နှလုံးသွေးကြေကျဉ်းလာမှုကို လျော့နည်းစေမဲ့ ဆေးအမျိုး အစားသစ်


သုတေသနအသစ်တစ်ခုအရ ဆီးချိုသွေးချိုဝေဒနာရှင်တွေ (သို့) နာတာရှည် ကျောက်ကပ်ရောဂါသည် တွေမှာ အရောင်ကျစေသောဆေး Canakinumab က အကြီးစားနှလုံး သွေးကြောပြဿနာဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ယင်းသုတေသနကို Brigham and Women's Hospital မှ နှလုံးသွေး ကြောရောဂါကာကွယ်ရေးဌာနမှ သုတေသီတွေက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေသူတွေ (သို့) ဖြစ်နိုင်ခြေ များနေသူတွေနဲ့ ဆက်စပ်နေတဲ့တွေ့ ရှိချက်ကိုတော့ အမေရိကန်  နှလုံးဆေး ပညာကောလိပ်ဂျာနယ်မှာ တစ်ပြိုင် နက် ပုံနှိပ်ဖော်ပြခဲ့ပြီး၊ နာတာရှည် ကျောက်ကပ်ရောဂါ သည်တွေနဲ့ ဆက်စပ်နေတဲ့ တွေ့ရှိချက်ကိုတော့ မကြာမီ ဆက်လက်ဖော်ပြမယ်လို့ သိရပါတယ်။

ကမ္ဘာတ၀န်းမှ နှလုံး သွေးကြောကျဉ်ပြီး နှလုံးကြွက်သား ပုတ်ပြီးနောက် အသက်ရှင်ကျန်ခဲ့သူ ၁၀ç၀၀၀ အား BWH မှ သုတေသီ တွေက လည်းကောင်းတို့ရဲ့ အချက် အလက်တွေကို ခွဲခြားစီစစ်ပြီးနောက် ၂၀၁၈ ခုနှစ် အမေရိကန်နှလုံးဆေး ပညာနှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

တွေ့ရှိချက်တွေအရ Canakinumab ဆေးက ဆီးချို သွေးချိုဖြစ်နေတဲ့သူတွေမှာရော၊ မဖြစ်သေးတဲ့ သူတွေမှာပါ နှလုံးသွေးကြောရောဂါဖြစ်ပွားနိုင်ခြေကို လျော့ ကျစေတာ တွေ့ခဲ့ရပါတယ်။ ဆေး ကုသမှု ခံယူပြီး ၆ လမှ ၉ လကြာတွင် HSA1C ပမာဏ လျော့ကျစေပေမဲ့ ရေရှည်မှာ ယင်းအာနိသင်ကို ဆက်မ ထိန်းနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် Canakinumab က နာတာရှည်ကျောက်ကပ်ရောဂါသည် တွေမှာ သွေးကြောများအဆီဖုံးပြီး မာတောင့်၍ ကျဉ်းလာခြင်း (artherosclerosis) နှုန်းကိုလည်း လျော့ကျစေတာ တွေ့ရပါတယ်။ အထူးသဖြင့် ရောင်ရမ်းမှုဆန့်ကျင် သည့်တုန်ပြန်မှုအများဆုံးရှိတဲ့သူတွေ မှာ ကောင်းကျိုးကို အများဆုံးခံစားရ တာ တွေ့ရပါတယ်။ Canakinumab က IL-1 inhibitor အမျိုးအစားဆေး သစ်ဖြစ်ပြီး သွေးတွင်း hs CRP နဲ့ IL-6 ကို လျော့ကျစေတဲ့ သွေးကြော ကျဉ်းလာခြင်းအတွက် ကုထုံးအမျိုး အစား သစ်ဖြစ်ပါတယ်။ သွေးတွင်း အဆီပမာဏကိုတော့ ပြောင်းလဲမှုမရှိ စေဘူးလို့ သိရပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ