မနက်ပိုင်းမှာ ကိုယ့်ရဲ့ အသားအရေကို အကောင်းဆုံး ဘယ်လိုထိန်းသိမ်းမလဲ?



1. မနက်အိပ်ရာက နိုးချိန်မှာ မျက်နှာပေါ်မှာ ချွေးနဲ့ အဆီတွေ ရှိနေတတ်တာကြောင့် အရင်ဆုံး သန့်စင်ပေးဖို့ လိုပါတယ်။ လက်ဖဝါးထဲမှာ မျက်နှာသစ်ဆေးကို အမြှုပ်ထအောင်ပြုလုပ်ပြီး မျက်နှာပြင်ပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်တိုက် နှိပ်နယ်ပေးပြီးမှ ရေဆေးကာ သန့်စင်လိုက်ပါ။ မနက်ခင်းမှာ သင့်မျက်နှာနဲ့ လည်ပင်းနေရာအနှံ့ကို ရေအေးအေးနဲ့ သန့်စင်လိုက်ပါ။

2. မျက်နှာပေါ်က ရေဓာတ်နဲ့ PH ကို ထိန်းသိမ်းပေးနိုင်ဖို့ မျက်နှာသစ်ပြီးချိန် Toner တစ်မျိုး သုံးပေးပါ။ အသားအရေ ခြောက်သွေ့သူနဲ့ အထိအခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေအတွက် အရက်ပြန် မပါဝင်တာမျိုးကို ရွေးချယ်ပေးပါ။ မျက်နှာနဲ့ လည်ပင်းအနှံ့ ဂွမ်းဖတ်လေးနဲ့ လိမ်းပေးပါ။

3. ရေဓာတ်ပါဝင်တဲ့ ခရင်မ်တွေကို သင့်မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်နဲ့ နှုတ်ခမ်း ဘေးတစ်ဝိုက်နေရာတွေကို လိမ်းပေးပါ။ မှန်ကန်တဲ့ မိတ်ကပ် အမျိုးအစားကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သင့်မျက်နှာက အဆီပြန်တတ်သူဆိုရင် အရည်အမျိုးအစား ဖောင်ဒေးရှင်းထက် ပေါင်ဒါ ပုံစံမျိုးကို ရွေးသင့်ပါတယ်။ ပေါင်ဒါ အမျိုးအစားက အဆီဓာတ် ပါဝင်မှု နည်းပြီး ခြောက်သွေ့စေတာကြောင့်ပါ။ သင့်အရေပြားက ခြောက်သွေ့ရင်တော့ အရည်အမျိုးအစားနဲ့ ခရင်မ်ပုံစံကို ရွေးပါ။ မိတ်ကပ်နဲ့ ဓာတ်မတည့်မှု မဖြစ်စေဖို့ သင့်လက်မောင်း အတွင်းပိုင်း နေရာမှာ အရင်ဆုံး ဓာတ်မတည့်မှု ဖြစ်၊ မဖြစ် စမ်းသပ်ပြီးမှ ဝယ်ပါ

4.နံနက်ခင်းမှာ သစ်သီး အမျိုးမျိုး၊ ဂျုံနဲ့ ဒိန်ချဉ်တွေကို ပါဝင်အောင် စားပေးပါ။ ဒါတွေက ဗီတာမင်စီနဲ့ အီး ပါဝင်တာကြောင့် အရေပြားကို ကောင်းမွန်စေပါတယ်။ အနည်းဆုံး တစ်နေ့ ရေခြောက်ခွက်သောက်ပေးတာကလည်ူ အသားအရေအတွက် ကောင်းကျိုးကို ရရှိစေပါတယ်။

Jackie

#healthy.thithtoolwin.com

Ref: MNT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ