ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သေဆုံးနိုင်တဲ့ရောဂါတွေအတွက် ဖြေဆေးဖြစ်


လေ့ကျင့်ခန်းကို များများလုပ်ပေးတာဟာ သင့်ကိုအဖြစ်များစေတဲ့ ရောဂါ၅မျိုးကနေ လျှော့ချပေးနိုင်တယ်လို့ သတင်းအသစ်တစ်ရပ်က အကြံပြုခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ၁၉၈၀ခုနှစ်ကနေ ၂၀၁၆ခုနှစ်အကြား ပြုလုပ်ခဲ့တဲ့ သုတေသန ၁၇၄ခုကို အခြေခံပြီး သုတေသီတွေဟာ အပတ်စဉ်ပုံမှန် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွ ပြုလုပ်ပေးခြင်းဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားခြင်းကနေ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

လေ့လာသူတွေအနေနဲ့ MET လို့ခေါ်တဲ့ မိနစ်အလိုက် ဘယ်လောက် ကျန်းမာရေးဆိုင်ရာလေ့ကျင့်ခန်းတွေ ပြုလုပ်သလဲဆိုတဲ့ ဖော်မြူလာကိုအသုံးပြုပြီး တိုင်းတာခဲ့တာပါ။ MET မိနစ်တွေဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေက သင့်ကိုဘယ်လောက်ထိ စွမ်းအင်တွေလောင်ကျွမ်းခဲ့တယ်ဆိုတာ ပြသပေးတာပါ။

လေ့လာမှုမှာ တစ်ပတ်ကို MET မိနစ် ၃၀၀၀ ကနေ ၄၀၀၀ ကြား လေ့ကျင့်ခန်းပြုလုပ်သူတွေက အကျိုးကျေးဇူးအများဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ရတာပါ။ လူတစ်ယောက်ဟာ သူတို့ရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကနေ တစ်နေ့ကို ဆယ်မိနစ်လောက်လှေကားတက်တာ၊ ၁၅မိနစ်လောက်အိပ်အလုပ်လုပ်တာ မိနစ်နှစ်ဆယ်ပြေးတာ စတာတွေဟာ လေ့ကျင့်ခန်းတွေ လုပ်နေတာပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသုတေသနကို ပြီးခဲ့တဲ့ သြဂုတ်လ ၉ရက်နေ့တုန်းက BMJ ဂျာနယ်မှာဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ စကော့တလန်က Strathclyde တက္ကသိုလ်နဲ့ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာရှိနေတဲ့ the International Prevention Research Institute က ပုဂ္ဂိုလ်တွေဟာ ဒီသုတေသနကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ