Eating Habit (1) အမေရိကန်ဆရာဝန်တယောက်နဲ့ အင်တာဗျူး


မေး။ နှလုံးရောဂါရှိတဲ့လူတွေ လေ့ကျင့်ခန်းလုပ်ရင် အသက်ရှည်တယ်ဆိုတာ ကြားဘူးပါတယ်ဆရာ။

ဆရာဝန်။ နှလုံးဆိုတာ အမြဲတန်းခုန်နေရတာမို့ သူခုန်ရမှာထက်ပိုအခုန်ခိုင်းရင် ပစ္စည်းများလိုဘဲ ကြာကြာသုံးလေ ပွန်းလေ ဟောင်းလေ မဟုတ်လားဗျာ။ သူ့ကို ထပ်ခုန်အောင် လုပ်ခိုင်းတာဟာ ကားကို ကားသက်ရှည်အောင် အမြန်မောင်းသလိုဘဲ။ လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်မနေပါနဲ့၊ အိပ်သာနေပါဗျာ။

မေး။ ကျွန်တော် အသားလျော့ပြီး၊ အသီးအနှံပိုစားရင် ကောင်းမလားဆရာ။

ဆရာဝန်။ ဒီလိုတည့်တည့်စဉ်းစားကြည့်ဗျာ။ နွားတွေဘာစားလဲ မြက်တို့၊ ပြောင်းတို့စားတာမဟုတ်လား။ အဲတာတွေကကော ဘာတွေလဲ။ အသီးအနှံတွေလေ။ ဒါ့ကြောင်း အမဲသား(စတိခ်)ဟာ ခင်ဗျားကိုယ်ခန္ဓာအတွက် အသီးအနှံတွေကို ထိထိရောက်ရောက် ပြောင်းပေးထားလိုက်ပြီးသားဗျ။ အစေ့အဆံလိုသလား။ ကြက်သားစားဗျာ။ အမဲသားဟာ အရွက်ကြော်ကောင်းတခွက်ဘဲ။ ဝက်သားစဉ်းကောကနေ ခင်ဗျာ့အတွက် အသီးအရွက်လိုအပ်ချက် ရာနုန်းပြည့်ရပါတယ်။

မေး။ ကျွန်တော် အရက်လျော့သောက်ရမလား။

ဆရာဝန်။ လုပ်မနေပါနဲ့။ ဝိုင်ဆိုတာ အသီးအနှံကနေလုပ်တာ။ ဘရန်ဒီကလဲ ဝိုင်ကိုချက်တာ။ တိတိကျကျပြောရင် သူ့ထဲကနေ ရေထုတ်လိုက်တာလေ။ ဒီတော့ ပိုမကောင်းပါလား။ ဘီယာကရော အစေ့အဆံကနေလုပ်တာ။ ဒီတော့ သောက်တာသောက်ပါ ကိုယ့်လူရာ။

မေး။ ကျွန်တော့်ကိုယ်အလေးချိန်နဲ့ အဆီအချိုးကို ဘယ်လိုတွက်ရမလဲ။

ဆရာဝန်။ ခင်ဗျားမှာ ကိုယ်ခန္ဓာရှိရင် အဆီရှိမှာဘဲ။ တကိုယ်ထဲရှိတော့ တစ်အချိုး တစ်ပေါ့။ နှစ်ကိုယ်ရှိရင်တော့ တစ်အချိုး နှစ်။

မေး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ရတဲ့ အကျိုးကျေးဇူးတွေ ပြောပါအုံး။

ဆရာဝန်။ တခုမှ စဉ်းစားမရဘူးဗျ။ ကျွန်တော့ ဖီလော်ဆော်ဖီကတော့ ကိုယ့်အသားအနာမခံရေးဘဲ။

မေး။ ကြော်ထားတဲ့အစားတွေက ဘယ်လိုဆိုးကျိုးပေးပါသလဲ။

ဆရာဝန်။ ခင်ဗျား ကျွန်တော်ပြောတာ နားထောင်မှ မနေဘဲ။ ကနေ့ကာလမှာ အစားအစာမှန်သမျှ အသီးအနှံဆီနဲ့ ကြော်တာတွေချည်းဘဲ။ ဟုတ်ပါတယ်။ အစားအစာတွေထဲ ဆီကစိမ့်ဝင်တာပေါ့။ ဒီတော့ အသီးအနှံတွေများများဝင်တာ ခင်ဗျားအတွက် ဆိုးမတဲ့လားဗျာ။

မေး။ ထိုင်-ထ လုပ်တာကြောင့် ခါးကျပါသလား။

ဆရာဝန်။ မဟုတ်ရေးချ မဟုတ်။ ကြွက်သားဆိုတာ လေ့ကျင့်ခန်းလုပ်လေ ကြီးလေမဟုတ်လား။ ခင်ဗျား ဗိုက်ထွက်ချင်ရင်တော့ ထိုင်ထလုပ်ပေါ့ဗျာ။

မေး။ ချော့ကလက်က ဘာဆိုးလဲ။

ဆရာဝန်။ ရူးနေသလား ခင်ဗျား။ ကိုကိုးကဘာလဲ၊ အသီးအစေ့ဘဲ။ အကောင်းဆုံးဗျ။ ကောင်းတာစားပြီး ကောင်းကောင်း ဇိမ်ခံပါလေ။

မေး။ ရေကူးတာ ကိုယ်ခန္ဓာလှမလား။

ဆရာဝန်။ ရေးကူးလို့ ကိုယ်ခန္ဓာအချိုးအစား လှ-မလှသိချင်ရင် ဝေလငါးကြည့်လေ။

မေး။ လူ့လိုက်ဖ်စတိုင်မှာ ကိုယ်ခန္ဓာပုံပန်းရှိဘို့ အရေးကြီးပါသလား။

ဆရာဝန်။ ဝတာကော ပုံပန်းတခုမဟုတ်ဘူးလားဗျ။ ဒါတွေကတော့ အစားအသောက်နဲ့ပတ်သက်ပြီး အယူအဆမှားတွေပေါ့ဗျာ။ တခုသတိထားပါအုံး။ လူ့ဘဝဆိုတာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်အချိုးအစားလှလှလေးနဲ့ သင်းချိုင်းကို အန္တရာယ်ကင်းကင်းရောက်အောင်သွားရမဲ့ခရီးလို့ သဘောမထားသင့်ဘူး။ လက်တဖက်မှာ ချော့ကလက်၊ တဖက်မှာ ဝိုင်ပုလင်းဆွဲ၊ ကိုယ်ခန္ဓာကိုလဲ ကျကျနနကြီး အသုံးချပြီးသကာလ၊ နောက်ဆုံး ဝူ့း၊ ဝေါင့်း ကောင်းလိုက်တာ-ကောင်းလိုက်တာလို့ ပီတိသောမနဿဖြစ်ဘို့က ပိုမကောင်းဘူးလား။

ရှိသေးတယ်။ ကိုယ်စားတာကိုယ် သတိထားနေသူများ။ သူများတွေ ဘာစားသောက်ကြလို့ ဘယ်လိုဖြစ်ပါသလဲကြည့်။
• ဂျပန်တွေဟာ အဆီနဲနဲစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• မက်ဆီကန်တွေဟာ အဆီတွေ တအားစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• တရုတ်တွေဟာ ဝိုင်နည်းနည်းသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• အီတာလျန်တွေဟာ ဝိုင်အများကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• ဂျာမန်တွေဟာ ဘီယာကို တဝကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။

ဗမာဆရာဝန်၏ ဖြည့်စွက်ချက်
ကျွန်တော် ဆရာဝန်ဖြစ်စမှာ ခင်မင်သူတွေက တခြားဆရာဝန်တွေထက် ကျွန်တော့်ဆီကိုလာပြတာ ပိုများတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုမေးရင် အရက်နည်းနည်းပါးပါး ကိစ္စမရှိပါဘူးတို့၊ အစားအသောက်လည်း အများကြီး မရှောင်ချင်နေပါ စသဖြင့် ပြောတတ်တာကို။ ကျွန်တော်ကလည်း သိနေတယ်လေ။ ဒီလူနာက အရက်ဖြတ်ပါဆို ဖြတ်မဲ့သူမှ မဟုတ်တာ။ ဆားအရှောင်ခိုင်းလည်း ငပိနဲ့ ဟင်းချိုမှုံ့တို့က ပြေးမလွတ်ဘူးမဟုတ်လား။

ဆရာဝန်လုပ်သက်ရင့်လာတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းလေးပါးကြောင့် အကောင်း-အဆိုး ဖြစ်ရတယ်ဆိုတဲ့ ကိုယ်သင်ရဘူတဲ့ဆေးကျမ်းတွေမှာ မပါတာကို ပိုပြီးလက်ခံချင်လာတယ်။ အာဟာရတခုတည်းသာ ကြည့်မယ်ဆိုရင် အမေရိကန်ဆရာဝန်ပြောတာယူပေတော့။ သူက ကျန်တဲ့အကြောင်းသုံးပါးကို ဘေးချိတ်ပြီးပြောတာ။ ကံတရားဆိုတာလည်းရှိသေးတယ်။ ဓမ္မပဒ (၁) မှာ စိတ်သာလျင် ရှေ့သွားရှိကုန်၏လို့ပါတယ်။

ဆရာဆရာမတွေက ကျောင်းသားကျောင်းသူတွေကို တချိန်တည်းမှာ အတူတူသင်ပေးတာပါ။ အောင်စာရင်းထွက်တော့ အမှတ်တွေ ဘယ်တူလို့လဲ။ အမှတ်တူသူတွေလဲ ကြီးတော့ အကျိုးပေးက တယောက်တမျိုး။ ဝင်ငွေကောင်းတာချင်း တန်းတူပေမဲ့ အသက်ရှည်တာခြင်းက မတူကြဘူး မဟုတ်ပါလား။ အသက်ကို ဉာဏ်စောင့်၊ ဥစ္စာကို ကံစောင့်။ ဉာဏ်ကောင်းကြပါစေ၊ ကံကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ