Magnesium မက်ဂနီဆီယမ်


မက်ဂနီဆီယမ်ဟာ စတုတ္ထအများဆုံးဓါတ်ဆားဖြစ်တယ်။ လူ့ခန္ဓာကိယ်ထဲမှာ ပရိုဆင်းဓါတ်နဲ့တွဲရှိနေတဲ့ မက်ဂနီဆီယမ် ဓါတ်ဆား စုစုပေါင်း ၃၇၅ဝ ရှိတယ်။ အင်ဇိုင်းမ်ပေါင်း ၃ဝဝ မှာ သူပါမှဖြစ်တယ်။ နည်းနေတာ မကောင်းဘူး။ မက်ဂနီဆီယမ် နည်းရင်ဘာဖြစ်သလဲနဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို ရေးပါမယ် ။
1. Muscle Cramps And Spasms ကြွက်တက်တာ၊ ကြွက်သားနာတာတွေဖြစ်မယ်။
2. Cravings For Chocolate ချောကလက်ကိုအတင်းစားချင်နေမယ်။ (သူများတိုင်းပြည်မှာပါ။)
3. Anxiety စိုးရိမ်စိတ်ကဲနေမယ်။
4. Insomnia အိပ်မရဖြစ်မယ်။
5. Constipation ဝမ်းချုပ်မယ်။
6. High Blood Pressure သွေးတိုးမယ်။
7. Headache And Migraine ခေါင်းကိုက်မယ်။ မိုင်ဂရင်းဖြစ်နိုင်တယ်။
8. Irregular Heartbeat နှလုံးခန်မူမမှန်ဖြစ်မယ်။
9. Acid Reflux အက်စစ်ဓါတ်အထက်ဆန်မယ်။
1. Brazil Nuts ဘရာဇီးလ်အစေ့အဆံ
2. Halibut ဟယ်လီဗတ် ပင်လယ်ငါး
3. Cocoa ကိုကိုး
4. Rice Bran ဖွဲနု
5. Cashews သီဟိုဠ်စေ့
6. Quinoa ပင်လယ်စာတမျိုး
7. Pumpkin Seeds ဖရုံစေ့
8. Almonds ဗာဒံ (မက်မွန်) စေ့
9. Spinach ဟင်းနုနွယ်ရွက်
သုတေသနက တခြားတိုင်းပြည်မှဖြစ်လို့ သူတို့ဆီကအစားအစာတွေသာပါတယ်။ မြန်မာပြည်မှာစားကြတဲ့ ဖွဲနုနဲ့ဆိုင်တဲ့ ဆီကအစ၊ သွားရည်စာ၊ အစေ့အဆီမျိုးစုံ၊ ဟင်းနုနွယ်လိုအရွက်အရွက်တွေမှာ မက်ဂနီဆီ ယမ်ဓါတ် ပါပါမယ် ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe


အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း (၂၀ )


အသက်ကြီးတယ်ဆိုတာ လောကဓမ္မတာ တစ်ရပ်ပါ။ ဒါပေမဲ့ သင့်အသက်အရွယ်ဟာ သင်ခံစားနေရ တဲ့ နုပျိုငယ်ရွယ်ကျန်းမာတဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှုမရှိပါဘူး။ ဆိုလိုတာက အသက်ဘယ်လောက်ပဲ ကြီးလာပါစေ၊ အိုလာပြီလို့ မတွေးတောဘူးဆိုရင် သင်က နုပျိုကျန်းမာနေမှာပဲ ဖြစ်ပါတယ်။

(၁) ဘဝမှာ ပါဝင်ဆင်နွှဲပါ
အိမ်မှာ ထိုင်နေရတဲ့အခါ သင့်ကိုယ်သင် အိုမင်းလာပြီဆိုတဲ့ အတွေးမျိုးဝင်လာနိုင်ပါတယ်။ အိမ်ထဲမှာထိုင်ပြီး အချိန်ဖြုန်း တာထက် ဘဝမှာ လုပ်စရာရှိတဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို ပါဝင်လုပ်ဆောင်ပေးတာက ကိုယ့်ကိုယ်ကိုယ် ငယ်ရွယ်ဖျတ်လတ် တယ်ဆိုတဲ့ အတွေးဝင်စေပါတယ်။

(၂) အိုမင်းခြင်းကြောင့် စိတ်ဓာတ်မကျပါနှင့်
အသက်အရွယ်ကြီးရင့်လာမှာကို စိတ်ဓာတ်ကျနေတာက သင့်ကို ပိုမိုအိုမင်းလာစေပါတယ်။ အသက်အရွယ်ကြီးလာတဲ့ အတွက် စိတ်မသက်မသာမဖြစ်ပါနဲ့။

(၃) ကျန်းမာရေးကောင်းအောင် ကြိုးစားနေထိုင်ပါ
ကျန်းမာရေးကောင်းတာက ငယ်ရွယ်နုပျိုစေတဲ့ ခံစားချက် ကိုရရှိစေတဲ့ အဓိကသော့ချက်ပါ။ ဒါကြောင့် ကျန်းမာရေးကောင်း အောင် နေထိုင်ပါ။

(၄) ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ
အာဟာရပြည့်ဝတဲ့အစာကို စားပေးတာက နုပျိုအသက် ရှည်မှုအတွက် အရေးပါပါတယ်။

(၅) ဥယျာဉ်စိုက်ပျိုးပါ
လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို စားသုံးနိုင်ပြီး သက်ရှည် ကျန်းမာစေဖို့ ကိုယ်ပိုင်ဥယျာဉ်တစ်ခုကို ဖန်တီးပြီး စားပင်သီးပင် တွေ စိုက်ပျိုးပါ။ ဥယျာဉ်စိုက်တာက ကိုယ်လက်လှုပ်ရှားမှုကို လည်း လုပ်ဖြစ်စေပါတယ်။

(၆) လေ့ကျင့်ခန်း များများလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက ငယ်ရွယ်ကျန်းမာမှုကို ရရှိစေတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ တစ်ပတ်မှာ အနည်းဆုံး ၃-၅ရက် လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

(၇) မိတ်ဆွေသူငယ်ချင်းများနှင့် ထိတွေ့ ဆက်ဆံပါ
လူမှုဆက်ဆံရေးကောင်းမွန်တာက နုပျိုကျန်းမာတဲ့ဘဝကို ဖြစ်ပေါ်စေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ များများ အချိန် ဖြုန်းလေလေ ငယ်ရွယ်နုပျိုတဲ့စိတ်ခံစားမှုကို ရရှိလေလေပါပဲ။

(၈) ဝါသနာအသစ်များကို ရှာဖွေပါ
ဝါသနာအသစ်တွေကို ရှာဖွေပြီး လုပ်ဆောင်ပေးတာက ဘဝမှာနေရတာ တန်ဖိုးရှိတယ်လို့ ခံစားရစေပြီး ကျန်းမာရေး ကိုလည်း ပိုကောင်းမွန်စေပါတယ်။

(၉) လက်ရှိ ဖက်ရှင်ရေစီးကြောင်းအတိုင်း နေထိုင်ပါ
ငယ်ရွယ်တဲ့စိတ်ခံစားမှုမျိုး ရရှိလိုရင် လူငယ်တွေလို ဝတ် ဆင်ဖို့ လိုအပ်ပါတယ်။ အသားအရေကို တင်းရင်းလှပအောင် ပြုပြင်ပြီး လက်ရှိခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့အညီ ဝတ်စားဆင်ယင်ပါ။ အသက်ကြီးလာတာနဲ့ အသက်ကြီးသူတွေ လို လိုက်ဝတ်ရမယ်လို့ ဘယ်သူမှ သတ်မှတ်မထားပါဘူး။

(၁၀) ဆံပင်ကို ပြုပြင်ပါ
ဆံပင်ကို ပုံစံပြောင်းပြီး ငယ်ရွယ်တဲ့ပုံမျိုးရအောင် ပြုပြင် လိုက်ပါ။ ငြီးငွေ့မှုပါ ပြေပျောက်သွားပါလိမ့်မယ်။

(၁၁) အသင်းအဖွဲ့ ထဲ ပါဝင်ပါ
စေတနာ့ဝန်ထမ်းအသင်းအဖွဲ့ထဲ ပါဝင်တာက လူမှုဆက်သွယ် ရေးကို ကောင်းမွန်စေပြီး သွက်လက်ဖျတ်လတ်ကာ ကျန်းမာနေ စေပါတယ်။

(၁၂) အားကစားခန်းမနှင့် ဆက်သွယ်ပါ
အားကစားခန်းမနဲ့ ဆက်သွယ်ပြီး လေ့ကျင့်ခန်းလုပ် တာက သင့်ကို လေ့ကျင့်ခန်းလုပ်ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာနုပျိုစေပါတယ်။ အားကစားခန်းမ ဟာ သငူ ယခ်ျင်း အသစေ် တနွဲ့ တွေ့ဆနုံ ငို တ်ဲ့ နေရာကောင်း တစခ်ု လည်း ဖြစ်ပါတယ်။

(၁၃) အသက်အရွယ် ကန့်သတ်ချက်မရှိသော အရာကို လုပ် ဆောင်ပါ
အသက်အရွယ်ကန့်သတ်ချက်မရှိ လုပ်နိုင်တဲ့အရာတွေကို လုပ်ဆောင်ပါ။ ဥပမာပြောရရင် မာရသွန်ပြေးတာမျိုးပါ။

(၁၄) မိတ်ဆွေ အသစ်များနှင့် တွေ့ ဆုံပါ
မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံတာက သင်ရဲ့ လူမှုဆက် သွယ်ရေးစက်ဝန်းကို ကျယ်ပြန့်စေပါတယ်။ အထူးသဖြင့် သင်နဲ့ စိတ်ဓာတ်၊ ခံယူချက်၊ ရည်ရွယ်ချက်တူတဲ့သူတွေနဲ့ ပေါင်းသင်း ပါ။

(၁၅) နည်းပညာအသစ်များကို လေ့လာပါ
နည်းပညာတွေက အမြဲအသစ်ပေါ်နေပါတယ်။ နည်းပညာ အသစ်တွေကို မသိတော့တာက သင့်စိတ်ထဲမှာ အသက်ကြီး လာပြီလို့ ထင်ရစေတာကြောင့် ခေတ်ပေါ်နည်းပညာအသစ် တွေကို လေ့လာသင့်ပါတယ်။

(၁၆) အိမ်ကို ခေတ်မီအောင် ပြင်ဆင်ပါ
အိမ်ကို ရှေးဟောင်းပုံစံအတိုင်း မထားပါနဲ့။ အိမ်အပြင်အ ဆင်ကို ခေတ်နဲ့အညီ ပြုပြင်တာက သင့်စိတ်ကို နုပျိုလန်းဆန်း စေပါတယ်။

(၁၇) လွတ်လပ်သော စိတ်ရှိပါစေ
သင့်စိတ်ကို လွတ်လပ်ခွင့်ပေးပြီး ဝါသနာပါရာ လုပ်ပါ။ ဒါက သင့်ကို ငယ်ရွယ်ပြီး ပေါ့ပါးမှု ရှိစေပါတယ်။

(၁၈) သင်လုပ်နိုင်လျှင် လူငှားမထားပါနှင့်
သင်လုပ်နိုင်တဲ့ အလုပ်တွေအတွက် လူငှားထားပြီး မခိုင်း ပါနဲ့။ ကိုယ်ပိုင်မြေကွက်ထဲမှာ မြက်ရိတ်နိုင်တယ်ဆိုရင် ကိုယ့်ဘာ သာ လုပ်ဆောင်ပါ။

(၁၉) ခရီးသွားပါ
ငယ်စဉ်က သင်သွားချင်ခဲ့တဲ့နေရာတွေကို သွားနိုင်တဲ့ ငွေ ကြေးရှိရင် ကျန်းမာရေးအခြေအနေကောင်းတုန်း ခရီး သွားလာ ပါ။ စိတ်ဖိစီးမှုလျော့ပါးပြီး ငယ်ရွယ်နုပျိုစေပါတယ်။

(၂၀) ဘာသာရပ်အသစ်များ လေ့လာပါ
အသက်ကြီးပြီဆိုပြီး လေ့လာစရာ မလိုတော့ဘူးလို့ မထင်ပါ နဲ့။ ဘယ်အရာကိုမှ သင်ယူဖို့ နောက်မကျသေးပါဘူး။ အသက် ကြီးချိန်မှာ စာပေလေ့လာသင်ယူတာက မျှော်လင့်ချက်ကို ဖြစ် ပေါ်စေပြီး နုပျိုတယ်လို့ ထင်ရစေပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

လက်ထက်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်


(၁) အတူလေ့ကျင့်ခန်း လုပ်ဖြစ်ခြင်း
ဘဝ အဖော်ရှိတဲ့သူတွေက တစ်ဦးတည်း သမားတွေထက်စကား စမြည်ပြောရင်း လမ်းလျှောက်တဲ့နှုန်း ပိုများပါတယ်။ တစ်နေ့မှာ သုံးမိုင်လောက် လမ်းလျှောက်ဖြစ်တာကြောင့် ကယ်လိုရီ ၃၀ဝ နီးပါးလောင်ကျွမ်းစေပါတယ်။ တစ်ဦးနဲ့ တစ်ဦး လက်ချင်းဆုပ်ကိုင်ပြီး လမ်းလျှောက်တာကြောင့် စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း၊ ပွေ့ဖက်မှုကြောင့် အောက်ဆီတိုစင်ဟော်မုန်း စတာတွေ ထွက်နှုန်းတိုးစေကာ စိတ်ကျန်းမာရေးကို လည်း ကောင်းမွန်စေပါတယ်။

(၂) အတူ ကိုယ်အလေးချိန်လျှော့ချနိုင်ခြင်း
ကိုယ်အလေးချိန်များပြီး အဝလွန်နေရင် အတူကိုယ်အလေးချိန်လျှော့ဖို့ ရည်မှန်းချက်ထားပေးတာကြောင့် လေ့ကျင့်ခန်း ပိုမိုလုပ်ဖြစ်ကာ ကျန်းမာရေးပိုကောင်းလာပါတယ်။

(၃) အမျိုးသမီးကဲ့သို့ စားဖြစ်ခြင်း
အမျိုးသားတွေအနေနဲ့ လက်ထပ်ပြီးတဲ့အခါ အာဟာရတန်ဖိုးတွေကို ပိုရရှိလေ့ရှိကြပါတယ်။ အိမ်ထောင်မပြုခင်မှာ အမျိုးသားတွေက ဆား၊ သကြားနဲ့ အဆီ တွေကို ပိုမိုစားဖြစ်ကြပြီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားဖြစ်တယ်လို့ စုံတွဲသုံးထောင်ကို လေ့လာမှုအရ သိရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေအတွက်တော့ လက်ထပ်ပြီး ၁၀နှစ် အကြာမှာ ယေဘုယျအားဖြင့် ကိုယ်အလေးချိန် ၁၀ပေါင်မြင့်တက်မှု ရှိတာကို လေ့လာမှုတစ်ခုအရ သိရပါတယ်။

(၄)အမျိုးသားကဲ့သို့ လေ့ကျင့်ခန်းလုပ်ဖြစ်ခြင်း
Pittsburgh တက္ကသိုလ်ရဲ့ ကျန်းမာရေးနဲ့ ပြန်လည်သန်စွမ်းရေးဆိုင်ရာ သိပ္ပံရဲ့ လေ့လာမှုတစ်ခုအရ အသက် ၇၀- ၇၉နှစ်ကြား အမျိုးသားနဲ့ အမျိုးသမီး ၃၀၇၅ ဦးကို လေ့လာခဲ့ရာ ကျန်းမာပြီး တက်ကြွနေတဲ့ အမျိုးသားတွေမှာ ကျန်း မာတက်ကြွတဲ့ ဇနီးသည်ရှိနိုင်ခြေ သုံးဆ ပိုများတယ်လို့ တွေ့ရပါတယ်။ အမျိုးသားတွေက ဂေါက်သီးကစားတာ၊ တင်းနစ် ရိုက်တာ၊ ပြေးတာ၊ လမ်းလျှောက်တာ စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာ ပျော်မွေ့တယ်ဆိုရင် ဇနီးသည်တွေအနေနဲ့လည်း ခင်ပွန်းသည်တွေနည်းတူ လေ့ကျင့်ခန်းလုပ်ဖြစ်လို့ပါ။

(၅) စိတ်ဖိစီးမှု လျှော့ချနိုင်ခြင်း
မပျော်ရွှင်တဲ့ အိမ်ထောင်သည်တွေဟာ ကျန်းမာရေးမကောင်းတတ်ကြပါဘူး။ သက်လတ်ပိုင်းအရွယ် အိမ်ထောင်သည် ၁၀၅ဦးကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ အိမ်ထောင်ရေးမှာ ပူပင်သောက များတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဇောအဆင့် မြင့်တက်နေပြီး သွေးတိုးတတ်ကြကြောင်း သိရပါတယ်။ ဒီလိုဖြစ်တာက နှလုံးရော ဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ အိမ်ထောင်ရေး ဖိစီးမှုဟာ စိတ်ဓာတ်ကျတာ၊ သွားဖုံးရောဂါ၊ အစာအိမ်အနာတို့နဲ့ ဆက်စပ်မှုရှိ နေပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေဖို့ ပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေး တည်ဆောက်ပါ။

(၆) အပန်းဖြေခရီး ထွက်ဖြစ်ခြင်း
Pittsburgh စိတ်ကျန်းမာရေး တက္ကသိုလ်လေ့လာသူတွေက ကိုးနှစ်ကြာ နှလုံးရောဂါရှိတဲ့ အမျိုးသား တစ်သောင်း နှစ်ထောင်ရဲ့ ကျန်းမာရေးကို လေ့လာခဲ့ရာ နှစ်စဉ် အပန်းဖြေခရီးထွက်တဲ့လူတွေဟာ အပန်းဖြေခရီးမထွက်သူတွေထက် စောစောသေဆုံးနိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။ အပန်းဖြေခရီးထွက်တာက စိတ်ဖိစီးမှု လျော့ကျတာ၊ သူငယ်ချင်းမိသားစုတွေနဲ့ အပန်းဖြေနားနေတာ၊ လေ့ကျင့်ခန်းပိုလုပ်တာစတဲ့ နည်းတွေ လုပ်ဖြစ်စေတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။

(၇) ကျန်းမာရေးကို အလေးထားခြင်း
အိမ်မှာနေတဲ့ အိမ်ရှင်မတွေက ဟင်းလျာချက်ပြုတ်ရေးကို စီမံတဲ့အပြင် စိတ်ဖိစီးမှုလျော့ကျပြီး စိတ်ခံစားမှုမြင့်တက်စေဖို့ လှုပ်ရှားမှုတွေကို စီစဉ်လေ့ရှိတာကြောင့် မိသားစုဝင်အားလုံး ကျန်းမာနေတတ်ကြပါတယ်။ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာ မှုတစ်ခုအရ ဇနီးသည်က အပြင်ထွက်ပြီး အချိန်ပြည့်အလုပ်လုပ်ရင် ခင်ပွန်းရဲ့ ကျန်းမာရေးအဆင့်က ၂၅ရာခိုင်နှုန်းခန့် လျော့ကျမှုရှိတယ်လို့ သိရပါတယ်။

(၈) တတ်နိုင်သလောက် လေ့လာဖြစ်ခြင်း
ကျန်းမာအောင် နေဖို့ရာအတွက် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့် တယ်ဆိုတာ အမြဲလေ့လာသင့်ပါတယ်။ ကျန်းမာဖို့အတွက် အခြေခံကျတဲ့နည်းလမ်းတွေကတော့ တစ်နေ့ မိနစ် ၃၀ လှုပ်ရှားဖြစ်အောင် ကြိုးစား၊ အစာကို ပုံမှန်စား၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အ ခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အဆီ နည်းအသားကိုစား၊ အိပ်ရေးဝ၀အိပ်၊ အ ကောင်းမြင်တဲ့ စိတ်ထား၊ လိုအပ်တဲ့ ဖြည့် စွက်ဆေးကို မှီဝဲ စတဲ့နည်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို ဇနီးမောင်နှံ နှစ်ဦးစလုံး လိုက်နာနေထိုင်ကြမယ်ဆိုရင် အိမ်ထောင်ရေးသာယာပြီး ကျန်းမာရေးကောင်းမွန်ကြမှာ အသေအချာပဲ ဖြစ်ပါ တယ။်

Mg Mandalay
https://www.facebook.com/mg.mandalay

ဟင်းသီးဟင်းရွက် ဈေးနှုန်းမြင့်မားခြင်းနှင့် အ၀လွန်ခြင်း ဆက်စပ်လျက်ရှိ


အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းမြင့်မားခြင်းသည် ကလေးငယ်များ၏ ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (Body Mass Index) များပြားခြင်းနှင့် ဆက်နွယ်လျက်ရှိကြောင်း အမေရိကန်တက္ကသိုလ် သုတေသီများကဆိုသည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ မြင့်တက်လာသည့်အခါ ၎င်းတို့ကိုဝယ်ယူစားသုံးမှုကျဆင်းပြီး ကျန်းမာရေးနှင့်မညီညွတ်သော ဈေးသက်သာသည့် အစားအစာများကိုသာ ၀ယ်ယူကြသည် ကို တွေ့ရသည် ။

မွေးကင်းစအရွယ်မှ အသက် (၅) နှစ်အထိ စောင့်ကြည့်လေ့လာသော စစ်တမ်းမှ အချက်အလက်များကို အသုံးပြု၍ ဟင်းသီးဟင်းရွက် ဈေးကွက် အတက်အကျများနှင့် နှိုင်းယှဉ်လေ့လာခဲ့သည် ။ ၂၀၁၃ ခုနှစ် အတွင်း ပျမ်းမျှဝင်ငွေ အမေရိကန် ဒေါ်လာ(၇၀၆၅၀)ရရှိခဲ့သော လူလေးဦးပါ မိသားစုများကို အဓိက စစ်တမ်းကောက်ယူခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သရေစာနှင့်သကြားကဲသော အဖျော်ရည်ဈေးနှုန်းများသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီးအသီးအနှံနှင့် ဟင်း သီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ သစ်သီးဝလံပေါများသည့် အရပ်ဒေသတွင် နေထိုင်သူကလေးများသည် ခန္ဓာကိုယ်အညွှန်း ကိန်းမျှတပြီး သစ်သီးဝလံရှားပါး၍ ဈေးကြီးသည့်အရပ်ရှိ ကလေးများသည် ခန္ဓာကိုယ်အညွှန်းကိန်း မြင့်မားလျက်ရှိသည်။
ခန္ဓာကိုယ်အညွှန်းကိန်း (Body Mass Index – BMI) သည် ခန္ဓာကိုယ်အဆီပမာဏ အနည်းအများကို ပြ ဆိုနိုင် သည့် ကိန်းတစ်ခုဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးများလေ ရောဂါမျိုးစုံ ဖြစ်ပေါ်နိုင်လေဖြစ်သည်။

သုတေသနတွင် ထပ်မံတွေ့ရှိရသော အချက်တစ်ခုမှာ အချိုရည်နှင့် သရေစာများ ဈေးနှုန်းမြင့်မား လာချိန်တွင် ကလေးငယ်များ အ၀လွန်နှုန်း ကျဆင်းလာခြင်းဖြစ်သည်။ ၀င်ငွေအသင့်အတင့်ရှိသော မိသားစုများကိုသာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး အစားအစာဈေးနှုန်း ကြီးမြင့်မှု ကြောင့် မစားရ မသောက်ရ ဖြစ်နေသူများ ၊အစားအစာလျှော့ချစားသုံးရသူများစသည့် နွမ်းပါးသည့် မိသားစုများ ကို လေ့လာထားခြင်းမရှိပေ ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

သွေးကင်ဆာရောဂါအား ဗီဇတည်းဖြတ်ထားသော ဆဲလ်ကုထုံးကို စမ်းသပ်အောင်မြင်


ဗြိတိန်ဆရာဝန်များသည် လူကီးမီးယားသွေးကင်ဆာဝေဒနာခံစားနေရသော မွေးကင်းစကလေးငယ်လေး နှစ်ဦးအား အလှူရှင်တစ်ဦး၏ဆဲလ်အား ဗီဇတည်းဖြတ်ကာ အစားထိုးအသုံးပြုသည့်ကုထုံးဖြင့်ကိုစမ်းသပ် ခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်းနှင့် ၄င်းကုထုံးဖြင့် လူကီးမီးယားသွေးကင်ဆာရောဂါကုသမှုကို ယခုနှစ် အတွင်း စတင်အသုံးပြုနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစမ်းသပ်မှုမှာ ကလေးငယ် ၂-ဦးတည်းနှင့်ဖြစ်သည့်အတွက် ကျဉ်းမြောင်းလှပြီး ၄င်းကလေးငယ် ၂-ဦး လူကီးမီးယားဝေဒနာပျောက်ကင်းသက်သာသွားသည်မှာလည်း ၁၆ လနှင့် ၁၈ လ အသီးသီးသာ ရှိနေ သေးသည့်အတွက် ကုထုံးအောင်မြင်သည်ဟုထုတ်ပြန်ကြေညာရန် အချိန်စောလွန်းနေသေးပြီး အချက် အလက်များသည်လည်း လုံလောက်မှုမရှိသေးကြောင်း၊ ကင်ဆာဝေဒနာခံစားနေရသူတစ်ဦးသည် နှစ်ပေါင်းများစွာအထိ ဝေဒနာကိုပြန်လည်ခံစားရခြင်းမရှိမှသာ ကင်ဆာပျောက်ကင်းသွားသည်ဟုဆိုနိုင် မည် ဖြစ်ကြောင်း၊ သို့ သော် ဤစမ်းသပ်မှုအောင်မြင်ခြင်းက ဆဲလ်ဗီဇတည်းဖြတ်ကုထုံး၏ အနာဂါတ် သေချာခိုင်မာနေသည်ကို ထင်ရှားစွာရည်ညွှန်းထောက်ပြလိုက်ခြင်းပင်ဖြစ်ကြောင်း သုတေသီများက ယူဆ ကြောင်း သိရသည်။

ကင်ဆာလောကမှာ ဆဲလ်ဗီဇတည်းဖြတ်ကုထုံးက တစ်နေ့ နေ့ တစ်ချိန်ချိန်ကျရင် အာမခံချက်ရှိတဲ့ကုထုံး တစ်ရပ်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကနဦးစမ်းသပ်မှုတွေမှာတော့ ကုထုံး အောင်မြင်မှုက အကန့် အသတ်ရှိခဲ့ပါတယ်။ အခုလည်းအကန့် အသတ်တွေရှိနေဆဲပါပဲ။ တစ်ကမ္ဘာလုံး အနှံ့ မှာ ကင်ဆာရောဂါတိုင်းအတွက် ယူနီဗာဆယ်ကုထုံးအဖြစ်အသုံးပြုနိုင်ဖို့  လုပ်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် အဲဒီအချိန်က မဝေးတော့ပါဘူး။ ဒီနှစ်အတွင်းမှာကို သတင်းကောင်း တစ်ခု ကျွန်တော်တို့ ပါးနိုင်ပါလိမ့်မယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

ဆဲလ်ဗီဇတည်းဖြတ်ကုထုံးအား ဗြိတိန်အပြင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ တွင် စမ်းသပ် လျက်ရှိကြောင်း၊ ၄င်းကုထုံးတွင် လူနာ၏သွေးထဲမှ T Cell အချို့ ကိုဖယ်ထုတ်ကာ ဓါတ်ခွဲခန်းထဲတွင် အထူးဆဲလ်များဖြစ်သွားအောင်ပြောင်းလဲပေးကြောင်း၊ ထို့ နောက် ၄င်းဆဲလ်များကို လူနာ၏သွေးထဲ သို့  ပြန်လည်ထည့်သွင်းပေးခြင်းဖြစ်ကြောင်း၊ ပြုပြင်ပြီးဆဲလ်များက ကင်ဆာဆဲလ်များကို ရှာဖွေတိုက်ခိုက်သုတ် သင် ရှင်းလင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အမေ၇ိကန်ပြည်ထောင်စုတွင် ဆဲလ်ဗီဇတည်းဖြတ်ကုထုံးကိုစမ်းသပ်မှုမှာ အဆင့် ၂ သို့ ရောက် ရှိနေပြီ ဖြစ်ကြောင်း ၊ Novartis နှင့်အခြားသောဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီအချို့ က ၄င်းကုထုံးကို ယခုနှစ် အစောပိုင်းတွင်စတင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၊ သွေးကင်ဆာရောဂါကို ခံစားနေရသော ကလေးငယ်များတွင် ဤကုထုံးကိုစမ်းသပ်မှုအကြိမ်ကြိမ်အောင်မြင်နေပြီဖြစ်၍ များမကြာမီ လူကီးမီးယားကင်ဆာကို ပျောက်ကင်းအောင်ကုသနိုင်မည့်အလင်းရောင်ခြည်သမ်းလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

ဆေးလိပ်သောက်ခြင်းကြောင့် အခါးအရသာသိရှိမှု လျော့နည်းနိုင်


ဆေးလိပ်သောက်သူများနှင့် ဆေးလိပ်ဖြတ်ထားပြီးစ လူများသည် ခါးစိမ့်သည့် အရသာကို ခံစားမှု လျော့နည်းသောကြောင့် ကော်ဖီ ၊ လက်ဖက်ရည်ကဲ့သို့ အရသာကို အပြည့်အ၀ ရနိုင်မည် မဟုတ်ကြောင်း သိရသည် ။ ပြင်သစ်အခြေစိုက် Pitie-Salp etriere ဆေးရုံမှ သုတေသီ Nelly Jacob ဦးဆောင်သောအဖွဲ့က အဆိုပါ လေ့လာမှုကို ပြုလုပ်ခဲ့ပြီး Chesmokerensory Perception ဂျာနယ်တွင်ဖော်ပြခဲ့သည်။

ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းသည် အရသာခံစားမှုကို ကျဆင်းစေသည် ။ လျှာ၏ အရသာခံအဖုများ တည်ရှိရာ fungi form papillae အစိတ်အပိုင်းများ၏ တည်ဆောက်ပုံ ကို ဆေးလိပ်သောက်ခြင်းက ပြောင်းလဲစေသည် ။ သို့သော် ဆေးလိပ်သောက်သုံးမှု ရပ်ဆိုင်းသည်နှင့် အရသာခံစားနိုင်မှု မူလအတိုင်းပြန်ရနိုင်ခြင်းရှိ/မရှိ၊ အရသာ ပြန်လည်ခံစားရရန် ကြာချိန်တို့ကို မသိရှိနိုင်သေးပေ။

သုတေသနတွင် Paris အခြေစိုက်ဆေးရုံများမှ ၀န်ထမ်း (၄၅၁) ဦးကို အချို ၊ အချဉ် ၊ အခါးနှင့် အငန် အရသာ လေးမျိုးခံစားနိုင်မှုစွမ်းရည်နှင့် အရသာတစ်ခုချင်းစီခံစားနိုင်သည့် အတိုင်းအတာကို စမ်းသပ်ခဲ့သည် ။ဆေးလိပ်သောက်သူ၊ ဆေးလိပ်မသောက်သူနှင့် ဆေးလိပ်ဖြတ်ထားစ ပုဂ္ဂိုလ်များဟူ၍ အုပ်စုခွဲကာ သုံးနှစ်ကြာလေ့လာခဲ့သည် ။

ဆေးလိပ်သောက်ခြင်းသည် အငန်၊ အချိုနှင့် အချဉ်အရသာ ခံစားနိုင်မှုစွမ်းရည်များကို ထိခိုက်စေခြင်းမရှိဘဲ အခါးအရသာ ခံစား နိုင်စွမ်းကျ ဆင်းစေသည်ကို တွေ့ရ သည်။ လျှာ၏အခါးအာရုံခံ အစိတ်အပိုင်းများသည် အခါးအရသာ အလွန်နည်းပါးသည့် အချိန်၌ပင် ခံစားသိရှိနိုင်သော်လည်း ဆေးလိပ် သောက်သူငါးဦးတွင် တစ်ဦးမှာ အခါးအရသာ ခံစားနိုင်စွမ်း ကျဆင်းနေသည်ကို တွေ့ရသည်။

ခန္ဓာကိုယ်တွင်း၌ ဆေးရွက်ကြီး အကြွင်းအကျန်များ၊ ဆေးရွက်ကြီး လောင်ကျွမ်းမှုမှ ကျန်ရှိနေသော ပစ္စည်းများ သည်လည်း အရသာ အာရုံခံအစိတ်အပိုင်းများ ပြန်လည်ပြု ပြင်မှုကို အနှောင့်အယှက်ပေး သည်ဟု သုတေသီများက ယူဆကြသည် ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Cirrhosis အသည်းခြောက်ရောဂါ


(အရက်သောက်သူတွေကို သတိပေးအပ်ပါတယ်။ ဆေးလိပ်သောက်သူက သူ့ဘေး ၆ ပေပတ်လည်ကို သာ ရောဂါ ရစေနိုင်တယ် ။ အရက်ကတော့ သောက်တဲ့သူသာမက မိသားစုနဲ့ အသိုင်းအဝိုင်းကိုပါ ဒုက္ခအကြီးအကျယ် ပေးပါတယ်။ ကျွန်တော် ဆေးပညာစာရေးရင် ခြောက်လှန့်ချဲ့ မရေးပါ ။ ဒီလိုမေးခွန်းမျိုးတွေ မကြာခဏလာတယ်။ ဆောရီး။)

ဆရာရှင့် ကျွန်မအဖေက အသက် ၆၃ နှစ်ပါ။ အရင်ကအရက်သောက်လို့ အသည်းခြောက်ခဲ့ပါတယ်။ အခုကျွန်မတို့ မိသားစုကိုလဲ မမှတ်မိပါဘူး။ တချိန်လုံးအရူးတယောက်လိုလမ်းလျောက်နေပါတယ်။ တခါတလေ သူငယ်ပြန်ပါတယ်။ ကျွန်မတို့လဲ ဘယ်လိုလုပ်ရမှန်းမသိလို့ သူပျောက်မှာ စိုးတာကြောင့် နောက်က လိုက်နေရပါတယ်ဆရာ ။ ကျွန်မတို့က့ မြို့မှာနေတာပါဆရာ ။ တချို့က အဲ့ရောဂါက ကုလဲမပျောက်ဘူးပြောလို့ ကုလို့ရ မရသိချင်ပါတယ် ။ ဒီမှာ ဆရာဝန်နဲ့ပြတော့ မသက်သာလို့ပါဆရာ ။ ဆရာကျန်းမာပါစေ ။

အသည်းခြောက်ရောဂါဟာ တနည်းနည်းကြောင့် နာတာရှည်အသည်းရောဂါဖြစ်ပြီးနောက် ဆက်ဖြစ်လာ တာဖြစ်တယ် ။ အသည်းရောင် စီ၊ အသည်းရောင် ဘီ၊ အရက်စွဲရောဂါ နဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးသူတွေကနေ ဖြစ်လာနိုင်တယ်။ တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။ ဖြစ်လာရင် အသည်းက လိုသလောက်နဲ့ လိုသလို မလုပ်နိုင်တော့ဘူး။ နောက်ဆက်တွဲတွေဖြစ်နိုင်တယ်။ ဖျင်းစွဲမယ်၊ အစာလမ်းကနေ သွေးယိုမယ်၊ အသားဝါမယ်၊ ဦးနှောက်ကို ထိခိုက်မယ်၊ ကျောက်ကပ်၊ အဆုပ်ထိခိုက်မယ်၊ အသည်းကင်ဆာ ဆက်ဖြစ်နိုင်တယ်။ ဖြစ်လာရင် ဖြစ်စေတဲ့ အကြောင်းတရားကို ကုသရမယ် ။ ဆက်ဖြစ်လာတာတွေကို ကုသရမယ်။ တိုးမလာအောင် ဆင်ခြင်ရမယ် ။ အသည်းခြောက်နေပြီဆိုတာ ရောဂါရှေ့ရောက်တာဖြစ်တယ်။ အသည်းမှာ အမာရွတ်တွေနဲ့ အဖုအသီးလေးတွေ ရောဖြစ်နေတယ်။ ပြောင်းသွားတဲ့ အသည်းနေရာက သူ့အလုပ်သူ မလုပ်နိုင်တော့ပါ။ တချိန်မှာ အသည်းအစားထိုးရမယ် ။

ခံစားရမှာတွေက အသည်း (ဆဲလ်) တွေ အလုပ်မလုပ်တော့လို့ဖြစ်ရတဲ့ တိုက်ရိုက်ဖြစ်လာတာတွေနဲ့ အစာလမ်းကြောင်း သွေးလှည့်စနစ်ချို့ယွင်းလို့ ဖြစ်တာတွေကို စုပေါင်းပြီး ခံစားရလိမ့်မယ်။

အသည်းအလုပ်ပျက်ရင်
• Spider angiomata or spider nevi အရေပြားပေါ်မှာ သွေးကြောလေးတွေက ပင့်ကူးအိမ်လိုဖြစ်တာ၊
• Palmar erythema (အီစထိုဂျင်း) ဟော်မုန်း များလာလို့ လက်ဝါးမှာ နီမြန်းနေတာနဲ့ ရင်သား ကြီးလာတာ၊
• Hypogonadism လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေနည်းလာတာ၊ ပန်းသေ-ပန်းညှိုး၊ လိင်စိတ်နည်း၊ ကျားအစေ့သေးငယ်၊
• အသည်းအရွယ်အစား ကြီးနိုင် သေးနိုင်တယ်။
• အသည်းခြောက်ရာကနေ ရေဖျင်းဖြစ်လာမယ်။ လူကအရင်ကလို သက်တောင့်သက်သာမနေနိုင်တော့ပါ။ ပိုးဝင်တာလဲ သူများထက်ခံရနိုင်တယ်။
• Fetor hepaticus အသက်ရှူထုတ်တာမှာ dimethyl sulfide (ဆာလ်ဖါနံ့) ထွက်နေမယ်၊
• Jaundice အသားအရေ၊ မျက်လုံး၊ ဆီးဝါလာမယ်။ လူမြင်ရတာသာမက ကိုယ်ထဲမှာပါ ဝါနေမယ်ဆိုတာ သတိပြုပါ။ သွေးစစ်လို့ bilirubin 2–3 mg/dL or 30 mmol/L ကျော်တာနဲ့ ဝါတာကို မြင်ရပြီ။

အစာလမ်းကြောင်း သွေးလှည့်စနစ် ချို့ယွင်းလို့ ဖြစ်မှာတွေ
• ဘေလုံးကြီးလာမယ်၊
• အစာမြိုပြွန်အောက်ဖျားမှာ သွေးပြန်ကြောတွေထုံးနေမယ်။ အဲဒါကနေသွးယိုမယ်။ ရုတ်တရက်ဖြစ်လို့ ဆေးကုချိန် မမီရင် အသက်ဆုံးပါးနိုင်တယ်။
• ချက်နားမှာ သွေးပြန်ကြောတွေဖေါင်းလာမယ်၊
• နှလုံးကို နားကြပ်နဲ့နားထောင်ရင် (ရင်ခေါင်းနေရာမှာ) အသံတမျိုးကြားရမယ်။
• လက်သည်းခြေသည်းတွေ ပြောင်းမယ်။ Terry's nails ဆိုတာ လက်သည်း အဖျားပိုင်း ၃ ပုံ ၁ ပုံက ဖြူနေတာကို ခေါ်တယ်။ လက်သည်းကို ဘေးတိုက်ရော ထိပ်ကနေပါကြည့်ရင် အလယ်မှာခုံးနေမယ်။
• အရိုးအရှည်စားတွေ ရောင်ပြီး နာမယ်။
• လက်ဝါး ကွေးထားသလို ကောက်နေမယ်။
• အားယုတ်မယ်၊ အစားပျက်မယ်၊ ကိုယ်အလေးချိန်ကျလာမယ်။

ရောဂါရှေ့တိုးလာရင်
• သွေးခြည်ဥတွေထွက်မယ်၊ သွေးယိုတာတွေဖြစ်မယ်။
• ဦးနှောက်ကိုထိခိုက်ပြီး အသိစိတ်ရှုတ်ထွေးတာနဲ့ သတိလစ်တာဆက်ဖြစ်လာမယ်။
• ရောဂါတခုခုဝင်လို့ ပေးရမဲ့ဆေးတွေကို သတိနဲ့ဆင်ခြင်ရပါတော့မယ်။

ဘာလို့ဖြစ်သလဲ
• ၃ဝ% ဟာ (ဘီ) ပိုး၊ ၂၇% ဟာ (စီ) ပိုးကနေဆက်ဖြစ်တယ်။ ၂ဝ% ဟာ အရက်ကနေဆက်ဖြစ်တယ်။
• အရက်အသည်းရောဂါဟာ အရက်သောက်များသူ၊ ကြာသူတွေထဲက ၁ဝ-၂ဝ% မှာဖြစ်တယ်။
• အရက်နဲ့မဆိုင်ဘဲဖြစ်တာလဲရှိတယ်။ အဆီတွေစုလာလို့ပါ။ အဝလွန်သူတွေ ၄ဝ% မှာဖြစ်တယ်။ ဆီးချိုရှိသူ၊ နှလုံးသွေးကြောရောဂါရှိသူတွေမှာလဲ ဖြစ်နိုင်တယ်။ အရက်မသောက်တဲ့ အမျိုးသမီးတွေမှာဖြစ်ရတာ ဒါမျိုးပါ။

ဓါတ်ခွဲခန်းစစ်ဆေးချက်များ
• Thrombocytopenia သွေးမှုံနည်း၊
• AST နဲ့ ALT တွေက အသင့်အတင့်များခြင်း။
• Alkaline phosphatase အနည်းငယ်များခြင်း။
• Gamma-glutamyl transferase များခြင်း၊
• Bilirubin အစောပိုင်းမှာ ပုံမှန်ပေမဲ့ ကြာရင် များလာမယ်။
• Albumin နည်းခြင်း၊
• Prothrombin time များခြင်း၊
• Globulins များခြင်း၊
• Serum sodium နည်းခြင်း၊
• Leukopenia and neutropenia နည်းခြင်း၊
• တခြားစစ်ဆေးနည်းတွေလုပ်နိုင်တယ်။ Serology for hepatitis viruses, autoantibodies, Ferritin and transferrin saturation, Immunoglobulin levels (IgG, IgM, IgA), Cholesterol and glucose, Alpha 1-antitrypsin, CT of the abdomen, Ultrasound, Endoscopy, Gastroscopy

ဘယ်လိုလုပ်နိုင်သလည်း
• အားမနာတမ်းပြောရရင် အသည်းပျက်စီးပြီးသား ရင်းစားပြန်မရတော့ပါ။ ဆက်မတိုးအောင်သာလုပ်ပေးနိုင်ပါတယ်။ နောက်ဆက်တွဲဖြစ်စရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
• ပိုးဝင်နေရင်ပိုးသေဆေးပေးမယ်။ ယားနေရင်၊ ဝမ်းချုပ်နေရင် ဆိုင်တဲ့ဆေးပေးမယ်။
• အရက်ကြောင့်ဖြစ်ရသူက လုံးဝအရက်ဖြတ်လိုက်ပါ။
• (ဘီ) ပိုး၊ (စီ) ပိုရှိသူက ဆိုင်ရာဆေးကုနည်းလုပ်ရပါမယ်။
• Corticosteroids ဆေးကို Autoimmune hepatitis အတွက်ပေးမယ်။
• Wilson's disease ဆိုရင် Chelation therapy (Penicillamine) ဆေးနဲ့ copper (ကောပါး) တွေကို သက်သာစေမယ်။
• ကိုယ်ရောင်၊ ဖျင်းစွဲနေသူ အငန်ရှောင်ပါ။ ဆီးသွားစေတဲ့ဆေးသုံးတယ်။ Aldosterone antagonists (Apironolactone) နဲ့ Loop diuretics ဆေးတွေသုံးတယ်။
• လိုအပ်သူကို ဗိုက်ထဲကအရည်ကို ဖေါက်ထုတ်ပေးရတယ်။
• အစာမျိုလမ်းသွေးယိုရင် အရေးပေါ်ကုသရမယ်။
• ဦးနှောက်ထိခိုက်တာကို (ပရိုတင်း) လျှော့စားစေရတယ်။

တခြားဆိုးတဲ့ရောဂါမရှိသူတွေက နောက်ဆုံးမှာ အသည်းအစားထိုးကုသရတော့ပါမယ်။ အမေရိကားမှာ တနှစ်ကို လူပေါင်း ၂၇ဝဝဝ သေဆုံးနေရတယ်။ ရောဂါနောက်ပိုင်းရောက်နေသူတွေထဲက ၁ဝ နှစ်နေရင် ၃၄-၆၆% သေဆုံးရတယ်။

Cirrhosis အသည်းခြောက်ရောဂါ

ဆရာ မင်္ဂလာပါရှင့် သမီးအမေက အသက် ၆၁ နှစ်ပါ ။ ကွမ်းလည်းစားပါတယ် ။ အခု အမေက သားအိမ်ကျလို့ဆိုပြီး ဆေးခန်းသွားပြတာပါ ။ ဗိုက်တောင့်တောင့်နေလို့ဆိုပြီး ဆရာမက အသည်း ကို Ultrasound ရိုက်ခိုင်းပါတယ်။ အသည်းခြောက်တယ်လို့ ပြောပါတယ် ။ အမေက ဘီပိုးကာကွယ်ဆေးလည်း ထိုးထားပါတယ် ။ အမေ့ Ultrasound အဖြေကိုလည်းဆရာကြည့်နိုင်အောင် ပို့ပေးလိုက်ပါတယ်ရှင့် သမီးသိချင်တာ အသည်းခြောက်တာ အသည်းကင်ဆာ ဖြစ်လာနိုင်လား ။ သက်တမ်းစေ့နေနိုင်ပါသလား ။ သက်တမ်းစေ့နေနိုင်အောင် ဘာတွေများ ဆောင်ရန်/ရှောင်ရန်ကို သိချင်ပါတယ်ရှင့် ။

အသည်းခြောက်ရောဂါဟာ တနည်းနည်းကြောင့် နာတာရှည်အသည်းရောဂါဖြစ်ပြီးနောက် ဆက်ဖြစ်လာတာဖြစ်တယ် ။ အသည်းရောင် စီ၊ အသည်းရောင် ဘီ၊ အရက်စွဲရောဂါ နဲ့ အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးသူတွေကနေ ဖြစ်လာနိုင်တယ် ။ တခြားအကြောင်းတွေလည်း ရှိပါသေးတယ် ။ ဖြစ်လာရင် အသည်းက လိုသလောက်နဲ့ လိုသလို မလုပ်နိုင်တော့ဘူး ။ နောက်ဆက်တွဲတွေဖြစ်နိုင်တယ်။ ဖျင်းစွဲမယ်၊ အစာလမ်းကနေ သွေးယိုမယ်၊ အသားဝါမယ်၊ ဦးနှောက်ကို ထိခိုက်မယ်၊ ကျောက်ကပ်၊ အဆုပ်ထိခိုက်မယ် ၊ အသည်းကင်ဆာ ဆက်ဖြစ်နိုင်တယ် ။ ဖြစ်လာရင် ဖြစ်စေတဲ့ အကြောင်းတရားကို ကုသရမယ် ။ ဆက်ဖြစ်လာတာတွေကို ကုသရမယ်။ တိုးမလာအောင် ဆင်ခြင်ရမယ် ။ အသည်းခြောက်နေပြီဆိုတာ ရောဂါရှေ့ရောက်တာဖြစ်တယ် ။ အသည်းမှာ အမာရွတ်တွေနဲ့ အဖုအသီးလေးတွေ ရောဖြစ်နေတယ် ။ ပြောင်းသွားတဲ့ အသည်းနေရာက သူ့အလုပ်သူ မလုပ်နိုင်တော့ပါ ။ တချိန်မှာ အသည်းအစားထိုးရမယ် ။

ခံစားရမှာတွေက အသည်း (ဆဲလ်) တွေ အလုပ်မလုပ်တော့လို့ဖြစ်ရတဲ့ တိုက်ရိုက်ဖြစ်လာတာတွေနဲ့ အစာလမ်းကြောင်း သွေးလှည့်စနစ်ချို့ယွင်းလို့ ဖြစ်တာတွေကို စုပေါင်းပြီး ခံစားရလိမ့်မယ် ။

အသည်းအလုပ်ပျက်ရင်
• Spider angiomata or spider nevi အရေပြားပေါ်မှာ သွေးကြောလေးတွေက ပင့်ကူးအိမ်လိုဖြစ်တာ ၊
• Palmar erythema (အီစထိုဂျင်း) ဟော်မုန်း များလာလို့ လက်ဝါးမှာ နီမြန်းနေတာနဲ့ ရင်သား ကြီးလာတာ ၊
• Hypogonadism လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေနည်းလာတာ၊ ပန်းသေ-ပန်းညှိုး၊ လိင်စိတ်နည်း၊ ကျားအစေ့သေးငယ်၊
• အသည်းအရွယ်အစား ကြီးနိုင် သေးနိုင်တယ်။
• အသည်းခြောက်ရာကနေ ရေဖျင်းဖြစ်လာမယ်။ လူကအရင်ကလို သက်တောင့်သက်သာမနေနိုင်တော့ပါ။ ပိုးဝင်တာလဲ သူများထက်ခံရနိုင်တယ်။
• Fetor hepaticus အသက်ရှူထုတ်တာမှာ dimethyl sulfide (ဆာလ်ဖါနံ့) ထွက်နေမယ်၊
• Jaundice အသားအရေ၊ မျက်လုံး၊ ဆီးဝါလာမယ်။ လူမြင်ရတာသာမက ကိုယ်ထဲမှာပါ ဝါနေမယ်ဆိုတာ သတိပြုပါ။ သွေးစစ်လို့ bilirubin 2–3 mg/dL or 30 mmol/L ကျော်တာနဲ့ ဝါတာကို မြင်ရပြီ။

အစာလမ်းကြောင်း သွေးလှည့်စနစ် ချို့ယွင်းလို့ ဖြစ်မှာတွေ
• ဘေလုံးကြီးလာမယ်၊
• အစာမြိုပြွန်အောက်ဖျားမှာ သွေးပြန်ကြောတွေထုံးနေမယ်။ အဲဒါကနေသွးယိုမယ်။ ရုတ်တရက်ဖြစ်လို့ ဆေးကုချိန် မမီရင် အသက်ဆုံးပါးနိုင်တယ်။
• ချက်နားမှာ သွေးပြန်ကြောတွေဖေါင်းလာမယ်၊
• နှလုံးကို နားကြပ်နဲ့နားထောင်ရင် (ရင်ခေါင်းနေရာမှာ) အသံတမျိုးကြားရမယ်။
• လက်သည်းခြေသည်းတွေ ပြောင်းမယ်။ Terry's nails ဆိုတာ လက်သည်း အဖျားပိုင်း ၃ ပုံ ၁ ပုံက ဖြူနေတာကို ခေါ်တယ်။ လက်သည်းကို ဘေးတိုက်ရော ထိပ်ကနေပါကြည့်ရင် အလယ်မှာခုံးနေမယ်။
• အရိုးအရှည်စားတွေ ရောင်ပြီး နာမယ်။
• လက်ဝါး ကွေးထားသလို ကောက်နေမယ်။
• အားယုတ်မယ်၊ အစားပျက်မယ်၊ ကိုယ်အလေးချိန်ကျလာမယ်။

ရောဂါရှေ့တိုးလာရင်
• သွေးခြည်ဥတွေထွက်မယ်၊ သွေးယိုတာတွေဖြစ်မယ်။
• ဦးနှောက်ကိုထိခိုက်ပြီး အသိစိတ်ရှုတ်ထွေးတာနဲ့ သတိလစ်တာဆက်ဖြစ်လာမယ်။
• ရောဂါတခုခုဝင်လို့ ပေးရမဲ့ဆေးတွေကို သတိနဲ့ဆင်ခြင်ရပါတော့မယ်။

ဘာလို့ဖြစ်သလဲ
• ၃ဝ% ဟာ (ဘီ) ပိုး၊ ၂၇% ဟာ (စီ) ပိုးကနေဆက်ဖြစ်တယ်။ ၂ဝ% ဟာ အရက်ကနေဆက်ဖြစ်တယ်။
• အရက်အသည်းရောဂါဟာ အရက်သောက်များသူ၊ ကြာသူတွေထဲက ၁ဝ-၂ဝ% မှာဖြစ်တယ်။
• အရက်နဲ့မဆိုင်ဘဲဖြစ်တာလဲရှိတယ်။ အဆီတွေစုလာလို့ပါ။ အဝလွန်သူတွေ ၄ဝ% မှာဖြစ်တယ်။ ဆီးချိုရှိသူ၊ နှလုံးသွေးကြောရောဂါရှိသူတွေမှာလဲ ဖြစ်နိုင်တယ်။ အရက်မသောက်တဲ့ အမျိုးသမီးတွေမှာဖြစ်ရတာ ဒါမျိုးပါ။

ဓါတ်ခွဲခန်းစစ်ဆေးချက်များ
• Thrombocytopenia သွေးမှုံနည်း၊
• AST နဲ့ ALT တွေက အသင့်အတင့်များခြင်း။
• Alkaline phosphatase အနည်းငယ်များခြင်း။
• Gamma-glutamyl transferase များခြင်း၊
• Bilirubin အစောပိုင်းမှာ ပုံမှန်ပေမဲ့ ကြာရင် များလာမယ်။
• Albumin နည်းခြင်း၊
• Prothrombin time များခြင်း၊
• Globulins များခြင်း၊
• Serum sodium နည်းခြင်း၊
• Leukopenia and neutropenia နည်းခြင်း၊
• တခြားစစ်ဆေးနည်းတွေလုပ်နိုင်တယ်။ Serology for hepatitis viruses, autoantibodies, Ferritin and transferrin saturation, Immunoglobulin levels (IgG, IgM, IgA), Cholesterol and glucose, Alpha 1-antitrypsin, CT of the abdomen, Ultrasound, Endoscopy, Gastroscopy

ဘယ်လိုလုပ်နိုင်သလည်း
• အားမနာတမ်းပြောရရင် အသည်းပျက်စီးပြီးသား ရင်းစားပြန်မရတော့ပါ။ ဆက်မတိုးအောင်သာလုပ်ပေးနိုင်ပါတယ်။ နောက်ဆက်တွဲဖြစ်စရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
• ပိုးဝင်နေရင်ပိုးသေဆေးပေးမယ်။ ယားနေရင်၊ ဝမ်းချုပ်နေရင် ဆိုင်တဲ့ဆေးပေးမယ်။
• အရက်ကြောင့်ဖြစ်ရသူက လုံးဝအရက်ဖြတ်လိုက်ပါ။
• (ဘီ) ပိုး၊ (စီ) ပိုရှိသူက ဆိုင်ရာဆေးကုနည်းလုပ်ရပါမယ်။
• Corticosteroids ဆေးကို Autoimmune hepatitis အတွက်ပေးမယ်။
• Wilson's disease ဆိုရင် Chelation therapy (Penicillamine) ဆေးနဲ့ copper (ကောပါး) တွေကို သက်သာစေမယ်။
• ကိုယ်ရောင်၊ ဖျင်းစွဲနေသူ အငန်ရှောင်ပါ။ ဆီးသွားစေတဲ့ဆေးသုံးတယ်။ Aldosterone antagonists (Apironolactone) နဲ့ Loop diuretics ဆေးတွေသုံးတယ်။
• လိုအပ်သူကို ဗိုက်ထဲကအရည်ကို ဖေါက်ထုတ်ပေးရတယ်။
• အစာမျိုလမ်းသွေးယိုရင် အရေးပေါ်ကုသရမယ်။
• ဦးနှောက်ထိခိုက်တာကို (ပရိုတင်း) လျှော့စားစေရတယ်။

တခြားဆိုးတဲ့ရောဂါမရှိသူတွေက နောက်ဆုံးမှာ အသည်းအစားထိုးကုသရတော့ပါမယ်။ အမေရိကားမှာ တနှစ်ကို လူပေါင်း ၂၇ဝဝဝ သေဆုံးနေရတယ်။ ရောဂါနောက်ပိုင်းရောက်နေသူတွေထဲက ၁ဝ နှစ်နေရင် ၃၄-၆၆% သေဆုံးရတယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အသည်းကောင်းကြပါစေ။

Cirrhosis အသည်းခြောက်ရောဂါ http://doctortintswe.blogspot.com/2014/11/cirrhosis.html
Cirrhosis Diet အသည်းခြောက် အစားအသောက် http://doctortintswe.blogspot.com/2014/12/cirrhosis-diet.html
Primary biliary cirrhosis အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသဲခြောက်ရောဂါ http://doctortintswe.blogspot.com/2017/01/primary-biliary-cirrhosis.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Typhoid fever တိုက်ဖွိုက်ရောဂါ


၁။ ကလေးက ၄ နှစ် ၉ လပါ။ Typhoid သွေးအဖြေအရ ဆေးထိုးနေရလို့ပါဆရာ။ Typhoid ရောဂါအကြောင်း သိချင်ပါတယ်ဆရာ ။ ဆေးထိုး ဆေးသောက်လို့ အရှင်းပျောက်ကင်း သွားပါသလား ဆရာ ။

၂။ Typhoid ကသောက်ဆေးနဲ့ကောပျောက်နိုင်လာဆရာ။ နောက် ကျနော့အမေက (glucose) အကြောဆေး သွင်းမရလိုပါ။ ဆန်ပြုတ်၊ ကြက်ပြုတ်ပဲ အရည် ပဲနေ့တိုင်သောက်နေရတော့ အားနည်းလားတာ typhoid ဖြစ်ချိန် သောက်လို့ရနိုင်မဲ့အားဆေးရှိပါသလားဆရာ။ အားကိုးလျက်။

၃။ ဆရာရှင့် အခု ကျွန်မတို့ မှာ အူရောင်ငန်းဖျားရောဂါ ခေါ် တိုက်ဖွိုက်ဖြစ်နေတယ်ကြားလို့ပါရှင်။ ဘယ်လို ကာကွယ်သင့်လဲဆရာရှင့် ။ ရောဂါလက္ခဏာ လေးတွေ နဲ့ ဖြစ်တဲ့လူတွေ စောင့်ရှောက်သင့်ပါ သလဲရှင် ။ ကလေးနဲ့ လူကြီးမှာဖြစ်တဲ့ရောဂါလက္ခဏာတွေရော တူပါသလား ။ မိသားစုအတွက် စိတ်ပူလို့ပါရှင် ။ ရိုသေလေးစားစွာနဲ့ စာရေးလိုက်ပါတယ်ရှင့် ။

Typhoid တိုက်ဖွိုက်ရောဂါကို အူရောင်ငန်းဖျားရောဂါလို့လည်းခေါ်တယ် ။ Enteric fever (အင်းတရစ်ဖီးဘာ) လို့လည်း ခေါ်တယ် ။ Salmonella enterica serovar Typhi ဗက်တီးရီးယားကြောင့်ဖြစ်တယ် ။ အရေးကြီးတဲ့ကူးစက်ရောဂါတခု ဖြစ်တယ် ။ ပိုးပါနေတဲ့ အစားအစာနဲ့ ရေကတဆင့် ကူးစက်မယ် ။ စအိုကထွက်ပြီး ပါးစပ်ကနေဝင်တယ် ။ ပါးစပ်ကနေ ဝင်တာတွေကို ဆင်ခြင်နိုင်ရင် ရောဂါမကူးပါ။ ရေ + အစားအသောက် ။ ရေကိုသန့်တာသောက်ပါ ။ ရေသန့်ပုလင်း + ရေနွေးသောက်ပါ ။ အစားအသောက် ပူနေတာကိုချက်ချင်းစားပါ ။ ယင် ၊ ပိုးဟပ်သတိထားပါ ။ လက်ဆေးပါ ။ ခဏခဏဆေးပါ ။

Mary Mallon (မေရီ မယ်လုံ) ဆိုသူ အမေရိကန်အမျိုးသမီးဟာ ၁၉ဝဝ-၁၉ဝ၇ ခုနှစ်အတွင်းမှာ တိုက်ဖွိုက်ပိုးတွေ သယ်ဆောင်ထားပြီး၊ (၅၁) ယောက်ကိုကူးစက်စေခဲ့ပြီး (၃) ယောက်သေဆုံးစေခဲ့သည် ။ Typhoid Mary လို့ ခေါ်ကြတော့တယ် ။ နယူးယောက်မြို့ စားသောက်ဆိုင်တခုမှာအလုပ်နေရင်း အဲလိုဖြစ်ခဲ့တာပါ ။ ဒီရောဂါဟာ စနစ်တကျ မကုသရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်တယ် ။ တချို့က သူကိုယ်တိုင်ရောဂါဖြစ်နေတာကို မခံစားကြရပေမဲ့ သူများကိုကူးစက်စေတယ် ။ တနှစ်မှာ တကမ္ဘာလုံး လူပေါင်း ၂၁ သန်းရောဂါဖြစ်ကြရပြီး လူ ၂ သိန်းလောက် သေဆုံးနေကြတယ် ။

ရောဂါ လက္ခဏာများ
ပထမပါတ် = အဖျားတက်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဝမ်းပျက်ခြင်း ၊ အနီပြင်ထွက်ခြင်း ၊ အပူချိန်နှင့် စာလျှင် နှလုံးခုန်နှေးခြင်း ၊ နှာခေါင်းသွေးယိုခြင်း ၊ သွေးဖြူဥနည်းခြင်း၊ Widal test အနှုတ်ဖြစ်မည် ။

ဒုတိယပါတ် = အဖျားတက်ခြင်း ၊ အပူချိန်နှင့်စာလျှင် နှလုံးခုန်နှေးခြင်း ၊ အနီပြင်ထွက်ခြင်း ၊ အားယုတ်ခြင်း ၊ စိတ်မကြည်လင်ခြင်း ၊ စိတ်တိုခြင်း ၊ အဆုပ်မှ အိပ်နေစဉ် ဟောက်သံကဲ့သို့သော အသံကြားရခြင်း ၊ ကြီးသည့် လေပြွန်များ ပိတ်နေသည့်အခါ လေတိုးဝင်သည့်အသံ၊ ဗိုက်တင်း၍ ညာဘက်အောက်ပိုင်း နာခြင်း ၊ ဝမ်းပျက်ခြင်း ၊ ဝမ်းအရောင်စိမ်း၍ ပို၍နံသည် ။ ဝမ်းချုပ်တတ်သည် ။ Widal test အပေါင်းဖြစ်မည် ။

တတိယပါတ် = ဂယောင်ဂတမ်းဖြစ်ခြင်း၊ ရေ-ဆား ခြောက်ခန်းခြင်း၊ နောက်ဆက်တွဲလက္ခဏာများ ဖြစ်လာမည် ။ အူမှ သွေးယိုခြင်း ၊ အူပေါက်တတ်သည် ။ သွေးထဲပိုးရောက်မည်။ အူအမြှေးရောင်မည် ။ အခြားနေရာများ သို့ပြန့်မည် ။ ဦးနှောက်ရောင်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ အရိုးရောင်ခြင်း ၊ နှလုံးရောင်ခြင်း ။

ရောဂါရှာဘို့ရာ Widal test သွေးအား (ဝီဒေါလ်- တက်စ်) လုပ်ရတယ် ။

ကုသရန်
ရေ + အရည် များများသောက်ပါ။ အစားအစာကို ကျန်းမာရေးနဲ့ညီတာကိုသာစားပါ ။ မများစေနဲ့ ။ ကယ်လိုရီများတာ စားသင့်တယ် ။ အရင်က Chloramphenicol ကိုသာသုံးခဲ့ရတယ် ။ အခု Ciprofloxacin (Cipro) စားဆေးနဲ့ Ceftriaxone (Rocephin) ထိုးဆေးကိုအများဆုံးသုံးတယ် ။ Ciprofloxacin (Cipro) ကို ကိုယ်ဝန်မရှိသူတွေကို ပေးတယ် ။ Trimethoprim-sulfamethoxazole (Septrin) နဲ့ Ampicillin ဆေးတွေကို ယဉ်လာတာတွေလည်း တွေ့လာရတယ် ။

ရောဂါကနေဆက်ဖြစ်နိုင်တာတွေရှိတယ် ။ အူပေါက်တာနဲ့ သွေးယိုတာဖြစ်နိုင်တယ် ။ တတိယပါတ်လောက် မှာဖြစ်တာ များတယ် ။ ဗိုက်အတင်းနာလာမယ် ။ ပျို့အန်မယ် ။ သွေးထဲထိပိုးရောက်လို့ပိုဖျားမယ် ။ အရေးပေါ်ကုသမှရမယ် ။ ခွဲစိတ်ရနိုင်တယ် ။ တချို့ကို သည်းခြေအိတ်ခွဲစိတ်ပေးရတယ် ။

Typhoid vaccine ကာကွယ်ဆေး ၂ မျိုး ရှိတယ်။
၁။ Inactivated Typhoid Vaccine (Ty21a) ထိုးဆေး နဲ့
၂။ Live attenuated vaccine (Ty21a) ပါးစပ်ကနေပေးတဲ့ ကာကွယ်ဆေးဖြစ်တယ်။ Vi capsular polysaccharide vaccine လို့လဲ ခေါ်တယ်။
Inactivated Typhoid Vaccine ထိုးဆေး၊ ၂ နှစ်အောက်ကလေးတွေကို ထိုးပေးတယ်။ တလုံးထဲ ရတယ်။ ရောဂါ ထူပြောရာဒေသကို မသွားခင် ၂ ပါတ်ကြိုထိုးရမယ်။ ၂ နှစ်တခါ ထပ်ထိုးသင့်တယ်။

Live Typhoid Vaccine သောက်ဆေး၊ ၆ နှစ်အောက်ကလေးတွေကို ပေးတယ်။ ၄ ခါထိုးရတယ်။ တခါနဲ့တခါ ၂ ရက်ခြားရတယ်။ ရောဂါထူပြောရာဒေသကို မသွားခင် ၁ ပါတ်ကြိုရမယ်။ ၅ နှစ်တခါ ထပ်ပေးသင့်တယ်။ ဆေးတိုက်ပြီး ၂၄ နာရီအတွင်း ပဋိဇီဝဆေး မပေးသင့်ပါ။

ကာကွယ်ဆေး ၂ မျိုးလုံးကို ၁ဝဝ% မကာကွယ်နိုင်ပါ။ တခြားကာကွယ်ဆေးတွေနဲ့ တပြိုင်ထဲထိုးပေးနိုင်တယ် ။ ဆေး မတည့်သူတွေကို နောက်ထပ် မထိုးရပါ ။ ခုခံအားစနစ်မကောင်းသူတွေကို သောက်ဆေးမပေးသင့်ပါ ။ HIV/AIDS ရှိသူတွေ ၊ (စတီရွိုက်) ဆေးပေးနေသူတွေ ။ ဆေးမတည့်တာဖြစ်နိုင်ပေမဲ့ ဒါဖြစ်လို့သေတဲ့အထိဖြစ်တာ မရှိသလောက်ပါ ။ ထိုးဆေးကြောင့် ၁% ကိုယ်ပူနိုင်တယ် ။ ၃% ခေါင်းကိုက်နိုင်တယ် ။ ထိုးတဲ့နေရာရောင်တာ ၇% ဖြစ်နိုင်တယ် ။ သောက်ဆေးကြောင့် ကိုယ်ပူ-ဖျားတာ ၅% ရှိနိုင်တယ် ။ ဗိုက်အောင့်တာ၊ ပျို့-အန်တာ နည်းနည်းဖြစ်နိုင်တယ် ။

ထိုးဆေးကို နီပေါမှာ ၅-၄၄ နှစ်ရှိသူတွေကိုထိုးပေးပြီး၊ စမ်းသပ်မှုလုပ်တော့ လပေါင်း၂ဝ အတွင်မှာ ၇၅% ကာကွယ်မှု ပေးတာ တွေ့ရတယ်။ တောင်အာဖရိကမှာ စမ်းတော့ ၅-၁၆ ကလေးတွေကို ထိုးပေးတာမှာ ၂၁ လအကြာ ၆၄% ကာကွယ်မှုပေးတယ်။ ၃ နှစ်အကြာ ၅၅% ကာကွယ်မှု ပေးတယ် ။ တရုပ်နိုင်ငံမှာ ၅-၁၉ နှစ်ကြား ကလေးပေါင်း ၆ သောင်းကို စမ်းသပ်တော့ ၁၉ လ အတွင်းမှာ ၆၉% ကာကွယ်မှု ပေးတယ် ။ ယေဘုယျ ၃ နှစ်အထိ ခံတယ်လို့ သတ်မှတ်တယ် ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး


ချောကလက်မှာ Phenols လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ ချောကလက် တစ်အောင်စခွဲ အရွယ်အတုံးသေးတစ်ခုမှာ ဝိုင်နီငါးအောင်စဝင် တစ်ဖန်ခွက်စာလောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေပါတယ်။ အဖြူရောင် ချောကလက်ထက် အရောင်ရင့် ချောကလက်က ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ လူအများသိပြီးသား ဖြစ်မှာပါ။

နောက်ထပ်သတင်းကောင်း၏ချောကလက်မှာ ပါဝင်တဲ့အဆီ သုံးပုံတစ်ပုံဟာ Stearic လို့ခေါ်တဲ့ ကိုယ်လက်စထရော အကျိုးပြုအဆီဖြစ်ပြီး ကျန်အဆီသုံးပုံနှစ်ပုံကတော့ Oleic acid လို့ခေါ်တဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ ပင်ဆဲလ်ဗေးနီးယား သုတေသီတွေက လူ ၂၃ ဦးကို တူညီတဲ့ အစားအသောက်ကျွေးပြီး တချို့လူတွေကို အမည်းရောင် ချောကလက် ၁၆ ဂရမ်နဲ့ ကိုကိုးမှုန့် ၂၂ ဂရမ် ထပ်မံကျွေးတဲ့အခါ ချောကလက် စားသူတွေဟာ မစားသူတွေထက် မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ ပိုလျော့ကျ ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ချောကလက် စားချင်စိတ်ပြင်းပြနေလျှင်

-    အမည်းရောင်ကို ရွေးပါ

အမည်းရောင် ချောကလက်မှာ တခြားချောကလက်အမျိုးအစားတွေထက် Phenols ဓာတ်ပိုမိုပါဝင်နေပါတယ်။ နို့ချောကလက်တွေမှာတော့ ပြည့်ဝဆီတွေ ဖြစ်တဲ့ နို့အဆီ ပါဝင်နေတာကြောင့် မရွေးသင့်ပါ။

-    စတော်ဘယ်ရီသီး ထည့်စားပါ

ချောကလက် ပူပူတစ်ခွက်ထဲ စတော်ဘယ်ရီသီး ထည့်တာဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများများပါဝင်တဲ့ သရေစာတစ်မျိုးပါပဲ။ ချောကလက်ပူပူထဲ စတော်ဘယ်ရီသီး မထည့်ခင် ခြောက်သွေ့နေဖို့လိုပါတယ်။

-    အမျိုးအစား ကောင်းကောင်း ရွေးစားပါ

အကောင်းဆုံး ချောကလက်ကို ရွေးဝယ်ပါ။ ဒါမှသာ ချောကလက်ပမာဏ များများထက် ပမာဏနည်းနည်းစားရုံနဲ့ ကျေနပ်သွားပါလိမ့်မယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

စပ်တော့စပ်တယ် ငရုတ်သီး ( Chilli )


ငရုတ်သီးဟာ စိုက်ပျိုးရ လွယ်ကူတဲ့ အတွက် ကမ္ဘာတစ်ဝန်း ဆေးကုသရာမှာ အသုံးပြုကြပါတယ် ။ ရှေးလူကြီးတွေဟာ ငရုတ်သီးကို နာကျင်မှု ဝေဒနာ သက်သာအောင်မှ အစပြုပြီး ကာမရာဂ နိုးကြွစေတဲ့ ဆေးအဖြစ် ရောဂါ အားလုံး အတွက် အသုံးပြုကြပါတယ် ။

ငရုတ်သီးမှာ ပါဝင်တဲ့ ပူစပ်တဲ့ အရသာရှိတဲ့ capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့် ကြွက်သား နာကျင်တာ၊ ခွဲစိတ်အပြီး နာကျင်တာနဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေတာကို ယနေ့အထိ လူသိများနေဆဲလို့ ဆိုပါတယ်။

ငရုတ်သီးဟာ ဦးနှောက်အတွင်း နာကျင်မှုဝေဒနာကို သယ်ဆောင် ပေးတဲ့ chemical messages တွေကို တားဆီးနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး လေ့လာမှုအရ ငရုတ်သီးဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ငရုတ်သီးဟာ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ် ။ ငရုတ်သီးပါဝင်တဲ့ နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်နေပြီး အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းနေတာကို တွေ့ရှိရပါတယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ် ။

သင့်ရဲ့ အစားအစာထဲမှာ ငရုတ်သီးအစိမ်း လိုက်ထည့်စားတာ ဒါမှမဟုတ် အသုပ်တွေထဲမှာ ငရုတ်သီးမှုန့် ထည့်စားတာ၊ ငရုတ်သီးမှုန့်နဲ့ ဟင်းချက်ပြီး စားတာတွေ လုပ်ပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

ခွဲစိတ်မွေးဖွားသူ ကလေးငယ်များ အ၀လွန်ရောဂါခံစားရနိုင်


ခွဲမွေးထားသော ကလေးများသည် အရွယ်ရောက်လာသည့်အခါ အ၀လွန်သူများဖြစ်လာနိုင်ကြောင်း လန်ဒန်အင်ပါယာကောလိပ် သုတေသီများက ဆိုသည်။

သဘာဝအတိုင်းမွေးဖွားသည့် ကလေးများထက် ခွဲမွေးသည့်ကလေးများသည် အသက်ကြီးလာသည့်အခါ ၎င်းတို့၏ လေးပုံတစ်ပုံတွင် အ၀လွန် လာလေ့ရှိကြောင်း သုတေသနအဖွဲ့ ကဆိုသည်။
“ခွဲမွေးတာဟာ မိခင်အချို့ အတွက် အကောင်းဆုံး မွေးဖွားနည်းတစ်ခုဖြစ်နိုင်သလို ရံဖန်ရံခါ အသက်ကယ်ဖို့အတွက် ခွဲမွေးရပါတယ်။ ဒါပေမယ့် ခွဲမွေးခြင်းကြောင့် ရေရှည်မှာဖြစ်လာနိုင်တဲ့ ပြဿနာတွေကို နားလည်ထားဖို့ လိုသလို ခွဲမွေးဖို့စဉ်းစားတဲ့ အမျိုးသမီးတွေကိုလည်း သတင်း အချက် အလက် အစုံ အလင် ပြောပြထားပြီးမှ ခွဲမွေးဖို့ ဆုံးဖြတ်ချက်ချခိုင်းသင့်ပါတယ်”ဟု ဦးဆောင်သူ သုတေသီ ပါမောက္ခ Neena Mod ကဆိုသည်။

PLOS ONE ဂျာနယ်၌ ဖော် ပြခဲ့သော အဆိုပါသုတေသနတွင် ခွဲစိတ်၍ မီးဖွားသူမိခင် (၃၈၀၀၀)ဦး ကို လေ့လာမှုများ ပြုလုပ်ခဲ့သည် ။ ထိုမိခင်များမှ မွေးဖွားလာသူကလေးများ၏ ပျှမ်းမျှ ခန္ဓာကိုယ် ထုထည် အညွှန်းကိန်း (Body Mass Index – BMI) သည် သဘာဝအတိုင်းမွေးဖွားလာသူများ ထက်0.5 kg/m2 ပိုများနေသည်ကို တွေ့ရသည်။ ခွဲစိတ်၍ မွေးဖွားထားသူများသည် ကိုယ်အလေးချိန်လွန်ကဲရန် (၂၉)ရာခိုင်နှုန်း ၊ အ၀လွန်ရန် (၂၂)ရာခိုင်နှုန်း အန္တရာယ်ပိုမိုမြင့်မားလျက်ရှိသည် ။

“အူထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေဟာ ခွဲမွေးတဲ့ကလေး နှင့် သဘာဝ အတိုင်း မွေးဖွားတဲ့ ကလေးတွေမှာ အမျိုးအစားမတူပါဘူး ။ သဘာဝအတိုင်းမွေးဖွားစဉ် ကလေးငယ်ကို မွေးလမ်းကြောင်း တစ်လျှောက် ဖိညှစ်ထားမှုကြောင့် မျိုးဗီဇ တချို့ သတ္တိကြွလာပြီး ဇီဝဖြစ်စဉ်များစတင် လည်ပတ် လာလေ့ရှိပါတယ် ”ဟု သုတေသီ Matthew Hyd ကဆိုသည် ။

ခွဲစိတ်မီးဖွားခြင်းနှင့် ကလေးငယ်အရွယ်ရောက်ချိန်၌ အ၀လွန်လာခြင်းတို့ ဆက်စပ်မှုသည် ကလေးငယ်၏ ဇီဝဖြစ်စဉ်များ အပြည့်အ၀ အလုပ်မလုပ်ခြင်းကြောင့်သော်လည်း ကောင်း ၊ အူလမ်းကြောင်း အတွင်း အကျိုးပြုဘက်တီးရီးယား မစုံလင် ခြင်းကြောင့်လည်းကောင်း ဖြစ်နိုင် သည်ဟု သုတေသီများ က ကောက်ချက်ချ ထားသည် ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

စိတ်ဝေဒနာကြောင့် အစားအသောက်ပျက်နေသူများ အတွက် အချစ်ဟော်မုန်း သို့မဟုတ် Oxytocin


Anorexia Nervosa (AN) ဆိုသည်မှာ အ၀လွန်နေသူများတွင် ကိုယ်အလေးချိန်ကျစေရန် အစား အသောက်ရှောင်ရာမှ စိတ်ဝေဒနာ ဖြစ်ပြီး အစားအသောက် အလွန်အကျွံ ပျက်လာသည့် ရောဂါဖြစ်သည် ။ ယင်းဝေဒနာအား အင်္ဂလန်၌ ဆယ်ကျော်သက်အမျိုးသမီး ၁၅၀ လျှင် ၁ဦးခံစားနေရပြီး ယင်းက စိတ်ကျန်းမာရေးနှင့် ဆက်စပ်သည့် အသေအပျောက်နှုန်းများနှင့်ဆက်စပ်နေကြောင်းတွေ့ရသည်။

လတ်တလောလေ့လာမှုအရ ယင်းဝေဒနာအား ကုသရာတွင် Oxytocin ဟု ခေါ်သည့်ဟော်မုန်းကို အသုံးပြုခြင်းမှာ နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း တွေ့ရသည် ။ Oxytocin ဟော်မုန်းများမှာ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်နေသည့်အခါ လိင်ဆက်ဆံသည့်အခါ ကိုယ်ဝန်ဆောင်နေ စဉ် နှင့် ကလေးနို့စို့ စဉ်တို့တွင် သဘာဝအတိုင်း ထွက်လေ့ရှိပြီး ယင်းဟော်မုန်းအား ပြင်ပမှ ထုတ်ယူ၍ ဝေဒနာရှင်များတွင် စမ်းသပ် သုံးစွဲလျက်ရှိရာ အောင်မြင်မှုများရလျက် ရှိကြောင်း တွေ့ရသည် ။ လေ့လာမှုတစ်ခု၌ AN ဝေဒနာ ခံစားနေရ သည့်လူနာ ၃၁ ဦးတွင် Oxytocin် ဟော်မုန်းအား ပေး၍ ရလဒ်အား စောင့်ကြည့်ခဲ့ရာ အစား အစာများနှင့် အ၀လွန်နေသောကိုယ်အင်္ဂါအစိတ်အပိုင်းများအား စိုးရိမ်ကြောင့် ကျမှု လျော့နည်း သွားကြောင်းတွေ့ခဲ့ရသည် ။ ဒုတိယ လေ့လာမှုအရ ယင်းလူနာများကိုပင် စိတ်ဆိုးနေသည့် သူများနှင့် ရင်ဆိုင်ဖြေရှင်းခိုင်းခဲ့ရာ ပို၍ အဆင်ပြေပြေဖြေရှင်းနိုင်ကြောင်းတွေ့ခဲ့ရသည် ။

အပိန်လေး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Pantoprazole ပန်တိုပရာဇိုးလ်


ဆရာ ပုံပါဆေးကို အမြဲသောက်လို့ရလားဆရာ။

Pantoprazole (ပန်တိုပရာဇိုးလ်) ဆေးဟာ လူသုံးများတယ် ။ Proton pump inhibitors အမျိုးအစားဆေးဖြစ်တယ် ။ အစာအိမ်လေနာ ၊ အူသိမ်အစပိုင်းလေနာ ၊ အစာမျိုပြွန်ကနေ အစာခြေရည် အထက်ဆန်တာအတွက်ပေးတယ် ။ အစာအိမ်က အက်စစ်ရည် ထွက်တာကို နည်းစေတယ် ။ ရင်ပူတာ သက်သာစေမယ် ။ အစာမျိုခက်တာနဲ့ မပြတ်တမ်း ချောင်းဆိုးနေတာ အတွက်ပါ ပေးနိုင်တယ် ။ ဆေးနာမည်အမျိုးမျိုးရှိတယ် ။ Pantocid 40 နာမည်နဲ့လည်းလာတယ် ။

ဆေးဘယ်လိုပေးမလည်း
• Duodenal ulcer အူသိမ်အစပိုင်းလေနာဆိုတာ Helicobacter pylori infection ဗက်တီးရီးယားကနေဖြစ်တယ်။
• Zollinger-Ellison Syndrome ရောဂါအတွက်လည်းပေးတယ်။ အဲတာက ရှားတဲ့ သရက်ရွက်နဲ့ အူသိမ်အစပိုင်းမှာ အကျိတ်ဖြစ်တာ။ အစာခြေရည်တွေအများကြီးထွက်စေတယ်။
• အူသိမ်အစပိုင်းလေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၂-၄ ပါတ်။ Helicobacter pylori infection ကြောင့်ဖြစ်ရင် ပိုးသေဆေးနဲ့ပါတွဲပေးရတယ်။
• Gastric ulcer အစာအိမ်လေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပတ်။
• Reflux oesophagitis အစာခြေရည်အထက်ဆန်လို့ရောင်တာတာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပတ်။
• Zollinger-Ellison Syndrome ရောဂါအတွက် 40 mg တနေ့ ၂ ကြိမ်။
• Gastro-oesophageal reflux disease (GERD) အစာခြေရည်အထက်ဆန်တာအတွက် 20 mg တနေ့ ၁ ကြိမ်၊ ၄ ပတ်။ လိုသေးရင် နောက်ထပ် ၄ ပတ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ ခေါင်းကိုက်၊ ဝမ်းပျက်၊ ပျို့-အန်၊ အာခေါင်ခြောက်၊ သွေးဖြူဥနည်း၊ သွေးမှုံနည်းတာ ဖြစ်နိုင်တယ်။ တာရှည် (၃ နှစ်ကြာ) သောက်ရင် ဗီတာမင် ဘီ-၁၂ နည်းစေတတ်တယ်။ အဲတာနည်းရင် အားနည်းမယ်။ လျှာအနာပေါက်မယ်။ ခြေလက်ထုံမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Salpingitis သားအိမ်ပြွန်ရောင်ခြင်း


ဆရာရှင့် ကျွန်မ အသက် ၂၇ အိမ်ထောင်သည်ပါ ။ ကလေးရော ကိုယ်ဝန်ရောမရှိပါ။ ဘယ်ဘက်ပေါင်ထိပ်၊ ဆီးခုံ ဘယ်ဘက်ထိပ်ကနာလို့ ဆေးခန်းပြတယ် ။ ultrasound ရိုက်တယ် အဖြေတွေက အားလုံးကောင်းပါတယ် ။ သားဥပြွန် ရောင်တယ်ဆိုပြီး ပိုးသတ်ဆေး ၂ ပတ်ပေးပါတယ်။ နာတာသက်သာအောင် Dolfenal 500 mg ပေးပါတယ် ။ ၂ ပတ် ပြည့်ပြန်ပြ နာနေတာပဲဆရာ ။ နောက်တခါလည်း ထပ်ပြပါတယ် ။ ရောင်တဲ့အရှိန်ကြောင့်နာတာ စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောပါတယ် ။ ဆေးသောက်နေရင် သက်သာပါတယ်။ Dolfenal 500 mg ကို ဘယ်လောက် အချိန်အတိုင်း အတာထိ သောက်လို့ရပါသလဲ ဆရာ ။ ရောင်တဲ့အရှိန်ကြောင့်နာတာကရော ဘယ်လောက် ကြာတတ်ပါသလဲဆရာ ။ ဆေးဖြတ်ပြီးလို့ နာနေတာက တလလောက်တောင်ရှိပါပြီ ။ ဖြေပေးပါဦး ဆရာ ။ ကျေးဇူးတင်ပါတယ် ။ သားဥပြွန်ရောင်တာကို ပိုးသတ်ဆေးတမျိုးတည်းနဲ့ပဲပျောက်ပါသလားဆရာ။ ဆရာဝန်က ဘာဆေးမှထပ်မပေးလို့ပါ။ သားဖွားမီးယပ် အထူးကုနဲ့ ပြတာပါ။

တစ် ၃ လုံးနဲ့ ယောင် ၃ လုံးကို သတ်ပုံပြင်လိုက်ပါတယ်။ ဆောရီး။

Dolfenal 500 mg ဆိုတာ Mefenamic acid ဆေးဖြစ်တယ်။ အဖျား-အနာ-အကိုက် သက်သာဆေး ဖြစ်တယ် ။ အဆစ်နာ၊ ရာသီလာစဉ်နာ၊ သွားကိုက်၊ ထိခိုက်ဒဏ်ရာနာ၊ ခွဲစိတ်ပြီးနာ ၊ ခေါင်းကိုက်၊ မိုင်ဂရင်း၊ စတာတွေအတွက် ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ = ဆီးထဲ-ဝမ်းထဲသွေးပါ ၊ ဆီးသွားတဲ့အကြိမ်နည်း၊ ရင်ပူ၊ အစာမကျေ၊ စားချင်စိတ်နည်း၊ ဗိုက်အောင့် ၊ သွေးဖိအားတက် ၊ အရေပြားယား၊ ခါးနာ၊ ကိုယ်ရောင်၊ သွေးထွက်လွယ်၊ အန်၊ ကိုယ်အလေးချိန်တက်-ကျ။

အမျိုးသမီးတိုင်းမှာ သားအိမ်ရဲ့ ဘယ်နဲ့ညာမှာ သားအိမ်ပြွန်တစုံစီရှိတယ်။ ပျမ်းမျှ ၁ဝ စင်တီမီတာ ရှည်ကြတယ် ။ သူ့အောက်နား နှစ်ဖက်လုံးမှာ မျိုးဥအိမ်လေးတွေရှိတယ်။ အပျိုဖြစ်ကတည်းက သွေးဆုံးတဲ့အချိန်ထိ လစဉ် မျိုးဥတဥ ထုတ်ပေးနေတယ်။ အိမ်ထောင်ကျလို့ ကျားသုက်ပိုးက ဗဂျိုင်းနားကနေဝင်လာပြီး အထက်ကိုတက်လာချိန်နဲ့ မျိုးဥထွက်ချိတန်ကိုက်ရင် မျိုးဥဟာ သားအိမ်ပြွန် ဘေးအဆုံးပေါက်ကနေတဆင့် ပြွန်ထဲဝင်လာပြီး ပြွန်ရဲ့ အဖျားပိုင်း သုံးပုံတပုံနေရာလောက် မှာ ပေါင်းဆုံကြတယ် ။

သားအိမ်ပြွန်ရောင်တာကို Salpingitis လို့ခေါ်တယ်။ ပိုးဝင်လို့ဖြစ်တယ်။ ဗဂျိုင်းနား ခေါ် မွေးလမ်းကြောင်းကနေ အထက် တက်လာပြီး သားအိမ်၊ နောက်တဆင့် သားအိမ်ပြွန်ဆီရောက် လာတာဖြစ်တယ် ။ တဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ရောင်နိုင်တယ်။ သားသမီးမရနိုင်သေးသူတွေမှာ ဒီအကြောင်းခံကြောင့်ဖြစ်တာ အများဆုံးဖြစ်တယ်။

ဆီးစပ်နာပြီး ဖျားတဲ့အမျိုးသမီးတွေ သားအိမ်ပြွန်ရောင်လို့ဖြစ်နိုင်တယ်။ တဖက်ချင်းဖြစ်လေ့ရှိတယ်။ အပျိုတွေမှာဖြစ်တာ အလွန်ရှားတယ်။ ကလေးမွေးပြီးချိန်၊ ကိုယ်ဝန်ပျက်ပြီးချိန်၊ ကိုယ်ဝန်ဖျက်ပြီးချိန်၊ ကိုယ်ဝန်တားပစ္စည်းထဲ့ပြီးချိန်၊ မီးယပ်ရောဂါတခုခု ခွဲစိတ်ပြီးချိန်တွေမှာ ဖြစ်တတ်တယ်။

အများအားဖြင့် ဂနိုးရီးယားခေါ် လိင်ကတဆင့်ကူးစက်ရောဂါဖြစ်စေတဲ့ပိုး Gonococci ကနေ ဖြစ်တယ်။ chlamydia, mycoplasma, staphylococci and streptococci ပိုးတွေကနေလည်း ဖြစ်တယ်။

ဖြစ်ရင် ဆီးစပ်နေရာနာမယ်။ တဖက်-နှစ်ဖက် ဖြစ်နိုင်တယ်။ ဖျားနိုင်တယ်။ ချွေးထွက်မယ်။ ချမ်းမယ်။ မွေးလမ်းက တခုခု ဆင်းချင်ဆင်းမယ် ။

အူအတက်ရောင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ မျိုးဥအိမ်အလုံးနဲ့ Endometriosis ခေါ် သားအိမ်ရောဂါတွေကိုလည်း စဉ်းစားရမယ် ။

ဆေးရုံတက်ကုသရနိုင်တယ်။ ပိုးသေဆေးချက်ချင်းပေးရမယ်။ ဆေးပြောင်းပေးဘို့လိုရင် ပြောင်းရတယ်။ အနာသက်သာဆေးလိုမယ်။ ပြည်တည်မှသာ ခွဲစိတ်ဘို့လိုမယ်။ gonorrhoea နဲ့ chlamydia ပိုးဖြစ်လို့ လိင်ကတဆင့် ကူးစက်တာဖြစ်ရင် ခင်ပွန်းကိုပါ ပိုးသေဆေးပေးရမယ်။

ဆေးသေချာမကုသရင် ဆက်ဖြစ်နိုင်တာတွေရှိလာမယ်။ Pelvic inflammatory disease (PID) ခေါ် တင်ပါးဆုံးတွင်း အင်္ဂါတွေရောင်ခြင်းက ဆိုးတယ်။ ဆေးကုတာစောရင် ကလေးမရမဖြစ်စေပါ။ သားအိမ်ပြွန် ပိတ်မပိတ် သေချာအောင် hysterosalpingogram (HSG) ရိုက်ရမယ်။ နာတာရှည်ဖြစ်ရင် အမာရွတ်ဖြစ်စဉ် ကနေ တွယ်ကပ်မှုကြောင့် ပြွန်ပိတ်မယ်။ နာတာရှည်ဖြစ်ရင် ဆီးစပ်နေရာ နာနေမယ်။ အတူနေစဉ်မှာ မနာသင့်ပဲနာမယ်။ ဗဂျိုင်းနားက တခုခုဆင်းမယ်။ ကျန်းမာရေးမကောင်းဖြစ်နေမယ်။ ကလေးမရနိုင်ဖြစ်မယ်။

Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းရောင်ရမ်းခြင်းရောဂါ http://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

လှချင်သူများ အတွက် ပါ


သင့် အသားအရေက သင့်အကြောင်းကို ပြောပြနိုင် ပါတယ်။ သင့် အသားအရေကို ကြည့်ပြီး သင် ရေဓာတ် ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရ ညီညွတ်အောင် စားရဲ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ့လား စတဲ့ အချက်တွေကို သင့် အသားအရေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ အရေပြား ဆရာဝန်က သင့် အသားအရေကို ကြည့်ရှု စစ်ဆေးပြီး အချိန် တစ်မိနစ်၊ နှစ်မိနစ် အတွင်းမှာပဲ သင့် ကျန်းမာရေး အခြေအနေကိုပါ မှန်းဆနိုင်ပါတယ်။

အရေပြား ကျန်းမာရေးဟာ ခန္ဓာကိုယ် အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့် အသားအရေ ကျန်းမာ လှပရေး အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန် ဖော်ပြလိုက် ရပါတယ်။

(၁) မိတ်ကပ်များ နှင့် ဘယ်သောအခါမှ မအိပ်သင့်ပါ

မိတ်ကပ် လိမ်းခြယ် ထားတဲ့ မျက်နှာကို သန့်စင် ဆေးကြောတာမျိုး မလုပ်ဘဲ အိပ်စက်တာက အဖုအပိမ့် ပေါက်တာနဲ့ နီမြန်းတာတွေကို ဖြစ်စေပြီး အချိန် ကြာလာတဲ့ အခါမှာ အသားအရေကို ထိခိုက်စေနိုင် ပါတယ်။ မိတ်ကပ် အကြွင်းအကျန် တွေကြောင့် ချွေးပေါက် ပိတ်တာ၊ အရေပြား ရောင်ရမ်းတာနဲ့ ပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင်မှာ အရေပြားကို နူးညံ့တဲ့ ဆပ်ပြာနဲ့ ဆေးကြော သန့်စင် ပေးပါ။

(၂) တာရှည် ခံအောင် ပြုပြင်ထားသော အစာများကို လျှော့စားပါ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီနဲ့ ပြုပြင်ထားတဲ့ ကောက်နှံစာတွေနဲ့ ပြည့်နေပါတယ်။ ဒီအရာတွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားချိန်မှာ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းကျိုး မပေးနိုင်ပါဘူး။ ပြုပြင်ထားတဲ့ အစာတွေ စားမယ့် အစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာတွေကို စားပေးမှသာ ဗီတာမင်၊ သတ္တုဓာတ် နဲ့ တခြား မရှိမဖြစ် အာဟာရ ဓာတ်တွေ ရရှိပြီး အသားအရေ နဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေ ပါတယ်။

(၃) ကောင်းသော အဆီကို စားပါ

အိုမီဂါသရီး ဖက်တီးအက်စစ် ဆိုတဲ့ အဆီကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာကြောင့် အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ ငါးနဲ့ ငါးအဆီ ပါဝင်တဲ့ အစာတွေကို စားတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့ အဆီ ဖြစ်တာကြောင့် ဟင်းလျာတွေကို ချက်ပြုတ်တဲ့ အခါမှာ ထည့်သုံးသင့် ပါတယ်။

(၄) ဆော်ဒါ အချိုရည်နှင့် အခြား အချိုရည်များကို ရှောင်ပါ

ဆော်ဒါနဲ့ တခြား အချိုရည်တွေမှာ ကယ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် များစေနိုင်သလို အရေပြားကိုပါ နွမ်းနယ်စေ ပါတယ်။ ရေကို အလုံအလောက် သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။

(၅) အလှကုန် ပစ္စည်းများ အတွက် ငွေများစွာ မဖြုန်းသင့်ပါ

နုပျို လှပဖို့ အတွက် ဈေးကွက်ထဲမှာ အသားအရေထိန်း ပစ္စည်းတွေ မျိုးစုံ ရှိနေပါတယ်။ ဈေးကြီးတိုင်း ကောင်းတယ် ထင်ပြီး အများကြီး လျှောက် မဝယ်ပါနဲ့။ သင့် အသားအရေ အမျိုးအစားကို ကျွမ်းကျင်သူနဲ့ စမ်းသပ် စစ်ဆေးပြီး သင့် အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အသားအရေထိန်း ပစ္စည်းကိုသာ ရွေးဝယ်ပါ။

(၆) ဘယ်သောအခါမှ နေပူဆာ မလှုံသင့်ပါ

ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား ကင်ဆာနဲ့ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှု တို့ကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် နေရောင်ခြည် ဒဏ်ကို အလွန်အမင်း မခံယူပါနဲ့။ အပြင် သွားတိုင်း နေကာခရင်မ်ကို လိမ်းပြီးမှ အပြင်သွားပါ။ တစ်နှစ်မှာ တစ်ကြိမ် ဦးခေါင်းမှ ခြေဖျား အထိ အရေပြားကို စမ်းသပ် စစ်ဆေးပါ။

(၇) ဝက်ခြံနှင့် မျက်နှာပေါ်က အပြစ် အနာအဆာ များကို လက်ဖြင့် မထိရပါ

မျက်နှာပေါ်က အဖုတွေကို လက်နဲ့ ပွတ်သပ် ထိတွေ့တာကြောင့် အဖုအပိမ့်တွေကို ပို ဆိုးစေပြီး အနာကျက် သွားချိန်မှာ အမာရွတ် ထင်ကျန်စေ ပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ရှိနေရင် အရေပြား အထူးကု ဆရာဝန် ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။

(၈) ရေ အမြန်ချိုးပြီး အစိုဓာတ် ထိန်းပါ

ရေကို အချိန် အကြာကြီး ချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေပြားကို ရေဓာတ် ခန်းခြောက်စေ ပါတယ်။ ဒါကြောင့် အချိန်တိုတို အတွင်း ရေချိုးပြီး အစိုဓာတ် ရှိနေအောင် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးသင့် ပါတယ်။

(၉) ကိုယ်အလေးချိန်ကို အမြဲ ထိန်းပါ

အရေပြားက ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်က အလွန်အမင်း တက်သွားချိန်မှာ အရေပြားကို ဆွဲဆန့် လိုက်သလို ဖြစ်စေတာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်ကျန်ခဲ့တတ် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင် ဗိုက်ပူ လာတာကြောင့် အကြောပြတ်ရာ အဖြစ်များ ပါတယ်။ အလားတူ ကိုယ်အလေးချိန် မကြာခဏ မြင့်တက်တာ နဲ့ ရုတ်တရက် ပြန်ကျတာ တွေကြောင့် မျက်နှာ အရေပြားရဲ့ တင်းအား လျော့ကျပြီး အိုမင်းတယ်လို့ ထင်ရစေ ပါတယ်။

(၁ဝ) ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ

ကိုယ့်ကိုယ်ကိုယ် လှတယ် ဆိုတဲ့ ယုံကြည်မှုကို ထားရှိ ပေးပါ။ ယုံကြည်မှုကြောင့် သင့် အလှက ပိုတောက်ပ နေပါလိမ့်မယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

ကျောက်ကပ်ကျန်းမာရေး


ကျောက်ကပ် သည် ခန္ဓာကိုယ် တွင် ညာဘက် နှင့် ဘယ်ဘက် နှစ်ဘက်စလုံးတွင် ရှိသော စုံတွဲ အင်္ဂါများ ထဲမှ တစ်စုံ ဖြစ်သည်။ ကျောက်ကပ်တစ်လုံး နှင့်လည်း အသက်ရှင်သန်နိုင်သည်။ ကျောက်ကပ်တို့သည် ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ ကျောရိုးရှိ ခါးနေရာ၌ ဘေးတစ်ဖက် တစ်ချက်စီတွင် နေရာယူ ထားကြသည်။

ကျောက်ကပ် တစ်လုံးစီသည် ပဲကြီးစေ့ ပုံသဏ္ဍာန် ရှိသည်။ ၄င်းတို့သည် ဒေါင်လိုက် အနေအထားဖြင့် ကျောရိုးနှင့် အပြိုင် ရှိနေကြသည်။ အတွင်းဖက်သည် ပဲကြီးစေ့၏ အခွက် ကဲ့သို့ ဖြစ်ပြီး အပြင်ဖက်သည် ပဲကြီးစေ့၏ အခုံးကဲ့သို့ ဖြစ်သည်။ အတွင်းဘက်၏ အလယ်တွင် ကျောက်ကပ်၏ ရိုးတံ အညှာရှိသည်။ ၄င်း အညှာအတွင်းမှ ကျောက်ကပ်သွေးလွှတ်ကြော ၊ သွေးပြန်ကြော နှင့် ဆီးပို့ပြွန်တို့ ဖြတ်သန်းသွားကြသည်။

ဆီးပို့ ပြွန်မှ တဆင့် ကျောက်ကပ်မှ စွန့်ထုတ်သော ဆီးများကို ဆီးအိမ် အတွင်းသို့ ရောက်စေသည်။ ကျောက်ကပ်တစ်လုံး စီသည် အလျား ၁၀ စင်တီမီတာ ခန့် ၊ အနံ ၅ စင်တီမီတာခန့် နှင့် အထူ ၂.၅ စင်တီမီတာ ခန့် စီရှိကြသည်။ ကျောက်ကပ်တစ်လုံး စီကို အင်္ကျီဝတ် သကဲ့သို့ အခွံတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ၄င်း အခွံပေါ် ပတ်ပတ်လည်တွင် အဆီလွှာ တစ်လွှာဖြင့် ထပ်မံ ဖုံးအုပ်ထားပါသည်။ ညာဘက် ကျောက်ကပ်သည် ဘယ်ဘက် ကျောက်ကပ်ထက် အနည်းငယ် ပို၍ နိမ့်သည်။

ကျောက်ကပ်တို့ ၏ လုပ်ငန်း တာဝန်များ .....

၁။ ကျောက်ကပ်တို့သည် ခန္ဓာကိုယ်၏ အညစ်အကြေးစွန့် စက်များ ဖြစ်သည်နှင့် အညီ မလိုအပ်သည့် အညစ်အကြေး များကို စွန့်ထုတ်ပေးသည်။ အညစ်အကြေး များမှာ ကိုယ်ခန္ဓာ နေရာ ပေါင်းစုံမှ ဖြစ်သည်။ ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်များမှ ထွက်လာသော အညစ်အကြေးများ၊ ပြင်ပမှ စားသောက်သော ဆိုးဆေးများ၊ ဆေးများ၊ ပိုလျှံနေသော ရေနှင့် အခြား ဓါတ်သတ္တုများကို စွန့်ထုတ်ပေးသည်။

ထို့ပြင် ခန္ဓာကိုယ်၏ လိုအပ်ချက် အပေါ်မူတည်၍ ၄င်း စွန့်ပစ် ပစ္စည်းများထဲမှ လိုအပ်သည့် ပစ္စည်းများကို ပြန်လည် စစ်ယူထားပေးသည်။ ဥပမာ အနေဖြင့် ခန္ဓာကိုယ်တွင် ရေဓါတ် ခန်းခြောက်နေလျှင် ရေကို စုပ်ယူ ထိန်းသိမ်းပေးသည်။ အချိုဓါတ် ၊ အသားဓါတ် နှင့် ထုံးဓါတ် တို့ကိုလည်း လိုအပ်လျှင် လိုအပ်သလို စုပ်ယူခြင်း ၊ စွန့်ထုတ်ခြင်း ပြုခြင်းအားဖြင့် ခန္ဒာကိုယ်၏ လိုအပ်ချက် များကို ထိန်းညှိပေးသည်။

၂။ ခန္ဓာကိုယ်၏သွေးဖိအားနှင့် သွေးပမာဏ ကိုလည်း ထိန်းညှိပေးသည်။

၃။ အငန်ဓါတ်ကို စွန့်ထုတ်ခြင်းဖြင့် အရည်ပမာဏ ထုထည်ကို ထိန်း၍ အရည်ကို စွန့်ထုတ်ခြင်းဖြင့် အရည်တွင် အငန်ဓါတ် ပျော်ဝင်မှုအားကို ထိန်းသည်။

၎။ ခန္ဓာကိုယ်၏ အချဉ်ဓါတ်(Acid) နှင့် အခါးဓါတ်(Base) တို့ကို ချိန်ခွင်လျှာ ညီမျှ အောင် ထိန်းပေးသည်။

၅။ ခန္ဓာကိုယ်၏ သွေးဆဲလ် များ တည်ဆောက်ရာတွင် သုံးသော ဟော်မုန်းဓါတ် တစ်မျိုးကိုလည်း ထုတ်ပေးသည်။

၆။ သွေးတွင်း ထုံးဓါတ်ကို ထိန်းညှိရာတွင်လည်း ကူညီ ဆောင်ရွက်ပေးသည်။


အာရောဂျံ ပရမံ လာဘံ၊ ကျန်းမာခြင်း သည် လာဘ်တစ်ပါး ခန္ဓာကိုယ် အသီးသီး ပိုင်ဆိုင်ထားကြသော အားလုံးသော သတ္တဝါများ ကျန်းမာ၍ စိတ်ရောကိုယ်ပါ ချမ်းသာ သူများ ဖြစ်ကြပါစေ။ မိမိ ကျန်းမာသကဲ့သို့ လူတိုင်း ကျန်းမာအောင် ကူညီနိုင်ကြပါစေ။ နေမကောင်းသူများကို စေတနာဖြင့် ပြုစုနိုင်သူများ ဖြစ်ကြပါစေ။

Mg Mandalay
https://www.facebook.com/mg.mandalay

နံနက်ခင်း နေရောင်ခြည်က ကိုယ်ခန္ဓာ ကျစ်လျစ်လှပစေနိုင်


နံနက်စောစောမှာ နေရဲ့ အလင်းရောင်နဲ့ ထိတွေ့ခြင်းဟာ ကိုယ်ခန္ဓာ ကျစ်လျစ် လှပစေကြောင်း လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ် ။ နံနက်ခင်းအချိန်မှာအလင်းရောင်နဲ့ ထိတွေ့တဲ့ ကြိမ်ရေ ၊ ပမာဏနဲ့ အချိန်ကာလဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေကြောင်းကို ဖော်ထုတ် နိုင်ခဲ့ပါတယ် ။

လေ့လာမှုခေါင်းဆောင် Phyllis Zee က ““အလင်းရောင်ဟာ လူတစ်ယောက်ရဲ့ ကိုယ်တွင်း ဇီဝနာရီကို ချိန်ညှိအပေးနိုင်ဆုံး ညွှန်းကိန်းဖြစ်ပါတယ် ။ အလင်းရောင်နဲ့ ထိတွေ့ ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးနိုင်ပါတယ် ။ မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့ ခြင်းဟာ စွမ်းအင်လိုအပ်မှုနဲ့ သုံးစွဲမှုတွေကိုပါ ညီမျှစေပါတာကြောင့် မနက်ခင်းအလင်းရောင်နဲ့ မိနစ် ၂၀မှ နာရီဝက်လောက် ထိတွေ့ပေးခြင်းဟာ ကိုယ်အလေးချိန်အညွှန်းကိန်းကို ပုံမှန်အခြေအနေမှာ ရှိနေစေပါတယ်””လို့ ရှင်းပြထားပါတယ်။

မနက်ခင်းအလင်းရောင်နဲ့ ထိတွေ့မှုမရှိဘဲ အိပ်စက်နေသူများအဖို့ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီကို ချိန်ကိုက်ညီစေခြင်း (synchronize) မဖြစ်တော့ဘဲ အ၀လွန်လာနိုင်ကြောင်း Phyllis Zee က သုံးသပ်ထားပါတယ်။

ဒီလေ့လာမှုကို Journal PLOS ONE မှာဖော်ပြထားတာ ဖြစ်ပါတယ်။

သက်နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

"အသီးမှာသရက်"


သရက်သီးဆိုတဲ့ သစ်သီးဟာ မကြိုက်တဲ့သူ အလွန်ရှားပါးပြီး အ နောက်နိုင်ငံတွေမှာတော့ သစ်သီးတို့ ရဲ့ဘုရင်လို့ ခေါ်ကြပါတယ်။ သရက် သီးမှာ ဗီတာမင်အေနဲ့စီအပြင် သတ္ထု ဓာတ်တွေဖြစ်တဲ့ ဖော့စဖရပ်၊ ကယ်

လစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလဲြွကယ်ဝစွာပါဝင်ပါတယ်။ သရက်သီး ကိုပေါများစွာစိုက်ပျိုးထွက်ရှိတဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံ၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတွေပဲ ဖြစ်ပါတယ်။
သရက်သီးရဲ့ကျန်းမာရေး စောင့်ရှောက်ပေးမှုလေးတွေကို ဖော် ပြပေးပါ့မယ်။
၁။ အဆီနဲ့သွေးအချိုဓာတ်ကို ထိန်း ညှိပေးပါတယ်။ လေ့လာမှုတွေအရ သရက်သီးမှာ ဇီဝလှုပ်ရှားမှုဖြစ်စဉ် တွေကို မြန်ဆန်စေတဲ့ သဘာဝပစ္စည်း တွေ ပါဝင်နေပါတယ်။ သရက်သီးဟာ အဆီကျဆေးတွေမှာ

ပါဝင်တဲ့အာနိ သင်နဲ့ အလားတူပါတယ်။ နောက်ပြီး သရက်သီးဟာ leptin ဟော်မုန်း တွေကိုနည်းပါးစေတဲ့အတွက်အဆီ တွေဇီဝဖြစ်ပျက်မှုဖြစ်စဉ်ပေါ် ပေါက်ခြင်းကိုနှေးကွေးစေတာဖြစ်ပါ တယ်။

အစာစားချင်စိတ်ကိုလည်း နည်းပါးစေပါတယ်။နောက်ပြီး သွေး တွင်းဂလူးကို့စ်တွေကိုလည်း ထိန်းညှိ ပေးနိုင်ပါတယ်။
၂။ သရက်သီးမှာ ပိုတက်ဆီယမ် ပါဝင်မှုများပြားတဲ့အတွက် နှလုံးခုန် သံစည်းချက်ကိုထိန်းချုပ်နိုင်ပြီး သွေး ပေါင်ချိန်ကို ထိန်းထားပေးပါတယ်။
၃။ ကင်ဆာရောဂါတွေကို ကာကွယ် ပေးနိုင်ပါတယ်။ လတ်လတ်ဆတ် ဆတ်သရက်သီးတွေမှာပါဝင်တဲ့ ပေါ်လီဖီနော်ဟာ ကင်ဆာဆဲလ်တွေ ကို သတ်ပစ်နိုင်ပါတယ်။ ကင်ဆာ ရောဂါဖြစ်စေတဲ့ ရောင်ရမ်းမှုဖြစ်စဉ် တွေကို

တားဆီးပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့အ တွက် သွေးကင်ဆာ၊ဆီးကျိတ်ကင် ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာ ကွယ်ပေးနိုင်ပါတယ်။
၎။ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ပါဝင်မှု မြင့်မားတဲ့အတွက် ခုခံအား စနစ်ကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်ပါ တယ်။
၅။ သရက်သီးမှာပါဝင်တဲ့ အမျှင် ဓာတ်တွေ၊ အင်ဇိုင်းတွေဟာ အစာ ခြေခြင်းကို မြန်ဆန်စေပြီး ကိုယ်ခန္ဓာ အပူချိန်ကိုလည်း မျှတစေပါတယ်။ ဒါကြောင့် အခုလိုပူပြင်းနေတဲ့ အချိန် မှာသရက်သီးဖျော်ရည် အေးအေး လေး

သောက်ပေးနိုင်ပါတယ်။ သရက်သီးစိမ်းကတော့ နေပူလောင် ခြင်းကို တားဆီးပေးနိုင်ပါတယ်။
၆။သရက်သီးမှာ ဗီတာမင် B6 ပါဝင် မှုကအာရုံကြောတွေကနေ ဦးနှောက် ကို ပို့ဆောင်ပေးတဲ့စနစ်ကို ပိုမိုလျှင် မြန်စေပါတယ်။
၇။ သရက်သီးမှာပါဝင်တဲ့ သတ္ထု ဓာတ်တွေဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင် ပါတယ်။

သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Digoxin ဒိုင်ဂေါက်ဇင်


ဆရာခင်ဗျာ Digxoin ကို ကျနော်အမေအတွက် ဆရာဝန်က ညွှန်းပါတယ် ။ ဆေးအာနိသင်နှင့် တစ်ကွ ဘေးထွက်ဆိုးကျိုး ၊ မည်သို့အသုံးဝင်ပုံတို့ကို ရှင်းလင်းပြောကြားစေလိုပါတယ်ခင်ဗျာ။ ကျနော်အမေ၏ အသက်မှ ၄၆ နှစ်ဖြစ်ပါတယ်ခင်ဗျာ။

ဒိုင်ဂေါက်ဇင်ဟာ နှလုံးရောဂါအတွက်ဆေးဖြစ်တယ်။ အပင်တမျိုးကနေထုတ်ယူတယ်။ နှလုံးခုန်တာ အားကောင်းစေမယ်။ စည်းဝါးမှန်ခုန်စေမယ်။ heart failure နှလုံးအလုပ်နိုင်အောင် မလုပ်နိုင်တာ အတွက်လည်းပေးတယ် ။ atrial fibrillation ခေါ် နှလုံးခုန်မူမမှန်တာအတွက်လည်းပေးတယ်။
ဆေးပြား 500 - 750 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 125 - 375 mcg ဆက်ပေးမယ်။

ဆေးတောင့် 400 - 600 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ထိုးဆေး 400 - 600 mcg ပေးရင် ၅-၃ဝ မိနစ်မှာဆေးစွမ်းပြမယ်။ ၁-၄ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်၊ နှလုံးခုန်နှုန်းကိုသက်ရောက်ခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ မျက်စိဝေဝါးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းလျှော၊ အားနည်း၊ ယောက်ျားရင်သားကြီးခြင်း၊ ခေါင်းကိုက်၊ စိုးရိမ်စိတ်။

ဒီဆေးကိုသုံးနေခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ စိတ်ချရတယ်လို့ပြောနိုင်တယ်။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နှလုံးရောဂါကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Osteoarthritis အရိုး-အဆစ်နာရောဂါ


၁။ ကျွန်တော့်အမေ အသက် ၆၇ နှစ် ရှိပါပြီ။့ မြို့နယ်မှာ နေထိုင်ပါတယ်။ အမေ့ရဲ့ ညာဘက်ဒူးက လမ်းလျှောက်ရင် နာနာနေလို့ပါ။ တလလောက်ရှိပါပြီ။ ဒူးအကွေးအဆန့် လုပ်တိုင်း ဒူးအတွင်းထဲ တင်းပြီး နာလာတယ် ။ ဒီကြားထဲ လမ်းလျှောက်တာ အဆင်မပြေလို့ တခါ ချော်လဲဖူးပါတယ်။ အထိုင်၊ အထလုပ်ရင် သိပ်အဆင်မပြေဘူး။ ဒူးနေရာက နည်းနည်းလည်း ယောင်နေပါတယ်။ အခုလိမ်းဆေးအချို့လိမ်းပေမယ့် သိပ်မသက်သာပါဘူး။ ရိုးရာနည်းဖြစ်တဲ့ ရဲယိုရွက်ကို ကြပ်စည်းပေးရတယ်ဆိုလို့ စမ်းကြည့်ပေမယ့် သိပ်မသက်သာပါဘူး။ ဆေးခန်းလည်း မပြကြည့်ရသေးပါဘူးခင်ဗျ။ အဲဒါဘယ်လိုဆေးတွေလိမ်းဖို့၊ သောက်ဖို့လိုမလဲ လမ်းညွှန်ပေးပါဆရာ။ နောက်ပြီး အမေကအာရုံကြော အားနည်းတော့ အခု ဒူးနာတာနဲ့ဆက်စပ်နေမလား။ ဒီလိုနာကျင်တာက ဘယ်လိုရောဂါ ဖြစ်နိုင်ပါသလဲ သိချင်ပါတယ်ခင်ဗျာ။

၂။ လူနာက အမျိုးသမီးအိမ်ထောင်သည်သား ၂ ယောက်ရှိ၊ အသက် ၄၃ နှစ်ရှိပါပြီ။ အသက် ၃ဝ ကျော် လောက်မှာ သွေးဆုံးခဲ့ပါတယ်။ ဒူးနာရောဂါဖြစ်နေတာ ၅ နှစ်လောက်ရှိနေပါပြီ။ ဆေးခန်းမျိုးစုံ အနှိပ်သည်မျိုးစုံပြတော့လဲ မသက်သာပါဘူးဆရာ။ အခုလက်ရှိပြနေတဲ့ ဗမာဆေးခန်းက ပြောတာက သွေးဆုံးကိုင်တယ်လို့ ပြောတာပဲဆရာ။ သွေးဆုံးကိုင်လို့ဒူးနာတာဖြစ်နိုင်လား။ သွေးဆုံးကိုင်တယ်ဆိုတာ ဘယ်လိုရောဂါမျိုးလဲဆရာ။ လမ်းလျောက်များရင်ဖြစ်ဖြစ် အလုပ်လုပ်တာပင်ပန်းရင်ဖြစ်ဖြစ် လမ်းဆက်မလျောက်နိုင်လောက်အောင်နာတယ်။ ဒူးနာတာသက်သာရန်အတွက်ရယ် သွေးဆုံးကိုင်တာအတွက်ကို ဆောင်ရန်ရှောင်ရန်ဆေးပညာလေးတွေကို ညွှန်ကြားပေးပါဆရာ။

၃။ ဒူးနာတာနဲ့ပတ်သက်ပြီး မေးချင်လို့ပါရှင်။ ကျမကအသက် ၄၄ နှစ်ပါ။ သားအိမ်ထုတ်ထားတာ ၁ နှစ်ရှိပါပြီ။ ဒူးနာတာက ၆ လလောက်ရှိပါပြီ။ လွန်ခဲ့တဲ့တလကျော်လောက်က ခွေကျဖူးပြီးထဲက ပိုနာလာ ပါတယ် ။ အရင်က ဆေးခန်းသွားပြီး ဆေးထိုးဆေးစားလိုက်ရင် ကောင်းသွားပါတယ်။ ဒီတခါမသက်သာတော့ပါ။ ဒူးရောင်ပြီး ဒူးခေါင်းရှေ့မှာ အသားတွေ ရောင်ပြီး ဘုသီးကြီးလိုမျိုးဖြစ်နေပါတယ် ။ ထိုင်ထ လမ်းလျှောက်အရမ်းနာပါတယ်။ ပေါင်ချိန်က ၁၉ဝ ပါ။ စိတ်ဓါတ် အရမ်းကျနေပါတယ်ဆရာ။ ကုလို့ရနိုင်ပါ့မလားသိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်။

၎။ ကျွန်မ အသက် ၃၇ နှစ် ကလေး ၂ ယောက်ရှိပါတယ်။ အလေးချိန် ၁၆ဝပါ။ ပိန်ချင်လို့ ကန်တော်ကြီးကို ပတ်ပြေးတာ ၃ ရက်ပါ။ အိမ်မှာ နားပြီး ၁ ပတ်အကြာမှာ ဒူးစနာပါတယ်။ ဒူးနာက မပျောက်သေးပါ။ မလှုပ်ပဲနေရင် အနည်းငယ် သက်သာပြီး နဲနဲလှုပ်တာနဲ့ပြန်ပြန်နာတတ်ပါတယ်။ ဆရာကို Nov'14 တုန်းကလဲမေးဖူးပါတယ် ။ ဆရာဝန်ကလဲ diclo ၃ ရက်ထိုးပေးပါတယ်ဆရာ။ သက်သာပြီး လမ်းပြန်လျောက်တော့ ပြန်နာပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ဖို့ရော လိုပါသလား။ ဒါမှမဟုတ် အရိုးဆရာဝန်နဲ့ပဲ ပြန်ပြရမလားဆရာ။ ၃ လနီးပါရှိပါပြီဆရာရှင့်။ တရုတ်ဆေးစည်းတော့ အရေပြားက အရက်တို့ အရက်ပြန်တို့နဲ့ မတည့်တော့ အလာဂျီဖြစ်လို့ ဆက်မလုပ်တော့ပါ။

၅။ ကျွန်မ အသက်က ၃၄ နှစ်ရှိပါပြီ။ လက်ကောက်ဝတ်နား နာနေတာ ၉ လပိုင်း ၂ဝ၁၃ ကတည်းက ဆေးထိုး ဆေးစားခဲ့ပါတယ်။ တလပိုင်း မနက်အိပ်ယာထချိန် မှာ လက်ဆစ် လက်မောင်းတွေ ခြေဆစ်ခြေသလုံးတွေ တောင့်တင်းပြီး အဆစ်တွေနာနေတာ ပုံမှန်ဖြစ်ဖို့ တနာရီကြာတယ်။ ခြေချောင်းအောက်ဖဝါးက ထောက်လိုက်ရင် နာနေတာ ဆရာဝန် သွားပြတော့ leflunomide 1 OD ၆ လသောက်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မအဲဒီဆေးရဲ့ side effect ကိုသိတော့ ဆက်မသောက်ရဲတော့ဘူး ရပ်လိုက်ပြီး celecoxib တို့ aceclofenac တွေသောက်တော့ သက်သာတယ်။ ဒါပေမဲ့ ၅ လပိုင်း ၂ ရက်နေ့မှာ ပြန်ဖြစ်လာတယ်။ ဒီတခေါက်က ဂုတ်ရိုးနားပါ ပူပြီးနာလာတယ်။ ကျွန်မ OSA က normal RA က positive တဲ့၊ uric acid လည်း normal ESR စစ်တော့ 25mm/1hr တဲ့။ ဘာဆက်လုပ်သင့်တယ်ဆိုတာ ကူညီပေးပါဆရာရှင်။

Osteoarthritis ဖြစ်ရင် ဖြစ်တဲ့နေရာမှာ နာတာ၊ ပုံမှန်လှုတ်မရအောင် တင်းနေတာ နဲ့ ရောင်နေတာတွေ ဖြစ်နိုင်တယ်။ အဆစ်နေရာမှာရှိတဲ့ အရိုးထိပ်ကို ဖုံးပေးထားတဲ့ အရိုးနု စားသွားလို့ဖြစ်ရတယ်။ ဖြစ်လာရင် အဆစ်က အရင်လို လှုတ်ရှားဘို့ ခက်လာမယ်။ နာမယ်။ နောက်ကျော၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေထောက်တွေမှာ ဖြစ်တယ်။ လည်ပင်း၊ လက်ချောင်း တွေမှာလဲ ဖြစ်တယ်။ အိုလို့ဖြစ်တဲ့ အဆစ်နာလို့ ခေါ်ပေမဲ့ ငယ်တဲ့သူတွေမှာလဲ ဖြစ်ပေမဲ့ အိုမှဖြစ်တာ များတယ်။ အသက် ၆၅ ကျော်ရင် အများဆုံး။ မျိုးဗီဇကနေလာရင် ငယ်ငယ်နဲ့ ဖြစ်မယ်။ OA ဆိုတာ ရောင်ရမ်းတာ ဖြစ်တယ်။ လေးဘက်နာနဲ့ ဆင်တယ်။ သုံးဖန်များလို့ ဖြစ်တဲ့သဘော မဟုတ်ဘူးတဲ့။

မျိုးရိုးလိုက်တာရှိတယ်။ လူဝရင်ပိုဖြစ်တယ်။ အသက်ကြီးရင်ပိုဖြစ်တယ်။ အမျိုးသျမီးကြေီးတွေ ပိုဖြစ်ကြတယ်။ ထိခိုက်ဒဏ်ရာကနေ ဆက်ဖြစ်နိုင်တယ်။ ဒူးဆစ်ကို အသုံချရဖန်များသူတွေမှာ ပိုဖြစ်တယ်။ တခြားအဆစ် နာရောဂါတွေကနေ ဆက်ဖြစ်နိုင်တယ်။ အထေအထိုင်း စနစ်မကျသူ၊ ဗီတာမင် ဒီ နဲ့ စီနည်းသူတွေ ဖြစ်နိုင်တယ်။ အမျိုးသမီးတိုင်း အသက် ၃၅-၄ဝ နှစ်ကျော်ရင် ကယ်လ်စီယမ်လိုလာပြီ။ အရိုးအားနည်းစေတယ်။ ကျိုးလွယ်မယ်။ သတိထားကြရပါမယ်။ အဆစ်နာတာကို အနာသက်သာဆေးက ဆေးအရှိန်ရှိတုံးမှာ သက်သာမယ်။ နာတဲ့နေရာ အနာကျက်ဖြစ်စဉ်ဖြစ်မှာသာ ပြန်ကောင်းမယ်။ ပြန်ဖြစ်တတ်တယ်။ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ၊ ပြေးတာ ကောင်းပါတယ်။ ကိုယ့်အတိုင်းအဆနဲ့သာလုပ်ပါ။ တဖြးဖြေးချင်း တိုးရမယ်။

Naproxen sodium နဲ့ Esomeprazole magnesium ဆေးကို တွဲပေးပြီးစမ်းတဲ့အခါ Celecoxib ဆေးလိုဘဲ နာတာသက်သာစေတဲ့အပြင် ရင်ပူတာကို သက်သာတာ တွေ့ရတယ်။ အဆစ်နာမှန်သမျှအများဆုံးသုံးနေတဲ့ Acetaminophen (ပါရာစီတမော) ကို ကန့်သတ်မှု ပိုလုပ်လိုက်တယ်။ များများပေးရင် အသည်းကိုထိခိုက်စေတယ်။ ဒါ့ကြောင့် ဆေးတပြားမှာ 325 mg ထက်မပိုဘို့ သတ်မှတ်လိုက်တယ်။ မူးယစ်အုပ်စုဝင်ဆေးနဲ့ တွဲရောင်းတာရှိတယ်။ ဥပမာ Vicodin နဲ့ Oxycodone ဆေးတွေ။

ဆေးပေးတယ်ဆိုတာ နာတာ သက်သာအောင်၊ အဆစ်တွေ တင်းတောင့် မနေအောင်သာ ဖြစ်တယ်။ အနာ-အကိုက် သက်သာဆေးတွေ၊ နာတာကို သက်သာစေနိုင်ပေမဲ့ ရောင်တာကို မသက်သာစေပါ။ (ပါရာစီတမော) ဆေးကို နဲနဲနဲ့ အတော်အသင့် နာတာအတွက် သုံးနိုင်တယ်လို့ ညွှန်းတယ်။ ၄-၆ နာရီတခါ 325 to 1,000 mg သောက်နိုင်တယ်။ တနေ့ထဲမှာ 4,000 mg ထက် မပိုရပါ။ နာတာက ဆိုးရင် Propoxyphene hydrochloride, Acetaminophen with codeine and Tramadol တွေကို သုံးနိုင်တယ်။ ရက်တိုသာ သုံးသင့်တယ်။

Voltaren Gel (Diclofenac) လိမ်းနိုင်တယ်။ Capsaicin ဆေးဟာ Cayenne peppers ကနေ ဖေါ်စပ်ထားတယ်။ ကြာကြာလိမ်းရင် လောင်နိုင်တယ်။ Zostrix, Zostrix HP, Capzasin-P နာမည်တွေနဲ့ ရောင်းတယ်။

Aspirin အက်စပရင်ဆေးပေးတယ်။ စတီရွိုက်မပါတဲ့ အနာသက်သာဆေးတွေ Ibuprofen, Ketoprofen, Naproxen နဲ့ Naproxen sodium ဆေးတွေ ဖြစ်တယ်။ COX-2 inhibitors ဆေးမျိုးတွေထဲက Celecoxib ကလွဲရင် ကျန် ၂ မျိုးကို ရောင်းခွင့် မပြုတော့ဘူး။

စတီရွိုက် ထိုးဆေး နာနေတဲ့ အဆစ်ထဲကို ထိုးပေးရတယ်။ ဆေးမထိုးခင် အဆစ်ထဲက များနေတဲ့ အရည်တွေကို စုပ်ထုတ်နိုင်တယ်။ ဆေးနဲ့ မသက်သာသူ၊ အသင့်အတင့်ကနေ သိပ်ဆိုးသူတွေကို ၁ နှစ်မှာ ၃-၄ ခါ ထိုးခိုင်းတယ်။ Hyaluronic acid therapy ဆေး၊ အဆစ်ထဲမှာ ရှိနေတာမျိုး ဖြစ်တယ်။ Shock absorber သဘော၊ Lubricant သဘော လုပ်ပေးမယ်။ တပါတ်တခါ ၃-၅ ပါတ် ထိုးရတယ်။ အထဲကအရည်နဲနဲစုပ်ထုတ်ပြီးမှ ဆေးထိုးရတယ်။ ဆေးတွေနဲ့ မသက်သာသူ၊ ဆေးဘေးထွက်ဆိုးကျိုးမခံနိုင်သူတွေကို ထိုးပေးနိုင်တယ်။ နည်းနည်းနဲ့ အသင့်အတင့် ဆိုးသူတွေမှာ သက်သာတယ်။

ခွဲစိတ်နည်း Joint replacement, Realigning bones, Fusing bones, Arthroscopy, Osteotomy, Chondroplasty, Arthrodesis နည်းတွေ ရှိတယ်။

ကိုယ့်ဖါသာ ပြုပြင်နေနိုင်တယ်။ (အေရိုးဘစ်) စတဲ့ လေ့ကျင့်ခန်း လုပ်နိုင်တယ်။ ကိုယ်အလေးချိန် ချတာ ကောင်းတယ်။ လမ်းလျှောက်အကူပစ္စည်း သုံးတာ၊ ခြေထောက်မှာ အထူးပစ္စည်း သုံးတာ၊ ဒူးကာ တပ်တာ၊ အပူ-အအေး တင်ပေးတာ၊ TENS လျှပ်စစ်နည်း သုံးတာ၊ အပ်စိုက်ကုသတာ၊ (ဖီဇီယို-သာရာပီ) လုပ်နိုင်တယ်။ ဗီတာမင်ဒီဟာ မျက်လှည့်ပြသလိုမျိုး အကျိုးရှိတဲ့သူတွေမှာ ရှိတယ်။ နာတာကိုရော အင်္ဂါပျက်စီးမှုမှာပါ သက်သာစေတယ်။ ဒါပေမဲ့ ပိုကောင်းတယ်ဆိုတာ သက်သေမပြနိုင်တာ တွေ့လာရတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

Chlorine (ကလိုရင်း) ရဲ့  အဆိုးအကောင်း သိကောင်းစရာ မှတ်တမ်း


ကလိုရင်း (Cl) သည် သိပ္ပံနယ်ပယ်တွင်သာမကသိပ္ပံနှင့် မရင်းနှီးသော သာမန် လူများကပင် အသိများသည့် ဓာတုဒြပ်စင်ဖြစ်သည်..(အထူးသဖြင့် ရေကန် ရေထဲ့များတွင် ထည့်ရသည်ဟု အသိပိုများပါသည် )

အသုံးပြုခြင်း........
ကလိုရင်း (Cl)သည် ရေသန့်စင်ခြင်း၊ဘက်တီးရီးယားပိုးသတ်ဆေးနှင့် အရောင်ချွတ် အရောင်တင်ဓာတ်ငွေ့ အတွက် အဓိကအရေးပါသော ဓာတုဒြပ်စင်ဖြစ်သည်။ ကလိုရင်း (Cl)ကို ထုတ်ကုန်ပစ္စည်းတော်တော်များများ ထုတ်လုပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးကြသည်ကို တွေ့ရသည်။ တိုက်ရိုက်သုံးခြင်းနှင့် သွယ်ဝိုက်သုံးခြင်းသာကွာသည်။ စက္ကူထုတ်လုပ်ငန်းများ၊ ပိုးသတ်ဆေး(အနာရောဂါပိုး)၊ဆိုးဆေးများ၊အစားအစာ၊အင်းဆက်ပိုးမွှားသတ်ဆေး၊အိမ်သုတ်ဆေး (ပန်းချီဆေး၊သဘောင်္ သုတ်ဆေး) ၊ပလပ်စတက်များ၊ ဆေးဝါးများ၊ ချည်မျှင်နှင့် အထည် လုပ်ငန်းများ၊ နှင့်တခြားသော စားသောက်ကုန်-လူသုံးကုန်များထုတ်လုပ်ရာတွင်အသုံးပြုကြသည်။

ထို့အပြင် သောက်သုံးရေများရှိ ဘက်တီးရီးယားနှင့် အခြားသောအရာများ သန့်စင်ရန် အတွက်လည်း ကလိုရင်း (Cl)ကို အသုံးပြုကြသည်။ကလိုရင်း (Cl)သည် စက္ကူများ ထုတ်လုပ်ရာတွင် သစ်သားပျော့ဖတ်များကပ်ပါ မနေအောင် (သန့်စင်နေအောင်) ချွတ်ဆေးအနေဖြင့် ပါဝင်နေသကဲ့သို့ သုံးပြီးသား စက္ကူများများကို မင်များဖယ်ရှားပြီး အသစ်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်သော စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုသည်။ဟိုက်ဒရိုဂျင်ရရန်အတွက် ကလိုရင်း (Cl)ကို အစားထိုးအသုံးပြုသည့်အခါ အော်ဂဲနက် ဒြပ်ပေါင်းများတွင် လိုချင်သော ဂုဏ်သတ္တိများရရန် ၄င်းက ပေးစွမ်းဆောင် ရွက်နိုင်သဖြင့် အသုံးပြုကြသည်။

ထို့ကြောင့် ကလိုရင်း (Cl)ကို အော်ဂဲနက်ဓာတုဗေဒတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်၊၊ (အထူးသဖြင့်- ကလိုရိုဒ်(Chlorates)၊မေ့ဆေး( ကလိုရိုဖော) (Chloroform)၊ ကာဗွန်တြာကလိုရိုက်(Carbon tetrachloride) နှင့် ဘရိုမင်း(Bromine) ထုတ်ဖော်ရာတွင် အသုံးပြုသည်။)

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ .......
ကလိုရင်း (Cl) သည် ဓာတ်ပြုအားကောင်းသော ဓာတ်ငွေ့ဖြစ်သည်။ သဘာဝအားဖြင့် တွေ့ရသော ဒြပ်စင်လည်း ဖြစ်သည်။အီသိုင်လင်း ဒိုင်ကလိုရိုက် (ethylene dichloride) နှင့် အခြားသော ကလိုရင်းဆက်စပ် ပျော်ရည်များ၊ပိုလီဗင်နိုင်းလိ ကလိုရိုက်(Polyvinyl chloride (PVC))များ၊ ကလိုရိုဖရူလိုကာဗွန်(Chlorofluorocarbonds)နှင့် ပလိုပိုင်လင်း အောက်ဆိုဒ် (Prpylene oxide) များတွင်ု ကလိုရင်း (Cl) ကို အများဆုံးအသုံးပြုကြသည်။

စက္ကူများချွတ်ရန် စက္ကူကုမ္ဗဏီများတွင် ကလိုရင်း (Cl) ကို အသုံးပြုသည်။ရေနှင့် ညစ်ညမ်းရေများသန့်စင်သည့် စက်ရုံများတွင် ရောဂါပိုးများ နှင့်တခြားသော ညစ်ညမ်းစေသော အရာများ ကင်းစင်သန့်ရှင်းသော ရေအဆင့်ရရန်အတွက် ကလိုရင်း (Cl) ကို အသုံးပြုကြသည်။
လေ -ရေ- မြေ တွင်ပါဝင်နေသော ကလိုရင်း (Cl) များသည် အလုပ်ခွင်နှင့် ပတ်ဝန်းကျင်များတွင် ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။

ကလိုရင်း (Cl) သည်ရှူရှိုက်လိုက်သော လေမှ လည်းကောင်း၊ စားသောက်လိုက်သောအစာနှင့် ရေမှ လည်းကောင်း ခန္ဒာကိုယ်အတွင်း ပိုင်းသို့ဝင်ရောက်လာနိုင်သည်။ သို့သော် ၄င်း၏ဓာတ်ပြမှုစွမ်းများကြောင့် ခန္ဒာကိုယ် အတွင်းပိုင်းတွင် ကျန်နေနိုင်ခြင်းမရှိပါ။လူသားတို့၏ ကျန်းမာရေးအပေါ် ကလိုရင်း (Cl) အကျိုးသက်ရောက်မှုများမှာ – ကလိုရင်း (Cl)ပမာဏ ဘယ်လောက် များများပါရှိမှု၊ ဘေးဖြစ်မှုအချိန်နှင့် အကြိမ်အရေအတွက် အပေါ်မှာမူတည်ပေသည်။ထို့ အပြင် လူ၏ကျမ္မာရေး နှင့် ဘေးသက်နေသော ပတ်ဝန်းကျင် အခြေအနေပေါ်မှာလည်း တည်မှီးနေသည်။

ကလိုရင်း (Cl)ပမာဏ အနည်းငယ်ကိုရှူမိပါက အချိန်အတိုအတွင်း အသက်ရှူမှု စနစ် တစ်ခုလုံးကို အကျိုးယုတ်ဘေးသင့်စေနိုင်သည်။ ချောင်းဆိုး ရင်ကြပ်ခြင်းနှင့် အဆုတ်ကိုပါ ဆိုးကျိုး ဖြစ်စေသည်။ အရေပြား၊ မျက်လုံးနှင့် အသက်ရှူမှုစနစ်ကို လည်း ဆိုးကျိုးဖြစ်စေသည်။ ထိသို့သောုအကျိုးသက်ရောက်မှုများမှာ သာမန်အားဖြင့် ပတ်ဝန်းကျင်တွင်တွေ့ရှိရသည်မှာ အလွန်နည်းသည်။ နေဒဏ်ထိတွေ့မှုများသောကြောင့် ဆံပင်များပိုပြီးမာကျောကျွတ်ဆတ် ပျက်စီး လွယ်စေသည်သာမက (အထူးသဖြင့်ဆံပင်များကို အရောင်ဆိုးထားသောသူတွေမှာပိုမိုပျက်စီးကာ နှစ်ခွကွဲစေသည်ဟု နယူးယောက်ဆေးပညာစင်တာက အလှအပရေးရာဆိုင်ရာ ခွဲစိတ်ဆရာဝန် ကဆိုထားသည်။)

ကလိုရင်း (Chlorine) ပါဝင်သော ဆံပင်ဆိုးဆေးများသုံးထားသည့်အခါ နေရောင် ဒဏ်က အဲဒီဆံပင်တွေကို အရောင်မွဲခြောက်နှစ်ခွကွဲတာ ပိုဖြစ်စေသည်။ ထို့ကြောင့် ဆံပင်ဆေး ဆိုးထားသူများအနေဖြင့် အသုံးပြုမယ့်ဆံပင်အလှကုန်တွေထဲမှာ UV ကာကွယ်မှုပါ မပါကြည့်ဖို့ လိုအပ်သည်သာမက အပြင်နေရောင်ထဲသွားတဲ့အချိန်တိုင်း ကောင်းဘွိုင်ဦးထုပ်ကဲ့သို့ ရှာထိုး အပြည့်ပါသော ဦးထုပ်မျိုးဝတ်ဆင်ဖို့လိုအပ်ပေသည်။ နွေရာသီတွင် ဆံပင်ကိုထိန်းသိမ်း ကာကွယ်ရေးအတွက် UV ဒဏ်ကာကွယ်တဲ့ရှမ်ပူ၊ အားဖြည့်ဆေး (Conditioner) နှင့် စပရေးများ ကိုသုံးပေးဖိုလိုအပ်ပေသည်။ ကလိုရင်း (Chlorine)့ ဖြန်းထားသော ရေကူးကန်များတွင် ရေကူး ရာတွင်လည်း ခုခံကာကွယ်နိုင်သည့် အ၀တ်စုံများကို ၀တ်ဆင်ခြင်းဖြင့် ကလိုရင်း၏ အကျိုးသက် ရောက်မှုကို တွန်းလှန်ကာကွယ်နိုင်သည်။

ပတ်ဝန်းကျင်သို့ အကျိုးသက်ရောက်မှုများ .......
ကလိုရင်း (Cl) သည် ရေနှင့်ရောသည့်အခါ ရေတွင်ပျော်ဝင်သည်။ ရေမှတဆင့် လေထဲသို့ အငွေ့ပျံနိုင်သော အခြေအနေသို့ကူးပြောင်းနိုင်သည်။ ကလိုရင်း (Cl)ကို ပတ်ဝန်းကျင်သို့ တိုက်ရိုက် ထုတ်ပေးနေမှုအများဆုံးမှာ ရေနှင့်လေ ပင်ဖြစ်သည်။ ထိုအခြေအနေများတွင် ကလိုရင်း (Cl)သည် တခြားသော ဓာတုဆိုင်ရာများနှင့် ဓာတ်ပြုမှုဖြစ်ပေါ်သည်။ ၄င်းသည် ရေထဲရှိ အင်အော်ဂဲနစ် ပစ္စည်းများနှင့် ပေါင်းစပ်ပြီး ကလိုရိုက် ဆားများ ရရှိနိုင်သကဲ့သို့ အော်ဂဲနစ် ပစ္စည်းများ နှင့်ပေါင်းစပ်သည့်အခါ ကလိုရင်းပါဝင်သော အော်ဂဲနစ် ဓာတုဒြပ်ပေါင်းများ ဖြစ်စေနိုင်သည်။

၎င်း၏ ဓာတ်ပြုမှု အားကောင်းမှုကြောင့် မြေကြီးထဲတွင် ရွေ့လျားမှုမရှိနိုင်သကဲ့သို့ မြေအောက်ရေများတွင်လည်း ၀င်ရောက် နေရာ ယူမှုမှာလည်း မရှိပေ။ အပင်နှင့် သတ္တ၀ါများမှာလည်း ကလိုရင်း သိုလှောင်နိုင်မှုမရှိပေ။ သို့သော်လည်း ဓာတ်ခွဲခန်း လေ့လာမှုများတွင် လေထုထဲရှိ ကလိုရင်းသည် ခုခံအားစနစ်၊ သွေး၊ နှလုံး နှင့် အသက်ရှူမှု စနစ်တစ်ခုလုံးကို ဘေးသင့်စေနိုင်ကြောင်း အထပ်ထပ်ပြဆိုလျက် ရှိပေသည်။ အလွန်နိမ့်သော အဆင့်တွင်ပင် ကလိုရင်းသည် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည်။ အထူးသဖြင့် ကလိုရင်းသည် ရေ နှင့် မြေရှိ သက်ရှိအဖွဲ့အစည်း (living organisms) ကို ဆိုးကျိုး များစွာပေးနိုင်သည်။

Mg Mandalay
https://www.facebook.com/mg.mandalay

လိင်အသားပေး ဇာတ်ကားများ အလွန့်အကျွံကြည့်ခြင်းက ဦးနှောက်သေးကွေးလာစေနိုင်


ဂျာမန်သုတေသီများဟာ လိင်အသားပေးဇာတ်ကား porn တွေကို ကြည့်ရှုမှုများတဲ့သူတွေဟာ ဦးနှောက်အရွယ်အစား သေးလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

““မိမိတို့လေ့လာမှုမှာ ဦးနှောက်ရဲ့ subcortical အပိုင်းရဲ့ ညာဖက်မှာ တည်ရှိတဲ့ မီးခိုးရောင် ဦးနှောက် အစိတ်အပိုင်း (grey matter) ဟာ လိင်ဇာတ်ကားတွေ အလွန်အကျွံ ကြည့်သူတွေမှာ ကျုံ့လာတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်”” လို့ လေ့လာမှု ခေါင်းဆောင် ဂျာမနီနိုင်ငံ ၊ Max Planck လူသားဖွံ့ဖြိုးမှုဆိုင်ရာ အင်စတီကျူမှ Simone Kohnှ က ရှင်းပြထားပါတယ် ။ လိင်အသားပေး ဇာတ်ကားတွေရဲ့ ဦးနှောက်အပေါ် သက်ရောက်မှုကိုလေ့လာနိုင်ဖို့အတွက်၂၀ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသား ၆၄ ဦးကို ဇာတ်ကားကြည့်ရှုမှု အမူအကျင့်များကို မေးမြန်းခဲ့တဲ့အပြင် ယင်းတို့ရဲ့ ဦးနှောက်ကိုလည်း MRI အသုံးပြုပြီးစစ်ဆေးခဲ့ပါတယ် ။

 တွေ့ရှိလာမှုအရတော့ လိင်အသားပေး ဇာတ်ကားတွေ ကြည့်ရှုမှုများတဲ့ အမျိုးသားတွေဟာ ဦးနှောက်အရွယ်အစားသေးငယ်လာပြီး အိမ်ထောင်သည်များမှာ ချစ်တင်းနှောတဲ့အခါ
စိတ်ပါဝင်စားမှုနည်းပါးလာတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။
ဒီလေ့လာမှုကို Journal JAMA Psychiatry မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သက်နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှော်နှင်တံအလား သနပ်ခါး


''ရွှေဘိုသနပ်ခါးတုံးများ... ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လိုအသားမည်းမည်း...ဝါဝါညက်ညက်ဖြူ...

ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေးမြို့တော်သူ...ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့် စိမ်းစိမ်း ညက် ညက်ဖြူဖြူ  ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့ ရန်ကုန်သူ၊ မန္တလေးသွားလို့ အသား မည်းပြန် သတဲ့ဆူ ''နန်းတော်ရှေ့ဆရာတင်ရေးသား၍ အဆိုတော် မန္တလာမြင့် သီဆိုခဲ့သော ''ရွှေဘိုသနပ်ခါး''အမည်ရှိ သီချင်းကို နားထဲတွင် ပြန်လည်ကြားယောင်မိသည်။ မိန်းကလေး တို့၏ သဘာဝအလှကို ဖွဲ့ဆို ထားခြင်းဖြစ်သည် ။ ပါးပြင်နှစ်ဖက်တွင် သနပ်ခါးတင်ကာ ပါးကွက် ထူထူလေးနှင့် ဟန်မူပိုသော မိန်းကလေး၏ မျက်နှာသည် နဂိုရုပ်မချောသော်လည်း သနပ်ခါး ရနံ့ သင်းပျံ့ပျံ့က အနံ့မွှေးကြူ တလူလူရှိ၍ ယဉ်စစအလှကို မြင်ရသူက ဘဝင်ကျအောင် လှလိုက်တာဟု ထင်မှတ် သွားရပေသည်။ ကုန်းဘောင်ခေတ် စာဆိုတော် တစ်ဦးကလည်း သနပ်ခါးခြယ်သ၍ အသွင်သဏ္ဌာန် လှလာသည့် မိန်းမပျိုလေး၏ အလှကို စာစီကာခြယ်မှုန်း ပြထားသည်။ ''ဥမ္မာဒန်သနပ်ခါး၊ မြတ်ပါးသို့ခြယ်လျှင်၊ နတ်အလားလို့ တကယ်ထင်မယ် ၊ အရွယ်ပင်ငယ်ရ၊ တော်ကနုပန်း ကြာငုံလို၊ ဂန္ဓာရုံထူးတတ်နိုင်မျှ၊ အဆင်းတော်အင်္ဂါမှာ၊ ကဉ္စနာဟန်ပ မင်္ဂလာလျှံကြွလို့ ၊ အနန္တကျက်သရေ၊ ခြယ်သသူနုအသား၊ စုဖုရားယိုး မှတ် လောက်ပေ၊ မိုးနတ်ခြောက် ဝတိံမြေဝယ်၊ ဣနြေ္ဒထည်လှတဲ့နတ်မယ်လျဘရဏီ၊ ငေးရှုရသည်၊ ပြိုင်လိုက်တိုင်းဘက်မမီတယ် ၊ မျက်နှာချီခေါင်ချုပ်မို့လေး...''သနပ်ခါး လူးလိုက်သည့်အတွက် အရွယ်နုပျိုကာ အသားအရေ စင်ကြယ်ဝါဝင်း ကြည်လင်သည်။ နှိုင်းယှဉ်၍ မရသော အလှ ပိုင်ရှင်ကို နတ်ပြည်ခြောက်ထပ်မှ အလှကြွယ်ကြွယ် ဣနြေ္ဒထည်လှသည် ဆိုသော နတ်သမီး လေးပင် ငေးမောကြည့်ရှုရသည်။ သနပ်ခါးလူး၍ အလှကြီး လှနေသူလေးမှာ မိမိအလှကို မာန်ကိုးကာ ခေါင်းမော့ပြီး အလှမာန် တက်နေမည်ဖြစ်သည်။ သနပ်ခါးသည် မိန်းကလေးများ အတွက် ခြယ်သကာ လူးဖို့ရန်သက်သက် မဟုတ်ပေ။ လူတို့အတွက် ဆေးဖက်ဝင်သော နံ့သာမျိုး တစ်မျိုးဖြစ်သည်။ သနပ်ခါး၏တန်ဖိုးကို မသိတတ်ကြ၍ အနောက် နိုင်ငံများတွင် အသုံးချပစ္စည်း အလှအပ ခြယ်သရာတွင် အသုံးပြုလေ့ မရှိကြ။ မြန်မာနိုင်ငံတွင်လည်း ယခု အချိန်တွင် သနပ်ခါး၏ တန်ဖိုးကို အထင်မကြီး အသိအမှတ် မပြုဘဲ ဓာတုဗေဒနှင့် ဖော်စပ် ထားသော အလှပြင် ပစ္စည်းများကိုသာ အထင်ကြီး၍ တန်ဖိုးကြီးကြီး ပေးဝယ်ကာ သုံးနေကြ သည်။

သနပ်ခါးသည် အမွှေးရနံ့ မလွန်ကြူးသော်လည်း သင်းသင်းမွှေးမွှေး ချွေးကလေး တစိုစို အသားအရေအေး ကာ ခံစားမှုကို နှစ်လိုဖွယ်ရာ ပေးလေသည်။ အဆင့်အတန်း မနိမ့်သော မြန်မာ့ရင်းမြစ် သနပ်ခါး စစ်စစ်ဖြစ်သည် ။ မြန်မာ့သနပ်ခါးစစ်စစ်၏ အရသာသည် ပူသည်၊ ခါး သည်၊ အနည်းငယ်စပ်သည်၊ အစာကိုကြေစေသည်၊ လေကိုရစေ သည်၊ သွေးကိုကြွစေသည်၊ အခိုးကိုပွင့်စေသည်။ သွေးသားကို ကြည်လင်စေပြီး အသားအရေကို နူးညံ့ပျော့ပျောင်း စေသည်။ ငန်းဖမ်းရောဂါကို အထူးနိုင်နင်းသည်။ သနပ်ခါးသည် မြန်မာ့ဝေါဟာရ စစ်စစ်ဖြစ် သည်။ မြန်မာသမားတော်တို့၏ ကြံဆချက်အရ ခန္ဓာကိုယ်ကို သနစေသော (သို့မဟုတ်) ခန္ဓာကိုယ်၏ အညစ်အကြေးတို့ကို ဖယ်ရှားခြင်း၊ သန့်ရှင်းစေခြင်း တို့ ပြုလုပ်ပေးသည် ။ (သနခါ-သနစေသောအရာတို့ကိုခါထုတ်ပေးသည်)သနပ်ခါး၏ ရုက္ခဗေဒအမည် (Limonia acidissma, Narigi crenulata) ဖြစ်သည်။ သနပ်ခါး၏ အရသာသည် ခါးသည်။ ခန္ဓာကိုယ် အတွက် ကျန်းမာရေးကို အထောက်အကူပြုသည်။ ခါးသော အရသာသည် အရေထူ အရေ ပြားကို အားဖြည့်ပေးသည်။ ထို့ပြင် သွေးလေကို ညီညွတ်စေ၍ သွေးကို သန့်စင်စေသည်။ သွေးလည်ပတ်မှုကို ထိန်းပေးသည်။ နှလုံးကိုများစွာ အကျိုးပြုသော ဆေးဖက်ဝင် ပစ္စည်းဖြစ် သည်။ မြန်မာ့ ဆေးပညာရှင်တို့ အဆိုအမိန့်အရ သနပ်ခါးသည် အမြစ်၊ ပင်စည်၊ အရွက်၊ အသီးကအစ လူတို့အတွက် လွန်စွာ အသုံးဝင်လေသည်။ အမြစ်-ဝမ်းနုတ်ဆေး၊ ချွေးထုတ် ဆေးတို့ ဖော်စပ်ရာတွင် ထည့်သုံးလေ့ရှိသည်။ နနွင်းမှုန့်နှင့်သွေး၍ သောက်ပေး၊ လိမ်းပေး ပါက မီးယပ်ရောဂါသည်များ သွေးသား မှန်ကန်စေသည်။ သနပ်ခါးအမြစ်ကို ဆားထည့်ပြီး သွေးလိမ်းပါက အညောင်းအညာကို ပျောက်စေသည်။ ကလေးများ အအေးမိ၍ နေထိုင် မကောင်းဖြစ်လျှင် သနပ်ခါး အမြစ်တုံးကိုသွေးပြီး သနပ်ခါးအနှစ်ကို ကွမ်းရွက်စိမ်းရည်နှင့် တိုက်လျှင်ပျောက်သည်။ သနပ်ခါးအမြစ်တုံး ကိုသွေးကာ နေ့စဉ်မှန်မှန် လိမ်းပါက အသား အရေစင်ကြယ်ပြီး မှဲ့ခြောက်၊ တင်းတိပ်၊ ဝက်ခြံဖုထွက်ခြင်းတို့ ပျောက်လေသည်။

အသည်း ရောင် ရောဂါဝေဒနာ စတင် ခံစားနေရချိန်တွင် သနပ်ခါး အမြစ်တုံးကို ဆားနှင့်သွေး ကာ ရေနွေးကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေးလျှင် သက်သာသည်။ ပင်စည်-သနပ်ခါး၏ ပင်စည် သည် ထွက်ပေါ်လာသော အပွေးအခေါက်ပေါ် မူတည်ကာ တန်ဖိုးရှိလေသည်။ အကိုင်းအခက်၊ အတက်ကအစပင် နှစ်ထပ်ပွေး အခေါက်ထူပါက ကျစ်လျစ်သိပ်သည်း၍ ပိုပြီး ဈေးခေါ်ကောင်းသည်။ ပင်စည်သည် သနပ်ခါး တစ်ပင်လုံးတွင် ရောင်းပန်း အလှဆုံးဖြစ်သည်။ ဝက်ခြံအမာရွတ်ရှိသူများ သနပ်ခါး ကို ပျစ်ပျစ်သွေးပြီး နေ့၊ ည လိမ်းပေးလျှင်ပျောက်သည်။ မိတ်၊ အင်ပျဉ်၊ အသားအရေ ယားယံလျှင်လည်း သနပ်ခါးနှင့်ဆားရောပြီး လိမ်းပေးရသည်။ သနပ်ခါးသည် နေ့စဉ်လိမ်းပေးပါက အသားအရေ ကို ချောမွတ်နူးညံ့စေသည် ။ အရွက်ကို ဝက်ရူးပြန် ရောဂါအတွက် ဆေးဖော်စပ်ရာတွင် ပါဝင်သည်။ အနာကြီး ရောဂါသည်များ အတွက် အရွက်ပြုတ်ရည်ကို ရေချိုး ပြီး ချွေးအောင်းပေး လျှင် ရောဂါ သက်သာ သည် ။ အရွက် ပြုတ်ရည်ကို ဆားခတ်၍ သောက်ပါက ငှက်ဖျားရောဂါကို ပျောက်စေ သည် ။ အရွက်ခြောက်ကို အမှုန့်ပြုပြီး ရေနှင့်သောက်ပါက အဖောအရောင်၊ အနာအဆာတို့ ပျောက်သည်။ အရွက်-သနပ်ခါး(အသီး)ကို အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါဆေးတို့ ဖော်စပ်ရာတွင် ပါဝင် အသုံးပြုသည်။ အသီး-အသီး ပြုတ်ရည်ကို ခပ်နွေးနွေးတွင် ငုံပေးပါက သွားနာခြင်း၊ သွားကိုက်ခြင်းတို့ကို သက်သာစေသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ထိုင်းနိုင်ငံရှိ သုတေသီ တစ်စုသည် သနပ်ခါးအခေါက်တွင် ပါဝင်သော ဓာတ်ပစ္စည်း များကို အသေးစိတ် လေ့လာကြရာ သနပ်ခါးတွင် အင်တီအောက်ဆီးဒင့် (ခေါ်) ခန္ဓာကိုယ်အား အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုး ပါဝင်သလို အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေသည့် ဓာတ်များအပြင် ဗက်တီးရီးယားများ ကို သေစေသည့် ဓာတ်နှင့် အရေပြား အရောင်ကို ပြောင်းလဲဖြစ်စေ သည့် ဟော်မုန်း ထွက်ရှိမှုကို ဟန့်တား ပေးသည့်ဓာတ်များ ပါဝင်နေသည်။ ထို့ပြင် သနပ်ခါးသည် နေပူဒဏ် အပြင် နေလောင်ခြင်းကို ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန်ရောင်ခြည်ကိုပါ ကာကွယ်လေသည်။ ထို့ကြောင့် ဓာတုဗေဒ ပစ္စည်းများဖြင့် ဖော်စပ် ထားသော အလှပြင် ပစ္စည်းတို့ထက် မြန်မာ့ရိုးရာ သနပ်ခါး ကို ကျောက်ပျဉ် သန့်သန့်လေးမှာသွေးပြီး ရနံ့သင်းသင်း မွှေးမွှေးလေးကို လူးကာ ချွေးလေး တစို စို နှင့် အေးအေးလေး ခံစားရသော အရသာသည် မိန်းကလေးတို့အတွက် သဘာဝ မူပိုင်အလှ သာဖြစ်လေသည် ။

သဘာဝ မဟုတ်သော ခေတ်မီအလှပြင် ပစ္စည်းတို့မှာ သိပ္ပံပညာထွန်းကား လာမှ ပေါ်ပေါက် လာ ကြခြင်းဖြစ်သည် ။ ဆရာကြီး စစ်ကိုင်း ဦးဖိုးသင်း၏ အဆိုအရ လွန်ခဲ့ သောနှစ်ပေါင်း ၂၄ဝဝ ကျော်ကာလ သရေခေတ္တရာ ဗိဿနိုး မိဖုရားတို့ ခေတ်ကာလကတည်း က ရှိခဲ့သည်။ သုပညာပရန္တတိုင်း ကောင်းစားစဉ်က ထိုခေတ်ရှိ အမျိုးသားတို့သည် သနပ်ခါး ကို အသုံးချ၍ လိမ်းခြယ်လေ့ရှိကြောင်း (ဆရာမ ကြီး ဒေါ်စောမုံညင်း ၏ မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု)မှ တွေ့ရသည် ။ သနပ်ခါးကို နေ့စဉ်လိမ်းရန် မသွေးနိုင်၊ အချိန်မပေးနိုင်လျှင် အဆင်သင့် ရစေရန် သွေးထားကြသည်။ ထိုအခါတွင် သွေးပြီးသားသနပ်ခါး မပုပ်မသိုး၊ အနံ့ မပျက်စေရန် ထိန်းသိမ်းရာတွင် မြန်မာ့နည်းစနစ်နှင့် ထိန်းသိမ်းကြလေသည်။ ရှောက်ရည်၊ သံပရာရည်များ ထည့်သလို ကျောက်ချဉ်ကိုလည်း အမှုန့်ပြုကာ ထည့်ကြသည်။ သို့မှသာ ကြာရှည်ခံပြီး မပုပ်မသိုးဘဲ သနပ်ခါးကို ရရှိမည်။ အချို့ကမူ ငွေမတ်စေ့လေးများ ထည့်ထား လေသည် ။

သနပ်ခါးသည် မြန်မာ့ရင်းမြစ်အပင် စစ်စစ်ဖြစ်သော်လည်း နံ့သာငါးပါးနှင့် နှိုင်း ယှဉ်ပါက သင်းပျံ့သော ရနံ့ထွက်ကနည်းလေသည်။ ယနေ့ခေတ် သိပ္ပံနည်းပညာ စနစ်ဖြင့် ပါဝင်သောဓာတ်ကို လေ့လာသော အခါတွင် ကူမာရင်ဓာတ်က အဓိကပါဝင်သည် ။ သနပ်ခါး သည် မြန်မာမိန်းကလေးမှန်လျှင် အလှပြင် ပစ္စည်းအဖြစ်နှင့် သာမက ကျန်းမာရေး အတွက်ပါ လိမ်းရန် ဆောင်ထားသင့်သော ပစ္စည်းအ မှန်ဖြစ်လေသည် ။ အမျိုးမျိုးသုံးစွဲ၍ ရသောကြောင့် သနပ်ခါးတုံးလေးသည် မှော်ဝင်ပစ္စည်း၊ မှော်နှင် တံလေးနှင့် တူလေသည်မို့ ''မှော်နှင်တံအလား သနပ်ခါး''ဟူ၍ပင် တင်စား လိုက်ချင်ပါတော့သည်။

မြ၀တီ
https://www.facebook.com/mwdmedia

သင်သည် တစ်နေ့လုံး ဗိုက်ဆာနေလျှင်



တချို့လူတွေက ကိုယ်အလေးချိန်တက်မှာ စိုးရိမ်နေပေမယ့် တစ်နေ့လုံးမကြာခဏ ဆာလောင်တဲ့ ဝေဒနာ ကို ခံစားနေရ တတ်ပါတယ် ။

ဒါဟာ အစာစားနည်းပုံစံမမှန်တာကြောင့် ဖြစ်တတ်တဲ့အတွက် တစ်နေ့လုံး ဗိုက်ဆာ နေသူတွေ စားသင့်တဲ့ အစာစားနည်းပုံစံကို အကြံပြုလိုက်ပါတယ်။

အစာကို နည်းနည်းနဲ့ ပုံမှန်စားပေးတာဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို အစာချေဖျက်ဖို့ အချိန်ပေးတဲ့ အတွက်ကောင်းတဲ့ အလေ့အထဖြစ်ပါတယ် ။

တချို့လူတွေမှာ ထမင်းအနပ်ကြီးမစားဘဲ ထမင်းနည်းနည်းကို ငါးကြိမ်လောက် ခွဲပြီး စားတာတောင် ဆာလောင်မှုကို ခံစားရနိုင်ပါတယ်။ အဲဒီလို လူတွေအတွက် ထမင်း တစ်နပ်နဲ့ တစ်နပ်ကြား အဆာပြေ သရေစာ အနည်းငယ် စားပေးဖို့ အကြံပေးပါရစေ။

သရေစာစားတဲ့ အခါမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခွံမာသီး၊ အစေ့အဆန်၊ လတ်ဆတ်တဲ့ သစ်သီး၊ အဆီနည်းဒိန်ချဉ် စတာတွေကိုပဲ ရွေးချယ်စားပေးပါ။

အစာအိမ်ထဲမှာ ကြာကြာရှိနေပြီး ဗိုက်ဆာလွယ်တာမျိုး မဖြစ်အောင် စားသင့်တဲ့အစား အသောက်တွေက အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစား အသောက်တွေ ဖြစ်ပါတယ် ။

နံနက်စာမှာ ကွေကာ (Cereal) နဲ့ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ ပါဝင်အောင် စားပါ။

ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့အနေနဲ့ အစာလျှော့စားနေပါက ကြာရှည်ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျသွားခြင်း စတာတို့ ခံစားရရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

ပဒိုင်း ( Datura stramoniumLinn) ပဒိုင်းဆိုတာနဲ့  ရှုးတာကိုဘဲ မသိကြပါနဲ့  အစွမ်းတွေကိုသိစေချင်လို့ ပါ


မြန်မာ ဆေးကျမ်း များ အလိုအရ ပဒိုင်းညို သည် ခါး၏။ သက်၏။ စူးရှ၏။ ပူ၏။ အားကို တိုးစေ၏။ မူးယစ်စေ တတ်၏။ အဖျား ရောဂါ ကို ပယ်၏။ နူနာ၊ ပိုးနာ တို့ကို နိုင်၏။ သန်ကို ကျစေ၏။ ကိုယ်ရေ ပြားရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွ ရောင်နာတို့ကို ပယ်၏။ လေကို အထူး ပယ်နိုင်၏။ အသုံးပြုပုံ - အရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ် ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။

ပဒိုင်းရွက် ကို ပါးပါး လှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေဒနာမှ သက်သာ စေ၏။ အရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။ အရွက် ကို ဆေးပေါ့လိပ် တွင် ထည့်၍ သောက်ခြင်း အားဖြင့် ပန်းနာ ရောဂါကို သက်သာ စေသည်။ အစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။ အစေ့ သို့မဟုတ် အမြစ် ကို ကာမ အားတိုးဆေး အဖြစ် သုံး၏။

အစေ့မှုန့် ကို နှမ်းဆီ တွင်၇ ရက် စိမ်ပြီး ယင်းဆီဖြင့် ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ခါးကိုက်၊ဒူလာ ခြေနာ များကို သုတ်လိမ်း၍ အ၀တ်ပါးပါး စည်းထားက ပျောက်၏။ ဓမ္မတာ လာစဉ် ကိုက်ခဲခြင်း အတွက် လည်း ဆီးခုံ၌ သုတ်လိမ်း ပေးခြင်းဖြင့် ပျောက်၏။

အမြစ် - ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ် ကို ဆန်ဆေးရည် နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏။

Mg Mandalay
https://www.facebook.com/mg.mandalay

အအေးမိရင် ဘာစားရမလဲ


(၁) ကြက်သားစွပ်ပြုတ်
ကြက်စွပ်ပြုတ်မှာပါတဲ့ cysteine ဓါတ်က ချွဲပျော်စေပြီး နှာစေးချောင်းဆိုး သက်သာစေပါ တယ်။ကြက်စွပ်ပြုတ်တစ်ခါသောက် တိုင်းအဆုတ်ထဲမှာ ရောင်ရမ်းမှုတွေ သိသိသာသာ လျော့ကျစေပါတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်အေးအေးလေးသောက် ခြင်းဖြင့် ဇင့်ဓါတ်ရရှိပြီး ကိုယ်ခံအား စနစ်ကို အထောက်အကူဖြစ်စေပါ တယ်။
(၃) အချဉ်သီးများ
ဗိုက်တာမင်စီဟာ အအေးမိခြင်း ကို ထိရောက်စွာမကာကွယ်နိုင်ပေ မယ့် ဟစ္စတာမင်းဆန့်ကျင်အာနိ သင်ရှိတာကြောင့်နှာစေး၊ နှာပိတ် ခြင်းမှ သက်သာစေပါတယ်။
(၄) အသားဟင်းများ
နေမကောင်းတဲ့အချိန်မှာ ကိုယ် ခံအားကောင်းအောင် ပရိုတင်းဓါတ် များများစားသုံးပါ။ အသားဟင်းထဲ မှာ ဇင့်ဓါတ်လည်းပါဝင်ပါတယ်။
(၅) အရက်မသောက်ပါနှင့်
အအေးမိဖျားနာနေချိန်မှာ အရက်မသောက်ပါနှင့်။ ဝိုင်၊ ဘီယာ၊ အရက်ဟူသမျှ သွေးကြောတွေကို ကျယ်စေပြီး နှာရည်ပိတ်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း ဖြစ်စေပါတယ်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ဖလန်တောင်ဝှေး


နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ လေနာ၊ အရေပြား ရောဂါ၊ မြွေကိုက်ခြင်း တို့ကို ကုသရာ၌ အမြစ်ကို သုံးသည်။ နားပြည်ယို၊ နားကိုက် ရောဂါကို ဖလံတောင်ဝှေး အခွံ့နွှာ မီးကင်ပြီး အတန်ကြာ အေးစေ၍ ရည်ညှစ်ယူ ၎င်းအရည်ကို နားအတွင်းသို့ ၃-၄ စက်ခန့် မကြာ မကြာ ထည့်ပေးရ၏။ ချောင်းဆိုး ရောဂါ၊ သာမာန် နှလုံးတုန် ရောဂါ တို့ကို ဖလှံတောင်ဝှေး ဟင်းချက် စားခြင်း၊ နှမ်းဆီ စစ်စစ်ဖြင့် ကြော်စားခြင်း တို့ဖြင့် သက်သာ စေနိုင်သည်။ ဒူလာရောဂါကို ဖလှံတောင်ဝှေး သုံးခွက် တစ်ခွက်တင်ကို သောက်လျှင် ပျောက်၏။

ဖလှံတောင်ဝှေးဥကို အခြောက်ခံ အမှုန့်ပြုလုပ်၍ ချင်း၊ သကြားနှင့် စပ်သောက်ပါက ပို၍ ပျောက်ကင်း၏။ ဖလံတောင်ဝှေးကို ငါးခူနှင့် ချက်စားပါက ကာမအားကို ဖြစ်စေသည်။ ငါးသိုင်းသားနှင့် ချက်စားက သွေးဝမ်း ရောဂါ ပျောက်စေသည်။ ပုစွန်နှင့် ကြော်ချက် စားလျှင် သွေးဝမ်း ရောဂါ ပျောက်စေသည်။ နွားသားနှင့် ချက်စားပါက ဆီးရွှင်ပြီး ကျောက်ကပ် ရောဂါကို ကာကွယ် စေနိုင် ပါသည်။ ရေကြက်သားနှင့် ချက်စားလျှင် ဆီးကျောက် တည်ခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်၊ ဆီးအားနည်းခြင်း၊ ဆီးကျန်ခြင်း၊ ဆီးဝါခြင်းတို့ကို ပျောက်စေသည်။ ဖလှံတောင်ဝှေးကို ဓါးပြားနှင့် ရိုက်၍ ဟင်းချက် သောက်က အမျိုးသမီးများ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း တို့ကို ပျောက်စေနိုင်သည်။

ဖလှံတောင်ဝှေးကို အခြောက်လှန်း အမှုန့်ပြု၍ အုန်းဆီနှင့် ဖျော်ပြီး စအိုနှင့် ဆီးစပ်ကို လိမ်းထားပါက သားအိမ် လျှောကျခြင်း၊ သားအိမ် အောင့်ခြင်း၊ ယောကျာ်း အူကျခြင်း၊ တိုနာ ဖြစ်ခြင်းတို့ကို ပျောက်စေသည်။ ဖလှံတောင်ဝှေး ပဉ္စငါးပါးကို ငရုတ်ကောင်း ၂ စေ့ထည့်၍ ကျကျ ပြုတ်သောက် ပါက ကျောက်ကပ်ရောင်၍ ဖောခြင်း၊ ခါးနာခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။ ဖလှံတောင်ဝှေးကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့် တေ၍ လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့ တစ်ကြိမ် စားသုံးခြင်းခြင့် အားအင် ကုန်ခမ်းခြင်းကို ပြန်လည် အားဖြည့် စေသည်။

မိန်းမများ ရင်သားတွင် ဖြစ်ပေါ်တက်သော သာမာန် အကြိတ်များအား ဖလှံတောင်ဝှေးကို ထုခြေ၍ အကျိတ်ပေါ် အုံပေးပြီး အ၀တ် စည်းပေးခြင်းဖြင့် အကျိတ်ကို ကျေစေသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူနာ၏ အိမ်ထောင်ဘက်သည်စိတ်ဖိစီးမှုကြောင့်သေဆုံးနိုင်


အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရသောဝေဒနာဖြင့် လူနာအားဆေးရုံတင်ထားချိန်များဝယ် လူအများက ၄င်းလူနာအားစောင့်ရှောက်ပေးနေရသောအိမ်ထောင်ဘက်အား လျစ်လျူရှုမိတတ်ကြောင်းနှင့် တစ်ကယ် တမ်းတွင် အဆိုပါလူနာရှင်မှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ စိတ်ဖိစီးမှုကိုပြင်းထန်စွာခံစားရလေ့ ရှိပြီး ၄င်းစိတ်ဖိစီးမှုကြောင့် အခန့် မသင့်လျင် အသက်ပါသေဆုံးနိုင်သည်ကို လူအများသတိထားပေးကြ ရန် လိုအပ်ကြောင်း ကနေဒါနိုင်ငံသုတေသီများက ပြောသည်။

လူနာတစ်ယောက်အသည်းအသန်ဖြစ်ပြီးဆေးရုံကိုရောက်လာရင် လူနာကိုပဲဝိုင်းအာရုံစိုက်နေပြီး လူနာရှင် ကိုတော့ အားလုံးကမေ့လျော့နေတတ်ကြပါတယ်။ လူနာရှင်ကိုယ်တိုင်လည်း လူနာတစ်ပိုင်းပဲဆိုတာ မမေ့ ကြပါနဲ့ ။ ဥပမာ လေဖြတ်သွားတဲ့ဇနီးသည်ကို ဆေးရုံတင်ပြီးတစ်ညလုံးစောင့်ရှောက်ပြီးတော့ မနက်လင်း အားကြီးအချိန်မှာ တမှေးလောက်မှေးနေခိုက် ဖုန်းရုတ်တရက်လာတယ်ဆိုပါစို့ ၊ လူနာရှင်ရဲ့ စိတ်ထဲမှာ ဇနီး သည် ဆုံးသွားပြီလားဆိုတဲ့သောက က အရင်ဆုံးဆောင့်ပါလိမ့်မယ်။ ဖုန်းကိုင်လိုက်တော့ ဘာမှအရေး မကြီးတဲ့ကိစ္စ ဆိုပါစို့ ၊ ဒါပေမယ့်လည်း သူ့ ခမျာမှာ စိတ်ဒဏ်ရာက ရပြီးသွားပါပြီ။ အဲဒီလိုမျိုး တစ်ရက်ကို အကြိမ်ပေါင်းများစွာကြုံရနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

လေ့လာဆန်းစစ်မှုများအရ အသည်းအသန်နာမကျန်းဖြစ်သောအိမ်ထောင်ဘက်ကိုစောင့်ရှောက်ရသူတွင် တစ်နှစ်အတွင်းအသက်သေဆုံးနိုင်ခြေ ၃.၇ ရာခိုင်နှုန်းရှိကြောင်း၊ စိတ်ဓါတ်ကျဆင်းနိုင်ခြေ ၆၇ ရာခိုင်နှုန်း၊ အသက်အန္တရာယ်ကိုဖြစ်စေနိုင်သောစိတ်ကျရောဂါခံစားရနိုင်ခြေ ၁၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်မိသားစုဆွေမျိုးသားခြင်း ဆေးရုံဆေးခန်းတက်ရတာကိုအကြောင်းပြုပြီး လူနာရှင်မှာ ပြင်းထန်တဲ့သောကကိုခံစားရလေ့ရှိပါတယ်။

ဒါတွေကို ဘေးလူတွေက လျစ်လျူရှုနေမယ်ဆို ရင် သူ့ ခမျာမှာ တစ်ခါတစ်လေ လူနာခံစားရတာထက်ပိုတဲ့ဒုက္ခကိုခံစားရလေ့ရှိပါတယ် ဟု ၄င်းက ဆက် လက် ရှင်းပြသည်။ထို့ အပြင် အချို့ ဆရာဝန်များသည် လူနာရှင်အား လူနာ၏အခြေအနေများကိုပြောပြရန် အချိန်မပေးနိုင် ကြကြောင်း၊ ၄င်းအချက်သည်လည်း လူနာရှင်အားပို၍ စိတ်ဓါတ်ကျစေနိုင်သည့် အချက်ဖြစ်ကြောင်း ၊ လူနာ ရှင်အား နွေးထွေးစွာထားဖို့ ဝေးစွ၊ စည်းကမ်းမျိုးစုံ၊ ကန့် သတ်ချက်မျိုးစုံဖြင့် အနေကျပ်၊အတွေးကျပ်၊ အသက်ရှူကျပ်သည့်အပြင် လူနာရှင်ကိုပြန်၍ပြစ်တင်ပြောဆိုသည့်စကားများကို လူ့ ဘောင်လူ့ အသိုင်း အ၀ိုင်းနှင့် ဆေးရုံမှတာဝန်ရှိသူများကိုယ်တိုင်လည်း သိရဲ့ နှင့်ဖြစ်စေ၊ မသိလိုက် ဘာသာဖြစ်စေ၊ ကျူးလွန် မိတတ်ကြောင်း၊ ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးအဆင်မပြေခြင်းသည်လည်း မူလအစကတည်းက စိတ်ဓါတ် ကျနေသောလူနာရှင်အတွက် ပို၍ဆိုးသည့် ရိုက်ချက်များဖြစ်ပွားလာ နိုင်ကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြ သည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ