အဆစ်အမြစ်ရောင်ရောဂါနဲ့ပတ်သက်တဲ့ မျိုးဗီဇများ ရှာဖွေတွေ့ရှိ


နောက်ဆုံးပြုလုပ်ခဲ့တဲ့ သုတေ သနအသစ်မှာတော့ အဆစ်အမြစ် ရောင်ရောဂါ (Osteoarthritis-OA) နဲ့သက်ဆိုင်တဲ့ မျိုးဗီဇအသစ် (၉) ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ အနာဂတ်မှာ အဆစ်အမြစ်ရောင် ရောဂါကုသဖို့အတွက် ပစ်မှတ်ထား နိုင်တဲ့ ကုသနည်းသစ်ပေါ်ပေါက်လာ နိုင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ လူဦးရေ (၉) သန်းခန့်ဟာ အဆစ်အမြစ်ရောင် ရောဂါကို ခံစားနေရပြီး အဆိုပါရော ဂါဟာ အဆစ်အမြစ်တွေ ပျက်စီးပြီး နာကျင်ကာ လွတ်လွတ်လပ်လပ်လှုပ် ရှားမှု ပြုလုပ်နိုင်ခြင်းမရှိတဲ့ အခြေ အနေဖြစ်ပါတယ်။ Osteoarthritis အဖြစ်အများဆုံး တွေ့ရအများဆုံး သော အရိုးငြမ်းကြွက်သားရောဂါတစ် ခုဖြစ်ပါတယ်။

လက်ရှိအချိန်အထိရေရာတဲ့ ကုသမှုမရှိသေးဘဲ နာကျင်မှု သက်သာအောင်ကုသကြသလို လို အပ်ရင်အဆစ်ကိုအစားထိုးတဲ့ ခွဲစိတ် မှုတွေအထိ ပြုလုပ်ကြပါတယ်။ Osteoarthritis ရဲ့ မျိုးဗီဇအခြေခံကို နားလည်ဖို့ သုတေသီတွေဟာ DNA မျိုးကွဲပေါင်း (၁၆.၅) သန်းခန့်ကို လေ့လာခဲ့ပြီး အဆစ်အမြစ်ရောင် ရောဂါရှိသူ (၃၀၇၂၇) ယောက်နဲ့ မ ရှိသူ (၃၀၀၀၀၀) နီးပါးပါဝင်ခဲ့ပါ တယ်။ ထိုအထဲမှာမှ သုတေသီတွေ ဟာ အဆစ်အမြစ်ရောင်ရောဂါနဲ့ သက်ဆိုင်တဲ့ မျိုးဗီဇ (၉) ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ လက်ရှိကာလမှာ တော့ အဆစ်အမြစ်ရောင်ရောဂါဟာ ကမ္ဘာနဲ့အ၀ှမ်း စိန်ခေါ်မှုတစ်ရပ် လည်း ဖြစ်ပါတယ်။ လူအမျိုးမျိုးကို သက်ရောက်စေနိုင်သလို ဒူးဆစ်ရိုး၊ တင်ပဆုံရိုး၊ ကျောရိုးစသဖြင့် အဆစ် အမြစ်အမျိုးမျိုးကို ထိခိုက်စေနိုင်ပါ တယ်။ အဆစ်အမြစ်အစားထိုးတဲ့ ခွဲစိတ်မှုပြုလုပ်ထားတဲ့ လူတွေဆီမှ ပုံမှန်အရိုးနုနဲ့ ရောဂါဖြစ်နေတဲ့အရိုး နု နှစ်မျိုးစလုံးကို လေ့လာခြင်းဖြင့် မျိုးဗီဇအသစ် (၉) ခုရဲ့ ကဏ္ဍကိုစမ်း သပ်ခဲ့ကြပါတယ်။

ကျန်းမာတဲ့တစ် သျှူးနဲ့ ရောဂါဖြစ်နေတဲ့ တစ်သျှူးတွေ ဆီမှ ဆဲလ်တွေကိုရယူပြီး အဆစ်အ မြစ်ရောင်ရောဂါမှာ ပါဝင်လုပ် ဆောင်နေတဲ့ မျိုးဗီဇတွေကို အသေး စိတ်လေ့လာခဲ့ကြတာလည်း ဖြစ်ပါ တယ်။ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဆက်နွယ်နေတဲ့ မျိုးဗီဇ (၉) ခုထဲကမှ (၅) ခုဟာ ကျန်းမာတဲ့တစ်သျှူးနဲ့ ရောဂါ ဖြစ်နေတဲ့တစ်သျှူးတွေမှာ သိသိသာ သာကွဲပြားနေတာကိုလည်း တွေ့ရပါတယ်။ ထပ်ပေါင်းလေ့လာမှု တွေအရ အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ သွေးတွင်းအဆီဓာတ်များ ပြားခြင်းဟာ အဆစ်အမြစ်ရောင် ရောဂါအပေါ်မှာ ထူးခြားတဲ့သက် ရောက်မှုမျိုး ရှိမနေတာကိုလည်း တွေ့ရပါတယ်။ ဒီမျိုးဗီဇတွေ့ရှိချက် တွေဟာ အဆစ်အမြစ်ရောင် ရောဂါ သည်တွေအတွက် တကယ့်ကိုအကျိုး ရှိစေနိုင်မဲ့တွေ့ရှိမှုလည်း ဖြစ်ပါ တယ်။ နေ့စဉ်ဘ၀၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံနေကြရပြီး ဘ၀အရည်အသွေးကို ပါ ထိခိုက်လာစေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်လည်း ဖြစ်ပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ