ကမ္ဘာ့နံပါတ် ၁ လူသတ်သမားကို ခုခံတိုက်ခိုက်ရမယ့် ဆေးနည်းပါး


နှလုံးရောဂါဟာ ကမ္ဘာမှာ သေဆုံးမှုတွေကို ဦးဆောင်နိုင်မှု အများဆုံးအဖြစ် ရပ်တည်နေပေမယ့် ဒါကို ကုသဖိုက နည်းလမ်း တိုးတတ်မှုကတော့ နှေးကွေးပါတယ်။

၁၉၉၀ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ နှလုံးရောဂါ ကုထုံးဆေးတွေကို ခြေရာခံ လေ့လာမှုတွေ နဲ့ စီမံကိန်းတွေ တိုးတက်လာပါတယ်။

 နှလုံးဆေး ၃၄၇ မျိုးကိုလေ့လာကြည့်တဲ့အခါ ဆေးတော်တော်များများက သွေးဖိအားမြင့်တာ နဲ့ သွေးတွင်း အဆီဓါတ် ၊ ကိုလက်စရော လျော့ကျတာနဲ့ အဆီခဲတာတွေအတွက် ကုသတာကို တွေ့ရပါတယ်။ ဆေးတစ်ခုခြင်းဆီရဲ့ အာနိသင် နဲ့ စိတ်ချရမှုက တော့ မတူညီကြပါဘူး။

အစောဆုံးစစ်ဆေးမှုဖြစ်တဲ့ ၁၉၉၀ ခုနှစ်နဲ့ ၁၉၉၅ ခုနှစ်အတွင်း နှလုံးဆေးတွေထဲက ၁၆ ရာခိုင်နှုန်း အသုံးပြုနိုင်ပြီး ၂၀၀၅ ခုနှစ် နဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာတော့ ၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကင်ဆာဆေးတွေလည်း ထွက်ပေါ်လာတာကို လေ့လာတွေ့ရှိရပါတယ်။

ဒီလိုရှာဖွေတွေ့ရှိမှုက နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ရှာဖွေမှုတွေမှာ အရေးပါတဲ့ အရာတွေဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုထက် လုပ်ဆောင်မှုတွေ တိုးတက်လာပါ လို့ ဒေါက်တာ  Aaro Kesselheim က ပြောပါတယ်။

အရေးကြီးတာကတော့ အသစ်ထွက်ရှိလာတဲ့ နှလုံးဆေးတိုင်းလိုလိုဟာ ခွင့်ပြုချက်မရတာပါပဲ။ နှလုံးရောဂါနဲ့ ပက်သက်တဲ့ဆေးတွေ ရောင်းချနေတဲ့ ဆေးကုမ္ပဏီ တော်တော်များများက ကုမ္ပဏီ အသေးတွေနဲ့ အလယ်အလတ် အဆင့်တွေပဲ ရှိကြတာကိုတွေ့ရပါတယ်။

အသစ်ထုတ်တဲ့ ဆေးတွေရဲ့ အကျိုးအာနိသင်က ရှိပြီးသားဆေး အာနိသင်တွေနဲ့ ကွာခြားခြင်းမရှိတာကလဲ ဆေးထုတ်ဖို့ ခွင့်ပြုချက်မရတဲ့ အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါတယ်။ တခြားရောဂါတွေနဲ့ ယှဉ်ရင် နှလုံးဆေး ထုတ်လုပ်မှုတွေက ပိုများတာကိုလည်းတွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ ရဲ့ သုံးပုံတစ်ပုံဟာ နှလုံးရောဂါကြောင့် သေဆုံးနေကြတာပါ။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ