သွေးပေါင်ချိန်ကျသူများ အတွက် .....( အစာသည် ဆေး )


သွေးပေါင်ချိန်ကျတက်လို့ ခေါင်းနေမှုးပြီး လှုပ်လိုက်တာနဲ့  ချာချာလည်မှုး ချွေးစီး တွေပြန်တက်ကြပါသည် ။
အခုပြောတာလေးကို သင်သည် အမြဲတမ်း စားပေးပါ၊ ပဲပင်ပေါက် တချို့ ကလည်း တိုရ လို့ ခေါ်ကြပါသည် ၊ ( ဥပမာ ...မြီးရှည်စားလျှင် ၊ မုန့် တီ စားစား ဘာစားစားပေါ များများထည့်စားပေးပါ့တိုရ ပဲပင်ပေါက် ကိုပါ ) ။သင်သည် သွေးပေါင်ချိန်ကျတတ်သော သူဖြစ်နေပါက ယနေ့ မှစပြီး ပဲပင်ပေါက်ကို များများ ထည့်စားပေးခြင်း ကြော်စားခြင်း အချဉ်လုပ်စားခြင်းများဖြင့် သွေးပေါင်ချိန်ကျခြင်းမျိုး မဖြစ်တော့ပါ ။ လ အတော်ကြာကြာ စားပေးခဲ့ပါလျှင် သွေးပေါင်ချိန်ကျတတ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မည်

My Mandalay

ဝမ်းချုပ်ခြင်း (ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့)


ယနေ့ မြန်မာနိုင်ငံမှာ လူကြီးလူငယ် မရွေး ဝမ်းနုတ်ဆေး သုံးစွဲ နေကြပါတယ်။

ဝမ်းနုတ်ဆေးကို သုံးစွဲဖို့ အမှန်တကယ် လိုအပ်သလား။ ကျန်းမာရေးကို ထိခိုက် နိုင်ပါသလားဟု မေးစရာ ရှိပါတယ်။

ဝမ်းနုတ်ဆေး မသုံးဘဲ သဘာဝ အတိုင်း ပုံမှန် ဝမ်းသွားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဝမ်းနုတ်ဆေး အမြဲ သုံးရင် ကျန်းမာရေးကို ထိခိုက် စေပါတယ်။

ဝမ်းချုပ်ခြင်း

အစာဟောင်းက စအို ရောက်သွားတဲ့အခါ စအိုက တင်းလာပြီး ဝမ်းသွားလိုစိတ် ဖြစ်တယ်။ အချို့ တစ်နေ့ သုံးကြိမ်၊ လေးကြိမ်သွားမှ စိတ်ကျေနပ်မှု ရှိတယ်။ အချို့ ဆိုရင် တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ် သွားတာ ရှိတယ်။ တကယ် ဝမ်းချုပ်တယ် ဆိုတာ သာမန် ဝမ်းသွားတဲ့ အကြိမ်မှ ပြောင်းလဲ သွားတာကို ခေါ်တယ်။ နေ့စဉ် ဝမ်းသွား၊ မသွား ပြောရုံနဲ့ မပြီးပါဘူး။

ဝမ်းချုပ်ခြင်းဟာ ရောဂါ မဟုတ်ပါဘူး။ ရောဂါမျိုးစုံရဲ့ လက္ခဏာ တစ်ခုသာ ဖြစ်တယ်။ စိတ် ပူပင်သောက ဖြစ်ချိန်၊ အစားအသောက် မမှန်ချိန်၊ အိပ်ရေး ပျက်ချိန်၊ အားကစား လုပ်တဲ့အချိန် များရင် ဝမ်းချုပ် တတ်တယ်။ တစ်ခု ရှိတာက ဝမ်းသွားဖို့ အောင့်ထားတဲ့ အကျင့်က ဝမ်းချုပ်ခြင်းရဲ့ အစပဲ ဖြစ်တယ်။ အချို့ လူတွေက ခရီးသွားရင် ဝမ်းချုပ်တယ်။ အိမ်သာ ထိုင်လေ့ထိုင်ထ မရှိခြင်း၊ နားနားနေနေ လဲလျောင်း နေခြင်း၊ ကြွက်သား ရောဂါ၊ အာရုံကြော ရောဂါ တို့ကြောင့်လည်း ဝမ်းချုပ် တတ်ပါတယ်။

သဘာဝ

ဝမ်းချုပ်ခြင်းဟာ အူမကြီးထဲ မစင်များ စုပုံခြင်းကြောင့် ဖြစ်တယ်။ အူမကြီးမှာ ကြာကြာ ရှိလေလေ၊ ရေဓာတ် လျော့နည်းပြီး မာကျောလာလေလေ ဖြစ်တယ်။ အူလမ်းကြောင်း အဖွဲ့စည်းထဲ စည်းချက်ညီညီ ကျုံ့ခြင်း၊ လျော့နည်းလာလို့ သို့မဟုတ် အူလမ်းကြောင်း ပိတ်ဆို့မှု တစ်ခုခုကြောင့် ဝမ်းချုပ်တယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ သိုင်းရွိုက်ဂလင်း လှုပ်ရှားမှု အားနည်းခြင်း၊ အူလမ်းကြောင်း မူမမှန်ခြင်း လက္ခဏာနဲ့ စိတ်ဓာတ် ကျခြင်းတို့ ရှိနိုင်တယ်။ အကိုက်အခဲ ပျောက်ဆေး သောက်တာ များရင်လည်း ဝမ်းချုပ်တယ်။

သင့်လျော်တဲ့ ရောဂါ ရှာဖွေမှု၊ ကုသမှု လိုအပ်တဲ့ အခြေခံ အကြောင်း အရင်းကြောင့် မဟုတ်ဘဲ ဝမ်းချုပ်တာ ဆိုရင် စားသောက်မှု ပုံစံ ထိန်းညှိပေးရင် ကောင်းမွန် စေနိုင်တယ်။ ဝမ်းချုပ်ခြင်းဟာ သန့်စင်ထားတဲ့၊ ပြုပြင် မွမ်းမံထားတဲ့ အသင့် အမြန်စား အစားအစာ (ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ) တို့ စားသုံးခြင်းနဲ့ အမျှင်ဓာတ် ပါတဲ့ အစားအစာ စားသုံးမှု နည်းခြင်းကြောင့် ဖြစ်တယ်။ စားသောက်မှု ပုံစံအဟောင်း စွန့်ပြီး အမျှင်ဓာတ် ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများ စားပေးရပါမယ်။

အမျှင်ဓာတ်ပါတဲ့ အစာကို စားလေ့ မရှိရင် မအီမသာ ခံစားရ နိုင်တယ်။ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ကွေကာ၊ ဆန်လုံးညိုတို့ စားသုံး ပေးသင့်တယ်။ အာလူး မီးဖုတ်၊ ခေါက်ဆွဲခြောက်ကို အသီးအရွက်ဖြင့် ပြုလုပ်ထားတဲ့ ဆော့ သို့မဟုတ် အသားအနည်းငယ်နဲ့ တွဲဖက် စားသုံး ပေးရမယ်။ ရေသန့် များများ သောက်ရမယ်။

အကြံပြုချက်များ

ရေ၊ သစ်သီးဖျော်ရည်၊ ဆေးဖက်ဝင် လက်ဖက်ရည်၊ ရေသန့်တို့ဟာ ကော်ဖီ၊ ကိုလာ၊ အရက်နဲ့ ဘီယာတို့ ထက် ပိုမို ကောင်းမွန်တယ်။ သဖန်းသီး၊ ဆီးသီးခြောက်၊ နာနတ်သီးတို့ ကိုလည်း စားသုံး ပေးရပါမယ်။ ဝမ်းချုပ်ခြင်းကို ကုသတဲ့ ရိုးရာကုထုံး (ဥပမာ-မန်ကျည်းရည် သောက်ခြင်းကလည်း နေထိုင်မှု စနစ်ကောင်းရဲ့ တစ်စိတ် တစ်ဒေသပဲ ဖြစ်တယ်။ ဝမ်းတစ်လုံး ကောင်းရင် ခေါင်းမခဲဘူး ဆိုတော့ လူတိုင်း ဝမ်းမှန်၊ လေမှန် ရှိဖို့ လိုကြောင်း ပြောကြား လိုပါတယ်။ ။

သက်လွင် / မြ၀တီ
https://www.facebook.com/mwdmedia

ဆေးဖက်ဝင်တဲ့ သပြေသီးမှည့်လေးများ


“ ၀ါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးေ တာင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ”

မိုးတွင်းကာလ သပြေသီးမှည့်ပေါ်ချိန်ရောက်တဲ့အခါတိုင်း ဆရာကြီးမင်းသုဝဏ်ရေးသားခဲ့ပါေ သာ ငယ်ငယ်တုန်းကကျောင်းမှာ သံပြိုင် ဆိုခဲ့ဖူးတဲ့ကဗျာလေးကို အောက်မေ့သတိယမိပါ တယ်။ တစ်နှစ် မှတစ်ကြိမ်သာ အသီးသီးတဲ့သပြေကြီးပင်တို့ ဟာ အရိပ်ရ နှစ်ရှည်ပင် အမျိုး အစားဖြစ်ြ က ပါတယ်။ ပင်စည်ရဲ့ အသားဟာ ရေဒဏ်ခံနိုင်တာကြောင့် လည်း ရှေးအခါ က မြန် မာ နှင့် အိန္ဒိယနိုင်ငံ တွေရဲ့  မီး ရထားစလီဖားတုံးတွေ၊ မော်တာစက်ထိုင်ခုံတွေ၊ အိမ်ေ ထာင်ပရိဘောဂ အိမ်ဆောက်ပစ္စည်းတွေ၊ လယ်ယာသုံးပစ္စည်း တွေမှာ သပြေပင်များရဲ့ ပင် စည်ေ တွကို အသုံးပြုလေ့ရှိပါတယ်။ ကြက်သွေးရ င့်ေ ရာင် ဆန်ဆန် နက်မှောင်သော သပြေ သီး မှည့်၏ အရသာမှာ ချို၍၊ အတန်ငယ်ချဉ်ဖန်ပြီး လျှာပေါ်မှာ ခရမ်းရောင်စွဲထင်ကျန်ရစ် ခဲ့ပါ တယ်။ အသီးထဲမှာ အဖြူရောင်အစေ့ တစ်လုံး ပါရှိပြီး၊ ထိုအစေ့ကနေ အပင်စိုက်ပျိုးနိုင် ပါ တယ်။(သပြေကြီးအမျိုးအစားဖြစ်ကာ၊ အရိပ်အာဝါသ ကောင်းတာကြောင့် ကျေးဌက် သာလိ ကာ တို့ ပျော်မွေ့ ကြပြီး၊ ရွက်ညှာနုများကလည်း ၄င်းသတ္တ၀ါလေးတွေအတွက် ၀မ်းစာအာဟာ ရ ဖြစ်စေပါတယ်) ထို သပြေကြီးပင်တွေကို အာရှတိုက်၏ မြန်မာနိုင်ငံနဲ့  အိန္ဒိယနိုင်ငံ တို့ မှာ အ မ်ားအျ ပားေ တြ ့ရျပီး၊ အနောက်နိင်ငံမှာတော့ အမေရိ ကန်ပြည်ထောင်စု၏ ဖလော်ရီဒါ နဲ့ ဟာဝိုင်အီတို့ မှာေ တွ့ ရ တတ်ပါတယ်။ မြန်မာပြည်မှာ ရာသီစာသီးနှံအဖြစ်စားလေ့ရှိပြီး၊ အိန္ဒိယ နဲ့ အမေရိကန်ပြည်ေ ထာင်စုများမှာတော့ အသီးကိုအချဉ်ဖောက်ကာ ၀ိုင်၊ ရှာလ ကာ ရည်များချက်လုပ်ခြင်း၊ ယို၊ ဂျယ်လီ စသည် ဖြင့် စားသောက်ကြပါတယ်။ အသီးသာမက၊ အစေ့၊ အရွက်၊ ပင်စည်နှင့် အခေါက်တို့ က လည်း လွန်စွာဆေးဘက်ဝင်လှရာ၊ ရှေးမြန်မာကြီးများက “အိမ်ရှေ့မှာ သပြေကြီးပင် တစ်ပင်စိုက်ထား ရုံဖြင့် ကျက်သရေမင်္ဂလာပြည့်ဝစေတဲ့အြ ပင်ေ ဆးဆရာတစ်ဦး အိမ်သို့ပင့်ထားလေသည်” ဟု ဆိုရိုးရှိခဲ့ပါတယ်။

နိုင်ငံတကာဆေးသိပ္ပံပညာရှင်များ၏ လက်တွေ့ စမ်းသပ်ချက်များအရ၊ သပြေသီးမှည့် ၁၀၀ ဂရမ် ထဲမှာ လူသားတို့  ကျမ္မာရေးကို အထောက်အကူပြုစေ၍ ချေဖျက်လွယ်သော အမျှင်ဓာတ် ၀.၆ ဂရမ်၊ ကစီဓာတ် ၁၄ ဂရမ်၊ ခွန်အား ၆၀ ကယ်လိုရီ၊ အဆီဓာတ် ၀.၂၃ ဂရမ်၊ ပရိုတင်း ၀.၉၉၅ ဂရမ်၊ ရေဓာတ် ၈၄.၇၅ ဂရမ်၊ ကယ်လ်စီယမ် ၁၁.၆၅ မီလီဂရမ်၊ သံဓာတ် ၁.၄၁ မီလီ ဂရမ်၊ မဂ္ဂနီစီယမ် ၃၅ မီလီဂရမ်၊ နီအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၀.၂၄၅ မီလီဂရမ်၊ မီးစုန်း ၁၅.၆ မီလီဂရမ်၊ ပိုတက်စီယမ် ၅၅ မီလီဂရမ်၊ ရီဘိုဖလာဗင် (ခေါ်) ဗီတာမင်ဘီ(၂) ၀.၀၀၉ မီလီဂရမ်၊ ဆိုဒီယမ် ၂၆.၂ မီလီဂရမ်၊ သီအာမင် (ခေါ်) ဗီတာမင်ဘီ(၁) ၀.၀၁၉ မီလီဂရမ်၊ ဗီတာမင်ဘီ(၆) ၀.၀၃၈ မီလီ ဂရမ် နှင့် ဗီတာမင်စီ ၁၁.၈၅ မီလီဂရမ်တို့ အသီးသီး ပါရှိနေပါတယ်တဲ့။

အပြေသီး နှင့် ကျမ္မာရေး။ (သပြေသီးမှည့်အရသာက ချိုအေး၍၊ မဆိုသလောက်ဖန်ပါတယ်)

(၁) သပြေသီးမှည့်ထဲရှိ သဘာဝဓာတ်တိုးဆန့် ကျင်ပစ္စည်းများ နဲ့  anthocyanin ဓာတ်တို့ က ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင်၊ ရင်သားကင်ဆာဝေဒနာသည်များ စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ဆက်လက်ပြန့် မပွားနိုင် အောင် သပြေသီးမှည့်တွေက ဟန့် တားပေးနိုင်ကြောင်း ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ Journal of Physiology and Pharmacology(ခေါ်)ဆေးပညာဂျာနယ်မှာ အကျယ်တ၀င့် ရေးသားဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ University of Rhode Island(ခေါ်)ဆေးဝါးတက္ကသိုလ်မှာ သပြေသီးမှည့်တွေကို ဓာတ်ခွဲစမ်းသပ် ခဲ့ရာ၊ ရင်သားကင်ဆာဖြစ်မလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့  အဖြေထွက်ရှိခဲ့ပါတယ်။ (၂) ၂၀၀၉ ခုနှစ် က အိန္ဒိနိုင်ငံမှာ သပြေသီးမှည့်ဖြင့် ကြွက်များကိုဆေးသုတေသနပြုခဲ့ရာ၊ သွေးထဲရှိဂလူးကို့ စ်ပမာဏကို ကျစေရုံ မျှမက၊ အစာ အိမ်အက်ဆစ်အထွက်များခြင်းတို့ ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ အိန္ဒိယဆေးဂျာနယ်များမှာ မှတ်တမ်းတင်ဖော်ပြ ထားပါတယ်။ (၃) အစာမကျေ ရင်ပြည့်ခြင်းအတွက် သပြေသီးကို ဆားအနည်းငယ်တို့ ၍စားပေးပါ။ (၄) သပြေသီးမှည့်များဟာ ခန္ဓာကိုယ်အ တွက် မရှိမဖြစ်လိုအပ်နေတဲ့ အင်ဆူလင်ထုတ်ပေးနိုင်သော ပန်ကရိယကို အားကောင်းစေပါတယ်။ အဲဒီလို ပန်ကရိယကို ကျန်း မာစေနိုင်တာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့အတွက် ဆီးချိုရောဂါဝဒနာ သည်များ သပြေသီးမှည့်ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။ (၅) လိပ်ခေါင်းသွေးယိုစီးသူများအနေဖြင့် နံက်စောစော သပြေသီးမှည့်ကို ပျားရည်ဖြင့်စားပေးခြင်းဖြင့် လွန်စွာ ဆေးစွမ်းထက်စေပါတယ်။ (၆) သပြေသီးထဲရှိ အင်ဇိုင်းဓာတ်များက အသည်းကိုကျန်းမာစေပြီး၊ အသည်းကြီးခြင်းမှ လည်း ကာကွယ်ပေးပါတယ်။ (၇) ဦးရေပြားနှင့် အရေပြားယားနာမှိုစွဲခြင်းတို့ အတွက် သပြေသီးသတ္တုရည်ကို ယုံကြည်စိတ်ချစွာ လိမ်းပေးပါ။ (၈) သပြေသီးရဲ့ သဘာဝချိုအေးဓာတ်က လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ (၉) ၀မ်းဗိုက် အတွင်းထဲသို့  မတော်တဆ ဆံပင်/ဆံစများ နဲ့ သံမှုံ/သံစများဝင်သွားတဲ့အခါ၊ သပြေသီးစားပေးခြင်းဖြင့် ၄င်းတို့ ကို သူ့ အလိုလို ကျေပျက်သွားစေကြောင်း မြန်မာ့ဆေးကျမ်းများမှာ ညွှန်းဆိုထားပါတယ်။ (၁၀) သပြေသီးမှည့်သတ္တုရည်ကို အ၀တ်ဖြင့်စစ်၍ ပုလင်းတွင်ထည့်ပြီး ၅-ရက်ခန့်  ကြာတဲ့အခါမှာ အချဉ်ပေါက်လာပါတယ်။ ၄င်းကို သပြေသီးပုန်းရည်လို့ ခေါ်ပါတယ်။ ထိုသပြေ သီးပုန်းရည်ကို လေထိုးလေအောင့်၊ သရက်ရွက်ကြီးခြင်း နှင့် ကာလ၀မ်း ရောဂါတို့ အတွက် သောက်သုံးပေးနိုင်ပါတယ်။ (၁၁) သပြေသီးမှည့် ၅-လုံး ကို နံက်တိုင်း ၁၅-ရက်တိတိ စားပေးရင်း၊ သပြေပင်စည် အခေါက်မှုန့်တစ်ကျပ်သားကို နေ့စဉ် ရေအေးဖြင့် သောက်ပေးပါ။ အဲဒီလို အသီးရော၊ ပင်စည်အခေါက်မှုန့် တို့ ကိုပါ နေ့ စဉ်တွဲစာပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက် ကင်းစေနိုင်ပါတယ်။

သပြေသီးအစေ့ နှင့်ကျမ္မာရေး။ (သပြေသီးအစေ့က အတန်ငယ်ချိုဖန်သောအရသာရှိပါတယ်။ သပြေတစ်ပင်လုံး၏ ဆေးဘက် အ၀င်ဆုံး အစိပ်အပိုင်းဟာ သပြေသီးအစေ့ဖြစ်ကြောင်း မြန်မာ့ဆေးကျမ်းများတွင်သာမက၊ အရှေ့ တောင်အာရှဆေးကျမ်းများနှင့် နိုင်ငံတကာ သိပ္ပံဆေးသု တေသီများက အကြံပြုထားကြပါတယ်။ ဒါကြောင့် သပြေသီးစားတဲ့အခါတိုင်း အစေ့ကိုပါ ၀ါးစားသင့် ပါတယ်)

(၁) ၀မ်းပျက်၊ ၀မ်းသွားခြင်း၊ မီးယပ်ဝမ်း၊ သွေးဝမ်းစတဲ့ ၀မ်းရောဂါအမျိုးမျိုးအတွက် သပြေသီးအစေ့၊ သရက်စေ့၊ ကြစုသီးတို့ကို ဆတူရောလှော်၍ အမှုန့် ကြိတ်ချေကာ တစ်နေ့  ၂-ကြိမ်သောက်ပေးပါ။ (၂) သွေးဝမ်းသွားခြင်းအတွက် သပြေသီးအစေ့ ခြောက် မှုန့်နှင့် သကြားဆတူရော၍ တစ်နေ့  ၂-ကြိမ်သောက်ပေးပါ။ (၃) အရေပြားပေါ်ရှိထိခိုက်ဒဏ်ရာများနှင့် ခွဲစိပ်နာများတော်တော် နှင့် မကျက်ပါက သပြေသီးအစေ့ကို ရေဖြင့်ကြိတ်၍လိမ်းပေးပါ။ (၄) သပြေသီးအစေ့ခြောက်ကို အမှုန့်ပြုကာ၊ ရေကျက်အေးဖြင့် နေ့ စဉ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို ဒိဌပျောက်ကင်းစေ ပါတယ်။ ဒါ့ပြင် ဆီးချိုကြောင့် အာခံတွင်းခြောက် ၍ရေငတ်ခြင်း မှလည်း သက်သာလာစေပါတယ်။ (၅) သပြေစေ့ခြောက်မှုန့်  ကို တစ်နေ့  ၂-ကြိမ်ကျ ၂-ဂရမ်စီ သောက်ပေးခြင်းဖြင့် ကိုလက်စ ထရော နဲ့ အဆီများကို ကျစေပါတယ်။ နိုင်ငံတကာဆေးသုတေသီများကလည်း သပြေသီးစေ့ဟာ ကိုလက်စထရော ကျစေတဲ့ အခြားပဋိဇီဝဆေးများနှင့်အပြိုင် အစွမ်းထက်မြက်လှကြောင်း အကြံပြုထားကြပါတယ်။ (၆) ဆီးလွန်ရောဂါ၊ အစာအိမ်အက်ဆစ် စိမ့် ထွက်လွန်၍ အစာအိမ်လမ်းကြောင်းပြည်တည်နာများအတွက် သပြေသီးအစေ့ ခြောက်မှုန့် ကို တရုပ်တိုင်းရင်းဆေးများမှာ အသုံးပြုလေ့ရှိပါတယ်။

သပြေပင်အရွက် နှင့် ကျမ္မာရေး။ (သပြေရွက်၏ အရသာဓာတ်က အေးမြစေပါတယ်)
(၁) အပူကြောင့်ဖြစ်သော လျှာနဲ့ လည်ချောင်းကွဲခြင်းတို့ အတွက် အပြေရွက်နုလတ်လတ်ဆတ်ဆတ်ကို ရေနဲ့ ရောကြိတ်ပြီး အာ ခံတွင်းထဲ ငုံထားပေးပါ။ (၂) မြင်းသရိုက်နာများအတွက် သပြေရွက်နုသတ္တုရည်ကို နွားနို့ ရော၍့ ၇-ရက်ဆက်တိုက် သောက်သုံး ပေးပါ။ (၃) ကင်းကိုက်ခံရတဲ့အခါ၊ သပြေရွက်သတ္တုရည်လိမ်းပေးခြင်းဖြင့် ကင်းဆိပ်ကျစေပါတယ်။ (၄) မှက်-ခြင်များကိုက်ခြင်းမှ ကြိုတင်ကာကွယ်တဲ့အနေဖြင့် သပြေရွက်ကိုကျိတ်ခြေ၍ ရလာတဲ့သတ္တုရည်ကို ခြေ-လက်များမှာ လိမ်းကျံပေးပါ။ (၅) အိန္ဒိနိုင်ငံ ဆေးကျမ်းများမှာ အသည်းအားဆေးအဖြစ် သပြေရွက်ပြုတ်ရည်ကို တိုက်ကျွေးလေ့ရှိပါတယ်။

သပြေပင်စည်အခေါက် နှင့် ကျမ္မာရေး။ (သပြေခေါက်အရသာက ဖန်ချိုသည့်အတွက် နှုတ်ြ မိန်စေ ပါတယ်)
(၁) ဆီးချိုရောဂါသည်များအတွက် ပင်စည်အတွင်းသားခေါက်ကို မီးမြှိုက်ပြာချ၍ နံက်-နေ့ -ည အစာစားပြီးတိုင်း ရေဖြင့်သောက် ပါ။ (၂) သပြေခေါက်ကိုပြုတ်၍ ငုံဆေးအဖြစ်ငုံပေးခြင်းဖြင့် ခံတွင်းထဲရှိ အပူဖု-အပူနာများပျောက်ကင်းကာ သွားများပါခိုင်မာလာ ပါလိမ့်မယ်။ (၃) အပူလွန်၍ဖောက်ပြန်ခြင်း နှင့် မီးယပ်ဖြူဆင်းခြင်းတို့ အတွက် သပြေခေါက်ကို ၃-ခွက် ၂-ခွက်တင်ကြို၍ ထော ပတ်၊ ပျားရည်၊ သကြားရောကာ တစ်နေ့  ၂-ကြိမ်သောက်ပါ။ (၄) သပြေခေါက်ကို နွားနို့ နှင့်ရောပြုတ်၍ တစ်နေ့ ၂-ကြိမ် သောက်ပြီးတိုင်း ထောပတ်စားပေးပါ။ သည်းခြေဖောက်ပြန်သောေ ရာဂါအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။

သတိပြုရန်။

(က) သပြေသီးမှည့်ကို ကြိုက်တိုင်းအလွန်အကျွံမစားပါနှင့် ချွဲသလိပ်ထ၍ လေချုပ်စေပါတယ်။ (ခ) ကိုယ်ဝန်ဆောင်သည်များ မစားသင့်ပါဘူး။ ဓာတ်မတည့်၍ ကိုယ်ဝန်ပျက်ကျစေတတ်လို့ ပါ။ (ဂ) သပြေသီးစားပြီး အီလည်လည်ခံစားရတဲ့အခါ၊ ဂျင်းစား ပေးပါ။ (ဃ) အမှည့်လွန်အသီးများစားမိပါက အစာအိမ်အချဉ်ပေါက်စေတတ်ပါတယ်။ အချဉ်ပေါက်တဲ့အခါ၊ ဇီယာမှုန့် ကို ဆား ပုတ်နှင့် ရောလှော်၍သောက်ပေးပါ။ (င) သပြေသီး နှင့် ပီလောပီနံ တို့ ကို တွဲမစားသင့်ပါဘူး အဆိပ်ဖြစ်စေပါတယ်။ (စ) မကြာ ခဏ အစာမကျေဝမ်းကြောတင်းသူများအဖို့  သပြေရွက်နှင့် (လုံးဝ)မတည့်ပါဘူး။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

စပျစ်သီးမှ ကုသပေးသော ရောဂါများ


စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်း အထိ ပါဝင် ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

၁။ ပန်းနာ ပျောက်ကင်းစေခြင်း

ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေ ပါတယ်။ အထူးသဖြင့် စပျစ်သီးခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။

၂။ ဝမ်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း

စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ ဝမ်းချုပ် ဝမ်းပုံမှန် သွားစေပါတယ်။

၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ကို ကုသခြင်း

ခေါင်းတစ်ခြမ်း ကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်း ထားပါတယ်။ သို့ပေမယ့် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်း စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။

၎။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း

နှလုံးနဲ့ ဆက်စပ်ရောဂါအားလုံးကို တားဆီး ကာကွယ်ပေးပါတယ်။ သွေးထဲကို နိုက်ထရစ် အက်ဆစ် ဓာတ်တိုး စေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ သဘာဝ antioxidant လည်း ဖြစ်တဲ့အတွက် LDL ကိုလက်စထရော level ကို လျော့ချပေးပါတယ်။ ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါဘူး။ နှလုံးရောဂါ ရှိသူများအနေနဲ့လည်း စပစ်သီး ပုံမှန် မှီဝဲ စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။

၅။ အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း

အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့ အခါ မှီဝဲ စားသုံးသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။

အထက် ဖော်ပြပါ ရောဂါ ဝေဒနာများကို သက်သာ၊ ပျောက်ကင်း၊ ကုသ ပေးတဲ့ အပြင် စပစ်သီးမှာ အခြားသော ကျန်းမာရေး အကျိုး ကျေးဇူး များစွာ ရှိနေ သေးကြောင်း သိရပါတယ်။

Ref: medic-facts
Myawady Health
https://www.facebook.com/myawadyhealth

သင်္ဘောပွင့်အကြောင်း သိကောင်းစရာ


ကင်ဆာကို ကာကွယ်ခြင်း
ဖောရောင်ခြင်းနှင့် ကင်ဆာ ဖြစ်စေသော tumor cell များ စတင်ဖြစ်ပေါ်ချိန် ရောင်ရမ်းမှုနှင့် ကြီးမားလာစေသော နှုန်းကို လျော့ချ ပေးသည်။

Ulcer များကို ပျောက်ကင်းစေနိုင် ခြင်း
မြင့်မားသော အင်တီအောက် ဆီးဒင့်များ ပါဝင်သဖြင့် ၀မ်းဗိုက် အတွင်း ရောင်ရမ်းမှုများအတွက် အသုံးပြုနိုင်ပြီး lipids cholestrol များ စတင်ဖြစ်ပေါ်ခြင်းကို ကာကွယ် ပေးသည်။

အစာချေနိုင်ခြင်း
အခြားအသီးများတွင်ထက် enzyme papain ပိုမိုပါဝင်သည့် အတွက် အစာကြေစေပြီး ၀မ်းချုပ် ခြင်းကို ကာကွယ်ပေးသည်။

အင်တီအောက်ဆီးဒင့်ကြွယ်ဝခြင်း
ခန္ဓာကိုယ်တွင်းမှ ဓာတ်တိုး ဆန့်ကျင်မှုများကို တိုက်ထုတ်နိုင် သည့် အင်တီအောက်ဆီးဒင့် အမျိုး မျိုးပါဝင်သည်။ ဓာတ်တိုးဆန့်ကျင် ခြင်းမှ Oxidative ပျက်စီးမှုများသည် ကင်ဆာ၊ အိုမင်းရင့်ရော်လွယ်မှု အပြင် သွေးကြောမျှင်များ ပြဿနာ ကိုပါဖြစ်စေသည်။

ခံတွင်းလိုက်ခြင်း
သင်္ဘောပွင့်၏ အရသာသည် အနည်းငယ် သက်သယောင်ရှိသော် လည်း လျှာခံတွင်းကို မိန်စေသည်။ ထမင်းနှင့် ရောစားလျှင် သက်သော အရသာလျော့ပါး သွားစေသည်။

အရေပြားပြဿနာများ
သင်္ဘောပွင့်ကို အခြောက်ခံ၍ ထောင်းပြီး အုန်းဆီနှင့် ရောပါ။ ပြုတ်၍လည်း လိမ်းနိုင်သည်။ ယင်းဆီက ၀ဲများ၊ နှင်းခူ၊ Pruritis ယားယံခြင်း၊ အရေပြားပိုးဝင် ယားယံ ခြင်းအမျိုးမျိုးကို ပျောက်ကင်းစေ သည်။

ခန္ဓာကိုယ်ဝိတ်ချရန်
သင်္ဘောပွင့်တွင် ဗီတာမင် A,B,C တို့ပါဝင်ပြီး ပုံမှန်စားပေး ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်ကို ထိန်းထား နိုင်သည်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

ဂီတကနေ သာယာမှုမခံစားတတ်ကြသူများ


ကမ္ဘာ့လူဦးရေရဲ့ ၃% ကနေ ၅% က ဂီတကနေ သာယာမှုကို မခံစားနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ ဘာစီလိုနာတက္ကသိုလ်၊ မွန့်ရီယဲလ် ဦးနှောက်အာရုံကြော အင်စတီကျုနဲ့ မတ်ဂေးလ်တက္ကသိုလ်တို့မှ သုတေသီ တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ သုတေသနအသစ်တစ်ခုအရ ယင်း ကဲ့သို့ ဂီတကနေသာယာမှုကို မခံစား တတ်ကြတဲ့သူတွေမှာ ဦးနှောက်နဲ့ အသံကိုလက်ခံတဲ့ Cortical အပိုင်းနဲ့ ကြားရတဲ့အသံ ပေါ်မူတည် ပြီး တုန့်ပြန်ပေးနိုင်တဲSubcortical အပိုင်းကြား လုပ်ဆောင်ချက် ဆက်သွယ်မှု လျော့နည်းနေတာကို တွေ့ခဲ့ရပါတယ်။

 ဂီတကနေ သာယာ မှုကိုမခံစားနိုင်တဲ့ အခြေအနေကို နားလည်နိုင်ဖို့အတွက် သုတေသီ တွေက ပါဝင်သူတွေကို ၎င်းင်းတို့ရဲ့ ဂီတအပေါ် တုန့်ပြန်နိုင်စွမ်းကို အခြေပြုပြီး အဖွဲ့ (၃) ဖွဲ့ခွဲခဲ့ပါတယ်။ အဲဒီနောက် ၎င်းင်းတို့ကို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်နေပုံကို တိုက် ရိုက်ဖော်ပြပေးနိုင်တဲ့ လျှပ်စစ် သံလိုက်ပုံရိပ်ဖော်စက် f MRI ထဲ ထည့်ပြီးနောက် ဂီတကို နားထောင် စေပါတယ်။

 ဦးနှောက်ရဲ့ အခြား ပျော်ရွှင်ဖွယ် ၀မ်းနည်းဖွယ်ကိစ္စတွေ မှာ တုန့်ပြန်ပုံနဲ့ ဂီတကိုတုန့်ပြန်ပုံ ကွဲပြားမှု ရှိမရှိ သိရဖို့ အတွက် ကိစ္စတွေမှာ လောင်းကစား လုပ်စဉ် ဦးနှောက်တုန့်ပြန်ပုံကိုလည်း မှတ် တမ်းတင်ထားပါတယ်။ ရလဒ်တွေ အရ ဂီတကနေ သာယာမှုကို မခံစား နိုင်တဲ့သူတွေမှာ Subcortical အပိုင်း မှာရှိတဲ့ Accumben နယူကလိယရဲ့ တုန့်ပြန်မှု အားနည်းနေတာကို တွေ့ ရပါတယ်။ ဒါပေမဲ့ ဗခခကာဘနည နယူကလိယက လောင်းကစားလုပ်တဲ့ အခါ အနိုင်ရရာမှာတော့ ကောင်း ကောင်းတုန့်ပြန်တာကို တွေ့ရပါ တယ်။ အပြန်အလှန်အားဖြင့် ဂီတကို ကျွမ်းကျွမ်းကျင်ကျင် အာရုံခံစား နိုင်တဲ့သူတွေမှာတော့ ယင်း Cortical နှဲ့Subcortical အပိုင်းကြား ဆယ်သွယ်မှုက ပိုကောင်းတာကို တွေ့ရပါတယ်။


ဒါကြောင့် လူတစ်ဦးတိုင်းစီ အတွက် သီးခြားလှုံ့ဆော်မှုတွေအပေါ် သီးခြား တုန့်ပြန်မှုလမ်းကြောင်းတွေ ရှိတယ်လို့ ကောက်ချက်စွဲလို့ ရပါ တယ်။ ဦးနှောက်တွင်း ဆက်သွယ်မှု လျော့ကျလာခြင်းက အခြားသော အတွေ့အကြုံကတဆင့် ပညာယူ နိုင်စွမ်းရည် နိမ့်ကျနေတဲ့ အခြေအနေ တွေရဲ့ တရားခံလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် အောက်တစ်ဇင် ဝေဒနာခံစားနေရတဲ့ ကလေးတွေမှာ လူတွေရဲ့အသံကို အရှိအတိုင်း မကြားနိုင်၊ သာယာမှုကို မခံစားရနိုင် ခြင်းက ဦးနှောက်ရဲ့ bilateral posterior superior temporal sulcus အပိုင်းနဲ့ Accumbens နယူကလိယ ကြားဆက်သွယ်မှု လျော့ကျနေတဲ့အတွက် ဖြစ်တယ် ဆိုတာ ရှင်းပြနိုင်ခဲ့ပါတယ်။

ယခု တွေ့ရှိချက်ကတဆင့် လူတစ်ဦျးင်း စီရဲ့ ဦးနှောက်က သာယာမှုအပေါ် တုန့်ပြန်သည့်စနစ် ကွဲပြားပုံကို နားလည်ရန် ကူညီနိုင်ရုံသာမက သာယာမှုအပေါ် တုန့်ပြန်သည့်စနစ် အပေါ် အခြေခံပြီး ဖြစ်ပွားနေတဲ့ ရောဂါတွေဖြစ်တဲ့ စိတ်ကျဝေဒနာ၊ စွဲလန်းမှုပြဿနာတွေကို ကုသနိုင်ဖို့ ကုထုံးသစ်တွေ ပေါ်လာရန်အတွက် လည်း ကူညီပေးနိုင်မယ်လို့ သိရပါ တယ်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

စိတ်ကျန်းမာရေးနှင့်မှတ်ဥာဏ်ပါပိုမိုကောင်းစေသည့် ကြက်ဥ


အလွယ်တစ်ကူဝယ်ယူစားသုံးသင့်သည့် ကျန်းမာရေးဆိုင်ရာ အစားအသောက်တွင် ကြက်ဥပါဝင်ပါသည် ။ ကြက်ဥကို လူမမာများ ၊ အားအင်ကုန်ခန်းနေသည့် လူများ နှင့် ကလေးသူငယ်များပါ မကျန် ကြက်ဥကို ပုံမှန်စားသုံးသင့်ပါသည် ။ကြက်ဥကို စားသုံးခြင်းကြောင့် မေ့လျော့ပျောက်ဆုံးနေသောမှတ်ဥာဏ်များကိုပင် ပြန်လည်မှတ်မိလာနိုင်ပါသည် ။ စားသုံးခြင်းကြောင့် လူ့ ၏မှတ်ဥာဏ်စနစ်ကို ပိုမိုအားကောင်းစေပါသည် ။

ကြက်ဥတွင်းပါဝင်သောဓာတ်များကြောင့် လူ့ ဦးနှောက်အသိဥာဏ်ပိုင်းကို တိုးတက်စေနိုင်ပါသည် ။ တစ်နေ့ လျှင် ကြက်ဥကို တစ်လုံး သို့ မဟုတ် နှစ်လုံး အနည်းဆုံး စားသုံးသင့်ပါသည် ။

ကြက်ဥစားသုံးခြင်းကြောင့် မှတ်ဥာဏ်အပိုင်းကို ပိုမိုအားကောင်းစေခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ စိတ်ကျန်းမာရေးကိုလည်း အထောက်အကူပြု့  ပိုမိုအားကောင်းစေပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ


၁။ အသက် ၂၃ ကျား။ ဆရာ ကျန်ခဲ့တဲ့ရက်ကလည်း ဆရာဆီ STI နဲ့ ပတ်သက်ပြီး စာရေးမေးခဲ့ပါတယ်။ လွန်ခဲ့သော ၃ပတ်ခန့် က အကာအကွယ်နဲ့ ဆက်ဆံခဲ့ပါတယ်ဆရာ။ တပတ်ခန့်ကြာတော့ ဆီးသွားရတာ အဆင်မပြေလို့ ကာလသားရောဂါတိုက်ဖျက်ရေးဌာနက ကျနော်ကို gonorrhea ဖြစ်နေလို့ Antibiotic ပေးခဲ့ပါတယ်။ Gonorrhea က သက်သာပါတယ်ဆရာ။ ယနေ့ ကျနော့်လက်မောင်းနှင့် လက်မှာ အနီပြင်လေးတွေ ထွက်လာတယ်ဆရာ။ ပုံပါထည့်ပေးထားပါတယ်။ HIV rash ဖြစ်နိုင်လားဆရာ။ ကျနော့်ကို ဖြေ ကြားပေးပါ

၂။ မင်္ဂလာပါဆရာ။ သမီးနာမည့့် ပါ။ အသက်က 23 ပါ။ HIV ပိုးက လိင်ဆက်ဆံတာကတဆင့် ကူးစက်တာကို အချိန်ဘယ်လောက်ကြာရင်ရောဂါ လက္ခဏာပြပါသလဲဆရာ။ ရောဂါလက္ခဏာတွေက ဘယ်လိုပါလဲဆရာ။

HIV ဟာ ဗိုင်းရပ်စ်ပိုးကိုပြောတာဖြစ်တယ်။ AIDS ဟာ အဲဒီပိုးကြောင့်ဖြစ်လာတဲ့ ရောဂါအစုအဝေးကို ဆိုလိုတယ်။ HIV ပိုးက သွေး-အရည်ထဲမှာ ရှိနေပေမဲ့ ဘာမှမဖြစ်သေးဘဲ နေသေးတယ်။ ခုခံအားကျဆင်းလာမှသာ HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေဝင်လာတယ်။ အဲဒီအချိန်ရောက်မှ ခံစားရတာဖြစ်မယ်။ ဝင်လာတဲ့ရောဂါအရ ရောဂါလက္ခဏာ ဖြစ်မယ်။ တယောက်နဲ့ တယောက်မတူနိုင်ဘူး။

ချက်ချင်းဖြစ်လာတဲ့ HIV ကူးစက်ခြင်း
Human immunodeficiency virus (HIV) ဗိုင်းရပ်စ်ပိုက လူ့ကိုယ်ထဲကို တနည်းနည်းနဲ့ ဝင်လာရင် ဖြစ်စေတယ်။
၁။ လိင်ဆက်ဆံရာကနေဝင်တာ၊
၂။ ပိုးပါနေတဲ့သွေးက ကိုယ်ထဲကို တနည်းနည်းနဲ့ဝင်တာ၊
၃။ ပိုးပါနေတဲ့ ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်ကို သုံးတာ၊
၎။ ပိုးရှိနေတဲ့ မိခင်ကနေ သူမွေးလာမဲ့ကလေးကိုကူးစက်တာ၊
၅။ ပိုးရှိနေတဲ့ မိခင်ကနေ သူ့ကလေးကို နို့တိုက်တာ (ရှားတယ်)။

ပိုးဝင်ခံထားရသူကို သွေးစစ်ရင် HIV antibodies (အင်တီဘော်ဒီ) ဆိုတာ ရှိနေတာ ပြမယ်။ သွေးစစ်တာက အပေါင်းလက္ခဏာ ပြနေပေမဲ့ လူက ရောဂါလက္ခဏာ ပြချင်မှ ပြတာလဲ ဖြစ်နိုင်တယ်။ ဒါမျိုးကို HIV seroconversion လို့ သတ်မှတ်တယ်။ ဒါမျိုးဟာ ပိုးဝင်အပြီး ၃ လအကြာမှာ ဖြစ်တာများတယ်။ တနှစ်အထိနေတာလဲ ရှိတတ်တယ်။

Acute Retroviral Syndrome (ARS) လို့လဲ ခေါ်သေးတယ်။ တုပ်ကွေးလိုခံစားရသူပေါင်း ၅ဝ% ကနေ ၉ဝ% ရှိတယ်။ စောစောပိုင်း ပိုးဝင်ခံရတဲ့ ရောဂါ လက္ခဏာတွေ ခံစားရပြီးတဲ့နောက် ၁ဝ နှစ်လောက်ကြာတဲ့အထိ ဘာမှ မခံစားရဘဲနေနိုင်တယ်။ ဒီအဆင့်မျိုးကို Asymptomatic HIV infection လို့ ခေါ်တယ်။ တကယ့်ရောဂါဖြစ်တဲ့ (AIDS) ကို တခါတည်းတန်းဖြစ်မသွားသေးဘူး။ နောက်ဆိုရင်တော့ လူအများစုကြီးက တကယ့်ရောဂါဆိုတာ ဖြစ်လာမယ်။ လူတိုင်း ဖြစ်မယ်လို့ ကံသေကမ္မပြောဘို့ရာ အထောက်အထား မပြည့်စုံသေးဘူး။ ပိုးကနေ လူရဲ့ ခုခံအားစနစ်ကို ဖျက်ဆီးလိမ့်မယ်။ ပိုးဝင်ခံရပြီးနောက် ၂-၄ ပါတ်အကြာမှာ ရောဂါလက္ခဏာတွေ ခံစားရနိုင်တယ်။

Acute HIV infection Symptoms ရောဂါလက္ခဏာတွေ -
Flu တုပ်ကွေး၊ Kissing disease အနမ်းရောဂါလို့လဲခေါ်တဲ့ Glandular fever (ဂလင်ကျူလာ-ဖီဗာ) စတဲ့ ဗိုင်းရပ်စ်ရောဂါနဲ့ အတော်ဆင်တူတယ်။ ခံစားရတာက အများဆုံး ၄ ပါတ်အထိသာ ကြာမယ်။ ခံစားရတာတွေကလဲ နည်းနည်း-သင့်သင့်ကနေ ဆိုးဝါးတာအထိ မတူတတ်ဘူး။ ရေးပြတာ အားလုံး လူတိုင်းမှာ မဖြစ်ပါ။ တပြိုင်တည်းလို့ ပြောနိုင်တယ်။ တချီထဲလို့ ပြောရင် ပိုမှန်မယ်။

အစားပျက်မယ်၊ အားယုတ်မယ်၊ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ မအီမသာဖြစ်မယ်၊ ကြွက်သားတွေ နာ-ကိုက်မယ်၊ အရေပြားမှာ အနီပြင်လေးတွေထွက်မယ်၊ လည်ချောင်းနာမယ်၊ တက်စိတွေရောင်မယ်၊ ညပိုင်းချွေးထွက်မယ်။ လူနည်းနည်းမှာ ကိုယ်အလေးချိန်ကျမယ်။ ဝမ်းလျှောမယ်။ ပျို့-အန်မယ်။ နှာစေး၊ ဆိုင်းနပ်စ်၊ ချောင်းဆိုး၊ နှာခြေ ဖြစ်နိုင်တယ်။ ပါးစပ်နဲ့ အစာမျိုပြွန်မှာ အနာဖြစ်မယ်။ မှက်ခရုလို မှိုပိုးဝင်မယ်။

Acute HIV infection Exams and Tests စစ်ဆေးနည်းတွေ -
• HIV ELISA/Western blot test စမ်းသပ်နည်းလုပ်ရင် အနုတ်လက္ခဏာသာပြမယ်။ ဒါမှမဟုတ် မရေမရာသာဖြစ်နေမယ်။ ၃ လနေရင်တော့ အပေါင်းဖြစ်လာမယ်။
• HIV RNA test (viral load) ကတော့ အပေါင်းပြမယ်။
• Lower-than-normal CD4 သွေးဖြူဥ အရေအတွက် နည်းနေရင်တော့ ခုခံအားနည်းလာတာကို ဆိုလိုတယ်။ CD4 count က အခုအဆင့်ဖြစ်ပြီး ၁-၂ လဆိုရင် ပြန်တက်လာမယ်။
• White blood cell differential သွေးဖြူဥတွေကိုစစ်ဆေးရင် ပုံမှန်မဟုတ်ထာတွေပါတွေ့လာမယ်။

Acute HIV infection Treatment ဘယ်လို ကုသမလဲ
လူနာကို ပညာပေးရမယ်။ ဒါမှ သူ့ကိုဆေးကုပေးမဲ့သူတွေ၊ အကူအညီပေးမဲ့သူတွေနဲ့ တွဲပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချနိုင်လာစေမယ်။ ဒီလိုအဆင့်သာ ရှိသေးသူတွေကို Aggressive early treatment ဆေးတွေ ကြပ်ကြပ်မတ်မတ်ပေးမလား၊ မပေးသေးဘူးလား ဆိုတာကို ဆရာဝန်တွေကြားမှာ သဘောတူတာ၊ မတူတာတွေ ရှိနေသေးတယ်။ ဆေးကို Antiretroviral ဆေးလို့ ခေါ်တယ်။ Standard antiretroviral therapy (ART) ခေါ်တဲ့ ဆေးကုနည်းမှာ Antiretroviral (ARV) drugs အနည်းဆုံး ၃ မျိုးပါတယ်။

ကူးစက်ရောဂါ တခုခု ရှိနေသူတွေနဲ့ ဝေးဝေး၊ ကင်းကင်းနေပါ။ စိတ်ပိုင်းဆိုင်ရာ နိမ့်ကျစေမဲ့ ပတ်ဝန်းကျင်၊ အပေါင်းအသင်းမျိုးကို ရှောင်ရှားပါ။ စိတ်ဖိအား လျှော့ချနည်းလုပ်ပါ၊ အစာအာဟာရ ပြည့်ဝ မျှတအောင်စားသောက်ပါ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊ အလွန်အကျွံမဖြစ်စေပါနဲ့၊ လိင်ဆက်ဆံတဲ့ အခါတိုင်းမှာ (ကွန်ဒွမ်) အကာအကွယ်သုံးပါ၊ ကူးစက်ခံရကာစ အစောပိုင်းလတွေမှာ သူများကို ပိုပြီး ကူးစက်စေနိုင်တယ်။ (ကွန်ဒွမ်) အရည်အသွေး ကောင်းပါစေ၊ လိင်ဆက်ဆံဖေါ်များသူနဲ့ မဆက်ဆံပါနဲ့၊ ကိုယ်တိုင်လဲ အဖေါ်များတာ ရှောင်ပါ။ မူးယစ်ဆေးထိုးတာ ရှောင်ပါ။ သွေးမလှူပါနဲ့။ သုက်ပိုး မလှူပါနဲ့၊ ကိုယ်အင်္ဂါအစိတ်အပိုင်း မလှူပါနဲ့။ ဆေးပုံမှန်စစ်နေပါ။ ဆေးသောက်ဘို့ လိုလာချိန်ကို စောစောသိနိုင်စေမယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

Hypertension (1) သွေးတိုးရောဂါ (၁)


၁။ ဆရာမင်္ဂလာပါ။ ကျနော့်အသက် ၃၇ ကျားပါ။ လွန်ခဲ့တဲ့၁၀နှစ်လောက်ထဲက သွေးဖိအားဟာ ချိန်တိုင်း ၁၃၀ ၉၀ အထက်မှာပါ။ ဒီလိုနဲ့မေ့မေ့ပျောက်ပျောက်၁၀နှစ်လောက်သွေးပေါင်မချိန်ပဲနေလိုက်ပါတယ်။ လွန်ခဲ့တဲ့၂လလောက်က မျက်နှာလေးပြီးဇတ်ကြောထိုးနေလို့ ဆေးခန်းပြေးသွေးပေါင်ချိန်တော့၁၆၀ ၁၁၀တဲ့ဆရာ။ တော်တော်လန့်သွားပါတယ် ဆရာဝန်ပေးတဲ့ဆေးသောက်ပါတယ်။ losar 50 ပါ။ ဆေးသောက်ရင်၁၄၀ ၁၀၀လောက်ကျပြီး ဆေးဝေးတာနဲ့၁၆၀ ၁၁၀ နားပြန်ရောက်ပါတယ်။ သတိထားမိတာက အောက်သွေးဖိအားဟာ ဆေးသောက်ထားချိန်မှာတောင် ၁၀၀ အထက်မှာ ရှိနေတာပါ။ အဲ့ဒါဘာကိုပြတာလဲဆရာ။ နှလုံးမကောင်းတာလား သွေးကြောနံရံတွေထူနေတာလား ရှင်းပြပေးပါဆရာ။ လက်ရှိသွေးပေါင်အရ ဆေးရုံတတ်ကုသဖို့ လို မလို နဲ့ ရေရည်အတွက်စွဲသောက်သင့်တဲ့ ဆေးညွန်ကြားပေးပါ။ ကျေးဇူးအထူးပါ။ ဆရာမိသားစုကျန်းမာပါစေ

https://doctortintswe.blogspot.com/2017/08/blood-pressure.html
ကိုလက်စထော စစ်မှသာ သွေးကြောကျဉ်း ဖြစ်နိုင် မဖြစ်နိုင်သိပါမယ်။

ကျေးဇူးပါဆရာ စိုးရိမ်သွေးဖိအားအဆင့်ဆို ဆေးရုံတတ်သင့်ပါသလား။ 160 110 ဆိုတာစိုးရိမ်အဆင့်လားဆရာ။ ဆရာ့ဘလော့ကစာတွေဖတ်မရလို့ပါ။ လွန်ခဲ့တဲ့ ၂နာရီက losar50 တလုံးသောက်ပြီး အခုသွေးပေါင်ပါ

ဘလော့ကစာတွေဖတ်မရလို့ပါဆိုတာကို နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ အဲတာကို ကျွန်တော်က မတတ်နိုင်။ ဖတ်ရတဲ့အကြိမ်ပေါင်း Total Pageviews လာရောက်ဖတ်ရှုသူများ 3,827,208 ၃ သန်းကျော်တယ်။

၂။ ဆရာရှင့် ကျွန်မအမေရဲ့ကျန်းမာရေးအတွက်မေးချင်လို့ပါရှင့်။ မေမေကအသက် ၅၅ နှစ်။ အိမ်ထောင်ရှိ။ အိမ်ထောင်သက် ၃၃ နှစ်။ သမီး ၃ ယောက် အငယ်ဆုံးက ၂၄ နှစ်ပါ။ သားအိမ်မှာအကျိတ်တည်လို့ လွန်ခဲ့တဲ့ ၇ နှစ်ကသားအိမ်ထုတ်ထားပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကစပြီးသွေးတိုးရှိမှန်းစသိတာပါ။ ဆရာဝန်ကြီးက Amlodipine 5mg နေ့စဉ်သောက်ခိုင်းပါတယ်။ အခုရက်ပိုင်းမှ ဆေးသောက်ပေမယ့် သွေးက 180/120 အဲ့လိုတွေဖြစ်နေပါတယ်ရှင့်။ Tab Nafidipine 20 mg သောက်တော့ Bp 130/85 လောက်ဖြစ်သွားပါတယ်။ သွေးဖိအား အဆင်ပြေပေမယ့် မောမောနေပြီး ခေါင်းတခြမ်း ကိုက်နေလို့ပါဆရာ။ ခြေလက်ရုတ်တရက်အလှည့်အပြောင်းမှာ အကြောကပ်သလို အကြောတင်သလိုမျိုး ဖြစ်နေပါတယ်ဆရာ။ ဘာကြောင်းဖြစ်တတ်ပါသလဲဆရာ။ စိုးရိမ်ရပါသလားရှင့်။ အရင်ကနှလုံးရောဂါတော့မရှိပါဘူးရှင့်။ ဖြေဖို့အဆင်ပြေရင်ဖြေကြားပေးစေချင်ပါတယ်ရှင့်။ ဆရာတို့မိသားစုကျန်းမာချမ်းသာပါစေ။

၃။ ကျွန်မ အသက်၂၆ ပြည့်သွားပါပြီ။ အိမ်ထောင်ရှိ။ ဒီနေ့ဆေးခန်းမှာ OG နဲ့ပြတာ သွေးပေါင်ချိန်တာ အပေါ်သွေး ၁၅၀။ အောက်သွေး ၁၀၀ လို့ပြောပါတယ်။ OG က သွေးတိုးလို့ဟိုမုန်း ၁မျိုးပါတဲ့လစဉ်တားဆေးပဲပေးလိုက်ပါတယ်။ ကျွန်မအရင်က သွေးမတိုးဖူးပါဆရာ။ သွေးမတိုးအောင် ဆေးသောက်လို့ရမယ်ဆိုရင် ဆရာဆေးလမ်းညွန်ပေးပါ။ အခု ဟိုမုန်း ၁မျိုးပါတဲ့ဆေးသောက်ရင် ရာသီမမှန်ပြီး ထိန်တတ်တယ် လည်းပြောလို့ပါဆရာ။ အရင်ကတည်းက ကျွန်မ ရာသီလာတာ နည်းပါတယ်။ ၁ရက်ခွဲ ၂ရက်သာ လာပါတယ်။ ဟိုမုန်း ၂မျိုးဆေးပဲသောက်ချင်လို့ ဆရာ။ သွေးတိုးကျအောင် ဆေးပြောပြပေးပါ လားဆရာ။ စာရှည်သွားလို့ ခွင့်လွှတ်နားလည်ပေးပါ ရှင်။

တကမ္ဘာလုံးမှာ သွေးတိုးရှိနေသူပေါင်း ၁ ဘီလီယမ်လောက်ရှိနိုင်တယ်။ သွေးလွှတ်ကြောထဲမှာ ဖိအားတွေ များနေတာကို ခေါ်ပါတယ်။ သွေးဖိအားအဖြေမှာ အထက်ဂဏန်းနဲ့ အောက်ဂဏန်းဆိုပြီးရှိတယ်။ အထက်ဂဏန်းဆိုတာ နှလုံးက သွေးတွေကို ညှစ်ထုတ်လိုက်ချိန်မှာ ရှိနေတဲ့ သွေးလွှတ်ကြောထဲရှိတဲ့ ဖိအားဖြစ်ပြီး၊ အောက်ဂဏန်းကတော့ သာမန်အချိန်မှာရှိနေတဲ့ ဖိအားဖြစ်တယ်။ သွေးဖိအားကို ၅ မိနစ်ခြား ၂ ခါတိုင်းတာ ကောင်းတယ်။

• ပုံမှန် = အပေါ်ဂဏန်း ၁၂ဝ နဲ့အောက်၊ အောက်ဂဏန်း ၈ဝ နဲ့အောက်၊
• သွေးတိုး ရှိချင်သလို အဆင့် = အပေါ်ဂဏန်း ၁၂ဝ-၁၃၉၊ အောက်ဂဏန်း ၈ဝ-၈၉၊
• သွေးတိုး အဆင့် (၁) = အပေါ်ဂဏန်း ၁၄ဝ-၁၅၉ အောက်၊ အောက်ဂဏန်း ၉ဝ-၉၉၊
• သွေးတိုး အဆင့် (၂) = အပေါ်ဂဏန်း ၁၆ဝ နဲ့အထက်၊ အောက်ဂဏန်း ၁ဝဝ နဲ့အထက်။

နှစ်မျိုးရှိပါတယ်။ ၉ဝ-၉၅% မှာ အကြောင်းရင်းတိတိကျကျမသိရဘဲဖြစ်တယ်။ Essential hypertension လို့ ခေါ်တယ်။ Secondary hypertension ခေါ် အမျိုးအစားမှာတော့ ကျောက်ကပ်ရောဂါ၊ သွေးလွှတ်ကြောမကြီးရောဂါ၊ ကျောက်ကပ် အထက်မှာရှိတဲ့ အဒြီနယ်လ်ဂလင်းရောဂါတွေကြောင့် ဖြစ်ရတယ်။ အနာအကိုက်ပျောက်ဆေးနဲ့ စတီရွိုက်ဆေးတွေ ကြောင့်လဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် ၁ဝ% မှာလဲ ဖြစ်တတ်တယ်။ အအိပ်ပျက်ရင်လည်း ဖြစ်တတ်တယ်။

ဘာလက္ခဏာမှမပြသူက ပိုများတယ်။ ခေါင်းမူး၊ ခေါင်းကိုက် မျက်စိဝါး၊ အန်တာဖြစ်နိုင်တယ်။ သွေးထဲမှာ Creatinine များနေတာကို စမ်းတွေ့ရမယ်။ ဆီးထဲမှာလဲ ပရိုတင်းပါနေနိုင်တယ်။ အသက် ၄ဝ-၇ဝ နှစ်ကြား လူတွေ အထက်သွေး ၂ဝ တိုးတိုင်း၊ အောက်သွေး ၁ဝ တိုးတိုင်း နှလုံးသွေးကြောရောဂါဖြစ်စရာ ၂ ဆ တိုးလာတယ်။

နာတာရှည်သွေးတိုးဖြစ်လာရင်၊ သွေးလွှတ်ကြောလေးတွေရဲ့နံရံတွေ ထူပြီးမာလာမယ်၊ နှလုံးသွေးလွှတ်ကြောကျဉ်းလို့ နှလုံးသွေးကြောကျဉ်းပိတ်နိုင်တယ်၊ အဲလိုဖြစ်လို့ ရင်ပတ်အလွန်နာတာကို Heart attack ရတယ်လို့ခေါ်တယ်။ အလုပ်ပိုလုပ်ရလို့ နှလုံးကြီးလာမယ်။ Diastolic dysfunction, CHF, Cardiac arrhythmias နှလုံးရောဂါတခုခု ဖြစ်နိုင်တယ်၊ ၂၅% မှာ ECG နဲ့ သိနိုင်တဲ့ နှလုံးဘယ်ဘက်အောက်ခန်းကြီးတာ ဖြစ်တတ်တယ်။ ဦးနှောက်သွေးကြောကျဉ်း-ပိတ်-သွေးယိုလို့ ဦးနှောက် အလုပ်မလုပ်နိုင်တော့ဘဲ လေဖြတ်တာကို Stroke ရတယ်လို့ ခေါ်တယ်။ ၈၅% က သွေးလွှတ်ကြောလေးတွေ ကျဉ်းပြီးဖြစ်ရတယ်။ ၁၅%က သွေးယိုလို့ ဖြစ်ရတယ်။ မှတ်ဥာဏ်ချို့တဲ့မှုလဲ ဖြစ်နိုင်တယ်။ မျက်စိထဲက အရုပ်ထင်တဲ့နေရာ Retina သွားတဲ့သွေးလွှတ်ကြောတွေကို ထိခိုက်နိုင်တယ်။ ကျောက်ကပ်ရောဂါ ဝင်လာနိုင်တယ်။ ခြေဖျားလက်ဖျားသွေးမလျှောက်လို့ Gangrene အနာဖြစ်တတ်တယ်။

ဆရာဝန်တွေက အတော်ညံ့ကြတယ်။ ပျောက်အောင်မလုပ်နိုင်သေးပါ။ သွေးတိုးရှိ-မရှိ စောစောစီးစီးသိရင် ကောင်းတယ်။ နောက်ဆက်ရောဂါတွေမဖြစ်အောင်ကာကွယ်နိုင်မယ်။ သွေးကျဆေးအမျိုးမျိုးရှိတယ်။ အလွန် အရေးပါတာ အစားအစာ၊ ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ ဝတာတွေက ပိုဆိုးစေသည်။ လေ့ကျင့်ခန်းလုပ်ရင် သက်သာမယ်။

သွေးကျဆေးအမျိုးမျိုး
၁။ Diuretics ဆီးသွားစေတဲ့ဆေးအုပ်စု၊ Hydrochlorothiazide, Lasix, Torsemide, Triamterene, Hydrochlorothiazide, Metolazone
၂။ Beta-blockers (ဘီတာ-ဘလော့ကား) အုပ်စု၊ Atenolol, Propranolol, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol, Bisoprolol
၃။ ACE inhibitors (အေစီအီး-အင်ဟဘစ်တာ) အုပ်စု၊ Enalapril, Captopril, Lisinopril, Benazepril, Quinapril, Perindopril, Ramipril, Trandolapril, Fosinopril, Moexipril
၎။ Angiotensin receptor blocker (ARB) (အေအာရ်ဘီ) အုပ်စု၊ Losartan, Irbesartan, Valsartan, Candesartan, Olmesartan, Telmisartan, Eprosartan
၅။ Calcium channel blockers (CCBs) (စီစီဘီ) အုပ်စု၊ Amlodipine, Sustained release Nifedipine, Felodipine, Nisoldipine
၆။ Alpha-blockers (အာလ်ဖါ-ဘလော့ကား) အုပ်စု၊ Clonidine

သွေးကျဆေးတမျိုးမကရောပေးပါမယ်။ လိုလာရင် အတိုးအလျှော့နဲ့ ဆေးပြောင်းပေးမယ်။ နှလုံးမကောင်းရင်၊ ကျောက်ကပ်မကောင်းရင်၊ နှလုံးသွေးကြောကျဉ်းနေရင်၊ (ACE) inhibitors or (ARB) ဆေးတွေကို သုံးသင့်တယ်။ နှလုံးခုန်မြန်နေသူများနေသူတွေကို Beta-blockers ဆေးတွေကိုသုံးသင့်တယ်။ ကိုယ်ရောင်နေရင် Diuretics ဆီးသွားစေတဲ့ ဆေးတွေပါပေးရမယ်။ ကိုယ်ဝန်သွေးဆိပ်တက်ရောဂါ (PET) or Eclampsia ဖြစ်နေရင် Beta-blockers, Hydralazine, Labetalol, Alpha Methyldopa, Calcium Channel Blockers တွေပေးနိုင်တယ်။ ACE inhibitors, ARB drugs, Diuretics တွေကို မပေးရပါ။ သွေးတိုးများလွန်းနေရင် (ACE) inhibitors, (ARB), Beta-blockers, Diuretic, Calcium Channel Blockers, Alpha-blockers, Clonidine, Minoxidil, Vasopeptidase blocker တွေကိုပေးနိုင်တယ်။ အရေးပေါ်အခြေအနေမှာ Sodium Nitroprusside နဲ့ Labetalol ထိုးဆေးထိုးပေးနိုင်တယ်။

သွေးတိုးနဲ့ အစားအစာ
အစားမတော်တလုပ်ဆိုတာ ဒီနေရာမှာလဲမှန်တယ်။ DASH နည်းကို အမေရိကန်ဆရာဝန်တွေက ညွှန်းတယ်။ ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါးစတဲ့ အနှံတွေကို ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲစားသုံးတာ ပိုကောင်းတယ်။ ကြက်သား၊ ငါးနဲ့ အစေ့အဆံတွေကို အစားခိုင်းပြီး၊ အဆီ၊ အမဲသား-ဝက်သား-ဆိတ်သား၊ အချိုတွေနဲ့ သကြားပါသောက်စရာတွေကို လျှော့စေတယ်။ လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ Sucrose သကြားမျိုးက သွေးတိုးစေတယ်။ ဖိုင်ဘာခေါ်တဲ့ အမျှဉ်ပါတဲ့အစာတွေကို ညွှန်းတယ်။ ဆားစားရင် သွေးတိုးများတယ်။ ဆားဆိုတာ ဆိုဒီယမ်ဖြစ်တယ်။ ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုးပိုဖြစ်တယ်။ NIH ကနေသတ်မှတ်ပေးထားတဲ့ တနေ့တာ စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ ဆိုဒီယမ် ၄ဝ% ပါတယ်။ အကြမ်းဖျင်း ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်းစာသာ ပါပါစေ။ တနေ့ကို ဆား 1,500 mg သာ စားသူတွေမှာ အကျိုးရှိတာတွေ့ရတယ်။ အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်၊ သွေးတိုးရှိနေရင်လဲ သက်သာတယ်။ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ မုံလာပွင့်စိမ်း၊ မုံလာဥနီ၊ နနွင်း၊ စမုန်နက်၊ တောရုံး၊ ငရုတ်ကောင်း၊ ပင်စိမ်း၊ ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊ အသင့်ဝယ်ရတဲ့အစားအစာ၊ သွားရည်စာတွေရှောင်ပါ။ ချက်-ပြုတ်-ကြော်-လှာ်ပြီးသာ အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန် တည်တဲ့အလေ့ ရှိကြတယ်။ ဆိုးစေနိုင်တယ်။ ဗမာကြိုက် ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ ဘာဘီကျူးဆော့စ် လျှော့ပါ။ အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။ ဟင်းချိုမှုံ့၊ အသားမှုံ့တွေမှာ MSG မှာ ဆိုဒီယမ်ပါလို့ မသင့်ပါ။

ဆားတခုထဲ လျှော့တာနဲ့ မရသေးပါ။ ပိုတက်ဆီယမ်များဖို့ လိုသေးတယ်။ Potassium acetate, Potassium bicarbonate, Potassium citrate, Potassium chloride, Potassium gluconate နာမည်နဲ့ ဆေးသောက်ပါ၊ ငါး၊ ပင်လယ်စာ၊ ချဉ်တဲ့အသီး၊ ပန်းသီး၊ ငှက်ပျောသီး တွေနဲ့ မုံလာပွင့်စိမ်း၊ ပဲ၊ ပဲသီး၊ ခရမ်းချဉ်၊ အခွံပါအာလူး၊ ဟင်းနုနွယ်ရွက်၊ မုံညင်းဖြူတွေမှာများများပါတယ်။ ကလေးတွေမှာ ပိုတက်ဆီယမ် တနေ့ 780-1,600 mg နဲ့ လူကြီးတွေမှာ 1,600-2,000 mg လိုတယ်။ Omega-3 fatty acids က အကျိုးများစေတယ်။ Calcium 800-1,200 mg ဒါမှမဟုတ် Magnesium 300 mg သောက်ပါ။

သွေးတိုး အစာအာဟာရ ဥပဒေသ = S သုံးလုံးရှောင်ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။ အဆီအမျိုးအစား များတဲ့အစာအစာတွေ = မလိုင်၊ ဒိတ်ခဲ၊ ထောပတ်၊ ဂီး၊ စားအုံးဆီ၊ ဝါစေ့ဆီ၊ ချော့ကလက်၊ ကယ်လိုရီ + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက် မကောင်းပါ။ ဆိုဒီယမ်များတာ လုံးဝမကောင်းပါ။ ပိုတက်ဆီယမ်များတာ ကောင်းတယ်။ ကယ်လ်ဆီယမ်နည်းတာ မကောင်းပါ။

သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း
သွေးပူလေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။ ယောဂဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ်လုပ်ပါ။ အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို နုတ်ရင် MHR ရတယ်။ (MHR = 220 – Age) ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့ လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။ တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။ အလေးချိန်-လျှော့နည်းလုပ်နေတုံးမှာ အသက်ရှူအောင့်ထားတာမျိုး မလုပ်ပါနဲ့။

သွေးတိုးသက်သာအောင် ငန်-ချို-ဆီ ရှောင်။ ဆေးအမြဲဆောင်။ နားမယောင်နဲ့။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

လောက်သေရွက် .....အော် သူလည်း စွမ်းပါသည် ။


လောက်သေ ပင် သည် လေ ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏ ။ ကာမကို အားပေး ၏ ။ ရောဂါ ဖြစ်စေသော ပိုး များ ကို ပယ်တတ် ၏ ။ အဆီကို တိုးပွား စေ ၏ ။ အူတို့ ကို တွန့်ရှုံ့ စေတတ် ၏ ။ အဖျား ရောဂါ ၊ အဖျား ရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း ၊ပန်းနာ ချောင်းဆိုး ၊ ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင်သည် ။

ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ၀မ်းကိုက် ရောဂါ ၊ ၀မ်းဖော ၀မ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း ၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏ ။

၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည် ။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ၀မ်းကိုက် ၊ သွေ့းဝမ်း သွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ဝှေး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။

လိမ်းဆေး အဖြစ် သုံးပါက ၀ဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏ ။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။

လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာ တတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက် တတ် သော ရောဂါ များ ကို ကာကွယ်နိုင် ၏ ။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။

လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏ ။ ကလေးများ အနာစက် ၊ ၀ဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။

ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။ စအို မျှော့ ၀င်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး (ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အ၀တ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။

လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။

Mg Mandalay
https://www.facebook.com/mg.mandalay

Sandwich မုန့်တစ်ခု၏ ကာဗွန်ထုတ်လွှင့်မှုပမာဏကို မန်ချက်စတာသုတေသီများက တွက်ချက်ထုတ်ပြန်


အင်္ဂလန်နိုင်ငံမန်ချက်စတာမြို့တော်ရှိ မန်ချက်စတာတက္ကသိုလ်မှ သုတေသီများသည် Sandwich ပါမုန့်တစ်ခုမှ ကာဗွန်ထုတ်လွှင့်မှုပမာဏကို တွက်ချက်ကို ဇန်န၀ါရီလ(၂၆)ရက်နေ့က ထုတ်ပြန်သွားခဲ့ကြောင်းသိရသည်။ Sandwich ပါမုန့်သည် အင်္ဂလန်နိုင်ငံတွင် အလွယ်အကူဆုံးနှင့် အကောင်းဆုံးနေ့လယ်စာအဖြစ် သတ်မှတ်ထားပြီး လူတန်းစားမျိုးစုံအတွက် အဆင်ပြေသော အစားအစာဖြစ်သည့်အတွက်ကြောင့် ရောင်းအားကောင်းသည့် မုန့်အမျိုးအစား တစ်ခုဖြစ်သည်။


အင်္ဂလန်နိုင်ငံတွင် လူကြိုက်များသည် Sandwich မုန့်တွင် ကြက်ဥ၊ ဘေကွန်(၀က်သားကျက်ကင်)၊ ၀က်အူချောင်းတို့ဖြင့် ပြုလုပ်ထားသည့် မုန့်ဖြစ်ပြီး Sandwich မုန့်အတွင်းအသုံးပြုသည့် ကြက်ဥ၊ ဘေကွန်နှင့် ၀က်အူချောင်းတို့အား ပြုလုပ်ရာတွင် ကာဗွန်ထုတ်လွှင့်ပမာဏ မြင့်မားနေကြောင်းကိုလည်း တွက်ချက်ထားသော ရလာဒ်နှင့်တကွ အတိအကျထုတ်ပြန်သွားခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ဒေသခံများစားသုံးနေသော Sandwich အမျိုးအစား အရေအတွက်မှာ (၄၀)အထိရှိနေပြီး မတူညီသော အဆာပလာများကို အသုံးပြု၍ စီမံရောင်းချနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

မန်ချက်စတာတက္ကသိုလ်မှသုတေသီတစ်ဦးဖြစ်သူ ပရော်ဖက်ဆာအဒီဆာက “အင်္ဂလန်နိုင်ငံ Sandwich ပါမုန့်က အတန်းစားမျိုးစား အလွှာပေါင်းစုံက လူတွေ ကြိုက်နှစ်သက်တဲ့ပါမုန့်ပါ။ မနက်စာအတွက် စားသုံးနေကြသလို နေ့လယ်စာအတွက်လည်း Sandwich ကိုပါ လူတွေတော်တော်များများ နှစ်ခြိုက်စွာ စားသုံးနေကြတယ်။ တစ်ချို့ ကိုယ်အလေးချိန်ထိန်းတဲ့လူတွေတောင် Sandwich ကို အသုံးပြုကြတယ်။ အင်္ဂလန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး Sandwich ပါမုန့်နဲ့ပတ်သက်ပြီး သုတေသီလုပ်ကြည့်လိုက်တော့ ကာဗွန်ထုတ်လွှင့်မှုနှုန်း တော်တော်လေးများတယ်။ ကာဗွန်ဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတယ်ဆိုတာလည်း လူတိုင်းသိပါတယ်။ Sandwich ကနေထွက်တဲ့ ကာဗွန်နဲ့ပတ်သက်ပြီး တစ်စုံတစ်ခုလုပ်ဖို့ သေသေချာချာစဉ်းစားသင့်ပါပြီ” ဟုပြောကြားသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

စိတ်ဖောက်ပြန်မှုနှင့် ကြာရှည်စွာအလွန်အကျူးမူးယစ်သောက်စားမှုတို့ သိသာထင်ရှားစွာဆက်စပ်မှုရှိ


အချိန်ကာလကြာရှည်စွာ အလွန်အကျူး အရက်(အယ်လ်ကို ဟော) မူးယစ်သောက်စားမှုသည် ဦးနှောက်ပျက်ယွင်းခြင်းကြောင့် စိတ်ဖောက်ပြန်မှုရောဂါပုံစံအားလုံး ၏ အဓိကအန္တရာယ်ရှိသည့်အချက် ပင်ဖြစ်သည်ဟုThe Lancet Public Health အွန်လိုင်းဂျာနယ်တွင် ဖော်ပြထားချက်အရ သိရသည်။
သုတေသီများကပြင်သစ်နိုင်ငံ ရှိ စိတ်ဖောက်ပြန်မှုအစပိုင်းအဆင့် ခံစားနေရသူ ၅၇ဝဝဝ ကျော်တို့ အား ဆန်းစစ်မှုများအရ ¤င်းတို့ အနက်မှ ထက်ဝက်ကျော်သည် အရက်သောက်သုံးခြင်းနှင့်ဆက်စပ် ပြီး ဖြစ်ပွားသူများ သို့မဟုတ် အရက်အလွန်အကျွံသောက်သုံးမှု ကြောင့် ဆက်စပ်ရောဂါများပါ တွဲ ဖက်ခံစားနေရမှုများကို တွေ့ရှိခဲ့ရ သည်ဟု သိရသည်။

အကြမ်းဖျင်းအားဖြင့် အရက် သောက်သုံးခြင်းကြောင့်ဖြစ်ပွား သည့် စိတ်ဂနာမငြိမ်မှုများသည် စိတ်ဖောက်ပြန်မှု ရောဂါပုံစံအား လုံးထက် သုံးဆမြင့်ကြောင်း သိရ သည်။

မှတ်Óဏ်ချွတ်ယွင်းမှုရောဂါ နှင့် အခြားသောစိတ်ဖောက်ပြန်မှု ရောဂါပုံစံများသည် အသက် ၆၅ နှစ် အရွယ်မတိုင်မီအချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရ သည်။ ဖော်ပြခဲ့ပြီးသော သုတေ သနများအရ သိမြင်မှုဆိုင်ရာ ကျန်းမာရေးအပေါ် အရက်၏ သက်ရောက်မှုကို မရေမရာသာသိ ရှိခဲ့ရသည်။ အချို့သောလေ့လာ မှုများက အနည်းငယ်မှ အသင့် အတင့် အရက်သောက်သုံးခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြခဲ့ကြ ပြီး အခြားသောလေ့လာမှုများက အရက်အလွန်အကျွံသောက်သုံးခြင်း သည် စိတ်ဖောက်ပြန်မှုဖြစ်ပွားနိုင် ခြေကို မြင့်တက်စေသည်ဟု ဖော်ပြကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သတ်မှတ်ချက်အရ အရက်အလွန် အကျွံသောက်သုံးမှုနှုန်းသည် အမျိုးသားများအတွက် တစ်ရက် လျှင် ဂရမ် ၆ဝသောက်သုံးခြင်းနှင့် အမျိုးသမီးများအတွက် ဂရမ် ၄ဝ သောက်သုံးခြင်းဖြစ်သည်ဟု သိရ သည်။ သုတေသနသစ်တစ်ခုအရ ပြင်သစ်နိုင်ငံတွင် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၃ခုနှစ်အတွင်းတွင်စိတ်ဖောက် ပြန်သည့် ရောဂါခံစားနေရသူ တစ်သန်းကျော်ရှိသည်ဟု သိရ သည်။

Ref: Channel News Asia
နောင်နောင်
The Union Daily
https://www.facebook.com/pg/uniondaily.net

အာဟာရဓာတ်များစွာပါဝင်တဲ့ ငှက်ပျောသီးအခွံ


ငှက်ပျော့သီးစားတဲ့ အခါမှာ အခွံကိုပါ စားသုံးပေးရင် သင်ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူး ပိုများစေပါတယ်။ ကမ္ဘာနိုင်ငံအချို့မှာ ငှက် ပျောသီးစားရင် အခွံနွှာစားတက်ပြီး အချို့နိုင်ငံတွေမှာတော့ အခွံကို ပုံစံ အမျိုးမျိုးပြုလုပ်ကာ စားသုံးလေ့ရှိ ပါတယ်။ ငှက်ပျောသီးရဲ့ အတွင်းပိုင်း အသားက နူးညံ့ပြီးအရသာရှိ စားလို့ ကောင်းပေမဲ့ အခွံကတော့မာပြီး ခါးပါတယ်။ ဒါကြောင့် ငှက်ပျောခွံကို ချေမွပြီး ကြော်စား၊ ဖုတ်စား၊ ပြုတ်စားကြလေ့ရှိပါတယ်။


မှည့်နေတဲ့ ငှက်ပျောသီးရဲ့ အခွံက ပိုမိုပါးလွှာကာ ပိုချိုပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ethylene ဟော်မုန်းကြောင့်ပါ။ ကျန်းမာရေး အကျိုးကျေးဇူးတွေအနေနဲ့ ပုံမှန် အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ် လုံးကို အခွံမပါပဲ အသားချည်းပဲစား မယ်ဆိုရင်-
- ခန္ဓာကိုယ်မှ နေ့စဉ်လိုအပ်နေတဲ့ အမျှင်ဓာတ်ရဲ့ ၁၂ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးမှာဖြစ်ကာ အစာချေ စနစ်ကို ကျန်းမာစေပြီး ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တားဆီးပေး ပါတယ်။

- နေ့စဉ် ဗီတာမင် C လိုအပ်ချက်ရဲ့ ၁၇ ရာခိုင်နှုန်းကို ရရှိစေကာ ကိုယ်ခံ အားစနစ်ကို အားကောင်းစေခြင်း၊
ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေခြင်းတွေကို အကူအညီပေးပါတယ်။

- နေ့စဉ် ဗီတာမင် B လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိစေကာ အစား အသောက်မှ စွမ်းအင်အဖြစ် ကူး ပြောင်းမှုကို ကူညီပေးပါတယ်။

- နေ့စဉ် ပိုတက်ဆီယမ်လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းရရှိကာ ဆဲလ်၊ တစ်ရှူး နဲ့ ကိုယ်တွင်းခန္ဓာတွေ ဖွံ့ဖြိုးကြီး ထွားမှုကို အထောက်အကူပြုပါ တယ်။

- နေ့စဉ် မဂ္ဂနီဆီယမ်လိုအပ်ချက်ရဲ့ ၈ ရာခိုင်နှုန်းကို ရရှိစေကာ ခန္ဓာကိုယ် မှ စွမ်းအင်ထုတ်လုပ်မှု၊ ကိုယ်တွင်း ဂလူးကိုစ့်နဲ့ သွေးဖိအားကို ပုံမှန်ဖြစ် စေပါတယ်။

ငှက်ပျောသီးကို အခွံပါမကျန် စားမယ်ဆိုရင်တော့ အထက်ပါ အာဟာရဓာတ်တွေကို ပိုမိုပြည့်စုံစွာရ ရှိစေမှာပါ။ အခွံပါမကျန် စားခြင်းအားဖြင့် ဗီတာမင် B12၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေ များစွာရရှိမှာဖြစ်ပြီး အမျှင်ဓာတ်နဲ့ ပရိုတိန်းလည်း ကြွယ်ဝတယ်လို့ San Diego-based nutritionist Laura flores က Livescience ကို ပြော ထားပါတယ်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

ဒိန်ချဉ်သောက်ခြင်းက စိတ်ကျရောဂါကို သက်သာစေနိုင်မလား


စိတ်ကျရောဂါအတွက် ဆေးဝါးများဖြင့် ကုသခြင်း နည်းလမ်းများအပြင် အခြား ထိရောက်သော နည်းလမ်းတစ်ခုဖြစ်နိုင်ဖွယ်ရှိသည့် နည်းလမ်းသစ်တစ်ခု ထပ်မံတွေ့ ရှိခဲ့တယ်လို့ သုတေသန အသစ် တစ်ခုကဆို လိုက်ပါတယ်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး၊ ဒိန်ချဉ်ထဲမှာပါတဲ့ Lactobacillus ဆိုတဲ့ လူသား အကျိုးပြု အဏုဇီဝဘက်တီးရီးယားပိုးမွှားများဖြစ်ပါတယ်။ Lactobacillus ဆိုတဲ့ ဘက်တီးရီးယားတွေဟာ ဒိန်ချဉ်တွေထဲမှာပါရှိတဲ့ဘက်တီး ရီးယားပိုးမွှားတွေဖြစ်ပြီး အူလမ်းကြောင်း တစ်လျှောက် မှာရှိတဲ့ အဏုဇီဝပိုးမွားအသိုက်အ၀န်း gut microbiome ကို ပြောင်းလဲစေခြင်းဖြင့် စိတ်ကျသော အပြုအမူများကို ပြန်လည်တည့်မတ်ပေးလိုက်နိုင်ပါတယ်လို့ ဓာတ်ခွဲခန်း စမ်းသပ်ခံကြွက်များမှာ စမ်းသပ်မှုပြုလုပ်စဉ်တွေ့ရှိခဲ့ရ တာဖြစ်ပါတယ်။

 သုတေသနစာတမ်းရှင်များက အလားတူဖြစ်စဉ် များဟာ လူသားများတွင်လည်း ဖြစ်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ လေ့လာမှုကို University of Virginia School of Medicine မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များကို Scientific Reports ဂျာနယ်တွင် ထုတ်ပြန်ခဲ့ပြီး စိတ်ဖိစီးမှုဟာ ဓာတ်ခွဲခန်းကြွက်များရဲ့အူလမ်းကြောင်းရှိ လူသားအကျိုး ပြု အဏုဇီဝ ဘက်တီးရီးယား ပိုးမွှားများ အရေအတွက်ကို လျော့နည်းစေကာ စိတ်ကျရောဂါကို အစပျိုးစေ ခဲ့တာကို တွေ့ရှိခဲ့တာ ပဲဖြစ်ပါတယ်။

 လေ့လာစမ်းသပ်မှုမှာ Lactobacillus အဏုဇီဝ ဘက်တီးရီးယားပိုးမွှားများအရေအတွက် လျော့နည်း သွားသောအခါုkynurenine ဆိုတဲ့ ဓာတုဗေဒကွန်ပေါင်း တစ်ခုဟာ မြင့်တက်လာပြီး စိတ်ကျရောဂါ လက္ခဏာများ စတင်လာတာကိုတွေ့ ရှိခဲ့တာပါ။ Lactobacillus အဏုဇီဝ ဘက်တီးရီးယားပိုးမွှားများ ပြန်လည် ဖြည့်စွက်ပေးလိုက်တဲ့ အခါမှာတော့ စိတ်ကျခြင်းလက္ခဏာဟာ ပြန်လည် လျော့ပါးသွားတာကို တွေ့ရှိခဲ့ကြတယ်လို့ သုတေသီးတို့က ၄င်းတို့ရဲ့တွေ့ရှိချက်ကို ရှင်းပြခဲ့ကြပါတယ်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

သက်တော်ရာကျော်ရှည်ရခြင်း


အသက်ရာကျော်ရှည်ရခြင်းအကြောင်း လေ့လာသူ ဒန်းဘတ်တနာက ကမ္ဘာ့အသက်အရှည်ဆုံးတွေဖြစ်တဲ့ အီတလီ၊ ဂျပန်၊ ကယ်လီဖိုးနီးယား စတဲ့ဒေသက ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေကို လေ့လာခဲ့ပါတယ်။

လေ့လာပြီးချိန်မှာ အိုမင်းမှုကို တွန်းလှန်နိုင်တဲ့ အားဖြည့်ဆေးဆိုတာ မရှိပါဘူး။ ဒါပေမယ့် ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေ ရှောင်ရှားခြင်း၊ မိသားစုကို ဦးစားပေးခြင်း ကယ်လိုရီ မှီဝဲမှုကို ၂၀ ရာခိုင်နှုန်းလျှော့ချခြင်းနဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားခြင်းစတဲ့ အချက်တွေကတော့ အိုမင်းခြင်းကို နှေးကွေးစေပါတယ်။

အရေးကြီးတာက စိတ်ဖိစီးမှုကို လျှော့ချစေဖို့ပါ” လို့ ဒန်ဘတ်တနာက ရှင်းပြပါတယ်။
ဒါ့အပြင် အသက်ရာကျော်ရှည်ဖို့အတွက် အောက်ပါအလေ့အထတွေကို နေ့စဉ် ဆောင်ရွက်ပေးဖို့ လိုပါတယ်။

တရားထိုင်ပါ
ငြိမ်သက်တိတ်ဆိတ်တဲ့နေရာထိုင်ပြီး နှာခေါင်းအောက်နဲ့ နှုတ်ခမ်းအထက် အရေပြား နေရာကို အာရုံစိုက်ထားပါ။ အသက်ရှူသွင်း၊ ရှူထုတ်လုပ်တဲ့ အတွေ့အထိကို ခံစားမိပါလိမ့်မယ်။ စစချင်း ၁၅ မိနစ်လောက် လေ့ကျင့်ပြီး နောက်ပိုင်းတစ်နာရီအထိ အချိန်ပေးကာ တရားထိုင်ပါ။

ကိုယ့်အကြောင်းသုံးသပ်ပါ
ဘဝနေထိုင်မှုဆိုင်ရာ ဦးတည်ချက် အကြောင်းချရေးပါ။ ဘဝမှာ အသက်ရှင်နေထိုင်ရတဲ့ ရည်ရွယ်ချက်ကို သိနားလည်တာဟာ အသက်ရှည်အောင် ပံ့ပိုးပေးနေပါတယ်။

ယောဂကျင့်ပါ
အသက်ကြီးလာရင် လုပ်သင့်တဲ့ ကျင့်စဉ်တစ်မျိုးပါပဲ။ အဆစ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကျန်းမာရေး အသိဖြင့် နေထိုင်ခြင်း ၊ စားသောက်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာကို ဘာသာရေး အဆုံးအမတရားဖြင့် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ပြီး
အသက်ရာကျော်ရှည်ပါစေ လို့ ဆုတောင်မေတ္တာပြု့ ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

အေးမြသောလေက ကိုယ်အလေးချိန်ကျစေနိုင်


အရမ်းကြီးအေးစက်နေတာ မဟုတ်ဘဲ အေးမြနေတဲ့လေ ( mildly cold air ) ဟာ ကယ်လိုရီ ကို လောင်ကျွမ်းစေနိုင်တယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ် ။ လေအေးတွေနဲ့ ထိတွေ့ရခြင်းကြောင့် ကိုယ်ခန္ဓာအတွင်း အပူချိန်ကိုမြှင့်တင်ဖို့အတွက် စွမ်းအင်တွေကို အသုံးချမှုများ တာကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ် ။

ဒါ့အပြင်ဆောင်းရာသီမှာ အနွေးဓာတ် ပေးထားတဲ့ အိပ်ခန်းတွေ၊ ရုံးခန်းတွေဟာ ခါးအဆီတွေကို စုစေတယ်လို့လည်း သိရပါတယ် ။ “ဖွံ့ဖြိုးပြီးနိုင်ငံများမှာ နေထိုင်သူတွေဟာ တစ်နေ့တာရဲ့ ၉၀ရာခိုင်နှုန်း အခန်းတွင်း ပတ်ဝန်းကျင်မှာသာ အချိန်ကုန်ဆုံးစေပါတယ် ။ ဒါကြောင့် ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိရာ စွမ်းအင်နဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေနည်းပါးပြီး အ၀လွန်လာ ရခြင်းဖြစ်ပါတယ်” လို့  လေ့လာ မှုခေါင်းဆောင် နယ်သာလန်နိုင်ငံ၊ Masastricht တက္ကသိုလ်မှ Dr.Wouter Marken က ပြောကြား ထားပါတယ် ။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အေးမြတဲ့လေကို ထိတွေ့ရပြီဆိုရင် ကိုယ်ခန္ဓာဟာ ခိုက်ခိုက် တုန်လာခြင်းပဲဖြစ်ပြီး အဲဒီနည်းအားဖြင့် စွမ်းအင်တွေကို လောင်ကျွမ်းစေကာ ကိုယ်တွင်း အပူချိန် မြင့်တက်စေပါတယ် ။ ငြိမ်နေတာထက်စာရင် ခိုက်ခိုက်တုန်ခြင်း (shivering) ဟာ ကယ်လိုရီလောင် ကျွမ်းမှုကို ငါးဆမြင့်တက်စေတယ်လို့ သိရှိရပါတယ်။

လေ့လာမှုမှာတွေ့ရှိချက်အရ တစ်နေ့တာမှာ ခြောက်နာရီခန့် ၁၅ ဒီဂရီစင်တီ ဂရိတ်ရှိတဲ့ လေအေးနဲ့ ထိတွေ့သူတွေဟာ (၁၀)ရက်ကြာတဲ့အခါမှာ ခါးအဆီတွေ လောင် ကျွမ်းမှုမြင့် တက်လာတာ ကို ဖော်ထုတ်နိုင်ခဲ့ ပါတယ် ။
ဒီလေ့လာမှုကို Journal Trends in Endocrinology and Metabolism မှာဖော်ပြထားတာ ဖြစ်ပါတယ်။

သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။

ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့  လုပ်ငန်းဆောင်တာ တွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘို ဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင် ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူ တာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့် ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်း စေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါ တလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD)ကို လျော့ကျ စေပါတယ်။ ဆေးဝါးဗေဒ ဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရ ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိ အမြင်အာရုံကို ကောင်းမွန် စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါ အများစုကို တွန်းလှန် ပေးနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။  ဒါကြောင့် ဆီးချို ရောဂါ ရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

Written by  အာယု (မြ၀တီ)

ကွမ်းသီးလည်း ဆေးစွမ်းထက်ပါသည် ( (Betle Nut) )


အနာပေါက် ရောဂါများ၌ သွေး၍ လိမ်းနိုင်သည်။ အပူလောင် ပြည်ဖုများ၌ ကွမ်းသီး ကြက်ချေးကို သွေးလိမ်း လျှင် ပျောက်ကင်း စေနိုင်သည်။ ရှားစေးနှင့် တောင်ငူ ကွမ်းသီး ဆတူ ရော၍ တိုက်ကျွေးလျှင် မီးယပ် သွေး လွန်ခြင်းကို ပျောက်ကင်း စေနိုင်သည် ။

လေပွခြင်း၊ အစာမကြေ၊ ကျောဗိုက်အောင့်၊ ၀မ်းပျက်ခြင်း၊ ၀မ်းရစ်နာခြင်း၊ အဖောရောဂါ၊ ဆီးသွားရ ခက်ခြင်း၊ ကိုယ်ဝန် ဆောင်စဉ် ခဏခဏ အန်ခြင်း အတွက် ပြုတ်ရည်ကို တစ်နေ့ ၆ ပဲမှ ၁၂ ပဲသား တိုက်ကျွေး နိုင်သည်။ ၀မ်းပျက် ၀မ်းကိုက် ရောဂါ၌ တစ်နေ့လျှင် ပဲဝက်မှ ၄ ပဲသားအထိ တိုက်ကျွေး နိုင်သည်။

ကွမ်းသီးတွင် ပါဝင်သော Arecoline ဓာတ်သည် သူငယ်အိမ် ညှစ်အားကို ကောင်းစေပြီး မျက်လုံးအိမ် တင်းအားကို လျော့ကျစေသည်။ ဘရင်ဂျီနာ ဖြူးလိမ်းဆေး အဖြစ် ပြောင်းချေး ၁ ပဲ၊ မန်ကျည်းစေ့ခွန် ၁ ပဲ၊ ဒုတ္တာ ၁ ပဲ၊ ကွမ်းသီးကြက်ချေး ၁ ပဲ၊ ၎င်း ဆေးတို့ကို မီးသင်း၍ ညက်အောင်ကြိတ်၊ အနာမှာ ထည့်ပါ။ ပျောက်ကင်းပါ၏ ။

Mg Mandalay
https://www.facebook.com/mg.mandalay

ဒန္တသုခ အပင်


ဒန္တသုခ ပြုတ်ရည်ကို ငုံထွေးခြင်းဖြင့် သွားကျောက်တည်ခြင်းနှင့် သွားဖုံးရောင်ခြင်းကို သက်သာ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိရသည် ။

သွားကိုက် ရောဂါ များတွင်လည်း ၎င်း ဒန္တသုခ ပဉ္စငါးပါး ပြုတ်ရည်ကို ငုံထွေးပြုလုပ်ခြင်းဖြင့် သက်သာ ပါသည် ။ ဒန္တသုခ ဆေးပင်ကို အဖျားရောဂါ အမျိုးမျိုးတွင်လည်းကောင်း၊ အဆုတ်နှင့် ပတ်သက် သည့် ရောဂါများတွင် လည်းကောင်း၊ အကိုက်အခဲ နာကျင်ခြင်း များတွင် လည်းကောင်း၊ ဆီးချို ရောဂါနှင့် ၎င်းမှ ဖြစ်သော အနာများကို သက်သာ စေရန် လည်းကောင်း၊ အမျိုးသမီး မီးယပ်နှင့် ပတ်သက် သည့် ရောဂါများ တွင် လည်းကောင်း သက်သာ ပျောက်ကင်းနိုင်သည် ။

အနာရောဂါ အမျိုးမျိုး အတွက် အရွက် အရိုးများကို ထုထောင်း၍ အုံပေးခြင်းဖြင့် အနာများ ကို ပျောက်ကင်း စေပါသည် ။မိန်းမ ဓမ္မတာ အဖြူဆင်းသော ရောဂါများတွင် ဒန္တသုခ ပဉ္စငါးပါး ၅ ကျပ်သားကို နူတ်နူတ်ဆင်း၍ ရေ ၅၀ ကျပ်သားနှင့် သုံးခွက် တစ်ခွက်တင် ကျိုသောက်ခြင်းဖြင့် ပျောက် ကင်းနိုင်သည် ။

ကျောက်ကပ် ရောင်ခြင်းကြောင့် ဖြစ်သည့် ဆီးနီခြင်း၊ ဆီးအောင့်ခြင်း၊ ခါးနာခြင်း စသည့် ရောဂါများအတွက် ပဉ္စငါးပါးအား အခြောက်ခံ၍ ရေနွေးကြမ်းကဲ့သို့ သုံးစွဲပေးခြင်းဖြင့် ၎င်းရောဂါများ သက်သာ ပျောက်ကင်းနိုင် ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကုသမလဲ


တခါတခါမှာ ၀မ်းချုပ်ခြင်းကိုကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ် ။ ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ် ။ ရေများများသောက်ဖို့ လိုပြီး အမျှင်ဓါတ်အများကြီးပါတဲ့ အစားအ စာတွေစားဖို့လိုပါတယ် ။ မနက်စောစော ၀မ်းသွားတဲ့အကျင့် အိမ်သာ မှန်မှန်တက် တဲ့အကျင့် ကိုလည်းမွေး မြူဖို့လိုပါတယ် ။
ပုံမှန် ၀မ်းပျော့ဆေးတွေသုံးစွဲခြင်းက သိပ်တော့မကောင်းလှပါဘူး ။ ဘာလို့လည်း ဆိုတော့ ကျင်ကြီး စွန့်တဲ့အလေ့အထဟာ ကြာလာရင် အဲဒီဝမ်းပျော့ဆေးတွေအပေါ်မှာ တည်မှီလာမှာ ဖြစ်တဲ့အ တွက်ဖြစ်ပါတယ် ။
Mechanical stimulation အနေနဲ့ ၀မ်းချူဆေးလုံး Enemas ကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဒါပေမယ့်ပလည်း ၀မ်းချူဆေး လုံးဟာ အစာဟောင်းအိမ် ( rectum ) ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ် နဲ့အူလမ်းကြောင်း Intestinal tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး ။

ဝမ်းပျော့ဆေးမှာလည်းအ သုံးများတာက MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်ယ ။ဈေးသက်သာပြီး အန္တရာယ်မ ရှိတာကြောင့် လူသုံးများပါတယ် ။ MOM နဲ့မသက်သာမှသာလျှင် ခုနကပြောတဲ့ ၀မ်းချူဆေးလုံး stimulant တွေ ကိုသုံးသင့်ပါတယ် ။

အမျှင်တွေက ၀မ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေသလဲ ......

အမျှင်ဓါတ် Fiber တွေဟာ အပင်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေဟာ အစားအ စာတွေ ကိုစားသောက်ပြီးတဲ့အခါမှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာ ကျန်ရှိနေခဲ့ပါတယ် ။ အမျှင်တွေ ဟာ အရာဝထ္ထု တစ်ခုတည်းမဟုတ်ပဲ အစုအဝေးကြီးတစ်ခုသာလျှင်ဖြစ်ပါတယ် ။

အမျှင်မှာ soluble နဲ့ insoluble ဆိုပြီး ၂ မျိုးရှိပါတယ် ။ အစာအိမ်နဲ့အူလမ်းကြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် ဖိုက်ဘာ ၂ မျိုးစလုံး က မရှိမဖြစ်လိုအပ်ပါတယ် ။ ပျော်ဝင်နိုင်တဲ့ soluble fiber တွေဟာ သင့်ရဲ့ မစင် ထဲမှာ ရေတွေ ကို စိမ့်ဝင်စေပြီး ပျော့ပြောင်းစေပါတယ် ။ ဒီတော့ အူတွေကနေ စွန့်ထုတ်ရတာ လွယ်ကူသွားပါတယ် ။ မပျော်ဝင်နိုင်တဲ့ fiber တွေ ကတော့ မစင်တွေရဲ့ ပုံသဏ္ဍာန်ကိုပြောင်းလဲလိုက်ပြီး အလျှင်အမြန်စွန့်ထုတ်စေခြင်းအားဖြင့် သင့်ကို ၀မ်းချုပ်တဲ့ ခံစားချက်ကြီးကနေ လွတ်ကင်းစေမှာဖြစ်ပါတယ် ။
အမျှင်ဓါတ် ပါတဲ့အစားအစာများများစားသုံးတဲ့လူတွေဟာ ၀မ်းချုပ်ခြင်းနည်းလေ့ရှိပါတယ် ။ အသက် ၁၉ နှစ်မှ ၅၀ အတွင်း အမျိုးသမီးတွေဟာ နေ့စဉ်အစားအသောက်ထဲမှာ ဖိုက်ဘာ ၂၅ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ယောင်္ကျားတွေကတော့အဲဒီအသက်အရွယ်အပိုင်းအခြားမှာ ၃၈ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ငါးဆယ်အထက် အမျိုးသမီးတွေကတော့ ၂၁ ဂရမ်စားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၃၀ ဂရမ်စား သုံးသင့်ပါတယ်

အမျှင်ဓါတ်ပါတဲ့ အစားအစာ အများစုမှာ ဗီတာမင် သတ္တုဓါတ်တွေနဲ့ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ ရှိပါတယ် ။ အမျှင်ဓါတ်ပါသောအစားစာတွေကတော့

- သစ်သီးများ (သစ်တော်သီး ၊ ပန်းသီး ၊ လိမ္မော်သီး စသည် )
- အရွက်များ ( ဂေါ်ဖီ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ ၊ အာလူး ၊ ဖယုံ စသည်)
- ပဲအမျိုးမျိုး ၊ စားတော်ပဲ ၊ ပဲနီကလေး
- ဂျုံပေါင်မုန့် ၊ ဆန်ညို ၊ ဖွဲမှုန့် ၊ အုတ်ဂျုံမှုန့်
- နေကြာစေ့ ၊ မြေပဲ ၊ မက်မွန် ၊ သစ်ကြားသီး စသည်တို့ပဲဖြစ်ပါတယ် ။ ယခုနောက်ပိုင်းမှာ အမျှင် စားတာနည်း တဲ့သူတွေ အတွက် Ispaghula husk လို့ခေါ်တဲ့ Psyllium လို့ခေါ်တဲ့အပင်တစ်မျိုးကနေထုတ်လုပ်ထားတဲ့ အမျှင်ဖြည့် စွက် အမှုန့် လေးတွေ ဈေးကွက်ထဲဝင်ရောက်နေပြီဖြစ်ပါတယ် ။ တစ်ခါသောက်ရင်ရင် တစ်ထုပ်လုံး ကို ရေဖန် ထွက်ထဲ ထည့် မွှေနှောက်ပြီးသောက်သုံးနိုင်ပါတယ် ။

ဝမ်းချုပ်တဲ့လူတွေကိုအကြံပေးလိုတာကတော့

၁ ။ ရေများများသောက်ပါ ။ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံသောက်သုံးဖို့လိုပါတယ် ။
၂ ။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့လိုပါတယ် ။
၃ ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ ။
၎ ။ နေ့စဉ်ပုံမှန်ဝမ်းသွားတတ်တဲ့အလေ့အကျင့်ကိုမွေးမြူပါ ။
၅ ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ချပါ ။
၆ ။ ၀မ်းချုပ်တာ ရှည်ကြာနေပြီ ၊ ၀မ်းပျော့ဆေးတွေသောက်တာလည်းမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသ မှု ခံယူပါ ။
၇ ။ဝမ်းချုပ်စေတဲ့အစာတွေဖြစ်တဲ့ ကောက်ညှင်း စသည်တို့ကို လျော့စားပေးဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်


ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက်ကိုယ်လက် အီ မသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက် တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။ ၀မ်း ချုပ်ခြင်း ကို constipation အပြင် costiveness , dyschezia , dyssynergic defaecation စသဖြင့် လည်း ခေါ်ကြပါသေးတယ် ။ ဆိုလိုတဲ့သဘောကတော့ bowel moments (အူလှုပ်ရှားခြင်း ၊ ကျင်ကြီး စွန့်ခြင်း) ဟာ ခက် ခဲနေ ခြင်း ဖြစ်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ၀မ်းသွားနေစဉ် နာကျင်ခြင်း ( painful defecation) ပဲဖြစ် ပါတယ် ။ အရမ်းကို ၀မ်းချုပ်နေပြီးဆိုရင်တော့ obstipation (လေနှင့် ၀မ်းလုံးဝမသွားနိုင်ခြင်း ) fecal impaction ( ၀မ်းလုံးဝမသွားပဲ ပိတ်ဆို့ခြင်း ) စသည်တို့ ဖြစ်နိုင်ပါတယ် ။


လူဦးရေရဲ့ ပျမ်းမျှ ၂ - ၃၀% လောက်ဟာ ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ၀မ်းချုပ်ခြင်းကို ဖြစ်ပွားစေ တဲ့အ ချက်တွေ အများကြီးရှိပါတယ် ။ အဓိကအားဖြင့် ပုံစံ ၂ မျိုးရှိပါတယ်။ လုံးဝပိတ်ဆိုးပြီး ၀မ်းမသွားနိုင်ခြင်း ( obstructed defecation ) နဲ့ အူများလှုပ်လျားမှု လျော့နည်းခြင်း နှေးကွေးခြင်း ( colonic slow transit , hypomobility ) တို့ပဲဖြစ် ပါတယ် ။ ဆေးရုံတွေကိုရောက်လာတဲ့ လူနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ obsturcted defecation ကြောင့်ရောက် လာတာများပါတယ် ။
အူလှုပ်ရှားမှုနည်းခြင်း ကြောင့်ဖြစ်တဲ့ colonic slow transit constipation ကို ဖြစ်စေ တဲ့အရာတွေကတော့ အစားအသောက် ၊ ဟော်မုန်း ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ heavy metal toxicity တွေ ပဲဖြစ်ပါတယ် ။ သူ့ကို ကုသတဲ့အခါမှာလည်း အစားအသောက်ပုံစံပြောင်းလဲခြင်း ၊ ၀မ်းပျော့ဆေး ၊ ၀မ်းချုဆေးတောင့် ၊ ခွဲစိတ်ခြင်း စသည်တို့ပါဝင်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ လက္ခဏာတစ် ခုသာဖြစ် တယ် ရောဂါတစ်ခုမဟုတ်ပါဘူး ။ သူ့ကို ထိထိရောက်ရောက်ကုသချင်တယ်ဆိုရင်တော့ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ cause ကို အရင် ရှာဖွေဖို့လိုပါတယ် ။

ဝမ်းချုပ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ထားတာတွေကတော့

- အူလှုပ်ရှားမှု Bowel moment (ကျင်ကြီးစွန့်ခြင်း ) ဟာ တစ်ပတ်ကို သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်နည်းနေခြင်း
- ၀မ်းသွားရတာ ခက်ခဲခြင်း ( ညှစ်ရခြင်း ၊ စမြင်းခေါ် အမာများသွားခြင်း )
- ၀မ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း ၊ ၀မ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ကလေးငယ်တွေမှာ ၀မ်းသွားတာကတော့ formula နို့မှုန့်တွေနဲ့ အစာစာကျွေးတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ် ။ မွေးပြီး တဲ့အခါမှာ မွေးကင်းစကလေးငယ်တွေဟာ ၄ ကြိမ် ၅ ကြိမ်လောက် ပျော့ပျော့ (အရည်သာသာ ) ကျင်ကြီး စွန့်လေ့ ရှိပါတယ် ။ နို့မှုန့်တိုက်တဲ့ကလေးတွေထက် မိခင်နို့စို့တဲ့ကလေးတွေက ကျင်ကြီးစွန့် တဲ့အကြိမ်အရေ အတွက် ပိုများ ပါတယ် ။


ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အချက်တွေကတော့

- congenital ( မွေးရာပါ )
- primary ( ပထမအကြောင်းအရင်း )
- secondary ( ဒုတိယအကြောင်းအရင်း ) စသည်တို့ဖြစ်ပါတယ် ။ အဖြစ်အများဆုံးကတော့ primary ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်းမရှိပါဘူး ။ အသက်ကြီးတဲ့လူတွေမှာတော့ အမျှင်ဓါတ်စားသုံးမှု လျော့နည်းခြင်း ၊ ရေသောက် နည်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ၊ hypothyroidism နဲ့ကင်ဆာရောဂါတို့ဖြစ်ပါတယ် ။

၁ ။ Primary

Primary မှာတော့ ခြောက်လကျော်လောက်ထိ ၀မ်းချုပ်ခြင်းကို ခံစားရပြီး ဒါဟာ ဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်းမဟုတ်သလို ၊ ရောဂါတစ်ခုခုကြောင့်လည်းမဟုတ်ပါဘူး ။ ဗိုက်အောင့်ဗိုက် နာခြင်းလည်းမ ရှိတဲ့အတွက်ကြောင့် Irritable bowel syndrome နဲ့ခွဲခြားနိုင်ပါတယ် ။ ၀မ်းချုပ်ခြင်းရဲ့ common cause ဖြစ်ပါတယ် ။

၂ ။ အစားအသောက်

အမျှင်ဓါတ်စားတာနည်းတဲ့အတွက်ကြောင့် ၊ ရေသောက်တာနည်းတဲ့အတွက် ၊ အစားအစာ စားတာနည်းတဲ့အတွက် ၀မ်းချုပ်ခြင်းဖြစ်ရပါတယ် ။

၃ ။ ဆေးဝါးများ

ဆေးဝါးအများစုမှုာ ၀မ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးပါရှိကြပါတယ် ။ ဘာဆေးတွေလဲဆိုတော့ Opioids ( အကိုက် အခဲပျောက်ဆေးများ ) ၊ ဆီးဆေးများ ၊ စိတ်ကျရောဂါပျောက်ဆေးများ ၊ ယားယံခြင်းပျောက်သောဆေးများ ၊ ဗိုက်အောင့်ပျောက်ဆေးများ ၊ အတက်ကျဆေးများ ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ စသည်တို့ဖြစ်ပါတယ် ။

၎ ။ Metabolic and Muscular

အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်ဆီယမ်များခြင်း ၊ သိုင်းရိုက် ဟော်မုန်းနည်းခြင်း ၊ ဆီးချိုသွေးချို နဲ့ cystic fibrosis ၊ celiac disease စသည်တို့ဖြစ်ပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မလှုပ်ရှားနိုင်တဲ့လူတွေမှာ ၀မ်းချုပ်ခြင်း အဖြစ်များပါတယ် ။

၅ ။ စိတ်ရောဂါဆိုင်ရာ

နာကျင်မှုကို အလွန်အမင်းကြောက်ရွံ့သူများ ၊ လူစုလူဝေး လူထု နားနေခန်းများကို ကြောက်သူများ ၊ ပျင်းရိသူများ ဟာလည်း ငယ်စဉ်ကတည်းက ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေဖြစ်တတ်ပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

Middle ear infection နားပြည်ယိုခြင်း


မင်္ဂလာပါဆရာ သားလေး အသက်က ၅ လပါ။ နားမှပြည်ယိုလို့ပါဆရာ။ ပထမတစ်ကြိမ် ဆေးခန်းကို သွားပြပါတယ်။ SBG ဆေးရည် Cifixime Syrup Cetrizineပေးလိုက်ပါတယ်။ မဖျားပါ၊နားကိုက်မဖြစ်ပါ။ ဆေးကိုကုန်အောင်တိုက်ပါတယ်။ ဆေးကုန်အောင်တိုက်ပြီးလို့ နောက်တရက် ထပ်ပြီး နားပြည်ယိုလာပါတယ်။ ဒုတိယတစ်ကြိမ်ဆေးခန်းသွားပြပါတယ်။ ဆရာဝန်က နားသန့်ရှင်ရေးလုပ်ခိုင်းပါတယ်။ Amoxillin syrup Ciprofloxaxin solution Cetrizine ပေးလိုက်ပါတယ်။ မဖျားပါ၊ နားကိုက်မဖြစ်ပါ။ ဒါပေမယ့် နားပြည်ယိုတာမကောင်းပါ။ အခု ကလေးက ဖျားပြီး နားကိုက်သလို ငိုပါတယ်ဆရာ။ ဝမ်းသွားတာလဲ မကောင်းပါ။ ဘယ်လိုလုပ်ရပါ့မလဲဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။ ဆရာကျန်းမာပါစေ။

နားကိုပိုးဝင်တာက ၈ဝ% ဟာ ဗိုင်းရပ်စ်ကနေဖြစ်တယ်။ ဒါဆိုရင် ပိုးသေဆေးမလိုဘူး၊ မရဘူး။ Streptococcus ဗက်တီးရီးယားကနေ ဖြစ်တာလဲ မနည်းဘူး။ နားနာမယ်၊ အဝါရည်၊ အရည်ကြည်၊ အချွဲရည် ထွက်မယ်။ ကိုယ်နဲနဲ ပူမယ်။ ပိုးသေဆေးလိုမယ်။

Acute otitis media ရက်တို နားအလယ်ပိုင်းရောင်တာ အတော်အဖြစ်များတယ်။ ဗိုင်းရပ်စ်ရော ဗက်တီးရီးယားကပါ ဖြစ်စေတယ်။ အလာဂျီနဲ့လည်းတွဲနေတတ်တယ်။ တက်စေ့ရောင်တာရှိနိုင်တယ်။ နားထဲအသံမည်နေတာရှိနိုင်တယ်။ ခေါင်းမူးရောဂါဆက်ဖြစ်တတ်သေးတယ်။

Middle ear infections နားအလည်ပိုင်းရောင်တာဟာ အများအားဖြင့် အသက်ရှူလမ်းအပေါ်ပိုင်းပိုးဝင်တာကနေ ဆက်ဖြစ်တယ်။ အအေးမိတာကနေဖြစ်တာများတယ်။နားအလည်ပိုင်းမှာ အရည်စုလာမယ်။ ပိုးထပ်ဝင်လာမယ်။ ပြည်တည်မယ်။ အရည်ပိုထွက်မယ်။ နားစည်ကိုဖိအားသက်ရောက်မယ်။ နားအကြားထိခိုက်ခံရမယ်။ ကိုယ်ပူနိုင်တယ်။ နာမယ်။ ပေါ်လိုက် သက်သာလိုက်နေနိုင်တယ်။ ပိုးသေဆေးပေးရမယ်။ ပိုးတွေသေပြီး အနာကျက်ဖြစ်စဉ်ကောင်းမှ ပျောက်မယ်။ ဆိုးရင် နားစည်ပေါက်မယ်။ အရည်ထွက်သက်သာမယ်။ အဖျားကျမယ်။ သူ့အလိုလိုပြန်ပိတ်နိုင်တယ်။

ပိုးသေဆေးမှာ စားဆေးနဲ့ နားဆေးရည်။ Decongestants and/or antihistamines အအေးမိတာမှာသုံးတဲ့ဆေးလည်း လိုမယ်။ အနာ-အရောင်သက်သာဆေး ပါရာစီတမောလိုဆေးလိုမယ်။

ဗက်တီးရီးယား ကနေဖြစ်တဲ့ နာရောင်တာအတွက် ပဋိဇီဝဆေးတွေ
• Amoxicillin 500mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ အနည်းဆုံး ၅ ရက်သောက်ပါ။ Augmentin လည်း ပေးတယ်။
• Sulfonamide Antibiotics တွေထဲမှာ Bactrim, Septra နဲ့ Gantrisin တွေပါတယ်။
• Cephalosporin Antibiotics တွေထဲမှာ Ceclor, Ceftin, Cefzil, Vantin, Suprax နဲ့ Lorabid တွေပါတယ်။
• ဆေးတွဲပေးတာတွေလဲ ရှိတယ်။ ဥပမာ Pediazole = Erythromycin + Sulfisoxazole

အသုံးများတဲ့ နားထည့်ဆေးတွေကတော့ -
1. Betamethasone Eye/Ear Drops 0.1% w/v + 0.002%
2. Carboxy Methyl cellulose sodium -Eye 0.5%
3. Chloramphenicol Eye/Ear drop 5ml & 10 ml
4. Ciprofloxacin Eye Drops 5ml & 10ml
5. Gentamicin Eye/Ear drop 5ml & 10 ml
6. Neomycin Sulphate Eye/Ear drop 5ml & 10 ml
7. Ofloxacin Eye Drops
8. Prednisolone Acetate Eye/Ear drop 5ml & 10 ml
9. Prednisolone Chloramphenicol Eye Drop 10ml
10. Soframycin Eye/Ear Drop 8ML

နားပြည်ယိုရင် ပြည်ကိုထုတ်ပေးရမယ်။ များရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဆေးရည်နဲ့ အရင်ရှင်းပြီးဂွမ်းစလေးနဲ့ သန့်ရမယ်။ ပြီးရင် ပိုးသေဆေးရည်ခပ်ပါ။ ပိုးသေဆေး ဆေးပါတ်လည်သောက်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

Muscle twitch ကြွက်သားလှုပ်ခြင်း


ကျွန်တော့အမျိုးသမီး အသက် ၄၁ နှစ်၊ ဘယ်ဘက် မျက်နှာခြမ်းက တွန့်တွန့်နေတာကြာပါပြီ။ ဆရာပြောပြတဲ့ အထက်ကအဆင့်ထိတော့ မဖြစ်သေးပါ။ ပေါင် ၁၄၀၊ အရပ် ၅ ပေ ၂ လက်မပါ။ ဝပါတယ်။ ဆရာဝန်နဲ့ပြတော့ Reju Nuron ဆိုတဲ့ Methylcobalamin and Alpha Lipoic Acid Capsules ကို ညအိပ်ရာဝင် သောက်ရပါတယ်။ အကြာကြီးသောက်ဖို့ ညွန်ပါတယ်။ အတော်လေးသက်သာပါတယ်။ ပျောက်တော့ အရှင်း မပျောက်သေးပါ။ ဆက်လက်သောက်သွားရမှာလား။ ဆရာ၏အကြံပြုချက်ကလေးများ ပြောကြားပေးပါ။

စိတ်ကနေခိုင်းလို့ လှုပ်တာမဟုတ်ဘဲ Muscle twitch ကြွက်သားလှုပ်တာကို ဆေးစာနဲ့ Fasciculation ခေါ်တယ်။ အပေါ်ယံအရေပြားမှာဖြစ်တာ (မြင်ရတယ်) နဲ့ အတွင်းပိုင်းမှာဖြစ်တာလို့ရှိတယ်။ Motor tics ကြွက်သား ဆတ်ကနဲ လှုပ်တာလိုဘဲ Vocal tics အသံမှာဖြစ်တာလဲရှိတယ်။ ကလေး ၂၅% မှာ အနည်းနဲ့အများဖြစ်ကြတယ်။ စိတ်ဖိအားများတာ၊ အိပ်ရေးပျတာကနေဖြစ်ကြရှာတယ်။ Muscle twitches ကြွက်သားလှုတ်တာ ဆက်တိုက်ဆက်တိုက် စိတ်ကနေမခိုင်ဘဲလှုပ်တာမျိုးဖြစ်တယ်။ ကြွက်သားလှုတ်တာ ဖြစ်စေတဲ့အကြောင်းတွေက များတယ်။ အများစုဟာ စိုးရိမ်စရာမရှိတာတွေ ဖြစ်တယ်။

• Poliomyelitis ပိုလီယိုရောဂါ၊ Neuromyotonia နဲ့ Spinal muscular atrophies (SMA) ရောဂါတွေကနေ ဖြစ်တယ်။
• Acetylcholinesterase inhibitors ပါတဲ့ Myasthenia gravis ခေါ်တဲ့ ကြွက်သားရောဂါအတွက်ပေးတဲ့ ဆေးကနေလဲ ဖြစ်နိုင်တယ်။
• Organophosphate poisoning အင်းဆက်သတ်ဆေး အဆိပ်သင့်ရင်လဲဖြစ်နိုင်တယ်။
• Valium ဗေလီယမ်လို စိတ်ငြိမ်ဆေးဖြစ်ရာကနေလဲ ဖြစ်နိုင်တယ်။
• Magnesium deficiency (မက်ဂနီဆီယမ်) ဓါတ်နည်းလို့လဲဖြစ်နိုင်တယ်။
• Rabies ခွေးရုးပြန်ရောဂါကနေလဲဖြစ်တယ်။
• Anticholinergic drugs ဗိုက်နာသက်သာဆေးတွေ၊
• Diphenhydramine (Benadryl, Dimedrol, Daedalon and Nytol) အင်တီဟစ်တမင်းဆေးတွေ၊
• Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan) ကားမူး၊ အအန်ပျောက်ဆေးတွေ၊
• Caffeine, Pseudoephedrine (Sudafed), Amphetamines လို စိတ်နိုးကြားစေတာတွေ၊
• Salbutamol (Proventil, Combivent, Ventolin) ပန်းနာဆေးတွေ။

ကုသတာမှာ ဖြစ်စေတာကိုသိရင် ကုပေးရမယ်။ ဥပမာ Magnesium နည်းသူကို မက်ဂနီဆီယမ်ပေးရတယ်။ မက်မုန်သီ၊ ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။ Magnesium supplements ဆေးလဲသောက်နိုင်တယ်။ များရင်လဲ မကောင်းပါ။ ဝမ်းလျှောမယ်။ Milk of Magnesia ဝမ်းပျော့ဆေးသောက်ရသူတွေ သတိထားရမယ်။ လိပ်ခေါင်းအတွက် ပေးတယ်။

Benign fasciculation syndrome (BFS) ခေါ်တဲ့ ကြွက်သားလှုပ်ရောဂါလဲရှိတယ်။
• အများအားဖြင့် မျက်ခွံ၊ လက်နဲ့ ခြေထောက်မှာဖြစ်တယ်။ လျှာမှာလဲဖြစ်တတ်သေးတယ်။
• နားနေရင်းလဲဖြစ်တယ်။ ပင်ပန်းလို့၊ စိုးရိမ်စိတ်များလို့၊ ကြွက်သားတွေနာလို့ကနေလဲဖြစ်တယ်။
• Electromyography (EMG) နည်းနဲ့ရောဂါရှာတယ်။
• စိုးရိမ်စိတ်များသူတွေကို beta-blockers နဲ့ anti-seizure drugs ဆေးတွေပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

ရေပူရေအေးနှင့် ရေချိုးခြင်း


မိမိ၏ Body type ပေါ်တွင် မူတည်သည်။ Pitta body type အတွက် pitta diseases ရောဂါများ ဖြစ်ကြသော ဥပမာ- Liver disorder အစာမကြေခြင်း၊ တကိုယ်လုံး ပူနေသည်ဟု ခံစားရသော လက္ခဏာ တို့တွင် ရေအေးနှင့်ရေချိုးသင့်သည်။

Kapha (သို့) Vala body type ရှိသူများ ဥပမာ- အသက် ရှုလမ်းကြောင်းရောဂါ ရှိသူများ၊ allergies ခေါ် ဓာတ်မတည့်သည့် ရောဂါရှိသူများ၊ ချောင်းဆိုး၊ အအေး မိသူများနှင့် Vata diseases ခေါ် အဆစ်နာခြင်း၊ ခြေဆစ်အောက်ပိုင်း ခြေထောက်နာခြင်း၊ လေးဘက်နာ သမားများက ရေပူနှင့်ရေချိုးသင့် သည်။
Epilepsy လူနာများ (၀က်ရူးပြန်ရောဂါ) မှာမူ ရေပူ၊ ရေအေးနှင့်ရေချိုးခြင်းကိုရှောင်ပြီး ရေနွေးနွေးနှင့် သာ ရေချိုးသင့်သည်။

အသက်အရွယ်ပေါ် မူတည်၍
ငယ်ရွယ်သူကလေးများနှင့် အသက်ကြီးသူတို့အဖို့ ရေနွေးနှင့်ချိုးခြင်းက ပို၍ကောင်းသည်။
လူငယ်များက ရေအေးနှင့်ချိုးလျှင် ပိုကောင်း သည်။
ကျောင်းသားများက အချိန်အတိုင်းအတာနှင့် စာများလေ့လာရပြီး အမြဲနိုးကြားနေရမည်ဖြစ်၍ နံနက် စောစော၌ ရေအေးနှင့်ချိုးလျှင် ပိုလန်းဆန်းစေသည်။

တနေ့တာအတွက်
နံနက်တွင် ရေအေး၊ ညဖက် မောပမ်းလာပါက ရေပူနှင့်ချိုးလျှင် လန်းဆန်းစေသည်။ ညနေပိုင်း၌ Vata type ရှိသူတို့က ရေနွေးနှင့်ချိုးလျှင် ပို၍အကျိုးရှိစေ သည်။

အလေ့အကျင့်
လေ့ကျင့်ခန်းမှန်မှန် လုပ်သူတို့က ရေပူနှင့်ချိုးသင့် သည်။
အနှိပ်ခံတတ်သော အလေ့အကျင့်ရှိသူတို့က ဆီနှင့် နှိပ်နယ်ပြီး နာရီဝက်အကြာတွင် ရေပူနှင့်ချိုးလို့က ချိုးနိုင် သည်။

အသားအရေ ကျန်းမာစေရန်
ရေထဲသို့ တမာရွက် အနည်းငယ်၊ နံသာဖြူတို့ ထည့်ပြီး ခေတ္တထား၍ ရေချိုးပါ။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

ငါးသတ္တာစားသုံးခြင်းဖြင့် ရနိုင်မဲ့ အကျိုးကျေးဇူး


ငါးသတ္တာငါးလို့ ခေါ်တဲ့ Sardines ငါး ၃.၂ အောင်စမှာ ခန္ဓာကိုယ်မှ နေ့စဉ် လိုအပ်ချက်ရဲ့-
- ဗီတာမင်B12 (riboflavin) ၁၆ ရာခိုင်နှုန်း
- ဗီတာမင် B3 (niacin) ၃၀ ရာခိုင်နှုန်း
- ဗီတာမင်B12 ၃၃၈ ရာခိုင်နှုန်း
- ကယ်ဆီယမ် ၃၅ ရာခိုင်နှုန်း
- choline ၁၆ ရာခိုင်နှုန်း
- ကြေးနီ ၁၉ ရာခိုင်နှုန်း
- အိုင်အိုဒင်း ၂၄ ရာခိုင်နှုန်း
- Omega 3s ၆၁ ရာခိုင်နှုန်း
- မီးစုန်း ၆၄ ရာခိုင်နှုန်း
- ပရိုတိန်း ၄၅ ရာခိုင်နှုန်း
- selenium ၈၇ ရာခိုင်နှုန်း
- ဗီတာမင် D ၄၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။

Sardines ငါးလိုမျိုး အာဟာရ ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အခြား အသားငါးမျိုး ရှားပါးပါတယ်။ ကယ် ဆီယမ်ပါဝင်မှုက အရိုးတွေကို သန်မာကြံ့ခိုင်စေပါတယ်။ Sardines ငါးက အသားငါးတွေအားလုံးထဲမှာ ကယ်ဆီယမ်ပါဝင်နှုန်း အမြင့်မားဆုံး စာရင်းဝင်ပါတယ်။ အိုင်အိုဒင်း ဓာတ်ပါဝင်မှုကလည်း လည်ပင်းကြီး ရောဂါအပါအ၀င် အာဟာရချို့တဲ့မှု ကြောင့်ဖြစ်ရတဲ့ ရောဂါအတော်များ များကို ကာကွယ်ပေးပါတယ်။ selenium ၊ မီးစုန်းဓာတ်က သတိမေ့ လျော့ခြင်း၊ မှတ်ဥာဏ်အားနည်း ခြင်းတွေကို ကုသပေးနိုင်စွမ်းရှိပါ တယ်။

ဗီတာမင်တွေ ပါဝင်ခြင်း ကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းကိုဖြစ်စေတဲ့ homocysteine ပမာဏကို ခန္ဓာကိုယ်တွင်းမှာ လျော့နည်းစေပါတယ်။ ဗီတာမင် B12 ကြောင့် သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သလို ဦးနှောက်ကို လည်း အာဟာရဓာတ်တွေ ဖြည့်စွမ်း ပေးပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ Omega-3s ပါဝင်မှုကြောင့် ကိုယ် တွင်း ကိုလက်စထရောနဲ့ triglyceride ပမာဏကို ထိန်းညှိပေးကာ အဆီပိတ်ခြင်းမှ ကာကွယ်ပေးပါ တယ်။ Omega-3s က ရောင်ရမ်းမှု ကို ကျဆင်းစေတဲ့ အစွမ်းပါရှိသလို သွေးခဲတွေ နှလုံးသွေးကြောအတွင်း မှာ ပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါ တယ်။ ပုံမှန်သွေးဖိအား၊ ကျန်းမာတဲ့ နှလုံးနဲ့ သွေးကြောတွေကို ပိုင်ဆိုင်စေ မှာပါ။

DHA ပါဝင်မှုကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို တိုး တက်စေကာ မှတ်ဥာဏ်စွမ်းအား သွက်လက်စေပါတယ်။ သင်ကြားမှု၊ တွေးခေါ်မှုအပိုင်းတွေ ပိုမိုအား ကောင်းစေပါတယ်။ ဗီတာမင် D ပါဝင်ခြင်းက ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပါတယ်။ ပရိုတိန်းပါဝင် ခြင်းကြောင့်လည်း <ကက်သားမျှင်တွေ ကျန်းမာသန်စွမ်းစေကာ အရွယ်တင် နုပျိုစေပါတယ်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

တူနာငါးက ရင်သားကင်ဆာကို တားဆီးကာကွယ်ပေးနိုင်


အမေရိကန် သုတေသနတစ်ခု အရ တူနာငါးသည် ရင်သား ကင်ဆာကို တားဆီးကာကွယ်ပေး နိုင်ပြီး ငါးစားသုံးခြင်းသည် ရင် သားကင်ဆာဖြစ်နေသည့် အမျိုး သမီးများ၏ အသက်ရှင်သန်နိုင်မှု ကို ပို၍တိုးပွားစေနိုင်ကြောင်း သိရ သည်။

ရင်သားကင်ဆာဖြစ်နေသည့် အမျိုးသမီး ၁၄ဝဝ အား စစ်တမ်း ကောက်ယူချက်အရ ငါးအစားများ သည့် အမျိုးသမီးများသည် ငါး အစားနည်းသည့် အမျိုးသမီးများ ထက် အရွယ်မရောက်ခင် သေဆုံး နိုင်မှုနှုန်း သုံးဆလျော့နည်းကြောင်း သုတေသီများက ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ သုတေသီများ သည် ရင်သားကင်ဆာရောဂါခံစား နေရသည်မှာ သုံးလကြာမြင့်နေပြီ ဖြစ်သည့် ရောဂါဝေဒနာရှင်များကို အင်တာဗျူးပြီးနောက် ပျှမ်းမျှ အားဖြင့် အချိန် ၁၄ နှစ်နှင့်ခုနစ်လ အကြာရောဂါစစ်ဆေး၊စောင့်ကြည့် ခဲ့ကြခြင်းဖြစ်သည်။

ရလဒ်များအရတူနာငါးအစိမ်း အများဆုံးစားသုံးသည့် အမျိုးသမီး များသည် မစားသုံးသူများထက် သေဆုံးနိုင်မှုအန္တရာယ်၂၉ရာခိုင်နှုန်း လျော့နည်းကြောင်းနှင့် အခြားသော ငါးများအား ချက်ပြုတ်၍ စားသုံး သူများသည် ၂၅ ရာခိုင်နှုန်းလျော့ နည်းသည်ဟု သိရသည်။

အဆိုပါရလဒ်များကို Cancer ရောဂါဆိုင်ရာ ဂျာနယ်တွင်ဖော်ပြ ထားခြင်း ဖြစ်သည်။ ယင်းသို့ ဖြစ်ပွားရခြင်းသည် ငါးထဲတွင် ပါဝင်သည့် သွေးထဲတွင် ကိုလက် စထရောဖြစ်ပေါ်မှုကို အားမပေး သော polyunsaturated ဖက်တီး အက်စစ်သည် ရောင်ရမ်းမှုကို တိုက်ဖျက်သည့် အာနိသင်များရှိပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို လျော့ နည်းစေသည့် အာနိသင်ရှိသည့် အတွက်ဟု ယူဆရကြောင်း သိရ သည်။ တူနာငါးအပြင် ဆာဒင်း ငါး၊ ဆယ်လ်မွန်ငါးနှင့် အခြား သောအဆီများသည့် ငါးများသည် ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင် ခြေကို လျှော့ချနိုင်ကြောင်း သိရ သည်။

နောင်နောင်
The Union Daily
https://www.facebook.com/pg/uniondaily.net

အသားအရည်ခြောက်ခြင်းမဖြစ်စေဖို့ ရေကိုသာသောက်


အလှပတရားများမပျက်စေချင်သလို့ အသားရည်လည်းဆိုပြေစေဖို့ ရေကိုသောက်ပေးရန်လိုအပ်ပါသည် ။ မျက်နှာအလှအပများအတွက် မိတ်ကပ်များလိမ်းချယ်ခြင်းသည့် မိမိနိုင်ငံရာသီဥတုနှင့် မကိုက်ညီသည့် အချက်များလည်းရှိပါသည် ။ ပါဝင်သော ဓာတုတွေကြောင့် မလိုလားအပ်သော မဲကွက်ခြင်းနှင့် အစက်ပြောက်များဖြစ်ပေါ်စေသလို့  အသားရည်အတွက် ခြောက်ကပ်ကပ်လည်း ဖြစ်စေပါသည် ။

မိမိ၏အသားရည်ဆိုပြေနေစေဖို့ အတွက်ဆိုရင် အရည်ရွမ်းသော အသီးအနှံများစားသုံးပေးခြင်း ၊ ရေသောက်နည်းခြင်းမဖြစ်စေရန်အတွက် ရေများများ သောက်ပေးဖို့ လည်း လိုအပ်ပါသည် ။ အေးသောရေခဲရေများသောက်သုံးခြင်းကိုရှောင်ရှားပေးပါ ။ ပူပြင်းသောရာသီတုတွင် မိတ်ကပ်များ လိမ်းချယ်ပြီးပါက အချိန်ကြာမြင့်စွာမျက်နှာပေါ်တွင်ထားရှိနေခြင်းလုံးဝ မလုပ်ဆောင်သင့်ပါဘူး လှချင်ပေမဲ့ အဆိုးတွေဖြစ်ပေါ်လာနိုင်တာကို အသိဝင်စေချင်ပါသည် ။

မိမိလိမ်းချယ်နေသောအလှထုတ်ကုန်ပစ္စည်းများတွင် ပါဝင်နေသောပျော်ဝင် ဓာတုပစ္စည်းများ ပါဝင်ခြင်းကိုလည်း သိရှိဖို့ လည်းလိုအပ်ပါသည် ။ အမည်တစ်ခု တန်းဖိုးကြီးမားတာကို ကြည့်ပြီး လိမ်းချယ်နေခြင်းသည် မိမိနိုင်ငံရာသီဥတုနှင့် မကိုက်ညီသောကြောင့် အသားအရည်အတွက် ပျက်ဆီးခြင်းကို ဖြစ်ပေါ်စေပါသည် ။ အလှကုန်ပစ္စည်းများတွင် ပါဝင်သောအချက်အလက်များသည် တစ်ဦးတစ်ယောက်၏ အသားရည်အတွက် မတည့်သည့်အချက်တွေလည်း ရှိပါသည် ။

ရေများများသောက်ခြင်းသည့် အသားရည်ကို ဆိုပြေစေပါသလို့  အူလမ်းကြောင်းအတွက်လည်း သန့် ရှင်းပါသည် ။မောပန်းမူ့ အတွက်လည်း ပြေပျောက်စေပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

အစိမ်းရောင်ဟင်းရွက် စားဖို့ မမေ့ပါနှင့်


ဗီတာမင်ကေ ပေါကြွယ်ဝတဲ့ အစားအစာကို အလုံအလောက်စားတဲ့ (တစ်နေ့ ၁၀၉ မိုက်ခရိုဂရမ်) အမျိုးသမီးတွေဟာ အလုံအလောက် မစားသူတွေနဲ့ ယှဉ်ရင် ၁၀ နှစ်အတွင်း တင်ပါးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

ရေကညွတ်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ စိမ်းစတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေများစွာ ပါဝင်ပါတယ်။

ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်ကေ ပမာဏရဖို့ တစ်နေ့မှာ အစိမ်းရင့် ဟင်းရွက်ခွက်တစ်ဝက်စာ စားပေးပါ။

ဘယ်ဟင်းတွေ ဘယ်လောက်ကောင်းကောင်း ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစိမ်းရောင် ဟင်းရွက်ကိုပါ တခွက်ကိုတော့ ပါအောင်စားကြပါ ။

Mg Mandalay
https://www.facebook.com/mg.mandalay

Fasting diet regenerates diabetic pancreas အစာလျော့နည်းကနေ ဆီးချိုသရက်ရွက်ကို ပြန်ပြီးအလုပ်လုပ်စေနိုင်


၂၄-၂-၂ဝ၁၇ နေ့ကထွက်တဲ့ ဆီးချိုသတင်းဖြစ်ပါတယ်။ Fasting diet ခေါ်အစားအသောက်ကနေ သရက်ရွက်ကို ပြန်ပြီး အစားဖြစ်လာစေနိုင်တယ်ဆိုတာ စိတ်လှုပ်ရှားဘွယ်ရာသတင်းဖြစ်ပါတယ်။ အရင်ကအလုပ်မလုပ်နိုင်ခဲ့ရာကနေ ပြန်လုပ်လာတာကို ပြောတာပါ။ သကြားဓါတ်ကို ပြန်ထိန်းနိုင်လာတာကို စမ်းသပ်တဲ့ကြွက်တွေမှာ တွေ့လာတယ်။ သကြားဓါတ်ကို ပုံမှန်ဖြစ်နေအောင် ထိန်းပေးတဲ့ အင်စူလင်ဟော်မုန်းကို ပန်ကရိယပ်စ် ခေါ် သရက်ရွက်ကနေ ထုတ်ပေးနေတယ်။

Fasting diet အစားအသောက်ဆိုတာ ကယ်လိုရီနည်းမယ်၊ ပရိုတင်းနည်းမယ်၊ ကာဗွန်ဟိုက်ဒရိတ်နည်းမယ်၊ ဒါပေမယ့် unsaturated-fat မပြည့်ဝဆီများမယ်။ တနည်းအားဖြင့် သားသတ်လွတ်အစာနဲ့ဆင်ပြီး အစေ့အဆံနဲ့ စွပ်ပြုပ်ပါမယ်။ တနေ့မှာ ကယ်လိုရီ ၈ဝဝ ကနေ ၁၁ဝဝ သာရစေမယ်။ အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတခုအရ အိုင်းမင်းရင့်ရော်တာကို နှေးစေတယ်လို့လည်း သိထားပါသေးတယ်။

ကြွက်တွေကိုလေ့လာတော့ သရက်ရွက်ထဲမှာရှိတဲ့ ဘီတာဆဲလ်တွေ အသစ်ပြန်ပွားတာတွေ့ရတယ်။ စမ်းသပ်မှုမှာ ဆီးချိုအမျိုးအစား (၁) ရော (၂) မှာပါ အကျိုးရေစေတာဖြစ်တယ်။ ဆီးချိုအမျိုးအစား (၁)ဆိုတာက ခုခံအားစနစ် ကမောက်ကမဖြစ်လို့ဖြစ်တာ။ (၂) ဆိုတာက လူနေမှုပုံစံနဲ့ အင်စူလင်ကအလုပ်မလုပ်လို့ဖြစ်တယ်။

ကယ်လိုရီလိုအပ်ချက်ဇယား
ကျား-မ အသက် လှုပ်ရှားမှုမရှိသူ အသင့်အတင့်လှုပ်ရှားသူ တက်ကြွလှုပ်ရှားနေသူ
ကလေး 2-3 1,000 1,000-1,400 1,000-1,400
အမျိုးသမီး 4-8 1,200 1,400-1,600 1,400-1,800
9-13 1,600 1,600-2,000 1,800-2,200
14-18 1,800 2,000 2,400
19-30 2,000 2,000-2,200 2,400
31-50 1,800 2,000 2,200
51+ 1,600 1,800 2,000-2,200
အမျိုးသား 4-8 1,400 1,400-1,600 1,600-2,000
9-13 1,800 1,800-2,200 2,000-2,600
14-18 2,200 2,400-2,800 2,800-3,200
19-30 2,400 2,600-2,800 2,800-3,200
31-50 2,200 2,400-2,600 2,800-3,000
51+ 2,000 2,200-2,400 2,400-2,800

Top 10 Foods Highest in Calories ကယ်လိုရိအများဆုံးရ ထိပ်ဆုံးအစာဆယ်မျိုး
၁။ Fats & Oils အဆီများနှင့် ဆီများ = 902 calories 1849 calories 117 calories
၂။ Nuts & Seeds အစေ့အဆံများ = 718 calories 948 calories 201 calories
၃။ Nut & Seed Butters ထောပတ်အမျိုးမျိုး = 590 calories 188 calories 94 calories
၎။ Chocolate ချောကလက်အမျိုးမျိုး = 598 calories 604 calories 167 calories
၅။ Dried Fruit & Fruit Juices အသီးခြောက်များနှင့် အသီးဖျော်ရည်များ = 339 calories 447 calories 224 calories
၆။ Avocados ထောပတ်သီး = 160 calories 240 calories 332 calories
၇။ Whole Grains ဖြူအောင်ချွတ်မထားတဲ့ဂျုံနှင့်ပြုလုပ်သောအစာများ = 124 calories 174 calories 87 calories
၈။ Milk, Dairy & Eggs နို့အမျိုးမျိုးနှင် ဥများ= 452 calories 254 calories 127 calories
၉။ Oily Fish အဆီများငါးအမျိုးမျိုး = 262 calories 231 calories 223 calories
၁ဝ။ Meat အသားအမျိုးမျိုး = 358 calories 1124 calories 304 calories

အများအာဖြင့် Fasting diet အစားအသောက်ကို တပတ်မှာ ၅ ရက်စားနည်းလုပ်ကြပါတယ်။ ကယ်လိုရီ လျော့စားသောက်ကြပါခင်ဗျား။

မေးခွန်း = Fasting diet အစားအသောက်များစားနေစဉ် ဆရာဝန်သောက်ခိုင်းထားတဲ့ ဆီးချိုကျဆေးဝါးများပါ ဖြတ်မထားပဲ ဆက်သောက်နေရမလားဆရာ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးစေလိုပါသည်ဆရာ

အဖြေ= လူတွေကို မစမ်းရသေးပါ။ (ဆေး + အစားအသောက်+ လူနေမှုပုံစံ) အားလုံးလိုအပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Clomiphene မျိုးဥထွက်ဆေး


၁။ ကျွန်မအသက် ၃၅ နှစ်ပါ။ အိမ်ထောင်ရှိ။ ကလေးမရသေးပါ။ Feb 3 ကပဲ ရာသီလာပြီး မျိုးဥကြွေဆေး သောက်ခဲ့ပါတယ်။ ခု Feb 24 မှာ ရာသီပြန်လာပါတယ်။ ၂၁ ရက်ပဲခြားတယ်။ မျိုးဥကြွေဆေး ထပ်သောက်မလို့ပါဆရာ။ ကိုယ်ဝန်ရှိရင်လည်း သွေးအနည်းငယ်ဆင်းတတ်တယ်လို့ဖတ်ဖူးပါတယ်။ အကယ်၍များ ကိုယ်ဝန်ရှိမှန်းမသိဘဲ မျိုးဥကြွေဆေးသောက်ရင် ကိုယ်ဝန်အတွက် အန္တရာယ်ရှိနိုင်လား ဆိုတာသိချုင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာပါစေ

၂။ ဆရာရှင့် အမျိုးသားက ၃၇၊ ကျွန်မက ၄ဝ ပြည့်ပါပြီရှင့်။ အိမ်ထောင်သက်က ၁ နှစ်နဲ့ ၇ လကျော်ပါပြီ။ ၂၀၁၆ ခု ၇ လပိုင်းမှာ ကိုယ်ဝန်းရှိပြီး ၁၀လပိုင်းမှာ ပျက်သွားပါတယ်ရှင့်။ ဆရာဝန်ညွန်ကြားသည့်အတိုင်း သားဥကြွေဆေး ၄ ခါ သောက်ဖူးပါပြီ။ သားဥကြွေဆေးက တသက်မှာ ၆ ခါထက်ပိုမသောက်ရဘူးဆိုတာ ဟုတ်ပါသလားရှင်။ ရာသီလာတိုင်း သားဥကြွေပါသလားရှင်။ ယခုထိကိုယ်ဝန်ပြန်မရသေးလို့စိတ်ပူတာပါရှင်။ ထိုးဆေး တားဆေးဘာမှမသုံးဖူးပါ။ ဘယ်လို ထပ်ကြိုးစားရပါမလဲရှင်။ ကျွန်မရဲ့ဆေးမှတ်တမ်းတွေပါ ကြည့်ပေးစေလိုပါသည်။ ဆရာအကြံကိုစောင့်နေပါမယ်ရှင်။ အမှားများပါလျှင်ခွင့်လွတ်ပါရှင်။ တောင်းပန်ပါတယ်။

၃။ မင်္ဂလာပါဆရာ ကျွန်မအသက် ၂၂နှစ်၊ တားဆေးသောက်တာနှစ်နှစ်ကျော်၊ ဆေးဖြတ်တာ ၇လရှိပါပြီ။ မျိုးဥကြွေဆေးက ရာသီလာပြီးဘယ်နှစ်ရက်နေရင် သောက်ရမလဲဆရာ။ မျိုးဥကြွေဆေး တံဆိပ်လေးကိုပါ ညွှန်ပေးပါ။ ကျေးဇုးတင်ပါတယ်။

၎။ ဆရာ ကျမ အသက် ၃၁ ပါ။့ ကပါ။ ဆရာ မျိုးဥကြွေဆေးပို့ပေးတဲ့သူပါ။ သောကြာနေ့မှာ ဆေးစသောက်မှာပါရှင့်။ အစားစားပြီးသောက်ရမလား၊ သောက်ပြီးမှ အစာစားရမလား ဆိုတာပါဆရာ။ တခြား လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်တွေလည်း သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

အပျိုဖြစ်ကတည်းက ရာသီသွေးဆင်းတယ်။ အစလတချို့မှာ မျိုးဥထွက်ချင်မှ ထွက်တယ်။ အမျိုးသမီးတွေလည်း ရာသီလာတိုင်းလည်း မျိုးဥထွက်ချင်မှ ထွက်တယ်။ မျိုးဥထွက်အောင်လုပ်တဲ့ဆေး Clomifene ကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေးနည်းတဲ့သူတွေကိုသာ ပေးတယ်။ နောက်ပိုင်းမှာ ကလေးရအောင် လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ SERM လို့ ခေါ်တယ်။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။

မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မျိုးဥထွက်စေအာင် လှုံ့ဆော်အားပေးတယ်။ ရာသီတလရဲ့ အစောပိုင်းရက်တွေမှာ ၅ ရက်ဆက်တိုက် သောက်စေတယ်။ ၃ လကနေ ၆ လအထိ ပေးတတ်တယ်။ ဆေးသောက်ရသူအတွက် အတိအကျ လိုအပ်မဲ့ ဆေးအဆကို ပြောမရလို့ ဆေးကို နောက်ပိုင်းမှာ တိုးတိုးပေးရတတ်တယ်။ Dose ကိုသိလာရရင် အဲဒီ Dose အတိုင်း ၃ လဆက်ပေးမယ်။ ၆ လနေလို့မှ ကိုယ်ဝန်မတည်ရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။

သဘာဝနည်းနဲ့ကလေးယူဘို့မှာ မျိုးဥမထွက်တဲ့အမျိုးသမီးတွေကိုဆေးပေးနည်းမှာ Clomid 50 mg တလုံးကို ရာသီဆင်းပြီးတာနဲ့ နေ့တိုင်း ၅ ရက်ဆက်တိုက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် 100 mg ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ 100 mg ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

ဆေးကို မနက်မှာသောက်ရင် ၅ ရက်လုံး မနက်မှာ သောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။ သဘာဝ အမျိုးသမီးတွေထက် ကလေး ပျက်ကျနှုန်း ပိုတော့များတာ အရင်က တွေ့ရတယ်။ နောက်ပိုင်း အဲလို မဟုတ်ပါဘူးလို့ ပြောလာတယ်။

Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ နှစ်မွှာကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ သုံးမွှာဆိုတာ ရှာမှရှားဖြစ်နိုင်တယ်။ ဆေးက ကလေးကိုဒုက္ခမပေးပါ။
ကလေးရအောင် လိုအပ်သေးတဲ့ အီစထိုဂျင်ဟော်မုန်း အနည်း-အများလဲ မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေ ထွက်ရာ Pituitary gland ကလည်း မှန်မှန် အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူ ဖြစ်ရပါမယ်။

ဘေးထွက်သက်ရောက်မှုတွေ
နည်းနည်းသာဖြစ်ရင် မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အနရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုက်ပိုးအလွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးသုံးနိုင်တယ်။ လိုအပ်ရင် သုက်ပိုးကို သားအိမ်ထဲထည့်ပေးရမယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။

ကလေးမရသေးတဲ့စုံတွဲတွေ ဆေးစစ်တာတွေ စုံအောင်လုပ်ရမယ်။ ကျန်းမာရေး ရာဇဝင် ကျကျနနယူမယ်။ ကိုယ်ကာယ စစ်ဆေးမှုတွေ လုပ်မယ်။ သုက်ပိုးစစ်ဆေးမယ်။ Pituitary, Thyroid, and Adrenal function ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ Endometriosis သားအိမ်ရောဂါ မရှိတာစစ်မယ်။ ယောက်ျားမှာလဲ အပြစ်ကင်းနေမှသာ Clomiphene ဆေးနည်းသုံးတာဟာ စိတ်ချရတဲ့ နည်းလမ်းကောင်းလို့ သတ်မှတ်တယ်။ Clomifene ဆေးကို အားကစားလောကမှာ သုံးကြတယ်။ မသုံးရလို့ သတ်မှတ်ထားတယ်။

IVF or GIFT နည်းပညာတွေသုံးပြီး မျိုးဥကို များစေ-ပွါးစေအောင် လုပ်ရသေးတယ်။ ဒီဆေးကနေ အဲလို အပြင်မှာ မျိုးစပ်ပြီးနောက် Intrauterine insemination or Artificial insemination သူ့ သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမဲ့ မျိုးဥထွက် မမှန်သူ အမျိုးသမီးအတွက်လဲ အကျိုးရှိစေတယ်။ Clomiphene ဆေးကို တခြားဆေးတွေနဲ့လဲ တွဲပေးတတ်တယ်။ အမျိုးသမီးလူနာက အလွန်ဝပြီး Polycystic Ovary Syndrome (PCOS) ရောဂါလဲရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင် ချခိုင်းရမယ်။ Body mass index (BMI) ကျစအောင် အစားရှောင်နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခိုင်းမယ်။ မရသေးရင် Insulin metabolism ကို ပြင်တဲ့ဆေး ပေးရမယ်။

ဆေးပေးပြီး အမျိုးသမီးရဲ့ မျိုးဥထွက်တာ၊ မျိုးဥရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးတာကို Clomiphene challenge test ခေါ်တယ်။ ဆေးကနေ မျိုးဥအိမ်က ထွက်ပေးနေတဲ့ (FSH) ဟော်မုန်းကို အားပေးလိမ့်မယ်။ ဆေးပေးပြီးနောက်ရက်မှာ သွေးထဲက FSH က အရင်လို ပုံမှန်ကိုပြန်ကျသွားတယ်ဆိုရင် (နော်မယ်) လို့ပြောနိုင်တယ်။ တကယ်လို့ မြင့်မားနေမယ်ဆိုရင်တော့ ဒီအမျိုးသမီးဟာ Ovarian reserve မျိုးဥအိမ်အလုပ် နည်းနေတယ်။ ဒီလို အမျိုးသမီးက Donor eggs သူများ လှူထားတဲ့ မျိုးဥကို သုံးရတော့မယ်။

Clomiphene ဆေးကို ယောက်ျားတွေအတွက်လဲ သုံးတယ်။ သုက်ပိုး နည်းနေသူတွေအတွက် ကောင်းစေမယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီ Clomiphene ဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ Insemination procedure အပြင်ကနေ သုက်ပိုးထည့်ပေးခံမဲ့ အမျိုးသမီးကို မျိုးဥတွေ ပွါးများလာအောင် လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

- Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://doctortintswe.blogspot.com/2014/11/clomiphene-citrate.html
- Clomiphene Brand Name မျိုးဥထွက်ဆေး http://doctortintswe.blogspot.com/2014/11/fertomid.html
- Fertomid မျိုးဥကျွေဆေး http://doctortintswe.blogspot.com/2015/04/clomiphene-brand-name.html
- Ovulation test မျိုးဥ ထွက်-မထွက် စမ်းနည်း http://doctortintswe.blogspot.com/2014/11/ovulation-test.html
- PCOS and Clomid မျိးဥအိမ်ရောဂါနဲ့ ကလေးရအောင်လုပ်နည်း https://doctortintswe.blogspot.com/2015/08/pcos-and-clomid.html
- To get pregnant ကိုယ်ဝန်မရသေးရင် https://doctortintswe.blogspot.com/2017/03/to-get-pregnant.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/posts
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ