ဆေးလိပ်သောက်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ


တစ်နေ့ကို စီးကရက် အနည်း ဆုံး (၁၀) လိပ်ခန့်သောက်သုံးခြင်း ဟာ စိတ်ကစဥ့်ကလျားရောဂါဖြစ်နိုင် ခြေကို သိသိသာသာမြင့်မားစေပါ တယ်လို့ သုတေသီတွေက ဆိုပါ တယ်။ သုတေသီတွေဟာ စိတ်ကစဥ့် ကလျားရောဂါနဲ့ ဆေးရွက်ကြီး၊ ဆေး ခြောက်ပါဝင်တဲ့ ဆေးလိပ်သောက် သုံးခြင်းကြားက ဆက်စပ်မှုကို ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး စိတ်ကစဥ့် ကလျားရောဂါရှိတဲ့ သူတွေဟာ ဘာကြောင့် ဆေးလိပ်ပိုမိုသောက်သုံး ကြသလဲဆိုတဲ့ အကြောင်းအရင်း ကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ တစ်ချို့သုတေသီတွေက တော့ ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်ကို ဆေးကုသခြင်းတစ်မျိုးလို့ ထင်ကြတာကြောင့် ဖြစ်မယ်လို့ ယူဆထားပါတယ်။ ဆိုလိုတာက စိတ်ကစဥ့်က လျားရောဂါရှိသူတွေ ဟာ ဆေးလိပ်သောက်ခြင်းဖြင့် သူတို့ရဲ့ရောဂါ လက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ ယူဆထား ခြင်းပါ။ ဒါမှမဟုတ်လည်း ဆေးလိပ် သောက်ခြင်းဖြင့် စိတ်ဖိစီးမှု၊ ပျင်းရိမှု တွေပြေပျောက်ပြီး ရောဂါလက္ခဏာ တွေ သက်သာစေနိုင်တာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေ သန ရလဒ်တွေအရတော့ ဆေးလိပ် သောက်ခြင်းကိုယ်တိုင်ကိုက စိတ်က စဥ့်ကလျားရောဂါဖြစ်နိုင်ခြေကို မြင့် မားစေတယ်ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ နေ့စဉ်ဆေးလိပ်သောက် ခြင်းဟာ စိတ်ကစဥ့်ကလျားရောဂါ ဖြစ်ပွားမှုကို မြင့်မားစေရုံသာမက အဆိုပါရောဂါဖြစ်တဲ့ အသက်အရွယ် ကိုပါ ပိုမိုစောလျင်လာစေပါတယ်။

ရောဂါလက္ခဏာတွေ သက်သာစေ တယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက် လို့လည်း Nicotine ဟာ Dopamine အဖွဲ့အစည်းအပေါ်သက်ရောက် မှုရှိနေတာကြောင့်ဖြစ်မယ်လို့ ဆိုပါ တယ်။ Dopamine ဟာ ဦးနှောက် လုပ်ငန်းစဉ်တွေ ကောင်းမွန်အောင် ကူညီပေးတဲ့ Naurotransrnitter တစ်ခုဖြစ်ပြီး Nicotine ဟာ ဦးနှောက်ကို Dopamine ထွက်လာ အောင် လှုံ့ဆော်ပေးနိုင်တာကြောင့် ဖြစ်မယ်လို့ သုတေသီတွေက ဆိုထား ပါတယ်။

ဒါကြောင့်မို့ Dopamine အဖွဲ့အစည်းဟာ ဆေးလိပ်သောက် ခြင်းနဲ့ စိတ်ကစဥ့်ကလျားဖြစ်ပွားမှု ကြားက အဓိကကဏ္ဍမှာ ပါဝင်တယ် လို့ ယုံကြည်ကြပါတယ်။ ဘာကြောင့် လဲဆိုတော့ ဆေးလိပ်သောက်ခြင်း ဟာ Parkinson ရောဂါဖြစ်ပွားမှု လျော့နည်းစေတယ်လို့ ယခင်သုတေ သနတွေက သက်သေပြထားခဲ့တာ ကြောင့်ပါ။ Parkinson ရောဂါဟာ Dopamine ကင်းမဲ့ခြင်းကြောင့်ဖြစ် ရတာဖြစ်ပြီး ဆန့်ကျင်ဘက်အားဖြင့် Schizophrenia ဟာ Dopamine များပြားလွန်းခြင်းကြောင့်ပဲ ဖြစ်လာ ရတာပါ။ လူ (၆၀၈၁) ယောက်ပါဝင် ခဲ့တဲ့ သုတေသန ရလာဒ်တွေအရ တော့ ဆေးလိပ်အလွန်အကျွံသောက် သုံးခြင်းဟာ စိတ်ကစဥ့် ကလျားရောဂါ ဖြစ်ပွားမှုကို သိသိသာသာမြင့်တက် လာစေတယ်ဆိုတာတော့ အသေအ ချာပါပဲ။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ