ဆီးချိုရောဂါအတွက်သုံးတဲ့ဆေးဟာ ပန်ကရိယကင်ဆာကို ထိန်းချုပ်ပေး နိုင်မလား


သုတေသနအသစ်တွေအရ ဆီးချိုကျဆေးဖြစ်တဲ့ Metformin ဖြင့် ဆဲလ်အချက်ပြလမ်းကြောင်း တစ်ခုကို ပစ်မှတ်ထားခြင်းဟာ ပန် ကရိယကင်ဆာ ကြီးထွားပျံနှံ့မှုကို ရပ်တန့်ပေးနိုင်မဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်လို့ သုတေသီတွေ က အကြံပြုထားကြပါတယ်။ အမေရိ ကန်နိုင်ငံမှာ ပန်ကရိယကင်ဆာ ကြောင့် တစ်နှစ်ကိုလူ (၄၄၀၀၀) ကျော်သေဆုံးနေရပါတယ်။ ဒီသုတေသနဟာ Metformin ကို ပန်ကရိယ ကင်ဆာအတွက် အသုံးပြုဖို့ပြုလုပ်ခဲ့ တဲ့ ပထမဆုံး သုတေသနတော့ မ ဟုတ်ပါဘူး။

 ဒါပေမဲ့ Rearranged during Transfection (RET) ဆဲလ်အသက်ပြလမ်းကြောင်းအပေါ် ဆေးရဲ့သက်ရောက်မှုပါဝင်တဲ့ ဖြစ် စဉ်ကို သက်သေပြခဲ့တဲ့ ပထမဆုံး သုတေသနလည်း ဖြစ်ပါတယ်။ RET ကို Metformin ဖြင့် ပစ်မှတ်ထား ခြင်းဟာ ပန်ကရိယကင်ဆာ ကြီးထွား ပျံ့နှံ့ခြင်းကို ကာကွယ် ကုသဖို့အတွက် အသုံးတည့်မဲ့ နည်းလမ်းတစ်ခု ဖြစ် နိုင်ပါတယ်လို့ သုတေသနရလာဒ် တွေအရ ညွန်ပြနေပါတယ်။ ပန်က ရိယကင်ဆာဖြစ်ပွားမှုဟာ အမေရိ ကန်နိုင်ငံ တစ်ခုတည်းမှာပင် (၂၀၁ ၈) ခုနှစ်အတွင်း (၅၅၄၄၀) ၀န်းကျင် ခန့် ဖြစ်ပွားခဲ့ကြပြီး (၄၄၃၃၀) ယောက်ကတော့ အဆိုပါရောဂါ ကြောင့် သေဆုံးခဲ့ရပါတယ်။

ကင်ဆာ အားလုံးရဲ့ (၃) ရာခိုင်နှုန်းဖြစ်ပြီး ကင်ဆာကြောင့် သေဆုံးရမှုရဲ့ (၇) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပန်ကရိယ ကင်ဆာဟာ အစောပိုင်းအဆင့်တွေ မှာ ရှာဖွေတွေ့ရှိဖို့ခက်ခဲပြီး အများစု က ရောဂါကျွမ်းချိန်မှ သိရှိရလေ့ရှိတာ ကြောင့် ကုသရခက်ခဲပါတယ်။ Metformin ကတော့ အမျိုးအစား (၂) ဆီးချိုရောဂါကို ကုသဖို့ခွင့်ပြုထားတဲ့ ဆေး ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ လေ့လာခဲ့တဲ့ ရလာဒ်တွေအရ Metformin ရဲ့ ကင်ဆာအပေါ် သက် ရောက်မှုကို စိတ်ဝင်စားမှု မြင့်တက် လာခဲ့ပါတယ်။ အဆိုပါ စိတ်ဝင်စားမှု တွေကပဲ သုတေသနတွေဆီ ဦးတည် လာခဲ့တာဖြစ်ပြီး ကင်ဆာကုသမှု အနေနဲ့သာမက ကင်ဆာကာကွယ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ပါ လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်။ Metformin ဟာ ဆဲလ်တွေ၊ တစ်သျှူးတွေ ပေါင်း စပ်ပြီး ကင်ဆာကိုဆန့်ကျင်တဲ့ သက် ရောက်မှုမျိုး ရှိနေတာကိုလည်း တွေ့ ရပါတယ်။

ကင်ဆာပင်မဆဲလ်တွေ ကို တိုက်ဖျက်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ တုန့်ပြန်မှုတွေကို ထိန်းချုပ်ခြင်း၊ ဆဲလ်လမ်းကြောင်းကို ပိတ်ဆို့ခြင်းစ တဲ့ပုံစံတွေနဲ့ အလုပ်လုပ်ပြီး အဆိုပါ အကြောင်းအရာအားလုံးဟာ ကင် ဆာကြီးထွားပျံ့နှံ့ဖို့အတွက် အရေးပါ တဲ့အရာတွေပဲ ဖြစ်ပါတယ်။ျွနွှ ဟာ အင်ဇိုင်တစ်မျိုးဖြစ်ပြီး သက်ဆိုင် ရာမော်လီကျူးနဲ့ ပေါင်းစပ်မိတဲ့အခါ နိုးထလာတတ်ပါတယ်။ ဒါကြောင့်ပျွဲနွှ ဟာ ဆဲလ်ပွားခြင်း၊ ရှင်သန် ခြင်း၊ သေဆုံးခြင်းတွေကို ထိန်းချုပ် တဲ့နေရာမှာ အရေးပါနေတာလည်း ဖြစ်ပါတယ်။ RET နဲ့ ပတ်သတ်တဲ့ ဆဲလ်အချက်ပြလမ်းကြောင်းတွေဟာ ပန်ကရိယကင်ဆာမှာ အလွန်များ ပြားပြီး ကင်ဆာပျံ့နှံ့မှုနဲ့ပါ ဆက်စပ် နေတာလည်း ဖြစ်ပါတယ်။

သုတေ သနရလာဒ်တွေအရ Metformin ဟာ အချို့ပန်ကရိယကင်ဆာဆဲလ် တွေမှာ RET အချက်ပြမှုကို လျော့ နည်းသွားစေတာကို တွေ့ရပါတယ်။ ဒီသုတေသနသာ ပြီးပြည့်စုံလာမယ် ဆိုရင်တော့ Metformin နဲ့ အခြား RET inhibitors တွေကို အသုံးပြုပြီး ပန်ကရိယကင်ဆာ ကြီးထွားပျံ့နှံ့မှုကို တားဆီးမဲ့ နည်းလမ်းတွေအတွက် အခြေခံကောင်းတစ်ခုလည်း ဖြစ်လာ ပါလိမ့်မယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ