Waxing ဖယောင်းသုံးပြီး အမွေးတုံးစေမယ်


မင်္ဂလာပါ ဆရာ ကျွန်မ အသက်၃၀ အိမ်ထောင်ရှိ သားဦးကိုယ်ဝန် ၂လပါ ဟိုးအရင်တည်းက သုံးနေကျ Hair removal cream ကို ခြေသလုံး အမွှေး ပျောက်ဖို့ သုံးလို့ ရမလားရှင်

မင်္ဂလာပါဆရာ။ ကျွန်မနာမည် ___ ပါ။ အသက် ၂၄ ပါ။ အိမ်ထောင်မရှိ အပျိုပါ။ မန္တလေးမှာနေပါတယ်။ မလိုအပ်တဲ့ နေရာတွေက အမွေးများကို တစ်ချို့ Spa တွေမှာ Waxing သို့မဟုတ် Laser နည်းနဲ့ဖယ်ရှားပေးပါတယ်။ အထူးသဖြင့် အမျိုးသမီးအင်္ဂါတဝိုက်က အမွေးအမျှင်များ ဖယ်ရှားရာမှာ လေဆာသုံးပြီးလုပ်ရင် သားအိမ်ထိခိုက်မှု ရှိနိုင်ပါလား။ ကျေးဇူးပြု၍ ရှင်းပြပေးပါဆရာ။

ကိုယ်မွေးနုတ်ချင်ရင် Waxing ဖယောင်းနည်းက အထိရောက်ဆုံးဖြစ်တယ်။ Warm waxing အပူနည်းနဲ့ Cold waxing အအေးနည်းဆိုပြီးရှိတယ်။ အပူနည်းက ပိုထိရောက်တယ်။ နုတ်ချင်တဲ့အမွေးတွေအပေါ်မှာ ဖယောင်းရည် ပါးပါးသုတ်၊ အပေါ်မှာ စက္ကူ ဒါမှမဟုတ် အဝတ်စကပ်ပြီး၊ အမွေးပေါက်ရာလမ်းကြောင်းအတိုင်း ဆွဲနုတ်ရတယ်။

Eyebrow waxing မျက်ခုံးမွေး၊ Leg waxing ခြေသလုံးမွေး၊ Arm/underarm waxing လက်-ချိုင်းမွေး၊ Back waxing ကျောမွေး၊ Chest waxing ရင်ပတ်မွေး၊ Upper Lip နုတ်ခမ်းမွေး၊ Entire body wax တကိုယ်လုံးကအမွေး၊ ဘယ်အမွေး မဆို ဖယောင်းနည်းနဲ့ နုတ်ပေးနိုင်တယ်။ ဒါပေမဲ့ နား-နှာခေါင်းထဲကအမွေး၊ မျက်တောင်မွေးတွေကိုတော့ မလုပ်ရပါ။

အခုနောက်ပိုင်း ပိုလွယ်လာပြီ။ ဝယ်လို့ရတယ်။ ဈေးလဲ မကြီးဘူး။ လျှပ်စစ် မီးပလပ်ထိုးရုံဘဲ။ ဖယာင်းလဲ အဆင်သင့်ပါ၊ တစ်ရှူး-ပေပါ ထူထူလဲ တခါထဲ ပါတယ်။ ဖယောင်းအနေတော်ထည့်၊ မီးပလပ်တပ်၊ ဖယောင်း ပျော်ရင် မီးပိတ်၊ ခဏစောင့်၊ နုတ်ချင်တဲ့ နေရာပေါ် ဗူးထဲမှာပါတဲ့ သတ္ထုပြားလေးနဲ့ ဖယောင်ရည်ကို ကော်ပြီးသုတ်။ နောက် စက္ကူကပ်၊ ခဏနေရင် အမွေးပေါက်လမ်း အတိုင်းလို့ ဆတ်ကနဲ ဆွဲခွါရုံဘဲ။ ဒိထက် လွယ်သေးပြန်တာက တခါသုံး ပလပ်စတစ် အိတ်လေးထဲမှာ ဖယောင်းရော စက္ကူရော ကပ်ထားပြီးသာ။ ဘာမီး-လျှပ်စစ်မှ မလိုတော့ဘူး။

အကောင်း-အဆိုး
အမွေးတွေထူနေတာအတွက် ကောင်းတယ်။ ကြာကြာခံတယ်။ ၂-၈ ပါတ်ခံတယ်။ ရိတ်ရင် အခြေက ပါမသွားလို့ ရှည်လာတာ မြန်တယ်။ ဖယောင်းနဲ့ နုတ်ပြီး ပြန်ပေါက်တာက အရင်လောက် မသန်တော့ဘဲ ဒီနည်းနဲ့ ခဏခဏ နုတ်ရင် အမွေးနုလာစေမယ်။ ဒါပေမဲ့ အနာနဲနဲခံရမယ်။ ခဏပါ။ ပိုက်ဆံပိုသုံးရမယ်။ သူများဆီမှာ မျက်ခုံးမွေးအတွက် $12 နဲ့ တကိုယ်လုံးဆို $300 ကုန်မယ်။ တတ်ကျွမ်းသူကနေသာ လုပ်ပေးနိုင်တယ်။ နောက်ဘယ်တော့မှ မပေါက်တော့ဘူးတော့ မဟုတ်ပါ။

နုတ်တာ လမ်းကြောင်းမမှန်ရင် နောက်ပေါက်လာမဲ့ အမွေးက ကောက်ကွေးနိုင်တယ်။ အဆင်မပြေရင် သွေးနဲနဲ ထွက်နိုင်တယ်။ နီနေနိုင်တယ်။ ဆီးချို မကျသူတွေ မလုပ်သင့်ဘူး။ သွေးပြန်ကြောထုံးနေသူလဲ မလုပ်သင့်ပါ။ Retin-A, Renova, Differin or isotretinoin ဆေးသောက်နေသူတွေလဲ ရှောင်သင့်တယ်။ အရေပြားမှာ ကူးစက်ရောဂါရှိနေရင် ဆေးကုပြီးမှ လုပ်ရမယ်။ အရေပြားက သိပ်နု-သိပ်ပါးသူတွေ မကောင်းဘူး။ ဥပမာ စတီရွိုက်ဆေး လိမ်းနေသူတွေ။ ဝက်ခြံအတွက် Roaccutane ဆေး သုံးနေရင်လဲ အရေပြားက သိပ်ခြောက်နေလို့ မကောင်းဘူး။ ၆ လလောက် စောင့်ပါ။ အရေပြားပေါ် ကြွနေတဲ့ မှဲ့တို့ အသားပိုတို့ကို ဒီနည်းနဲ့ လုပ်မရပါ။ အောက်မှာ ရှနေတာ၊ အနာ၊ သွေးခြည်ဥတာ ရှိနေရင်လဲ မလုပ်သင့်ပါ။

Oil based lotions or creams ဆီပါတာတွေ မသုံးရပါ။ သီးသန့် ပေါက်နေတဲ့ အမွေးရှိရင် Tweezers ဒါမှမဟုတ် Electrolysis သုံး နုတ်ရမယ်။ ရှည်နေရင် ကပ်ကြေး၊ Electric razor တခုခုနဲ့ အရင် တိုလိုက်ရသေးတယ်။ မနာစေချင်ရင် ဖယောင်းနည်း မလုပ်ခင် Ibuprofen အနာသက်သာဆေး ၁ နာရီကြိုသောက်တယ်။ အဆင်မသင့်ရင် Staphylococcus aureus ပိုးကြောင့် Folliculitis အမွေးအိတ်ရောင်တယ်။ Antibiotics ပေးရတယ်။ ပြည်တည်တတ်တယ်။

ကိုယ်မွေးကို တခြား ဂရုစိုက်နည်းတွေလဲ ရှိပါတယ်။
• အမွေးကို အရောင်ဆိုး-ချွတ်နည်း Bleaching ကိုလဲသုံးတယ်။
• Shaving ရိတ်နည်းက အမွေးကို နောင်ဘယ်လိုမှ မပြောင်းလဲစေဘူး။
• Plucking ဈေးအချိုဆုံးနည်။ အမွေးကို ဘယ်လိုမှလဲ မပြောင်းလဲစေဘူး။ ရိတ်နည်းထက် ပြန်ပေါက်ဘို့နှေးတယ်။ ခဏခဏနုတ်ရင် အမွေးအခြေကို ထိခိုက်စေလို့ ပြန်ပေါက်တာ ပိုနှေးစေတယ်။
• Sugar Waxing ဆိုတဲ့ သကြားသုံးနုတ်နည်းလဲ ပေါ်ပြူလာဖြစ်လာတယ်။ ပူတင်း၊ ရေခဲမုံ့ စတာတွေအပေါ်မှာ သုံးတဲ့ သကြားရည် အပျစ်စားကို သုံးတယ်။ ရေမှာပျော်တဲ့အမျိုးမို့ ဖယောင်းထက် သန့်ရှင်းရတာ လွယ်ကူတယ်။
• Depilatories ဆေးနည်းလဲရှိတယ်။ Thioglycolate နဲ့ Sodium hydroxide or Calcium hydroxide ဆေးတွေ ရောသုံးတယ်။ အမွေးကို ၃-၁၅ မိနစ်အတွင်း ဂျယ်လီလိုဖြစ်ပြီး ပျော်သွားစေတယ်။ ဒီဆေးနည်း မလုပ်ခင် ၂ ရက် ကြိုတင် တည့်-မတည့်စမ်းသင့်တယ်။ အမွေးတွေ ရှင်းသွားရင် Hydrocortisone cream (ကော်တီဇုန်း) ဆေး လိမ်းပေးရင် သက်သာတာ မြန်မယ်။
• Electrolysis လျှပ်စစ်နည်း။ အမွေးအခြေထဲ အပ်သေးသေးထည့် လျှပ်စစ်နဲ့ မီးရှို့တာပါ။ တပင်ချင်း လုပ်ရတာ။ ခဏခဏလုပ်ရင် ရာသက်ပန် အမွေးပြန်မပေါက်တော့ဘူး။ ခက်တာက လိုင်စင်ထုတ်ပေးဘို့ တိတိကျကျ သတ်မှတ်ချက် မရှိသေးဘူး။ ခဏခဏဆိုတာ ၁ နှစ် ၁ နှစ်ခွဲ ကြာမယ်။
• Vaniqa နည်း။ ဆရာဝန် လက်မှတ်နဲ့မှ ဝယ်နိုင်တဲ့ ဆေးဖြစ်တယ်။ African sleeping sickness နဲ့ Cancer (ကင်ဆာ) တချို့အတွက်သုံးတဲ့ Eflornithine hydrochloride ဆေးပါတယ်။
• Laser လေဆာနည်း။ ခေတ်စားတာပါဘဲ။ လူတိုင်းကို လုပ်မရသလို ရာသက်ပန် မပေါက်မှာလဲ မဟုတ်ပါ။ အသားဖြူသူတွေ အမွေးနက်ပေါက်တာမျိုး ပိုအဆင်ပြေမယ်။

ကနေ့ခေတ် အမျိုးသမီးတွေက ဝတ်တာစားတာမှာ အတွင်းခံကအစ တိုရုံမက သေးသေး ငယ်ငယ်လာကြတယ်။ ဖေါ်တော့ ဖေါ်ချင်ပေမဲ့ နဲနဲတော့ အရှက်တရား ရှိသေးတယ်။ သဘာဝအတိုင်း ပေါက်နေတဲ့ ဆီးစပ်မွေးကို လုံအောင်ဆိုရင် သိပ်သေးမရလို့ ရေကူးဝတ်စုံ ဝတ်လို့ မလုံမှာတွေကို ဖယောင်းနည်းနဲ့ နုတ်ကြရတယ်။ တချို့ကလဲ ဒီလိုလုပ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတာတော့ ရှိတာပေါ့။

• အဲလို ပုံသွင်းသလို နုတ်နည်းကို American wax နဲ့ Bikini waxing ခေါ်တယ်။ (ဘီကီနီ) နဲ့ ရေကူးဝတ်စုံအတိုင်း အံကျပန်ကျ ဖုံးမဲ့နေရာ အောက်မှာသာ အမွေးရှိနေအောင် နုတ်ရတယ်။
• French waxing ပြင်သစ်နည်းကတော့ တမျိုး။ အထက်-အောက် အတန်းပုံဖြစ်ပြီး လေယာဉ် အဆင်းလမ်းလိုမို့ Landing strip လို့ ခေါ်တယ်။ လက်ချောင်း ၂ ချောင်း၊ ၃ ချောင်းသာ အထက်-အောက်ရှိပြီး၊ ဘေးတိုက်က ၄ စင်တီမီတာသာ ကျယ်တယ်။
• ပြောင်နေအောင် ရိတ်နည်း Full Brazilian ခေါ်တယ်။ ၁၉၆၆ ကနေဒါမှာ တွေ့ခဲ့တဲ့ အမွေးမပါတဲ့ ကြောင်လေး နာမည်ကို အစွဲပြုပြီး ဒီလိုနည်းကို Sphynx လို့လဲ ခေါ်ကြတယ်။ ရှေ့ရော-နောက်ပါ အမွေးမှန်သမျှ နုတ်တယ်။
• အဲလောက် မပြောင်တာမျိုးကို Partial Brazilian wax လို့ ခေါ်ကြတယ်။ မအင်္ဂါနုတ်ခမ်းသားနဲ့ ဝမ်းသွားပေါက်က အမွေးတွေပါ နုတ်ရတာကို Playboy wax or G-waxing လို့ နာမည် ပေးထားတယ်။
• မျဉ်းကြောင်းလေးလိုသာ ချန်ထားရင် Thong bikinis ဆိုတဲ့ ဒီဇိုင်နာ ဘီကီနီ (Metallic Micro G String Bikini, Metallic Snakeskin Thong Bikini, Polka Dot Micro Thong, Red Cheetah Bungie Bikini, Rhinestone Micro Bikini, Sea Saw Bikini, Sequin Scrunch Butt Bikini) တွေ ဝတ်လို့ အဆင်ပြေမယ်။

ကိုယ်မွေး ပုံဖေါ်တာမှာ ယောက်ျားများအတွက် Hitler's Moustache နဲ့ Chaplin's Moustache ဆိုတာတွေက အောက်သွားပြီထင်တယ်။ မိန်းကလေးများကတော့ Heart အသဲပုံဖေါ်ပြီး၊ Valentine's Day အတွက် (စပါယ်ရှယ်) လုပ်ကြပါသတဲ့။ (ရိုင်းတာပါရင် ကန်တော့ပါ။)

Dr. တင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ