တစ်မိနစ်အတွင်း လက်ဖဝါးတွေနူးညံ့အောင်ပြုလုပ်နည်း


ကြမ်းတမ်းနေတဲ့သင့်လက်ဖဝါးတွေ ကို အချိန်တစ်မိနစ်အတွင်းမှာ နူးညံ့သွား စေမယ်ဆိုရင် သင်အံ့သြသွားလေမလား။ မယုံမရှိနဲ့ အခုပဲလုပ်ကြည့်လိုက်ပါ။ ကြမ်း ထော်နေတဲ့ လက်ဖဝါးတွေ ညက်ညော သွားစေရုံမက ဝင်းမွတ်လာတော့မှာ ဖြစ် ပါတယ်။
အသုံးပြုရမည့်ပစ္စည်းများမှာ-
သကြား လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်၊ သံလွင်ဆီ(သို့)အုန်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်
သကြားနှစ်ဇွန်းခန့်ကို လက်ဖဝါး ထဲသို့လောင်းထည့်ပါ။ ပြီးရင် သံလွင်ဆီ (သို့)အုန်းဆီနှစ်ဇွန်းခန့်ကိုလောင်းထည့်ပါ။
သကြားနဲ့ဆီတွေရောသမသွား အောင်လက်ဖဝါးနှစ်ဖက်ကိုခပ်ကြမ်းကြမ်း ပွတ်တိုက်ပါ။ (ထိုအရောအနှောတွေ အောက်သို့ကျမသွားအောင်လက်ဖဝါးချင်း သေသေချာချာပွတ်တိုက်ပါ။)
အသားထဲသို့ စိမ့်ဝင်သွားအောင် လက်ဖဝါးနှစ်ဖက်ကို စက်ဝိုင်းပုံဏ္ဌာန် အဖြစ် ပုံစံအမျိုးမျိုးပွတ်ပေးပါ။ လက် ဖဝါးတွေကို အားရအောင်ပွတ်ပြီးတဲ့အခါ လက်ခုံ၊ လက်ဖမိုးတွေကိုပါ ဆက်၍ ပွတ် တိုက်ပေးလိုက်ပါဦး။
အားရပြီဆိုပါက လက်ကို ဆပ်ပြာ ဖြင့်ဆေးကြောပါ။ ပြီးရင် သြိပ လိုးရှင်း တစ်ခုခုလိမ်းပေးလိုက်ပါ။ကဲသင့်လက် တွေအရင်ကနဲ့တူသေးလား။
အလှအပမြတ်နိုးသူတိုင်း လှသထက် ပို၍လှနိုင်ကြပါစေရှင်။

ပေါက်ပေါက်
The Union Daily
http://uniondaily.net

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး


ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။

လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို ပြုလုပ်ပေးနိုင်ကြပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။

၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။

၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။

၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။

၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက် လည်ချောင်းနာခြင်းကို
ပျောက်ကင်းစေရုံမက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref : Sore Throat: Medline Plus

ကျန်းမာရေးသတင်းများ

သံပုရာရည်သောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ


လူတို့၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ပတို့မှ ဗတ်တီးရီးယားပိုးမွှားများကို သံပုရာသီးထဲမှ antibacterial ဓါတ်က သုတ်သင်ပေးနိုင်ပါတယ်။ ကူးစက်မှု ဗိုင်းရပ်များကိုလည်း သံပုရာသီးထဲမှာပါဝင်တဲ့ antiviral ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။

ထို့ကြောင့် သံပုရာသီးဟာ လူသားတို့၏ ကျန်းမာရေးအာနိသင်များကို ပေးစွမ်းနိုင်သည့် သဘာဝ ဆေးတစ်မျိုးဖြစ်နေပါတယ်။

သံပုရာရည်ကို သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

၁။ ခံတွင်းကောင်းစေခြင်း

၂။ အရေပြားသန့်ရှင်းစေခြင်း

၃။ အစာကြေစေခြင်း

၎။ ကိုယ်တွင်း သန့်ရှင်းစေခြင်း

၅။ ကိုယ်ခံအားကောင်းစေခြင်း

၆။ စိတ်ခံစားမှု ကောင်းမွန်စေခြင်း

၇။ ကိုယ်အလေးချိန် လျော့ကျစေခြင်း

၈။ သွေးတိုးကျစေခြင်း

၉။ အဆစ်မြစ်နာ၊ လေးဘက်နာတို့ကို သက်သာစေခြင်း

၁၀။ အထွေထွေရောဂါ (ချွဲ၊ သလိပ်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ခေါင်းကိုက်) တို့ကို သက်သာစေခြင်း

စသည့်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Health Benefits Of Drinking Lemon Juice

ကျန်းမာရေးသတင်းများ

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်


အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောင့်ခြင်း နာခြင်းများ မရှိတော့ပါ ။
ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…

အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ
မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ

လုပ်ဆောင်နည်း .........
မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်

ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။

Mg Mandalay

မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာ ကိုးမျိုး

မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာ ကိုးမျိုးအစာလည်းဆေး ဆေးလည်းအစာ ဆိုရာမှာ တချို့အစား အစာတွေက သင့်မှတ်ဥာဏ်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အ ထောက်အကူပြုသလိုပဲ တချို့ အစားအ စာတွေကတော့ သင့်ကျန်းမာရေးကို နှောင့်ယှက်တာမျိုးတွေရှိပါတယ်။ ဖော် ပြပါအစားအစာတွေကို သင့်ကျန်းမာ ရေးအတွက်ရှောင်ပါ။

(၁) အဆင့်သင့် စားနိုင်သော အချို့ အစားအစာများ

များပြားလွန်းတဲ့ အလုပ်တာဝန် တွေနဲ့ လှုပ်ရှားနေရတဲ့ ဘဝထဲမှာ ဘယ် အရာကိုပဲဖြစ်ဖြစ် အမြန်ဆုံးပြီးမြောက် သွားတာကို သဘောကျတတ်ကြပါ တယ်။ အစာစားချိန်မှာတောင် ခပ်မြန် မြန်စားရတာကို သဘောကျလာတတ် ကြပါတယ်။ ရေနွေးလေးဖြောပြီး အ လွယ်တကူ စားရတာကို နှစ်သက်လာ ကြပါတယ်။ လေ့လာမှုတွေအရ အသင့် ပြုလုပ်ထားတဲ့ အစာတွေကို အစားများ တာကြောင့် ဦးနှောက်ကျန်းမာရေးအ တွက် စိုးရိမ်ဖွယ်ရှိတယ်လို့ဆိုတာကြောင့် အသင့်အစားအစာတွေနဲ့ ခပ်ဝေးဝေးနေ ပါ။

(၂) ဖန်တီးပြုလုပ်ထားသော အစာတုများ

အရသာတူအောင် ဖန်တီးပြုပြင် ထားတဲ့ အစားအစာမျိုးတွေပါ။ အနံ့နဲ့ အရသာက တစ်ထပ်တည်းကျအောင် ဖန်တီးပြုလုပ်ထားတဲ့ အစားအစာ၊ အချို ရည်စတာတွေထဲမှာ ဓာတုဗေဒပစ္စည်း တွေ၊ ဆိုးဆေးတွေနဲ့ အနံ့တွေပါဝင်တတ် ပါတယ်။ ဒါတွေအစားများရင် သင့်ဦး နှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သဘာဝအစားအစာတွေကသာ ကောင်းမွန်မှန်ကန်တဲ့ အာဟာရကို ပေး စွမ်းနိုင်ကာ သင့်ဦးနှောက်နဲ့ မှတ်Óဏ် ကို အထောက်အကူပြုပါလိမ့်မယ်။

(၃) ငန်လွန်းသော အစားအစာများ

အရမ်းငန်လွန်းတဲ့ အစားအစာတွေ ကသင့်နှလုံးကျန်းမာရေးကိုလည်း ထိ ခိုက်စေနိုင်ပါသေးတယ်။ ဆားလွန်ကဲတဲ့ အစားအစာတွေများများစားတာကြောင့် သင့်ဦးနှောက်တစ်သျှူးတွေကို ပျက်စီးစေ နိုင်တဲ့ မကောင်းကျိုးဖြစ်စေတာကြောင့် ဆားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။

(၄) ပြုပြင်ထားသော ဒိန်ချဉ်

ဒိန်ချဉ်ကို ကြာရှည်ခံအောင် ပေါင်း စပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးတွေရဲ့ ရနံ့နဲ့ ပေါင်းစပ် ပြုလုပ် ထားတဲ့ ဒိန်ချဉ်ဘူးတွေကို ပုံမှန်သောက် သုံးတာကြောင့် ဒိန်ချဉ်အစစ်လိုတူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့ လာသူတွေက ဆိုပါတယ်။ ရေဆာနေ ချိန်မှာ ရေဆာကိုသာ ပြေစေပြီး အမှန် တကယ်တော့ အဲလိုအသင့်ပြုလုပ်ထား တဲ့ ဒိန်ချဉ်ဘူးတွေက အဆီနဲ့ ဓာတု ပစ္စည်းတွေသာ ပါဝင်တတ်တယ်လို့ဆိုပါ တယ်။

(၅) စွမ်းအားဖြည့် အချိုရည်များ

စွမ်းအားကို ပြန်လည်ဖြည့်တင်းပေး တဲ့ အချိုရည်တွေကို လွန်ကဲစွာသောက် သုံးတာကြောင့် သင့်ဦးနှောက်ကျန်းမာ ရေးကို ထိခိုက်စေနိုင်ပါတယ်။ ယင်းအချို ရည်တွေက အချိန်အတိုင်းအတာတစ်ခု အထိ လူကို တက်ကြွလန်းဆန်းစေကာ တာကြောင့် အဲဒီအချိန်တွင်းမှာ အလုပ် ကို အင်တိုက်အားတိုက်လုပ်မိပြီး အချိန် အတိုင်းအတာကုန်သွားချိန်မှာတော့ လူ ကိုပင်ပန်းနွမ်းနယ်နေစေတာကြောင့် သင့်ခန္ဓာကိုယ်ရော သင့်ဦးနှောက်ကိုပါ ပင်ပန်းနွမ်းနယ်နေစေပါလိမ့်မယ်။

(၆) ပီဇာများ

လူကြီး၊ လူငယ်မရွေးကြိုက်နှစ် သက်ကြပြီး စားချင်စဖွယ် ပြုပြင်ဖန်တီး ထားတာကြောင့် လူကြိုက်များတဲ့ ပီဇာ ကိုပုံမှန်စားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့် မယ်။ အဆာပြေစာစားမယ်ဆိုရင်တောင် သီးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ပီဇာကို ရွေးချယ်ပေးပါ။

(၇) ထပ်ကာထပ်ကာ ကြော်ထားသော အစာများ

ဆီအများကြီးနဲ့ အထပ်ထပ်အခါခါ ကြော်ထားတဲ့ အစာတွေကို စားတာ ကြောင့် သင့်ခန္ဓာကိုယ်ကို အာဟာရ မ ဖြစ်စေတဲ့အပြင် သင့်ဦးနှောက်ကို ထိခိုက် စေနိုင်ပါသေးတယ်။ ဆီကြော်စာတွေက စားလို့ကောင်းပေမယ့် သင့်ကျန်းမာရေး ကိုတော့ လုံးဝအထောက်အကူမပြုပါဘူး။

(၈) ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်တွေကို အ ထူးသဖြင့် ရုပ်ရှင်ကြည့်ချိန်မျိုးမှာ အ များအပြား စားမိတတ်ကြပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေထဲမှာ ဆားနဲ့ အဆီများစွာပါဝင်တတ်ပြီး တချို့အသင့် ပြုလုပ်စားသောက်နိုင်တဲ့ ပေါက်ပေါက် တွေထဲမှာ ဓာတုပစ္စည်းတွေလည်းပါဝင် နေတတ်ပါတယ်။ ဒါကြောင့် အညွှန်းကို သေချာဖတ်ပြီး ဝယ်ယူပါ။

(၉) သကြားမျာသော အသုပ်များ

ဟင်းရွက်သုပ်တွေက သင့်ကျန်းမာ ရေးကို အထောက်အကူပြုတယ်ဆိုပေ မယ့် အဆီအများကြီးထည့်ပြီး၊ သကြား များစွာပါဝင်တဲ့ အသုပ်တွေကတော့ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဟင်းရွက်သုပ်တွေကို သံလွင် ဆီအနည်းငယ်ထည့်သုပ်ပေးပြီး ရှလကာ ရည်အနည်းငယ်သုံးပေးတာက သင့် ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။ 

သဲသဲ

By Good Health

ပွေး၊ညှင်း၊၀က်ခြံ၊တင်းတိတ်များအတွက် အလွယ်ဆုံးနည်း


ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖုများအတွက် အလွန်ရိုးရှင်းလွယ်ကူပြီး တစ်ပတ်အတွင်း မှာ ပျောက်ကင်း သွားစေမည့် မြန်မာ့ရိုးရာ လိမ်ဆေးနည်းလေးကို ရေးသား မျှဝေ ပေးလိုက်ပါတယ်။

(၁) ကြက်သွန်နီတစ်လုံးကို အခွံခွါပြီး ရေမဆေးပဲ ထုထောင်းပါ။ ဘရန်ဒါကြိတ်စက်ရှိက ကြိတ်ပါ။

(၂) ကြွေပုဂံတစ်လုံးထဲ ထည့်ပါ၊ သံပုရာသီးတစ်လုံးကို ညှစ်ထည့်ပါ။

(၃) ပွေး၊ ၀ဲ၊ ညှင်း၊ ၀က်ခြံ၊ တင်းတိပ် ပေါက်တဲ့နေရာပေါ်ကို တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။

(၄) မျက်စိနဲ့နီးတဲ့နေရာဆိုလျှင် မျက်စိထဲမ၀င်အောင် သတိထားပါ။

(၅) ညပိုင်းအိပ်ခါနီးမှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်ပြီး သနပ်ခါးအမြှစ်ကို သွေးလိမ်းပြီး အိပ်ပါ။

ရိုးရှင်းလွယ်ကူတဲ့ ဒီဆေးနည်းကို ကိုယ်တိုင်ရော သူငယ်ချင်းများပါ လက်တွေ့စမ်းသပ်ပြီး တစ်ပတ်အတွင်း ပျောက်ကင်းခဲ့၍ တဆင့် မျှဝေပေးလိုက်ပါတယ်။

သင်လည်း လက်တွေ့လုပ်ကြည့်ပြီး အဆင်ပြေတယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ပြန် Share ပေးဖို့ မမေ့နဲ့နော်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာတို့အတွက်မြန်မာ့ဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

ပျားရည်နှင့်မတည့်သော အစားအစာများ


ပျားရည်သည် အလွန်ဆေးဖက်ဝင်သော သဘာဝဆေးတစ်မျိုးဖြစ်ပါသည်။ သို့သော် ဘယ်အရာမဆို အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲနေတတ်သည့်အတွက် ပျားရည်မှာလည်း အတူတွဲစား၍မရသော အစားအစာအချို့ ရှိနေပါသည်။

၎င်းအစားအစာများနှင့် အတူတကွ တွဲစားမိလျှင် အော့အန်ခြင်း၊ ခေါင်းမူး၊
ခေါင်းထိုး စသည်တို့ကို ဖြစ်ပေါ်စေတတ်ပါသည်။ သတိထားနိုင်ကြစေရန်
စေတနာဖြင့် မျှဝေပေးလိုက်ပါတယ်။

(၁) ရှားစောင်း

(၂) အုန်းနို့၊ အုန်းသီး၊ အုန်းထန်းလျက်

(၃) သြဇာသီး

(၄) ပိန္နဲသီး

(၅) ဥသျှစ်သီး

(၆) မယ်ဇလီရွက်

(၇) တမာရွက်

(၈) ဆူးပန်းရွက်

(၉) ပိတ်ချင်းရွက်

(၁၀) ကြာစေ့

(၁၁) မိုးရေ

(၁၂) သင်္ကန်းဖွယ် ငှက်သား

(၁၃) ကင်းပိတ်ရွက်

အသက်အန္တရာယ်အထိ ဒုက္ခမပေးသော်လည်း အခန့်မသင့်လျှင် ဒုက္ခရောက်နိုင်တာမို့ အရာရာတိုင်းမှာ သတိလေးကိုဆောင်ပြီး အန္တရာယ်များကို ရှောင်နိုင်ကြပါစေ။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား ။ ။ တွဲဖက်၍မစားသင့်သောအစားအစာများ

ကျန်းမာရေးသတင်းများ

သွေးတိုးမဖြစ်စေရန်ဆားလျှော့စားနည်းများ

သွေးတိုး မဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့အစားအသောက်ကို မှန်ကန်အောင် စားဖို့လိုအပ်ပါ တယ်။ ပြည့်ဝဆီ(Saturated Fat)ရှောင်ပါ။ ကာဗိုဟိုက် ဒရိတ်ကိုလျော့စားပါ။ အသီးအနှံ ဟင်းသီးဟင်းရွက်ကို များများစားပါ။ သွေး တိုးဖြစ်စေတဲ့ အစားအသောက်ထဲမှာ အဓိက ပါနေတာက ဆားပဲဖြစ်ပါတယ်။
ဆားများရင် ခန္တာကိုယ်ထဲမှာ ရေစုဆောင်းမှုများပြီး သွေးတိုးဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆားမှီဝဲမှုကို လျော့စားဖို့နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။

-အစားအသောက်ကိုပြင်ဆင်တဲ့အခါမှာဆားကိုလျှော့ထည့်သင့်ပါတယ်။အ
စားအသောက်ကိုပြင်ဆင်ချက်ပြုတ်တဲ့အခါဆား၊အချိုမှုန့်တွေများများ
ထည့်မယ့်အစားဟင်းခတ်ပစ္စည်းတွေဖြစ်တဲ့အမွှေးအကြိုင်(ကြက်သွန်ဖြူ၊
နံနံပင်၊ကြက်သွန်နီ၊ရှာလကာရည်၊သံပုရာရည်၊ဟင်းမွှေးမဆလာ၊ချင်း၊
ကြက်သွန်မိတ်)တွေထည့်လိုက်ရင်အရသာရှိသွားပါတယ်။

-ထမင်းစားပွဲပေါ်မှာဆားဗူးမတင်ထားပါနဲ့။ထမင်းစားတဲ့အခါဆားဖြူပြီး
စားတဲ့အကျင့်ကိုရှောင်ပါ။

-အစားအသောက်တွေမှာအငန်ဓာတ်ပါတဲ့အစားအသောက်(ငါးပိ၊ငါး
ခြောက်၊ငံပြာရည်၊လက်လုပ်ချဉ်၊ငန်တဲ့ဆော့စ်၊ခရုဆီ၊စည်သွပ်ဗူး၊အာလူး
ကြော်၊သရက်သီးသနပ်)စတာတွေကိုရှောင်ပါ။ဆိုဒီယမ်နဲ့အချိုမှုန့်(MSG)နည်းတဲ့
အဆင်သင့်အစာကိုပဲစားပါ။

-ဆားကိုတစ်နေ့မှာလက်ဖက်စားဇွန်းသုံးပုံလေးပုံကနေတစ်ဇွန်းထိပဲစား
သင့်ပါတယ်။
-အထူးပြောချင်တာကခန္တာကိုယ်မှာပိုတက်စီယမ်နည်းရင်လည်းသွေးတိုး
နိုင်ခြေများပါတယ်။ဒါ့ကြောင့်ပိုတက်စီယမ်ပိုများတဲ့သံပုရာသီး၊ရှောက်သီး၊
ကျွဲကောသီး၊လိမ္မော်သီးစတဲ့အသီးအနှံတွေကိုစားသင့်ပါတယ်။
-ကယ်လစီယမ်ဟာလည်းသွေးတိုးရောဂါမဖြစ်အောင်ထိန်းပေးနိုင်တာ
ကြောင့်ကယ်လစီယမ်ပါဝင်တဲ့အဆီထုတ်ထားတဲ့နို့၊ဒိန်ချဉ်၊ငါးသေးသေး
လေးတွေကိုစားသင့်ပါတယ်။ကယ်လ်စီယမ်များတဲ့အစားအသောက်တွေကို
မစားသောက်ဖြစ်ရင်ဖြည့်စွက်ဆေးကိုသောက်သင့်ပါတယ်။

-သတ္တုဓာတ်တွေဖြစ်တဲ့မဂ္ဂနီဆီယမ်၊ဇင့်၊ခရိုမီယမ် စတာတွေလည်းသွေးတိုး
မဖြစ်အောင်ကာကွယ်နိုင်တာကြောင့်ဟင်းသီး
ဟင်းရွက်အစေ့အဆန်တွေကိုစားပေးသင့်ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
By-Good Health

အချိုဓာတ်ကို လွန်ကဲစွာ မစားသုံးမိပါစေနှင့်

အချိုဓာတ်ကို လွန်ကဲစွာစားခြင်းဖြင့်
ယောင်တိယောင်ဝါးဖြစ်ခြင်း၊ စဉ်းစား၍ မရခြင်း
မောပန်းခြင်း သို့မဟုတ် အစာစားပြီးတိုင်း အိပ်ချင်ခြင်း
အစာစားပြီးတိုင်း လေများလည်ခြင်း
ခေါင်းကိုက်ခြင်း
အဆစ်နာခြင်း
ဝမ်းချုပ်ခြင်း
ဝမ်းလျှောခြင်း
အရေပြားပြဿနာများ
ဓာတ်မတည့်ခြင်းလက္ခဏာများ ဖြစ်ပေါ်ခြင်း
စိတ်ခံစားမှုမြင့်မားလွန်းခြင်း၊ နိမ့်ကျ ခြင်း(ဥပမာ စိတ်ဆိုးခြင်း၊၀မ်းနည်းခြင်း၊ အင်အားစိုက်ထုတ်မှုအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းစသည်)
အချိုဓာတ်လွန်ကဲစွာစားသုံးခြင်းသည် အရက်သောက်သူတို့နှင့် အလားတူနောက်ဆက်တွဲအကျိုးဆက်များ ဖြစ်လာနိုင်သည်။ အရက်၊ သကြားအလွန်အကျွံစားသုံးသူတို့တွင် ကျောက်ကပ်၊ အသည်း၊ အစာအိမ်နှင့်အူသိမ်များကို ထိခိုက်စေသည်။ ရေဓာတ်ခန်းခြောက်ခြင်း၊ Electrolyte  ပမာဏမညီမျှခြင်း၊ အစာအိမ်ရောင်ရမ်းမှုပြဿနာ၊ ကောင်းစွာအိပ်စက်မှုမပြုနိုင်ခြင်း စသည့်ရလဒ်များကို ဖြစ်စေသည်။
အချိုဓာတ်ခန္ဓာကိုယ်တွင်းသို့ စီးဆင်းလာသည်နှင့် Acetaldehyde ခေါ်အဆိပ်အတောက် (၁)မျိုး ထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။ အရက်နာကျသူတို့တွင် ကျရောက်တတ်သောလက္ခဏာများနှင့်အလားတူဖြစ်သည်။ သို့ဖြစ်၍ အချိုကြိုက်တတ်သူများအနေနှင့် ချင့်ချိန်စားသုံးသင့်ပါသည်။

ဒေါန
Health Updates Journal 

ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါ

ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်ကိုင်ပြီး အောင့်တတ်ပါတယ်။

အစာ သို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာအိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။ ဆီးကျောက်တည်ရင် ခါးနှစ်ဖက်လုံး နာပြီး ပျို့အန်တာ၊ဗိုက်နာတာ ဖြစ်လို့ အစာအိမ်နဲ့ မှားပြီး ကုကြတယ်။ ကျောက်တည်တာ သေချာအောင် တီဗွီဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြား သိနိုင်ပါတယ်။ ဆီးပြွန်မှာ ကျောက်တည်ရင် အင်္ဂါစပ်အထိ နာတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးလမ်းကြောင်း တစ်လျှောက်နာတယ်။ ဆီးပြွန်ရဲ့အောက်ဆုံးပိုင်း ဆီးအိမ်နားမှာ ကျောက်တည်ရင် အင်္ဂါစပ်ထိနာတယ်။ ဆီးခဏခဏ သွားတယ်။ ကျောက်ရှိရှိ၊ ပိုးပဲဝင်ဝင် အဖျားပါလာလို့ ဆီးကျဉ်တာ သတိထား ဆေးကုသင့်တယ်။ အစာအိမ်မှာက ဝမ်းခေါင်းကနေ ဘယ်ဘက်ရင်ညွန့် ကနေချက်အထိ နာတယ်။ အစာဝင်ရင် သက်သာသလိုနဲ့ ပိုဆိုးတတ်တယ်။

ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာမပေးဘူး။ဆီးကျောက်တည်တာ သေးရင် ဆီးပြွန်အတွင်း ပြုတ်ကျတာ သို့မဟုတ် ဆီးကျောက်ကြီးပြီး ကျောက်ကပ်ကို ပိတ်ဆို့ရင် ကျောက်ကပ်ကင်ဆာ အထိဖြစ်တတ်တယ်။ ဆီးအိမ်မှာ ကျောက်တည်တာ ကြာရှည်နေရင် ပွန်းပဲ့ဒဏ်ရာ ခဏခဏဖြစ်ပြီး ကာလကြာရှည် တာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ်တတ်တယ်။

ကျောက်တည်ရင် ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးတတ်တယ်။ကျောက်တည်လို့ ကင်ဆာဖြစ်တာရှားတယ်။ ကျောက်ကပ်လဲ ရသည်ထိဖြစ်တာ တခြားရောဂါလည်း ပါတယ်။ဆီးကျောက်တည်ရတာ ထုံးဓာတ်၊ ယူရစ်အက်စစ်၊ အောက်ဆဲလိတ် များတဲ့ အစားအစာနဲ့ဆီးထဲ ပိုးဝင်တာ၊ မွေးရာပါ ဆီးလမ်းကြောင်း ပုံမမှန် ချို့ယွင်းတာကြောင့် ဖြစ်နိုင်တယ်။အထူးသဖြင့် ကွမ်းစားများသူ၊ ထုံးဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်သွားပြီးအချိန်ကြာလာရင် ဆီးကျောက်တည်ဖို့ အခွင့်အလမ်း များလာတယ်။ ထုံးဓာတ်၊ သံဓာတ်များတဲ့ ဒေသမှာနေတဲ့ သူတွေ ထုံးဓာတ် ပါတဲ့ရေ သောက်မိတာကြောင့် ဆီးထဲအနည်အမှုန် များပြီး ဆီးကျောက် တည်တတ်တယ်။ ကွမ်းစားပြီး ထုံးများလို့ ကျောက်တည်နိုင်သလို တခြားရောဂါတွေ ဖြစ်နိုင်တယ်။ ကွမ်းစားတာ ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးသလို လည်ပင်းမှာရှိတဲ့ ပါရာသိုင်းရွိုက်ဂလင်းကို ကယ်လ်ဆီယမ် မြင့်တက်ြပီး ဆီးကျောက်ဖြစ်နိုင်တဲ့ အန္တရာယ် ရှိသေးတယ်။

ဆီးကျောက်တည်တာကို ယခင်က ခွဲစိတ် ဖြတ်တောက်သော်လည်း နောက်ပိုင်းခန္ဓာကိုယ် အပြင်ကနေ တီဗွီက ကြည့်ပြီး အသံလှိုင်းသုံး စက်နဲ့ ကျောက်ချေတဲ့နည်း၊ ကိုယ်ခန္ဓာအတွင်းထဲ မှန်ပြောင်းထည့်ပြီး ချေတဲ့နည်း သုံးပြီး ကုသကြတယ်။

ဆီးကျောက်တည်ခြင်း မဖြစ်အောင်၊ ဆီးလမ်းကြောင်း ပိုးမဝင်ရအောင် သန့်ရှင်းစွာ နေထိုင် စားသောက်ရမယ်။ မှို၊ မျှစ်၊ တညင်းသီး တို့လို ယူရစ်အက်စစ်များတဲ့ အစားအစာ၊ ဟင်းနုနယ်၊ စတော်ဘယ်ရီတို့လို အောက်ဇာလိတ် များတဲ့ အစားအစာ၊ ကယ်လ်ဆီယမ်ဓာတ် များတဲ့အစားအစာတွေ အလွန်အကျွံ မစားရဘူး။ ရေကို ကျိုချက် သောက်သင့်တယ်။ တစ်နေ့ကိုရေနှစ်လီ တာသောက်ပြီး ချွေးထွက်များရင် သည့်ထက် ပိုသောက်သင့်တယ်။

ရေများများ သောက်လို့ ဆီးသွားရင် ဆီးထဲ အနည်အနှစ်တွေ ကျောက်မဖြစ်တော့လို့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ။

မြ၀တီ

ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ

ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။

ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

(၂)အစာခြေရန် ကူညီနိုင်ခြင်း

(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း

(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၇)အနာကျက်မြန်စေခြင်း

(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၅)ဆံပင်သန်မာစေခြင်း

ဒေါက်တာ ခင်မိုးမိုး

credit to Health Articles

အစာအဆိပ်မသင့်စေဖို့

(၁) ဘေးကင်းတဲ့အသားကိုရွေးပါ
စူပါမားကက်မှာ အသားဝယ်လျှင် ရေခဲသေတ္တာ အောက်ဆင့်က အသားကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့်သလောက် မအေးဘဲ ဖြစ်တတ်သည်။
(၂) ကျကျနနသိမ်းပါ
လတ်လတ်ဆတ်ဆတ် အသားများကို ရေခဲသေတ္တာအအေးခန်း (refrigerator) တွင် နှစ်ရက်အထိ ထားနိုင်သည်။ အခဲခန်း(freezer)တွင် လပေါင်းများစွာ အထားခံ သည်။အအေးခန်း (refrigerator) တွင် ၄၀ဒီဂရီဖာရင်ဟိုက်ရှိသင့်ပြီး အခဲခန်း (freezer) တွင်သုညဒီဂရီ ဖာရင်ဟိုက်ရှိသင့်သည်။
(၃) ကျကျနနရေခဲဖျော်ပါ
အေးခဲထားသည့် အသားကို ရေထဲထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင်တွင် အတိုင်းသားတင်၍ ရေခဲပျော်အောင်ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။
(၄) ဆေးကြောသန့်စင်ပါ
အသားကိုင်မည့် လက်ကို ဆေးကြောသန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုးမှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink)ကို ဆေးကြောပါ။
(၅) အပူချိန်မှန်မှန်ချက်ပါ
ကြက်သားကို (၁၆၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ ၀က်သားနှင့် အမဲသားကို (၁၄၅)ဒီဂရီဖာရင်ဟိုက်၊ ငါးကို (၁၄၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။
(၆) မုန့်ဖုတ်ထားသည့် စားသောက်ကုန်များကို သတိထားပါ
ကြက်ဥ ပေါင်မုန့်၊ ကွတ်ကီး စသည့် အသင့်စားထုတ်ကုန်များကို မစားပါနှင့်။ ၄င်းတို့တွင်ပါသည့် ကြက်ဥသည် မကျက်လျှင်ဖြစ်စေ၊ အထားကြာလျှင် ဖြစ်စေ ဘက်တီးရီး ယားဝင်တတ်သည်။

ဇော်ကို
Ref: Discovery
Health Updates Journal

အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ


မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနိုင်တဲ့ဓါတ်များ ပါဝင်နေသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်း ပါဝင်နေကြပါတယ်။

ဥပမာအားဖြင့် မိမိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွတ်ရွနေအောင် ကျောက်ကျဉ်တို့လို၊ ဆိုဒါတို့လိုဟာတွေ ထည့်ထားသည့်အတွက် Aluminum ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ဟာ ဦးနှောက်ဆဲလ်များကို သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ကို ခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ့အီကြာကွေးကို အမြဲ တွဲရောင်းပေးလေ့ရှိကြတယ်။

မိမိတို့မြန်လူမျိုးများ နှစ်ခြိုက်စွာ စားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ်အမျိုးမျိုးဟာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့ဓါတ်တွေ ပါဝင်နေပါတယ်။ အဲဒီအချဉ်ဖောက်ထားတဲ့ဓါတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။

အောက်ပါ အစားအစာများကို တွဲဖက်၍ စားသုံးပေးခြင်းဖြင့် ၄င်းအစားအစာတို့တွင် ပါဝင်သော အဆိပ်အတောက်များကို ပြေပျောက်စေပါမည်။

(၁) အသားကင်များစားလျှင် အစာအိမ်ကင်ဆာမဖြစ်အောင် သံပုရာသီးညှစ်ထည့်ပြီး စားပါ။ Cellulose ဓါတ်ပြည့်ဝတဲ့ ကန်စွန်းဥဖုတ် (သို့) စိမ်းစားဥကို စားပေးပါ။

(၂) အဆီအဆိမ့်များလွန်းသော ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူစီနံ ၃ရွက်ခန့်ကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းစေပါမည်။

(၃) လက်ဖက်စားပြီး အစာမကြေ၊ ရင်ပြည့်ရင်ကယ်မဖြစ်အောင် နွယ်ချို၊စမုံစပါး၊ လေးညှင်း၊ ပျားရည်၊ ကြက်သွန်စသည်တို့ပါဝင်ထားတဲ့ လျှက်ဆားဆေး၊ မဟာဖြေဆေးတို့လို ဗမာဆေးများကို အနည်းငယ်မျှ စားပြီး ရေနွေးသောက်လိုက်ပါ။

(၄) မျှစ်ချဉ်သုပ်၊ မျှစ်ချင်ဟင်း၊ မျှစ်ချင်တို့စရာတို့ကို စားတော့မယ်ဆိုလျှင် သံပုရာသီး အနည်းငယ်မျှ ညှစ်ထည့်ပါ။ သို့မဟုတ် စားပြီးလျှင် သံပုရာရည်သောက်ပေးပါ။ အဆိပ်အတောက်များကို ပယ်ပျောက်စေမည်။

(၅) ဆေးဘဲဥအမျိုးမျိုးကိုစားပြီးလျှင် ခဲဓါတ်များပျက်ပယ်သွားအောင် ပဲပြား (သို့) တို့ဟူးကို စားပေးပါ။

(၆) အီကြာကွေးစားပြီးလျှင် မှတ်ဉာဏ်ချို့ယွင်းစေတဲ့ဓါတ်များပယ်သွားအောင် Lecithin ဓါတ်ပြည့်ဝတဲ့ ပဲနို့ရည်ပူပူလေး သောက်ပေးပါ။

(၇) ၀က်အူချောင်း၊ ကြက်အူချောင်း၊ ၀က်ဆားနယ်ခြောက်၊ ငါးခြောက်တို့ကို စားပြီးလျှင် ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်များ ပယ်သွားအောင် လက်ဖက်ရည်ကြမ်းကို သောက်ပေးပါ။

(၈) ချဉ်ဖတ်အမျိုးမျိုးစားပြီးလျှင် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း မပျက်စီးအောင် ဗီတာမင်စီပြည့်ဝတဲ့ကီဝီသီးကို စားပေးပါ။

(၉) ဟော့ပေါ့ (Hot pot) စားပြီးလျှင် အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာမဖြစ်အောင် အပူဓါတ်များကို စုပ်ယူခြေပျက်ပေးနိုင်တဲ့ ကျွဲကောသီးကို စားပေးပါ။

လူတိုင်းလူတိုင်း အနာရောဂါကင်းရှင်း၍ ကျန်းမာစွာ နေနိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ နက္ခတ္တ၊ Jin Li Chao

ကျန်းမာရေးသတင်းများ

တွဲဖက်စားလျှင် သေစေနိင်သောအစားအစာများ


တွဲဖက်၍ စားသုံးလျှင် မူးဝေ၊ အော့အန်၊ အဆိပ်အတောက်ဖြစ်စေတတ်တဲ့ အစားအစာများကို မကြာခဏဖော်ပြပေးတဲ့အတွက် ဖတ်ဖူးကြမှာပါ။ ယခုတဖန် တွဲဖက်စားသုံးလျှင် သေစေနိုင်သည့် အစားအစာများကို ထပ်မံမျှဝေပေးလိုက်ပါတယ်။ ဉာဏ်ဖြင့်ဆင်ခြင်၍ ရှောင်ရှားနိုင်ကြပါစေ။

နွားနို့ + မှို = သေ
မင်းကွတ်သီး + သကြား = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ
အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွှဲခေါင်းသီး + သံပုရာသီး = သေ
မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
ဝက်သား + ထန်းရည်ချို =သေ
ဝက်သား + ဗျိုင်းသား = သေ
ဝက်သား + ကြာရိုးကြာစွယ် =သေ
ပျားရည် + သြဇာသီး =သေ
ပျားရည် + အုန်းသီး =သေ
ပျားရည် + ဥသျှစ်သီး =သေ
ခိုသား + ချင်း =သေ
ခိုသား + ဖရုံသီး =သေ
ကြောင်လျှာသီး + ငါးသေတ္တာ =သေ
ကြောင်လျှာသီး + ပဲဒလက် =သေ
ကြောင်လျှာသီး + စပါးကြီးမြွေ =သေ
ပီလောပီနံ + ပဲကြားလှော် =သေ
ပီလောပီနံ + မျှစ်ချဉ် =သေ
ပီလောပီနံ + ဒေါင်းသား =သေ
ပီလောပီနံ + အချဉ်အမျိုးမျိုး =သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး =သေ
ချောကလက် + ပဲမြစ် =သေ
ရှောက်သီး + နွားနို့၊ နို့ရည် =သေ
ထန်းလျက် + နလင်ကျော် =သေ
ထန်းလျက် + ၂၇ ပါးဆေး =သေ
ကျွဲကောသီးး + သံပုရာသီး =သေ
သပြေသီး + ထန်းလျက် =သေ
ငှက်ပျောသီး + ထန်းသီး =သေ
ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ

အသက်ကိုဉာဏ်စောင့်ဆိုသည့်စကားအတိုင်း ဉာဏ်လေးနှင့်ယှဉ်ပြီး
ရှောင်ကြဉ်ကာ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ အင်တာနက်၊ ဒေါက်တာတင့်ဆွေ

ကျန်းမာရေးသတင်းများ

သွားဖြူချင်သူများ အတွက်

သွားဖြူချင်သူများ အတွက်သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။

သွားဖြူစင်အောင်

သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။

သွားအရောင်ခြင်း မတူညီကြ

လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။

သွားများတွင် မလိုလားအပ်သော အရောင်အဆင်း မရှိအောင်

သွားမှာ အစင်းတွေ၊ အမည်းတွေကို သေချာ ဂရုစိုက်ကြည့်ရှုပြီး ဒါက သွားပိုး စားတာကြောင့်လား၊ ကျောက်ရှိနေတာ လား ဆိုတာ ခွဲခြားရပါမယ်။ သွားပိုးစား နေတာဆိုရင် သွားမျက်နှာပြင်က အ ပေါက်တွေကို ဖာထေးသင့်ရင် ဖာထေး ပေးရပါမယ်။ သွားမှာ ရှိနေ တာက ကျောက် ဆိုရင် ခြစ်ထုတ်ပြီး သွားမျက်နှာပြင်ကို လှပအောင် ပြင်ရမှာပါ။

ဆေးဝါးကြောင့် ဝါနေသော သွားဖြူအောင်

သွားအရောင် ဝါတဲ့အပေါ် မူတည်ပြီး အရောင်ဖြူတာကို မက်မောသူတွေကို သွားအရောင်ဖြူအောင် ပြောင်းလဲယူ လို့ရပါတယ်။ သွားအရောင်ကို ပြောင်း လို့ ရနိုင်တဲ့နည်းတွေက Bleaching (အ ရောင်ချွတ်တဲ့နည်း) နဲ့ သွားမျက်နှာပြင် ကို အုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အရောင်ချွတ်တဲ့နည်းကတော့ လိုချင်တဲ့ အရောင်အတိုင်းအတာအထိ မရနိုင် ပါဘူး။

မျိုးရိုးအရ သွားဝါနေခဲ့လျှင်

 မျိုးရိုးကြောင့် သွားဝါနေခဲ့ရင် လိုချင်တဲ့ အရောင်ကို ရအောင် ဖုံးအုပ်တဲ့ နည်းနဲ့ ရယူနိုင် ပါတယ်။ ဒီလို ပြုပြင်တာက ကုသမှုလုပ်တာ မဟုတ်ပါဘူး။ အလှဆင် တာ ဖြစ်ပါတယ်။ အလှဆင် ရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါ တယ်။ သွားဝါတဲ့ အတိမ်အနက် ရာခိုင် နှုန်းနဲ့ မျက်နှာ အလှအပအပေါ် မူတည် ပြီး ပြုပြင်သင့် ပါတယ်။ သွားဝါတဲ့ ရာခိုင် နှုန်းက များပြီး မျက်နှာ အနေအထားနဲ့ သွားဖွဲ့စည်းတည်ရှိပုံက လှနေရင်တော့ ပြုပြင်သင့်ပါတယ်။ သွားဝါတဲ့ အနေ အထားက နည်းပြီး မျက်နှာအနေ အထား ကလည်း မလှ၊ သွားအနေ အထားက လည်း မမှန် ဆိုရင်တော့ မပြုပြင်သင့်ပါ ဘူး။ 

By Good Health

ဘာကြောင့်နှာစေးရသလဲ

(၁) ပြင်ပအရာဝတ္ထုများ ၀င်ရောက်ခြင်း
နှာခေါင်းတွင်းသို့ ပြင်ပအရာဝတ္ထုများ ၀င်လာပါက အဆက်မပြတ်နှာချေပြီး နှာရည်ဆက်တိုက်ကျတတ်သည်။ နှာခေါင်းတွင်းဝင်ရောက်လာသည့်ဖုန်၊ မှုန်၊ အနံ့များသည် မိမိနှင့်ရင်းနှီးမှုမရှိဘဲ စူးရှပါက နှာချေခြင်း။ နှာရည်ယိုခြင်း ပိုဖြစ်တတ်သည်။
(၂) ရာသီဥတုအေးခြင်း
အေးသည့် လေထုသည် နှာခေါင်းတွင်းနံရံကို လှုံ့ဆော်သောကြောင့် နှာခေါင်းတွင်း အရည်ကျိတ်များ အလုပ်ပိုလုပ်ပြီး နှာရည်ယိုလေ့ရှိသည်။
(၃) ၀က်သက်နှင့် ဂျိုက်သိုး
ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံရသည့်အခါ ခံစားရသည့် လည်ချောင်းနာခြင်းနှင့် မျက်လုံးရောင်ရမ်းခြင်းတို့ ဖြစ်တတ်သည်။
ဂျိုက်သိုးဗိုင်းရပ်စ်ကြောင့်လည်း နှာရည်ယိုတတ်ပြီး အဆစ်ကိုက်ခြင်း၊ သငန်ရည်ကျိတ်ရောင် ခြင်းနှင့် အနီစက်ထခြင်းတို့ပါ ခံစားရတတ်သည်။
(၄) တုပ်ကွေး
တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသည့် အခါတွင်လည်း နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းကို အဓိကခံစားရသည်။
(၅) ထိပ်ကပ်နာ
အသက်ရှူလမ်းကြောင်းနှင့် ဆက်စပ်နေသည့် ဦးခေါင်းခွံ ဂလိုင်ခေါင်းများအတွင်း ရောဂါပိုးဝင်ရောက်ကာ ရောင်ရမ်းခြင်းကြောင့် ထိပ်ကပ်နာ ခံစားရလေ့ရှိသည်။ ထိပ်ကပ်နာ ဖြစ်သည်နှင့် နာရည် အကျဲဖြစ်စေ၊ အပျစ်ဖြစ်စေ၊ အဆက်မပြတ် ကျဆင်းလေ့ရှိသည်။

ဇော်ကို
Ref: discovery
Health Updates Journal 

ပလတ်စတစ်ဆာ ဂျရီနှင့် စိတ်ကျန်းမာရေး

ကာလရှည်ကြာ လေ့လာမှု တစ်ခုအရ ပလတ်စတစ် ဆာဂျရီ ပြုပြင်မှု ခံယူထားသော သူများသည် ဘဝတွင် ပိုမိုပျော်ရွှင် လာကြပြီး မိမိကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာကြောင်း တွေ့ရသည်။

ယင်းလေ့လာမှုအား University of Basel မှ စိတ်ပညာရှင် ပါမောက္ခ ဒေါက်တာJurgen Margrof မှ ဦးဆောင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ခွဲစိတ်မှု ခံယူထားသူ ၅၅ဝဦး အပေါ်တွင် လေ့လာမှုများ လုပ်ခဲ့သည်။ လေ့လာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှု ခံယူခြင်းနှင့် ကျန်းမာရေး ပြောင်းလဲမှု (စိတ်ကျန်းမာရေး၊ ဘဝတွင် နေပျော်မှု၊ စိတ်ကျဝေဒနာ)ကို လေ့လာရန် ဖြစ်သည်။

စိတ်ပညာရှင် များက ခွဲစိတ်မှုခံ ယူထားသော လူနာများအား ခွဲပြီးနောက် သုံးလ၊ ခြောက်လနှင့် ၁၂လ တို့တွင် အသီးသီး လေ့လာခဲ့ရာ လူနာ အများစုသည် မိမိတို့ မျှော်လင့်ထား သကဲ့သို့ ဖြစ်လာပြီး ဘဝ၌ ပိုမို နေပျော်လာကြောင်း တွေ့ရသည်။ ခွဲစိတ်ရန် ပြင်ပြီးမှ မခွဲဖြစ်သူများထက် ခွဲဖြစ်သူများသည် ပို၍ စိတ်ပူပန်မှု လျော့နည်းပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုလာကြောင်း တွေ့ရလေသည်။

မိုင်ကိ

ref: MNT
Health Updates Journal

အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ


မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနိုင်တဲ့ဓါတ်များ ပါဝင်နေသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်း ပါဝင်နေကြပါတယ်။

ဥပမာအားဖြင့် မိမိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွတ်ရွနေအောင် ကျောက်ကျဉ်တို့လို၊ ဆိုဒါတို့လိုဟာတွေ ထည့်ထားသည့်အတွက် Aluminum ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ဟာ ဦးနှောက်ဆဲလ်များကို
သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးများကို
ဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ကို
ခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ့အီကြာကွေးကို အမြဲ တွဲရောင်းပေးလေ့ရှိကြတယ်။

မိမိတို့မြန်လူမျိုးများ နှစ်ခြိုက်စွာ စားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ်အမျိုးမျိုးဟာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ရောဂါများကို
ဖြစ်ပေါ်စေနိုင်တဲ့ဓါတ်တွေ ပါဝင်နေပါတယ်။ အဲဒီအချဉ်ဖောက်ထားတဲ့ဓါတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။

အောက်ပါ အစားအစာများကို တွဲဖက်၍ စားသုံးပေးခြင်းဖြင့် ၄င်းအစားအစာတို့တွင် ပါဝင်သော အဆိပ်အတောက်များကို ပြေပျောက်စေပါမည်။

(၁) အသားကင်များစားလျှင် အစာအိမ်ကင်ဆာမဖြစ်အောင် သံပုရာသီးညှစ်ထည့်ပြီး စားပါ။ Cellulose ဓါတ်ပြည့်ဝတဲ့ ကန်စွန်းဥဖုတ် (သို့) စိမ်းစားဥကို စားပေးပါ။

(၂) အဆီအဆိမ့်များလွန်းသော ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူစီနံ ၃ရွက်ခန့်ကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းစေပါမည်။

(၃) လက်ဖက်စားပြီး အစာမကြေ၊ ရင်ပြည့်ရင်ကယ်မဖြစ်အောင် နွယ်ချို၊စမုံစပါး၊ လေးညှင်း၊ ပျားရည်၊ ကြက်သွန်စသည်တို့ပါဝင်ထားတဲ့ လျှက်ဆားဆေး၊ မဟာဖြေဆေးတို့လို ဗမာဆေးများကို အနည်းငယ်မျှ စားပြီး ရေနွေးသောက်လိုက်ပါ။

(၄) မျှစ်ချဉ်သုပ်၊ မျှစ်ချင်ဟင်း၊ မျှစ်ချင်တို့စရာတို့ကို စားတော့မယ်ဆိုလျှင် သံပုရာသီး အနည်းငယ်မျှ ညှစ်ထည့်ပါ။ သို့မဟုတ် စားပြီးလျှင် သံပုရာရည်သောက်ပေးပါ။ အဆိပ်အတောက်များကို ပယ်ပျောက်စေမည်။

(၅) ဆေးဘဲဥအမျိုးမျိုးကိုစားပြီးလျှင် ခဲဓါတ်များပျက်ပယ်သွားအောင် ပဲပြား (သို့) တို့ဟူးကို စားပေးပါ။

(၆) အီကြာကွေးစားပြီးလျှင် မှတ်ဉာဏ်ချို့ယွင်းစေတဲ့ဓါတ်များပယ်သွားအောင် Lecithin ဓါတ်ပြည့်ဝတဲ့ ပဲနို့ရည်ပူပူလေး သောက်ပေးပါ။

(၇) ၀က်အူချောင်း၊ ကြက်အူချောင်း၊ ၀က်ဆားနယ်ခြောက်၊ ငါးခြောက်တို့ကို စားပြီးလျှင် ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်များ ပယ်သွားအောင် လက်ဖက်ရည်ကြမ်းကို သောက်ပေးပါ။

(၈) ချဉ်ဖတ်အမျိုးမျိုးစားပြီးလျှင် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း မပျက်စီးအောင် ဗီတာမင်စီပြည့်ဝတဲ့ကီဝီသီးကို စားပေးပါ။

(၉) ဟော့ပေါ့ (Hot pot) စားပြီးလျှင် အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာမဖြစ်အောင် အပူဓါတ်များကို စုပ်ယူခြေပျက်ပေးနိုင်တဲ့ ကျွဲကောသီးကို စားပေးပါ။

လူတိုင်းလူတိုင်း အနာရောဂါကင်းရှင်း၍ ကျန်းမာစွာ နေနိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ နက္ခတ္တ၊ Jin Li Chao

ကျန်းမာရေးသတင်းများ

ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာ ငါးမျိုး


ရေခဲသေတ္တာဆိုတာ အစားအစာတွေကို လတ်ဆတ်စေဖို့၊ မပုပ်မသိုးစေဘဲ တာရှည်ခံဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ဆိုပြီး အပူချိန်လျှော့ချ၍ အအေးခံသိမ်းဆည်းထားတဲ့ နေရာလေးဖြစ်တာမို့ ဇိမ်ခံပစ္စည်း မဟုတ်ဘဲ အိမ်တစ်အိမ်အတွက် မရှိမဖြစ် ပစ္စည်းတစ်ခုလေးပါပဲ။ အိမ်ရှင်မများအတွက် သက်မဲ့အတွင်းရေးမှူး (လက်ထောက်)ဆိုလည်း မမှားပါဘူး။

ဒါပေမယ့် သဘာဝနဲ့ ဆန့်ကျင်ပြီး အပူချိန်လျှော့ချကာ အအေးခံပေးထားတာဖြစ်လို့ အစားအစာ (အားလုံး)ကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ မရနိုင်ပါဘူး။ အချို့ အစားအစာတွေကို အေးခဲထားလိုက်တဲ့အခါ မူလအနံ့၊ အရသာကို ပျက်ပြယ်သွားစေတဲ့အပြင် အချိန်မတိုင်ခင် ပုပ်သိုးနွမ်းအိသွားစေလို့ပါ။

အာလူး

အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့တဲ့နေရာနဲ့ သဘာဝအခန်းအပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ်၍ အာလူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ သူ့ရဲ့မူလအရသာများ ပျက်စီးသွားပါတော့တယ်။ ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲစားတဲ့အခါမှာ မာဆတ်ဆတ်ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင် သန်းနေရင် (လုံးဝ)မဝယ်ပါနဲ့။ အဆိပ်ဖြစ်စေတတ်လို့ပါ။ (ထိုနည်းတူစွာပင် ပိန်းဥ၊ ကန်စွန်းဥတွေကိုလည်း ရေခဲသေတ္တာထဲသိမ်းမထားသင့်ပါဘူး။)

ကြက်သွန်နီ

ကြက်သွန်နီတွေကို ပုံမှန် အခန်းအပူချိန်ထဲမှာသာထားပေးရပါမယ်။ ကြက်သွန်နီတွေ ကြာကြာခံစေဖို့အတွက် ဇာကွက်၊ ပိုက်ကွန်အိတ်တွေက အကောင်းဆုံးပါပဲ။ နောက်ထပ် အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေနဲ့ အာလူးတွေကို အတူတူရောမထားသင့်ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့ သဘာဝဟင်းခတ်အမွှေးအကြိုင်ရနံ့တွေကို အာလူးက စုပ်ယူပစ်လို့ပါ။ ဒါ့ပြင် ကြက်သွန်နဲ့ အာလူးများအားလုံး တစ်ခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။ (ကြက်သွန်နီတွေကို တစ်နေ့တာ ချက်ပြုတ်ဖို့အတွက် လိုအပ်သလောက်သာ အခွံနွှာပါ။ အကယ်၍ အခွံနွှာ ထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့မှ သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန်စေနိုင်ပါတယ်။ အဲဒီလို ပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ကြက်သွန်နီတွေကို အပူပေး၊ ဆီသတ်၍ အအေးခံပြီးနောက် ဘူးထဲမှာရေလုံအောင်ဖုံးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။ ဘူးလေလုံဖို့အရေးကြီးပါတယ်။ လေမလုံပါက ရေခဲသေတ္တာတစ်ခုလုံး အနံ့ဆိုးထွက်ပြီး အထဲမှာရှိတဲ့ တခြားပစ္စည်း အားလုံးကို အနံ့ကူးကာ လတ်ဆတ်မှု မရှိစေတော့ပါဘူး။)

ကြက်သွန်ဖြူ

ကြက်သွန်အဖြူတွေကိုလည်း ကြက်သွန်နီတွေလိုပဲ ဇာကွက်၊ ပိုက်ကွန် အိတ်တွေထဲထည့်ပြီး အခန်းအပူချိန်မှာသာ သိမ်းထားသင့်ပါတယ်။ခရမ်းချဉ်သီးအိမ်ရှင်မတိုင်းလိုလိုက ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲသိမ်းထားမှ ကြာကြာခံတယ်လို့ ထင်မှတ်မှားနေကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက ခရမ်းချဉ်သီးရဲ့ အနံ့အရသာတွေ(အားလုံး) ပျက်ယွင်းသွားစေလို့ အင်မတန်မှားယွင်းတဲ့ အပြုအမူဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးတွေကို ပလတ်စတစ်အိတ်ထဲလေလုံအောင်ထည့်၍ ပုံမှန်အခန်းအပူချိန်မှာသာ သိမ်းထားရပါမယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကို မြန်မြန်မှည့်စေချင်ရင် စက္ကူအိတ်မှာ သိမ်းပေးပါ။)

ငှက်ပျောသီး

ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေငှက်ပျောစတဲ့ ငှက်ပျောသီး ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံးဝ)သိမ်းမထားသင့်ပါဘူး။ အဲဒီလို သိမ်းထားလိုက်တဲ့အခါ မကြာမီအတွင်းမှာပင် ငှက်ပျောသီးကို အအေးရိုက်၍ ငှက်ပျောခွံတွေ မည်းလာပြီး အနံ့အရသာ၊ ကျန်းမာရေးဂုဏ်သတ္တိတွေအားလုံးဓာတ်ပြယ်သွားစေပါတယ်။ ငှက်ပျောသီးရဲ့ သဘောတရားက မကြာခဏထိကိုင်မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့ငှက်ပျောသီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာချိတ်ထားပေးပါ။ ငှက်ပျောသီးရဲ့ အညှာကို ပလတ်စတစ်အစနဲ့ တုပ်ချည်ပေးခြင်းက နောက်ထပ်လေးရက် သို့မဟုတ် ငါးရက်လောက် အထားခံပါတယ်။ (ငှက်ပျောခွံပေါ်မှာ အမည်းအစက်အပြောက်ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာရင့်မှည့်လာတာမို့အရသာပိုကောင်းပြီး ဆေးစွမ်းပိုထက်ပါတယ်။) ကိုးကား- Daily Health Tips

ပေါက်ပေါက်
The Mirror Daily
https://www.facebook.com/TheMirrorDaily

ဦးနှောက်ကို အမြဲနုပျိုနေစေရန်

(၁) လှုပ်ရှားပါ

လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

(၂) အစာကျွေးပါ

ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင်သောကြောင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေးနိုင်သည်။

(၃) အရှိန်တင်ပါ

ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ်ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေသစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။

(၄) စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်Óဏ်မှတ်သားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေသည်။နာတာ ရှည် စိတ်ဖိစီးမှုခံရသောအခါ ဦးနှောက်၏့ငစစသခောစကျ ဟုခေါ် သောအစိတ်အပိုင်းသည် မှတ်Óဏ်မှတ်သားနိုင်စွမ်းလျော့နည်းလာသည်။

(၅) ရယ်ပါ

ဟာသဓါတ်ခံရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများထွက်ရှိလာပြီးစိတ် ကြည် လင်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်သည်။ ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များအတွက် အားဆေးတစ်ခုလည်းဖြစ် သည်။

ဇော်ကို
Source:RD
Health Updates Journal

သင့်ဇနီး ကိုယ်ဝန်ဆောင်သည်ကို ဂရုစိုက်သင့်သည့် အချက်များ


အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင် ချိန်ဟာ စိတ်လှုပ်ရှားမှုတွေ များစွာနဲ့ ပူပင် သောကတွေ ရှိနေတတ်ပြီး သူတို့ကို ပိုပြီး ဂရုတစိုက် ရှိတဲ့သူ၊ အထူးအဖြင့် ခင်ပွန်းသည်ရဲ့ ယုယ ကြင်နာမှု တွေကို ပိုလို အပ်ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေ အတွက် ကိုယ်ဝန်ဆောင်ချိန် ကိုးလတာ ကာလနဲ့ တချို့ အချိန်တွေမှာ ဖိစီးမှုတွေ၊ စိတ်ဒုက္ခ တွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။

-ဇနီးသည်နဲ့ အတူ လမ်းလျှောက် ထွက်ရင်း သူ့ရင်ထဲက ပြောချင်နေတဲ့ စကားတွေကို နားထောင် ပေးပါ။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ အတူ သွားတာမျိုး၊ ပန်းခြံထဲမှာ လမ်းလျှောက်တာ မျိုးတွေ ပြုလုပ်ပြီး နေပေးတာဟာ သင့်ဇနီး သည်ရဲ့ စိတ်ဖိစည်းမှုနဲ့ ဒုက္ခတချို့ကို ကုစားပေးရာ ရောက်ပါတယ်။ သူပြောချင်တဲ့ စကားတွေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နားထောင်ရင်း ကိုယ်ကလည်း လိုက်လျှော ပြောဆိုပေးပါ။

- ကိုယ်ဝန်ဆောင် ချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေက အစ ပြောင်းလဲမှုတွေ ရှိလာပြီး တချို့ ကိုယ်ဝန်ဆောင် သည်တွေမှာ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား ရောဂါတွေ ပါ ဖြစ်တတ်တဲ့ အတွက် အထူး ဂရုစိုက်ပေးဖို့ လိုပါတယ်။

၁။ကိုယ်ဝန်ဆောင် တာနဲ့ ဆရာဝန်နဲ့ တစ်ခါတည်း အပ်ပြီး ဆရာဝန်က ကိုယ်ဝန်ဆောင် သည်ရဲ့ အခြေအနေနဲ့ ပုံစံကို ကြည့်ပြီး လိုအပ်တဲ့ ညွှန်ကြား မှုတွေ ပေးမှာ ဖြစ်တဲ့အတွက် အဲဒီ ညွှန်ကြားမှုတွေကို အတိအကျ လိုက်နာ ပြုလုပ်ပါ။

၂။ ကိုယ်ဝန်ဆောင် အတွက် လိုအပ်တဲ့ အစားအစာနဲ့ အာဟာရတွေကို ဂရုစိုက် ကျွေးမွေးပါ။ လိုအပ်တဲ့ အာဟာရဆိုရာမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ရေကို လုံလောက်စွာ ရရှိစေဖို့ လိုပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာ စတာတွေကလည်း ကလေးငယ် အတွက် အကျိုးရှိစေတာ ကြောင့် ဖြည့်စွက် ကျွေးမွေး သင့်ပါတယ်။

၃။ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်နဲ့ ဆေးလိပ် သောက်သုံးခြင်းကို လုံးဝ မပြုလုပ်ဖို့နဲ့ သင်ကိုယ်တိုင်ကလည်း ကိုယ်ဝန်ဆောင်သည်ရဲ့ ဘေးမှာ ဆေးလိပ် မသောက်သင့်ပါ။

၎။လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး ပုံမှန် လေ့ကျင့်ခန်းတွေ ပြုလုပ် နိုင်အောင် ဂရုစိုက် ပြောဆိုပေးပါ။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တာဟာ ကြွက်သားကို ဖွံ့ဖြိုးစေပြီး ကလေးမွေးရ၊ ဖွားရလည်း လွယ်ကူ စေနိုင်ပါတယ်။

၅။သင့်ဇနီးဟာ လုပ်ငန်းခွင် ဝင်နေရသူဆိုရင် သင့်ဇနီးသည် အလုပ်နားတဲ့ ရက်တွေမှာ သီချင်း နားထောင်တာမျိုး၊ ရယ်စရာ ဟာသဇာတ်ကား ကြည့်တာမျိုးတွေ ပြုလုပ်ပြီး အပန်းဖြေ နိုင်အောင် စီစဉ်ပေးပါ။ ဒါမှမဟုတ် ဇနီးသည်နဲ့အတူ အချိန်ဖြုန်းတာမျိုး၊ မီးဖိုချောင် အတူဝင်တာ မျိုးတွေ ပြုလုပ်ပါ။

၆။နားလည်မှုနဲ့ အတူ ချစ်ခင်ကြင်နာပါ။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခု ပါပဲ။ သင့်ဇနီးမှာ ဖြစ်ပေါ်နေတဲ့ စိတ်မချမ်းမြေ့မှု တွေကို သင်ကိုယ်တိုင်ကသာ အကောင်းဆုံး ဖြေရှင်း ပေးနိုင်မှာပါ။ နှစ်သိမ့်ပေးပါ။ ဒါဟာ သင့်ဇနီးအတွက် အကောင်းဆုံး အားဆေး တစ်လက် ဖြစ်စေမှာပါ။

လမင်းလေး
မြ၀တီ
https://www.facebook.com/mwdmedia

Chinese Mustard (မုန်ညင်းဖြူ)


အသုံးဝင်သော အစိတ်အပိုင်း

( မုန်ညင်းစေ့ ၊ မုန်ညင်းဆီ။ )

အကျိုး အာနိသင် -

အာနိသင် —မြန်မာ ဆေးကျမ်းများ အလိုအရ မုန်ညင်းသည် စပ်ခါးသော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။ ထက်မြက်၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ သလိပ်တို့ကို ကင်းငြိမ်း စေ၏။ သွေးအန်။ သွေးကျ ၊ နူနာ ၊ ယားယံခြင်းကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ (သုံးစွဲနည်း) -

အစေ့

၁ ။မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင်ခြင်း ပျောက်၏။

အဆီ

၁။မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါက ပျောက်ကင်း၏။

၂ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုးကို ရောချက်၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။

၃ ။ မုန်ညင်းဆီကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာခြင်း ၊ အဆုတ် အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။

၎ ။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါများ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေးခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။

၅။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ၀င်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေးက ပျောက်၏။

၆ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။

၇ ။ ခေါင်းကိုက် ခေါင်းအုံလျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။

၈ ။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက်သည့် နေရာများတွင် မုန်ညင်းဆီ လိမ်းပေးကလည်း ပျောက်ကင်း၏။

၉ ။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို တောင်ဆိတ်ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေးက ပျောက်၏။

၁၀ ။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေနှင့် ဖျော်၍ လည်ပင်းတွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီးကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။

၁၁။ အနာပျက် ၊ အနာဆွေး များတွင် မုန်ညင်းဆီ လိမ်းက ပျောက်၏။

၁၂ ။ မုတ္တကျ သူများ မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်း ပေးက ပျောက်၏။

၁၃ ။ လူကောင်းများ ကိုယ်တွင် လိမ်း၍ အိပ်ပါက ၀ဲနာ ၊ ယားနာ ၊ နူနာ ၊ လေနာ များမှ ကင်းဝေး စေ၏။

Credit - Original up-loader
မြ၀တီ
https://www.facebook.com/mwdmedia

ဆီးချိုရောဂါ ရှိသူများ အတွက် အကောင်းဆုံး သဘာဝ ကုထုံးလေးများ


၂ဝ၁၃ ခုနှစ် ဇွန်လဆန်းပိုင်းက George Washington University မှာ ဆီးချိုရောဂါနဲ့ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ၄င်းစမ်းသပ်မှုမှာ အသက်(၆ဝ)ကျော် ဆီးချိုရောဂါဝေဒနာရှင် ၁ဝဦးကို နေ့လယ်စာနဲ့ညစာများစားပြီးနောက် ၁၅ မိနစ်စီ Treadmill (ခေါ်) လှေကားပေါ်တထစ်ချင်းတက်ရသလိုမျိုး လမ်းလျှောက်စက်ပေါ်မှာ ခပ်ဖြည်းဖြည်းမှန်မှန်နှုန်းနဲ့ ရက်သတ္တပတ်တိတိလမ်းလျှောက်စေခဲ့ပါတယ်။ ရလဒ်ကတော့ သွေးထဲမှာသိသိသာသာ သကြားပမာဏကျဆင်းသွားပြီး ဆီးချိုကျသွားပါတယ်။ သုတသေသီများက ''ထမင်းစားပြီး ၁၅မိနစ် လောက် လမ်းလျှောက်ပေးခြင်းက တခြားအချိန်တွေမှာ ခပ်ကြာကြာလမ်းလျှောက်ခြင်းထက် ဆီးချိုပမာဏလျော့ကျနှုန်းပိုမြန်ဆန်စေပါတယ်။ အထူးသဖြင့် နေ့လယ်စာစားပြီးလမ်းလျှောက်ခြင်းထက် ညစာစားပြီးလမ်းလျှောက်တဲ့အခါ စားထားတဲ့အစာတွေမှာပါတဲ့ဂလူးကို့စ်ဓာတ်တွေ လောင်မြိုက်သွားစေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဲဒီဂလူးကို့စ်တွေ တစ်ညတာလုံးခိုအောင်းမနေတော့ဘူးပေါ့''လို့ အကြံပြုထားတာကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့၏ ၂ဝ၁၃ ခုနှစ် ဇွန်လ ၁၂ရက်နေ့ထုတ် Diabetes Care(ခေါ်) ဆေးပညာဂျာနယ်တစ်စောင်မှာ အခုလိုဖော်ပြသွား ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဆီးချို၊ သွေးချိုရောဂါခံစားနေရသည့် ဝေဒနာရှင်များဟာ တစ်ဆယ်စက္ကန့် တွင် တစ်ဦးနှုန်းသေဆုံးမှုရှိနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိ ပေးထားပါတယ်။ အရင်တုန်းက တော့ ဆီးချိုရောဂါဟာ ဖွံ့ဖြိုးပြီး နိုင်ငံများ(ချမ်းသာတဲ့နိုင်ငံများ) မှာပဲ အဖြစ်များခဲ့ပေမယ့် ၂ဝရာစု နှစ်နောက်ပိုင်းမှာ သိသိသာသာ လူနေမှုပုံစံတွေပြောင်းလဲလာကာ ကမ္ဘာနှင့်အဝန်း ရောဂါဖြစ်နှုန်း အရမ်းကိုများပြားလာကြပါတယ်။ မြန်မာနိုင်ငံရှိ ဆီးချို၊ သွေးချိုရော ဂါအသင်း၏ ၂ဝ၁၄ ခုနှစ် နှစ် ကုန်ပိုင်း စစ်တမ်းကောက်ယူချက် များအရ မြန်မာနိုင်ငံမှာလည်း ဆီးချိုဝေဒနာရှင် ၁ ဒသမ ၇ သန်းခန့်အထိ ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ဆီးချိုလို့ခေါ်ကြပေမယ့် အမှန် တော့ သွေးထဲမှာအချိုဓာတ်တွေ ရှိသင့်သည်ထက် လွန်ကဲစွာများ ပြားနေခြင်းပါ။ အကယ်၍ သွေးချို လွန်ကဲစွာမများသော်လည်း ရှိသင့် သည့်ပမာဏထက် များနေသေး ပါက နှစ်ကာလရှည်ကြာလာတဲ့ အခါမှာ နောက်ဆက်တွဲရောဂါများ ကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်း များမှာ အလုပ်မလုပ်နိုင်တော့ဘဲ အသက်တိုသည်အထိဖြစ်တတ်ပါ တယ်။ သွေးထဲကနေမှ ဆီးထဲမှာ ပါလာပြီး လူအများစုက ဆီးချိုရှိ မှန်း မိမိကိုယ်ကိုတောင်မသိခဲ့ကြ ဘဲ အခြားရောဂါကုသရန် သွေး/ ဆီးစစ်ဆေးရင်း(သို့)ဆီးချိုပမာဏ တက်ကာ လွန်စွာနာမကျန်းဖြစ် တော့မှ သိလာရပါတယ်။
လေ့လာတွေ့ရှိချက်များအရ ဆီးချိုသွေးချိုရောဂါရှိသူ အမျိုး သမီးတွေဟာ ယင်းရောဂါရှိသော အမျိုးသားများထက် လေဖြတ်နိုင် ခြေ သုံးဆခန့်ပိုများနေတယ်လို့ ဆိုပါတယ်။ အကြောင်းမှာ အမျိုး သမီးများ၏ သွေးကြောဆိုင်ရာ လုပ်ဆောင်ချက်များနှင့် သွေးရည် အပျစ်အကျဲပြောင်းလဲမှုစနစ်များ ဟာ အမျိုးသားများလောက် ကောင်းစွာမလုပ်ဆောင်နိုင်လို့ပါ ပဲ။ ဒါ့ပြင် အမျိုးသမီးများဟာ အမျိုးသားများထက် ကိုယ်အလေး ချိန်လျော့ကျရန် ယေဘုယျအားဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အသောက်များကို ရွေးချယ်စား သောက်တတ်ကြသော်လည်း ကိုယ်လက်လှုပ်ရှားမှုအပိုင်းမှာ တော့ လွန်စွာအားနည်းနေတာကို တွေ့ရပါတယ်။ ဆီးချိုရောဂါဟာ အသက်အ ရွယ်မရွေးဖြစ်ပွားနိုင်ပြီး ရောဂါကာ ကွယ်မှုအပိုင်းမှာ ၅၈ ရာခိုင်နှုန်းသာ ရှိနိုင်တာကြောင့် ထိုရောဂါသည် များအနေဖြင့် နေ့စဉ်ကိုယ်လက် လှုပ်ရှားပြုလုပ်သင့်ကြောင်း၊ ခန္ဓာ ကိုယ်ပုံမှန်လှုပ်ရှားမှုရှိပါက ထို ရောဂါအတွက် ဆေးမှီဝဲသောက် သုံးရမှုကို သိသိသာသာလျော့ကျ နိုင်ကြောင်း၊ ဆီးချိုသွေးချိုကြောင့် နောက်ဆက်တွဲရောဂါများအနေဖြင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျက်စိ ရောဂါများအပြင် ခန္ဓာကိုယ်အဖျား ပိုင်းရှိ အာရုံကြောများထိခိုက်ခြင်း၊ ဆီးတွင်းပိုးဝင်ခြင်း၊ အရေပြား အနာပေါက်ခြင်း စသဖြင့်ဖြစ်ပွား နိုင်ကြောင်း၊ အာဟာရဖြင့် ထိန်း သိမ်းကုသသည့်အနေဖြင့်သကြား၊ နို့ဆီပါဝင်သောအစားအစာများ၊ ထန်းလျက်၊ မလိုင်များနှင့် ချိုသော အသီးများစားသုံးခြင်းမှ ရှောင်ရှား သင့်ကြောင်း မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါအသင်းက အကြံပြု ထားပါတယ်။

ဆီးချိုရောဂါအမျိုးအစားများ

ဆေးသိပ္ပံနည်းအရ ဆီးချို ရောဂါကို Diabetes Type (1) (2) (3) ဆိုပြီး သုံးမျိုးခွဲခြားထားပါ တယ်။ Diabetes Type(1) က ကိုယ်ခန္ဓာကနေအချိုဓာတ်ကိုထိန်း ညှိပေးသော သရက်ရွက်ကနေ ထုတ်ပေးရမယ့် Insulinဟော်မုန်း မထုတ်နိုင်တော့တာကြောင့် အင်ဆူ လင်လိုအပ်နေတဲ့ရောဂါ အမျိုး အစားဖြစ်ပါတယ်။ အသက် (၃၅) အောက် ငယ်ရွယ်သူတွေမှာ ဖြစ် တတ်ပါတယ်။ Diabetes Type (2) ကတော့ အင်ဆူလင်ကို တုံ့ပြန် နိုင်စွမ်းကျဆင်းလာတဲ့အတွက် အင်ဆူလင်မလိုအပ်ဘဲ အင်ဆူလင် ကိုတုံ့ပြန်ပေးနိုင်စွမ်းသော ဆေးဝါး များလိုအပ်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါမျိုးပါ။ အသက်(၃၅) အထက်မှာစဖြစ်လေ့ရှိပြီး သွေး တိုး/နှလုံးရောဂါတို့နဲ့တွဲနေပါ တယ်။ ဆီးချိုရောဂါရဲ့ ၉ဝ ရာခိုင် နှုန်းခန့်က Type (2) ဖြစ်ပါတယ်။ Diabetes Type (3)က ကိုယ်ဝန် ဆောင်နေစဉ် ဖြစ်တတ်ပါတယ်။ Type (1) နဲ့ (2) တို့က နာတာရှည် ဖြစ်ပြီး လုံးဝအမြစ်ပြတ်ပျောက် တယ်ဆိုတာမရှိပါဘူး။ Type (3) ကတော့ ကလေးမွေးပြီးကောင်း သွားတာများပါတယ်။ အချို့က လည်း နောက်ပိုင်းမှာ Type(2) ဖြစ်သွားတတ်ကြပါတယ်။

ဆီးချိုရောဂါလက္ခဏာများ

(၁) ရေငတ်ခြင်း(အာခြောက် ခြင်း)၊ (၂) ဆီးသွားများခြင်း၊ (၃) ညဘက်ဆီးခဏခဏထသွားရ ခြင်း၊ (၄)ပင်ပန်းနွမ်းနယ်ခြင်း၊ (၅) ကိုယ်အလေးချိန်ကျသွားခြင်း၊ (၆) အမြင်အာရုံမကောင်းတော့ခြင်း၊ (၇) မိန်းမကိုယ်ယားယံခြင်း၊ လိင် တံယားယံခြင်း၊ ရောင်ခြင်း၊ (၈) ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ (၉) စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံ စူးစိုက်မှုကျလာခြင်း....စသည်တို့ ဖြစ်ပါတယ်။ (Type 1 နဲ့ Type 2ရဲ့ ရောဂါလက္ခဏာတွေက ဆင်တူ ကြလို့ တစ်ခါတစ်ရံ ဆရာဝန်တွေ တောင်ဝေခွဲရခက်ပါတယ်)

မှန်ကန်သောစားသောက်ပုံနည်း လမ်းများ

ဝေဒနာရှင်များအနေဖြင့် အစာ အာဟာရကို မှန်မှန်ကန်ကန်စား သုံးနိုင်မှသာ ဆီးချို၊ သွေးချိုဓာတ် လွန်ကဲမှုကို ထိန်းချုပ်နိုင်မှာဖြစ် ပါတယ်။ မှန်ကန်တဲ့စားသုံးမှုဆို သည်မှာ မှန်ကန်သည့်အစားအစာ အမျိုးအစား၊ မှန်ကန်သည့်အစား အစာပမာဏ၊ မှန်ကန်သည့်အစား အစာစားသောက်ချိန် စသည့်သုံး ချက်စလုံးနှင့်ကိုက်ညီသောစားသုံး မှုကိုဆိုလိုပါတယ်။ အကြောက် လွန်ကဲပြီး အစားအစာရှောင်လွန်း တာဖြစ်စေ၊ ဆီးချိုသွေးချိုရော ဂါ၏ နောက်ဆက်တွဲရောဂါများကို မသိလို့ဖြစ်စေ၊ မကြောက်လို့ဖြစ် စေ၊ အစားအသောက်ကို မရှောင် ဘဲစားလွန်းရင်ဖြစ်စေ ဆီးချိုထိန်း ချုပ်မှုအောင်မြင်နိုင်မည်မဟုတ်ဘဲ ဆိုးကျိုးရလဒ်တွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် စားသုံးနိုင်သည့်အစား အစာများကို ရဲရဲဝံ့ဝံ့စားသုံးနိုင် သကဲ့သို့ စားသုံးရန်မသင့်တော် သောအစာအာဟာရများကိုလည်း လုံးဝမစားသုံးကြဖို့အထူးလိုအပ် ပါတယ်။ ၄င်းရောဂါဟာ တစ် သက်တာလုံးရှိနေမည့် ရောဂါဖြစ် တာကြောင့် မိမိစားသုံးမှုစရိုက်မှာ တစ်သက်တာလုံးလိုက်နာကျင့်သုံး နိုင်မည့် အလေ့အကျင့်တွေဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် အစားအ စာတွေကို တစ်ပွဲတိုးရှောင်တာမျိုး မလုပ်သင့်ဘဲ မိမိသဘာဝနှင့် လိုက်လျောညီထွေအောင်စား တတ်ဖို့အထူးပင်လိုအပ်ပါတယ်။စားသုံးသင့်သော အစားအစာ များမှာ ဆန်ဖြင့်ပြုလုပ်ထားသော အစားအစာများ၊ ဂျုံဖြင့်ပြုလုပ်ထား သောအစားအစာများ၊ ထမင်း၊ ဆန်ပြုတ်၊ နန်းကြီးသုပ်၊ ကောက် ညှင်း၊ ဆီထမင်း၊ ဂျုံခေါက်ဆွဲ၊ ဂျုံကြာဆံ၊ နံပြား၊ ပလာတာ၊ ငါး အမျိုးမျိုး၊ အဆီမပါသည့် ဆိတ် သား၊ အမဲသား၊ ဝက်သား၊ ဘဲ သား၊ အရေခွံမပါသည့်ကြက်သား၊ ပုစွန်(ခေါင်းမပါ)၊ ပဲဆီ၊ သံလွင် ဆီ၊ ငါးမှရသောအဆီ၊ နှမ်းဆီ တို့ဖြစ်ပါတယ်။ ပြည့်ဝဆီများဖြစ် ကြတဲ့ ဝက်ဆီ၊ အမဲဆီ၊ စားအုန်း ဆီ၊ တိရစ္ဆာန်ဝမ်းတွင်းသား၊ အဆီ တို့ကိုလုံးဝမစားသင့်ပါဘူး။ အထူး သတိပြုရန်မှာ ဆီးချို၊ သွေးချို ရောဂါကြောင့် ကျောက်ကပ်ထိခိုက် ပျက်စီးနေသူများဟာ အသားဓာတ် ကို လျှော့၍စားပေးရပါမယ်။

သဘာဝကုထုံးလေးများ

(၁) ရေက ခန္ဓာကိုယ်ထဲရှိ သကြား/ဂလူးကို့စ်ပမာဏကို ထိန်းပေးတာကြောင့် ရေများများ သောက်ပါ (တစ်နေ့ကို နှစ်လီတာ ရှိ သောက်ရေသန့်ဘူးနှစ်ဘူးခန့် သောက်ပါ)။ (၂) နေရောင်ခြည်ထဲ မှာပါတဲ့ ဗီတာမင်ဒီက သွေးထဲရှိ ဂလူးကို့စ်ပမာဏကို ထိန်းပေးတာ ကြောင့် နံနက်ပိုင်း ၁၅မိနစ်ခန့် နေပူစာလှုံပါ။ (၃) အရသာခါး သက်သက်ရှိတဲ့ ခံတက်ပင်၏ ပင် စည်/အခေါက်ကို လေးခွက် တစ် ခွက်တင်ကျိုသောက်ပါ။ (၄)ဆီးဖြူ သီးပြုတ်ရည်သောက်ပေးပါ။ (၅) ကင်းပုံခါးသီးများများစားပါ။ (၆) ကင်ပွန်းချဉ်ရွက်ပြုတ်ရည်သောက် ပါ။ (၇) တရုတ်စံကားပင်ရဲ့ ပင်စည်အခေါက်ပြုတ်ရည်သောက် ပေးပါ။ (၈) ပြည်ပန်းညိုအပင်ရဲ့ အရွက်/အခေါက်တို့ကို ဆန်ဆေး ရည်ဖြင့် သုံးခွက် တစ်ခွက်တင် ကျို၍ နေ့စဉ် နံနက်/ညသောက်ပါ။ (၉) နတ်ဆေးဂမုန်းပင်အမှုန့်ကို တစ်နေ့သုံးကြိမ်မျှ တစ်ခါသောက် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကျစီ သောက်ရေဖြင့်သောက်ပေးပါ။ (၁ဝ) ဗေဒါပန်းပွင့်ကို ပြုတ်သုပ် စားပေးပါ(သို့) ဗေဒါပန်းပွင့်ကို အခြောက်ခံပြီး လက်ဖက်ခြောက် ကဲ့သို့ ရေနွေးခတ်၍သောက်ပါ။ (၁၁) သပြေသီးအစေ့ခြောက်ကို အမှုန့်ပြု၍ ၄င်းအမှုန့်နှစ်ပဲသားခန့် ကို တစ်နေ့နှစ်ကြိမ် ရေကျက်အေး ဖြင့်သောက်ပေးပါ။ (၁၂) ခဝဲ(ခါး) သီးကို ကြော်ချက်စားခြင်း(သို့) ခဝဲသီးကိုအခြောက်လှန်း အမှုန့်ပြု ၍ တစ်ခါသောက်လက်ဖက်ရည် ဇွန်းတစ်ဇွန်းဖြင့် တစ်နေ့သုံးကြိမ် သောက်ပေးပါ။ (၁၃) ဆင်တုံး မနွယ်လက်ခလယ်အရွယ်တစ်တောင် ခန့်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံမီးကျွမ်းခါနီး ပြန်ထုတ်၊ အပေါ်မှ အမည်းရောင်များခြစ် ထုတ်၊ သန့်ရှင်းတဲ့လက်ရိုက် တစ်ခုနှင့်ထုပြီး ဆန်ဆေးရည် နှစ် ပိဿာထဲမှာစိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ်အချိုပန်းကန်တစ်လုံး သောက်ပါ။ သောက်ခါနီးအပေါ်ယံ မှအမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ဖြည့်ထည့်ပါ။ တစ်လအထိသုံးနိုင်ပါတယ်။ အချိန် တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက် သုံးစွဲရန်လိုအပ်၏။ (ခါးလွန်းသဖြင့် ထန်းလျက်(သို့မဟုတ်)ပျားရည် အနည်းငယ်လျက်ပေးပါ။ သကြား (လုံးဝ)မစားရ)။ (၁၄) ညအိပ်ရာ ဝင်ခါနီး ရုံးပတီသီးနှစ်တောင့်ကို ရေစင်အောင်ဆေး ထိပ်နှစ်ဖက် ဖြတ် အလယ်ကထက်ခြမ်းခြမ်း ပြီး သောက်ရေသန့်ဖြည့်ထားတဲ့ ဖန်ခွက်ထဲထည့်အဖုံးဖုံး၍ တစ်ည သိပ်ပါ။ အိပ်ရာထ နံနက်စာမစား ခင် စိမ်ထားတဲ့အရည်ကိုသောက် ပါ။ (ရေစိမ်ထားတဲ့ရုံးပတီသီး စားဖို့မလိုအပ်ပေ၊ ရုံးပတီသီးကို ဟင်းချက်၍လည်းကောင်း/ရေနွေး ဖျော၍လည်းကောင်း အပူပေး စားပါ)။ (၁၅) ပုံမှန်ထက်ဆီးချို ပမာဏအနည်းငယ်တက်နေရင် နေ့စဉ် ပျားမြီးရွက်တစ်ရွက်စားပါ။ ဆီးချို/သွေးချိုပမာဏ ၂ဝဝနှင့် ၃၆ဝကြားရှိပါက နေ့စဉ်ပျားမြီး ရွက်သုံးရွက်စားပါ။ အကယ်၍ ဆီးချို/သွေးချို၄၆ဝကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် ၆ မှ ၉ ရွက်ထိစားပါ (ပျားမြီးရွက်စားပြီး တိုင်း သောက်ရေသန့်သောက်ပါ။ ဆီးချိုကျသွားတဲ့အခါ(လုံးဝ) ဆက်မစားပါနဲ့တော့)။ (၁၆) နံနက် အိပ်ရာထ အစာမစားခင် ကြက် ဟင်းခါးသီးသတ္တုရည်သောက်ပါ။

ပေါက်ပေါက်
The Union Daily
http://uniondaily.net

မိခင်တို့၏ နုပျိုအောင် နေထိုင်နည်းများ


အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသား အရေကို ထိခိုက် စေနိုင် ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသား အရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) သင်္ဘောသီး

သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်း အင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီး အစက် အပြောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ် ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့ တောက်ပစေပါ တယ်။

ဘယ်လို လိမ်းသင့်သလဲ

သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက် အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေး နိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက် စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင် တာကြောင့် အကျိုးရှိပါတယ်။

၂) ထောပတ်သီး

အသားအရေ နူးညံ့ ချောမွတ်နေစေဖို့ အတွက် ဗီတာမင်တွေ လိုအပ်နေပါ တယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။ ငှက်ပျောသီး တစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေးကြောင်းတွေ ထင်တာနဲ့ ပါးရေ တွန့်တာတွေလို အိုမင်းတဲ့ လက္ခဏာတွေကို လျော့ကျ စေပါတယ်။ ထောပတ် သီးမှာ ပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင်က အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ် ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံး ကုသနည်း ဖြစ်ပါတယ်။

ဘယ်လို လိမ်းသင့်သလဲ

ထောပတ်သီးကို မျက်နှာပေါင်းတင် ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုး မရှိဘဲ အဆင်ပြေတဲ့ နည်းပါ။ ပြုလုပ်နည်းကတော့ ထောပတ်သီး အမှည့် တစ်လုံးကို နုညက်တဲ့အထိ ကြိတ်ခြေပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ လိမ်းပေးပါ။ အချိန် ၁၀ မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ ပိုပြီး အစိုဓာတ် ရစေဖို့အတွက် နွားနို့ အနည်းငယ် ဒါမှမဟုတ် ပျားရည် လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ် လိမ်းပေး နိုင်ပါတယ်။

၃) ပျားရည်

ပျားရည်ထဲမှာ အရေပြားကို ပြန်လည် ကောင်းမွန် စေနိုင်တဲ့ အင်တီအောက် ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ပစ္စည်းအနေနဲ့ နေ့စဉ် သုံးပေးသင့်တာ ဖြစ်ပါတယ်။

ဘယ်လို သုံးသင့်တာလဲ

ပျားရည် အနည်းငယ်ကို ရေနွေးအနည်းငယ် ရောထည့်ကာ ချောမွတ်တဲ့အထိ မွှေပါ။ ဆံပင်တွေကို အကုန်စု သိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင် ပေးပါ။ ကြေးချွတ်တဲ့ အာနိသင် ရလိုရင် အဆိုပါ အရည်ထဲကို အညို ရောင်သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သန့်စင် သင့်ပါတယ်။ ပြီးမှ ရေနဲ့ ဆေးကြောချလိုက်ပါ။

ကြယ်စင်
မြ၀တီ
https://www.facebook.com/mwdmedia

သွားနှင့် ခံတွင်း ဆိုင်ရာ ဆရာဝန်တို့က သင့်ကို သိစေလိုသော အချက်များ


သွားနဲ့ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး သွားဆရာဝန် တွေက သင့်ကို သိစေလိုတဲ့ အချက်တွေကို ရေးသား လိုက်ရပါတယ်။

၁) လူတွေက သင့်ကို ပထမဆုံးအကြိမ် စတွေ့တဲ့အခါ အရင်ဆုံး သူတို့ သတိထား မိတာက သင်ရဲ့ မျက်လုံးတွေ ဖြစ်ပြီး ဒုတိယ အနေနဲ့ သတိထား မိတာက သင့်သွား တွေပါပဲ။ တတိယ အနေနဲ့ကျမှ သင့်ဆံပင်တွေကို သတိပြုမိတာပါ။ ဒါပေမဲ့ လူတွေက သွားတွေထက် ဆံပင်အတွက် ပိုပြီး ငွေကုန် ကြေးကျခံကာ ပြုပြင် နေကြပါတယ်။

၂) သွားဆေးခန်းကို လာတဲ့ လူနာတွေက နာမည်ကျော် သူတွေရဲ့ ပုံတွေကို ယူဆောင်လာပြီး “ကျွန်မရဲ့ သွားတွေကို သူ့လို ပုံစံမျိုး ဖြစ်ချင်ပါတယ်” လို့ ပြောကြပါတယ်။ အဲဒီအခါမှာ ကျွန်တော် ပြန်ရှင်းပြ ချင်တဲ့ အချက် ရှိပါတယ်။ သင့်အနေနဲ့ အင်ဂျလီနာ ဂျိုလီလို အပြုံးမျိုးတော့ ပြုံးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို သွားတွေနဲ့ အံဝင်ခွင်ကျ အဆင်ပြေတဲ့ မျက်နှာ ပုံစံမျိုး သင့်မှာ မရှိတာကြောင့် ပါပဲ။

၃) သင့်အနေနဲ့ သင့်ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ လျှော့ချ လိုတယ်ဆိုရင် Xylitol (ပီကေထဲမှာ တွေ့ရတဲ့ သကြား အစားထိုး ပစ္စည်း) ကို စားပေးဖို့ လိုပါတယ်။ Xylitol က သင့်ခံတွင်းရဲ့ ဓာတ်သဘာဝကို ပြောင်းလဲ ပစ်နိုင်ပါတယ်။ Xylitol ပါတဲ့ ပီကေ ခြောက်ခု၊ ခုနစ်ခုလောက် နေ့စဉ်စားရင် သွားပိုးစား ရောဂါ ကင်းဝေး စေပါတယ်။

၎) ခံတွင်းကို အပေါက် ဖောက်ပြီး အလှဆင်တာက ကူးစက်ပိုး ဝင်နိုင်ခြေ များပါတယ်။ လျှာကို အပေါက်ဖောက်ပြီး အလှဆင်တာကြောင့် ပိုးဝင်ကာ လျှာဖြတ်လိုက်ရတဲ့ သူတွေကို ကြုံဖူးပါတယ်။ တကယ်လို့ အဲဒီလို မဖြစ်ဘူး ဆိုရင်တောင် လျှာကို အပေါက် ဖောက်တာ ကြောင့် ရှေ့သွားတွေ ပဲ့ထွက် တာမျိုး ဖြစ်တတ် ပါတယ်။

၅)လူတွေက ခက်ခဲ ကြန့်ကြာတဲ့ ကိစ္စမျိုးဆိုရင် သွားနုတ်ရသလိုပဲလို့ တင်စား ပြောဆို တတ်ကြတယ်။ တကယ်တမ်းက သွားနုတ်ရတာက လွယ်ကူ မြန်ဆန်ပါတယ်။

၆) သွားဆေးခန်းကို မလာခင် ကြက်သွန်ဖြူတွေ စားမလာခဲ့ရင် ကျေးဇူးတင် နေမှာပါ။

၇)လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက ကလေးတွေက နို့ဘူးစို့ပြီး အိပ်ရင် သွားပျက်စီး နိုင်တယ်လို့ သွားဆရာဝန်တွေက မိဘတွေကို သတိပေးခဲ့ကြ ပါတယ်။ ဒါကြောင့် နို့ဘူးစို့ရက်နဲ့ ကလေးကို မအိပ်စေဖို့ လိုပါတယ်။ ဒီသဘောတရားက အခုအထိလည်း ပြောင်းလဲမှု မရှိပါဘူး။

၈)သွားဖုံးတွေကနေ သွေးထွက်တဲ့အခါ သင်တို့အနေနဲ့ ဘာမှ ကိစ္စမရှိပါဘူး လို့ပဲ ထင်နေကြပါတယ်။ သွားကို ခပ်ကြမ်းကြမ်း မတိုက်ဘဲနဲ့ သွားဖုံးကနေ သွေးတွေ ထွက်နေရင် ဒါက သွားပတ်မြှေး ရောဂါ (Periodontal Disease) ဖြစ်နေ နိုင်တာကြောင့် သွားဆရာဝန်နဲ့ ပြသသင့် ပါတယ်။

ဇွန် (Ref;RD)
မြ၀တီ
https://www.facebook.com/mwdmedia

ရင်ပြည့်ရင်ကယ်နှင့် လေရောဂါအတွက် ဆေးနည်း


လေရောဂါအမျိုးမျိုးကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်
ရောဂါများအတွက် ကိုယ်တိုင်လုပ်ဆေးနည်းလေးကို မျှဝေပေးလိုက်တယ်။

ပါဝင်သည့်ပစ္စည်းများ

(၁) သိန္ဓောဆား ၁၀ ကျပ်သား
(၂) ဆားပုပ် ၁၀ ကျပ်သား
(၃) ဇ၀က်သာ ၁၀ ကျပ်သား
(၄) ပဲခူးဆား ၁၀ ကျပ်သား (ရိုးရိုးဟင်းခတ်ဆား)
(၅) မြန်မာဆားခါး ၁၀ ကျပ်သား

၎င်းဆားငါးမျိုးကို လေလုံအောင် ပုလင်းထဲတွင် ရောစပ်ထည့်ထား၍ လက်ဖက်စားဇွန်းဝက်ခန့်ကို ရှောက်ရည်၊ သံပုရာရည်၊ ဆိုဒါရည် တစ်မျိုးမျိုးနှင့် သင့်ရုံမျှ ရောစပ်၍ မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ် သောက်ပါ။

ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးရောဂါအတွက်လည်း ၄င်းဆားငါးပါးဆေးကို
မြင်းခွါရွက်သတ္ထုရည်နှင့် ရောစပ်၍ သောက်ပေးပါက ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

၎င်းဆားများကို မိမိတို့အနားမှာရှိသည့် ပရဆေးဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြပါသည်။

ရောဂါများကင်းစင်၍ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ တိုင်းရင်းမြန်မာဆေးနည်းကျော်များစာအုပ်

ကျန်းမာရေးသတင်းများ

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ "ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက် လာတာပဲ ဆရာ"လို့ ကလေးမိဘအ တော်များများက ပြောတတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေး ရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီ လောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါ တယ်။ နောက်တစ်ခါ ဆေးပြန်တိုက် လိုက်ရင် ကလေးက အဖျားပြန်ကျသွား ပြန်ရော။ အဲဒါက ဝင်တဲ့ ဗိုင်းရပ်စ်ပိုး အ မျိုးအစားပေါ်မူတည်ပြီး(ဥပမာ တစ်ရက် ဖျားမှာလား၊ သုံးရက်ဖျား မှာလား) အဖျား ကျတာ၊ မကျတာက အရေးမကြီးဘူး။ ကလေးကို ဘာပိုးဝင်ပြီး ဘယ်လိုဒုက္ခပေး နိုင်သလဲဆိုတာက ပိုအရေးကြီး ပါတယ်။

ပိုးဝင်ခြင်း

ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူ ကြီးလာတဲ့ အချိန်မှာ ကလေးတွေက ရုတ် တရက် တက်တတ်ပါတယ်။ အဲဒါမျိုး တွေဖြစ်ရင် အမေတွေက ပိုပြီးတော့ တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ် ပူပြီး တက်တတ်တဲ့ ကလေးတွေနဲ့ မျိုးရိုး ထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိ တတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့ က သူတို့ငယ်ငယ်တုန်းကလည်း တက် တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊ မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါ တယ်။ ဖျားမှတက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အထိ ပဲ။ အဲဒီအသက်အပိုင်းအခြားထက် ကျော်သွားရင်တော့ အဖျားကြီးပြီး တက် တယ်ဆိုတာ သိပ်မရှိတော့ဘူး။

ကိုပှုကြီးပြီး တက်လျှင်

အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ်ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာ လည်းပြန်ကျ သွားပါတယ်၊ သတိကောင်း တယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွား တယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေ မယ်။ နဂိုပုံမှန်နဲ့ ထူးမခြားနားဖြစ်ရင် လည်း ဖြစ်နေမယ်။ အဲဒါမျိုးဆိုရင် အဖျား ကြီးလို့ တက်တာမျိုးက ဘာမှ ကြောက် လန့်စရာအကြောင်းမရှိပါဘူး။ ဆေးတစ် မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ နှစ်မျိုးတွဲပေးပြီး ချချင်လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမဟုတ် အေးတဲ့အ ခန်း (Air-condition)ထဲ ထားတာ စတဲ့ ရောဂါပေါ်မှာ မူတည်ပြီး အဖျားကိုကျ အောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ကလေးက ဖျားတာ၊ မဖျားတာထက်စာ ရင် အစာစားလား၊ မစားဘူးလား၊ အရည် ဝင်လား မဝင်ဘူးလား၊ လန်းလန်းဆန်း ဆန်းရှိလား၊ မလန်းဘူးလား၊ အဲဒါတွေ က ပိုပြီး အရေးကြီးပါတယ်။

ရေပတ်တိုက်သင့်၊ မသင့်

တချို့မိဘတွေက အဖျားကြီးရင် အနွေးထည် မဝတ်ရဘူး၊ စောင်မခြုံရဘူး၊ ရေပတ်တိုက်ရမယ်လို့ ပြောတတ်ကြပါ တယ်။ အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အအေးမိပြီး နမိုးနီးယားဝင်နေတဲ့ လူနာဆိုရင်တော့ နွေးနွေးထွေးထွေးထားဖို့ လိုအပ်ပါတယ်၊ ခဏခဏ ရေပတ်တိုက်တာ၊ ရေလောင်း နည်းဖြစ်တဲ့ ပါရာစီတမောတို့၊ ဘာတို့ တိုက်ပြီးတော့ အဖျားကျအောင် လုပ်တာက ပိုသင့်တော်ပါတယ်။ မိဘတွေ အနေနဲ့ လုပ်သင့်တာက တတ်နိုင်သမျှ ကလေးကို အစာဝင်အောင် ကျွေးရမယ်။ အဖတ်မဝင်ရင်တောင်မှ အရည်ဝင် အောင် တိုက်ရပါမယ်။

အစားအစာ ကျွေးသင့်၊ မသင့်

မိဘအတော်များများက ကလေး တွေ ဖျားပြီဆိုတာနဲ့ ဆန်ပြုတ်ပဲ တိုက် တာ၊ ကြက်ပေါင်းရည်လေးပဲ တိုက်တာ မျိုးတွေ တွေ့ရပါတယ်။ တကယ်တမ်း ကလေးက ထမင်းစားချင်စိတ်ရှိရင် ကျွေး လို့ ရပါတယ်။ အဲဒီအခါမှာပထမအစော ပိုင်း ခုနစ်ရက်လောက် ဖျားရင် ဘယ်အ သက်အရွယ်ပဲဖြစ်ဖြစ် သာမန်အားဖြင့် အစာဖြတ်ထားစရာ မလိုပါဘူး။ ထမင်း ကျွေးလို့ရပါတယ်၊ ထမင်းမဝင်ရင် အ ရည် တစ်ခုခုဝင်အောင် တိုက်လို့ရပါ မယ်။ ရေချည်းပဲတော့ မဟုတ်ပါဘူး။ ဖျား တိုင်း ဓာတ်ဆားရည် သောက်ရမယ်ဆို တာလည်း မဟုတ်ပါဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ဓာတ်ဆားရည် သောက်သင့် တဲ့ ရောဂါရှိသလို၊ ဓာတ်ဆားရည် မ သောက်သင့်တဲ့ ရောဂါတွေလည်း ရှိပါ တယ်။

မက်ကလောင်ဖောက်ခြင်း

မှားယွင်း လုပ်ဆောင် တတ်တာတွေ ကတော့ မြန်မာနိုင်ငံမှာ တွေ့ရများ တာက မက်ကလောင် ဖောက်တယ်ဆို တဲ့ ဓလေ့ရှိကြပါတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်က လောင် ဖောက်ရတယ် ဆိုပြီး လက်ထိပ် တွေဖောက်၊ ခြေထိပ်တွေဖောက် လုပ် တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာက တော့ စအိုနားကိုပါ ဖောက်တတ်ကြပါ တယ်။ အဲဒီလိုဖောက်တဲ့ အခါ တချို့က ဘူးလို့ပဲ ပြောချင်ပါတယ်။ အညစ်အ ကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများ ကြီးပဲ။ သူ့ဘာသာသူ အပြင်မှာ နေနေတဲ့ ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေးထွက်ပြီး အဲဒီအပေါက်ကနေ ခန္ဓာ ကိုယ်ထဲ ပိုးတွေဝင် သွားပါတယ်။ သွေးက တစ်ကိုယ်လုံးကို လှည့်ပတ်နေတာဆို တော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာက အေးသွား တတ်ပါတယ်။ အဲဒါကို လူကြီးတွေက အဖျားကျသွားပြီ။ ထင်နေကြတာ။ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။ 

ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေ

 By Good Health

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်


အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိလိုက်ရုံနဲ့ အိပ်မောကျ သွားတတ်ပါတယ်။  လူအနည်းစု ကတော့ အတွေးတွေ များပြီး တော်တော်နဲ့ အိပ်မပျော်နိုင်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန် အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ်မပျော် နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေဖို့ အောက်ပါ နည်းခြောက်သွယ်ကို ရေးသား လိုက်ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

အိပ်ရေးဝဝ အိပ်ပျော်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် နေ့ လယ်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြစ်ပြီး အနည်းဆုံး အိပ်ရာဝင်ချိန်မတိုင်ခင် အချိန် သုံးနာရီလောက်ခြားပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

နံနက်ခင်း နေခြည်နုနုခံပါ

ကိုယ်ခန္ဓာဇီဝ နရီရဲ့ နိုးထမှုနဲ့ ဟန်ချက်ညီ မျှမှုတို့အတွက် မနက်ခင်းမှာ နေခြည်နုနုခံယူပေးပါ။ မနက် ခြောက်နာရီကနေ ရှစ်နာရီကြား နေခြည်နုနုကို ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။

စိတ်ဖိစီးမှု ထိန်းချုပ်ပါ

စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာကြောင့် အဆိုး မြင်အတွေးတွေကို ကင်းစင်စေပြီး အိပ်ရာထဲ ဝင်တာ နဲ့ ခပ်မြန်မြန် အိပ်မောကျစေပါတယ်။

တစ်ရေးအိပ်စက်ပါ

ပင်ပန်းနေရင် တစ်ရေးအိပ်ပါ။ အချိန် ၃၀ မိနစ် အောက်နည်းပြီး တစ်ရေးအိပ်ပါ။

ကျန်းမားရေးနှင့် ညီညွတ်သော အစာ စားပါ

အမေရိကန်လူမျိုးအများစုဟာ ညစာကို များများ စားလေ့ရှိတာကြောင့် အိပ်စက်မှုစနစ် ထိခိုက်နေရ တယ်လို့ သိရပါတယ်။ မနက်စာကို များများစားတာ၊ နေ့လယ်စာကို အသင့်အတင့်စားပြီး ညစာကို နည်း နည်းပဲ စားတာတွေက အကောင်းဆုံး ဖြစ်ပါတယ်။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီ ခြားပြီး စားပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို လျှော့ သောက်ပြီး ညစာမစားခင် အရည် များများသောက်ပါ။

ပုံမှန် အိပ်ချိန်၊ ထချိန် ထားရှိပါ

အိပ်စက်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင် တာနဲ့ နေ့စဉ် အိပ်-နိုးစနစ်ကို တူညီတဲ့အချိန်မှာ ထား ရှိတာကြောင့် ခပ်ကြာကြာ အိပ်မောကျစေပါတယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ကို ဖယ်ရှားပြီး အခန်းအပူချိန်ကို လျှော့ချပါ။

ကြယ်စင်

By Good Health

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်

ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နောက်ရလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသင်က သိသာ ထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေ အနေသို့ပင်ရောက်ရှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းအေး

Ref: ANI

Health Updates Journal

သတိလစ် မေ့မြောခြင်း


သတိလစ် မေ့မြောခြင်းကြောင့် ပတ်ဝန်းကျင်ကို သတိမထားမိ၊ တုံ့ပြန်မှု ဆိတ်သုဉ်းသွားပြီး အိပ်ပျော် နေသူကဲ့သို့ နှိုးမရခြင်း ဖြစ်တတ်သည်။ သတိလစ်မေ့မြောခြင်း ကြာမြင့်လျှင် ဦးနှောက်ကို

ဆိုးဆိုးရွားရွား ထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ မေ့မြောသူအချို့မှာ ခေါင်း၊ မျက်စိနှင့် ခန္ဓာကိုယ် တစ်ခြမ်း၌သာ ဦးတည်လှုပ်ခြင်း၊ မျက်စိသူငယ်အိမ် တစ်ခုနှင့်တစ်ခု မတူခြင်း၊ မျက်နှာနှင့် ပါးစပ်တစ်ခြမ်းသာ ရွဲ့ခြင်း၊ ခြေလက်မှာလည်း ဘယ် သို့မဟုတ် ညာခြေ လက်သာ ပျော့ခွေနေခြင်း၊ ဦးနှောက်သွေးကြော တစ်ခုခုပိတ်ခြင်း သို့မဟုတ် ပြတ်နေခြင်း၊ ဦးနှောက်အတွင်း အသားပို သို့မဟုတ် ပြည်တည်နာရှိခြင်းနှင့် ဦးခေါင်းဒဏ်ရာရ၍ ဦးနှောက်ဖိညှပ် ခံရခြင်း ဖြစ်နိုင်သည်။

မေ့မြောရသည့် အကြောင်းရင်းခံ အချို့မှာ ဦးနှောက် လှုပ်ခါခံရခြင်း၊ ဝက်ရူးပြန်ခြင်း၊ ယူရီးယား သွေးဆိပ်တက်ခြင်း၊ ဆီးချို အဆိပ်တက်ခြင်း၊ အင်ဆူလင်များခြင်း၊ ဦးနှောက် အဆိပ်မိခြင်း၊ အသည်းအဆိပ် ဖြစ်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ထဲသို့ ငှက်ဖျားပိုးဝင်ခြင်း၊ အပူလွန်ကဲခြင်း၊ ဦးနှောက်ကင်ဆာ ဖြစ်ခြင်း၊ သတိမေ့မြောခြင်း၊ ဓာတ်မတည့်ခြင်း၊ စိတ်ချုပ်တည်းမှု ပြင်းထန်ခြင်းနှင့် သွေးတိုးရောဂါတို့ကြောင့် ဖြစ်ရသည်။ သွေးကြောပိတ် ရောဂါသည် အသက်ကြီးရင့် လာသည့်အခါ ပို၍အဖြစ်များပြီး အိပ်ရာထဲ တွင် ခြေလက်သေနေသည်ကို ကြုံရတတ်သည်။ ဦးနှောက် သွေးကြောပိတ်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါနှင့် အရိုးကျိုး လူနာများတွင်လည်း တွေ့နိုင်သည်။

သတိလစ် မေ့မြောခြင်း မှန်သမျှမှာ သေရေးရှင်ရေး ဖြစ်သောကြောင့် ကုသမှု နောက်ကျလျှင် အသက် ဆုံးရှုံးနိုင်သည်။ ယင်းကြောင့် လျင်မြန်စွာ ကုသရန် လိုအပ်ပါသည်။ ဦးခေါင်း ဒဏ်ရာကြောင့် သတိလစ်မေ့မြောလျှင် ခွဲစိတ်ဆရာဝန်၌ တာဝန်ရှိသည်။ သွေးတိုးလွန်းလျှင်၊ ဆီးချို ဆိုးရွားလွန်းလျှင် ဆေးကုသမှုပါရဂူ၌ တာဝန်ပိုရှိသည်။ သွေးတိုးကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး မေ့မြောနေသူကို ကုသရန်မှာ နှစ်ဦးစလုံး၌ တာဝန်ရှိပါသည်။ မေ့မြောသူ မှန်သမျှ လျင်လျင်မြန်မြန် ကုသပါက သတိပြန်လည် လာနိုင်သည်ဟု မယူဆသင့်ပါ။ ဦးနှောက် ရုတ်တရက် အတိုက်ခိုက်ခံရခြင်း၊ ဦးနှောက်ဒဏ်ရာ ရရှိခြင်းတို့မှာ အသက်ရှင်ရန် ခက်ခဲစေသည်။ ဦးနှောက်ကင်ဆာဖြစ်သူ၊ ယူရီးယား အဆိပ်တက်ပြီး ကာဗွန်မိုနောက်ဆိုက် အဆိပ်မိသူများလည်း အသက်ရှင်ရန် ခက်ခဲသည်။ သတိလစ် မေ့မြောသူကို ကုသရာတွင် မျိုးရိုးဗီဇကြောင့် ဖြစ်ခြင်းနှင့် အရေးပေါ် ဖြစ်ခြင်းတို့ရှိရာ လိုရင်းကို တိုတိုရှင်းရှင်း ဖြေကြား ရမည် ဖြစ်သည်။ အရေးကြီး လက္ခဏာများအပြင် ဦးနှောက် အမြှေးရောင်ခြင်း၊ အပူချိန် လွန်ကဲခြင်း၊ သွေးခုန်နှုန်း နှေးခြင်း၊ မြန်ခြင်း၊ သွေးဖိအား မြင့်တက်ပြီး ဦးနှောက် တိုက်ခိုက်ခံရပါ က သွေးဖိအား လျှော့ချခြင်းနှင့် ကာလဝမ်း၊ တိုက်ဖွိုက် ကူးစက်မှုများ ကုသခြင်းတို့ လိုအပ်သည်။

ဆီးစစ်ပြီး သကြားဓာတ်ပါ၊ မပါစစ်ရမည်။သွေးတိုးနှင့် ဆီးချိုအတွက် စစ်သင့်သည်။ ဦးနှောက် အရည်ကြည်၊ ကျောရိုးကို ဖောက်ပြီး ဦးနှောက်မှ ဒဏ်ရာကို ခန့်မှန်းနိုင်သည်။ ဦးနှောက် ဓာတ်မှန် ရိုက်ကြည့်ခြင်းဖြင့် ဦးနှောက်အကျိတ်ရှိ၊ မရှိ သိနိုင်သည်။ ECG စစ်ဆေးခြင်းဖြင့် အခြေခံ နှလုံးခုန်မှု ကောင်း၊ မကောင်းသိနိုင်သည်။ အစာအိမ်မှ အရာအားလုံး ပြွန်တပ်ပြီး စုပ်ထုတ် ဆေးကြောပါက အဆိပ်သောက်သော သူကို ကုသပြီးဖြစ်သည်။ အသက်ရှူ လမ်းကြောင်း ပွင့်အောင်လုပ်ရသည်။ သွားတုနှင့် အန်ဖတ်များ ဖယ်ရှားရမည်။ သွေးလည်ပတ်မှု ရှိရမည်။ လိုအပ်သည့် သွေး၊ သတ္တုဓာတ်သွင်းခြင်း၊ ရေဓာတ်၊ ဂလူးကို့စ် သွင်းခြင်းဖြင့် ကုသနိုင်သည်။ ရောဂါပိုးမွှားများအတွက် ပိုးသတ်ဆေး ပေးနိုင်သည်။ ဆီး၊ ဝမ်း၊ သွေးခုန်နှုန်းနှင့် အပူချိန် မှတ်သားရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
သတိလစ် မေ့မြောခြင်း သတိလစ် မေ့မြောခြင်းကြောင့် ပတ်ဝန်းကျင်ကို သတိမထားမိ၊ တုံ့ပြန်မှု ဆိတ်သုဉ်းသွားပြီး အိပ်ပျော် နေသူကဲ့သို့ နှိုးမရခြင်း ဖြစ်တတ်သည်။ သတိလစ်မေ့မြောခြင်း ကြာမြင့်လျှင် ဦးနှောက်ကို ဆိုးဆိုးရွားရွား ထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ မေ့မြောသူအချို့မှာ ခေါင်း၊ မျက်စိနှင့် ခန္ဓာကိုယ် တစ်ခြမ်း၌သာ ဦးတည်လှုပ်ခြင်း၊ မျက်စိသူငယ်အိမ် တစ်ခုနှင့်တစ်ခု မတူခြင်း၊ မျက်နှာနှင့် ပါးစပ်တစ်ခြမ်းသာ ရွဲ့ခြင်း၊ ခြေလက်မှာလည်း ဘယ် သို့မဟုတ် ညာခြေ လက်သာ ပျော့ခွေနေခြင်း၊ ဦးနှောက်သွေးကြော တစ်ခုခုပိတ်ခြင်း သို့မဟုတ် ပြတ်နေခြင်း၊ ဦးနှောက်အတွင်း အသားပို သို့မဟုတ် ပြည်တည်နာရှိခြင်းနှင့် ဦးခေါင်းဒဏ်ရာရ၍ ဦးနှောက်ဖိညှပ် ခံရခြင်း ဖြစ်နိုင်သည်။ မေ့မြောရသည့် အကြောင်းရင်းခံ အချို့မှာ ဦးနှောက် လှုပ်ခါခံရခြင်း၊ ဝက်ရူးပြန်ခြင်း၊ ယူရီးယား သွေးဆိပ်တက်ခြင်း၊ ဆီးချို အဆိပ်တက်ခြင်း၊ အင်ဆူလင်များခြင်း၊ ဦးနှောက် အဆိပ်မိခြင်း၊ အသည်းအဆိပ် ဖြစ်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ထဲသို့ ငှက်ဖျားပိုးဝင်ခြင်း၊ အပူလွန်ကဲခြင်း၊ ဦးနှောက်ကင်ဆာ ဖြစ်ခြင်း၊ သတိမေ့မြောခြင်း၊ ဓာတ်မတည့်ခြင်း၊ စိတ်ချုပ်တည်းမှု ပြင်းထန်ခြင်းနှင့် သွေးတိုးရောဂါတို့ကြောင့် ဖြစ်ရသည်။ သွေးကြောပိတ် ရောဂါသည် အသက်ကြီးရင့် လာသည့်အခါ ပို၍အဖြစ်များပြီး အိပ်ရာထဲ တွင် ခြေလက်သေနေသည်ကို ကြုံရတတ်သည်။ ဦးနှောက် သွေးကြောပိတ်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါနှင့် အရိုးကျိုး လူနာများတွင်လည်း တွေ့နိုင်သည်။ သတိလစ် မေ့မြောခြင်း မှန်သမျှမှာ သေရေးရှင်ရေး ဖြစ်သောကြောင့် ကုသမှု နောက်ကျလျှင် အသက် ဆုံးရှုံးနိုင်သည်။ ယင်းကြောင့် လျင်မြန်စွာ ကုသရန် လိုအပ်ပါသည်။ ဦးခေါင်း ဒဏ်ရာကြောင့် သတိလစ်မေ့မြောလျှင် ခွဲစိတ်ဆရာဝန်၌ တာဝန်ရှိသည်။ သွေးတိုးလွန်းလျှင်၊ ဆီးချို ဆိုးရွားလွန်းလျှင် ဆေးကုသမှုပါရဂူ၌ တာဝန်ပိုရှိသည်။ သွေးတိုးကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး မေ့မြောနေသူကို ကုသရန်မှာ နှစ်ဦးစလုံး၌ တာဝန်ရှိပါသည်။ မေ့မြောသူ မှန်သမျှ လျင်လျင်မြန်မြန် ကုသပါက သတိပြန်လည် လာနိုင်သည်ဟု မယူဆသင့်ပါ။ ဦးနှောက် ရုတ်တရက် အတိုက်ခိုက်ခံရခြင်း၊ ဦးနှောက်ဒဏ်ရာ ရရှိခြင်းတို့မှာ အသက်ရှင်ရန် ခက်ခဲစေသည်။ ဦးနှောက်ကင်ဆာဖြစ်သူ၊ ယူရီးယား အဆိပ်တက်ပြီး ကာဗွန်မိုနောက်ဆိုက် အဆိပ်မိသူများလည်း အသက်ရှင်ရန် ခက်ခဲသည်။ သတိလစ် မေ့မြောသူကို ကုသရာတွင် မျိုးရိုးဗီဇကြောင့် ဖြစ်ခြင်းနှင့် အရေးပေါ် ဖြစ်ခြင်းတို့ရှိရာ လိုရင်းကို တိုတိုရှင်းရှင်း ဖြေကြား ရမည် ဖြစ်သည်။ အရေးကြီး လက္ခဏာများအပြင် ဦးနှောက် အမြှေးရောင်ခြင်း၊ အပူချိန် လွန်ကဲခြင်း၊ သွေးခုန်နှုန်း နှေးခြင်း၊ မြန်ခြင်း၊ သွေးဖိအား မြင့်တက်ပြီး ဦးနှောက် တိုက်ခိုက်ခံရပါ က သွေးဖိအား လျှော့ချခြင်းနှင့် ကာလဝမ်း၊ တိုက်ဖွိုက် ကူးစက်မှုများ ကုသခြင်းတို့ လိုအပ်သည်။ ဆီးစစ်ပြီး သကြားဓာတ်ပါ၊ မပါစစ်ရမည်။သွေးတိုးနှင့် ဆီးချိုအတွက် စစ်သင့်သည်။ ဦးနှောက် အရည်ကြည်၊ ကျောရိုးကို ဖောက်ပြီး ဦးနှောက်မှ ဒဏ်ရာကို ခန့်မှန်းနိုင်သည်။ ဦးနှောက် ဓာတ်မှန် ရိုက်ကြည့်ခြင်းဖြင့် ဦးနှောက်အကျိတ်ရှိ၊ မရှိ သိနိုင်သည်။ ECG စစ်ဆေးခြင်းဖြင့် အခြေခံ နှလုံးခုန်မှု ကောင်း၊ မကောင်းသိနိုင်သည်။ အစာအိမ်မှ အရာအားလုံး ပြွန်တပ်ပြီး စုပ်ထုတ် ဆေးကြောပါက အဆိပ်သောက်သော သူကို ကုသပြီးဖြစ်သည်။ အသက်ရှူ လမ်းကြောင်း ပွင့်အောင်လုပ်ရသည်။ သွားတုနှင့် အန်ဖတ်များ ဖယ်ရှားရမည်။ သွေးလည်ပတ်မှု ရှိရမည်။ လိုအပ်သည့် သွေး၊ သတ္တုဓာတ်သွင်းခြင်း၊ ရေဓာတ်၊ ဂလူးကို့စ် သွင်းခြင်းဖြင့် ကုသနိုင်သည်။ ရောဂါပိုးမွှားများအတွက် ပိုးသတ်ဆေး ပေးနိုင်သည်။ ဆီး၊ ဝမ်း၊ သွေးခုန်နှုန်းနှင့် အပူချိန် မှတ်သားရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia

သည်းခြေကျောက်ကို သဘာဝနည်းနဲ့ ဖယ်ကြည့်နိုင်မယ့် ဖျော်ရည်များ


သည်းခြေအိတ် ဆိုတာက အသည်းရဲ့နောက်မှာ ရှိနေတဲ့ သစ်တော်သီးပုံစံ အိတ်ကလေးပါ။ သူကနေ ထုတ်ပေးတဲ့ သည်းခြေရည်ကတော့ စားလိုက်တဲ့ အစာတွေကို ကူညီခြေပေးပါတယ်။ ခြေပေးရင်းနဲ့ သည်းခြေရည်နဲ့ မကျေသေးတဲ့ တချို့အရာတွေ ရောသွားပြီး သည်းခြေကျောက် တည်တာမျိုး ဖြစ်တတ်ပါတယ်။ ဗိုက်နာလာမယ်။ နောက်ကျောတွေ ပုခုံးတွေ နာလာမယ် ဆိုရင် ရောဂါလက္ခဏာ စပြလာတာပေါ့။ နာတာကနေ မအီမသာ ဖြစ်ပြီး အန်လာမယ်၊ အစာမကြေဖြစ်ပြီး နာလာမှာပေါ့။ ဆေးရုံသွား စစ်ဆေးကုသသင့်တဲ့ အခြေအနေမျိုးပေါ့။

မသွားအားသေးခင် သဘာဝ ဆေးမြီးတိုလေးတွေနဲ့ သက်သာနိုင်မယ့် နည်းလေးတွေလဲ သုံးစွဲနိုင်ဖို့ ကျနော်တို့ ကျန်းမာရေးသတင်းများပေ့ခ်ျကနေ မျှဝေလိုက်ပါတယ်။ တချို့နည်းတွေကတော့ တော်တော်လွယ်ပြီး တချို့နည်းတွေကတော့ ပစ္စည်းစုံအောင် ရှာဖို့ နည်းနည်း လက်ဝင်မှာပေါ့နော။
(တချို့ပစ္စည်းပုံတွေတော့ မှတ်ရလွယ်အောင် ဓာတ်ပုံတွေ တွဲတင်ထားပါတယ်)

(၁) သံပုရာဖျော်ရည်တဲ့။

အရသာတော့ နည်းနည်းပြင်းမယ်။ ဗိုက်ထဲ ဘာမှ မရှိတဲ့အချိန် တစ်နေ့ကို လတ်လတ်ဆတ်ဆတ် သံပုရာသီး ၄ လုံး ညှစ်ထားတာ သောက်ရမှာပါ။ ဒီနည်းကို တပတ်တိတိ ဆက်လုပ်သွားရမှာပါ။ ဒါဟာ သည်းခြေကျောက်တွေကို ကူညီဖယ်ရှားပေးနိုင်မယ့်နည်းပါပဲ။ ရေသာ ခပ်များများ သောက်ပေးနေရင် သည်းခြေကျောက်တွေ တဖြည်းဖြည်း လွယ်လွယ်ကူကူပဲ ကျေသွားမှာပါတဲ့။

(၂) အသီးအရွက်ဖျော်ရည်။

Beet လို့ခေါ်တဲ့ သကြားမုန်လာ+ ခါကြက်ဥ ဆိုတဲ့ မုန်လာဥနီ+ သခွားသီးတွေကို ရောကြိတ်မွှေထားတဲ့အရည်ကို တစ်နေ့ ၂ ကြိမ်နှုန်းနဲ့ ၂ ပတ်ဆက်တိုက် သောက်ပေးရပါမယ်။ ပျမ်းမျှအချိုးကတော့ သကြားမုန်လာ ၁ လုံး၊ သခွားသီး ၁ လုံး၊ မုန်လာဥနီ အရွယ်လတ် ၄ လုံးလောက် လို့ ဆိုပါတယ်။

(၃) Epsom salts ခေါ်တဲ့ ဆားခါးပါ။

ဝမ်းမှန်အောင်လဲ သုံးကြပါတယ်။ အဲဒီဆားခါးဟာ သည်းခြေပြွန်တစ်လျှောက် သည်းခြေကျောက်တွေ လွယ်လွယ်ကူကူ ဖယ်ရှားပေးစေနိုင်ပါတယ်။ ဆားခါး လ္ဘက်ရည်ဇွန်း ၁ ဇွန်းကို ရိုးရိုးရေထဲ လောင်းထည့်ပြီး ညနေပိုင်း သောက်ပေးရမှာပါ။

(၄) ဆနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁ ဇွန်းလောက်ကို ပျားရည်နဲ့ရောပြီး သည်းခြေကျောက် ကြေသွားတဲ့အထိ စားပေးရမှာပါ။

(၅) လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပုရာသီး အစရှိတဲ့ Citrus သစ်သီးတွေမှာ ပါဝင်တဲ့ pectin ဓာတ်ဟာ သည်းခြေကျောက်နဲ့ဆိုင်တဲ့ ကိစ္စတွေကို နိုင်နင်းပါတယ်။

(၆) Herbal Tea လို့ခေါ်တဲ့ ဆေးဖက်ဝင်အရွက်တွေကို လ္ဘက်ရည်ကြမ်းလို သောက်တာမျိုးပါ။ ရေဆူဆူထဲမှာ ဆေးရွက် ၄-၅ ရွက်လောက် ခပ်ပြီး ရေနွေးကြမ်းသောက်သလို သောက်ရတာပါ။ သဘာဝအတိုင်းကနေ ထုတ်လုပ်တာမို့လို့ သည်းခြေကျောက် ကုသရေးမှာ ထိရောက်ပါတယ်။ St.John's Wort ခေါ်တဲ့ ဆေးဖက်ဝင်အ၀ါရောင်ပန်းပွင့် အပင်မျိုး (မြန်မာအခေါ် မသိလို့ပါ။ သိသူများ ကွန်မန့်မှာ ရေးပေးပါနော) ကိုဆိုရင် လ္ဘက်ရည်ကြမ်းလို တစ်ခါသောက်ရင် တစ်ခွက်စာလောက် တနေ့တာအတွင်း သောက်ပေးနိုင်ပါတယ်။

(၇) ပန်းသီးဖျော်ရည်

(Apple Juice) နဲ့ ပန်းသီးအရက် ရှာလကာရည် (Apple Cider Vinegar) ကို ရောစပ်သောက်ရတာပါ။ ပန်းသီးထဲက မောလစ်အက်ဆစ်ဟာ သည်းခြေကျောက်ကို ပျော့သွားစေပြီး ဗီနီဂါ ရှာလကာရည်ကတော့ သည်းခြေအိတ်ထဲမှာ ကျောက်ဖြစ်သွားစေနိုင်တဲ့ ကိုလက်စထရောတွေကို အသည်းက ထုတ်ပေးမှာကို တားဆီးပေးနိုင်ပါတယ်။ ပန်းသီးဟာ သည်းခြေကျောက်တွေကို ကျေပျက် သွားစေရုံသာမက သည်းခြေကျောက် ထပ်ဖြစ်လာမယ့် အခြေအနေကိုတောင် တားဆီးပေးနိုင်တာပါ။ လုပ်နည်းကလဲ လွယ်ပါတယ်။ ပန်းသီးဖျော်ရည် တဖန်ခွက်စာထဲကို ပန်းသီးအရက် ဗီနီဂါ လ္ဘက်ရည်ဇွန်း ၁ ဇွန်း ရောစပ်မွှေပြီး တစ်နေ့ ၁ ခွက် သောက်ပေးရပါတယ်။ သည်းခြေကျောက်ကြောင့် နာကျင်နေတဲ့ ဝေဒနာတောင် ဒီဖျော်ရည်သောက်လိုက်ပြီးရင် သက်သာသွား ပါတယ် တဲ့။

နောက်ပြီး ပန်းသီးကိုကြိတ်ချေထားတဲ့ ပန်းသီးဆော့စ်ကို လှီးစိတ်ထားတဲ့ သကြားမုန်လာဖတ်တွေနဲ့ သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၂ ဇွန်း၊ သံပုရာရည် နည်းနည်းလောက်နဲ့ ရောနှောထားတာတွေကို စားဖို့အကျင့် လုပ်ပေးသင့်ပါတယ်။

(၈) ရောစပ်သံပုရာဖျော်ရည်။

သံလွင်ဆီ ၃၀ မီလီ၊ သံပုရာညှစ်ရည် ၃၀ မီလီနဲ့ ကြက်သွန်ဖြူအနှစ် ၅ ဂရမ်လောက်ကို ရောစပ်ပြီး မနက်တိုင်း ဗိုက်ထဲ ဘာအစာမှ မရှိခင် စားပေးရမှာပါ။ အနည်းဆုံး ရက်ပေါင်း ၄၀ မှန်မှန် လုပ်ပေးရမှာပါ။ လုပ်နိုင်ပါ့မလား။

အသည်းမှာ ကျောက်တည်နေတဲ့ ဝေဒနာရှင်များအတွက်လည်း Share ပေးလိုက်ကြပါဦးနော်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ Juice for liver and kidneys

ကျန်းမာရေးသတင်းများ

ဆေးစွမ်းထက်သော သဘာဝမြင်းခွါရွက်ဖျော်ရည်


မြင်းခွါရွက်ဟာ သဘာဝကပေးထားတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ အရှေ့တိုင်းဆေးနည်းများ၊ အနောက်တိုင်းဆေးနည်းများမှာလည်း မြင်းခွါရွက်၏
ဆေးဖက်ဝင်ပုံများကို ရေးသားဖော်ပြနေကြပါတယ်။

မြင်းခွါရွက်ကို အင်္ဂလိပ်လို Asiatic Pennywort သို့မဟုတ် Indian Pennywort လို့ခေါ်ပြီး ရုက္ခဗေဒလို Centella asiatica လို့ခေါ်ပါတယ်။ တရုတ်တိုင်းရင်းဆေး၊ အိန္ဒိယတိုင်းရင်းဆေးတို့မှာလည်း တွေ့နိုင်ပါတယ်။

မြင်းခွါရွက်၏ ဆေးဖက်ဝင်ပုံများ

(၁) ဉာဏ်ကောင်းစေခြင်း၊ မျက်စိအမြင်အာရုံအားကောင်းစေခြင်း၊ အာရုံကြောများ အားကောင်းစေခြင်း၊ ကျား၊မ ဟော်မုန်းဓါတ်မြင့်တက်စေခြင်း၊ အစာကြေလွယ်စေခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊
နှလုံးအားကောင်းစေခြင်း၊ ခွန်အားကို တိုးပွါးစေခြင် စသည်တို့ဖြစ်ပါတယ်။

သဘာဝမြင်းခွါရွက်ဖျော်ရည် လုပ်နည်း

(၁) ပုံပါအတိုင်း မြင်းခွါရွက်ကို ရေစင်ဆေး၊ အနည်းငယ်လှီးဖြတ်၊ ဘရန်ဒါကြိတ်စက်နဲ့ ကြိတ်။ ကြိတ်စက်မရှိက ထု၊ ထောင်းပါ။

(၂) ကြိတ်ဖတ်ကို အ၀တ်သန့်သန့်ထဲထည့်၍ အရည်ညစ်ယူပါ။

(၃) မြင်းခွါရွက်ရည်ထဲကို ပျားရည်ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်၊ သဘာဝသကြားညို လက်ဖက်စားဇွန်း ၂ ဇွန်းခန့်ထည့်မွှေထားပါ။

(၄) ရေခဲသေတ္တာထဲ နာရီဝက်ခန့် အေးအောင်ထည့်ထားပြီး သောက်ပါ။
( အေးနေပါက သောက်ရတာ အရသာပိုကောင်းပါတယ်)

(၅) ညဖက် ထမင်းစားပြီး အိပ်ယာမ၀င်ခင် သောက်ပါက ပို၍ ဆေးဖက်ဝင်စေပါတယ်။

(၆) ကျန်နေတဲ့ ကြိတ်ဖတ်များကို နေရိပ်ထဲ အခြောက်လှမ်းထားပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲခတ်သောက်ပါ။

လွယ်ကူရိုးရှင်းသော သဘာဝမြင်းခွါရွက်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုး အမြင်အာရုံတိုး၍ နှလုံးအားကောင်းပြီး အမောခံနိုင်ကာ ကျန်းမာဖွံဖြိုးနိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ Asiatic Pennywort Juice

ကျန်းမာရေးသတင်းများ

မြန်မာ့ဆေးဖက်ဝင် ဖန်ခါးသီးပင်


Item Name --------- Myrobalan (ဖန်ခါးသီး)
Category ------------ Raw Material
Botany Term ------- Terminalia chebula Retz
Species Family----- Combretaceae

မြန်မာ နိုင်ငံ အလယ် ပိုင်းနှင့် တောင်ပေါ် ဒေသ များတွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက် သည်။မြန်မာနိုင်ငံအနှံႚအပြားတွင် စိုက်ပျိုးနိုင်သည်။ မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသတွင် သဘာဝအလျောက် ပိုမို ဖြစ်ထွန်း ပေါက်ရောက်သည် Appearance : အပူပိုင်းအရိပ်ရ အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ဖြောင့်မတ်သည်။ အခေါက်ထူသည်။ ရွက်လွှဲ ထွက်သည်။ရွက်ကြောများထင်ရှားပြီး ဘဲဥပုံဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ပွင့်ညှာမဲပန်းခိုင်ဖြစ်ပြီး ဖြူဝါရောင် ရှိသည်။ အသီးမှာ ဘဲဥပုံဆန်၍ ညိုဝါရောင် ရှိပြီးမာကျောသည်။ ခြောက်သွေ့သော အခါတွင် မြောင်းများဖြစ်လာသည်။ အသားထူ၍ အစေ့တစ်စေ့သာ ရှိသည်။ အစေ့မှာ အ၀ါဖျော့ရောင် ဖြစ်သည်။

♥ အပင်

ရွက်ကြွေ ပင်ကြီးမျိုး ဖြစ်၍ ပေ ၇၀-၈၀ ထိ မြင့်၏။ ပင်စည် ရှည်၍ ဖြောင့်မတ်၏။ အခေါက် ထူ၏။ အပွေး အနက် ရောင် ရှိ၏။ အက်ကြောင်း များ သေးငယ် သည်။

♥ အရွက်

ရွက်ဆိုင် နီးပါး ထွက်သည်။ ရှည်မျော မျော ဘဲဥပုံ ရှိ၍ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း ၀ိုင်း၏။ ရွက်ပြား ၃ လက်မ ၄ လက်မ ခန့် ကျယ်ပြန့် သည်။ ရွက်ညွန့် ကတ္တီပါညို ရောင်ရှိ သည်။ ရွက်ကြော များ ထင်ရှား သည်။


♥ အပွင့်

ပွင့်ညှာ မဲ့ ပန်းခိုင် ပေါ်တွင် အဖြူ သို့မဟုတ် အ၀ါရောင် ပန်းပွင့်လေး များ ပွင့်၏။ ပွင့်ဖတ် မရှိ ပွင့်ချပ် နှင့် ပွင့်သော ပန်းပွင့် ဖြစ်သည်။ကဆုန်လ မှ ၀ါဆို ၀ါခေါင် လအတွင်း ဖူးပွင့် သည်။ 

♥ အသီး

တစ်စေ့ သီး ဖြစ်သည်။အသား ထူ၍ အရသာ ဖန်သည်။ပြာသို တပို့တွဲ လတွင် အသီး ရင့်မှည့် သည်။

► အသုံးဝင်ပုံ

အသီး၊ အစေ့ ၊ အရွက် ၊ အခေါက်။

♥ အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ ဖန်ခါးသီး သည် ဖန်၏။ ချဥ၏။ ခါး၏။ စပ်၏။ ပူ၏။ ၀မ်းမီးကို တောက်စေ၏။ သွေးသား ကို စင်ကြယ်စေ ၏။ မျက်စိ ကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါ များ ၊ အရေပြား ရောဂါ၊ ကိုယ်ရေ၀ါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ၀မ်းဗိုက် အောင့်၊ အစာ မကြေ ရောဂါ တို့၌ သုံးရ၏။

► အသီးအသုံးပြုပုံ

၁။ ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက် ပါက အရက်မူး ခြင်း ပျောက်၏။
၂။ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီ ရော၍ မီးလောင် ဖု များကို လိမ်းပေး သော် အနာ သက်သာ စေသည်။
၃။ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ် ပြီး ထို ရေကြည် ဖြင့် မျက်စိ ကို ဆေးပေး ပါက မျက်စိ နာကျင် ကိုက်ခဲ ခြင်း ပျောက်၏။
၎။ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲ သော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်ပါသည်။
၅။အသီး ကို ၀မ်းနုတ်ဆေး ဖော်စပ် ရာတွင် ထည့်သွင်း အသုံးပြု၏။

► အစေ့အသုံးပြုပုံ

၁။ ၀က်ခြံ အမြစ် မထွက် သော် ဖန်ခါးသီး စေ့ကို ဆန်ဆေး ရည် နှင့် သွေးလိမ်း ရ၏။

► အရွက်အသုံးပြုပုံ

၁။ ဖန်ခါး ရွက်ရှိ အသီး ကဲ့သို့ ဖုဖောင်း နေသော ကတြ သင်္ချေကို ၀မ်းနုတ်ဆေး ၊ သွေးဆေး၊ လေဆေး၊ မျက်စိ နာ ပျောက်ဆေး စသည်တို့ ဖော်စပ် အသုံး ပြု သည်။
၂။မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေး များ ဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံး ပြုသည်။

► အခေါက်အသုံးပြုပုံ

၁။ အခေါက် ကို ပြုတ်သောက် သော် ၀မ်းလျှော ၀မ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။
၂။ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် အခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ

♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့်အအေးစာလေးများ


လူသားတစ်ယောက် အတွက် ကိုယ်တွင်း အပူချိန်ဟာ ပျှမ်းမျှ၉၈ဒသမ၆ ဒီဂရီဖြစ်ပြီး ရာသီ ဥတုပေါ်မူတည်၍ ၄င်းပမာဏ ထက် အပူချိန် အတက်အကျ အနည်းငယ်ပြောင်းလဲတတ်ပါတယ်။ ကိုယ်တွင်းအပူများတာကို ဆေး ပညာလောကမှာ 'ံHeat Stress' လို့ခေါ်ကြပြီး ခန္ဓာကိုယ်တွင်း အပူ ချိန်က သူ့အလိုလိုအေးသွားတာမျိုး မရှိတတ်ပါဘူး။ လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာ ခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက် ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင် ပါတယ်။ ရေခဲရည်များ၊ ရေနွေး-စွပ် ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူ ထဲ အချိန်အကြာကြီးသွားလာခြင်း၊ ငရုတ်သီး-ချင်း-မျှစ်ချဉ်-ငရုတ် ကောင်း-ပတဲကောစတဲ့ ပူပူလောင် လောင် အစပ်တွေစားခြင်း၊ ရေ သောက်နည်းခြင်းတို့က ကိုယ်တွင်း အပူရှိန် မြင့်တက်လာစေလို့(အထူး) ရှောင်ကြဉ်ပေးရမယ့် အစားအ သောက်တွေဖြစ်ပါတယ်။ ခန္ဓာ ကိုယ်တွင်း အပူငြိမ်းအေးစေဖို့အ တွက် အဓိကဆေးကတော့ ရေဝဝ သောက်၍ တစ်နေ့ကို ရေနှစ်ကြိမ် ချိုးပေးခြင်းပါပဲ။ (မိုးရာသီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေ ပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူ ဓာတ်များသူတွေအနေနဲ့ ယခင်က ထက် ရေပိုသောက်ရင်း၊ နေ့စဉ် စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာ လေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်) ဖရဲသီး။ လူ့ခန္ဓာကိုယ်ရဲ့ သုံးပုံ နှစ်ပုံကို အရည်ဓာတ်နဲ့ ဖွဲ့စည်း တည်ဆောက်ထားပါတယ်။ဖရဲသီး ထဲမှာ ရေဓာတ် ၉ဝ ရာခိုင်နှုန်း ကျော်ပါရှိတာကြောင့် အပူငြိမ်း အေးစေတဲ့ အကောင်းဆုံးသီးနှံ ဖြစ်ပါတယ်။ သခွားသီး။ သခွားသီးလေးတွေ မှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့ ခန္ဓာကိုယ်ကို ထိထိရောက်ရောက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေ ကို နေ့စဉ်စားပေးသင့်ပါတယ်။ ပူဒီနာရွက်။ ပူဒီနာရွက်ဟာ ခန္ဓာ ကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာ အိုစတဲ့ အာရှတိုက်တစ်ခွင်ရှိ ရှေး တိုင်းရင်းဆေးဆရာကြီးများက ပူဒီနာပင်များကိုအပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ်လာခဲ့ကြပါတယ်။ မုန်လာဥအဖြူ။ အဖြူရောင် မုန် လာဥလေးတွေမှာ ဗီတာမင်စီပါ ရှိတဲ့အပြင် ကိုယ်တွင်းအပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေအလုံအလောက် ပါရှိနေပါတယ်။ ဒါကြောင့်'Heat Stress'ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူတွေကို စားဖြစ် အောင်စားပေးပါ။
နှမ်း။ နှမ်းစေ့လေးတွေက အပူ ငြိမ်းအေးစေတဲ့ အိမ်တွင်းဆေး ဝါးတစ်မျိုးဖြစ်တာကြောင့် နှမ်း စားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယိုလေးတွေကလဲ အပူငြိမ်းအေးစေအောင် အထောက် အပံ့ပေးပါတယ်) စမုန်စပါး။ စမုန်စပါးအစေ့လေး တွေကို သောက်ရေခွက်ထဲ တစ်ည အိပ်စိမ်ထားပြီး နံနက်အိပ်ရာထတဲ့ အခါ ရေသောက်ရင်း အဖတ်တွေ ပါ ကုန်အောင်ဝါးစားပေးပါ။တစ်နေ့ တာလုံး အပူငြိမ်းအေးစေနိုင်တဲ့ အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေ ပါတယ်။ အုန်းစိမ်းရည်။ အုန်းသီးစိမ်းနုနုမှ ရတဲ့ အုန်းစိမ်းရည်ဟာလဲ ခန္ဓာ ကိုယ်တွင်း အပူငြိမ်းစေတဲ့ဆေး ကောင်းတစ်လက်ဖြစ်တာမို့ ကိုယ် တွင်းအပူဓာတ်များသူတွေနဲ့ ကိုယ် ဝန်ဆောင်မိခင်လောင်းများ မှီဝဲသင့် ပါတယ်။ရေဓာတ်ခန်းခြောက်ခြင်း မှလဲ ကာကွယ်ပေးပါတယ်။ သလဲသီး။ သလဲသီးနဲ့ သလဲသီး ဖျော်ရည်တွေက ခန္ဓာကိုယ်ကို အေးမြပြီး ကိုယ်တွင်းအပူတွေကို သူ့အလိုလိုစုပ်ယူပစ်တာမို့နေ့စဉ် စားသုံးသင့်တဲ့ သီးနှံတစ်ခုပါပဲ။ ဘိန်းစေ့။ ဥပမာ-ဘိန်းမုန့်၊ ဆနွင်း မကင်းစတဲ့ သရေစာမုန့်တွေမှာ အသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့လေး တွေကလဲ ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ် အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ်ရာဝင်ခါနီး ဘိန်းစေ့လက် တစ်ဆုပ်စာဝါးစားပြီး ရေသောက် အိပ်တဲ့အခါ နှစ်ခြိုက်စွာအိပ်မော ကျစေတဲ့အပြင် နောက်တစ်နေ့တာ လုံး အပူငြိမ်းအေးစေပါတယ်။ ပဲနံ့သာပင်အစေ့။ ရှေးရှေးကစလို့ ယနေ့ထိတိုင် အိန္ဒိယနိုင်ငံမှာ အပူ ငြိမ်းဆေးတိုင်းရင်းကုထုံးဖြင့် ပဲနံ့ သာပင် အစေ့တွေကိုအသုံးပြုလျက် ရှိပါတယ်။ (ပဲနံ့သာပင်အစေ့လေး တွေကို အိန္ဒိယပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်) နွားနို့။ ကိုယ်တွင်းအပူငြိမ်းလိုသူ များ ကျုချက်ပြီးနွားနို့ကို အအေး ခံ၍ နံနက်တိုင်းသောက်ပေးပါ။(သို့မဟုတ်)နွားနို့ကို ပျားရည်အနည်း ငယ်ခတ်၍ သောက်နိုင်ပါတယ်။ သံပရာသီး။ နံနက်အိပ်ရာထ သံပ ရာရည်တစ်ခွက် သောက်ခြင်းက လဲ ကိုယ်တွင်းအပူငြိမ်းအေးစေရုံ မျှမက နေရထိုင်ရတာပေါ့ပါး လန်းဆန်းလာပြီး တစ်နေကုန် သက်လုံကောင်းစေပါတယ်။

ပေါက်ပေါက်
The Union Daily
http://uniondaily.net
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ