အအိပ်အနေနည်းခြင်းဟာ အယ်လ်ဇိုင်းမားကို ပိုဆိုးစေ


အယ်လ်ဇိုင်းမားရောဂါဆိုတာ အာရုံကြောနဲ့ သက်ဆိုင်တဲ့ရောဂါ တစ်ခုဖြစ်ပြီး ဦးနှောက်ထဲမှာ Beta-amyloid ခေါ်တဲ့ ပရိုတင်းအစု အဝေးတွေစုပုံရာမှ ဖြစ်ပေါ်လာခြင်း လည်း ဖြစ်ပါတယ်။ အိပ်စက်ခြင်းရဲ့ ကောင်းကျိုးတစ်ခုဟာ Beta-amyloid တွေ ကို ရှင်းလင်းပစ်နိုင် တာပဲဖြစ်တယ်လို့ ယုံကြည်ကြပြီး အအိပ်အနေနည်း သွားမယ်ဆိုရင် တော့ ႀနအေ-ောပူသငိ တွေ စုပုံလာ လိမ့်မယ်လို့ သုတေသီတွေက ဆိုပါ တယ်။

 နေ့ခင်းဘက်တွေမှာ အလွန် မင်းအိပ်စက်ကြတဲ့ အသက်ကြီးတဲ့ သူတွေဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို ပိုမိုကြုံတွေ့ရနိုင်တယ်လို့ ယခင်က ယူဆထားခဲ့ကြပါတယ်။ ဒီသုတေ သနဟာ ဆက်စပ်မှုကို ဖော်ပြခြင်း သာဖြစ်ပြီး အိပ်စက်ချိန်နည်းခြင်း ဟာ အယ်လ်ဇိုင်းမားကို ဖြစ်စေတယ် လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ သို့သော် လည်း အိပ်စက်ခြင်းနဲ့ Beta-amyloid ပရိုတင်းကြားက ဆက်စပ် မှုဟာ အလွန်ပဲထင်ရှားပြီး ဘာ ကြောင့်လဲဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ အိပ်စက်ချိန်ဘယ် လောက်အထိ လျော့နည်းသွားရင် Beta-amyloid တွေ များလာနိုင်သ လဲဆိုတာကလည်း စိတ်ဝင်စားစရာ ပါ။ Beta-amyloidပရိုတင်းအစုအ ဝေးတွေဟာ အယ်လ်ဇိုင်းမားရောဂါ လက္ခဏာတစ်ခုဖြစ်သော်လည်း ဒါရှိ နေခြင်းဟာ ကြမ္မာဆိုးတစ်ခုမဟုတ်ပဲ အသက်အရွယ် ကြီးလာခြင်းရဲ့ အမှတ်လက္ခဏာ တစ်ခုသာလျှင် ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ Amyloid တွေကို ရှင်းလင်းဖို့အတွက် အရေးကြီးတယ်လို့ သုတေသီတွေက ဆိုထားပြီး အိပ်စက်မှုနည်းပါးသွား မယ်ဆိုရင် Amyloid ဖြစ်ပေါ်မှုမြင့် တက်လာပြီး အယ်လ်ဇိုင်းမားဖြစ်နိုင် ခြေလည်း မြင့်မားလာတာပဲ ဖြစ်ပါ တယ်။ အသက် (၇၀) နဲ့အထက်ရှိ တဲ့ လူကြီး (၃၀၀) နီးပါးကို သုတေ သနပြုလုပ်ခဲ့တာဖြစ်ပြီး ပါဝင်သူအား လုံးဟာ (၂၀၀၉) ခုနှစ်မှ (၂၀၁၆) ခုနှစ်အတွင်း အနည်းဆုံးဦးနှောက် ပုံရိပ်ဖော်စက်ဖြင့် နှစ်ကြိမ်စမ်းသပ်မှု ခံယူခဲ့ကြပါတယ်။

ရလာဒ်တွေအရ အအိပ်အနေ နည်းသူတွေရဲ့ ဦးနှောက်ရဲ့အဓိက နေရာတွေမှာ Beta-amyloid ပရို တင်းအစုအဝေးတွေ မြင့်မားစွာ ရှိနေတာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါ တယ်။ ဒီသုတေသနရလာဒ်တွေကို JAMA Neurology ဂျာနယ် မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ