မွေးကင်းစကလေးများနှင့် အာဟာရလိုအပ်ချက်


မွေးကင်းစကလေးတွေက မွေး ပြီး ရက် ၁၀၀ အတွင်းတွင် အရွယ် ရောက်ပြီးသူတွေထက် လိုအပ်တဲ့ အာဟာရအချိုးအစားထက် အာဟာ ရလိုအပ်မှု ၅ ဆပိုများပါတယ်။ တကယ်လို့ ယင်းလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ရင်တော့ အနာဂတ် မှာ ပြောင်းလဲလို့မရနိုင်တဲ့ ဆိုးကျိုး တွေဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြုခဲ့ပါတယ်။

၎င်းင်းတို့ရဲ့ အဆိုအရ သံဓာတ်မှာ ယင်းအရွယ် အတွက် အရေးကြီးတဲ့ အာဟာရ တစ်မျိုးဖြစ်ပြီး၊ သွေးနီဥ ထုတ်လုပ်မှု အတွက်သာမက ဦးနှောက်ဖွံ့ဖြိုးမှု အတွက်လည်း လိုအပ်ပါတယ်။ ဒါကြောင့် မိခင်တွေ အနေနဲ့ မိမိတို့ရဲ့ ကလေးဖွံ့ဖြိုးမှုနှုန်းအတွက် သံဓာတ် လုံလုံလောက်လောက် ရရှိနိုင်ဖို့ အရေးကြီးတယ်ဆိုတာ သတိထားဖို့ လိုအပ်ပါတယ်။ အာဟာရမပြည့်ဝ တဲ့ကလေးတွေက ရောဂါပိုးကူးစက် ခံရနိုင်ခြေ ပိုများသလို နလန်ပြန်ထ ဖို့လည်း ပိုခက်ခဲပါတယ်။ မွေးကင်းစ ကလေးတွေရဲ့ အာဟာရမှာ မှန်ကန် တဲ့အာဟာရကို မှန်ကန်တဲ့အချိန်မှာ စတင်နိုင်ခြင်းအားဖြင့် ခုခံအားစနစ်နဲ့ ကျန်းမာရေးအပေါ် များစွာသော ကောင်းကျိုးတွေ ရရှိစေနိုင်မှာဖြစ်ပါ တယ်လို့ အကြံပြုခဲ့ပါတယ်။ အစိုးရရဲ့ စာရင်းဇယား မှတ်တမ်းတွေအရ အိန္ဒိယမှာ တစ်မိနစ်ကို ကလေး ၃၄ ယောက်နှုန်း မှတ်တမ်းတက်လျက်ရှိ ပါတယ်။ ယင်းအချက်အရ တစ်နာရီ ကို ကလေး ၂၀၆၂ ဦးနဲ့ တစ်ရက်ကို ကလေး ၄၉၄၈၁ ဦး မွေးဖွားလျက် ရှိပြီး၊ မွေးကင်းစအများစုကတော့ ဆင်းရဲမွဲတေမှုကြောင့် အာဟာရ မပြည့်ဝမှုကို ခံစားရလျက်ရှိပါတယ်။

ဆရာဝန်တွေကလည်း မွေး ကင်းစကလေးရှိတဲ့ မိခင်တွေကို သင်တော်တဲ့ အစားအစာတွေ စား သုံးဖို့ အကြံပြုလျက်ရှိပါတယ်။ အထူးသဖြင့် ကာဘိုဟိုက်ဒြိတ်ကို အခြေခံတဲ့ နေ့စဉ်စားသောက်မှုပုံစံကို တိုက်တွန်းလျက်ရှိပါတယ်။ ပရိုတင်း ကလည်း ဖွံ့ဖြိုးဖို့ မရှိမဖြစ် လိုအပ်ပါ တယ်။ မိခင်တွေမှာ အားနည်းချက် အဖြစ် ရှိနေတာကတော့ အဏုဇီဝ အာဟာရတွေဖြစ်တဲ့ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေရဲ့ အရေးကြီး ပုံနဲ့ ပတ်သက်တဲ့ ဗဟုသုတ အသိ ပညာတွေပဲဖြစ်ပါတယ်။ သုတေသန ပြုချက်တွေအရ မိခင်အများစုရဲ့ အစားအစာကျွေးတဲ့ပုံစံက ဖွံ့ဖြိုးဆဲ ကလေးတစ်ယောက်ရဲ့ လိုအပ်တဲ့ ဗီတာမင်တွေ၊ သက်စောင့်ဓာတ်တွေ ကို မဖြည့်ဆည်းပေးနိုင်တာ တွေ့ရပါ တယ်။

 အိန္ဒိယရဲ့ အဓိကအစားအစာ က အစေ့အဆန်နဲ့ အပင်တွေက ရရှိတာဖြစ်တဲ့အတွက် လိုအပ်တဲ့ အကြီးစားအာဟာရတွေ <ကယ်ဝစွာ ပါပေမဲ့ အဏုဇီဝ အာဟာရတွေဖြစ်တဲ့ သံဓာတ်၊ ဇင့်ဓာတ်နဲ့ ကယ်လ်ဆီယမ် စတာတွေ ပါဝင်မှုကတော့ နည်းပါ တယ်။ ယင်းအချက်က အဖြေရှာပေး ရမဲ့ပြဿနာတစ်ခုပါပဲ။ ယင်းပြဿနာ အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထု ဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်စာတွေ ကို သင့်တော်တဲ့အချိန်မှာ စတင်နိုင် ဖို့က အဖြေတစ်ခုဖြစ်ပါတယ်လို့ အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ