အဆုတ်ကင်ဆာ လူနာများတွင် ကင်ဆာကျိတ်ဖြစ်ပေါ်မှုနှင့် ကြီးထွားနှုန်းကို တိကျစွာတိုင်းတာနိုင်မည့် နည်းစနစ်တီထွင်

Rochester Institute of technology  မှ သုတေသီများ၏ တွေ့ရှိချက်အရ အဆုတ်ကင်ဆာ အန္တရာယ်ရှိသည့် လူနာများတွင် အဆုတ်တွင်း ကင်ဆာကျိတ်များ ဖြစ်ပေါ်ခြင်းရှိမရှိ တိုင်းတာပေးနိုင်သည့် နည်းစနစ်တစ်မျိုး အသုံးပြု နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
CT Scan   အသုံးပြု၍ နှစ် နှစ်ကြာစမ်းသပ်လေ့လာခဲ့ရာ ကင်ဆာစောင့်ကြည့်မှု နည်းစနစ်သစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ဆေးပညာဆိုင်ရာ ဓါတ်မှန်များ၊ ကင်ဆာကျိတ် အသေးအမွှားများကို သိရှိနိုင်မည်ဖြစ်ကာ မလိုလားအပ်ဘဲ အသားစထုတ်ယူ စစ်ဆေးခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။
CT Scan   ဓါတ်မှန်များသည် လူနာတစ်ဦးတည်း၌ပင် ဓါတ်မှန်တစ်ပုံနှင့် တစ်ပုံမတူဘဲ ကိုယ်နေဟန်ထား နှင့် အသက်ရှူအသွင်း အထုတ်ကို လိုက်၍ ပုံစံပြောင်းတတ်သည်။ CT Scan  ဓါတ်မှန်ရိုက်သည့် အကြိမ်တစ်ခုနှင့်တစ်ခုအကြား ကိုယ်အလေးချိန် ဆယ်ပေါင်ခန့်တက်လာလျှင်ပင် အဆုတ်တွင်းရှိ အကျိတ်များကို ဖိမိသောကြောင့် ပုံစံနှင့်အရွယ်အစား ပြောင်းတတ်သည်။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ်အခြေစိုက် Kitware  အခမဲ့ ဆော့ဖ်ဝဲကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးထားပြီး အဆုတ်ကင်ဆာ ကုသမှုခံယူနေသည့် လူနာများ၏ CT Scan  ဓါတ်မှန် အချပ် (၃၀) ကို ရွေးချယ်ခဲ့သည်။
လူနာတစ်ဦး၏ ဓါတ်မှန်တစ်ချပ်ချင်းစီ၏နောက်ခံ (background)  ပုံများကို ထပ်၍ သုံးဘက်မြင်ရုပ်ပုံများအဖြစ်ပြောင်းလဲကာ ကင်ဆာကျိတ်များ၏ အနားသတ်များကိုေ၀၀ါးစေသည့်အပိုင်းများကို ဖျောက်ဖျက်ပေးနိုင်သောကြောင့် အကျိတ်များ၏ အရွယ်အစားကို အတိအကျ သိရှိနိုင်သည်။ အဆုတ်လေအိတ်ကျယ်ခြင်း၊ အဆုတ်တစ်ရှူး အနာရွတ်ထင်ခြင်း စသည်တို့ကိုလည်း ပိုမိုသဲကွဲစွာ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
““ဒီနည်းစနစ်နှင့် အလုံးအကျိတ်ရဲ့ ထုထည်ကိုပါ သိနိုင်မှာဖြစ်ပြီး သေနိုင်တဲ့အကျိတ်လား၊ မသေနိုင်တဲ့အကျိတ်လား ကွဲကွဲပြားပြား ခွဲခြား နိုင်မှာဖြစ်ပါတယ်””ဟု ဦးဆောင် သုတေသီပါမောက္ခ Nathan Cahill  ကဆိုသည်။

'ဇော်ကို
Health Updates Journal
Ref:NMD

'ခေါင်းမှာ တက်တူးသစ်ထိုးလိုက်တဲ့ Kelly Osbourne

Heavy Metal အဆိုတော်ကြီး Ozzy Osbourne ရဲ့သမီး pop star Kelly Osbourne ဟာပြီးခဲ့တဲ့တစ်ပါတ်ထဲမှာ တက်တူးအသစ်ထိုးလိုက်ပြီး မထိုးခင်နဲ့ ထိုးပြီး ဓာတ်ပုံတွေကို တနင်္ဂနွေနေ့က Instagram ပေါ်မှာတင်ခဲ့ပါတယ်။

Kelly ဟာ သူမရဲ့ တက်တူးအသစ်ကို ကောင်းမွန်ပြီး နာကျင်လွယ်တဲ့ ဦးခေါင်းဘေးနေရာမှာထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Kelly ဟာမကြာသေးခင်က သူမရဲ့ ခရမ်းနုရောင်ဆံပင်ကို တစ်ခြမ်းရိပ်ခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ သူမရဲ့ရိပ်ထားတဲ့ ဦးခေါင်းဘက်အခြမ်းမှာ ‘Stories’ ဆိုတဲ့စကားလုံး တက်တူးကိုထိုးခဲ့တာဖြစ်ပါတယ်။

‘#opps ဒီညငါဘာလုပ်မိပါလိမ့်။ စိတ်မကောင်းပါဘူးအမေနဲ့အဖေရေ ဒါပေမယ့်သမီဒါကိုချစ်တယ်’ လို့ပုံစာမှာရေးထားပါတယ်။

Kelly ရဲ့ တက်တူးကို တက်တူးဆရာ Dr. Woo က ဟောလိဝုဒ်က Shamrock Social Club တက်တူးပါလာ မှာထိုးခဲ့တာဖြစ်ပါတယ်။

Trend Myanmar
Ref:starpulse.com

လင်မယားချင်းစကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူမှ ချွန်ထက်သောအရာဖြင့် ထိုးခဲ့၍ ဇနီးဖြစ်သူသေဆုံး

ရန်ကုန်၊ ဇွန် ၃၀

၂၉.၆.၂၀၁၄ ရက်နေ့ ၁၈၀၅ အချိန်တွင် သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ သီလရှင်ကျောင်းရှေ့တွင်အမျိုးသမီး
တစ်ဦး ချွန်ထက်သောအရာဖြင့် ထိုးခံရ ကြောင်းသတင်းအရသွားရောက်စစ်ဆေး
ခဲ့ရာ ဒဏ်ရာရရှိသူမှာ ၎င်းရပ်ကွက်နေ မဥမ္မာဝင်း၊(၃၈)နှစ်ဖြစ်ပြီး ၎င်းတွင်
ယာရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာလက်ဖျံ
ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာနံစောင်းထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာခါးနှင့်
ကျောကုန်းတို့တွင် ထိုးသွင်းဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရသဖြင့် သန်လျင်
ပြည်သူ့ဆေးရုံသို့ ပို့အပ်ကုသခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူ
ခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ မဥမ္မာဝင်းနှင့် ခင်ပွန်းဖြစ်သူ ကုဋေဟန်(စုံစမ်းဆဲ)တို့သည် အခင်းဖြစ်နေရာ၌ လူမှုရေး ကိစ္စဖြင့် လင်မယားချင်းစကားများရန်ဖြစ်ကြစဉ် ခင်ပွန်းဖြစ်သူမှ ချွန်ထက်သောအရာဖြင့်ထိုးခဲ့၍ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသဖြင့် ကုဋေဟန်အား သန်လျင်မြို့မရဲစခန်း(ပ)၄၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၂၆ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူ မဥမ္မာဝင်းသည် သန်လျင်ဆေးရုံ၌ဆေးကုသမှုခံယူစဉ် ယင်းနေ့ ၂၁၁၅ အချိန်တွင် ရရှိသောဒဏ်ရာ များဖြင့်သေဆုံးသွားခဲ့၍
ပြစ်မှုပုဒ်မ-၃၂၆ မှ ပုဒ်မ-၃၀၂ သို့ပြောင်းလဲရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ ကုဋေဟန်အားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

ဟန်ဆောင်လှဲချမှု ရော်ဘင် တောင်းပန်


article-2674147-1F3F297500000578-367_634x432
နယ်သာလန် တောင်ပံသမား ရော်ဘင်က မက္ကဆီကိုနဲ့ ပွဲစဉ်မှာ ဟန်ဆော်လှဲချမှုအတွက် တောင်းပန်စကား ပြောဆိုလိုက်ပါတယ်။
article-2674147-1F3F297500000578-367_634x432ပထမပိုင်းကစားချိန် အတွင်းမှာ ဟန်ဆောင်လှဲ ချခဲ့တာ ဖြစ်ပြီး အဲဒီအတွက် တောင်းပန်ပါ တယ်လို့ ရော်ဘင်က ဒတ်ခ်ျတီဗွီနဲ့ မေးမြန်းခန်း မှာ ပြောဆိုခဲ့တာပါ။
ဒါပေမယ့် ပွဲပြီးကာနီးမှာ ရတဲ့ ပင်နယ်တီကတော့ ဟန်ဆောင်လှဲချတာ မဟုတ်ဘဲ တကယ် ပင်နယ်တီ ရသင့်တယ်လို့  ပြောပါတယ်။
နယ်သာလန်က ပွဲသိမ်း မိနစ်ရတဲ့  ပင်နယ်တီကို ကန်သွင်းယူနိုင်လို့ အနိုင်ရသွားတာပါ။
မက္ကဆီကို နည်းပြ ဟာရဲရာကတော့ ပွဲစဉ်တခုလုံး ရော်ဘင် ဒိုင်ဗင် ၃ ခါ ထိုးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ

 မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူထက်ဗိုက်ဘာ (Viber) သုံးစွဲသူက ပိုများကြောင်းသတင်းရရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ  ၂ ဒသမ ၄သန်းခန့်ရှိချိန်တွင်Viber အကောင့်များဖွင့်လှစ်ပြီးမိုဘိုင်ဖုန်းဖြင့်သာမက ကွန်ပျူတာဖြင့် သုံးစွဲသူပေါင်း ၃ ဒသမ ၈ သန်းရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Viber အသုံးပြုရာတွင် မြန်မာနိုင်ငံဖြင့် စာရင်းပေးသွင်း အသုံးပြုနေသူ ၃ ဒသမ ၈ သန်းခန့် ရှိပြီး မိုဘိုင်းဖုန်းအပြင် ကွန်ပျူတာများဖြင့် ဖွင့်လှစ်သုံးစွဲနေကြောင်း Viber ၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌ Viber ဖွင့်လှစ်သုံးစွဲနေသူမှာ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲနေသည့် စာရင်းများထက်သာမက မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်လှစ်သုံးစွဲနေသည့် စာရင်းများထက်ပင် ပိုမိုများပြားနေပြီး လက်ရှိပြည် တွင်းတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပင် ၁ ဒသမ ၇ သန်းကျော်သာရှိနေသည်။

‘‘အင်တာနက်ချိတ်ထားပေ မယ့်လွယ်လွယ်ကူကူသုံးလို့ရတာက Viber ပဲရှိတော့ တခြား ဖေ့စ်ဘွတ်ခ်တွေလည်းမသုံးဖြစ်ဘူး။ ဖေ့စ်ဘွတ်ခ်ကျတော့ သိပ်လည်း မသုံးတတ်ဘူး။ Viber ကျတော့ ဖုန်းလိုပဲ သုံးရတာ သိပ်မကွာတော့ သုံးဖြစ်တာ’’ ဟုပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့်မိခင်တစ်ဦးကပြောသည်။

Viberမှာ မိုဘိုင်းဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်သံဖိုင်ပေးပို့ခြင်းစသည့်ဝန်ဆောင်မှုများဆောင်ရွက်နေပြီး ကွန်ပျူတာမှ တစ်ဆင့်အသုံးပြုနိုင်သည့်Viber Desk-top ဗားရှင်းကိုလည် ဖြန့်ချိထားသောကြောင့် မြန်မာနိုင်ငံတွင် ကွန်ပျူတာမှတစ်ဆင့်အသုံးပြုသူ အများအပြားရှိနေပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် Viber ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ သုံးစွဲသူပေါင်းသန်း ၃၀၀ ကျော်ရှိနေပြီး Viber Out အနေဖြင့်လည်း နိုင်ငံတိုင်းရှိ မည်သည့်ဖုန်းနံပါတ်ကိုမဆို ကုန်ကျစရိတ်သက်သာစွာဖြင့် ခေါ်ဆိုနိုင်ကြောင်း သတင်းရရှိသည်။

By ဆွေမွန်
7DAY DAILY
http://7daydaily.com/story/14495#.U7DJv7HCdnE

အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်သည့် သြဇာပင်

သြဇာပင်သည် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျပေါက်သည်ကို တွေ့ရသည်။ မြန်မာ ဆေးကျမ်းများအရ သြဇာသီးသည် အေး၍ သွေးအားကို

တိုးပွားစေသည်။ နှလုံးကို များစွာအကျိုးပြု၍ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေးအန်ရောဂါများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်။

သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေပြီး အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီးအစိမ်းသည် ချုပ်သော သတ္တိရှိသဖြင့် ဝမ်းသွားခြင်း၊ ဝမ်းသက်ခြင်းများ အတွက် ကောင်း၏။ ဝမ်းကိုက်ရောဂါ၊ လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပြီး သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။

မြ၀တီ

လင်မယားစကားများကြစဉ် ဇနီးဖြစ်သူမှဓါးဖြင့်ခုတ်ခဲ့သဖြင့် ခင်ပွန်းသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

၂၇.၆.၂၀၁၄ရက်နေ့ ၁၇၃၀အချိန်ခန့်တွင် ကျောက်တန်းမြို့နယ်၊ ကမာကလုတ်
နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်တန်းမြို့နယ်၊ ရွှေပြည်သစ်
ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ ကိုကျော်နိုင်ဦး(၄၂)နှစ်မှာ လည်ပင်းယာဘက်၌ အရှည် (၄)လက်မခန့်၊ အနက် (၁)လက်မခန့်ရှိပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ ကိုကျော်နိုင်ဦးမှာ နေအိမ်၌ အရက်သေစာ
သောက်စားမူးယစ်ပြီး ဆူပူသောင်းကျန်းနေ၍ ဇနီးဖြစ်သူမနန်းဌေး(၃၈)နှစ်မှ တားမြစ်ပြောဆိုခဲ့သဖြင့် အပြန်အလှန် စကားများခဲ့ကြောင်း၊ ထိုသို့စကားများစဉ် ကိုကျော်နိုင်ဦးမှ ရိုက်နှက်ရန်ပြုလုပ်သဖြင့် မနန်းဌေးမှ မီးဖိုချောင်တွင်ထားသော အရိုးအသွား (၂၂)လက်မခန့်ရှိ ဓါးမဖြင့်ခုတ်ခဲ့သဖြင့် ဒဏ်ရာရသေဆုံး ခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ဖြစ်ပွားခဲ့သဖြင့် မနန်းဌေးအား ကမာကလုတ်နယ်မြေရဲစခန်း(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဓါတ်လိုက်ခံရသည်ကိုတွေ့ရှိသဖြင့် လျှပ်စစ်ပလပ်ခေါင်းအား ဆွဲဖြုတ်သူ အမျိုးသား ဓါတ်လိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ ဇွန် ၂၈

၂၇.၆.၂၀၁၄ရက်နေ့ ၁၆၀၀အချိန်ခန့်တွင် မှော်ဘီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မှော်ဘီပြည်သူ့ ဆေးရုံတွင်ဓါတ်လိုက်ခံရသဖြင့်အမျိုးသား(၁)ဦးသေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာမှော်ဘီမြို့နယ်နေ ကိုနိုင်ဝင်း(၃၄)နှစ်ဖြစ်ပြီး ယာဘက်လက်တွင်လောင်ကျွမ်းဒဏ်ရာနှင့် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ မှော်ဘီမြို့နယ်၊တပ်ကြီးကုန်း ကျေးရွာအုပ်စု၊ ဗဟိုဆေးတပ်ဝင်းရှိ ဆေးဘက် ဆိုင်ရာလေ့ကျင့်ရေးအဆောက်အအုံ၌ဆေးသုတ်လုပ်သားဖြစ်သူ ချိုလေး(၂၉)နှစ်မှ လျှပ်စစ်မော်တာဖြင့် ဆေးသုတ်ပတ်တီးအားဖျော်စပ်စဉ် ဓါတ်လိုက်ခံနေရသဖြင့် အလုပ်သမားခေါင်းဆောင်ဖြစ်သူ ကိုနိုင်ဝင်းမှ မော်တာထိုးထားသည့် ပလပ်ခေါင်းအားဆွဲဖြုတ်ခဲ့ရာ ၎င်းမှာလည်း ဓါတ်လိုက်ခံရပြီး ပက်လက်လန်လဲကျကာ သတိလစ်သွားသဖြင့် မှော်ဘီဆေးရုံသို့ပိုဆောင်စဉ်သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဓါတ်လိုက်ခံရသူ ချိုလေးမှာဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ခိုးမှုတရားခံ(၃)ဦးအားစစ်ဆေးရာမှ အခြားခိုးမှု(၄)မှုပေါ်

ရန်ကုန်၊ ဇွန် ၂၈

၈.၆.၂၀၁၄ရက်နေ့ ၁၃၀၀အချိန် ရန်ကင်းမြို့နယ်နေဒေါ်သူဇာရွှေသည်
ခင်ပွန်းဖြစ်သူ နှင့်အတူ နေအိမ်တံခါးပိတ်ပြီး အပြင်သို့သွားရာမှ ၁၄၃၀အချိန်
နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် နေအိမ်အတွင်းမှ အမျိုးသား(၃)ဦးမှာ အထုပ်(၁)ထုပ်ကိုင်ကာ ထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်း၍ဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူများ
ဖြစ်သည့် ပေါတာကြီး(ခ) ကျော်ဇေယျ(ခ) ကျော်ဇေယျာလင်း (၂၂)နှစ်၊
(ဘ)ဦးလွင်ဦးနှင့် လပြည့်(ခ)မင်းထိုက် (၂၂)နှစ်၊(ဘ)ဦးခင်မောင်ဝင်း
တို့(၂)ဦးအားဖမ်းဆီးရမိခဲ့ပြီး မောင်မောင်(ခ)ဇော်ဇော်(ခ)စည်သူမှာ ခိုးယူခဲ့သည့် ရွှေထည်လက်ဝတ်ရတနာများ၊ အမေရိကန်ဒေါ်လာ(၂)သောင်း၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၂၁၀)ခန့်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွား
သဖြင့်၎င်းတို့(၃)ဦးအား ရန်ကင်းမြို့မရဲစခန်း(ပ)၁၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အမှုမှထွက်ပြေးလွတ်မြောက်သွားသူ မောင်မောင်(ခ)ဇော်ဇော်(ခ)စည်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)ရှိတပ်ဖွဲ့ဝင်များမှစုံစမ်းဆောင်ရွက်ခဲ့ရာ၂၁.၆.၂၀၁၄ရက်နေ့ ၁၃၀၀အချိန်တွင် လှိုင်သာယာမြို့နယ်၊ အတွင်းဗဒံကျေးရွာနေ မောင်မောင်
(ခ)ဇော်ဇော်(ခ)စည်သူ (၂၃)နှစ်၊(ဘ)ဦးရဲတင်အားဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်း အချို့ကို ပြန်လည်သိမ်းဆည်းခဲ့ပါသည်။

၎င်းအပြင်မောင်မောင်(ခ)ဇော်ဇော်(ခ)စည်သူသည်၂၀၁၂ခုနှစ်၊ဧပြီလအတွင်းက
ရန်ကင်းမြို့နယ်၊ (၁၅/၁၆)ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ
ရွှေထည်လက်ဝတ်ရတနာများခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ရန်ကင်း
မြို့မရဲစခန်း(ပ)၁၅၀/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ ၁၅.၃.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
(၂၅)ရပ်ကွက်၊ပြည် ထောင်စုလမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ရွှေထည်
လက်ဝတ်ရတနာများနှင့်အသုံးအဆောင်ပစ္စည်းများအားခိုးယူခဲ့ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၂၃၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၂၀.၆.၂၀၁၄ရက်နေ့ ၀၈၀၀အချိန်ခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ သင်းဝင်(၆)လမ်းရှိနေအိမ်
အတွင်းမှ ရွှေထည်လက်ဝတ် ရတနာ များ၊ လက်တော့ပ်နှင့်ဟန်းဆက်တို့အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း
(ပ)၃၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၁၅.၃.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန် ခန့်တွင် ပေါတာကြီး(ခ)ကျော်ဇေယျ(ခ)ကျော်ဇေယျာလင်းနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပျဉ်းကတိုးလမ်းရှိနေအိမ်
တစ်အိမ်အတွင်းမှ လက်တော့ပ်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း များခိုးယူခဲ့ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၃၄၇/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လမ်းဘေးမှ လမ်းလျှောက်သွားနေသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ ဇွန် ၂၇

၂၆.၆.၂၀၁၄ ရက်နေ့ ၁၂၄၅ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း၊ မင်္ဂလာဒုံဘက်မှ ထောက်ကြန့် ဘက်သို့မောင်းနှင်လာသော ယာဉ်အမှတ် အမျိုးအစား(စုံစမ်းဆဲ)ယာဉ်သည် ဗိုလ်ခြံလမ်းသွယ်အနီးတွင် လမ်း၏ ယာဘက်အစပ်တွင် လမ်းလျှောက်နေသူ မင်္ဂလာဒုံမြို့နယ်နေ ဦးကိုကိုဦး (၃၂)နှစ်ကို တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဦးကိုကိုဦးမှာ ဦးခေါင်းကြေမွဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံး သွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ကာမောင်းနှင်ထွက်ပြေးသွားသူယာဉ်မောင်းအား
ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကိုရီးယား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ သုတေသီများ အလိုအလျောက် နှလုံးခုန်စက် တီထွင် နိုင်ခဲ့

ကိုရီးယားသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ သုတေသီ အဖွဲ့သည် အလိုအလျောက် နှလုံးကို ခုန်စေနိုင်သော အီလက်ထရွန်နစ် ကိရိယာ တစ်မျိုးကို တီထွင် နိုင်ခဲ့ ကြောင်း သိရသည်။

သုတေသီ များသည် ပြောင်းလွယ်ပြင်လွယ်သော piezoelectric စက်အသေးစားကို ကြွက်၏ ခန္ဓာကိုယ် လှုပ်ရှားမှုမှ ပြောင်းလဲလာသော အီလက်ထရွန်နစ် စွမ်းအင်ကို အသုံးပြု၍ စမ်းသပ်ခဲ့ရာမှ ၎င်းကြွက်သား ၏ နှလုံးကို လှုံ့ဆော်ပေးနိုင်သည်ကို တွေ့ရှိခဲ့ကြသည်။

ထို့ပြင် အဆိုပါနှလုံးခုန်စက်၏ ဘက်ထရီမှာ ပျမ်းမျှအားဖြင့် ခုနစ်နှစ်နီးပါးကြာမြင့် ကြောင်းနှင့် မကြာခဏအစားထိုး၍ ရကြောင်း သိရသည်။

အသစ်တီထွင် ထားသော နည်းပညာသည် အလိုလျောက် စွမ်းအား ဖြည့်တင်းနိုင်သည့် နှလုံးခုန်စက် အသုံးပြုမှုကို လွယ်ကူ ချောမွေ့စေသည်။ ထို့အပြင် နှလုံးခုန် စက်ကို ရေရှည် အသုံးပြုနိုင်ရုံ သာမက နှလုံး ကို စောင့်ကြည့်နိုင်မှု ပြုနိုင်သည်ဟု သိရသည်။

နှလုံးခုန်စက်ကို တီထွင်ခဲ့သော သုတေသီ အဖွဲ့အား ကိုရီးယား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၏ သိပ္ပံနှင့် စက်မှုပညာ ဌာနမှ ပါမောက္ခ Keon Jae Leeနှင့် ယွန်ဆေ တက္ကသိုလ် ဆေးရုံနှလုံး ကုသရေး ဌာနမှ ပါမောက္ခ Boyoung Joung တို့က ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

ရွှေမြင်တင် ဘုရားကြီး အတွင်း စပါးအုံး မြွေကြီးမှ ဥများ ဥချလျက်ရှိ

 ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အုပ်စုရှိ သမိုင်းဝင် ရွှေမြင်တင် ဘုရားကြီး၌ မေ ၈ ရက်မှ စတင် ရောက်ရှိနေသော ဘုရားဖူး စပါးအုံး မြွေကြီးနှစ်ကောင် အနက်မှ မြွေကြီးတစ်ကောင်မှာ မေ ၂၁ ရက်မှ စတင်၍ ဥများ ဥနေကြောင်း သိရသည်။

အဆိုပါ ဥများ ဥနေသည့် စပါးအုံး မြွေကြီးမှာ ယခုအခါ ဥ ၁၅ လုံးခန့်ရှိကာ မြွေကြီးမှာ မြွေဥများနှင့် အတူ ရှိနေပြီး အခြားနေရာများသို့ သွားလာခြင်း မရှိကြောင်း သိရသည်။ ဘုရားဖူး စပါးအုံး မြွေကြီးဥများ ဥနေသည့် သတင်းကြောင့် ဘုရားဖူး လာကြသူများ ယခင်ကထက် ပိုမို များပြားကာ အလှူငွေများ ထည့်ဝင်ကြပြီး ရွှေမြင်တင် ဘုရားကြီးသို့ သွားရာ လမ်းဖြစ်သည့် တောင်တက်လမ်းကို ကွန်ကရစ်လမ်း အဖြစ် ပြန်လည် ခင်းခြင်း၊ မြွေကြီးများ လာရောက် ဖူးမြော်လျက်ရှိသည့် အရိုးဂူတိုက်ကို အုတ်တံတိုင်း ကာရံခြင်း၊ သံပန်း တံခါးများ တပ်ဆင်ခြင်းတို့ကို ယမန်နေ့မှ စတင် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

ယာဉ်တိုက်ခံရပြီး အမျိုးသား (၁)ဦးသေဆုံးခဲ့သဖြင့် အရေးယူစုံစမ်းဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇွန် ၂၆

၂၅.၆.၂၀၁၄ရက်နေ့ ၀၄၀၀အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဥက္ကံမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ်(၆၇/၄) နှင့် (၆၇/၅)ကြားတွင် အမျိုးသား(၁)ဦးယာဉ်တိုက်ခံရပြီးသေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဥက္ကံမြို့နေ ဦးဌေးဝင်း(၅၂)နှစ်အား ၎င်းတွင် နဖူးယာဘက်ပါက်ပြဲ၊ ဝဲ/ယာ ခြေနှစ်ဘက်ကြေမွဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး တိုက်သည့်ယာဉ်မှာ မောင်းနှင် ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူ ယာဉ်မောင်းအား တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခရီးသည်အမျိုးသား(၂)ဦးမှ အငှားယာဉ်မောင်း၏ငွေများကို လုယက်မှုဖြစ်

ရန်ကုန်၊ ဇွန် ၂၆

၂၅.၆.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်း အစုကြီးကျေးရွာအနီးတွင်အငှားယာဉ်မောင်းထံမှငွေများအားခရီးသည်အမျိုးသား(၂)ဦးမှ လုယက်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ဦးမိုးအောင်ဇော်၊ (၄၀)နှစ်သည် ၎င်း၏အငှားယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်းရှေ့၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသားလူငယ်(၂)ဦးမှ ထန်းတပင်မြို့နယ်သို့ငွေကျပ်(၅၀၀၀)ဖြင့်ငှားရမ်းခဲ့၍ လိုက်ပို့ပေးခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ ရန်ကုန် -ညောင်တုန်းလမ်း၊ အစုကြီးကျေးရွာထိပ်အနီးအရောက် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူလူငယ်မှ အပေါ့သွားမည်ပြောသဖြင့် ယာဉ်အားခေတ္တရပ်ပေးခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ ဓါတ်တိုင်(၂)တိုင်ခန့်အရောက်တွင် ယာဉ်ရှေ့ခန်းရှိလူငယ်မှလည်း အပေါ့သွားလိုကြောင်းပြောသဖြင့် ယာဉ်အားရပ်ပေးခဲ့ပြီး ပြန်တက်လာစဉ် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့်လူငယ်မှ ၎င်း၏လည်ပင်းအား သိုင်းဖက်၍ချုပ်ထားကာ ယာဉ်ရှေ့ခန်းရှိလူငယ်မှ ၎င်း၏လက်အား ဆွဲကိုက်ခဲ့ကြောင်း၊ ၎င်းမှရုန်းကန်စဉ် ယာဉ်နောက်ခန်းရှိလူငယ်မှအိတ်ကပ်အတွင်းရှိ ငွေ(၂၁၀၀၀)ကျပ်အားလုယူခဲ့၍ သံတုတ်ဖြင့်ရိုက်မည်ပြုရာ လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှဆင်းပြေးသွားခဲ့ပါသည်။

ထို့နောက် ဦးမိုးအောင်ဇော်မှ ဒဂုံ-ဧရာအဝေးပြေးဂိတ်ရှိ သူငယ်ချင်းများအား သွားရောက်ခေါ်ဆောင်ပြီး တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဆိုပါလူငယ်(၂)ဦးအားလိုက်လံရှာဖွေရာ ယာဉ်ရှေ့ခန်းတွင်လိုက်ပါခဲ့သူ လူငယ်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ လှိုင်သာယာမြို့နယ်၊(၈)ရပ်ကွက်နေ ပိုင်မင်းလွင်၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းစိုးဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးသွားသူမှာ ၎င်းနှင့် ယောက္ဖတော်စပ်သူ ကောင်းခန့်ဇော်၊ (၂၅)နှစ်ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းတို့(၂)ဦးအား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၈၆/၂၀၁၄၊ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူကာ ထွက်ပြေးတိမ်းရှောင်သွားသူကောင်းခန့်ဇော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး


 ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။  ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါတစ်လေ  အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက်ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ်တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။

စန္ဒီ
Trend Myanmar

ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ

 မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ၎င်း ဖောက်ထွင်း ခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ ရကြောင်း သိရသည်။

နီကိုလပ်စ်ဝစ်ခ်ျဟုခေါ်သည့် ဖောက်ထွင်းရေး သမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင် ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြုခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့သွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်ထွင်းခံရကြောင်းကို သတိပြုမိပြီး နေအိမ်မှ ငွေသားများအပြင် အကြွေးဝယ်ကတ်များနှင့် နာရီတစ်လုံး ပျောက်ဆုံးခဲ့ကာ ဂျင်းဘောင်းဘီတစ်စုံ၊ ခါးပတ်တစ်ခုနှင့် Nike တင်းနစ်ဖိနပ်အချို့ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအပြင် ကွန်ပျူတာ၌ Facebook page တစ်ခု ဖွင့်ထားသည်ကို သတိပြုမိပြီးနောက် ရဲများထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စတာဝုဒ်က ဝစ်ခ်ျသည် သူခိုးတစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ဖုန်းနံပါတ်ကို ဝေမျှကာ အချက်အလက်များကို တောင်းဆိုခဲ့သည်။ ညနေပိုင်းတွင် မစ္စတာဝုဒ်သည် ဝစ်ခ်ျထံမှ message တစ်စောင်ကို ရရှိခဲ့ပြီး အိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် အတွက် ချိန်းဆိုခဲ့ကာ ဖောက်ထွင်းရေးသမားက ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်လာယူချိန်တွင် ၉၁၁ ကို ဖုန်းဆက်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲများက ဝစ်ခ်ျကို ဖမ်းဆီးချိန်တွင် ၎င်းသည် မိမိ၏ နာရီကို ဝတ်ဆင်ထားကြောင်းနှင့် အဆိုပါ ဖောက်ထွင်းရေးသမားသည် ကမ္ဘာပေါ်တွင် အတုံးဆုံး ဒုစရိုက်သမား ဖြစ်ကြောင်း မစ္စတာဝုဒ်က ပြောကြားခဲ့သည်။

ဝစ်ခ်ျသည် အဆိုပါ ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ကြေး ဒေါ်လာ ၂၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။


Ref: DailyMail

Internet Journal
http://www.myanmarinternetjournal.com/content/13280

ချီလီယေနီကို ဆွာရက်ဇ် ကိုက်ခဲ့ကြောင်း စွပ်စွဲမှုများကို စစ်ဆေးမည်ဟု FIFA အတည်ပြု

 ပြိုင်ဘက်ကစားသမားကို လူးဝစ်ဆွာရက်ဇ် ကိုက်ခဲ့သည်ဆိုသော စွပ်စွဲချက်များအတွက် စုံစမ်းသွားမည်ဟု ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)က အတည်ပြု ကြေညာသွားခဲ့သည်။

ဥရုဂွေးက အီတလီကို (၁-၀)ဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည့် ပွဲစဉ်တွင် လီဗာပူးလ်အသင်း၏ တိုက်စစ်မှူးသည် အီတလီ နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီကို ကိုက်ခဲ့သည်ဟု ယူဆရသော အခြေအနေမျိုး တွေ့ရသည်။ ကင်မရာ မှတ်တမ်းများအရ ဆွာရက်ဇ်၏ သွားရာသည် ဂျူဗင်တပ်စ် ကစားသမား၏ ပခုံးပေါ်တွင် စွဲမြဲစွာ ထင်ကျန်နေခဲ့သည်ကို တွေ့ရပြီး FIFA က အဆိုပါ အခြေအနေအပေါ် စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

FIFA၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “ပွဲကြီးကြပ်သူတွေရဲ့ အစီရင်ခံစာတွေကို ကျွန်တော်တို့ စောင့်ဆိုင်းနေဆဲပါ။ ပြီးတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ လိုအပ်သမျှ အချက်အလက် အားလုံးကို စုဆောင်းနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ချီလီယေနီကို ရည်ရွယ်ချက်ရှိရှိ ကိုက်ခဲ့ကြောင်း ပြစ်မှုထင်ရှားပါက ကာလရှည်ကြာ ပွဲပယ်ခံရမည့် အလားအလာ ရှိနေသည်။ ပြိုင်ဘက်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပါက FIFA၏ စည်းမျဉ်းများအရ (၂၄)ပွဲပယ်ပြစ်ဒဏ်၊ သို့မဟုတ် နိုင်ငံတကာပွဲများမှ (၂)နှစ်ကြာ ပွဲပယ်သည့် ပြစ်ဒဏ်များ ချမှတ်ခွင့်ရှိသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ရပ်တွင် FIFA ၏ အပြင်းထန်ဆုံး ချမှတ်ဖူးသော စံချိန်တင် ပြစ်ဒဏ်မှာ စပိန်ကစားသမား လူးဝစ်အင်းနရစ်ကို နှာခေါင်းရိုးကျိုးအောင် တံတောင်ဖြင့် တိုက်ခဲ့သည့် အီတလီ ကစားသမား မော်ရိုတက်ဆော့တီကို (၁၉၉၄)ခုနှစ်က (၈)ပွဲ ပယ်ခဲ့ခြင်း ဖြစ်သည်။
ပင်နယ်တီ ဧရိယာထဲတွင် နှစ်ဦးသား လုံးထွေးနေစဉ် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွာရက်ဇ်က မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် “ဘောလုံးပွဲတွေမှာတော့ ဒါမျိုးအခြေအနေတွေ ဖြစ်တတ်တာပဲလေ။ ကျွန်တော်တို့ နှစ်ယောက်လုံး ပင်နယ်တီ ဧရိယာထဲမှာ ရှိနေတယ်။ သူက ကျွန်တော့်ရင်ဘတ်ကို ပခုံးနဲ့ဆောင့်ခဲ့တယ်။ ကျွန်တော့်မျက်လုံးကိုလည်း ထိအောင် လုပ်ခဲ့သေးတယ်။ အသင်းက နောက်တစ်ဆင့် တက်နိုင်ခဲ့လို့တော့ ပျော်ပါတယ်”ဟု ပြောကြားသွားသည်။

ဆွာရက်ဇ်သည် ယခင်ကလည်း ပြိုင်ဘက်ကို ပွဲကစားစဉ် ကိုက်ခဲ့မှုကြောင့် ကာလရှည် ပွဲပယ်ခံရသည့် မှတ်တမ်းဟောင်းများ ရှိခဲ့ဖူးသည်။ ၎င်းသည် (၂၀၁၀)ပြည့်နှစ်က အေဂျက်စ်အမ်စတာဒမ် ကစားသမားဘဝတွင် PSV အင်ဒိုဗန်မှ အော့တ်မန် ဘက်ကဲလ်ကို ကိုက်ခဲ့သဖြင့် (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရပြီး (၂၀၁၃)ခုနှစ်က လီဗာပူးလ် ကစားသမား ဘဝတွင် ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခြင်းကြောင့် (၁၀)ပွဲထိ ပွဲပယ်ခံရဖူးသည်။ ယခုပွဲတွင် ချီလီယေနီသည် ဒိုင်လူကြီး မာကို ရိုဒရီဂွတ်ဇ်ကို အခြေအနေ အလုံးစုံ ရှင်းပြရန် ကြိုးပမ်းခဲ့သော်လည်း ပွဲအတွင်း၌ ဒိုင်က တစ်စုံတစ်ရာ အရေးယူမှု မရှိခဲ့ချေ။

ချီလီယေနီက “ဆွာရက်ဇ်က ကျွန်တော့်ကို ကိုက်ခဲ့ပါတယ်။ ဒါကို ဒိုင်လည်းမြင်တယ်။ ဒါပေမဲ့ အဲဒီအခြေအနေကို တစ်ခုခု ဆုံးဖြတ်ဖို့ သတ္တိတော့ လိုတယ်လေ။ ရုပ်မြင်သံကြား မှတ်တမ်းတွေကို ပြန်စစ်ဆေးပြီးတဲ့အခါ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက သူ့ကို ပွဲပယ်ဖို့ သတ္တိရှိမလား ကြည့်ရပါမယ်”ဟု ပြောကြားသွားသည်။

_Ref: Skysport

7DAY DAILY


မသန်စွမ်းသူများနှင့် ကလေးငယ်များ ရေလွှာလျှောစီးနိုင်အောင် ကူညီပေးသည့် ခွေးကလေး

မျက်မမြင်များကို ကူညီသည့်ခွေး၊ နားမကြားသူများအတွက် အဖော်ပြုပေးသည့်ခွေး အစရှိသဖြင့် ကွဲပြားသော စွမ်းရည်များဖြင့် လူသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော ခွေးလိမ္မာများ အများအပြား ရှိနေသော်လည်း Golden Retriever ခွေးကလေး ရစ်ကိုချတ်ကမူ တစ်မျိုးတစ်ဘာသာ ထူးခြားသည့် လူ့အကျိုးပြု ခွေးကလေး ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှ ခွေးမလေးသည် ရေလွှာလျှောစီးခြင်းကို ဝါသနာပါသူဖြစ်ပြီး ကလေးငယ်များ၊ မသန်စွမ်းသူများ၊ ခြေလက်အင်္ဂါ ထိခိုက်ဆုံးရှုံးခဲ့သည့် စစ်ပြန်စစ်မှုထမ်းဟောင်းများကို ရေလွှာလျှောစီးရာတွင် ကူညီပေးလေ့ရှိသည်။

ရေလွှာလျှောစီး ဘုတ်ပြားပေါ်တွင် ဟန်ချက်ထိန်းညှိရန် ခက်ခဲနေသည့် အခြေအနေများတွင် ရစ်ကိုချတ်က အတူတကွ လိုက်ပါစီးနင်းရင်း လှိုင်းလုံးများကြား ပျော်ရွှင်စွာ ဖြတ်သန်းဆော့ကစားနိုင်အောင် ကူညီပေးခြင်းဟု ဆိုသည်။ ရစ်ကိုချတ်ကြောင့် ခန္ဓာကိုယ် ချွတ်ယွင်းချက်ရှိသူများအနေဖြင့် ရေလွှာလျှောစီးရာတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးပွားလာပြီး စိတ်ချမ်းမြေ့ရကြောင်း ခွေးမလေး၏ ပိုင်ရှင်ဖြစ်သူ ဂျူဒီဖရီဒိုနိုက ပြောကြားခဲ့သည်။

ယခင်က ရစ်ကိုချတ်ကို လမ်းညွှန်ခွေးကလေးအဖြစ် ဦးစွာ လေ့ကျင့်ပေးခဲ့သော်လည်း ငှက်ကလေးများမြင်လျှင် လိုက်ဖမ်းတတ်သည့် အကျင့်ကြောင့် အဆင်မပြေခဲ့ချေ။ ထို့ကြောင့်လည်း ဖရီဒိုနိုက ရစ်ကိုချတ်ကို အခြားနည်းလမ်း တစ်ခုဖြင့် လူသားများကို အကူအညီပေးနိုင်အောင် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ခွေးကလေးသည် လှိုင်းစီးဘုတ်ပြားပေါ်တွင် ကျင်လည်လှသည့် ပင်ကိုပါရမီမျိုး ရှိနေကြောင်း အသေအချာ သိရှိလာသည့်နောက် ဖရီဒိုနိုသည် ရစ်ကိုချတ်၏ အရည်အချင်းကို အခြားသူများအတွက် မျှဝေပေးရန် ဆုံးဖြတ်ခဲ့သည်။

“ရစ်ကိုချတ်က အသံမပြုဘဲနဲ့ လူတွေရဲ့ အရိပ်အကဲကို နားလည်တတ်ပါတယ်။ သူနဲ့အတူတူ လှိုင်းစီးရတဲ့အခါ လူတိုင်းရဲ့ စိတ်ထဲမှာ ပိုပြီး သက်တောင့်သက်သာ ခံစားမိကြတယ်လေ။ ရစ်ကိုချတ်နဲ့ အချိန်ကြာကြာ လှိုင်းစီးဖူးတဲ့အခါ ယုံကြည်မှုလည်း ပိုပြီး တိုးတက်လာကြတယ်”ဟု ဖရီဒိုနိုက ရှင်းပြခဲ့သည်။

ဖရီဒိုနိုက “ရစ်ကိုချတ်ဟာ လူတွေရဲ့စိတ်ကို ဖတ်ရှုနားလည်နိုင်တဲ့ အစွမ်းမျိုးလည်း ရှိတယ်။ သူ့ကိုမြင်တဲ့လူတိုင်း တယုတယ မပွေ့ဖက်ဘဲ မနေနိုင်လောက်အောင်လည်း ချစ်စရာကောင်းတယ်လေ”ဟုလည်း သူမ၏ ခွေးကလေးကို ညွှန်းဆိုချီးကျူးသွားသည်။

_Ref: Dailymail
7Day Daily

DABO ရဲ့ SELLEOPE Skin Care & Cosmetic Brand သံတမန် ကိုရီးယားမင်းသမီးချော Yu Ha Eun မြန်မာနိုင်ငံကိုရောက်ရှိ

RDC  ကုမ္ပဏီလီမိတက်မှ ထပ်မံတင်သွင်း ရောင်းချမဲ့ Korea နိုင်ငံထုတ် DABO SELLEOPE skin care & cosmetic ကုန်ပစ္စည်းသစ်ရဲ့ Brand သံတမန်ဖြစ်သူ ကိုရီးယားနိုင်ငံမှ နာမည်ကြီးသရုပ်ဆောင်မင်းသမီး Yu Ha Eun ( The Choice of Angel ) အား စာနယ်ဇင်းတွေနဲ့ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ၂၄.၆.၁၄ က Park Royal Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ် ။ ကိုရီးယား မင်းသမီးချော Yu Ha Eun မြန်မာနိုင်ငံ ရောက်ရှိစဉ် လှုပ်ရှားမှုတွေအနေနဲ့ ဒီနေ့ညနေပိုင်း Junction Square မှလုပ်မယ့်  DABO  SELLEOPE PRODUCT LAUNCHING SHOW ပွဲကိုလည်း တက်ရောက်ပါဦးမယ်။ ၂၆.၆.၁၄ ရက်နေ့မှာတော့ မန္တလေး SkyWalk မှာ အထူးအစီအစဉ်အနေနဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ ခြင်း၊ အမှတ်တရ ဓာတ်ပုံ တွဲရိုက်ခြင်း၊ အမှတ်တရ လက်မှတ်ရေးထိုး ပေးခြင်းတွေကိုလဲ ပြုလုပ်သွားပါမယ်လို့ သိရပါတယ်။ မန္တလေးမြို့ရှိ DABO & SELLEOPE COUNTER သစ်ဖွင့်ပွဲများသို့လဲ တက်ရောက် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ် ။ DABO ရဲ့ Product launching show ပွဲကိုတော့ နိုင်ငံကျော်အဆိုတော်တွေ၊ အကပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမှာပါတဲ့။

Trend Myanmar

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်း၊ အလယ်ပေါက်ကားမှတ်တိုင်တွင် ခါးပိုက်နှိုက် (၂)ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည်ခါးပိုက်နှိုက်ဖမ်းဆီးရမိရေးအတွက် ၂၃.၆.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီး၊ အလယ်ပေါက်ကားမှတ်တိုင်၌စောင့်ကြည့်သတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့ ဆိုက်ရောက်လာသည့် (၁၀၃)ယာဉ်လိုင်း၊ ခရီးသည်တင်ဒိုင်နာယာဉ်ပေါ်မှဆင်းလာသော ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေသူများဖြစ်သည့် ဟန်ဝင်းအောင် (ခ)ကိုဟန် (၃၀)နှစ်၊ (ဘ)ဦးဆန်းအောင်နှင့်စောအယ်နော်ကောင်း(ခ)အယ်နီကောင်း(၂၀)နှစ်၊(ဘ)ဦးအယ်တို့အားတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ အပေါင်ဘောင်ချာစာရွက်(၁)ရွက်၊ မိုးစက်ပုံပန်းနုရောင် ကျောက်(၁)လုံးနှင့်ငွေကျပ် (၁၂၈၀၀)တို့အား တွေ့ရှိခဲ့ပါသည်။

အဆိုပါငွေ၊ပစ္စည်းများနှင့်ပတ်သက်၍စစ်မေးရာ၎င်းယာဉ်ပေါ်ပါအသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ နှိုက်ယူခဲ့သောပစ္စည်းနှင့်ငွေများဖြစ်ကြောင်း ပေါ်ပေါက်ရသဖြင့် ၎င်းတို့(၂)ဦးအား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၂၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်းလ်က ပွင့်လင်းစွာပြော

 သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

“ဒီသီချင်းက နေရာတိုင်းမှာ တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတာကို ပြောချင်တာ။ စမိုင်းလ်က နဂိုကတည်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ အဲဒီတော့ အချစ်တော်ထားတာတို့ကို နဂိုကတည်းက ၀ါသနာ ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ အဲဒီအိုင်ဒီယာလေးကိုရပြီး စမိုင်းလ် သြဇီက ဒါရိုက်တာတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ။ စာသားလေးက ချစ်တဲ့သူက ထားသွားရင်လည်း ပျော်အောင်နေတတ်ဖို့ ကြိုးစားပါဆိုတဲ့ စာသားလေးပါ”ဟု ၎င်းက ပြောသည်။

"New Me"အယ်လ်ဘမ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်အတွက် အမ်တီဗီရိုက်ကူးရာတွင် “ပျော်အောင်နေလိုက်တော့” သီချင်း၌ ပရိသတ်များအမြင်ဆန်းစေရန် ပုံစံပြောင်းလဲ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းအယ်လ်ဘမ်ကို မိုးရာသီအကုန် ပွင့်လင်းရာသီ၌ ထွက်ရှိနိုင်ရန် ကြိုးစားနေသည်။

ယင်းအယ်လ်ဘမ်တွင် မြန်မာဒါရိုက်တာများဖြစ်သည့် သုံးပေါင်၊ ၀င်းလွင်ထက်နှင့် အင်္ဂလန်မှ ဒါရိုက်တာ တစ်ဦး၊ သြစတြေးလျမှ ဒါရိုက်တာ တစ်ဦး၊ နယူးဇီလန်မှ ဒါရိုက်တာ တစ်ဦးတို့က ရိုက်ကူးထားခြင်းဖြစ်သည်။

"New Me" အယ်လ်ဘမ်ကို အင်္ဂလန်၊ ဟောင်ကောင်နှင့် စပိန်နိုင်ငံတို့တွင် မော်ဒယ်များဖြင့် ရိုက်ကူးထားကာ ရိုက်ကူးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

မြင့်မြင့်စိုး
Mizzima - News in Burmese

ဓာတ်ပုံအညွှန်း - "New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်း ဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။

ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်တိုက်မိ၍ တိမ်းမှောက် ဒဏ်ရာရ

နေပြည်တော်၊ ဇွန် ၂၃

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉/၄-၅)ကြား၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရအမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မျိုးသန့်(၃၅)နှစ်မောင်းနှင်လာသည့် 8E/xxxx ပါဂျဲရိုး ခဲရာင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ပခုက္ကူမြို့နယ်၊ အရှေ့ကျော်ရွာ ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ်္ဓ သက်တော်(၄၄)နှစ်၊ ၀ါတော်(၂၄)၀ါပါ သံဃာ(၃)ပါး တွင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးသန့်အား အမှတ်(၃) လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

'မြ၀တီ


စိတ်ကြွရူးသွပ်ဆေးပြား(၁၈၀၀၀)ပြား ဖမ်းဆီးရမိ

'နေပြည်တော်၊ ဇွန် ၂၃

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ ည ၈ နာရီအချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၄) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဆင်တောင်သွားလမ်းပေါ်ရှိ ““ရေသူမ””စားသောက်ဆိုင်တွင် စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသည့် လားရှိုးမြို့၊ အီနိုင်းကျေးရွာအုပ်စု၊ နမ့်စွမ်ရွာနေ ဘောက်ထန်(ခ) မင်းဦး(၂၉)နှစ်နှင့် တစ်ရွာတည်းနေ ဂွန်စိုင်း(၂၅)နှစ်တို့ စီးနင်းလာသော KENBO-125 အနက်ရောင် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော TAIDING တံဆိပ်ပါ အနက်ရောင်ကျောပိုးအိတ်အတွင်းမှ မိုင်းကိုင်စက်္ကူဖြင့်ပတ်ထားသော ပလတ်စတစ်ကပ်ခွာအိတ်(၁)အိတ်လျင် ၈၈ နှင့် ၁ စာတန်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ (၉၀)အိတ်၊ စုစုပေါင်းဆေးပြား(၁၈၀၀၀)ပြား၊ တန်ဘိုးငွေကျပ်သိန်း(၃၆၀)အား သိမ်းဆည်းရမိခဲ့သောကြောင့် ဘောက်ထန်(ခ)မင်းဦးနှင့် ဂွန်စိုင်းတို့(၂)ဦးအား လားရှိုးနယ်မြေရဲစခန်း မယ(ပ)၂၈/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

'မြ၀တီ



ပါးစပ်နဲ့ ပန်းချီကားတွေ မွေးဖွားနေသူ

ဇူလိုင် စန်ဂူရီနို တကယ့်ကို ပါရမီထူးတဲ့ ပန်းချီဆရာမလေးအဖြစ် ကျော်ကြားပါတယ်။ ဇူလိုင်ဟာ မွေးကတည်းက ခြေထောက်နဲ့ လက်တွေ ပါမလာခဲ့ပါဘူး။ ဘဝကို ခက်ခဲစွာ ရပ်တည်ရင်းက အောင်မြင်တဲ့ ပန်းချီဆရာမ တစ်ဦးဖြစ်လာတာပါ။ သူရဲ့ အောင်မြင်လှတဲ့ ပန်းချီကားတွေက ပါးစပ်နဲ့ ဆွဲခဲ့တာပါ။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဇူလိုင်ဟာ ကိုလံဘီယာနိုင်ငံသူလေး တစ်ယောက်ဖြစ်ပြီး ပန်းပုံတွေ၊ ရှုခင်းပုံတွေ ရေးဆွဲရာမှာနာမည်ကျော်ပါတယ်။ ပြပွဲပေါင်းများစွာကျင်းပနိုင်ခဲ့ပြီး အောင်မြင်သူတစ်ယောက်ဖြစ်လာတာပါ။ ပန်းချီဆရာမလေးဟာ မွေးဖွားစဉ်ကတည်းက Phocomelia လို့ခေါ်တဲ့ ပုံမှန်အတိုင်း မဟုတ်ဘဲ သဘာဝလွန် မွေးဖွားလာတာကြောင့် သူများတွေလို ကိုယ်လက်အင်္ဂါ မပြည့်စုံဘဲ မွေးဖွားလာခဲ့ရပါတယ်။

သူမှာ မွေးဖွားစဉ်ကတည်းက ခြေတွေ၊ လက်တွေမပါလာခဲ့ပါဘူး။ မိဘတွေကလည်းဆင်းရဲ အသက်အရွယ် ရလာတဲ့တိုင်အောင် အိပ်ယာထဲ လဲနေတဲ့ ဇူလိုင်ကို မိခင်ဖြစ်သူက ပထမဆုံး မတ်မတ်ထိုင်တဲ့ အနေအထားနဲ့ ဟန်ချက်မပျက် နေနိုင်အောင် အတော်လေး လေ့ကျင့် ပေးခဲ့ရပါတယ်။

ထိုင်နိုင်ပြီဖြစ်တာနဲ့ ဇူလိုင်ဟာ ဘဝကို အရှုံးမပေး သူ့စိတ်ကူးလေးတွေကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ပါးစပ်ကိုသုံးပြီး ဆေးစက်ကျရာ အရုပ်ထင်နိုင်အောင် ကြိုးစားပါတယ်။ ဒီလိုနဲ့ ကြိုးစားရင်းက သူ့ပန်းချီကားတွေကို လူကြိုက်များလာပြီး ဘဝရပ်တည်ရေးအတွက် အဆင်ပြေလာခဲ့ရပါတယ်။ သူဟာ အဖွဲ့အစည်းပေါင်းများစွာ၊ ကျောင်းပေါင်းများစွာ၊ အကျဉ်းထောင်တွေကိုပါမကျန်သွားပြီး ဘဝကို အရှုံး မပေးရေး လိုက်လံဟောပြောပြီး လက်တွေ့ပန်းချီတွေ ဆွဲပြလေ့ရှိပါတယ်။ ဘဝကို အရှုံးမပေး ရပ်တည်နိုင်ရေးအတွက် ကြိုးစားခဲ့တဲ့ ဇူလိုင်ရဲ့ဘဝဟာ ခုဆိုရင် အောင်မြင်တဲ့ ပန်းချီဆရာမကြီးတစ်ယောက် ဖြစ်နေပါပြီ။

The Voice Weekly

ဖိလစ်ပိုင်နိုင်ငံက လမ်းဘေးအစားအစာ Balut ဘဲသန္ဓေသားဥ

Balut (သို့ ) ballot လို့ ခေါ်တဲ့ ဖိလစ်ပိုင်အစားအစာဟာ ဖွံ့ ဖြိုးဆဲ ဘဲသန္ဓေသားလောင်းကို ဥအခွံအတွင်းမှာ အရှင်လတ်လတ် ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အများအားဖြင့် လမ်းဘေးစာအဖြစ် ရောင်းချကြ ပါတယ်။ တခြားအရှေ့ တောင်အာရှနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ မှာလည်း လူအများ စားသောက်တဲ့ စားစရာအဖြစ် ရောင်းချပြီး ဘီယာနဲ့ မြည်းတတ်ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ balut စားတဲ့သူတွေဟာ ဥတွေကို ဆား ဒါမှမဟုတ် ငရုတ်သီး၊ ကြက်သွန်ဖြူ နဲ့  ရှာလကာရည်အရော တို့ နဲ့ အရသာပေါင်းထည့်ပြီး စားသုံးတာကို ပိုကြိုက်ကြပါတယ်။ ဥတွေရဲ့ နူးညံ့မှုနဲ့  အနံ့  ပေါ် မူတည်ပြီး အရသာပိုတွေ့ ကြတယ်လို့ ဆိုပါတယ်။ သန္ဓေသားကို ၀န်းရံထားတဲ့ ပရိုတင်းဓာတ်နဲ့  အာဟာရဓာတ်တွေကြွယ်ဝတဲ့ အရည်ကြည်ကို ဥခွံမခွာခင် စုပ်သောက်ကြပြီး ဥအနှစ်နဲ့  အကောင်ပေါက် လေးကိုလည်း စားသုံးနိုင်ပါတယ်။

အကောင်ပေါက်နေတဲ့ ဘဲဥတွေကို နေရောင်ခြည်မှာ နွေးထွေးအောင်ထားကာ ဆက်ပြီးနွေးနေအောင်လို့  ခြင်းတောင်းတွေထဲမှာ သိုလှောင်ထားတတ်ပါတယ်။ ကိုးရက်ကြာပြီးတဲ့အခါ မှာ ဥထဲက သန္ဓေသားလေး ဖြစ်လာအောင်လို့  အလင်းရောင် ပြပါတယ်။ ရှစ်ရက်ခန့် ကြာရင်တော့ balut ဥတွေကို ချက်ပြုတ် ရောင်းချ စားသုံးနိုင်ပါပြီ။ ချက်ပြုတ်တဲ့ နည်းကတော့ ကြက်ဥတွေကို မကြက်တကြက်ပြုတ်သလိုပါပဲ။ balut တွေ နွေးနေတုန်းစားရပါတယ်။

အာရှဈေးကွက်တွေကနေ အမေရိကန်ပြည်ထောင်စုထိ မချက်ပြုတ်ရသေးတဲ့ balut ဥအစိမ်းတွေကို တင်ပို့  ကြပြီး မေးလ်ကနေတစ်ဆင့်လည်း မှာယူနိုင်ပါတယ်။

ဖိလစ်ပိုင်မှာတော့ balut ဟာ ၁၇ ရက်သက်တမ်းရှိတာ အကောင်းဆုံးဖြစ်ပြီး ဥထဲက အကောင်လေးဟာ နှုတ်သီးတွေ ခြေချောင်းလေးချောင်း၊ အမွှေးအတောင်နဲ့ အရိုးတွေ မဖွံ့ ဖြိုးသေးခင်အနေအထားဖြစ်ပါတယ်။ ဗီယက်နမ်မှာတော့ ဥထဲက အကောင်လေးသိသိသာသာဖြစ်လာတဲ့အချိန် ၁၉ ရက်နေ ၂၁ ရက်အတွင်း ဥကို ကြိုက်နှစ်သက်ကြပြီး အရိုးတွေက မာကျောနေနိုင်ပေမယ့် ချက်ပြုတ်လိုက်ရင်တော့ နူးညံ့သွားတယ်လို့  ဆိုပါတယ်။

Ref: wiki
Trend Myanmar
                                                           

ကိုယ်အလေးချိန်ချပေးသော ခွဲစိတ်ကုသမှုများက အ၀လွန်သူများကို ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျစေနိုင်

ကိုယ်အလေးချိန်ချပေးတဲ့ ခွဲစိတ်ကုသမှုများဟာ အ၀လွန်သူတွေကို ကင်ဆာဖြစ်နိုင်ချေကို ပုံမှန်ကိုယ်အလေးချိန် ရှိသူတွေလိုပဲ ဖြစ်စေနိုင် တယ်လို့ ဆေးပညာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီလိုကိုယ်အလေးချိန် ကျဆင်းအောင်ပြုလုပ်တဲ့ ခွဲစိတ်မှုကို Bariatric Surgery  လို့ ဆေးပညာအရ ခေါ်ဆိုပြီး လူနာရဲ့အစာအိမ်ကိုအစာလက်ခံနိုင်တဲ့ ဧရိယာပိုနည်းသွား အောင်ပြုလုပ်တဲ့   ခွဲစိတ်မှုဖြစ်ပြီး အစာအိမ်ရဲ့ အစိတ်အပိုင်းတချို့ကို ဖယ်ရှားကာ အူသိမ်နဲ့ တိုက်ရိုက်ဆက်ပေးခြင်းလည်း  ဖြစ်ပါတယ်။ ဒါဟာ ဆိုးရွားစွာ အ၀လွန်ခြင်းကြောင့် သေဆုံးနိုင်ချေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။
ဘရာဇီးနိုင်ငံ၊ Rio Grande  တက္ကသိုလ်မှ သုတေသီ Daniela Casagrande  နဲ့အဖွဲ့ဟာ bariatric  ခွဲစိတ်မှုဟာ အ၀လွန်ခြင်းရဲ့ နောက် ဆက်တွဲ ပြဿနာတွေအပြင် ကင်ဆာ ရောဂါကိုပါ  ဖြစ်ပွားမှုနှုန်းနည်းပါးခြင်းကို သက်သေပြနိုင်ဖို့ သုတေသနပေါင်းများစွာ  ပြုလုပ်ခဲ့ရပါတယ်။ ယခုသုတေသနကိုတော့ မခွဲစိတ်ရင် သေဆုံးနိုင်ဖို့ အခွင့်အလမ်းများနေတဲ့ ကိုယ်အလေးချိန် ပေါင်၄၀၀အထက် အ၀လွန်သူတွေကို ပြုလုပ်ခဲ့တာဖြစ် ပါတယ်။
ခွဲစိတ်မှုကိုပြုအပြီး  ၂၃နှစ်အတွင်းမှာ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေဟာ လူတစ်ထောင်မှာ ၁.၀၆ ဦးရှိပြီး ဒါဟာ ကိုယ်အလေးချိန် ပုံမှန်ရှိသူတွေနဲ့ တူညီလုနီးပါးရလဒ် ဖြစ်ပါတယ်။ ခွဲစိတ်မှုမပြုရင်တော့ အ၀လွန်ခြင်းရဲ့   နောက်ဆက်တွဲ ပြဿနာတွေ အရရော၊ ကင်ဆာ ဖြစ်ပွားနိုင်ချေ မြင့်မားတာကြောင့်ရော သေဆုံးနိုင်ချေဟာ အဆိုပါရလဒ်ထက် ထက်ဝက်ကျော် များပြားနေတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ယခုလေ့လာမှုကို Springer’s Jounral of Obesity Surgery မှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး
Health Updates Journal
ref;ANI



တံတွေးမှတစ်ဆင့် သွေးအချိုဓာတ် စစ်ဆေးနိုင်မည်

ဆီးချိုသွေးချို ရောဂါရှင်များအတွက် သွေးမထွက်ပဲနဲ့ သွေးအချိုဓာတ် သိရှိနိုင်မယ့် နည်းလမ်းသစ်တစ်မျိုးကို   ဖော်ထုတ်နိုင်ခဲ့ပြီလို့ သုတေသနတစ်ရပ်က ထုတ်ဖော်ခဲ့ပါတယ်။ ဇီဝချစ်ပ် အာရုံခံကိရိယာငယ် တစ်မျိုးဟာ သွေးစက်မလိုဘဲ တံတွေးရည်ကနေတစ်ဆင့် သွေးတွင်းဂလူးကို့စ်ကို  စစ်ဆေးနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။
““သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ထက်စာရင် တံတွေးထဲမှာ ဂလူးကို့စ် ပါဝင်မှုဟာ အဆ၁၀၀လောက် နည်းပါးပါတယ်။ ဒါပေမဲ့ အလွန်နည်းပါးတဲ့ ပမာဏကိုရယူပြီး သွေးတွင်းက ဂလူးကို့စ်ကို ခန့်မှန်းတွက်ချက်နိုင်တဲ့ နည်းလမ်းကို မိမိတို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။အလင်းရောင်ကို အသုံးပြုပြီး တံတွေး ထဲမှာပါဝင်တဲ့ သကြားဓာတ်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။  plasmo nic interferometry  နည်းလမ်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်”” လို့ သုတေသန ခေါင်းဆောင်  အမေရိကန်ပြည်ထောင်စု၊ ဘရောင်းတက္ကသိုလ် အင်ဂျင်နီယာဌာနမှ တွဲဖက်ပါမောက္ခ Domenico Pacifici က ရှင်းပြခဲ့ ပါတယ်။  တံတွေးနမူနာမှာပါဝင်တဲ့ ဂလူးကို့စ်ပါဝင်မှု  ထောင်ဂဏန်းမျှသော မော်လီကျူးလေးတွေကို ရှာဖွေတွက်ချက်နိုင်မှာဖြစ်ပါတယ်။ တံတွေး မှာ ရေဓာတ်ပါဝင်မှု ၉၉% အထိရှိပြီး ကျန်တဲ့ ၁%မှာတော့ အင်ဇိုင်းများ၊ ဆားဓာတ်နဲ့  အခြားအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ဒီဇီဝချစ်ပ်ပြားငယ်ဟာ တစ်လက်မပတ်လည်လောက်သာရှိပြီး ငွေပြားအလွှာနဲ့ ဖုံးအုပ်ထားပါတယ်။ အတွင်းမှာတော့ နာနိုနည်းပညာသုံး အာရုံခံ sensor လေးတွေ ထောင်နဲ့ ချီပြီး ပါဝင်ပါတယ်။ဒီတွေ့ရှိမှုကို  Journal of Nanophotonics  မှာ ဖော်ပြထားပါတယ်။

' ပြည့်ဖြိုး
Health Updates Journal
ref;IANS

လူကိုတိုက်ရိုက် ကူးစက်စေခဲ့သော မားစ် (MERS) ရောဂါကို တိရစ္ဆာန်တွင် တွေ့ရှိပြီ

'ဆော်ဒီအာရေးဗီးယားနိုင်ငံကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ မားစ်ရောဂါဗိုင်းရပ်ဟာ ကန္တာရနေ ကုလားအုတ်များမှတစ်ဆင့် လူကိုကူးစက်ခဲ့ တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီ MERS ရောဂါရဲ့ နာမည်ကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါစု (middle east resp-iratory syndrome) ဖြစ်ပြီး ဗိုင်းရပ်ပိုးကနေတစ်ဆင့်  ကူးစက်တာပဲဖြစ်ပါတယ်။  အရှေ့အလယ်ပိုင်းဒေသရှိ ဆော်ဒီတစ်နိုင်ငံတည်းမှာကို ၂၈၂ ယောက် သေဆုံးခဲ့ပြီး ၆၈၈ ယောက် ကူးစက်ခံနေရဆဲဖြစ်ပါတယ်။
ယခု  ဖော်ထုတ်တွေ့ရှိမှုဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ သေဆုံးခဲ့တဲ့ ကုလားအုတ်၉ကောင်ပိုင်ဆိုင်တဲ့ အသက်၄၄နှစ်အရွယ် ဆော်ဒီအမျိုး သားတစ်ဦးရဲ့ရုပ်ကြွင်းကို ပြန်လည် စစ်ဆေးနိုင်မှုကြောင့်လည်း ပေါ်ထွက်လာတာဖြစ်ပါတယ်။ အဆိုပါအမျိုးသားရဲ့ မိတ်ဆွေများက အဲဒီအမျိုးသားဟာ သူ့ရဲ့နှာခေါင်းရယ်၊ နေမကောင်းဖြစ်နေတဲ့ ကုလားအုတ်တွေရယ်ကို   ရိုးရာတိုင်းရင်းဆေးတွေ အသုံးပြုနေတာကို တွေ့ရှိခဲ့ရကြောင်း၊ ၇ရက်အကြာမှာ သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်တွေကို ဖြေဆိုခဲ့ပါတယ်။
ဆောဒီဘုရင့်  တက္ကသိုလ်မှ သုတေသီ Tariq Madani က““သုတေသနရလဒ်များနဲ့ ကွင်းဆင်းစစ်တမ်း ကောက်ယူမှုများအရ မားစ်ရောဂါဟာ ပိုးကူးစက်နေတဲ့   ကုလားအုတ်မှ လူသားကို   ထိတွေ့ကူးစက်မိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လူအများသို့ ကူးစက်သွားတာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်””လို့ ပြောကြားထားပါတယ်။ တွေ့ကြုံနေရတဲ့ အခက်အခဲကတော့ ကုလားအုတ်တွေကနေ  လူသားတွေကို  ဘယ်လောက်ကူးစက်နိုင်သလဲဆိုတဲ့ အချက်ရယ်၊ ကုလားအုတ်များကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အချက်ပဲ ဖြစ်ကြောင်း ၄င်းက ထောက်ပြထားပါတယ်။
မားစ်ရောဂါဟာ ၂၀၀၃ခုနှစ်က အာရှတိုက်မှာ ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၈၂၇၃ဦးကို ကူးစက်စေခဲ့တဲ့ ဆားစ်ရောဂါလိုပဲ ချောင်းဆိုးခြင်း၊ အသက်ရှူရတာ အခက်အခဲဖြစ်ခြင်း၊ ကိုယ်ပူခြင်းတွေကို  ခံစားရပေမယ့် မတူတဲ့အချက်ကတော့ လျင်မြန်စွာ ကျောက်ကပ်ပျက်စီးစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ဒီတွေ့ရှိမှုကို New England Journal of Medicine မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ref;PTI
ငြိမ်းအေး
Health Updates Journal



တောင်ယာတဲတွင် တစ်ယောက်တည်းနေသူ ဓားဖြင့်အခုတ်ခံရပြီး သေဆုံး

ရေတာရှည် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောကြိုးဝိုင်း နယ်မြေ တောင်ယာတဲတွင် တစ်ဦးတည်း နေသူသည် ဇွန်လ (၁၇) ရက်၊ နံနက် (၇) နာရီ အချိန်ခန့်က ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်ဝင်း၊ ဆွာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သောင်းစံနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အုတ်ဖိုကျေးရွာ မြောက်ဘက်(၂)မိုင်ခန့်အကွာရှိ တောင်ယာတဲ တွင် တဲစောင့်အဖြစ် နေထိုင်သော ကိုချစ်လွင် (၄၀) နှစ်၊ အုတ်ဖိုကျေးရွာ နေသူသည် တဲအတွင်း၌ ယာဘက် လည်ပင်း ပြတ်ရှ ဓားဒဏ်ရာ (၃) ချက်ဖြင့် သေဆုံးနေသည်ကို တွေရှိခဲ့သည်။

အခင်းဖြစ်နေရာတွင် သေဆုံးသူ ကိုချစ်လွင် ကိုင်ဆောင်သည့် ဓားအားသွေးများပေကျံလျှက် တွေ့ရှိခဲ့၍ ရဲတပ်ဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပြီး အမှုစစ်ဆေးချက်များနှင့် အညီ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အုတ်တွင်းမြို့နယ်တွင် ဒဏ်ရာဖြင့် လူသေအလောင်း တွေ့ရှိ

ရေတာရှည် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောပင်ကြီးအုပ်စု၊ ပေပင်ကုန်းကျေးရွာ၊ ဆည်မြောင်း အတွင်း၌ ဇွန်လ (၁၇) ရက်နေ့၊ နံနက် (၉)နာရီ အချိန်က အမည်မသိ၊ အသက်(၄၀)ခန့်၊ အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်း တွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက အုတ်တွင်းမြို့မ ရဲစခန်းသို့ သတင်းပို့ အကြောင်း ကြားခဲ့၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေဝင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လူသေအလောင်းတွင် လက်နှင့်ခြေထောက်တို့ကို အနီရောင် နိုင်လွန်စဖြင့် လက်နောက်ပြန် ခြေထောက်နှင့်တွဲကာ ချည်နှောင်တုပ်ထားပြီး ယာဘက်ကြောမှ ရှေ့ရင်အုံအထိ စူးဝင် ဖောက်ထွက်ဒဏ်ရာ၊ လည်ပင်ရိုးကျိုးဒဏ်ရာ၊ ကပ်ပါယ်အိတ် လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးနေဖြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ အုတ်တွင်းမြို့မရဲစခန်းက (ပ)၁၆၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar


ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်းကားမှတ်တိုင်၌ ခါးပိုက်နှိုက်(၂)ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၂

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီးအရေးယူနိုင်ရေးအတွက် ၂၀.၆.၂၀၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းနှင့် ကုန်ဈေးတန်းကားမှတ်တိုင်၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စောင့်ကြည့်နေစဉ် ၁၇၀၀ အချိန်ခန့်၌ မှတ်တိုင်သို့ဆိုက်ရောက်လာသည့် အမှတ်(၃၅) ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ပေါ်မှဆင်းလာသော ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ ရွှေပြည်သာ မြို့နယ်နေ ၀တုတ်(ခ)အောင်ကျော်စိုး(ခ) ထွန်းအောင်ကျော်၊ (၃၉)နှစ်၊ (ဘ)ဦးအေးမြင့်အား တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်း၏ကျောပိုး အိတ်အတွင်းမှ ငွေကျပ်(၁၁၆၀၀)ကိုတွေ့ရှိရပြီးယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူရရှိခဲ့သော ငွေများဖြစ်ကြောင်း သိရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။

ဆက်လက်၍ ၁၇၅၀ အချိန်တွင် အဆိုပါမှတ်တိုင်၌ အမှတ်(၃၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ် ပေါ်မှဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ သင်္ဃန်းကျွန်းမြို့နယ်နေ ငြိမ်းမောင်(ခ) မျိုးမင်းထိုက်၊ (၃၃)နှစ်၊ (ဘ)ဦးသိန်းဇံ အားတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ ငွေကျပ် (၃၅၂၀၀)ကိုတွေ့ရှိရပြီး ယာဉ်ပေါ်ပါအမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ် အတွင်းမှ နှိုက်ယူရရှိခဲ့သောငွေများဖြစ်ကြောင်း သိရှိရသဖြင့် ပန်းဘဲတန်း မြို့မရဲစခန်း(ပ) ၂၀၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အုပ်ချုပ်ရေးမှူးတစ်ဦး မိုကြိုးပစ်ခံရသေဆုံး

           ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ခနံကျေးရွာတွင် မိုးကြိုးပစ်၍ လူတစ်ဦးသေဆုံးမှု  ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ၂၁-၆-၂၀၁၄ ရက်နေ့ ညနေ(၅း၃၀)အချိန်ခန့်က က၀မြို့နယ်၊ ခနံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦး (ဘ)ဦးဘ၊ (၃၉)နှစ်၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူသည် ခနံကျေးရွာအနောက်ဘက်ရှိ ၄င်းပိုင်လယ်ထဲတွင် လယ်ထွန်နေစဉ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်သဖြင့် မိုးကြိုးထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

KO THANT ZIN

BY THIT HTOO LWIN

ပါကစ္စတန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရ

 ပါကစ္စတန်နိုင်ငံတွင် အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ ယင်းအမှုမှာ ပြီးခဲ့သည့်လတွင် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်၍ လူသတ်သည့်အမှုများနှင့် ဆင်တူနေသည်။

အသတ်ခံရသူအမျိုးသမီးငယ်၏ချစ်သူ မူဟာမက်ဆာကွစ်က အဓမ္မပြုကျင့်၍ သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး တရားခံကို ရဲစခန်းတွင် ဖမ်းချုပ်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဆာကွစ်သည် ချစ်သူမိန်းကလေးအား ၎င်း၏ မိတ်ဆွေနှစ်ဦးနှင့် လိင်ဆက်ဆံရန် အတင်းအကျပ်တိုက်တွန်းခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့၍ အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ကာ သစ်ပင်တွင် ချိတ်ဆွဲထားခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုသို့ အဓမ္ပပြုကျင့်ပြီး အသတ်ခံရမှုမှာ ကြာသပတေးနေ့ညက ပန်ဂျက်ဒေသ လေယာခရိုင်၌ ဖြစ်ပွားခဲ့ပြီး သောကြာနေ့ နံနက်တွင် ရဲတပ်ဖွဲ့က သတင်းရရှိခြင်းဖြစ်သည်။

‘‘အမျိုးသမီးက အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ခံရတာပါ။ အဲဒီနောက်မှာ သူ့အလောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုး သစ်ပင်မှာ ဆွဲကြိုးချထားခဲ့တာပါ။ ဒါပေမဲ့ သစ်ကိုင်းက နိမ့်နိမ့်ကလေး။ အလောင်းက ထိုင်လျက်အနေအထားနဲ့ မြေကြီးနဲ့လည်း ထိနေတယ်’’ဟု ယင်းဒေသရှိ အကြီးတန်းရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်မှာ မျက်မမြင်မိဘနှစ်ပါးနှင့် မောင်နှမခုနစ်ဦးကို လယ်ယာလုပ်ကိုင်၍ ရှာဖွေကျွေးမွေးနေသော မိသားစု၏ သမီးအကြီးဆုံး ဖြစ်သည်။ ယင်းအမျိုးသမီးနှင့် မူဟာမက်ဆာကွစ်တို့မှာ ချစ်သူသက်တမ်း ခြောက်လကြာပြီဖြစ်ပြီး လက်ထပ်ရန် ရည်ရွယ်ထားသူများဖြစ်သည်။ ဆာကွစ်သည် အပြစ်ဝန်ခံခဲ့ပြီဖြစ်၍ ၎င်း၏ မိတ်ဆွေနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။

—Ref: AFP
7DAY DAILY

ဆီးချို သွေးချို ရောဂါ ဖြစ်ပွားမှုနှုန်း တိုးလာ

 ဆီးချို သွေးချိုရောဂါသည် ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားမှုနှုန်းတိုးလာပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း တိုးပွား ဖြစ် ပေါ်လျက်ရှိကာ ကမ္ဘာပေါ်၌ ၎င်းဝေဒနာရှင်ပေါင်း ၂၄၆ သန်းကျော်ရှိကြောင်း သိရသည်။

၎င်းဆီးချိုသွေးချို ရောဂါသည် သွေးထဲတွင် အချိုဓာတ် လွန်ကဲပြီးဖြစ်သည့် ရောဂါဖြစ်ကာသွေးမှ ဆီးထဲအထိ အချိုဓာတ်များ ရောက်ရှိခြင်းဖြစ်သည်။ အဆိုပါ ရောဂါဖြစ်ပွားပါက အချိန်မတန်မီစော၍ သေဆုံးနိုင်ခြင်း၊ သာမန်ထက် သက်တမ်း ၁ဝ နှစ်အထိ ပိုတိုနိုင်ခြင်း၊ ခန္ဓာကိုယ်အင်္ဂါများ ထိခိုက်ပျက်စီး၍ လူစဉ်မမီဖြစ်နိုင်ခြင်း တို့ ဖြစ်ပွား နိုင်ပြီး ဆေးကုသမှု စရိတ်ကြီးမားသော ရောဂါတစ်ခုလည်းဖြစ်သည်။

ဆီးချိုသွေးချိုရောဂါသည် အသက် ၄၅ နှစ်အထက်ရှိသူများ၊ ကိုယ်အလေးချိန် ရှိသင့်သည်ထက် ပိုသူများ အဝလွန်သူများတွင် ပိုမိုဖြစ်နိုင်ကြောင်း၊ ၎င်းရောဂါ ကာကွယ်ရန်အတွက် ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်း သော အစားအစာများကို လျှော့စားရမည်ဖြစ်ကာ အမျှင်ဓာတ်များသော ဟင်းသီး ဟင်းရွက်နှင့် သစ်သီးများ များစားပေးရမည် ဖြစ်သည်။ တိရစ္ဆာန်မှ ရရှိသည့် အဆီများလျှော့စား၍ ကိုယ်အလေးချိန် ရှိသင့်သည်ထက် မပိုစေရန် ဂရုစိုက် ထိန်းသိမ်းရမည် ဖြစ်ကာ အချိုရည်သောက်ခြင်းဖြင့် ရေဆာ မှုကိုမဖြေဘဲ ရေကိုသာ သောက်သုံးသင့်ကြောင်း မြန်မာနိုင်ငံ ဆီးချို သွေးချိုရောဂါ အသင်း Myanmar Diabetes Association က သိရသည်။

မြ၀တီ


အွန်လိုင်းမှ ဆေးလိပ်သောက်သည့်ဓာတ်ပုံကိစ္စ ရွှေမှုံရတီ မိခင်ရှင်း

 အွန်လိုင်းတွင် ပျံ့နှံ့နေ သော ဆေးလိပ်သောက်နေသည့် ပုံသည် ရှေးခေတ်အမျိုးသမီး ဆေးပြင်းလိပ်သောက်သည့် ပုံစံ အတွက် ဓာတ်ပုံအထူးပြုလုပ် ချက်ဖြင့် ပြုပြင်ရန် ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ယင်းပုံကို တရားဝင်အ သုံးပြုခဲ့ခြင်းမရှိကြောင်း    ရွှေမှုံ ရတီ၏ မိခင်က ပြောသည်။

‘‘အဲဒီပုံမှာ ၀တ်စားဆင်ယင် ပုံကိုကြည့်ရင်လည်း အရင်ခေတ် က ပုံဆိုတာ သိနိုင်ပါတယ်။ ရုတ် တရက် ဆေးပြင်းလိပ်ရှာမတွေ့ တဲ့အခါ လက်ထဲမှာ စီးကရက်ကို ညှပ်ပြီးရိုက်ထားတာ။ နောက်မှ ဖိုတိုရှော့လုပ်မယ်ဆိုပြီး ရိုက်ခဲ့ တာ။ ဒါပေမဲ့လည်း သူတို့လုပ်လို့ အဆင်မပြေလို့လား၊ အမြင်မ တော်လို့လားမသိဘူး အဲဒီပုံကို လည်း မထုတ်ဖြစ်ခဲ့ပါဘူး’’ ဟု ရွှေမှုံရတီ၏ မိခင်က ပြောသည်။

ထို့အပြင် အဆိုပါ ဓာတ်ပုံ ကို လွန်ခဲ့သည့် ခြောက်လခန့်က တည်းက   ရိုက်ကူးခဲ့ခြင်းဖြစ်၍ ယခုကိစ္စသည် ၎င်း၏ သမီးကို    တိုက်ခိုက်ချင်သောကြောင့် တင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု  ၎င်းက သုံး သပ်သည်။

‘‘အန်တီ ညံ့သွားလို့၊   အ တွေးတွေ နည်းနည်းမှားသွားလို့ ဒါက မဖြစ်လောက်ဘူးဆိုပြီး ထင် လို့ လုပ်ခဲ့တာဆိုတော့ နောက် နောင်ကို ဒါမျိုးဘယ်သောအခါမှ အဖြစ်ခံမှာမဟုတ်ဘူး’’ ဟု ရွှေ မှုံရတီ၏ မိခင်က ပြောသည်။

By ဇွဲဉာဏ်
7DAY DAILY

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး မိုဘိုင်းဖုန်းများ

 ခေတ်သစ် လူနေမှု အဖွဲ့အစည်းတွင် မိုဘိုင်းဖုန်းများသည် လူတိုင်းအတွက် မရှိမဖြစ်လောက်အောင် လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။

ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း တစ်ကမ္ဘာလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့ခဲ့သည်။

အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ် အချို့ကမူ မိုဘိုင်းဖုန်းကို လိုအပ်ချက်အတွက် အသုံးပြုရန်သာ မကဘဲ အဆောင်အယောင် တစ်ခုအနေဖြင့်ပါ ကိုင်ဆောင်ရန် ဆန္ဒရှိလာသည်။ ယင်းဆန္ဒကို နာမည်ကျော် လက်ဝတ်ရတနာ လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများက လက်တွေ့ဖြည့်ဆည်းပေးလိုက်သည့်အခါ သာမန်လူများ လက်လှမ်းမမီနိုင်လောက်အောင် တန်ဖိုးမြင့်မားသည့် မိုဘိုင်းဖုန်းများ ဖြစ်လာသည်။

မိုဘိုင်းဖုန်း ယဉ်ကျေးမှု တစ်စထက်တစ်စ တွင်ကျယ်လာသည့် ကာလတစ်လျှောက် ဒီဇိုင်းပိုင်း ပံ့ပိုးအားဖြည့်မှုများဖြင့် ဖန်တီးခဲ့သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဖုန်း(၁၀)မျိုးကို စုစည်းဖော်ပြအပ်ပါသည်။

၁၀။ Peter Aloisson’s Nokia Arte (ဒေါ်လာ ၁၃၄၀၀၀)
တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းများအတွက် ဒီဇိုင်းရေးဆွဲပေးသည့် ဩစတြေးလျ ပညာရှင် ပီတာ အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။

Nokia၏ Arteဖုန်းလေးကို 3.15megapixel ကင်မရာ တပ်ဆင်ပြီး ရွှေသားကိုယ်ထည်ဖြင့် သီးသန့် မှာယူခဲ့သည်။

အဆိုပါ ဖုန်း၏ ကိုယ်ထည်ပေါ်တွင် ပန်းရောင်နှင့် အဖြူရောင် စိန်ပွင့်ပေါင်း (၆၈၀)ကို တပ်ဆင်ထားပြီး ဒေါ်လာ (၁၃၄၀၀၀)ထိ တန်ဖိုးကျသင့်ခဲ့သည်။

၉။ iPhone Princess Plus (ဒေါ်လာ ၁၇၆၀၀၀)


ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းလ်ဖုန်းများ၏ နံပါတ်(၉) နေရာမှ iPhoneကိုလည်း အေလွိုက်စ်ဆန်ကပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဖုန်း၏ ကိုယ်ထည်ကို ရွှေသားစစ်စစ်ဖြင့် မှာယူခဲ့သည်။ ယင်းအပေါ်တွင် တောက်ပအရောင်တက်အောင် သွေးထားသည့် စိန်ပွင့်(၁၈၀)ပွင့် အပြင် အရွယ်အစား ပြောင်းလဲပြီး သွေးထားသည့် စိန်ပွင့်(၁၃၈)ပွင့်ကိုပါ ဖြည့်စွက်ပြီး လှပစွာ အနားသတ်ပေးထားသည်။

၈။ Sony Ericsson Black Diamond (ဒေါ်လာ ၃၀၀၀၀၀)

ဒီဇိုင်နာ ဂျာရာဂေါက Polycarbonate မှန်သားကို အသုံးပြုပြီး အလှဆင် ဖန်တီးထားသည့် ဖုန်းတွင် အရည်အသွေး အလွန်ကောင်းသော စိန်ကြီးနှစ်ပွင့်ကို မြှုပ်နှံတပ်ဆင်ထားသည်။

ပထမစိန်ပွင့်မှာ Navigation Buttonပေါ်တွင်ဖြစ်ပြီး ကျန်တစ်လုံးကိုမူ ဖုန်း၏ နောက်ကျောဘက်တွင် နေရာချ အလှဆင်ထားသည်။

၇။ Vertu Signature Cobra (ဒေါ်လာ ၃၁၀၀၀၀)

ပြင်သစ်မှ လက်ဝတ်ရတနာ လုပ်ငန်းကြီး တစ်ခုဖြစ်သော Boucheronက ဖန်တီးပြီး Limited Edition အဖြစ် စုစုပေါင်း ဖုန်း(၇)လုံးသာ ရောင်းချခဲ့သည်။

ဖုန်း၏ နံဘေးတွင် ကျောက်မျက်ရတနာ စီခြယ်ထားသည့် မြွေဟောက်ကြီးများ တွယ်ဆက်နေသည့်နှယ် အလှဆင်ထားပြီး အောက်ဘက်တွင် အဝိုင်းပုံ သွေးထားသည့် စိန်ပွင့်တစ်ပွင့်စီကို ချိတ်ဆွဲထားသည်။

မြွေဟောက်ပုံ၏ အရောင်ကွဲပြားမှုအလိုက် ပတ္တမြား၊ နီလာစသည့် ကျောက်များကို ရွေးချယ်အသုံးပြုထားပြီး စိန်ပွင့်ငယ်များကိုပါ အားဖြည့် အလှဆင်ပေးထားသည်။

၆။ Gresso Luxor Las Vegas Jackpot (ဒေါ်လာ ၁ သန်း)

 မိုဘိုင်းလ်ဖုန်း တစ်လုံးအတွက် ပထမဆုံးအကြိမ် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးမြင့်တက်စေသည့် မှတ်တိုင်ကို (၂၀၀၅)ခုနှစ်တွင် Gressoက စိုက်ထူခဲ့သည်။

ဆွစ်ဇာလန်တွင် စတင်ပြသ ရောင်းချခဲ့သော အဆိုပါဖုန်းသည် (၁၈၀)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ် ဖန်တီးထားပြီး နောက်ဘက်ပိုင်းတွင်မူ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး သစ်သားဖြင့် ကပ်ထားသည်။

အဆိုပါ သစ်သားကို အာဖရိက တောနက်ကြီးများထဲမှ နှစ်ပေါင်း(၂၀၀)ကျော် သက်တမ်းရှိ သစ်ပင်ကြီးများမှ ရရှိပြီး ရှားပါးတန်ဖိုးကြီးလှကြောင်း သိရသည်။

ဖုန်းကို အလှဆင်ရန်အတွက် ထိုကဲ့သို့ သစ်သားနှင့် ရွှေသားတို့ကိုသာမကဘဲ ခလုတ်များထဲတွင် နီလာကျောက်လေးများကိုပါ မြှုပ်နှံတပ်ဆင်ပေးထားသေးသည်။

၅။ Goldvish Le Million (ဒေါ်လာ ၁.၂ သန်း)
တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် လက်ပတ်နာရီများကို ဒီဇိုင်းထုတ်ရာတွင် အလွန်နာမည်ကြီးသည့် အီမန်နျူရယ်လ် ဂူယတ်က ရွှေဖြူသားဖြင့် ယခုဖုန်း၏ ကိုယ်ထည်ကို သွန်းလုပ်ခဲ့သည်။

ထို့အပြင် (၂၀)ကရက်စာ WS1 စိန်ပွင့်များဖြင့် စီခြယ်အလှဆင်ထားသည်။ ဆွစ်ဇာလန်တွင် စတင်ပြသစဉ် (၂၀၀၆)ခုနှစ်၊ စက်တင်ဘာလက ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စာအုပ်အတွင်း၌ ကမ္ဘာ့တန်ဖိုး အကြီးဆုံး မိုဘိုင်းလ်ဖုန်းအဖြစ် အသိအမှတ်ပြု ဖော်ပြခံခဲ့ရဖူးသည်။

အဆိုပါဖုန်းကို ကိန်းစ်မြို့တွင် ကျင်းပသည့် သန်းကြွယ်သူဌေးများ ဈေးပွဲတော်တွင် ဒေါ်လာ (၁.၂)သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

၎။ JSC Ancort’s Diamond Crypto (ဒေါ်လာ ၁.၃ သန်း)

ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း (၁၀)လုံးစာရင်းတွင် တတိယမြောက် ပါဝင်လာသည့် အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။

ဖုန်း၏ ရှေ့ဘက် ဘေးဘောင်များတွင် စိန်ပွင့်(၅၀)ကို ထည့်သွင်းမြှုပ်နှံထားသည်။ အဆိုပါ စိန်ပွင့်များအနက် အပေါ်ဆုံး အပိုင်းမှ (၁၀)ပွင့်သည် ရှားပါးသည့် စိန်ပြာများ ဖြစ်ကြသည်။

ဖုန်း၏ ကိုယ်ထည်တွင် ရွှေဖြင့်ကွပ်ထားသည့် အစိတ်အပိုင်းများလည်း ပါဝင်ပြီး ထုတ်လုပ်ရောင်းချစဉ်က အဆင့်အမြင့်ဆုံး လုံခြုံရေး စနစ်များကိုပါ Ancortက ထည့်သွင်းပေးထားသည်။

၃။ King’s Button iPhone 3G (ဒေါ်လာ ၂.၄ သန်း)

ယခုဖုန်းသည်လည်း အေလွိုက်စ်ဆန်၏ ဖန်တီးမှုပင်ဖြစ်ပြီး လက်ရာမြောက်စွာ သွေးထားသည့် စိန်(၁၃၈)ပွင့်ကို ဘောင်အနားသတ်တွင် ဝန်းရံ တပ်ဆင်ထားသည်။

ဖုန်း၏ Home Button နေရာတွင် (၆.၆)ကရက်ရှိ စိန်ဖြူပွင့်ကြီးကို မြှုပ်နှံထားသည်။ ဖုန်း၏ ရှေ့ဘက် စိန်ပွင့်များ စီခြယ်ထားသည့် လိုင်းတစ်လျှောက်ကိုလည်း ရွှေသားဖြင့် ပြန်၍ ကွပ်ကာ ဒီဇိုင်းဖော်ထားသည်။

၂။ Goldsticker iPhone 3G Supreme (ဒေါ်လာ ၃.၂)သန်း

ဒီဇိုင်နာ စတူးဝပ်ဟုဂ်ျစ်၏ ဖုန်းတွင် ကိုယ်ထည်ကို (၂၇၁)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ်ထားပြီး စိန်ပွင့်(၅၃)ပွင့်ကို အနားသတ် တပ်ဆင်ထားသည်။

Home Button နေရာတွင် မြှုပ်ထားသည့် အရည်အသွေးမြင့် စိန်ပွင့်ကြီးမှာ (၇.၁)ကရက် အလေးချိန်ရှိပြီး လုံးဝန်းသေသပ်စွာ သွေးထားခြင်း ဖြစ်သည်။

၁။ iPhone Diamond Rose Edition (ဒေါ်လာ ၈ သန်း)

ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်းအဖြစ် ရပ်တည်နေသော iPhone Diamond Rose Editionကိုလည်း ဟုဂ်ျစ်ပင် ဖန်တီးခဲ့ခြင်းကြောင့် ၎င်းသည် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းနှစ်လုံး၏ ဒီဇိုင်းပိုင်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Rose Goldခေါ် ပန်းရောင်ဘက်ယိမ်းသည့် ရွှေနှင့်ကြေးနီ သတ္တုစပ်ကို အသုံးပြုပြီး ကိုယ်ထည်ကို တည်ဆောက်ထားသည်။

ဖုန်း၏ ဘေးဘက်ဘောင်တွင် စိန်ပွင့်ပေါင်း (၅၀၀)မျှကို မြှုပ်နှံတပ်ဆင်ထားပြီး ဖုန်းနောက်ဘက်ရှိ Apple တံဆိပ်ပေါ်တွင်ပင် စိန်(၅၃)ပွင့်ဖြင့် ထည့်သွင်း အလှဆင်ထားသည်။

Home Button၏ အလယ်တည့်တည့်တွင် (၇.၄)ကရက် ပန်းရောင်စိန်ပွင့်ကြီးကို တပ်ဆင်ထားပြီး ယင်း၏ ဘေးဘက်တွင် စုစုပေါင်း (၈)ကာရက် အလေးချိန်ရှိ စိန်ဖြူပွင့်များဖြင့် ဝန်းရံထားသည်။

_TopTeny
7Day Daily
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ