Dengvaxia သွေးလွန်ုတုပ်ကွေး ကာကွယ်ဆေး


တကယ် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ဆေး ပေါ်ပြီလားဆရာ အသိအမှတ်ပြုပြီလားဆရာ။

မေးတဲ့သူက လင့်တခုပါပို့တယ်။ ဒီနေ့တော့ အားလုံးစိတ်ဝင်စားမယ့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ဆေးအကြောင်း ရေးပေးချင်ပါတယ်။ dengue vaccine (dengvaxia)ကို 2016 မှာ approve လုပ်လိုက်ပြီး dengue strain 4 မျိုးလုံးကို ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်ပေးနိုင်တဲ့ရာခိုင်နှူန်းကတော့ strain တမျိုးနဲ့တစ်မျိုး ရာခိုင်နှူန်း အနည်းငယ် ကွာပါတယ်။ အသက် 12 မှ 45 အတွင်း ထိုးရန်သာ studies တွေက ထွက်ရှိထားပါတယ်။ 3 dose ကို 6 လ (0,6,12) ခြားထိုးရမှာပါ။ 3 dose လုံးထိုးပြီးမှသာ အာနိသင်ရှိမှာဖြစ်ပြီး 3 လုံးမြောက် ထိုးပြီးချိန်ကနေစလို့ 4 နှစ် effective ဖြစ်မှာ ဖြစ်ပါတယ်။။ dengue ကို အရင်ကဖြစ်ဖူးပြီး immune အနည်းငယ် ရှိပြီးသားလူတွေမှာ ကာကွယ်ဆေးက ပိုပြီး ထိရောက်မှူ ရှိပါတယ်။ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်စေတဲ့ virus 4 မျိးရှိတဲ့အနက် virus type 3 and 4 ကို ကာကွယ်ဆေးက ကာကွယ်နိုင်စွမ်းပိုများပါတယ်။ ဒီကာကွယ်ဆေးက ကြိုထိုးထားသင့်တဲ့ ကာကွယ်ဆေး တမျိုးပါ။ vaccine fully protect ဖြစ်ဖို့ 3 dose ကို 6 လခြားထိုးရမှာဖြစ်လို့ outbreak ဖြစ်တဲ့အခါမှ အလောတကြီး ထိုးရင်လည်း dose မပြည့်သေးခင် ကာကွယ်မှူ ရမှာမဟုတ်ပါ။ မြန်မာပြည်အတွက်လည်း ဆရာကြီးတွေ ကြိုးစားပေးနေကြတာဖြစ်လို့ ဆေးရမရ ကိုတော့ နီးစပ်ရာဆေးခန်း၊ ကလေးအထူးကုဆရာဝန်ကြီးများထံ စုံစမ်းကြည့်ကြပါရှင်လို့ ဖတ်ရတယ်။

ကျွန်တော် Dengvaxia သွေးလွန်ုတုပ်ကွေး ကာကွယ်ဆေးစာကို ၁၁-၁ဝ-၂ဝ၁၆ နေ့ကတည်းကရေးထားပါတယ်။ သွေးလွန်ုတုပ်ကွေး ကာကွယ်ဆေး Dengvaxia ကို ၁၁ နိုင်င်ငံကနေ ရောင်းချခွင့်ပြုတဲ့သတင်း ၄-၁ဝ-၂ဝ၁၆ နေ့က ထွက်ပါတယ်။ တောင်အမေရိကတိုက်က မက်ဆီကို၊ ဘရာဇီးလ်၊ အယ်လ်ဆာဗာဒို၊ ကော့စတာရီကာ၊ ပါရာဂွိုင်း၊ ပီရူးနဲ့ အရှေ့တောင်အာရှက စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တွေပါဝင်တယ်။ Sanofi Pasteur ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ Dengue ဒင်ဂေး ခေါ် သွေးလွန်တုပ်ကွေးဆိုတာ အပူပိုင်းဒေသမှာရှိတဲ့ ခြင်ကနေတဆင့်ကူးစက်တယ်။ Flavivirus ပိုးကြောင့်ဖြစ်တယ်။ Dengue viruses 1-4 လေးမျိုးရှိတယ်။ တနှစ်မှာ လူပေါင်း သန်း ၄ဝဝ လောက်ခံနေရတယ်။

Dengvaxia ကပဌမဆုံးကာကွယ်ဆေးဖြစ်တယ်။ မက်ဆီကို နိုင်ငံမှာ ၂ဝ၁၅ ခုနှစ် ဒီဇင်္ဘာလမှာစတင်သုံးနေတယ်။ Dengvaxia (CYD-TDV) လို့ခေါ်တယ်။ Sanofi Pasteur ကနေ ထုတ်လုပ်တယ်။ Live recombinant tetravalent dengue vaccine အမျိုးအစားဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၄၅ နှစ်ရှိသူတွေကို အခုတလုံး၊ ၆ လပြည့်မှာ တလုံးတဲ့ ၁၂ လပြည့်မှာ တလုံး၊ စုစုပေါင်း (၃) လုံး ထိုးရတယ်။ အတိအကျ ပြောရရင် ကာကွယ်ဆေးသစ်ဟာ Phase III clinical studies စမ်းသပ်ဆဲအဆင့်မှသာရှိသေးတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Hepatitis C prevention အသည်းရောင်စီပိုး ကာကွယ်နည်း


၁။ မင်္ဂလာပါ။ ယောက်ျားလေးပါ။ အသက် ၄၈ နှစ်၊ အိမ်ထောင်ရှ။ိ C ပိုးသေဆေးသောက်ပြီး ပျောက်ကင်းပြီးသားပါ။ အိမ်ထောင်ဖက်မှာ C ပိုးရှိနေ အကာကွယ်မယ့်လိင်ဆက်ဆံလျှင် ကျွန်တော့ကို C ပိုးပြန်လည်ကူးစက် နိုင်ပါသလားခင်ဗျား။

၂။ ကျွန်မယောက်ခမပါ။အသက်က ၅၂ ရှိပါပြီ။ AIDS က လွန်ခဲ့တဲ့ဆယ်နှစ်ထဲက ရှိပါတယ်။ ပြီးခဲ့တဲ့ငါးလလောက်က အသဲခြောက်ပြီး c ပိုးဖြစ်နေတယ်လို့သိရပါတယ်။ ဝမ်းလဲခဏခဏလျောပါတယ်။ ပြီခဲ့တဲ့လက သွေးအန်ပြီး သွေးဝမ်းတွေသွားလို့ ဆေးရုံတင်လိုက်ပါတယ်။ ဆရာကတော့ အသဲတော်တော်ခြောက်နေပြီလို့ပြောတယ်ရှင့်။ လူကတော့ ပိန်တာလေးဖြစ်နေပါပြီ။ ကျွန်မက ကလေးရှိတော့ ဘယ်လိုကူးစက်တတ်လဲသိချင်လို့ပါရှင့်။

cပိုးလို့ရေးတာ အတော်အဖတ်ရခက်တယ်။ အဲလိုရေးမေးသူတွေ မနည်းပါ။ ကူးဆက်လို့ရေးတာကိုလည်း ပြင်လိုက်တယ်။ အဲလိုမှားသူတွေ မနည်းပါ။

၃။ ဆရာရှင့် ဦးလေးက စီပိုးရှိပြီး၊ အဖွားကဘီပိုးဖြစ်နေလို့ပါရှင့်။ အတူနေသူတွေပါ ကူးလားလို့ သိချင်လို့ပါ။

အသည်းရောင်စီပိုး သွေးကနေတဆင့်ကူးစက်တယ်။ စီပိုးရှိနေသူတဲ့သွေးက ကိုယ့်သွေးထဲဝင်လာနိုင်ရင်ကူးတယ်။ ပိုးပါနေတဲ့သွေး သွင်းမိရင်ကူးတယ်။ ပိုးရှိနနသူလှူတဲ့ အင်္ဂါအစိတ်အပိုင်းလက်ခံမိရင်၊ သွေးမစစ်ဘဲသွင်းရင် ကူးနိုင်တယ်။ သွေးသွေးချင်းထိတာ၊ နားကပ်လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ်တွဲသုံးတာ၊ တက်တူးထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးနိုင်တယ်။ မူးယစ်ဆေးသုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲကပစ္စည်းသွင်းရသူတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူတာ လက်ခံရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ ဆေးရုံမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ ကူးနိုင်တယ်။

လိင်ဆက်ဆံရာကနေလည်း ကူးနိုင်တယ်။ ဒါပေမယ့် အခွင့်အလမ်း နည်းတယ်။ ကျား-ကျားလိင်တူမှာ ပိုကူးစက်နိုင်တယ်။ လိင်ဆက်ဆံဘက် များသူတွေ၊ ဆက်ဆံဘက်မှာ တခြားလိင်ကတဆင့် ကူးစက်ရောဂါ တခုခုရှိနေရင်၊ လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ကူးစက်ဘို့ အခွင့်အလမ်းပိုမယ်။ လိင်လမ်းကနေကူးတာ HIV နဲ့ B တို့လောက် မဟုတ်ပါ။ တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။

စီပိုးရှိတဲ့မိခင်ကနေ ကလေးကို ၄-၅% လောက်သာ ကူးစေနိုင်တယ်။ ဖအေမှာ စီပိုးရှိနေပေမဲ့ သူ့ကလေးကို သွေးမထိမချင်း မကူးပါ။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်းမလှူရပါ၊ သုတ်ပိုးမလှူရပါ။ ပိုးရှိနေသူချက်ပြုတ်တာစားမိလို့ မကူးပါ။ လက်တွဲတာ၊ နှာချေ၊ ချောင်းဆိုး၊ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေမကူးပါ။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲ နုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နုတ်ခပ်ချင်း စုပ်တာနဲ့လဲ မကူးပါ။ ရေအတူသောက်လဲ မကူးပါ။ ခြင်နဲ့ အင်းဆက်ပိုးတွေကနေကူးစက်တာ မတွေ့သေးပါ။ စီပိုးကာကွယ်ဆေး မရှိသေးပါ။

စီပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ
သွေးစစ်လို့ စီပိုးတွေ့ပေမဲ့ ၇ဝ-၈ဝ% မှာဘာမှ မခံစားရသလိုရှိနေမယ်။ ခံစားရသူတွေမှာလဲဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံး ဝါ၊ ရက်တိုရောဂါလက္ခဏာတွေဟာကူးစက်ပိုးဝင်လာခဲ့တဲ့နောက် ၆-၇ ပါတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပါတ်ကနေ ၆ လ လဲ ကြာနိုင်တယ်။ သူတို့အထဲက ၆ဝ-၈၅% က နာတာရှည် ဖြစ်လာရင် ရောဂါလက္ခဏာတွေက ရှိတဲ့သူတွေမှာသာရှိမယ်။ သူ့အသည်းက ပျက်စီးစပြုလာမယ်။ နှစ်တွေကြာမှလဲ ဖြစ်နိုင်တယ်။ နာတာရှည်ဆိုတာ ဆိုးဝါးတဲ့ရောဂါတခုဖြစ်တယ်။ ၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း အသည်းခြောက်တာ ဖြစ်လာနိုင်တယ်။ ၁-၅% ဟာ အသည်းခြောက်တာ ဒါမှမဟုတ် အသည်းကင်ဆာကြောင့် သေဆုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

အသားဓာတ်ဖြစ်အောင် စားကြပါ


အသားဓာတ်နည်းလျှင် အသည်းကြွပ်တက်ကို ရေးသားဖြစ်ပေမဲ့ ဘယ်လိုစားသောက်သင့်သည်ကို ထပ်မံသိရှိစေလိုပါသည် ဒါမှသာ သိရှိကြပြီး အသားဓာတ်အတွက် ပေါ့ပေါ့ပါးပါး စားလည်း အသားဓာတ်ဖြစ်ပါသည်။

လူခန္ဓာကိုယ့်မှာ ဘာကြောင့် အသားဓာတ်ပြည့်မီအောင် စားသောက်သင့်သလဲဆိုရင် လူ့ ခန္ဓာကိုယ့်အတွင်းမှ ကလပ်စည်းဆဲလ်တွေမြောက်မြားစွာရှိနေပြီး ရှိနေသည့်ဆဲလ်တွေလည်းနေ့ စဉ်ပျက်ဆီးခြင်းများစွာဖြစ်ပေါ်နေကြပါသည် ။ထို ဖြစ်ပေါ်နေသည့် ပျက်ဆီးဆဲလ်နေရာများအတွက် ပရိုတိန်းခေါ် အသားဓာတ်ဖြင့် ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါသည် ဒါကြောင့် လိုအပ်သည့်အသားဓာတ်အတွက် စားသောက်ကြပါလို့ တိုက်တွန်းအပ်ပါသည် ။

လူတစ်ယောက်အဖို့ တစ်နေ့ တာလိုအပ်သော အဟာရဓာတ်ပြည့်ဝဖို့ စားသောက်တက်ရန်လည်း အရေးပါပါသည် ။ သင့်တစ်နေတာအတွက် စားသင့်သည်မှာ ဆန် ၊ ဆီ ၊ ပဲ ၊ ဟင်းရွက် ၊ ပဲပင်ပေါက် ၊ ပဲသီး ၊ ပဲ ၊ အသား နှင့် ပုဇွန် ငါး တို့ ပင်ဖြစ်ပါသည် ။ ထို့ အပြင် ကြက်ဥ ၊ နွားနို့ ၊ထောပတ် ၊ ပေါင်မုန့် နှင့် ဌက်ပျောသီးတို့ လည်း ပါဝင် စားသောက်နိုင်ပါသေးသည် ။

လူတိုင်းအတွက် အစဉ်ပြေကောင်းမွန် စားသောက်သင့်သည့် အစားအစာ စားနည်းမှာ
ဥပမာ - မနက်စာအတွက် ထမင်းဆီဆမ်း ၊ ပဲပြုတ် ၊ ဆား ၊ ကြက်သွန်အဖြူ အနီ နှင့် ပဲကြော် တိုးဟူးကြော် တို့ ဆိုလျှင် မနက်စာအတွက် ဖြည့်တင်းမိသည့် အဟာရပင်ဖြစ်ပါသည် ။

အသားငါးကို သင့်အနေဖြင့် လုံလောက်စွာ မစားဖြစ်ခြင်း ၊ မစားခြင်း ဖြစ်ခဲ့လျှင် အသားဓာတ်အတွက် ပဲအမျိုးမျိုးကို ပိုမိုစားသောက်ပေးရပါလိမ့်မည် ။ အသားမစားသူများလည်း ရှိကြပါသေးသည် မည်သို့ ပင်ဖြစ်စေ လိုအပ်သော အသားဓာတ်အတွက် အစားထိုး ပဲအမျိုးမျိုးလို့ ဆိုရပါပေလိမ့်မည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay

တည်သီးစားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေနိုင်


ဆေးပညာရှင် သုတေသီများ၏ လေ့လောတွေ့ ရှိချက်အရ တည်သီးစားသုံးခြင်းသည် ကျန်းမာရေး ကောင်းမွန်စေနိုင်ကြောင်း လေ့လာတွေ့ ရှိရသည်ဟု သိရှိရသည် ။

တည်သီးတွင် ဗီတာမင် အေ ၊ စီ ၊ ကယ်လ်ဆီယမ် ၊ ပိုတက်ဆီယမ် ၊ သံဓာတ် ၊ မဂ္ဂနိဓာတ် များ အပြင် ပန်းသီးထက် အမျှင်ဓာတ် ၁၀၀ ဂရမ် ကျော်ပိုမို ကြွယ်ဝမှုရှိသည် ။

သွေးထဲရှိ အယ်လ်ကိုဟောဓာတ် သိပ်သည်းဆကိုလည်း လျှော့ချပေးနိုင်သည် ။

တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့ တွင် အဓိက စိုက်ပျိုးပြီး အခွံ နှင့် အခွံ မပါဘဲ စားသုံးနိုင်သည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

Wisdom Teeth အံဆုံးပေါက်ခြင်း


၁။ ဆရာ အံဆုံးပေါက်တာ အရမ်းနာလို့ ကိုက်လဲကိုက်တယ်ဆရာ။ သက်သာစေနိုင်မဲ့နည်းလေး ပြောပြပေးပါ။

မေးတဲ့သူ အသက်-ကျား-မ မသိပါ။ အဲလိုပဲ ဘာမှမပြောပဲမေးကြတာ မနက်တိုင်း၊ ညတိုင်း၊ နေ့စဉ်နေ့တိုင်း။

၂။ ဆရာ သမီးအသက်က ၂၆ပါ။ အံဆုံးပေါက်တာ နာနေလို့ပါဆရာ။ ဘယ်လိုလုပ်ရမလဲ အကြံပေးပါအုန်း။
အမျိုးသမီးဆိုရင် ရာသီ၊ အိမ်ထောင်ရေးပါ သိချင်တယ်။ သွားမှာဖြစ်လို့ ဖြေလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်သွားကိုက်လို့ အခုပဲ တယောက်ကမေးတယ်။

အံဆုံးဆိုတာ လူကြီးသွား စုစုပေါင်း (၃၂) ချောင်းထဲက အထက်-အောက်၊ ဘယ်-ညာ နောက်ဆုံးက သွား (၄) ချောင်း ဖြစ်တယ်။ တိတိကျကျဆိုရင် တတိယမြောက် အံသွားတွေဖြစ်တယ်။ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်အတွင်းပေါက်တယ်။ လူဦးရေ ၃၅% မှာ အံဆုံးမပေါက်ကြပါ။ Impacted wisdom teeth အံဆုံးပေါက် မထွက်နိုင်တဲ့ရောဂါဆိုတာ ရှိတယ်။ ဒီလိုဖြစ်တာထဲမှာ မတူတာတွေ ရှိတယ်။

• Mesioangular impaction ဆိုတာ ၄၄%မှာဖြစ်တဲ့ အများဆုံးအမျိုးအစားဖြစ်တယ်။ အံဆုံးက ရှေ့ဖက်ဆီကို ငေါထွက်နေတာမျိုး။ အထက် အံဆုံးဆိုရင် နုတ်ရတာ အခက်ဆုံးနဲ့ အောက်အံဆုံးဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
• Vertical impaction ဆိုတာက ၃၈% သွားဖုံးအထက်ကို ထွက်မလာနိုင်တာမျိုး။
• Distoangular impaction ဆိုတာက ၆% အံဆုံးက နောက်ဖက်ဆီ ကစောင်းထွက်နေတာမျိုး။ အောက်အံဆုံးဆိုရင် နုတ်ရတာအခက်ဆုံးနဲ့ အထက်အံဆုံး ဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
• Horizontal impaction ဆိုတာ ၃% အံဆုံးက ဘေးဖက်ဆီကို ၉ဝ ဒီဂရီစောင်းထွက်နေတာမျိုး။
• အထက်အံဆုံးက သွားဖုံးကပွင့်နေပြီး ထွက်မလာနိုင်လို့ နုတ်ရရင် အရိုးကို ဖယ်ပေးရတတ်တယ်။

Partial eruption အံဆုံးက အကုန်မထွက်နိုင်ရင် အပေါ်မှာ အဖုံးလိုဖြစ်နေတာကို Operculum ခေါ်တယ်။ သူ့အောက်မှာ ဗက်တီးရီးယားတွေ အောင်းနေနိုင်တယ်။ သွားတိုက်တံနဲ့ လုပ်ပေးတာလဲ မရဖြစ်နေတတ်တယ်။ အပ်မပါတဲ့ ဆေးထိုးပိုက် သုံးပြီး လုပ်နိုင်တယ်။ ပြီးရင် Hydrogen peroxide ဆေးရည်နဲ့ ဆေးပါ။ နီရဲပြီးရောင်နေမယ်။ ပါးစပ်ဟလို့ ခက်မယ်။ ခံတွင်းနံ့ ဆိုးလာမယ်။ Extraction သွားနုတ်ရမယ်။ ဒါမှမဟုတ် Operculectomy ခွဲစိတ်ရမယ်။ ခွဲစိတ်တာကြောင့် အာရုံကြောကိုထိခိုက်မိရင် လျှာထုံတာ ယာယီဖြစ်နေမယ်။ ကံမကောင်းရင် တသက်လုံး ဖြစ်သွားနိုင်တယ်။ နာတာရှည်ရောင်တာဖြစ်နေတာကို Chronic pericoronitis ခေါ်တယ်။ Paradental cyst အိတ်လိုလဲ ဖြစ်နိုင်တယ်။

သွားထိခိုက်မိတာ၊ သွားပိုးစားတာ၊ သွေးအလျှောက်လို့ သေနေတဲ့သွားတွေကြောင့် သွားပိုးဝင်တာဖြစ်လာနိုင်တယ်။ ပိုးဝင်တာဟာ သွားထဲက Pulp အပျော့လွှာမှာဖြစ်နိုင်တယ်။ သွားအနားက Bone အရိုးမှာလဲ ဖြစ်နိုင်တယ်။ Gum tissue သွားဖုံးတစ်ရှူးမှာလဲဖြစ်နိုင်တယ်။

ပဋိဇီဝဆေးတွေက ဗက်တီးရီးယားတွေကို သေစေနိုင်ပေမဲ့ သေနေတဲ့သွားကိုတော့ သက်ရောက်နိုင်မှာ မဟုတ်ပါ။ ဗက်တီးရီးယားတွေက ပဋိဇီဝဆေးယဉ်တာတွေလဲရှိတယ်။ Erythromycin (အရစ်သရိုမိုင်စင်)၊ Metronidazole (မက်ထရို နိုက်ဒါဇောလ်)၊ Amoxicillin (အမောက်ဆလင်) နဲ့ Cephalosporins (ကက်ဖလိုစပိုရင်) ဆေးတွေကိုပေးတယ်။

အနာအကိုက်သက်သာဆေးတခုခုလိုပါမယ်။ ဥပမာ Ibuprofen 200-400 mg တနေ့ ၂-၃ ကြိမ်။ သွားနဲ့ခံတွင်းမှာ တခုခုဖြစ်တာတိုင်းအတွက် ဆားနဲ့ ရေနွေးသုံးပြီး ခံတွင်းဆေးတာကောင်းတယ်။ လေးညှင်းငုံတာက ထုံတဲ့အစွမ်းရတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

Food Storage and Safety Guidelines အစားအသောက် သိုလှောင်ခြင်း


၁။ မင်္ဂလာပါဆရာ ကျွန်တော်သိချင်တာလေး မေးပါရစေ။ အခုတော့ပြည်ပမှာဆိုတော့ တယောက်တည်းချက်စားပါတယ်။ တယောက်ထဲဆိုတော့ ဟင်းတခါချက်ရင် ၃ရက်စာလောက်ချက်ထားပြီး အပူပေးတဲ့စက်နဲ့ မနက်တခါ ညတခါ နွှေးနွှေးစားပါတယ်။ ၃ ရက်ဆိုတော့ ပြန်နွေးတဲ့အကြိမ်ရေက ၆ ကြိမ်လောက်ဖြစ်နေပါတယ်။ အသီးအရွက်တွေရော အသားငါးပါ ဒီလိုဘဲချက်ချက်စားဖြစ်ပါတယ်။ ကျန်းမာရေးအရ သင့်တော်လား မသင့်တော်ဘူးလား ကျေးဇူးပြုပြီး ဗဟုသုတအနေနဲ့ရော ကျန်းမာရေးအရပါ သိပါရစေဆရာ။ စာလုံးပေါင်းတာတွေမမှန်ရင်လည်း ခွင့်လွှတ်ပေးပါ။ ဆရာတို့မိသားစု ထာဝရကျန်းမာပါစေ။

ဗဟုသုတနဲ့ သင့်သော်တွေကို ပြင်လိုက်တယ်။

သင့်တင့်တဲ့ အပူချိန်မှာထားသိုတာက စားလို့ ရောဂါ မရစေလောက်ပါ။ အစားအသောက်ဆိုတာ ထားတာကြာလေ အာဟာရဓါတ်နည်းလေး။ ပရိုတင်းလိုဓါတ်က မလျော့နိုင်။ အသီးအရွက်တွေက လျော့စေနိုင်။ ရောဂါတော့ မရလောက်။

၂။ သမီး စိတ်ထဲမရှင်းတာလေး မေးချင်လို့ပါ။ အစားအသောက်တွေ အသားတွေ ချက်ထားတဲ့ဟင်းကို ရေခဲသေတ္တာထဲ ဘယ်နှစ်ရက် ထားသင့်ပါသလဲဆရာ။ သမီးသူငယ်ချင်းက တပတ်လောက်ဘပဲထားထား ဘာမှမဖြစ်ပါဘူးတဲ့။ သမီးကတော့ ၂ ရက်လောက်ဘဲထားသင့်တယ်။ အသားအစိမ်းဆိုရင်တော့တမျိုးပေါ့။ ချက်ပြီးသားဆိုရင် ၂ ရက်ထပ် ပိုထားရင် ကျန်းမာရေးအရမကောင်းပါဘူးလို့။ သူကအဲ့လိုမဟုတ်ပါဘူးရတယ်တဲ့။ အဲ့ဒါ စိတ်ထဲမရှင်းမလင်း ဖြစ်နေလို့ပါဆရာ။

၃။ ဆရာရှင့် ရေခဲသေတ္တာသုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်စေပါသလားရှင်။ အသားငါးများ၊ အရွက်၊ အအေး၊ ဥ၊ နို့ လက်ဖက်တို့ကို ရေခဲသေတ္တာထဲတွင် ကြာရှည်ထားပြီး စားသောက်ခြင်းများသည် ကျန်းမာရေးကို သိသိသာသာ ထိခိုက်နိုင်ပါသလားရှင်။ ရေခဲသေတ္တာအသုံးပြုခြင်းသည် ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆိုင်မဆိုင်ကိုလည်း ဖြေကြားပေးစေချင်ပါတယ်ရှင့်။

• အစားအစာတွေကို တနပ်စာထက်ပိုနေတာမှန်သမျှ ထားသိုဘို့လိုရင် စတနစ်တကျ ထားသိုတတ်ရပါမယ်။
• အစားအစာရဲ့ အရည်အသွေး၊ အနံ့-အရသာ၊ အာဟာရဓါတ်တွေ မနည်းစေ၊ မပျက်စီးစေအောင် သတိထားရမှာ ဖြစ်ပါတယ်။
• မထားသိုတတ်လို့ အစားအစာပုပ်သိုးပြီး စာမိရင် အစာဆိပ်သင့်ပါမယ်။
• အခြေခံအားဖြင့် ရေခဲသေတ္တာထဲမှာ ထားသိုရပါမယ်။ တချို့ကို အစားသိုဘီရို (ကြောင်အိမ်) မှာ ထားရပါမယ်။ ဥပမာ ဆန်၊ ဂျုံ၊ ပဲ။ ပျက်စီးလွယ်တဲ့ အသီး၊ ဟင်းသီးဟင်းရွက်တွေကို အတိုင်းအဆနဲ့သာဝယ်သင့်ပါတယ်။
• အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်အစားအစာတွေကို ရေခဲသေတ္တာထဲမှာ အအေးဆုံးနေရာမှာထားရမယ်။ ရေခဲသေတ္တာထဲမှာလဲ ပြည့်ညပ်နေအောင် မထားသင့်ပါ။
• ချက်ပြုတ်ပြီးသားအစာတွေကို လေလုံအောင်ထုပ်ပိုးပြီးမှ သိမ်းရပါမယ်။ ဒါမှမဟုတ် zip lock pouches ဇစ်ပိတ်ပါတာမျိုးနဲ့ထားပါ။
• ရေခဲသေတ္တာကို ၁၅ ရက်တခါ သန့်ရှင်းရေးလုပ်ပါ။ ဟောင်း၊ သိုးနေတာမျိုး အစအန မကျန်ပါစေနဲ့။
• ခဲခန်းအပူချိန်ကို 0ºF အောက်မှာသာထားပါ။
• ခဲထားတဲ့ ပဲ + ကြက်သားအစားတွေကို ခဲခန်းထဲမထားပါနဲ့။
• soups, stews and casseroles တွေကို ပြန်အပူပေးတာနဲ့ ပြန်အေးခဲအောင်လုပ်တာ ရှောင်ကျဉ်ပါ။
• စားလို့မကုန်တာကိုသိမ်းထားရင် နေ့စွဲရေးမှတ်ထားပါ။ မြန်မြန်စားသုံးပါ။
• ထားစရာကိုလဲ အချိန်မှန် သန့်ရှင်းရေးလုပ်ပေးပါ။
• ထားသိုတဲ့အစားအစာဟာ အရည်အသွေး အနည်းနဲ့အများ လျှော့ပါတယ်။
• ထားစရာအခန်းသာမက ကိုင်တွယ်တဲ့လက်ကလဲ သန့်ရပါမယ်။

အစားအစာအမျိုးအစားအလိုက် ဘယ်နေရာမှာ ဘယ်လောက်ကြာထားနိုင်သလဲ
အခန်းတွင်းအပူချိန် = (70° F)၊ ရေခဲသေတ္တာ = (37° to 40° F)၊ အခဲခန်း = (0 °F)
• ပေါင်မုန့် အခန်းတွင်း = ၃-၅ ရက်။ အခဲခန်း = ၃ လ
• ကိတ်မုန့် ရေခဲသေတ္တာ = ၂-၄ ရက်၊ အခဲခန်း = ၂-၄ လ
• ချိစ် ရေခဲသေတ္တာ = ၁-၄ ရက်၊ အခဲခန်း = ၁-၆ လ
• ထောပတ် ရေခဲသေတ္တာ = ၁-၃ လ၊ အခဲခန်း = ၉-၁၂ လ
• ရေခဲမုန့် ရေခဲသေတ္တာ = မထားရ၊ အခဲခန်း = ၁-၂ လ
• နို့ ရေခဲသေတ္တာ = ၇ ရက်၊ အခဲခန်း = ၁ လ
• ရောဂတ် ရေခဲသေတ္တာ = ၇-၁၄ ရက်၊ အခဲခန်း = ၁-၂ လ
• ပန်းသီး အခဲခန်း = ၃-၅ လ
• ငှက်ပျောသီး အခန်းတွင်း။
• စပျစ်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ ရေခဲသေတ္တာ = ၁-၂ ပတ်
• သံပုရာသီး၊ အခန်းတွင်း= ၇ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• လိမ်မော်သီး အခန်းတွင်း= ၃-၄ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• ဖျော်ရည် ရေခဲသေတ္တာ = မဖွင့် ၃ ပတ်၊ ဖွင့် ၇-၁ဝ ရက်၊ ခဲခန်း = ၈-၁၂ လ။
• ဝက်အူတောင့် ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁-၂ လ။
• ကြက်သား ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁၂ လ။
• ပီဇာ ရေခဲသေတ္တာ = ၃-၄ ရက်။ ခဲခန်း = ၁-၂ လ။
• အစေ့အဆံ အခန်းတွင်း = ၃-၄ လ။ ရေခဲသေတ္တာ = ၁၂ လ။ ခဲခန်း = ၂၄ လ။
• တို့ဖူး ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၅ လ။
• ဟင်းသီးဟင်းရွက် ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၈-၁၂ လ။
• မှို ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၈-၁၂ လ။
• ခရမ်းချဉ်သီး ခဲခန်း = ၃-၄ လ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

ရင်ဘတ်အောင့်တယ်လား ? ဒါမှမဟုတ် ရင်ဘတ်နာတယ်လား


ရင်ဘတ်အောင့်တယ်လို့ ခံစားရတဲ့အခါ ကျွန်တော်တို့တွေ စိုးရိမ်တတ်ကြပါတယ်။ နှလုံးရောဂါနဲ့ ဆက်နွယ်နေတယ်ဆိုပြီး  ရင်ဘတ်အောင့်တာကို ကျွန်တော်တို့တွေက ဂရုတစိုက် သတိထားကြ ပါတယ်။ ဟာ့ခ်အတက်ခ် (Heart attack ) အန်ဂျိုင်နာ ( Angina ) နဲ့  ဟာ့ခ်ဘန်း ( Heart burn ) တို့မှာ ပထမနှစ်ခုက နှလုံးနဲ့သက်ဆိုင်ပြီး နောက်ဆုံးတစ်ခု ဟာ့ခ်ဘန်းကတော့ အစာအိမ်လမ်း ကြောင်းနဲ့ ဆက်နွယ်နေပါတယ်။

Heart Attack, Angina and Heart Burn

Heart attack (ဟာ့ခ် အတက်ခ်) ကတော့ နှလုံးကိုသွေးထောက်ပံ့ပေးနေတဲ့ သွေးကြောလေးတွေ ပိတ်တဲ့အခါ ခံစားရတဲ့ ရင်ဘတ်အောင့်မှုဖြစ်ပြီး Angina (အန်ဂျိုင်နာ ) ကတော့ အဲဒီသွေးကြော တွေက ကျဉ်းမြောင်းတဲ့အခါမှာရတဲ့ ရင်ဘတ်အောင့်မှုဖြစ်ပါတယ် ။ Heart burn (ဟာ့ခ်ဘန်း) ကတော့ နှလုံးနဲ့သက်ဆိုင်မှုမရှိဘဲ  အစာအိမ်ထဲက အစာချေရည်အက်ဆစ်တွေက အပေါ်ဘက် အစာပြွန်ပေါ်ကို ပြန်တက်တဲ့အခါ ခံစားရတဲ့ ရင်ဘတ်ထဲက ပူနာနာ အောင့်တောင့်တောင့် ခံစား ရမှုဖြစ်ပါတယ် ။

အစာအိမ်ကလာတဲ့ ရင်ဘတ်ပူအောင့်မှုနဲ့ နှလုံးကလာတဲ့ ရင်ဘတ်အောင့်မှုက ခံစားရတာ အနည်း ငယ် ဆင်တူနိုင်ပါတယ်။ တကယ်လို့ နှလုံးကလာတယ်ဆိုရင် အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရ တဲ့အတွက် ဂရုပြုရပါမယ် ။ အရေးပေါ်ဆေးကုသမှုကိုလည်း ခံယူရပါမယ်။

Heart attack က ဘာလဲ ?

 Heart attack ဆိုတာကတော့  နှလုံးကိုထောက်ပံ့ပေးတဲ့ နှလုံးသွေးကြောလေးတွေ  ပိတ်ဆို့ရာ ကနေ ဖြစ်တာပါ ။ နှလုံးသွေးကြောတွေက နှလုံးကို အောက်ဆီဂျင်နဲ့ စွမ်းအင်တွေပေးတာဖြစ်ပါ တယ်၊ Heart Attack က နှလုံးရပ်တာအထိဖြစ်နိုင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဆရာဝန်တွေက " Acute Coronary Syndrome "လို့ တင်စားလေ့ရှိကြပြီး Heart Attack ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့  ရင်ဘတ်အောင့်တာက ဆွဲညှစ်ခံထားရသလို ဖိထားခံရသလို တင်း ကျပ်ပြီး အောင့်ပါတယ်။ လေးတဲ့ အလေးကြီးတစ်ခု ရင်ဘတ်ပေါ်ကို တင်ထားရသလိုမျိုး အောင့်တတ်ပါတယ်။နာလိုက်ပျောက်လိုက်ဖြစ်နိုင်ပြီး မိနစ်အနည်းငယ်ထက် ပိုကြာတတ်ပါတယ် ။ Heart attack အားလုံးက တူညီတဲ့ ရောဂါလက္ခဏာ မပြတတ်ပါဘူး ၊ အောင့်တဲ့နေရာက ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ဘတ်အလယ်နဲ့ ဘယ်ဘက်အခြမ်းကနေ နာတာ အောင့်တာတွေ့ရမှာပါ ။လက်မောင်း ၊ မေးရိုး နဲ့ ကျောဘက်တွေကိုလည်း အဲဒီနာကျင်မှုက ပျံ့နှံ့ နိုင်ပါတယ်။ တစ်ခါတလေ Heart Attack က ဒီပြင်တခြားသော လက္ခဏာတွေဖြစ်တဲ့ အေးစက် ခြင်း ၊ အသက်ရှုမဝခြင်း ၊ပျို့ အန်ခြင်း ၊ အားအင်ကုန်ခမ်းခြင်း ၊ ရီဝေဝေဖြစ်ခြင်းတို့နှင့် လည်း လာတတ်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ရောဂါလက္ခဏာတွေကို သေချာခွဲခြား ခံစားနိုင်ခြင်း မရှိဘဲ မောပန်းသလိုခံစားရပြီး Heart attack ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အစာမကျေသလို ခံစားချက်ကလည်း ဆီးချိုသမားတွေဆီမှာ Heart Attack ရဲ့ ရောဂါ လက္ခဏာလိုမျိုး ခံစားရတတ်ပါတယ်။

Angina ဆိုတာကရော ဘာလဲ ?

နှလုံးကိုသွားတဲ့ သွေးကြောလေးတွေကျဉ်းလာပြီး ခံစားရတဲ့ ရင်ဘတ်အောင့်ဝေဒနာပါ။  တဖြည်းဖြည်းကျဉ်းလာတဲ့အတွက် ပိတ်သွားနိုင်ပြီး Heart Attack ရနိုင်ပါတယ်။ အဲဒီတော့ Angina ရှိတဲ့သူတွေက ဆေးကိုကုသမှုစနစ်တကျ ခံယူသင့်ပြီး Heart Attack အတွက် သတိရှိနေရပါမယ်။ Angina မှာ ရင်ဘတ်အောင့်တာက နားလိုက်တဲ့အခါနဲ့ ဆေးသောက် လိုက်တဲ့အခါ သက်သာသွားရင် Stable anginaလို့ ခေါ်ပါတယ်။ Unstable Angina ကတော့ နှလုံးက သွေးရော အောက်ဆီဂျင်ရော ပြတ်လပ်လာတာမို့ Heart Attack ပိုဖြစ်နိုင်ပါတယ်။

Heart Burn ဆိုတာကရော ဘာလဲ ?

Heart Burn ဆိုတာက ရောဂါတစ်ခုဆိုတာထက် ရောဂါလက္ခဏာတစ်မျိုးသာလျှင်ဖြစ်ပါတယ်။ ရင်ပူလောင်တဲ့ ခံစားချက်မျိုးဖြစ်ပြီး အစာအိမ်ထဲက အစာချေရည်အက်ဆစ်တွေ အပေါ်ဘက် အစာပြွန်(oesophagus)ကို ပြန်လှန်ထွက်ခြင်းကြောင့် ခံစားရတာပါ။ Heart burn သည် နှလုံးရောဂါနဲ့ နှီးနွယ်ခြင်း မရှိပါဘဲ ဖြစ်တဲ့နေရာက ရင်ဘတ်မှာမို့  ရင်ဘတ်အောင့်တယ်လို့ အထင်မှားခံစားရတဲ့အခါလည်း ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်က အချွဲထုတ်ခြင်းခြင်းဖြင့် သူကိုယ်တိုင်က ထုတ်လုပ်တဲ့ အစာချေခြင်းမှာပါဝင်တဲ့အက်ဆစ်အစာချေရည်က သူ့ရဲ့ အနား သတ်အသားတွေ အတွင်းသားတွေကို တိုက်စားမသွားအောင်ကာကွယ်ပါတယ်။ အစာအိမ် မရောက်ခင် အစာပြွန် ( oesophagus) မှာတော့ ဒီအချွဲထုတ်တဲ့ လုပ်ဆောင်ချက် မရှိတာကြောင့် အစာအိမ်ထဲက အက်ဆစ်တွေ အကြောင်းကြောင်းကြောင့် အစာပြွန်ထဲကို ပြန်လှန်တက်တဲ့အခါ  သူ့အနားသားတွေ အတွင်းသားတွေကို ထိခိုက်စေပါတယ်။ လူအများစုအတွက် ဒါက သိသာတဲ့ ခံစားချက်မျိးမဖြစ်စေပေမယ့် အက်ဆစ်ကိုခံစားလွယ်တဲ့ အာရုံကြောစနစ်ရှိသူတွေမှာ နာကျင်မှုကို ခံစားရပါတယ်။ အစာအိမ်ရဲ့အပေါ်ဘက် အစာပြွန်တလျှောက် ပူနေနာနေတတ်ပါတယ်။ Heart Burn ကိုပျို့အန်ချင်တာ လေပွ လေထတာစတဲ့  အစာအိမ်လမ်းကြောင်း ရောဂါလက္ခဏာတွေနဲ့ လည်း  အတူတူတွဲပြီးခံစားရနိုင်ပါတယ်။

Heart burn နဲ့ Heat attack ကြားက ကွာခြားချက်များ

ရောဂါလက္ခဏာပေါ်မူတည်ပြီး Heart attack လား Heart burn လား ဆိုတာကတော့ ခွဲခြားဖို့ အနည်းငယ်ခက်ခဲတဲ့အတွက် ရောဂါလက္ခဏာအခြေခံတဲ့ ရောဂါနာမည်တပ်ခြင်းအပြင် စစ်ဆေး စမ်းသပ်ချက်တွေကိုလည်း မှီခိုရပြန်ပါတယ်။ ဆရာဝန်တွေကိုယ်တိုင်တောင်မှ သူတို့ကိုယ်တိုင် heart burn ဖြစ်တယ်လို့ ခံစားရလို့ ဆေးသောက်နေပေမယ့် မသက်သာလို့ စစ်ဆေးလိုက်မှ နှလုံးနဲ့သက်ဆိုင်နေပြီး Heart Attack ကို ဦးတည်နေတာမျိုးတွေ ကြုံဖူးတယ်လို့ ဆိုကြပါတယ်။

သေချာ အတိအကျ မဟုတ်ပေမယ့် Heart attack နဲ့ Heart Burn မှာအဓိကကွာခြားနိုင်တာတွေ ကတော့

Heart burn က အစာစားပြီးတဲ့အချိန်ရယ် လှဲလိုက်တဲ့ အချိန်ရယ်မှာ ပိုပြီးဆိုးပါတယ်။( Heart Attack ကလည်း အစာစားပြီး ဖြစ်နိုင်တယ်ဆိုပေမယ့် ) Heart burn ဆိုရင် အစာအိမ်က အက်ဆစ်ထုတ်လုပ်မှု လျော့ကျစေတဲ့ ဆေးတွေသောက်လိုက်ရင် သက်သာပျောက်ကင်းပါတယ်။
Heart burn က အသက်ရှုကြပ်တာ လှုပ်လိုက်ရင် မောတာတို့ဖြစ်လေ့မရှိပါဘူး။ Heart burn ဆိုရင် လေချဉ်တက်တာ လေပွတာပိုဖြစ်လွယ်ပါတယ်။

Heart Attack အတွက် ကုသမှု

တကယ်လို့  Heart  Attack လို့ ယူဆရရင်တော့ အရေးပေါ်ကုသမှုခံယူရမှာဖြစ်ပြီး နီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာ ကုသရမှာဖြစ်ပါတယ်။ ECG နဲ့ နှလုံးခုန်နှုန်းတွေရဲ့ ပုံမမှန်ခြင်းကို ခြေရာခံနိုင်ပါ တယ်။EChocardiography ၊ Angiography ၊ X rays ၊ သွေးစစ်ခြင်းများနဲ့ လိုအပ်သော စစ်ဆေး ခြင်းများက Heart Attack ကို စစ်ဆေးဖော်ထုတ်နိုင်ပါတယ်။ Cardiac Catheterization ဆိုတာ ကတော့  ဆရာဝန်က လက်မောင်း သို့မဟုတ် ပေါင်ရဲ့သွေးကြောမှ  စက်ရဲ့အကူအညီနဲ့ ဝင်ရောက်ကာ ကျဉ်းနေသော နှလုံးသွေးကြောကို ချဲ့ပေးသောကုသမှုတစ်မျိုးဖြစ်ပါတယ်။ ပိုက်ပျော့လေးက နှလုံးရဲ့ကျဉ်းနေသော သွေးကြောကို  balloon ဖြင့် ချဲ့စေပြီး stent လို့ ခေါ်တဲ့ ပြွန်လေးထည့်ကျန်စေခဲ့ကာ သွေးကြောကိုကျယ်စေပါတယ်။ ဆေးဝါးကုသမှုတွင် Aspirin စသော သွေးကျဲဆေးများကလည်း သွေးကြောအတွင်း သွေးခဲဖြစ်ခြင်း ပိတ်ခြင်းများအန္တရာယ်ကို လျှော့ချ ပေးပါတယ်။ ရေရှည်အနေနဲ့ကတော့ Life Style changes အနေနဲ့ ဆေးလိပ် ၊ အရက်ကို ရှောင်ကြဉ်တာ ကျန်းမာရေးနဲ့ ညီသော အစားအသောက်များစားတာ လေ့ကျင့်ခန်းများလုပ်တာ တွေက နှလုံးကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

Heart Burn အတွက်ကုသမှု

Heart burn ဆိုတဲ့ ရောဂါလက္ခဏာမှ တဆင့်ရောဂါ ရှာဖွေတဲ့အခါမှာ ဆရာဝန်က သင့်ကို မေးပါ လိမ့်မယ် ။ ဘယ်အချိန်မှာနာတယ် ၊ ဘယ်လောက် မကြာမကြာမှာ နာတယ်၊အစာစားပြီးတဲ့အခါ ပိုဆိုးလား၊ လှဲအိပ်နေရင် ပိုဆိုးလား စသည်ဖြင့်ပါပဲ ။ ပြီးတော့ အစာအိမ်ထဲက အက်ဆစ်ကို လျှော့ချပေးတဲ့ ဆေးတွေက အလုပ်ဖြစ်သလားကြည့်ပါမယ်။ Endoscopy လို့ခေါ်တဲ့ မှန်ပြောင်း အသုံးပြုပြီး အစာရေမျိုပြွန်မှာ ထိခိုက်မှုရှိမရှိကို စစ်ဆေးလို့ရပါတယ်။ အစာရေမျိုပြွန်ရဲ့ pH ကို စမ်းသပ်ခြင်းဖြင့်လည်း acid ပမာဏကို တိုင်းတာလို့ ရပါတယ်။

ဆရာဝန်တွေက ရောဂါလက္ခဏာကိုကြည့်ပြီး ရောဂါနာမည်ကိုတပ်ပါလိမ့်မယ်။ ကုသမှုကိုတော့ ရောဂါကိုစမ်းသပ်မှုများနှင့် သေချာစေပြီး စတင်မှာ ဖြစ်ပါတယ်။

ခွန်းညိုသွေး
Health Guide
https://www.facebook.com/mmhealthguide/

ချောင်းဆိုးပျောက်ဆေးရည်က အလုပ်ဖြစ်ရဲ့လား


ကျွန်တော်တို့တွေဟာ ချောင်းဆိုးပြီဆိုရင် ချောင်းဆိုးပျောက်ဆေးရည်ပုလင်းကို အလွယ် တကူလှမ်းကြပါလိမ့်မယ်။ နှစ်စဉ်သန်းပေါင်းများစွာသောငွေတွေကို ချောင်းဆိုးပျောက်ဆေးရည် ထုတ်လုပ်ဖြန့်ချိဖို့အတွက် သုံးစွဲနေကျဖြစ်ပါတယ်။

ချောင်းဆိုးတယ်ဆိုတာက အသက်ရှုလမ်းကြောင်းထဲကို ဖုန်အမှုန့်နဲ့ပြင်ပမှ ဓာတ်မတည့်တဲ့ ပစ္စည်း တွေ ရောဂါပိုးတွေဝင်ရောက်လာတဲ့အခါ အသက်ရှုလမ်းကြောင်းမှာရှိတဲ့ လက်ခံတဲ့နေရာတွေကနေ တဆင့် ဦးနှောက်ကိုလှုံ့ဆော်ပါတယ်။ ဦးနှောက်က ရင်ဝမ်းခြား ကြွက်သားရဲ့အကူအညီကိုယူပြီး ပြန်လည် ထုတ်ပစ်ဖို့ကြိုးစားတဲ့ အလိုအလျောက်တုံ့ပြန်မှုပဲဖြစ်ပြီး ချောင်းဆိုးစေပါတယ်။ တစ်နာရီ မိုင် ၅၀ အလျင်နဲ့ ဆိုးပါတယ်။

ချောင်းဆိုးပျောက်ဆေးအနေနဲ့ ရှေးအစဉ်အဆက်က ဆေးရွက်ပြုတ်ရည်၊ အရက်၊ ကလိုရိုဖောင်းအပြင် မော်ဖင်း နောက်ဆုံး ဟီရိုအင်းအစရှိသည်တို့ကိုပါ သုံးစွဲခဲ့ကြတာတွေ့ရပါတယ်။ ယခုခေတ်မှာတော့ သင့်တော်တဲ့ ချောင်းဆိုးပျောက်ဆေးတွေကို ဈေးကွက်မှာရရှိနိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးပျောက် ဆေးအရည်တွေဟာ ထိရောက်တဲ့ လုပ်ဆောင်မှုတွေမပေးနိုင်ဘူးလို့ လေ့လာမှုတစ်ချို့အရ သိရှိရပါတယ်။
ဆေးဆိုင်တွေရဲ့စင်တွေမှာ ချယ်ရီအရသာထည့်ထားတဲ့ ချောင်းဆိုးပျောက်ဆေးတွေက နေရာယူနေ ပါလိမ့်မယ်။ အနည်းဆုံးတော့ အေးတဲ့ရာသီဥတုနဲ့ တုပ်ကွေးကာလတွေမှာပေါ့။ ဒီဆေးတွေက တကယ်ပဲ အလုပ်ဖြစ်ရဲ့လား။

သီအိုရီအရ Dextromethorphan (DXM) လို့ လူသိများကြတဲ့ ချောင်းဆိုးပျောက်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ချောင်းဆိုးတုံ့ပြန်မှု (cough reflexes) တွေကို ပိတ်လိုက်ခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာ စေတာဖြစ်ပါတယ်။ ချွဲကိုပျော်စေပြီး ချောင်းဟပ်ထုတ်ရတာလွယ်စေတဲ့ expectorant (ဥပမာ Guaifene -sin) လို့ခေါ်တဲ့ ဆေးတွေသွေးကြောတွေ ကျဉ်းစေပြီး အသက်ရှူလမ်းကြောင်း ပွင့်စေတဲ့ decongestants  (ဥပမာ Ephedrine) ဆေးအမျိုးအစားတွေ၊ နှာခေါင်းလည်ပင်းတစ်လျှောက်မှာ ရောင်ယမ်းခြင်းကိုလျော့ကျ စေတဲ့ antihistamine ( ဥပမာ loratidine) လို ဆေးတွေလည်း အကျူံးဝင်ပါတယ်။
လေ့လာမှုအများစုကတော့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူသုံးစွဲလို့ရတဲ့ ဒီဆေးတွေဟာ အမှန်တကယ် ချောင်းဆိုးရပ်စေတဲ့သက်သေမရှိဘူးလို့ဆိုပါတယ်။ သူတို့ဟာ ရောဂါ အတွက်မဟုတ်ဘဲ လူနာစိတ်ကျေနပ်အောင်ပေးရတဲ့ ဆေးသက်ရောက်မှု (placebo effect) လောက်ပဲ လုပ်ဆောင်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ လေ့လာမှု ၁၉ ခုမှာ ၁၅ ခုက ချောင်းဆိုး ရပ်စေတဲ့သိသာတဲ့ အကျိုးသက်ရောက်မှုမရှိဘူးလို့ပြောပါတယ်။  ဒါကြောင့် ချောင်းဆိုးမပျောက်တဲ့အခါ ချောင်းဆိုးပျောက် ဆေး ပမာဏကိုထပ်ပြီးတိုးဖို့ မလိုအပ်ပါဘူး။ DXM လိုဆေးမျိုးဟာ အိပ်ငိုက်ခြင်း၊ မျက်လုံးလှုပ်ရှားမှု ပုံမမှန်ခြင်း၊ တက်ခြင်းကနေ သေစေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ နှစ်စဉ် အနောက်နိုင်ငံတွေရဲ့ အရေးပေါ်ဌာနတွေမှာ ကလေးအများစုကို ချောင်းဆိုးပျောက်ဆေး အလွန်အကျွံသောက်မိလို့ overdose ဖြစ်ပြီး ရောက်ရှိလာတတ်တာတွေ့ရပါတယ်။ ဒါ့အပြင် များသောအားဖြင့် ချောင်းဆိုးပျောက်ဆေးတွေကို လေးနှစ်အောက်ကလေးတွေအတွက် မညွှန်ကြားသင့် မတိုက်သင့်ပါဘူး။
နောက်ပြီး ကျွန်တော်တို့မျှော်လင့်ထားသလို zinc နဲ့ vitiamin C ကလည်း သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူးတဲ့။
ဒါဆို ဘယ်အရာက အလုပ်ဖြစ်ပါမလဲ။
အရည်များများသောက်တာ လေထုနွေးတဲ့နေရာဖန်တီးတာ၊ အေးတဲ့ရာသီတွေမှာ ရေခပ်နွေး နွေးနဲ့ရေချိုးတာ၊ ချောင်းဆိုးပျောက်တဲ့ သကြားလုံးငုံတာ၊ ငုံဆေးပြားပူပူလေးငုံလိုက်တာက သက်သာမှု ရစေပါတယ်။ ပျားရည် သို့မဟုတ် သံပုရာရည်ကို ရေနွေးနဲ့ပြင်ဆင်သောက်သုံးတာကလည်း အိမ်သုံး ချောင်းဆိုးပျောက်ဆေးရည်လေး ဖြစ်စေပါတယ်။
ချောင်းဆိုးပျောက်ဆေးတွေမှာ သိသာတဲ့အချက်တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ အိပ်ငိုက်တာ ပါပဲ။ ပြီးတော့ အိပ်စေလိုက်တဲ့အခါ ချောင်းဆိုးခြင်းကို ရပ်တန့်သွားစေတဲ့အတွက် ချောင်းဆိုး သက်သာ တယ်ထင်ရစေတာပဲဖြစ်ပါတယ်။ Dextromethorphan လို ဆေးက အလွန်အမင်းအိပ်ငိုက်စေလို့ အလုပ်မလုပ်နိုင် ကားမမောင်းနိုင်တဲ့ဒုက္ခတွေနဲ့လည်း ကြုံတွေ့ရပါသေးတယ်။
နှစ်ပတ်ကျော်လို့မှ ချောင်းဆိုးတာမရပ်ရင်တာ့ ဆရာဝန်နဲ့တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။

ညီ (ဆေး - ၂)
Health Guide
https://www.facebook.com/mmhealthguide/

လူ့အသက်ကို ရန်ရှာတဲ့ ကပ်ပါးပိုးများ


ပြီးခဲ့တဲ့ရက်များအတွင်းက မြောက်ကို ရီးယား တပ်ဖွဲ့ဝင်တစ်ဦးဟာ နယ်စပ်ကို ဖြတ်ကျော်ကာ တောင်ကိုရီးယားသို့ ထွက်ပြေး ရောက်ရှိလာခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာတွေ ရရှိထားလို့ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။ ¤င်းကို ကုသနေတဲ့ ဆရာဝန်တွေက ¤င်းရဲ့ ကိုယ်ထဲက အူအတွင်းမှာ ရှိနေတဲ့ ကပ်ပါးပိုး ပမာဏဟာ မကြုံစဖူးလောက်အောင် တော်တော်လေး ကြီးမားများပြားတဲ့ ပမာဏရှိနေတာကို တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

စစ်မဲ့ဇုန်ကို ဖြတ်ကျော် ထွက်ပြေး လာချိန်မှာ မြောက်ကိုရီးယားနယ်စပ်က အစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါ တယ်။ ဆရာဝန်တွေရဲ့ ပြောဆိုချက်အရ လူနာဟာ တည်ငြိမ်သွားပြီ။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ အလွန်ကြီးမား များပြား တဲ့ သန်ကောင်တွေ၊ တုပ်ကောင်တွေ ရှိနေတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာ တွေကို ရောဂါပိုးဝင်ရောက်ပြီး အခြေ အနေ ပိုဆိုးသွားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆေးပညာရှင် တစ်ဦးအနေနဲ့ လုပ်ကိုင်လာတဲ့ အနှစ် ၂ဝ ကာလ အတွင်းမှာ ဒီလောက်များပြားတဲ့ သန်ကောင်တွေ ရှိနေတာကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ လူနာရဲ့ အူထဲကနေ ဖယ်ထုတ်လိုက်တဲ့ အရှည်ဆုံး သန်ကောင် တစ်ကောင်ဆိုရင် ၂၇ စင်တီမီတာ ( ၁၁ လက်မ) လောက်ရှိတယ်လို့ တောင်ကို ရီးယားမှ ဒေါက်တာ လီကွတ်ခ်ဂျွန်က ပြောပါတယ်။
ကပ်ပါးပိုးတွေ ခန္ဓာကိုယ်ထဲ ဘယ်လို
ဝင်ရောက်လာနိုင်သလဲ
မသန့်ရှင်းတဲ့ အစားအသောက် တွေကို လူတွေစားသုံးမိရင် ကပ်ပါး ပိုးမွှားတွေ အစားအသောက်ကတစ်ဆင့် ပါလာနိုင်သလို အရေပြားကနေတစ်ဆင့် လည်း ဝင်ရောက်လာနိုင်ပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်ရဲ့ ခန္ဓာကိုယ် ထဲမှာ ကပ်ပါးပိုး (သန်ကောင်) တွေ ရှိနေရခြင်းဟာ ပထမအချက်ကြောင့် ဖြစ်ဖို့များပါတယ်။

သန့်ရှင်းမှုမရှိတဲ့ အစားအသောက် တွေကနေ ဝင်ရောက်လာတဲ့ ကပ်ပါးပိုး တွေဟာ အများအားဖြင့် သန်ကောင်တွေ အဖြစ် လူ့ကိုယ်ထဲ ဝင်ရောက်လာကြ ပါတယ်။ လူတွေရဲ့ အညစ်အကြေးကို ဓာတ်မြေသြဇာအဖြစ် အသုံးပြုမယ် ဆိုရင် အဲဒီဓာတ်မြေသြဇာ ဖျန်းထားတဲ့ အသီးအရွက်တွေကို မချက်ပြုတ်ဘဲ စားရင် သန်ကောင်တွေဟာ ပါးစပ် ကနေတစ်ဆင့် လူရဲ့ အူထဲကို ရောက်ရှိ ကုန်ပါတော့တယ်။

လူ့ခန္ဓာကိုယ်ထဲကို ကပ်ပါးပိုးတွေ ဝင်ရောက်လာရင် တချို့မှာ ပြင်းထန်တဲ့ လက္ခဏာတွေ မပြတတ်ပေမယ့် တချို့ ကိစ္စတွေမှာ အသက်အ္တရာယ်ကို ခြိမ်းခြောက်လာနိုင်တဲ့အထိ ဖြစ်လာ နိုင်ပါတယ်လို့ စင်ကာပူမှာရှိတဲ့ ဇီဝ သိပ္ပံကျောင်းမှ ပါမောက္ခ ပီတာပရီဆာ က ရှင်းပြခဲ့ပါတယ်။ လူတစ်ယောက်ဟာ သန်ကောင်တွေ ရှိနေပြီဆိုရင် မကျန်းမာ တော့ဘူး။ သန်ကောင်တွေဟာ ခန္ဓာ ကိုယ်ထဲ ရောက်ပြီဆိုတာနဲ့ သင့်ခန္ဓာ ကိုယ်မှာ ရှိသမျှ အာဟာရတွေအားလုံးကို စုပ်ယူသွားလို့ပဲဖြစ်တယ်။ ဒါတွေဟာ ကျန်းမာရေးစနစ် ယိုယွင်းမှုတွေကို ဖော်ပြနေတာပါပဲလို့ ပါမောက္ခ ပီတာက ဘီဘီစီသို့ ပြောကြားခဲ့ပါတယ်။

Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

သားလျှောခြင်းအား တားဆီးကာကွယ်ရန် ကိုယ်ဝန်ဆောင်မိခင်များ ဘေးစောင်းအိပ်သင့်ဟုဆို


သားလျှောခြင်းသို့မဟုတ်ကလေး အသေမွေးဖွားခြင်းအား တားဆီး ကာကွယ်ရန် ကိုယ်ဝန်ဆောင်မိခင် များအနေဖြင့် မီးမဖွားမီသုံးလခန့် အလိုတွင်အိပ်စက်ရာ၌ဘေးစောင်း အိပ်သင့်ကြောင်း သုတေသီများက အကြံပြုပြောကြားလိုက်သည်ဟု သိရသည်။

အမျိုးသမီး ၁ဝဝဝ အား ပြု လုပ်သည့် သုတေသနအရ မွေးဖွား ခါနီး သုံးလအလိုတွင် ကိုယ်ဝန် ဆောင်မိခင်များအနေဖြင့် ပက် လက်အနေထားဖြင့် အိပ်စက်မည် ဆိုပါက သားလျှော၊ သားပျက်ဖြစ် နိုင်ခြေ နှစ်ဆမြင့်မားကြောင်း သိ ရသည်။

အဆိုပါ သုတေသနသည် ကလေးအသေမွေးဖွားသူ ကိုယ် ဝန်ဆောင်အမျိုးသမီး ၂၉၁ ဦးနှင့် ကလေးအရှင်မွေးဖွားသူ ကိုယ်ဝန် ဆောင်အမျိုးသမီး ၇၃၅ ဦးတို့အား လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ၏အိပ်စက်မှုအနေအထားသည် အရေးအကြီးဆုံးဖြစ်ပြီး၎င်းတို့အိပ် ရာမှနိုးထလာချိန်တွင် ၄င်းတို့ အနေဖြင့် ပက်လက်အနေအထား ဖြစ်နေပါကလည်း မစိုးရိမ်သင့် ကြောင်း သုတေသီများကပြော ကြားခဲ့သည်ဟု သိရသည်။

ယူကေတွင် ကိုယ်ဝန်ဆောင် ၂၂၅ ဦးတွင် တစ်ဦးသည် ကလေး အသေမွေးဖွားလေ့ရှိကြောင်း သိရ သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ဘေး စောင်းအိပ်ခြင်းဖြင့် တစ်နှစ်လျှင် ကလေးငယ်ပေါင်း ၁၃ဝ ကို အသက်ရှင်သန်ခွင့်ပေးနိုင်မည်ဟု အဆိုပါသုတေသနအား ရေးသား သူများက ခန့်မှန်းထားကြောင်း လည်း သိရသည်။
အဆိုပါ သုတေသနကို ဗြိတိန် နိုင်ငံထုတ် Journal of Obstetrics and Gynaecology (BJOG)တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သွန်းသွန်း
The Union Daily
https://www.facebook.com/pg/uniondaily.net

Medicine during pregnancy ကိုယ်ဝန်ဆောင်နဲ့ဆေးများ


ဆရာရှင့် သမီးကိုယ်ဝန်က ၅ လထဲမှာပါ။ ယခုသွားကိုက်နေလို့ ပါရာစီတမော့ သောက်လို့ရပါသလားရှင်။ သွားဆေးခန်းက ညနေပိုင်းမှဖွင့်မှာဆိုတော့ မနက် ၂း၃၀ လောက်ထဲက သွားကိုက်လို့ မအိပ်နိုင်လို့ပါဆရာ။ စာတွေထဲမှာဖတ်တာတော့ ဆရာဝန်မေးပြီးမှ ကိုယ်ဝန်ဆောင်က ဆေးသောက်သင့်တယ်ဖတ်ဖူးလို့ပါဆရာ။

အကိုက်အခဲပျေက်ဆေး သောက်နိုင်။

ကိုယ်ဝန်ဆောင်နေချိန်မှာ သောက်နိုင်တဲ့ဆေးများ

၁။ Prenatal vitamins ကိုယ်ဝန်ဆောင်အားဆေး ဗီတာမင်များ၊

၂။ Allergy အလာဂျီဆေးများ
• Benadryl (diphenhydramine)
• Claritin

၃။ Cold and Flu အအေးမိနဲ့တုပ်ကွေးဆေးတွေ
• Tylenol (acetaminophen) ပါရာစီတမော၊
• Saline nasal drops or spray ဆားရည်ပန်းဆေး၊
• Warm salt/water gargle ဆားရည်နဲ့ ပါးစပ်ဆေးခြင်း၊
• Antihistamine chlorpheniramine (Chlor-Trimeton) စိတ်ချရတယ်။ loratadine (Claritin) မသေချာပါ။
• နှာခေါင်းထဲပန်းရတဲ့ဆေး oxymetazoline (Afrin or Dristan Long Lasting) သုံးနိုင်တယ်။
• Benadryl (Diphenhydramine), Sudafed, Afrin nasal spray, Halls cough drops တွေ သုံးနိုင်တယ်။
• ချောင်းဆိုးပျောက်ဆေး dextromethorphan (Robitussin and Vicks Formula 44) သုံးနိုင်တယ်။ ဆေးထဲမှာ အရက် (အယ်လ်ကိုဟော) များတာမျိုးမသင့်ပါ။
• တုပ်ကွေးအတွက် Tamiflu သုံးနိုင်တယ်။

၎။ Constipation ဝမ်းနုပ်ဆေးတွေ
• Metamucil, Fiberall, Colace, Citracel, Milk of Magnesia, Dulcolax, Colace နဲ့ Metamucil သုံးနိုင်တယ်။
• Castor oil ကြက်ဆူဆီမသုံးပါနဲ့။ ကိုယ်ဝန်နုရင်ပျက်ကျနိုင်တယ်။

၅။ First Aid Ointment ရှေးဦးသူနာပြုဆေးတွေ
• Bacitracin
• J&J First-Aid Cream
• Neosporin
• Polysporin

၆။ Rashes အနီပြင်ထွက် ယားယံသက်သာဆေးတွေ
• Benadryl cream
• Caladryl lotion or cream
• Oatmeal bath (Aveeno)

၇။ အနာအကိုက်သက်သာဆေးများ
• ပါရာစီတမော သုံးနိုင်တယ်။ Paracetamol + caffeine ဆိုရင်ဆရာဝန်ပြပါ။ ရှောင်နိုင်ရင်ကောင်းတဲ့ဆေးများ
• Aspirin
• Ibuprofen (Advil and Motrin)
• Naproxen (Aleve)
• Paracetamol with caffeine ပါရာစီတမောနဲ့ ကေဖင်းရောထားတာဆိုရင် ဆရာဝန်ပြပါ။

၈။ အစာလမ်းဆေးတွေ
ရင်ပူတာ၊ ဝမ်းချုပ်တာ၊ လေနာတာအတွက်ဆေးတွေက များသောအားဖြင့်သင့်တယ်။ Antacid အက်စစ်ပျယ်ဆေး calcium carbonate (Tums) ရတယ်။ Sucralfate (Carafate) လည်းရတယ်။ အစာမကျေရင် Tums, Maalox, Mylanta, Pepcid တွေသုံးနိုင်တယ်။

၉။ သွေးတိုးကျဆေးတွေထဲက ACE inhibitors ရှောင်နိုင်ရင်ရှောင်ပါ။

၁ဝ။ ပန်းနာဆေး စတီရွိုက်ပါနေတာဆိုရင် ဆရာဝန်ကိုအရင်ပြပါ။ salmeterol, terbutaline sulfate or albuterol ဆေးတွေ။

၁၁။ စိတ်ကျဆေးတွေ။ Fluoxetine (Prozac) သုံးနိုင်တယ်။

၁၂။ ပိုးသေဆေး
• Penicillin ပနယ်စလင်တွေ Ampicillin, Amoxacillin စိတ်ချသုံးနိုင်တယ်။
• Yeast ရိစ် (ဖန်းဂတ်စ် = မှို) ရောဂါတွေအတွက် Monistat, Gynelotrimin သုံးနိုင်တယ်။
• Erythromycin estolate အသည်းကိုထိခိုက်နိုင်တယ်။
• Fluoquinolones ပိုးသေဆေးကနေ ကလေးအရိုးနဲ့အရိုးနုဖွံ့ထွားမှုကိုထိခိုက်ကောင်း ထိခိုက်စေမယ်။
• Tetracycline ကိုယ်ဝန် ၄ လနောက်မှာ မသုံးပါနဲ့။ ကလေးသွားတွေညိုမည်းစေမယ်။

ကိုယ်ဝန်မှာရှောင်ရမယ့် တိုင်းရင်းဆေးတွေ
Arbor vitae, beth root, black cohosh, blue cohosh, cascara, chaste tree berry, Chinese angelica (dong quai), cinchona, cotton root bark, feverfew, ginseng, golden seal, juniper, kava kava, licorice, meadow saffron, pennyroyal, poke root, rue, sage, St. John's wort, senna, slippery root, tansy, white peony, wormwood, yarrow, yellow dock, and vitamin A ဖြစ်တယ်။

ကိုယ်ဝန်မှာရှောင်ရမယ့်ဆီတွေ
Calamus, mugwort, pennyroyal, sage, wintergreen, basil, hyssop, myrrh, marjoram, and thyme ဖြစ်ပါတယ်။

သတိပေးချက်
သောက်နိုင်တယ်ဆိုပေမယ့် ဘယ်ဆေးကိုမှ ၁ဝဝ% အာမခံချက်မရှိပါ။ ကျန်ဆေးတွေကို ဆရာဝန်ကို အရင်မေးပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Common Cold in children ကလေးတွေ အအေးမိရင်


၁။ မင်္ဂလာပါဆရာရှင့် သားလေးကနောက်လသုံးရက်ဆိုလေးလပြည့်ပါပီရှင့် သားကအေးရင်နှာပိတ်တတ်ပါတယ်ရှင့် ညဘက်လည်းစောင်ခြုံပေးရင် ကန်ပစ်လို့ သူ့ကို အနွေးထည်တွေ ဝတ်ပေးရပါတယ်ရှင့် လူကြီးတွေပြောကျတာ ညအိပ်ရင် ကလေးကို ဦးထုပ်စောင်းပေးရင် ခြေအိတ်ဝတ် မပေးရဘူး အပူငုတ်ပီး ကလေးမျက်လုံးထိတယ်လို့ပြောကြပါတယ်ရှင့် သားကခြေအိတ်ဝတ်မပေးရင်လည်းခြေဖျားလေးတွေအေးပါတယ်ဆရာ အဲ့ဒါလူကြီးတွေပြောသလိုဟုတ်ပါသလားရှင့်

ကလေး လူကြီးအားလုံး ရာသီဥတုနဲ့ သင့်တင့် မျှတတာကို ဝတ်စား နေထိုင်ရပါတယ်။ ဦးထုပ်စောင်း မဟုတ်။ ဦးထုပ်ဆောင်းလို့ရေးရတယ်။ စောင်းဆိုတာ မတည့်တာ ရွဲ့တာ။

၂။ ဆရာရှင့် ကျွန်မသမီးလေးက ၉ လပါဆရာ။ ကျွန်မဆီကနှာစီးချောင်းဆိုး ကူးတာလား ရေချိုးနောက်ကျသွားလို့လား မသိပါဆရာ။ အခုခလေးကနှာခေါင်း။ တအားပိတ်နေပါတယ်။ ပရုတ်ဆီနဲ့ခြေထောက်တော့ ပွတ်ပေးထားပါတယ်။ ညဘက်ဆိုတော့ ဆေးခန်းတွေလည်း မသွားချင်တော့ပါ။ ဆရာ ၉ လ ကလေးနှာစေးတာ ဘာဆေးသုံးရမလဲရှင်။

အအေးမိတယ်ဆိုတာ အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတယ်။ အသက် ၆ နှစ်အောက် ကလေးတယောက်ဟာ တနှစ်ထဲမှာ ၆ ကြိမ်ကနေ ဂ ကြိမ် အအေးမိတတ်တယ်။ တခါမိရင် ၂ ပါတ်လောက် ကြာနိုင်တယ်။ စိုးရိမ်စရာမရှိလှပါ။ အေးရင်လည်းဖြစ်တယ်။ အမေးမိတာက ဖြစ်ကာစ ၂-၄ ရက်အတွင်းမှာသူများကို အလွန်ကူးစက်လွယ်တယ်။ အအေးမိနေသူတယောက်ရဲ့ လက်မှာလဲ ဗိုင်းရပ်စ် ပိုးကပါနေရင် ၂ နာရီအတွင်းသူများဆီကူးသွားနိုင်တယ်။ လူ့ကိုယ်မှာသာမကသက်မဲ့ မျက်နှာပြင်တွေ အပေါ်မှာလဲပိုးကနေနိုင်တယ်။

ချောင်းဆိုးရာ၊ နှာချေရာကနေထွက်လာပြီးပိုးပါနေတဲ့ Droplets အမှုံအမွှားလေးတွေကို ရှူမိရင် ကူးတော့တာဘဲ။
ပိုးဝင်ပြီး ၁-၂ ရက်အတွက်းရောဂါလက္ခဏာတွေ စပေါ်ပြီ။ ကလေးတွေမှာဖြစ်ရင် Nasal congestion နှာခေါင်းပွစိပွစိ ဖြစ်တာကအများဆုံးဘဲ။ ခပ်ကြည်ကြည်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်း နှာရည်တွေယိုလာမယ်။ ဖြစ်ကာစ ၃ ရက်မှာအပူချိန် ၁ဝဝ့၉ (၃၈) ဒီဂရီအထိဖျားနိုင်တယ်။ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ နေမထိထိုင်မသာဖြစ်တာ၊ အိပ်ရေးပျက်တာ၊ အစားပျက်တာတွေလဲ ဖြစ်လာနိုင်တယ်။

ကလေးတွေ အအေးမိ နှာစေးတာက အလိုလိုပျောက်ပါမယ်။ နာနေဘို့၊ ရေ-အရည်များများသောက်စေဘို့ လိုမယ်။ ဖြစ်နိုင်ရင် အခန်းထဲလေအတွက် Humidifier သုံးပါ။ ကိုယ်ပူရင် Acetaminophen (Paracetamol/Tylenol) နဲ့ Ibuprofen (Motrin) တမျိုးမျိုးကို ကိုယ်အလေးချိန်နဲ့အညီတိုက်ပါ။ Aspirin မတိုက်ပါနဲ့။ Antibiotics ပိုးသေဆေးတွေ မတိုက်ပါနဲ့။ အအေးမိတာက ဗိုင်းရပ်စ်တွေကနေဖြစ်တာပါ။ ဒီဆေးတွေက ဗက်တီးရီးယားတွေအတွက်ပါ။

ကလေးအများစုဟာနောက်ဆက်တွဲရောဂါတွေ မဖြစ်ကြပါ။ ဒါပေမဲ့ နားကိုက်တာ၊ ပန်းနာလိုဖြစ်တာ၊ နူမိုးနီးယား ဝင်တာတွေ ဖြစ်လာနိုင်တာကိုသတိထားဘို့လိုတယ်။

အအေးမိသက်သာဆေးတွေ အမျိုးမျိုးသုံးကြတာကတော့ Antihistamines (အင်တီ-ဟစ်တမင်း)၊ Decongestants နှာရည်ကျဲဆေး၊ ချောင်းဆိုးပျောက်ဆေး၊ Expectorants ချွဲထွက်ဆေးတွေ ဖြစ်တယ်။ ဒါတွေကိုကောင်းလေမလားလို့ စမ်းသုံးတာမျိုးသာ ဖြစ်တယ်။ ဆရာဝန်တွေကမညွှန်ပါ။

Acetaminophen (ပါရာစီတမော) ဒါမှမဟုတ် Ibuprofen (အိုင်ဘူပရိုဖင်) ဆေးကိုအသက် ၆ လ အထက် ကလေးတွေကို ပေးနိုင်ပါတယ်။ ကိုယ်ပူတာကျဘို့နဲ့ အနေရသက်သာစေဘို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကိုတော့ သေစေမှာမဟုတ်ပါ။

အအေးမိတာသက်သက်အတွက် ပဋိဇီဝဆေးတွေ မလိုပါ။ နားကိုက်တာ၊ နူမိုးနီးယား၊ ဆိုင်းနပ်စ် တို့လို ဗက်တီးရီးယား ဝင်တာတခုခု ဖြစ်ရင်တော့ လိုမယ်။ မလိုဘဲသုံးရင် ဆေးယဉ်တာ၊ ဆေးမတည့်တာဖြစ်နိုင် သလိုဆေးဘေးထွက်-ဆိုးကျိုးတွေ ခံရနိုင်တယ်။

သွပ်ဓါတ်၊ ဗီတာမင် စီနဲ့ Echinacea လို တိုင်းရင်းဆေးမျိုးတွေက ဖြစ်တာကိုရောကာကွယ်ဘို့ အတွက်ပါ အထောက်အကူပြုစေတယ်ဆိုပေမဲ့ ဆရာဝန်တွေတော့ မတိုက်တွန်းပါ။ Zinc Lozenges & Nasal Sprays သွပ်ဓါတ်ပါငုံဆေးနဲ့ ရှူဆေးတွေက ထိရောက်တယ်လို့ မကြာသေးခင်က သုတေသနတွေက ဆိုပါတယ်။

အအေးမိတာအတွက် ဆေးမျိုးဟာ လက္ခဏာသက်သာဆေးမျိုးတွေသာ ဖြစ်တယ်။ ကလေးတွေကို ကုသရတာ လူကြီးတွေနဲ့ ကွဲတယ်။ လူကြီးဆေးတွေကို ၅ နှစ်အောက်ကလေးတွေ မပေးတာကောင်းတယ်။ လူကြီးသုံးတွေထဲက Antihistamine (အင်တီ-ဟစ်တမင်း) ဆေးဖြစ်တဲ့ Diphenhydramine (Benadryl®) ဆေးကတော့ တနှစ်သား ကလေးတွေ ကောင်းကောင်း အိပ်စက်စေနိုင်မယ်။ ဆေးကြောင့် စိတ်လှုတ်ရှားတာ၊ အသက်ရှူနှေးတာ၊ စိတ်ပိုင်း လက္ခဏာတွေဟာ ဒီလိုဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေဖြစ်တယ်။ Diphenhydramine ဆေးကိုတော့ တနှစ်အထက် ကလေးတွေကိုသာ ပေးနိုင်တယ်။ Aspirin (အက်စ်ပရင်) ဆေးကို ၁၈ နှစ်အောက် ကလေးတွေကို မပေးပါနဲ့။ ကလေးငယ်လေးတွေအတွက် နှာခေါင်းထဲအစက်ချရတဲ့ Saline nose drops ဆားရည်ပေးရင် နှပ်-ချွဲ ကျဲစေမယ်။ ကလေးကြီးရင် Saline nose spray ဆားရည် (စပရေး) ပေးနိုင်တယ်။

Humidified air လေကိုအစိုဓါတ်လုပ်ပေးတာ နှာခေါင်းလက္ခဏာတွေကို သက်သာတယ်။ ကလေးကိုရေ၊ အရည် သောက်စေပါ။ လိုထက်တော့ ပိုစရာမလိုပါ။ တကိုယ်ရေသန့်ရှင်းရေးလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ လက်ဆေးတာ၊ အရက်ပြန်ပါတဲ့ လက်ဆေးရည် သုံးတာကောင်းတယ်။ ကလေးတွေအတွက် Humidifier for baby အမျိုးအစား ဝယ်လို့ရနိုင်တယ်။ Hand sanitizer လက်ပိုးသန့်ဆေးရည်ကို အသုံးများလာတယ်။ ကောင်းပါတယ်။

အအေးမိအတွက်ဆေးတွေ အများကြီးရှိတယ်။ အစသက် ၆ နှစ်အောက်ကို မတိုက်ဘို့ FDA က အကြံပြုထားပါတယ်။
1. Cough suppressants (dextromethorphan or DM)
2. Cough expectorants (guaifenesin)
3. Decongestants (pseudoephedrine and phenylephrine)
4. Antihistamines (brompheniramine, chlorpheniramine maleate, diphenhydramine [Benadryl]

Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

ဆောင်းရာသီမှာ လက်တွေ ခြောက်သွေ့နေပြီလား


လက်အရေပြားတွေဟာ အရေးကြောင်း ထင်တာထက် အရောင်ခြောက်သွေ့ ညစ်နွမ်းခြင်း၊ အရေပြားပါးလွှာကာ လျော့တွဲလာခြင်းနဲ့ မညီမျှတဲ့ အတွန့်ကြောင်းတွေ ပေါ်လာခြင်းစတဲ့ အသက်ကြီးကြောင်းပြသတဲ့ လက္ခဏာရပ် တွေကို ဖော်ညွှန်းပြသနေနိုင်ပါတယ်။ ဒါဟာ အသက်ကြီးလာခြင်းနဲ့ နေဒဏ်ခံရလွန်း ခြင်းတွေကြောင့် ဖြစ်တတ်သလို ဆောင်းရာသီလို အေးမြတဲ့ရာသီမှာ အဖြစ်များတဲ့ အရေပြားခြောက်သွေ့ခြင်း ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်တွေ နူးညံ့စိုပြည်နေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပေးလိုက်ပါတယ်။

နေ့စဉ်နေ့တိုင်း ပြုလုပ်ရန်
နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်အောင် SPF ပါတဲ့ လိုးရှင်းတွေကို လိမ်းပေးရပါမယ်။ SPF 30 ဆပါတဲ့ ရှားစောင်း (Aloe Extract) နဲ့ လုပ်ထားတဲ့ လိုးရှင်းကို လိမ်းပေးပါ။ လက်ဆေးပြီးတိုင်း ထပ်မံလိမ်းနိုင်အောင် အိတ်ထဲမှာ အမြဲဆောင်ထားဖို့ လိုပါတယ်။

ညတိုင်း ပြုလုပ်ရန်
တစ်ပတ်မှာ သုံးရက်ခန့် ညအိပ်ရာဝင်ချိန်မှာ လက်တွေကို အောက်ပါနည်းသုံးနည်းနဲ့ ထိန်းသိမ်းပေးပါ။
(၁) ကြေးချွတ်ပါ။ ဆားအခြေခံ ကြေးချွတ်ဆပ်ပြာသုံးပြီး လက်အရေးပြားကို ပွတ်တိုက်ပေးရင် မှိန်ဖျော့တဲ့ အရေပြားကို တောက်ပြောင်သွားစေပါတယ်။ အေးမြလွန်းတဲ့ နေ့ရက်တွေမှာတော့ ကြေးမချွတ်သင့်ပါဘူး။ ကြေးချွတ်တာများရင် အရေပြား ခြောက်သွေ့သွားနိုင်ပါတယ်။
(၂) အမည်းစက်တွေကို ကုသပါ။ မျက်နှာအသားအရေကို ဖြူစင်တောက်ပစေတဲ့ ခရင်မ်ဟာ လက်အရေပြားပေါ်က အမည်းစက်တွေကိုလည်း မှိန်းဖျော့သွားစေပါတယ်။
(၃) အသားအရေ စိုပြည်စေတဲ့ ခရင်မ်လိမ်းပါ။ ဗီတာမင် အေ၊ စီနဲ့ အီးတို့ ပါဝင်တဲ့ လက်လိမ်းခရင်မ်ကို ညအိပ်ရာမဝင်ခင် လိမ်းပေးရင် ညဘက်မှာ အရေပြား နုပျိုစိုပြည် တင်းရင်းအောင် ပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မိတ်ဆွေ သင်စားသော အစားအသောက်ထဲ အသီးအနှံပါဝင်စေမည့် နည်းလမ်းလေးသွယ်


ဗီတာမင်စီအပါအဝင် သင့်ခန္ဓာကိုယ်က လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အသီးအနှံတွေကသာ ရရှိမယ်ဆိုရင် အခုထက်ပိုပြီး သင်ကျန်းမာလာမှာပါ။

ဒါကြောင့် သင်စားနေတဲ့ အစားအသောက်တွေထဲ အသီးအနှံပါဝင်အောင် စားနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ချဉ်သောအသီးကို အရည်ညှစ်ထည့်ပါ
လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီးနဲ့ စပျစ်သီးတွေဟာ ဗီတာမင်စီကြွယ်ဝရုံသာမက အမျှင်ဓာတ်များစွာ လည်း ပါဝင်နေပါတယ်။ အရွယ်အစားကြီးတဲ့ လိမ္မော်သီးတစ်လုံးမှာ အမျှင်ဓာတ်ငါးဂရမ် ပါဝင်ပါတယ်။ အိမ်မှာ ဟင်းရွက်သုပ်တဲ့အခါ သံပရာသီးနဲ့ ရှောက်သီးကို အရည်ညှစ်ထည့်ပါ။ သံပရာသီးနဲ့ ရှောက်သီးလို အချဉ်ဓာတ်ရှိတဲ့ အသီးတွေဟာ အစားအစာရဲ့ အာနိသင်ကို အဆင့်မြှင့်ပေးနိုင်ကြောင်း လတ်တလော လေ့လာမှုတချို့က ဆိုပါတယ်။ ဆင်းဒဝှစ်ရှ်ကနေ ခေါက်ဆွဲသုပ်ထဲအထိ သံပရာသီး ဒါမှမဟုတ် ရှောက်သီး ညှစ်ထည့်နိုင်ပါတယ်။

၂။ လွယ်အိတ်ထဲ ပန်းသီးထည့်ပါ
ဘယ်သွားသွား သင်သွားလေရာ သင့်ပခုံးထက်မှာပါမယ့် အိတ်ထဲမှာ ပန်းသီးထည့်ထားပါ။ တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားသူတွေထက် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ တကယ်လို့ ပန်းသီးကို အခွံပါစားပေးမယ်ဆိုရင် အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဖရဲသီးကို သရေစာအဖြစ်စားပါ
ထမင်းတစ်နပ်နဲ့ တစ်နပ်ကြား သရေစာစားချင်ရင် ဖရဲသီးကို ရွေးပါ။ ဗီတာမင်စီပါဝင်တဲ့အပြင် သကြားအများအပြားမပါဘဲ သဘာဝအတိုင်း အချိုဓာတ် ပါတဲ့အတွက် စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ အခမ်းအနားပွဲတွေ တက်တဲ့အခါမှာလည်း အဆီများတဲ့ မုန့်တွေအစား ဖရဲသီးစိတ်ကို များများရွေး စားပါ။ ဖရဲသီးတစ်ခွက်စာ ပမာဏမှာ ဗီတာမင်အေလည်း ပါဝင်တဲ့အတွက် ဆီးချိုရောဂါသည်တွေမှာ အဖြစ်များတဲ့ ကျောက်ကပ်နဲ့ မျက်စိအမြင်လွှာ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၎။ ရေခဲသေတ္တာထဲ ဘယ်ရီသီးထည့်ထားပါ
ရေဆာလို့ပဲဖြစ်ဖြစ် ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါတိုင်း သင်ရဲ့အရသာခံအာရုံမှာ သကြားလုံးလို ချိုမြိန်သွားစေမယ့် ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးပါ။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေမှာ ဖရက်တို့စ်ဆိုတဲ့ သဘာဝသကြားဓာတ်ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်း ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

Papaya Leaves Health Benefits သင်္ဘောရွက်ကို ဆေးအဖြစ် အသုံးချခြင်း


မနေ့ကပဲ မုံရွာက အမတယောက်က သင်္ဘောရွက်သတ္တုရည်ကောင်းကျိုးတွေကို ပြောပြလို့ နားထောင်ခဲ့ရတယ်။ ဒီနေ့ ဆရာ ဒေါက်တာတင့်ဆွေရဲ့ fb မှာတွေ့လို့ မျှဝေလိုက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နှလုံးရောဂါလိုလို၊ ကျီးပေါင်းလိုလို၊ လေးဖက်နာလိုလို ဖြစ်ချင်နေလို့ သင်္ဘောရွက် သတ္တုရည်သောက်ဖို့ စိတ်ကူးထားတယ်။ အဲဒီအစ်မပြောတာတော့ အရွက်နဲ့ အရိုးကို blendar နဲ့ ရောမွှေတဲ့ အရည် ဒါမှမဟုတ် အရိုးနဲ့အရွက်ကို ထောင်းပြီး အရည်ညှစ်လို့လည်းရတယ်ကို ဟင်းခပ်ဇွန်း တဇွန်းစာ တနေ့ကို တခါသောက်ပေးရတယ်လို့ ပြောတယ်။

ဆရာတော့ လက်ဖက်ထဲမှာ သင်္ဘောရွက်အစိမ်း မရင့်တာကို ကပ်ကြေးနဲ့ ခပ်နုတ်နုတ်ကိုက်ထည့်ပြီး ရောစားတယ်။ ဒေါ်မြမြအေးက သင်္ဘောပင်လေးတွေ နှစ်တိုင်းပျိုးထား၊ ပေါက်ကာစလေးတွေကို တပင်လုံးနုတ်ပြီး ထမင်းဝိုင်းမှာ အတို့တမယ် လုပ်ပေးတယ်။ သုတေသနတော့ မဟုတ်ပါ။ စားလို့လဲ ကောင်းတယ်။ ဒီစာရေးတာ ၅ နှစ်တိတိရှိပြီ။ ခုထိတော့ ကျန်းမာရေး ကောင်းနေသေးတယ်။

၁။ Acne ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာအခြောက်လှန်းပြီး ချေပေးပါ၊ ရေနဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။

၂။ Digestion အစာချေ အားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓါတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓါတ်တွေက Pepsin အင်ဇိုင်းမ်နဲ့တူလို့ အစာချေအားပေးတယ်။ အစာချေ ကောင်းစေချင်လို့ သင်္ဘောရွက် -ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅ဝ ဒီဂရီ ဖါရင်ဟိုက်သာ ရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။

၃။ Appetite အစာ စားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနဲနဲထည့်ပြီး သောက်စေပါ။

၎။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။

၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက် + ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။

၆။ Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့ အစေးဟာ ဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုပ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသဲကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်က သုတေသန လုပ်သူတွေက ဆိုပါတယ်။ ကင်ဆာအတွက် သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ် သောက်ရတယ်။ ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။

၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီး လန်းဆန်းစေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။

၈။ သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက် မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လဲ သင်္ဘောရွက် မသင့်ဘူး။

• Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html

ဆောင်းရောက်တော့ အိမ်ကသင်္ဘောပင်လေးတွေ မရှိတော့ပါ။ ရာသီဥတုသာမှာ တခါထပ်ပျိုးမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Wellwoman ဝဲလ်ဝူးမင်းဆေး


မင်္ဂလာပါဆရာ ကျွန်မ အသက်က ၄ဝ၊ အိမ်ထောင်သက်က ၄ နှစ်ရှိပါပြီ။ ကလေးမရသေးပါဘူး။ ကလေးယူဖို့ ကြိုးစားနေပါတယ်ဆရာ။ OG က well women ဆေးပေးလို့သောက်နေပါတယ်။ သွေးလည်းတခါတခါ 80/140 ထိ ရှိပါတယ်။ ကလေးလိုချင်တဲ့သူတွေ သောက်ရတဲ့အားဆေးလို့ သိထားပါတယ်ဆရာ။ ကျွန်မသူငယ်ချင်းတစ်ယောက် Single လည်း OG က Well Women ပေးလို့သောက်နေတာ ရာသီလာချိန် ကိုက်ခဲတာ မရှိတော့ဘူးတဲ့။ အရင်ကဆို သွေးပ်ါချိန်ဆို Dofanal ဆေးသောက်နေခဲ့ရတာ။ သူကသားအိမ်မှာ အကျိတ်လည်းရှိတယ်ဆရာ။ သွေးတိုးရှိတဲ့သူကော သောက်လို့ရပါသလားဆရာ။ သားအိမ်မှာ အကျိတ်ရှိသူတွေအတွက်ကော ကောင်းပါသလားဆရာ။ အမျိုးသမီးတွေ အားဆေးအနေနဲ့ကော သောက်လို့ရပါသလားဆရာ။ ကျွန်မသိချင်တာက အဲဒီဆေးက ဘာတွေအတွက်ကောင်းလဲဆိုတာ ကျေးဇူးပြုပြီး ရှင်းပြပေးပါအုန်းဆရာ။ အထူးကျေးဇူးတင် လေးစာလျက်။ ဆရာ ကျန်းမာပါစေ။

ဝဲလ်ဝူးမင်းဆေးမေးတတ်ကြတယ်။ အခုမှ အသစ်ရေးပါတယ်။ ဆရာဝန်ညွှန်တာလို့လည်း သိရတယ်။ ဆေးရောင်းတဲ့ ဝဘ်ဆိုက်တွေကို လိုက်ရှာရတယ်။ အကောင်းတွေသာတွေ့တယ်။ ကျွန်တော်က နိုင်ငံရေးနဲ့ ကျန်းမာရေးမှာ သိပ်အားနာတတ်သူ မဟုတ်ပါ။ ဘာကောင်းတာလဲ၊ ဘာကြောင့်လဲ။ ဟုတ်ပါရဲ့လား ဆန်းစစ်ပါမယ်။ ယေဘုယျ ဆန်လွန်းတယ်။ မကောင်းဘူးတော့ ပြောမရ။ လူတွေစာတာတွေထဲကနေ ထုတ်လုပ်ထားတယ်။ လူတွေစားတာ မကောင်းတာမှ မရှိတာ။

ဆေးကြော်ငြာမှာတော့ အမျိုးသမီးတွေအတွက် အောလ်ရောင်း ကောင်းပါတယ်တဲ့။ အောလ်ရောင်းဆိုတာ ၉၆ ပါး။ အာဟာရဓါတ်တွေ အစုံပါတယ်တဲ့။ အရေပြား၊ ဆံပင်၊ ခြေသည်းလက်သည်း၊ အင်နာဂျီ၊ ခုခံအား၊ လစဉ်လာရာသီသွေး၊ ကလေးရဘို့ စတာတွေ ဖတ်ရတယ်။ နောက်ဆိုက်သွားရင် တိုးဦးမယ်။

ဆေးထဲမှာ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ အင်တီအောက်ဆီးဒင့် ခေါ် ကင်ဆာမဖြစ်စေတဲ့ဓါတ်၊ သဘာဝ ကရိုတီနွိုက်တွေ ပါတယ်တဲ့။ Evening Primrose Oil ပန်းနှမ်းဆီနဲ့ Starflower Oil ကြယ်ပန်းဆီတွေကနေ ထုတ်လုပ်ထားသတဲ့။

တချို့ဝဘ်ဆိုက်မှာတော့ သတိပေးချက်ပါထည့်ထားတယ်။ အဲလိုရေးတာတော့ သင့်မြတ်တယ်။ ဆေးရောင်းသူကနေ ရေးထားတာလို့လည်း သိထားရမယ်။ အဲလိုဖြည့်စွက်စာဆိုတာ တကယ်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေအစား သောက်ရတာမဟုတ်ပါတဲ့။ အဲတာမှန်တယ်။ လူတွေနေ့စဉ်စားနေတာတွေထက်တော့ ဘယ်ဖြည့်စွက်စာဆေးတွေကမှ ပိုမကောင်းပါ။ ဘယ်အရာမဆို လူတွေစားနေတာ သုံးစွဲနေတာ သဘာဝဖြစ်တည် ပေါက်ရောက်နေတာတိုင်းကနေ မတည့်သူတွေမှာ အလာဂျီရစေနိုင်တယ်။ ဒီဆေးကိုလည်း မတည့်သူရှိမယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ ပိုသတိထားပါတဲ့။ ဆီးချိုရှိနေသူတွေနဲ့ အပီလက်ပစီ ခေါ် အတတ်ရောဂါရှိသူတွေလည်း သတိထားပါတဲ့။ သောက်နေတဲ့ တခြားဆေးတွေရှိရင်လည်း သတိပြုပါတဲ့။ ဗီတာမင်တွေနဲ့ ဖြည့်စွက်စာဆေးတွေဆိုတာ ရောဂါတွေကို ကာကွယ်ဘို့လည်း မဟုတ်။ ကုသပေးဘို့လည်း မဟုတ်ပါတဲ့။

ကျန်းမာရေးမေးတာတွေအရ တချို့က ဒါလေးသောက်တာ ဒါတွေပျောက်တယ်လို့ပြောကြတယ်။ သူ့ပျောက်တော့ ကိုယ်လည်းပျောက်မယ် ထင်ကြတယ်။ ဆေးသုတေသနသဘောက အဲလိုကောက်ချက်ချလို့ မရပါ။ ရှည်ရှည်ဝေးဝေး မရေးတော့ပါ။

ကလေးမရသေးသူတွေ ဘာကြောင့် မရသေးသလဲမသိပဲတော့ ဒီဆေးကနေ ရစေမှာမဟုတ်ပါ။ ဟော်မုန်းမူမမှန်လို့၊ သားအိမ်မှာအကျိတ်ရှိလို့၊ မျိုးဥအိမ်မှာရေအိတ်ရှိလို့ကြောင့် ရာသီမမှန်သူတွေ ရှိနေတဲ့ရောဂါကို စနစ်တကျမကုသဘဲတော့ ဒီဆေးကနေ ရောဂါတွေ ပျောက်စေမှာမဟုတ်ပါ။

အချုပ်ပြောရရင် အဲလိုဆေးတွေဟာ ဘေးထွက်ဆိုးကျိုး နည်းပါတယ်။ ပြောတိုင်းတော့ မကောင်းပါ။ လက်ဆောင်ပေးလို့ ကောင်းတယ်။ ရောင်းလို့လည်း ကောင်းတယ်။ အောက်ကဆေးအားလုံးက ဒီသဘောတွေဖြစ်ပါတယ်။ ကန်တော့ပါ။ ကြီးဆေး၊ ရှည်ဆေး၊ ဖြူဆေး၊ ကျဉ်းဆေး၊ နုပျိုဆေးဆိုတာတွေထက်တော့ သာပါတယ်။

• Bee pollen ပန်းဝတ်မှုံ အာဟာရ https://doctortintswe.blogspot.com/2014/11/bee-pollen_19.html
• Evening primrose oil ညနေခင်း နှင်းဆီ http://doctortintswe.blogspot.com/2015/06/evening-primrose-oil.html
• Flaxseed နှမ်းနက် https://doctortintswe.blogspot.com/2017/08/flaxseed.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

အရက်ဆိုသည်မှာ


          အရက်ကိုဓာတုဗေဒခေါ်အရ Ethyl alcohol ဟု ခေါ်ပါသည်။ အတိုကောက်အားဖြင့် Ethanol ဟူ၍လည်း လူသိများပါသည်။ ဓာတုဖော်မြူလာအရ C2H5 – OH ဖြစ်ပြီး Ehtlygroup (C2H5) မှာ Hydroxyl group (OH) ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အရက်ကိုထုတ်လုပ်ရာမှာ အသုံးပြုသည့်ကုန်ကြမ်း ပစ္စည်းနှင့် ထုတ်လုပ်သောနည်းစနစ်ပေါ်မူတည်ပြီး အရက်အမျိုးအစားများကွဲပြားသွားပြီး ပါဝင်သော အီသနော ရာခိုင်နှုန်းလည်း ကွဲပြားသွားပါသည်။အရက်အမျိုးအစားကို အဓိကအုပ်စုကြီး (၃)စုခွဲထားပါ သည်။ ဘီယာ (Beer), ၀ိုင် (Wine) နှင့် ယမကာ (Distilled beverage) တို့ဖြစ်ပါသည်။

          အရက်သောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများမှာ အပိုင်း (၂) ပိုင်းရှိပါသည်။ အရက် သောက်ပြီးသည်နှင့် လတ်တလောဖြစ်ပျက်ပြောင်းလဲမှုနှင့် အမြဲတစေသောက်သုံးမှုကြောင့် ဖြစ်လာရသည့် နာတာရှည်ပြောင်းလဲမှုတို့ဖြစ်ပါသည်။ လတ်တလောအနေနှင့် အရက်ကိုသောက်မည်ဆိုလျှင်လည်း သောက်သည့်အမျိုးအစားနှင့် ပမာဏပေါ်မူတည်ပြီး ကွဲပြားမှုရှိပါသည်။ ဖြစ်လာနိုင်သော အကျိုးဆက်များ ကို အောက်တွင်တစ်ဆင့်ချင်း ရှင်းပြပေးပါမည်။

          အရက်ကိုပါးစပ်ကနေသောက်ပြီးလျှင် အစာရေမျိုပြွန် (Esophagus) ကတစ်ဆင့် အစာအိမ် (Stomach) ထဲကိုရောက်သွားပါတယ်။ အစာအိမ်ထဲရောက်သည်နှင့် ချက်ချင်းဆိုသလို အစာအိမ်၏နံရံမှ အရက်ကိုစုပ်ယူပါသည်။ အစာအိမ်ကိုဖြစ်သန်းပြီး အူသိမ်ထဲကိုမရောက်ခင် အချိန်ခဏအတွင်းတွင် သောက်လိုက်သည့် အရက်ပမာဏ၏ 20% ကို အစာအိမ်နံရံကစုပ်ယူပြီးဖြစ်ပါသည်။ ထို့နောက် အစာအိမ် သွေးကြောများမှတစ်ဆင့် အသည်းကိုပို့ပေးပါသည်။

          ကျန်သော 80% မှာ အူသိမ်ကိုရောက်ပြီး အူသိမ်နံရံတစ်လျှောက် စုပ်ယူမှုကြောင့် အူသိမ်မှအူမ ကြီးသို့မရောက်ခင် အားလုံးကိုစုပ်ယူပြီးဖြစ်ပါသည်။ ထိုကဲ့သို့ စုပ်ယူပြီးသောအရက်အားလုံးသည် အသည်း ကို Portal vein မှတစ်ဆင့် ရောက်ရှိသွားပါသည်။

          အသည်းဆိုသည်မှာ ခန္ဓာကိုယ်ထဲတွင်ရှိသည့် စက်ရုံကြီးတစ်ခုကဲ့သို့ဖြစ်ပါသည်။ ကျွန်တော်တို့စား လိုက်သော အစားအစာအားလုံးကို အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့်ခြေဖျက်စုပ်ယူ ပြီး အသည်းကိုရောက်ပါသည်။ အသည်းကိုရောက်လာသည့် အရာများထဲတွင် ခန္ဓာကိုယ်အတွက်လိုအပ် သည့်အရာရှိသကဲ့သို့ မလိုအပ်သည့်အရာများလည်းပါနေသည်။ အရက်သည် ခန္ဓာကိုယ်အတွက်မည်သည့် နေရာတွင်မှ အသုံးမ၀င်သည့်ဓာတ်ပစ္စည်းဖြစ်ပါသည်။ ထို့ကြောင့် ယင်းကိုဖျက်စီးပြီးစွန့်ထုတ်ရန် အသည်း က စီစဉ်ဆောင်ရွက်ရပါသည်။

          ပထမဆင့်အနေနှင့် အရက်(Ethyl alcohol) ကို အသည်းမှာရှိသည့် ADH (Alcohol Dehydrogenase) အင်ဇိုင်၏အကူအညီဖြင့် Acetaldehyde အဖြစ်ကိုပြောင်းလဲပေးလိုက်ပါသည်။ ထိုဖြစ် စဉ်ကို Oxidation ပြုလုပ်ခြင်းဟုခေါ်ပါသည်။ ထိုအက်ဆီတဲလ်ဒီဟိုက်များသည် အဆိပ်အတောက်ဖြစ်စေ ပြီး ခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေသော ဓာတ်ပစ္စည်းများဖြစ်ပါသည်။ ကင်ဆာရောဂါအပါအ၀င် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဖျက်စီးနိုင်စွမ်းရှိပါသည်။ အစာအိမ်၏နံရံတွင်လည်း အက်ဆီတဲလ်ဒီ ဟိုက်အဖြစ် အချို့ပြောင်းလဲသွားပါသည်။

          ဒုတိယအဆင့်အနေနှင့် Acetaldehyde များကို Acetaldehyde Dehydrogenase (ALDH) ၏ အကူအညီဖြင့် Acetic acid အဖြစ်ကိုပြောင်းလဲလိုက်ပါသည်။ ပထမ Acetic acid အဖြစ်ကိုပြောင်းလဲလိုက် ပါသည်။ ပထမ Acetaldehyde လောက် အဆိပ်အတောက်မဖြစ်တော့ပါ။ နောက်ဆုံး CO2 နှင့် H2O အဖြစ် ပြိုကွဲပြီး ခန္ဓာကိုယ်မှစွန့်ထုတ်လိုက်ပါသည်။

          အသည်းမှ အယ်လ်ကိုဟောကိုချေဖျက်ရာတွင် တစ်နာရီကိုအယ်ကိုဟောယူနစ် ၁ ယူနစ်သာချေ ဖျက်နိုင်နိုင်ပါသည်။ အကယ်၍ တစ်နာရီအတွင်း ၁ ယူနစ်ထက်ပိုပြီးသောက်ခဲ့လျှင် အသည်း၏ချေဖျက်နိုင် သော ပမာဏထက်ပိုသွားသည့်အတွက် ပထမကပိုနေသောအယ်ကိုဟောများသည် သွေးထဲမှတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိသွားပါသည်။

          ပထမ နှလုံးကိုရောက်ပါသည်။ နှလုံးတွင်ရှိသော သွေးကြောများသာမက တစ်ကိုယ်လုံးတွင်ရှိသော သွေးကြောများပါ ကျယ်ကုန်သောကြောင့် သွေးပေါင်ချိန် (Blood pressure) ကျစေပါသည်။ ထို့နောက် နှလုံး၏ညာဖက်အခန်းမှ သွေးထဲကတစ်ဆင့် အဆုတ်ကိုရောက်ပါသည်။ အဆုတ်ကနေအသက်ရှူထုတ် လိုက်သည့်လေထဲတွင် CO2 နှင့်အတူ အယ်လ်ကိုဟောများပါ ထွက်သွားသောခြင်းကြောင့် အရက်နံ့ရစေပါ သည်။
          နှလုံး၏ဘယ်ဖက်အခန်းမှတစ်ဆင့် တစ်ကိုယ်လုံးကိုရောက်ပါသည်။ အရေပြားသို့ရောက်လျှင် သွေးကြောများကျယ်ပြီး နီရဲလာပါသည်။ ချွေးပိုထွက်လာပြီး အရေပြားမှတစ်ဆင့် အယ်လ်ကိုဟောများ စွန့်ထုတ်လိုက်သောကြောင့် ချွေးနှင့်အတူအရက်နံ့ပါရနေခြင်း ဖြစ်ပါသည်။
          ဟိုမုန်းစနစ်တွေကိုလည်းထိခိုက်စေပါသည်။ ဆီးသွားမှုကိုထိန်းချုပ်ပေးသည့် ADH ဟိုမုန်းမထွက် နိုင်အောင် ဟန့်တားပေးလိုက်သောကြောင့် ဆီးပိုသွားစေပါသည်။ ထို့ကြောင့် အရက်သောက်ပြီးလျှင် ဆီး ရွှင်သည်ဟု ပြောကြခြင်းဖြစ်ပါသည်။ ဆီးသွားသည့်အတွက် ရေဓာတ်ပါဆုံးရှုံးမှုရှိပြီး ယင်းသည် Dehydration ဖြစ်စေပါသည်။
          နောက်ဆုံးအနေနှင့် ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်းကိုရောက်သွားပြီး ခန္ဓာကိုယ်လှုပ်ရှားမှု ထိန်းသိမ်းသည့်နေရာကိုထိခိုက်စေပါသည် (Movements become disrupted) ။ ထို့ကြောင့် ဒယိမ်းဒယိုင် ဖြစ်လာပြီး လမ်းလျှောက်၍မကောင်းတော့သည့်အပြင် စဉ်းစားချိင့်ချိန်နိုင်စွမ်းကိုလည်း ထိခိုက်စေပါသည် (Judgement becomes impaired) ။
          အထက်ပါအချက်များသည် အရက်ကိုသောက်လျှင် ရုတ်တရက်ဖြစ်လာနိုင်သည့် အန္တရာယ်များဖြစ် ပါသည်။ သောက်သည့်ပမာဏနှင့် အမျိုးအစားပေါ်မူတည်ပြီး နည်းတာများတာပဲကွာခြားသွားမှာဖြစ်ပါ သည်။ တစ်နေ့ကို နည်းနည်းစီနှင့်ရေရှည်စွဲသောက်လျှင် တစ်မျိုးဖြစ်မှာဖြစ်ပါသည်။

Alcohol Unit ဆိုသည်မှာ
          အရက်အမျိုး၊ ပါဝင်သည့်အယ်လ်ကိုဟောပမာဏပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနေခြင်းကြောင့် ဘယ်ရွေ့ဘယ်မျှသောက်လျှင် မည်သို့ဖြစ်လာနိုင်သည်ဆိုခြင်းကို စံသတ်မှတ်ချက်တစ်ခုလိုအပ်လာပါ သည်။ ယင်းကို Alcohol unit ဟုခေါ်ပါသည်။
          အယ်လ်ကိုဟောယူနစ် တစ်ယူနစ်ဆိုသည်မှာ အရက်စစ်စစ်၏ (pure alcohol) 10 ml (သို့မဟုတ်) 8gm ကိုဆိုလိုခြင်းဖြစ်ပါသည်။ ထိုပမာဏသည် သာမန်လူကြီးတစ်ယောက်အတွက် သွေးထဲမှာရှိသည့် အရက်ကိုအချိန်တစ်နာရီအတွင်းတွင် လုံးဝချေဖျက်နိုင်သောပမာဏဖြစ်ပါသည်။ အသက်အရွယ်၊ ကျား/မ၊ ခန္ဓာကိုယ်အလေးချိန်၊ အသည်း၏လုပ်ငန်းဆောင်တာပေါ်မူတည်ပြီး  အပြောင်းအလဲရှိနိုင်ပါသည်။
          ထိုပမာဏ (Alchohol 1 unit) သည် ဘာနဲ့ညီသလဲဆိုလျှင်
အယ်လ်ကိုဟောတစ်ယူနစ်တွင် ပါဝင်သောအရက်အမျိုးအစားများ
·         အယ်လ်ကိုဟော 4% ပါဝင်သည့်ဘီယာ  250ml
·         အယ်လ်ကိုဟော 13% ပါဝင်သည့်ဝိုင်    76ml
·         အယ်လ်ကိုဟော 40% ပါဝင်သည့်ဝီစကီ  25ml
ဥပမာ-အယ်လ်ကိုဟော 13.5% ပါဝင်သည့် ၀ိုင်ပုလင်းတစ်ပုလင်း (750ml) ဆိုလျှင် အယ်လ်ကိုဟော ယူနစ် (၁၀) ယူနစ်ပါဝင်နေပါသည်။
     UK နိုင်ငံမှာ သတ်မှတ်ချက်အရ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူကြီးတစ်ယောက်သည် တစ်ပတ်ကို အယ်လ်ကိုဟော ယူနစ်(၄)ယူနစ်ထက်ပိုမသောက်သင့်ဟုဆိုပါသည်။ ပိုသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေပါမည်။  ထိုစံနှုန်းအတိုင်းသောက်လျှင်တောင် တစ်ရက်ထဲ (၁၄) ယူနစ် သောက်၍မရပါ။ အနည်းဆုံး ၃-၄ ရက်ဖြန့်ပြီး မျှတစွာသောက်ရပါမည်။ ထို့အပြင် တစ်ပတ်မှာအနည်း ဆုံး ၂-၃ရက် နားပေးရမည်ဖြစ်ပြီး Alcohol-free days ဟု ဆိုပါသည်။

Dr. Khin Maung Lwin (Fame)
Health Guide
https://www.facebook.com/mmhealthguide

အန္တရာယ်များသည့် စပ်ဆေး


ကျွန်တော်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးကုသဆောင်(၃)ရဲ့ တာဝန်ခံဆရာဝန်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ဆေးတက္ကသိုလ် (၁)မှာတော့ ပါမောက္ခဆေးပညာရာထူးနဲ့ ဆေး ကျောင်းသားတွေကိုလည်း ဆေးပညာသင်ကြားပေးနေပါတယ်။

ရပ်ကွက်ဆေးဆိုင်တွေမှာ များသောအားဖြင့် ဒီကျေးလက်တောရွာတွေမှာ လူတွေအသုံးများနေတဲ့ စပ်ဆေးတွေအကြောင်းကို ပြောပြပေးပါဦး။

ကျွန်တော်တို့ ဒီရပ်ကွက်တွေမှာ ဒီစပ်ဆေးရယ်လို့ ကွမ်းယာဆိုင်မှာလည်းဝယ်လို့ရတယ်။ ဆေးဆိုင်လေးတွေမှာလည်း ၀ယ်လိုရတယ်ပေါ့။ အဲဒီစပ်ဆေးတွေကို သောက်လာကြတဲ့အလေ့ အကျင့်ဟာ အတော်လေးကိုကြာခဲ့ပြီ။ ကျွန်တော်တို့ ကျောင်းသားဘ၀။ ၁၉၇၉ ပြည့်လောက်။ အဲဒီအချိန်တုန်းက ကြာဖူးတယ်။ ဒါပေမယ့် အဲ့လောက်မကျယ်ပြန့်သေးဘူး။ တဖြည်းဖြည်းနဲ့ ဒီစပ် ဆေးဟာ တစ်ယောက်အလေ့အကျင့်ကနေပြီးတော့ အဆင့်ဆင့်လက်ဆင့်ကမ်းလာတာ အခု အချိန်မှာဆို စပ်ဆေးယဉ်ကျေးမှုတစ်ခုလို့တောင်မှ ဖြစ်တဲ့အဆင့်ကို ရောက်လာတယ်။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုတော့ ကျွန်တော်တို့ ဒီစပ်ဆေးရေရှည်သောက်ပြီးတော့ နောက်ဆက်တွဲဖြစ်တဲ့ ဒုက္ခ တွေနဲ့ ရောက်လာတဲ့လူနာတွေ နိစ္စဓူဝ ကျွန်တော်တို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုတဲ့နေရာမှာ ကျွန်တော်တို့ တွေ့နေရတယ်။

ရပ်ကွက်ထဲကဆေးပေးခန်းတွေမှာ တန်းတွေစီနေတဲ့လူနာတွေလည်း တွေ့နေရတယ်။ အဲ့အချိန်မှာ ဆရာဝန်ကနေပြီးတော့ သူကကုသခြင်း အပိုင်းနဲ့ကာကွယ်ခြင်းအပိုင်းတွေပြောပြီးတော့ လိုအပ်မှဘဲ ဆေးထိုး ဆေးပေး တာတွေလုပ်တာလေ။ ဒါပေမဲ့ ဆရာဝန်ပေးလိုက်တဲ့ဆေးဟာ ဆေးမထိုးဘဲနဲ့ သောက်ဆေးတွေအရင်ပေးတော့ အဲဒီ့သောက်ဆေးတွေဟာလည်း ကြာရှည်သောက်ရတယ်ဆိုပြီး စိတ်မရှည်တဲ့လူနာတွေလည်းရှိနေတော့ အဲ့လူနာတွေအပေါ် နည်းနည်းလေး လမ်းညွှန်မှုပေးပါဦး။

အဲဒီ့ဟာနဲ့ပတ်သတ်ပြီး ကျွန်တော်ငယ်ငယ်က ဆရာဝန်ဖြစ်ခါစတုန်းကတော့ ကျွန်တော်တို့ရဲ့ ဆေးပညာအရတော့ ကျွန်တော်တို့ကထိုးဆေးမပါဘူး။ သောက်ဆေးနဲ့ပဲဆေးကုလို့ရတယ်၊ ဒါပေမဲ့ ရောက်သွားတဲ့အချိန် နယ်ဒေသမှာ။ 'ပေါင်'မှာ ဆေးခန်းထိုင်တုန်းကဆိုရင် တော်တော်လေး မှတ်မှတ် ရရပဲ။ လူနာတွေက ဆေးမထိုးဘူးဆိုရင် ဆေးကုတယ်လို့တောင်မထင်ဘူး။ ဒီသောက်ဆေးပဲပေးရင် လှည့်ထွက်သွားတာ။ တစ်ခါတစ်လေများဆို ရီစရာ၊ ပိုက်ဆံလည်းပေးမသွားဘူး။ ထွက်သွားတာပေါ့နော်။ ဒါမျိုးတွေက ကြုံခဲ့ဖူးတာ။ သြော်… သူတို့မှာဆေးနည်းနည်းထိုးလိုက်မှဘဲ သူတို့မှာဆေးကုတယ်ထင်ကြတယ်။ ကျွန်တော့်တို့မှာ အဲဒီ့အချိန်တုန်းက အမှန်အတိုင်းဝန်ခံရမှာပဲ။ အားဆေးတွေထိုးပေးခဲ့ရတယ် တကယ်တော့ အဲဒီ့အားဆေးသည် သူရဲ့ဖျားနာတာနဲ့မဆိုင်ဘူး။ သို့သော်လည်း ပေးလိုက်တဲ့ တကယ်တမ်း ပိုးသတ်ဆေးနဲ့ ပါရာစီတမော့က ကုတဲ့ဆေး။ ထိုးလိုက်တာ က အားဆေးပေါ့နော်။ ဒီဆေးမထိုးပေးရင် ဆေးကုတယ်လို့မထင်တာ။ အထူးသဖြင့် နယ်ဘက်တွေမှာ ပိုပြီး ကြားနေရတယ်။ တကယ်တော့ ဖျားနာတယ်ဆိုရင် ဆေးထိုးမှမဟုတ်ဘူး။ သောက်ဆေးနဲ့လည်း ကောင်းကောင်းမွန်မွန် ကုလို့ရပါတယ်။ ဒါပေမဲ့ ဆေးထိုးတယ်ဆိုရင် တချို့ Patient များ ဆီးချိုရှိတယ် ဆိုပါစို့။ အဲဒီ့ဆီးချိုကြောင့်ပဲ ဆေးထိုးတဲ့နေရာမှာ ဆေးထိုးတဲ့အနာတောင် ဖြစ်နိုင်သေးတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဆရာဝန်ရဲ့ညွှန်ကြားတဲ့သောက်ဆေးနဲ့ ထိထိရောက်ရောက်သောက်တယ်ဆိုရင်လည်း ရောဂါတွေပျောက်အောင်ကုသနိုင်ပါတယ်။

ဆရာ ခုနကပြောသလိုပဲ ကျေးလက်တောရွာတွေမှာ ဒါဆရာဝန်တွေမရှိဘူး။ ဆေးမှူးနဲ့ပဲသွားရောက် ပြသရတဲ့အခါတွေလည်းရှိတယ်။ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ဆရာရဲ့အမြင်လေးကိုလည်းသိချင်ပါ တယ်။

ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ကွန်ရက်ကြီးတစ်ခုလုံးပေါ့။ ဒီ Network ကြီးတစ်ခုလုံးမှာ တကယ်တမ်းကျတော့ ရှေ့တန်းစစ်မျက်နှာမှာရှိတာက တကယ်တော့ ကျန်မာရေး ၀န်ထမ်းတွေက ဒီကျန်းမာရေးမှူးနဲ့သွားဖွားဆရာမတွေပေါ့။ အဲ့တော့ ဆရာဝန်တွေဆိုတာတချို့ နေရာ တွေမှာ မရှိပါဘူး။ အဲတော့ ဒီကျန်းမာရေးဝန်ထမ်းတွေ၊ ဒီသားဖွားဆရာမတွေကိုတော့ မြို့နယ် ဆရာဝန်ကနေပြီးတော့ သူတို့ကိုဆေးဝါးကုသမှုပုံစံအနေနဲ့ တုပ်ကွေးဆိုဘယ်လိုကုမယ်၊ နှာစေး၊ ချောင်းဆိုးဆို ဘယ်လိုဆိုတာတွေကို သူတို့တွေက အတိုင်းအတာတစ်ခုအထိမှန်ကန်တဲ့ ကုသမှု ကိုသူတို့သိရှိထားပြီးဖြစ်ပါတယ်။ အဲတော့ အဲလိုနေရာတွေမှာသွားပြီးတော့ ကုသတဲ့အခါကျတော့ သူတို့အတိုင်းအတာတစ်ခုအထိ ကုသမယ်။ သူတို့နိုင်တဲ့အဆင့်ထိ သူတို့ကုမယ်၊ မနိုင်ဘူးဆိုရင်တော့ သက်ဆိုင်ရာတိုက် နယ်ဆရာဝန်ပြီးတော့ မြို့နယ်ဆရာဝန်။ အဲလိုအဆင့်ဆင့်နဲ့ သူတို့လွှဲပြောင်းလွှဲပို့ တဲ့စနစ်ကတော့ ရှိထားပြီးသား။ အဲတော့ ခုနကပြောတဲ့ ဒီကျန်းမာရေးမှူးတို့၊ အခြေခံကျန်းမာရေး ၀န်ထမ်းတွေကတော့ ဆရာတို့ခုနကပြောတဲ့ စပ်ဆေးလိုဆေးမျိုးပေါ့။ မသုံးနေဘူးလို့တော့ ဆရာတော့ မျှော်လင့်တယ်။ ဒါပေမဲ့ ဒါကလည်း ကိုယ်တကယ် On Ground ပေါ့။ အဲလို အခြေအနေမျိုးမှာ ဘယ်လိုရှိလဲဆိုတာတော့ တကယ်လေ့လာကြည့်မှပဲ ပိုသိရမှာဖြစ်ပါတယ်။

လူနာတော်တော်များများက မလိုအပ်ဘဲနဲ့ဆေးထိုးခံချင်ကြတယ်။ မလိုအပ်ဘဲဆေးထိုးတဲ့အခါမှာ ဖြစ် ပေါ်လာနိုင်တဲ့ ဆိုးကျိုးတချို့ကိုလည်း ပြန်ပြောပေးပါဦး။

အရေးအကြီးဆုံးကတော့ ဒီအပ်နဲ့ဆေးထိုးရတယ်ဆိုကတည်းက အခုခေတ်တော့ သိပ်မမှန် တော့ဘူး။ ဟိုခေတ်တုန်းကဆိုရင်တော့ တစ်ခါသုံးအပ်မသုံးနိုင်ခဲ့ပါဘူး။ အခုခေတ်မှာ တစ်ခါသုံး အပ်တွေ တော်တော်လေးသုံးနေကြပါပြီ။ ဒါတောင်မှ တစ်ခါသုံးအပ်ကိုနှစ်ခါသုံးတဲ့ အဖြစ်မျိုးတွေ ကြားနေရပါသေးတယ်။ တချို့ဆို အခုအချိန်ထိကို ပြုတ်ပြီးတော့ ရေနွေးစိမ်ပြီးတော့ပြန်သုံးတယ် ဆိုတာ တကယ်ကြားနေရပါတယ်။ ဒါတွေက ရောဂါပိုးကူးစက်လွယ်တယ်။ အထူးသဖြင့် အသည်း ရောင်အသည်းဝါဘီပိုး၊ အသည်းရောင် အသည်းဝါစီပိုး၊ HIV ပိုးပေါ့နော်။ HIV ပိုးဆိုသိပ်ကြောက်ဖို့ ကောင်းပါတယ်။ ဒါမျိုးတွေက ကူးစက်သွားနိုင်တယ်။ အဲတော့ မလိုအပ်ဘဲနဲ့တော့ ဆေးမထိုးတာတော့ အကောင်းဆုံးဖြစ်မယ်လို့ အကြံပေးချင်ပါတယ်။

ဆေးဝါးအရောင်းဆိုင်တွေကို ဘယ်လိုလူမျိုးတွေက ဖွင့်ခွင့်ရှိသလဲ၊ ပြီးတော့ ဘယ်လိုလူမျိုးတွေက ဖွင့် တာများသလဲလို့။ ဒါလေးကိုလည်း ပြောပြပေးပါဦး။

ဒီဆေးဝါးဆိုင်၊ ဆေးအရောင်းဆိုင်ဖွင့်ခွင့်လိုင်စင်တွေကို မြန်မာနိုင်ငံ FDA ရဲ့သတ်မှတ်ချက်နဲ့ စည်းကမ်းတကျဖွင့်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေက အားလုံးရှိထားပြီးသားဖြစ်ပါတယ်။ သတ်မှတ် ထားတဲ့အတိုင်းဆိုရင်တော့ ဒီဆေးဆိုင်မှာရောင်းချတဲ့သူက ဆရာတို့ B.Pharm က ထွက်လာတဲ့ Pharmacist တွေပေါ့။ သူတို့ကဆေးဝါးကျွမ်းကျင်တဲ့သူတွေ ခန့်ထားပြီးတော့ ဆေးရောင်းတဲ့နေရာမှာ ပါဝင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တစ်ချို့နေရာတွေမှာ ဆိုရင် ဒီ Pharmacist တွေကို အပြည့်အ၀ခန့်ထားနိုင်ခြင်းလည်း မရှိသေးပါဘူး။ အဲဒီအခါကျတော့ ဒီကလေးတွေပေါ့။ တစ်ချို့ဆို ဆယ်တန်းတောင်မအောင်တဲ့ကလေးတွေလည်း ဒီနေရာမှာ ဆေးရောင်း တဲ့နေရာမှာ ပါဝင်နေတာပေါ့။ အဲ့တော့ သူတို့ကိုဆေးရောင်းတဲ့နည်း ဆေးစပ်တဲ့နည်းကျတော့ အပေါ် က တစ်ယောက်ကနေပြီးတော့ သူတို့ကိုပြောကြတာပေါ့။ အဲတော့ အဲလိုစပ်တဲ့နေရာမှာ ဆရာ ခုနက ပြောသလို ဒီစပ်ဆေးဆိုတဲ့ဟာပေါ့လေ၊ စပ်ဆေးဆိုတဲ့ဟာမှာ ပြောမယ်ဆိုရင်တော့ နှာစေး၊ ချောင်းဆိုး ဖြစ်လို့ ဘာမီတွန်နဲ့ပါရာစီတမော့လောက်တွဲစပ်ပြီး ရောင်းလိုက်တာကတော့ ဘာမှအန္တရာယ်မရှိဘူး။ ဒါမှန်ကန်သောစပ်နည်းပဲ။ သို့သော် အဲလိုမဟုတ်ဘဲနဲ့ ဒီပါရာစီတမော့အပြင်ကို ပါရာစီတမော့ပါမယ်၊ ပြီးတဲ့အခါကျတော့ အင်ဒိုးစစ်လို့ခေါ်တဲ့ အင်ဒိုမီသစ်ဆင်လိုဆေးမျိုးလည်းပါမယ်။ ဒါကလည်း အကိုက် အခဲ ပျောက်ဆေးတစ်မျိုး။ နောက်တစ်ခုကလည်း ဗော်တာဆိုတဲ့ဆေးတစ်မျိုးပဲ။ သုံးမျိုးတောင်မှ သူက ရောစပ်ထာားတာကို သွားတွေ့ရတယ်။ နောက်တစ်ခါ အဲဒါအပြင်ကိုပိုပြီးတော့ စိုးရိမ်ဖို့ကောင်းတာက ဒီစီး(လ်)ရိုက်ပါတဲ့ ဆေးပေါ့နော်။ အဲဒါ ဒိုက်ဆာမီသဇုန်းလိုဆေးမျိုး။ သူကထပ်ပြီးတော့ စောင်းထည့် ထားတယ်။ အဲတော့ လူတစ်ယောက်က တုပ်ကွေးလိုဖြစ်တော့ ကိုယ်လက်တွေ မအီမသာဖြစ်တယ်။ နှာစေးတယ်၊ နှာခေါင်းပိတ်နေတယ်၊ သွားပြတယ်။ သူကဆေးသွားဝယ်သောက်တယ်။ အဲဒီ့ဆေးတစ် ထုပ်ကို သောက်လိုက်တယ်ဆိုရင် အကိုက်အခဲပျောက်ဆေး သုံးမျိုးတောင်ပါတယ်ဆိုတော့ တစ်မျိုးပေး တာထက်တော့ ပိုသာမှာသေချာတယ်။ အရမ်းကို ချက်ချင်းကောင်းသွားတာ။ ကိုယ်လက်ကိုက်တာ လုံးဝမကိုက်တော့ဘူး။ နာတာလည်းမနာတော့ဘူး။ နှာခေါင်းတွေပိတ်တာ နှာခေါင်းကပွင့်သွားတယ်။ နေလို့အရမ်းကောင်းသွားတယ်။ ခုနကပြောတဲ့ Dexa လိုဆေးမျိုး၊ Pernisolone လိုဆေးမျိုးက လူကို တက်ကြွလန်ဆန်းစေတဲ့ဆေးမျိုးဖြစ်တာကိုး။ အဲလိုဆိုတဲ့အခါကျတော့ အရမ်းနေလို့ကောင်းသွားတဲ့ အခါကျတော့ အချင်းချင်းပြောကြပြန်ရော၊ ဒါလေးကောင်းတယ်၊ ဒါလေးကောင်းတယ်ဆိုပြီးတော့ အဲဒါနဲ့ပဲ မမှန်ကန်တဲ့ကုသမှုတစ်ခု။ မသိဘဲနဲ့ဆက်လက်ပြီးတော့ သောက်သုံးမိနေကြအဆင့်ဆင့် လက် ဆင့်ကမ်းမိနေကြတာပေါ့လေ။

စပ်ဆေးမကောင်းဘူးဆိုပေမဲ့ တကယ်လည်း တကယ်ပျောက်သွားတဲ့အခါကျတော့ ဆရာဝန်ဆီမသွား တော့ဘဲ ဒီစပ်ဆေးရဲ့အားကိုးမှုကို သူတို့ပိုပြီးယူလာကြတယ်ပေါ့နော်။

ဟုတ်တယ်၊ အဲဒါလေးနဲ့ပတ်သတ်ပြီး သွားသတိရလို့ ကျွန်တော့် Patient ဆိုရင် ဘယ်လိုလဲဆို တော့ သူကစပ်ဆေးသောက်တာ တော်တော်အံ့သြဖို့ကောင်းတယ်။ မေးကြည့်တော့ လယ်သမားကြီး။ ဘယ်နှနှစ်ရှိပြီလဲမေးကြည့်တော့ ၁၆နှစ်လောက်ရှိပြီသောက်တာ၊ တစ်နေ့ကိုတစ်ခွက်သောက်တယ်။ ဘာ့ကြောင့်သောက်ရလဲ မေးကြည့်တော့ အဲဆေးသောက်မှနေလို့ကောင်းတယ်။ အဲဆေးသောက်မှ အလုပ်လုပ်လို့ရတယ်။ အဲ့ဆေးမသောက်ရင် အလုပ်လုပ်လို့ကိုမရဘူး။ အဲ့လောက်ထိကို သူက စွဲသောက်တာ။ ခုနကပြောတဲ့ အကိုက်အခဲပျောက်ဆေးပါတယ်။ ဒိုက်ဆာလေးပါတယ်။ ၁၆နှစ် ရှိပြီသောက်နေတာ။ သောက်တာလည်း ညနေပိုင်းသောက်တယ်။ ဒါမျိုးကတော်တော်လေးကို သူ့ခန္ဓာကိုယ်မှာစွဲနေတဲ့အခါကျတော့ ပြန်ဖြတ်ဖို့ကိုအရမ်းခက်ပါတယ်။ အဲလို လူနာမျိုးဖြတ်ရတဲ့ အချိန်မှာဆိုရင် ဒီဆေးကိုမသောက်နဲ့လို့ပြောတဲ့အချိန်မှာ သူ့မှာပြန်ခံစားရတယ်။ နာကျင်ကိုက် ခဲမှုတွေရှိတာပေါ့။

အခုလိုမျိုးဒီလိုစပ်ဆေးတွေကို သုံးစွဲတဲ့အခါမှာ။ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေလည်း ဒါဗဟုသုတရရှိအောင်လို့ ပြောပြပေးပါဦး။

ဆိုးကျိုးတွေကတော့ နိစ္စဓူဝဆေးရုံကြီးမှာ ဆေးကုရင်းနဲ့တွေ့နေရတော့ တော်တော်လေးကိုများ ပါတယ်။ ပြီးတော့ ရုတ်တရက်ဖြစ်လာနိုင်တဲ့ဆိုးကျိုးက ဘာလဲဆိုတော့ ခုနကပြောတဲ့ ဒီစပ်ဆေးမှာ ပါတဲ့ ပါရာစီတမော့သာမကဘဲနဲ့ တခြားသောအကိုက်အခဲပျောက်ဆေး နှစ်မျိုး၊ သုံးမျိုးရောပြီးပါနေတဲ့ အခါကျတော့ အဲဒီ့အကိုက်အခဲပျောက်ဆေးတွေက သောက်လိုက်တာနဲ့ အစာအိမ်နံရံကိုထိတယ်၊ ပါးစေတယ်၊ သွေးကြောကိုပေါက်စေတယ်။ အဲဒီ့အခါကျ ရင် ဆရာတို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ခွဲစိတ်ကုသဆောင်ကိုရောက်လာတဲ့ လူနာတစ်နေ့တစ်နေ့မှာအနည်းဆုံး အဲလိုလူနာမျိုးက လေး၊ ငါး ယောက် အမြဲပါတယ်။ သောက်လိုက်တဲ့ဆေးက စပ်ဆေး၊ သောက်လိုက်ပြီးတော့ သွေးအန်တယ်၊ သွေးဝမ်းတွေသွားတယ်၊ ပြီးရင် သွေးပေါင်ချိန်တွေပြုတ်ကျတယ်။ သွေးတွေဆယ်ပုလင်းသွင်းရတယ်။ ဒီဇာတ်လမ်းတွေက မရိုးနိုင်သော ဇာတ်လမ်းတွေပေါ့။ ဒါကအစာအိမ်ထိတဲ့ ကိစ္စပေါ့နော်။ အဲဒီ့ အကိုက် အခဲပျောက်ဆေးတွေဟာ ကျောက်ကပ်ကိုလည်းထိစေတယ်။ ကျောက်ကပ်ပျက်စီးသွားတယ်။ ကျောက်ကပ်ဆေးရတယ်။ အဲတော့ခုနကပြောတဲ့ ဒိုက်ဆာမီသဇုန်း ပါနဆင်လိုရောပါတဲ့ အဲဒီ့ဆေး တွေက ချက်ချင်းတစ်ရက်နှစ်ရက်သောက်တာတော့ သူကလည်း အစာအိမ်ကိုပါးစေတာပဲ။ နံရံကို ပါးစေတာပဲ။ အခန့်မသင့်ရင်ပေါက်နိုင်တယ်။ ကြာလာတဲ့ အခါကျရင်ခုနကပြောတဲ့ စတီးရိုက်လို ဆေးမျိုးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဒီနယ်ဂလင်းဆိုတာလေ၊ ကျောက်ကပ်အပေါ်မှာရှိတဲ့ ဂလင်း တစ်ခုပေါ့။ အဲဒီ့ဂလင်းကဟော်မုန်းလေး ထုတ်လုပ်ပေးနေတာကို သူကသွားနှိမ်လိုက်တာပေါ့။ အဲဒီ့ဟော်မုန်းက ဆရာတို့သွားလာလှုပ်ရှားမှုအတွက်ကို လိုအပ်တဲ့ဟော်မုန်းတစ်ခုပါ။ ဒါကမရှိမဖြစ် ပေါ့။ အဲဒီ့ဟော်မုန်းကိုနှိမ်လိုက်တဲ့အခါကျရင် ခုနကစပ်ဆေးမှာရှိတဲ့ ပန်နဆလုံးသောက်နေတဲ့လူတစ် ယောက်မှာဆိုရင် ခန္ဓာကိုယ်ထဲကမထုတ်တော့ဘူး။ အရေးရယ်၊ အကြောင်းရယ်ဆိုရင် မထုတ်တော့တဲ့ အခါကျတော့ အရေးပေါ်များ ဗိုက်ခွဲရတယ်ဆိုပါစို့။ အဲဒီ့လူနာဟာ ခွဲစိတ်စားပွဲပေါ်မှာပဲမေ့ဆေးပေးရင်နဲ့ သွေးပေါင်ပြုတ်ကျပြီးတော့ အသက်အန္တရာယ်ဖြစ်တဲ့အထိကိုဖြစ်နိုင်တယ်။ ဒါကို စပ်ဆေးသောက်ထား တာကိုလူနာက မပြောဘူးဆိုရင် ပိုဆိုးတော့တာပေါ့။ အဲဒါကြောင့်မို့လို့ ဆေးကျောင်းမှာ စာသင်တယ် ဆိုလို့ရှိရင် History မေးတဲ့အချိန်မှာ ရောဂါရဇ၀င်မေးတဲ့အချိန်မှာ ဆေးဝါးရာဇ၀င်မှာဆိုရင် druh History ခေါ်တာပေါ့။ အခုခေတ်မှာဆိုရင် ဘာဆေးသောက်သလဲ၊ စပ်ဆေးသောက်သလားဆိုပြီး မေးပါဆိုတဲ့ Question ကိုမေးပါဆိုပြီး ကျောင်းသားတွေကို သင်ရတဲ့ခေတ်ရောက်လာပြီ။ စပ်ဆေး ကြောင့် ဒုက္ခမရောက်ရအောင် သင်ပေးရတဲ့အဖြစ်ပေါ့။ ဒါတင်လားဆိုမပြီးသေးဘူး။ သူက ဒီလိုဆေး တွေ သောက်တဲ့အခါကျတော့ သွေးတိုးရောဂါလည်းဖြစ်နိုင်တယ်။ သွေးတိုးရင်ဦးနှောက်သွေးကြော ပိတ်မယ်၊ သွေးကြောပေါက်မယ်၊ လေဖြတ်မယ်ပေါ့။ ဆီးချိုဖြစ်လာနိုင်တယ်။ ဆီးချိုကြောင့်ပဲနောက် ဆက်တွဲ ကျောက်ကပ်ထိတာ မျက်စိမြင်လွှာပျက်စီးတာ၊ လေဖြတ်တာ၊ နှလုံးဖြစ်တာ။ အဲ့တော့ ဖြစ်နိုင်ခြေတွေက အများကြီးပဲ။ ဒီတော့နောက်မှာ ဘာဖြစ်လာလဲဆိုတော့ မသိမသာနဲ့ဖြစ်တာဘာလဲ ဆိုတော့ အရိုးပါးတာ။ ဒီစတီးရိုက်သောက်ရင်းနဲ့ အရိုးကပါးပါး လာတယ်။ သွေးဆုံးတဲ့အမျိုးသမီးတွေ မှာဆိုရင် အရိုးပါးဖို့အခွင့်အလမ်း နဂိုထဲကများပြီးသား၊ အဲဒီ့ဆေးသောက်တဲ့အခါကျတော့ ပိုပြီးတော့ ပါးလာတယ်။ ပါးရင်း ပါးရင်းနောက်ဆုံးကျအရိုးကပွတယ်။ နောက်ပြီးတော့ အရိုးကျိုးတယ်။

လူနာတစ်ယောက်က ဆေးခန်းသွားပြီး ဆရာဝန်နဲ့တွေ့ရမှာ ကြောက်တာလည်းရှိတယ်။ လူနာက ဆရာဝန်နဲ့တွေ့မယ်၊ ကုသဖို့သွားပြီးပြသတဲ့နေရာမှာ တွေ့ကြုံရမယ့်အဆင့်ဆင့်လေးကို နည်းနည်းလေး အဆင့်ဆင့်လေးရှင်းပြပေးပါ။

လူနာက ရောဂါဝေဒနာတစ်ခုဖြစ်လာခဲ့ပြီဆိုရင်တော့ သူဆေးခန်းကိုသွားဖို့က များသောအားဖြင့် လူနာတွေက လက်တွန့်ကြတယ်ပေါ့နော်။ ဘာ့ကြောင့်လဲဆို တချို့ပြောမယ်ဆိုရင်တော့ လူနာ တစ်ယောက်ကဆေးခန်းလာဖို့ဆိုတာ သူ့မှာအဖော်တစ်ယောက်က လိုက်လာပေးရမယ်။ ပြီးတော့ ဆရာဝန်ကမရောက်သေးရင် စောင့်နေရမယ်။ တစ်ခါပြပြန်တော့လည်း အထူးကုပြရင်တော့ ဆရာ အမြဲပြောလေ့ရှိပါတယ်။ အထူးစစ်တော့မှာ၊ ပြီးရင် အထူးကုန်တော့မှာပဲပေါ့နော်။ ပြီးရင် အချိန်က တော်တော်လေးပေးရတယ်ပေါ့နော်။ ပြီးရင် ဆေးဖိုးကတစ်မျိုး၊ ၀ါးခကတစ်မျိုးဆိုပြီးတော့ နောက်ပြော ကြတယ်ပေါ့။ ဆိုတော့ ဒီလိုမျိုးတွေကိုသူက ကျော်လွှားရတဲ့အခါကျတော့ သူ့မှာတော်တော်နဲ့မလာချင် ဘူး။

ဒီသောက်ဆေးကိုပဲ အဓိကထားပြီးသောက်ချင်တော့ စပ်ဆေးနဲ့သွားပြီး သူတို့မှာရင်းနှီးသွားကြတာပေါ့။

အင်းပေါ့၊ ခုနပြောသလိုပေါ့။ ဒီစပ်ဆေးသောက်တော့လည်း တကယ် လည်း ကောင်းနေတာကို ရေရှည်ဖြစ်လာမယ့် အခက်အခဲတွေကမမြင်ရသေးဘူးလေ။ သိလည်းမသိကြတဲ့အခါကျတော့ စပ်ဆေး ကိုပဲ အားကိုးရင်းအားကိုးရင်းနဲ့ အချင်းချင်းလက်ဆင့်ကမ်းရင်းနဲ့ဘဲ ဒါပိုပိုပြီးသောက်ဖြစ်လာကြတာပေါ့။

စပ်ဆေးကိုသုံးစွဲတာများတဲ့သူတွေက ဘယ်သူတွေဖြစ်နိုင်လဲဆိုတာ သုံးသပ်ပေးပါဦးဗျ။

ဘယ်သူတွေဖြစ်နိုင်လဲဆိုတဲ့ အခါကျတော့ နာတာရှည်ရောဂါဖြစ်တဲ့ အမျိုးအစားပေါ့နော်။ ဒူးနာ တယ်ဆိုတာ ဖြစ်ပြီးရင်တော့ ပျောက်ခဲပါတယ်။ ခါးနာတာလည်း ပျောက်ခဲပါတယ်။ အဲဒီ့ဒူးနာတာတွေ ခါးနာတာတွေ၊ နောက်တစ်ခုကအရေပြား၊ ယားနာတွေ၊ အရေပြားယားနာတွေကိုကုဖို့ကို သူက Prenisolone ဆေးတွေပါတတ်တယ်။ အဲတော့ Prenisolone ဆေးက သောက်ဆေးရှိတယ်။ လိမ်းဆေးရှိတယ်။ ထိုးဆေးရှိတယ်။ ဒါတွေကို သူတို့ရေရှည်စွဲသောက်နေတတ်ကြတယ်။ နောက်တစ် ခုက ဘာလဲဆိုတော့ ရင်ကြပ်ရောဂါရှိတဲ့သူတွေ ငယ်စဉ်ဘ၀ထဲက ကြပ်တာဖြစ်ရင်ဖြစ်မယ်။ အသက်ကြီးမှ ကြပ်တာဖြစ်ရင်ဖြစ်မယ်။ ဆေးလိပ်သောက်ရင်းနဲ့ ရင်ကြပ်တာဖြစ်ရင်ဖြစ်မယ်။ သူတို့တွေက ရင်ကြပ်တဲ့အတွက်ကို အဲဒီ့ Prenisolone ဆေးတွေ သောက်နေတတ်ကြတယ်။ တချို့ဆိုအဆုတ်ဆေးလို့ပြောပြီးတော့ စပ်ထားတာအဆုတ်ဆေး၊ အဲဒီ့အဆုတ်ဆေးထဲမှာ Amino လေးပါတယ်။ Prenisolone လေးပါတယ်။ အဲလိုမျိုးပေးတဲ့အခါကျတော့ အဲဒီ့ Prenisolone ဆေး တွေရေရှည် ရေရှည်သောက်ရင်း သူတို့က သူတို့ရောဂါက တကယ်တော့အမြဲတမ်း တစ်သက်လုံး နီးပါးဖြစ်မယ့်ရောဂါ၊ အဲဒီ့မှာတင်ဒီဆေးတွေကို ရေရှည်စွဲသောက်ရင်း စွဲသောက်ရင်းနဲ့ ခုနကပြောတဲ့ ရေရှည်စွဲသောက်လို့မကောင်းတဲ့ သူတို့မှာနောက်ကဆိုးကျိုးတွေ ဖြစ်လာတော့တာပေါ့။

ဒီစပ်ဆေးတွေကိုစပ်ပေးတဲ့အခါမှာ ဘယ်လိုဆေးမျိုးတွေကို ပိုပြီးတော့စပ်ပေးရတာများလဲ။

ရောဂါပေါ်မူတည်ပြီးတော့ ဥပမာ ယားနာတွေဆိုရင် သူတို့ကဘာမီတွန်လိုဆေးမျိုးနဲ့ ခုနပြောတဲ့ စတီးရိုက်ပါတဲ့ဆေးမျိုးနဲ့ အဲဒါပြီးတဲ့အခါကျတော့ ရိုင်ရယ်တမီးလိုဆေးမျိုးကျတော့ သူက အစာအိမ် မထိအောင်ဆိုပြီး ဒါမျိုးတွေးပြီးတော့ စပ်ပြီးရောင်းတာမျိုးတွေ့ရတယ်။ ခါးနာ၊ ဒူးနာဆိုရင်လည်း ခုန ပြောတဲ့အကိုက်အခဲပျောက်ဆေး သုံးမျိုးပေါ့နော်။ အဲဒါလေးနဲ့ ပြီးတော့ Prenisolone ဆေးမျိုးလေးနဲ့ အစာအိမ်ကိုမထိအောင်ဆိုပြီး အခုခေတ်ကျ omeprazole လိုဆေးမျိုးနဲ့တွဲပြီး ရောင်းတာတွေ့ရတယ်။ ဒါမှမဟုတ်ဘဲနဲ့ မဖြစ်တဲ့ဟာ ရင်ကြပ်ရောဂါဆိုရင်တော့ လေပြွန်ကိုကျယ်စေတဲ့ဆေး Deriphyllic တို့ လိုပေါ့နော်။ အခုခေတ်မှာ အဲလိုဆေးမျိုးလေးနဲ့ ခုနပြောတဲ့ Prenisolone လိုဆေးမျိုးလေးနဲ့ ဆိုတော့ ဒီဆေးကတစ်ခါ တစ်လေပြောကြတယ်။ လူနာတွေက ဆေးခန်းသွားတော့ပြီး ဆရာဝန်သွားပြတော့ လည်း ဒီဆေးပဲပေးတာပဲပေါ့။ စပ်ဆေးဝယ်သောက်တော့လည်း ဒီဆေးပဲပေးတာပဲပေါ့လေ။ ဘာ့ကြောင့်များ ဆရာဝန်ဆီသွားပြီး၊ ဆရာဝန်ဆီသွားရင် ဆေးဖိုးတွေနဲ့ သွားရတာနဲ့ လမ်းစရိတ်တွေနဲ့ ပေါ့နော်။ အဲလိုမျိုးပေါ့နော်။ တကယ်တော့ ဘယ်လိုလဲဆိုတော့ ဥပမာ ရင်ကြပ်ရောဂါဖြစ်တယ်ဆိုပါစို့။ ရင်ကြပ်ရောဂါဖြစ်တဲ့အချိန်၊ ရင်ကြပ်ရောဂါများနေတဲ့အချိန်၊ ရောဂါသည်းနေတဲ့အချိန်မှာဆိုရင် ခုနကပြောတဲ့ Prenisolone လိုဆေးမျိုးက သောက်ဆေးပါမကဘူး။ ထိုးဆေးပါထိုးရတယ်။ ဆေးခန်း လာပြတဲ့အခါကျရင် တချို့ဆိုရှိတယ်။ ဒီဆေးစာအုပ်လေးပြပြီးတော့ ပြန်ပြန်ဝယ်တာပေါ့နော်။ ပြန် ပြန် ၀ယ်တဲ့အခါ သောက်တဲ့အခါကျလို့ရှိရင် ဆေးကပိုသွားပြီးတော့ ဆေးအတွက်နဲ့ လေးသွားတဲ့ ကိစ္စတွေ လည်းရှိပါတယ်။

ဒီပြည်သူလူထုအကြမ်းဖျင်းသိထားတာက ဆရာဝန်လက်မှတ်မပါဘဲနဲ့ရောင်းချလို့မရတဲ့ ဆေးတွေ ရှိတယ်။ ဆရာဝန်လက်မှတ်မပါဘဲနဲ့ ဒီဆေးတွေကိုသုံးစွဲခွင့်မရှိဘူးဆိုတာ အဲဒီ့ဟာလည်း အကျယ် တ၀င့်လေးပြောပြပေးပါဦး။

ဒီဆေးပညာမှာရော၊ ဆေးဝါးဥပဒေမှာရော အားလုံးကရေးထားပြီးသား၊ ဆေးမှာ ဘယ်လိုလဲဆို တော့ ကျွန်တော်တို့ POM ခေါ်တာပေါ့နော်။ Prescription Only Medicine ဆိုတာက ဆရာဝန် လက်မှတ်ပါမှသာလျှင် ရောင်းရမယ့်ဆေးတစ်စုပေါ့နော်။ နောက်တစ်စုကကျတော့ ကျွန်တော်တို့ OTC ခေါ်တာပေါ့။ Over the Counter ။ ဥပမာ ပါရာစီတမောလို ဆေးမျိုးပေါ့လေ။ ခေါင်းကိုက်လို့သွားဝယ် တဲ့သူဆိုရင် ဆရာဝန်လက်မှတ်မလိုဘူး။ ရောင်းပေးလို့ရတယ်။ အဲဒီ့ အုပ်စုနှစ်စုက ပြတ်ပြတ်သားကို ရှိပြီးသားဖြစ်ပါတယ်။ သို့သော် အားနည်းချက်က၊ အဲဒါတွေကို ကျွန်တော်တို့က အသက်ဝင်ပြီးတော့ Apply လုပ်တာပေါ့။ တကယ်တမ်းလက်တွေ့မှာ ကျွန်တော်တို့ကျင့်သုံးမှုက အားနည်းနေသေးတာဖြစ် တာပေါ့နော်။ အဲ့တော့ ဆရာဝန်လက်မှတ်မပါဘဲနဲ့ ခုနပြောသလို ပိုးသတ်ဆေးဖြစ်တဲ့ Prenisolone လိုဆေးမျိုးက၀ယ်လို့ရတယ်။ အခုအချိန်မှာ Amoxicillin သွားဝယ်မယ်ဆိုရင်လည်း ဆရာဝန်လက်မှတ် မလိုဘူး၊ သွားဝယ်ရင်ရောင်းတာပဲ။ တကယ်တမ်းဖြစ်ရမှာကဘာလဲဆိုရင် တချို့သောဆေးတွေမှာ ဆရာဝန်လက်မှတ်မပါဘဲနဲ့ဆိုရင် ရောင်းလို့ကိုမရ ရဘူးပေါ့နော်။ တချို့သောဆေးကျတော့ ချောင်းဆိုး ပျောက်ဆေးတွေဆိုပါစို့။ ဥပမာ ကော်မက်သဇင်တော့ မဟုတ်ဘူးပေါ့လေ၊ ရိုးရိုးချောင်းဆိုးပျောက် ဆေးဆိုရင် ဒါလွပ်လွပ်လပ်လပ်နဲ့ဝယ်လို့ရတယ်။ ဆရာဝန်လက်မှတ် မလိုဘူးပေါ့နော်။ အဲဒီလိုမျိုး နိုင်ငံခြားတွေမှာဆိုရင် ဒါမျိုးသတ်သတ်မှတ်မှတ်ရှိပြီးသား။ ကိုယ်ဆရာဝန်ပဲဆိုရင်တောင်မှ သွားဝယ်ရင် အဲ့တိုင်းပြည်က ဆရာဝန်မဟုတ်တဲ့အတွက် သူတို့ကကိုယ့်ကိုမရောင်းပေးဘူး။ သူတို့နိုင်ငံက ဆရာဝန် လက်မှတ်ပါမှ သူတို့ကရောင်းပေးတယ်ပေါ့နော်။

ဆေးဆိုင်ဖွင့်ဖို့အတွက်ကို ဆေးဝါးနဲ့ပတ်သက်တဲ့ သင်တန်းတွေဖွင့်တာမျိုးတွေလည်း ရှိတယ်၊ ဒါနဲ့ပတ်သတ်ပြီးတော့ရော ဆရာ့အမြင်လေးကိုလည်း သိချင်ပါတယ်။

အဲဒီ့သင်တန်းတွေနဲ့ပတ်သတ်ပြီးတော့ ကိုယ်ကထဲထဲဝင်ဝင်နဲ့ တစ်ခါမှတော့ စောင့်မကြည့်ဖူး ပါဘူးပေါ့။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီ့သင်တန်းတွေမှာ သင်ကြားမှုက ကျွန်တော်တို့ ethical ဖြစ်ဖို့အတော်လေးလိုပါတယ်။ ဒီဆေးက အကိုက်အခဲပျောက်ဆေးနဲ့ ခုနကပြောတဲ့ စတီးရိုက်နဲ့ပေါင်းသောက်တယ်ဆိုရင် ချင်ချင်းသက်သာလာမယ်ဆိုတာက ဆေးပညာရှင်တိုင်း သိကြပါတယ်။ ဒါပေမယ့် မပေးသင့်လို့၊ တုပ်ကွေးဖြစ်တဲ့သူကို ဒီလိုမျိုးဆေးကိုပေါင်းပြီးတော့မပေးဘူး။ ဒါပေမဲ့ အဲလိုမပေးသင့်ဘူးဆိုတာကို သိသော်ငြားလည်း စီးပွားရေးသဘာဝက ဆိုင်ဆိုတာအပြိုင်အ ဆိုင်နဲ့ရောင်းအားတက်အောင်လုပ်တာတို့၊ အဲဒီ့နောက်ကသူတို့ရဲ့ အန်ဒီးရှင်းဒစ် ပေါ့နော်။ ဒီဟာတွေ ပေါ် မူတည်ပြီးပေါ့နော်။ သူရဲ့နောက်က ပြိုင်ဆိုင်ရင်း ပြိုင်ဆိုင်ရင်းနဲ့ဘဲ ကျွန်တော်တို့ ethical ဖြစ်တဲ့ ပရော်ဖက်ရှင်နယ်၊ ကနေပြီးတော့ နည်းနည်းလေး ယိမ်းယိုင်သွားတာဖြစ်နိုင်တာပေါ့။ အဲဒါကြောင့်မို့လို့ ပိုင်ရှင်တွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရောဘက်က ဆေးရောင်းတဲ့သူတွေအားလုံးက ဒီသတ်မှတ် ထားတဲ့ဘောင်အတွင်းကပဲ မှန်ကန်သောဆေးစပ်နည်းနဲ့ စပ်တဲ့ဆေးမျိုးစိတ်ချရတဲ့ဆေးမျိုး အန္တရာယ်မရှိတဲ့ ဆေးတွေကိုပဲ ပြည်သူတွေကို ရောင်းချပေးသင့်တယ်ဆိုတာကို နားလည်ဖို့ အလွန်ဘဲအရေးကြီးလှပါတယ်။

စပ်ဆေးတွေကို ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့် သောက်သုံး နေရပါသလဲ။ ဒါလေးကိုလည်း သိချင်ပါတယ်။

ဒီစပ်ဆေးကိုတော့ အထူးသဖြင့်တော့ ရေရှည်သောက်တဲ့သူတွေ နာတာရှည်ရောဂါသည်တွေ နောက်ပြီးတော့ ဒူးနာ၊ ခါးနာ၊ သွေးလေးဖက်နာ၊ အဆစ်နာရောဂါသည်တွေ၊ တချို့ကျတော့ ခုနက ပြောတဲ့ ရင်ကြပ်ရောဂါသည်တွေ၊ တချို့ကျတော့ နှင်းခူလို အနာမျိုးပေါ့။ သူက ယားတာ၊ ယား လာရင်ကြွကြွလာတာ။ အဲဒါကို စတီးရိုက်ပါတဲ့ဆေးသောက်ရင် ချက်ချင်းဝပ်သွားတာ အဲဒါကို သောက်ရင်း သောက်ရင်းနဲ့ သူကစွဲလာတာ။ အဲဒါလေးသောက်လိုက်၊ အစားအသောက်လေး နည်းနည်းမှားရင် နှင်းခူလေး နည်းနည်းကြွလာရင် လိမ်းဆေး လိမ်းလိုက်၊ သောက်ဆေးလေး သောက်လိုက်၊ ခုနပြောတဲ့ စတီးရိုက်တွေကပါနေတယ်။ သူတို့ကတော့ မသိဘူး။ အဲလိုမျိုး ဖြစ်ရင်းဖြစ်ရင်းနဲ့ လူနာတွေက ဒီဆေးကိုစွဲသောက်ရင်း စွဲသောက်ရင်းနဲ့ ဒုက္ခတွေရောက်ကြ တာပေါ့နော်။

သူတို့သုံးနေတာတွေကို လျော့ပါးသွားအောင်ဆရာကြီးတို့ ဘယ်လိုများအကြံပေးချင်ပါသလဲ။

နံပါတ်တစ်အရေးကြီးဆုံးကတော့ ဒီပြည်သူတွေပဲပေါ့။ ပြည်သူတွေစိတ်ထဲမှာ စပ်ဆေးသောက်ရင် အသက်အန္တရာယ်ရှိပါတယ်ဆိုတဲ့ အသိစိတ်တစ်ခုတကယ်ကို စွဲစွဲနစ်နစ်နဲ့ နားလည်ယုံကြည်ပြီးတော့ နောက်တစ်ခါကျင့်သုံးတဲ့ အဆင့်ထိရောက်အောင်၊ အဲဒီ့အဆင့်ထိရောက်အောင် ကျွန်တော်တို့ ကျန်းမာရေး ပညာပေးဖို့လိုတာပေါ့။ ပြည်သူတွေအားလုံးကလည်း ဒါတွေကိုတကယ်တမ်း နားလည် လာပြီးတော့ စပ်ဆေးရေရှည်သောက်တယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကိုသိလာပြီးတော့ မသောက်ဖြစ်တော့ဘူးဆိုရင်တော့ ဒါတော်တော်လေးကို အောင်မြင်တဲ့အဆင့်ကိုရောက်တာပေါ့နော်။ တစ်ဖက်ကလည်း ရောင်းတဲ့သူတွေက ဒီလိုစပ်ဆေးရောင်းခြင်းသည် အားလုံးအတွက် အန္တရာယ် ရှိတယ်ဆိုတာသိရှိပြီးတော့ စီးပွားရေးယှဉ်ပြိုင်မှုတစ်ခုထဲကို မျက်နှာ မကြည့်ဘဲနဲ့၊ ပြည်သူတွေရဲ့ မျက်နှာကိုကြည့်ပြီးတော့ ဒီလိုဆေးမျိုးကိုတော့ မရောင်းသင့်ဘူး။ မရောင်းချတော့ဘူးဆိုပြီးတော့ အချင်းချင်းပြန်လည်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ကြမယ်ဆိုရင် ဒီစပ်ဆေးယဉ်ကျေးမှုကြီးက တဖြည်းဖြည်းနဲ့တော့ လျော့ပါးလာလိမ့်မယ်လို့တော့ ယူဆရပါတယ်။


တစ်ဖက်ကလည်း အရေးယူမှုအနေနဲ့ဆိုရင် ဒီဆေးဆိုင်ကိုပိတ်သိမ်းလို့ ရပါတယ်။ ဒီလိုတရား မ၀င်ဆေးတွေကို ရောင်းတယ်ဆိုရင် ဆေးဆိုင်ကိုပိတ်သိမ်းတာ၊ တကယ့်လက်တွေ့ကိုအရေး ယူဖြစ်ရအောင်၊ အရေးယူကြမယ်ပေါ့လေ။ ကျန်းမာရေးဝန်ကြီးဌာနတင် မကဘူး။ ပြည်ထဲရေး ၀န်ကြီးဌာနတွေလည်းပါလာမယ်။ သက်ဆိုင်ရာမြို့နယ်ဝန်ကြီးဌာနတွေပါပြီးတော့၊ အားလုံးဝိုင်းဝန်း ပြီးတော့ ဆက်သွယ်ရေးဌာနတွေလည်း အားလုံးပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ ဒီလိုမျိုး ကျွန်တော်တို့ရေတိမ်နစ်တဲ့ အဖြစ်အပျက်တွေ တော်တော်လေးလျော့ပါးလာပြီး နောက်ဆုံး ပပျောက်သွားလိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဒေါက်တာ ဇော်သန်းထွန်း
Health Guide
http://www.mmhealthguide.com

Bad smell in nose နှာခေါင်းအနံ့ဆိုး


၁။ ဆရာ ကျွန်တော်သူငယ်ချင်း မှာဖြစ်နေတဲ့ရောဂါ မေးပါရစေ။ အသက်က ၄၂ နှစ်ပါ အိမ်ထောင်သည်ပါ။ အမျိုသမီးပါဆရာ။ သူနှာခေါင်းက ပုဒ်စော်နံနေပါတယ်ဆရာ အသက်ရှုလိုလည်းကောင်းပါတယ်ဆရာ။ ဘေးကလူကို ရှုခိုင်းလည်း သိသာပါတယ်ဆရာ။ အဖျားကတော့ နှစ်ရက်လောက်ရှိပြီ တတ်တတ်နေပါတယ်။ နေ့ခင်းပိုင် နဲ့ညနေပိုင်း တနေ့နှစ်ကြိမ်တတ်ပါတယ်ဆရာ။ အဲဒါ ဘာဖြစ်တတ်သလဲ ဘာတွေလုပ်သင့်လည်းဆိုတာ ဆောင်ရန် ရှောင်ရန်လေးတွေ ဆရာညွန်ကြားချက်လေးတွေ သိချင်ပါတယ်ဆရာ။ စိုးရိမ်လို့ပါဆရာ။

မေးတာသေချာအောင် ကူးယူပြီးဖတ်ရတယ်။ တတ်လို့ ၄ ခါရေးတယ်။ တက်လို့ရေးချင်သလားမသိပါ။ အဖျားတက်တာ၊ အတက်ရောဂါ၊ အထက်တက်တာနဲ့ တတ်မြောက်တာ မတူပါ။

၂။ ဆရာရှင့် သမီးက ဆရာ့စည်းကမ်းချက်တွေကိုမသိပါဘူး။ စည်းကမ်းမကျခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။ သမီးရဲ့တူလေးက အသက် ၃ နှစ်ပါ။ နှာခေါင်းထဲကအနံ့ထွက်နေပါတယ်။ အပုပ်နံ့ပါ။ အပြင်ဆရာဝန် ၃ ဦးရှိပါပြီ မသက်သာပါဘူး။ နှာခေါင်းထဲကိုဆေးထည့် စားဆေးပေးပါတယ်။ ကလေးက မနာဘူးပဲပြောနေပါတယ်ဆရာ။ ကြာပါပြီ ၁ လလောက်ရှိပါပြီ။ ကျေးဇူးပြုပြီးပြန်ဖြေပေးစေချင်ပါတယ်ရှင့်။

အကြောင်းရင်းကိုရှာရမယ်။ တခုချင်းအလိုက်ကုသရတာမတူပါ။ တခုခုနှာခေါင်းထဲ ဝင်နေသလား။ ဆိုင်းနပ်ခေါ် အရိုးခေါင်းထဲကလေအိတ်လေးတွေ ရောင်နေသလား။ အိပ်ရင်ဟောက်တာများသလား။ နှာခေါင်းထဲ အသီးရှိနေသလား။

အနံ့ဆိုးဟာ ပုပ်သိုးနေတာမျိုး၊ အသားငါးညှီနံ့မျိုးဖြစ်နိုင်တယ်။ တခုခုနှာခေါင်းထဲ ဝင်နေရင် နားနှာခေါင်းအထူးကု ဆရာဝန်နဲ့ ပြသင့်တယ်။ အတွင်းထဲရောက်အောင် ထိုးမထည့်ရပါ။ ဆွဲထုတ်လို့ရရင်ထုတ်ပါ။

Post Nasal Drip နှာခေါင်းနောက်ပိုင်းက နှာရည်ယိုခြင်းကလည်း ဖြစ်စေနိုင်တယ်။ ပိုးဝင်လာရင် နံမယ်။ viral and sinusitis infection ဗိုင်းရပ်စ်ကနေဖြစ်တာများတယ်။ decongestants ဆေးတွေသုံးနိုင်တယ်။ ဗက်တီးရီးယားဆိုရင် ပိုးသေဆေးပါလိုမယ်။

Sinusitis ဆိုင်းနပ်စ်ကလည်းဖြစ်တယ်။ အအေးမိတာကနေစတယ်။ ဆေးနည်းတွေကများတယ်။ ဆားရည်စက် နှာခေါင်းထဲချပေးတာကောင်းတယ်။ မျက်နှာကိုရေနွေးငွေ့ပေးတာလည်း အထောက်အကူရတယ်။

Polyps အသီးပိုဖြစ်တာ ကင်ဆာမဟုတ်ပါ။ နှာခေါင်းမှာ ဆို့နေမယ်။ နှာရည်ယိုမယ်။ အနံ့ကောင်းကောင်းမရဖြစ်မယ်။ အိပ်ရင်ဟောက်မယ်။ ခေါင်းကိုက်မယ်။ nasal corticosteroids ကော်တီဇုန်းပါဆေးနှာခေါင်းထဲ ရက်တို (တပါတ်) ထည့်တာကောင်းတယ်။ ခွဲထုတ်ဘို့လိုနိုင်တယ်။

Ozena နှာခေါင်းရောင်ခြင်းတမျိုးကနေလည်းဖြစ်တယ်။ ပိုးဝင်လို့ဖြစ်တာများတယ်။ glycerine နဲ့ glucose ပါအစက်ချဆေးညွှန်တယ်။ ဆားရည်နွေးကောင်းတယ်။ ပိုးသေဆေးလိုတယ်။

Rhinoscleroma နှာခေါင်းရောဂါလည်းရှိတယ်။ ခွဲရနိုင်တယ်။ clindamycin နဲ့ cephalosporins ဆေးတွေပေးတယ်။

Adenoiditis ရောင်ခြင်းရောဂါကလည်း ပိုးတွေကနေဖြစ်စေတယ်။အလာဂျီကနေလည်း ဖြစ်တယ်။ ပိုးသေဆေးတွေ ပေးမယ်။ လိုအပ်ရင် ခွဲရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Valvular Heart Diseases နှလုံးအဆို့ရှင်ရောဂါများ


၁။ ဆရာခင်မျာ ကျနော့်မှာ နှလုံးအစို့ရှင်ကျယ်တဲ့ရောဂါရှိပါတယ်။ ကျနော်ကအခု့ မှာနေပါတယ်။ ဆေးစစ်ရပါတယ် ဆရာ။ အဲဒီအခါတိုင်းမှာ ဆရာဝန်တွေက ကျနော့်နှလုံးခုန်တာနားထောင်တဲ့အခါတိုင်း အသံတမျိုး ကြားတယ်ဆိုပြီး အမြဲပြဿနာရှာပါတယ်ဆရာ။ တကယ်ကတော့ ကျနော့်မှာအဲရောဂါရှိမှန်းလဲသိပါတယ်ဆရာ။ ကျနော်လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပြဖူးပါတယ် မြန်မာပြည်မှာလဲပြပါတယ်ဆရာ။ ဒါပေမယ့်တစုံတရာ ဆေးကုသမူမခံယူဖြစ်ခဲ့ပါဘူးဆရာ။့ မှာဆိုရင်လဲ ဈေးအရမ်းကြီးလို့မကုနိုင်ပါဘူးဆရာ အဲဒါကြောင့် တခြားဆေးစားလို့ ရမလား တခြားဘာလုပ်နိုင်မလဲ သိချင်ပါတယ်ဆရာ။

ရောဂါအမည် စာလုံးသတ်ပုံမှားနေတယ်။ အဆို့ရှင်လို့ ရေးရတယ်။

၂။ ဆရာရှင့် လေးစားစွာနှင့်သိချင်တာလေးမေးပါရစေရှင်။ သမီးကအသက် ၃၇ နှစ်ပါ။ ဆရာဝန်နဲ့ပြတော့ နှလုံးအဆို့ရှင် ဟနေတယ်လို့ ပြောပါတယ်ရှင်။ အဲ့အကြောင်းသိချင်လို့ ဆရာရဲ့ fb မှာတင်တာရော Google မှာ ပါရှာကြည့်တာ မတွေ့လို့ပါရှင်။ နှလုံးအဆို့ရှင်ဟတဲ့အကြောင်းလေး ရှင်းပြစေချင်ပါတယ်ရှင်။

၃။ ဆရာမင်္ဂလာပါ။ မနေ့ကသမီးရဲ့ အသိတယောက်က ဖုန်းဆက်မေးပါတယ်ရှင့်။ သူမှာပြီးခဲ့နှစ် ၆ လပိုင်း လောက်ကတည်းက နှလုံးအဆို့ပွန်ကျဉ်းတဲ့ရောဂါ ခံစားနေရပါတယ်တဲ့။ သူအသက် ၂၇ နှစ်ပါရှင့်။ ကောင်လေးပါ။ တောင်သူလုပ်ငန်းလုပ်ပါတယ်။ ဆရာဝန်နှင့်ပြတော့ ခွဲရမယ် or နှလုံးအဆို့ပွန် ချဲ့ရမယ်လို့ပြောပါတယ်တဲ့။ စီးပွားရေး သိပ်အဆင်မပြေလို့ သောက်ဆေး ၃ လစာယူလာပြီး ပြန်လာပါတယ်။ ယခု ဆေးပြတ်နေတာ ၄ လ လောက် ရှိပါပြီတဲ့။ ဘာဆေးသောက်နေရတယ်ဆိုတာ သမီးမသိပါဘူးဆရာ။ ရွာကလူတွေဆိုတော့ သောက်ဆေး အမည်တွေကိုလည်း မသိပါရှင်။ လက်ရှိရောဂါအခြေနေရတော့ မောပြီး ခြေဆစ်လက်ဆစ် ကိုက်တာကလွဲပြီး မရှိပါဘူးတဲ့။ နောက်ပြီးတော့ လေးဘက်နာရောဂါရောရှိပါတယ်တဲ့။ အသက် ၂၆ နှစ် လောက်တုန်းကလည်း ညာဘက်တခြမ်း လေဖြတ်သလိုဖြစ်ခဲ့ဖူးလို့ ရွာကအရပ်ဆရာ ရမ်းကုနဲ့လည်း ဆေး ၃ လ လောက်ထိုးခဲ့ဖူးပါတယ်တဲ့။ ဘာဆေးဆိုတာ သမီးလည်းမသိပါဘူးဆရာ။ သူကလက်ရှိမှာတော့ခွဲချင်နေပါတယ်ဆရာ။ သမီးသိချင်တာက နှလုံးအဆို့ပွန် ကျဉ်းတာနှင့် ပတ်သက်ပြီးတော့ သိချင်ပါတယ်ဆရာ။ သူငယ်ချင်းရောဂါနှင့် ပတ်သက်ပြီးတော့လည်း ဆရာရဲ့အမြင်ကို သိပါရစေဆရာ။ သမီးက သားဖွားဆရာမတယောက်ပါ။

နှလုံးအဆို့ပွန်မဟုတ်။ နှလုံးအဆို့ရှင်ဖြစ်တယ်။

၎။ ဆရာရှင့် နှလုံးအဆို့ရှင်မကောင်းတဲ့သူက သက်တမ်းစေ့ နေနိုင်ပါသလား။ နေနိုင်အောင်ဘယ်လို ကုသရပါသလဲ။ ကျေးဇူးပြု၍ ဖြေပေးစေချင်ပါတယ်ရှင့်။

ကျား-မ-အသက် မသိပါ။ ရောဂါရှိရင် ကုသသင့်တယ်။ ကုနေ မနေ မသိပါ။

ကျားပါ။ အသက်က ၃၈ နှစ်ပါ။ ကုသနေပါတယ်။

မေးတဲ့အမည်က အမျိုးသမီး၊ ဖြစ်တဲ့သူက အမျိုးသား။ အဲလိုမေးတာတွေလာတိုင်း ပြန်ပြန်မေးရတတ်တယ်။ အမျိုးသမီးတယောက်ကနေ တခြားယောက်ျားလေး သမီးရည်းစာလည်း မဟုတ်၊ တခါတလေ သူများယောက်ျားရောဂါ မေးတာမျိုးဆိုရင် အတော်အဆင်မပြေဖြစ်တာ ၄-၅-၆ ခါရှိပြီ။ မင်းသမီးအမည်နဲ့ အကောင့်ကနေ မေးတယ်။ ကျား-မ ပြောပါဆိုတော့ ကျားတဲ့။ ကျား-မ မသိရတာနဲ့တော့ အတော်ဂွကျနေပြီ။ ဆရာဝန်ကိုတော့ ပွင်ပွင့်လင်းလင်း ပြောကြစေချင်ပါတယ်။ မေးတဲ့သူ အိုင်ဒီကို ပို့စ်မှာမသုံးပါ။

Valvular heart disease နှလုံးအဆို့ရှင်ရောဂါဆိုတာ မွေးကတည်းလဲပါလာနိုင်သလို နောက်မှလဲပျက်စီးနိုင်တယ်။ (၁) Rheumatic fever (ရူမက်တစ်) လေးဘက်နာ၊ (၂) Infectious endocarditis နှလုံးအတွင်းသားရောင်ခြင်း၊ (၃) Connective tissue disorders တွယ်ဆက် (တစ်ရှူး) ရောဂါ၊ (၄) ဆေးဝါးတွေနဲ့ ကင်ဆာဓါတ်ကင်တာတွေကြောင့် ဖြစ်စေနိုင်တယ်။

နှလုံးအဆို့ရှင်မကောင်းတာမှာ
(၁) Valvular stenosis = အဆို့ရှင်ကျဉ်းခြင်း။ အဆို့ရှင် (၄) ခုလုံးမှာဖြစ်နိုင်တယ်။ ကိုယ့်မှာဘယ်ဟာလည်းသိပါ။ tricuspid stenosis, pulmonic stenosis, mitral stenosis or aortic stenosis လေးခုရှိတယ်။

(၂) Valvular insufficiency = အဆို့ရှင်မလုံတာ။ tricuspid regurgitation, pulmonary regurgitation, mitral regurgitation or aortic regurgitation လည်းရှိတယ်။

ခံစားရမှာတွေက အားယုတ်၊ အသက်ရှူမဝ၊ နှလုံးကို နားထောင်ရင် အသံမူမမှန်၊ ခြေထောက်ရောင်၊ ရင်ပတ်နာ၊ သတိလစ်တာတွေ ခံစားရမယ်။

နှလုံးအဆို့ရှင်ရောဂါများကုသခြင်း
(က) ဆေးပေးခြင်း၊ Vasodilators သွေးကြောကျယ်ဆေး၊ ကိုလက်စထောကျဆေး၊ Diuretics ဆီးဆေးနဲ့ Blood-thinning medications သွေးမခဲဆေးတွေပေးမယ်။
(ခ) Balloon valvuloplasty လေဘူဘောင်းထည့်ခွဲစိတ်နည်း၊
(ဂ) Valve repair or replacement ခွဲစိတ်ပြုပြင်နည်း၊

လူနေမှုပုံစံပြောင်းခြင်း (ကိုယ်နဲ့ဆိုင်တာကိုသာလုပ်ပါ)
(က) ဆေးလိပ်ဖြတ်ပါ။
(ခ) သွေးတိုးကို ထိန်းနေပါ၊
(ဂ) (ကိုလက်စထော) ချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက်နည်းပါစေ၊ တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာအထိ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။
(ဃ) ဆီးချိုထိန်းနေပါ။
(င) အသက်ကြီးသူတွေက ငြိမ်မနေပါနဲ့၊ လှုတ်ရှားပေးပါ။ ငယ်ရွယ်သူတွေက အတိုင်းအတာအရသာလုပ်ပါ။
(စ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။
(ဆ) ကိုယ်အလေးချိန် ထိန်းနေပါ။
(ဇ) စိတ်ဖိအား လျှော့နည်းသုံးပါ။
(ဈ) သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။
(ည) တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။
(စ) စိတ်ကိုတင်းပါ။ အပြုသဘောဆောင်ပါ။ ကံတရားကိုလည်းအားကိုးပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

နှလုံးကြွက်သားကြီးထွားလာသောရောဂါအတွက် ကုထုံးသစ်


နှလုံးကတစ်ကယ့်ကို အံ့သြဖို့ ကောင်းတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ လိုအပ်မှုအပေါ် မူ တည်ပြီး လိုအပ်သလို ပြောင်းလဲပေး နိုင်တဲ့ အင်္ဂါတစ်ခုလည်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်နေ တဲ့အချိန် လေ့ကျင့်ခန်းတွေ ပြင်းပြင်း ထန်ထန်လုပ်နေတဲ့ အချိန်တွေမှာ သွေးပို လိုအပ်တာဖြစ်တဲ့အတွက် အားပါပါနဲ့ စည်းချက်မြန်မြန် ခုန်ပေးသလို ရေရှည်လိုအပ်မှုအတွက်လည်း ပြောင်းလဲပေးနိုင်ပါတယ်။ တချို့နှလုံး ရောဂါတွေဖြစ်တဲ့ သွေးတိုးနဲ့ နှလုံး ကြွက်သားဒဏ်ရာရသည့် ရောဂါတွေ က နှလုံးကြွက်သားထုထည်ကို ပိုထူလာစေပေမဲ့ ထူလာတဲ့နှလုံးကြွက်သားကြီးက ညှစ်အားကျပြီး နှလုံးရဲ့ သွေးညှစ်ထုတ်နိုင်မှုကို လျော့နည်းလာစေကာ၊ နှလုံးခုန်နှုန်း စည်းချက် မမှန်မှုကို ဖြစ်ပွားစေကာ နောက်ဆုံးမှာ အသက်အန္တရာယ်ထိခိုက်သည် အထိ ဖြစ်နိုင်ပါတယ်။ အင်္ဂလန်မှာ တော့ သေဆုံးစေရတဲ့ အကြောင်းအမျိုးမျိုးထဲမှာ နှလုံးသွေးကြော ရောဂါက နံပါတ် (၃) နေရာမှာ ရပ်တည်နေပါတယ်။ ယခုအခါမှာ တော့ အင်္ဂလန်ဂို Babraham Institute, University of leuven, University of Oslo, Karolinska Institute မှ သုတေသီတွေက လေ့ကျင့်ခန်းလုပ်စဉ်နဲ့ ရောဂါကြောင့် နှလုံးကြွက်သား ကြီးထွားလာမှု Cardiac Myotrophy တွင် မတူညီ သော ဇီဝဗေဒဆိုင်ရာ ပြောင်းလဲမှု တွေ ဖြစ်စေတဲ့ မော်လီကျူးထိန်းချုပ် မှုဖြစ်စဉ်တွေကို နှိုင်းယှဉ်လေ့လာပြီး၊ မတူညီမှုတွေကို တွေ့ရှိခဲ့ပါတယ်။ ယင်းတွေ့ရှိမှုက နှလုံးရောဂါများ အတွက် ကုထုံးသစ်ကို လမ်းညွှန်ပေး နိုင်မယ်လို့ သိရပါတယ်။
သုတေသနကို ဓာတ်ခွဲခန်း တွင်း ကြွက်တွေမှာ လုပ်ဆောင်ခဲ့ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိ သော လေ့ကျင့်ခန်းကြောင့် နှလုံးကြွက်သား ကြီးထွားလာမှုနဲ့ ရောဂါ ကြောင့် နှလုံးကြွက်သား ကြီးထွားလာ မှုကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် ဆဲလ်တွေကို ပုံပြောင်းလဲရာမှာ အဓိကကျတဲ့epigenetic အမှတ်အသားတွေကို လေ့လာခဲ့ကြ ပါတယ်။ နှလုံးကြွက်သားဆဲလ်များ တွင် ပြောင်းလဲမှုကို သိသာစွာ သိရဖို့ ဆဲလ်ခွဲခြားသည့်နည်းစနစ်ကိုသုံးကာ နှလုံးကြွက်သားဆဲလ် (Cardomyocytes) များနဲ့ ရောဂါကြောင့် ပြောင်းလဲမှုတွေရှိနေတဲ့ ဆဲလ်တွေ ရောနှောနေတဲ့ နှလုံးကြွက်သားတွေ ကို နှိုင်းယှဉ်သုတေသနလုပ်ခဲ့ကြပါ တယ်။
အဲဒီနောက်မှာတော့ ရောဂါ ကြောင့် ဖြစ်ပွားသော နှလုံးကြွက်သား ကြီးထွားသော အခြေအနေတွင် မည်ကဲ့သို့ ပုံစံပြောင်းလဲသွားသည် ဟူသော ဖြစ်စဉ်နှင့် သန္ဓေသားဘ၀မှ နှလုံးဆဲလ်များ၏ ကနဦးပုံစံသို့ မည်ကဲ့သို့ ပြန်လည်ပြောင်းလဲသွား သည်ဟူသောဖြစ်စဉ်များကို တွေ့ရှိ ခဲ့ကြပါတယ်။ သုတေသီပါမောက္ခ ၀ုဖ်ရိက်စ်က ရောဂါကြောင့် ဖြစ် ပွားသော နှလုံးကြွက်သား ကြီးထွား ခြင်းမှာ အရေးကြီးသော ဆဲလ်ပွားမှု ဖြစ်စဉ်တစ်ခုဖြစ်တဲ့ repressive methylation သည် အမှတ်အသားပါမ လာတာကို တွေ့ရပါတယ်။ ယင်း အမှတ်အသား ဆုံးရှုံးခြင်းကနေ တဆင့် သန္ဓေသားဘ၀ မွေးခါနီး အချိန်တွင် ဖြစ်ပေါ်လေ့ရှိသော ခန္ဓာကိုယ်အတွက် မသင့်တော်သည့် ဗီဇပြောင်းလဲမှုတွေကို ဦးတည်သွား စေတာ ဖြစ်ပါတယ် လို့ ရှင်းပြခဲ့ပါ တယ်။
သုတေသီတွေက လူသားတွေ ရဲ့ နှလုံးဆဲလ်တွေကို ခွဲခြမ်းစိတ်ဖြာ ခဲ့ရာမှာလည်း ယင်းအရေးကြီးသော မော်လီကျူးဖြစ်စဉ် ပြောင်းလဲမှုမှာ အတူတူပင်ဖြစ်တာကို တွေ့ရပါ တယ်။ ဒါကြောင့် ယခုတွေ့ရှိမှုဖြစ် သည့် ဗီဇအားသာချက်များအပေါ် ထိန်းချုပ်ထားသည့် အချက်တွေကို သိရှိလာရာမှ နှလုံးကြွက်သား ကြီး ထွားမှုပုံစံအမျိုးမျိုးရဲ့ ဗီဇအပေါ် ထိန်းချုပ်ထားသည့် အင်ဇိုင်းများကို ထိန်းချုပ်ခြင်း၊ ယင်းဗီဇထိန်းချုပ် အင်ဇိုင်းများ အချင်းချင်းmicro RNAs များဖြင့်ထိန်းကျောင်းပုံတို့ကို ကြည့်၍ နှလုံးကြွက်သားဆဲလ်များ အဆိုးဖက်သို့ ပုံပြောင်းခြင်းအတွက် ဗီဇထိန်းချုပ်ကုထုံး ဗျူဟာသစ်ကို ရှာဖွေနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ငိုကြွေးအပြီး ခေါင်းကိုက်ခြင်းကို မည်သို့သက်သာစေအောင်လုပ်မလဲ


တခါတရံ ခံစားရလွန်း၍ မျက်ရည်များ ပြင်းထန်စွာကျရပြီး ငိုလိုက်လျှင် စိတ်ဖိစီးမှုများကို သော ကဗျာပါဒများကို ပြေလျော့သွားစေ နိုင်သည်။ သို့သော် ခေါင်းကိုက်ခြင်း ကတော့ ကျန်နေပါဦးမည်။
ှStress Hormones ကြောင့် ခေါင်းကိုက်ရသကဲ့သို့ မျက်ရည်များ ကုန်ခမ်းမှုကြောင့် ရေဓာတ်ခမ်း ခြောက်စေသည်။ ထိုအခါမျိုးတွင် မိမိကိုယ်ကိုမည်သို့ ဂရုစိုက်ကြမည် လဲ။

(၁) အိပ်လိုက်ပါ
အိပ်စက် အနားယူလိုက်ခြင်း ဖြင့် ခေါင်းကိုက်ခြင်းကို ကျော်လွှား စေနိုင်ပြီး နိုးလာလျှင် လန်းဆန်းလာ စေမည်။

(၂) ရေသောက်ပါ
ငိုအပြီး ရေဓာတ်ခမ်းခြောက် စေပြီး နွမ်းလျမှုကို သက်သာသွား မည်။ ငိုကြွေးပြီးပါက အရက်မ သောက်ပါနှင့်။ ပို၍ဆိုးသော အခြေအနေကို ဖြစ်စေသည်။

(၃) ခေါင်းကို အနည်းငယ်နှိပ်ပေးပါ။
ရေချိုးလိုက်ပါ။ ခေါင်းလျှော် ပေးပြီး အနည်းငယ် နှိပ်ပေးပါ။

(၄) တရားထိုင်ပါ
မိမိ၏စိတ်များကို ရှင်းထုတ်ပစ် ရန်လိုသည်။ မျက်စေ့ကို စုံမှိတ်၊ အသက်မှန်မှန်ရှူ၍ တိတ်ဆိတ်အေး ချမ်းသောနေရာတွင် တရားမှတ်ပေး ခြင်းက ခေါင်းကိုက်ကို သက်သာစေ နိုင်သည်။

(၅) ကောင်းကောင်းစားပါ
မိမိကြိုက်နှစ်သက်သော အစာ မျိုး၊ ဥပမာ ငယ်ငယ်ကကြိုက်ဘူး သော်fish and chip ကဲ့သို့ သက် တောင့်သက်သာ အစာမျိုးကို စား ပေးပါ။

(၆)ခရီးရှည်လမ်းလျှောက်ပါ
ဖြည်းဖြည်းလုပ်ရသော လေ့ ကျင့်ခန်းမျိုးကို ပြုလုပ်ပြီး အသက်ရှူ သွင်း၊ ရှူထုတ် ပြုလုပ်ပေးပါ။ လတ် ဆတ်သောလေက မိမိစိတ်ကို ပြန် လည်လန်းဆန်း ကြည်လင်စေသည်။

(၇) ဦးနှောက်သုံးရသော ကစား နည်းမျိုးကို ကစားပါ။
ဲJigsaw puzzle ကဲ့သို့ briain games မျိုးကို ကစားပေးလိုက်ခြင်း ဖြင့် စိတ်တွင် အားလပ်မှုမရှိတော့ပဲ မျက်ရည်ကျစေသည် ယခင်အဖြစ် အပျက်ကို မေ့လျော့သွားစေနိုင်မည်။

TKD
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ