ကလေးတွေကို တစ်ရက်သကြား စားပွဲတင်ဇွန်း ၆ဇွန်းထက် ပိုမကျွေးသင့်


ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို တစ်ရက်လျှင် သကြားပမာဏ စားပွဲတင်ဇွန်းခြောက်ဇွန်းထက် ပိုမကျွေးသင့်ဘူးလို့ အမေရိကန်နှလုံးကျန်းမာရေးအသင်းက ဆိုပါတယ်။ “ကျွန်တော်တို့ သတ်မှတ်ချက်အနေနဲ့ အသက် ၂နှစ်ကနေ ၁၈နှစ်ကြား ကလေးတွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်” လို့ ဒီသုတေသနခေါင်းဆောင် ဒေါက်တာ Miriam Vos က ဆိုပါတယ်။

သကြားဆိုတဲ့နေရာမှာ စားပွဲတင်သကြား၊ သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေ၊ ပျားရည်နဲ့ အစားအသောက်တွေအတွက် ပြင်ဆင်ရာမှာ အသုံးပြုတဲ့ သကြားတွေအကုန် အကြုံးဝင်တာဖြစ်ပါတယ်။

“ကလေးအများစုအတွက် သကြားကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်း ၆ဇွန်းထက်ပိုမစားသင့်ပါဘူး” လို့ သူမကဆက်ပြောပါတယ်။ ဖော်ပြချက်မှာလည်း အသက် ၂နှစ်ကနေ ၁၈နှစ်ကြား ကလေးတွေဟာ သကြားပါဝင်တဲ့ အစားအသောက်တွေအပါအဝင် သကြားကို ၈အောင်စထက်ပိုမစားသုံးသင့်ကြောင်း ဖော်ပြထားတာပါ။
အစားအသောက်တွေမှာ သကြားပမာဏကို မြင့်မားစွာထည့်သွင်း စားသုံးတာဟာ သွေးဖိအားပမာဏကိုမြင့်မားစေပြီး၊ အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားမှုနှုန်းတွေကို မြင့်မားစေတာပါ။

( Beauty Syh )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ