Neck Glands လည်ပင်း အကျိတ်


ဒီမေးခွန်းမေးတဲ့သူတွေနဲ့ အပြန်အလှန်လုပ်ရသေးတယ်။ အချိန်ပိုကုန်တယ်။

မေးခွန်း (၁)
ဆရာရှင့့် က အသက် ၂၃၊ ဘန်ကောက်မှာနေပါတယ်ရှင့်။ လည်ပင်းမှာ အကျိတ်ဖုလေး သေးသေးလေးတွေ့လို့ပါ။ နာကျင်မှု့လဲမရှိပါဘူး ဆေးရုံမှာသွားစစ်ဖို့ လိုအပ်ပါသလားရှင့်။

အကျိတ်ကို တိတိကျကျပြောပါ။ နေရာ။ အရေအတွက်။ အရွယ်အစား။ ပုံပန်း။ ရွေ့ရ မရ။ နာ မနာ။ ကြီးလာ မလာ။

လည်ပင်းနဲ့ ဂုတ်ကြားမှာပါ ညာဖက်မှာပါရှင့် လက်တဆစ်လောက်ပဲရှိတာပါ တစ်ခုထဲပါရှင် မနာပါရှင့်။ သတိထားမိတာ သုံးရက်လောက်ရှိပြီ။ ကြီးလဲမလာပါဘူးရှင့် ရွှေ့လို့ရပါတယ်ရှင့်။

လည်ပင်းနဲ့ ဂုတ်ဆိုတာ မရှင်းပါ။ စောင့်ကြည့်နိုင်ပါတယ်။ ထူးခြားရင် မေးလိုက မေးပါ။ ပါရာစီတမောသောက်ရင် နာတာ + ရောင်တာ သက်သာမယ်။ တနေ့ ၂-၃ ကြိမ်။ ၄-၅ ရက်။

(ပုံ)
အဲ့လိုနေရာမှာပါ ဆရာ။ ဒါပေမဲ့ ရဲ့ အကျိတ်က မမြင်ရပါဘူး။ အဲ့လိုအကျိတ်လဲအပြင်မထွက်နေပါဘူးရှင့်။ ဂုတ်ရဲ့ အကြောအပေါ်မှာ အကျိတ်လက်တဆစ်လောက်ဖြစ်နေတာပါ။ နာကျင်မှုလဲမရှိပါဘူးရှင့်။ ကင်ဆာဖြစ်မှာ ကြောက်လို့ပါဆရာ။

မေးခွန်း (၂)
လည်ပင်းကဖြစ်တဲ့အကျိတ် ဘယ်နှစ်မျိုး ရှိပါသလဲဆရာ။ လည်ပင်းက အကြောအတိုင်း တစ်လုံးပြီး တစ်လုံး တန်းစီပြီးထွက်တဲ့အကျိတ်က ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေတာလဲ။ ဆေးသောက်တာနဲ့ ပျောက်နိုင်ပါသလား။

ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်တာ ဘယ်လောက်ကြာပြီ၊ တခြားဘာလက္ခဏာတွေရှိတယ်။ ဥပမာ ဓါတ်မှန်၊ နာ-မနာ၊ လူပိန်လာ-မလာ၊ သိချင်ပါသေးတယ်။ မတူတာတွေ အမျိုးမျိုးရှိလို့ပါ။ တက်စေ့ရောင်တာ၊ တီဘီ၊ ကင်ဆာ အတော် မတူတာတွေ။

ဖြစ်တာက ညီမလေးတယောက်ပါဆရာ။ သူက နဂိုပိန်တာပါ။ သိပ်မကြာသေးဘူးထင်တာပဲ။ သူကခုမှ ကိုယ်ကိုယ်ကို စမ်းမိတာတဲ့၊ အလုံးက မမြင်ရပါဘူး။ လက်နဲ့ စမ်းကြည့်မှ သိတာပါ။ လည်ပင်း အကျိတ် ဟုတ်-မဟုတ် ဆိုတာလည်း မသိပါဘူး။ လူက ပိန်ရင် လည်ပင်းက အရိုးကြီးပေါ်နေတယ်လေနော်။ အဲဒီပေါ်နေတဲ့ အရိုးနဲ့ကပ်လျှက် အပေါ်ဘက် လည်ပင်း ချိုင့်နေတဲ့ နေရာမှာရှိတယ်။ အလုံးက ညာဘက်မှာပါ။ နာလည်း မနာဘူးတဲ့။ ဆေးခန်းလည်း မသွားရသေးပါဘူး။ ဆေးခန်းမှာ ဓါတ်မှန်ရိုက်ပြီး သေသေချာချာ စမ်သပ်ကြည့်ရမှာပေါ့နော် ဆရာ၊။ အသက်က ၂၈နှစ် ပြည့်တော့မှာပါ။ ချောင်းဆိုးနေတာ ၃၊ ၄ ပတ်ရှိပြီဆရာ။ ချောင်းဆိုးတာ ဆေးခန်း သွားပြီးပါပြီ။ အခု နဲနဲဆိုးပါသေးတယ်။ ဆရာပြောတဲ့ အခြား လက္ခဏာတော့ မတွေ့သေးပါဘူးဆရာ။

မဖြေခင် ထပ် (ထပ်) ပြောပါရစေ။ မေးတဲ့သူတွေက ကိုယ့်နာမည်ကို အဖျားဆွတ်ပြောသလို ထည့်ရေးတာ နားလည်ရ ခက်စေပါတယ်။ ပဌမမေးခွန်းမှာ့ တွေက မေးတဲ့သူက သူ့နာမည်လို့ ယူဆရတာကို ထည့်ရေးထားပါတယ်။ အဖြေစာထဲက အင်္ဂလိပ်စာလုံလေးတွေကို ကျော်ဖတ်လို့ ရပါတယ်။ ဆောရီး။

လူတိုင်းမှာ Lymphatic system ဆိုတဲ့ သွေးပြန်ရည်စနစ်ရှိတယ်။ Lymph Nodes အစေ့လေးတွေ တခုနဲ့တခု အကြောတွေနဲ့ ဆက်နေတာ။ တကိုယ်လုံးလိုလိုမှာ ရှိတာ။ စုနေတဲ့နေရာတွေ ရှိတယ်။ လည်ပင်းက တခုပေါ့။ မေးအောက်၊ ချိုင်းနဲ့ ပေါင်ရင်းတွေမှာလည်း ရှိတယ်။ ဒီစနစ်က Immune system ခံနိုင်အားအတွက် အသုံးကျတယ်။ မသင့်တာတခုခုဖြစ်ရင် နောက် ဒါမျိုး ထပ်မဖြစ်အောင် လုပ်ပေးတာမျိုးပြောတာ။ အစေ့တခုခု ရောင်နေတယ်ဆိုတာ ရောဂါတခုခု ရှိနေပြီးသားလို့ သိနိုင်တယ်။

သူ့အရည် Lymph ထဲမှာ သွေးဖြူဥတွေ၊ အူကလာတဲ့ Chyle အရည် နဲ့ သွေးနီဥ နည်းနည်းပါတယ်။ ရောဂါရနေရင် သူ့ထဲမှာ ပိုးတွေနဲ့ တခြားပစ္စည်း Antigens (အင်တီဂျင်) တွေပါနေလိမ့်မယ်။ နောက်ဆုံးမှာ သွေးပြန်ကြောထဲ ဝင်သွားကြတယ်။ Spleen ဘေလုံးဟာလည်း ဒါမျိုးဘဲ။ Tonsils အာသီးလည်း မထူးဘူး။ အစေ့တွေ အထဲမှာ WBC သွေးဖြဥတွေက ရောဂါပိုးတွေကိုပြီးစေနိုင်တဲ့ Antibodies ခံနိုင်စွမ်း ထုတ်ပေးတယ်။

ပေါင်ခြံနဲ့ ချိုင်းမှာ လက္မဝက်လောက်သာရှိတဲ့ တက်စေ့လေးတွေ ရှိနေတာတော့ ကိစ္စမရှိပါ။ အအေးမိ-နှာစေးလို ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်၊ အနာဖြစ်တာနဲ့ တွဲနေရင် ပဋိဇီဝဆေး အရင်ဆုံးပေးမယ်။ နာတာ-ရောင်တာ သက်သာအောင်လည်း Ibuprofen, Paracetamol ဆေး ပေးနိုင်တယ်။ ၂ ပါတ်လောက်မှာ ပြန်ကောင်းသွားမယ်။ ဆက်မကြီးဘဲ သေးသေးသွားလိမ့်မယ်။ ရောင်-နာ-ကြီး နေတဲ့ တက်စေ့က အထဲမှာပြည်တည်ရင်တော့ Abscess ပြည်တည်နာဖြစ်လို့ခွဲရမှာပေါ့။

တက်စေ့ကြီးနေယုံကတော့ ပြဿနာမဟုတ်သေးပါ။ ၂ ပါတ်ကျော်လာပြီ၊ လူကပိန်လာတယ်၊ ညပိုင်း ချွေးထွက်တယ်၊ အားယုတ်လာတယ်၊ ငွေ့ငွေ့အဖျားတာရှည်မယ်ဆိုရင် ဆရာဝန်ပြပါ။ တီဘီအကျိတ်ဖြစ်နိုင်တယ်။ ကြီးနေတဲ့အစေ့က မာနေတယ်၊ ကြီးလာတာလည်း မြန်မယ်၊ သူ့အနားက အရေပြားဖြစ်ဖြစ် အောက်ကိုဖြစ်ဖြစ် ကပ်နေလို့ ရွေ့-လှုပ် မရရင်၊ အစေ့ အထက်က အရေပြားက နီ-နာလာရင်၊ လည်ပင်းအခြေ၊ Collar bone ညှပ်ရိုးနား ကပ်နေရင်၊ (အခုမေးသူလို)၊ ဆေးစစ်ရလိမ့်မယ်။ ကင်ဆာကိုသံသယရှိရမယ်။

အစေ့တွေ ဘာလို့ကြီးလာသလဲ။ ရောဂါပိုးဝင်တာ။ ကင်ဆာ၊ Lymphoma, Leukemia သွေးကင်ဆာ။ စုံအောင်သာ ရေးပြတာပါ။ မေးတဲ့သူအတွက် မစိုးရိမ်ပါနဲ့။ ဓါတ်ပုံထဲကသူမှာ ရောဂါပိုးဝင်တာသာ ဖြစ်မှာပါ။ ပိုးအမျိုးအစားကိုတော့ သိဘို့ လိုလာပြီ။ အာဂန္တုလား၊ နာတာရှည်တည်းခိုနေတဲ့ရောဂါလား ခွဲခြားရတယ်။

အာဂန္တုတွေက လည်ချောင်းနာ၊ နှာစေး၊ အရေပြားအနာ၊ နဲနဲပြင်းတာတွေက တီဘီ၊ ဖန်းဂတ်စ်၊ ပါရာဆိုက်၊ ရူမတွိုက် အဆစ်နာ၊ Lupus လူးပတ်စ်၊ နောက်ဆုံး HIV ကို ရွေးထုတ်ရမယ်။

ဆေးစစ်တာ သိပ်အလျှင်စလို လုပ်ဘို့ မလိုပါ။ ဆရာဝန်ဆီ ရောက်ရင် အရင်ဆုံး နုတ်ဖြေ စာမေးပွဲ အစစ်ခံရမယ်။ သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ၊ CT scan လုပ်တာ၊ နောက်တခါလာရင် Biopsy အသားစ ဖြတ်ထုတ်-စစ်ဆေးတာ လုပ်ချင်လုပ်မယ်။ ဆေးကုဘို့ကတော့ ဓါတ်မှန်အဖြေ၊ သွေးစစ်ချက်၊ အသားစဖြတ်စစ်တဲ့ ရလဒ်တွေအပေါ် မူတည်လိမ့်မယ်။

မေးခွန်း (၃)
၁ နှစ် ၈ လအရွယ် ကလေးရဲ့ လည်ပင်းဘေး ဘယ်/ညာမှာ အလုံးကျိတ်သေးသေးလေးရှိနေပါတယ်။ စမ်းကြည့်လိုက်ရင်လည်းရွေ့ရွေ့သွားပါတယ်ဆရာ။ အဲဒါ အန္တရာယ်ရှိမရှိ သိပါရစေ။

Lymph node တက်စေ့ရောင်တာဖြစ်တယ်။ အဖြစ်များတယ်။ သက်ဆိုင်တဲ့တနေရာရာမှာ ရောင်ရမ်းတာဖြစ်လို့ တက်စေ့ဆီရောက်ပြီးရောင်တယ်။ သွားနာ၊ လည်ချောင်းနာ၊ ထိခိုက်ဒဏ်ရာကနေရင်း၊ အနာပေါက်တာ၊ နားကိုက်တာ အစုံကနေဖြစ်တယ်။ ပင်ရင်းနေရာ ရောင်တာပျောက်ပေမဲ့ တက်စေ့က ကျန်နေတတ်တယ်။ ကြာရင် ပျောက်တယ်။ ကျန်နေတာလဲ ရှိတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုးသေဆေးနဲ့ အရောင်ကျဆေးပေးတာနဲ့ ပိုးကင်းရှင်းသွားမယ်။ တီဘီ အကျိတ်ရောင်တာလဲရှိတယ်။ အဲတာကတော့ ဆေးစစ်မှသာ ဟုတ်-မဟုတ်သိမယ်။ ဟုတ်လဲ ဆေးသောက် ပျောက်တယ်။ ကလေးက ကိုယ်အလေးချိန်မတက်ရင်၊ ညချွေးထွက်ရင် တီဘီ စစ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Older Parenthood အသက်ကြီးမှ ကလေးရရင်


ဆရာရှင့် ကျွန်မအသက် ၄၄နစ်ပါ။ အမျိုးသားအသက်ကတော့ ၄၅နစ်ပါ။ အရင် ၂နစ်က ကလေးကရပြီး ၆ ပတ်နဲ့ ၆ရက်မှာ ဆေးခန်းသွားပြတော့ ကလေးရင်မခုန်လို့သားအိမ်ခြစ်လိုက်ရပါတယ်။ ခု ၂နစ်နေပြီး မမျှော်လင့်ဘဲ ကလေးရပါတယ်။ ကျွန်မက့ မှာအလုပ်လုပ်နေတော့ သည်ကသားဖွားအထူးကုနဲ့ပြပါတယ်။ ဆရာဝန်က ကျွန်မကို အသက် ၄၄မို့ ကလေးအတွက် Down syndrome စစ်ရမယ်ဆိုလို့ Panorama Prenatal Screen test စစ်ရပါတယ်။ အဖြေမကောင်းရင် ကလေးကိုဖျက်ချနိင်တယ်ပြောပါတယ်။ ခုဝမ်းသာစရာအဖြေကကောင်းပါတယ်။ ခုကိုယ်ဝန် ၄လကျော်ထဲရောက်နေပါပြီ။ နောက်လဆိုFA Scan -Obsteric U/S (18-22)week စစ်ရမယ်ပြောပါတယ်။ ခုကျွန်မစိတ်ဆင်းရဲနေတာက ကျွန်မရဲ့အမတွေက အသက်ကြီးမှမွေးလို့ကျွန်မအတွက်ရော ကလးကလည်း မကောင်းနိုင်ဘူး ခုစစ်ထားတာကလည်း မသေချာဘူးဆိုပြီး ကလေးကိုဖျက်ချပါဆိုပြိးပြောနေကြပါတယ်။ ကျွန်မမှာ ဘာရောဂါမှမရှိပါဘူး။ ဘာဆေးမှလည်း မသောက်ရပါဘူး။ အရက်ဆေးလိပ်လည်းမသောက်ပါဘူး။ အမျိုးသားမှာတော့ ကိုလက်စတော့များလို့ ဆေးသောက်ရတာ ရှိပါတယ်။ ဆရာအကြံပေးပါအုန်း။ ကလေးက အသက်ကြီးရင် မွေးလို့မရဘူးလားရှင်။ သူတို့ပြောနေတာ ဉာဏ်ရည်မမီတာတွေ ပြီးတော့ အော်တစ်ဇင်ကလေးတွေ ရနိုင်တယ်ဆိုပြီး ဖျက်ချခိုင်းနေတယ်ဆရာရယ်။ ဖြစ်နိုင်ရင် ကလေးမရှိလို့လိုချင်ပါတယ်။ ဖျက်လည်းမချရက်ဘူး။ ဒါကြောင့် ဆရာဆီက အကြံဉာဏ်လေးများ လိုချင်လို့ အီးမေးပို့ပြီးမေးရတာပါ။ ပြန်လည်ဖြေကြားပေးပါဆရာ။ ဆရာကျန်းမာပါစေ။

၂။ ကျမ အသက်က အခု ၄၃ နစ်ပါ။ ခက်တာက လက်ထပ်မဲ့သူက ခုအသက် ၅ဝ ရှိပါပြီ။ သူကသူ့မှာ မျိုးဆက် မရှိတဲ့အတွက် ကျမနဲ့ ကလေးတယောက် ယူချင်ပါတယ်။ ကျမလဲ အသက်က ၄ဝ ကျော်နေပြီဖြစ်လို့ စိတ်မှာ မယူချင်ဘူး။ ကျမ ကြောက်တာက မပြည့်မဲ့ကလေးတွေ မွေးမှာကို ကြောက်တယ်။ နစ်ယောက်လုံးလဲ အသက်ကြီးနေကြပြီ။ တကယ် ကလေး ယူဖြစ်ရင်လဲ ကျမအသက် ၄၄ ကျော်မှ မွေးနိင်မယ်လေ။ အဲဒါ ဖြစ်နိင်-မဖြစ်နိင် ဆရာဆီမှာ မေးကြည့်တာပါ။ ကျမက တနစ် တခါ ကျန်းမာရေး စစ်တဲ့အတွက် သွေးတိုး၊ ဆီချို၊ နှလုံး ဘာရောဂါမှ မရှိပါဘူး။ တကယ်လို့ ယူဖြစ်ရင်လဲ ဘာတွေ ဆိုးကျိုး ဖြစ်လာနိင်တယ် ဆိုတာလဲ သိချင်ပါတယ်။

သိပ်အစိုးရိမ်မကြီးပါနဲ့။ ဥာဏ်ရည်မမှီ ကလေးက မိဘတွေ အသက်အရွယ် ကြီးတာကြောင့် ဖြစ်တယ်ဆိုတာ ရှားပါတယ်။ ယောက်ျား အသက် ၅ဝ၊ မိန်းမ ၄၃၊ နှစ်ဦးလုံး ကလေးရနိုင်သေးပါတယ်။ ရာသီလာနေ-မှန်နေရင်ပေါ့။

မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင် နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။

ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ် လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။

အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening နဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorionic villus sampling ဒါမှမဟုတ် Amniocentesis စမ်းနည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေး အသေမွေးနှုံး Stillbirth များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် ANC မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အားကောင်းဆေးသွင်း မွေးခြင်း၊ Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊ Caesareans ဗိုက်ခွဲမွေးပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk မယူခြင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

• အသက်ကြီးမိခင်တွေကနေ မွေးတဲ့ကလေးမှာ Autism ဆိုတဲ့မွေးရာပါချို့ယွင်းချက်ရှိတ်တာ များပြီ၊ အသက်ကြီး ဖခင်ရဲ့ဇနီးဟာ အသက် ၃ဝ ထက်ငယ်နေရင် မွေးလဲတဲ့ကလေးတွေမှာ ချို့ယွင်းချက်ရှိတာ တခြားစုံတွဲတွေထက် ပိုတယ်လို့ လေ့လာမှုတွေ့ ပြောနေပါတယ်။ သူများတွေထက်ပိုတယ်ဆိုတာ အဲဘဲမလွဲမသွေမွေးမယ်လို့ဆိုတာ မဟုတ်ပါ။
• ဒီက အမေရိကား၊ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ တုံးက Autism ရောဂါရှိနေတဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ကို လေ့လာတာ ဖြစ်ပါတယ်။ ဒါဟာ မွေးလူနာပေါင်း ၅ သန်းထဲကတွေ့ရှိရတာပါ။
• ဒိအရင်လေ့လာမှုအရ ဖခင်က အသက်ကြီးလေလေ အဖြစ်များလေလေ။ အုတွေ့ရှိချက်အရ ဖအေက အသက် ၄ဝ ကျော်၊ မအေက အသက် ၃ဝ ကျော်တွေမှာ ငယ်ရွယ်သူဖခင်တွေထက် ၅၉% ပိုတာတွေ့ရတယ်။ မိခင်က ၃ဝ ကျော်၊ သူ့ယောက်ျားက ၄ဝ ကျော်ဆိုရင် ၁၃% သာပိုတယ်။
• မိခင်အသက် ၅ နှစ်ပိုကြီးလေလေ ဖြစ်နိုင်ချေ ၁၈% တိုးတယ်။ အသက် ၄ဝ ရှိမခင်တွေဟာ ၂ဝ ကျော်တွေထက် ၂ ဆ ပိုတယ်။ ၃၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။
• တခုသိထားရတာက စမ်းသပ်မှုလုပ်တဲ့နေရာမှာ အဲဒီကာလမှာ အသက် ၄ဝ ရောက်ပြီးမှ ကလေးမွေးလာကြတာ ပိုများလာတာမို့ ဒီကိန်းဂဏန်းတွေကို ကာလတိုင်းအတွက် အတည်ယူလို့မသင့်ဘူး။
• ဒီမွေးရာပါရောဂါက မိခင်အသက်မရွေးမှာ ဖြစ်နိုင်တယ်။
• လေ့လာမှု ၂ ခုကိုယှဉ်လိုက်ရင် ဖအေ့အသက်ကြီးတာက မအေအသက်ကြီးတာထက် ပိုဖြစ်နိုင်တယ်။
• အစ္စရေးလ်မှာလုပ်တဲ့ လေ့လာချက်မှာတော့ အသက် ၃ဝ အောက်ဖခင်တွေထက် အသက် ၄ဝ ကျော် ဖခင်တွေကနေ ၅ ဆ ပိုဖြစ်စေတာ တွေ့ရတယ်။ မိခင်တွေကို ပိုပြီးထောက်မပြကြဘို့ သတိပေးချက်တခု ဖြစ်ပါတယ်။
• ၂ဝ၁ဝ လေ့လာဆန်းစစ်မှုတခုအရ အမေရိကားမှာ ကလေးမွေးလာတဲ့ မိခင်တွေရဲ့အသက်ဟာ အရင် အနှစ် ၂ဝ ကနဲ့စာရင် အသက်ပိုကြီးတာတွေ့ရတယ်။ ၁၉၉ဝ တုံးကဆိုရင် ဆယ်ကျော်သက်မိခင်တွေက ၁၃%၊ အသက် ၃၅ ကျော်တွေ့ ၉% သာရှိခဲ့တယ်။ ၂ဝဝ၈ ရောက်တော့ ဆယ်ကျော်သက်မိခင်တွေက ၁ဝ%သာရှိပြီး ၃၅ နှစ်ကျော် မိခင်တွေက ၁၄% ရှိလာတယ်။ အရင်ကဆိုရင် ကလေးလာမွေးပေမဲ့ လက်မထပ်သူက ၃၁% ရှိခဲ့ရာကနေ နောက်မှာ ၂၈% သာရှိလာတယ်။

Tony Randall ရုပ်ရှင်မင်းသား (တိုနီ ရန်းဒဲလ်) ရဲ့ ပထမဆုံးကလေးကို သူ့အသက် ၇၇ နှစ်မှာရတယ်။ Larry King (လယ်ရီ ကင်း) ခေါ်တဲ့ CNN ကနာမည်ကြီးပင်တိုင်ထုတ်လွှင့်သူဟာ သူ့ရဲ့ သတ္တမမြောက်ဇနီးနဲ့ ကလေးမွေးတော့ သူ့အသက်က ၆၆ နှစ်ရှိပြီ။ Mary Elizabeth Anania Edwards နာမည်ကြီးရှေ့နေ (အဲလိဇဗက် အက်ဒ်ဝပ်) ဟာ အသက် ၅ဝ မှာကလေးမွေးတယ်။

Older Parenthood အသက်ကြီးမှ ကလေးရရင် https://doctortintswe.blogspot.com/2015/04/older-parenthood.html
Young father ယောက်ျားက အသက်ငယ်နေရင် ဥာဏ်ရည်မမှီတဲ့ ကလေး မွေးတတ်သလား http://doctortintswe.blogspot.com/2014/10/young-father.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/posts/1566516380109507

လူ့ခန္ဓာကိုယ်​အတွက်​ သံဓာတ်


ခန္ဓာကိုယ်​အတွက်​ မရှိမဖြစ်​လို​အပ်​​သော ဓာတ်​များစွာရှိ​နေ​ပေမဲ့ သံဓာတ်​ သည်​လည်း အဓိကကျပါသည်​ ။
သံဓာတ်​အားနည်းသည့်​အခါ ဌင်းသံဓာတ်​အားနည်း​နေခြင်း​ကြောင့်​​သွေးတွင်းဟီမိုဂလိုဘင်​ပါ အားနည်းဖြစ်​​ပေါ်လာသည့်​အတွက်​ ခန္ဓာကိုယ်​အတွက်​ ​အောက်​စီဂျင်​​လျော့နည်းခြင်းဖြစ်​​ပေါ်လာရပါသည်​ ။
အောက်​စီဂျင်​​လျော့နည်းလာခြင်း​ကြောင့်​ ဦး​နှောက်​မကြည်​မလင်​ဖြစ်​​ပေါ်လာခြင်း ၊ အားအင်​နည်း နွမ်းလျဖြစ်​ခြင်း ​မောပမ်း​လာခြင်း စိတ်​မကြည်​လင်​ခြင်း အစရှိသည့်​တို့ ဖြစ်​​ပေါ်ခံစားရတက်​ပါသည်​ ။

အမျိုးသားများထက်​ အမျိုးသမီးများတွင်​ သံဓာတ်​​လျှော့နည်းဖြစ်​​ပေါ်မှု့များသည့်​အတွက်​ ပိုမိုလိုအပ်​​သော သံဓာတ်​ဖြစ်​ပါသည်​ ။ လစဉ်​တိုင်​အမျိုးသမီးများတွင် ​အပျိုအရွယ်​ဝင်​စချိန်​မှစတင်​ခါ ဓမ္မတာလာသည့်​ ​သွေးအတွက်​​ကြောင့်​ ဌင်းသံဓာတ်​ပိုမိုနည်းပါးတက်ပြီး ​ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သံဓာတ်ပမာဏကို သာမန်​အချိန်​ထက်​ များစွာလိုအပ်​ပါသည်​ ။

သံဓာတ်​ပါဝင်​မူ့များသည့်​ အမဲအသည်း ၊ နီမြန်း​သောအသား ၊ ကြက်​သားရင်​ အသားဖြစ်ပြီး ပဲနီ​လေး ၊ ​ထောပတ်​ပဲ တိုဟူး ၊ အာလူး နှင့်​ ပန်း​ဂေါ်ဖီ ကန်​စွန်းရွက်
စားသင့်​သလို အခွံမာ​သောအ​စေ့အဆန်​နှင့်​ ​ဖရုံ​အ​စေ့
မြေပဲ ၊ အသီးအရွက်​အ​နေဖြင့်​ ဟင်းနုနယ်ရွက်​တွင်​ သံဓာတ်​များပြီး ကန်​စွန်​ရွက်တို့တွင်​ပမာဏအနည်းငယ်​ပါဝင်​သဖြင့်​ စား​သောက်​သင့်​ပါသည်​ ။
သံဓာတ်​နည်းပါးသည်​အတွက်​ သံဓာတ်​ပါဝင်​နှုန်းများ​သော အသားများစားခြင်း အရွက်​များစားခြင်း သာမန်​​လူအ​နေဖြင့်​ တည်​​ပေမဲ့
အသည်း​ရောဂါ အသည်းပိုး​ရောဂါဖြစ်​​နေပါက သံဓာတ်​များ​သော အစားအစာများ ​ရှောင်​ရှားရပါမည်​ ။

အသည်း​ဝေဒနာခံစားဖြစ်​​ပေါ်​နေသည့်​အတွက်​ သံဓာတ်​ပမာဏများ​သော​ကြောင့်​ အသည်းပိုမို ပျက်​စီး​စေသည့်​အတွက်​ အထူးဂရုပြု့သင့်​ပါသည်​ ။ အသည်း​ရောဂါနှင့် ​စီပိုး ရှိ​နေပါက နီ​သောအသားနှင့်​ အသည်း​ ကလီစာများ မစားသင့်​သလို သံဓာတ်​ပါဝင်​များ​သော အရွက်​များ လွန်​ကဲစား​သောက်​ခြင်းကို ​ရှောင်​သင့့်ပါသည်​ ။

Mg Mandalay
https://www.facebook.com/mg.mandalay

နွေးနွေးထွေးထွေး နေပါ


ဥတုရာသီပြောင်းလဲလာသည့် အချိန်ခါမျိုးတွင် သတိမေ့လျော့စွာ သွားလာနေထိုင်လိုက်မည့်ဆိုပါက နေမကောင်းဖျားနာတက်သည့် စပ်ကူးမတ်ကူးဥတုအပြောင်းအလဲ အချိန်ကာလဖြစ်နေပါသည် ။ ပူအိုက်သည့်ဟု မိမိထင်မိပေမဲ့ ညအချိန်အခါနှင့် မနက်အချိန်ခါတွင် အေးလာတက်ပါသည် ။ အဲလိုအချိန်တွင် နွေးထွေးခြင်း မရှိလိုက်ပါက အအေးပတ်ဖျားနာတက်ခြင်း ဖြစ်ပေါ်တက်ပါသည် ။

အအေးပတ်ခြင်းကြောင့် နေထိုင်မှု့ လေးလံနေခြင်း ၊ အာခေါင်းများ ခြောက်ကပ်ခြင်း ၊ အကြောတက်ခြင်း ၊ သွေးတိုးခြင်း နှင့်အတူ အစာမကြေ ဖြစ်တက်ပါသည် ။ နောက်ဆက်တွဲ အနေဖြင့် နှာမွှန် ချောင်းဆိုးခြင်းပါ ဖြစ်ပေါ်လာတက်သည်ကို အထူးသတိချပ်စေချင်ပါသည် ။

သာမန်ဖျားနာခြင်းလို ဆိုချင်ပေမဲ့ မိမိကိုယ်တိုင် ဥတုအပြောင်းကို သတိမမူမိသည့် အတွက် ဖျားနာတက်သည်ကို အသိသတိရှိစေချင်ပါသည် ။

ဒီလိုအချိန်ကာလမျိုးတွေမှာ ဥတုသည့် အေးလာတက်ခြင်းကြောင့် အပြင်သို့ သွားလာတက်ပါက အအေးမမိစေရန် ဝတ်စားနေထိုင်သင့်သည်ကိုလည်း ပြောလိုပါသည် ။

ယခုလို ဥတုအပြောင်းအချိန်ကာတွင် ရက်ရှည်ဖျားနာကိုက်ခဲခြင်း မဟုတ်ပေမဲ့ သာမန်ဖျားနာတက်ခြင်းကို မဖြစ်ပေါ် မခံစားမိစေရန်အတွက် နွေးနွေးထွေးထွေးဖြစ်အောင် ဝတ်ဆင်ပြီး သတိရှိစွာဖြင့် သွားလာနေထိုင်စေချင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မီးနေသည်ရေးရာ အဖြာဖြာ


ကိုယ်ဝန်ဆောင်များ ကလေးမီးဖွားပြီးစကို ''မီးနေသည်'' လို့ခေါ်ဆိုလေ့ရှိပါတယ်။ အမျိုးသမီးတစ် ယောက်အတွက် ရင်သွေးရတနာမွေးဖွားခြင်းဟာ ဂုဏ်ယူကြည်နူးစရာအတိဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အာရုံခံစားမှုသက်တောင့်သက်သာ မရှိကြတာ ဓမ္မတာပါ။

#မွေးဖွားပြီးနောက် စိတ်ကျရောဂါ

သားဖွားပြီးတဲ့အခါမှာ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တွင်းမှာ ဟိုမုန်းတွေကြီးကြီးမားမားပြောင်းလဲ သွားတာကြောင့် စိတ်မပျော်ရွှင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ အိပ်မပျော်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း (သို့မဟုတ်) အလွန်အကျွံစားသောက်လိုစိတ် ပြင်းပြခြင်း၊ အလိုလိုဒေါသထွက် သည်းခံချင်စိတ်မရှိခြင်း၊ နောင်တရငိုကြွေးခြင်းစတဲ့ စိတ်ကျရောဂါကို အနည်းနဲ့အများ ဆိုသလို ခံစားရလေ့ရှိပါတယ်။ မစိုးရိမ်ပါနှင့်။ ရက်အနည်းငယ်အတွင်းမှာပင် ထိုခံစားမှုတွေ ပျောက်ကွယ်သွား ပါလိမ့်မယ်။ (ခင်ပွန်းနဲ့မိသားစုဝင်များက ထိုကာလတိုလေးမှာ နားလည်ဖေးမခြင်းဖြင့် မိခင်နှင့်ကလေးကျန်းမာ ရေးအတွက် ကူညီပေးသင့်ပါတယ်)

မွေးဖွားပြီးနောက် #ရင်သားအခြေအနေ

မိခင်၏ကျန်းမာရေး အခြေအနေပေါ်မူတည်၍ မွေးဖွားပြီးပြီးချင်း (သို့မဟုတ်) မကြာမီအတွင်းမှာပင် မိခင်နို့အုံမှ နို့ဦးရည်များစတင်ထွက်လာပါပြီ။ ထိုနို့ဦးရည်မှာ ပရိုတင်းဓာတ်အများဆုံး ပါဝင်နေတာကြောင့် ရင်သွေးငယ်အတွက် ပဋိဇီဝဆေးသဖွယ်အစွမ်းထက်လှပါတယ်။ မွေးဖွားပြီးနောက် ၃-ရက်၎-ရက်လောက် အကြာမှာ နို့ထွက်အားနှုန်းကောင်းလာပြီဖြစ်ရာ ထိုအချိန်မှစပြီးနို့အုံယောင်ရမ်းလာပြီး၊ မာကျောလာခြင်းနှင့် အတူ မခံမရပ်နိုင်အောင် နာကျင်မှုတွေပါ ဆက်တိုက်ခံစားလာရပါတယ်။ ထိုဝေဒနာအတွက် သန့်စင်တဲ့ လက်ကိုင်ပ၀ါကို ရေနွေးနွေးမှာစိမ်ညှစ်၍ နို့အုံကိုအသာအယာဖိချေပေးခြင်း၊ ရင်သားတစ်စုံကို တစ်လှည့်စီ ကလေးငယ်အား ကြိမ်ဖန်များစွာနို့တိုက်ပေးခြင်း၊ နို့ရည်မလိုက်သူများအတွက် နို့ရည်စုပ်ခွက်(ကိရိယာ)ကို အသုံးပြု၍ နို့ရည်စုပ်ထုတ်ပေးခြင်းဖြင့် မီးနေသည်၏ နာကျင်မှုကိုပြေပျောက်စေနိုင်မှာဖြစ်ပါတယ်။ ရက်အနည်း ငယ်အတွင်းမှာပင် မိခင်ရောရင်သွေးငယ်ပါ နို့ချိုတိုက်ကျွေးမှုကျင့်သားရသွားပါလိမ့်မယ်။ မီးနေသည်ရဲ့ရင်သား ဟာ ကိုယ်ဝန်ဆောင်တုန်းကလို တင်းတင်းရင်းရင်းမရှိနိုင်တော့ပေမယ့် စိတ်မညစ်ပါနဲ့။ ကလေးနို့ပြတ်သွားတဲ့ အခါမှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရင်သားတွဲကျမှုကိုသက်သာစေကာ မူလရင်သားအသွင်နီးပါးပြန်လည်ရယူ နိုင်ပါတယ်။

မွေးဖွားပြီးနောက် #၀မ်းဗိုက်အခြအနေ

ကလေးမီးဖွားပြီးချိန်မှစပြီး ၀မ်းဗိုက်ပိုင်းနှင့် ၀မ်းဗိုက်အောက်ခြေပိုင်းတို့ဟာ ပျော့စိနေပြီး၊ အတွန့်ကြေ ကြောင်းများဖြင့် ရှုံ့တွနေတတ်ပါတယ်။ အဲဒီအတွက်လည်း စိတ်မပျက်ပါနဲ့။ ဗိုက်ချပ်၊ ဗိုက်စည်းတွေသုံးနိုင် သလို၊ Past-Natal Exercise (ခေါ်) မီးနေသည်များလုပ်ရမည့် လေ့ကျင့်ခန်းကတွဲကျနေတဲ့ ဗိုက်ကြွက် သားများကို ပြန်လည်တင်းမာသန်စွမ်းလာစေမှာပါ။ ချုပ်ရိုးအနာကျက်သွားတဲ့အခါမှာတော့ ဗိုက်ကြောပြတ်ခြင်း ကို ပြေပျောက်စေတဲ့ လိမ်းဆေးတွေလိမ်းပေးနိုင်ပါတယ်။

မွေးဖွားပြီးနောက် #သွေးဆင်းခြင်း

ဗိုက်မခွဲဘဲသဘာဝနည်းဖြင့် မွေးဖွားသူများဟာမွေးဖွားပြီးနောက် ရက်အနည်းငယ်ကြာတဲ့အထိ သွေး များများဆင်းလေ့ရှိပါတယ်။ ထို့အတွက် မစိုးထိတ်ပါနှင့်။ သားအိမ်ဟာ ၆-ပတ် (၄၅ ရက်ခန့်)တာ ကာလ အတွင်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ ပျမ်းမျှရက်သတ္တပတ် ၂-ပတ်မှ ၆-ပတ်အထိ သွေးဆင်းတတ်ပြီး၊ သွေးအရောင်လျော့လာတာနဲ့အမျှ သွေးဆင်းခြင်းပြီးဆုံးလာပါပြီ။ ထိုသို့ သွေးဆင်းခြင်း အတွက် မီးဖွားပြီးအမျိုးသမီးသုံးပစ္စည်း(ခေါ်) Maternity Pad ကိုသာသုံးပါ။ ရာသီသွေးထိန်း အတောင့်(ခေါ်) Tampons ကိုလုံးဝမသုံးပါနဲ့။

#မွေးလမ်းကြောင်းချုပ်ရိုး

ဗိုက်မခွဲဘဲသဘာဝနည်းဖြင့် မွေးဖွားသူများမှာ မွေးလမ်းကြောင်းချဲ့ပြီး ပြန်ချုပ်ရတာကြောင့် ချုပ်ရိုးကို ခြောက်သွေ့သန့်ရှင်းအောင် ထားပေးသင့်ပါတယ်။ ဆီးသွားချိန် ချုပ်ရိုးကတင်းပြီး နာလွန်းတဲ့အခါ ရေဇလုံ (သို့မဟုတ်) အင်တုံခွက်သန့်သန့်တစ်ခုထဲသို့ ရေခပ်နွေးနွေးထည့်ပြီး ချုပ်ရိုးနေရာကိုရေစိမ်ပြီး ဒီရေထဲကို ဆီးသွားပေးပါ။ သန့်စင်ခန်းသုံးပြီးတိုင်း၊ ရေချိုးပြီးတိုင်း ချုပ်ရိုးကို ခြောက်သွေ့အောင်ထားပေးပါ။ (အကယ်၍ ဗိုက်ခွဲမွေးထားသူများအနေဖြင့် ဗိုက်ချုပ်ရိုးကိုခြောက်သွေ့သန့်ရှင်းနေပါစေ)

သားဖွားပြီးနောက် #ရက်သတ္တပတ် ၆-ပတ်အကြာ

မီးနေသည်တိုင်းသားဖွားပြီးနောက် ရက်သတ္တပတ်၆-ပတ်အကြာမှာ သက်ဆိုင်ရာဆရာဝန်နှင့်မပျက် မကွက် ပြသဖို့လိုအပ်ပါတယ်။ ဆရာဝန်က သွေး၊ ဆီး၊ ရင်သား၊ ၀မ်းဗိုက်၊ ၀မ်းဗိုက်အောက်ပိုင်း အနေအထား များ၊ ချုပ်ရိုးအနာကျက်/မကျက်၊ သားအိမ်အရွယ်အစားနှင့် သားအိမ်အနေအထား ပုံမှန်အခြေအနေ ဖြစ်/မဖြစ် ကို စစ်ဆေးပေးမှာဖြစ်ပါတယ်။ မီးနေသည်၏ ရုပ်ပိုင်း-စိတ်ပိုင်းဆိုင်ရာတွေကို နှစ်သိမ့်ဆွေးနွေးနိုင်သလို၊ သားဆက်ခြားနည်းဆိုင်ရာ နည်းစံနစ်တို့ဖြင့် လိုအပ်သလို တားဆီးကာကွယ်မှုကို ခံယူထားဖို့လိုအပ်နေပါပြီ။

#မူလခန္ဓာကိုယ်အနေအထား ပြန်လည်ရရှိရန်
ပျမ်းမျှမီးနေသည် ၁၀-ဦးမှာ၉-ဦးက မွေးဖွားပြီးတဲ့တိုင်အောင် ကိုယ်အလေးချိန်မလျော့ ဗိုက်လည်း ဆက်၍ ဖောင်းစူနေသေးတာကြောင့် ၁-လခန့်ကြာသည့်တိုင် ကိုယ်ဝန်ဆောင်အင်္ကျီကို ဆက်လက်ဝတ်ဆင် ရလေ့ရှိပါတယ်။ အဲဒီအတွက်မစိုးရိမ်ပါနဲ့။ ရက်သတ္တပတ် ၆-ပတ်ကာလရောက်တဲ့အခါမှာ သားအိမ်ကပုံမှန် အနေအထား ပြန်ရောက်ရှိတာကြောင့် ဗိုက်စူဖောင်းမနေတော့သလို ကိုယ်အလေးချိန်ကလည်း မူလအနေ အထားနီးပါး ပြန်လည်ရောက်ရှိလာတော့မှာပါ။ မိခင်နို့ချိုတိုက်ကျွေးစဉ် ကာလဖြစ်တာကြောင့် ပိန်ချင်လို၍ အစာလျော့စား ရွေးချယ်စားခြင်းမျိုးတွေ မလုပ်သင့်ပါဘူး။ မိခင်နှင့်ကလေးအတွက် အာဟာရပြည့်ဝတဲ့ အစား များစားခြင်း၊ အန္တရာယ်ဖြစ်စေနိုင်မည့် အစာများရှောင်ခြင်း၊ျါေ ပါတဲ့အချိုရည်များ ရှောင်ခြင်းဖြင့် စားသောက် နည်းမှန်ကန်ပါစေ။ ရင်သွေးငယ်နို့မပြတ်ခင်မှာ ပုံမှန်လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေးတွေလုပ်နိုင်သလို နို့ပြတ် ပြီးတဲ့အခါမှာတော့ လိုအပ်သလို ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်သားမွေးတစ်သွေးလှဆိုသလို ကျန်းမာနုပျိုစေမည်ဖြစ်ပါကြောင်း…..။

ပေါက်ပေါက်
Health Guide
https://www.facebook.com/mmhealthguide

CHEMICAL Peeling လုပ်မှာလား


ယခုခေတ်ကာလရဲ့ အခြေအနေ ရေပန်းစားမှုမှာလူငယ် (အမျိုးသားရော အမျိုးသမီးများပါ) မျက်နှာကို ဂရုစိုက်အလေးထားပြီး ပြုပြင်လာကြပါတယ်။ မျက်နှာကိုဒီလိုပြုပြင်ကြရာမှာ chemical peeling ဆိုတဲ့ ဝေါဟာရဟာ လူငယ်ရော လူကြီးတွေကြားမှာ တော်တော်လေးရေပန်းစားလာပါတယ်။ chemical peeling ကို အပြင်မှာပြောကြတဲ့ အခေါ်အဝေါ်စကားအသုံးအစွဲဟာ တော်တော်လေးနားရှုပ်ပြီး မျက်စိလည်စရာကောင်းလှ ပါတယ်။ တစ်ချို့က မျက်နှာဆေးချင်လို့ဆိုပြီးပြောကြတယ်၊ တစ်ချို့က မျက်နှာဂျီးချွတ်ချင်လို့ဆိုပြီး လာပြကြ ပါတယ်။ တစ်ချို့ကတော့ ပီလင် pelling လုပ်ချင်တယ်ဆိုပြီး ဘိုလိုအတိုပြောဆိုကြပြန်ပါတယ်။ တစ်ချို့က မေးကြပြန်ပါသေးတယ်၊ အလှပြင်ဆိုင်မှာလုပ်သလိုလား၊ တူသလား၊ ဘာလား၊ ညာလားနဲ့စုံနေတာပါပဲ။ ဒီတော့ အမေးရှိတော့အဖြေရှိရပြန်ပါတယ်။ အလှပြုပြင်ရေး (Beauty Parlar) တွေမှာ လုပ်ကြတဲ့ မျက်နှာဆေးတာတို့၊ မျက်နှာဂျီးချွတ်တာတို့နဲ့နာမည်၊ ခေါ်ဝေါ်ပုံချင်းရောနှောရှုပ်ထွေးနေသော်လည်း လုပ်ဆောင်ချက်များကတော့ မတူကြပါဘူး။ နောက်ပြီး ယခင်ဘာသာပြန်ဆိုမှုတွေမှာတော့ chemical peeling ကို ဓါတုဆေးရည်ဖြင့် ပေါင်း တင်ခြင်းလို့ ပြန်ဆိုကြတာကိုတွေ့ရပြန်ပါတယ်။ အင်္ဂလိပ်လို chemical peeling ဆိုတဲ့ စကားစုကို တိုက်ရိုက် ဘာသာပြန်ဆိုမယ်ဆိုရင်တော့ ဓါတုဆေးရည်ဖြင့် အပေါ်ယံအရေပြားလွှာကို ဖယ်ရှားခြင်းလို့ အဓိပ္ပါယ်ရပါ တယ်။
မည်သို့ပင်ဆိုစေ ဒီနေ့ခေတ်မှာတော့ chemical peeling ဆိုတဲ့ဝေါဟာရတစ်ခုဟာ Skin care လုပ်သူတွေရဲ့အကြားမှာ တော်တော်လေးခေတ်စားလာပြီး Peeling လုပ်ပေးဖို့လာပြသူ၊ တိုင်ပင်သူ၊ အကြံ ဉာဏ်တောင်းခံသူတွေများလာတော့ ဒီ Peeling အကြောင်းကိုရေးဖြစ်သွားရတာပါ။

#Peeling ဆိုတာဘာတဲ့လဲ

အင်္ဂလိပ်လို Peel ပီးလ်ဆိုတာအခွံနွှာတာ၊ လွှာတာပါ။ အခုလူတွေပြောနေတဲ့ Peeling ဆိုတာက Skin Peeling ပါ။ အရေပြားကို Peel ပီးလ်လုပ်တာပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရေပြားမှာ အလွှာသုံးလွှာ ရှိပါတယ်။ အဲဒီ အရေပြားအလွှာတွေရဲ့ အပေါ်ယံအလွှာတွေကိုနွှာချ၊ လွှာချလိုက်တာပါ။ Peeling ဆိုရာမှာလဲ စက်နဲ့လုပ်တဲ့ Peeling ၊လေဆာနဲ့လုပ်တဲ့ Peeling ၊ ဓါတုဆေးရည်နဲ့လုပ်တဲ့ Peeling ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီတော့ ဓါတုဒြပ်ပေါင်းဆေးရည်တွေကိုအသုံးပြုပြီး အပေါ်ယံအရေပြား ဆဲလ်တွေကိုခွာချတာဟာ Chemical Peeling ပါပဲ။ Peeling လုပ်ရာမှာပါတဲ့ သုံးတဲ့ဒြပ်ပစ္စည်းအများစုဟာ အရေပြားကိုစားပစ်တဲ့ အက်စစ်အပျော့ စားများဖြစ်ကြပါတယ်။ အဲဒီအက်ဆစ်အပျော့တွေကို မျက်နှာအရေပြားရဲ့အပေါ်မှာတင်လိုက်ပြီး အရေပြားရဲ့ အပေါ်ယံအလွှာတွေကို စားပစ်လိုက်ပါတယ်။ ဒါ ဟာပီလင်ဆိုတဲ့ဝေါဟာရရဲ့မျက်နှာကို ဓါတုဗေဒဆေးရည်များ၊ ပစ္စည်းများဖြင့် ပြုပြင်လိုက်ခြင်းပါပဲ။

#ကိုယ်ခန္ဓာရဲ့ဘယ်နေရာမှာလုပ်

မျက်နှာမှာလုပ်တာရှိသလို ကိုယ်ခန္ဓာကို လုပ်တာတွေလဲရှိပါတယ်။ ဒီမှာအလုပ်များတာက မျက်နှာပါ။ လုပ်တဲ့နေရာကိုမူတည်ပြီး အသုံးပြုတဲ့ Chemica; ဒြပ်ပေါင်းတွေ၊ ပြင်းအားစတာတွေဟာ ကွာခြားပါတယ်။
မျက်နှာမှာ Peelingဘာကြောင့်လုပ်ကြတယ်
လူငယ်တွေတော်တော်များများ သိချင်ကြတဲ့အရာပါ။ ရောဂါရှိလို့လုပ်တာလား၊ ရောဂါမရှိတဲ့သူတွေ ကရော ဘာလို့လုပ်တာလဲ စသဖြင့်မေးကြတတ်ပါတယ်။ မျက်နှာမှာရောဂါဖြစ်လို့လုပ်ရတာရှိသလို၊ မျက်နှာကို ပြုပြင်တဲ့သဘောနဲ့ နုပျိုအောင်လုပ်ကြတာလည်းရှိပါတယ်။ မျက်နှာဟာလူတစ်ယောက်ရဲ့ ပြင်ပအသွင် သဏ္ဍာန်အတွက်ကအရေးကြီးတော့ တော်တော်များများက စိတ်ဝင်တစားနဲ့မေးကြ၊ မြန်းကြ၊ စူးစမ်းသိမြင်ချင် ကြပါတယ်။

#မျက်နှာပေါ်က ဘယ်လိုပြဿနာတွေမှာ Peeling လုပ်

ဘယ်လိုပြဿနာတွေကြောင့်မျက်နှာ chemical peeling လုပ်ကြသလဲဆိုရင်တော့ ၀က်ခြံတို့၊ တင်းတိပ်တို့၊ မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်၊ အမာရွတ်၊ နေရောင်ကြောင့်ဖြစ်ရတဲ့ မျက်နှာပေါ်က မည်းတဲ့ အစက်တွေ၊ နေရောင်ကြောင့် ပျက်စီးသွားတဲ့အသားအရေစတာတွေကို ကုသဖို့၊ ချောမွေ့လှပသွားစေဖို့ စတဲ့ အကြောင်းတွေကြောင့် လုပ်တာများပါတယ်။ သေးငယ်တဲ့မျက်နှာပေါ်က အမာရွတ်တွေ၊ အချိုင့်တွေအတွက် လည်း လုပ်လို့ရပါတယ်။ သို့သော် လုပ်ရမယ့် chemical peeling မျိုးအစားတွေကတော့ ရောဂါတစ်ခုခြင်းစီရဲ့ အဆင့်ပေါ်မှာလိုက်ပြီး မတူညီသလို ရောဂါတစ်ခုနဲ့တစ်ခုအပေါ်မှာလည်း မတူညီနိုင်ကြပါဘူး။

#Chemical Peeling အမျိုးအစားတွေ

ရေဘူယျအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ ဒီလိုခွဲခြားရာမှာအရေပြားရဲ့ ဘယ်အလွှာလောက်အထိ ဓါတုဒြပ်ပေါင်းတွေနဲ့စားပစ်၊ နွှာပစ်မှာလဲဆိုတဲ့ အပေါ်မှာမူတည်ပြီးခွဲခြားလိုက်ပါတယ်။
1. Superficial Peeling
2. Medium – Depth Peeling
3. Deep Peeling ဆိုပြီးသုံးမျိုးခွဲခြားထားပါတယ်။
အရေပြားအပေါ်ယံအလွှာ (Epidermis layer) တစ်ခုလုံးသို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖယ်ရှား လွှာချတာကို Superficial Peeling လို့ခေါ်ပါတယ်။ သာမန်အမျိုးအစားပါ။ အပေါ်ယံအရေပြားကိုနွှာခြင်းပေါ့။ အရေပြားဒုတိယအလွှာ (Dermis layer) ရဲ့အပေါ်ပိုင်း (Papillary Dermis) အထိလွှာချလိုက်တာကို Medium – Depth Peeling လို့ခေါ်ပါတယ်။ အလယ်အလတ်အဆင့် အမျိုးအစားပါ။ Deep Peeling ဆိုတာကတော့ အရေပြားရဲ့ဒုတိယအလွှာအောက်ပိုင်း (Reticular Dermis) အထိလွှာချတာကိုခေါ်တာပါ။ အနက်ဆုံး သို့မဟုတ် အပြင်းဆုံးအမျိုးအစားလို့ပဲပြောရမှာပါ။ Peeling အမျိုးအစားအားလုံးကို ဒီမှာ မလုပ်ကြပါဘူး။ အမျိုးအစားအချို့ကိုပဲလုပ်တာပါ။
တစ်ချို့ကတော့ အပေါ်ယံအရေပြားအလွှာကိုစားပစ်၊ နွှာပစ်တဲ့ Superficial Peeling ကိုထပ်ပြီးခွဲ လိုက်ပါတယ်။ Epidermis ဆိုတဲ့အပေါ်ဆုံးအလွှာရဲ့ အပေါ်ယံဆဲလ်အလွှာများကိုပဲ စားပစ်၊ ဖယ်ရှားပစ်မယ် ဆိုရင် Very Superficial Peeling ရယ်လို့ထပ်မံခွဲခြားခေါ်ဆိုပြန်ပါတယ်။ အပေါ်ယံအလွန်ကျသော Peeling အမျိုးအစားဖြစ်ပါတယ်။ အပေါ်ယံအလွှာပါးပါးကိုနွှာခြင်းပေါ့။ ဒီမှာတော့ ဒီအမျိုးအစားကိုပဲလုပ်တာများပါ တယ်။
အမျိုးအစားတွေကွဲပြားသလိုလုပ်ရတဲ့လူနာ၊ ရောဂါသုံးရတဲ့ဓါတုဆေးရည်၊ ဆေးရည်တွေရဲ့ပြင်းအား စတာတွေဟာမတူညီကြပါဘူး။ ဒီတော့ ဒီမှာအများစုလုပ်ကြတဲ့ အပေါ်ယံအလွှာပါးပါးကိုနွှာခြင်း (Very Superficial Peeling) နဲ့အပေါ်ယံအရေပြားကိုနွှာခြင်း (Superficial Peeling) အကြောင်းတွေကိုပဲ အဓိကထား ဇောင်းပေးပြီးဒီဆောင်ပါးမှာရေးသွားပါမယ်။

#Peeling မှာသုံးတဲ့ဓါတုစ္စည်းတွေ

ပီလင်မှာသုံးတဲ့ ဓါတုပစ္စည်းတွေကတော့ Peeling အမျိုးအစားကိုလိုက်ပြီး ကွဲပြားခြားနားကြပါ တယ်။
အပေါ်ယံအလွှာပါးပါး (Very Superficial Peeling) ကိုလုပ်မယ်ဆိုရင် ဂလိုက်ကိုလစ်အက်ဆစ် (Glycolic acid 10-40%) ကိုသုံးလို့ရပါတယ်။ ထွိုင်ကလိုရိုအက်ဆီတစ်အက်ဆစ် Trichloroacetic acid (TCA) 10% ကိုလည်းသုံးလို့ရနိုင်ပါတယ်။

အပေါ်ယံလွှာ (Supreficial typer) အတွက်ဆိုရင် ဂလိုက်ကိုလစ်အက်ဆစ် (Glyclic acid 40-70%) ထွိုင်ကလိုရိုအက်ဆီတစ်အက်ဆစ် Trichloroacetic acid (TCA) 10-30% အယ်လ်ဖာဟိုက်ဒရောစလစ် အက်ဆစ် AHA, စလီစိုင်းလစ်အက်ဆစ် Salicylic acid ထရွက်တင်နွိုင်း Tretinoin solution စတာတွေကို အသုံးပြုနိုင်ပါတယ်။ တစ်ခြားဓါတ်ပစ္စည်းတွေလည်းအများကြီး ရှိပါသေးတယ်။ သို့သော်လည်း ဗဟုသုတအဖြစ် ပဲသိသင့်တာကြောင့် ဒီလောက်လေးပဲဖော်ပြလိုက်တာပါ။ တစ်ကယ်တော့အားလုံးဟာ အရေပြားကိုစားပစ် လိုက်ကြတာပါပဲ။ အက်ဆစ်ပြင်းအားနဲ့အမျိုးအစားကိုလိုက်ပြီး အနည်းငယ်စားတာနဲ့ များများစားတာပဲကွာပါ တယ်။

#ဘယ်လောက်အကြာမှာ နောက်တစ်ခါ

Peeling ကိုဘယ်အချိန်မှာ နောက်တစ်ခါထပ်ပြီးလုပ်မလဲဆိုတာကတော့ ကိုယ်လုပ်တဲ့ Peeling အမျိုး အစားအပေါ်မူတည်ပါတယ်။ အပေါ်ယံအလွှာပါးပါးကိုနွှာခြင်း (Very Superficial Peeling) ဆိုရင်တော့ တစ်ပတ်ကိုတစ်ခါလောက်လုပ်နိုင်ပါတယ်။ Superficial ဆိုတဲ့သာမန်အပေါ်ယံ အရေပြားနွှာခြင်းဆိုရင်တော့ ၂ပတ်ကနေ ၄ပတ်လောက်မှာတစ်ခါထပ်ပြီး လုပ်နိုင်ပါတယ်။ Medium-Depth Peeling ဆိုတဲ့အလယ် အလတ်အဆင့် အမျိုးအစားမှာ ၃လ ကနေ ၆လ လောက်မှာ နောက်တစ်ကြိမ်ပြန်လုပ်နိုင်ပါတယ်။ သို့သော် လည်း လုပ်တဲ့လူရဲ့ရောဂါအခြေအနေ၊ လုပ်ပြီးတဲ့မျက်နှာအခြေအနေတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဥပမာ-မျက်နှာ Peeling လုပ်ထားတဲ့သူရဲ့မျက်နှာ နောက်တစ်ကြိမ် လုပ်ချိန်ရောက်သော်လည်း အရမ်းရဲနေ သေးတယ်ဆိုရင် နောက်တစ်ကြိမ်လုပ်လို့ မရနိုင်သေးပါဘူး။ ဒါကိုမသိလို့လုပ်မိရင်တော့ ရဲတာတွေဟာပိုပြီး အဖတ်တွေလန်တာ သို့မဟုတ် မျက်နှာကြီးရောင်ကိုင်းလားတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

#ဘယ်လိုပြဿနာတွေရှိနိုင်သလဲ

Chemical Peeling လုပ်ပြီးရင် နောက်ဆက်တွဲပြဿနာဆိုတာ အနည်းနဲ့အများဆိုသလို ရှိတတ်ပါ ကြပါတယ်။
Chemical Peeling လုပ်တဲ့အရေပြားလွှာ အတိမ်အနက်ကိုလိုက်ပြီးဖြစ်နိုင်တဲ့ ပြဿနာတွေ ကွာခြား ကြပါတယ်။ အရေပြားအလွှာရဲ့အောက်ပိုင်းအထိ ပိုနက်နက်နွှာလေပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုများ လေပါပဲ။ Peeling လုပ်ရာမှာအသုံးပြုတဲ့ ဓါတုပစ္စည်းအမျိုးအစားအပေါ်မှာလည်း မူတည်ပါသေးတယ်။

အပေါ်ယံအလွှာပါးပါးကိုသာနွှာမယ်ဆိုရင်တော့ ပြဿနာဖြစ်တာရှားပါတယ်။ ပြောချင်တာက Very Superficial Peeling လုပ်ရင်သိပ်ပြဿနာမဖြစ်ဘူးပေါ့။ မျက်နှာနီရဲသွားတာ၊ အဖတ်တွေလန်တာ စတာမျိုး လောက်ပဲဖြစ်တတ်တာပါ။ အရေပြားရဲ့အလယ်လွှာရဲ့ အပေါ်ပိုင်းအထိသာနွှာမယ်၊ ခွာမယ်ဆိုရင်တော့ ပိုးဝင်တာတွေ၊ အမာရွတ်ဖြစ်တာတွေ စတာတွေအထိဖြစ်နိုင်ပါတယ်။ Phenol (ဖီနောလ်)ဆိုတဲ့ ဓါတုပစ္စည်း ကိုအသုံးပြုပြီး လုပ်မယ်ဆိုရင်တော့ အသည်း၊ ကျောက်ကပ်နှင့်နှလုံးတွေကိုပါ ထိခိုက်တတ်ပါတယ်။
ခြုံပြီးပြောရရင်တော့ Peeling လုပ်ပြီးနောက်မှာ မျက်နှာဟာအမြဲတမ်း နီနီရဲရဲဖြစ်နေတတ်တာမျိုး၊ အဖုဖုလေးတွေမျက်နှာမှာ ထွက်လာတတ်တဲ့ပြဿနာမျိုး၊ Peeling လုပ်ပြီးနောက်မှာမျက်နှာဟာအသားရောင် မညီညာတဲ့ပြဿနာမျိုး၊ အရေပြားချောမွေ့မှုမညီညာတဲ့ ပြဿနာမျိုး၊ ပိုးဝင်ပြီးအမာရွတ်ထင်ကျန်တတ်တဲ့ ပြဿနာမျိုးစတာတွေတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။

Peeling #မလုပ်သင့်တဲ့သူ

နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်နေရင်၊ မျက်နှာမှာရေယုန်ပေါက်နေရင် facial skin peeling မလုပ်ရပါဘူး။ ရေယုန်ပေါက်ဖူးတဲ့ သမိုင်ကြောင်းရှိခဲ့ရင်တောင်မှ ရေယုန်အတွက်ရေယုံဆေးကိုကြိုတင် သောက်ပြီးကာကွယ်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ peeling လုပ်ရာမှာသုံးတဲ့အက်ဆစ်တွေကြောင့် မျက်နှာမှာပေါက်ဖူးခဲ့တဲ့ ရေယုံဗိုင်းရပ်ပိုးဟာ အနှိုးဆွခံရပြီးပြန်ထွက်လာတတ်လို့ပါ။
တစ်ချို့နိုင်ငံမှာဆိုပါးစပ်မှာအပူနာ (Aphthous) ပေါက်နေရင်တောင် လုပ်မပေးကြပါဘူး။
ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ body Peeling ကို ကိုယ်ဝန်ရှိတဲ့အတွက် မလုပ်ရပါဘူး။

Peeling #လုပ်ပြီးရင်

Peeling လုပ်ပြီးတဲ့အသားအရေဟာ နုနယ်တဲ့အလွှာသစ်ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့ဒဏ်ကို သိပ်မခံနိုင်ပါဘူး။ ဒီတော့ အသစ်ဖြစ်လာတဲ့အရေပြားနုနုလေးကို သေသေချာချာဂရုတစိုက်ထိမ်းသိမ်းရပါလိမ့် မယ်။ Skin Care လုပ်ရမယ်ပေါ့။ နေရောင်နဲ့လည်းထိတွေ့ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်နေကာအဆီတွေ လိမ်းရပါ့မယ်။ ညပိုင်းမှာ အသားအရေခြောက်သွေ့မသွားရန် Moisturizer ကိုလိမ်းပေးရပါမယ်။ မျက်နှာရဲ လာရင် ရေခဲကပ်ပေးရပါမယ်။ ရေခဲကပ်လို့ နီရဲတာလျှော့သွားရင် Mostruizer လိမ်းပေးရပါမယ်။ တစ်ချို့လိမ်း ဆေးတွေကိုလည်း ရပ်နားသင့်ရပ်နားထားရပါမယ်။ ပီလင်လုပ်ပြီးရင် အရေပြားကို ဘယ်လိုထိမ်းမယ်ဆိုတဲ့ Post Peeling Skin Care ကို ရေးတာရေးရတယ် တကယ်တော့ Peeling လုပ်တဲ့ အရေပြားကိုအထူးကု ဆရာဝန် ကိုယ်တိုင်က Peeling လုပ်ပြီးရင်ဘာတွေလိမ်းရမယ်၊ ဘာတွေရှောင်ရမယ်၊ ဘယ်လိုနေရမယ် စတာတွေကိုပီလင်းလုပ်ပြီးတာနဲ့ ညွှန်ကြားလိုက်ကြပါတယ်။

ဒီလောက်ဆိုရင်တော့ Peeling ဆိုတဲ့ ဝေါဟာရရဲ့အကြောင်းကို အပြည့်အစုံမဟုတ်သော်လည်း အတန်အသင့် သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ Peeling ဆိုတာဘာလဲ၊ ဘယ်ရောဂါတွေမှာလုပ် သလဲ၊ ရောဂါမဟုတ်ရင်ရောလုပ်သလား၊ လုပ်ရင်ဘာဖြစ်လာနိုင်သလဲ၊ လုပ်ပြီးရင်ဘယ်လိုနေရမှာလဲ အစရှိတဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကိုလည်း သိရှိသွားပြီဖြစ်လို့ အကျိုးရှိကျေနပ်ကြလိမ့်မယ်လို့ ထင်မြင် မိပါတယ်။ စာဖတ်ပရိသတ်များအားလုံး လှပသောအရေပြားပိုင်ရှင်များဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။


ဒေါက်တာလင်းထက် (အရေပြားအထူးကုဆရာဝန်)
Health Guide
https://www.facebook.com/mmhealthguide

Giddiness and nausea အမျိုးသမီး တဦး ခေါင်းမူးပြီး အန်တာ


မင်္ဂလာပါ ဆရာရှင့် ကျွန်မနာမည့့် ပါ။ အသက် ၃ဝ နှစ်။ အပျို။့ မှာ အလုပ်လုပ် နေပါတယ်ရှင့်။ ကျွန်မအလုပ်က တနေကုန် ကွန်ပျူတာ သုံးရပါတယ်။ လွန်ခဲ့တဲ့သုံးရက်က ခေါင်းမူးလို့ ဆေးခန်းသွားပြခဲ့ပါတယ်ဆရာ။ သွေးပေါင်ချိန်ကတိုင်းတော့ ပုံမှန်ပါပဲတဲ့။ အဖျားလဲ မရှိပါဘူးရှင့်။ မျက်စိကလဲ အနီးကော အဝေးကော ကောင်းကောင်း မြင်နေရပါတယ်။ အစားအသောက်လဲ ပုံမှန်စားပါတယ်။ အိပ်ရေးလဲ မပျက်ပါဘူးရှင့်။ ဒါပေမယ့် ခေါင်းမူးပြီး ခဏခဏ အန်နေလို့ပါ ဆရာ။ ခေါင်းကို နည်းနည်းလှုပ်တာနဲ့ နောက်စေ့ထဲကနေ မူးပါတယ်။ ဘာလို့ အဲ့လိုဖြစ်တာလဲဆိုတာ သိချင်လို့ပါရှင့်။ အဲ့လိုဖြစ်တာ ငါးရက်ရှိပါပြီ။ ကျေးဇူးတင်စွာဖြင့်

၂။ ကျွန်မက အိပ်ရေးပျက်တာများရင် အစာလွန်တာများရင် ခေါင်းတွေမူးပြီး အန်တက်ပါတယ်။ ဆရာ့ဆောင်းပါးက အချက်တွေက ကျမဖြစ်နေတာတွေနဲ့ တော်တော်ဆင်တူပါတယ် ဆရာ။ အရင်က အဖြစ်ကျဲပေမဲ့ အခု ခဏခဏလည်း ဖြစ်တက်ပါတယ်။ သောက်ရမဲ့ဆေးကို ညွှန်ကြားပေးစေချင်ပါတယ် ဆရာ။

ဆေးဆရာ မလုပ်ခင် မြန်မာစာဆရာ အရင်လုပ်ပါရစေ။ တချို့ စာရေးရင် မမှားအောင်တော့ ရေးကြတာဘဲ၊ ဒါပေမဲ့ သိထားတာကိုက မမှန်တာဘဲလို့ မှန်းနိုင်တယ်။ အဆာလွန်ကို အစာလွန်၊ အဆင်ပြေကို အစဉ်ပြေလို့ မှားရေးကြတာ။ သူတို့ခင်ဗျာ သတ်ပုံမှားတာ မဟုတ်ဘဲ၊ အဓိပ္ပါယ်ပါ လွဲနေကြတယ်။ (ဘလော့ခ်) မှာ ရေးကြတာ တခု ကောင်းတာက စာမတတ် လမ်းဖတ်ဆိုသလို ကြားတဲ့ဖတ်တဲ့သူက မှားတာကို ထောက်ပြ ပြင်ပေးနိုင်တယ်။ ခေတ်ကလည်း အမြန်ခေတ်မို့ မြန်အောင် ခပ်လွယ်လွယ် လုပ်ကြတာကိုး။ သိပ်စစ်ဆေးမနေကြတော့ဘူး။ အတိုကောက်စာတွေ ရေးကြတာ၊ မြန်တော့ မြန်ပါရဲ့။ အရှည်ကောက်ကို သိပ်မသိကြတော့ဘူး။ သတ်ပုံရော၊ သဒ္ဒ့ါပါ ပယ်ရာကျနေတယ်။

ရောဂါအခြေအနေ အကုန်အစင် မသိရဘဲ ဆေးနည်းပေးရတာ ရမ်းကုဆရာသဘောတော့ ဖြစ်နေတယ်။ သိရတဲ့ လက္ခဏာက ၂ ရပ်သာ တွေ့ရတယ်။ ခေါင်းမူးတာနဲ့ အန်တာ။ ဘာ့ကြောင့်ဖြစ်သလဲ အိပ်ရေးပျက်တာနဲ့ အစားများတာ။ ခေါင်းမူးစေတဲ့ အကြောင်းရင်တွေက များလှတယ်။ သွေးအားနည်းတာ၊ သွေးတိုးတက်တာ စတာတွေ။ အန်စေတဲ့ အကြောင်းတွေလဲ မနည်းဘူး။ အစာမကျေတာ၊ လေနာရှိတာ၊ စတာတွေ။ မိန်းကလေးဆို ကိုယ်ဝန်။

အာဂန္တုရောဂါ ဖြစ်ပုံရပါတယ်။ အစာစားပြီး ခဏ လူရောစိတ်ပါ နားနေပါ။ လိုအပ်သေးရင် Digestive enzyme ဆေးတခုခု သောက်ပါ။ ရက်အကြာကြီး မသောက်ရပါ။ အစာကျေရင် အန်စရာမရှိဘူး။ အအန်ပျောက်ဆေးတွေက အိပ်ချင်တတ်တယ်။ လိုမှာသာ သောက်ပါ။ BP သွေးဖိအား စစ်ပါ။ သွေးအား နည်းနေ-မနေ စစ်ပါ။ ဖြူဖတ်-ဖြူရော် ဖြစ်နေရင် သွေးအားနည်းနေနိုင်တယ်။ အမျိုးသမီးတိုင်း Ferrous sulfate နဲ့ Folic acid ကို နေ့တိုင်း သောက်သင့်တယ်။

• Acute Periphreral Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/08/acute-periphreral-vertigo.html
• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://doctortintswe.blogspot.com/2015/05/bppv.html
• Dizziness အမူးရောဂါ http://doctortintswe.blogspot.com/2015/06/dizziness.html
• Migraine (1) မိုင်ဂရင်း (၁) http://doctortintswe.blogspot.com/2015/03/migraine-2.html
• Migraine (2) မိုင်ဂရင်း (၂) http://doctortintswe.blogspot.com/2014/11/migraine-2.html
• PPPD ခေါင်းမူးရောဂါတမျိုး http://doctortintswe.blogspot.com/2017/05/pppd.html
• Vertigo အမူးရောဂါ https://doctortintswe.blogspot.com/2015/01/vertigo.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ



၁။ ဆရာ မင်္ဂလာပါရှင့် မေးခွန်းလေးကို ဖြေကြားပေးစေလိုပါတယ်ရှင့်။ ကျွန်မ အသက် ၂၅ အပျိုပါရှင့်။ မျက်စိနားမှာ ငါးမျက်စိလို့ခေါ်တဲ့ အဖုလေးတွေ ၃လုံးလောက် ပေါက်နေပါတယ် ဆရာဝန်နဲ့ပြတော့လည်း အဲ့ဒါတွေက လိမ်းဆေးမရှိဘူး လေဆာနဲ့ပစ်မှ ရမယ်လို့ ပြောပါတယ်ရှင့် ပြီးတော့ အဲ့ဒီအလုံးတွေက ပွားတတ်တယ်လို့ ပြောပါတယ်ရှင့်။ မျက်လုံးနားဆိုတော့ လေဆာပစ်ရင် ထိခိုက်မိမှာ စိုးလို့ပါရှင့်။ လိမ်းဆေးရှိရင်လည်း ညွှန်ကြားပေးစေလိုပါတယ်ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။ အလုံးတွေ ရှိတဲ့နေရာကို ပုံနဲ့ပြလိုက်ပါတယ်ရှင့်။

၂။ ကျွန်မအသက်က ၂၇ ပါဆရာ။ ကျန်းမာရေးလဲကောင်းပါတယ်ဆရာ။ အိမ်ထောင်လဲရှိပါတယ်။ ကျွန်မ အသက် ၁၅ နစ်လောက်ကစပြီး မျက်လုံးအောက်မာ ဝက်ခြံလိုအဖုသေးသေးလေးတွေပေါက်လာပါတယ်။ ဝက်ခြံလိုလဲညှစ်လို့ မရပါဘူးဆရာ။ အခုရက်ပိုင်းအတွင်းမှာ အဖုလေးတွေ ပိုပိုများလာလို့ပါဆရာ။ ဘာဆေးသုံးရမလဲ ညွှန်ပြပေးပါအုန်းဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

၃။ ဆရာ သမီးမျက်မှာ နှာခေါင်းဘေး မျက်လုံးအောက်မှာ ဗျုတ်ကလေးတွေ ရှိနေပါတယ်။ အဖုလေးတွေ အများကြီးပါ။ မနက်အိပ်ယာနိုးချိန်မှာ မသိသာပေမဲ့ နေ့လည်ကစပြီး အရမ်း သိသာပါတယ်။ အဲဒီ အဖုလေးတွေကို ကုလို့ရနိုင်ပါလား။ တချို့က အဲဒါကို ဆားဝက်ခြံလို့ပြောပြီး၊ တချို့က အဆီဖုလို့ ပြောပါတယ်။ မျက်နှာအရေပြား ချောချင်ပါတယ်။ ကုလို့ရနိုင်ပါလားဆရာ။ ဖြေကြားပေးပါ။

၎။ ဆရာ ကျွန်တော့ မျက်နှာ ပါးနှစ်ဖက်မှာ ဝက်ခြံတွေထွက်နေတာကြာပါပြီ။ ဝက်ခြံဆိုပေမဲ့ ရိုးရိုးဝက်ခြံလိုမျိုး ရောင်တာ မှဲ့တာ နာတာမျိုးတော့မရှိပါဘူး။ ဆားဝက်ခြံလို့ပဲ ခေါ်မယ်ထင်တယ်။ မျက်နှာပေါ်မှာ စမ်းကြည့်ရင် အစေ့လေးတွေလိုမျိုးပဲ။ မှဲ့ပြီးတော့လဲ ရောင်မလာဘူး။ ဒီအတိုင်းပဲ။ ညှစ်လိုက်မှ အဖြူအစံလေးတွေ ထွက်လာပါတယ်။ မညှစ်ရင် ဒီအတိုင်းကြီးပဲ ကျန်နေပါတယ်။ မျက်နှာကလဲ ကိုင်လိုက်ရင် အခဲလိုမျိုးကြီးပဲ။ ကျွန်တော်မျက်နှာသစ်ရင် သေချာသစ်ပါတယ်။ လက်နဲ့လဲ မကိုင်ပါဘူး။ Cosmetic တွေသုံးပေမဲ့ အဆင်မပြေပါဘူး။ အဲ့ဒါဘယ်လို ပျောက်အောင်လုပ်ရမလဲ အကြံပေးပါဦးဆရာ။ ပြီးတော့ ဘာလို့ အလိုမျိုး ဖြစ်တာရယ် ရိုးရိုးဝက်ခြံနဲ့ ဘယ်လိုကွာလဲဆိုတာ ရှင်းပြစေလိုပါတယ်။

အရေပြားမှာ ဖြစ်တာတွေက အတော်ကို များလှတယ်။ မျက်မြင်မဟုတ်ဘဲ မှန်းရတာ သိပ်တော့ မကောင်းဘူး။ သေခြာ ကြည့်တာတောင် ခွဲခြားရတာ ခက်သေးတယ်။ မေးတဲ့စာထဲကအတိုင်း ဝက်ခြံနဲ့ ဆင်တယ်ဆိုရင် အနီးစပ်ဆုံးက Seborrheic Keratosis ဒါမှမဟုတ် Keratosis pilaris acne-like bumps ဖြစ်နိုင်တယ်။ ပဌမဟာက မျက်နှာမှာ၊ နောက်ဟာက လက်ဖျံ၊ ပေါင်နဲ့ တင်ပါးမှာ ဖြစ်တယ်။

Seborrheic Keratosis ဆားဝက်ခြံ
အလုံး-အကြိတ်-အနာအဆာ တခုခုတွေ့ရင် ပဌမဆုံး ခွဲခြားရမှာက ကင်ဆာလား ကင်ဆာမဟုတ်တာလား။ Seborrheic Keratosis ဆားဝက်ခြံက ကင်ဆာ မဟုတ်ပါ။ Acne ဝက်ခြံနဲ့ ဆင်တယ်။ မျက်နှာမှာ အများဆုံး ဖြစ်တယ်။ စုံးမကြီး မျက်နှာမှာ ရုပ်ဆိုးအောင် အဖုအလုံးတွေ လုပ်ပေးထားတာ ဒါမျိုးပါဘဲ။ ဒီအဖုလေးတွေက တခုခု လာကပ်နေသလို ကြည့်တဲ့လူက လက်နဲ့ ဖယ်ထုတ်ချင်စရာ ကောင်းလှတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာ Epidermis ကနေ ဖြစ်လာတာပါ။ ကြွက်နို့လို အရေပြားအတွင်းထဲ မရောက်ဘူး။ နဲနဲကြမ်းတာနဲ့ မကြမ်းတာမျိုးရှိတယ်။ မကြမ်းရင် အစေ့လေးတွေ လာကပ်နေသလို ဘေးက အရေပြား အကောင်းထက် နဲနဲ အရောင်ရင့်နေမယ်။ မှန်ဘီလူးနဲ့ကြည့်ရင် ပုလဲလုံးလေးတွေလိုနေတယ်။ တခါတခါ ယားတယ်။ ကြာလာရင်ပေါ့။ ဆွရင်-ဆိတ်ရင် ရဲလာလိမ့်မယ်။ များသွားရင်တော့ သွေးထွက်မှာပေါ့။

အသက်အရွယ် လူလတ်ပိုင်းမှာများတယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တတ်တယ်။ တချို့ကိုယ်ဝန်ဆောင်မှ ဖြစ်လာတယ်။ တချို့ ဟော်မုန်းကုသမှုရနေတုံးမှာဖြစ်တယ်။ ဘာလို့လည်း မပြောနိုင်သေးပါ။ ဟော်မုန်းကနေဖြစ်ဘို့ များတယ်။ နေရောင်ထိတာကြောင့်လား စဉ်းစားတယ်။ မကူးစက်ပါ။

ဘာလုပ်ရမလဲ။ ဒီအတိုင်းသာထားပါ။ နဲနဲကြီးလာချင်လာမယ်။ မစိုးရိမ်ပါနဲ့။ လှချင်လို့ ရှင်းချင်ရင် Liquid Nitrogen ဆိုတဲ့အရည်နဲ့ အေးခဲအောင်လုပ်ပေးတယ်။ မီးလောင်ဖုလိုမျိုး အရည်ကြည်ဖုလေးတွေ ဖြစ်လာလိမ့်မယ်။ ပြီးမှ နဲနဲကြာမှ အနာကျက်လာမယ်။ အနာဖြစ်ရင် အနာရွတ်ကြီးတတ်သူများ မျက်နှာမှာဆို ဒါမျိုးမလုပ်သင့်ဘူး။ တချို့လူတွေမှာ ဘာအနာဖြစ်ဖြစ် Keloids အနာရွက်သီး ဖြစ်တတ်တယ်။

နောက်တနည်းက ရိတ်ပြစ်တာ။ Flexible razor blade သုံးသင့်တယ်။ လက်မလွန်စေနဲ့။ ရိတ်ပြီးရင် Aluminum chloride or Silver nitrate ဆေးလိမ်းပေးပါ။ သွေးမထွက်စေဘူး။ Silver nitrate ကညိုမဲမဲမို့ အစမှာ ညိုနေအုံးမယ်။ နောက်ပျောက်သွားမယ်။ Aluminum chloride ကပိုကောင်းတယ်ပေါ့။ Light electrocautery လျှပ်စစ်နဲ့ လောင်စေတဲ့နည်းလည်း သုံးပါတယ်။

Keratosis pilaris ဝက်ခြံတမျိုး
မျက်နှာမှာလည်း ဖြစ်ပါတယ်။ နီ-ဖြူ၊ မနာ-မယားဘူး။ ကြမ်းနေတယ်။ ကုရတာခက်လို့ စိတ်ပျက်စေနိုင်တယ်။ မဆိုးတာက ဘာမှ တခြားဒုက္ခမပေးနိုင်ဘူး။ ငယ်သူတွေမှာ ဖြစ်တာများပြီး အသက် ၃ဝ လောက်မှာ ပျောက်သွားတယ်။ မျက်နှာမှာ ဖြစ်လို့ ပျောက်ရင် အမာရွတ်ကျန်တတ်တယ်။ ဆိုလိုတာက သု့ဖါသာလည်း ပျောက်ပါတယ်။ ဆေးတမျိုးနဲ့ မရတတ်ဘူး။ ကိုယ့်ဖါသာ ဂရူစိုက်တာ လုပ်ရမယ်။

Topical exfoliants (alpha-hydroxy, lactic or salicylic acid or urea) ပါတဲ့လိမ်းဆေး၊ Topical corticosteroids စတီရွိုက် ပါတဲ့ လိမ်းဆေး၊ Topical retinoids (vitamin A) ပါတဲ့လိမ်းဆေး၊ Tretinoin (Retin-A Micro, Avita) and tazarotene (Tazorac) သုံးနိုင်တယ်။

အရေပြားကို မိမိဖါသာဂရုစိုက်ခြင်း
• အရေပြားကို ညင်ညင်သာသာ ကိုင်တွယ်ယုယပါ။
• မျက်နှာသစ်၊ ရေချိုးပြီးတိုင်း အသာအယာ ခြောက်သွေ့ပေးပါ။
• ရေချိုးပြီးရင် ရေငွေ့ဓါတ်ပေးတဲ့လိမ်းဆေးသုံးပါ။
• (လက်တ-အက်စစ်) ပါတဲ့လိမ်းဆေး၊ တနေ့ ၂ ကြိမ်လိမ်းပါ။
• အိမ်မှာ ရေငွေ့ဓါတ်ပေးတဲ့ ကရိယာတပ်ဆင်ပါ။
• အရေပြားကို Eucerin and Cetaphil လိုဆေးနဲ့ ရေငွေ့ပေးပါ။
• ရေချိုးရင် အချိန်များများပေးပါ၊ ရေနွေး (ရေပူမဟုတ်) နဲ့ချိုးပါ။
• ဆပ်ပြာကို အပြင်စားတွေမသုံးပါနဲ့။ ဆီ-အဆီပါတဲ့ Neutrogena, Basis or Dove ဆပ်ပြာတွေ ဖြစ်တယ်။ Deodorant and antibacterial detergents တွေရှောင်ပါ။ ကြော်ညာကောင်းတဲ့ လိမ်းဆေး၊ ဆပ်ပြာတွေ သတိထားပါ။ အရေပြားကို နူးညံ့၊ သန့်ရှင်းနေဘို့နဲ့ ခြောက်သွေ့ မနေစေဘို့ ဖြစ်တယ်။
• အရေပြားကို ရေချိုး၊ မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ပွတ်တိုက်ချသလို မဖြစ်စေဘဲ၊ အောက်ဖက်ကို ဖိ-တို့ သုတ်တာမျိုး လုပ်ပါ။ ရုပ်ရှင်မင်းသမီများ လုပ်သလိုပေါ့။

Seborrhoea (Seborrhea) အရေပြားမျာ အဆီများရာကနေဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဖြစ်တယ်။ အများစဟြာ အခြခံရောဂါမရှိကြပါ။ ရှားရှားပါးပါး Parkinson's disease ဒါမှမဟုတ် Acromegaly ရောဂါရှိတတ်တယ်။ အမျိုးသမီးတွေမှာ Androgens ဟော်မုန်း များနေရင်လည်း ဖြစ်တယ်။ Congenital adrenal hyperplasia ဆိုတဲ့မွေးရာပါရောဂါက အတော်ကိုရှားတယ်။ အရေပြားမှာ အနေရခက်လာမယ်။ ညစ်ပေလွယ်မယ်။ Acne ဝက်ခြံကနေဖြစ်ဖြစ် Seborrhoeic dermatitis အဆီပြန်အရေပြားနာကနေဖြစ်ဖြစ်လည်း ဆက်ဖြစ်လာနိုင်တယ်။

ဘယ်လိုပြုပြင်ကုသမလည်း
1. တနေ့မှာ မျက်နှာနှစ်ခါသစ်ပေးပါ။
2. Topical retinoids ဆေးလိမ်းနိုင်တယ်။
3. Antiandrogens အမျိုးသမီးတွေကို ဟော်မုန်းပေးနိုင်တယ်။
4. Isotretinoin သိပ်ဆိုးနေသူတွေကို ဒီဆေးပေးနိုင်တယ်။

၁။ Topical retinoids လိမ်းဆေး Creams ခရင်။ Lotions ဆေးရည် နဲ့ Gels ဂျဲလ်တွေအနေနဲ့လာတယ်။ ဆေးဟာ Vitamin A ဗီတာမင် (အေ) ကနေထုတ်ာဖြစ်တယ်။ ReTrieve™ cream (tretinoin), Retin-A™ Cream (tretinoin or retinoic acid), Retinova™ Cream (tretinoin emollient), Isotrex™ Gel (isotretinoin) နဲ့ Differin™ Gel, Cream (adapalene) တွေဖြစ်တယ်။ Adapalene ဆေးဟာ benzoyl peroxide နဲ့ရောထားပြီး Epiduo gel အနေနဲ့ရောင်းတယ်။ ဝက်ခြံဆိုးဆိုးဝါးဝါးဖြစ်နတာအတွက်လည်း ဒီဆေးမျိုးသုံးတယ်။ ဆေးစွမ်းရအောင် ၄-၆ ပါတ်ကြာသုံးရတယ်။

၂။ Hormonal regimes ဟော်မုန်းဆိုတာမှာ Oral contraceptive ကိုယ်ဝန်တားဆေးပေးတယ်။ Ethinylestrodiol (Oestrogen) နဲ့ Progesterone ခေါ်တဲ့ ဟော်မုန်း ၂ မျိုးပါ၊ အများဆုံးသုံးတဲ့ဆေးမျိုးကိုသာ သုံးရမယ်။

၃။ Isotretinoin (13-cis retinoic acid) ဆေးကလည်း ဝက်ခြံမှာထိရောက်တယ်။

၎။ တခြားဆေးတွေ
• Spironolactone 25-200 mg daily ဆီးသွားစေတဲ့ဆေးကို အသက် ၃ဝ ကျော်အမျိုးသမီးတွေကို ပေးနိုင်တယ်။
• Prednisone 2.5 mg မနက်တလုံး + 5 mg ညတလုံး) စတီရွိုက်ဆေး နည်းနည်းပေးနည်းကိုလည်း သုံးနိုင်တယ်။
• Cyproterone acetate 50 to 200 mg ဆေးကိုလည်း ဆရာဝန်ကညွှန်ရင်သုံးနိုင်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

ဝက်ခြံထွက်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေ သိသင့်တဲ့ အချက် ၃ ချက်



တစ်ခါတစ်ရံ သူများနဲ့ စကားပြောတဲ့အခါ ကိုယ့်မျက်နှာက ၀က်ခြံကိုစိုက်ကြည့်နေတဲ့ အခိုက်အတန့်မျိုးကြောင့် ရှိုးတို့ရှန်းတန်း ဖြစ်ဖူးလား။ အသားအရည် လှပကြည်လင်စေဖို့ နည်းလမ်းပေါင်းစုံနေအောင် စမ်းကြည့်ဖူးလား။

နို့ထွက်ပစ္စည်းတွေ လျှော့စားပါ

မျက်နှာမှာ ၀က်ခြံတွေထွက်ရတဲ့ အကြောင်းအရင်းတစ်ချက်ကတော့ နို့ထွက်ပစ္စည်းတွေကြောင့် ဖြစ်ပါသတဲ့။ ဘာလို့လဲဆိုတော့ မွေးမြူရေးနွားတွေဟာ နို့ထွက်ပိုမိုကောင်းမွန်စေဖို့ ဟော်မုန်းဆေးတွေ အများကြီး ထိုးခံရတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီ ဟော်မုန်းတွေက အဆီထွက်တတ်တဲ့ အသားအရည်မျိုးတွေကို ၀က်ခြံတွေထွက်စေဖို့ တွန်းအားပေးလို့ပါပဲ။

မျက်နှာပေါ်မှာ ၀က်ခြံတွေအများကြီး ထွက်လာပြီဆိုရင်တော့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမှုန့်စတာတွေကို လျှော့စားဖို့၊ ရှောင်ကြဉ်ဖို့ စဉ်းစားသင့်ပါပြီ။

ခေါင်းအုံးစွပ်ကို မကြာခဏလဲလှယ်ပါ

၃၊ ၄ ရက်တစ်ကြိမ် ခေါင်းအုံးစွပ်လဲလှယ်ခြင်းဟာလည်း ၀က်ခြံတွေပိုမို ဆိုးရွားသွားစေမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ညတိုင်း ခေါင်းအုံးအိပ်နေတဲ့ ခေါင်းအုံးပေါ်ကို ဆံပင်မှာရှိတဲ့ ဘက်တီးရီးယာားပိုးမွှားတွေက ရောက်ရှိနေတတ်ပါတယ်။ ဒီလိုခေါင်းအုံးစွပ်ပေါ်မှာ အိပ်ခြင်းဟာလည်း မျက်နှာပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာနိုင်ပြီး ယားယံခြင်း၊ ၀က်ခြံထွက်ခြင်းတွေ ဖြစ်စေပါတယ်။
ခေါင်းအုံးစွပ်မကြာခဏ လဲဖို့ပျင်းတယ်အလုပ်ရှုပ်တယ်ဆိုရင်တော့ ခေါင်းအုံးပေါ်မှာ တံဘက်အသေးလေးတင်ပြီး အိပ်လို့လည်းရပါတယ်။

အဆာမခံပါနဲ့

တစ်ခါတလေမှာတော့ ၀က်ခြံထွက်တာဟာ အပြင်ပမ်းရုပ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲခန္ဓာကိုယ် အတွင်းကကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်တွေ၊ သောက်ဆေးတွေ၊ လေဆာရောင်ခြည်ကုသမှုတွေလုပ်ပေမယ့် ၀က်ခြံတွေသက်သာမသွားတာကို တွေ့ရတတ်ပါတယ်။ ဒါဟာ အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေကြောင့် ဖြစ်ပါသတဲ့။

ခန္ဓာကိုယ်အတွက် လိုအပ်အဟာရဓါတ်နဲ့ အစားအစာတွေကို ပြည့်ဝအောင် မစားသောက်ဘူးဆိုရင် အစာအိမ်ထဲရှိ အက်ဆစ်ဓါတ်တွေ ပိုမိုထွက်ရှိလာတတ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ်နည်းပါးတယ်ဆိုရင်တော့ Betaine HLC  ဆိုတဲ့ ဓါတ်တစ်မျိုးထုတ်လုပ်ပေးပြီး ဒါဟာ အသားအရည်နဲ့ ဆံပင်အဆီပြန်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

Jackie

#healthy.thithtoolwin.com

Ref : zalora

ဆီးအောင့်ထားခြင်းရဲ့ အကျိုးအပြစ်များ




ထိုင်ရာက မထနိုင်လောက်အောင် အလုပ်တွေရှုပ်နေတဲ့အချိန်မှာ အပေါ့အပါးသွားချင်တာမျိုး ဖြစ်ဖူးပါသလား ? ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေအရ အပေါ့သွားချင်တာကို အောင့်ထားတာက သင့်ရဲ့စိတ်စွမ်းအားကို တိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်စွမ်းနဲ့သက်ဆိုင်တယ်လို့ ပညာရှင်တွေက ရှင်းပြထားပါတယ်။ ဆီးသွားချင်နေပေမယ့် မသွားပဲအောင့်ထားတာက ရုတ်တရက်လှုံ့ဆော်မှုတွေကို ဆန့်ကျင်တဲ့ဦးနှောက် အစိတ်အပိုင်းကို လှုပ်ရှားစေပါတယ်။ ဒါ့ကြောင့် အခြားသောစိတ်လှုံ့ဆော်မှုတွေဖြစ်တဲ့ သွားရည်စာ စားချင်စိတ်တွေ၊ အပျင်းထူတာတွေကိုလည်း ဆန့်ကျင်နိုင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆီးသွားချင်စိတ်ကို ထိန်းနိုင်တာက အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုကောင်းလာစေပါတယ်။ လေ့လာမှုတွေအရ ဆီးအိတ်ထဲမှာ ဆီးအပြည့်ရှိနေပြီး အပေါ့သွားချင်စိတ်ကို ထိန်းချုပ်ထားရသူတွေက စမ်းသပ်မေးခွန်းတွေကို အပြည့်အ၀အာရုံစိုက်နိုင်တယ်လို့ သိရပါတယ်။

ဒီလိုကောင်းကျိုးတွေရှိတယ်ဆိုပြီး ရေတွေအများကြီးသောက်၊ ဆီးသွားချင်တာကို စွတ်အတင်းထိန်းချုပ်ထားလို့တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးအောင့်ထားခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ ရှိလို့ဖြစ်ပါတယ်။ ဆီးကို အကြာကြီးအောင့်ထားမယ်ဆိုရင် အစပိုင်းမှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေတိုးမြင့်လာနိုင်ပြီး ရေရှည်မှာဆိုရင်တော့ ဆီးအိမ်နံရံကို ထိခိုက်လာစေနိုင်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခါးအောက်ပိုင်းတွေ နာကျင်လာသည်အထိ ဆီးကိုထိန်းမထားသင့်ပါဘူး။ ဒီလက္ခဏာတွေက ဆီးသွားချင်တာကို ခံနိုင်တာထက်ပိုပြီး ထိန်းချုပ်ထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အရေးကြီးတဲ့အလုပ်တွေ အပြီးလုပ်ရမယ့်အချိန်မျိုးမှာ ဆီးသွားချင်စိတ်ကို အနည်းငယ်ထိန်းပြီး အောင့်ထားမယ်ဆိုရင် အလုပ်မှာအကောင်းဆုံးရလဒ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအချက်က အနည်းငယ် ကြောင်တောင်တောင်နိုင်ပေမယ့် အလုပ်ဖြစ်တာကတော့ သေချာပါတယ်။


Jackie

#healthy.thithtoolwin.com

Ref : MNT

ဗိုက်ချပ်စေမဲ့အကောင်းဆုံးနည်းလမ်းများ



၁ - ဘယ်သွားသွား ရေဘူးသယ်သွားပြီး ရေသောက်တဲ့အကျင့်ကောင်းကို မွေးရမှာပါ။
(ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်း ရှိနေဖို့လိုပါတယ်)

၂ - အရောင်ပါတဲ့ အသီးအနှံများများစားပြီး ကိုယ်ခန္ဒာရဲ့ ဇီဝဖြစ်စဉ်တွေကို ပံပိုးမှုကောင်းကောင်းပေးပါ။

၃ - ထမင်းမစားမီ ရေတစ်ခွက်သောက်တဲ့ အကျင့်လုပ်ပါ။

၎ - လေ့ကျင့်ခန်း ပေါင်းစုံလုပ်ဖို့လည်း လိုပါတယ်။ ဗိုက်အဆီကျစေမယ့် အိပ်ထမတင် လုပ်တာမျိုးတွေကို ဇွဲရှိရှိနဲ့ လုပ်ပေးရပါမယ်

၅ - အငတ်မခံနဲ့ (မစားဘဲနဲ့နေတာဟာ အကူအညီ မဖြစ်ပါဘူး)

၆ - အရာရာ ရှောင်စရာမလို (ဟိုဟာမစားဘူး ဒီဟာမစားဘူး လုပ်စရာမလိုဘူးလို့ သိရပါတယ်)

၇ - ဆိုဒါပါတဲ့ အချိုရည်တွေ မသောက်ရပါဘူး။

၈ - ထမင်းကို နည်းနည်းချင်းစီကို ငါးကြိမ်အထိ ခွဲစားပေးရပါမယ်။ နည်းနည်းနဲ့ အကြိမ်ရေ များများစားတာကတော့ ခန္ဒာကိုယ်အတွက် လုံလောက်တဲ့ အစာကျေညက်ချိန်ကိုရပါတယ်။

ဒါတွေကိ ဆောင်မယ်ဆိုရင်တော့ သင့်ဗိုက်က သိသိသာသာ ချပ်လာမှာပါ။

Jackie

#healthy.thithtoolwin.com

Ref:MNT

ဆိုင်ကယ်ဦးထုပ်နဲ့ပြုလုပ်ထားတဲ့ ဆံပင်လျှော်ဆေး၊ အခြောက်ခံစက်


သွက်ချာပါဒလိုက်နေတဲ့အဘွားဖြစ်သူတစ်ယောက် ခေါင်းလျှော်ရမှာ အခက်အခဲ တွေ့ နေရပုံကို မြင်တွေ့ ရပြီးနောက် အမျိုးသားတစ်ဦးဟာ အဘွားဖြစ်သူကို ကူညီသန့် ရှင်းပေးဖို့ အတွက် အမိုက်စား တီထွင်မှု တစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် Chen Gongke ဆိုသူအမျိုးသားဟာ မော်တော်ဆိုင်ကယ်ဦးထုပ်ဟောင်းတစ်လုံးနဲ့  ရေပုံးတစ်ပုံးကို ဆံပင်လျှော်၊အခြောက်ခံပေးမယ့်စက်အဖြစ် ပြောင်းလဲတီထွင်လိုက်ပါတယ်။

အဆိုပါစက်မှာ ရေကို အပူပေးပြီး ခေါင်းကိုလျှော်ဆေး၊အခြောက်ခံပေးဖို့ အတွက် လျှပ်စစ်ဓာတ်အားထိန်းချုပ်ခလုတ်ခုံ ၊ ရေပုံးနှစ်ပုံးနဲ့ မော်တော်ဆိုင်ကယ်ဦးထုပ်တစ်လုံးတို့ ပါဝင်ပါတယ်။

ဒီစက်ဟာ ငါးမိနစ်အတွင်း ခေါင်းလျှော်၊အခြောက်ခံမှုလုပ်ငန်းကို မြန်မြန်ပြီးမြောက်နိုင်တယ်ဆိုပေမယ့် ၊ Chen ဟာ ဒီစက်ဖြစ်လာဖို့ အတွက် ၁၆ နှစ်ကြာ ကလိခဲ့ရပြီး ယခုမော်ဒယ်မရခင်အထိ ဦးထုပ်ပေါင်း ၁၈ လုံးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဘွားဖြစ်သူကို ဒီစက်နဲ့ အကူအညီပေးဖို့ အတွက် Chen တစ်ယောက် အချိန်မီမပြီးစီးနိုင်ခဲ့ပေမယ့်လည်း ဒီစက်ဟာ တခြားလူပေါင်းများစွာကို အကျိုးဖြစ်စေနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Chen ဟာ ယခုစက်ကို သူ့ အဖေနဲ့ စမ်းသပ်ခဲ့ရာမှာ လုံးဝအောင်မြင်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Jackie

#healthy.thithtoolwin.com

Ref: Wired Tech

မနက်ပိုင်းမှာ ကိုယ့်ရဲ့ အသားအရေကို အကောင်းဆုံး ဘယ်လိုထိန်းသိမ်းမလဲ?



1. မနက်အိပ်ရာက နိုးချိန်မှာ မျက်နှာပေါ်မှာ ချွေးနဲ့ အဆီတွေ ရှိနေတတ်တာကြောင့် အရင်ဆုံး သန့်စင်ပေးဖို့ လိုပါတယ်။ လက်ဖဝါးထဲမှာ မျက်နှာသစ်ဆေးကို အမြှုပ်ထအောင်ပြုလုပ်ပြီး မျက်နှာပြင်ပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်တိုက် နှိပ်နယ်ပေးပြီးမှ ရေဆေးကာ သန့်စင်လိုက်ပါ။ မနက်ခင်းမှာ သင့်မျက်နှာနဲ့ လည်ပင်းနေရာအနှံ့ကို ရေအေးအေးနဲ့ သန့်စင်လိုက်ပါ။

2. မျက်နှာပေါ်က ရေဓာတ်နဲ့ PH ကို ထိန်းသိမ်းပေးနိုင်ဖို့ မျက်နှာသစ်ပြီးချိန် Toner တစ်မျိုး သုံးပေးပါ။ အသားအရေ ခြောက်သွေ့သူနဲ့ အထိအခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေအတွက် အရက်ပြန် မပါဝင်တာမျိုးကို ရွေးချယ်ပေးပါ။ မျက်နှာနဲ့ လည်ပင်းအနှံ့ ဂွမ်းဖတ်လေးနဲ့ လိမ်းပေးပါ။

3. ရေဓာတ်ပါဝင်တဲ့ ခရင်မ်တွေကို သင့်မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်နဲ့ နှုတ်ခမ်း ဘေးတစ်ဝိုက်နေရာတွေကို လိမ်းပေးပါ။ မှန်ကန်တဲ့ မိတ်ကပ် အမျိုးအစားကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သင့်မျက်နှာက အဆီပြန်တတ်သူဆိုရင် အရည်အမျိုးအစား ဖောင်ဒေးရှင်းထက် ပေါင်ဒါ ပုံစံမျိုးကို ရွေးသင့်ပါတယ်။ ပေါင်ဒါ အမျိုးအစားက အဆီဓာတ် ပါဝင်မှု နည်းပြီး ခြောက်သွေ့စေတာကြောင့်ပါ။ သင့်အရေပြားက ခြောက်သွေ့ရင်တော့ အရည်အမျိုးအစားနဲ့ ခရင်မ်ပုံစံကို ရွေးပါ။ မိတ်ကပ်နဲ့ ဓာတ်မတည့်မှု မဖြစ်စေဖို့ သင့်လက်မောင်း အတွင်းပိုင်း နေရာမှာ အရင်ဆုံး ဓာတ်မတည့်မှု ဖြစ်၊ မဖြစ် စမ်းသပ်ပြီးမှ ဝယ်ပါ

4.နံနက်ခင်းမှာ သစ်သီး အမျိုးမျိုး၊ ဂျုံနဲ့ ဒိန်ချဉ်တွေကို ပါဝင်အောင် စားပေးပါ။ ဒါတွေက ဗီတာမင်စီနဲ့ အီး ပါဝင်တာကြောင့် အရေပြားကို ကောင်းမွန်စေပါတယ်။ အနည်းဆုံး တစ်နေ့ ရေခြောက်ခွက်သောက်ပေးတာကလည်ူ အသားအရေအတွက် ကောင်းကျိုးကို ရရှိစေပါတယ်။

Jackie

#healthy.thithtoolwin.com

Ref: MNT

PEM နာတာရှည် အားနည်းရောဂါနဲ့ နာတာရှည် တရားရေးစနစ်ရောဂါ


မင်္ဂလာပါဆရာ။ ရခိုင်ပြည်နယ်က ၈ နှစ်သမီးလေး တပ်မတော်သားတစ်ဦးက rape လုပ်တာနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ကလေးမလေးက long term PEM နဲ့ စိတ်ကလည်းသိပ်မူမမှန်ဘူးလို့ သိရပါတယ်။ Sept 23 မှာ rape လုပ်ခံရတယ်။ Oct 21 မှာ ရန်ကုန်ကလေးဆေးရုံကြီးမှာ ကွယ်လွန်တယ်။ ဆရာဝန်က Cause of death မှာ Long term PEM ကြောင့်ဆုံးတယ်လို့ပြောတာ ဂျာနယ်တွေမှာပါလာတယ်။ ပြည်သူတွေက တပ်မတော်သား ရဲ့ rape ကြောင့် ဆုံးတာကို LTPEM ကြောင့်လို့ ဆရာဝန်ကပြောတဲ့အတွက် ဆရာဝန်ရဲ့ထွက်ဆိုချက်ကို မကျေမနပ် ဖြစ်နေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ Cause of death မှာ Rape ရောအပါအဝင်ဖြစ်ကြောင်း ရေးခွင့်ရှိမရှိ သိလိုပါတယ်ဆရာ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ လူတွေက အစိုးရရဲ့ဖိအားကြောင့် ဆရာဝန်ကလုပ်တာဆိုပြီး ဆရာဝန်အပေါ် ပြစ်တင်ရှုံ့ချနေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ Cause of death မှာ Rape ရောအပါအဝင်ဖြစ်ကြောင်း ရေးခွင့်ရှိမရှိ သိလိုပါတယ်ဆရာ။

Long term PEM = ရေရှည် နာတာရှည် ပရိုတင်း + အင်နာဂျီနည်းခြင်းရောဂါ
Rape = အဓမ္မ (မုဒိန်း) ကျင့်ခြင်း
Cause of death = သေဆုံးရခြင်းအကြောင်းရင်း

PEM (Protein–energy malnutrition) ဆိုတာ နာတာရှည် ပရိုတင်း + အင်နာဂျီနည်းခြင်းရောဂါလို့ခေါ်တယ်။ Protein-calorie malnutrition ပရိုတင်း + ကယ်လိုရီ အာဟာရချို့တဲ့ခြင်းလို့လည်းခေါ်ပါတယ်။ ကလေးတွေမှာဖြစ်တယ်။ တနေ့တာလိုအပ်ချက် ကယ်လိုရီ မပြည့်ရာကနေ ဖြစ်တယ်။ ပရိုတင်း ခေါ် အသား-ငါး-ဥ-ပဲ တွေကနေရတဲ့ဓါတ်ပါ ချို့တဲ့နေမယ်။ တမျိုးချင်းနည်းတာလည်းရှိတယ်။

အမျိုးအစားခွဲတွေရှိတယ်။ Primary PEM အစကတည်းကဖြစ်တယ်ဆိုတာ စားတာထဲမှာ ပရိုတင်းနည်းနေလို့။ Secondary PEM ဆိုတာ နာတာရှည်ရောဂါတခုခု ဥပမာ ကင်ဆာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အူလမ်းရောင်ရောဂါ၊ AIDS စတဲ့ ရောဂါတခုခုရှိနေရာကနေဖြစ်တယ်။

Kwashiorkor ကဝါရှိရော်ကောဆိုတဲ့ရောဂါကိုတော့ အစိုမျိုးလို့သတ်မှတ်တယ်။ ပရိုတင်းနည်းတာကအဓိကဖြစ်တယ်။ ကလေးတွေနို့ဖြတ်ချိန် ၁၂ လသားလောက်မှာစဖြစ်တတ်တယ်။ တခြားအရွယ်တွေမှာလည်းဖြစ်ပါတယ်။ ကိုယ်ဖေါရောင်နေမယ်။ အရေပြားခြောက်နေမယ်။ ဆံပင်အရောင်ဖြော့တော့နေမယ်။ Marasmus မရားစမတ်ကတော့ အခြောက်အမျိုးအစားဖြစ်တယ်။ ပရိုတင်းရော ကယ်လိုရီရောနည်းနေမယ်။ ဖွံ့ဖြိုးမှုတန့်နေမယ်။ ကြွက်သားတွေ ကြုံလှီနေမယ်။ ဝမ်းပျက်ရင်ပိုဆိုးမယ်။ PEM ရောဂါရှိနေသူတွေမှာ ရောဂါပိုးတွေကူးစက်ခံရလွယ်တယ်။ နောက်ဆက်တွဲတွေဖြစ်လာမယ်။

မေးခွန်းနဲ့ဆက်နေတဲ့ မြန်မာပြည်ကတရားရေးစနစ်ကိုနည်းနည်းလေးရေးပါရစေ။ အဲတာလည်း နာတာရှည်ရောဂါပဲ။ ပိုဆိုးတာက ကပ်ရောဂါနဲ့ မွေးရာပါရောဂါလို့ပါ သတ်မှတ်နိုင်တယ်။ မြန်မာပြည်မှာ ဒီရောဂါကိုလုပ်ယူခဲ့တာ နှစ် ၅ဝ ရှိနေပြီ။

ဆရာဝန်ဖြစ်မယ့်သူတိုင်း မှုခင်းဆိုင်ရာဆေးပညာကိုသင်ကြရတယ်။ ဆေးကျောင်းမှာ ၇ နှစ်ထားတုံးက တနှစ်ခွဲတန်းမှာ သင်ပေးတယ်။ ၆ နှစ်ခွဲ၊ ၆ နှစ်သာထားတော့ ဘယ်လောက်အထိသင်ပေးချိန်ယူသလည်းတော့ မသိပါ။ အဲတာက ပညာပိုင်း။ ပညာဆိုတာ ဆည်းပူးရင် ကျောင်းကသင်ပေးချိန်မရလည်း တတ်ပါတယ်။ လက်တွေ့ တရားရုံးတွေမှာ ပညာရှင်သက်သေအဖြစ်လိုက်ပြီး ထွက်ဆိုရတာက ပညာမဟုတ်ဘူးဖြစ်နေတာကြာပြီ။ ဆရာဝန်က မှုခင်းဆိုင်ရာ ဆေးပညာအရ တိတိကျကျထွက်လည်း အမှုကဖြစ်ချင်သလိုဖြစ်တယ်။ ထောင်ချချင်ရင်ချတာပဲ။ လွှတ်ချင်လွှတ်တာပဲ။

အဲလိုဖြစ်နေတာ ဗိုလ်နေဝင်းတက်ကတည်းကနေ အခုထိအထိ အတူတူပဲ။ အဲလိုတရားစီရင်ရေးစနစ်ထဲမှာ ဆရာဝန်ကို သေဆုံးရခြင်းအကြောင်းရင်းကို လိုသလိုရေးစေအောင်ခိုင်းနေတာ မလိုတဲ့အရာသာဖြစ်တယ်။ မတရားလည်း လုပ်ချင် ဖုံးဖိချင်နေတယ်။ ဆရာဝန်ကို အငှားဖိုက်ဓါးထိုးခံစေနေတာသာဖြစ်တယ်။ အခုအစိုးရလက်ထက်မှာ ပိုဆိုးလာတယ်။ စစ်အစိုးရလို မဆိုးတောဘူးလို့ပြောချင်တာနဲ့ ဥပဒေတွေ စည်းမျဉ်းတွေနဲ့ ညီတယ်လို့ လုပ်ပြနေလို့ ပိုဆိုးတာဖြစ်တယ်။ တကယ်တန်း တရားဥပဒေနဲ့ညီညွတ်လာတော့ မဟုတ်ဘူး။

ကျွန်တော်က ဆရာဝန်လည်းလုပ်၊ အမတ်လည်းဟုတ်ခဲ့သူဖြစ်လို့ နမူနာပေးပါမယ်။ ၁၉၉ဝ တုံးက အရွေးခံခဲ့ကြရတဲ့ အမတ်တွေကို အမတ်အဖြစ်ကထွက်အောင် လက်မှတ်တွေလိုက်အထိုးခိုင်းတယ်။ ခြိမ်းခြောက်နည်း မျိုးစုံသုံးတယ်။ တချို့က ထိုးကြရတယ်။ မထိုးသူတွေ အဖမ်းခံကြရ၊ ထောင်ကျကြရ၊ ပြည်ပထွက်ပြေးကြရတယ်။ အခုလို အမှုမျိုးမှာလည်း ဆရာဝန်တွေအမျိုးမျိုးရှိနိုင်တယ်။ ဒါပေမယ့် ဆရာဝန်တိုင်းကတော့ သောနုတ္တိုရ်ဟုတ်ပါ။

PEM ရောဂါမှာ AIDS လိုပဲ သေစေတဲ့ရောဂါတခုကြောင့်သာ သေရတယ်။ PEM ရောဂါသည်ကလေးမလေးဟာ အဓမ္မ (မုဒိန်း) ကျင့်ခံရလို့သာ အသေစောတာလို့ ရှေ့နေကလျှောက်လဲနိုင်တယ်။ ဒါပေမယ့့်။ တရားရေးစနစ်အတွက် မဲပေးကြပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Hepatitis C prevention (စီ) ပိုး ကာကွယ်နည်း


၁။ မင်္ဂလာပါဆရာ။ အသည်းရောင် စီပိုးနဲ့ ပတ်သက်ပြီး ကူးစက်နိုင် ပုံမှာကွဲလွဲမှုတွေ့ ရလို့ပါခင်ဗျာ။ ဘယ်ဟာက အမှန်လဲ ဆရာ။ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်းမှကူးနိုင်တယ်နဲ့ မကူးနိုင်ဆိုတာပါဆရာ။ (ဆခရင်ရှော့တွေ ပို့ပေးတယ်။ အဲတာတွေက ကျွန်တော်ရေးတာ မဟုတ်ပါ။)

၂။ အရင်ဆုံးကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်မယောက်ခမပါ။ အသက်က 52 ရှိပါပြီ။ AIDS ကလွန်ခဲ့တဲ့ ဆယ်နှစ်ထဲက ရှိပါတယ်။ ပြီးခဲ့တဲ့ငါးလလောက်ကမှ အသဲခြောက်ပြီး စီပိုးဖြစ်နေတယ်လို့သိရပါတယ်။ ဝမ်းလဲခဏခဏ လျောပါတယ်။ ပြီခဲ့တဲ့လက သွေးအန်ပြီး သွေးဝမ်းတွေသွားလို့ ဆေးရုံတင်လိုက်ပါတယ်။ ဆရာကတော့ အသဲတော်တော်ခြောက်နေပြီလို့ ပြောတယ်ရှင့်။ လူကတော့ပိန်တာလေးဖြစ်နေပါပြီကျွန်မက ကလေးရှိတော့ ဘယ်လိုကူးစက်တတ်လဲသိချင်လို့ပါရှင့်။

၃။ ဆရာရှင့် ဦးလေးက စီပိုးရှိပြီး၊ အဖွားကဘီပိုးဖြစ်နေလို့ပါရှင့်။ အတူနေသူတွေပါ ကူးလားလို့ သိချင်လို့ပါ။

• (စီ) ပိုးကာကွယ်ဆေး မရှိသေးပါ။
• သွေးမစစ်ဘဲ သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။
• လိင်ဆက်ဆံရာကနေမကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေက မများပါ။ သုတေသနတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ (၁) လိင်ဆက်ဆံဘက် များသူတွေ၊ (၂) ဆက်ဆံဘက်မှာ တခြားလိင်ကတဆင့် ကူးစက်ရောဂါ တခုခုရှိနေရင်၊ (၃) လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ကူးစက်ဘို့ အခွင့်အလမ်းပိုမယ်။
• မူးယစ်ဆေးသုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲကပစ္စည်းသွင်းနေရသူတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာ လက်ခံရသူတွေ၊ ကျောက်ကပ် ဆေးနေရသူတွေ၊ ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ၊
• (စီ) ပိုးရှိတဲ့မအေကနေကလေးကို ၄-၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ (စီ) ပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ) ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။
• (စီ) ပိုး ရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်နေတယ်။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။
• စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်းမလှူရပါ၊ သုတ်ပိုးမလှူရပါ။
• ပိုးရှိနေသူချက်ပြုတ်တာစားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာချေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေမကူးပါ။ တအိမ်ထဲအတူနေသူတွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ် ဆိုတာလဲ သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲ နုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နုတ်ခပ်ချင်းစုပ်တာနဲ့လဲ မကူးပါ။ ရေအတူသောက်လဲ မကူးပါ။ ခြင်နဲ့ အင်းဆက်ပိုးတွေကနေကူးစက်တာမတွေ့သေးပါ။

ပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ
• သွေးစစ်လို့ စီပိုးတွေ့ပေမဲ့ ၇ဝ-၈ဝ% မှာဘာမှ မခံစားရသလိုရှိနေမယ်။ ခံစားရသူတွေမှာလဲဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံး ဝါ၊ ရက်တိုရောဂါလက္ခဏာတွေဟာကူးစက်ပိုးဝင်လာခဲ့တဲ့နောက် ၆-၇ ပါတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပါတ်ကနေ ၆ လ လဲ ကြာနိုင်တယ်။
• သူတို့အထဲက ၆ဝ-၈၅% က နာတာရှည် ဖြစ်လာရင်လဲရောဂါလက္ခဏာတွေဟာရှိသူတွေမှာသာရှိမယ်။ သူ့အသည်းက ပျက်စီးစပြုလာမယ်။ နှစ်တွေကြာမှလဲ ဖြစ်နိုင်တယ်။
• နာတာရှည် Chronic Hepatitis C ဆိုတာဆိုးဝါးတဲ့ရောဂါတခု ဖြစ်တယ်။
• ၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း Cirrhosis အသည်းခြောက်တာ ဖြစ်လာနိုင်တယ်။
• ၁-၅% ဟာ Cirrhosis အသည်းခြောက်တာဒါမှမဟုတ် Liver cancer အသည်းကင်ဆာကြောင့် သေဆုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မျက်ရစ်ဖော်တာနဲ့ပတ်သတ်ပြီး သိကောင်းစရာ


၁။ မျက်ရစ်ဖော် ခွဲစိတ်မှူရဲ့ သမိုင်းကြောင်း။
မျက်ရစ်ဖော် ခွဲစိတ်မှူကို ၁၈၉၆ ခုနှစ်မှာ ဂျပန်နိုင်ငံက ခွဲစိတ်ဆရာဝန် Dr. Mikamo က Suture Technique နဲ့ ပထမဆုံး စတင်ပြုလုဎ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း Incision Technique ဆိုပြီး Technique အသစ်ကို ဂျပန်နိုင်ငံက Dr. Maruo က ၁၉၂၉ ခုနှစ်မှာ စတင်ပြုလုဎ်ခဲ့ပါတယ်။ အဲ့ဒီနောက် Multiple suture technique, dots technique နှင့် တခြားနည်းစနစ်တွေကိုပါ စတင်တီထွင် အသုံးပြုလာပါတယ်။ ယနေ့ဆိုရင် မျက်ရစ်ဖော် ခွဲစိတ်မှူဟာ အာရှနိုင်ငံတွေမှာ အလွန်ခေတ်စားလာပါပြီ။ ဥရောပနဲ့အမေရီးကားမှာတော့ လူတော်တော်များများဟာ မျက်ရစ်ပါကြတော့ အာရှနိုင်ငံတွေမှာသုံးတဲ့ Technique တွေထက်စာရင် Skin Removal Technique ဆိုပြီး မျက်ခွံအရေပြားတွဲကျတာကိုပြင်တာ မျိုးကိုပြုလုဎ်ကြပါတယ်။

၂။ မျက်ရစ်ဖော်ရခြင်းရဲ့ ရည်ရွယ်ချက်။
မျက်ရစ်ဖော်ရတဲ့ ရည်ရွယ်ချက် ၂ ချက်ရှိပါတယ်။ ပထမ ရည်ရွယ်ချက်ကတော့ မျက်ရစ်ရှိတာကို ကျေနေလို့၊ မျက်ရစ်ပေါ်ချင်လို့ (Cosmetic purpose) ဖြစ်ပါတယ်။ လူငယ်တွေ တော်တော်များများကတော့ Cosmetic purpose နဲ့ဖော်ကြပါတယ်။ ဒုတိယ ရည်ရွယ်ချက်ကတော့ မျက်ခွံတွဲကျပြီး မျက်စိအထိဖုံးပြီး မတွဲကျလာအောင် (Preventive purpose) ဆိုပြီး အသက် ကြီးတဲ့လူတွေ ဖော်ကြပါတယ်။ တချို့သော မွေးရာပါ မျက်ရစ်မညီတဲ့လူတွေလည်း မျက်ရစ်ဖော်ကြပါတယ်။

၃။ မျက်ရစ်ကိုဘယ်လိုဖော်လဲ။
မျက်ရစ်ဖော်နည်းတွေ အများကြီးရှိပါတယ်။ ဘယ် Technique ဖြစ်ဖြစ် အလွယ်တကူနားလည်အောင် ပြောရရင်တော့ မျက်စိအပိတ်အဖွင့်လုဎ်တဲ့ကြွက်သားအလွှာ (Levator Aponeurosis) နဲ့ အရေပြားအတွင်းလွှာ (Dermis) ကို အပ်ခြည်နဲ့သေချာခြည်ခြင်းဖြင့် မျက်ရစ်ဖော်လာပါတယ်။ အများအားဖြင့် ထုံဆေးသာ သုံးပေမဲ့ တချို့ဆရာဝန်အနည်းစုကတော့ ထုံးဆေးရော Sedation ခေါ် အိပ်ဆေးပါသုံးကြပါတယ်။ ကြာချိန်ကတော့ မိနစ်၃၀ ကနေ ၄၅မိနစ် အထိကြာနိုင်ပါတယ်။

၎။ မျက်ရစ်ဖော်တာက အကြီးစား ခွဲစိတ်မှုလား၊ အသေးစား ခွဲစိတ်မှုလား။
မျက်ရစ်ဖော် ခွဲစိတ်မှုဟာ (minor surgery) အသေးစားခွဲစိတ်မှု တခုဖြစ်ပြီး ခွဲစိတ်မှုကို သန့်ရှင်းပြီး ပိုးသတ်ထားတဲ့ ခွဲစိတ်ခန်းလေး ထဲမှာလုဎ်လေ့ ရှိပါတယ်။

၅။ မျက်ရစ်ဖော် ခွဲစိတ်နေတုန်းမှာ နာလား။
ထုံးဆေး ထိုးတဲ့ အခိုက် ၁ ချက်သာ အနည်းငယ် နာကျင်တတ်ပေမယ့် တခြားအချိန်တွေကတော့ လုံးဝမနာပါဘူး။

၆။ မျက်ရစ်ဖော်တာနဲ့ပတ်သက်ပြီး ဘာတွေစိုးရိမ်စရာ ဘေးထွက်ဆိုးကျိုးတွေရှိလဲ။
မျက်ရစ်ဖော်တာက အသေးစားခွဲစိတ် မှူလေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းပါတယ်။ သို့သော်လည်း မည်သည့်ခွဲစိတ်မှူမဆို ဘေးထွက်ဆိုးကျိုး ရှိပါတယ်။
(က) မျက်ရစ်ဖော်ပြီးခါစ ၂၄ နာရီ အတွင်း အနည်းငယ် နာကျင်ကိုက်ခဲတတ်ပါတယ်။
(ခ) မျက်ရစ်ဖော်ပြီး ၃ ရက် အတွင်း မျက်စိပတ်ဝန်းကျင်မှာ ရောင်နေတတ်ပါတယ်။
(ဂ) တချို့သောသူများတွင် မျက်စိပတ်ဝန်းကျင်မှာ အနီရောင်၊ ပန်းရောင် အကွက်များ ပေါ်နေတတ်ပြီး ၁ ပတ်လောက်နေမှ အားလုံးပျောက်သွားတတ်ပါတယ်။
(ဃ) တချို့သောသူများတွင် မျက်ရေများ ခဏခဏ ကျတတ်ပါတယ်။
(င) တချို့သောသူများတွင် ကာလတို (၁ ပတ်မှ ၁၀ ရက်ခန့်) အမြင်အာရုံ ဝါးပြီးအားနည်းသလိုခံစားရတတ်ပါတယ်။
(စ) ဘယ်ဘက်မျက်ရစ် နှင့် ညာဘက်မျက်ရစ် မညီဖြစ်ခြင်း။
(ဆ) ပိုးဝင်ကာ အမာရွတ် ကျန်ခြင်း (အလွန်ရှားပါသည်)။

၇။ မျက်ရစ်ဖော်ခွဲစိတ်မှူ ခံယူပြီး လိုက်နာသိရှိထားရမည့် အချက်များ
(က) မျက်ရစ်ဖော်ပြီး ၂၄ နာရီးအတွင်း ရေခဲကပ်ပေးပါ။ ၁နာရီ ၁ကြိမ်ကပ်ပါ။ ၁ ကြိမ်ကပ်ပါက ၁၅ မိနစ်ခန့် ကပ်ပါ။ ရေခဲထုပ်ဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက် မကပ်ရ။ ပိုးသတ်ထားပြီး သန့်ရှင်းသော အဝတ် အား ချုပ်ရိုးပေါ်တွင်ခံပြီးမှ ရေခဲ ကပ်ရပါမည်။
(ခ) မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုပ်ပါနှင့်။ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူပါ။
(ဂ) မျက်ရစ်ဖော်ပြီး ၂၄ နာရီကျော်ပါက ရေချိုးနိုင်ပါသည်။ သို့သော် ရေချိုးပြီးပါက မျက်နှာအား တတ်နိုင်ပါက ရေကြာကြာမထိပါနှင့်။
(ဃ) မျက်ရစ်ဖော်ပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားပါ။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်၍ အိပ်ပါ။
(င) အနာမကျပ်ခင် ၅ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကျင်ပါ။
(စ) ချုပ်ရိုးမဖြည်ခင် ၅ ရက်အတွင်း မနက်၁ကြိမ် ည၁ကြိမ် Hydrogen peroxide solution ကို ပေါင်းတင်ထားသော ဂွန်း ဖြင့် စိမ်၍ ချုပ်ရိုးနေရာအား ဆေးကြောပါ။ ဆေးကြောပြီးပါက ချုပ်ရိုးနေရာအား Anti-biotic ointment လိမ်းပါ။
(ဆ) ချုပ်ရိုးမဖြည်ခင် အပြင်ထွက်ရမည်ဆိုပါက နေကာမျက်မှန် တပ်ပြီးမှ ထွက်ပါ။
(ဇ) ၇ ရက်မြောက်နေ့တွင် ချုပ်ရိုးဖြည်ပါမည်။ သို့သော် မျက်ရစ်ဖော်ပြီး ၂ ပတ်အတွင်း မျက်ကပ်မှန်၊ Eye liner နှင့် Eye make-up မလိမ်းပါနှင့်။
(ဈ) လူတဦးနှင့်တဦး၏ အနာကျပ်အားကောင်းမှူပေါ်တွင် မူတည်ပြီး ကွဲပြားမှူရှိတတ်ပါသည်။ တချို့သောသူများသည် မျက်ရစ်ဖော်ပြီး ၃ ရက်၊ ၄ ရက် အထိ မျက်စိဝန်းကျင်တွင် အနီရောင် သို့မဟုတ် ပန်းနုရောင် အကွက်ကြီးငယ်များ ပေါ်လေ့ရှိပါသည်။ ဤသည်မှာ ပုံမှန်ဖြစ်ပါသည်။
(ည) ချုပ်ရိုးမဖြည်ခင် ခွဲကြောင်းနေရာအား လက်ဖြင့်ထိခြင်း၊ ချုပ်ရိုးအားဖြဲကြည့်ခြင်း၊ ချုပ်ရိုးပေါ်တွင် တိုင်းရင်းဆေးလူးခြင်း လုံးဝမလုဎ်ရ။
(ဋ) အကာင်းဆုံး ရလဒ် Final Result သည် ၂ ပတ် မှ ၁ လကျော် ခန့်မှ စတင်သိရှိနိုင်ပေလိမ့်မည်။

၈။ မျက်ရစ်ဖော်ပြီး ဘယ်လောက်ကြာကြာခံသလဲ။
မျက်ရစ်ဖော်တဲ့ Technique ပေါ်မှာမူတည်ပါတယ်။ Suture Technique ဆိုရင်တော့ ၁ နှစ် ကနေ ၂ နှစ်၊ တခါတလေ ၅ နှစ်ကြော်အထိ ခံတတ်ပါတယ်။ Incision Technique ဆိုရင်တော့ ၁၅ နှစ်ကြော် (အမြဲ) ခံပါတယ်။ လူနာရဲ့ အသက်၊ အရေပြားအထူအပါး၊ အရေပြား တင်းရင်းမှူ၊ မျက်ခွံအတွင်းရှိတဲ့အဆီ ပမာဏ စတဲ့ အချက်အလက်တွေပေါ်မှာလည်း မူတည်ပါတယ်။

Dr. Kyi Chan Ko
M.B.,B.S (UMM, Mdy),
Ph.D (TMDU, Tokyo),
Member of Japanese Society of Aesthetic Dermatology,
Member of Japanese Society of Aesthetic Surgery.
Health Guide
https://www.facebook.com/mmhealthguide/

အော်တစ်ဇင်ဆိုသည်မှာ


အော်တစ်ဇင်ဆိုတာဘယ်လိုမျိုးလည်းဆိုတာကို ရှင်းပြပေးပါဦးဆရာ။
အော်တစ်ဇင်ဆိုတာ ဖွံ့ဖြိုးမှုပုံမှန်မဟုတ်တာ၊ အာရုံကြောဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်းကြောင့် စွမ်းဆောင် ရည်အချို့အားနည်းပြီး ဘ၀တလျှောက်လုံး အသက်ရှင်နေထိုင်နေရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အထူး သဖြင့် ဒီကလေးတွေမှာ နယ်ပယ်သုံးခုလို့ခေါ်တဲ့ စွမ်းရည်သုံးခုမှာ အားနည်းပါတယ်။ နံပါတ်တစ်ကတော့ လူမှု ဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေးနဲ့ တတိယကတော့ အမူအကျင့်တွေပါ။ ထပ်ခါတလဲလဲတူညီတဲ့ အမူ အကျင့်တွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

#အော်တစ်ဇင်ဖြစ်ရတဲ့ အကြောင်းအရင်းမှာ တခြားအကြောင်းတွေနဲ့ ဆက်စပ်နေတာမျိုးကောရှိပါလားဆရာ။

အော်ဒီဇင်ဖြစ်ရတဲ့အကြောင်းကို အခုချိန်ထိ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိကျခိုင်လုံအောင်ပြော ပြနိုင်တဲ့သက်သေ မရှိသေးပါဘူး။ အော်တစ်ဇင်ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာတွေပဲရှိပါတယ်။ အဲဒီထဲမှာမှ မိဘမျိုးရိုးနဲ့လည်းဆိုင်တယ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့လည်းဆိုင်တယ်။ အဲဒီနှစ်ချက်ကတော့ အဓိကဖြစ်နေ တာတွေ့ရတယ်။ အဲဒါလည်း ၁၀၀ ရာခိုင်နှုန်း ပြောလို့မရသေးပါဘူး။

#အော်ဒီဇင်ကလေးတွေဟာ ၀က်သက်ကာကွယ်ဆေးနဲ့ ပတ်သကနေတယ်ဆိုတာဟုတ်ပါသလားဆရာ။

အဲဒါတော့မဟုတ်ပါဘူး။ မဟုတ်ဘူးဆိုတာက ဟိုးအရင် ၁၉၉၈ လောက်က ဆရာဝန်တစ်ယောက်က နေပြီး ကလေး ၁၂ယောက်မှာ စာတမ်းလေးတစ်ခုလုပ်လိုက်တယ်။ ဒီစာတမ်းကလည်း တကယ့် တကယ်တော့ သုတေသနလုပ်ရမယ့်နည်းစနစ်တွေနဲ့ မကိုက်ညီတဲ့စစ်တမ်းဖြစ်နေတယ်။ အဲဒီစာတမ်းမှာ သူက ကောက်ချက် ကလေးတစ်ခုထုတ်လိုက်တယ်။ ၀က်သက်ကာကွယ်ဆေးထိုးခြင်းဖြင့် အော်တစ်ဇင်ဖြစ်တယ်လို့။ အဲဒါကို Lancet ဂျာနယ်ထဲကို ထည့်လိုက်တယ်။ သူလုပ်တဲ့သုတေသနသေးပေမယ့်လည်း ခေတ်စကားနဲ့ပြောရရင် ပေါက်သွားတာပေါ့။ တစ်ကမ္ဘာလုံးကနေ အဲဒါကိုစိတ်ဝင်စားပြီး အုတ်အော်သောင်းနင်းဖြစ်တာပေါ့။ အဲဒီ ခေတ်တုန်းက သုတေသနပေါင်းများစွာလုပ်ပါတယ်။ ထပ်လုပ် ထပ်လုပ်တော့နောက်ပိုင်း သုတေသန အကြီးကြီးတွေလုပ်တဲ့အချိန်မှာ အော်တစ်ဇင်ဖြစ်တာနဲ့ ကာကွယ်ဆေးနဲ့ ဘာမှပတ်သက်မှု မရှိဘူးဆိုတာကို ကြေငြာနိုင်တယ်။ ကြေငြာတဲ့အပြင် ဒီဆောင်းပါးထည့်ခဲ့တဲ့ဂျာနယ်ကိုယ်တိုင်ကလည်း သူတို့ထည့်ခဲ့တာမှားပါ တယ်ဆိုပြီးတော့ ပြန်ရုတ်သိမ်းသွားပါတယ်။ အဲဒါကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်လွှတ်တော်မှာ နောက် တစ်ယောက်ကနေထပြီး ဆွေးနွေးသေးတယ်။ အမတ်တစ်ယောက်ကပဲဆွေးနွေးပြီး ကျန်တဲ့လူတွေက အဲဒီ အယူအဆကို လက်မခံနိုင်တဲ့အတွက် ဆက်လက်မဆွေးနွေးပါဘူး။ အဲဒါကြောင့်မို့ ဒီအော်တစ်ဇင် ဖြစ်တာနဲ့ ကာကွယ်ဆေးနဲ့က ဘာမှသက်ဆိုင်မှုမရှိပါဘူး။

#ကိုယ့်ကလေးက အော်ဒီဇင်ဖြစ်မဖြစ်ဘယ်လိုသိနိုင်မလဲ။

အော်ဒီဇင်ဖြစ်မဖြစ်ကို သွေးစစ်တာတို့၊ ဓါတ်မှန်ရိုက်တာတို့၊ ဆီး၊ ဓာတ်မှန် MRI တို့ ဒီလိုနဲ့မသိနိုင် ပါဘူး။ အော်တစ်ဇင်ဖြစ်တာတော့ သူ့အတွက် ဆန်းစစ်တဲ့မေးခွန်းလေးတွေရှိပါတယ်။ အဲဒါကို Team Approach system နဲ့သွားရပါတယ်။ အဖွဲ့နဲ့စစ်ရပါတယ်။ အဲဒီအဖွဲ့ထဲမှာတော့ ကလေးကျန်းမာရေးအဖွဲ့ ကလေး ဦးနှောက်အာရုံကြောဆိုင်ရာ ပညာရှင်ပါတယ်။ အလုပ်ပေးကုထုံးပညာရှင်တွေပါတယ်၊ speech therapish ပါရတယ်၊ ENT Surgeon တွေပါရတယ်၊ Psychologist တွေပါရတယ်ပေါ့ အများကြီးပါပဲ။ သူက ချက်ချင်းလည်း ဆုံးဖြတ်လို့မရဘူး။ ဒီကလေးကို အချိန်တော်တော်ကြာ လနဲ့ချီပြီးစောင့်ကြည့်ပြီးမှပဲ ဒီကလေး က အော်တစ်ဇင်ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို အော်တစ်ဇင်ရောဂါစုထဲမှာ ဖြစ်နိုင်တယ်ဆိုပြီး ကောက် ချက်ချရပါတယ်။

#မိမိတို့ကလေးဟာ အော်တစ်ဇင်ဖြစ်ပြီဆိုရင် ဘယ်လိုအဖွဲ့အစည်းနဲ့ဆက်သွယ်ပြီး ဘယ်လိုများဆောင်ရွက်ရပါ မလဲဆရာ။

အော်တစ်ဇင်ဖြစ်မှန်းသိပြီဆိုရင် ဆရာတို့မြန်မာနိုင်ငံမှာတော့ မြန်မာအော်တစ်ဇင်အသင်းကို ဆက် သွယ်လို့ရပါတယ်။ ၀က်ဘ်ဆိုက်လည်းတင်ထားတယ်။ Facebook လည်းဆက်သွယ်လို့ရပါတယ်။ တခြားအနေ နဲ့ ကလေးအထူးကုဆရာဝန်နဲ့ ဆက်သွယ်လို့ရပါတယ်။ နောက်ပြီး New Life Foundation ရှိတယ်။ ပုဂ္ဂလိက အထူးစောင့်ရှောက်မှု လိုအပ်တဲ့ကလေးတွေအတွက် ဖွင့်ထားတဲ့ ကျောင်းတွေရှိပါတယ်။ နောက်လူမှုဝန်ထမ်း ဦးစီးဌာနတို့၊ မသန်စွမ်းသက်ငယ်ကျောင်းတို့ အဲဒီတို့ကို ဆက်သွယ်လို့ရပါတယ်။

#အော်တစ်ဇင်ကလေးတွေရဲ့ မိဘတွေနဲ့ပတ်သက်ပြီး အသိပေးချင်တာများ ရှိရင်လည်းပြောပြပေးပါဦး။

အခုနောက်ပိုင်းမှာ အော်တစ်ဇင်ကလေးတွေ ဖြစ်ပွားနှုန်းကများလာတယ်။ များလာတာက တကယ် များလာတာလဲဖြစ်နိုင်သလို မိဘတွေကော ဆရာဝန်ဆရာမတွေကော ပြည်သူလူထုတွေကော ဒါနဲ့ပတ်သက်ပြီး အသိဉာဏ်ပိုရှိလာတာလည်း များလာတာပါပါတယ်။ နောက်ပြီး ဆန်းစစ်ပုံ ဆန်းစစ်နည်းတွေလည်း ပိုပြီးတော့ ကောင်းမွန်လာတဲ့အတွက် အသုံးများလာတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အော်တစ်ဇင်ဖြစ်လာ ပြီဆိုရင် ရှက်စရာ ကြောက်စရာမလိုဘူး။ အားငယ်စရာလည်းမလိုဘူး။ စောစောသိပြီး မှန်ကန်တဲ့လေ့ကျင့် ကုသမှုရဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့်မို့ မိဘတွေအနေနဲ့ကတော့ ကိုယ့်ကလေး အော်တစ်ဇင် ဖြစ်ရင် စိတ်ပျက်အားငယ်တာတော့ ဖြစ်တာပေါ့နော်။ အဲဒီစိတ်ပျက် အားငယ်တာနဲ့ ရပ်မသွားဘဲနဲ့ ဒီကလေးကို ဆက် လက်ပျိုးထောင်ဖို့နဲ့ စိတ်ဓာတ်ခွန်အားတွေထားကြပါ။ လိုအပ်တဲ့အကူအညီရှိရင်လည်း ကျွန်တော်တို့မြန်မာ အော်တစ်ဇင်အသင်းကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။

Health Guide
ဒေါက်တာမြင့်လွင်
Dicetor of Autism Association
https://www.facebook.com/mmhealthguide

ခေါင်းကိုက်ခြင်း(headache) အကြောင်းသိကောင်းစရာ


လူနာတစ်ယောက်ရောက်လာပြီး ဆရာ ကျွန်တော်ခေါင်းကိုက်နေပါတယ်လို့ ပြောပြီးတာနဲ့  ရပြီး ဆေးကုတော့မယ်လို့ ထင်မိကြပါတယ် တကယ်တမ်းကျ လူနာပြောလာသည့် ခေါင်းကိုက်ခြင်း၏ နောက်ဆက်တွဲမေးမြန်းစရာများစွာရှိလာပါတယ် ။တစ်ချို့  မသိသူတွေက ဒါလေးများ ဒါလေးသောက်ပျောက်ပါတယ် လို့ ပြောကြသည့်လူ များစွာရှိသလို့ လုပ်ဆောင်ကြသူ သူတွေလဲ မနည်းပါ ။

မပေါ့သင့်သော ဦးခေါင်းပိုင်းဖြစ်နေတာကို မေ့လျော့မနေသင့်ပါဘူး ဒါကြောင့် ခေါင်းကိုက်တယ်ဆိုရင်တော့ မေးခွန်းများစွာမေးရခြင်းသည့် ကာယကံရှင်လူနာအတွက်ပါ တစ်ချို့ က လက်မခံတာကို တွေ့ ကြုံရပါတယ် ။ဘယ်သူအတွက်ဆိုတာ စဉ်းစားစေချင်ပါတယ် ။

သာမန်ခေါင်းကိုက်နေခြင်းလား ပြင်းထန်စွာကိုက်ခဲပြီး အသက်အန္တရာယ်ကိုထိခိုက်စေနိုင်လား ဆိုသည့်အတွက်ကြောင့် မေးခွန်းများစွာ အသေးစိတ်မေးမြန်း သိရှိလိုအပ်ပါတယ် ။

အခုခေတ်က ဆေးဝယ်ရတာလဲ လွယ်ကူတယ် မီဒီယာတွေအများစုတွင် ဒါလေးသောက်လိုက် ချက်ခြင်းပျောက် ၊ မော်ဒယ်မမတွေက ဒါလေးကိုဆောင်ထား အစရှိသည့် ဆေးကြော်ငြာလေးတွေက လူအတိုင်းပါးစပ်ဖျားမှာ ဒါလေးကိုဆောင်ထား ဝယ်သောက်လိုက်တော့ ခဏတာတော့ အစဉ်ပြေပျောက်နိုင်ပေမဲ့ သူရဲ့  ဘေးထွက်ဆိုးကျိုးကိုတော့ မမြင်မိတော့ ရေရှည်မှာ အန္တရာယ်တွေသာ လာပါမည်ဆိုတာ မသိဘဲ အလွယ်တကူဝယ်သောက် ဒုက္ခရောက်မယ်ဆိုတာကိုတော့ သိရှိစေလိုပါသည်။

ဦးခေါင်းတစ်ခုလုံးကိုက်ခဲနေခြင်းကို ခေါင်းကိုက်ခြင်း(headache) လို့ ခေါ်ဝေါသတ်မှတ်ပါတယ် ခေါင်းပိုင်းကလေ လည်ပင်းအထိကိုက်ခဲလာခြင်းလည်း ဖြစ်တက်ပါတယ် အဲလိုဖြစ်ပျက်တာကို ခေါင်းကိုက်ခြင်းလို့ ဘဲ သိထားရပါမယ် ။
လူတစ်ယောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့်အရာက ဦးနှောက် ( Brain ) ပါ ဦးနှောက်ဟာ အလွန်ပင် နုနယ်သိမ့်မွေသည့်အတွက် ထိခိုက်နိုင်ခြင်းမရှိအောင် မာကြောသော Skull ဦးခေါင်းရိုး ဖြင့် ဖုံးအုပ်ပေးထားရပါတယ် ။
ဒီလိုနုညံ့သော ဦးနှောက်တွင် ခံစားမှု့ ပေါင်းစုံရှိပြီး ထိန်းသိမ်းနေရသည့်အတွက် တခါတရံ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်လာတက်သလို့  သောက်နေသည့် ဆေးဝါးများကြောင့်ဖြစ်တက်ပြီး ဦးခေါင်းထိခိုက်မှု့ ကြောင့်လည်း ဖြစ်ပေါ်လာပါတယ် ။

သင်သည် ခေါင်းကိုက်ခြင်းကိုပြင်းထန်စွာနာကျင်ကိုက်ခဲနေခြင်း ၊
ရက်ပိုင်းခြားတိုးပြီး ကိုက်ခဲလာနေခြင်း ၊ မကိုက်ခဲမှီ အန်လာခြင်း ၊ ကိုက်ခဲခြင်းများနှင့်အတူ ကိုယ်ခန္ဓာလေးလံထိုင်းမှိုင်းလားနေခြင်း ၊ အဖျားဝေဒနာနှင့် တွဲပြီး ရက်ရှည်ကိုက်ခဲလာခြင်း ၊ မိမိ အိပ်စက်ခြင်း မပြု့ မိ ဦးခေါင်းကိုက်ခဲနေခြင်း ၊ မိမိ အိပ်ယာထနိုးစက်သောလဲ ခေါင်းကိုက်ခဲနေခြင်းနှင့်အတူ ရက်ရည်ကိုက်ခဲခြင်း တိုးလာခဲ့ပါက မိမိဘာသာ သက်သာသော ဆေးဝါးများသောက်သုံးခြင်း မပြု့ လုပ်ဘဲ ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ဖြင့် အစောအလျင်ပြသသင့်ပါကြောင့် ခေါင်းကိုက်ခြင်း၏ နောက်ဆက်တွဲ ဝေဒနာများ တိုးပွားလာမှု့ မဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

နေလောင်ဒဏ်ခံရသော အသားအရေတွက်


အသားအရေဟာ နေဒဏ်ကို ထပ်ခါတလဲလဲ ထိတွေ့ရဖန်များတဲ့အခါ အသားအရေ ထိခိုက်ပျက်စီး စေနိုင်ပါတယ်။ အသားအရေ ကျန်းမာလှပစေဖို့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီးစတာတွေ စားပေးပါ။

နေ့စဉ် အစားအသောက်ထဲမှာ အင်တီအောက်ဆီဒင့် ပါဝင်တဲ့ အသီးအနှံတွေ ထည့်စားပေးရင် အရေပြား ထိခိုက်ပျက်စီးမှုကနေ ပြန်လည် ကောင်းမွန်လာစေပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

Eating Habit (1) အမေရိကန်ဆရာဝန်တယောက်နဲ့ အင်တာဗျူး


မေး။ နှလုံးရောဂါရှိတဲ့လူတွေ လေ့ကျင့်ခန်းလုပ်ရင် အသက်ရှည်တယ်ဆိုတာ ကြားဘူးပါတယ်ဆရာ။

ဆရာဝန်။ နှလုံးဆိုတာ အမြဲတန်းခုန်နေရတာမို့ သူခုန်ရမှာထက်ပိုအခုန်ခိုင်းရင် ပစ္စည်းများလိုဘဲ ကြာကြာသုံးလေ ပွန်းလေ ဟောင်းလေ မဟုတ်လားဗျာ။ သူ့ကို ထပ်ခုန်အောင် လုပ်ခိုင်းတာဟာ ကားကို ကားသက်ရှည်အောင် အမြန်မောင်းသလိုဘဲ။ လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်မနေပါနဲ့၊ အိပ်သာနေပါဗျာ။

မေး။ ကျွန်တော် အသားလျော့ပြီး၊ အသီးအနှံပိုစားရင် ကောင်းမလားဆရာ။

ဆရာဝန်။ ဒီလိုတည့်တည့်စဉ်းစားကြည့်ဗျာ။ နွားတွေဘာစားလဲ မြက်တို့၊ ပြောင်းတို့စားတာမဟုတ်လား။ အဲတာတွေကကော ဘာတွေလဲ။ အသီးအနှံတွေလေ။ ဒါ့ကြောင်း အမဲသား(စတိခ်)ဟာ ခင်ဗျားကိုယ်ခန္ဓာအတွက် အသီးအနှံတွေကို ထိထိရောက်ရောက် ပြောင်းပေးထားလိုက်ပြီးသားဗျ။ အစေ့အဆံလိုသလား။ ကြက်သားစားဗျာ။ အမဲသားဟာ အရွက်ကြော်ကောင်းတခွက်ဘဲ။ ဝက်သားစဉ်းကောကနေ ခင်ဗျာ့အတွက် အသီးအရွက်လိုအပ်ချက် ရာနုန်းပြည့်ရပါတယ်။

မေး။ ကျွန်တော် အရက်လျော့သောက်ရမလား။

ဆရာဝန်။ လုပ်မနေပါနဲ့။ ဝိုင်ဆိုတာ အသီးအနှံကနေလုပ်တာ။ ဘရန်ဒီကလဲ ဝိုင်ကိုချက်တာ။ တိတိကျကျပြောရင် သူ့ထဲကနေ ရေထုတ်လိုက်တာလေ။ ဒီတော့ ပိုမကောင်းပါလား။ ဘီယာကရော အစေ့အဆံကနေလုပ်တာ။ ဒီတော့ သောက်တာသောက်ပါ ကိုယ့်လူရာ။

မေး။ ကျွန်တော့်ကိုယ်အလေးချိန်နဲ့ အဆီအချိုးကို ဘယ်လိုတွက်ရမလဲ။

ဆရာဝန်။ ခင်ဗျားမှာ ကိုယ်ခန္ဓာရှိရင် အဆီရှိမှာဘဲ။ တကိုယ်ထဲရှိတော့ တစ်အချိုး တစ်ပေါ့။ နှစ်ကိုယ်ရှိရင်တော့ တစ်အချိုး နှစ်။

မေး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ရတဲ့ အကျိုးကျေးဇူးတွေ ပြောပါအုံး။

ဆရာဝန်။ တခုမှ စဉ်းစားမရဘူးဗျ။ ကျွန်တော့ ဖီလော်ဆော်ဖီကတော့ ကိုယ့်အသားအနာမခံရေးဘဲ။

မေး။ ကြော်ထားတဲ့အစားတွေက ဘယ်လိုဆိုးကျိုးပေးပါသလဲ။

ဆရာဝန်။ ခင်ဗျား ကျွန်တော်ပြောတာ နားထောင်မှ မနေဘဲ။ ကနေ့ကာလမှာ အစားအစာမှန်သမျှ အသီးအနှံဆီနဲ့ ကြော်တာတွေချည်းဘဲ။ ဟုတ်ပါတယ်။ အစားအစာတွေထဲ ဆီကစိမ့်ဝင်တာပေါ့။ ဒီတော့ အသီးအနှံတွေများများဝင်တာ ခင်ဗျားအတွက် ဆိုးမတဲ့လားဗျာ။

မေး။ ထိုင်-ထ လုပ်တာကြောင့် ခါးကျပါသလား။

ဆရာဝန်။ မဟုတ်ရေးချ မဟုတ်။ ကြွက်သားဆိုတာ လေ့ကျင့်ခန်းလုပ်လေ ကြီးလေမဟုတ်လား။ ခင်ဗျား ဗိုက်ထွက်ချင်ရင်တော့ ထိုင်ထလုပ်ပေါ့ဗျာ။

မေး။ ချော့ကလက်က ဘာဆိုးလဲ။

ဆရာဝန်။ ရူးနေသလား ခင်ဗျား။ ကိုကိုးကဘာလဲ၊ အသီးအစေ့ဘဲ။ အကောင်းဆုံးဗျ။ ကောင်းတာစားပြီး ကောင်းကောင်း ဇိမ်ခံပါလေ။

မေး။ ရေကူးတာ ကိုယ်ခန္ဓာလှမလား။

ဆရာဝန်။ ရေးကူးလို့ ကိုယ်ခန္ဓာအချိုးအစား လှ-မလှသိချင်ရင် ဝေလငါးကြည့်လေ။

မေး။ လူ့လိုက်ဖ်စတိုင်မှာ ကိုယ်ခန္ဓာပုံပန်းရှိဘို့ အရေးကြီးပါသလား။

ဆရာဝန်။ ဝတာကော ပုံပန်းတခုမဟုတ်ဘူးလားဗျ။ ဒါတွေကတော့ အစားအသောက်နဲ့ပတ်သက်ပြီး အယူအဆမှားတွေပေါ့ဗျာ။ တခုသတိထားပါအုံး။ လူ့ဘဝဆိုတာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်အချိုးအစားလှလှလေးနဲ့ သင်းချိုင်းကို အန္တရာယ်ကင်းကင်းရောက်အောင်သွားရမဲ့ခရီးလို့ သဘောမထားသင့်ဘူး။ လက်တဖက်မှာ ချော့ကလက်၊ တဖက်မှာ ဝိုင်ပုလင်းဆွဲ၊ ကိုယ်ခန္ဓာကိုလဲ ကျကျနနကြီး အသုံးချပြီးသကာလ၊ နောက်ဆုံး ဝူ့း၊ ဝေါင့်း ကောင်းလိုက်တာ-ကောင်းလိုက်တာလို့ ပီတိသောမနဿဖြစ်ဘို့က ပိုမကောင်းဘူးလား။

ရှိသေးတယ်။ ကိုယ်စားတာကိုယ် သတိထားနေသူများ။ သူများတွေ ဘာစားသောက်ကြလို့ ဘယ်လိုဖြစ်ပါသလဲကြည့်။
• ဂျပန်တွေဟာ အဆီနဲနဲစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• မက်ဆီကန်တွေဟာ အဆီတွေ တအားစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• တရုတ်တွေဟာ ဝိုင်နည်းနည်းသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• အီတာလျန်တွေဟာ ဝိုင်အများကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• ဂျာမန်တွေဟာ ဘီယာကို တဝကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။

ဗမာဆရာဝန်၏ ဖြည့်စွက်ချက်
ကျွန်တော် ဆရာဝန်ဖြစ်စမှာ ခင်မင်သူတွေက တခြားဆရာဝန်တွေထက် ကျွန်တော့်ဆီကိုလာပြတာ ပိုများတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုမေးရင် အရက်နည်းနည်းပါးပါး ကိစ္စမရှိပါဘူးတို့၊ အစားအသောက်လည်း အများကြီး မရှောင်ချင်နေပါ စသဖြင့် ပြောတတ်တာကို။ ကျွန်တော်ကလည်း သိနေတယ်လေ။ ဒီလူနာက အရက်ဖြတ်ပါဆို ဖြတ်မဲ့သူမှ မဟုတ်တာ။ ဆားအရှောင်ခိုင်းလည်း ငပိနဲ့ ဟင်းချိုမှုံ့တို့က ပြေးမလွတ်ဘူးမဟုတ်လား။

ဆရာဝန်လုပ်သက်ရင့်လာတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းလေးပါးကြောင့် အကောင်း-အဆိုး ဖြစ်ရတယ်ဆိုတဲ့ ကိုယ်သင်ရဘူတဲ့ဆေးကျမ်းတွေမှာ မပါတာကို ပိုပြီးလက်ခံချင်လာတယ်။ အာဟာရတခုတည်းသာ ကြည့်မယ်ဆိုရင် အမေရိကန်ဆရာဝန်ပြောတာယူပေတော့။ သူက ကျန်တဲ့အကြောင်းသုံးပါးကို ဘေးချိတ်ပြီးပြောတာ။ ကံတရားဆိုတာလည်းရှိသေးတယ်။ ဓမ္မပဒ (၁) မှာ စိတ်သာလျင် ရှေ့သွားရှိကုန်၏လို့ပါတယ်။

ဆရာဆရာမတွေက ကျောင်းသားကျောင်းသူတွေကို တချိန်တည်းမှာ အတူတူသင်ပေးတာပါ။ အောင်စာရင်းထွက်တော့ အမှတ်တွေ ဘယ်တူလို့လဲ။ အမှတ်တူသူတွေလဲ ကြီးတော့ အကျိုးပေးက တယောက်တမျိုး။ ဝင်ငွေကောင်းတာချင်း တန်းတူပေမဲ့ အသက်ရှည်တာခြင်းက မတူကြဘူး မဟုတ်ပါလား။ အသက်ကို ဉာဏ်စောင့်၊ ဥစ္စာကို ကံစောင့်။ ဉာဏ်ကောင်းကြပါစေ၊ ကံကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Furamin BC သံဓါတ်အားဆေး


၁။ ဆရာမင်္ဂလာပါရှင့်။ ကျမက ဆရာမတယောက်ပါရှင့်။ ၉တန်း ၁၀တန်း သင်ပါတယ်ရှင့်။ အခုကျောင်းမှာ မိန်းကလေးတွေကို တပတ် ၂ခါ Furamin BC တိုက်ရပါတယ်။ အဲဒါကလေးတွေက သိပ်မသောက်ကြဘူးဖြစ်နေလို့ပါရှင်။ အဲဒါ Furamin BC ရဲ့အကျိုးသက်ရောက်မှုလေးကို အနည်းငယ်ရှင်ပြပေးပါရှင့်။ ကလေးတွေကိုသေချာပြောပြချင်လို့ပါ။ အစိုးရကလည်း လိုအပ်လို့တိုက်တာ ကလေးတွေသေသေချာချာသိစေချင်လို့ပါရှင့်။ ကျေးဇူးအထူးတင်ပါတယ်ရှင့်။

အရင်ကလည်းမေးကြတယ်။ မေးခွန်းတွေထဲက နမူနာသာထည့်ပါမယ်။

၂။ ဆရာခင်ဗျာ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် သံဓာတ် (Iron) နှင့် ဖောလစ်အက်စစ် (Folic Acid) အတွက် နေ့စဉ်မည်သည့် အစာအဟာရများ စားသုံးရပါမည်လဲ။

၃။ ကျွန်တော့်ကောင်မလေးက သံဓာတ်အားဆေးလိုတယ်ဆိုလို့ ခုကြော်ငြာနေတဲ့ သံဓာတ်အားဆေး ဖယ်ရိုဗစ် သောက်လိုက်တယ်လို့ ပြောပါတယ်ဆရာ။

၎။ ဆရာရဲ့အကူအညီလိုအပ်လို့ ထပ်မံစာရေးလိုက်ရပါတယ်။ ကိုယ်ဝန်ခြောက်လအရောက်မှာ HB စစ်တာ 9.3 ပဲရှိလို့ စားဆေးတွေဖြည့်စွက်ပေးပါတယ်။ OBIMIN အားဆေးအပြင် Folic Acid, Iron tablet, Vitamin B complex တွေကို တွဲသောက်ခိုင်းပါတယ်။ ကျွန်မက Vitamin B ကိုချန်ပြီး ကျန်တာတွေသောက်ပေမဲ့ HB က တတ်မလာပါဘူး။ အပြင်ဆေးဆိုင်တွေမှာ သွေးအားတိုးဆေးရှာဝယ်ပေမဲ့လဲ Vitamin B ပါတဲ့ဆေးတွေချည်းပါပဲဆရာ။ Vitamin B မသောက်ပဲ HB တတ်အောင် ဘယ်လိုလုပ်သင့်ပါလဲဆရာ။ ကလေးအတွက်လဲအရမ်းစိုးရိမ်လို့ပါ။ နောက်ပြီး ဆရာဝန်က ကျွန်မကို သာလာဆီးမီးယား ရောဂါရှိမရှိ စစ်ဆေးမယ်လို့လဲပြောပါတယ်။ အဲဒီရောဂါအကြောင်းလဲ သိချင်ပါတယ်ဆရာ။

သံဓါတ်အားဆေးဆိုတာ လိုအပ်နေသူဟာ နေ့တိုင်းသောက်နေရတယ်။ သွေးအားနည်းရင်နည်းသလို ကြာကြာ သောက်ရတယ်။ တချို့ကို ၃ လအသောက်ခိုင်းတယ်။ ပုံမှန် အမြဲသောက်နေတာလဲ ကောင်းတယ်။ မနက် ၁ လုံး၊ ညနေ ၁ လုံး။ သောက်တယ်။ ကြာကြာသောက်ရတာမို့ ဈေးကြီးတာတွေ ကြော်ညာကောင်းတာတွေ အရေးမကြီးပါ။ အများသောက်တဲ့ဆေးမျိုး အတူတူပါဘဲ။ UNICEF ကနေ အလကားဝေတာလဲ အတူတူကောင်းပါတယ်။

မိန်းကလေးတိုင်း လိုနိုင်တယ်။ သွေးအားနည်းနေတာအတွက်ပေးတယ်။ တခြားသံဓါတ် နည်းနေတာတွေအတွက်လဲ ပေးရတယ်။ စားဆေး၊ အသာထိုးဆေးနဲ့ သွေးကြောထဲထိုးတာဆိုပြီး ၃ မျိုးရှိတယ်။ စတင်တီထွင်ခဲ့တဲ့ ပြင်သစ်ဆရာဝန်ကို ဂုဏ်ပြုပြီး ပေါ်ကာစမှာ Blaud's pills လို့ခေါ်ခဲ့တယ်။

သွေးအားနည်းတာမှာ Vitamin B12 နည်းတာနဲ့ Folate (Folic acid) နည်းတာရှိသေးတယ်။ Iron deficiency anemia သံဓါတ်နည်း သွေးအားနည်းတာကို တိတိကျကျ microcytic, hypochromic anemia သွေးနီဥသေးပြီး၊ အရောင် ဖျော့နေတာလို့ ခေါ်တယ်။

သွေးအားနည်းစေတဲ့အကြောင်းတရား (၃) ပါးရှိတယ်။
၁။ စားတဲ့အစားအသောက်မှာ နည်းနေတာ၊ ဒါမှမဟုတ် စားပေမဲ့ စားတာကို အူကနေစုပ်မယူနိုင်တာ၊
၂။ ရနေတာထက် ပိုလိုအပ်နေလို့၊
၃။ လိုတာထက်ပိုပြီးစွန့်ထုတ်နေလို့။ ဥပမာ ဒဏ်ရာ-အနာတွေကနေ သွေးယိုနေတာ၊ ရာသီဆင်းတာများနေတာ၊

သောက်ဆေးတွေ
Iron (II) sulfate ဟာ အများဆုံးလဲသုံးတယ်။ ဈေးလဲအချိုဆုံးဖြစ်တယ်။ နာမည်အမျိုးမျိုးနဲ့ ရောင်းတယ်။ တချို့ကို Gluconate, Dextran, Carbonyl iron စတဲ့ဓါတ်ဆားတွေနဲ့လဲ ရောထားတယ်။ ဗီတာမင် (စီ) နဲ့ရောထားရင် အူကနေစုပ်ယူတာ ပိုကောင်းစေတယ်။ နောက်ဆုံးလာတဲ့ မေးခွန်းပါျေူရာမင် ဘီစီ က အဲတာဖြစ်တယ်။

တချို့လူတွေက အများဆုံးသုံးတဲ့ Ferrous sulfate or Ferrous fumarate နဲ့အဆင်မပြေရင် Heme iron polypeptide (Proferrin) ဆေးကိုသုံးနိုင်တယ်။ အစာလမ်းကိုသက်ရောက်တဲ့ ဘေးထွက်ဆိုးကျိုးသက်သာစေအောင် Ferrous glycine sulfate or Ferroglycine sulfate အမျိုးအစားသုံးရမယ်။

Parenteral ထိုးဆေး
အသားဆေး၊ အကြောဆေး ၂ မျိုးရှိတယ်။ စားဆေးထက်ပိုဈေးကြီးတယ်။ ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ Ferinject အမျိုးအစားကလွဲရင် ထိုးမပေးသင့်ဘူး။ လူနာက သံဓါတ်မြန်မြန်လိုနေရင် ထိုးဆေးသုံးရမယ်။ အစာလမ်းကစုပ်ယူတာမကောင်းရင်လဲ ထိုးဆေး သုံးရမယ်။ Iron dextran (Cosmofer, DexFerrum, Infed) ထိုးဆေးကို မတည့်သူတွေရှိတယ်။ ၁ဝဝ မှာ ၁ ယောက် ဖြစ်တတ်တယ်။ Iron sucrose (Venofer) ဆိုရင် ၁ဝဝဝ မှာ ၁ ယောက် အဲလိုဖြစ်တတ်တယ်။ Iron carboxymaltose (Ferinject) ထိုးဆေးကတော့ dextran မပါလို့ ပိုစိတ်ချရတယ်။

ဘေးထွက်သက်ရောက်မှုတွေ
သောက်ဆေးကြောင့် ဝမ်းပျက်တာ၊ ဝမ်းချုပ်တာဖြစ်စေနိုင်တယ်။ ဗိုက်အောင့်တာလဲ တခို့ခံစားရတယ်။ ဆေးကို ထမင်းစားပြီးသောက်ရင် သက်သာတယ်။ ဆေးအလေးချိန်လျှော့ရင်သက်သာတယ်။ သံဓါတ်ဆေးကြောင့် ဝမ်းမဲနေမယ်။ ဘာမှကိစ္စအရှိပါ။ သံဓါတ်ဆေးရည်သောက်ရင် သွားတွေညိုတတ်တယ်။ ထိုးဆေးကနာတယ်။ ဂရုစိုက်ထိုးရတယ်။ Iron (III)-hydroxide polymaltose complex နဲ့ Iron bis-glycinate chelate တွေက Iron (II) sulfate ထက် ဘေးထွက်-ဆိုးကျိုးနည်းတယ်။

သံဓါတ်ဆေးဟာ Tetracycline, Penicillamine, Methyldopa, Levodopa, Bisphosphonates, Antacid, Alendronate, Cefdinir, Eltrombopag, Ciprofloxaci ဆေးတွေနဲ့တွဲရင် စုပ်ယူတာကိုနှေးစေနိုင်တယ်။ အစားထဲမှာ ကယ်လ်စီယန်ပါနေရင်လဲ အဲလိုဘဲ။ pH နည်းနေရင် (အက်စစ်ကဲနေရင်) သံဓါတ်ကို စုပ်ယူတာ ပိုကောင်းတယ်။
သတိထားစရာတွေလဲရှိတယ်။ Iron overdose သံဓါတ်များသွားတာလဲ မကောင်းဘူး။ တချို့ကလေးတွေမှာ အသက် ဆုံးပါတာအထိ ဖြစ်နိုင်တယ်။ အသည်းကိုအများဆုံးထိခိုက်တယ်။ နှလုံး။ အဆုပ် နဲ့ ကျောက်ကပ်ကိုလဲ ထိခိုက်နိုင်တယ်။ 20 mg/kg ထက်များရင် အစာလမ်းကြောင်းကို အဆိပ်သင့်စေတယ်။

Ferrous sulfate ဆေးကိုတခါတည်းမြိုချပါ။ ဝါးမစားပါနဲ့။ အစာမရှိခိန်မှာ စုပ်ယူတာပိုကောင်းပေမဲ့ ဆိုးကျိုးနည်းအောင် အစာစားပြီးသောက်ပါ။ ရေများများသောက်ပါ။ တိတိကျကျပြောရရင် အစာထဲမှာ ကြက်ဥ။ ပေါင်မုံ့ညို၊ နွားနို့နဲ့ နို့ထွက်အစာတွေ၊ ကော်ဖီ၊ လဘက်ရည်တွေနဲ့တွဲရင် စုပ်ယူတာ နှေးစေတယ်။ ဆေးသောက်ပြီး မိနစ် ၃ဝ အထိ လဲလျှောင်းမနေသင့်ပါ။ ဆေး ၁ ကြိမ်အတွက်သောက်ဘို့မေ့သွားရင် ၂ လုံးတခါတည်းတွဲမသောက်ပါနဲ့။

• သွေးအားနည်းရောဂါရှိနေသူ လူကြီးတွေကို Regular-release 300 to 325 mg တနေ့ ၁ ကြိမ် စပေးပြီး နောက်ပိုင်းမှာ 325 mg တနေ့ ၂-၃ ကြိမ်ပေးတယ်။ ဒါမှမဟုတ် 300 mg ကို တနေ့ ၄ ကြိမ်အထိပေးနိုင်တယ်။ Extended-release ferrous sulfate အမျိုးအစားဆိုရင် 160 mg တနေ့ ၁-၂ ကြိမ် ပေးတယ်။
• ကျောက်ကပ်မကောင်းတာနဲ့ သွေးအားနည်းတာ တွဲနေသူတွေကို Regular-release 300 to 325 mg တနေ့ ၁ ကြိမ်စပေးမယ်။ နောက်ပိုင်းမှာ 325 mg တနေ့ ၂-၃ ကြိမ်ပေးမယ်။ ဒါမှမဟုတ် 300 mg တနေ့ ၄ ကြိမ်ပေးတယ်။ Extended-release ferrous sulfate ဆိုရင် 160 mg တနေ့ ၁-၂ ကြိမ်ပေးတယ်။
• အသက် ၁၂ နှစ်အောက်ပေးရင် စစ်ဆေးပြီးမှ ပေးသင့်တယ်။
• ကိုယ်ဝန်ဆောာင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ 325 mg တနေ့ ၁ ကြိမ်ပေးတယ်။

မြန်မာနိုင်ငံမှာ သွေးအားနည်းရောဂါအတွက် မရှိမဖြစ်သုံးဆိုပြီး သတ်မှတ်ထားတဲ့ ဆေးတွေကတော့ -
- Ferrous Salts (E) Tablet equivalent to iron (sulfate, fumarate) 60-65mg
- Ferrous Salts Oral Liquid equivalent to iron 45mg/ 5ml
-Folic acid (E) Tablet 400mcg, 1mg, 5mg (sodium salt) Injection 10mg/ml amp
- Folinic acid Tablet
- Iron Sucrose (C) Injection 20mg/ml, 5 ml
- Erythropoietin (C) Injection 40000 IU/ml vial (Epoetin) 10000 IU prefilled syringe တွေဖြစ်ကြတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

ဆောင်းရာသီတွင် ဖြစ်တက်သည့် ခြေဖနောင့်ကွဲအက်ခြင်း


ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။

စတင်ဖြစ်ပေါ်လာခြင်း ….
ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

လွဲမှားစွာလုပ်ဆောင်ခြင်း ………….
လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ ကွဲနေသော ခြေဖနောင့်နေရာကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုးတို့ ဖြင့် ပွတ်တိုက်ခြင်းကို ပြုလုပ်ကြပါတယ် ဒီလို လုပ်ဆောင်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာတွင် သွေးစိမ်းများ စိမ့်ထွက်လာပြီး ပိုးကို အလွယ်တကူဝင်ရောက် ရောင်ရမ်းလာနိုင်ပါစေတယ် ကုသခြင်းလည်း ကြာပြီး လမ်းလျှောက်သည့်အခါတွင် ပိုမိုဆိုးရွားစွာ ခံစားမှု့ ဖြစ်ပေါ်စေပြီး ရောင်ရမ်းနာကျင် လာစေပါတယ် ဒါကိုတော့ အထူးသတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက်တရပ်ဖြစ်ပါတယ် ။

ကုသနည်း ..........
အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။

ထပ်မံပြီးတော့လည်း ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။
ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။

ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။
ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်းမကြီးဘဲ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း အဆင့် .........
ဖြစ်ပေါ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်လို့ လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ဖော်ပြပါ ဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။

စားသင့်သော အစားအသောက်များ ……………..
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။
တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။
ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။

အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။
ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။
ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။
ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။
ရေချိုးပြီးတိုင်း ခြေထောက်ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
အရေပြား ခြောက်သွေ့အက်ကွဲခြင်းများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့်လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးထားပေးရပါမယ်။ဆောင်းရာသီတွင် ရေသောက်နည်းတတ်ပါတယ် ဒါကြောင့် ရေသောက်ခြင်းကို များများ သောက်ပေးပါလို့  အကြံ့ ပြု့ ရေးသားရင်း ….နာကျင်မဲ့စွာ လျှောက်လှမ်းနိုင်သော ခြေလှမ်းလေးများဖြစ်ကြပါစေ ။

Mg Mandalay
https://www.facebook.com/mg.mandalay
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ