နာနတ်သီး နှင့် ကျန်းမာရေး




ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရော ပါဝင်မှုနဲပါးပြီး၊ လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့  စုဝေးရာအရင်းအမြစ်လည်းဖြစ်ပါသည်။

၁။ နာနတ်သီး သည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ်ပါသည်။ အထူးသဖြင့် အသီးအလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က အောက်ပါအတိုင်းကျန်းမာရေးကိုကောင်းကျိုးပြုပါသည်။ အကိုက်အခဲပျောက်ဆေး(NSAIDs)များထက် ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ်လွဲပြီးနောက်ဖြစ်တတ်သော ရောင်ရမ်းနာကျင်မှုတို့ ကို ထိထိရောက်ရောက် သက်သာစေ ပါသည်။ သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ ခြင်းနှင့် ဆက်စပ်သောနှလုံးရောဂါများကို ကာကွယ်ဟန့် တား ပေးနိုင်ပါသည်။ သွေးလည်ပတ်စီးဆင်းမှုကိုလဲ တိုးတက်ကောင်းမွန်စေပါသည်။ ဓမ္မတာရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေပါသည်။ ဂေါက်ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင် ၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေပါသည်။ ခွဲစိတ်ခန်းဝင်ပြီးနောက် အနာကျက်အမြန်ကျက်စေရန်အတွက် နာနတ်သီးစားပေးသင့်ကြောင်း ဂျာမနီဆေးသုတေသီ များက တိုက်တွန်းထားကြပါသည်။

၂။ နာနတ်သီးသည် သဘာဝအစာအိမ်မှထွက်သောအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာချေစံနစ်ကို တိုးတက်ကောင်းမွန် စေပြီး၊ ၀မ်းဖောဝမ်းယောငင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာ နှင့် လေပူထိုးခြင်းတို့ ကို သက်သာစေနိုင်ပါသည်။ ၀မ်းချုပ်ခြင်းမှ လည်းကာကွယ်ပေးပါသည်။

၃။ ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေပါသည်။ ချွဲသလိပ်ကျေစေပါသည်။

၎။ နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့ ၍ ကလေးများကိုကျွေးပါက၊ သံကျစေပါသည်။

၅။ နာနတ်သီးသည် လိမ္မောသီးကဲ့သို့ ပင် ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေး၊ ချောင်ဆိးုး ခြင်းကိုတိုက်ထုတ်ပေး ပါသည်။ သို့ သော် နာနတ်သီးထဲတွင် Bromelain ဓာတ်ပါရှိနေသည့်အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်းထက်စေပါသည်။

၆။ နာနတ်သီးထဲတွင် beta-carotene အမြောက်အများပါရှိသည့်အတွက် အမြင်အာရုံကိုကောင်းမွန်စေနိုင်ပါသည်။ နေ့စဉ် နာနတ်သီး တစ်ခွက်စာကို သုံးကြိမ်တိတိ ပုံမှန်စားခြင်းပေးခြင်းဖြင့် သက်လတ်ပိုင်း နှင့် သက်ကြီးပိုင်းရောက်သောအခါမှာ အမြင်လွှာ ယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆-ရာခိုင်နှုန်း ထိ လျော့နည်းပေးနိုင်ပါသည်။

၇။ သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကို အားကိုးနိုင်ပါသည်။ ထို့ ပြင် သုတေသနမှတ်တမ်းများအရ၊ ဆီးလမ်းကြောင်း ပိုးဝင်ပါက၊ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင်သောက်ရင်း၊ နာနတ်သီး ကိုပါတွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန်တိုအတွင်း ကင်းဝေးစေသည်ဆိုပါသည်။

၈။ နာနတ်သီးကို သီတင်းတစ်ပတ်လျှင် ၂-ကြိမ် ခန့် စားသုံးပေး သူများသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု အခွင့်အရေး အလွန်နည်းပါးပါသည်။

၉။ သွားဖုံးကျန်းမာ မှ သွားကျန်းမာမည်ဖြစ်ပါသည်။ ဗိုက်တာမင်စီကြွယ်ဝသည့် နာနတ်သီးစားသုံးပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း နှင့် သွားဖုံးရောဂါအမျိုးမျိုးတို့ ကို မဖြစ်ပေါ်စေဘဲ၊ နှစ်ရှည်လများ သွားဖုံးခိုင်ခန့် ကောင်းမွန်စေနိုင်ပါသည်။

၁၀။ နာနတ်သီးဖျော်ရည်ကို သဘောင်္သီး၊ နွားနို့ တို့ နှင့် တွဲသောက်ပါက၊ ဗီတာမင်စီ၊ ဗီတာမင်အီး နှင့် သံဓာတ်တို့  ကြွယ်ဝစွာရရှိ စေသည့်အတွက် ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစွာအထောက်အကူပြုပါသည်။ ဇရာကို အံတုမည့် ဖျော်ရည်အဖြစ် သောက်သုံးနိုင် ပါသည်။

၁၁။ နာနတ်သီးဖျော်ရည်ကို ငှက်ပျောသီး၊ နာနတ်သီး၊ နွားနို့ တို့ ဖြင့် တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးနိုင်ပါသည်။ ထို့ ပြင်ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် အသားအရေအလှအပကို ကောင်းစွာ ပံ့ပိုးပေးပါသည်။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Nutrition and You

ကျောက်ကပ် အားနည်းခြင်း


 ကျောက်ကပ်နှစ်လုံးဟာ ခန္ဓာကိုယ် က အညစ်အကြေး အဆိပ်အတောက်များကို စွန့်ထုတ် ပေးရတယ်။ ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရင်လည်း ကျန်နေတဲ့ တစ်လုံးကောင်းမွန်ရင် ဆီးဆိပ် သွေးထဲမှာ များလာမယ်။ ကျန်တစ်လုံး က သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ထုတ် လိုက်ရင်လည်း ဆီးဆိပ်များ ပုံမှန် အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ် များလာရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၃ဝ ရာခိုင်နှုန်းအောက်၊ သုံးလေးဆများရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၁ဝ ရာခိုင်နှုန်းအောက်လို့ ခန့်မှန်းနိုင်တယ်။

ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်များ လာရင် ထုံဆေးနဲ့ ဝမ်းဗိုက်ထဲကို ပိုက်ငယ်တစ်ခု ထည့်ပြီး တပ်ဆင်ဆေးကြော ကုသခြင်း နဲ့ ပုံမှန်ဆေးကြောခြင်း၊ ကျောက်ကပ် တုသွေးသန့်စက်ဖြင့် ဖယ်ရှားသန့်စင် ကုသခြင်းနဲ့ ကျောက်ကပ် အစားထိုး ကုသခြင်းတို့ ပြုလုပ်နိုင်တယ်။

ရေရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ဆီးဆိပ်များပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများက တဖြည်းဖြည်းချင်း ပျက်စီးချို့ယွင်းလာတယ်။ ကြာတော့ အသက်ဆုံးရှုံး ရခြင်းဖြစ်ရတယ်။

ကျောက်ကပ် အားနည်းလို့ လူနာဟာ မစားချင်မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ နေ့အခါ အိပ်ငိုက်ခြင်း၊ မှိန်းခြင်း၊ ကိုယ်လက် ယားယံခြင်း စတဲ့ ခံစားချက်များ ခံစားရရင် ခန္ဓာ ကိုယ်ထဲမှာ ဆီးဆိပ်တွေ ပမာဏ လေး၊ ငါးဆပိုပြီး စုပုံလာလို့ ဖြစ်ပါ တယ်။

အချို့လူနာများမှာ ကျောက်ကပ်ဘေး ဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာ (တညင်းသီး စားသုံးခြင်းစသည်) အခြားရောဂါ (ဥပမာ ဝမ်းလျှောများခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက် လွန်းခြင်းများ) ကြောင့် တဖြည်းဖြည်း နာတာရှည် ကျောက်ကပ် အားနည်း သွားကာ ဆီးဆိပ်များ လျင်မြန်စွာ တိုးတက်လာတယ်။

နာတာရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ရေရှည် ဆီးဆိပ် ဖယ်ရှားကုသဖို့နဲ့ သွေးသန့်စင်ဖို့လို ပါတယ်။ ကျောက်ကပ် ဆေးပေးရမယ်။ တစ်ပတ်ကို သုံးကြိမ် အနည်းဆုံး နှစ်ကြိမ် ဆေးပေးလို့မှ ကျောက်ကပ် အလုပ်လုပ်မှု မကောင်းရင် ကျောက်ကပ်လဲလှယ် ကုသသင့်ပါတယ်။

ကျောက်ကပ် ခေတ္တ အလုပ်မလုပ်တဲ့ ရောဂါကို ကျောက်ကပ်ဆေးခြင်းဖြင့် ပြန်ကောင်းမွန် လာစေပြီး ရေရှည် ကျောက်ကပ် အလုပ်မလုပ်ရင် ဆီးအညစ်အကြေးများကြောင့် ဦးနှောက်၊ နှလုံးသွေး၊ အစာလမ်းကြောင်း၊ အရိုး စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး အသက်ဆုံးရှုံးနိုင်တယ်။ တစ်ခါတစ်ရံ ပြန်ကောင်း သလိုရှိပြီး ပြန်လည်ယို ယွင်း ပျက်စီးနိုင်တယ်။ ကျောက်ကပ် တဖြည်းဖြည်း ပျက်စီးလာရင် နောက်ထပ် ကောင်းမွန်လာအောင် မလုပ်နိုင်ပါဘူး။ ဆေးဝါးများနဲ့ အတိုင်းအတာ တစ်ခုအထိသာ ဆောင်ရွက်နိုင်တယ်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားလျှင် လိုသည်ထက် ပို၍ အမြှုပ်ထခြင်း၊ ဆီးစစ်ကြည့်လျှင် ဆီးထဲ၌အသားဓာတ် ပါခြင်း၊ ကျောက်ကပ် အလုပ်လုပ်တဲ့ ပမာဏကို သာမန် သွေးစစ်ခြင်းမျိုး မဟုတ်ဘဲ ပိုမိုတိကျတဲ့ နည်းများနဲ့ တိုင်းတာခြင်း စသည်ဖြင့် ကျောက်ကပ် စတင်ပျက်စီးခြင်းကို စောစီးစွာသိရှိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ အရေးကြီးပါတယ်။

ကျောက်ကပ်ရောဂါ မဖြစ်အောင် ဆီးလမ်းကြောင်း ပိုးဝင်ရောဂါဖြစ်ရင် သေချာတိကျတဲ့ ဆေးညွှန်းအတိုင်း ကုသပြီး ဆေးသောက်ပါ။ ငယ်ငယ်က ကျောက်ကပ်ရောင် ရောဂါဖြစ်ရင် ရာသီ ဥတုဒဏ်မခံနိုင်လို့ စွန့်စားတဲ့အလုပ်၊ ပင်ပန်းတဲ့ အလုပ်တွေကိုရှောင်။ သောက်ဆေး စတီးရွိုက်ကို နေ့စဉ် အညွှန်းအတိုင်း သောက်ပါ။ ကိုယ့်သဘောနဲ့ ဆေးဖြတ်ခြင်းမလုပ်သင့်ပါ။ ဆီးကို သွားချင်တဲ့ ဆန္ဒရှိရင် သွားပေးပါ။ အောင့်မထားပါနဲ့။ တစ်ကိုယ်ရေသန့် ရှင်းရေးကို ဂရုစိုက်ပါ။ ကျောက်ကပ် ကျောက်တည်ခြင်း ဆီးလမ်းကြောင်း ကျောက်တည်ခြင်းတို့ကို သေချာစွာ ကုသရန် လိုအပ်ပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မိုးပျံပူဖောင်းထဲမှာ ဟီလီယမ် ဓါတ်ငွေ့တွေအသုံးပြုနေခြင်းကို အဆုံးသတ်ဖို့ ဆရာဝန်တွေ သတိပေး




ဆရာဝန်တွေက မိုးပျံပူဖောင်းထဲမှာ ဟီလီယမ် ဓါတ်ငွေ့တွေအသုံးပြုနေခြင်းကို အဆုံးသတ်ဖို့နဲ့ မဟုတ်ရင် ဆေးပညာအတွက် အသုံးပြုဖို့ ဓါတ်ငွေ့ မကျန်နိုင်တော့တဲ့အကြောင်းကို သတိပေးပြောဆိုလိုက်ပါတယ်။

ဟီလီယမ် ဓါတ်ငွေ့ဟာ မြေပြင်ကနေ ခွဲဖြာထွက်လာနိုင်ဖို့အတွက် နှစ်သန်းပေါင်းများစွာ အချိန်ယူ ဖြစ်တည်ရပါတယ်။

ဒါပေမယ့်လည်း ဟီလီယမ် ဓါတ်ငွေ့ဟာ ဆေးပညာအတွက်တော့ အသုံးဝင်တဲ့ အပိုင်းတွေများစွာရှိနေပါတယ်။ ဟီလီယမ် ဓါတ်ငွေ့ကို ဆေးရုံသုံး MRI ဓါတ်မှန်စက်တွေအတွက် အအေးပေးရည် အဖြစ် အသုံးပြုရသလို အသက်ရှုလမ်းကြောင်း ရှေးဦးသူနာပြုနည်းအဖြစ်လည်း အောက်စီဂျင်နဲ့ ဟီလီယမ်ကို ပေါင်းပြီး Heliox ဓါတ်ငွေ့ဖြစ်လာအောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အခုတော့ ဗြိတိန် ဆေးပညာ အဖွဲ့အစည်း ဟာ ဆေးပညာအတွက် အသုံးအ၀င်ဆုံး ဓါတ်ငွေ့ရဲ့ နောက်ဆုံး နှုတ်ဆက်ချိန်ရောက်လာတော့မှာကို စိုးရိမ်ဖို့ သတိပေးလိုက်ပြန်ပါပြီ။

လီဗာပူး မြို့မှာ ကျင်းပခဲ့တဲ့ BMA နှစ်စဉ် ညီလာခံမှာတော့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Tom Dolphin က ဟီလီယမ် ဓါတ်ငွေ့တွေကို မိုးပျံပူဖောင်းတွေမှာ ထည့်သွင်း အသုံးပြုနေခြင်းဟာ ဓါတ်ငွေ့ကို ဧ၇ာမ ဖြုန်းတီးမှု တစ်ခုသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

"ဒီလောက် တန်ဖိုးရှိပြီး အစားထိုးလို့မရနိုင်တဲ့ ဓါတ်ငွေ့ဟာ ကလေးတွေလက်ထဲ မျိုးပျံပူဖောင်းအဖြစ်နဲ့ ရောက်သွားတဲ့အခါမှာ ကလေးတွေက မိနစ်အနည်းငယ် ပျော်ရွှင်ဖို့အသုံးချပြီး ပျင်းလာတဲ့အခါ လွှတ်ပေးလိုက်ကြပါတယ်။" လို့ ဒေါက်တာ Tom Dolphin က ညီလာခံမှာ ပြောပြခဲ့ပါတယ်။

ဟီလီယမ် ဓါတ်ငွေ့ဟာ ဒီ စကြာင်္ဝဋ္ဌာ ထဲမှာ ဟိုကဒရိုဂျင်ပြီးရင် ဒုတိယမြောက် အပေါ့ဆုံး ဓါတ်ငွေ့တစ်မျိုးဖြစ်ပြီး ကမ္ဘာ့မျက်နှာပြင်အောက်မှာရှိတဲ့ ကျောက်သားတွေရဲ့ ရေဒီယိုသတ္တိကြွ ဖြစ်စဉ် ကနေ နှေးကွေးစွာ ဖန်တီးပေးတဲ့ ဓါတ်ငွေ့ပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ဟီလီယမ် ဓါတ်ငွေ့ တစ်ဝက်လောက်ဟာ တက္ကဆက် မှာရှိတဲ့ အမေရိကန် အမျိုးသား ဟီလီယမ် ၀န်ဆောင်မှု ဌာန မှာ သိုလှောင်ထားတာဖြစ်ပြီး ၁၉၉၆ ခုနှစ်က စတင်ကာ ထို ဓါတ်ငွေ့တွေကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ သင့်တော်တဲ့ ပမာဏတစ်ခုကို အစိုးရ ရန်ပုံငွေ အတွက် စတင်ရောင်းချခဲ့ပါတယ်။

ဒါကြောင့်လည်း ဆရာဝန်တွေက ထို ဓါတ်ငွေ့တွေကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ရောင်းချနေပေမယ့် ပျော်ပွဲရွှင်ပွဲ နဲ့ ကလေးငယ်တွေသုံး မိုးပျံပူဖောင်းမှာ အသုံးပြုနေခြင်းကို မနှစ်မြို့ခဲ့ကြတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail


အသက်ကြီးသော မိခင်မှ မွေးဖွားသည့် ကလေးငယ်များ ခုခံအား ပိုမိုကောင်းမွန်


လန်ဒန်သုတေသီများက အသက်ကြီးသော မိခင်များမှမွေးဖွားသော ကလေးငယ်များမှာ ခုခံအာပိုမိုကောင်းမွန်ကြောင်းကို လေ့လာတွေ့ ရှိခဲ့သည်။

အသက်ကိုးလတာ အရွယ်ရှိသည့် ကလေးငယ်များကို လေ့လာကြည့်ရာတွင် အသက် ၂၀ နှစ် အရွယ်မိခင်များ၏ ကလေးငယ် ရောဂါဖြစ်ပွားမှု ရာခိုင်နှုန်းမှာ ၉ ဒသမ ၅ ရာခိုင်နှုန်း နှင့် အသက် ၄၀ နှစ် အရွယ်မိခင်များ၏ ကလေးငယ်များမှာ ၆ ဒသမ ၁ ရာခိုင်နှုန်း ခန့် ရှိသည်ဟုဆိုသည် ။

ယင်းလေ့လာမှုအား လုပ်ဆောင်ခံခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၂ ခုနှစ်အကြားမွေးဖွားခဲ့သည့် ကလေးငယ် ၇၈၀၀၀ ဦးအား လေ့ လာခဲ့သည် ။

ထို့ ပြင် အသက်ကြီးသော မိခင်မှ မွေးဖွားခဲ့သည် ကလေးငယ်များ သည် ဘာသာစကားလေ့လာ သင်ယူနိုင်စွမ်းရည်တွင် မြင့်မားမှုရှိကြောင်းကိုလည်း လေ့လာတွေ့  ရှိကြောင်း ကိုလည်း လေ့လာတွေ့ ရှိခဲ့သည်ဟု သိရသည် ။


Mg Mandalay
https://www.facebook.com/mg.mandalay

ဝမ်းဗိုက်အဆီလျော့ကျစေပြီး လှပစေရန်......( ပိုက်ဆံလည်းမကုန် အဆီလည်းကျ လှလှပပ )


ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကိုလုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။

(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ

ဗိုက်ကို တုန်ခါစေတဲ့စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျစေတာကိုတွေ့ရပါတယ်။

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ

စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဉ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ

တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။

(၅) ရှလကာရည် သောက်ပါ

တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှု ရှိစေတယ်လို့ ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay

ခေါင်းလျှော်ဆိုင်သွား သတိထား


ခေတ်လည်းမှီတယ် လွယ်လည်းလွယ်တယ်ဆိုပြီး အများအားဖြင့် ဆံကေသာအတွက် ဆိုင်မှာလျှော်ခြင်း ၊ ဆံပင်နှင့်ပတ်သက်သည့်ပေါင်းတင်ခြင်း ၊ အရောင်ဆိုးခြင်း အပါအဝင် ဆံကေသာအလှတွက် လုပ်ဆောင်နေကြပါတယ် ။ အားလုံးအတွက် အစဉ်ပြေပေမဲ့ ကျန်းမာရေးအတွက် သတိလေးတော့ ပေးချင်လို့ ပါ ။

လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုသည့် ဇီဝဖြစ်စဉ်တွေအများအပြားရှိပါတယ် ။ များသောအားဖြင့် အမျိုးသမီးများတွင် တစ်ယောက်က ဆံကေသာကိုဒါလေးလုပ်ထားတယ် လှတယ် အစဉ်ပြေပေမဲ့ နောက်တစ်ယောက်အတွက်ကျတော့ လူု့ အရေပြားမှာ တစ်ခြားတစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အရောင်ဆိုခြင်းတွေတွင် ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ် ။ အဲလိုမျိုးတွေရှိပါတယ် ။ ခေါင်းလျှော်နေသည့် ဦးခေါင်းအနီးတွင် ပန်ကာလေခံခြင်း ၊ အဲယာကွန်းလေ တည့်တည့်ကျရောက်နေရာမျိုးတွင် ခေါင်းလုံးဝ လျှော်ခြင်း မပြု့ လုပ်သင့်ပါ ။

လျှော်ပေးသူသည် တစ်ကိုယ်ရည်သန့် ရှင်းရန်လည်း လိုအပ်ပါတယ် ။ လူအများအပြားဥိးခေါင်းကို ကိုင်တယ်ရသဖြင့် အရေပြားကူးစက်ပိုးများသည့် လက်သည်းကြားအတွင်းမှနေ တစ်ခြားကို ဝင်ရောက်ကူးစေတက်လို့ ပါ ။ လက်သည်ရှည်ထားပြိး မသန့် ရှင်းခြင်း ၊ တစ်ဦးလျှော်ပြီးလျှင် လက်ကို ပိုးသတ်ဆေးရည်များဖြင့် မဆေးကြောခြင်းကြောင့် တစ်ခြားတစ်ဦးကို ရောဂါ ကူးစေတက်သည် ။

ခေါင်းလျှော်ပြီးလို့  နှိပ်နယ်ပေးခြင်းသည် အလွန်သတိထားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ် ဒါကို မသိနားမည်ဘဲ ခေါင်းနဲ့ ဂုတ်ပိုးများကို နှိပ်နယ်ခံယူတက်ကြပါတယ် ။ ခေါင်းလျှော်စင်ပေါ်တွင် အိပ်နေသည့်နေအထားဖြစ်နေပြီး ခေါင်းကိုမပြီး နှိပ်နယ်ပေးခြင်း နားနောက်နေရာတွင် နှိပ်နယ်ပေးခြင်း နားထင်များကို နှိပ်နယ်ပေးခြင်း အများဆုံးလုပ်ဆောင်ခြင်း ခံကြရပါတယ် ။ တစ်ချို့ က အဲလိုလုပ်မှ ကောင်းတယ် လူကိုပေါ့သွားတယ် အကြောတွေပြေတယ် ခေါင်းကြည်တယ်လို့ ပြောပါတယ် ။

နားထဲ့ကိုလည်း ရေဝင်အောင်လုပ်လည်း လုပ်ဆောင်နည်းတစ်မျိုးထပ်လုပ်ကြပါတယ် ။ ကျန်းမာရေးအတွက် အထူးသတိထားရန် အရေးကြီးပါတယ် ။ အကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ရောဂါမျိုးဖြစ်တက်ပါတယ် ။ အသက်အရွယ်ရလာသည့်အခါတွင် အဲလိုမျိုးတွေ များနေခဲ့ရင် ဦးခေါင်းပိုင်း တုန်တုန်ဖြစ်နေခြင်း ၊ အကြားအာရုံအလွန်နည်းလာခြင်း ၊ ခေါင်းကျင်ဝေဒနာစွဲကပ်လာနိုင်ခြင်းတို့ ဖြစ်လာတက်ပါတယ် ။ နားအတွင်းရေဝင်ခြင်းကြောင့် ကျန်ရှိနေခဲ့ပါက မှိုရောဂါကျရောက်တက်သလို နားအူခြင်း ၊ နားကိုက်ခြင်း နှင့် နားပြည်တည်ခြင်း တို့ ဖြစ်တက်ပါတယ် ။

ဆံကေသာအရောင်ဆိုခြင်းသင့်လုပ်ဆောင်ပါက လူတစ်ချို့ တွင် ဦးခေါင်းယားယံခြင်း ၊ ပူစပ်သလို ခံစားမိခြင်း ၊ ခေါင်းကိုက်ခေါင်းခဲသလို ခေါင်းမကြည်ခြင်းသုံးရက်ကျော်ကျော် ခံစားနေရလျှင်နီးစပ်ရာဆေးခန်းတစ်ခုကိုပြသပေးရန် လိုအပ်ပါသည် ။ ရက်ကြာလာပါက ဦးခေါင်းအရေပြားနီရဲပြီး ကုတ်ခြစ်ရာများကြောင့် ပိုးဝင်ပြီး မှိုတက်ရောဂါဖြစ်လာတက်ပါသည် ။ ဘောက်ဖတ်လိုလို အနာဖတ်များဖြစ်လာပြီး ဦးရေတစ်ခုလုံး အနာများပေါက်ပြိး ကုသမှု့ ကြာရှည်တက်ပါတယ် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay

စပျစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ




စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ် အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁) ပန်းနာရင်ကျပ်ရောဂါကို သက် သာစေပါတယ်

စပျစ်သီးရဲ့ ထင်ရှားတဲ့ ဆေးဖက် ဝင်တန်ဖိုးဟာ ပန်းနာရင်ကျပ်ရောဂါ ကု သရေးမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် အဆုတ်ထဲက အစိုဓာတ်အား ကောင်း စေပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ ချပေးနိုင်ပါတယ် 

စပျစ်သီးဟာ သွေးထဲက နိုက်ထ ရစ်အက်စစ်အဆင့်ကို တိုးစေတာကြောင့် သွေးခဲမှုကို ကာကွယ်ပေးနိုင်ကာ နှလုံး ရောဂါထနိုင်ခြေကို လျော့ကျစေပါတယ်။ စပျစ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် ဟာ မကောင်းတဲ့LDL ကိုလက်စထ ရောရဲ့ အောက်ဆီဂျင်နဲ့ ဓာတ်ပေါင်းမှု (ဓာတ်ပေါင်းမှုကြောင့် သွေးကြောပိတ် စေနိုင်ပါတယ်) မဖြစ်အောင် ကာကွယ် ပေးပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်တာကို သက် သာစေပါတယ် 

စပျစ်သီးမှည့် ဖျော်ရည်ဟာ ခေါင်း တစ်ခြမ်းကိုက်ရောဂါကုသရေးအတွက် အိမ်တွင်းကုထုံးဖြစ်ပါတယ်။ နံနက်စော စောမှာ ရေမရောဘဲ သောက်သင့်ပါတယ်။

(၄) ဝမ်းမချုပ်အောင် ကာကွယ်ပြီး ဝမ်းမှန်မှန်သွားစေပါတယ် 

စပျစ်သီးဟာ ဝမ်းချုပ်တာကို ကျော် လွှားနိုင်ပါတယ်။ စပျစ်သီးမှာ ဩဂဲနစ် အက်စစ်၊ သကြားနဲ့ ဆဲလ်လူးလို့စ် ပါဝင် တာကြောင့် ဝမ်းပျော့စေတဲ့ အစာအဖြစ် အသိအမှတ်ပြုကြပါတယ်။ စပျစ်သီးဟာ အူနဲ့ အစာအိမ်ကို သန်မာစေတာကြောင့် နာတာရှည်ဝမ်းချုပ်တာကို သက်သာစေ ပါတယ်။

(၅) အစာကြေညက်စေပါတယ်

စပျစ်သီးဟာ အစာမကြေတဲ့ ဝေဒ နာကို သက်သာစေပါတယ်။အစာအိမ် စပ်ဖျဉ်းဖျဉ်းဖြစ်တာကို လျော့ပါးစေတာ ကြောင့် သရေစာအနေနဲ့ စားသင့်တဲ့ အ စာပါ။

(၆) ညောင်းညာမှုကို တွန်းလှန်နိုင်ပါ တယ်

စပျစ်သီးဖျော်ရည်က ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏကို ဖြည့်တင်းပေး တာကြောင့် ညောင်းညာပင်ပန်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အမည်းရောင် စပျစ်သီးဖျော်ရည်ဟာ စွမ်းအင်ကို ချက် ချင်း ရရှိစေပါတယ်။ အင်တီအောက်ဆီး ဒင့် ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ် ကို အားကောင်းစေပါတယ်။

(၇) ကျောက်ကပ်ရောဂါတွေကို သက် သာစေပါတယ်

စပျစ်သီးဟာ ယူရစ်အက်စစ် များ နေတာကို လျော့ကျစေပြီး ဆီးကနေ အက်စစ်ထွက်နှုန်းတိုးစေတာကြောင့် ကျောက်ကပ်အပေါ် ဖိအားသက်ရောက် မှုကို လျော့ကျစေပါတယ်။

(၈) ရင်သားကင်ဆာကို ကာကွယ်ပေး ပါတယ်

နောက်ဆုံးပေါ် လေ့လာမှုတစ်ခု အရ စပျစ်သီးဟာ ရင်သားကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။

(၉) အယ်လ်ဇိုင်းမားရောဂါကို သက် သာစေပါတယ်

စပျစ်သီးမှာ ပါတဲ့ ရက်စ်ဗာရထ ရောဟာ အယ်လ်ဇိုင်းမားရောဂါရှိသူ တွေမှာamyloidal-beta peptides အ ဆင့်ကို လျော့ကျစေပါတယ်။ လေ့လာမှု တွေအရ စပျစ်သီးတွေဟာ ဦးနှောက် ကျန်းမာရေးကို ကောင်းစေသလို အာရုံ ကြောထိခိုက်မှုဆိုင်ရာ ရောဂါတွေမဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

(၁၀) မျက်စိကို ကျန်းမာစေပါတယ် 

စပျစ်သီးဟာ အသက်ကြီးတာ ကြောင့် အမြင်အာရုံဆုံးရှုံးတာနဲ့ မက်ကူ လာယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ စပျစ် သီးသုံးကြိမ် စားရင် အသက်ကြီးတာ ကြောင့် မက်ကူလာယိုယွင်းမှုဖြစ်နိုင်ခြေ ကို ၃၆ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါ တယ်။ စပျစ်သီးမှာပါတဲ့ ဖလေဗိုးနွိုက် ဟာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး အတွင်း တိမ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရော ဂါ၊ ကင်ဆာနဲ့ အသက်ကြီးချိန်မှ ဖြစ် တတ်တဲ့ ရောဂါတွေမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။

(၁၁) ကင်ဆာ ကာကွယ်နိုင်ပါတယ် 

စပျစ်သီးမှာပါတဲ့ ရက်စ်ဗာရထရော ဟာ ရောင်ရမ်းမှုကို လျော့ကျစေတာ ကြောင့် ကင်ဆာကာကွယ်နိုင်စွမ်း ရှိပါ တယ်။ အထူးသဖြင့် အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်နိုင်ပါ တယ်။ စပျစ်သီးမှာပါတဲ့ အန်သိုဆိုင်ယာ နင်နဲ့ ပရိုအန်သိုဆိုင်ယာနင်တို့ဟာ ကင် ဆာကြီးထွားမှု မဖြစ်အောင် တားဆီးပေး ပါတယ်။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Care2

ငှက်ပျောသီးကပေးတဲ့အာနိသင်များ




 (၁) ငှက်ပျောသီးကို သင် နေ့စဉ် ပုံမှန်စားတဲ့ အကျင့် ပြုလုပ်ထားရင်  လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ New England ဆေးပညာ ဂျာနယ်မှ လေ့လာမှု အရ သိရပါတယ်။

(၂) ငှက်ပျောသီးမှာ အဓိကအားဖြင့် သကြား (ဂလူးကို့စ်၊ ဖရပ်တို့စ်နဲ့ ဆူးကရို့စ်) ပါဝင်တာကြောင့် စွမ်းအင်ကို ချက်ချင်း ပေးနိုင်သလို စွမ်းအင် တာရှည်စွာ ရရှိစေနိုင်ပါတယ်။

(၃) ငှက်ပျောသီးမှာ ပါဝင်တဲ့ Tryptophan ခေါ်တဲ့ Aminoacid ဟာ Serotonin အဖြစ် ပြောင်းလဲနိုင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓာတ် ကျဆင်းမှု လျော့နည်းစေပါတယ်။

(၄) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက ဝမ်းနုတ်ဆေး အပျော့စားလို ပြုလုပ်နိုင်တာကြောင့် ဝမ်းချုပ်သူတွေ အတွက် အသုံးဝင်ပါတယ်။

(၅) သူ့မှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက အူမကြီး လုပ်ငန်း ပုံမှန် ဖြစ်အောင် ကူညီပေးသလို Pectin ခေါ်တဲ့ ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေဟာလည်း အစာလမ်းကြောင်း တစ်လျှောက် ပုံမှန် ရွေ့လျားမှု ရရှိအောင် ပြုလုပ်ပေးပါတယ်။

(၆) ငှက်ပျောသီးမှာ ပါဝင်တဲ့ သံဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင် ကြီးထွားဖို့ လှုံ့ဆော်နိုင်တာကြောင့် သွေးအားနည်း ရောဂါအတွက် သင့်တော်ပါတယ်။

(၇) နေ့စဉ် ငှက်ပျောသီး သုံးလုံး ပုံမှန်စားတဲ့ အသက်ကြီးသူတွေဟာ အသက်ကြီးလာရင် အမြင်အာရုံ ဆုံးရှုံးမှု ဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှု (Age related macular degeneration) ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

(၈) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်နဲ့ အလွန် နည်းလှတဲ့ ဆိုဒီယမ်ကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၉) ငှက်ပျောသီးမှာ ခန္ဓာကိုယ်တွင်း ကောင်းတဲ့ ဘက်တီးရီးယားတွေကို အာဟာရဖြစ်စေတဲ့ Fructooligosaccharide ပါဝင်ပါတယ်။

(၁၀) ရင်ပူဝေဒနာ ရှိသူတွေ ငှက်ပျောသီး စားရင် သက်သာတာဟာ ငှက်ပျောသီးမှာ ပါဝင်တဲ့ Antacid ဂုဏ်သတ္တိကြောင့်ပါ။

(၁၁) ငှက်ပျောသီးကို ပုံမှန် စားပေးရင် ကျောက်ကပ် ကျန်းမာရေးကို ကူညီနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဒြပ်ပေါင်း Phenolic ကြောင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၁၂) ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6,B12, ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆေးလိပ်ဖြတ်သူတွေမှာ နီကိုတင်း ဖြတ်တာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မြန်မြန် ကောင်းအောင် ကူညီနိုင်ပါတယ်။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Foodmatters

အသားကပ်ဂျင်းဘောင်းဘီတွေဝတ်ဆင်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်း




အမျိုးသမီး တွေရဲ့ ဖက်ရှင် ရွေးချယ်မှု အပိုင်းမှာတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဖက်ရှင်တွေကနေ ၁၉၉၀ ခုနှစ်ဖက်ရှင်တွေထိသာမက ယနေ့ခေတ် ဖက်ရှင် တွေအထိ အမျိုးသမီးတိုင်း ရွေးချယ်နေတဲ့ ဖက်ရှင်ကတော့ အသားကပ် ဂျင်းဘောင်းဘီ (Skinny Jean) တွေပါပဲ။

အနုပညာရှင် အမျိုးသမီး တွေကလည်း အသားကပ်ဂျင်းဘောင်းဘီတွေ ၀တ်ဆင်ရတာ နှစ်သက်ကြတဲ့အတွက် အမျိုးသမီးတွေ အသက်အရွယ် မရွေး အသားကပ်ဂျင်းဘောင်းဘီ တွေကို နှစ်သက်ကြပြန်ပါတယ်။

ဒါပေမယ့်လည်း အခုတော့ လေ့လာမှု တစ်ခုက အရမ်းကျပ်တဲ့ ဘောင်းဘီတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

အရမ်းကျပ် တဲ့ ဘောင်းဘီတွေဝတ်ဆင်ခြင်းဟာ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေနဲ့ ကြွက်သားတွေကို ထိခိုက်မှု ရှိလာစေပြီး သွေးမလျှောက်တဲ့ ရောဂါ တစ်မျိုးကို ခံစားရစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

ဗဟိဒ္ဓကုထုံးဆရာ တစ်ယောက်ဖြစ်တဲ့ Sammy Margo က သတိပေးခဲ့တာကတော့ အသားကပ် ဘောင်းဘီ တွေ ၀တ်ဆင်ခြင်းဟာ သင့်ကို ၀လာစေပြီး အ၀လွန်ခြင်းကိုလည်း ဖြစ်လာအောင် နှိုးဆွပေးနိုင် သေးတယ်ဆိုတာပါပဲ။

အသားကပ် ဘောင်းဘီ တွေဝတ်ဆင်ထားခြင်းဟာ ပေါင် နဲ့ တင်ပါးတို့မှာ ရှိတဲ့ ကြွက်သားတွေကို သေးသွယ် ကျစ်လစ် သွားစေတဲ့အတွက် အသာကပ်ဂျင်းဘောင်းဘီ ၀တ်ဆင်ထားချိန်မှာတော့ သင်ဟာ သင့်ရဲ့ ခန္ဒာကိုယ်အလှကို ခံစားနေရမှာပါ။ ပေါင်နဲ့ တင်ပါးတို့မှာရှိတဲ့ ကြွက်သားတွေက ကျစ်လစ်သွားအောင် အတင်းအကျပ်စေခိုင်းခြင်းခံထားရတဲ့အတွက် အစာအိမ်ကိုလည်း ကျုံ့ထားရ သလို ဖြစ်နေစေပြီး ဗိုက်သားတွေကလည်း လှပနေမှာပါ။

ဒါပေမယ့်နွေရာသီရောက်လာတဲ့အခါမျိုး ၊ သင့်အနေနဲ့ အသားကပ်ဂျင်းဘောင်းဘီ တွေကို ချွတ်ထားလိုက်တဲ့အခါမျိုးတွေမှာတော့ ပေါင်နဲ့ တင်ပါးမှာ ရှိတဲ့ ကြွက်သားတွေဟာ ဖြေလျော့ သက်သာသွားတဲ့အတွက် သင့်ခန္ဓာကိုယ်ဟာ သင်ထားသလောက် လှပ မှု မရှိတော့တာကို တွေ့ရမှာပါ။

ဒါ့အပြင် အချိန်ကြာကြာ အသားကပ်ဂျင်းဘောင်းဘီ ၀တ်ဆင်ထားခဲ့မှု ကြောင့် ခြေထောက်မှာ ရှိတဲ့ သွေး လည်ပတ်မှုတွေဟာ ကြန့်ကြာ နှေးကွေးသွားပြီး မထင်မှတ်ထားတဲ့ ထိခိုက်မှု တွေရှိလာနိုင်ပါတယ်။ သွေးခဲသွားတဲ့အတွက် ခြေထောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလည်း အားနည်းလာနိုင်သလို အ၀လွန်လာခြင်းကိုလည်း ခံစားရမှာဖြစ်ပြီး အသားကပ်ဂျင်းဘောင်းဘီ ၀တ်ဆင်ပြီး ထိုင်နေတာ များတဲ့အခါမှာ ကယ်လိုရီ ပမာဏ ပိုမိုများပြားလာစေနိုင်တယ်ဆိုတာကို လေ့လာမှု က တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ဂျင်းဘောင်းဘီ ကိုယ်ကျပ်ဝတ်ရင် ကျန်းမာရေးထိခိုက်


ဂျင်းဘောင်းဘီ ကိုယ်ကျပ်ဝတ်ရင် ကြွက်သားနဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ကိုယ်ကျပ် ဂျင်းဘောင်းဘီဝတ်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦးဟာ သူ့ရဲ့ ခြေသလုံးတွေ မို့ဖောင်း ရောင်အန်းလာလို့ ဘောင်းဘီကို ဖြတ်ထုတ်ခဲ့ရတယ်လို့ အာရုံကြောဆိုင်ရာ ဆေးဂျာနယ်တခုမှာ ရေးသားထားပါတယ်။

အဲဒီအမျိုးသမီးဟာ သြစတေးလျမှာ အိမ်ပြောင်းဖို့ ဘီဒိုတွေကို နာရီအတော်ကြာ ထိုင်လိုက်ထလိုက် ရှင်းပြီးတဲ့နောက်ပိုင်း သူရဲ့ ခြေထောက်တွေ ထုံကျင်လာပြီး လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါဟာ ခြေသလုံး ကြွက်သားတွေအပေါ်တင်းကြပ်တဲ့ ဖိအားကြောင့် ဖြစ်လာတဲ့ ရောဂါ လက္ခဏာဖြစ်ပြီး ဘောင်းဘီ ကြပ်ကြပ်ဝတ်ထားတာကလည်း အခြေအနေကို ပိုဆိုးစေတာလို့ ဆရာဝန်တွေက ဆိုပါတယ်။

ဒီရောဂါလက္ခဏာဟာ ခန္ဓာကိုယ် ကြွက်သားစုတွေအတွင်း သွေးထွက်လို့ဖြစ်ဖြစ် ယောင်ရမ်းလာလို့ဖြစ်ဖြစ် ခံစားရတဲ့ နာကျင်မှု ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ Royal Adelaide Hospital မှာ စမ်းသပ်မှုခံယူတဲ့အခါ ရောင်အန်းနေတဲ့ သူ့ရဲ့ခြေထောက်တွေဟာ ကြွက်သားနဲ့ အာရုံခံစားမှု အားနည်းနေတဲ့အတွက် ၄ ရက်ကြာ ဆေးကုသလိုက်ရတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ




ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားမနေပါနဲ့။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။

သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။

ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။

ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။

အရင်ဆုံး အခွံခွာပါ

ကြက်သွန်ဖြူကို အခွံခွာပြီး အချိန် အနည်းငယ်ကြာမှ စားပါ။ ကြက်သွန်ဖြူက လေနဲ့ ထိတွေ့ပြီးမှ ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ပိုထွက်လာစေပါတယ်။

ကြက်သွန်ဖြူကို လှီးဖြတ်ပြီး ၁၀ မိနစ်ခန့်ထားပါ 

ကြက်သွန်ဖြူကို လှီးဖြတ်ပြီးချိန်မှာ စဉ်းနှီတုံးပေါ်ကို ၁၀ မိနစ်လောက် ထားပေးပါ။ ကြက်သွန်ဖြူဟာ သွေးတိုးကို ကျစေတဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : en.wikipedia.org



ရာသီဥတု နဲ့ လျှပ်စစ်မီးဟာ အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်




ခေတ်သစ် ဘ၀ နေထိုင်မှုတွေဟာ လူသားတွေအတွက် ကောင်းကျိုးတွေအများကြီး ရရှိစေတာ မှန်ပါတယ်။ ဒါပေမယ့်လည်း အိပ်ရေးဝခြင်းကတော့ ခေတ်သစ်နေထိုင်မှု ပုံစံ တစ်မျိုးမဟုတ်ဘူးဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

သိပ္ပံ ပညာရှင်တွေဟာ အာဂျင်တီးနား နိုင်ငံက ဖွံ့ဖြိုးမှု မရှိတဲ့ ကျေးရွာလေး ၂ ခုကို လေ့လာခဲ့တာဖြစ်ပါတယ်။ ထို ကျေးရွာ၂ ခု အနက် တစ်ရွာက တော့ လျှပ်စစ်မီး ရရှိပြီး တစ်ရွာကတော့ လျှပ်စစ်မီး ရရှိခြင်းမရှိပါဘူး။

လျှပ်စစ်မီး ရရှိတဲ့ ကျေးရွာမှာနေထိုင်သူတွေဟာ လျှပ်စစ်မီး မရရှိတဲ့ ကျေးရွာမှာနေထိုင်သူတွေထက် အိပ်ချိန် ၁ နာရီ နည်းပါးနေတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲဒီလို အိပ်စက်ခြင်းအပေါ် အဓိက သက်ရောက်မှု ရှိနေတာဟာ လျှပ်စစ်မီး တစ်ခုတည်းတော့မဟုတ်ပါဘူး။ ရာသီဥတုနဲ့လည်း ဆိုင်ပါတယ်။ ထို ကျေးရွာ ၂ ခု စလုံးဟာ နွေရာသီမှာထက် မိုးရာသီ နဲ့ ဆောင်းရာသီ တွေမှာ ပိုမို အိပ်စက်ကြတာကိုလည်း သိပ္ပံ ပညာရှင်တွေက တွေ့ရှိခဲ့ကြပြန်ပါတယ်။ 

ဒါကြောင့် သုတေသီတွေ သတ်မှတ်ခဲ့ကြတာကတော့ ဇီဝဗေဒ နည်းလမ်းများ အရ လူသားတွေဟာ မျက်လွှာကိုချ မျက်လုံးမှိတ်ပြီး အိပ်စက်နိုင်ဖို့အတွက် ပိုမို အေးပြီး ပိုမို မှောင်တဲ့ အခြေအနေ တွေ လိုအပ်တယ်ဆိုတာပါပဲ။

လျှပ်စစ်မီး ရရှိတဲ့ ကျေးရွာမှာနေထိုင်သူတွေဟာ လျှပ်စစ်မီး မရရှိတဲ့ ကျေးရွာမှာနေထိုင်သူတွေထက် အိပ်ချိန် နည်းပါးနေတဲ့ အပိုင်းမှာ လည်း အချို့လူတွေဟာ ညဘက် မှာ လျှပ်စစ်မီး အလင်းရောင်ကို ဖွင့်ထားတဲ့အတွက် အိပ်ယာဝင်တဲ့ အခါမှာ အိပ်မပျော်နိုင်ဖြစ်နေကြတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပြန်ပါတယ်။

ထို လေ့လာမှု ကိုတော့ Biological Rhythms ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာ ဖြစ်ပြီး အလားတူ သုတေသနမျိုးကိုလည်း ဘရာဇီးလ်နိုင်ငံက Baependi ဆိုတဲ့ မြို့ငယ်တစ်ခုမှာ ပြုလုပ်ခဲ့ရာ တူညီတွေ ရလဒ်တွေကိုပဲ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မြန်မာ့ဆေးဖက်ဝင် လေးညှင်းပင်


Item Name --------- Clove (လေးညှင်း)
Category ------------ Raw Material
Botany Term ------- Eugenia carryophyllata Thunb
Species Family ----- Myrtaceae

ပူအိုက်စွတ်စို၍ အမြဲတစေ မိုးအနည်းငယ် ရွာသွန်းသော အရပ်ဒေသ တွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးများ၍ ပူအိုက် စွတ်စိုသော ဂျာဗား၊ ဘိုနီယို ကျွန်းများ၌သာ သဘာဝ အလျောက် ပေါက်ရောက် တွေ့ရှိ နိုင်သည်။- စိုက်ပျိုးပင် ဖြစ်သည်။အစေ့ မှ စတင် ပျိုးယူရ၏။ ၅ ပတ် ၆ ပတ် ကြာမှ အညှောင့် ထွက်၍ အထူး ဂရုစိုက် ရန်လိုသည်။ ပျိုးဘောင် ပြင်ရာ၌ မြေဆွေးနှင့် နုန်းမြေ များများဖြင့် ပြုလုပ်ရ၏။ ပျိုးဘောင် အကျယ် ၃ ပေ၊ အမြင့် ၉ လက်မ၊ အရှည် ၁ ပေ ထား၍ ဘောင်ဖော်ပြီး ဘောင်ပေါ် တွင် အရိပ် ပြုလုပ်ပေး ရ၏။ မျိုးစေ့ တစ်စေ့ နှင့် တစ်စေ့ ၄ လက်မ ခြား၍ စိုက်ပြီး ရေရွှဲရွှဲ လောင်းပေးရသည်။ ပျိုးထောင်ပြီး ၈ လ မှ ၁၂ လ ခန့် ကြာမှ ခြင်းတောင်း၊ ၀ါးကျည်တောက်၊ပလတ်စတစ် အိတ်တို့တွင် ပျိုးမြေပါ တစ်ပါတည်း အမြစ်ဥ ကို မထိခိုက် စေဘဲ တူးဖော်၍ ရွှေ့စိုက်ရသည်။ တစ်နှစ်အကြာ (ပျိုးပင် ၂ နှစ်သား အရွယ် ) တွင် စိုက်ခင်း၌ ရွှေ့စိုက် နိုင်သည်။စိုက်ခင်းတွင် အချင်း ၂ ပေ၊ အနက် ၂ ပေရှိ စိုက်ကျင်း များ တစ်ကျင်း နှင့် တစ်ကျင်း ပေ ၂၀ ခွာ၍ တူးရ၏။ ယင်းကျင်း များတွင် မစိုက်မီ တစ်လ ကြိုတင်၍ နွားချေး၊သစ်ဆွေး မြေသြဇာ များကျွေးပြီး အမြင့် ၁ ပေ ခန့်ရှိ ပျိုးပင်များ ချစိုက်ရသည်။

ငယ်စဉ် အခါ တိုက်ရိုက် နေပူခြင်း မခံနိုင် သည့်အတွက် ခေတ္တအရိပ် ပင်များ စိုက်ပျိုးပေး ရမည်။ အပင်ထ နှေးသည့် အတွက် ပေါင်းမကြာ ခဏ ရှင်းပေးခြင်း၊ရေလောင်းပေးခြင်း၊ မြေဆွ ပေးခြင်းများ ဂရုစိုက် ဆောင်ရွက်ရ၏။ အရွက်များ တွင် ကျရောက်သော ပိုးမွှား ရောဂါများကို စောင့်ရှောက် ပေးရမည်။၈ နှစ် ၉ နှစ် အကြား ပန်းစပွင့်ပြီး စတင် သီးလေ့ ရှိသည်။ လေးညှင်းပွင့် များကို ခူးရာ၌ အငုံက စ၍ အစိမ်းမှ နီညိုရောင်သို့ ပြောင်းလာသည့် အခါ ပြာသို၊ တပို့တွဲ လများတွင် စတင် ခူးရ၏။

ခူးပြီး ရေနွေးငွေ့ ခံ၍ နွမ်းအောင် ပြုပြီး အခြောက်လှန်း ရ၏။ အဖူးများ အညိုရောင် ရပါက ခြောက်သွေ့သည် ဟု ယူဆရ၏။ လေးညှင်းဆီကို အရွက်၊ အသီးစိမ်း၊ အပွင့်ခြောက်၊ အပွင့်ရိုး တို့မှ ထုတ်ယူ ရရှိ နိုင်သည်။


♥ အပင်

အမြဲစိမ်း နှစ်ကြာခံ ပင်ကြီးမျိုး ဖြစ်၍ အမြင့် ၂၅-၅၀ ပေထိ မြင့်၏။ အခေါက် မွဲပြာ ရောင် ရှိ၏။ အကိုင်း အခက်များ တည့်မတ်စွာ ဘေးသို့ ဖြာထွက်သည်။

♥ အရွက်

ရွက်လွှဲ ထွက်၏။ ရှည်မျောမျော ဘဲဥပုံ လှံစွပ်ပုံ ထိရှိပြီး ရွက်ရင်း အနည်းငယ် ၀ိုင်း၍ ရွက်ထိပ် ချွန်သွယ်သည်။ အလျား ၅-၆ လက်မ ထိရှည်၍ အနံ ၂ လက်မခန့် ကျယ်၏။ရွက်ပြား သားရေ ကဲ့သို့ ပြောင်ချောပြီး အစက် အပြောက်ကလေး များရှိသည်။ အပေါ် မျက်နှာပြင် အစိမ်းရင့်ရောင် ရှိ၍ အောင်မျက်နှာပြင် အ၀ါဖျော့ရောင် ရှိ၏။ အရွက်ကို ခြေ၍ နမ်းကြည့်က မွှေးသော အနံ့ ရ၏။ ရွက်ရင်း ရွက်ညှာတံ ပန်းရောင် ရှိ၏။

♥ အပွင့်

၃ ပွင့် တစ်ခိုင် ဖြစ်သည်။ ပွင့်စ၌ ခရမ်းနုရောင် ရှိပြီး တဖြည်းဖြည်း အ၀ါရောင်သို့ ပြောင်းသွား၏။ ပွင့်ချပ် ပြွန်ပုံ ရှိသည်။ တစ်ပင်တည်းတွင် အဖိုပွင့် အမပွင့် သီးခြားရှိသည်။ ဆေးဖက် အဖြစ် အဖိုပွင့် ကိုသုံး၏။

♥ အသီး

ရှည်မျောမျော ပုံသဏ္ဌာန် ရှိ၍ အညိုရောင် ဖြစ်သည်။ အစေ့ ၄-၆ စေ့ ထိပါ၏။

► အသုံးဝင်ပုံ

အပွင့်၊ အဆီ။

♥ အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ လေးညှင်း သည်စပ်ဖျဉ်းဖျဉ်း ရှိ၏။ ခါးသက်သက် ရှိ၏။ မျက်စိ ကို အကျိုးပြု၏။ အေး၏။ ၀မ်းမီး တောက်စေ၏။ ကြေညက် လွယ်၏။ နှုတ်မြိန် စေ၏။ သလိပ် ၊ သည်းခြေ၊ သွေးရာဂါ များ၊ အပုပ် အစပ် တို့ကို ငြိမ်းအေး စေ၏။ ရေငတ်ခြင်း၊ မူးဝေခြင်း၊ ၀မ်းဖောရောင်ခြင်း၊ ၀မ်းဗိုက် ထိုးအောင့် ခြင်းနှင့် အဆုတ်နာ တို့ကို နိုင်၏။

► အပွင့်အသုံးပြုပုံ

၁။ ၀မ်းဗိုက် အမြဲ ထိုးအောင့် နာကျင်၍ ၀မ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။
၂။ လေးညှင်းပွင့် နှင့် ကနခို တို့ကို ညက်ညက် ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ် ကျပ်ခဲခြင်း တို့ပျောက်၏။
၃။ လေးညှင်းပွင့် ကို သွေး၍ သကြားခဲ ကျိုရည် ပျစ်ပျစ် နှင့် ရောလျက်သော် ကိုယ်ဝန် တည်စ အန်သော ရောဂါ ပျောက်၏။ 
၎။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။ 
၅။ ကြေးနီခွက် သန့်သန့်၌ လေးညှင်းပွင့် ကို ပျားရည်နှင့် ထုခြေ၍ မျက်စဉ်း ခတ်သော် မျက်စိနာခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲ ခြင်း ပျောက်၏။
၆။ လေးညှင်းပွင့် ကို ရေနှင့် ကြိတ်၍ ခပ်နွေးနွေး ပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်း များပျောက်၏။
၇။ လေးညှင်းပွင့် နနွင်း ဆတူ စပ်၍ ကြိတ်ပြီး မြုံနေသော အနာများ ပေါ်တွင် လိမ်းပေးသော် ပျောက်၏။
၈။ သလဲသီး အချဉ် အရည်နှင့် လေးညှင်း ရောသောက်သော် ၀က်ရူးနာ ထ၍ အန်ခြင်းနှင့် ရိုးရိုး အန်သော ရောဂါ များ ပျောက်၏။ 
၉။ အထိုင် အထတို့ ၌ မူး၍ မျက်စိ မူးမိုက် သော် လေးညှင်း ကို ရေအေးနှင့် သွေးပြီး မျက်စဉ်းခတ် ပေးက ပျောက်၏။
၁၀။ လေးညှင်းပွင့် ကို မီးနှင့်လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာ ချောင်းဆိုး ပျောက်၏။

► အဆီအသုံးပြုပုံ

၁။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့် ကို သွေး၍ သွားနာ၊ သွားကိုက်သော နေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။
၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။
၃။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

သွေးပေါင်ချိန်ကျခြင်းနှင့်သွေးအားနည်းခြင်း

သွေးသွားလှူသည့် တစ်ဦးမှ ဟေမိုဂလိုဘင်နည်းလို့ သွေးလှူမရကြောင်းဆိုပြီး မေးမြန်းလာခြင်းနှင့်တစ်ချို့  သွေးပေါင်ကျ သွေးအားနည်း အသိတွေရောထွေးနေကြပါတယ် ဒါကြောင့် သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်းကို ကျန်းမာရေးအသိအမြင်ရှိအောင် အနည်းငယ်ရေးသားပါသည် ။

လူနာအများစုတွင် သွေးပေါင်ချိန်ကျခြင်း (Hypotension) နှင့် သွေးအားနည်းခြင်း (Anaemia) ဆိုသည်အဓိပ္ပာယ်နှစ်ခုကို လုံးထွေးပြီးသိနေကြပါတယ်။ တနည်းအားဖြင့်သွေးပေါင်ချိန်ကျတယ် သွေးအားနည်းတယ်ဆိုရင် တူညီတယ်လို့ ထင်ကြပါတယ် ။တစ်ချို့ လူနာတွေကို သွေးအားတိုးအောင်သွေးအားဖြည့်အောင် ပြောတယ် ဆေးပေးတယ် အဲဒါကို သွေးတက်မှာကြောက်လို့ ဆိုပြီး မသောက်ဘဲ နေတာတွေလည်း ရှိပါတယ် သွေးအားတိုးခြင်း နှင့် သွေးပေါင်တက်ခြင်းအသိကို ရောနေလို့ သာ သွေးတက်မှာမှာဆိုသည့် အသိတစ်ခုဝင်ပြီး မသောက်ခြင်းဖြစ်တာပါ ဒါကြောင့် သွေးတိုးခြင်းနှင့်သွေးအားတိုးခြင်း မတူညီပါ ။

သွေးအားနည်းသူ၏ သွေးအားနည်းသည့်သွေးတွင် တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတက်ပါတယ် ။ သွေးအရည်ထဲတွင် ဟေမိုဂလိုဘင် (Haemoglobin) ဟုခေါ်သည် အနီရောင် ဓါတ်တမျိုးပါရှိသည်။အဲဒီဓာတ်တစ်မျိုးနည်းသည့်အတွက် အနီရောင်သွေးကို ဖျော့တော့စေပါတယ် ။ ဟေမိုဂလိုဘင်နည်းသွားတဲ့အတွက်ကြောင့် လူတစ်ဦးတွင် သွေးအတွင်း အောက်စီဂျင်သယ်ယူပို့ဆောင်ရေးကတော့ ကျသွားတယ် သွေးအားနည်းသွားတယ်ပေါ့  အဲလို သွေးအားနည်းသူတွေမှာ မောလာတယ် လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့ မောပန်းလာတယ် ။ကြားရသည့်နားအတွင်းမှာလဲ အူပြီ ဝီခေါ်နေသည့် အသံတွေကြားနေရတယ် ခေါင်းတွေကိုက်မယ် ရင်တွေတုန်မယ် နှုတ်ခမ်းတွေမှာ ဖျော့တော့ပါမယ် ။

ဒီလို ဟေမိုဂလိုဘင်နည်းနေပြီဆိုလျှင် သွေးလှူနေကြဖြစ်နေပေမဲ့ လှူခွင့်မရတော့ပါဘူး ။ သွေးအားကောင်းစေရန် လိုအပ်ချက် စားသောက်ရန်အစာအစားများကို သီးသန့် တစ်ခုအနေဖြင့်တင်ပြပေးပါမည် ။

ယခေုတင်ပြသော သွေးပေါင်ကျခြင်းနှင့်သွေးအားနည်း မတူညီကြောင်းကို ကျန်းမာရေးအသိတစ်ခုရရှိပြီ …

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay

Gout (2) ဂေါက်-ရောဂါ (၂)

ကျွန်တော့်ရဲ့  အဆစ်များသည် အစားမှားတဲ့အခါ ယောင်ရမ်းပြီးမခံနိုင်အောင် နာပါသည်။ ခရမ်းချဉ်သီး၊ ပဲပင်ပေါက် နဲနဲစားမိရင် ဖြစ်ပါသည်။ အစားမှားတဲ့အခါ အထူးသဖြင့် ခြေဖမိုးကအရိုး၊ ခြေမျက်စိ၊ ခြေဖနောင့် ယောင်လာပြီး အခံနိုင်အောင် နာပါသည်။ တခါတလေတတောင်ဆစ်အရိုး၊ လက်ကောက်ဝတ်အရိုးနဲ့ ဒူးခေါင်းအရိုးတို့ နာပါသည်။ အခုလိုဆိုးဆိုးဝါးဝါး ဖြစ်လာတာ ၆ နှစ်ခန့် ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဆရာဝန် ညွန်ကြားချက်ဖြင့် Allouprinol 100 mg ကိုတနေ့တလုံးနေ့စဉ် သောက်ပါသည်။ သို့ပါသော်လဲအစားရှောင်သည့် ကြားမှာတခါတရံယောင်ရမ်းနာလာပါသည်။ ထိုအခါ Colchicine 0.6mg ကို ၆ လုံးခန့် သောက်ပြီးရင် လုံးဝကောင်းသွားတတ်ပါသည်။ ပုံမှန် ဆေးသောက်နေပါလျက်နဲ့ ဘာကြောင့် ခဏခဏဖြစ်ရပါသလဲ။ ဒီလိုဖြစ်တာဟာသေသည်အထိ ဖြစ်သွားမှာလား။ လုံးဝပျောက်ကင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိပါသလား။

အမေရိကားမှာလူ ၅ သန်းခံစားနေကြရတယ်။ ယောက်ျားတွေကမိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာယူရစ်-အက်စစ် များနေတာကိုခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာရှိသလိုတမူထူးတဲ့ အခြေအနေတွေကြောင့်လဲဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာများတာ၊ သွေးတိုးရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီးဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutolဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါးစေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစားလွန်လွန်ကဲကဲစားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေရောဂါကိုထစေနိုင်တယ်။

လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကိုကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲရှိနေနိုင်တယ်။ ဂေါက်ကိုမခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်ကအဖြစ် အများဆုံး ဖြစ်တယ်။ Podagraလို့ ခေါ်တယ်။ တခြားအဆစ်တွေကခြေခြင်းဝတ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ချောင်းဆစ်။

နေရာတကာမှာ ဖြစ်နိုင်ပေမဲ့ အဆစ်မှာလာဖြစ်ရင် Arthritis (Gout) ခေါ်တော့တယ်။ နာတာရှည် ရောဂါမျိုးဖြစ်တယ်။ တိုးတိုးဆိုးဆိုးလာတတ်တယ်။ အဆစ်ကအရင်လိုအလုပ် မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်ကလဲအလုပ် နည်းလာနိုင်တယ်။ ကျောက်လဲတည်လာနိုင်သေးတယ်။

ရုတ်တရက် ဖြစ်လာရင် အဆစ်နေရာမှာနာမယ်၊ နီမယ်၊ ရောင်မယ်၊ ပူနေမယ်။နာတာကအတော်ကိုနာမယ်။ အပေါ်ယံအရေပြာကို လာထိတာတောင် မခံချင်ဘူး။ ကိုယ်ပူနိုင်တယ်။ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအထိ ခံစားနေရနိုင်တယ်။ ပြန်ဖြစ်နိုင်တယ်။ နာတာရှည် ဖြစ်လာတာကိုTophaceous gout လို့ ခေါ်ပြန်တယ်။ ခြေမ၊ လက်ချောင်း၊ တတောင်ဆစ်၊ နားရွက် စတဲ့ အဆစ်နဲ့ နေရာတွေမှာသာမကတချို့မှာ Vocal cords အသံအိုး Spinal cord ခါးရိုးတွေမှာပါ ဖြစ်နိုင်တယ်။ အဆစ်ထဲကအရည်ကိုစုပ်ထုတ်ပြီးစစ်ရင် Uric acid crystals တွေ့ရင်တော့ ဂေါက်ရောဂါ သေခြာတယ်။

ဆေးကုတဲ့အခါ အရေးအကြီဒဆုံးအချက် ၂ ချက်ကိုဦးတည်ရမယ်။
၁။ ရောင်-နာနေတဲ့ အဆစ်ကိုရပ်တန်းးကရပ်စေရမယ်။
၂။ ရေရှည်အတွက် ကုသရမယ်။
၃။ တပါထဲလုပ်စရာတွေ ရှိတယ်။ ရေ-အရည် သောက်တာမနည်းစေနဲ့။ ကိုယ်အလေးချိန် လျှော့ပါ။ အစားအသောက် ဆင်ခြင်ပါ။ အရက်လျှော့ပါ-ရှောင်ပါ။ ဆေးသောက်ပါ။

• ဆေးတွေထဲမှာ Acetaminophen ကနေစသင့်တယ်။ အမေရိကားမှာ (Tylenol) ခေါ်ပြီး တခြားနိုင်ငံတွေမှာ Paracetamol လို့ ခေါ်တာများတယ်။
• ဒုတိယလိုက်တာက NSAIDS ဆေးအုပ်စုဝင် ဆေးတွေဖြစ်တယ်။ ဒါ့အပြင် Colchicine (Colcrys) နဲ့ Corticosteroids ဆေးတွေကိုလဲသုံးနိုင်တယ်။ တမျိုးထဲမရပါ။ သွေးထဲမှာ Uric acid များစေတာကိုချပေးမဲ့ဆေးလိုနိုင်တယ်။
• NSAIDS တွေထဲမှာ Indomethacin (Indocin) နဲ့ Naproxen (Naprosyn) တွေပါတယ်။ သက်သာတာနဲ့ ဆေးကို လျော့ပေးမယ်။ NSAIDS ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာမသတိထားဘို့ကအစာအိမ်-လေနာနဲ့ သွေးယိုတာတွေ ပါတယ်။
• Colchicine (Colcrys) ဆေးသောက်ရင် ယုတ်တရက်ရောင်-နာနေတာတွေသက်သာစေမယ်။ Allopurinol (Zyloprim) နဲ့ Febuxostat (Uloric) ဆေးတွေကHyperuricemiaကို ပြင်ပေးမယ်။ တကယ်တန်းနာနေသူတွေကို Colchicine (Colcrys) ဆေး ၁ နာရီတခါ၊ ၂ နာရီတခါအထိပေးရတတ်တယ်။ ဘေးထွက်-ဆိုးကျိုးကြောင့် ဝမ်းပျက်နိုင်တယ်။ ပျို့-အန်တတ်တယ်။
• Corticosteroids ဆေးဆိုတာ Prednisone ဖြစ်တယ်။ ရက်တိုအတွက်သာသုံးရမယ်။ စားဆေး၊ ထိုးဆေးသုံးနိုင်တယ်။ အဆစ်ထဲပါ ထိုးနိုင်သေးတယ်။
• နာတာသက်သာဆေးမျိုးကိုရက်တိုတိုသာသောက်ရပေမဲ့ Uric acid ကျစေမဲ့ဆေးက ကြာကြာဆက်သောက်ရတယ်။
• Probenecid (Benemid) နဲ့ Sulfinpyrazone (Anturane) ဆေးတွေကအများဆုံသုံးနေတဲ့ uric acid ကို ဆီးထဲကနေ များများစွန့်ထုတ်ပေးပြီးသွေးထဲမှာနည်းသွားစေတဲ့ဆေးတွေဖြစ်တယ်။ ကျောက်ကပ်-ကျောက် ရှိဘူးကိုတော့ ဒီဆေးမျိုး သတိကြီးရမယ်။ ဆေးသောက်ရင် ရေများများသောက်ရမယ်။
• Allopurinol ဆေးဆိုတာကလူ့ကိုယ်ကနေ Uric acid ထုတ်လုပ်မှာကိုနည်းစေတယ်။ အသဲနဲ့ ကျောက်ကပ် ကောင်းနေသူတွေ ဖြစ်ဘို့သင့်တယ်။
• Febuxostat ဆေးကိုတော့ နာတာရှည်သမားတွေအတွက် ၂ဝဝ၉ ကတည်းက FDA ကနေခွင့်ပြုထားတယ်။ ယုတ်တရက် နာသူတွေအတွက် Allopurinol ထက်ထိရောက်တယ်။ ဒီဆေးပေးသူဟာ Uric acid ဘယ်လောက် ရှိလဲ၊ အသဲကောင်းလာစစ်သင့်တယ်။
• သတိထားဘို့ကရက်တိုယုတ်တရက် နာသူတွေကို Allopurinol နဲ့ Febuxostatဆေးမပေးသင့်သေးဘူး။ တချို့မှာ ဆိုးတောင် လာတတ်တယ်။ ယုတ်တရက် ဖြစ်တဲ့အဆင့် ကျော်လာမှ ပေးပါ။ ဒီဆေးသောက်လက်စသမားတွေကတော့ ဆေးနည်းနည်းကိုအဲလိုယုတ်တရက် ဖြစ်နေချိန်မှာဆက်သောက်လို့ ရပါတယ်။
• ထိုးဆေးသစ် တမျိုးရှိတယ်။ PEGylateduricase (Pegloticase or Krystexxa) နာတာရှည်သမားတွေအတွက် သွေးပြန်ကြေထဲထိုးရတာပါ။ သုံးနေကြဆေးတွေနဲ့မတိုးသူတွေကို ၂ ပါတ်တခါ သွင်းပေးနိုင်တယ်။ ဆေးကြောင့် ရှော့ခ် မဖြစ်အောင်သတိနဲ့ပေးရမယ်။ စိုးရိမ်ရင် Antihistamines နဲ့ Cortisone medications ဆေးတွေနဲ့ ကြိုတင် ကာကွယ်နိုင်တယ်။

အလားအလာ
ဆေးမကုဘဲနေရင်လဲ ၅-၇ ရက်မှာသက်သာလာမှာပါဘဲ။ ဒါပေမဲ့ ၆ဝ% လောက်က တနှစ်အတွင်းမှာနောက်တခါ ထပ်ဖြစ်လိမ့်မယ်။ နောက်ပြီးနာတာရှည်ဘက် ဆက်ဖြစ်နိုင်တယ်။ အဆစ်ဖုံးတွေ ထိခိုက်ရာကနေ Joint deformity အဆစ်တွေ ပုံပြောင်းသွားမယ်။ ဆေးကုမနေသူထဲက ၃ဝ% မှာ ၅ နှစ်အတွင်း Painless tophi အကျိတ် ပေါ်လာနိုင်တယ်။ ဆေးသေသေခြာခြာကုရင် ဒါတွေ ပျယ်သွားစေနိုင်တယ်။ ၁ဝ-၄ဝ% မှာ ဖြစ်တတ်တဲ့ ကျောက်ကပ်-ကျောက်ရှိနေရင် တမျိုးဆိုးစေနိုင်တယ်။ မနိုင်ဝန် ထမ်းရသလိုယူရစ်-အက်စစ်ကြောင့် Urate ပုံဆောင်လဲသေးသေးလေးတွေ ဖြစ်လာမယ်။

နာနေတဲ့အဆစ်ကို အခုအခံနဲ့ထားပါ။ အိမ်မှာနားပါ။ ရေခဲတင်တာမကောင်းလှပါ။ Aspirin ပါတဲ့ဆေးရှောင်ပါ။ ကျောက်ကပ်ကနေ Uric acid ထုတ်မှာတို နှေးစေနိုင်လို့ပါ။ သုတေသနတွေ ဆက်လုပ်နေပါတယ်။ အသားစားတာ့ လျှော့သင့်တယ်။ Calcium နဲ့ Vitamin C တွေ အစားအစာထဲမှာပါတာသက်သာစေတယ်။ အချိုရည်တွေထဲမှာ Fructose (ပြောင်း-သကြား) တွေပါတာနဲ့ မတည့်ပါ။

Dr. တင့်ဆွေ
၂၃-၇-၂ဝ၁၁

ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ

ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း

- ချင်းဖျော်ရည်သောက်ပါ

ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန် ချင်တိုင်း သောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

- စမုန်စပါးစေ့ကို ဝါးစားပါ

စမုန်စပါးစေ့ ဟာလည်း ပျို့အန်တာကို သက်သာစေနိုင် ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန် စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက် လည်း နို့ထွက်အား ကောင်းစေပါတယ်။

- နှိပ်နယ်နည်း

သင့်ညာ လက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ် ပေးနိုင်ပါတယ်။

- နံနက်တိုင်း အချဉ်ရည်သောက်ပါ

မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန် သက်သာသွား နိုင်ပါတယ်။

မြ၀တီ

ပိန်ချင်ရင် သရက်သီး အခွံစားပါ

အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

သရက်သီး အခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီ ကလာပ်စည်း ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။ အပူပိုင်း သစ်သီးများ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များထဲမှာ အမျိုးမျိုး ကွဲပြား ခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။

သရက်သီးထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီး အခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်းများ ဖြစ်ပေါ် အဆီ ကလာပ်စည်း များက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း မျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

credit to Myanmar Pharmaceuticals

မင်းကွတ်သီး နှင့် ကျန်းမာရေး

Anti Bacteria- ဘက်တီးရီးယားတွေကို ဆန့်ကျင်တိုက်ဖျက်ပါတယ်

Lowering Blood Sugar Levels သွေး ထဲက သကြားဓာတ်ကို လျှော့ချပေးတယ်။

Lowering Total Blood Cholesterol သွေး ထဲက ကော်လက်စထရောကိုလည်း လျှော့ကျစေပါတယ်။

Preventing Heart Disease- နှလုံး ရောဂါ ဖြစ်မှုကို ကာကွယ်ပေးတယ်။

Preventing Aging- ရင့်ရော် အိုမင်းမှုကို တားဆီးထားနိုင်တယ်။

Overcoming Tumor and Cancer အကြိတ် အဖု နဲ့ ကင်ဆာ ရောဂါကို သက်သာစေပါတယ်။

Overcoming Gout ဂေါက်ရော ဂါ အဆစ်မြစ် ယောင်တာ နာတာ ကို လည်းသက်သာစေပါတယ်။

Overcome Thyroid Disorders သိုင်းရိုက် ပုံမှန် မဖြစ်တာကိုလည်းသက်သာစေပါတယ်။

Hemorrhoid remedy အူကျ တဲ့ရောဂါကိုလည်း သက်သာစေပါတယ်

Essential for fatigue ပင်ပန်းနွမ်းနယ် မှုအတွက် လိုအပ် တဲ့အဟာရ ခွန်အားကို ပေးစွမ်းပါတယ်

မင်းဂွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံရှိ လူအများပင် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းကွတ်သီးကို စားသုံးလေ့ရှိကြသည်။

မင်းကွတ်သီးအခွံ၊ အခေါက်နှင့် အရွက်နုများကို ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် အသုံးပြုကြသည်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။

မင်းကွတ်သီး အရည်ဟာ နှလုံးသွေးကြော မာကျော ကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာ အပါအဝင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ထိထိရောက်ရောက် ကုသမှု ပေးနိုင် ပါတယ်။

မင်းကွတ်သီးမှာ ကင်ဆာ ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Garcinone E လို့ ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းကွတ်သီး တစ်မျိုးထဲ မှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

Credit: Asiaqueenmonmon Kyaw

အမျိုးသားတွေအတွက် နွေရာသီမှာ သန္ဓေအောင်နိုင်ချေများ




နွေရာသီ ရဲ့ ရှည်ကြာလွန်းတဲ့နေ့ အချိန်တွေနဲ့ ပူပြင်းမှုတွေဟာ ကဗျာ ဆန်ခြင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နွေရာသီဟာ ဇနီးမောင်နှံတွေအတွက် ကလေးယူ ဖို့ အဖြစ်နိုင်ဆုံး အချိန်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်လိုက်ကြပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ အမျိုးသားတွေရဲ့ သုတ်ပိုးတွေဟာ နွေရာသီ လ တွေမှာ ပိုပြီး လှုပ်ရှားနိုင်ကြတယ်ဆိုတာပါပဲ။ ဒါဟာ Testosterone လိုမျိုး ဟော်မုန်း ပမာဏ ပြောင်းလဲမှုတွေနဲ့ သက်ဆိုင်နေတယ်လို့တော့ သုတေသီတွေက ဆွေးနွေးထားကြပါတယ်။

ဇနီးမောင်နှံ ၆ တွဲမှာ ၊ တစ်တွဲ လောက်က မျိုးမအောင်တဲ့ ပြသနာ ကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ အမျိုးသားတွေရဲ့ မျိုးမအောင်မှုမှာ အများဆုံး တာဝန်ရှိနေပြီး မျိုးပွား ဖြစ်စဉ်ကို အောင်မြင်အောင်မစွမ်းဆောင်နိုင်တာဟာလည်း အမျိုးသားတွေရဲ့ သုတ်ပိုး  လှုပ်ရှားနိုင်မှု (Motality) အားနည်းနေလို့ ဖြစ်ပါတယ်။

သန္ဓေအောင်ဖို့အတွက် မျိုးဥ နဲ့ မပေါင်းစပ်ခင်မှာ သုတ်ပိုးတွေဟာ သားအိမ် ၊ သားအိမ် ပြွန် ၊ သားအိမ်ခေါင်းတို့ ကို ဖြတ်သန်းလာရပါတယ်။ အဲဒီလို ဖြတ်သန်းတဲ့ အချိန်မှာ လျင်မြန်စွာ ဖြတ်သန်းနိုင်စွမ်းကို သုတ်ပိုးလှုပ်ရှားနိုင်မှု (Motality)လို့ ခေါ်တာဖြစ်ပါတယ်။ သုတ်ပိုးလှုပ်ရှားနိုင်မှု အားနည်းလာခြင်းဟာ သုတ်ပိုးကို မျိုးဥ ဆီ ရောက်နိုင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။

အမျိုးသားတွေဟာ သုတ်ပိုးရဲ့ ၄၀ ရာခိုင်နှုန်း ခန့် လှုပ်ရှားနိုင်ရုံနဲ့ သန္ဓေအောင်နိုင်ပါတယ်။ အီတလီနိုင်ငံ ပါးမား တက္ကသိုလ် ဆေးရုံ က ဆရာဝန်တွေဟာ အမျိုးသား ပေါင်း ၅၁၈၈ ယောက်ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။ သူတို့တွေတွေ့ရှိခဲ့ကြတာကတော့ အမျိုးသားတွေရဲ့ သုတ်ပိုး လှုပ်ရှားနိုင်မှု ( motality ) ဟာ နွေရာသီမှာ အားကောင်းပြီး မိုးရာသီ မှာ အားနည်းတတ်ပေမယ့် မိုးရာသီမှာတော့ သုတ်ပိုး ပမာဏ ကို များပြားစေနိုင်ပါတယ်။ 

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

Vaccination ကလေးကာကွယ်ဆေးများ


ဆရာရှင့် ရိုသေစွာဖြင့်မေးပါရစေ။ ကျမသမီးလေးက အသက် ၃ နှစ်ပါ။ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးက ဘယ်အသက်အရွယ်မှာထိုးရပြီး ဘယ်နှကြိမ်ထိုးရမလဲသိချင်လို့ပါရှင့်။

ကလေးတွေအတွက် Pentavalent Vaccine ငါးမျိုးတွဲ ကာကွယ်ဆေးဆိုတာ (ဆုံဆို့ + ကြက်ညှာ + မေးခိုင် + အသည်းရောင် (ဘီ) ပိုး + (ဟီမိုဖီးလပ်စ်-ဘီ) ပိုး ကာကွယ်ဆေးဖြစ်တယ်။ (ဟီမိုဖီးလပ်စ်-ဘီ) ပိုးကနေ ဦးနှောက် အဖုံးလွှာရောင်တာ၊ နူမိုးနီးယားနဲ့ နားပြည်ယိုတာတွေကို ဖြစ်စေနိုင်တယ်။

Haemophilus influenzae type b (Hib) ဟီမိုးဖေးလပ်စ် ဗက်တီးယား ကူးစက်ရောဂါကို တနှစ်မှာ ကလေးပေါင်း ၈ သန်းလောက်ခံစားနေရတယ်။ ၃၇၁ဝဝဝ ယောက်သေဆုံးနေရတယ်လို့ ၂ဝ၁၂ ခုနှစ် WHO က ခန့်မှန်းထားတယ်။ ဦးနှောက်အဖုံးလွှာရောင်တာနဲ့ နူမိုးနီးယားတွေဖြစ်တယ်။ ၅ နှစ်အောက်ကလေးတွေကအများဆုံးဖြစ်တယ်။ မချမ်းသာသေးတဲ့ တိုင်းပြည်တွေမှာ နူမိုးနီးယားကပိုများတယ်။ ဦးနှောက်အဖုံးလွှာရောင်ရင် ၁၅-၃၅% မှာ ရာသက်ပန် ဒုက္ခိတဖြစ်စေတယ်။ နားမကြားရတာနဲ့ ဥာဏ်ရည်နိမ့်တာ။

မြန်မာနိုင်ငံမှာ တစ်နှစ်ခွဲအောက် ကလေးငယ်တွေကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအနေနဲ့ ကာကွယ်ဆေးတွေ ထိုးပေးနေခဲ့တယ်။ ဒိနောက် Hepatitis B Vaccine အသည်းရောင် (ဘီ) ကာကွယ်ဆေးအသစ်ကို ၂ဝဝ၃-ဝ၄ ခုနှစ်ကစပြီး ၂ဝ၁၁ ခုနှစ် မေလအထိ (၅) နှစ် စီမံချက်နဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းထဲမှာ (၁) နှစ်အောက် ကလေးတွေကို (၃) ကြိမ် ထိုးဘို့ ထည့်သွင်းလာခဲ့တယ်။ ဒါပေမဲ့ ၂ဝ၁၁ ခုနှစ် မေလ နောက်ပိုင်းမှာတော့ Hepatitis B vaccine အသည်းရောင် (ဘီ) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ မထိုးနိုင်တော့ပါ။

အခုတော့ (၅) နှစ်အောက်ကလေးငယ်တွေမှာ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ပြင်းထန်တဲ့ နူမိုးနီးယား ရောဂါတွေကို ဖြစ်စေတဲ့ Haemophilus type-b (Hib) (ဟေမိုဖီးလပ်စ်-အင်ဖလူရင်ဇာ ဘီ) အမျိုးအစား ဗက်တီးရီးယား ပိုးကိုပါ ကာကွယ်နိုင်တဲ့ Penta Valent Vaccine ငါးမျိုးတွဲကာကွယ်ဆေးကို ထိုးပေးနေပါပြီ။

ရောဂါ (၅) မျိုးကို တစ်ကြိမ်တည်းထိုးနိုင်တဲ့ ကာကွယ်ဆေးအသစ် ဖြစ်ပါတယ်။ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် (ဘီ) နဲ့ ဟေမိုဖီးလပ်စ် ဦးနှောက် အမြှေးရောင်ရောဂါ၊ ဟေမိုဖီးလပ်စ် အဆုတ်ရောင်ရောဂါနဲ့ နားရောင်တာတွေကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အရင်က ရောဂါ (၇) မျိုး အတွက် ကာကွယ်ဆေးကိုသာ ထိုးနှံနိုင်ခဲ့ရာကနေ ရောဂါ (၈) မျိုးကို ကြိုတင်ကာကွယ်ပေးနိုင်တော့မှာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံးထိုးလေ့ရှိတဲ့ ကာကွယ်ဆေးထိုးဇယား
• BCG (တီဘီ) ကာကွယ်ဆေး၊ မွေးမွေးချင်း၊
• DTP (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ကာကွယ်ဆေး၊ ၂-၄-၆ လ၊
• HB (ဘီ) ပိုး ကာကွယ်ဆေး၊ ၂-၄-၆ လ၊
• HIB (ဟီမိုဖီးလပ်စ်-ဘီ-ပိုး) ကာကွယ်ဆေး၊ ၂-၄-၆ လ၊
• Pentavalent (DTP+HB+BiB) (ဆုံဆို့-ကြက်ညှာ-မေးခိုင် + (ဘီ) ပိုး + (ဟီမိုဖီးလပ်စ်-ဘီ) ပိုး ကာကွယ်ဆေး၊ 2, 4, 6 months ၂-၄-၆ လ၊
• OPV သူငယ်နာ-အကြောသေ ကာကွယ်ဆေး၊ ၂-၄-၆ လ၊
• Measles ဝက်သက် ကာကွယ်ဆေး၊ ၉ လ၊
• MMR (ဝက်သက် + ဂျာမန်-ဝက်သက် + ပသိရောင်) ကာကွယ်ဆေး၊ ၁၂ လ။

Immunization Profile - Myanmar WHO website မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးခြင်း (လက်ရှိ)
• HepB အသည်းရောင် (ဘီ) ကာကွယ်ဆေး = မွေးကာစ-၆-၁ဝ-၁၄ ပါတ်၊
• BCG တီဘီကာကွယ်ဆေး = ၆ ပါတ်၊
• DTwP ဆုံဆို့-ကြက်ညှာ-မေးခိုင် = ၆-၁ဝ-၁၄ ပါတ်၊
• OPV ပိုလီယို ကာကွယ်ဆေး = ၆-၁ဝ-၁၄ ပါတ်၊
• Measles ဝက်သက် ကာကွယ်ဆေး (၂ဝဝ၇ မှစသည်) = ၉-၁၈ လ၊
• TT မေးခိုင် ကာကွယ်ဆေး = ကိုယ်ဝန်ဆောင် ပဌမအကြိမ်လာစဉ် တခါနှင့် ၄ ပါတ်ခြာတခါ၊

ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၅
https://www.facebook.com/pages/Dr-Tint-Swe

Gua Sha မက်ကလောင်


Jun 15th, 12:09am ကျွန်တော့အစ်မဖြစ်နေလို့ပါဆရာ။ မြစ်ကြီးနားမှာပြတော့ trimetazidine ကိုပေးလိုက်တာ အဲဆေးကို သောက်တော့လဲ မသက်သာဘူး။ အစ်မ အသက်က ၃၃ နှစ်ပါ။ မက်ခလောင်ထလာရင် ခေါင်းမှုးပြီး မျက်လုံးဖွင့်လို့တောင်မရဘူးလို့ ပြောတယ်ဆရာ။ ရှာခြစ်လိုက်ဆွဲလိုက်ရင် ကောင်းသွားတယ်လို့ပြောတယ်။ နေ့တိုင်းလိုလို ရှာခြစ်ရလို့ အသားတွေတောင် မာနေပြီလို့လဲ ပြောပါတယ်ဆရာ။ ဘယ်လိုဆက်လုပ်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ မနှစ်ကစစ်ထားတဲ့ သွေးအဖြေကို ပို့ပေးလိုက်ပါတယ်နော်ဆရာ။

ဆေးစစ်ချက်မှာ မကောင်းတာရယ်လို့ မတွေ့ပါ။ နှလုံးသွေးကြောကျဉ်းဆေး ဘာလို့ပေးသလည်း စဉ်းစားမရသေးပါ။ အမျိုးသမီး အသက် ၃၃ နှစ်ဆိုရင် ရာသီနဲ့ အိမ်ထောင်ရေး မသိသေးပါ။ ခံစားနေရတာကို တိတိကျကျသိချင်ပါတယ်။ ရောဂါအမည်တပ်တာ ဆရာဝန်နဲ့ဆေးစာမဟုတ်တာကို မသိချင်ပါ။ ပုံတွေပို့ရင် အစောင်းတွေ ဇောက်ထိုးတွေမပို့ဘို့ မေးခွန်းစည်းကမ်းမှာထည့်ထားပါတယ်။ မက်ကလောင်စာကို ဖေ့စ်ဘွတ်မှာ အခုပြန်တင်လိုက်ပါမယ်။

အရင်ကလည်း မေးဘူးတာတွေမနည်းပါ။ နမူနာလောက်သာထည့်ပါမယ်။
(၁) ကျမ ဘီပိုးအကူးခံရတာလည့်း့ မှာနေတုန်းက အသိဥာဏ်မဲ့စွာ တရုတ်အပ်စိုက်ခဲ့ပါတယ်။ ပြီးတော့ အကြောတက်လို့ဆိုပြီး သူငယ်ချင်းတရုတ်မက မက်ဂလောင်ခြစ်တယ်ဆိုပြီး ဇွန်းနဲ့ကြောကို သွေးစို့အောင် ခြစ်ပေးခဲ့ဘူးပါတယ်။ နောက်မှကျမ သိရတာကျမတို့နဲ့ တစ်အိမ်ထဲနေ မြန်မာတရုတ်မလေးမှာ HBeAg ရှိနေခဲ့တာပါဘဲ။ အဲဒီ မက်ဂလောင်ခြစ်တဲ့ဇွန်းကို အဲဒီကောင်မလေးကို ခြစ်လိုက် ကျမကိုခြစ်လိုက် လုပ်ခဲ့တယ်ဆိုတာ သိရပါတယ်။
(၂) ဆရာ တစ်ချို့လူတွေဟာ ခြေချောင်း၊ လက်ချောင်းလေးတွေယားလို့ဆိုပြီး ကြိုးနှင့်စည်းပြီး သွေးတွေ ဖောက်ပစ်ကြတယ်။ အဲလိုဖောက်လိုက်တော့ သွေးတွေမည်းမည်ကြီးတွေထွက်သွားပါတယ်။ အဲဒါ လုပ်သင့်ပါသလား။ ဘာကြောင့် သွေးတွေကအဲလိုမည်းသွားရပါသလဲ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။
(၃) ငှက်ဖျား-မက်ကလောင်-သွေးလွန်တုပ်ကွေး ဆက်စပ်မှုလေး သိချင်ပါတယ်ဆရာ။

ဒီနည်းနဲ့ဆေးကုတာ မြန်မာပြည်မှာ အခုထိလုပ်ကြတုံးဘဲ။ မက်ကလောင်ဖေါက်တယ်လို့ တချို့နေရာတွေမှာခေါ်တယ်။ ကြိုးနဲ့စည်းနှောင်တာမပြောနဲ့ လက်နဲ့ဆိုပ်ကိုင်ထားရင် ခဏနေတော့ ပြာ-ညို-မဲလာမယ်။ သွေးအသစ် မလာရ၊ သွေးအဟောင်း မပြန်ရလို့ဖြစ်တယ်။ ရောဂါမဟုတ်ပါ။ လူတိုင်းမှာ အဲလိုဖြစ်ပါတယ်။ အချိန်ကြာလေ မဲပြာလေ။ ကြာသင့်တာထက်ပိုကြာရင် တစ်ရှူးတွေသေတယ်။ ဒါကြောင့် မြွေကိုက်ရင် ကြိုးစည်းတာမှာ စည်းကမ်းချက်တွေ အသစ်သတ်မှတ်လာရတယ်။

ကိုယ်မကျွမ်းကျင်တာကို ဆရာမလုပ်သင့်သလို၊ ကိုယ်သိတာနဲ့မတူရင် အပြစ်တင် မစောသင့်ဘူး။ MBBS လို ပညာသာ သင်ထားသူတွေက မက်ကလောင်အပါအဝင် တခြားဆေးနည်းတွေကို ထောက်ပြတဲ့အခါ ဒေါသ၊ အာဃာတ လွတ်အောင် ဆင်ခြင်ရပါတယ်။ သိပ္ပံဘာသာအရ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမဲ့ ငြင်းပယ်လို့ မရတာတွေ တပုံတခေါင်းရှိတယ်။

အမေးကိုဖြေရာမှာ တခြားပုဂ္ဂိုလ်တွေ ထောက်ပြသတိပေးတာနဲ့ ကျားကူပါရစေ။
၁။ အဖျားကျအောင်လုပ်တဲ့ နည်းတွေထဲက အန္တရာယ်အကြီးဆုံးကတော့ မက်ကလောင်ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။ (Dr. Junior)

၂။ မြင်းနီပျံ အမှတ်တံဆိပ်၊ မက်ကလောင် အဖျားဖြတ်ဆေးကြီး၊ နမ့်ခမ်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး တို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ (လျှပ်တစ်ပြက် ဂျာနယ် Vol2 No.53 မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ)

၃။ သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး မိဘတွေရဲ့ အဓိကမှားယွင်းမှုကို သိချင်ပါတယ်။ မက်ကလောင် ဖောက်တာပါ။ ကလေးရဲ့ လက်ထိပ်ကလေးတွေကို အပ်နဲ့ဖောက်ပေးလိုက်ရင် လန်းသွားမယ် ဆိုကြတယ်။ အရမ်း မှားယွင်းပါတယ်။ သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ နောက် မှားယွင်းနေတဲ့ အချက် တစ်ချက်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းကြတာပါ။ သွေးလွန်တုပ်ကွေးဆိုတာ
 သွေးကြောနံရံတွေကို သွေးရည်ကြည်တွေ စိမ့်ထွက်စေတယ်။ ဒါပေမယ့် ငါးရက် ကျော်ရင် သွေးကြောထဲ အလိုလို ပြန်ဝင်လာတယ်။ မသိဘဲ အပြင်ကနေ သွေးတွေကို ထပ်ထည့်ရင် သာမန်ထက် လွန်ကဲတဲ့အတွက် ရုတ်တရက် နှလုံးခုန်ရပ်သွားတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တိုင်း အရမ်း သွေးမသွင်းရပါဘူး။ ခန္ဓာကိုယ်ထဲက အရည် အပြင်ကို ဘယ်လောက် ထွက်သွားလဲဆိုတာ ချိန်ဆပြီး မှန်းရပါမယ်။ အရမ်းမလုပ်ပါနဲ့။ ကျွန်တော်တို့ ကလေး ဆေးရုံကြီးမှာ ခန္ဓာကိုယ်က ရေဘယ်လောက် စိမ့်ထွက်သွားလဲဆိုတာ တိုင်းတာတဲ့စက်တွေ ရှိပါတယ်။ (မြန်မာတိုင်း (မ်) အတွဲအမှတ် ၂၄၊ အမှတ် ၄၇ဝ)

၎။ အပူကြီးရင် အပူချပေးဖို့ လိုတယ်။ အပူချဖို့က ပါရာစီတမောက လွဲလို့ ဘာမှမသုံးသင့်ဘူး။ အကိုက်အခဲ ပျောက်ဆေး သုံးရင် သွေးယိုတာ ဖြစ်နိုင်ပါတယ်။ မက်ကလောင် ဖောက်တာလည်း မလုပ်သင့်ဘူး။ မက်ကလောင်က ပိုးဝင်ပြီး သွေးဆိပ်တက်ပြီးဆုံးနိုင်ပါတယ်ဟု အဆိုပါ ကလေးအထူးကုဆရာဝန်ကြီးကပြောကြားခဲ့သည်။ (Eleven Media Group)

ကျွန်တော့်အမြင် -
မက်ကလောင်လုပ်တာ ဘာကောင်းသလဲ။ လက်တွေ့ စမ်းသူတွေက ရောဂါသက်သာတယ်လို့ ပြောကြတာတွေ အသေအချာရှိမှာပါ။ ပူအောင်လုပ်ပေးရင် နာတာကိုသက်သာစေတယ်လို့ ဆေးပညာက လက်ခံပါတယ်။ သုတေသန လုပ်ရင် ရာနှုန်းများများ သက်သာတယ်ဆိုယုံနဲ့တော့ မရသေးပါ။ အပူချိန်ကိုတော့ ပြဒါးတိုင်နဲ့ တိုင်းလို့ရပေမဲ့ နာ-မနာကို တိုင်းစရာ မရှိပါ။ သက်သာတယ်လို့ ပြောတာက စိတ်ရဲ့အဆုံးအဖြတ်တခု ဖြစ်တယ်။ အနည်းဆုံးတော့ ငါ ကုသမှုတခု ခံယူလိုက်ပြီ၊ သူများတွေ ဒါလုပ်ရင်သက်သာတယ်လို့ ကြားဘူးတယ်ဆိုတဲ့ ယုံကြည်မှုကနေပါ သက်သာရာ ရစေနိုင်သေးတယ်။ သက်သာတယ် ထင်မှတ်လက်ခံရင် ကုသမှုရဲ့ ရည်ရွယ်ချက်ပြည့်တယ်လို့ ပြောရတော့မှာပါ။ မက်ကလောင် ခြစ်လို့၊ ဖေါက်လို့၊ လူရဲ့သွေးမှာ ဘာတွေထူးခြား ပြောင်းလဲစေသလဲ၊ ဘာ့ကြောင့်လဲ၊ စတာတွေပါ လေ့လာရပါအုံးမယ်။

သွေးထွက်အောင် ဖေါက်-ခြစ်တဲ့အတွက်ကတော့ သွေးလွန်တုပ်ကွေးမှာ ပိုဆိုးစေမှာ အမှန်ပါ။ ရောဂါကြောင့်လား၊ ဒါ့ကြောင့်လား အခွဲရခက်စေတယ်။ မက်ကလောင်အစွမ်းကြောင့် သွေးထွက်ရောဂါရှိနေသူဆိုရင် သွေးပိုထွက်စေပါမယ်။ တခြားပိုးတွေဝင်နိုင်တာလည်းပါတယ်။ ဆေးကုသတာမှာ ဒါနဲ့တင်ပြီးပြီလို့ ထင်မှတ်စေအုံးမယ်။ ကိုယ့်ဆေးပညာ မဟုတ်လို့ အပြစ်ပြောတာမဟုတ်ပါ။ Artesunate, Artemether ဆေးတွေဟာ တရုပ်တိုင်းရင်းဆေးက လာတာပေမဲ့ ငှက်ဖျားဆေးကောင်းတွေလို့ ဆေးပညာရှင်တွေကပါ သုတေသနလုပ်လက်ခံပြီး၊ တကမ္ဘာလုံးသုံးနေကြပါတယ်။ မက်ကလောင်ကိုတော့ လက်မခံပါ။

မက်ကလောင်နည်းကို Folk medicine သာမန်လူတွေ၊ ဒေသခံလူတွေရဲ့ဆေးနည်းလို့ ဆိုနိုင်ပါတယ်။ တရုပ်လို Gua Sha, Pinyin ခေါ်တယ်။ Scrape away fever အဖျားကို ခြစ်ထုတ်ပြစ်နည်းလို့ ဆိုပါတယ်။ ဗီယက်နမ် တွေကတော့ Scrape wind လေကို ခြစ်ထုတ်တာနဲ့၊ အင်ဒိုနီးရှားမှာလဲ Scraping technique ခြစ်နည်းပဲခေါ်တယ်။

တကယ်တန်း တရုပ်တွေလုပ်တဲ့ မက်ကလောင်နည်းကတော့ (ကြွေ) ဇွန်းနဲ့ဖြစ်ဖြစ် ပိုက်ဆံစေ့အဟောင်းနဲ့ဖြစ်ဖြစ်၊ တိရစ္ဆာန် (ကျွဲ) အရိုး-ချိုနဲ့ဖြစ်ဖြစ်၊ ကျောက်စိမ်းနဲ့ဖြစ်ဖြစ်၊ အရေပြားကို ဆက်တိုက်ခြစ်ပေးတယ်။ အရေပြားကို ထိတဲ့ နေရာက အသွားခပ်တုံးတုံး ဖြစ်ရတယ်။ ဆီတခုခုနဲ့ သုတ်ပြီးမှ ခပ်တင်းတင်းဖိပြီး၊ ကြွက်သား အောက်ဖက်ဆီကို ဖိ-ခြစ် ပေးရတယ်။ တကယ်လို့ ပင်ပန်းနွမ်းလျှတဲ့ လူနာဆိုရင် ချင်း(ဂျင်း) မြစ်ကို ခေါင်ရည်မှာ စိမ်ပြီး၊ ခါးရိုးမှာ အထက်ကနေ အောက်ဖက်ဆီလိမ်းပေးတယ်။ အပ်စိုက်နည်းမှာပါတဲ့ Acupuncture meridians မျဉ်းတွေအရ လုပ်ရတယ်။ မျဉ်းတွေဟာ ၄-၆ လက္မ အရှည်ရှိရတယ်။ အရေပြားအောက်က သွေးကြောမျှဉ်သေးသေးလေးတွေကနေ သွေးခြည်ဥ လာလိမ့်မယ်။ များတဲ့နေရာမှာ အရေပြားအောက်မှာ ပိုကြီးတဲ့သွေးယိုတာ ဖြစ်လာမယ်။

၂-၄ ရက်ကြာမှာ မှေးမှိန်သွားပါမယ်။ နာတယ်ထင်ရပေမဲ့ မနာဘူးတဲ့။ ရောဂါသက်သာတယ်လို့ ခံစားလာမယ်တဲ့။ အဖျား၊ ခေါင်းကိုက်၊ နာတာ၊ ကြွက်သား-အကြော ထိခိုက်တာ၊ အပူဒဏ်-အအေးဒဏ်ကြောင့် အားယုတ်တာ၊ အစာမကျေ၊ ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ ဆီးလမ်းနာ၊ မွေးလမ်းနာ၊ အစာဆိပ် သင့်တာတွေအတွက် ဒီဆေးကုနည်းကို သုံးရပါသတဲ့။

နောက်တနည်းကို Ba Sha ခေါ်တယ်။ Pull out fever အဖျားထုတ်ပစ်နည်းပါ။ အရေပြားကို သွေးခြည်ဥအောင် အထိ ကုပ်ဆွဲပေးနည်း ဖြစ်တယ်။ များသောအားဖြင့် အရွတ်ကြော၊ နဖူးအလယ်ခေါင်နေရာတွေမှာ လုပ်ကြတယ်။

၂ဝဝ၁ ကရိုက်တဲ့ The Treatment ရုပ်ရှင်တကားရှိတယ်။ အမေရိကရောက်နေတဲ့ ကလေးတွေဆီ လာလယ်တုံး၊ မြေးကလေး ကိုယ်ပူတော့ တရုပ်အဖိုးကနေ Gua Sha နည်းနဲ့ ကုပေးတယ်။ ကလေးမှာ သွေးခြည်ဥနေတဲ့ အခြစ်ရာ အစင်းအစင်းတွေတွေ့တော့ Child abuse ကလေးကို တလွဲလုပ်တယ်လို့ အထင်မှားခံရပြီး၊ ဒုက္ခအကြီးအကျယ် ရောက်ကြရတယ်။

ဘာဘဲဖြစ်ဖြစ် ငှက်ဖျားကို ငှက်ဖျားဆေးမသောက်ပဲ၊ လိုအပ်ရင်မထိုးပဲနဲ့တော့ ဟိုနည်းဒီနည်းမလုပ်ပါနဲ့။ ဦးနှောက်ထဲ ပိုးရောက်ရင် ကျောက်စိမ်းနဲ့ ခြစ်လို့လည်းရတော့မှာမဟုတ်ပါ။
 သွေးလွန်တုပ်ကွေး ဖြစ်နေချိန်မှာလည်း လက်ရှောင်ကြပါ။ သွေးကတဆင့်ကူးစက်တဲ့ HIV ပိုး၊ အသဲရောင် (စီ) ပိုး၊ (ဘီ) ပိုးတွေက ကုသရခက်ခဲလွန်းတာ သတိပြုပါ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe

Supernumerary nipple နို့သီးအပို


ဆရာ ကျမအသက် ၃ဝ ပါ။ ကျမ ညာဘက်ဂျိုင်းနဲ့ ညာဘက်ရင်သားဘေးမှာ အကျိတ်လေးရှိပါတယ်။ လစဉ်တိုင်း ဓမ္မတာလာရင် အကျိတ်က နာသလိုလိုနဲ့ ကြီးလာပါတယ်။ ဓမ္မတာလာပြီးရင် ပြန်သေးသွားပြီးမနာတော့ပါဘူး။ အကျိတ်က လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ထဲက ရှိနေတာပါ။ ရန်ကုန်မှာတော့ အသက် ၂ဝ လောက်က လမ်း ၃ဝ မှာ မန်မိုဂရမ် ရိုက်ဖူးပါတယ်။ ဘာမှ မတွေ့ရပါ။ ဆရာ့ post တွေထဲက ရင်သားကင်ဆာအကျိတ် စမ်းသပ်ပုံတွေဖတ်ပြီး ဒီအကျိတ်ကို သံသယဖြစ်မိပါတယ်ရှင့်။ ကျမ ရင်သားကင်ဆာ စစ်ချင်ပါတယ်။ ဘယ်လိုဆရာဝန်နဲ့ ပြရမလဲ။ ဂျိုင်းကအကျိတ်ကိုရော ခွဲထုတ်ပစ်ဖို့လိုလားဆိုတာ လမ်းညွှန်ပေးပါနော်။ ကျမစာမှာ မကြိုက်တာ အမှားအယွင်းပါရင် ခွင့်လွှတ်ပေးပါဆရာ။ အမြဲလေးစားလျှက်ပါ။

ထပ်မမေးပဲ၊ မမြင်ရ မစမ်းရပဲ ထင်တာကိုပြောပါမယ်။ တတိယနို့ခေါ်တာဖြစ်နိုင်တယ်။

မွေးရာပါ တတိယနို့ကို Supernumerary nipple, Third nipple, Accessory nipple လို့လဲခေါ်ပါတယ်။ နို့သီးလို့ သုံးနှုန်းပါတယ်။ လူအပါအဝင် နို့တိုက်သတ္တဝါတွေမှာ ပုံမှန်ရှိရမဲ့အရေအတွက်ထက် ပိုနေတာမျိုးပါ။ မိန်းမတွေမှာ ၅ဝ မှာ ၁ ယောက်နဲ့ ယောက်ျား ၁၈ ယောက်မှာ ၁ ယောက်ရှိတယ်။ သန္ဓေဘဝကတည်းကရှိနေခဲ့နိုင်တယ်။ ရုတ်တရက်ကြည့်ရင် မှည့်လိုလို၊ အရေးအကြောင်းလိုလို မြင်ရတယ်။

နို့သီးရှိနိုင်တဲ့နေရာကို ဒေါင်လိုက်မျဉ်းနဲ့သတ်မှတ်ထားတယ်။ ချိုင်းတခုစီကနေ အောက်ဖက်ကို ပုံမှန်နို့နေရာကိုဖြတ်ပြီး ပေါင်ခြံအထိ တန်းနေတယ်။ Milk lines တွေလို့ခေါ်တယ်။ အဆင့် (၈) မျိုးရှိတယ်။ နို့ထွက် 'ဂလင်း'၊ နို့အဝိုင်း၊ အဆီ၊ အမွှေးတစ်ရှူးတွေပါတာ မတူကြပါ။ နို့သီးသာမက တခါတလေမှာ နို့ (တစ်ရှူး) တွေရောပါတာကို Polymastia လို့ခေါ်တယ်။ အဲတာမှာ နို့ထွက်အိတ်လေးတွေရှိနေရင် ကလေးမွေးပြီးတော့ နို့ရည်ပါထွက်နိုင်တယ်။

ဒေလီတုံးက ယမုန်နာဆေးခန်းမှာ ၂-၃ ယောက်တွေ့ခဲ့တယ်။ ထွက်မလာခင်က တယောက်လာပြသေးတယ်။ ချိုင်းနှစ်ဖက်လုံးမှာရှိတယ်။ ညာဘက်က ၂ လက္မပါတ်လည်ရှိတယ်။ ဘယ်ဘက်က နည်းနည်းသေးတယ်။ အဲဒီနို့အပိုဟာ ပုံမှန်နို့တွေမှာ ပြောင်းလဲမှုရှိရင် လိုက်ပြောင်းတယ်။ ရာသီရက်တွေမှာ တင်းမယ်၊ နာမယ်။ ကလေးနို့တိုက်ချိန်မှာ တင်းပြီး ကြီးလာတယ်။

အဲတာရှိနေပေမဲ့ စိုးရိမ်စရာမရှိပါ။ ဒါပမဲ့ ရင်သားကင်ဆာ သီအိုရီအရဖြစ်နိုင်တယ်။ ခွဲစိတ်ထုတ်ပြစ်နိုင်ပါတယ်။ ကံဆိုးသူတချို့မှာ တခြားမွေးရာပါရောဂါ တွဲရှိတတ်တယ်။ ဥပမာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ။ နို့သီးအပိုက ပေါင်ခြံနေရာမှာရှိပြီး Paget's disease ရောဂါဖြစ်တာလဲရှိတယ်။ ဘယ်လိုမှမနေရင် ဘာမှမလုပ်ဘဲနေလို့ရတယ်။ ပြောင်းလဲမှုကိုတော့ ဂရုစိုက်နေပါ။

နာမည်ကြီး (ဂျိမ်းစ် ဘွန်း) ရုပ်ရှင် The Man with the Golden Gun ထဲက ဗီလိန်အဖြစ်သရုပ်ဆောင်သူ Scaramanga မှာလည်း တတိယနို့သီးပါတယ်။

စာထဲမှာပါတာ မတွေ့ဘူးပေမယ့် ဘယ်ရောညာရောချိုင်းမှာပါပါတဲ့ လူနာတွေ့ဘူးတယ်။ စတုတ္ထနို့သီးနဲ့ အမျိုးသမီး။

ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၅
https://www.facebook.com/pages/Dr-Tint-Swe

လူတွေကြား အလွယ်တကူ ပျံ့နှံ့လာနိုင်တဲ့ တောင်ကိုရီးယားက မားစ်ရောဂါ




တောင်ကိုရီးယားမှာလက်ရှိ လူ ၁၄ ယောက်ကို သေစေခဲ့ပြီး လူ အယောက် ၁၄၀ ခန့်ကို ကူးစက်စေခဲ့တဲ့ မားစ် ရောဂါ ( MERS) ဟာ ဆေးရုံတွေရဲ့ အပြင်ဘက် ပိုမိုကျယ်ပြန့်တဲ့ လူ့ပတ်ဝန်းကျင်ထဲကို ပျံနှံ့သွားခြင်းမရှိသေးပဲ လူသားတွေကြားထဲကို အလွယ်တကူ ပျံ့နှံ့ လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဆိုပါတယ်။

WHO နဲ့ ကိုရီးယာားက ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ ထို ဗိုင်းရပ်စ် ပျံ့နှံ့နေပြီလို့ပြောလို့ရတဲ့ သက်သေမရှိသေးပဲ ဆေးရုံ လူနာတွေ ၊ လူနာစောင့် မိသားစုဝင်တွေနဲ့ ဆေးရုံဝန်ထမ်းတွေ ကြားထဲမှာပဲ ကူးစက်မှု ရှိနေသေးတယ်လို့ သိရပါတယ်။

"လူတွေပြည့်နေတဲ့ အရေးပေါ် လူနာခန်းတွေ ၊ ဆေးရုံ ထဲကနေရာ တွေဟာ သာမန်အားဖြင့် လူတွေကြားမှာ ပျံ့နှံ့ မှု နည်းတဲ့ မားစ် ဗိုင်းရပ်စ် ကို ထင်ထားတာထပ် ပိုမို ကျယ်ပြန့်စွာ ပျံ့နှံ့သွားစေနိုင်တယ်လို့ WHO ရဲ့ လက်ထောက်ဒါရိုက်တာ Keiji Fukuda က ဆိုပါတယ်။

ဒါဟာ ကိုရီးယားနိုင်ငံမှာ ရှိတဲ့ "Doctor Shopping" လို့ အမည်ပြောင်ခေါ်ဝေါ်နိုင်တဲ့ တူညီတဲ့ ကူးစက်ရောဂါ တစ်ခုကို ဆေးခန်းအမျိုးမျိုး မှာ ကုသချင်တဲ့ အမူအကျင့် တွေ ၊ ဆေးရုံတက်နေတဲ့ လူနာဆီကို သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ အများကြီးလာရောက်ကြည့်ရှု လေ့ရှိတဲ့ အမူအကျင့် တွေ ကြောင့် ပျံ့နှံ့ လွယ်စေတာ ဖြစ်တယ်လို့လည်း Keiji Fukuda က ဆိုထားပါတယ်။

လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါ ပျံ့နှံ့မှုဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပျံ့နှံ့ခဲ့စဉ်က အစီအစဉ်အတိုင်း တူညီနေပြီး လက်ရှိအချိန်အထိ အထပ်ထပ် ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအရတော့ လူသားတွေအကြားကို ထိုဗိုင်းရပ်စ် ပျံ့နှံ့မှု မြင့်တက်လာဖွယ် အထောက်အထား တွေမရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ မားစ်ရောဂါကြောင့် တောင်ကိုရီးယားနိုင်ငံမှာ သေဆုံးသူ ၁၄ ယောက် ရောဂါကူစက်ခံရသူ ၁၄၀ ယောက်ရှိနေပါတယ်။ ထိုရောဂါ ကူးစက်ခံရသူတွေထဲမှာလည်း ၁၆ ယောက်ခန့်က စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်းသိရပါတယ်။

တောင်ကိုရီးယားမှာရှိတဲ့ စာသင်ကျောင်းပေါင်း ၂၉၀၀ နဲ့ ဆေးရုံ ၂ ခုတို့ကိုလည်း မားစ်ရောဂါ မပျံ့နှံ့ လာစေရန် ယာယီအားဖြင့် ပိတ်ထားတယ်လို့ သိရပါတယ်။ 

မားစ်ရောဂါဟာ အသက်ရှုခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေက ကူးစက်လာတာဖြစ်ပါတယ်။ ဥပမာပြောရရင်တော့ ချောင်းဆိုးခြင်းလိုမျိုးကနေ ကူးစက်နိုင်ပြီး ဖျားနာခြင်း ၊ အသက်ရှုခြင်းဆိုင်ရာ ပြသနာများ ၊ နူမိုးနီးယား နဲ့ ကျောက်ကပ် ဆုံးရှုံးရတဲ့ သက်ရောက်မှုတွေ ကို ဖြစ်စေနိုင်ပါတယ်။ တောင်ကိုရီးယား က မားစ်ရောဂါကြောင့် သေဆုံးသူအများစုဟာ မူလ ဖြစ်နှင့်ထားတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ နဲ့ ကင်ဆာရောဂါတွေ ကနေ တစ်ဆင့် မားစ် ရောဂါ ကိုပါ ကူးစက်ခံစားလိုက်ရတဲ့ အတွက် သေဆုံးသွားကြတာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : FoxNews

လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာ သွေးထဲမှာ အဆိပ်မိခြင်းကို ဖြစ်ပေါ်စေနိုင်



International Journal of Sports Medicine နဲ့ Exercise Immunology Reviews စာစောင်တွေမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုတွေကို သြစတြေးလျနိုင်ငံ Monash တက္ကသိုလ် ၊ Nutrition and Dietetics ဌာနမှ ဒေါက်တာ Ricardo Costa က ဦးဆောင်လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

သွေးမသန့် ခြင်းကို ဖြစ်ပေါ်စေပြီး Sepsis လို့လည်း လူသိများတဲ့ သွေးထဲမှာ အဆိပ်မိခြင်း ( Blood Poisoning )  ဟာ ရောဂါမှ ကင်းလွတ်ပြီးဖြစ်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ သွေးကြောထဲကို စိမ့်ဝင်တဲ့အခါမှာ ဖူးရောင်မှုတွေကို အလွန်အကျွံ တုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီနောက်မှာတော့ သွေးခဲတွေ နဲ့ သွေးကြော ယိုစိမ့်မှု ကို ထပ်မံ ဖြစ်ပေါ်စေနိုင်ပါတယ်။

ရောဂါထိန်းချုပ်မှု နဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ပြောကြားချက်တွေအရ  အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ပြည်သူ ၁ သန်းကျော်ခန့်ဟာ နှစ်စဉ် သွေးထဲမှာ အဆိပ်မိခြင်း ( Sepsis ) ကို ရင်ဆိုင်နေရပါတယ်။ အဲဒီ လူဦးရေ ရဲ့ ၂၈ ကနေ ၅၀ ရာခိုင်နှုန်း ခန့်ဟာ ထို အခြေအနေ ကနေ ပဲ သေဆုံးသွားကြတာတွေလည်း ရှိပါတယ်။

မွေးကာစကလေးတွေ ၊ ကလေးငယ်တွေ ၊ အသက် ကြီးသူတွေ ၊ ကင်ဆာ နဲ့ အေအိုင်ဒီအက်စ် တို့လို ရောဂါကြီးကြီးမားမား ဖြစ်နေသူတွေ ဟာ လောင်ကျွမ်းမှု အမျိုးမျိုးကို ခံစားရပြီး ကိုယ်ခန္ဓာ ခုခံအား စနစ် အားအနည်းဆုံး အချိန်ဖြစ်နေတဲ့အတွက် Sepsis ဖြစ်စေဖို့ အခွင့်အလမ်းတွေ က အမြင့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။

ဒေါက်တာ Costa နဲ့ အဖွဲ့ကတော့ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်း ဟာလည်း Sepsis ဖြစ်စေဖို့ အခွင့်အလမ်းအများဆုံး ဖြစ်တယ်ဆိုတာကို သုတေသန ပြုလုပ်ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံသားတွေအတွက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လမ်းညွှန်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာ ထိန်းချုပ်ပြီး လှုပ်ရှားရတဲ့ အေရိုးဗစ် ကစားခြင်းမျိုးကို တစ်ပတ်မှာ အနည်းဆုံး ၁၅၀ မိနစ် နဲ့ ဖြတ်ဖြတ်လတ်လတ် လှုပ်ရှားရတဲ့ အေရိုးဗစ် ကစားခြင်းမျိုးကို တစ်ပတ်မှာ ၇၅ မိနစ် ခန့် လုပ်ပေးသင့်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ကျွန်ုပ်တို့အများစု ဟာ ထို လမ်းညွှန်ကို ရောက်ရှိနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြပဲ တစ်ချို့ကတော့ ဆန့်ကျင်ဘက်လုပ်ရပ် ဖြစ်နေတဲ့ လေ့ကျင့်ခန်း အလွံအကျွံ လုပ်ခြင်းကို ရောက်ရှိနေကြပါတယ်။

ဒေါက်တာ Costa ရဲ့ ပြောကြားချက်အရ  ၁ နေ့ကို လေ့ကျင့်ခန်း ၄ နာရီထက်ပိုလုပ်ခြင်းဟာ အလွန်အကျွံ ဖြစ်သွားပါပြီ။ မာရသွန် လိုမျိုး အလွန် အကျွံ ကြိုးစား ယှဉ်ပြိုင်ရတဲ့ ပွဲတော်တွေမှာ ပါဝင်တဲ့သူတွေဟာ ၁ နေ့ကို လေ့ကျင့်ခန်း ၄ နာရီ လောက်လုပ်ရင်း ပြိုင်ပွဲ ၀င်ဖို့ လေ့ကျင့်ရတဲ့အတွက် ခန္ဓာကိုယ်တွင်း အပူချိန်တွေကို မြင့်မားလာစေကာ ခန္ဓာကိုယ်ပေါ် အပို အားစိုက်မှု တွေ ကျရောက်လာစေနိုင်ပါတယ်။

အဲဒီ လို မာရသွန်အားကစားသမားတွေကို လေ့ကျင့်ခန်း အလွန်အကျွံလုပ်ပြီးပြီးချင်း သွေး နမူနာ ယူကာ စစ်ဆေးကြည့်တဲ့အခါမှာတော့ Sepsis ရောဂါ ကြောင့် ဆေးရုံရောက်သွားတဲ့ လူနာတွေရဲ့ သွေးနမူနာ နဲ့ တူညီတဲ့ အမှတ်အသားတွေ ရှိနေတာကိုတွေ့ရမှာပါ။

( Mario ) 

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

အနာဂါတ်တွင် သွေးတိုးကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်နိုင်ဖွယ်ရှိ။


 ကမ္ဘာပေါ်တွင် သွေးတိုးရောဂါ ခံစားနေရသူဦးရေ သန်းပေါင်းများစွာ ရှိပြီး သွေးထိန်းဆေးကို နေ့ စဉ်
 သောက်သုံးနေရ သူများ ဖြစ်ရာဝယ် အမေရိကန်နှလုံးအသင်းက ကာကွယ်ဆေးတစ်မျိုးကို စမ်းသပ်လျက်ရှိပြီး အောင်မြင်သွားပါက သွေးတိုးရောဂါကို အနဲဆုံး ၆-လ ကာကွယ်ပေးသွားနိုင်မည်
 ဖြစ်ကြောင်း သိရသည်။

သွေးတိုးရောဂါရှိသူတွေအတွက် အသုံးပြုပေးနိုင်တဲ့ ဆေးဝါးခြင်း မတူသလို သူတို့ သွေးတိုးရတဲ့ အကြောင်းရင်း အကြောင်းခံတွေလည်း ကွဲပြားခြားနားပြီး ခံစားရပုံခြင်းလည်း ကွာခြားပါတယ်။ သေခြာတာကတော့ နေ့ စဉ် ဆေး သောက်နေရတာရယ်၊ နှလုံးကြီးလာနိုင်တာရယ်၊
 လေဖြတ်နိုင်တာရယ် တို့ ပဲ ဖြစ်ပါတယ်။

အခုလို သွေးတိုး ကာကွယ်ဆေးကိုသာ ထုတ်လုပ်သုံးစွဲနိုင်မယ်ဆိုရင် သွေးတိုးလူနာတွေအတွက် အများကြီးပိုပြီး အကျိုးရှိလာနိုင် ပါတယ် ဟု ဂျပန်နိုင်ငံ၊ အိုဆာကာဆေးတက္ကသိုလ်မှ ဒေါက်တာ ဟီရိုနိုရီနာကာဂါမီ က ပြောပြသည်။

ခန္ဓာကိုယ်ထဲမှာ Angiotensin II ဟိုမုန်းထွက်ပါတယ်။ ဒီဟိုမုန်းက သွေးကြောတွေကို တင်းစေပါတယ်။ သွေးကြော တင်းတော့ သွေးစီးနိုင်တဲ့လမ်းကြောင်းကလည်း ကျဉ်းသွားပါတယ်။ အဲဒီအချိန်မှာ သွေးဖိအား မြင့်တက်သွားပြီး နှလုံးက အလုပ်ပိုလုပ်ရပါတယ်။ ဒီ Angiotensin II ဟိုမုန်းကို ထုတ်လုပ်ပေးတဲ့ DNA ကို ထိန်းချုပ်နိုင်မယ်ဆိုရင် သွေးမတိုးတော့ဘူးပေါ့ ဟု နာကာဂါမီ က ဆက်လက်ရှင်းပြသည်။

လေ့လာဆန်းစစ်မှုတွင် သုတေသီများက သွေးတိုးတတ်သောကြွက်များကို ၂-ပတ်လျှင် ၃-ကြိမ်နှူန်း ကာကွယ်ဆေး ထိုးပေးခဲ့ရာ ကြွက်များသည် ၆ လ လုံးလုံး သွေးမတက်တော့သည့်အပြင် သွေးကြောမာခဲခြင်းကြောင့် နှလုံးအလုပ် ပိုလုပ်ရသည့်အတွက် နှလုံးတစ်ရှူးပျက်စီးမှုကိုလည်း သိသာထင်ရှားစွာ ထိန်းထားနိုင်ခဲ့ကြောင်း၊ အသည်းနှင့် ကျောက်ကပ်များကိုလည်း ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း တွေ့ ရှိခဲ့ရကြောင်း သိရသည်။

သမားရိုးကျ သွေးကျဆေးများသည် သွေးကြောများကို ပြန်လည်ပျော့ပြောင်းစေပြီး သွေးစီးဆင်းအားကို မှန်ကန် ကောင်းမွန်စေကာ သွေးပေါင်ချိန်ကို လျော့ချခြင်းဖြစ်ရာဝယ် ရေရှည်ခံသော အကျိုးသက်ရောက်မှုမရှိသည့်အတွက် နေ့ စဉ် ဆေးသောက်ပေးရခြင်း၊ ဆေးသောက်ထားလျင်လည်း
 သွေးတိုးနိုင်သေးခြင်း တို့ ကို ခံစားရနိုင်ကြောင်း၊ ယခု တွေ့ ရှိထားသော ကာကွယ်ဆေးသည်မူ ၆လလုံးလုံး သွေးလုံးဝမတိုးအောင် သွေးတိုးစေသည့် ဟိုမုန်းကို ထုတ်လုပ်မည့် DNA အား ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်
Lashio News Diary
https://www.facebook.com/lashio.news.city

ကဖင်းဓါတ်လွန်ကဲခြင်းနှင့် ကျန်းမာရေးအန္တရယ်ကို အီးယူထုတ်ပြန်


တစ်ရက်လျှင် Espresso ကော်ဖီ ၅ ခွက်ထက်ပို၍ သောက်သူများတွင် ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်သော ဆိုးကျိုးများကို ခံစားရနိုင်မည်ဖြစ်ကြောင်း ဥရောပ အစားအစာဘေးအန္တရယ်ကင်းရှင်းရေး အာဏာပိုင်များ (EFSA) က သတိပေးချက် ထုတ်ပြန်ထားသည်။

ကော်ဖီအသောက်များခြင်းကြောင့် ကဖင်းဓါတ်လွန်ကဲပြီး နှလုံးပြဿနာ၊ အိပ်မရသည့်ပြဿနာ၊ ဇောချွေးပြန်ကာ အသက်ရှူမ၀ဘဲ ရင်တလှပ်လှပ်ခုန်သည့် ပြဿနာများကို ခံစားရနိုင်ကြောင်း၊ ယခုအခါ ကော်ဖီကို အထိန်းအကွပ် မရှိ သောက်နေကြကြောင်း၊ ထို့ အပြင် ကဖင်းသည် ကော်ဖီတစ်မျိုးတည်းမှ ရနိုင်သည်မဟုတ်ဘဲ ကဖင်းရင်းမြစ် အမျိုးမျိုးရှိကြောင်း EFSA မှ တာဝန်ရှိသူများက ပြောသည်။

ကော်ဖီဟာ နေ့ တစ်နေ့ ရဲ့  အရေးပါတဲ့ လန်းဆန်းအစားအစာ ဖြစ်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ ချောကလက် တို့ အားလုံးမှာ ကဖင်းပါတာခြင်း တူပါတယ်။ ဒါတွေကို အရမ်းကာရော စားနေရင် ကဖင်းဓါတ်လွန်ကဲ ပြီး မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့  ကလေးငယ်တွေဟာ ကဖင်းဓါတ်ကို နဲနိုင်သမျှ နဲအောင် သုံးစွဲရမှာဖြစ်ပါတယ်ဟု EFSA မှ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။

ကျန်းမာရေးကောင်းမွန်သော အရွယ်ရောက်ပုဂ္ဂိုလ်များအနေဖြင့် တစ်ရက်လျှင် ကဖင်း ၄၀၀ မီလီဂရမ်ကို အန္တရယ် တစ်စုံတရာမရှိဘဲ သောက်သုံးနိုင်သော်လည်း ယင်းပမာဏထက်ပို၍ သောက်သုံးနေကြသူများ ရှိနေကြောင်း၊ ဒိန်းမတ်တွင် စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံက ကော်ဖီအသောက်လွန်ကဲနေပြီး နယ်သာလန်တွင် ၁၇ ရာခိုင်နှူန်း၊ ဂျာမနီတွင် ၁၄ ရာခိုင်နှူန်းခန့် က အန္တရယ်ကင်းအဆင့်ထက်ပိုသော ကဖင်းဓါတ်ကို သုံးစွဲနေကြကြောင်း မှတ်တမ်း များအရ သိရသည်။

မနက် ၁၁ နာရီမှာ ချောကလက်တစ်တောင့်စားပြီး နေ့ လည်စာမှာ Espresso သောက်ပြီးတော့ ညနေ ၄ နာရီမှာ လက်ဖက်ရည် ထပ်သောက်တဲ့အပြင် ညနေခင်းမှာ ကျွဲရိုင်းတစ်ဗူး သောက်သေးတယ်ဆိုရင် ကဖင်းဓါတ်လွန်ကဲမှု ကို မုချခံစားရမှာပါ ဟု EFSA မှ သုတေသီတစ်ဦးက ဥပမာဖြင့် ရှင်းပြသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်
Lashio News Diary
https://www.facebook.com/lashio.news.city

လုပ်ငန်းခွင်မှာ ခေါင်းကိုက်တဲ့အခါ

(၁) အလုပ်ပတ်ဝန်းကျင်ကိုပြုပြင်ပါ
ခေါင်းကိုက်စေတဲ့ အမွှေးနံ့၊ ရေမွှေး၊ ဆပ်ပြာစသည်တို့ကို ဖယ်ရှားပါ။ အလုပ်ထဲမှာ ကော်ဖီအလွန်အကျွံသောက်ခြင်းရှောင်ပါ။ ရေများများသောက်ပါ။ အစာစားချိန်ထက်မကျော်ပါစေနှင့်။ ကွန်ပျူတာမော်နီတာရှေ့မှာ အလင်းပြန်မှုလျှော့ချနိုင်တဲ့ မှန်တစ်ချပ်တစ်ဆင်ပါ။

(၂) ခေါင်းကိုက်ခြင်း၏ ကနဦးလက္ခ ဏာများကို သတိပြုပါ
အချို့ပုဂ္ဂိုလ်များ၌ ခေါင်းမကိုက်ခင် စိတ်တိုခြင်း၊ မူးဝေခြင်း၊ ပျို့ချင်အန်ချင်သလိုဖြစ်ခြင်း စသည်တို့ခံစားရတတ်သည်။ မိမိပင်ကိုယ် လက္ခဏာများအား ဂရုပြုမှတ်သားပြီး ခေါင်းမကိုက်ခင် အဆိုပါ ဝေဒနာများ ဖြစ်ပေါ်လာပါက ခေါင်းကိုက်ပျောက်ဆေးများ ကြိုသောက်ပါ။

(၃)တာဝန်လွှဲပြောင်းပါ
လုပ်ငန်းတာဝန်များကို တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်ရခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်စေပြီး ခေါင်းကိုက်စေသည်။ လုပ်ဖော်ကိုင်ဘက်အချင်းချင်းတာဝန် လွှဲပေးပါ။

(၄) ဆေးကုသမှုခံယူရန် လိုမလို စောင့်ကြည့်ပါ
ခေါင်းကိုက်ခြင်းကြောင့် အလုပ် မကြာခဏ ပျက်ကွက်သည့်အခါ၊ လုပ်ငန်းခွင်မှ မကြာခဏစောပြန်ရသည့်အခါ၊ အလုပ်တွင်အာရုံမစိုက် နိုင် သည့်အခါ ဆေးကုသမှုခံယူပါ။

(၅) အမြင်အာရုံ စမ်းသပ်မှုခံယူပါ
ခေါင်းကိုက်ခြင်းသည် မျက်စိ မှုန်ခြင်း၊ မျက်စိအားနည်းခြင်းကြောင့် လည်းဖြစ်လေ့ရှိသည်။ မျက်လုံးတစ်ချက်ချင်းစီ ပိတ်ပြီးအနီးအဝေးကြည့်ပါ။ မျက်လုံးတစ်ဖက်ဖက်က ပိုမှုန်နေပါသလား။ မျက်မှန် တပ်လိုက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာသက်သာလာပါလိမ့်မည်။

ဇော်ကို
Source:Health Central
Health Updates Journal

ကျန်းမာရေး အသိဖြင့် အစာအစားများကို စာသုံးကြပါစို့ လား


လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် ရွေးချယ်ပြီး စားသုံးတတ်ကြပါတယ်။ တချို့ကတော့ ဟိုဟာမစားချင်ဘူး၊ ဒီဟာနဲ့မတဲ့ဘူး ဆိုပြီး ဟိုအစာရှောင်၊ ဒီအစာရှောင်နဲ့ အစာနဲနဲပဲ စားတတ်ပါတယ်။

အဲဒီလို စားသုံးကြရာမှာ တွေ့ကရာစားတတ်သူတွေမှာ ၀မ်းပျက်တာ၊ ၀မ်းလျှောတာဖြစ်တတ် သလို၊ မိမိကြိုက်တတ်တဲ့ အစာ – အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် စားသုံးလေ့ရှိသူတွေမှာ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အစာရှောင်တတ်တဲ့ လူတွေမှာတော့ အာဟာရ ချို့တဲ့ တဲ့ရောဂါတွေရတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့် တခြားရောဂါတွေပါ ၀င်ရောက် လာနိုင်ပါတယ်။

ဒါကြောင့် မိမိနေ့စဉ်စားသုံးတဲ့ အစားအစာတွေကို မိမိအနေနဲ့ အားအင်ဖြစ်အောင်၊ ခန္ဓာကိုယ်သန်စွမ်းအောင်နဲ့ ရောဂါတွေမဖြစ်အောင် ရွေးချယ်စားသုံးတတ်ဖို့ လိုပါတယ်။

အစားအစာ တွေကို အဓိကအားဖြင့် အုပ်စု သုံးစုခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့ အားအင်ဖြစ်စေသောအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုနဲ့၊ ရောဂါကာကွယ်စေသောအုပ်စုတို့ ဖြစ်ပါတယ်။ အားအင်ဖြစ်စေတဲ့ အုပ်စုမှာ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင်၊ ပေါင်မုန့်၊ နံပြား၊ ထောပတ်၊ ဆီ၊ သကြား၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ပြီးတော့ အချိုဓာတ်ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ ဘီစကွတ် စတာတွေ ဖြစ်ပါတယ်။

နောက် ခန္ဓာကိုယ်ကြီးထွားစေတဲ့ အုပ်စုမှာတော့ အသား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေပါဝင်ပါတယ်။

ရောဂါကာကွယ်စေတဲ့ အုပ်စုမှာတော့ အသီးအရွက်အမျိုးမျိုးဖြစ်တဲ့ ကန်စွန်းရွက်၊ မုန်ညှင်း၊ ဟင်းနုနယ်၊ ဘူးညွန့်၊ ဒန့်သလွန်ရွက်၊ မြင်းခွာရွက် စတာတွေအပြင် ငှက်ပျောသီး၊ သင်္ဘောသီး၊ လိမ္စေ္မ်ာသီး၊ နာနတ်သီး၊ ရွှေဖရုံသီး စတဲ့ အ၀ါရောင်ရှိတဲ့ အသီးအနှံတွေနဲ့ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး၊ ဆီးဖြူသီး၊ ပဲပင်ပေါက် စတာတွေဖြစ်ပါတယ်။

အဲ့ဒီအစာအုပ်စုကြီးသုံးခုစလုံးကို နေ့စဉ် မျှတအောင် မှီဝဲသုံးဆောင်တတ်ဖို့လိုပါတယ်။ ဒါမှ ကျန်းမာသန်စွမ်းပြီး တော်ရုံတန်ရုံနဲ့ ရောဂါမဖြစ်ပွားနိုင်ပါဘူး။

မြန်မာလူမျိုးတွေ စားသုံးလေ့ရှိတဲ့ အစားအစာတွေဟာ အစာအုပ်စုသုံးခုစလုံး ပါဝင်ပါတယ်။ ဥပမာ – အသား ဟင်း (ဒါမှမဟုတ်) ပဲဟင်းတခွက်၊ အသီးအရွက်အရည်သောက်နဲ့၊ အတို့အမြှုပ်တို့ကို ထမင်းနဲ့စားသုံး ကြတဲ့ အတွက် အစာအာဟာရမျှပါတယ်။ အများအားဖြင့်တော့မြန်မာတွေဟာ အဆီနဲ့ အငန်ကို ပိုမိုစားသုံးကြပါတယ်။

အဆီ နဲ့ အငန်ကို အများအပြားနေ့စဉ်စားသုံးသူတွေဟာ သွေးတိုး၊ ဆီးချို ရောဂါတွေနဲ့ ဆက်စပ်မှုရှိပြီး အသည်းအဆီဖုံးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်ပွာနိုင်ချေ များပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာက TV ၊ ရေဒီယို စတာတွေကနေ အဆီနဲ့အငန်ဓာတ်ကို လက်ရှိစားသုံးနေသည်မှ ထက်ဝက် လျှော့ချရန် အသိပေးကြေငြာနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ စားသုံးနေတဲ့ အစားအစာတွေထဲမှာပါဝင်တဲ့ စွမ်းအင်ပမာဏကို kilo-calorie နဲ့တွက်ချက်ပါတယ်။ အလုပ်ကြမ်းလုပ်ရတဲ့ အရွယ်ရောက်ပြီး အမျိုးသားတယောက်အနေနဲ့ တနေ့ကိုလိုအပ်တဲ့ စွမ်းအင်ပမာဏက ၃၅၀၀ kilo-calorie လိုအပ်ပြီး အမျိုးသမီးဆိုရင် ၂၂၅၀ kilo-calorie လိုအပ်ပါတယ်။ ပုံမှန် သွားသွားလာလာ အလုပ်လုပ်တဲ့သူတွေမှာတော့ အမျိုးသားဆိုရင်၂၇၀၀ kilo-calorie လိုပြီး အမျိုးသမီးမှာ ၂၀၀၀ kilo-calorieလိုပါတယ်။ နားနားနေနေ နေရတဲ့လူတွေမှာတော့ အမျိုးသားဆိုရင် ၂၀၀၀ kilo-calorie လိုပြီး အမျိုးသမီးဆိုရင် ၁၆၀၀ kilo-calorie လိုပါတယ်။ ဒီလိုလိုအပ်တဲ့ calorie ပမာဏ ပြည့်မီအောင် အားအင်ဖြစ်စေတဲ့ အုပ်စုကို လုံလုံ လောက်လောက်စားပေးရပါမယ်။

ကျွန်တော်တို့နိုင်ငံက အစာရေစာပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ အာဟာရချို့တဲ့တာရှားပါတယ်။ ပေါများတာကတော့ အဆီအစိမ့် အစားများပြီး အ၀လွန်နေတဲ့ လူတွေပဲပေါပါတယ်။ ဒါပေမယ့် အချို့ ဗီတာမင်ချို့တဲ့တဲ့ လူတွေလဲရှိပါတယ်။ ဗီတာမင်ချို့တဲ့ တာဟာ လူကြီးတွေမှာ ဖြစ်ရင် ခံနိုင်ရည်ရှိလို့ ဗီတာမင်ချို့တဲ့ တဲ့ လက္ခဏာ သိပ်မတွေ့ရပေမယ့် ကလေးသူငယ်တွေမှာ ချို့တဲ့ရင်အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးနေတဲ့ ကလေးသူငယ်အရွယ်တွေမှာ အာဟာရကို ပြည့်ဝမျှတအောင် စားသုံးပေးဖို့ အရေးကြီးပါတယ်။

ဗီတာမင်တွေကို ခန္ဓာကိုယ်က မထုတ်လုပ်ပါဘူး။ ဗီတာမင်ကို ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေက ရပါတယ်။ လူတယောက်အသက်ရှင်ဖို့ အတွက် ခန္ဓာကိုယ်က ဗီတာမင်လိုအပ်ပါတယ်။ Vitamin ဆိုတဲ့ စကားကိုက Latin(လက်တင်)ဘာသာကနေ ဆင်းသက်လာပြီး Vita = အသက်၊ amine =ဖြစ်စေခြင်း (အသက်ရှင်ဖို့အတွက်မရှိမဖြစ်) လို့အဓိပ္ပာယ်ရပါတယ်။

လူတွေရဲ့ အဓိကလိုအပ်တဲ့ vitamin တွေကတော့ Vit A, Vit D, Vit E, Vit K ပြီးတော့ Vit B complex ရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ B1 ခေါ်သိုင်ယာမင်း၊ B2 ခေါ် ရိုင်ဘိုဖလေဗင်၊ B3 ခေါ် နိုင်ယာစင်ဓာတ်၊ B6 ခေါ် ပိုင်ရီဒေါက်စင်း၊ ဘိုင်အိုတင်၊ Folate, B12 နဲ့ Vitamin C တို့ဖြစ်ပါတယ်။ Vitamin A က အသည်း၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ငါးကြီးဆီ စတာတွေမှာပါဝင်ပါတယ်။ Vit A ချို့တဲ့ ရင် အဓိကအားဖြင့် မျက်စိကိုထိခိုက်ပါတယ်။ ညဘက်မျက်စိကွယ်ခြင်း (ကြက်မျက်သင့်) ရောဂါ စတင်ဖြစ်ပြီး နောက်ပိုင်း လုံးဝမျက်စိကွယ်တဲ့ အထိဖြစ်တတ်ပါတယ်။ အရေပြားမှာခြောက်သွေ့ခြင်း၊ အသားမာပေါ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။

Vit D ချို့တဲ့ ရင်တော့ အရိုးပျော့နာဖြစ်တတ်ပါတယ်။ Vit D က အဓိကအားဖြင့် နေရောင်ကနေ အရေပြားကို ထိရာမှ အရေပြားကနေ ခန္ဓာကိုယ်ထဲကို Vit D ဓာတ်ထုတ်ပေးပါတယ်။ ကြက်ဥဘဲဥ အနှစ်၊ ငါးကြီးဆီ၊ ထောပတ်၊ နို့စတာတွေမှာ Vit D အနည်းငယ် ပါဝင်ပါတယ်။ ကလေးတွေမှာ Vit D ချို့တဲ့ရင် နံရိုးလေးတွေက ပုတီးစေ့လေးတွေလို ဖြစ်လာပါတယ်။ ထိရင်နာတယ်။ စိတ်ကောက်လွယ်တယ်။ ခြေချင်းဝတ်၊ လက်ကောက်ဝတ် ရောင်လာတယ်။ ခေါင်းခွံ အရိုးမှာ ပျော့တဲ့ နေရာလေးတွေ စမ်းမိလာပါတယ်။ ခြေထောက်ခွင်လာပါတယ်။

Vit E ကတော့ဟင်းသီးဟင်းရွက်ဆီနဲ့ ကောက်ပဲသီးနှံတွေမှာ အများအပြားပါပါတယ်။ Vit E ကခန္ဓာကိုယ်ရဲ့ အဓိက cell တွေကိုထိန်းသိမ်းပါတယ်။ Vit E ချို့တဲ့တာရှားပါတယ်။ ချို့တဲ့ရင်တော့ ပထမဆုံး သွေးအားနည်းတာ ဖြစ်တတ်ပါတယ်။ Vit E က နှလုံးသွေးကြောရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
Vit K ကတော့သွေးခဲခြင်းဖြစ်စဉ်မှာပါဝင်ပြီး ချို့တဲ့ရင်တော့ သွေးထွက်ရင်သွေးတိတ်နှေးတာ ဖြစ်တတ်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်နဲ့ အသည်းမှာ အများအပြား ပါဝင်ပါတယ်။

မွေးကင်းစကလေးငယ်တွေမှာ ချို့တဲ့တာဖြစ်တတ်ပါတယ်။ မိခင်ကနေ အချင်းမှတဆင့် Vit K ရရှိတာ မလုံလောက်ခြင်း၊ မိခင်နို့မှာ Vit K အနည်းငယ်သာပါရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ မွေးကင်းစကလေးတိုင်းကို Vit K ထိုးပေးပါတယ်။
Vit B2 လို့ခေါ်တဲ့ ရိုင်ဘိုဖလေဗင် ချို့တဲ့ရင်တော့ လျှာမှာနီရဲပြီး ရောင်လာခြင်း၊ ကျီးကန်းပါးစပ်လို့ ခေါ်တဲ့ ပါးစပ်ထောင့်တွေ နာကျင်ပြီး ကွဲအက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။

နိုင်ယာစင်ဓာတ်ချို့တဲ့ရင်တော့ Pellagra လို့ခေါ်တဲ့ အရေပြားမှာ ရောင်ရမ်းနီရဲခြင်း၊ လျှာနဲ့ပါးစပ်ပူလောင် နီမြန်းခြင်း၊ ၀မ်းလျှောခြင်းနဲ့ နောက်ပိုင်းစိတ်အနှောင့်အယှက်ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ပြောင်းဆန်ကို အဓိက အစားအစာအဖြစ် စားသုံးတဲ့လူတွေမှာဖြစ်ပါတယ်။ Niacin ဓာတ်ဟာ လတ်လတ်ဆတ်ဆတ် အသားငါးတွေနဲ့ အသီးအရွက်တွေမှာ ပါပါတယ်။
Vit B6 ခေါ် ပိုင်ရီဒေါက်စင်းဟာ အစားအစာအများစုမှာ ပါဝင်ပါတယ်။ အဓိကအများဆုံးပါဝင်တာကတော့ အသားငါး၊ အာလူး၊ ငှက်ပျောသီးတို့မှာ ပါပါတယ်။ B6 ချို့တဲ့တာရှားပါတယ်။

Vit C ခေါ် ascorbic acid ချို့တဲ့ရင် Scurvy ရောဂါဖြစ်ပါတယ်။ သွားဖုံးတွေရောင်လာမယ်။ သွားဖုံးက သွေးထွက်လွယ်မယ်။ အရေပြားမှာ အညိုအမည်းကွက်တွေ ပေါ်လာမယ်။ သွေးအားနည်းတာတွေဖြစ်လာ ပါတယ်။ Vit C အဓိကပါဝင်တဲ့ အစားအစာတွေကတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေမှာပါဝင်ပါတယ်။

ဒီနေရာမှာ အဓိကပြောချင်တာကတော့ မြန်မာနိုင်ငံက နို့စို့အရွယ်နဲ့ တစ်နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များတဲ့ B1 ချို့တဲ့တဲ့ ရောဂါဖြစ်တဲ့ Beri Beri ရောဂါဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ မြန်မာလို သူငယ်နာရောဂါလို့ ခေါ်ပါတယ်။ နို့စို့အရွယ် တစ်နှစ်အောက်ကလေးငယ်တွေဟာ မိခင်နို့ကို အဓိက အစာအာဟာရအဖြစ် စားသုံးနေရတာဖြစ်ပါတယ်။ မိခင်ဟာ အစာအာဟာရပြည့်ဝအောင် မစားဘဲ အစာကို ဟိုဟာရှောင်၊ ဒီဟာရှောင်နေရင် မိခင်အနေနဲ့ ဘာမှမဖြစ်ပေမယ့် နုနယ်တဲ့ ကလေးငယ်တွေမှာ မိခင်နို့မှာ Vitamin လုံလောက်အောင်မပါတဲ့အတွက် Vitamin ချို့တဲ့ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ထိခိုက်ပါတယ်။

Vit B1 ချို့တဲ့တဲ့ Beri Beri ရောဂါဟာ မိခင်နို့ မသောက်သုံးရတဲ့ ကလေးတွေ၊ မိခင်နို့တိုက်သော်လည်း အမေ အစားရှောင်တဲ့ ကလေးတွေမှာ အဓိကဖြစ်ပါတယ်။ တချို့မိခင်တွေ အယူမှားနေတာက သူငယ်နာဖြစ်မှာစိုးလို့ အစားရှောင်တာလို့ ပြောပါတယ်။ အမှန်ကတော့ အမေအစားရှောင်လို့ ကလေးမှာ သူငယ်နာရောဂါဖြစ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တစ်ဦး အနေနဲ့ မိမိရဲ့ကလေးငယ် ရောဂါဘယကင်းရှင်းပြီး ကျန်းမာသန်စွမ်းစေချင်တယ် ဆိုရင် အစာမရှောင်ဘဲ အစာအုပ်စုသုံးခုစလုံးကို မျှတအောင် စားပေးရပါမယ်။ အခုခေတ်အထိ မိခင်နို့စို့တဲ့ ကလေးတစ်ဦးအတွက် မိခင်နို့ရည်ထက်ပိုကောင်းတဲ့ အရာကို သိပ္ပံ ပညာရှင်တွေ မတီထွင်နိုင်သေးပါဘူး။

မိခင်နို့ရည်သာ ကလေးငယ်အတွက် အသင့်အလျော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။ မွေးဖွားပြီး နာရီဝက်အတွင်း မိခင်နို့ရည်ကို စတိုက်သင့်ပါတယ်။ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်မှာ ကလေးအတွက် ရောဂါကာကွယ်ပေးမယ့် ပဋိပစ္စည်းတွေ အများအပြားပါဝင်လို့ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်ကို တိုက်ရပါမယ်။ ကလေးအသက် ခြောက်လကျော်ရင်တော့ ဖြည့်စွက်စာတွေဖြစ်တဲ့ ထမင်းရည်၊ ဆန်ပြုတ်၊ ထမင်းပျော့ပျော့၊ အာလူး၊ ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့်၊ ဟင်းရွက်၊ အသည်း၊ ပဲဟင်းချို၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ အသား စတာတွေကို တမျိုးစီ ဖြည်းဖြည်း အကျင့်လုပ်ပြီး ကျွေးပေးရပါမယ်။

နို့တိုက်မိခင်ကလည်း အစားမရှောင်ဘဲ အစုံစားရပါမယ်။ B1 ပါဝင်တဲ့ အစားအစာတွေကတော့ အဓိကအားဖြင့် ဆန်စပါး၊ ဂျုံ စတဲ့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသား စတာတွေမှာ ပါပါတယ်။ B1 ဓာတ်ဟာ အဓိကအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ဆန်ရဲ့ အပေါ်ယံအလွှာမှာ ပါဝင်ပါတယ်။ ဆန်ကို အထပ်ထပ် ပွတ်တိုက်ဆေးကြောပစ်ရင် အပေါ်ယံအလွှာက B1 ဓာတ်တွေဟာ ပျက်ပြယ်သွားတဲ့အတွက် အဲဒီဆန်နဲ့ချက်တဲ့ ထမင်းမှာ B1 ဓာတ်ချို့တဲ့ပါတယ်။ ဒါကြောင့် ထမင်းချက်ရင် ဆန်ကိုတအားပွတ်မဆေးဘဲ အလွန်ဆုံး တစ်ထပ်ပဲဆေးပြီး ရေခန်းချက်တာ အသင့်လျော်ဆုံးပါပဲ။

အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာ B1 ချို့တဲ့ရင် ရုတ်တရက် အသက်ရှူရခက်ပြီး မောလာတာ၊ နို့မစို့နိုင်ဖြစ်ပြီးအန်တာ၊ ခြေဖျားလက်ဖျားးတွေအေးပြီး ပြာလာတာ၊

 နှုတ်ခမ်းတွေ ပြာလာတာ၊ ရုတ်တရက်ဖျားလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဓိကလက္ခဏာတွေ မိမိရဲ့ နို့စို့အရွယ် ရင်သွေးငယ်တွေမှာ ဖြစ်ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးပြသဖို့လိုပါတယ်။

ဒါကြောင့် အစားအစာ စားသုံးရာမှာ ဖြစ်သလို တော်သလို စားသုံးခြင်းမပြုဘဲ အာဟာရဓာတ်ဖြစ်မယ့် အစားအစာများကို မျှတအောင် ရွေးချယ်စိစစ်ပြီး စားသုံးရပါမယ်။ အထူးသဖြင့် အစာအာဟာရနဲ့ Vitamins တွေပိုမိုလိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ နို့စို့အရွယ်ကလေးငယ်တွေ ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားနေတဲ့ ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ပိုမိုဂရုပြုစားသုံးသင့်ပါတယ်။

ဒါကြောင့်မိမိတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ မည်သည့်အစာမှာ မည်သို့သော အာဟာရဓာတ် ပါဝင်ကြောင်းကို သိရှိ နားလည်ပြီး အစာအုပ်စု သုံးစုလုံးကို မျှတအောင် ရွေးချယ်စားသုံးပါက ရောဂါဘယကင်းဝေးပြိး ကျန်းမာသန်စွမ်းတဲ့ ဘ၀ကို ရရှိစေမှာဖြစ်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ