လူ့ခန္ဓာကိုယ်အတွက် သံဓာတ်
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဓာတ်များစွာရှိနေပေမဲ့ သံဓာတ် သည်လည်း အဓိကကျပါသည် ။
သံဓာတ်အားနည်းသည့်အခါ ဌင်းသံဓာတ်အားနည်းနေခြင်းကြောင့်သွေးတွင်းဟီမိုဂလိုဘင်ပါ အားနည်းဖြစ်ပေါ်လာသည့်အတွက် ခန္ဓာကိုယ်အတွက် အောက်စီဂျင်လျော့နည်းခြင်းဖြစ်ပေါ်လာရပါသည် ။
အောက်စီဂျင်လျော့နည်းလာခြင်းကြောင့် ဦးနှောက်မကြည်မလင်ဖြစ်ပေါ်လာခြင်း ၊ အားအင်နည်း နွမ်းလျဖြစ်ခြင်း မောပမ်းလာခြင်း စိတ်မကြည်လင်ခြင်း အစရှိသည့်တို့ ဖြစ်ပေါ်ခံစားရတက်ပါသည် ။
အမျိုးသားများထက် အမျိုးသမီးများတွင် သံဓာတ်လျှော့နည်းဖြစ်ပေါ်မှု့များသည့်အတွက် ပိုမိုလိုအပ်သော သံဓာတ်ဖြစ်ပါသည် ။ လစဉ်တိုင်အမျိုးသမီးများတွင် အပျိုအရွယ်ဝင်စချိန်မှစတင်ခါ ဓမ္မတာလာသည့် သွေးအတွက်ကြောင့် ဌင်းသံဓာတ်ပိုမိုနည်းပါးတက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သံဓာတ်ပမာဏကို သာမန်အချိန်ထက် များစွာလိုအပ်ပါသည် ။
သံဓာတ်ပါဝင်မူ့များသည့် အမဲအသည်း ၊ နီမြန်းသောအသား ၊ ကြက်သားရင် အသားဖြစ်ပြီး ပဲနီလေး ၊ ထောပတ်ပဲ တိုဟူး ၊ အာလူး နှင့် ပန်းဂေါ်ဖီ ကန်စွန်းရွက်
စားသင့်သလို အခွံမာသောအစေ့အဆန်နှင့် ဖရုံအစေ့
မြေပဲ ၊ အသီးအရွက်အနေဖြင့် ဟင်းနုနယ်ရွက်တွင် သံဓာတ်များပြီး ကန်စွန်ရွက်တို့တွင်ပမာဏအနည်းငယ်ပါဝင်သဖြင့် စားသောက်သင့်ပါသည် ။
သံဓာတ်နည်းပါးသည်အတွက် သံဓာတ်ပါဝင်နှုန်းများသော အသားများစားခြင်း အရွက်များစားခြင်း သာမန်လူအနေဖြင့် တည်ပေမဲ့
အသည်းရောဂါ အသည်းပိုးရောဂါဖြစ်နေပါက သံဓာတ်များသော အစားအစာများ ရှောင်ရှားရပါမည် ။
အသည်းဝေဒနာခံစားဖြစ်ပေါ်နေသည့်အတွက် သံဓာတ်ပမာဏများသောကြောင့် အသည်းပိုမို ပျက်စီးစေသည့်အတွက် အထူးဂရုပြု့သင့်ပါသည် ။ အသည်းရောဂါနှင့် စီပိုး ရှိနေပါက နီသောအသားနှင့် အသည်း ကလီစာများ မစားသင့်သလို သံဓာတ်ပါဝင်များသော အရွက်များ လွန်ကဲစားသောက်ခြင်းကို ရှောင်သင့်ပါသည် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin