Giddiness and nausea အမျိုးသမီး တဦး ခေါင်းမူးပြီး အန်တာ


မင်္ဂလာပါ ဆရာရှင့် ကျွန်မနာမည့့် ပါ။ အသက် ၃ဝ နှစ်။ အပျို။့ မှာ အလုပ်လုပ် နေပါတယ်ရှင့်။ ကျွန်မအလုပ်က တနေကုန် ကွန်ပျူတာ သုံးရပါတယ်။ လွန်ခဲ့တဲ့သုံးရက်က ခေါင်းမူးလို့ ဆေးခန်းသွားပြခဲ့ပါတယ်ဆရာ။ သွေးပေါင်ချိန်ကတိုင်းတော့ ပုံမှန်ပါပဲတဲ့။ အဖျားလဲ မရှိပါဘူးရှင့်။ မျက်စိကလဲ အနီးကော အဝေးကော ကောင်းကောင်း မြင်နေရပါတယ်။ အစားအသောက်လဲ ပုံမှန်စားပါတယ်။ အိပ်ရေးလဲ မပျက်ပါဘူးရှင့်။ ဒါပေမယ့် ခေါင်းမူးပြီး ခဏခဏ အန်နေလို့ပါ ဆရာ။ ခေါင်းကို နည်းနည်းလှုပ်တာနဲ့ နောက်စေ့ထဲကနေ မူးပါတယ်။ ဘာလို့ အဲ့လိုဖြစ်တာလဲဆိုတာ သိချင်လို့ပါရှင့်။ အဲ့လိုဖြစ်တာ ငါးရက်ရှိပါပြီ။ ကျေးဇူးတင်စွာဖြင့်

၂။ ကျွန်မက အိပ်ရေးပျက်တာများရင် အစာလွန်တာများရင် ခေါင်းတွေမူးပြီး အန်တက်ပါတယ်။ ဆရာ့ဆောင်းပါးက အချက်တွေက ကျမဖြစ်နေတာတွေနဲ့ တော်တော်ဆင်တူပါတယ် ဆရာ။ အရင်က အဖြစ်ကျဲပေမဲ့ အခု ခဏခဏလည်း ဖြစ်တက်ပါတယ်။ သောက်ရမဲ့ဆေးကို ညွှန်ကြားပေးစေချင်ပါတယ် ဆရာ။

ဆေးဆရာ မလုပ်ခင် မြန်မာစာဆရာ အရင်လုပ်ပါရစေ။ တချို့ စာရေးရင် မမှားအောင်တော့ ရေးကြတာဘဲ၊ ဒါပေမဲ့ သိထားတာကိုက မမှန်တာဘဲလို့ မှန်းနိုင်တယ်။ အဆာလွန်ကို အစာလွန်၊ အဆင်ပြေကို အစဉ်ပြေလို့ မှားရေးကြတာ။ သူတို့ခင်ဗျာ သတ်ပုံမှားတာ မဟုတ်ဘဲ၊ အဓိပ္ပါယ်ပါ လွဲနေကြတယ်။ (ဘလော့ခ်) မှာ ရေးကြတာ တခု ကောင်းတာက စာမတတ် လမ်းဖတ်ဆိုသလို ကြားတဲ့ဖတ်တဲ့သူက မှားတာကို ထောက်ပြ ပြင်ပေးနိုင်တယ်။ ခေတ်ကလည်း အမြန်ခေတ်မို့ မြန်အောင် ခပ်လွယ်လွယ် လုပ်ကြတာကိုး။ သိပ်စစ်ဆေးမနေကြတော့ဘူး။ အတိုကောက်စာတွေ ရေးကြတာ၊ မြန်တော့ မြန်ပါရဲ့။ အရှည်ကောက်ကို သိပ်မသိကြတော့ဘူး။ သတ်ပုံရော၊ သဒ္ဒ့ါပါ ပယ်ရာကျနေတယ်။

ရောဂါအခြေအနေ အကုန်အစင် မသိရဘဲ ဆေးနည်းပေးရတာ ရမ်းကုဆရာသဘောတော့ ဖြစ်နေတယ်။ သိရတဲ့ လက္ခဏာက ၂ ရပ်သာ တွေ့ရတယ်။ ခေါင်းမူးတာနဲ့ အန်တာ။ ဘာ့ကြောင့်ဖြစ်သလဲ အိပ်ရေးပျက်တာနဲ့ အစားများတာ။ ခေါင်းမူးစေတဲ့ အကြောင်းရင်တွေက များလှတယ်။ သွေးအားနည်းတာ၊ သွေးတိုးတက်တာ စတာတွေ။ အန်စေတဲ့ အကြောင်းတွေလဲ မနည်းဘူး။ အစာမကျေတာ၊ လေနာရှိတာ၊ စတာတွေ။ မိန်းကလေးဆို ကိုယ်ဝန်။

အာဂန္တုရောဂါ ဖြစ်ပုံရပါတယ်။ အစာစားပြီး ခဏ လူရောစိတ်ပါ နားနေပါ။ လိုအပ်သေးရင် Digestive enzyme ဆေးတခုခု သောက်ပါ။ ရက်အကြာကြီး မသောက်ရပါ။ အစာကျေရင် အန်စရာမရှိဘူး။ အအန်ပျောက်ဆေးတွေက အိပ်ချင်တတ်တယ်။ လိုမှာသာ သောက်ပါ။ BP သွေးဖိအား စစ်ပါ။ သွေးအား နည်းနေ-မနေ စစ်ပါ။ ဖြူဖတ်-ဖြူရော် ဖြစ်နေရင် သွေးအားနည်းနေနိုင်တယ်။ အမျိုးသမီးတိုင်း Ferrous sulfate နဲ့ Folic acid ကို နေ့တိုင်း သောက်သင့်တယ်။

• Acute Periphreral Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/08/acute-periphreral-vertigo.html
• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://doctortintswe.blogspot.com/2015/05/bppv.html
• Dizziness အမူးရောဂါ http://doctortintswe.blogspot.com/2015/06/dizziness.html
• Migraine (1) မိုင်ဂရင်း (၁) http://doctortintswe.blogspot.com/2015/03/migraine-2.html
• Migraine (2) မိုင်ဂရင်း (၂) http://doctortintswe.blogspot.com/2014/11/migraine-2.html
• PPPD ခေါင်းမူးရောဂါတမျိုး http://doctortintswe.blogspot.com/2017/05/pppd.html
• Vertigo အမူးရောဂါ https://doctortintswe.blogspot.com/2015/01/vertigo.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ