှူလို့ မကောင်းခြင်း နှင့်အတူ ကိုယ်အပူများပြီး ဖျားနာခြင်း လက္ခဏာရပ်တွေဖြစ်ပေါ်လာပါသည် ။

ကလေးငယ်တွေခံစားမှု့ ကို မပြောတက်ပေမဲ့ သတိထားရမည်အချက်များမှာ အာသီးရောင်နေသည့်အတွက် အစာကျွေးသည့်အခါ မစားနိုင်ခြင်း ၊ လည်ချောင်းပါနာနေသည့်အတွက် ငိုယိုနေခြင်းဖြစ်နေပါက ကလေးငယ်ပါးစပ်ကို ဟခိုင်းပြီး အာခေါင်းအတွင်းကို ကြည့်ရပါမည် လည်းချောင်းအတွင်းထဲက အာခေါင်တစ်ဖက်တစ်ချက်စီရှိသော အာသီးများ ရဲနေလား ၊ ကြီးနေလား ၊ အဝါရောင်အစက်ကြောင့် ရောင်ရမ်းပြီး ပြည်တည်နေခြင်း ဖြစ်မဖြစ်ကို သေချာကြည့်ရှု့ ရပါလိမ့်မည် ။ အာသီးရောင်ခြင်းကြောင့် အဖျားဝင်တက်သဖြင့် အဖျားလည်းတိုင်းတာဖို့ လိုအပ်ပါသည် ။ လည်ချောင်နာနေသည့်အတွက် အစာပျော့ပျော့ဖြစ်သောအစားအစာများကို ကျွေးပါ ၊ အရည်များများ တိုက်ပေးပါ ။

အာသီးရောင်ရောဂါဖြစ်နေသည့်အခါတွင် ပဋိဇီဝဆေးအလွယ်တကူဝယ်ယူ သောက်ခြင်း တိုက်ခြင်း မလုပ်ဆောင်သင့်ပါ ။ ရောဂါပျောက်ကင်းစေရန်အတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှာထံမှ ကုသမှု့ ခံယူပြောကြားသည့် ပဋိဇီဝဆေးကိုသာ သောက်သုံးသင့်ပါသည် ။

အာသီးရောင်ခြင်းကို မကြာခဏ ဖြစ်ပေါ်နေခဲ့လျှင် နောက်ဆက်တွဲ နားရောဂါဖြစ်သည် နားပြည်ယိုခြင်းနှင့် နားရောင်ခြင်းအပြင် အကြားအာရုံကိုထိခိုက်နိုင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

Allergic skin အရေပြား (အလာဂျီ)

1. သမီး လက်နဲ့ခြေထောက်တွေမှာ အနီအဖုသေးလေးတွေထွက်လာတယ်။ အရေခွံလေးတွေက ပုံထဲမှာလိုပဲ ခြောက်သွားတယ်။ အရေခွံလေးတွေခြောက်လို့ လက်သည်းနဲ့ခြစ်လိုက်ရင် ဗောက်လိုပဲ အရေခွံလေးတွေ ပါလာတယ်။ ဒါပေမယ့်ပုံထဲကလို အရေပြားမှာအဖြူစက်ကလေးတွေကျန်နေတယ်ဆရာ။ သမီးလည်း အစကမနာတော့ သတိမထားမိဘူးဆရာ။ သတိထားမိတော့မှခြေထောက် လက်တွေမှာ ဆက်တိုက် ပေါက်နေတယ်။ အခုထိပဲဆရာ။ လိုအပ်တာကိုညွှန်ကြားပေးပါဦးဆရာ။
2. ဆရာ Allergy အကြောင်းတင်တာနဲ့ သမီး ဖြစ်နေတာလေးပြောပါရစေ။ သမီးအသက် ၄၆ နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ခန့် ကအသားတွေယားလို့ သွေးစစ်ဘူးပါတယ်။ အထွေထွေအထူးကုသမားတော် ဒေါက်တာ့ နဲ့ ပါ။ သွေးထဲမှာ Allergy ဖြစ်တဲ့သွေးပါတယ်ပြောပါတယ်။ အဲတုန်းကတဲ ကနေ CETRINE ဆေးကို တနေ့တလုံး သောက်လာတာ ၅နှစ်ခန့် ရှိပါပြီ။ မသောက်ရင်အသားတွေယားလာတာပဲဆရာ။ အဲဒါ အဲဒီဆေးဆက်သောက်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။ နောက်ပြီး ဆရာဝန်နဲ့ ပြန်ပြီးဆေးကုသမှုဆက်လက်ခံယူသင့်ပါသလား။ အဲလောက်ကြာနေတဲ့ ရောဂါ ပျောက်နိုင်ပါ့ မလားဆရာ။

Antihistamines (အင်တီဟစ်စ်တမင်း) စားဆေး-သောက်ဆေးကို ရောင်တာ၊ နှာရည်ယိုတာ၊ ယားတာ၊ မျက်ရည်များတာ၊ အင်ပြင် ထွက်တာတွေ သက်သာစေတယ်။ အလွယ်ဝယ်ရနိုင်တာတွေက Loratadine (Claritin), Cetirizine (Zyrtec) နဲ့ Clemastine (Tavist) တွေ ဖြစ်တယ်။ Fexofenadine (Allegra) ကိုတော့ ဆေးလက်မှတ်လိုမယ်။ ဘေးထွက်ဆိုးကျိုး = အာခေါင် ခြောက်မယ်။ အရင်မျိုးဆက် ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl) နဲ့ Chlorpheniramine (Chlor-Trimeton) တွေဟာ အိပ်ချင်မယ်။

(အင်တီဟစ်စ်တမင်း) တွေထဲမှာ Cetirizine (HCl) ဆေးကို အများဆုံးသုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေး စတာတွေထဲမှာပါတယ်။ မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ (အင်တီဟစ်တမင်း) ဆေးအုပ်စု၊ ဒုတိယမျိုးဆက်ဖြစ်တယ်။ အရင်ပေါ် ပဌမမျိုးဆက် Chlorpheniramine Maleate (ကလိုဖင်နရာမင်း) မြန်မာပြည်မှာရတဲ့ Burmeton လို မအိပ်ချင်ဘူးဆိုပေမဲ့ နဲနဲတော့ အိပ်ချင်တာပါဘဲ။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လဲ သုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးဘဲ သုံးတာများတယ်။ လူကြီးတွေကို တည ၁ ပြားပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။ သာမန်လောက်သာ ဖြစ်ပါတယ်။ ခေါင်းကိုက်၊ အာခေါင်ခြောက်၊ အိပ်ချင်၊

Cetirizine hydrochloride (စီထရွက်ဇင်း) ဆေး
Urticaria အင်ပြင်ထတာနဲ့ Allergic Rhinitis အလာဂျီကြောင့်နှာခေါင်းမွှန်တာအတွက် အတွက် 5 to 10 mg တနေ့ ၁ ကြိမ်။
ကလေး ၆ လမှ ၂ နှစ် 2.5 mg တနေ့ ၁ ကြိမ်။ ၁ နှစ်အထက် 2.5 mg - 5 mg တနေ့ ၂ ကြိမ်။ ၆ နှစ်ကလေး 5 to 10 mg တနေ့ ၁ ကြိမ်။

ဘေးထွက်ဆိုးကျိုးများ ၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉ဝဝ ကျော်ကို ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်ခြင်း ရလဒ်များ = အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။ ခေါင်းကိုက် = ၁၁-၁၄%၊ လည်ချောင်းနာ = ၆့၂-၂့၈%၊ ဗိုက်နာ = ၄့၎-၅့၆%၊ ချောင်းဆိုး = ၄့၎-၂့၈%၊ ဝမ်းပျက် = ၁့၉-၄့၂%၊ နှာခေါင်းသွေးယို = ၃့၇-၁့၉%၊ ပျို့ချင် = ၁့၉-၂့၈%၊ အန် = ၂့၅-၂့၃%၊ ရင်ကြပ် = ၃့၁-၁့၉%။

Skin Creams and Lotions လိမ်းဆေး
အရေပြားမှာ ယားယံပြီး အနီပိန့်တွေအတွက် Calamine lotion ကောင်းပါတယ်။ Zinc oxide (ZnO) + 0.5% Ferric oxide (Fe2O3) ရောထားတဲ့ဆေးဖြစ်တယ်။ Moisturizer နဲ့ Hydrocortisone cream ကိုဆောင်ထားပါ။ Moisturizers ကနေ အရေပြားကို ယားတာ၊ နေမထိထိုင်မသာဖြစ်တာကို သက်သာစေမယ်။ Hydrocortisone ကနေ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေမယ်။

ယားယံတာကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်-ရှောင်နိုင်မှသာ ပျောက်မှာပါ။ ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။

Cetirizine အပြင် (အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) အတွက် ဆေးတွေကအမျိုးမျိုးရှိတယ်။ Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate (most commonly used as an antiemetic), Dimetindene, Diphenhydramine (Benadryl), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine စတာတွေဖြစ်ပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe

ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပါက ရေဓာတ် ဖြည့်တင်း နိုင်ရန် လိုအပ်

  မြန်မာနိုင်ငံရှိ ကလေးငယ် အများစုတွင် ဖြစ်ပွားတတ်ပြီး ဒုတိယ သေဆုံးမှု အများဆုံး ဖြစ်သော ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားပါက ရေဓာတ် ခန်းခြောက်မှုကို ဖြစ်စေနိုင် သဖြင့် ရေဓာတ် ဖြည့်တင်းသည့် ဓာတ်ဆား ရေ ကို သောက်သုံးပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း ကွင်းဆင်း  စောင့်ရှောက်ရေး စီမံချက် ဒုတိယမန်နေဂျာ ဒေါက်တာ အေးမြလွင်က ပြောသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ အသက်ငါးနှစ်အောက် ကလေးသူငယ် အများ သေဆုံးနေရခြင်း၏ ဒုတိယအကြီးမားဆုံး အကြောင်းအရင်းမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်ဖြစ်ပြီး ယင်းရောဂါကြောင့် ကလေး ၁ဝ ဦးအနက် တစ်ဦးနှုန်း တစ်နှစ်တွင် ကလေးအရေ အတွက် ရှစ်သိန်းအထိ အသက်ဆုံးရှုံးနေရကြောင်း Unicef ၏ တင်ပြချက်အရ သိရသည်။

''ဝမ်းပျက်ဝမ်းလျှော ရောဂါက မဖြစ်မီ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ဖြစ်လာပြီဆိုရင် ရေဓာတ် ခန်းသွားတတ်ပါတယ်။ ဝမ်းနှစ်ကြိမ်၊ သုံးကြိမ် သွားတဲ့အတွက် ရေဓာတ်က ခန္ဓာကိုယ်ထဲမှာ ခန်းသွားတော့ ရေဓာတ် အစား ပြန်ဖြည့်ဖို့ ဓာတ်ဆားထုပ်တွေနဲ့ ပြန်ဖြည့်ရမယ်။ ဒီထက်ပိုရင် Drift သွင်းတာတို့၊ နှာခေါင်း ထဲ ပိုက်ထည့်တာတို့ ရေများများဝင်အောင် လုပ်ရပါမယ်။ တကယ်လို့ ဝမ်းပျက်တဲ့အပြင် ဗက်တီးရီးယား ပါဝင်မယ်ဆိုရင်တော့ ပိုးသတ်ဆေးတွေ တိုက်သင့်ရင် တိုက်ရမယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါက ဝမ်းပျက် တာအပြင် ဘယ်လို လက္ခဏာရပ်တွေ ပြသေးလဲဆိုရင် လက်ကလေးတွေမှာ ပဲကြီးရေခွံလိုမျိုး တွန့်လာ တတ်တယ်။ မျက်လုံးလေး တွေ ချိုင့်လာတယ်။ လက်ဖျားခြေဖျားအေးပြီး သွေးပေါင်ကျသွားနိုင်တဲ့ လက္ခဏာ တွေဖြစ်နိုင်ပါတယ်။ အဓိကကတော့ ဒီရောဂါဟာ ကျန်းမာရေး အသိပညာတွေဖြစ်တဲ့ အစားအစာ သန့်ရှင်း ဖို့နဲ့ အစာမစားမီ လက်ဆေး ဖို့တို့ကိုသိရင် ကြိုတင် ကာကွယ်နိုင်ပါတယ်'' ဟု ဒေါက်တာအေးမြလွင်က ပြောကြားခဲ့သည်။

အမျိုးသားအဆင့် ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာ စီမံကိန်း၏ လေ့လာ ချက်အရ အဆုတ်ရောင်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ကလေးသူငယ် သေဆုံးမှုမှာ အရှေ့ တောင် အာရှ နိုင်ငံများ၌ ၃၃ ရာခိုင်နှုန်းခန့်နှင့် မြန်မာနိုင်ငံ၌ ၂၅ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း သိရသည်။

မိုးအောင်
မြ၀တီ
https://www.facebook.com/mwdmedia

သင်သည် ဝမ်းချုပ်နေသလား ၊ လေပွနေသလား?


ဒိန်ချဉ်စားလိုက်ပါ ဒိန်ချဉ်တစ်ခွက်နဲ့ တစ်ဝက်စာမှာ ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေ များစွာပါဝင်တဲ့အတွက် အစားအစာဟောင်းတွေကို အူလမ်းကြောင်း တစ်လျှာက် ပိုမိုတွန်းထုတ်နိုင်တယ်လို့ ဆိုပါတယ်။

လူ့အကျိုးပြု ဘက်တီးရီးယားတွေဟာ လေထစေနိုင်တဲ့ ပဲနဲ့ နို့မှာ ပါဝင်တဲ့ Lactose ကို သင့်အစာအိမ်မှ အစာချေဖျက်မှု ပိုမိုကောင်းစေပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

လည်ပင်းနာ အသံဝင်နေခြင်း


အဖြစ်များရခြင်းမှာ-
အပူအအေးဥတုအပြောင်းအလဲဖြစ်ခြင်း
ရေခဲရေ အသောက်များခြင်း
အအေးပတ်ခြင်း
လေထုအတွင်းမှဖုံသဲများရှုရှိုက်မှု့များခြင်း
ပင်ပန်းနွမ်းနွယ်နေခြင်းတို့ကြောင့်အဖြစ်များရပါသည်။
တစ်ချို့ဆိုလျှက် အာသီးရောင်ပါ ဖြစ်တက်ပါသည်။
ထိုသို့ဖြစ်ပါက လည်ပင်းတွင် ခြောက်ကပ်ကပ်ဖြစ်ပေါ်ခံစားနေရသလို အဖျားပါ ဖြစ်လာနိုင်ပါသည်။

ရှောင်သင့်ပါသည်-
ရေခဲရေသောက်ခြင်း ၊ အချိုရည်သောက်ခြင်း ၊ ဆီကြော်စာစားခြင်း ၊ ဖုံထူထပ်ပြီး လူသွားလူလာများသည့်နေရာများရှောင်ပါ။

လုပ်ဆောင်သင့်သည်မှာ-
ရေနွေးအဖြူမပူမအေးအနေထားကို ဆားအနည်းလေးပါထည့်ပြီး မကြာခဏ ငုံငုံပေးပါ ။
လည်ပင်းတစ်ဝိုက်နေရာကို ပုဝါ သို့မဟုတ် အဝတ်စားအစဉ်ပြေသလို လည်ပင်း မအေးစေရန် ဝတ်ပါ
strepsils ဆေးကဲ့သို့ ဆေးပြားလေးကို ငုံပေးပါ ။
အာသီးရောင်နေခြင်းပါပူးတွဲဖြစ်ပေါ်နေပါက antibiotic ဆေးသောက်သင့်ပါသည်ဆိုပေမဲ့ ဖြစ်နေသည့် အနေအထားအတိုင်းအတာအရပြသပြီး တက်ကျွမ်းသူ၏ ပြောပြချက်ဖြင့်သာ သောက်သင့်ပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

သားအိမ်ခေါင်းကင်ဆာ


သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ အခွင့်အလမ်းများစေတဲ့အချက်တွေက ဘာတွေများပါလဲ။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်း၊ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုစတင်ခြင်း၊ အသက် ၁၈ နှစ်မပြည့်မီ ကလေးမွေးခြင်း၊ လိင်ဆက်ဆံဖော်အရေအတွက်များခြင်း၊ လက်ထပ်သည့် အကြိမ်များခြင်း။ မိန်းမကိုယ်ပေါ်တွင်ကြွက်နို့ပေါက်ခဲ့ဖူးသည့်ရာဇ၀င်ရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လိင်ဆက်ဆံရာမှ ကူးစက် တတ်တဲ့ ရောဂါများဖြစ်ဖူးခြင်း၊ ပဋိသန္ဓေတားဆေးများ ကာလကြာရှည်စွာသောက်ခဲ့ဖူးသည့် ရာဇ၀င်ရှိခြင်း၊ လူသား ကြွက်နို့ဗိုင်းရပ်စ် (HPV) ကူးစက်ခံရဖူးခြင်း၊ လိင်ဆက်ဆံဖော်၏ လိင်ဆက်ဆံခြင်းအမူအကျင့်တွေ စတဲ့ အကြောင်းတွေကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ များပါတယ်။

စောစောစီးစီးတွေ့ရတဲ့ သတိပေးလက္ခဏာတွေရော ရှိပါလား။

မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့အရည်တွေဆင်းတာ- ဥပမာ အဖြူရောင်ရေကဲ့သို့ ဆင်းနေတာ။ သွေးပါတဲ့အရည်တွေ ထွက်နေတာ။ နံစော်ပြီး ပြည်ကဲ့သို့ အရည်တွေ ထွက်တာ။ အဲဒါမျိုးတွေကို စောစောစီးစီး တွေ့ရတတ်ပါတယ်။ နောက်တစ်ခုက မိန်းမကိုယ်ကနေပဲ သွေးဆင်းတာ။ ပုံမမှန်တဲ့သွေးဆင်းတာ၊ လိင်ဆက်ဆံပြီးနောက် သွေးဆင်းတာ၊ မီးယပ်သွေးဆုံးပြီးမှ သွေးဆင်းတာ အဲ့လိုမျိုးလက္ခဏာတွေက လူကို သတိပေးနေတယ်ဆိုတာ သိရပါမယ်။

ကိုယ်တိုင်လေ့လာသိရှိရမယ့် အပိုင်းလေးကိုလည်းပြောပြပေးပါ။

အသက် 30 ရောက်ပြီဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာရောဂါကို စတင်စစ်ဆေးသင့်တဲ့အရွယ်ပါပဲ။ အသက် ၃၀ ကနေ ၆၅ နှစ်ကြားဆိုရင်တော့ Pap Smear (သားအိမ်ချွဲမြေးယူစစ်ဆေးခြင်း) ဆိုတာကို ၃ နှစ် ၁ ကြိမ် စမ်းသပ်သင့်ပါတယ်။ အကယ်၍များ ဖြစ်နိုင်ရင်တော့ HPV DNA စမ်းသပ်တာကို ၅ နှစ် ၁ ကြိမ် လုပ်သင့်ပါတယ်။ (သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးထားတဲ့ အမျိုးသမီးများကတော့ အသက်အရွယ် အလိုက် လိုသလိုစစ်ဆေးခြင်းတွေ ပြုလုပ်ရပါမယ်။ တစ်ခါမှ မစမ်းဖူးသည့် အမျိုးသမီးများ - Pap Smear အချိန်မရွေးပြုလုပ်ခြင်း) အိမ်ထောင်သည်အမျိုးသမီးတွေအတွက် VIA အက်စစ်တစ်အက်စစ်(ရှာလကာရည်)နဲ့ တို့ပြီး မျက်မြင်စစ်ဆေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။

အရေးတကြီးလူနာတွေက ဘယ်လိုမျိုးတွေလဲ။

စစ်ဆေးကြည့်လိုက်လို့ Pap Smear အဖြေမှာ အကြိုကင်ဆာအဆင့် (CIN1, CIN2, CIN3) ဆိုတာတွေ့ခဲ့ရင် CIN 1 ကို ၆ လတစ်ကြိမ် ၃ ကြိမ်ဆက်တိုက်ပြုလုပ်ရမယ်။ အကယ်၍ ဆက်ပြီးရှိနေတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသရပါမယ်။ CIN 2 နဲ့ CIN 3 တွေ့တယ်ဆိုရင်တော့ အထူးကုဌာနကို ချက်ချင်းသွားရမယ်။ VIA Positive(+) ဖြစ်သူတွေဆိုရင်လည်း အထူးကုဌာနတွေကို ချက်ချင်းလွှဲပို့ပေးရမယ်။ စမ်းသပ်မှုရဲ့အဖြေက ပုံမှန်ပဲဖြစ်တယ် အကယ်၍ သံသယရှိတယ်၊ ဖြစ်နိုင်ခြေ အခွင့်အလမ်း တွေလည်း ရှိနေတယ်လို့ယူဆရင် အထူးကုဌာနတွေဆီကို ညွှန်ပြပို့ဆောင်ပေးရပါမယ်။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုမျိုး ကာကွယ်ရမလဲ။

ကာကွယ်ခြင်းက နှစ်မျိုးရှိပါတယ်။ ပထမအဆင့်အနေနဲ့ လိင်ဆက်ဆံမှုမပြုရသေးတဲ့ အသက် ၉ နှစ်ကနေ ၁၄ နှစ်ကြား မိန်းကလေးတိုင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV ကို ၂ ကြိမ် ( 0 လ နှင့် ၆ လ) ထိုးထား သင့်ပါတယ်။ အသက် ၁၅ နှစ်အထက် မိန်းကလေးများနဲ့ ၁၉ နှစ်နဲ့ ၂၆ နှစ်ကြား မိန်းကလေးတွေအတွက် ကာ ကွယ်ဆေးကို ၃ ကြိမ်( 0 လ- 1လ- 6လ) ကို တစ်နှစ်အတွင်းထိုးဖို့လိုအပ်ပါတယ်။
ကာကွယ်ဖို့ဒုတိယအဆင့်အနေနဲ့ Pap Smear နဲ့ ထောက်လှမ်းတာမျိုး၊ Liquid Based Cytology, Colposcopy, Colposcopy Directed Cervical Biopsy ပြုလုပ်တာ၊ ပုံမှန်မဟုတ်တဲ့ သားအိမ်ခေါင်းနေရာတစ်ဝိုက်မှာ ခွဲစိတ်တာ (Cryotherapy, LLETZ, LEEP Surgery) ၊ VIA Positive(+) ဖြစ်တဲ့အမျိုးသမီးတိုင်း Cryotherapy လုပ်ရန်။ အဆင့် (၁-၁A) ရှိလျှင် သားအိမ်ခွဲစိတ်ထုတ်ရန် အဲဒါတွေ ကာကွယ်ထားဖို့လိုပါတယ်။

ပါမောက္ခ ဒေါက်တာဒေါ်ရင်ရင်ဇော်
သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး
Health Guide
https://www.facebook.com/mmhealthguide

ဆီးချိုဝေဒနာရှင်များတွင် Fasting Diet ဖြင့် ပန်ကရိယကို ပြန်လည်ဖြစ်ထွန်းစေနိုင်။

Lashio News Diary
Page Liked · 11 hrs ·

ဆီးချိုဝေဒနာရှင်များတွင် Fasting Diet ဖြင့် ပန်ကရိယကို ပြန်လည်ဖြစ်ထွန်းစေနိုင်။ ဖေ (၂၇) ကျန်းမာရေး၊ သမန်းကျား။

ဆီးချိုဝေဒနာရှင်များအနေဖြင့် အစာနှင့်ဝေးဝေးနေသည့်အလား အကျိုးသက်ရောက်စေသည့် အစား ထိန်းနည်းကိုကျင့်သုံးခြင်းဖြင့် ပန်ကရိယ၏ပျက်စီးနေသောအပိုင်းများကို ပြန်လည်ဖြစ်ထွန်းစေနိုင်သည့် အကျိုးသက်ရောက်မှုကိုရရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီများကပြောသည်။

Fasting Diet ဟုအမည်ပေးထားသည့်အဆိုပါအစားထိန်းနည်းတွင် ဆီးချိုဝေဒနာရှင်များက (၅) ရက် တိုင်တိုင် ကယ်လိုရီ၊ပရိုတိန်းနှင့်ကာဗိုဟိုက်ဒရိုက် အလွန်နည်းသောအစားအစာများနှင့် သွေးတွင် ပျော်ဝင် စေနိုင်သည့်အဆီ တို့ ကိုသာရွေးချယ် စားသုံးပေးရမည်ဖြစ်ကြောင်း၊ ဆီးချိုကုထုံးတွင် နောက်ဆုံးတွေ့ ရှိ ထားသည့်နည်းစနစ်ဖြစ်ပြီး အကျိုးသက်ရောက်မှုသည်လည်း အလွန်ကြီးမားကောင်းမွန်မည်ဖြစ်ကြောင်း သုတေသီများကပြောသည်။

Fasting Diet နဲ့  ပန်ကရိယကို သူ့ သဘာဝအတိုင်းပြန်လည်ပြည့်ဖြိုးဖြစ်ထွန်းစေနိုင်တာကို တွေ့ ရပါ တယ်။ ပန်ကရိယကပဲ သွေးတွင်းသကြားပမာဏကိုထိန်းချုပ်ပေးနိုင်တာဖြစ်ပြီး ဒီပန်ကရိယ ကောင်း ကောင်း အလုပ်မလုပ်နိုင်တော့လို့ သာ ဆီးချိုဝေဒနာကိုခံစားရခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက
ရှင်းပြသည်။

ဆီးချိုဝေဒနာရှင်များသည် လစဉ် Fasting Diet (၅)ရက် ထားရမည်ဖြစ်ကြောင်း၊ ကျန် (၂၅) ရက်ကို ပုံမှန်ရွေးချယ်စားသောက်သည့်အတိုင်း စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုအခါ ပန်ကရိယအတွင်းရှိ ဘီတာဆဲလ်များ အသစ်ပြန်ဖြစ်လာနိုင်ကြောင်း၊ ဘီတာဆဲလ်များသည် သွေးတွင်းသကြားပမာဏကို
တိုင်းတာပြီး အင်ဆူလင်ဟိုမုန်းကို လိုအပ်သလိုထုတ်ပေးသောဆဲလ်များဖြစ်ကြောင်း၊ ဆီးချိုရောဂါ တစ်ခုလုံး၏အချုပ်သည် ဤဘီတာဆဲလ်များပင်ဖြစ်ကြောင်း သိရသည်။

တစ်လမှာ (၅)ရက်ဆက်တိုက် အငတ်ဘေးနဲ့ ကြုံတွေ့ နေရတဲ့အတိုင်းကို အစားထိန်းပေးလိုက်ခြင်း အားဖြင့် ပန်ကရိယထဲက အလုပ်မလုပ်တော့တဲ့ဘီတာဆဲလ်တွေကို ပြန်ပြီးလှုံ့ ဆော်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား (၁) နဲ့  (၂) နှစ်မျိုးလုံးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်ဟု Southern California University မှ သုတေသီ ဒေါက်တာ Valter Longo က ပြောပြသည်။

ဆီးချိုဝေဒနာရှင်များအတွက် ထူးခြားတဲ့သတင်းတစ်ခုဖြစ်ပါလိမ့်မယ်။ Fasting Diet ကို မှန်မှန်လုပ် နိုင်မယ်ဆိုရင် ပန်ကရိယဆဲလ်တွေ ပြန်ဖြစ်ထွန်းလာပါလိမ့်မယ်။ ပန်ကရိယဆဲလ်ပြန်ဖြစ်ထွန်းရင် အင်ဆူလင်ဟိုမုန်းကို ပြန်ထုတ်ပေးနိုင်တော့မှာမို့  သွေးတွင်းသကြားဓါတ်မြင့်တက်တဲ့ပြဿနာ ချုပ်ငြိမ်း သွားပါလိမ့်မယ်။ တစ်နည်းအားဖြင့် ဆီးချိုဝေဒနာကနေ သက်သာပါလိမ့်မယ်ဟု ၄င်းက ဆက်လက် ပြောပြသည်။

 ဖေ (၂၇) ကျန်းမာရေး၊ သမန်းကျား။
Lashio News Diary
https://www.facebook.com/LNDLashio

ခုနှစ်လထက်မနည်း ART သောက်ရန်မလိုသည့် HIV ကာကွယ်ဆေးကိုစမ်းသပ်အောင်မြင်


စပိန်နိုင်ငံတွင်HIVကာကွယ်ဆေးအသစ်ကိုစမ်းသပ်အောင်မြင်လျက်ရှိပြီးလူနာများသည် ၄င်းဆေးထိုးမှုခံယူပြီး သည့်နောက် ART ဆေးဝါးကိုသောက်ရန်မလိုအပ်ဘဲ (၇)လထက်မနည်း HIV ပိုးမပေါ်ဘဲနေနိုင်ကြသည်ကိုတွေ့ ရ ကြောင်းသိရသည်။

HIV ပိုးကို AIDS အဆင့်ရောက်မသွားအောင် ထိန်းပေးထားနိုင်တဲ့ ART ဆေးဝါးကို မပြတ်တမ်းသောက် နေရတဲ့ဘ၀ကနေ လွတ်မြောက်ပြီလို့ပြောနိုင်ပါတယ်။ အခုကျွန်တော်တို့နောက်ဆုံးထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကိုတစ်ကြိမ်ထိုးရင် (၇)လ ART မသောက်ဘဲနေနိုင်မှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးကပြောပြသည်။ ဆေးသိပ္ပံပညာရှင်များသည် HIV ကာကွယ်ဆေးကိုလွန်ခဲ့သည့်နှစ်ပေါင်း (၃၀)ခန် ကတည်းကဖော်စပ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း လာခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုတစ်ကြိမ်အောင်မြင်မှုသည် အကြီးမားဆုံးအောင်မြင် မှု တစ်ရပ် ဖြစ်ကြောင်း၊ ကုသရင်းကာကွယ်သည့်ကုထုံးကိုအသုံးပြုခြင်းဖြင့် T-cell များကို HIV ဗိုင်းရပ် အား ပြန်လည်ထိန်း ချုပ်နှိပ်ကွပ် သုတ်သင်ရှင်းလင်းနိုင်ရန် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ သော် နှစ်ပေါင်း ၃၀ အတွင်း HIV ကာကွယ်ဆေးကိုတစ်ကြိမ်တစ်ခါမျှ ဈေးကွက်ထဲထိရောက်အောင် ပို့ ဆောင် နိုင်ခြင်းမရှိခဲ့ကြောင်း ၊ယခုတစ်ကြိမ်လောက်အောင်မြင်သည့်ကာကွယ်ဆေးလည်းဖော်စပ်ထုတ်လုပ်နိုင် ခြင်းမရှိခဲ့ကြောင်းသိရသည်။HIV ပိုးကိုလပေါင်းများစွာကနေနှစ်နဲ့ ချီတဲ့အထိထိန်းထားနိုင်မယ်ဆိုရင် နေ့  စဉ်မပျက်မကွက်သောက် ရတဲ့ ART ဆေးကိုကင်းလွှတ်နိုင်မှာဖြစ်ပါတယ်။ HIV ပိုးပေါ်လို့  ART ဆေးကို ၃-နှစ်ထက် မနည်း သောက်လာ ရသူ (၁၄)ဦးထက်မနည်းကိုဒီကာကွယ်ဆေး (၃)ကြိမ်ထိုးပေးခဲ့ပြီး ART ဆေးသောက်တာကို ရပ်တန့် စေခဲ့တဲ့ အခါ သူတို့ ထဲက (၈)ယောက်မှာတော့ HIV ဗိုင်းရပ် ပြန်ပေါ်လာတာကိုတွေ့ ရပါ တယ်။ ကျန်တဲ့ (၅) ယောက်မှာတော့ HIV ဗိုင်းရပ်ကမပေါ်လာတော့ပါဘူး ။ သွေးကိုစစ်ကြည့်တဲ့ အခါ သွေး တစ်မီလီလီတာမှာ အကောင်ရေ ၂၀၀၀ ထက်မပိုခဲ့ပါဘူး။ ပုံမှန်အားဖြင့် ၂၀၀၀ ထက်ပိုသွားရင် ကုသမှုပြန်ပေးရမှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးကရှင်းပြသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

Blame Me မက်ကလောင် နှင့် သေ-မသေ ဖြေရှင်းချက်


ကျွန်တော့်ပို့စ်တခု = Gua Sha မက်ကလောင်

ကွန်မင့်တခု = Ki Pha - Dr တင့်ဆွေ မက်ကလောင်ခြစ်လိုသေမယ်ဆိုရင် ကချင်ပြည်နယ်ကကလူတွေ သေကုန်ပြီပေါ့

အဲတာနဲ့ တင်ထားတဲ့စာကိုပြန်ဖွင့် Word ထဲမှာ (သေ) ကို Find လုပ်တော့ သေ (၃) လုံးတွေ့ပါတယ်။
၁။ ကလေးရဲ့ လက်ထိပ်ကလေးတွေကို အပ်နဲ့ဖောက်ပေးလိုက်ရင် လန့်သွားမယ်ဆိုကြတယ်။ အရမ်းမှားယွင်းပါတယ်။ သွေးဆိပ်တက်ပြီး (သေ)ဆုံးနိုင်ပါတယ်။

အဲတာက (မြန်မာတိုင်း (မ်) အတွဲအမှတ် ၂၄၊ အမှတ် ၄၇ဝ) ကဖြစ်ပါတယ်။ အဲဒီကနေလည်း အရမ်းကာရောရေးတာ မဟုတ်ပါ။

၂။ ကြိုးနဲ့စည်းနှောင်တာမပြောနဲ့ လက်နဲ့ဆုပ်ကိုင်ထားရင် ခဏနေတော့ ပြာ-ညို-မဲလာမယ်။ သွေးအသစ် မလာရ၊ သွေးအဟောင်း မပြန်ရလို့ဖြစ်တယ်။ ရောဂါမဟုတ်ပါ။ လူတိုင်းမှာ အဲလိုဖြစ်ပါတယ်။ အချိန်ကြာလေ မဲပြာလေ။ ကြာသင့်တာထက်ပိုကြာရင် တစ်ရှူးတွေ(သေ)တယ်။

အဲလိုရေးတာကလည်း ရောဂါဗေဒဖြစ်စဉ်အရ အမှန်အတိုင်းရေးတာဖြစ်ပါတယ်။

၃။ မက်ကလောင်လုပ်တာ ဘာကောင်းသလဲ။ လက်တွေ့ စမ်းသူတွေက ရောဂါသက်သာတယ်လို့ ပြောကြတာတွေ အ(သေ)အချာရှိမှာပါ။

တတိယ (သေ) မှာ မက်ကလောင်ကြောင့်သေတယ်လို့ မရေးပါ။

ဒီ (သေ) စာလုံး (၃) လုံးအပြင်တော့ မတွေ့ပါ။ တွေ့ရင်လည်းပြောပါ။ ကျွန်တော်က မျက်စိရှန်တတ်ပါတယ်။

ကျွန်တော် Gua Sha မက်ကလောင်ကို ရေးထားတာ အတော်ကိုကြာပါပြီ။ တိုင်းရင်းဆေးနည်းတွေ၊ ဟာဗယ်နည်းတွေ၊ အယုဗေဒဆေးနည်းတွေ၊ အရပ်ဆေးနည်းတွေကိုထောက်ပြရင် သွားမလုပ်နဲ့ သေလိမ့်မယ်လို့ တခါမှမရေးပါ။ ဆေးသုတေသနအထောက်အထားရှိတာကိုသာ ရှိတဲ့အတိုင်းအကိုးအကားနဲ့ရေးပါတယ်။ အပြစ်တင်ချင်ရင် သေသေချာချာ ဖတ်ပြီးမှသာ တင်စေလိုပါတယ်။

Blame Me
(The Pretty Reckless Song)
- Blame all your life on me
- I gave it all for free
- Blame all your life on me
- All on me, all on me

မင်းဘဝ တခုလုံးတွက်တာ ငါ့ကိုသာပြစ်တင်ပါ၊
ငါ မင့်ဆီက အဖိုးမခ မယူပါ၊
မင်းဘဝ တခုလုံးတွက်တာ ငါ့ကိုသာပြစ်တင်ပါ၊
အားလုံးကို ငါ့ကိုသာပြစ်တင်ပါ၊ ငါ့ကိုသာပြစ်တင်လိုက်စမ်းပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Gua Sha မက်ကလောင်


သတင်း = ဖျားလျှင် မက်ကလောင်ခြစ်၍ ကုသမှုကြောင့် အသည်းရောင်စီပိုး ရောဂါဖြစ်ပွားနှုန်း များပြားလာသည်ကို တွေ့ရှိရကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောကြားသည်။
အရင်က မေးခွန်းတွေကိုဖြေဘို့ ဒီစာကိုရေးထားခဲ့ပါတယ်။
၁။ ကျွန်တော့အစ်မဖြစ်နေလို့ပါဆရာ။ မြစ်ကြီးနားမှာပြတော့ trimetazidine ကိုပေးလိုက်တာ အဲဆေးကို သောက်တော့လဲ မသက်သာဘူး။ အစ်မ အသက်က ၃၃ နှစ်ပါ။ မက်ခလောင်ထလာရင် ခေါင်းမှုးပြီး မျက်လုံး ဖွင့်လို့တောင်မရဘူးလို့ ပြောတယ်ဆရာ။ ရှာခြစ်လိုက်ဆွဲလိုက်ရင် ကောင်းသွားတယ်လို့ပြောတယ်။ နေ့တိုင်းလိုလို ရှာခြစ်ရလို့ အသားတွေတောင် မာနေပြီလို့လဲ ပြောပါတယ်ဆရာ။ ဘယ်လိုဆက်လုပ်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ မနှစ်ကစစ်ထားတဲ့ သွေးအဖြေကို ပို့ပေးလိုက်ပါတယ်နော်ဆရာ။
၂။ ကျမ ဘီပိုးအကူးခံရတာလည့်း့ မှာနေတုန်းက အသိဥာဏ်မဲ့စွာ တရုတ်အပ်စိုက်ခဲ့လို့ပါဆရာ။ ပြီးတော့ အကြောတက်လို့ဆိုပြီး သူငယ်ချင်းတရုတ်မက မက်ဂလောင်ခြစ်တယ်ဆိုပြီး ဇွန်းနဲ့ကြောကို သွေးစို့အောင် ခြစ်ပေးခဲ့ဘူးပါတယ်။ နောက်မှကျမ သိရတာကျမတို့နဲ့ တအိမ်ထဲနေ မြန်မာတရုတ်မလေးမှာ HBeAg ရှိနေခဲ့တာပါဘဲ။ အဲဒီ မက်ဂလောင်ခြစ်တဲ့ဇွန်းကို အဲဒီကောင်မလေးကို ခြစ်လိုက် ကျမကိုခြစ်လိုက် လုပ်ခဲ့တယ်ဆိုတာ သိရပါတယ်။
၃။ တချို့လူတွေဟာ ခြေချောင်း၊ လက်ချောင်းလေးတွေယားလို့ဆိုပြီး ကြိုးနှင့်စည်းပြီး သွေးတွေ ဖောက်ပစ်ကြတယ်။ အဲလိုဖောက်လိုက်တော့ သွေးတွေမည်းမည်ကြီးတွေထွက်သွားပါတယ်။ အဲဒါ လုပ်သင့်ပါသလား။ ဘာကြောင့် သွေးတွေကအဲလိုမည်းသွားရပါသလဲ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။
၎။ ငှက်ဖျား-မက်ကလောင်-သွေးလွန်တုပ်ကွေး ဆက်စပ်မှုလေး သိချင်ပါတယ်ဆရာ။
ကိုယ်မကျွမ်းကျင်တာကို ဆရာမလုပ်သင့်သလို၊ ကိုယ်သိတာနဲ့မတူရင် အပြစ်တင် မစောသင့်ဘူး။ MBBS ဆေးပညာသာ သင်ထားသူတွေက မက်ကလောင်အပါအဝင် တခြားဆေးနည်းတွေကို ထောက်ပြတဲ့အခါ ဒေါသနဲ့ အာဃာတလွတ်အောင် ဆင်ခြင်ရပါတယ်။ သိပ္ပံဘာသာအရ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမဲ့ ငြင်းပယ်လို့ မရတာတွေ တပုံတခေါင်းရှိတယ်။ အမေးကိုဖြေရာမှာ တခြားပုဂ္ဂိုလ်တွေ ထောက်ပြသတိပေးတာနဲ့ ကျားကူပါရစေ။
လျှပ်တပြက် ဂျာနယ် Vol2 No.53 = မြင်းနီပျံ အမှတ်တံဆိပ်၊ မက်ကလောင် အဖျားဖြတ်ဆေးကြီး၊ နမ့်ခမ်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး တို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။
Dr. Junior = အဖျားကျအောင်လုပ်တဲ့ နည်းတွေထဲက အန္တရာယ်အကြီးဆုံးကတော့ မက်ကလောင်ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။
မြန်မာတိုင်း (မ်) အတွဲအမှတ် ၂၄၊ အမှတ် ၄၇ဝ = သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး မိဘတွေရဲ့ အဓိကမှားယွင်းမှုကို သိချင်ပါတယ်။ မက်ကလောင် ဖောက်တာပါ။ ကလေးရဲ့ လက်ထိပ်ကလေးတွေကို အပ်နဲ့ဖောက်ပေးလိုက်ရင် လန်းသွားမယ် ဆိုကြတယ်။ အရမ်း မှားယွင်းပါတယ်။ သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ နောက် မှားယွင်းနေတဲ့ အချက်တချက်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းကြတာပါ။ သွေးလွန်တုပ်ကွေးဆိုတာ သွေးကြောနံရံတွေကို သွေးရည်ကြည်တွေ စိမ့်ထွက်စေတယ်။ ဒါပေမယ့် ငါးရက် ကျော်ရင် သွေးကြောထဲ အလိုလို ပြန်ဝင်လာတယ်။ မသိဘဲ အပြင်ကနေ သွေးတွေကို ထပ်ထည့်ရင် သာမန်ထက် လွန်ကဲတဲ့အတွက် ရုတ်တရက် နှလုံးခုန်ရပ်သွားတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တိုင်း အရမ်း သွေးမသွင်းရပါဘူး။ ခန္ဓာကိုယ်ထဲက အရည်အပြင်ကို ဘယ်လောက် ထွက်သွားလဲဆိုတာ ချိန်ဆပြီးမှန်းရပါမယ်။ အရမ်းမလုပ်ပါနဲ့။ ကလေးဆေးရုံကြီးမှာ ခန္ဓာကိုယ်က ရေဘယ်လောက် စိမ့်ထွက်သွားလဲဆိုတာ တိုင်းတာတဲ့စက်တွေ ရှိပါတယ်။
Eleven Media Group = အပူကြီးရင် အပူချပေးဖို့ လိုတယ်။ အပူချဖို့က ပါရာစီတမောကလွဲလို့ ဘာမှမသုံးသင့်ဘူး။ အကိုက်အခဲ ပျောက်ဆေး သုံးရင် သွေးယိုတာ ဖြစ်နိုင်ပါတယ်။ မက်ကလောင် ဖောက်တာလည်း မလုပ်သင့်ဘူး။ မက်ကလောင်က ပိုးဝင်ပြီး သွေးဆိပ်တက်ပြီးဆုံးနိုင်ပါတယ်ဟု အဆိုပါ ကလေးအထူးကုဆရာဝန်ကြီးကပြောကြားခဲ့သည်။
ကျွန်တော့်အမြင် -
မက်ကလောင်လုပ်တာ ဘာကောင်းသလဲ။ လက်တွေ့ စမ်းသူတွေက ရောဂါသက်သာတယ်လို့ ပြောကြတာတွေရှိမှာပါ။ ပူအောင်လုပ်ပေးရင် နာတာကိုသက်သာစေတယ်လို့ ဆေးပညာက လက်ခံပါတယ်။ သုတေသနလုပ်ရင် ရာနှုန်းများများ သက်သာတယ်ဆိုယုံနဲ့တော့ မရသေးပါ။ အပူချိန်ကိုတော့ ပြဒါးတိုင်နဲ့ တိုင်းလို့ရပေမဲ့ နာ-မနာကို တိုင်းစရာ မရှိပါ။ သက်သာတယ်လို့ ပြောတာက စိတ်ရဲ့အဆုံးအဖြတ်တခု ဖြစ်တယ်။ အနည်းဆုံးတော့ ငါ ကုသမှုတခု ခံယူလိုက်ပြီ၊ သူများတွေ ဒါလုပ်ရင်သက်သာတယ်လို့ ကြားဘူးတယ်ဆိုတဲ့ ယုံကြည်မှုကနေပါ သက်သာရာ ရစေနိုင်သေးတယ်။ သက်သာတယ် ထင်မှတ်လက်ခံရင် ကုသမှုရဲ့ရည်ရွယ်ချက်ပြည့်တယ်လို့ ပြောရတော့မှာပါ။ မက်ကလောင် ခြစ်လို့၊ ဖေါက်လို့၊ လူရဲ့သွေးမှာ ဘာတွေထူးခြား ပြောင်းလဲစေသလဲ၊ ဘာ့ကြောင့်လဲ၊ စတာတွေပါ လေ့လာရပါအုံးမယ်။
သူများတွေဆီမှာ ဘယ်လိုလုပ်ကြသလဲ
မက်ကလောင်နည်းကို သာမန်လူတွေ၊ ဒေသခံလူတွေရဲ့ဆေးနည်းလို့ ဆိုနိုင်ပါတယ်။ တရုပ်လို Gua Sha, Pinyin ခေါ်တယ်။ Scrape away fever အဖျားကို ခြစ်ထုတ်ပြစ်နည်းလို့ ဆိုပါတယ်။ ဗီယက်နမ် တွေကတော့ Scrape wind လေကို ခြစ်ထုတ်တာနဲ့၊ အင်ဒိုနီးရှားမှာလဲ Scraping technique ခြစ်နည်းပဲခေါ်တယ်။
တကယ်တန်း တရုပ်တွေလုပ်တဲ့ မက်ကလောင်နည်းကတော့ (ကြွေ) ဇွန်းနဲ့ဖြစ်ဖြစ် ပိုက်ဆံစေ့အဟောင်းနဲ့ဖြစ်ဖြစ်၊ တိရစ္ဆာန် (ကျွဲ) အရိုး-ချိုနဲ့ဖြစ်ဖြစ်၊ ကျောက်စိမ်းနဲ့ဖြစ်ဖြစ်၊ အရေပြားကို ဆက်တိုက်ခြစ်ပေးတယ်။ အရေပြားကို ထိတဲ့ နေရာက အသွားခပ်တုံးတုံး ဖြစ်ရတယ်။ ဆီတခုခုနဲ့ သုတ်ပြီးမှ ခပ်တင်းတင်းဖိပြီး၊ ကြွက်သား အောက်ဖက်ဆီကို ဖိ-ခြစ် ပေးရတယ်။ တကယ်လို့ ပင်ပန်းနွမ်းလျှတဲ့ လူနာဆိုရင် ချင်း(ဂျင်း) မြစ်ကို ခေါင်ရည်မှာ စိမ်ပြီး၊ ခါးရိုးမှာ အထက်ကနေ အောက်ဖက်ဆီလိမ်းပေးတယ်။ အပ်စိုက်နည်းမှာပါတဲ့ သတ်မှတ်မျဉ်းတွေအရ လုပ်ရတယ်။ မျဉ်းတွေဟာ ၄-၆ လက္မ အရှည်ရှိရတယ်။ အရေပြားအောက်က သွေးကြောမျှဉ်သေးသေးလေးတွေကနေ သွေးခြည်ဥ လာလိမ့်မယ်။ များတဲ့နေရာမှာ အရေပြားအောက်မှာ ပိုကြီးတဲ့သွေးယိုတာ ဖြစ်လာမယ်။
၂-၄ ရက်ကြာမှာ မှေးမှိန်သွားပါမယ်။ နာတယ်ထင်ရပေမဲ့ မနာဘူးတဲ့။ ရောဂါသက်သာတယ်လို့ ခံစားလာမယ်တဲ့။ အဖျား၊ ခေါင်းကိုက်၊ နာတာ၊ ကြွက်သား-အကြော ထိခိုက်တာ၊ အပူဒဏ်-အအေးဒဏ်ကြောင့် အားယုတ်တာ၊ အစာမကျေ၊ ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ ဆီးလမ်းနာ၊ မွေးလမ်းနာ၊ အစာဆိပ် သင့်တာတွေအတွက် ဒီဆေးကုနည်းကို သုံးရပါသတဲ့။
နောက်တနည်းကို Ba Sha ခေါ်တယ်။ Pull out fever အဖျားထုတ်ပစ်နည်းပါ။ အရေပြားကို သွေးခြည်ဥအောင် အထိ ကုပ်ဆွဲပေးနည်း ဖြစ်တယ်။ များသောအားဖြင့် အရွတ်ကြော၊ နဖူးအလယ်ခေါင်နေရာတွေမှာ လုပ်ကြတယ်။
ဒီနည်းမှာ သွေးစို့အောင်၊ သွေးထွက်အောင် ဖေါက်-ခြစ်တဲ့အတွက်ကတော့ သွေးလွန်တုပ်ကွေးမှာ ပိုဆိုးစေမှာ အမှန်ပါ။ ရောဂါကြောင့်လား၊ ဒါ့ကြောင့်လား အခွဲရခက်စေတယ်။ မက်ကလောင်အစွမ်းကြောင့် သွေးထွက်ရောဂါရှိနေသူဆိုရင် သွေးပိုထွက်စေပါမယ်။ တခြားပိုးတွေဝင်နိုင်တာလည်းပါတယ်။ ဆေးကုသတာမှာ ဒါနဲ့တင်ပြီးပြီလို့ ထင်မှတ်စေအုံးမယ်။ ကိုယ့်ဆေးပညာ မဟုတ်လို့ အပြစ်ပြောတာမဟုတ်ပါ။ Artesunate, Artemether ဆေးတွေဟာ တရုပ်တိုင်းရင်းဆေးက လာတာပေမဲ့ ငှက်ဖျားဆေးကောင်းတွေလို့ ဆေးပညာရှင်တွေကပါ သုတေသနလုပ်လက်ခံပြီး၊ တကမ္ဘာလုံး သုံးနေကြပါတယ်။ တရုပ်မက်ကလောင်ကိုတော့ အဲလိုအဆင့်ထိ လက်မခံပါ။
၂ဝဝ၁ ကရိုက်တဲ့ The Treatment ရုပ်ရှင်တကားရှိတယ်။ အမေရိကရောက်နေတဲ့ ကလေးတွေဆီ လာလယ်တုံး၊ မြေးကလေး ကိုယ်ပူတော့ တရုပ်အဖိုးကနေ Gua Sha နည်းနဲ့ ကုပေးတယ်။ ကလေးမှာ သွေးခြည်ဥနေတဲ့ အခြစ်ရာ အစင်းအစင်းတွေတွေ့တော့ ကလေးကို တလွဲလုပ်တယ်လို့ အထင်မှားခံရပြီး၊ ဒုက္ခအကြီးအကျယ် ရောက်ကြရတယ်။
ဘာဘဲဖြစ်ဖြစ် ငှက်ဖျားကို ငှက်ဖျားဆေးမသောက်ပဲ၊ လိုအပ်ရင်မထိုးပဲနဲ့တော့ ဟိုနည်းဒီနည်းမလုပ်ပါနဲ့။ ဦးနှောက်ထဲ ပိုးရောက်ရင် ကျောက်စိမ်းနဲ့ ခြစ်လို့လည်းရတော့မှာမဟုတ်ပါ။ သွေးလွန်တုပ်ကွေး ဖြစ်နေချိန်မှာလည်း လက်ရှောင်ကြပါ။ သွေးကတဆင့်ကူးစက်တဲ့ HIV ပိုး၊ အသည်းရောင် (စီ) ပိုး၊ (ဘီ) ပိုးတွေက ကုသရခက်ခဲလွန်းတာ သတိပြုပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

Bleeding gums သွားဖုံးသွေးယိုခြင်း


၁။ ကျွန်တော်အသက် ၅၂ နှစ်ပါဆရာ။ သွားဖုံးတွေနာနာပြီး သွေးထွက်ထွက်နေတယ်ဆရာ။ အရင်ကတော့ ကွမ်းစားတယ်ဆရာ။ ခုတော့ပြတ်သွားပါပြီ။ သွားဆရာဝန်နဲ့သန့်ရှင်းရေးလုပ်ပြီးမှ သွားတွေကျင်နေပြီး အစာစားပြီး သွားကြားညပ်လာတယ်ဆရာ။ သွားဖုံးသွေးယိုတာ ကြာရင် ကင်ဆာဖြစ်တတ်တယ်ဆိုတာဟုတ်လားဆရာ။ ဆရာဝန်ပြကြည့်တော့ ဝမ်းကိုက်ပိုးကြောင့်လည်းဖြစ်တတ်တယ်ဆိုပြီး metronidazone တပတ်ပေးတယ် ၆ လ လောက်ကောင်းသွားပြီး ပြန်ယိုတယ်ဆရာ။ ဘာဆေးစားရမလဲဆရာ။

၂။ ဆရာရှင့် သမီးအသက်ကအခု ၂၄ ပါ။ သမီးသွားက မကြာခဏသွေးထွက်ပါတယ်။ မှတ်မှတ်ရရ သမီး ဆယ်တန်းအောင်ပြီးကတည်း သွားတွေက သွေးထွက်ပါတယ်။ ဆေးခန်းပြဖို့လိုပါသလားရှင့်။ ဘာဆေးတွေ သောက်ရမှာလဲရှင်။ ကျေးဇူးတင်ပါတယ်ဆရာ။

၃။ သမီးအသက်က ၂၅ နှစ်ထဲမှာပါ။ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်ရှိပါတယ်။ ဒါပေမယ့် ယောက်ကျားနဲ့ ခွဲနေရတာပါ။ ကလေးမရှိသေးပါဘူး။ အခုတလောသွားဖုံးထဲက အနာမရှိပဲ သွေးကျကျနေတာ တပတ်ကျော်လောက် ရှိပြီဆရာ။ နေ့တိုင်း သွေးထွက်နေပါတယ်။ နေ့ခင်းဘက်လောက်ဆို သွေးကျကျလာတတ်ပါတယ်။ နှာခေါင်းထဲမှာလဲ တခါတလေ သွေးဖတ်လေးတွေ ရှိနေတယ်။

၎။ ကျွန်တော် မနက်အိပ်ယာထပြီး မျက်နှာသစ်တဲ့အချိန်တိုင်းမှာ ပလုပ်အရင်ကျင်းပါတယ် (သွားမတိုက်ခင်)။ ပလုပ်ကျင်းလိုက်တာနဲ့ သွေးနည်းနည်းပါလာတယ်။ နောက် သွားတိုက်တော့လည်း သွေးထွက်လာတယ်။ တော်တော်များတယ်။ တခါတလေ သွေးခဲအဖတ်လေးတွေပါ ပါတယ်။ သွားတိုက်ဆေးကို colgate သုံးပြီး သွားတိုက်တန်ကို berman သုံးပါတယ်။ မနက်တခါ ညတခါ တိုက်ပါတယ်။ သွေးထွက်တာကို ပျောက်အောင် ဘာလုပ်သင့်ပါသလဲ။

သွားဖုံးကနေ သွေးယိုလာတာဟာ သာမန်ကာရှန်ကာ ဖြစ်နိုင်သလို၊ သွားဖုံးရောဂါရှိနေတာလဲ ဖြစ်နိုင်တယ်။ ခဏခဏ သွေးယိုရင် (လူကီးမီးယား) သွေးကင်ဆာ၊ သွေးမှုံနည်းရောဂါတွေကို သံသယရှိဘို့ လိုတယ်။

သွားနဲ့ သွားဖုံး ထိစပ်နေတဲ့နေရာက ရှင်းထုတ်စရာတွေကို ကုန်အောင် မလုပ်တာကနေ အများဆုံးဖြစ်နိုင်တယ်။ သွားဖုံးရောင်တာ ဖြစ်လာနိုင်တယ်။ မရှင်းဘဲထားတာတွေက Tartar ဆိုတာဖြစ်လာပြီး ကြာရင် သွေးယိုမယ်၊ ကံမကောင်းရင် Periodontitis မေးရိုးအထဲရောင်တာ ဖြစ်လာနိုင်တယ်။

တခြားဖြစ်နိုင်တဲ့ အကြောင်းခံတွေရှိတယ်။
• သွေးယိုတတ်သူ၊
• သွေးလွန်တုပ်ကွေး၊
• သွးတိုက်တာကြမ်းတမ်းတာ၊
• ကိုယ်ဝန်ရှိစ ဟော်မုန်း အပြောင်းအလဲကြောင့်၊
• သွေးရောဂါတမျိုး၊
• သွားတုတပ်တာ အထာမကျ၊
• သွားသန့်ရှင်းရေးလုပ်တာ မမှန်ကန်၊
• ရောဂါပိုးဝင်တာ၊
• (လူကီးမီးယား)၊
• ဗီတာမင် (စီ) နည်း (စကာဗီ) ရောဂါ၊
• ဗီတာမင် (ကေ) နည်းနေသူ။
• သွေးကျဲဆေးသောက်နေရသူ၊

CBC သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ လိုချင်လိုမယ်။ Bleeding time သွေးယိုကြာချိန် နဲ့ Clotting time သွေးခဲကြာချိန် များနေရင် ဆေးကုရမယ်။ ပုံမှန် Bleeding time = ၂-၉ မိနစ်။ Clotting time = ၅-၈ မိနစ်။ Disseminated intravascular coagulation, Haemophilia, Thrombocytopenia, Liver failure, Uremia, Congenital afibrinogenemia, Factor V deficiency နဲ့ Factor X deficiency သွေးရောဂါတွေ မဟုတ်တာ ဆရာဝန်က စစ်ဆေးမယ်။

အကြံပြုချက် -
- Plaque removal အတွက် သွားဆရာဝန်နဲ့ ၆ လ တခါပြသင့်တယ်။
- သွားတိုက်တာ နည်းမှန်ရမယ်။ သွားတိုက်တံ ရွေးတာ မပျော့လွန်း-မမာလွန်းတာ ရွေးပါ။
- အစာစားပြီးတိုက်တဲ့ အကျင့်က ကောင်းတယ်။
- ခံတွင်းသန့်ပေးဘို့ ဆားရည် ဒါမှမဟုတ် Hydrogen peroxide (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုဒ်) ကောင်းတယ်။
- ကြောညာပြီးရောင်းတဲ့ ပါးစပ်ဆေးရည်ထဲမှာ အရက်ပါတာ မကောင်းပါ။
- သွားကို Flossing တပါတ် ၂ ခါလုပ်ပါ။
- သွားရည်စာ ခဏခဏစားသူတွေ စားပြီးတိုင်း ပါးစပ်မဆေးရင် မကောင်းပါ။
- အချိုလျှော့စားတာ ကောင်းတယ်။
- ဗီတာမင် (စီ) နဲ့ (ကေ) မနည်းအောင် မျှတတဲ့အစားအစာ စားသောက်ပါ။
- (ကယ်လ်စီယမ်) သောက်တာလဲ သွေးယိုတာအတွက် အထောက်အကူပြုတယ်။
- ဆေး-ဆေးလိပ် မကောင်းပါ။
- Aspirin (အက်စ်ပရင်) ဆေးကို တကယ်မလိုဘဲ မသောက်ပါနဲ့။
- သွေးယိုလာရင် ရေအေးဝတ်နဲ့ ဖိထားပါ။

Gingivitis သွားဖုံးရောင်ခြင်း http://dts-medicaleducation.blogspot.in/2013/10/gingivitis.html နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မစားသင့်သော အစာ/ဆေး စားမိသောအခါ အဆိပ်ပြေအောင် ပြုလုပ်နည်း


အဆိပ်ဖြေဆေး

အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊

ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ဖြေဆေး ထိုးသွင်းခြင်း စသည့် အဆိပ်ပြယ် ဆေးများကို ဆိုလို ပါတယ်။ တိရစ္ဆာန်၊ မြွေနဲ့ အင်းဆက်များရဲ့ အဆိပ် မဟုတ်ကြောင်း ကြိုတင် ဆိုထား ပါရစေ။

ဆေး အဆိပ် ဖြစ်ခြင်း

ဆေး အဆိပ် ဖြစ်ခြင်းမှာ ဆေးပေး လွန်ခြင်း၊ မှားယွင်းခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ-အစာအိမ်ရောဂါ ရှိမှန်း မသိဘဲ၊ အကိုက်အခဲပျောက်ဆေး အစားလွန်ကာ ဗိုက်အောင့်ခြင်း၊ သွေးစထွက်ခြင်း၊ အက်စစ် အချဉ်ရည် ပါခြင်း၊ ဆိုးရွား လာပါက ဝမ်းတွင်း သွေးပါခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်နိုင်တယ်။ အဲဒီအခါ ထိရောက်တဲ့ စားဆေး ဥပမာ-အစာအိမ်ဆေး၊ အန်ဆေးများ ပေးသင့်တယ်။

အများအားဖြင့် အစာပိုက်မှ ဆားရည်ထည့် ဆေးခြင်း၊ မုန်ညင်းစေ့ အဆီ၊ ပိုတက်စီယမ် ပါမင်ဂနိတ် အရည်၊ ဓာတ်ဆားရည်တို့ ထည့်ခြင်းဖြင့် ကုသ နိုင်တယ်။

အစာအိမ် ဆေးကြောခြင်း

အစာအိမ် ဆေးကြောတာ နှစ်ကြိမ် ရှိရင် စင်ကြယ်သွားပြီ ဖြစ်လို့ ပုံမှန် အရည် သောက်ပေး နိုင်ပါပြီ။ ဗိုက်အောင့် သေးပါက အစာအိမ် နံရံများ သွေးကြော ထိခိုက်ခြင်း ရှိ၊ မရှိ စစ်ဆေး သင့်တယ်။ အစာအိမ် လမ်းကြောင်းရှိ မှန်ပြောင်းဖြင့် ကြည့်ပြီး ပိုးကြောင့်ဖြစ်သော အနာဖြစ်ပါက အိပ်ခ်ျပိုလိုရီ စားဆေး၊ အမောက် စလင် ၅ဝဝ မီလီဂရမ်၊ မက်ထရို၊ ရီနယ်ဘီဒင်၊ ဘစ်တယ်အောက်ဆိုဒ် သို့မဟုတ် အင်တာ ဆစ်ဖလပ် လေးမျိုး သုံးကြိမ် တစ်ပတ်ပေးပြီး ပြန် စစ်ဆေး သင့်တယ်။ ဘီယာသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း ဖြတ်ရ ပါမယ်။

ဝမ်းတွင်းသို့ သောက်ဆေး မဟုတ်တဲ့ ဆေးများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှာ အရေးပေါ် ကုသမှု ရရှိဖို့ ဆေးရုံတက်နေရတဲ့ လူနာ များပြား လှပါတယ်။ သေကြောင်းကြံလိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်သူများ အဖို့ အသက်ရှင်စဉ် မသိရဘဲ သွေးကြော ပေါက်ပြဲပြီး အသက် မရှိတော့မှ တွေ့ရတတ်သလို အချို့ သွေးထွက် လွန်ပြီး သေဆုံးရတာမျိုး တွေ့ရပါတယ်။

အဆိပ်ဖြေဆေး

အဆိပ် ဖြေဆေးမှာ နယ်လိုဆုမ်း (Naloxone) အင်တီနုတ် အကြောင်း မပါမဖြစ် ပါရမယ်။ အများအားဖြင့် မူးယစ်ဆေး စွဲသူများဟာ ကိုယ် သောက်သုံးသင့်တဲ့ ပမာဏထက် ပိုမို သောက်သုံးတတ်လို့ ရှော့ခ်ဖြစ်လို့ ဆေးရုံ၊ ဆေးခန်း ရောက်လာတတ်တယ်။ သူ့ရဲ့အကြောင်း သိသူတွေပါလို့ မူးယစ်ဆေးဝါး အသုံးများလျှင် နယ်လိုဆုမ်း အကြောထဲ ထည့်ပေးရင် အချိန်မီ ပြန်ကောင်း သွားတယ်။

အချို့ပါးစပ်ကနေ ဆားရေ အတင်း တိုက်တာ၊ ဂလူးကို့စ် ထိုးပေးတာတို့က အတော်အသင့် ဆေးများတဲ့ ဆေးသမားတွေ ဖြေရှင်းနေကျ ဖြစ်တယ်။ အချို့ ဆေးရောလို့ ဓာတ်မတည့်ဘဲ ပင်နယ်စလင်၊ ဘားပလက် မတည့်ဘဲ ရောက်လာ တတ်တယ်။ ဘာမီတွန်၊ အထရိုပိန်း၊ ဆူလူကော့ ထိုးဆေးများ၊ ဒရစ် ချိုငန်စသဖြင့် လူနာရဲ့ အခြေအနေကို ကြည့်ပြီး ကုသ သွားရတာ မျိုးလည်း ရှိပါတယ်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂)

မြ၀တီ
https://www.facebook.com/mwdmedia

Vitamins and Memory ဗီတာမင်တွေနဲ့ မှတ်ဥာဏ်

ဗီတာမင်တွေက မှတ်ဥာဏ် တိုးစေနိုင်သလားဆိုတဲ့ ဆေးပညာသတင်းကို ၂၉-၇-၂ဝ၁၁ နေ့ကဖတ်ရတယ်။ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေကို ဆယ်စုနှစ်နဲ့ သောက်ခဲ့ကြတဲ့ လူကြီးတွေမှာ Memory test မှတ်ဥာဏ်-စမ်းသပ်မှု လုပ်ကြည့်တော့ ပိုကောင်းကြတာကို ပြင်သစ်မှာ တွေ့လာရတယ်။

အသက်ကြီးလာသူတွေဟာ အစားအစာ လုံလောက် ပြည့်စုံအောင် စားသုံတော့ စဉ်းစားမှု နဲ့ မှတ်ဥာဏ်အတွက် ပိုကောင်းမယ်ဆိုတာ ဒိထက် ကျယ်ပြန့်တဲ့ လေ့လာမှုတွေတော့ လိုပါသေးတယ်။

ယူကေနိုင်ငံ (အဘာဒင်း) တက္ကသိုလ်က အာဟာရ-ပညာရှင် (မက်နေးလ်) ကပြောတာက "အဆန်းကြီးတော့ မဟုတ်ပါ။ လူတိုင်း သောက်သင့်ပါတယ်။"

ပြောခဲ့တဲ့ သုတေသနမှာ မပါခဲ့သူ (မက်နေးလ်) ပြောတာက " ဗီတာမင်တွေ နဲ့ ဓါတ်ဆား နည်းနေသူတွေ အတွက်ကတော့ မှတ်ဥာဏ် တိုးစေနိုင်ပါတယ်။"

စစ်တမ်းလုပ်ရာမှာ ပါခဲ့တဲ့ ပြင်သစ်နိုင်ငံ Paris XIII တက္ကသိုလ်က Emmanuelle Kesse-Guyot ပြောတာကတော့ အရင်ကလည်း အစာအာဟာရ ကောင်းမွန် ပြည့်စုံတာနဲ့ စဉ်းစားမှု နဲ့ မှတ်ဥာဏ် ဆက်စပ်နေတာကို သိထားပြီးသားပါ။ ဒါပေမဲ့ အကြောင်းနဲ့ အကျိုး ဆက်စပ်မှုသာ မသိခဲ့တာ။

"မေးစရာ တခုကတော့ အာဟာရအပေါ် စဉ်းစား-တွေးခေါ်မှုကမှီတည်သလား၊ ပြောင်းပြန်လား။ သေခြာတာ အသိပညာ-အတွေးအမြင် ကောင်းသူတွေက အစားအစာကိုလဲ ကောင်းမွန်တာ ရွေးတတ်တယ်" လို့ သူမကဘဲ ဆက်ပြောပါတယ်။

Kesse-Guyot နဲ့အဖွဲ့က ပြင်သစ် နိုင်ငံသူ နိုငံသားပေါင်း ၄၅ဝဝ လောက်ကို စမ်းသပ်ခဲ့တာပါ။ ၁၉၉၄ ကတည်းက အစမ်းသပ်ခံမဲ့သူတွေကို အုပ်စု ၂ ခုခွဲပြီး တစုကို နေ့တိုင်း Vitamins C and E, Selenium, Zinc နဲ့ beta-carotene တွေကို ၈ နှစ်တာ တိုက်ကြွေးခဲ့တယ်။ ကျန် တအုပ်စုကိုတော့ Placebo pill ခေါ်တဲ့ အဲလိုအာဟာရဓါတ်မပါတဲ့ ဆေးကိုသာ ပေးခဲ့တာဖြစ်တယ်။ ကာယကံရှင်တွေဟာ သူတို့ သောက်တဲ့ဆေးက ဗီတာမင်ဆေး အတုလား အစစ်လား မသိကြပါ။ ၈ နှစ်ကြာတော့ သူတို့ သောက်ချင်တာကိုသာ သောက်စေခဲ့တယ်။ နောက် ၆ နှစ်အကြာမှာ ဓါတ်ခွဲခန်းကို ပြန်ခေါ်ပြီး တူညီတဲ့ မှတ်ဥာဏ်-စမ်းသပ်မှုတွေ လုပ်ပါတယ်။ ရေရှည်မှတ်ဥာဏ်ပြိုင်ပွဲမှာ ဗီတာမင်ဆေး အစစ်ပေးခဲ့သူတွေက အနိုင်ရရှိတာတွေ့ရတယ်။

စစ်ဆေးမှုတွေကို နည်းမျိုးစုံနဲ့ အသေအခြာ လုပ်ခဲ့တာပါလို့ American Journal of Clinical Nutrition မှာ ရေးသားထားပါတယ်။ တွေ့ရှိချက်တွေဟာ မျှတကောင်းမွန်တဲ့ Antioxidant အဆိပ်အတောက် ဖယ်ပေးတဲ့ အာဟာရ-ဆေးတွေကို သင့်လျှော်တဲ့အဆ ပေးပြီးစမ်းတာ ဖြစ်ပြီး၊ Cognitive performance အသိတရားဆိုင်ရာအလုပ်၊ အထူးသဖြင့် Verbal memory စကား၊ ဘာသာစကားမှတ်ဥာဏ်အတွက် တကယ်အကျိုးဖြစ်စေတာ ဖြစ်ပါတယ်။

(မက်နေးလ်) ကပြောတကလဲ "စမ်းသပ်ခံလူတွေဟာ သူတို့ဖါသာသူတို့လဲ အသီးဖျော်ရည် သောက်ရာကနေ ဗီတာမင် (စီ) ရမယ်၊ အသီအနှံဆီတမျိုးမျိုးကနေ ဗီတာမင် (အီး) ရကြပါလိမ့်မယ်။ အပိုဆောင်းဆေးသောက်ဘို့ ကျမအတွက်ကတော့ မဖြစ်မှသောက်မှာပါ။"

Boston Tufts တက္ကသိုလ်က အာဟာရသုတေသန ပညာရှင် Barbara Shukitt-Hale ပြောတာက ဗီတာမင် သောက်တာဟာ ဦးနှောက် စွမ်းအားအတွက်ဆိုတာ သိဘို့က ပိုအရေးကြီးပါတယ်။ သူမဘဲ ဆက်ပြောတာက "ဗီတာမင်တွေဟာ မှတ်ဥာဏ်အတွက် ကောင်းတယ်။ ပိုအရေးကြီးတာက ဦးနှောက်ဥာဏ် သန်နေစေဘို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားသုံးဘို့ နဲ့ လူက တက်ကြွနေဘို့ပါဘဲ။"

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

သစ်သီးများမှရနိုင်သော ဗီတာမင်၊ သတ္တုဓာတ်များ

 သစ်သီးများမှာ အဓိကပါဝင်တဲ့ ကစီဓာတ်၊ ပရိုတင်း၊ အဆီဓာတ် သာမက ဗီတာမင်၊ သတ္တုဓာတ်၊ အင်ဇိုင်းများနဲ့ ဓာတ်သဘာဝများကို သစ်သီးဝလံများ စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။

ဗီတာမင် (vitamins)

သဘာဝသစ်သီး ဖျော်ရည်ကို ဗီတာမင်အရည်လို့ ခေါ်နိုင်ပါတယ်။ အာဟာရဓာတ်များ ထောက်ပံ့ပေးနိုင်စွမ်း ရှိတယ်။ သစ်သီးဖျော်ရည်ဟာ ဗီတာမင်မှာ အော်ဂဲနစ် အာဟာရ ဓာတ်များဖြစ်လို့ ကျန်းမာရေး ထိန်းသိမ်းနိုင်ဖို့နဲ့ ပုံမှန်ဇီဝကမ္မ ဖြစ်စဉ်အတွက် ပမာဏ အနည်းငယ် လောက်သာလိုတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေမှာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် (ဗီတာမင်စီ၊ဘီ) အုပ်စုများနဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် (အေ၊ဒီ၊အီး၊ကေ) တို့ ပါဝင်ကြပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်မှာ ဗီတာမင် တချို့ပါဝင်ပြီး ကယ်လိုရင်းခေါ် ပရိုဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေတို့နဲ့အတူ B12 မှလွဲပြီး ဗီတာမင်ဘီအုပ်စု စုံလင်စွာ ရနိုင်ပါတယ်။

သတ္တုဓာတ်များ

သဘာဝသစ်သီး ဖျော်ရည်မှာပါတဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ထုံးဓာတ်၊ ကလိုရိုဒ်၊ မဂ္ဂနီစီယမ်၊ မီစုန်း၊ ပိုတက်စီယမ်ဓာတ်၊ ဆိုဒီယမ်၊ ကန့်၊ ဘိုရွန်၊ ခရိုမီယမ်၊ နီကယ်၊ ကိုဘော့၊ ကြေး၊ ဖလူအိုရိုဒ်၊ မဂ္ဂနိစ်၊ စီလီနီယမ်၊ မန်နာဒီယမ်၊ သွပ် စသည်တို့ ဖြစ်ကြပါတယ်။

ခန္ဓာကိုယ်ဟာ ဆဲလ်များ ဆီလျော်စွာ လုပ်ဆောင်နိုင်မှုအတွက် သတ္တုဓာတ်များ လိုအပ်ပါတယ်။ ဗီတာမင်များ၊ သတ္တုဓာတ်များဟာ အင်ဇိုင်းများ ကောင်းစွာ လုပ်ဆောင်ရန်နဲ့ အထူးသဖြင့် စွမ်းအင် ထုတ်လုပ်ရန်အတွက် လိုအပ်ပါတယ်။ သတ္တုဓာတ်များဟာ အင်အော်ဂဲနစ်များ ဖြစ်ပြီး မြေဆီလွှာမှနေ၍ အပင်များက စုပ်ယူထားကြတယ်။

အင်ဇိုင်းများ

လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်မှာ သဘာဝ အင်ဇိုင်းများစွာ ပါဝင်ပါတယ်။ အပူပေးချက်ပြုတ်ခြင်း၊ ပိုးသတ်ခြင်း၊ ဘူးသွပ်ခြင်းဟာ အင်ဇိုင်းများကို ပျက်စီးစေပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေကို သုံးခြင်းဖြင့် ခန္ဓာကိုယ်မှာ အင်ဇိုင်းများ ကြွယ်ဝကာ ကိုယ်တွင်းစွမ်းအင်များ ထုတ်လွှတ်ပေးတယ်။

အပင်ထွက် ဓာတ်သဘာဝများ သို့မဟုတ် ရုက္ခမူ ဓာတ်သဘာဝများ

အပင်ထွက် သဘာဝဓာတ်များဟာ အပင်ထွက် အာဟာရ ဓာတ်များလို့လည်း ခေါ်ပြီး အရောင်၊ အနံ့၊ အရသာများ ကွဲပြားမှု ရှိပါတယ်။ အပင်ထွက် သဘာဝ ဓာတ်သောင်းချီပြီး ရှိပါတယ်။ ပုံမှန်ခရမ်းချဉ်သီး တစ်လုံးမှာ အာဟာရမျိုးကွဲပေါင်း တစ်သောင်းကျော်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်များထက် အပူဒဏ်ခံနိုင်ပြီး ချက်ပြုတ် အပူပေးနည်းနဲ့ မပြိုကွဲနိုင်ဘဲ သဘာဝသစ်သီး ဖျော်ရည်အဖြစ် ပိုမိုသိပ်သည်း များပြားစွာ ရနိုင်ပါတယ်။ ယင်းတို့ဟာ ရောဂါများ ကာကွယ်ပေးပြီး အထူးသဖြင့် ကင်ဆာရောဂါကို အကာအကွယ်ပေးတယ်။ များစွာသော ဆေးဝါးများဟာ သစ်ပင်၊ သစ်သီး၊ သစ်စေ့တို့ကို အခြေခံပြီး ဖော်ထုတ်နေရဆဲ ဖြစ်တယ်။ သစ်သီးဝလံတွေဟာ ရောင်ရမ်းခြင်း လျော့စေတယ်။ ဗိုင်းရပ်စ်ကို နှိမ်နင်းတယ်။ ခုခံမှုစနစ်မြှင့် တင်ပေးတယ်။ ဒီအင်န်အေကို မပျက်စီးစေဖို့ ကာကွယ်ပေးတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ စတော်ဘယ်ရီ၊ ဂေါ်ဖီထုပ်နဲ့ အချဉ်သီးများ၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီး၊ ချယ်ရီသီးတို့မှာ သဘာဝဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia

Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)


၁။ ဆရာရှင့် ကိုယ်ဝန်ရှိနေရင် ဘယ်လိုလက္ခာဏာတွေခံစားရလည်းရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။

၂။ ဆရာရှင့် ကိုယ်ဝန်လက္ခဏာတွေက ဘာတွေပြတက်သလဲရှင့်။ သမီး ၈ လပိုင်း လအစက ရာသီဆင်းပါတယ်ရှင့်။ သမီး ဘာဆေးမှ မသုံးပါဘူးရှင့်။ အခုရက်ပိုင်း အစားတွေအရမ်းစားပါတယ်။ ဆီးလည်းခဏခဏသွားပါတယ်။ မနေ့က ဆေးခန်း သွားပြပါတယ်။ ဆီးစစ်ကြည့်တော့ မျဉ်းတကြောင်းပဲ ပေါ်ပါတယ်ရှင့်။ ဆရာမကတော့ ကိုယ်ဝန်နုရင်လည်း မပေါ်သေးဘူး ပြောပါတယ်။

မေးတဲ့သူ ၂ ယောက်လုံးက အသက်မပြောကြပါ။ အဲတာကြောင့် လင့်တွေသာပို့လိုက်တယ်။ ဆောရီး။ ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။ ဆောရီး။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလည်း နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလည်းလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လည်း အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလည်းလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလည်း ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ ခေါင်းကိုက်တာ၊ စိတ်မူပြောင်းတာ၊ စိတ်တိုတာ၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ဟော်မုန်းကြောင့် ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလည်း အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင်ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိခြင်းလက္ခဏာတွေရှိချင်ရှိနေပေမဲ့ ဆီးစစ်မှသာ အသေအချာပြောနိုင်ပါတယ်။ ဆီးစစ်နည်းကို စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင်စမ်းပါ။ ကိုယ်ဝန်ရှိမယ် ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလည်း မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလည်း ရတယ်။ ကိုယ်ဝန် ၄-၅ ပါတ် ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလည်းမလာသေးရင် ဆရာဝန်စမ်းဘို့လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ


အသက်က ၂၆၊ ရာသီက ၅-၁၀-၁၅ ကလာတာပါ။ အိမ်ထောင်ကျတာ တနှစ်ရှိပါပြီ။ ကလေးလိုချင်တာပါ။

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်းပို့လိုက်။

FEB 17TH, 11:39PM
ဆရာ ကျွန်မ အသက်၂၇ နှစ်ပါ။ အိမ်ထောင်သည်ပါ။ အိမ်ထောင်ကျတာ ၂နှစ်ကျော်ပါပြီ။ ကျွန်မ ၁၆-၁-၂၀၁၇ မှာ ရာသီလာပါတယ် ၂ လပိုင်းမှာ ရာသီမလာလို့ စစ်ကြည့်တာ ၂ကြောင်းပေါ်ပါတယ်။ ကျွန်မ ကိုယ်ဝန်လက်္ခဏာ အစားသောက်ပျက်တာ အော့တာအန်တာ ၀မ်းချုပ်တာ ခါးကိုက်တာ ဘာဆိုဘာမှမခံစားရပါဘူး။ စစ်ကြည့်တော့လဲ ၂ ကြောင်းပေါ်နေလို့ပါ။ ကျွန်မစိုးရိမ်လို့ပါ။ အဲဒါကိုယ်ဝန်ရှိတာလား မရှိတာလား သိချင်လို့ပါ။

AT 3:52PM
ဆီးစစ်တာ ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိ။ ခံစားရာ မတူကြ။

FEB 25TH, 6:28AM
ဆရာ ကျွန်မ အသက်၂၇ နှစ်ပါ။ အိမ်ထောင်သည်ပါ အိမ်ထောင်ကျတာ ၂နှစ်ကျော်ပါပြီ။ ခုကိုယ်ဝန်နဲ့ပါ။ အစားသောက်မပျက်ပေမယ့် ဘာစားစားစားပြီးရင်အစာမကြေဖြစ်ပြီး ရင်ခေါင်းတောင့်နေသလိုခံစားရပါတယ်။ လေတွေလဲခဏခဏတက်ပါတယ်။ ကိုယ်ဝန်သည်တွေအဲလိုဖြစ်တတ်ပါလား။

12:23PM
ကိုယ်ဝန်ဆောင်တာနဲ့ အရင်လိုမဟုတ်တော့ဘူး။ ခံစားရမှာတွေ ရှိလာမယ်။ ကိုယ်ဝန်ဆောင်တွေက တယောက်နဲ့ တယောက်၊ တခါနဲ့ တခါ မတူကြပါ။ အခုရေးတာမှန်သမျှ ကိုယ်လဲ ခံရမယ် မထင်စေလိုပါ။ သက်သာအောင် ဘယ်လို လုပ်မလဲဆိုတော့ -

၁။ Pregnancy Breast Changes ရင်သားအပြောင်းအလဲများ၊
• ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မဲ့ (ဂလင်း) လေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။
• တချို့မှာ နာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွါးခါနီးမှာ သိသာတယ်။
• သွေးကြောတွေလဲ များတာလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေမြင်လာရမယ်။
• နို့သီးအရောင်လဲ ရင့်လာ၊ မဲလာမယ်။
• Colostrum ဆိုတဲ့ ကနဦး-နို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်။
• Bra (ဘရာ) ချောင်တာသာ ဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ ဖြစ်ပါစေ။ (ကော်တွန်) နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာ ဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ (ဘရာ) အရွယ်အစား ကြီးကြီးလာဘို့လိုမယ်။ နေ့ရော ညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် (ဘရာ) အတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။
• နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။

၂။ Pregnancy Fatigue ကိုယ်ဝန်ဆောင်စဉ်အားယုတ်ခြင်း၊
• ကိုယ်ဝန်ဆောင်လာရင် အားကုန်တယ်။ (အင်နာဂျီ) ပိုလိုလို့ပါ။
• Anemia သွေးအားနည်းရောဂါ မရှိအောင်ဆေးစစ်ပါ။ ကုသပါ။
• ကောင်းကောင်းနားပါ။ စောစောအိပ်ရာဝင်ပါ။ နေ့ခင်းလဲ ခဏတဖြုတ်အိပ်ပါ။
• ဖြစ်နိုင်သရွေ့ အချိန်ဇယားလုပ်ထားပါ။ အလုပ်လုပ်တာနဲ့ နားတာ မျှပါစေ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။

၃။ Pregnancy Nausea or Vomiting ကိုယ်ဝန်ဆောင်စဉ် ပျို့-အန်ခြင်း၊
• ကိုယ်ဝန်ဆောင်တော့ ဟော်မုန်း အပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။
• ကိုယ်ဝန်ဆောင်စမှာသာ အဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။
• အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ်။ ဒါကြောင့် Morning sickness (မောနင်း-ဆစ်ကနက်စ်) လို့ခေါ်ကြတယ်။ ၄ လရောက်ရင် မဖြစ်တော့ဘူး။
• မနက်ထမှာ ခပ်ခြောက်ခြောက်အစာ စားပါ။ ဥပမာ အနှံတွေကလုပ်တဲ့ စားစရာတွေဖြစ်တဲ့ ပေါင်မုံ့၊ (ခရက်ကာ) စတာမျိုး၊ နောက်ပြီး (ပရိုတင်း) များတာ ဥပမာ အဆီလွတ်အသား၊ (ချိစ်) ကို ညမအိပ်ခင်စားပါ။
• အစာကို တခါစားရင် သိပ်မများစေဘဲ ၂-၃ နာရီတခါစားသောက်ပါ။ ဖြေးဖြေးချင်း အချိန်ယူစားပါ။
• အရည်တွေ တနေကုန်သောက်ပါ။ ဗိုက်ကယ်အောင် မသောက်ပါနဲ့။ အေးနေတဲ့ ကြည်နေတဲ့ ပန်းသီးရည်၊ စပျစ်သီးရည်တွေက ပိုသင့်တယ်။
• စပ်တဲ့၊ ပူတဲ့အစာတွေရှောင်ပါ။
• Vitamin B6 (ဗီတာမင် ဘီ-၆) သောက်ပါ။
• အန်တာ မသက်သာရင် ဆရာဝန်ကို အကူအညီတောင်းပါ။

၎။ Pregnancy Frequent Urination ဆီးခဏခဏသွားခြင်း၊
• ကိုယ်ဝန်ဆောင်စ လတွေမှာ ကြီးလာနေတဲ့ သားအိမ်က သူ့ရှေ့မှာနေတဲ့ ဆီးအိမ်ကိုဖိသလိုဖြစ်လို့ ခဏခဏဆီးသွားချင်လာမယ်။
• အတွင်းခံမှန်သမျှ ကြပ်မနေပါစေနဲ့၊
• Urinary tract infection ဆီးကပူမယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်နိုင်တယ်။

၅။ Pregnancy Headaches ခေါင်းကိုက်ခြင်း၊
• စိတ်ဖိအားများတာ၊ ဝမ်းချုပ်တာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်တယ်။ တချို့မှာ Preeclampsia (PET) သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။
• နဖူး၊ ဂုတ်ပိုးနေရာ ရေခဲတင်ပေးပါ။
• အလင်းရောင် မများတဲ့နေရာ-အခန်းမှာ နားပါ၊ ငြိမ်နေပါ။ မျက်စိမှိတ်ပြီး စိတ်လျှော့ပေးပါ။
• Tylenol (Acetaminophen) လိုအပ်ရင် (ပါရာစီတမော) ဆေးပြားသောက်ပါ။
• ပျို့တာနဲ့ ခေါင်းကိုက်တာ တွဲဖြစ်ရင် ဆရာဝန်ပြပါ။

၆။ Pregnancy Constipation ဝမ်းချုပ်ခြင်း၊
• Hormones ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ၊ (ဗီတာမင်တွေ) နဲ့ သံဓါတ်အားဆေးတွေကြောင့် ဝမ်းချုပ်နိုင်တယ်။
• သားအိမ်ကနေ နောက်မှာနေတဲ့ အစာဟောင်းအိမ်ကို ဖိနေလို့လဲ ဖြစ်နိုင်တယ်။
• Fiber (ဖိုက်ဘာ) များတဲ့ ဖြူနေအောင်ချွတ်မထားတဲ့ အမှုံ့နဲ့လုပ်တဲ့အစာတွေ၊ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။
• ရေ-အရည်ပိုသောက်ပါ။ တနေ့မှာ ရေ ၆-၈ ခွက်၊ ဖျော်ရည် ၁-၂ ခွက်။
• မနက်ခင်းမှာ ခပ်နွေးနွေးအရည် သောက်ပါ။
• Exercise ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ရေအိမ်သွားချိန် အလေ့အကျင့်လုပ်ပေးပါ။
• Laxative ဝမ်းနုပ်ဆေး ဆရာဝန်ပေးတာသောက်ပါ။ သဘာဝ ဝမ်းပျော့-ဝမ်းသွားစေတာသုံးပါ။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်၊ ကန်စွန်းရွက်။

၇။ Pregnancy Dizziness မူးဝေခြင်း၊
• Pregnancy hormone ကိုယ်ဝန်ဆောင်-ဟော်မုန်း လို့ခေါ်တဲ့ Progesterone (ပရိုဂျက်စတီရုံး) ကနေ သွေးကြောတွေကို ကျယ်စေတယ်။ ခြေထောက်ပိုင်းမှာ သွေးတွေစုလာစေတယ်။ သားအိမ်ဆီလဲ သွေးပိုရစေတယ်။ သွေးဖိအားကျစေတယ်။ အထူးသဖြင့် အနေအထား ရုတ်တရက် အပြောင်းမှာ ဖြစ်တယ်။ ခေါင်းမူးနိုင်တယ်။
• အစာစားချင်စိတ်ကို ပြောင်းစေတယ်။ သွေးထဲမှာ သကြားဓါတ်နည်းရင်လဲ ခေါင်းမူးစေမယ်။
• မတ်တပ်အနေအထားမှာ ကြာကြာနေရရင် ဟိုဟိုဒီဒီသွားလာနေပါ။
• ဘယ်ဘက်ကို စောင်းအိပ်ပြီး နားပါ။
• အနေအထားပြင်တာမှာ ဖြေးဖြေးသာလုပ်ပါ။
• သကြားဓါတ် မနည်းစေအာင် အစာကို မကြာမကြာစားပေးပါ။

၈။ Difficulty Sleeping အိပ်မပျော်ချင်ခြစ်လာခြင်း၊
• Sleep medication အိပ်ဆေးမသောက်ပါနဲ့၊
• အိပ်ရာဝင်ချိန်မှာ နွားနို့ အပူသောက်ပေးပါ၊
• အိပ်ရာမဝင်ခင် ရေနွေးချိုးပါ၊
• ခေါင်းအုံးအပိုသုံးကြည့်ပါ၊ ဘေးတစောင်းအိပ်ပါ။

၉။ Pregnancy Heartburn or Indigestion အစာအကျေ-ဗိုက်အောင့်ခြင်း၊
• အစာခြေစနစ်က အလုပ်နှေးလို့ဖြစ်တယ်။ ကြီးလာနေတဲ့ သားအိမ်ကလဲ အစာအိမ်ကိုဖိတယ်။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်လဲ ပါတယ်။
• အစာကို နည်းနည်းချင်း ခဏခဏစားပါ။ ဖြေးဖြေးသာစားပါ။
• ရေနွေး၊ (ဟာဘယ်လ်) လဖက်ရည်သောက်ပါ။
• ပူ-စပ်တာ၊ မစာမကျေလွယ်တာ၊ ကျော်ထားတွေ ရှောင်ပါ။
• စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။
• အိပ်တာ၊ လှဲတာ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ခေါင်း၊ ပခုံးအောက်က ခေါင်းအုံးခုခံထားနိုင်တယ်။
• အချိုနဲ့ အဆီ တခါတည်း တွဲမစားပါနဲ့။

၁ဝ။ Pregnancy Hemorrhoids လိပ်ခေါင်း၊
• စအိုမှာ သွေးပြန်ကြောလေးတွေဖေါင်းပြီး ဝမ်းသွာတဲ့အခါ အပြင်ကိုစုထွက်လာတာဖြစ်မယ်။ ကိုယ်ဝန်ကနေ မွေးလမ်းနဲ့ အစာဟောင်းအိမ်တွေအပေါ်မှာ ဖိအားသက်ရောက်လို့၊ သွေးလျှောက်တာလဲပိုလာလို့ ဖြစ်ရတယ်။
• ဝမ်းအချုပ်မခံပါနဲ့။ ဝမ်းသွာတဲ့အခါ မညှစ်ရစေနဲ့။
• အကြာကြီးထိုင်တာ၊ ရပ်တာ ရှောင်ရှားပါ။ အနေအထား မကြာမကြာ ပြောင်းပေးပါ။
• လိပ်ခေါင်းနေရာက် ရေခဲတလှည့် ရေနွေးတလှည့်တင်ပေးပါ။
• အတွင်းခံကျပ်မနေပါစေနဲ့။
• လိုအပ်ရင် ဆရာဝန်ပြပါ။

၁၁။ Pregnancy Varicose Veins သွေးပြန်ကြောထုံးခြင်း၊
• ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ဖေါင်းကြွပြီး ထုံးနေသလိုထင်-မြင်ရတယ်။ တချို့ကတော့ အရင်ကတည်းက ရှိနေတတ်တယ်။
• မတ်တပ်ရပ်တာ၊ ထိုင်နေတာ အကြာကြီးမလုပ်ပါနဲ့။ ရွေ့လျှားသွားလာပေးပါ။ ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ကိုယ်အောက်ပိုင်း အဝတ်အစား တင်းကြပ်မနေစေပါနဲ့။

၁၂။ Pregnancy Leg Cramps ကြွက်တက်ခြင်း၊
• (ကယ်လ်စီယမ်) များတဲ့အစားအသောက်ပိုစားပါ။ နွားနို့၊ ဒိန်ခဲ၊ အရိုးပါစားလို့ရတဲ့ငါ။
• ဖိနပ် မကြပ်စေနဲ့၊ ခုံမြင့်ဖိနပ်မစီးပါနဲ့။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• အိပ်ရာမဝင်ခင် ခြေဆန့်-လက်ဆန့်လုပ်ပေးပါ။
• ပက်လက်အိပ်တာ နည်းပါစေ။
• ခြေထောက်တွေကို နှိပ်နယ်ပေးပါ။

၁၃။ Pregnancy Nasal Congestion နှာခေါင်းပိတ်ခြင်း၊
• အအေးမိသလိုနေတယ်။ ကိုယ်ဝန်ဆောင်-ဟော်မုန်းကြောင့်ဖြစ်ရတယ်။
• ပါး-နှာခေါင်းနေရာကို ရေနွေးဝတ်တင်ပါ။
• Nasal sprays ဆေးမသုံးပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ခေါင်းအုံးအပိုသုံးပါ။
• Humidifier or Vaporizer သုံးနိုင်တယ်။

၁၄။ Shortness of Breath အသက်ရှူမဝခြင်း၊
• လမ်းလျှောက်နေရင်းဖြစ်ရင် အရှိန်လျော့ချလိုကပ်ပါ။ နားလိုက်ပါ။
• လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။
• အိပ်ရင် ခေါင်းပိုင်းက မြင့်နေပါစေ။

၁၅။ Pregnancy Stretch Marks အကြောပြန်ခြင်း၊
• ကြီးထွားလာတဲ့ အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းက လိုသလောက်မလိုက်နိုင်လို့ဖြစ်တယ်။ ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အများဆုံးဖြစ်တယ်။ နောင်မှာ လုံးဝပျောက်မသွားပေမဲ့ မှေးမှိန်လာမယ်။
• Vitamins C and E တွေသောက်ပေးပါ။
• Skin lotion လိမ်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၁၆။ Swelling in the Feet and Legs ခြေထောက်ရောင်ခြင်း၊
• ခြေထောက်ကသွေးကြောနဲ့ သွေးပြန်ရည်ကြောတွေအပေါ်မှာ ကြီးလာတဲ့သားအိမ်ကဖိနေလို့ဖြစ်တယ်။
• မတ်တပ် အကြာကြီးမရပ်ပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ငန်တဲ့အစာတွေ ရှောင်ပါ။ (ဆိုဒီယမ်) များတဲ့ ဆား၊ ငါးခြောက်၊ ငါးပိ၊ ငန်ပြာရည်၊ ဟင်ချိုမှုံ့၊ ဆော်ဒါ၊ ရှောင်ပါ။
• ခြေထောက်ပိုင်း မျြှင့်ထာနားပါ။
• အဝတ်အစား၊ ဖိနပ် တင်းကြပ်မနေစေပါနဲ့။
• (ပရိုတင်း) များများစားပါ။
• မျက်နှာပါ ရောင်ရင် ဆရာဝန်ပြပါ။

၁၇။ Vaginal Discharge မွေးလမ်းကစိုနေခြင်း၊
• သွေးလှည့်တာနဲ့ ဟော်မုန်းများလာလို့ဖြစ်တယ်။
• အဖြူရောင် ကြည်လင်နေတယ်။ မယားဘူး၊ အနေရမခက်ဘူး။
• (ကော်တွန်) အတွင်းခံသာသုံးပါ။
• အတွင်းခံ တင်းကြပ်မနေစေနဲ့။
• Douche (ဗဂျိုင်းနား) ဆေးကြောနည်း မလုပ်ပါနဲ့။
• ဆပ်ပြာနဲ့ ရေသာသုံးပါ။
• သန့်ရှင်းရေးလုပ်တိုင်း လက်ကို ရှေ့ကနေ နောက်ဖက်ကိုသာ ဦးတည်လုပ်ပါ။
• ဆင်းနေတာက ပူလောင်၊ ယားယံ၊ အနံ့ရှိလာရင် ဆရာဝန်ပြပါ။

၁၈။ Pregnancy Backaches ခါးနာခြင်း၊
• ဖိနပ်မမြင့်ပါစေနဲ့။ အလေးအပင် မမပါနဲ့။
• အောက်ကျတာတခုခုကောက်ချင်ရင် ဒူးကိုအရင်ကွေးပါ။ ခါးကို နောက်မှကွေးပါ။
• မတ်တပ်အကြာကြီးမရပ်ပါနဲ့။ ထိုင်ရင် နောက်ကျာမှီစရာပါတာနဲ့သာထိုင်ပါ။ ထိုင်နေရင်းလဲ ခြေထောက်ကို တခုခုမှာတင်ထားပါ။
• အိပ်ယာအောက်ခံ မာနေပါစေ။ ကြိုးကုတင်၊ စပရင်ကုတင် မသုံးပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ပါနဲ့။
• ခါးနာတဲ့နေရာကို အပူးကပ်ပေးပါ။ အပူဆေးကပ်ခွါသုံးနိုင်တယ်။ နှိပ်နယ်ပေးပါ။
• မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးတာ ကိုယ့်အရပ်နဲ့ အနေတော် ရေစဉ်၊ ကြွေခွက်ဖြစ်ပါစေ၊
• (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးသောက်ပါ။

၁၉။ Abdominal Pain or Discomfort ဗိုက်အောင့်ခြင်း၊
• ကိုယ်ခန္ဓာ အနေအထားပြင်ပေးပါ။
• သက်တောင့်သက်သာ ရှိပါစေ။ ရေနွေးအိတ်ကပ်ပါ။
• Tylenol (Acetaminophen) (ပါရာစီတမော) လိုအပ်ရင်သောက်ပါ။
• မသက်သာရင် ဆရာဝန်ပြပါ။

၂ဝ။ Braxton-Hicks Contractions ကလေးလှုတ်ခြင်း၊
• ကိုယ်ဝန် ၅ လကျော်ရင် ကလေးလှုတ်တာ သိသာလာမယ်။
• သက်တောင့်သက်သာ နေထိုင်ပါ။ လူအနေအထား ပြုပြင်ပေးပါ။
• မွေးချင်သလား အထင်မှားတတ်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

အသားဓာတ်နည်းလျှင် အသည်းကြွပ်ရောဂါဖြစ်တက်သည်

အသည်းဆိုတာနဲ့ လူတိုင်းနည်းပါးသိရှိနေကြမှာပါ အသည်းသည် လူခန္ဓာကိုယ့်လက်ျာဘက်ခြမ်း နံရိုးအောက်နားနေတွင် အလေးချိန်အားဖြင့် သုံးပေါင်မျှသာရှိနေသည် အသည်းပင်ဖြစ်ပါသည် ။

ဒီအသည်းသည် နေ့ စဉ်နေ့ တိုင်းစားသောက်နေသည့် အစားအသောက်များကို လိုအပ်သော ဓာတ်များကိုပြု့ လုပ်ပြီး မလိုအပ်ပိုနေ အဆိပ်တောက်များကို စီစစ်စွန့် ပယ်လုပ်ဆောင်နေသည့် အရာတစ်ခုလည်းဖြစ်ပါသည် ။ သူ့ လုပ်ဆောင်ချက်များစွာရှိနေပြီး လုပ်ဆောင်နေရသည့်အတွက် အသည်းအတွက် ပြန်လည်ဖြည့်တင်းပေးရန်လည်း လိုအပ်ပါသည် ။ ဒီလိုနုနယ် အလုပ်များနေသော အသည်းကို တစ်ချို့ က ဂရုမပြု့ သည့်အခါ အသည်းစကားပြောစရာများဖြစ်လာတက်ပါသည် ။ အသည်းစကားမပြောမပြောစေဖို့  အသိတရားတစ်ခုအဖြစ်ထပ်မံရေးသားရခြင်းဖြစ်ပါသည် ။

အသည်းမှာ အသားဓာတ်စားသုံးမှု့ နည်းလျှင် အသည်းကြွပ်ခြင်း ရောဂါဖြစ်တက်ပါသည် ။ အသည်းရောဂါမြောက်များစွာရှိနေပေမဲ့ အသည်းကြွပ်ခြင်းသည် အလွန်အရေးကြီးသော အသည်းဆိုင်ရာ ရောဂါတစ်ခုလည်းဖြစ်နေပါသည် ။ လူတစ်ဦးတိုင်းတွင် ကျန်းမာရေး အသိဖြင့် စားသုံးတက်ဖို့ အလွန်အရေးပါပါသည် ။ ဒါမှသာ ကျန်းမာခြင်းဆုလာဘ်တစ်ခုကို သင့်ရရှိပြီး စိတ်ချမ်းသာစွာ သွားလာနေထိုင်လှုပ်ရှားနိုင်မှာ အမှန်ပင်ဖြစ်ပါသည် ။

အခြေအခံအစ ပြောပြရရင်ဖြင့် ကလေးသူငယ်များကို မိဘဖြစ်သူများက အသားဓာတ်အဖြစ် အသားကို ကျွေးခြင်းမျို့ အလွန်ကြောက်မိကြပါသည် ဒါမဖြစ်သင့်သည့် အရာပါ ကလေးသူငယ်ဖြစ်ဖြစ် အသားဓာတ်လိုအပ်သဖြင့် ကျွေးပေးသင့်ပါသည် ။ အသားဓာတ်သည် အသည်းအတွက်လည်းကောင်းမွန်ခြင်းကြောင့် ကလေးသူငယ်များကိုလည်း အသားဓာတ်အဖြစ် အစားအစာများကို ကျွေးပေးရပါလိမ့်မည် ။အသည်းတွက် အသားဓာတ်နှင့် ဗီတာမင် ဘီဓာတ်တို့ လုံလောက်ရပါလိမ့်မည် ။ အဲလိုမှ မရရှိ မလုံလောက်လျှင် အသည်းကလပ်စည်းများ သေဆုံးကြသဖြင့် အသည်းကြွပ် မာလာပါလိမ့်မည် ။

နေ့ စဉ်စားသုံးနေသည့်အတွက် အသည်းသည် စားသမျှမှ ဂလိုင်ကိုဂျင်ဓာတ်ကို လူ့ ကြွက်သားများ စားသုံးနိုင်စေရန် ဂလူကို့ စ်အဖြစ်အချိန်တိုင်းပြောင်းလဲပေးနေရပါသည် ။ လူတစ်ဦးတွင် ပြင်ပအရေပြားတစ်နေရာတွင် အပ်စူးခြင်းကြောင်းဌင်း ခိုက်မိခြင်းကြောင့်ဌင်း အသည်းမှ သွေးတိတ်သွေးခဲစေရန် သွေးခဲပိတ်ဆို့ စေရန် လုပ်ဆောင်ပေးရသည့် အသည်းပါ ။ ထပ်မံပြီးတော့လည်း ပြင်ပပိုးများကို ခုခံကာကွယ်တိုက်ဖျတ်နိုင်ရန်အတွက်လည်း ပဋ္ဋိပစ္စည်းများလည်း ထုတ်လုပ်ပေးပါသည် ။ အခုထက်မက လုပ်ဆောင်ချက်မြောက်များစွာရှိပါသေးသည် ။ ဒီလောက်အထိ အချိန်တိုင်း မနားမနေ လုပ်ဆောင်နေသည့် အသည်းကို အားအင်အပြည့်ဖြစ်ရန် လိုအပ်သည်ကို သဘောပေါက်သိရှိကြပါ ။

အသည်းရောဂါ ဝေဒနာတစ်ခုအစပြု့ ခဲ့လျှင် နောက်ဆက်တွဲဆိုကျိုးမြောက်မြားစွာဖြစ်ပေါ်လာပါသည် ။ အသည်းလုပ်ဆောင်ချက်တွေ လျော့နည်းလာလေလေ ရောဂါတွေပိုဆိုးဆိုးလာလေပါ ။
အသည်းစကားတွေပြောလာရင် ဗိုက်ပူသည့် ရေဖျဉ်းစွဲခြင်း ၊ သွေးအန်ခြင်း တို့ ဖြစ်ပါသည် ။ ပျက်ဆီးသွားသောနေရာတို့ တွင် သွေးလည်ပတ်မှုကိုပိတ်ဆို့ သောအခါ သွေးကြောနံရံများမှ အရည်များသည် ဝမ်းဗိုက်အတွင်းသို့ ကျဆင်းလာပါသည် အသည်းကြွပ်နေခြင်းကြောင့် ပုံမှန်လုပ်ဆောင်ရမည် အယ်ဘူမင်ပရိုတိန်းထုတ်လုပ်သည့် လုပ်ဆောင်ချက်များ ကောင်းမွန်စွာ မလုပ်ပေးနိုင်သည့်အတွက် အရည်များ စုပ်ယူထိန်းသိမ်းနိုင်ခြင်း မရှိတော့သည့် အခါ အူနှင့် အစာအိမ် သွေးကြောများတွင် အသည်းကျုံ့ နေသဖြင့် ရှေ့ဆက်မသွားနိုင်တော့ပါ ဒါကြောင့် အူနှင့် အစာအိမ်ထဲမှ အရည်များသည် ထိန်းသိမ်းနိုင်ခြင်း မရှိုနိုင်ခြင်းကြောင့် အပြင်သို့ ထွက်ကုန်က ဗိုက်ထဲသို့ ရေများရောက်ရှိလာပါတော့သည် သည်လို့ ရောက်ရှိလာသောရေများကြောင့် ဗိုက်ပူနံကာ ဖြစ်ပေါ်ပြီး ရေဖျဉ်းရောဂါလို့ ခေါ်ဆိုဖြစ် လာပါတော့သည် ။

အသည်းလုပ်ဆောင်ချက် အပြည့်အဝ မလုပ်နိုင်တော့သည့်အချိန်မှာ အသည်းရှိအသွေးကြောများပိတ်ဆို့ ပျက်ဆီးခြင်းကြောင့် တစ်ခြားတစ်နေရာမှာသွေးကြောများစီးဆင်းရပါသည် ။အဲလို စီးဆင်းရသဖြင့် သွေးကြောများ ပွလာပြီး လည်ချောင်းမှ ဆင်းသက်သည့် အစာပြွန်နှင့်အစာအိမ်ထိပ်ဝ၌ သွေးကြောထုံးများဖြစ်ပေါ်လာသည် ။ သွေးအန်ဖို့ အတွက် ဌင်းသွေးကြောထုံများသည် စတင်လာလေပါတော့သည် ။ အသည်းလုပ်ဆောင်ချက် ချိုးတဲ့ခြင်းဖြစ်သဖြင့် သွေးခဲဆေးလည်း အသည်းမှ မထုတ်နိုင်လေတော့ သွေးများယိုစီးပေါက်ထွက်လာပြီး သွေးတွေ အန်ခြင်း အပြင် တစ်ချို့ ပြင်းထန်းလာလျှင် စအိုပါပင် သွေးဝမ်းများပါ သွားလာပါသည် ။

ဒီလိုမျိုးတွေဖြစ်တက်သည့် အသည်းကြွပ်ခြင်းကြောင့် ဖြစ်လာတက်သည့် နောက်ဆက်တွဲကို သိရှိပြီး မိမိ ပိုင်ဆိုင်နေသော အသည်းကို အထူးသတိထားမိစေလိုပါသည် ။ နေ့ စဉ်အစားသောက်တွေစုံလင်ပါစေ စားပါစေ ခန္ဓာကိုယ့်အတွက် အဆိပ်တောက်များဖြစ်နေလျှင် စားနေပေမဲ့ ဆိုးကျိုးများသာ ဖြစ်နေတက်ပါသည် ။ နေ့ စဉ်နေ့ တိုင်း ဆိုးကျိုးတွေသာဖြစ်ပေါ်နေခဲ့လျှင် အသည်းစကားပြောလာပါလိမ့်မည် ။

တစ်ခြားတစ်နေရာမှာ အသည်းစကားပြောတာပါလို့  စာစီ စကားဆို လှပပေမဲ့ တကယ်တမ်း သင်ပိုင်ဆိုင်ထားသော အသည်းစစ်စစ် စကားပြောလာခဲ့လျှင် မကောင်းပါ ။

ဒါကြောင့် သင့်အသည်းအတွက် ထပ်မံပြီး ကျန်းမာရေး အသိ အသည်းကြွပ်ရောဂါအဖြစ် ရေးသားတင်ပြလိုက်ရပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts

အစာမကြေဖြစ်ခြင်း

 မိမိစားသောက်လိုက်သည့် အစားအစာများကြောင့် တစ်ခါတစ်ရံ အစာမကြေခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့်အတူ မအီမသာ ဖြစ်နေတက်သည့်ကို လူတိုင်းခံစားနာကျင်မိကြမှာပါ ။ အစာမကြေဖြစ်ပါလာပါ ဝမ်းဗိုက်နာကျင်လာမည် ၊ ရင်တွေပူလာမည် ၊ လေတက်လေပွဖြစ်ပြီး လေချဉ်တွေတက်လာတက်ပါသည် ။ အစာအိမ်အတွင်း အက်ဆစ်ဓာတ်များလွန်ကဲမူ့ ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါဘူး ။ အစာမကြေခြင်း ( indigestion ) ဖြစ်ရခြင်းသည် အစာလမ်းကြောင်းတွင်းရှိ အစားအစာများချေဖျက်ရန်အတွက် အစာချေအင်ဇိုင်များ လုံလောက်မူ့ မရှိခြင်းကြောင့်ဖြစ်ပါသည် ။

တစ်ချို့ အစားသောက်ကို စားသည့်အခါ ဗိုက်အပြည့်စားသောက်တက်ရုံတွင် မကဘဲ ထပ်မံစားသောက်တက်ခြင်းသည် မကောင်းပါ ။ အစားသောက်စားပြီးတိုင်း အရည်တစ်မျိုးမျိုး သောက်ဖို့ အတွက် ချိန်ဆစားဖို့ လည်း အထူးသတိထားသင့်ပါသည် ။ စားကောင်းလိုက်တာဆိုတာနဲ့  အတင်းစားသောက်နေရင် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်လာတက်ပါသည် ။

ဒီလိုဘာကြောင့်ဖြစ်ကြတာပါလဲ အစားအစာကို လွန်ကဲစွာစားတက်ခြင်း၊ အရက်ကို အလွန်အကျွံသောက်သုံးတက်ခြင်း ၊ အစာမကြေလွယ်သော အစားအစာများကို စားသုံးမိခြင်း ၊ ဆေးလိပ်အသောက်များခြင်း ၊ စိတ်ဖိစီးမှု့ များ ပြီး အစားအစာများကို စားသုံးမိခြင်း ၊ မိမိ စားသောက်နေသည့် အစာများကို ကြေညက်အောင် ဝါးမစားခြင်း နှင့် လက်ဖက်ရည် ကော်ဖီ လက်ဖက်များ လွန်ကဲစွာ စားသောက်ခြင်း တို့ ပင်ဖြစ်ပါသည် ။ တစ်ချို့ တွေမှာ အစာလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့်လည်း ဖြစ်တက်ကြပါသည် ။

အသက်ငယ်သူတွေထက် အသက်အရွယ်ကြီးသူတွေမှာ လှုပ်ရှားမူ့ နည်းပါးလာသောကြောင့် အစာချေအင်ဇိုင်းထုတ်လုပ်မှု့ ကျဆင်းခြင်းကြောင့် အဖြစ်များကြပါသည် ။
အစာမကြေမဖြစ်ဖို့  အကောင်းဆုံးကတော့ အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အစားသောက်များကို ရှောင်ကျဉ်စားသောက်ခြင်းပင် ဖြစ်ပါသည် ။

ဒါကြောင့် ကုသခြင်းထက် ကာကွယ်ခြင်းသည် အကောင်းဆုံးပါလို့ ဆိုချင်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay

ကဖင်းဓါတ်ကြောင့် သွေးဆုံးကိုင်ဝေဒနာများ ပိုမိုဆိုးရွားနိုင်

 ကဖင်းဓါတ်သည် အမျိုးသမီး (၈၀)ရာခိုင်နှုန်း၌ သွေးဆုံးချိန်ရောက်သည့်အခါ အပူပျံခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ကိုပိုမိုဆိုးရွားစေကြောင်း လေ့လာမှုတစ်ခုအရသိရသည်။
ကဖင်းဓါတ်သောက်သုံးမှုကန့်သတ်ခြင်းဖြင့် သွေးဆုံးပြီးအမျိုးသမီးများတွင်အပူပျံခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ သက်သာစေမည်ဖြစ် ကြောင်းသုတေသီများကဆိုသည်။
ကဖင်းသည် ခန္ဓာကိုယ်ကို လှုံ့ ဆော်ပေးသည့် ဓါတ်တစ်မျိုးဖြစ်ပြီး ကော်ဖီ၊ဆေးဝါး၊ ချောကလက်တို့တွင် ပါဝင်လေ့ရှိကာ သွေးဆုံးချိန်ရောက် နေသည့်အမျိုးသမီးများတွင် အာနိသင်အမျိုးမျိုး သက်ရောက်နိုင်သည်။
၂၀၀၅ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်းသွေးဆုံးပြီးအမျိုးသမီး (၁၈၀၀)ဦးကိုစုဆောင်း လေ့လာမှု များပြုလုပ်ခဲ့သည်။ အမေရိကန်လူမျိုး (၈၅)ရာခိုင်နှုန်း ကဖင်းဓါတ်ကိုပုံစံ အမျိုးမျိုးနှင့် နေ့စဉ်စားသုံးလျက်ရှိ သောကြောင့် သုတေသီ Stephanie Faubion နှင့်အဖွဲ့က သွေးဆုံးကိုင် ဝေဒနာများအပေါ် ကဖင်းဓါတ် ၏သက်ရောက်မှုကို လေ့လာခဲ့ကြသည်။
ယခင် သုတေသနများအရ ကဖင်းဓါတ် ကောင်းကျိုးဆိုးကျိုးများ ရောထွေးလျက်ရှိသော်လည်း ယခု တွေ့ရှိချက်များတွင် ကဖင်းဓါတ်သည် သွေးဆုံးကိုင်ဝေဒနာများကို ပိုမိုဆိုး ရွားစေကြောင်း တွေ့ရှိခဲ့ကြသည်။
ဝတ်ဆင်ရ၊ ချွတ်ရလွယ်ကူသည့် အ၀တ်အစားများနှင့် စိုထိုင်း ဆထိန်းသိမ်းပေးနိုင်သည့် အိပ်ရာတွင်အိပ်ခြင်း၊ အပူပျံခြင်းနှင့် ညချွေးထွက်ခြင်းများကိုသက်သာစေမည့် အစီအမံများပြုလုပ်ခြင်းဖြင့် သွေးဆုံးကိုင်ဝေဒနာများကို သက်သာစေမည်ဖြစ်ကြောင်း သုတေသီများကအကြံပြုထားသည်။
အမျိုးသမီးတစ်ဦးသည် အသက် (၄၅)နှစ် မှ (၅၅)နှစ်ကြားအရွယ်တွင် သွေးဆုံးလေ့ရှိသည်။

ဇော်ကို

Ref;MDI
Health Updates Journal NO(129)
https://www.facebook.com/HealthUpdatesJournal


STDs Symptoms လိင်မှတဆင့် ကူးစက်သော ရောဂါများ၏ လက္ခဏာများ


1. Genital ulcer disease လိင်လမ်းအနာ
ယောက်ျားတွေမှာ လိင်တံ၊ ကပ်ပယ်အိတ်၊ စအို-အစာဟောင်းအိမ်၊ မိန်းမတွေမှာ မိန်းမကိုယ်၊ ဗဂျိုင်းနား၊ သားအိမ်ဝ၊ စအို-အစာဟောင်းအိမ်တွေမှာဖြစ်တယ်။ Syphilis (ဆစ်ဖလစ်)၊ Chancroid (ရှန်ကာရွိုက်)၊ Lymphogranuloma venereum (လင်ဖိုဂရင်နူလိုမား-ဗနီးရီးယမ်း)၊ Granuloma inguinale (ဂရင်နူလိုမား-အင်ဂွိုင်နယ်လေး) နဲ့ Genital herpes လိင်လမ်း ရေယုံ ပိုးတွေကနေဖြစ်စေတယ်။

2. Urethral discharge ဆီးလမ်းက အရည်ဆင်းခြင်း
ယောက်ျားတွေမှာ ဆီးသွားလမ်းက တခုခုဆင်းမယ်။ ဆီးသွားရင်နာတာနဲ့ တွဲဖြစ်တာရော မတွဲတာရောရှိတယ်။ Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယေး)၊ Chlamydia trachomatis (ကလာမိုင်ဒီဒယား-ထွိုင်ကိုမက်တစ်)၊ Mycoplasma genitalium (မိုင်ကိုပလပ်စမာ-ဂျနီတေးလီယမ်)၊ Ureaplasma urealyticum (ယူရီယာပလာစမာ-ယူရီရယ်လစ်တီကမ်) နဲ့ Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) ပိုးတွေကနေဖြစ်စေတယ်။

3. Vaginal discharge ဗဂျိုင်းနားက အရည်ဆင်းခြင်း
ဗဂျိုင်းနားက အနည်း-အများ၊ အရောင်မတူတာ၊ အစေးအပျစ်မတူတာ၊ ယားတာနဲ့တွဲတာ-မတွဲတာ အမျိုးမျိုးဖြစ်နိုင်တယ်။ Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်)၊ Bacterial vaginosis (ဗက်တီရီရယ်-ဗဂျိုင်နိုးဆစ်) နဲ့ Vulvovaginal candidiasis (ဗာလ်ဗို-ဗဂျိုင်နယ်-ကင်ဒီဒိုင်ယေးဆစ်) တွေကနေ အများဆုံးဖြစ်တယ်။ Gonococcal (ဂိုနိုကောကယ်လ်) နဲ့ Chlamydial cervical infection (ကလာမိုင်ဒီရယ်-ဆာဗိုက်ကယ်လ်-အင်ဖက်ရှင်) တွေလဲ နည်းနည်းဖြစ်နိုင်တယ်။

4. Lower abdominal pain in women အမျိုးသမီဗိုက်အောက်ပိုင်းနေနေခြင်း
အမျိုးသမီး ဗိုက်အောက်ပိုင်းနေတာနဲ့ မွေးလမ်းကနေ ပုံမှန်မဟုတ်ဘဲ တခုခုဆင်းတာ + တင်ပါးဆုံနေရာနာတာ + သားအိမ်အဝကို ထိကြည့်ရင် နာတာတွေ ရှိရင် Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း ဖြစ်မယ်။ ဖျားချင်လဲ ဖျားမယ်။

5. Anorectal infections စအိုလမ်းပိုးဝင်ခြင်း
Human papillomavirus (ဟူမင်း-ပက်ပလို-ဗိုင်းရပ်စ်)၊ Herpes simplex virus (ဟားပိစ်-ဆင်းပလက်စ်-ဗိုင်းရပ်စ်) Syphilis (ဆစ်ဖလစ်) တွေကနေ ဖြစ်စေတယ်။

6. Urethritis ဆီးသွားလမ်းပိုးဝင်ခြင်း
ဆီးသွားရင်နာမယ်။ မှန်ဘီလူးနဲ့စစ်ရင် High power field အကွက်တခုမှာ သွေးဖြူဥ ၅ ခုမက ရှိနေမယ်။

7. Proctitis အစာဟောင်းအိမ်ရောင်ခြင်း
Gonorrhoea (ဂနိုးရီးယား)၊ Chlamydial infection (ကလာမိုင်ဒီးယား)၊ Herpes simplex virus ရေယုံ ဗိုင်းရပ်စ် ပိုးတွေကနေ ဖြစ်စေတယ်။

8. Gonorrhoea ဂနိုးရီးယား
Endocervix သားအိမ်ဝ၊ Urethra ဆီးထွက်ပြွန် နဲ့ Rectum အစာဟောင်းအိမ်ကို မှန်ဘီလူးနဲ့စစ်ရင် Gram-negative intracellular diplococcic တွေ့ရင် ဖြစ်နိုင်စရာရှိတယ်။ Endocervix သားအိမ်ဝ၊ Urethra ဆီးထွက်ပြွန်၊ Rectum အစာဟောင်းအိမ် နဲ့ Pharynx အာခေါင်းက တစ်ရှူးကို Isolation by culture ပိုးမွေးစစ်ရင် Oxidase-positive, Gram negative intracellular diplococcic တွေ့မယ်။ နောက်ပြီး Sugar utilization ဆက်စစ်တဲ့အခါ Neisseria gonorrhoeae-specific DNA တွေ့ရင် သေခြာတယ်။

9. Infection due to Chlamydia trachomatis (Genital) လိင်လမ်းမှာ (ကလာမိုင်ဒီးယား) ပိုးဝင်ခြင်း
Urethral ဆီးသွားလမ်း၊ Cervical သားအိမ်ဝ၊ Vaginal ဗဂျိုင်းနား နဲ့ Urine ဆီးတွေကို Direct fluorescent antibody test နည်း ဒါမှမဟုတ် Antigen detection test နည်းလုပ်တဲ့အခါ Chlamydia trachomatis (CT) အပေါင်းပြရင်၊ ဒါမှမဟုတ် Chlamydia trachomatis-specific DNA အပေါင်းပြရင် သေခြာတယ်။

10. Chancroid (ရှန်ကာရွိုက်)
Genital ulceration လိင်အင်္ဂါတဝှိုက်မှာ အနာတွေ၊ Inguinal adenopathy ပေါင်ခြံတက်စေ့တွေရှိသူရဲ့ အနာက ထွက်တဲ့ အရည်ကို စစ်ဆေးရင် Haemophilus ducreyi တွေ့မယ်။ Culture ပိုးမွေးနည်းနဲ့ Nucleic acid test တွေနဲ့လုပ်တယ်။

11. Genital herpes လိင်လမ်းရေယုံ
အရင်လဲဖြစ်ဘူးတဲ့ ရာဇဝင်ရှိမယ်၊ အနာပုံစံကလဲ နာတဲ့ အရည်ကြည်ဖုလေးတွေ ဖြစ်မယ်ဆိုရင် ဒီရောဂါလို့ ယူဆနိုင်တယ်။ အနာကထွက်တဲ့အရည်ကို Nucleic acid tests စစ်တော့ HSVspecific DNA အပေါင်းပြရင် သေခြာတယ်။

12. Syphilis (ဆစ်ဖလစ်)
Primary and Secondary ပဌမဆင့်၊ ဒုတိယဆင့် - Ulcers အနာ (ပဌမဆင့်)၊ Mucocutaneous lesions အဖုံးပါးလွှာ အနာ (ဒုတိယဆင့်) နဲ့ Serological test (Non-Treponemal or Treponemal) အပေါင်းပြရင် Probable ဖြစ်နိုင်စရာလို့ သတ်မှတ်တယ်။ အနာက လိင်လမ်းမှာ မဟုတ်လဲ ဖြစ်နိုင်တယ်။ Dark-field microscopy နည်းနဲ့ Direct fluorescent antibody staining နည်းမှာ Treponema pallidum တွေ့ရင်၊ Confirmed သေခြာတယ်။ Nucleic acid test ဒါမှမဟုတ် အလားတူနည်းလဲ စမ်းနိုင်တယ်။

13. Lymphogranuloma venereum (လင်ဖိုဂရင်နူလိုးမား-ဗနီရီယမ်)
လိင်လမ်းမှာ အနာ နဲ့ ပေါင်ခြံမှာ ပြည်ထွက် တက်စေ့နဲ့အနာတွေက L1, L2 or L3 serovars of Chlamydia trachomatis တွေကနေဖြစ်စေတယ်။ စအိုနာကနေ သွေးထွက်တာလဲ ရှိနိုင်တယ်။

14. Granuloma inguinale (ဂရင်နူလိုးမား-အင်ဂွိုင်နယ်လေ)
လိင်လမ်း-ဝမ်းသွားလမ်းမှာ တဖြေးဖြေးချင်း တိုးတိုးလာတဲ့ အရေပြားနဲ့ တက်စေ့ အနာတွေကို Klebsiella granulomatis ပိုးကနေဖြစ်တယ်။

15. Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်)
အမျိုးသမီးရဲ့ Mount of a genital swab မွေးလမ်းကယူတာ နဲ့ Urine ဆီးကို မှန်ဘီလူးနဲ့ စစ်တဲ့အခါ Trichomonads တွေ့မယ်။ Cervical smear သားအိမ်ဝကယူတာ စစ်ရင်လဲ Trichomonads တွေ့မယ်။ Culture ပိုးမွေးပြီးစစ်ရင် Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) တွေ့မယ်။ DNA နည်းမှာလဲ Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) တွေ့မယ်။

16. Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်းနားရောင်ခြင်း
ဗဂျိုင်းနားမှာ ပုံမှန်ရှိနေကြတဲ့ ဗက်တီးရီးယားတွေက တမျိုးတမည် ပြောင်းသွားတဲ့အခါ Gardnerella vaginalis, Bacteroides, Mobiluncus နဲ့ Mycoplasma hominis ပိုးတွေ များလာစေတယ်။ ဗဂျိုင်းနားက ပုံမှန်မဟုတ်တာ ဆင်းမယ်၊ အနံ့ဆိုးတယ်၊ နာမယ်၊ ယားမယ်၊ ပူလောင်မယ်။

17. Candidiasis (ကင်ဒီဒိုင်ယေးဆစ်)
ဗဂျိုင်းနားမှာ Candida spp. အုပ်စုဝင် (Candida albicans, Candida glabrata) ပိုးတွေ အဆမတန် များလာတယ်။ ယားမယ်၊ ပုံမှန်မဟုတ်တာ ဆင်းမယ်၊ နီရဲနေမယ်၊ Wet mount နဲ့ Gram-stained smear နည်းတွေနဲ့ စစ်ရင် Pseudohyphae တွေ့မယ်။ ပိုးမွေးရင် Candida တွေ့မယ်။ (မှတ်ချက်။ Candidiasis ကို Thrush လို့လဲခေါ်တယ်။ Fungal infection (Mycosis) မှိုပိုးတမျိုး ဖြစ်တယ်။ Yeasts species မျိုးစုထဲက တခုခုဖြစ်မယ်။ Candida albicans အမျိုးက အများဆုံး ဖြစ်စေတယ်။)

18. Scrotal swelling ယောက်ျား ကပ်ပယ်အိတ်ရောင်ခြင်း
တဖက်သပ်သပ်ဖြစ်တာများတယ်။ နာမယ်၊ ရောင်မယ်၊ ရုတ်တရက်ဖြစ်တယ်။

19. Cervicitis သားအိမ်ဝရောင်ခြင်း
Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယား) ဒါမှမဟုတ် Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) ပိုးတွေကြောင့် မဟုတ်တာကို ခေါ်တယ်။ ရောဂါလက္ခဏာတွေ ကတော့ Mucopurulent secretion အကျိအချွဲ-ပြည် ဆင်းမယ်။ သားအိမ်ဝ Endocervix နေရာက လာတာဖြစ်တယ်။ အဖြူခံပေါ်တင်ကြည့်ရင် ဝါမယ်၊ စိမ်းမယ်။ Induced endocervical bleeding စမ်းသပ်ဘို့ Endocervix မှာ ဂွမ်းစ တင်တာနဲ့ သွေးထွက်မယ်။

20. Anogenital warts လိင်လမ်း-စအိုလမ်း ကြွက်နို့
မျက်စိနဲ့မြင်သာတံ့ ကြွက်နို့ အရေပြား-အောက်ခံမျက်နှာပြင်ပေါ်မှာ မြင့်တက်နေမယ်၊ Internal အတွင်း လိင်လမ်း External genitalia အပြင် လိင်လမ်း Perineum လိင်အင်္ဂါအနီးအနား နဲ့ Perianal region စအိုဘေးနာတွေမှာဖြစ်မယ်။

21. Ophthalmia neonatorum မွေးစကလေး မျက်စိနာခြင်း
ကလေးက ၄ ပတ်အတွင်းမှာသာ ရှိသေးမယ်ဆိုရင် Probable ဖြစ်နိုင်တယ်။ တဖက်ထဲရော နှစ်ဖက်လုံးရော ဖြစ်နိုင်တယ်။ နောက်ပြီး မျက်စိက ထွက်တာကို စစ်ဆေးရင် Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယား) ဒါမှမဟုတ် Chlamydia trachomatis (ကလာမိုင်ဒီးယား-ထွိုက်ကိုမားတစ်) ပိုး တမျိုးမျိုး တွေ့ရင် သေခြာတယ်။

အမျိုးသမီးများတွင် ခံစားရမည့် လိင်ကတဆင့် ကူးစက်ရောဂါ လက္ခဏာများ
• Dysuria, frequency ဆီးအောင့် (ဆီးသွားရင်နာ)၊ ဆီးခဏခဏသွား၊
• Vaginal discharge ဗဂျိုင်းနာက တခုခုဆင်း၊
• Genital ulceration လိင်လမ်းအနာ၊
• Abnormal growth or mass in genital area လိမ်လမ်း အပိုတခုခုဖြစ်၊
• Lower abdominal pain ဗိုက်အောက်ပိုင်းနာ၊
• Inguinal lymphadenopathy ပေါင်ခြံအကျိတ်၊
• Vulval itching မိန်းမကိုယ်ယား၊
• Dyspareunia လိင်ဆက်ဆံရင် မနာသင့်ဘဲနာ၊
• Perianal pain လိင်အင်္ဂါနေရာတဝှိုက်နာ၊
• Anal discharge စအိုကတခုခုဆင်း၊

အမျိုးသားများတွင် ခံစားရမည့် လိင်ကတဆင့် ကူးစက်ရောဂါ လက္ခဏာများ
• Dysuria, frequency ဆီးအောင့် (ဆီးသွားရင်နာ)၊ ဆီးခဏခဏသွား၊
• Urethral discharge ဆီးထွက်ပေါက်က တခုခုဆင်း၊
• Genital ulceration လိင်လမ်းအနာ၊
• Abnormal growth or mass in genital area လိင်လမ်းအပိုတခုခုဖြစ်၊
• Acute scrotal swelling, pain ကပ်ပယ်အိတ်နာ-ရောင်၊
• Inguinal lymphadenopathy ပေါင်ခြံအကျိတ်၊
• Perianal pain လိင်အင်္ဂါနေရာတဝှိုက်နာ၊
• Anal discharge စအိုကတခုခုဆင်း၊

Laboratory diagnosis ဓါတ်ခွဲစစ်နည်းများ
• Venereal Disease Research Laboratory (VDRL) (ဆစ်ဖလစ်) အတွက်၊
• Rapid plasma reagin (RPR) (ဆစ်ဖလစ်) အတွက်၊
• Rapid treponemal test (ဆစ်ဖလစ်) အတွက်၊
• Gram stain and vaginal wet mount မွေးလမ်းကြောင်းပိုးဝင်ခြင်းအတွက်၊
• HIV testing (အိတ်ခ်ျအိုင်ဗွီ) အတွက်၊

ကိုးကားချက်။ Management of Sexually Transmitted Infections Regional Guidelines (WHO) 2011

Dr. တင်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe

STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများအခြေခံ


ဒီစာကို ‘ဖေ့စ်ဘွတ်’ မှာ တင်သင့် မတင်သင့် အကြာကြီး စဉ်းစားရပါတယ်။ ရေးထားတာ ၄ နှစ်ရှိပါပြီ။ တချို့ ကျွန်တော့ ‘ဘလော့’ ကနေ ကူပြီး တခြားမှာ တင်နေတာတွေရှိတယ်။ ရိုးရိုးလေး ပညာပေးဘို့ရော၊ စာထက် ပုံကိုအသားပေး တင်ကြတာ တွေ့ရတယ်။ အဲလိုလုပ်တာတော့ မသင့်လျှော်ဘူးလို့ထင်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကိုဆေးပညာမှာ Sexually Transmitted Diseases (STDs) နဲ့ Sexually Transmitted Infections (STIs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။

ကျွန်တော်တို့ဆီမှာလဲ အရင်က ‘ကာလသားရောဂါ’ လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ ‘ကာလသား’ ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲမကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ STDs တွေက ကာလသားတွေသာမဟုတ်ဘူး၊ အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ ကာလသမီး အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ မဆင်ခြင်ကြလို့ တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။

Venereal လို့ ခေါ်တာကလဲ Venus ‘ဗီးနပ်စ်’ ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ‘ဗီးနပ်စ်’ ကို အချစ် နဲ့ အလှကိုကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမသာမကပါ၊ ဂရိနတ်သမီး ‘အဖရိုဒိုက်’ နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ ‘လှတာမက်တော့ ညစာခက်’ ဆိုသလို ရောဂါက အတော်ကိုကြောက်ဘို့ ကောင်းတယ်။

ဆေးတွေ မပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ဒီရောဂါမျိုးဟာ ‘ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်’ လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ အသုံးပြုတဲ့နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြောထိုးနည်းတွေကနေလဲကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားနေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေကပိုဆိုးတယ်။ Systemic STDs တကိုယ်လုံးကို ပြန့်တဲ့အဆင့်လို့ ခေါ်တာတွေက HIV, Hepatitis B (ဘီ) ပိုး၊ Hepatitis C (စီ) ပိုးနဲ့ Herpes လိင်လမ်းရေယုံတွေ ဖြစ်တယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
(၁) Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ‘Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD’ ကို ရေးထားပါတယ်။
(၂) Gonorrhea ဂနိုရီးယားက ဒုတိယအများဆုံးဖြစ်တယ်။ ‘Gonorrhea ဂနိုရောဂါ’ ကိုလဲရေးထားပါတယ်။
(၃) ‘Syphilis ဆစ်ဖလစ်’ ကိုလဲ ရေးထားပါတယ်။
(၄) ‘Genital herpes လိင်လမ်းရေယုံ’ ကိုလဲ ရေးထားပါတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကိုကူးနိုင်တယ်။
(၅) ဗဂျိုင်းနားရောင်ခြင်းကိုဖြစ်စေတဲ့ (၃) မျိုးထဲမှာ(ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)နဲ့ (ကင်ဒီဒိုင်ယေးဆစ်) တွေက လိင်နည်းနဲ့မဆိုင်ဘဲ ဖြစ်ပေမဲ့ (ထွိုင်ကိုမိုးနပ်စ်) ကတော့ လိင်ကနေကူးစက်တယ်။
(၆) Chancroid ‘ရှန်ကာ’ ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာအနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံကအကြိတ်တွေ ရောင်လာတယ်။
(၇) LymphogranulomaVenereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။
(၈) ‘Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)’ နဲ့ ‘Genital Warts (2) လိင်အင်္ဂါကြွက်နို့ (၂)’ တွေကိုလဲ ရေးထားပါတယ်။
Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကနေတချိန်မှာသားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။
(၉) အသဲရောင် (ဘီ) ကိုတော့ အများကြီးရေးထားပါတယ်။
(၁ဝ) HIV/AIDS ကိုလဲ အများကြီးရေးထားပါတယ်။

ဒီလိုကူးစက်ရောဂါတွေကနေလဲ ဖြစ်နိုင်တယ်။
Pubic Lice သန်း။ Parasites ‘ပါရာဆိုက်’ ခေါ်တယ်။ ဆီးစပ်မွှေးမှာလဲ ဆံပင်တွေမှာလို သန်းတွေ ရှိနိုင်တယ်။ ပုံစံမတူတတ်ဘူး။ ဒါကြောင့် Crabs ခေါ်တယ်။ ယားမယ်။ ဥတွေအုချတယ်။ ပွါးမယ်။ ကူးမယ်။

Scabies ဝဲ (ယားနာ)။ Mite ခေါ်တယ်။ ဒါပေမဲ့ STD ဟုတ်ချင်မှဟုတ်မယ်။ ယားမယ်။ နီရဲလာမယ်။ ကူးမယ်။

Ring worm ပွေး။ တခြားနေရာကပွေးလဲ ဆီးစပ်နေရာတဝှိုက်မှာ ဖြစ်နေရင် တယောက်ကနေတယောက် ကူးမယ်။

Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း။ လိင်ကတဆင့်ကူးတာဟုတ်ချင်မှဟုတ်မယ်။ အသေအခြာဆေးမကုရင် အမျိုးမီးမှာကလေးမရတာဖြစ်နိုင်တယ်။ ဗိုက်အောက်ပိုင်းနာနေမယ်။ ကိုယ်ပူမယ်။ ဆက်ဆံရင် နာမယ်။ ဆီးအောင့်မယ်။ ကြားရက် သွေးဆင်းမယ်။လိင်ကတဆင့်ကူးစက်ရောဂါလဲဖြစ်နိုင်တယ်။ဆက်ဖြစ်၊ ထပ်ဖြစ်ရာကနေ အတွင်းအင်္ဂါတွေ (သားအိမ်ဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ်နဲ့ အတီးအတားကနေရာတွေ) ရောင်တာ ဖြစ်တယ်။ Chlamydia နဲ့ Gonorrhea ကနေလဲဖြစ်စေတယ်။ ဆီးစပ်နေရာနာမယ်။ တခုခုဆင်းမယ်။ ‘Pelvic Inflammatory Disease (PID) အမျိုးသမီးတင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း’ ကိုရေးထားပါတယ်။

STDs ဘယ်လိုကာကွယ်မလဲ။ လိင်မဆက်ဆံဘဲနေပါလို့ပြောတာ အမှန်ဆုံးဘဲ။ လက်တွေ့မကျလို့ အကြံကောင်း ပေးတာကို လိုက်နာပါ။ အဖေါ်ကို ပွင့်ပွင့်လင်းလင်းမေးပါ။ ဆေးစစ်ကြပါ။ (ကွန်ဒွမ်) အမြဲသုံးပါ။ လက္စဏာရှိရင် မြန်မြန် ထိထိရောက်ရောက် ဆေးကုပါ။

Condoms (ကွန်ဒွမ်) ကနေအကုန်လုံးကိုမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) ကနေ Gonorrhea, Chlamydia, HIV နဲ့ Trichomoniasisတွေကိုတော့ ကောင်းကောင်းကာကွယ်နိုင်တယ်။ Herpes, Syphilis နဲ့ Genital warts တွေကိုတော့ ကောင်းကောင်းမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) မဖုံးတာကိုတော့ မကာကွယ်နိုင်ပါ။ Crabs နဲ့ Scabies တွေကို လုံးဝ မကာကွယ်နိုင်ပါ။

ကိုယ်ဝန်ဆောင်ရင် အထူးသတိထားပါ။ စောမွေးတာ-ပျက်တာလဲ ဖြစ်နိုင်တယ်။ အထဲကကလေးကိုထိခိုက်နိုင်တယ်။ အသေမွေးနိုင်တယ်။ အလေးချိန်မပြည့်ကလေးမွေးနိုင်တယ်။ ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ရှိနိုင်တယ်။

အများစုရောဂါတွေက တခါဖြစ်ပြီး၊ ရောဂါပြီးသွားသလို မဖြစ်စေနိုင်ပါ။ Gonorrhea, Syphilis, Chlamydia နဲ့ Trichomoniasis တွေကို ဆေးကုရင် ရှိနေတာတွေ ကောင်းသွားမယ်။ ဒါပေမဲ့ နောက်ထပ်ဖြစ်ရင် နောက်တခါ ဆေးထပ်ကုရလိမ့်မယ်။ ကိုယ်ကဆေးကုပေမဲ့ အဖေါ်ကဆေးမကုရင် ပြန်ကူးလာမယ်။

Dr. တင်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe

VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း


 (၁) ဆရာခင်ဗျာ STD ဆစ်ဖလစ် ကာလသားရောဂါကို့ ပြီး ဘယ်လောက်ကြာရင်စစ်လို့ ရမလဲဆရာ။ စစ်ရင် Laboratory မှာ ဘာပြောပြီးစစ်ရမလဲဆရာ။
(၂) ကာလသားရောဂါပိုး စစ်တယ်ဆိုရင် ဂနို၊ စစ်ဖလစ် တို့ ဖြစ်စေနိုင်တဲ့ပိုးတွေကို စစ်တာလားခင်ဗျာ။ အဖြေက မရှိဘူးဆိုပေမယ့် ပိုးက အောင်းနေတတ်ပါသလား။ အမျိုးသားများဆီးအောင့်ခြင်းအရ အမျိုးသမီးမှာ ဘာများဖြစ်နိုင်ပါသလဲ။
(၃) ကျွန်တော့် ရောဂါကို ဆေးခန်းသွားပြကြည့်တယ်။ အရင်ဆုံး ဆေးစစ်ပါတယ်။ ဆေးထပ်စစ်လိုက်တော့ VDRL မှာ WR ဆိုပြီး ရေးထားပါတယ်။ သူပြောတာတော့ သိပ်မရှိဘူးလို့ ပြောတယ်။ အဲဒါဘာကို ပြောတာဘဲ။ ပြီးတော့ TPHA ကို စစ်တာလို့လည်း ပြောပါတယ်။ အဲဒီ TPHA ကတော့ Plus ပါ။ သူကပြောတယ် အဲဒီ TPHA က အပေါင်းပြပြီးရင် နောက် ဘယ်အချိန်ဖြစ်ဖြစ် အဲဒါကို ထပ်စစ်ရင် အပေါင်းပဲပြတော့တယ်လို့ ပြောပါတယ်။ ရောဂါပျောက်သွားလည်း အပေါင်းပဲ ပြတယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ သိချင်လို့ပါ။ ပြီးတော့ ကျွန်တော့်ကို ဆေးထိုးမလား၊ ဆေးသောက်မလား ဆိုပြီး မေးတယ်။ အဲဒါက ဆေးသောက်ရုံနဲ့ ပျောက်နိုင်သလား။ ဆေးနာမည်မေးကြည့်တော့ Doxycycline (100 mg) တဲ့။ အဲဒီဆေးရဲ့ အစွမ်းအာနိသင်က ဘာလဲ။

အရင်က ကာလသားရောဂါလို့ခေါ်တဟာ ‘ဆစ်ဖလစ်’ ကိုဆိုလိုတယ်။ ‘ဂနို’ အပါအဝင်တခြားအဲလိုရောဂါတွေကို လိင်ကတဆင့်ကူးစက်ရောဂါများလို့ခေါ်တယ်။ ဆေးစစ်တာက တမျိုးခြင်းကိုစစ်တယ်။ စုံတွဲတခုမှာ တယောက်ကနေ ရောဂါရှိနေရင် နောက်တယောက်ကို ကူးစက်မယ်။

VDRL နဲ့ TPHA တွေက Syphilis (ဆစ်ဖလစ်) ရောဂါ အတွက် စစ်တာတွေပါ။ VDRL test က အပေါင်းလက္ခဏာ ပြတိုင်းတော့ ဒီရောဂါရှိတာလို့ အားလုံးကိုမပြောနိုင်ပါ။ ထပ်ပြီး Treponema Pallidum Haemagglutination (TPHA) test ဆက်စစ်ပါမယ်။ သူပါ (ပေါဇေးတစ်ဖ်) ဖြစ်ရင် (ဆစ်ဖလစ်) ရှိတာ သေချာတယ်။

(ဆစ်ဖလစ်) ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ (လီနင်) နဲ့ (တော်လ်စထွိုင်) တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာက ဆိုရင် ဂျာမနီက (ဟစ်တလာ)၊ အီတလီက (မူဆိုလီနီ)၊ ရုရှားက လူဆိုး-ဘုရင် (အိုင်ဗင်) စသူတွေ ပါတယ်။ “နာမယ်ဆိုးနဲ့ အစိုးရများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျ ဘာသာပြန်ရင် “မဟာ-ကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကိုသာ ခေါ်တာပါ။

အာလူး-အချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ (ဆစ်ဖလစ်) ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

(ဆစ်ဖလစ်) ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ တခုခုမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယအဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်-ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတတ်တယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်း ဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော-ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့ အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ “ကွန်ဒွန်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

(ဆစ်ဖလစ်) ဟာ အမေရိကားကို ‘ကိုလန်ဘတ်စ်’ မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်။

Benzathine penicillin G 2.4 million units IM ၇ ရက် တပါတ် ၁ လုံးနဲ့ ၃ ပါတ် ထိုးရင် ပျောက်ပါတယ်။ ဆစ်ဖလစ်အတွက် ပဌမတန်းဆေးအဖြစ် သတ်မှတ်တယ်။

ကနေဒါ သုတေသနတခုအရ Doxycycline နဲ့ Tetracycline ဆေးတွေဟာ Primary syphilis ဆစ်ဖလစ်ဖြစ်အတွက် Benzathine Penicillin G ထိုးဆေးလိုဘဲ အကျိုးတူဖြစ်စေတယ်လို့ ၂ဝဝ၈ အောက်တိုဘာလထုတ် American Journal of Medicine မှာ ရေးလိုက်ပါတယ်။ ပနယ်စလင် မတည့်သူတွေအတွက် အလွန်ကောင်းတဲ့သတင်း ဖြစ်ပါတယ်။

လူနာ ၄၄၅ ဦးထဲက ၄၂ဝ ဦးကို ပနယ်စလင် တလုံးထဲထိုး၊ ၂၅ ဦးကို Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်ပေးပြီး နှိုင်းယှဉ်ကြည့်တာ အားလုံးအတူတူနီးပါ။ (ပနယ်စလင်ထိုးသူထဲက ၉၇့၎% နဲ့ စားဆေးပေးသူ ၁ဝဝ% တို့မှာ ပျောက်ကင်းကြတာ တွေ့ရတယ်။

Doxycycline (ဒေါက်ဆီဆိုက်ကလင်း) ဆေးဟာ Tetracycline (တက်ထွာဆိုက်ကလင်း) ပဋိဇီဝဆေးမျိုး ဖြစ်ပါတယ်။ (ဆစ်ဖလစ်)၊ (ရှန်ကာရွိုက်)၊ (ဂနိုးရီးယား)၊ (ကလာမိုင်ဒီးယား) ကျားအစေ့ရောင်၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ၊ ဝက်ခြံ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်၊ နူမိုးနီးယား၊ (လိုင်မ်း) ရောဂါ၊ အရေပြားအနာ၊ ဒေါင့်သန်းရောဂါတွေအပြင် (တိုက်ဖတ်စ်) ရောဂါ၊ ကာလဝမ်းရောဂါ၊ (ဘရူဆယ်လိုးဆစ်) တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ (ရစ်က်ဆီရယ်-အင်ဖက်ရှင်) ရောဂါ၊ (ကျူ) အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေအတွက် သုံးတယ်။ ငှက်ဖျား ကာကွယ်ဘို့ပါ သုံးနိုင်တယ်။

ကူးစက်ရောဂါအများစုအတွက် တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်ပေးတာများတယ်။ တချို့ကို 200 mg စပေးပြီး၊ နောက် လျှော့ပေးတယ်။ လေထဲကရတဲ့ ဒေါင့်သန်းရောဂါဆိုရင် ရက် ၆ဝ ကြာပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေ။ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကျေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။ သွားတွေ အရောင်မလှ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလဲ ထိခိုက်နိုင်တယ်။

Demeclocycline, Minocycline, Tetracycline ဆေးတွေနဲ့တူလို့ တမျိုးကို မတည့်ရင် သူ့ကိုလဲ မတည့် ဖြစ်နိုင်တယ်။ ကျောက်ကပ်ရောဂါရှိနေရင် သတိထားရမယ်။ အသက် ၈ နှစ်အောက်ကလေး မပေးတာကောင်းတယ်။ Antacids, Anticoagulants, Carbamazepine, Penicillin, Phenobarbital, Phenytoin, Vitamins, Calcium, Iron, Magnesium ဆေးတွေနဲ့ အချိန်ခြာပြီး သောက်တာ ကောင်းတယ်။ ကျောက်ကပ်နဲ့ အသဲရောဂါရှိရင် သတိနဲ့ပေးရမယ်။ နေရောင်ကို ရှောင်နေတာ ကောင်းတယ်။

Dr. တင်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe

ကျောက်ကပ်နှင့် သွေးတိုးရောဂါ

 ကျောက်ကပ်မှာ ရောဂါ တစ်ခုခုရှိရင် ဒါမှမဟုတ် ကျောက်ကပ်ထဲ သွေးအရောက် နည်းရင် သွေးဖိအား တက်လာ တတ်တယ်။ ကျောက်ကပ် ထိခိုက်မှု သိသာလေ သွေးဖိအား တက်မှု သိသာလေ  ဖြစ်တယ် ။ ကျောက်ကပ် ရောဂါသည်တိုင်းမှာ သွေးတိုးရောဂါ ယှဉ်တွဲပြီးရှိနေ တတ်တယ်။

သွေးတိုးဆိုတာက သွေးဖိအားတိုင်း ကိရိယာနဲ့ တိုင်းတဲ့ အခါ အပေါ်သွေးဖိအား ၁၄ဝ မီလီမီတာ ၊ အောက်သွေးဖိအား ၉ဝ မီလီမီတာ ပြဒါးကျော်မှ ခေါ်ဆိုခြင်းဖြစ်တယ်။ သာမန် လူတစ်ဦး အနေနဲ့ အပေါ်အောက် ၁၂ဝ/၈ဝ မီလီမီတာ ပြဒါးခန့်သာ ရှိတယ်။ အသက်ကြီးလာရင် သွေးတိုးနဲ့ ကျောက်ကပ်ရောဂါ ပိုဖြစ်တတ်တယ်။ သွေးတိုးရောဂါ ခံစားရသူ ၁ဝဝ မှာ ၉ဝ ခန့်ဟာ ဘာကြောင့်ဖြစ်မှန်း မသိပါ။ ဒါပေမဲ့ ၁ဝ ရာခိုင်နှုန်းက ကျောက်ကပ်ရောဂါကြောင့် ဖြစ်ပြီး ကျောက်ကပ်ရဲ့အထက် အကျိတ်ရောင် ရောဂါကြောင့် ဒါမှမဟုတ် ဦးနှောက်နဲ့ကျောရိုး နာ့ဗ်ကြောရောဂါ အချို့ကြောင့်လည်း ဖြစ်နိုင်တယ်။    သွေးတိုးလူနာ အများစုဟာ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ သွေးတိုးက မများလှဘူးလို့ ဆိုတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောင် ရောဂါသည် တိုင်း သွေးတိုးကြပါတယ်။ ကျောက်ကပ်က ရီနင်ကို ထုတ်ပေးတဲ့အတွက် အခြားဟော်မုန်းဓာတ် ပစ္စည်းများနဲ့ ပေါင်းပြီး သွေးဖိအား တက်စေတယ်။ ရီနင်ဟာ ကျောက်ကပ်ရောဂါရ တိုင်း ကျောက်ကပ်ကို သွေးရောက်နည်းတဲ့ အခါမှာ ပိုထွက်လာတတ်တယ်။

အချို့ပညာရှင်များက ကျောက်ကပ်၊ နှလုံးဖြတ်တောက် လဲလှယ်ပြီးပေမယ့်လည်း သွေးတိုး ပြန်တယ် ဆိုတယ်။ ကိုယ်အင်္ဂါက ထုတ်တဲ့သွေးဖိအား တက်စေတဲ့ ဓာတ်များကို  ပုံမှန်အားဖြင့် ကျောက်ကပ်က ဖျက်ဆီးပေး၊ ထိန်းပေးရာက ကျောက်ကပ်နှစ်ခု မကောင်းတဲ့အခါ အထိန်းမဲ့လို့ သွေးတိုးရခြင်းဖြစ် တယ်။ ကျောက်ကပ်ကြောင့် သွေးတိုးရ တဲ့ ရောဂါအမျိုးမျိုးကတော့ (၁) ကျောက်ကပ်ရောင်ရောဂါ အမျိုးမျိုး၊ (၂) ဆီးခံကတော့ ကျောက်ကပ်ရောင် ရမ်းခြင်း၊ (၃) ကျောက်ကပ်သွေး အရောက်နည်းခြင်း၊ (၄) ရေအိတ်များ ကျောက် ကပ်ရောဂါ၊ (၅) ကျောက်ကပ်၌ အသားပိုထွက်၊ အကျိတ်ထွက်၊ သွေးကြောပြတ်ခြင်း၊ (၆) ကျောက်ကပ် သွေးလွှတ်ကြော ကျဉ်းခြင်း၊ (၇) ဗီတာမင်ဒီ များလွန်းခြင်း၊ (၈) သိုင်းရွိုက် ဘေးအကျိတ် လွန်ကဲခြင်း၊ (၉) သွေးလွှတ်ကြော ပတ်လည်ရောင်ရမ်းခြင်း၊ (၁ဝ) တစ်ကိုယ်လုံး အနီကွက်ပေါ်ခြင်း၊ (၁၁) သွေးခဲမှုနည်းသော ရောဂါ၊ (၁၂) အေမိုင်လွိုက်ဒိုးဆစ် ခေါ် ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ (၁၃) ဆီးလမ်းကြောင်းပိတ် ရောဂါတွေဖြစ်တယ်။

ကျောက်ကပ် တစ်လုံးတည်း ရောဂါရပြီး ပြင်းထန်ပါက ကျောက်ကပ်ပြည်တည်ရောင်နာ ဖြစ်ကာ သွေးဖိအားအတက်မြန်ပြီး သွေးတိုး ပြင်းထန်တယ်။ အပေါ်သွေး ၁၅ဝ-၂ဝဝ ကျော်၊ အောက်သွေး ၁၅ဝ-၁၆ဝ မီလီမီတာကျော်အထိ တက်နိုင်ပြီး ခေါင်းအလွန်ကိုက်ခြင်း၊ မျက်စိမှုန်ဝါး၊ နှလုံးခုန်အားကျပြီး သတိမေ့ကာ ချက်ချင်းသေဆုံးနိုင်တယ်။ အဲဒါကို   သွေးဖိအား အတက်ကြမ်းပြီး သွေးတိုးရောဂါဆိုး သို့မဟုတ် သေစေနိုင်တဲ့ သွေးတိုးလို့ ခေါ်တယ်။ ကုသပုံ ကတော့ သွေးတိုးရောဂါ ကုသပုံနဲ့ အတူတူပဲဖြစ် တယ်။ ကျောက်ကပ်ကြောင့်ရတဲ့ သွေးတိုးရောဂါမှာ ရောဂါပျောက်ရန် ကုသဖို့လိုတယ်။ ကျောက်ကပ်ရောဂါ ပျောက်ပါက သွေးတိုးပျောက်သွားတယ်။ ကျောက်ကပ်ရောဂါ မပျောက်ရင် သွေးတိုးမပျောက်ပါ။ သွေးတိုးရောဂါရှိရင် ကျောက်ကပ်ရောဂါဟုတ်၊ မဟုတ် အာထရာဆောင်းရိုက်ခြင်း၊ ယူရီးယားခရစ်ထီနင် ဖောက်စစ်ခြင်း၊ သွေးကြောထဲ ဆေးထည့် ရိုက်ခြင်းများလုပ်ပြီး စစ်ဆေးနိုင်တယ်။   

Written by  စကားဝါ
မြ၀တီ
http://www.myawady.net.mm
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ